Saturday, January 17, 2015

သတင်းစုံ



မြန်မာနိုင်ငံ အော်ပရေတာများ၏ ၀န်ဆောင်မှုနှုန်းထားနှင့် ၀ယ်ယူရမည်နည်းလမ်းများ

MPT ဆွေသဟာ ၀န်ဆောင်မှုနှုန်းထားများ
======================
ဖုန်းခေါ်ဆိုခနှုန်း မည်သည့်အော်ပရေတာကိုမဆို တစ်မိနစ် ၃၅ ကျပ်- SMS ပို့ခနှုန်း တစ်စောင်လျှင် ၁၅ ကျပ်- အင်တာနက်သုံးခနှုန်း 1MB လျှင် ၁၅ ကျပ်ဖြင့် ကောက်ခံသည်။

- Package ==> ခွင့်ပြုပမာဏ ==> Package ဈေးနှုန်း ==> သက်တမ်း ==> မည်သို့ဝယ်ယူမည်

- Voice Package ==> MPT ဖုန်းနံပါတ်များအားလုံးသို့ မိနစ်ပေါင်း ၄၈၀ ခေါ်ဆိုနိုင်ခြင်း ==> ၁၂၀၀၀ကျပ် တစ်မိနစ် ၂၅ ကျပ်နှုန်း ==> ၃၀ ရက် ==> “480MIN” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ။

- Internet Package 400 MB ==> 400MB ==> ၅၀၀၀ကျပ် 1 MB လျှင် 12.5 ကျပ် ==> ၃၀ ရက် ==> “ 400MB “ ဟုရိုက်၍ 1332 သို့ SMS ပို့ပါ။

- Internet Package 1 GB ==> 1GB ==> ၁၀၀၀၀ကျပ် 1MB လျှင် ၁၀ ကျပ် ==> ၃၀ ရက် ==> “1GB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ။

Ooredoo ၀န်ဆောင်မှုနှုန်းထားများ
=================

ဖုန်းခေါ်ဆိုခနှုန်း မည်သည့်အော်ပရေတာကိုမဆို တစ်မိနစ် ၂၅ ကျပ်- SMS ပို့ခနှုန်း တစ်စောင်လျှင် ၁၅ ကျပ်- အင်တာနက်သုံးခနှုန်း 1MB လျှင် ၁၀ ကျပ်ဖြင့် ကောက်ခံသည်။

- Package ==> ခွင့်ပြုပမာဏ ==> Package ဈေးနှုန်း ==> သက်တမ်း ==> မည်သို့ဝယ်ယူမည်

- နေ့စဉ်သုံး ==> ပမာဏ - 50 MB ==> ၃၉၀ ကျပ် ==> ၂၄ နာရီ် ==> *140*1# ကိုနှိပ်ပါ။ 2238 သို့ 50MB ဟု SMS ရေး ပို့ပါ။

- လစဉ်သုံး ==> ပမာဏ - 500 MB ==> ၃၉၀၀ ကျပ် ==> ၃၀ ရက် ==> *140*2# ကိုနှိပ်ပါ။ 2238 သို့ 500MB ဟု SMS ရေး ပို့ပါ။

- လစဉ်သုံး ==> ပမာဏ - 1 GB ==> ၆၉၀၀ ကျပ် ==> ၃၀ ရက် ==> *140*3# ကိုနှိပ်ပါ။ 2238 သို့ 1GB ဟု SMS ရေး ပို့ပါ။

Telenor ၀န်ဆောင်မှုနှုန်းထားများ
==============

ဖုန်းခေါ်ဆိုခနှုန်း မည်သည့်အော်ပရေတာကိုမဆို တစ်မိနစ် ၂၅ ကျပ်- SMS ပို့ခနှုန်း တစ်စောင်လျှင် ၁၅ ကျပ်- အင်တာနက်သုံးခနှုန်း 1MB လျှင် ၆ ကျပ်ဖြင့် ကောက်ခံသည်။

- Package ==> ခွင့်ပြုပမာဏ ==> Package ဈေးနှုန်း ==> သက်တမ်း မည်သို့ဝယ်ယူမည်

- တစ်ပတ်စာ My Internet ==> ပမာဏ - 100 MB မြန်နှုန်း - 300 Kbps ==> ၅၀၀ ကျပ် ==> ၇ ရက် ==> “myweek” ဟုရိုက်၍ 500 သို့ SMS ပို့ပါ။

- တစ်လစာ My Internet ==> ပမာဏ - 500 MB မြန်နှုန်း - 300 Kbps ==> ၁၉၀၀ ကျပ် ==> ၃၀ ရက် ==> “mymonth” ဟုရိုက်၍ 500 သို့ SMS ပို့ပါ။

- တစ်လစာ Smart Internet ==> ပမာဏ - 1 GB ==> ၆၆၀၀ ကျပ် ==> ၃၀ ရက် ==> “Smartmonth” ဟုရိုက်၍ 500 သို့ SMS ပို့ပါ။

Credit : Mobile Guide

အမုန်းစကားများကို နည်းပညာဖြင့် ဟန့်တားနိုင်ရန် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က စုပေါင်းဆွေးနွေး
====

အမုန်းစကားများ ပြန့်ပွားမှုမရှိစေရန် အဓိကထားလုပ်ကိုင်နေသည့် အဖွဲ့အစည်းပေါင်း ၁၁၇ ခုတို့သည် ရန်ကုန်မြို့၌ စုဝေး၍ ဆွေးနွေးဖလှယ်မှုများ ပြလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲကို သုံးရက်တိုင်တိုင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး Myanmar ICT Development Organization (MIDO) နှင့် U.S Agency for International Development (USAID) တို့မှ ပူးပေါင်း စီစဉ်ခဲ့သည်ဟု သိရသည်။

“အခုဆိုရင် ပရောဂျက်တွေ တင်ပြပြီး ဆွေးနွေးနေကြတယ်။ ဒီ ပရောဂျက်တွေကို ရွေးချယ်ပြီး ငွေကြေးထောက်ပံ့ ပေးသွားဖို့လည်း ရှိတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးကို လိုလားပြီးတော့ အမုန်းစကား တွေနဲ့ပတ်သက်ပြီး နည်းပညာနဲ့ လုပ်ကိုင်တဲ့ဟာမျိုးတွေပါ” ဟု MIDO မှ မထိုက်ထိုက်အောင်က ပြောသည်။

အမုန်းစကား မပြန့်ပွားရေးနှင့် ပတ်သက်၍ တက်ရောက်ဆွေးနွေးခဲ့သည့် ပြည်တွင်းအဖွဲ့အစည်း ၁၀၀ ကျော်၏ ပရောဂျက်များကို USAID မှ စစ်ဆေးရွေးချယ်မှု များ ပြုလုပ်သွားမည်ဖြစ်ပြီး ကြိုက်နှစ်သက်သည့် ပရောဂျက်များအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းမှ နှစ်သိန်းအထိ ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲကို Peace Tech Exchange အမည်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ သုံးရက်တိုင်တိုင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

Credit to http://internetjournal.media/new/1155

Mi Note


Mi Note မှာ ၅.၇ လက်မ 1920 x 1080 (386ppi) display ပါဝင်ပါတယ်။ ဒါဟာ iPhone 6 plus ထက် အရွယ်ကြီးမားပါတယ်။ အထူက ၆.၉၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၁ ဂရမ်ပါ။ 6 Plus ထက် ၀.၁၅ မီလီမီတာ ပိုပါးပြီး ၁၁ ဂရမ် ပိုပေါ့ပါတယ်။ 3000 mAh Sony/LG Lithium polymer ဘက်ထရီကို သုံးထားပါတယ်။

Mi Note မှာ စင်းရာ/ခြစ်ရာ ဒဏ်ခံနိုင်ဖို့အတွက် အရှေ့ဘက်နဲ့ အနောက်ဘက်ကို 2.5D နဲ့ 3D curved Gorilla Glass 3 တို့နဲ့ ကာကွယ်ထားပါတယ်။

13 MP Sony IMX214 CMOS sensor နဲ့ f/2.0 aperture ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် အလင်းနည်းတဲ့ နေရာမှာ ဓာတ်ပုံရိုက်ဖို့အတွက် OIC ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် ကင်မရာက 4 MP ဖြစ်ပါတယ်။

Hi-Fi အသံစနစ်နဲ့ 24-bit/192KHz lossless playback ကို ထောက်ပံ့ပေးထားပါတယ်။ MP3 အပြင် APE, FLAC, DSD နဲ့ WAV lossless format တွေကို အထောက်အပံ့ပေးထားပါတယ်။

Snapdragon 801 2.5GHz, Adreno 330, 3GB RAM ကို အသုံးပြုထားပါတယ်။ Dual 4G SIM နဲ့ အသုံးပြုနိုင်ပြီး Micro နဲ့ Nano SIM တွေနဲ့ သုံးနိုင်ပါတယ်။

Mi Note 16GB ကို ယွမ် ၂၂၉၉ (၃၇၀ ဒေါ်လာ)၊ 64 GB ကို ယွမ် ၂၇၉၉ (၄၅၀ ဒေါ်လာ) နဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Phone Review: http://www.cnet.com/products/xiaomi-mi-note/ 

အဝေးသင် တက္ကသိုလ် သင်ခန်းစာများကို ၀က်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်လွှင့်သွားမည်

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အဝေးသင် သင်ခန်းစာ များကို www.yude.edu.mm ရှိ YUDE Education TV ( YUDE-ETV ) မှတစ်ဆင့် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တိုက်ရိုက်ထုတ်လွှင့် ပြသသွား တော့မည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဦးလှတင့် က ပြောသည်။

''ကျွန်တော်တို့ အနေနဲ့ ဒီဝက်ဘ်ဆိုက် ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် မေလလောက် ကတည်းက စတင်စမ်းသပ် အသုံးပြုခဲ့တာပါ။ အခုလို တီဗွီ ပရိုဂရမ်အနေနဲ့ သင်ခန်းစာတွေကို ပို့ချနိုင်ဖို့ ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်စမ်းသပ် နိုင်ခဲ့တာပါ။ အခုတော့ ဇန်နဝါရီ ၁ ရက်ကနေစတင်ပြီး ကျောင်းသားတွေ လေ့လာနိုင်ပါပြီ ... '' ဟု အဝေးသင် တက္ကသိုလ်ပါ မောက္ခချုပ် ဦးလှတင့် က ပြောသည်။

ယခု ထုတ်လွှင့်သွားမည့် ပုံစံမှာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ၁၅ မိနစ်ခန့် ထုတ်လွှင့် ခဲ့စဉ်က အတိုင်းသာ ပို့ချသွားမှာ ဖြစ်၍ ဘာသာရပ် တစ်ခုကို တစ်နေ့လျှင် သုံးခေါက် ပြန်လည် ပို့ချပေးသွားမည် ဖြစ်ပြီး နားမထောင် လိုက်ရသည့် ဘာသာရပ်များ အတွက်လည်း ပရိုဂရမ်ဖိုင်တွင် ဒေါင်းလော့ခ် ပြန်လည် လုပ်ယူ၍ လေ့လာနိုင် တော့မည် ဖြစ်သည်။ ထို့ပြင် ယခုပို့ချမှုကို Password မခံထားဘဲ မည်သူမဆို ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ ဒီပရောဂျက်ကို လုပ်ဖို့အတွက် Winner Company နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ရ ပါတယ်။ သူတို့ဆီက နည်းပညာနဲ့ အခုလို ပထမဆုံး ဝက်ဘ်ဆိုက်ကနေ ပို့ချသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့် နေရာတွင်မဆို အင်တာနက် ရရှိပါက လွတ်လပ်စွာ နားထောင်နိုင်မှာ ဖြစ်သလို အင်တာနက်လိုင်း မကောင်းလျှင်လည်း ဗီဒီယိုဖိုင်ကို ဒေါင်းလော့ခ်ဆွဲယူ ထားနိုင်တဲ့ အတွက် ကျောင်းသားတွေ အတွက် များစွာ အဆင်ပြေ သွားမှာပါ '' ဟု ပါမောက္ခချုပ် က ပြောသည်။

ယခုထုတ်လွှင့် ပေးသွားမည့် ဝက်ဘ်ဆိုက် YUDE Website မှ တစ်ဆင့် သတင်း အချက်အလက် များ ဥပမာ - ပညာသင်ဆု လျှောက်ထားခြင်း၊ စာမေးပွဲ အချိန်စာရင်း နှင့် အောင်စာရင်းများ ထုတ်ပြန်ချက် များကိုလည်း ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်

REF ; #Themyawadydialy



No comments: