Tuesday, January 6, 2015

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ 


HIV ဝေဒနာရှင်တို့အတွက် စံပြလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ Sarako (စရကို)
မြန်မာပြည်အနှံ့တစ်ကိုယ် တော်စက်ဘီးစီးနင်း၍ ခုခံအား ကျဆင်းမှုရောဂါပိုးကူးစက်ခံ ဝေဒနာရှင်များ သက်တမ်းစေ့နေ ထိုင်နိုင်ရေးအတွက် အကြံပြုဆွေး နွေးမှုများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့သည့် HIV ပိုးကူးစက်ခံ Sarako (စရကို)သည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ အောင်မြင်စွာဖြင့်  ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ကူညီဖေးမမှုဖြင့် မြန်မာပြည် အနှံ့တိုင်းဒေသကြီး ၁၅ ခု၊ မြို့ နယ်ပေါင်း ၂၅၅ မြို့သို့ စက်ဘီးနင်း၍ ရက်ပေါင်း ၃၉ဝ ခန့် ခရီးဆန့် အပြီး ပြန်ရောက်လာခဲ့သည့် စရကို၏ အောင်မြင်မှုပီတိစကားသံက “ခရီးစဉ်တစ်ခု၊ ပရောဂျက်တစ်ခုကို အကောင်းဆုံးဖြစ်အောင်  စွမ်းဆောင် နိုင်ခဲ့တဲ့ အတွက်၊ သက်သေပြနိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဝမ်းသာပါတယ်” ဟု သိရသည်။

မိုင်ပေါင်း ၇၁ဝဝ ကျော် တစ်ကိုယ်တော် စက်ဘီးစီးနင်းခဲ့သူ Sarako (စရကို)၏ မြို့နယ်တစ် လျှောက်ကြုံခဲ့ရသည့် အမှတ်တရများအား ပြန်လည်မေးမြန်းဖြစ်ခဲ့ရာ “အခက်အခဲတွေကြားထဲက အမှတ်တရ လေးတွေပေါ့။ ကျွန်တော် စကားဝိုင်း လုပ်ခွင့်မရခဲ့တဲ့ မြို့လေးတွေရှိတယ်။ မင်းလှတို့၊ ရေကြည်၊ ငါးသိုင်းချောင်း တို့ဆို ညအိပ်ကို လက်မခံဘူး။ နောက် ကြောင်းပြန်လည့်ခဲ့ရတယ်။ နေပြည်တော်မှာဆို ကျွန်တော့်ကို စကားဝိုင်းမလုပ်ဖို့ ဇေယျာသီရိမြို့ နယ်အုပ်ချုပ်ရေးမှူးက လာပြီးတားတယ်။ မန္တလေးဝင်ခါနီး စစ်ကိုင်းမှာ ဖုန်းအခိုးခံလိုက်ရတဲ့ ကိစ္စလေးတွေ ကတော့ ကျွန်တော့်အတွက် အမှတ် တရလေးတွေဖြစ်ပါတယ်” ဟု စရကိုက ဆိုခဲ့သည်။

ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ခံဝေဒနာရှင်များ သက်တမ်း စေ့နေထိုင်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးမှုများ၊ ဟောပြောမှုများ ပြုလုပ်ခဲ့ရာတွင် ရရှိလာခဲ့သော အကျိုးကျေးဇူးရလဒ်များနှင့် ပတ်သက်ပြီးလည်း စရကိုက “များသောအားဖြင့်တော့ သူတို့မသိတဲ့ information အသစ်တွေ သိလိုက် ရတယ်။ လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ဗဟုသုတတွေဖြစ်စေတဲ့အတွက် ကျွန်တော့်အပေါ်ကို တုံ့ပြန်မှုကတော့ ကောင်းပါတယ်။ ကျွန်တော်ကိုယ် တိုင်က အခုလိုမျိုးရှေ့ကနေ လုပ်ဆောင်ပေးတဲ့အတွက် သူတို့အနေနဲ့လည်း ခွန်အားတွေ ရခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။
စရကိုသွားရောက်ခဲ့သည့် မြန်မာပြည်အနှံ့ အချိန်ကာလ ၁ နှစ် နှင့် ၂၅ ရက်အတွင်း မတူညီသည့် ရာသီဥတု အမျိုးမျိုးကို ကြုံခဲ့ရ ကြောင်း၊ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် အဖွဲ့အစည်း အသီးသီးကို ကျေးဇူး တင်ကြောင်း ပြောပြခဲ့သည်။ မြန်မာပြည်အနှံ့ တစ်နှစ်ကျော်ကြာ တစ်ကိုယ်တော်စက်ဘီး စီးနင်းခဲ့သူ စရကို၏ရှေ့ဆက်အနာ ဂတ်အစီ အစဉ်များကလည်း “HIV နဲ့ ပတ်သက်လို့ Network တွေနဲ့ ချိတ်ဆက် ပြီး လုပ်ဖို့ရှိတယ်။ အရင်ကျွန်တော် လုပ်ခဲ့တဲ့ ပညာရေးလောကထဲမှာ လည်းဆက်ပြီး လုပ်ဖို အစီအစဉ်ရှိပါ တယ်။ ပြီးတော့ ပရဟိတအလုပ် အတွက်လည်း ကျွန်တော်ဆက်ပြီး လှုပ်ရှားသွားမှာပါ” ဟု ဆိုခဲ့သည်။

Sarako (စရကို) ၏ အောင်မြင်မှု ခရီးပန်းတိုင်အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၊ ဂီတမိတ်မှ သူငယ်ချင်းများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ အသင်းသားများမှ ကြိုဆို ခဲ့ကြသည်။

မျိုးမောင်
Popular - HIV ဝေဒနာရှင်တို့အတွက် စံပြလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ Sarako (စရကို)

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့်

နယူးယော့ခ်၊ ဒီဇင်ဘာ ၃၁။ အမေရိကန် အပြာကား ဇာတ်ဆောင် တစ်ဦးသည် လိင်ဆက်ဆံခန်း များတွင် အကာအကွယ် မသုံးဘဲ သရုပ်ဆောင် ခဲ့ပြီး ယခုအ ခါ အိတ်ခ်ျအိုင်ဗီပိုး စမ်းသပ် တွေ့ ရှိသဖြင့် ကယ်လီဖိုးနီးယား ပြည်သူ့ ကျန်းမာရေး အရာရှိများက ဒီဇင်ဘာ ၂၉ ရက်တွင် ကျန်းမာရေး သတိပေးချက် ထုတ်ပြန် လိုက်ရသည့် အပြင် တွဲဖက် သရုပ်ဆောင်သူ များနှင့် သူ၏ အဖော်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

ယင်းသရုပ်ဆောင် မင်းသားသည် အပြာကား နှစ်ကားတွင် အခြား သရုပ်ဆောင် များနှင့်အတူ သရုပ်ဆောင် ခဲ့ကြောင်း၊ ထိုသို့ လိင်ခန်းများ ရိုက်ချိန်က အကာ အကွယ် မသုံးခဲ့ကြောင်း၊ ပထမ ရုပ်ရှင် မရိုက်ကူးမီကသွေးအဖြေ စစ်သော်လည်းရောဂါပိုး မတွေ့ ဘဲ နောက်ပိုင်း တွင်မှ စစ်ဆေးတွေ့  ရှိခြင်းဖြစ်ကြောင်းပြည် သူ့ ကျန်းမာရေး ဌာနက ပြောသည်။ သို့ဖြစ်ရာ ယင်းနှင့် အတူ သရုပ်ဆောင်ခဲ့သည့် ရောဂါပိုး မရှိသေးသူ သရုပ်ဆောင် အချို့မှာလည်း ထိတ်လန့် တကြားဖြစ် ခဲ့ရသည်။
"ဒုတိယ အပြာကား ရိုက်ချိန်မှာ သူရောဂါ ပိုးရှိတဲ့ လက္ခဏာတွေ တွေ့ ရတာပါ။ ဆေးရုံကို သူက သွားပြတော့မှ ရောဂါရှိပြီ ဆိုတာ သိလိုက်ရ တာပါ"ဟု ကျန်း မာရေး အသိပေးချက်တွင် ဖော်ပြ ထားသည်။

ကျန်းမာရေး သွေးစစ်ချက် အရ ကားရိုက်ကူး ရာတွင် ပါဝင်သည့် သရုပ်ဆောင် တစ်ဦးထံမှ ဒုတိယ သရုပ်ဆောင် ထံသို့ တစ်ဆင့် ရောဂါ ကူးစက် သွားခြင်းဖြ စ်နိုင်ကြောင်း၊ ပထမ ကားရိုက်ပြီး ချိန်တွင် ရောဂါ ကူးသွားခြင်း ဖြစ်နိုင်ကြောင်း ယင်းဌာန၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။

သို့ သော်လည်း ယင်းသို့ ရောဂါပိုး ကူးသူ မင်းသား များသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် ကုမ္ပဏီက ရိုက်ကူးသည့် အပြာ ဇာတ်ကားတွင် ယခုကဲ့ သို့ ရောဂါပိုး ကူးကြခြင်း ဆိုသည်ကို ဌာနက ထုတ်ပြန် ပြောခြင်း မရှိပေ။

Ref: Daily Mail
မဇ္ဈိမ - အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့် 

HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးနိမ့်နေဟု သုတေသန စစ်တမ်းဖော်ပြ

HIV ပိုးရှိသူများအတွက် မြန်မာအစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုများမှာ အရည်အသွေး နိမ့်ပါးနေသေးကြောင်း UNAIDS ၏ ပံ့ပိုးကူညီမှုဖြင့် မြန် မာနိုင်ငံ ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်)နှင့် Myanmar Positive Group (MPG) တို့ ပူးပေါင်းပြုလုပ်သော သုတေသန စာ တမ်းတွင် ဖော်ပြထားသည်။

သုတေသန အချက်အလက်များအရ HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများမှာ ပိုမိုစိတ်ကျေနပ်မှု ရရှိ စေသည်ဟု အဆိုပါ သုတေသန စာတမ်း ပြုလုပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာခင် စုစုလှိုင်က ပြောသည်။ အချို့သောပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် နေရာများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံလိုသော သဘောထားများနှင့် အရည်အသွေးနိမ့် သော ဝန်ဆောင်မှုများကြောင့် HIV ပိုးရှိသူများအတွက် ဝန်ဆောင်မှုကို လာ ရောက်ခံယူရန် စိတ်မပါမှုများကို ဖြစ် ပေါ်စေသည်ဟု ယင်းသုတေ သန စာတမ်းတွင် ဖော်ပြထားသည်။

”အစတည်းက လူသိမခံချင်လို့ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာပါတယ်ဆိုမှ ဒီမှာကအုပ်စုလိုက် နှစ်သိမ့်ဆွေးနွေးခြင်းဆိုတော့ အဆင်မပြေတာတွေရှိ တယ် လို့ သူတို့ကပြောပါတယ်”ဟု ဒေါက်တာ ခင် စုစုလှိုင်က ပြောသည်။ ပြည်သူ့ ကျန်းမာရေးဌာနများ အနေဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ် အ ရည်အသွေးအရ ကိုယ်ရေးကိုယ်တာ ကာကွယ်ပေးနိုင်သည့်နေရာ၊ အခန်း၊ လျှို့ဝှက် ထိန်းသိမ်းပေးခြင်း၊ လုံလောက်သော ဝန်ထမ်းဦးရေနှင့် ဆေး ခန်းတွင် စောင့်ဆိုင်းရသည့် အချိန်များ တိုးတက်ကောင်းမွန်ရန် လိုအပ်နေသေးကြောင်း ယင်းစာတမ်းတွင် ထောက်ပြ ထားသည်။

ပြည်သူ့ကျန်းမာရေး ဌာနများ၏ ဝန်ဆောင်မှုအားနည်းရခြင်းမှာ ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း များကိုလည်း ဝန်ဆောင်မှုပိုင်းတွင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမျိုး သားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ညွှ န်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ တင်မောင်ဇော်က ဆိုသည်။
”ဒါက တစ်နိုင်ငံလုံး အားလုံးကိုတော့ ကိုယ်စားမပြုနိုင်ဘူး” ဟု ၎င်းသုတေသနရလဒ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။ အဆိုပါသုတေသနကို မြန် မာပြည်ရှိ အေအာတီဆေးပေးမှု လုပ်ငန်းတွင် HIV ပိုးရှိသောအုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ခင်စုစုလှိုင်၊ ဒေါက်တာ ယဉ်သက်နုဦး၊ ဦးမျိုးသန့်အောင်နှင့် ဦးမင်းဆန်းထွန်းတို့က UNAIDS အဖွဲ့ ၏ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။ ယင်းသုတေသနတွင် ပါဝင်သူများမှာ HIV ပိုးရှိသူများ၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဘက်မှ ကျန်း မာရေး ဝန်ေ ဆာင်မှု ပေးသူများနှင့် ဒေသခံအုပ်ချုပ်သူတို့ ဖြစ်သည်။ လူဦးရေတစ်ရာကျော်ကို မေးမြန်း ထားသည့် အဆိုပါသုတေသနကို ရန် ကုန်၊ ပုသိမ်၊ တော င်ကြီး၊ လားရှိုး၊ မော် လမြိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး ဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြတ်စုငြိမ်း (ရန်ကုန်၊ ဒီဇင်ဘာ ၂၆)
Popular - HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးနိမ့်နေဟု သုတေသန စစ်တမ်းဖော်ပြ

No comments: