Tuesday, January 27, 2015

ဖုန်းသုံးရာတွင် အန္တရာယ်ကင်းစေမည့် အချက် ၁၀ချက်



အခုခေတ်မှာ လက်ကိုင်ဖုန်း အသုံးပြုမှုတွေ များလာပါတယ်။ လက်ကိုင်ဖုန်း သုံးသူတွေ များပြားလာသည့် အလျောက် ဖုန်းသုံးရာမှာ အန္တရာယ် ကင်းဝေးစေဖို့ ထိပ်တန်း (၁၀) ချက်ကို မျှဝေပေးလိုက်ပါတယ်။

(၁) လက်ကိုင်ဖုန်းကို သင့်ဦးခေါင်းနှင့် အနည်းဆုံး ၂.၇ လက်မ အကွာမှာ ထားသင့်ပါတယ်။ ဒါမှမဟုတ် စပီကာ ဖွင့်ပြီး ပြောပါ။ ဒီလိုလုပ်မှသာ ဦးနှောက်ဆီကို လျှပ်စစ် သံလိုက်လှိုင်း ဖြာထွက်ပျံ့နှံ့မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

(၂) သင် အိမ်ပျော်နေစဉ်မှာ လက်ကိုင်ဖုန်းကို သင့်ဦးခေါင်းနားမှာ ကပ်ပြီးမထားပါနဲ့။ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်းကို တစ်ညလုံး ပိတ်ထားပါ။ ဒါမှမဟုတ် သင်အိပ်နေသော နေရာနှင့် (၆) ပေခန့် အကွာမှ ထားပါ။

(၃) လက်ကိုင်ဖုန်းကို သင့်အိတ်ကပ်ထဲမှာ ထည့်ထားရင် ကီးပတ် ( KeyPad ) ကို သင့်ကိုယ်ခန္ဓာဘက်ဆီကို ဦးတည်ပြီး ထည့်ထားပါ။ ဒါဆိုရင် ဖုန်းအင်တာနာ ( Antenna ) က သင့်နဲ့ဝေးဝေးမှာ ရှိနေပါမယ်။

(၄) ကိုယ်ဝန်ဆောင်နေစဉ် လက်ကိုင်ဖုန်းကို မသုံးသင့်ပါဘူး။ လက်ကိုင်ဖုန်းက လျှပ်စစ်သံလိုက်လှိုင်းက သန္ဓေသားရဲ့ ကြီးထားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

(၅) လေယာဉ်၊ စက်လှေကား၊ မီးရထား၊ ဓါတ်ဆီဆိုင်၊ CNG ဆိုင်နဲ့ အခြား သတ္တု အဆောက်အဦး အမျိုးအစားများထဲမှာ လက်ကိုင်ဖုန်း အသုံးပြုမှုကို ရှောင်ပါ။ လက်ကိုင်ဖုန်း သုံးရင် လျှပ်စစ် သံလိုက်လှိုင်း (EMR) ထွက်နှုန်း များစေလို့ပါ။

(၆) ဖုန်းကို ကြာကြာ ပြောမယ်ဆိုရင် Bluetooth သို့မဟုတ် နားကြပ်နဲ့ အသုံးပြုတာ ကောင်းပါတယ်။ လျှပ်စစ် သံလိုက်လှိုင်း ထွက်နှုန်းနဲ့ ထိတွေ့မှု နည်းလို့ပါ။

(၇) အသက် (၁၅) နှစ်အောက် ကလေးတွေကို လက်ကိုင်ဖုန်း ပေးမကိုင်သင့်ပါ။ လက်ရှိအခြေအနေမှာ ကလေးများ၏ ဦးနှောက် အကျိတ် ကင်ဆာ ဒုတိယ သေဆုံးမှု အများဆုံး အကြောင်းရင်းထဲတွင် ပါဝင်နေလို့ပါ။

(၈) လက်ကိုင်ဖုန်းတွေကို မွေးကင်းစကလေးတွေနှင့် ဝေးဝေးမှာ ထားပါ။ လျှပ်စစ် သံလိုက်လှိုင်းတွေက ကလေးငယ်ရဲ့ ပါးလွှာတဲ့ ဦးခေါင်းခွံကို ဖြတ်ပြီး ဦးနှောက်ထဲကို အလွယ်တကူ ရောက်ရှိစေပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

(၉) ဘောင်းဘီ အိတ်ကပ်ထဲ လက်ကိုင်ဖုန်း ထည့်သွားခြင်းကို ရှောင်ပါ။ လက်ကိုင်ဖုန်းက ထွက်လာတဲ့ ရောင်ခြည်ဟာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ထို့အပြင် သင့်နှလုံးမှာ စက်(Pacemaker) တပ်ထားရင် အင်္ကျီ အိတ်ကပ်ထဲမှာ လက်ကိုင်ဖုန်း ထည့်သွားခြင်းကို ရှောင်သင့်ပါတယ်။

(၁၀) လက်ကိုင်ဖုန်း ၀ယ်မယ်ဆိုရင် SAR (Specific Absorption Rate) နည်းတဲ့ အမျိုးအစားကို ရှာဝယ်ပါ။ SAR နံပါတ်နည်းလေလေ ပိုကောင်းလေလေပါပဲ။ ပြောပြချင်တာကတော့ ဖုန်းသုံးစွဲရာမှာ လူကို မထိခိုက်စေနိုင်သော အမျိုးအစားကို သေချာ မေးမြန်း ၀ယ်ယူပြီး အသုံးပြုစေချင်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ပြီးသား ဖြစ်နေမှာမို့ပါ။

Credit: Original Aurthor
Source: Internet ( knowledge Box)

No comments: