Wednesday, August 29, 2007

Juice of PUMELO

ဖျော်ရည်ဖျော်ပြိးသောက်ရအောင်အစားအစာတစ်ခုစားပြီးလို့ပဲဖြစ်ဖြစ် ၊ ချိုချိုချဉ်ချဉ် ဖျော်ရည်လေး သောက်ချင်လို့ပဲဖြစ်ဖြစ်...ကျွဲကောသီးဖျော်ရည်လေး ဖျော်သောက် လိုက်ရအောင် ကျွဲကောသီးမှာ ဗီတာမင်စီ အထူးကြွယ်ဝတဲ့ အသီးဖြစ်တဲ့အပြင် ဗီတာမင် အေ၊ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး နဲ့ အခြားဓာတ်တွေလည်းပါဝင်ပါသတဲ့။ အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေသလို အစာကြေရင်ချောင်ရအောင် ဖျော်သောက်လိုက် ကြစို့။
ကျွဲကောသီးဖျော်ရည်ပါဝင်သည့်ပစ္စည်းများ
- ကျွဲကော်သီး - ၁ခွက်စာ
- သကြားရည် - စားပွဲတင်ဇွန်း ၂ဇွန်း
- သံပုရာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား - အနည်းငယ်
- ရေအေးအေး - တစ်ခွက်
အထက်ပါဝင်တဲ့ အရာအားလုံးကို Blender ထဲမှာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ ခွက်ထဲထည့်ပြီး ရေခဲလေးနဲ့ သုံးဆောင်နိုင်ပါပြီ။
ပိုမီလို ပရိစ်
ပါဝင်သည့်ပစ္စည်းများ
- ကျွဲကောသီး - ၂၀၀ ဂရမ်ခန့်
- သံပုရာရည် - ထမင်းစားဇွန်း ၂ဇွန်း
- သကြား - ထမင်းစားဇွန်း ၃ဇွန်း
- ဆား - အနည်းငယ်
- ရေခဲ - အနည်းငယ်
အထက်ပါဝင်တဲ့ အရာအားလုံးကိုထဲမှာ တည့်ပြီးမွှေပေးပါ။ ပြီးလျှင်ခွက်ထဲထည့်ပြီး ကျွဲကောသီး ဖရိစ်အေးအေးလေးကို သုံးဆောင်နိုင်ပါပြီး။

No comments: