Friday, August 31, 2007

Coronation Chicken

တော်ဝင်ကြက်သားဆလတ်
အရသာထူးပြီးလုပ်ရတာ လွယ်ကူတဲ့(အရင်က ဥရောပရဲ့ နန်းတက်ပွဲတွေမှာ ပါဝင်တည့်ခင်းတတ် သော)ကြက်သားဆလတ်ကိုတင်ပြလိုက်ပါတယ်။
လိုအပ်ပစ္စည်းများ (၄ယောက်စာ)
- အဆီနည်းနည်းပဲပါတဲ့ ဒိန်ချဉ် - အနည်းငယ် (ဖန်ခွက်တစ်ခွက်စာ)
- ဟင်းခတ်မှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
- လတ်ဆတ်တဲ့ လိမ္မော်ရည် - စားပွဲတင်ဇွန်း ၁ဇွန်း
- တရုတ်ဆီးသီးခြောက် - အနည်းငယ်
- အခွံခွာလှီးထားပြီး ငှက်ပျောသီး - ၁လုံး
- အစေ့ထုတ်ပြီးသား စပျစ်သီး - ၂၀ကျပ်သား
- စပျစ်သီးခြောက် - ၅ကျပ်သား
- သင့်တော်တဲ့အရွယ် ဖဲ့ထားသော ကြက်သားပြုတ်ကြော်
- ဆား၊ငရုတ်ကောင်း - အနည်းငယ်
- ဆလတ်ရွက် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
- ခွက်ကြီးတစ်လုံးမှာ ဒိန်ချဉ်၊ဟင်းခတ်မှုန့်၊လိမ္မော်ရည်တို့ရောထည့်ပြီး သမအောင်မွှေထားရပါမယ်။ တရုတ်ဆီးသီးခြောက်၊ငှက်ပျောသီး၊စပျစ်သီး၊စပျစ်သီးခြောက်နဲ့ ကြက်သားတွေကို ထပ်ပေါင်းပြီး အရသာအတွက် ဆား၊ဟင်းခတ်အချိုတွေကို သင့်တင့်ရုံမြည်းပြီးထည့်ပါ။ အရသာအတော်ပဲဆိုရင် ဆလတ်ရွက်တွေနဲ့ လူ၎ယောက်စာပြင်ဆင်ပြီး တော်ဝင်ကြက်သားဆလတ်သုတ်ကို သုံးဆောင်နိုင်ပါပြီ။

Wednesday, August 29, 2007

Juice of PUMELO

ဖျော်ရည်ဖျော်ပြိးသောက်ရအောင်အစားအစာတစ်ခုစားပြီးလို့ပဲဖြစ်ဖြစ် ၊ ချိုချိုချဉ်ချဉ် ဖျော်ရည်လေး သောက်ချင်လို့ပဲဖြစ်ဖြစ်...ကျွဲကောသီးဖျော်ရည်လေး ဖျော်သောက် လိုက်ရအောင် ကျွဲကောသီးမှာ ဗီတာမင်စီ အထူးကြွယ်ဝတဲ့ အသီးဖြစ်တဲ့အပြင် ဗီတာမင် အေ၊ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး နဲ့ အခြားဓာတ်တွေလည်းပါဝင်ပါသတဲ့။ အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေသလို အစာကြေရင်ချောင်ရအောင် ဖျော်သောက်လိုက် ကြစို့။
ကျွဲကောသီးဖျော်ရည်ပါဝင်သည့်ပစ္စည်းများ
- ကျွဲကော်သီး - ၁ခွက်စာ
- သကြားရည် - စားပွဲတင်ဇွန်း ၂ဇွန်း
- သံပုရာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား - အနည်းငယ်
- ရေအေးအေး - တစ်ခွက်
အထက်ပါဝင်တဲ့ အရာအားလုံးကို Blender ထဲမှာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ ခွက်ထဲထည့်ပြီး ရေခဲလေးနဲ့ သုံးဆောင်နိုင်ပါပြီ။
ပိုမီလို ပရိစ်
ပါဝင်သည့်ပစ္စည်းများ
- ကျွဲကောသီး - ၂၀၀ ဂရမ်ခန့်
- သံပုရာရည် - ထမင်းစားဇွန်း ၂ဇွန်း
- သကြား - ထမင်းစားဇွန်း ၃ဇွန်း
- ဆား - အနည်းငယ်
- ရေခဲ - အနည်းငယ်
အထက်ပါဝင်တဲ့ အရာအားလုံးကိုထဲမှာ တည့်ပြီးမွှေပေးပါ။ ပြီးလျှင်ခွက်ထဲထည့်ပြီး ကျွဲကောသီး ဖရိစ်အေးအေးလေးကို သုံးဆောင်နိုင်ပါပြီး။

Sunday, August 26, 2007

It Happened One Night

It Happened One Night
by DanceHallDrugx3
Laying in the grass, just staring at the stars, I found my mind wandering, wondering how you are.I hope that you are happy; I hope that someone cares -Because you know, forever, I will always be there.
I promised you a thousand times that you have my heart -No matter how far we may go, we're never that far apart.Life is cruel and life plays tricks, but we'll make the most of it;Together we stand, hand-in-hand, and that's something, I'll admit.
The grass was cold under my back, but I didn't really mind -I just let the memories take me back, as my body began to unwind;The tension just melted away, and for a time, I could smile -It was something so unfamiliarly pleasant; I hadn't felt that in awhile.
The stars, they twinkled absently, playing to their own beat -Just like the time when we danced, when our bodies did meet.Slowly we moved, our eyes locked, dancing hand-in-hand -No better moment I ever spent, no bigger prize I did land.
I tried to match each star, for each reason I loved you,But when I reached a million, I realized stars were few.They twinkled and they disappeared, making it hard to keep track -But my reasons, they did grow, as I kept looking back.
Your eyes showed me you care; your hands, they held me tight;Your words could quell my fears and tell me what's wrong or right.You kind heart let me in to a place no one dared to go,And in return, I loved you; I just wanted you to know.
Your smile brightened up my days when the world seemed so cruel -Your laughter made me giggle. not feel like the fool.You caring ways did catch me when I began to fall -Your loving manner broke right through my defensive wall.
Your jokes could make me laugh, I still hold each moment in time;Each precious gift you gave to me, I could never call them mine.For they were shared between two souls, bonded at the heart -A touch, a smile and a laugh; it was true love from the start.
So as I counted the memories, my phone began to ring -Never had a phone call brought such joy as yours could bring."Honey, I'm so sorry, I never meant for us to fight.Can you please forgive me? Without you, nothing's right?"
"I've been waiting for your call, hoping you still cared -""Babe, you know, I told you, I will always be there.""Then let's move on from this, and put the past behind.It's no use dwelling on mistakes, I have come to find."
"Honey, I'm so glad to hear it, because I have something to say -Remember what I said? It was just the other day?I told you that I loved you, and I would forever.So don't ever be afraid because I'll stop next to never.
"The call didn't last much longer; there was nothing left to say -But I learned something special and I learned it that day:No matter what happens, your heart may just be right.So I guess you could say I fell in love; It Happened One Night.

Thursday, August 23, 2007

Yangon and I - (3)

"ဘာမှ မတတ်တဲ့ ပညာအရည်အချင်း ၈တန်းပဲရှိတဲ့သူကို Calculatorတစ်လုံးပေးပြီး စစ်ခိုင်းရင်တောင် ဒီ Stock Reportက မှားမှာ မဟုတ်ဘူး""ဒီစာရွက် ဆိုဒ်၊ ဒီစာလုံးဖောင့်၊ ဒီAlignment နဲ့ရိုက်တာကို သူတို့စာရွက်နဲ့ ဘာကြောင့်ပုံစံမတူရတာလည်း၊""Excuse တွေလာမပေးနဲ့ ငါမကြိုက်ဘူး၊ စဉ်းစားဥာဏ်ရှိတဲ့ လူ ကိုယ့်အလုပ်ကိုသိတတ်တဲ့သူက ဒါတွေအားလုံးကို သိရမှာ စစ်ရမှာပေါ့"တဲ့။ ဒီစကားတွေကို အလုပ်စ၀င်ကတည်းက ကြားနေခဲ့ရပါတယ်။ အရာရာကို အတိအကျပဲ ဖြစ်စေချင်တယ်၊ ဒါမျိုးပဲကြိုက်တတ်တဲ့ ကျွန်တော့်အလုပ်ရှင်ပါ။ အမှားအယွင်းတစ်ခု လေးဖြစ်တာ၊ မူရင်း ပုံစံနဲ့ အနည်းငယ်ကွဲတာ၊ စာရိုက်လို့ အကျအပေါက်မတူတာကအစ ဘာမဟုတ် တာလေးကို အပြစ်ပြောနေတယ်၊ ပြင်ဆင်ခွင့်ဆိုတာ မရှိဘူးစသဖြင့် တွေးမိပါတယ်။ ထုံးစံအတိုင်း သူငယ်ချင်းတစ်ယောက်ကို ဖွင့်အံလိုက်တော့။မင်းသူဌေးက မင်းကိုအပြစ်ရှာနေတာမဟုတ်ဘူး မင်းကို တိုးတက်စေချင်တာရယ်၊ မင်းအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကို စန်းစစ်နေတာ။သူများများ ပြောလေ မင်းလိုက်လုပ်လေ မင်းအရည်အချင်းတက်လေပေါ့သူငယ်ချင်း၊ ကြိုးစားထားတဲ့။ ဟုတ်ပါတယ်လေ ကိုယ့်အလုပ်သမားတစ်ယောက်ကို လက်လွတ်စပယ်မထားပဲ ဂရုတစိုက်အမှား ထောက်ပြတာဟာ သူ့အကျိုးအတွက်ပါသလို ကိုယ့်အတွက်လည်းအကျိုးမယုတ်ကြောင်း နားလည် တတ်ခဲ့ပါတယ်။
"ရန်ကုန်မြို့နဲ့ ကျွန်တော်"ဆိုတဲ့ ခေါင်းစဉ်ကိုကြည့်ပြီး အထူးတလည်အကြောင်းအရာတွေရေးမယ်လို့ မထင်ပါနဲ့လေ။ စိတ်ထဲမှာ ခံစားရတာတွေ၊ တွေ့ရမြင်ရတာတွေများလာလို့ စိတ်ထဲတင်းကျပ်လာရင် စာအုပ်ထဲ ချရေးတတ် ဖွင့်ပြောတတ်တဲ့ ကျွန်တော်အကျင့်ကြောင့် ချရေးလိုက်တဲ့သဘောပါ။
"စိတ်ဓာတ်ကိုမြှင့်၊ အတ္တကိုပယ် ၊မာနကိုလျှော့၊ ရည်ရွယ်ရာပန်းတိုင် ဇွဲနဲ့လှမ်း၊ အဲဒါ အောင်မြင်ခြင်းလမ်းပဲ"တဲ့။ ဒါပေမဲ့ ရန်ကုန်ရောက်ရင် သင်တန်းတွေတက်မယ်၊ အားကစားလုပ်မယ်၊ တခြားတိုးတက်ရာတိုးတက်ကြောင်းရှာမယ် စသဖြင့် စိတ်ကူးရွက်လွှင့်ခဲ့တဲ့ ကျွန်တော် အခုထိ ရွက်မလွှင့်နိုင်သေးပါဘူး။ အသက်ရှင်သန်နေထိုင်မှု အတွက်သာ အဓိကထား လှုပ်ရှားနေရတဲ့ ကျွန်တော့်ဘ၀။ ဒါသည်ပင် "ရန်ကုန်မြို့နှင့် ကျွန်တော်" ဟုပြောရမည်လား။ ဒါမှမဟုတ်.......

Wednesday, August 22, 2007

Yangon and I - (2)

ဆေးကုမ္ပဏီကြီးတစ်ခုမှာ ဂရပ်ဖစ်ဒီဇိုင်နာအဖြစ် အလုပ်လုပ်နေသူ ၊ လစာဝင်ငွေကောင်းသူ သူငယ်ချင်းကို ကျွန်တော်တို့က အားကျနေရတာပေါ့။ ဒါပေမဲ့ သူနဲ့စကားလက်ဆုံကျဖြစ်တော့ သူအခု အလုပ်မရခင် သူ့ရဲ့ အလုပ်ဟောင်းတွေအကြောင်းပြောပြတာ၊ လက်ရှိအလုပ်မှာ ကြိုးစားနေတာတွေ ကိုပြောပြတာတွေဟာ ကျွန်တော့်အတွက် အတွေးကို ရင့်သန်လာစေပါတယ်။ "အလုပ်ဆိုတာ ဒီလိုပဲပေါ့ သူငယ်ချင်း၊ အရည်အသွေးပြည့်အောင်သာ ကြိုးစား၊ အရည်အချင်းရှိသူကိုသာ နေရာပေးချင်တာ၊ ရှင်းရှင်းပြောရရင် ခိုင်းချင်တာပေါ့ကွာ။ အသုံးကျမှ အသုံးချတာ။ အသုံးမကျရင် သူတကာတွေဖြစ်နေသလို ဖြစ်ပျက်နေရမှာပေါ့ကွာ"တဲ့။ သူပြောဆိုတဲ့ စကားက ဂုဏ်မောက်တဲ့ စကားတွေလိုတော့ မထင်ပါဘူး။ အမှန်ပဲလေ " အသုံးကျတဲ့သူကိုမှ အသုံးချကြမှာ"ပေါ့။
"မင်းကိုယ့်ကို ကြည့်ပါ။ ကိုယ်ဟာ ဘာဆိုတာကို မကြည့်ပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်။ လေးစားတယ်။" အဲဒီစကားကိုပြောသူဟာ အများက ဂေး လို့ပြောကြတဲ့ လိင်တူချင်းနှစ်သက်သူ သူငယ်ချင်းမိတ်ဆွေတစ်ယောက်က ပြောတာပါ။ သူ့လိုလူမျိုးက အဲဒီစကားပြောလို့ တစ်မျိုးမြင်ကြမှာ အမှန်ပဲ။ ချောတာသန့်တာ မြင်ရင် ရင်ခုန်တတ်တဲ့ မိန်းမငယ်ရဲ့ နှလုံးသားမျိုး၊ ကြေးစားဆန်တဲ့ ရင်ခုန်မှု ထကြွမှု သူ့မှာ မရှိသလိုထင်ရအောင် သူ့သိက္ခာကိုထိန်းတယ်။ သူ့ကိုယ်သူ တန်ဖိုးထားပြီးနေထိုင်တာ လက်တွေ့အမြင်ပါပဲ။ တန်ဖိုးထားမှု......အနည်းဆုံး ကိုယ့်ကိုယ်ကို တန်ဖိုး ထားမှုဟာ အခြေခံ အကျဆုံးမဟုတ်ဘူးလား။
ကိုယ့် အစ်ကိုရင်းတစ်ယောက်လို ချစ်ရသံယောဇဉ်ထားရသူ မိတ်ဆွေ အစ်ကိုတစ်ယောက် အိမ်မှာ ညအိပ်ဖြစ်တော့ စကားအများကြီးပြောဖြစ်ကြတယ်။ ကိုယ့်ရဲ့ စိတ်၊ အနေအထိုင်၊ အပြုအမူတစ်ချို့နဲ့ ပတ်သက်ပြီးသူက အမြင်အတိုင်း သုံးသပ်ပြီး ကိုယ့်ကိုဆုံးမတယ်။ မှန်ပါတယ်လေ ကိုယ်ဟာ စိတ်အလိုကို အလိုလိုက်လွန်းသူပဲ။ သူပြောတဲ့ စကားများထဲမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့ ပါသလို ကိုယ့်နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးပြောတဲ့"ကိုယ့်ကို တန်ဖိုးထားပြီး ချစ်စေချင်ရင် ကိုယ်ကလည်း သူ့ကိုတန်ဖိုးထားပြီး ချစ်ရမှာပေါ့"တဲ့။ ဒီစကားကိုကြားတော့ မိန်းကလေးတွေပြောနေကြစကားကို ကြားမိတယ် "ယောက်ျားလေးတွေဟာ အိုင်တွေ့တိုင်းခြေဆေးတတ်ကြတယ်၊ သစ္စာမရှိကြဘူး" တဲ့။ ရှင်းရှင်းလေးပါ ၊ အမြတ်တနိုးထားပြီး သောက်သုံးကြတဲ့ သောက်ရေအိုးက ရေနဲ့တော့ ခြေဆေးဖို့မစဉ်းစားမိသလို ဆေးလေးမဆေး ကြပါဘူး။ ခြေဆေးရလောက်တဲ့ ရေအိုင်လိုပြုမူနေထိုင်ရင်တော့ ခြေဆေးကြမှာပဲလေ။ ပြောတဲ့ စကားဘေးရောက်သွားပြီထင်တယ်။ ကျွန်တော်အဓိကပြောပြချင်တာရယ် သိလိုက်ရတာ ကတော့"ကိုယ့်တန်ဖိုးမြင့်စေချင်ရင် ၊ ကိုယ့်တန်ဖိုးမြင့်အောင်ပြုမူနေထိုင်" သင့်တယ် ဆိုတာပါပဲ။

Tuesday, August 21, 2007

Yangon and I - (1)

လူဆိုသည်မှာ မိမိလက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့်နေသူဟူ၍သိပ်မရှိပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ပဲဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်းကို အမြဲရှာဖွေနေကြသည်ပင်။ ကျွန်တော်သည်လည်း မိမိမွေးရပ်မြေမှ ရန်ကုန်မြို့ကြီးသို့ တိုးတက်ကြီးပွားလိုသောစိတ်ဖြင့်လာရောက် အလုပ်လုပ်ကိုင်ဖြစ် တာမကြာသေးပေ။ မိမိရဲ့ စွမ်းရည်၊ ပညာအပေါ် မူတည်ပြီး အသက်မွေးဝမ်းကြောင်းကြရသည်မှာ ကျွန်တော်တို့လို နယ်မှ လူအများစုဟု ထင်မြင်မိပါသည်။
မိမိသည်သာ အလုပ်မှာ ၀င်ဆံ့အောင်ကြိုးစားနေရသည်၊ သူများတွေများ အလုပ်အကိုင်၊ရာထူး၊ လစာခံ စားခွင့် ကောင်းမွန်လိုက်တာဟု စိတ်မှာ ထင်မြင်သည်။ ဒါပေမဲ့ အချိန်ကြာလာသည်နှင့် အမျှ အမြင်ပြောင်းလာရ၊ ဘ၀အမောတွေတွေ့မြင်လာရသည်မှာ နေ့စဉ်အမျှ။
ကျွန်တော့်မှာ အလွှာပေါင်းစုံက သူငယ်ချင်းများစွာရှိသည်။အွန်လိုင်းမှ တစ်ဆင့် ခင်မင်သူများရှိသလို သွားလာလှုပ်ရှားနေထိုင်ရင်း ရင်းနှီးခင်မင်မိသည့် သူငယ်ချင်း၊ သူငယ်ချင်းက မိတ်ဆက်ပေး၍ ခင်မင်ရ သော မိတ်ဆွေကလည်းများစွာပါ။နယ်မှ တက်လာပြီး လှုပ်ရှားနေရသူ သူငယ်ချင်းများနှင့် စကားပြော ကြည့်သောအခါ မိမိဖြစ်နေတဲ့ စိတ်အခြေအနေ၊ အလုပ်အကိုင်အနေအထားအပေါ် အမြင်နည်းနည်း ကြည်လင်လာရသည်။
မနက်မိုးလင်းတိုင်း ဘတ်စ်ကားဂိတ်များမှာလူတွေအများ၊ ရသမျှအလုပ်အကိုင်နေရာ၊ လစာငွေအပေါ် ငြင်းဆန်ခွင့် သိပ်မရကြ။ လန်းဆန်းတဲ့မျက်နှာ၊၀င့်ထည်စွာ သွားလာပြီး မိမိအလုပ်ရှိရာကို သွားနေကြ သူတွေ၊ မလန်းဆန်းမျှော်လင့်ချက် သိပ်မထားသော သူများရဲ့ မျက်နှာများ၊ ညှိုးငယ်မျက်နှာများဖြင့် သွားလာနေကြသော အလုပ်လုပ်သူများ ဤ ရန်ကုန်မြေမှာ အများသားပါလား။ အသက်ရှင်သန်မှု အတွက် လှုပ်ရှားနေကြရသည်ပင်။ ဒါသည်ပင် လူ့ဘ၀ဟု ခေါ်ရမည်လား မသိပါ။
ဟိုးနယ်စပ်မြို့လေးကနေ ရန်ကုန်တက်လာတယ်။ အလှပြင်ဆင်တာ ရှင်းရှင်းပြောရရင် အလှပြင်ဆိုင် လုပ်ငန်းကို စိတ်ဝင်စားလို့ အလှပြင်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အလည်အဖြစ် တနင်္ဂနွေနေ့မှာ လိုက်သွားဖြစ် လိုက်လည်ဖြစ်ခဲ့ပါတယ်။ သူက ဒီဆိုင်ကို နောက်မှ ရောက်သူဆိုတော့ သူ့ထက်စီနီယာကျသူများက အလုပ်မှာ ဦးစားပေးပေါ့။ သူကတော့ အောက်ခြေသိမ်းကို လုပ်ကိုင်နေရတာမြင်ပါတယ်။ ကိုယ်သိထားတာက သူဟာ နာမည်ကြီးအလှပြင် ပညာရှင်တစ်ယောက်ဆီမှာ ပညာသင်ဖူးသူ တစ်ယောက်အဖြစ်။ သူပြန်ပြောတဲ့စကားဆွေးနွေးတဲ့ စကားများဟာ ကိုယ့်အတွက် စဉ်းစားစရာရတာ၊ အသိရတာ မနည်းပါဘူး။ "ကိုယ်က ဒီဆိုင်မှာ အခုမှ အလုပ်ဝင်တာ မကြာသေးဘူးဆိုတော့ သူတို့ထက်တတ်တာကို ပြနေလို့မဖြစ်ဖူးလေ။ ဒီအလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ကိုယ်ရွေးချယ်ထားတာဆိုတော့ မလုပ်ချင်တာအသာထား လှုပ်ရှားရတာပဲ ငါ့ကောင်။ ဒီလိုမှ မလုပ်ရင် မနေရင် သုတ်သုတ်လေး ဂိုးသွားရမယ်" စသဖြင့် အများကြီးပါပဲ။ အလုပ်တစ်ခုမှာ ပိုင်ရှင်ဖြစ်ရတာကောင်းပြီး၊ ကိုယ်တို့လိုအလုပ်သမားဖြစ်ရတာ မကောင်းဘူးဆိုတဲ့ စကားတစ်ခွန်းလည်း အပါအ၀င်ပေါ့။

Monday, August 20, 2007

My Heart Cries.

My Heart Cries

My heart cries, but you don't hear it.
My heart breaks, but you don't feel it.
My body longs to feel your arms around me.
My lips long to feel your kisses.
My ears long to hear you say I love you.
My eyes long to see your smile and eyes twinkle.
My life longs to have you in it.
My world longs to have you make it complete.
My body longs to feel you lie next to it.
My love longs to have you return it.
My heart will cry, my heart will break.
My body will go limp, my lips will only speak.
My ears will miss your words, my eyes will shed tears.
My life will be so lonely, my world will be so empty.
My love will go unreturned.
My heart aches as my life is turned inside out.
My mind will never forget, my heart will never let go.
I have loved you since the day I met you.
But now my heart cries and you don't hear it.
By Kelly Gray

Friday, August 17, 2007

I Hate you!


မိုးနတ်ဆိုးရဲ့ နှင်းပွင့်စေတမန်
ငါဟာ ပန်းတပွင့်မှန်း နင်သိလျက်
သန့်ရှင်း ဖြူစင် အေးမြဟန်နဲ့
လှပတဲ့ နှင်းပွင့်တွေကို
စေတနာ ဗလပွနဲ့
လာလာ ရွာချမပြနဲ့…

အဲသည့် နှင်းပွင့်တွေပါပဲ
ငါ့အမျိုးရဲ့ ပွင့်ဖတ် ပွင့်ချပ်တွေကို
ဖဲ့ယူ ကိုက်စား ပုပ်ဆွေး
အလှတရားတွေ ပျက်ဝေးစေဖူးတယ်
အကြောင်းသိတွေ လာမဖြားနဲ့
ငါက ရေခဲထဲမှာ ပွင့်တဲ့ပန်း …

သစ်ပင်စိုက်ခြင်းကို နားမလည်သူများကတော့ ပန်းကလေးတွေပေါ်ကို ရေပန်းမွှားမွှားလေးတွေ ဖြန်းပေး ရင် ပန်းကလေးတွေ လန်းမယ်လို့ အကြမ်းဖျင်း ထင်တတ်ကြပါမှာ။ ရာသီဥတု ပူရင် ပန်းကလေးတွေ နွမ်းသွား တာ မြင်ဖူးကြတာမို့ အေးရင် ပန်းတော်တော်များများက ကြာရှည် လန်းနေတတ်တာကို မြင်ဖူး ကြတာမို့ ပန်းကို ရေစိမ်ထားတတ်တာ၊ ရေမှာ အညှာကိုနှစ်ပြီး ထောင်ထားတတ်တာ မြင်ဖူး ကြမှာပါ။ အေးတာချင်း အတူတူ နှင်းပွင့်လေးတွေ ပန်းပေါ်ကို ကျရင်ရော ဘာဖြစ်တတ်လဲ သိလား။ အေးရင် လန်းတယ်လို့ လှေနံ ဓားထစ် မှတ်တတ်သူတွေကတော့ လန်းမယ်လို့ ထင်မှာပါ။ ပန်းအတွက် သဘာဝကျကျ အမှန်တကယ် လိုအပ်တဲ့ အေးမြမှုဆိုတာထက် ပိုတဲ့အအေးဓာတ်ကြောင့် ပန်းပွင့်ဖတ်၊ ပွင့်ချပ် လေးတွေ ရိသွား၊ ပုပ်သွား၊ မြန်မြန် ပျက်စီးသွားတတ်ပါတယ်။ နှင်းရိုက်လို့ ပန်းနဲ့ သစ်သီးတွေ ပုပ်ကုန် တာကို တောင်ပေါ်သားတွေ သိကြမယ်ထင်ပါတယ်။

အဲလိုပါပဲ.. လူ့လောကမှာလဲ နောက်ဆက်တွဲ အကျိုးကို သိလျက်နဲ့ စေတနာ ရှိလေဟန်နဲ့ သဘာဝ မကျတဲ့ မမှန်ကန်တဲ့ စေတနာဆိုးတွေကို နှင်းတွေလို အေးမြတဲ့ စကားလုံးနဲ့ လုပ်ဇာတ်တွေ တဖွဲဖွဲ ကြဲချပြီး ကျေးဇူးရှင် နာမည်ယူပြီး သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သူတပါးရဲ့ ဘ၀တွေကို ဖျက်တတ်တဲ့ သူတွေ များလှပါတယ်။ တိမ်လို မာယာများပေမယ့် မိုးကောင်းကင်လို သဘောထား ကြီးချင်ယောင် ဆောင်ပြီး နှင်းပွင့်လို အေးမြ သန့်စင် ယောင် ဆောင်ထားတဲ့ ပန်းဖျက် လက်နက်တွေ ကြဲချပြီး ဖူးပွင့်နေတဲ့ ပန်းတွေရဲ့ ဘ၀တွေကို ဖျက်သီးတဲ့ ဒီလူတွေကို ကျွန်မ သိပ်မုန်းပါတယ်။


Ainmat.com က ခွန်မြလှိုင်ရဲ့ ပို့စ်တစ်ခုပါ။

Tuesday, August 7, 2007

Notes of MyHeart!

တစ်ကိုယ်ရေလွမ်းဆွတ်မှု
"လွန်ပါစေ အလွမ်းညတွေ....လွန်ပါစေ....လွန်ပါစေ" ဒီသီချင်းလေးကို ဖွင့်ဖြစ်တာကြာပါပြီ။ ဒီတစ်ခါလည်း နာကျင်ရမှာလား၊ အလွမ်း... လွမ်းဆွတ်မှုကိုပဲ ရင်ထဲမှာ သိမ်းထားရင်း စောင့်မျှောက်ရမှာလား။ သူပြောတဲ့ စကားတွေ၊ သဘောထားတွေဟာ ကိုယ့်ကို တကယ်ချစ်လို့ ၊ သ၀န်တိုလို့ ပြောဆိုနေတာဖြစ်ပါစေလို့ ကိုယ်ဆုတောင်းပါတယ်။
" ပိတ်ပြစ်လိုက်စမ်း အခု....အဲဒီတံခါးကို လုံးဝမဖွင့်နဲ့ " ကိုယ့်စိတ်ကို ထိန်းချုပ်ရင်း ပြူတင်းပေါက်ဆိ လှမ်းနေတဲ့ ကိုယ့်ခြေလှမ်းတွေကို ကိုယ့် နားခိုရာ လှဲလျောင်းရာ အိပ်ခန်းဆီကို ရွေ့လိုက်တယ်။ ပြည့်ပြည့်၀၀ ၀ိုင်းစက်နေအောင် သာနေတဲ့ လမင်းကြီးရယ် ၊ ရယ်မော ပျော်ရွှင်နေတဲ့ ကလေးတွေရယ်၊ လေတနွဲ့နွဲ့မှာ ရနံ့ကြူမွှေး စံပယ်ရုံတွေရယ် အလွမ်းစိတ် တမ်းတစိတ်ကို မပြေပျောက်စေနိုင်တာ အမှန်ပါပဲလေ။
သူနဲ့ စတင်တွေ့ဆုံခဲ့တာက ကိုယ့်သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် တွေ့ဖြစ်ခဲ့ ကြုံဆုံမိခဲ့ကြပါတယ်။ ကိုယ့်ထက်အသက်ကြီးတယ် ၊ ဒါပေမဲ့ ရပ်ဝေးမြေမှာ လာပြီး အလုပ်လုပ်နေတဲ့ ကိုယ့်အတွက် အားကိုးချင်စိတ် ၊ ခင်မင်ချင်စိတ်နဲ့ ရင်ထဲမှာ သူ့ကို နှစ်လိုမှုဖြစ်ပေါ်ခံစားခဲ့ ရ တာအမှန်ပါပဲ။သူများတွေပြောသလို အသက်ကြီးသူနဲ့ချစ်ရင် စိတ်ကျဉ်းကျပ်သတဲ့..ဒါပေမဲ့ ကိုယ်ကတော့ အချစ်နွံထဲ ခုံမင်စွာ ခုန်ဆင်း ခဲ့ပါတယ်လေ။
သူငယ်ချင်းတွေအများကြီးရှိတယ်။ တစ်ခါတစ်လေ ချိန်းဆိုပြီး စကားပြောကြ၊ လှုပ်ရှားသွားလာကြပေါ့။ သူတို့တွေက ဘာပြန်ပြော သလည်း ကိုယ်မသိပါ။ မှန်တာပြောနိုင်တာကတော့ ကိုယ်သူငယ်ချင်းတွေနဲ့ တွေ့တာ သာမန်ထက်မပိုတာတော့ အမှန်ပါပဲ။ "ကိုယ်တို့ ချစ်ကြတယ်ဆိုတာ တရားဝင်လည်း လက်ထပ်လို့မရ၊ တားဆီးပိုင်ခွင့်လည်း မရှိ၊ မင်းပျော်သလိုသာနေတဲ့" ကိုယ်ဟာ တခြားလူတွေလို အပျော်ကိုသာ လိုချင်တမ်းတပြီး အချစ်(ချစ်ခင်မှု)ကို မလိုချင်။ မယုံကြည်တဲ့ သူလို့ သူထင်နေပုံပါပဲ။သူဒီလိုပြောလာတော့ ကိုယ့်အချစ်ဟောာင်းရဲ့ စရိုက် အကျင့် တွေကို တိုက်တိုက်ဆိုင်ဆိုင် သတိရဖြစ်ပြန်တယ်။ "ပေါ်ပြူလာဖြစ်တဲ့သူများနဲ့ သာစွဲမြဲပေါင်းသင်း ချင်တယ်၊ ပေါ်ပြူလာဖြစ်ချင်တယ်၊ အချစ်စစ်ဆိုတာကို မယုံသလို၊ လက်လည်းမခံပါဘူး"တဲ့လေ။ သူ့ပတ်ဝန်းကျင်က ကိုယ့်သူငယ်ချင်းများက ပြန်ပြေပြကြတယ်။ ကဲ.....ဘာတွေလည်း အချစ်ဆိုတာ ဘာလည်း စိတ်ရှုပ်စရာကောင်းတဲ့ အရာလား။
တစ်ခါတစ်လေ အလုပ်က အမောတွေ အိမ်ကိုလွမ်းလို့ တမ်းတနေစိတ်နဲ့ စိတ်ဓာတ်ကျနေချိန်တွေမှာ သူနဲ့ အွန်လိုင်းက တစ်ဆင့် စကားပြောဖြစ်ပြန်တော့လည်း မယုံသင်္ကာစကားတွေ၊ စကားနာထိုးတာတွေနဲ့ပဲ နာရီများစွာ ကုန်လွန်သွားတာ မကြာခဏ။ ကိုယ့်ကိုချစ်လို့နေမှာ ၊ ချစ်တယ်ဆိုရင် သ၀န်တိုတတ်တာပဲဆိုတဲ့ ကိုယ့်ဘာသာထင်မြင်ချက်နဲ့ ဖြေသိမ့်ခဲ့ရတာလည်း ညတိုင်း...။
ဒါတွေပြောနေပြန်တော့ သူ့ကို စိတ်ပျက်နေတယ်လို့တော့ မထင်ပါနဲ့လေ။ ကိုယ့်တို့ချစ်သက်တမ်းက မကြာလှသေးပါဘူး။ ကိုယ့်ကိုချစ်မချစ် မသေခြာသေးပါ ၊ စဉ်းစားနေဆဲတဲ့...ဘာကြောင့်လည်း။ အသက်အရွယ်၊ အတွေးအခေါ်၊ အနေအထိုင် စရိုက်ကွာခြားနေမှုကြောင့်လား။ သူ့ကွယ်ရာမှာ "Playful" လုပ်တာမကြိုက်ပါဘူးတဲ့။ ကိုယ်နေထိုင်ပုံ စရိုက်များဟာ "butterfly"လေးနဲ့ တူနေပြီလား။ ကိုယ်ကတော့ ချစ်တယ်ဆိုတဲ့စကားကို အလွယ်တကူပြောထွက်ခဲ့တာတော့ မဟုတ်ခဲ့ပါ။
သူနဲ့ စကားပြေဖြစ်ကြတော့...သူ့အကြိုက် သူ့ဇာတ်လမ်းတွေကို ပြောပြတာ ကိုယ်ကနားထောင်ဖြစ်သလို၊ ကိုယ့်ဇာတ်လမ်းဟောင်းတွေ ကို ပြောပြပြန်တော့ အရင်လူကို သတိရလို့ပြောပြတယ်လို့ စွပ်စွဲချင်ပြန်ရော။ သူငယ်ချင်းအဖြစ် သာမန်ပဲ၊ နေမကောင်းလို့ သွားတွေ့မယ် လို့ ခွင့်တောင်းပြန်တော့ "နာကျင်မှုတွေ အတွက် သူ့ကို အစားထိုးတာပါ၊ မင်းပြန်သွားချင်သွားနိုင်တယ်" တဲ့...ဟား...ဟား။
ဘာအကြောင်းကြောင့် ပြောလာသည်ဖြစ်စေ သူကိုယ့်ကို ချစ်နေဆဲလို့ ကိုယ်မျှော်လင့်ပါတယ်။ ဘကြောင့်လည်းဆိုတော့ သူ့အလုပ်ရှိ ရာမှာ တစ်လသွားနေရတဲ့အတောအတွင်း ကိုယ့်အပေါ်အချစ်စိတ်တွေ လျော့သွားတာလည်း ဖြစ်နေနိုင်တာပဲ မဟုတ်လား။ ချစ်တယ်ဆိုတာ တစ်ခါတစ်လေတော့ မယုံသင်္ကာကောင်းစရာဖြစ်စေတာတော့အမှန်။"အထိအတွေ့" ကိုသာယာတာဖြစ်နိုင်သလို ဒါကိုနှစ်သက်လို့ ချစ်တယ်ဆိုတဲ့ စကားလုံးနဲ့ တန်ဆာဆင်တာလည်း ဖြစ်နိုင်တာပါပဲလေ။
မိုးတွေ တဖြည်းဖြည်းသည်းလာပြီ။ လမင်းကြီးကိုလည်း တိမ်မည်းတွေက ဖုံးအုပ်သွားပြီ။ မိုးသံတဖျောက်ဖျောက် ၊လေတိုးသံ တ၀ှီးဝှီး... အခန်းထဲမှာ တစ်ယောက်ထဲဖြစ်နေတဲ့ ကိုယ့်အတွက် ၊ တစ်စုံတစ်ယောက်ကို တမ်းတစိတ်၊ မျှော်လင့်မိစိတ် ဖြစ်နေမိတယ်။ ဒါဟာ သွေးသားတောင့်တမှုကြောင့် မျှော်လင့်မိတဲ့ အဖော်မျိုး မဟုတ်။ ကိုယ့်ကိုချစ်တဲ့ ကိုယ်ကလည်း ချစ်တဲ့သူနဲ့ အတူရှိနေချင်ယုံသက်သက် ပါလေ။
ကဲ...ပါလေ သူကိုယ့်ကို မချစ်ခင် ၊ မနှစ်သက်တော့ဘူး အလိုမရှိတော့ဘူးဆိုတော့ရော ကိုယ်ကဘာတတ်နိုင်မှာလည်း။ ဒါပေမဲ့ အခုတော့ ကိုယ့်အတွက် "လွန်ပါစေ အလွမ်းညတွေ...လွန်ပါစေ...လွန်ပါစေ" လေ။

Thursday, August 2, 2007

Shingles

ရေယုန် (ရှင်းဂဲလ်စ်) Shingles
ရေကျောက်( Chickenpox)ပေါက်စေသည့် ဗိုင်းရပ်စ်ပြန်အစွမ်းပြလျှင် ရေယုန်ပေါက်တတ်သည်။ ရေကျောက်ပေါက်ပြီး သူများရေကျောက်ပျောက်မှ ရေယုန်ထပ်ပေါက်တတ်သည်။ စဖြစ်ဖြစ်ချင်း ခန္ခာကိုယ်ဘေးဘယ်ခြမ်း တစ်ခြမ်းခြမ်းတွင် စူးမည်၊ နာမည်။ မျက်နှာမှာလည်း ဖြစ်တတ် သည်။ ခေါင်းကိုက်နိုင်သည်။ ဖျားနိုင်သည်။ ထို့နောက် အရည်ကြည်ဖု သေးသေးလေးများ ပြင်လိုက် ၊ အစုအဝေးလိုက် ထွက်လာတတ် သည်။ ထို့နောက် ထိုအဖုလေးများ ညှိုးခြောက် ၊ချပ်သွားကာ ရက်သတ်တပတ်အနည်းငယ်အတွင်း အလိုအလျောက် ပျောက်သွား တတ်သည်။
အရည်ကြည်ဖုများပျောက်သွားသော်လည်း အရည်ကြည်ဖုပေါက်ရာနေရာမှာ လအတန်ကြာ နာကျင်နေလေ့ရှိသည်။ ကလေးသူငယ်များ ရေကျောက်ပေါက်ပြီးပါက ရေယုန်မပေါက်တတ်ပါ။ အသက်ကြီးသူများ ရေကျောက်ပေါက်ပြီးပါက ရေယုန်ပေါက် လေ့ရှိပါသည်။ စိတ်ဖိစီးမှု ၊ ကိုယ်ခံအားကျခြင်း ၊ နေလောင်ခြင်းတို့ကြောင့်လည်း ရေယုန်ပေါက်နိုင်သည်။ သို့သော် ရေကျောက်ပေါက် ရာတွင်ထွက်သော အရည်ကြည်ဖုမှတစ်ဆင့် တိုက်ရိုက်ရေယုန်ပေါက်မလာနိုင်။ယခုအခါတွင်မူ ရေယုန်ပေါက်ပါက ခုခံအားကျရောဂါ ကိုပါထည့်စဉ်းစားလာရသည်။
ဆရာဝန်နှင့် အရင်ပြရန်
အရည်ကြည်ဖုများပြင်လိုက်စုဝေးထွက်ပေါ်လာလျှင်၊ ထိုအရည်ကြည်ဖု အစုအဝေး မျက်လုံးတစ်ဝိုက်ပေါက်လာလျှင်
မိမိဘာသာ ဆောင်ရွက်ရန်
- မြန်မြန်ပြန်ကောင်းလာစေလိုပါက ကောင်းကောင်းအနားယူပါ။
- ဖျားပါက ကိုယ်ပူကျဆေးသောက်ပါ။ ရေ ၊ အရည်များများ သောက်ပေးပါ။
- အကိုက်အခဲပျောက်ဆေးသောက်နိုင်ပါသည်။အစူးအနာသက်သာစေရန် ရေခဲကပ်ပေးနိုင်ပါသည်။
- ရေချိုးနိုင်ပါသည်။ ရေယုန် ရေနှင့် ထိတွေ့နိုင်ပါသည်။ ရေထိရွေ့ ရေယုန်မပွားပါ။ ရေနွေးဖြင့် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ရေချိုးနိုင်သည်။ ဆော်ဒါ ရေနွေးဖျော်ရည် Oat Meal ကိုယ်တိုက်ဆပ်ပြာဆီ၊ ဆပ်ပြာရည်တို့ဖြင့် ရေချိုး၊ဆပ်ပြာတိုက်နိုင်သည်။ မျက်နှာကိုလည်း ရေ ၊ ဆပ်ပြာတို့ဖြင့် ညင်သာစွာပွတ်သပ်နိုင်သည်။
- ရေကျောက် ၊ အရည်ကြည်ဖုပေါက် ၊ ချပ်သွားရာက ထွက်လာသော သားနံရည်ကြောင့် ရေယုန်မဖြစ်နိုင်သော်လည်း ရေယုန်အရည် ကြည်ဖုမှ ထွက်လာသော သားနံရည်ကြောင့် ရေယုန်ပေါက်နိုင် ၊ ကူးစက်နိုင်သည်။ ထို့ကြောင့် ရေယုန် အရည်ကြည်ဖုများ အားလုံးချပ် သွားသည့်တိုင် မည်သူနှင့်မျှ အရေပြားချင်းမထိမိစေရန် ဂရုစိုက်ပါ။
အိမ်သုံးဆေး
အကိုက်ခဲပျောက်ဆေးများ
သဘာဝပွဲတွေ့ဆေး
စားဆိုဒါ ၊ ရေနွေးဖျော် ၊ ချိုးရေ ၊ Oat Meal ဆပ်ပြာ
ကာကွယ်ခြင်း
စိတ်ဖိစီးဝန်ပျောက်ရန် ၊ နေလောင်မခံရန်
ဆရာဝန် နှင့် ဆက်ပြရန်
- အရည်ကြည်ဖုများ ပြည်တည်လာလျှင် ပိုပွားလာလျှင်
- ခေါင်းအပြင်းအထန် ကိုက်လျှင် ၊ အန်လျှင်
- အကိုက်အခဲပျောက်ဆေးသောက်သည့်တိုင် အကိုက်အနာမပျောက်လျှင်၊
- ရေယုန်ဖုများ ပျေက်သွားသည့်တိုင် ထိုနေရာ တစ်ဝိုက် မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေလျှင်။