Tuesday, March 31, 2015

ဗိုလ်ချုပ်အောင်ဆန်းနှင့်သမ္မတ အေဗရာဟင် လင်ကွန်းတို့၏ သမိုင်းဝင် မိန့်ခွန်း




အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေဟာ အခွင့်သာတိုင်း သူတို့ အရင် က အာဇာ နည်ခေါင်းဆောင်တွေရဲ့ပေးဆပ်ခဲ့သူဂုဏ်ကျေးဇူးတွေကို ချီးမွမ်းဂုဏ်ပြုပြောဆို လုပ်ကိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည် မိန့်ခွန်း
မြန်မာနိုင်ငံရဲ့အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ လွတ်လပ်ရေးတိုက်ပွဲမှာ ကျဆုံး ခဲ့ရရှာတဲ့ အာဇာနည်တွေ အတွက် အာဇာနည် ကျောက် တိုင်စိုက်ထူပြီး အလေးပြု အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ကျင်းပပေးခဲ့ပါတယ်။ ၁၉၄၆ခု ဇန်န ဝါရီလ၁၇ရက် နေ့ နံနက် ၈နာရီအချိန်မှာ ရွှေတိဂုံအလယ်ပစ္စယံကုန်းမြေ မှာ ပြုလုပ်ကျင်းပခဲ့တာပါ။ အဲ ဒီ အခမ်းအနားမှာ ဗိုလ်ချုပ် အောင်ဆန်းဟာ ရာဇဝင် တွင် လောက်တဲ့ အာဇာနည်မိန့်ခွန်းတစ်ခုကို မိန့်ကြားခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းအနှစ်ချုပ်ကတော့ ” ဤနေရာတွင် စုရုံး၍ အရိုသေပြုရုံမျှဖြင့် ကျ ဆုံးသော ရဲဘော်များကို ချီးကျူးရာ ရောက်မည်မဟုတ်ကြောင်း၊ တကယ်ချီး ကျူးရာရောက်အောင် ၄င်းရဲဘော်များ သွေးနဲ့စိုက်ပျိုးထားခဲ့တဲ့ လွတ်လပ်ရေးပန်းပင်ကို ကျွန်တော် တို့က အစဉ်တစိုက် မြေတောင်မြှောက်ပေးပြီး ပေါင်းသင်ပေးရန်လိုကြောင်း၊ ဒီလိုဆက်ပြီး ကြိုးပမ်းလုပ် ကိုင်ကြမှ တကယ်ချီးကျူးရာ ရောက်မည်ဖြစ်ကြောင်း၊ ကျဆုံး သူများကို အမြဲအမှတ်ရနေပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိမယ့်အလုပ်ကို လုပ်ကြရမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ မလုပ် နိုင်ကြရင် ကျဆုံးသူရဲဘော်များကို သစ္စာဖောက် ရာ ရောက်နေ မည် ဖြစ်ကြောင်း၊ စစ်ဖြစ်တာဟာ ကမ္ဘာ့ရဲ့ အစို့အညှောင့်ဖြစ်တဲ့ လူငယ်များစွာ သေကျေရကြောင်း၊ စစ်ပြီး၍ ငြိမ်းချမ်းရေး အစစ်ကိုရအောင် မလုပ်နိုင်ရင် သူရဲကောင်းတွေ ကို သစ္စာဖောက်ရာသာကျမည်ဖြစ်ကြောင်း စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။

လင်ကွန်းရဲ့ ဂတ်တက်(စ)ဘာ့(ခ်)မိန့်ခွန်း
Abraham Lincoln  (၁၈ဝ၉-၁၈၆၄) ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ ယောက် မြောက်သမ္မတပါ။ သမ္မတတာဝန်ကို ၁၈၆ဝ ခုနှစ်ကနေလုပ်ကြံခံရတဲ့ ၁၈၆၅ခု ဧပြီလ ၁၅ ရက်နေ့အထိ ထမ်းဆောင်ခဲ့သူပါ။ လင်ကွန်းရဲ့ အဓိက မူဝါဒဟာ ကျွန်စနစ်ပပျောက်ရေးပါ။ ၁၈၆၂ ခုနှစ်မှာ ” လူမည်း ကျွန်အားလုံးလွတ်မြောက်စေ”  (Emancipa- tion Proclamation) ကြေညာ ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ တောင်ပိုင်းသားတွေက လင်ကွန်းရဲ့ ကျွန်စနစ်ကို လက်မခံဘဲ Confederation ခေါ် “ပေါင်းစုပြည်ထောင်စု” ကို တည်ထောင်ခဲ့ကြပါတယ်။ ၁၈၆၃ခုနှစ် နိုဝင်ဘာလ မှာပင် ဆီဗေးနီးယားပြည်နယ် ဂက်တက်(စ) ဘာ့ (ခ်) Gettysburg) အရပ်မှာ တောင် ပိုင်းနဲ့ မြောက် ပိုင်း တပ်တွေ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လင်ကွန်းဦးဆောင်တဲ့ မြောက်ပိုင်းသား တပ်ဘက်ကတပ်သား ၂၃ဝဝဝ ကျော်၊ တောင်ပိုင်းဘက်က ၂ဝဝဝဝ ကျော် ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲကြီးဖြစ်ပွားရာမြေမှာ အမျိုးသားအထိမ်းအမှတ် စစ်သင်္ချိုင်းဖွင့်ပွဲကို ၁၈၆၃ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ သမ္မတကြီး လင် ကွန်းက ၂ မိနစ်ကျော်သာ ကြာမြင့်တဲ့ ကမ္ဘာကျော် Gettysburg မိန့်ခွန်းကြီးကို ပြောခဲ့ပါတယ်။ လေ့လာသိရှိနိုင်ဖို့ စာရေးဆရာကြီး ဘိုးလှိုင်ရေးသားပြုစုခဲ့တဲ့ “နာ မည်ကျော်ကြား ဂန္ထဝင်စကား ” က ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

လွန်ခဲ့တဲ့ ၈၇နှစ်က ကျွန်တော်တို့ဘိုးဘေးများက ဤတိုက်ကုန်းမြေပေါ်မှာ နိုင်ငံသစ်ထူထောင်ခဲ့ပါတယ်။ ဒီနိုင်ငံသစ်က လွတ်လပ်ရေးမှာ သန္ဓေတည်ပြီး လူသားတိုင်းကို တန်းတူဖန်ဆင်းထားသည်ဆိုသော ယုံကြည်ချက်ကို သစ္စာအဓိဋ္ဌာန်ပြုပြီးတည်ထောင်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီးနဲ့ ကြုံနေရ ပါပြီ။ အဲဒီ နိုင်ငံကြီး သို့မဟုတ် အလားတူ သန္ဓေတည်ပြီး သစ္စာအဓိဋ္ဌာန်ပြုထားတဲ့ နိုင်ငံတစ်ခု ကြာရှည်ရပ်တည်နိုင် ပါ့မလား ဆိုတာ စမ်းသပ်နေပါပြီ။ အဲဒီ ပြည်တွင်းစစ်ကြီးရဲ့ တိုက်ပွဲ ကွင်းပေါ်မှာ ကျွန်တော်တို့ စုဝေး နေကြပါပြီ။ ဒီကွင်းရဲ့ တစ်စိတ် တစ်ဒေသမှာ ဒီနိုင်ငံ အဓွန့်ရှည်ဖို့ အသက်စွန့်ခဲ့ကြသူတွေ ထာဝစဉ်နားနေစရာ နေရာ အဖြစ် သတ် မှတ်ပေးဖို့ ကျွန်တော် တို့ ရောက်လာကြတာပါ။ ဒီလို လုပ်ရတာ အလွန်လုပ်သင့်လုပ် ထိုက်တဲ့အလုပ်ပါ။

သို့သော်လည်း တကယ်တမ်းမှာတော့ ဒီမြေကို မြတ် သောမြေအဖြစ် ကျွန်တော်တို့ အဓိဋ္ဌာန်ပြုလို့မရပါဘူး။ကျွန်တော် တို့က သိဒ္ဓိတင်လို့ မရပါဘူး။ မြတ်သောနေ ရာဖြစ်စေလို့ ကျွန်တော်တို့ လုပ်လို့မဖြစ်ပါ ဘူး။ ဒီမြေမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲရင့်သူတွေ ကျဆုံးသူရော၊ အသက်မသေ ကျန်ရစ်သူတွေ ကပါ ဒီမြေကို သိဒ္ဓိတင်ခဲ့ ပြီးပါပြီ။ သိဒ္ဓိ တိုးအောင်၊ လျော့ အောင်လုပ်နိုင်တဲ့ ကျွန်တော်တို့ အစွမ်းနည်းနည်းကလေးထက် သူတို့တင်ခဲ့တဲ့ သိဒ္ဓိက အများကြီး ကဲပါတယ်။  ဒီနေရာမှာ ကျွန်တော် တို့ ပြော ဆို တာ ကို ကမ္ဘာကြီးက သိပ်ဂရုစိုက်မှာမဟုတ်ပါဘူး။ ကြာရှည်လည်း သတိရနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ဒီမှာလုပ်ခဲ့တဲ့ လုပ်ရပ် ကိုတော့ မေ့ပျောက်နိုင် လိမ့်မည် မဟုတ် ပါဘူး။ တကယ်တော့ သူတို့တွေ ဒီနေရာမှာ တိုက်ပွဲဝင်ပြီး မွန် မြတ်သော စိတ်နဲ့ မြှင့်တင်ပေး ခဲ့တဲ့ မပြီးမပြတ်သေးတဲ့ လုပ် ငန်းကြီးကို ပြီးအောင် လုပ်ဆောင်ကြဖို့ အ သက်ရှင်ဆဲ ကျွန်တော်တို့တစ်တွေကအဓိဋ္ဌာန် ပြုကြရမှာပါ။

ကျွန်တော်တို့ ရှေ့မှောက်မှာ မပြီးသေးတဲ့ လုပ်ငန်းကြီးကို ဆုံးခန်းတိုင်လုပ်ကိုင်ဖို့ သစ္စာ ပြုရမှာက ကျွန်တော်တို့ပါ။ မြတ်သော သေခြင်းနှင့် သေဆုံး ခဲ့သူတွေက အ သက်ကို စတေးခဲ့ တဲ့သစ္စာအဓိဋ္ဌာန်ကြီးကိုကျွန်တော် တို့တစ်တွေက ဆတက်ထမ်းပိုး တိုးပြီးအကောင်အထည်ဖော်ရန် အဓိဋ္ဌာန်ပြုကြပါစို့။ ကျဆုံးသူ တွေ သေဆုံးရတာ အချည်းအနှီး မဖြစ်စေဖို့ ကျွန်တော်တို့ သန္နိဋ္ဌာန် ပြုကြပါစို့။ ဘုရားသခင် အုပ်စီး တဲ့ ဒီနိုင်ငံမှာ လွတ်လပ်မှုအသစ် ပေါ်ထွန်းလာစေဟု အဓိဋ္ဌာန်ပြု ပါစို့။ နောက်ပြီးေ တာ့ ပြည်သူ တွေအတွက်၊ ပြည်သူတွေ စီမံ တဲ့၊ ပြည်သူ့အစိုးရ ဤမြေမှ မဆိတ်သုဉ်း မပျောက်ကွယ် စေရဟု အဓိဋ္ဌာန်ပြုကြပါစို့။

 အလင်းဆက် (IR)

AiDs သတင်းစုံ


 HIV news

 • ပြင်သစ်ဆေးပညာရှင်တွေကနေ မျိုးဗီဇ စနစ်ကို တွေ့ရှိလိုက်ပါတယ်။ HIV ကူးစက်နေတဲ့ ယောက်ျား ၂ ယောက်မှာ အဲဒီနည်းနဲ့ အလိုလိုပျောက်သွားစေနိုင်တာဖြစ်တယ်လို့ ၂၃-၃-၂ဝ၁၅ နေ့ သတင်းက ဆိုပါတယ်။ ဒီတွေ့ရှိချက်ကနေ HIV-AIDS တိုက်ဖျက်ရေးမှာ အထောက်အကူ ရလာပါလိမ့်မယ်။
• ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေးရလိုမှု ဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ဆုံးဖြတ်ပါတယ်။
• ၁-၁၂-၂ဝ၁ဝ တုံးက ပြဌာန်းထားတဲ့ HIV and AIDS Prevention and Control Act, No. 14  ဟာ အဲလို မညီကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ (၂၄-၃-၂ဝ၁၅)
http://www.nation.co.ke/news/Partners-need-not-reveal-HIV-status/-/1056/2663532/-/1kr4bqz/-/index.html

HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

• အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ်မှာကျင်းပခဲ့တဲ့ Retroviruses and Opportunistic Infections ကွန်ဖရင့်မှာ ယူကေနိုင်ငံက ပညာရှင်တွေကနေ အဲလိုပြောလိုက်တာပါ။
• HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံသူတွေအတွက် ကာကွယ်ဆေးသဘောဖြစ်ပါတယ်။
• အဲလိုဆေးပေးနည်းကို Pre-exposure prophylaxis (PrEP) လို့ခေါ်တယ်။
• ၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက်ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ်အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမအုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယအုပ်စုကဖြစ်ပါတယ်။ ၁့၃% နဲ့ ၈့၉% ကူးစက်ကြတယ်။
• ဒါကြောင့် HIV ပိုးရှိနေသူနဲ့ အတူနေသူတွေဟာ Truvada ဆေးကို ချက်ချင်းသောက်ရင် HIV ကူးစက်လာမှာကို ကာကွယ်ဖို့ သုံးနိုင်ကြပါတယ်။

1. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
2. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
3. HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ (၈-၃-၂ဝ၁၅)
http://www.medicalnewstoday.com/articles/289949.php
ဒေါက်တာတင့်ဆွေ - HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

 အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။
မူးယစ်ဆေး သုံးစွဲသူများကြား ဆေးထိုးအပ်ဝေမျှသုံးစွဲခြင်းကို မြင်တွေ့နေကျဖြစ်သည့် စကော့ကောင်တီဒေသတွင် မကြာမီ သီတင်းပတ်များအတွင်းက HIV ပိုး ကူးစက်ခံရသူ ၇၉ ဦးရှိခဲ့ပြီး တစ် နှစ်လျှင် ပျမ်းမျှကူးစက်ခံရသူ ငါးဦးမှ ယင်းကဲ့သို့ မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ပန်စီက ၎င်းယခင်က ဆန့်ကျင် ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် ဆေးထိုးအပ်လဲလှယ်ပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကျန်းမာရေးအာဏာပိုင် များအား အခွင့်အာဏာပေးလိုက်သည်။
HIV ဗိုင်းရပ်စ်မှာ AIDS ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ HIV ပိုးပျံ့နှံ့မှုကို ပြီးခဲ့သည့် ဇန်နဝါရီ အတွင်းက ပထမဆုံးသိရှိခဲ့ပြီး နောက်ပိုင်း လွန်ခဲ့သောတစ်လက HIV ပိုးကူးစက်ခံရသူ ၂၆ ဦးရှိ ရာမှ ၇၉ ဦးအထိ ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ HIV ပိုး ကူးစက်ခံရမှုများ အားလုံးနီးပါးမှာ ဆေးထိုး အပ်ဝေမျှသုံးစွဲသော မူးယစ်ဆေးသုံးစွဲသူမှ စတင်ကြောင်း ပြည် နယ်ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပမ်းပွန်တုန်းစ်က ပြောသည်။

ကူးစက်ခံရသူ အများစုမှာ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်သော Opana ဆေးကို ထိုးသွင်းရာတွင် HIV ပိုးရှိသော လူတစ် ယောက်နှင့် ဆေးထိုးအပ်ဝေမျှ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်တက်လာမည်ဟု အရာရှိများက မျှော်လင့်ထားပြီး ရောဂါရှိကြောင်း အတည်ပြုထားပြီး ဖြစ်သည့် လူများနှင့် ဆက်စပ်သော အခြားလူ ၁၀၀ ဦးအထိ ဆက်သွယ်စစ်ဆေးရန် ဆောင်ရွက်နေသည်။
အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ဒေသဆိုင်ရာကျန်းမာ ရေးအရာရှိများက ပြည်နယ်ကျန်းမာရေးအေဂျင်စီ၏ ကွပ်ကဲမှုဖြင့် ယာယီဆေးထိုးအပ် လဲလှယ်ပေးရေး အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။
7 Day Daily - အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

 

 လာမယ့်နှစ် အနည်းငယ်အတွင်း အသစ်ထွက်လာဖို့ ရှိတဲ့ စမတ်ဖုန်းဟာ လူ့အသက်တွေကို ကယ်တင်ရေးမှာ အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။
စမတ်ဖုန်းမှာ အိပ်ခ်ျအိုင်ဗွီ (HIV) ဗိုင်းရက်စ် ရှိ၊ မရှိကို စမ်းသပ်ပေးနိုင်တဲ့ App တခုကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လက်ချောင်းကနေ သွေးဖောက်ပြီး ၁၅ မိနစ်လောက် စမ်းသပ်လိုက်ရုံနဲ့ အိပ်ခ်ျအိုင်ဗွီ ပိုး ရှိမရှိကို အဖြေထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

စမတ်ဖုန်းကို ထုတ်လုပ်ဖို့ သုတေသန ပြုနေသူတွေဟာ လောလောဆယ်မှာ အာဖရိကတိုက်က ရ၀မ်ဒါမှ စမ်းသပ်ခဲ့ပြီး ဓာတုဗေဒ စမ်းသပ်ခန်းမှာလိုပဲ အဖြေက တိကျတယ်လို့ သုတေသီတွေက ပြောပါတယ်။

နယူးယောခ်မြို့ ကိုလီဗီယာ တက္ကသိုလ်က ဆမ်း ဆီယား Sam Sia က စမတ်ဖုန်းကြောင့် လူနာတွေဆီက သွေးနမူနာတွေဟာ အဝေးကြီးမှာရှိတဲ့ ဓာတ်ခွဲခန်းတွေအထိ ယူသွားစရာမလိုအပ်တော့ဘဲ အဖြေ ထုတ်နိုင်တော့မယ်လို့ ပြောပါတယ်။
အရင်က ဒီလို အခက်အခဲတွေ ရှိခဲ့လို့ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိခင်တွေကနေ ကလေးတွေကို ရောဂါ ဖြန့်ဝေတာမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းမှာ ပါတဲ့ App ဟာ အိပ်ခ်ျအိုင်ဗွီကိုသာမက တခြား လိင်ဆက်ဆံရာက တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း စမ်းသပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၃၄ ဒေါ်လာပဲ ရှိမယ်လို့ ဆိုပါတယ်။
သုတေသီတွေဟာ ကျယ်ပြန်တဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့ ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဆီက ထောက်ခံချက်ရဖို့လည်း မျှော်လင့်နေပါတယ်။

ဓာတ်ပုံ – ရိုက်တာ ဗွီဒီယို
DVB - အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ

လိင်တူ ချစ်သူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန် နေသော်လည်း ရောဂါကူးစက်မှု မဖြစ်ပွား စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် HIV ဆေးဝါးများကို ကြိုတင် သောက်သုံး ပေးသင့်ကြောင်း ယူကေ ဆေးဝါး သုတေသန ကောင်စီနှင့် အင်္ဂလန်နိုင်ငံ ပြည်သူ့ ကျန်းမာရေး သိပ္ပံပညာရှင် များက အဆိုပြုထားသည်။

''ကျွန်တော်တို့ရဲ့ လေ့လာတွေ့ ရှိချက် အရ HIV ဆေး ပုံမှန်တိုက်ကျွေး ထားခြင်းအားဖြင့် တစ်နှစ်ကို လိင်တူချစ်သူ ၁၃ ဦးမှာ တစ်ဦးနှုန်း HIV မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ရောဂါကူးစက် နိုင်ခြေ အလွန်မြင့်မားတဲ့ လူပေါင်း ၅၄၅ ဦး ကို စမ်းသပ်ခဲ့ တာပါ။ အမျိုးသမီး တွေကို တားဆေး တိုက်သလိုပဲ လိင်တူချစ်သူ တွေကိုလဲ ART ကြိုတိုက်ထားမယ် ဆိုရင် HIV ကူးစက်ပြန့်ပွားမှု နှုန်းကို အများကြီး ထိန်းချုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။
Antiretroviral Therapy ခေါ် ART ဆေးသည် HIV ရောဂါသည်များကို သာမန်လူလောက် နီးနီး ပြန်လည် ကောင်းမွန်သက်သာ လာအောင် ကုသပေးနိုင်ရာ HIV ကူးစက်ခံ ရခြင်းရှိ၊ မရှိ မသေချာ သေးသော လိင်တူချစ်သူ များကို ကြိုတင် တိုက်ကျွေးခြင်း အားဖြင့် HIV ကာကွယ် ကုသမှု လုပ်ငန်းစဉ် တစ်ရပ်လုံးတွင် ကြီးမားသော အပြောင်းအလဲ ရှိလာနိုင်ပြီး HIV ကူးစက်ခံရသူ ဦးရေကိုလည်း လျှော့ချနိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြသည်။

“ART က HIV လူနာတွေကို ထိရောက်စွာ ကုသပေးနိုင် ပါတယ်။ အခုသူ့ကို ကာကွယ်ဆေး အဖြစ်လဲ ကျွန်တော်တို့ အသုံးပြု သွားမှာပါ။ လိင်တူချစ်သူ တွေဟာ HIV ကူးစက် ခံရနိုင်ခြေ အလွန်မြင့်မား ပါတယ်။ လန်ဒန်မှာ လိင်တူချစ်သူ ရှစ်ယောက် မှာ တစ်ယောက်က HIV ရှိပါတယ်။ တစ်နိုင်ငံလုံး မှာတော့ ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ ART ကို ကာကွယ်ဆေး အဖြစ် အသုံးပြုပြီး ကတည်းက HIV ကူးစက်ခံရတဲ့ လိင်တူချစ်သူ ဦးရေ ၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်'' ဟု သုတေသီများ က ရှင်းပြသည်။

ကမ္ဘာပေါ်တွင် လိင်တူချစ်သူ အမျိုးသားနှင့် အမျိုးသမီး အမြောက်အမြား ရှိပြီး လိင်တူချစ်သူ အမျိုးသမီး များထက် အမျိုးသား များက HIV ကူးစက်ခံရ နိုင်ခြေ ပိုမိုမြင့်မား သည့်အတွက် HIV ဝေဒနာသည် များကို တိုက်ကျွေးရလေ့ ရှိသော ART ဆေးကို ကာကွယ်ဆေး အဖြစ် ကြိုတင်တိုက်ကျွေး ခြင်းဖြင့် HIV ကူးစက်ခံရ နိုင်ခြေကို ၈၆ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သည့်နောက် ဤကုထုံးကို ကျယ်ပြန့်စွာ ဆက်လက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။
Postoperative mortality rates low among patients with HIV prescribed ART

Yadanarpon Daily
မြဝတီ - HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ


တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

တခါသုံး ဆေးထိုးအပ်တွေကို ၂၀၂၀ ခုနှစ်အမီ သုံးစွဲသွားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆော်သြ ထားပါတယ်။ ဆေးထိုးအပ်တွေကို တခါမက ပြန်လည် အသုံးပြုတဲ့ အတွက် တနှစ်မှာ လူ ၂ သန်းကျော်ဟာ HIV နဲ့ အသည်းရောင် ရောဂါတွေအပါအ၀င် ကူးစက်ရောဂါတွေ ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။
တခါသုံး ဆေးထိုးအပ်တွေက ဈေးပိုကြီးပေမယ့် ရောဂါဖြစ်လို့ ကုသရတဲ့ ဆေးကုသစရိတ် ထက်စာရင် ဒီအပ်တွေ သုံးစွဲတာက အကုန်အကျ သက်သာပါတယ်လို့ WHO အဖွဲ့ကြီးက ပြောပါတယ်။
တခါသုံး ဆေးထိုးအပ်ကို အသုံးပြုခြင်းအားဖြင့် အသည်းရောင် ဘီအမျိုးအစား ရောဂါသည် ၁.၇ သန်းကျော်၊ စီအမျိုးအစား ရောဂါသည် ၃ သိန်း နဲ့ HIV ရောဂါသည် ၃ သောင်းခွဲခန့် နှစ်စဉ်ဖြစ်ပွားနေတာကို တားဆီးနိုင်မှာ ဖြစ်တယ်လို့ WHO ဆေးထိုး ကုသမှုဆိုင်ရာ အဖွဲ့မှ Dr Selma Khamassi က ဘီဘီစီကို ပြောပါတယ်။
နှစ်စဉ် ထိုးဆေး ၁၆ ဘီလီယံကျော် သုံးစွဲနေရတယ်လို့လည်း ဆိုပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကြောင့် လူတွေ သန်းနဲ့ချီပြီး နှစ်စဉ် HIV နဲ့ အသည်းရောင် ရောဂါတွေ ဖြစ်နေတဲ့ အတွက် ရောဂါဖြစ်မှု လျှော့ချရေးအတွက် WHO က လှုပ်ရှားဆောင်ရွက်မှု တခုကို စတင်လိုက်တာ ဖြစ်ပါတယ်။
BBC - တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

 အောင်မြေသာစံ မြို့နယ်ရှိ မန္တလေး ဗဟို အကျဉ်းထောင်တွင် အမျိုးသား တစ်ဦး HIV/AIDS ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၅) ရက် နေ့ (၁၃း၀၀) အချိန်တွင် မန္တလေး ဗဟို အကျဉ်းထောင်တွင် မန္တလေးခရိုင် တရားရုံး၊ အမှု အမှတ် (၁၁၄/၁၁) ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ် တစ်သက် ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် ....... ဦး........ (၃၄) နှစ်သည် HIV/AIDS ရောဂါဖြင့် ထောင်တွင်း ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံး သွားကြောင်း သိရ၍ ဒုမြို့နယ် တရားသူကြီး ဦးလွှမ်းမိုးအောင်၏ ကြီးကြပ်မှုဖြင့် နယ်မြေ စခန်း အမှတ် (၂) ရဲအုပ် ဇော်ဝင်းမျိုးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးပြီး (၁၃း၁၅) အချိန် နယ်မြေ စခန်း အမှတ်(၂) မှ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၅) ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မန္တလေး (MDN(T.Y.D.N))
The Messenger - မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

Monday, March 30, 2015

ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခြင်း (Child abuse)




Child abuse လို့ပြောတဲ့အခါမှာ များသောအားဖြင့် လူတွေထင်တာက ဒဏ်ရာအနာတရဖြစ်အောင်၊ ခန္ဓာကိုယ်မှာတစ်ခုခုထိခိုက်အောင် လုပ်တာလောက်ပဲ ထင်ကြတာပါ။ တကယ်တော့ Child abuse ဆိုတာ အပေါ်ယံမြင်ရတဲ့ဒဏ်ရာတွေတင်မဟုတ်ပါဘူး။ ကလေးရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုခြင်း၊ ကလေးကို ပစ်ထားခြင်း၊ ကလေးကို သူဟာ ညံ့ဖျင်းတယ်၊ တန်ဖိုးမရှိဘူးစသဖြင့် ခံစားစေခြင်း … အစရှိတဲ့အချက်တွေပါ ပါဝင်ပါတယ်။ ဘယ်လို Child abuse ပဲမဆို ကလေးကို စိတ်ပိုင်းဆိုင်ရာ အင်မတန်နာကျင်ထိခိုက်စေပါတယ်။

ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခြင်း (Child abuse) ဆိုတာ ဘာတွေလဲ?
1 - ကလေးအား ဆဲဆိုကြိမ်းမောင်းခြင်း
2 - ကလေးအား မလိုအပ်ပဲ နောက်ပြောင်ခြင်း
3 - ကလေးအား ညစ်ညမ်းစာပေ၊ ညစ်ညမ်းအပြုအမူများနှင့် ထိတွေ့စေခြင်း
4 - ကလေးက မထိစေ မကိုင်စေချင်တဲ့နေရာကို ထိခြင်း၊ ကိုင်ခြင်း
5 - ကလေးအား မိမိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို အတင်းကိုင်ခိုင်းခြင်း
6 - ကလေးအား သူ့ကိုယ်သူယုံကြည်မှူပျက်ပြားစေခြင်း
7 - မိမိ၏ စိတ်ရှုပ်ထွေးခြင်းများ၊ စိတ်ညစ်စရာများကြောင့် ကလေးကို မကြာခဏ ရိုက်ခြင်း၊ နာကျင်စေခြင်း
8 - ကလေးအား ကြိုးကိုင်ခြယ်လှယ်၍ မတရားသဖြင့် မိမိအလိုရှိရာလုပ်စေခြင်း။
9 - ကလေးကို ဂရုမစိုက်၊ တာဝန်မယူခြင်း။ ဥပမာ သန့်သန့်ရှင်းရှင်းမထားခြင်း၊ အ၀တ်အစားမဆင်ယင်ခြင်း၊ အစားအစာမကျွေးခြင်း
10 - ကလေးအား အလုပ်သမားအဖြစ် အသုံးပြုခြင်း
11 - ကလေး၏ ပြောစကားများ၊ ခံစားချက်များအား နားထောင်မပေးခြင်း
12 - ကလေး၏ ခံစားမှူပိုင်းဆိုင်ရာလိုအပ်ချက်ကို လစ်လျူရှုခြင်း
13 - မိမိ၏ သားသမီးအား ပညာရေးနှင့် ကစားချိန်အတွက် အချိန်မပေးပဲ အိမ်တွင်ခိုင်းစေခြင်း
14 - ကျောင်းတွင် ကလေးအား ရိုက်နှက်ခြင်း၊ အရှက်ကွဲစေခြင်း
15 - ကလေး၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်ကို လစ်လျူရှုခြင်း
16 - ကလေး၏ ပညာရေးပိုင်းဆိုင်ရာလိုအပ်ချက်ကို လစ်လျူရှုခြင်း
17 - ကလေးအား စောင့်ကြည့်သူမရှိပဲ ပစ်ထားခြင်း

ဒီအချက်တွေထဲက တချို့တွေဆိုရင် ကျွန်မတို့ဆီမှာ သမားရိုးကျလုပ်နေကြအရာတွေဖြစ်လို့ Child abuse လို့တောင်မထင်ကြပါဘူး။ တကယ်တော့ ဒါတွေအားလုံးဟာ ကလေးတွေရဲ့ဘ၀မှာ အင်မတန်နာကျင်ထိခိုက်စေတဲ့အချက်တွေပါ။ Child abuse and neglect နဲ့ပါတ်သတ်လို့ လူတွေထင်တာနဲ့ တကယ့်အဖြစ်အပျက်တွေနဲ့ မတူတဲ့အချက်တွေရှိပါတယ်။

ထင်မြင်ချက် (၁) - ကြမ်းတမ်းပြီး လူကိုနာကျင်စေမှ Abuse လို့ထင်တယ်။
ဖြစ်ရပ်မှန် (၁) - ကိုယ်ခန္ဓာထိခိုက်နာကျင်မှုဆိုတာ Child Abuse တွေအများကြီးထဲကမှ တစ်ခုဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေခြင်းဟာလဲ ကလေးကို အင်မတန်နာကျင်စေပါတယ်။

ထင်မြင်ချက် (၂) - မကောင်းတဲ့သူတွေသာ သူတို့သားသမီးတွေကို သူတို့ကိုယ်တိုင် Abuse လုပ်ကြတယ်။
ဖြစ်ရပ်မှန် (၂) - မကောင်းတဲ့သူတွေသာ သူတို့သားသမီးတွေကို သူတို့ Abuse လုပ်ကြတယ်လို့ ပြောတာမှားပါတယ်။ တစ်ခါတစ်လေ သားသမီးတွေကို Abuse လုပ်တဲ့လူတွေက Abuse လုပ်ချင်စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ အဲဒီလိုလူတွေဟာ သူတို့ကိုယ်တိုင် ကလေးဘ၀တုန်းက ကိုယ့်မိဘတွေက (နားမလည်လို့သော်လည်းကောင်း) Abuse လုပ်တာခံခဲ့ရဖူးတာမျိုးတွေကြောင့် သူတို့မိဘတွေနဲ့ သူတို့ကြီးပြင်းခဲ့ရတဲ့ပုံစံအတိုင်း သူတို့ကလေးတွေကိုဆက်ဆံမိနေတာဖြစ်ပါတယ်။ အခြားဘယ်လိုနည်းလမ်းနဲ့ (ကိုယ့်မိဘက ကိုယ့်ကို ဆက်ဆံတဲ့အတိုင်းမဟုတ်ပဲနဲ့) သားသမီးတွေကို ဘယ်လိုကောင်းအောင် ပြုစုပျိုးထောင်ရမယ်ဆိုတာမသိတာတွေကြောင့်လဲ ပါပါတယ်။ တချို့ ကလေးတွေကတော့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိတဲ့မိဘတွေဆီက Abuse လုပ်တာခံရနိုင်ပါတယ်။

ထင်မြင်ချက် (၃) – Child Abuse ဆိုတာ စီးပွားရေးအခြေအနေကောင်းတဲ့မိသားစုတွေမှာ မဖြစ်ဘူး။
ဖြစ်ရပ်မှန် (၃) - Child Abuse ဆိုတာ ဆင်းရဲ၊ ချမ်းသာ၊ မကောင်းတဲ့ပတ်ဝန်းကျင် ဘာညာနဲ့ မဆိုင်ပါဘူး။ လူမျိုးမရွေး၊ စီးပွားရေးအခြေအနေမရွေး၊ ရိုးရာယဉ်ကျေးမှုမရွေး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ အပြင်ပန်းက ပြည့်စုံတယ်ထင်ရတဲ့မိသားစုမျိုးမှာ မမြင်ရတဲ့ပြဿ နာ အများကြီးရှိနိုင်ပါတယ်။

ထင်မြင်ချက် (၄) – Child Abuse လုပ်တဲ့သူများဟာ သူစိမ်းတွေဖြစ်တယ်။
ဖြစ်ရပ်မှန် (၄) - သူစိမ်းတွေက Abuse လုပ်တာတွေ အများကြီးရှိပေမယ့် များသောအားဖြင့်က မိသားစုဝင်များက Abuse လုပ်တာ၊ မိသားစုနဲ့ရင်းနှီးတဲ့သူတွေက Abuse လုပ်တာ ပိုများပါတယ်။

ထင်မြင်ချက် (၅) – Abuse လုပ်ခံရတဲ့ကလေးတိုင်းဟာ ကြီးလာရင် သူများကို ပြန်ပြီး Abuse လုပ်တတ်တဲ့သူဖြစ်လာတယ်။
ဖြစ်ရပ်မှန် (၅) - အဲဒီလိုဖြစ်ဖို့များပါတယ်။ ကလေးတုန်းက ကိုယ်ခံခဲ့ရတဲ့အတိုင်း သူများကို ပြန်လုပ်မိနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် Child Abuse လုပ်ခံရတဲ့သူတိုင်း အဲဒီလိုမဖြစ်ပါဘူး။ တချို့ Abuse လုပ်ခံခဲ့ရတဲ့ကလေးတွေ ကြီးလာတဲ့အခါ မိမိတုန်းက နာကျင်ခံစားခဲ့ရသလို မိမိသားသမီးတွေမခံစားစေရဘူးဆိုပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ၊ သားသမီးတွေကို ကာကွယ်တတ်တဲ့ အကောင်းဆုံးမိဘတွေ ဖြစ်လာတတ်ကြပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာက …
- ဒီစာကို ဖတ်ရင်းနဲ့ ကိုယ်ငယ်ငယ်တုန်းက Abuse လုပ်ခံရတာတွေကို ပြန်မြင်ယောင်လာပြီး Abuser တွေကို (ကိုယ့်မိဘဖြစ်ချင်ဖြစ်မယ်) မုန်းဖို့မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လဲ ဒါတွေဟာ မလုပ်သင့်တဲ့ child abuse လုပ်ရပ်တွေမှန်း သိချင်မှသိမှာပါ။

- အရင်ကဖြစ်ခဲ့တာတွေကို ပြန်ပြင်လို့မရတော့တဲ့အတွက် မသိနားမလည်လို့သော်လည်းကောင်း၊ သိလျက်နဲ့သော်လည်းကောင်း ကိုယ့်ကို Abuse လုပ်ခဲ့တဲ့ မိသားစုဝင်ရှိခဲ့မယ်ဆို Forgive and Forget လုပ်လိုက်ပါ။ လူကို ခွင့်လွှတ်လိုက်ပါ၊ အဖြစ်အပျက်ကို မေ့ဖို့ကြိုးစားလိုက်ပါ။ Move on လုပ်ပါ။ ရှေ့ဆက်သွားပါ။

- ကိုယ်ကိုယ်တိုင်လဲ အထက်မှာရေးထားတဲ့အချက်တွေထဲကအတိုင်း လုပ်မိနေတယ်ဆိုရင် ရပ်လိုက်ပါ။ ကိုယ့်သားသမီးလေးတွေ၊ ကိုယ့်တူတူမလေးတွေ၊ ကိုယ့်နီးစပ်ရာဆွေမျိုးသားချင်း ကလေးငယ်လေးတွေကို ချစ်ခြင်းအားဖြင့် ပျော်ရွှင်စွာကြီးပြင်းလာစေပါ။ သူတို့တွေကို abuse လုပ်ခံရခြင်းမှ ကာကွယ်ပါ။ ကိုယ့်ရဲ့ next generation မှာ child abuse ကို မသိနားမလည်လို့ ဆက်ကျူးလွန်မိတာတွေ ကင်းဝေးစေပါ။

#JESSICA_M