Monday, March 23, 2015

မြန်မာ့မြေမှာ ကြီးပြင်းခဲ့တဲ့ မြန်မာ့ မြေချစ်သူ Dr. Robin Chan




သူ့ကို မြင်လိုက်ရတာ နဲ့ ကို ဖော်ရွေပြီး လူ တစ်ဖက်သားကို လေးစားစွာ ဆက်ဆံ တတ်တဲ့ လူတစ်ယောက် ဆိုတာကို သူ့အမူအရာ တွေကနေ ခံစား သိနိုင် ပါတယ်။ တလီ နိုင်ငံ သား တရုတ်လူမျိုး တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ရော်ဘင်ချန်း (Dr. Robin Chan)ဟာ သည်း ခြေ ကျောက်တည်တဲ့ ရောဂါကို (Laparoscopic ) နည်း လို့ခေါ်တဲ့ ဗိုက်ကို အပေါက်လေး သေး သေးလေးသာဖောက်ပြီး မှန်ပြောင်းထည့်ပြီး ကျောက်ထုတ် ကုသတဲ့နည်းကို ကျွမ်းကျင်တဲ့ ခွဲစိတ် ဆရာဝန်ကြီးဖြစ်ပါတယ်။ သူ ဟာ တရုတ် လူမျိုး တစ်ယောက်ဖြစ်ပေမဲ့ ငယ်ရွယ်စဉ်က မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့သူ ဖြစ်ပြီး ဆယ်တန်းအောင်တဲ့ အထိ ပညာသင်ကြားခဲ့သူ တစ်ယောက် ဖြစ်ပါ တယ်။ မြန်မာ စကားကို လေသံ ဝဲဝဲနဲ့ ပြောတတ်တဲ့ အပြင်  ရော်ဘင်လို့ မိမိ ကိုယ်စား နာမ်စားညွှန်း တတ်ပါတယ်။ လူနာ တွေကို ကုသတဲ့ အခါမှာလည်း မနာမကျင်ဘဲ ကုသနိုင်တဲ့ ဆရာဝန် တစ်ယောက်လို့  သူ့ကို သတ်မှတ် ကြပါတယ်။ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ မှာလည်း သူက နှစ်စဉ် အခမဲ့ လာကုပေးလေ့ ရှိပါတယ်။ သူ့ရဲ့မြန် မာနိုင်ငံ ကိုချစ်ပုံ၊ မြန်မာနှင့် သူ့ရဲ့ စပ်ဆက်မှုတွေ အကြောင်းကို သူမြန်မာနိုင်ငံကို လာရောက်ချိန် မှာ တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဘယ်လို အကြောင်းတွေ ကြောင့် ပြန်ရောက်လာ ဖြစ်ခဲ့ပါသလဲ ဆရာ။ နောက်ပြီး ပြန်ရောက်လာပြီးတဲ့ အချိန်မှာ လုပ် ဖြစ်တဲ့ အလုပ်လေးတွေ ကိုလည်း သိပါ ရစေ ဆရာ။
မြန်မာပြည် ကနေ ၁၉၆၅ ခုနှစ်က ကျွန် တော်က British ပတ်စ်ပို့ ကိုင်တော့ မှတ်ပုံတင် မရှိတော့ ဆေးဖတ်ဖို့ရန် (ဆေးတက္ကသိုလ် တက်ဖြစ်ဖို့လို့ သူက ဆိုလိုတာပါ )  scholarship ရပြီးတော့ အီတလီမှာ ဆေးကျောင်း သွားတတ်တယ်။ အဲဒီမှာ နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက် လုပ်ပြီးတော့ မြန်မာနိုင်ငံကို ၂ဝဝ၅ ခုနှစ်မှာ ပြန် လာ ပြီးတော့ မင်္ဂလာဒုံ ဆေးရုံမှာ လုပ်ပေး လိုက်တယ်။ အဲဒီအချိန်မှာ သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးလို့ ပန်းလှိုင်မှာ စကု ဖြစ် တယ်။ ပန်းလှိုင်မှာ စကုတော့ ၂ဝဝ၆ ခုနှစ် လောက်မှာကုတယ်။ ပန်းလှိုင်မှာ လုပ်ပေးတဲ့ဟာက အထူးသဖြင့် Laparoscopic Surgery အင်္ဂလိပ် လိုတော့ Key Hole Surgery လို့ ခေါ်ပါတယ် ။သော့ အပေါက်လေး နဲ့ အဲ့အပေါက်လေးထဲ ကို ထည့်ပြီး ကုပါတယ်။ အထူးသဖြင့် သည်းခြေ မှာရှိတဲ့ ကျောက်ကို ဒီစနစ်နဲ့ ထုတ်တာ အကောင်းဆုံး ပါပဲ။ အဲဒီအချိန်မှာ ဘယ်မှာ မှ မစသေးဘူး။ ပန်းလှိုင်မှာစပြီး စက်အသစ်၊ သူနာပြုတွေ ၊ဆရာဝန်တွေ နဲ့ ရောစီစဉ်ပြီး တော့ အဲဒီအချိန်မှာ ဗိုက်ကို လုံးဝမခွဲဘဲနဲ့၊ (ခွဲပြီးလက်နဲ့ မထုတ်ဘဲနဲ့) အပေါက် ပဲဖောက်ပြီး သည်းခြေကျောက်ကို Laparoscopic နည်းနဲ့ ထုတ်ပါတယ်။ လူနာလည်း အများကြီးခွဲဖူး တယ်။ ဆရာဝန်လည်း အများကြီး လာကြည့်ပါ တယ်။

ကျွန်တော် မြန်မာပြည်က မထွက်ချင်ဘူး။ သို့သော် မြန်မာပြည် တိုင်းရင်းသား မှတ်ပုံတင် မရှိတော့ ဆေးကျောင်း ကို မတက်နိုင်ဘူး ။Law နဲ့လည်း မတက်နိုင်ဘူး ဆိုတော့ ဒီဗဟုသုတရ သွားတဲ့အခါ ကျတော့ ကျွန်တော်ရတဲ့ ကျွမ်းကျင် မှုပညာကို မျှဝေပေးချင်တယ်။ လူနာတွေကို ကုပေးချင်တယ်။ ဒါပေမဲ့ ဒါကလည်း မလွယ် ဘူး။ ဒါကလည်း ခဲယဉ်း တယ်။ ဝင်ဖို့မလွယ်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသား ဆိုတော့ စစ်ဆေးရုံတွေမှာ ရှိတဲ့ ဆေးရုံကစပြီး အီတလီမှာ ရှိတဲ့ မြန်မာပြည် သံအမတ် ကူညီပေးလို့ အဲဒါနဲ့ ဝင်လာပြီးတော့ ပန်းလှိုင်မှာ ခွဲပေးတဲ့ အချိန်ရတဲ့  ငွေတွေကိုလည်း ဆင်းရဲတဲ့ ကျောင်းသားတွေ၊ အိမ်မှာ ဝင်ငွေ မကောင်းတဲ့ ကလေးတွေကို ကျွန်တော့် သူငယ်ချင်း ဦးသန်းညွန့်အောင် သူက ရန်ကုန်မှာ ထုတ်ကုန်ပို့ကုန် မန်နေဂျာ လုပ်တယ်။ သူကဒီ စလင်းသား။ သူတို့စလင်းမှာ ရှိတဲ့ ကျောင်းသားတွေ ကခြောက်ဘာသာ ဂုဏ် ထူးရ ရင်၊ အနည်းဆုံး ငါးဘာသာ ဂုဏ်ထူးရရင် ကျွန်တော် အီတလီမှာ ကုလို့ရတဲ့ လူနာတွေဆီ က အလှူခံတဲ့ငွေ နဲ့ ပန်းလှိုင်မှာ ကုလို့ရတဲ့ပိုက် ဆံနဲ့ သူတို့ကို ကျွန်တော် တို့က ဒေါ်လာလေး ထောင့်ငါးရာ ပေးပါတယ်။ သူတို့ဖတ်ချင်တာဖတ် ။ဆေးဖတ် (ဆေးကျောင်းတက်) လို့ရတယ် ။ရှေ့နေ ၊အင်ဂျင်နီယာ၊ မရိန်း၊ သူနာပြု  ဆရာမရ တယ် ကျွန်တော် အခု ထောက်ပံ့ပေး ထားတာ ၃၇ ယောက် သူငယ်ချင်း နဲ့ ထောက်ပံ့ပေးထားပါတယ်။

အခု ထောက်ပံ့ပေးပြီးအောင် သွားတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ အင်ဂျင်နီယာ တွေလည်း ရှိပါတယ်။ သူနာပြုလည်း ရှိတယ်။ ဆရာမလည်း ရှိတယ်။ ကျွန်တော် က ခရစ်ယာန် ဖြစ်တော့ ကျွန်တော်တို့ ခရစ်ယာန် ကလေးတွေ မိဘမဲ့ ကလေးတွေ ရှိတဲ့ စိန့်မေရီဟိုးလ်မှာ လည်း ကျွန်တော်တို့ သူတို့ကို ကူညီပေးပါတယ်။ လိုအပ် တဲ့နေရာ မှာလည်း ကျွန်တော်တို့ သူတို့ကို ပံ့ပိုး ပေးပါတယ်။ တတ်နိုင်သလောက် လည်း လှူပေးပါတယ်။ ဒီအတွက်ကြောင့် မို့လို့ ကျွန်တော် ပြန်လာပါတယ်။

မိဘတွေ က ရှမ်းပြည်နယ် တောင်ပိုင်း က လို့ သိထားပါတယ်။ မြန်မာနိုင်ငံ မှာ မွေးတာလား။ ဘယ်နှနှစ်လောက် အထိနေ ဖြစ်ခဲ့ပါသလဲ။
ကျွန်တော်က တရုတ်ပြည် မှာမွေးတယ် ။ငါးနှစ်သား အရွယ်မှာ ကျွန်တော့် မိဘတွေက တ ရုတ် ပြည် ရဲ့  နိုင်ငံရေးကို သဘောမကျလို့ လားရှိုးမှာ လာနေတယ်။ လားရှိုးမှာ ကြီးတယ်။ ဒီ အခြေ အနေကြောင့် ရှစ်တန်း အထိကိုပေါ့လေ။ ကိုးတန်း ဆယ်တန်းမှာ စိန့်အဲဘတ်မှာ တက်ပါ တယ်။ ခုနကပြောသလို တက္ကသိုလ် မတက် နိုင် တော့ တခြားနိုင်ငံမှာ သွားတက် တာပေါ့။ မိဘ ကတော့ တရုတ် အစစ်ပါ။

အီတလီမှာ စာသင်ရတဲ့အခါကြုံခဲ့ရတဲ့အခက်အခဲတွေရှိရင်လည်းပြောပြပါဦးဆရာ။
စိန့်အဲဘတ် မှာ ဆယ်တန်း အောင်ပြီးတဲ့ အချိန် အီတလီမှာ ပညာသင် ဆုရတော့ အီတလီ မှာ က သူ့တို့က အီတာလိုပဲ။ အကုန်လုံး အီတာ လိုပဲ သင်တယ် ။ဆေးတက္ကသိုလ် တက်တဲ့ အချိန် မှာ အီတာလို စကားတစ်လုံး မှ မတတ်ဘူး။ အင်မတန် ခက်ခဲပြီးတော့။ ဆိုတော့ သူများတွေ ဆေး ကျောင်းဖတ်တဲ့ အချိန်မှာ ကျွန်တော် က အီတလျံ ပြန်ဖတ်တယ်။ အင်္ဂလိပ်စာကောင်း ကောင်းတတ်တဲ့ သူက ဥရောပ စကားတစ်ခု ဖြစ်တဲ့ အီတာလျံ ဖြစ်ဖြစ်၊ ဂျာမန်ဖြစ်ဖြစ် ပြင်သစ် ဖြစ်ဖြစ် တော်တော် လွယ်လွယ် ရနိုင်ပါတယ်။ ဆိုတော့ အဲဒါအရင် ဖတ်တယ်။ သူများက တစ်နေ့ငါးနာရီ စာဖတ် ရင် ရော်ဘင်က ဆယ့် ငါးနာရီ စာဖတ်တယ်။ အဲဒါကြောင့် ဆေးကျောင်းကို ငါးနှစ် ခွဲ နဲ့အောင်သွားတယ် ။ခြောက်နှစ် မလုပ်ဘဲနဲ့။ ဖာသာအက်ဒီအီးဝပ် ကကျတော့ကို ပညာ သင်ဆု ရအောင်လုပ်ပေးတယ်။ အဲဒီတော့ ကျွန် တော်က sensitive အရမ်း ခက်ခဲပြီးတော့ အိမ်က တက္ကသိုလ် မပို့နိုင်တဲ့ ကလေးတွေကို ကျွန်တော် ရအောင် ပို့နိုင်သလောက် ပို့တယ်။ အရမ်း ခက်ခဲပြီးမှ ကျွန်တော် ဒီဘွဲ့ကိုရတာပါ။ ရလာ ပြီးတော့ General Surgery ဘွဲ့ကို ယူလိုက်တယ်။ နောက်ပြီး အမေရိက သွား ပြီးတော့ Fellowship ယူလိုက်တယ်။ ပြီးတော့မှ ကျွန်တော် တတ်တာတွေ ကို မြန် မာပြည် ပြန်လာပြီး ရှယ်လိုက်တယ် ။မြန်မာ ဆရာတွေနဲ့။ အဲဒါမကဘဲနဲ့ ဘာဖြစ်လို့ ဝါးချက် သံဃာ့ ဆေးရုံမှာ သွားပြီးတော့ မလုပ်ပေးတာလဲ ဆို တော့ အဲဒီဘုန်းဘုန်း နဲ့ မသိဘူး ဆိုတော့ သူတို့က မိတ်ဆက် ပေးလိုက်တော့ ဒီဇီဝိတဒါန သံဃာ့ ဆေးရုံ မှာ စလုပ်တာ ၂ဝဝ၇ မှာ။ ၂ဝဝ၅ မှာတော့ ဆရာတော် နဲ့စတွေ့ပြီး ပစ္စည်းတွေ တပ်ဆင် ပြီး တော့ အခု တစ်နှစ် သုံးကြိမ်ကောင်းကောင်း ကုနိုင်ပါတယ်။ ကုတတ် တဲ့ ရောဂါတွေက သည်း ခြေကျောက်၊ လိပ်ခေါင်း၊ ဂရင်ဂျီနာ ၊ ခြေထောက် သွေးကြော ထုံးတာ၊ မုတ္တကြီးတာ အဲဒါ တွေကို ပေါ့။ တစ်နှစ် ကိုတော့ ဇန်နဝါရီ ၊ မေလနှင့် နိုဝင်ဘာ သုံးခါပြန်လာပါတယ်။ ဝါးချက်ကို အဖွဲ့နဲ့သွားတယ်။ ဒီတစ်ခေါက် မှာလည်း ဟိုတစ်ခေါက် ကလို ပဲ မေ့ဆေးဆရာဝန် သုံး ယောက်ပါတယ်။ ဦးစိုးမြင့်၊ ဒေါ်နှင်းအေးခိုင် တို့နဲ့နို ဝင်ဘာမှာ ဒေါက်တာ ဖရယ်ဒီ မင်းသိမ်းထွန်း က ကျွန်တော့် သူငယ်ချင်းပဲ။ သူကမွန် လူမျိုး။ သူလည်း လာကူညီပါတယ်။

ဒီတစ်ခေါက် ငါးရက်ခွဲမှာ လူနာငါးဆယ့် ငါးယောက်ခွဲပြီး ဆယ့်တစ်ယောက်ကို အစာအိမ် နှင့်အူလမ်းကြောင်းကို မှန်ပြောင်း ကြည့်ပေးပါတယ်။ ဒီမင်းသိမ်းထွန်း က ဘုန်းကြီး တစ်ပါး နဲ့တွေ့သွားတယ်။ သိမ်ဖြူဇရပ်မှာ သူကလည်း သံဃဆေးရုံ ဆောက်ထားတော့ အဲ့ဒီမှာလည်း သွားကုပေးပါတယ်။

ဒီက ထွက်သွားတော့ အီတလီ မသွားခင် ဟောင်ကောင် ကို သွားခဲ့သေးတယ် လို့ သိထား ပါတယ်။ ဘယ် လိုကြောင့် ဟောင်ကောင်ကို ရောက်ဖြစ် ခဲ့တာပါလဲ ဆရာ။
ကျွန်တော် ဒီက ထွက်သွားတော့ ဟောင်ကောင်မှာ သွားပြီး အလုပ် လုပ်စားမလို့ပဲ။ အဲဒီ အချိန်မှာ အဖေ က မေမြို့ မှာ ဆုံးသွားတော့ ကျွန်တော် အဲဒီမှာ ပြန်ပြီးတော့ အလုပ် လုပ်မလို့ပဲ။ ဒါပေမဲ့ ကံကောင်းထောက် မစွာ နဲ့ ပညာသင်ဆု ရသွားတော့ ဒီဟောင်ကောင် မှာ လေး ငါးလလောက် နေပြီး ပညာသင် ဆုရတော့ အီတလီ ကိုပြန်သွားတယ်။ ၁၉၆၅ ခုနှစ်မှာ ဆေး ကျောင်း စတက်တယ်။ ကျွန်တော် ထွက်တဲ့ အချိန် မှာခုနစ်ပေါင် ပဲပါတယ်။ ကျွန်တော် တို့နိုင်ငံခြား ထွက်တဲ့ အချိန် ခင်ဗျား သိပါ တယ်။ အဲဒီအချိန်က အကုန်လုံး ပြည်သူပိုင် သိမ်းတဲ့ အချိန်ဆိုတော့  ကျွန်တော် ထွက်သွားတဲ့ အချိန်မှာ ကျွန် တော့် အိတ်ထောင်ထဲ မှာ ခုနစ်ပေါင်ပဲ ပါပါတယ်။ အဲဒါ နဲ့ ကျွန်တော် ဟောင်ကောင်ကို သွားတယ်။ အဲဒါနဲ့ ဟောင်ကောင်မှာ ကျွန်တော် အလုပ်လုပ် မလို့ပဲ။ စောစော ကပြောတဲ့ အတိုင်း ပညာသင် ဆုရတော့ သွားတက် တယ်ပေါ့။ အရမ်းခက်တယ်။ ဘာသာ စကားက ဟိုမှာ ဟိုမှာက R လိုလျှာလည်တဲ့ အသံမရှိဘူး။ ကျွန်တော်တို့ အာရှ လူမျိုးတွေက လျှာမလှည့် တတ်ဘူး။ အဲဒါ ကို မနည်း ပြောတတ်အောင် လုပ်ရတယ်။

အီတလီ နှင့် မြန်မာနိုင်ငံ နှစ်ခုမှာ လူနာတွေ ကို ကုပေးရတာမှာ ဘာတွေ ကွားခြားချက် ရှိ ပါသလဲ ။မြန်မာပြည်က လူနာတွေကို ကုပေးတာ နဲ့ အီတလီ က လူနာတွေကို ကုပေးတာ မှာ လူနာ ကို ကုတဲ့ စိတ်ကတော့ အတူတူပဲ ဆိုပေမဲ့ ခံစားချက်အရ ဘာ ကွာခြားမှု ရှိပါသလဲ။
အီတလီ မှာတော့ ကျွန်တော်က ပင်စင်သွားတာ ဆယ်နှစ် ရှိပြီ။ အချိန်ပိုင်းပဲ လုပ်တယ်။ ဟိုမှာက ဘာမဆို အာမခံရှိတယ် လူနာ ကုတာက အကုန်လုံးကို တိုင်းပြည်က ခံတယ်။ ဆိုတော့ မတူဘူး ။မြန်မာမှာက တတ်နိုင်တဲ့ လူက အကုန် ပေးရတယ်။ မတတ်နိုင် တဲ့ လူကတော့ သံဃဆေး ရုံမှာ သွားကုပေး တဲ့ အခါကျတော့ လူနာတွေက ကျွန်တော် တို့မသွားရင် ကျွန်တော် တို့ လည်း မတတ် နိုင်ဘူး ဆိုရင် သူ့ရှိတဲ့ ရောဂါက ဒီတိုင်းပဲ ခံစားရတော့မယ်။

ဇီဝိတဒါန က အခ တောင်းပေးမယ့် အရမ်း နည်းတယ်။ ကျွန်တော် တို့က အခမဲ့ကုပေး လိုက်တော့ ကျွန်တော် တို့ တစ်ခါခွဲရင် တစ် ယောက် နှစ်ယောက် မဟုတ်ဘူး။ ငါး ဆယ် လောက် ခွဲပေးတယ်။ ဒီတစ်ခါ သည်းခြေက ဆယ့် ခြောက်ယောက် ခွဲပေး တယ်။ သွေးကြော ထုံးတာက ခုနစ်ယောက် ရှစ်ယောက်လောက် ခွဲ ပေးတယ်။ ကျွန်တော် တို့ခွဲပေးလိုက်လို့ သူတို့ လူနာတွေ သူတို့ ကောင်းသွားတဲ့ အခါ ဆရာတို့ ကို ကျေးဇူးတင်တယ် လို့ ပြောတဲ့ အချိန် မှာ စိတ်အရမ်း ချမ်းသာတယ်။ ပီတိလည်း အရမ်း တိုးတယ်။ အဲဒါက အီတလီမှာ ဆိုတော့ လခ နဲ့ လုပ်တော့ ရော်ဘင် ကလည်းကုပြီး အိမ်ပြန် သွားတယ်။ ဒီလူကလည်း ပိုက်ဆံ ရှိရှိ မရှိရှိ ဆေးရုံ တက်ရင် ခွဲပေး တယ်။ လုပ်ပေးရ တယ်။ ဒီမှာတော့ မတူဘူး။ ဆရာဒီမှာ လုပ်တာ အရမ်း ချမ်းသာတယ်။ ကူညီနိုင်လို့ ဒီလူတွေကို ကိုယ် တတ်တဲ့ပညာ ကို မြန်မာမှာ ရှိတဲ့ ဆရာဝန်တွေ ကို ရှဲပေးရတာလည်း စိတ်ထဲမှာ အရမ်း ဝမ်းသာ တယ် ဒီပီတိကို စကားနဲ့ မရှင်းပြနိုင်ဘူး။

 မြန်မာနိုင်ငံကနေ အီတလီကို ထွက်သွား ဖြစ်တဲ့ အကြောင်းရင်းလေး ကိုလည်း သိပါရစေ ဆရာ။
 မြန်မာက ထွက်သွားတဲ့ အချိန်မှာ မထွက်ချင်တော့ အကုန်လုံး မြန်မာ စာအုပ်တွေ သတ်ပုံ တွေ အကုန်လုံးကို ပစ်လိုက်တယ်။ စိတ်ဆိုးပြီး တော့ မြန်မာ စကား လည်းမေ့ လိုက် တယ်။ အဲဒီ အချိန်က မထွက်ချင်ဘူးလေ။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် ထွက်ရတယ် ဆိုတော့ စိတ်တော်တော် ပျက်သွား တယ်။ နောက် ပြီးတော့ ဒီနိုင်ငံကို ကျွန်တော် ၂ဝဝ၅မှာ ပြန်ရောက်တော့ ကြည့်လိုက်တော့ ဒီလို ဖြစ်နေတယ် ဆိုတော့ ကျွန်တော် ပြန်လာပြီးတော့ အားပေးနိုင်ပါ့ မလား ဆိုပြီးတော့ အဲ ဒါ ကိုပြန် လာပြီးတော့ ကူညီနိုင် သလောက် ကူညီနိုင်ပါ တယ်။ အထူးသဖြင့် ဆေးပညာ နဲ့ပတ်သတ်ပြီး ကုသတာမှာ ကူညီနိုင် သလောက် ကူညီပါ တယ်။

ဆရာပြန်ရောက် လာတဲ့အခါ မြန်မာလူထုရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆရာ့ အမြင် လေးကို ပြောပြပေးပါဦး ဆရာ။
မြန်မာမှာ ကျန်းမာရေး နဲ့ပတ်သတ်ပြီး ဒီနှစ်ပေါင်း ငါးဆယ်အတွင်းမှာ တော်တော်ညံ့ သွားတယ် ဆိုတော့ အစား အသောက် ပေါ်မှာ လည်း မူတည်တယ် ။နေထိုင် စားသောက်မှု ပုံစံ ပေါ် မှာလည်း မူတည်တယ် ။ ကွမ်းစား တယ်။ ဆေးလိပ် သောက်တယ်။ လေထု ညစ်ညမ်းမှုပေါ် မှာလည်း မူတည်တယ်။ ဒီမှာဆိုရင် ကျန်းမာ ရေး အရမ်း ထိခိုက် တယ်။ ဒါကို နည်းနည်း ဂရုစိုက်ရင်ကောင်းမယ်။

အီတလီလို အနောက်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ နေထိုင် စားသောက်မှု ပုံစံဘယ်လောက် ကွာခြားမှု ရှိပါသလဲဆရာ။
နေထိုင် စားသောက်မှု ပုံစံ အရမ်း ကွာခြားတယ်။ အားတဲ့အချိန်မှာ လမ်းသွားလျှောက်တယ်။ ကားကမီးခိုးတွေ အရမ်း ထွက် တယ်။ မတူဘူး။ သူတို့က Livelihood က အရမ်း ကွာတယ်။ မတူဘူး။ စားသောက်ပုံက ကျွန်တော်တို့နဲ့ ဒီကနဲ့။ သူတို့ Livelihood က ပိုပြီးတော့ အဆင့် အတန်း မြင့်တော့ စားသောက်တာ မှာလည်း အဆင် ပြေတယ်။ ဘာမဆိုပို ပြီးတော့ အဆင်ပြေတယ် ။အစားအသောက်တွေ ကလည်း အရမ်း ကျန်းမာ တယ်။ ဒီမှာက တချို့  ကတတ်နိုင်မှ စားတာ ဆို တော့ ဒီအစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ အရမ်းများတယ်။ အရောင်တွေလည်း ဘာတွေ လည်း ဒီမှာ စားတယ် ဆိုတော့ ဒီစားတဲ့ အပေါ်မှာ အဆိပ်တွေ ရှိတယ် ဆိုတော့ ဒီလူတွေ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ဒါလည်း ကျွန်တော် ထင်တယ်။ ဂရုစိုက်ရမယ် ။ကျွန်တော် တို့နဲ့ အရမ်း ကွာခြားတယ် ။နေထိုင်မှု ပုံစံ အရမ်းမြင့်တယ် ဟိုမှာမြင့်တာ ဒီမှာ နိမ့် တာမျိုး မဟုတ်ဘူး။ စား သောက်ပုံမတူတာပေါ့။

မြန်မာ ပြည်သူတွေ အနေနဲ့ ကျန်းမာအောင် နေထိုင်ဖို့ ဘယ်အရာတွေ ကိုဆင်ခြင်သင့်ပါ သလဲဆရာ။
ခုနက ပြောသလို ပဲ ဒီ အစားအစာတွေမှာ ဆိုရင် သူတို့ အရောင်တွေ အများကြီး ဆိုးထားတယ်။ စားတဲ့ အထဲမှာ သုံးတဲ့ ဆီတွေရော စားတဲ့ အစာတွေရော သူတို့ အောဂဲ နစ်ဖြစ်နိုင် ရင် ကောင်းတာပေါ့။ ဆိုတော့ ဒီအစားအစာပေါ် မှာ အချိုမှုန့်တို့ ၊ အရောင် ဆိုးထားတာတို့၊ ဒီဟာ တွေကို နည်းနည်း ပိုလျှော့စားရင် ပိုကောင်းမယ် ထင်တယ်။

အီတလီမှာ ဘယ်ဆေးရုံတွေမှာ လုပ်ခဲ ပါသလဲ ဆရာ။ ဆရာဝန် ဖြစ်တော့ရော အသက် ဘယ်လောက် ရှိပါပြီလဲဆရာ။
အီတလီမှာ စစချင်း အစိုးရ ဆေးရုံမှာ လုပ်တယ် ။နောက်ပြီးတော့ တက္ကသိုလ် ဆေးရုံမှာ လုပ်ပြီး တော့ ခွဲစိတ်ပညာ ရပြီးတဲ့ အချိန်မှာ နောက် ဆေးရုံမှာ consultant အလုပ်ပြီးမှ ပင်စင်သွားလိုက်တယ်။ နှစ်လေးဆယ်လောက် လုပ်ခဲ့ တယ်။၁၉၇၁ မှာ စာမေးပွဲအောင်တယ်။ ဆရာဝန် စဖြစ်တော့ ၂၄နှစ်ရှိပြီ။

ဆရာမြန်မာမှာ အခမဲ့ ကုသပေးခဲ့တဲ့ လူနာဘယ် လောက်ရှိပါပြီလဲ။
ကုပေးတဲ့ လူနာအများကြီးပဲ။ ဆယ်နှစ် ရှိပြီ တစ်နှစ်ကို သုံးခေါက် အရင်က လေးခေါက် လာတော့အများကြီးပဲ။ ဒီနံပါတ်ကိုတော့ ကျွန်တော် မရေလိုက်ပါဘူး။

 မြန်မာနိုင်ငံ အတွက်ဆရာ့ ရဲ့ မျှော်လင့်ချက် ကလေး ကိုပြောပြပေးပါဦး။
ဒီတစ်ခေါက် ကျွန်တော်ကျွမ်းကျင်တဲ့ ဘာသာရပ်ကို ဒီဆရာဝန်တွေ ကိုသူတို့တက် အောင် မျှဝေပေးချင်တယ်။ အခုဆို ပိုများလာ ပြီ။ အရင်တုန်း ကတော့ ခွဲ့စိတ်ဖို့ရန် ကိရိယာ လိုအပ်တယ်။ ကိရိယာတွေကို ဝါးချက်မှာလည်း အလှူခံပြီးတော့ တတ်နိုင်တဲ့ သမားတွေကို လူမှု အဖွဲ့အစည်း အတွက် လွန်ခဲ့တဲ့ ငါးနှစ်က သူတို့ လှူပေးတယ်။ အဲဒါနဲ့ ဝါးချက်မှာ ဘယ်လို စလဲဆိုတော့ ဒီ နည်းစနစ် စဖို့ သိန်းငါးရာ ဒေါ်လာငါးထောင် လိုတယ် ။ဒီသိန်းငါးရာ ရဖို့ အဲဒီ ကိရိယာ ဝယ်ရမယ် ဆိုတော့ ဘယ်လို ရှာ ရမလဲ ဆိုတော့ တက်လမ်း ဆောက်လုပ်ရေးက ဦးရှိန်ဝင်း သူ့ကို အလှူခံတော့ သိန်း သုံးရာရ တယ်။ ဝါးချက် ကို ထောက်ပံ့ တဲ့ မြန် မာပြည် တောင်ပိုင်း က အလှူရှင်တွေ က သိန်း တစ်ရာ လှူ တယ်။ ရော်ဘင်က သိန်းတစ်ရာ ထုတ်တယ်။ အဲကိရိယာကို ဝယ် ပြီးတော့ ၂ဝ၁ဝ ဇန်နဝါရီမှာ ရေစက်ချတယ်။ ဒီကိရိယာကို ရမယ် ဆိုရင် အစိုးရ ဆေးရုံမှာ ရှိတဲ့ institude လူတွေအများ ကြီးကို training လုပ်ပေးနိုင်တယ် ။ရော်ဘင်က အဲဒါကို ဝါးချက်မှာ စချင်တယ်။ ဝါးချက်က အင်မတန်သေးတဲ့ ရွာလေး တစ်ခု လမ်း တစ် လျှောက် မှာ ခွေးလေးကောင်ပဲ ရှိတယ်။ ဦးရှိန်ဝင်း ကနောက်တစ်ခါ သိန်းတစ်ထောင် ထောက်ပံ့ ပေး ဆေးလှူပေးတာ ကို မြောက်ဥက္ကလာ ဆေး(၂)မှာ လုပ်ပေး လိုက်တယ်။ အဲဒီမှာ သုံး ရက် သူတို့ နဲ့ရော်ဘင် သွားလုပ်လိုက်တယ်။

လူနာတွေကို ကောင်းကောင်း ကုပေးနိုင်တယ် ပေါ့။ ဒီပညာပဲ ကျွန်တော် ကျွမ်းတယ်။ ဒါပဲကူပေး နိုင်တယ်။ ခုဆရာဝန်တွေ အများကြီး တတ်သွားပြီ။ တခြားဆေးရုံတွေ မှာလည်း အများကြီး တတ်နေပြီ။ ဆိုတော့မျှော်လင့်တာ က ဒီစနစ် နဲ့ ခွဲပေးမယ့် ဒီကိရိယာတွေ အများကြီး ရှိတယ်။ တတ်တဲ့လူ အများကြီး ရှိထားတော့ မတတ်နိုင်တဲ့ လူတွေလည်း ဒီလောက်မနှေးတဲ့ လူတွေလည်း ဒီစနစ်နဲ့ခွဲနိုင်ဖို့ ဆန္ဒရှိပါတယ်။ ဒီမှာ လည်းတော်တဲ့ ဆရာဝန်တွေ ရှိပါတယ်။ ယိုးဒယားတို့ စင်ကာပူတို့ ပြေးစရာ မလိုပါဘူး။ ဗမာဆရာဝန် လည်းတော်တယ်။ နာတဲ့လူတွေ လည်း လုပ်ပေးနိုင်တယ်။ အဲဒါ သူတို့တတ် သွားရင်တော့ ကျွန်တော့် ဆန္ဒပေါ့။ မတတ်နိုင်တဲ့ သူက မသွားနိုင် ဘူး။ တတ်နိုင်တဲ့ သူက သွားကြ တယ်။ ဒီပညာ တိုးရင်လူနာတွေ အတွက် အရမ်း ကောင်းတာပေါ့။

ဆရာ အနေနှင့် မြန်မာပြည်သူ လူထုကို ဘာများ ပြောချင်ပါသလဲ ဆရာ။
ဂွတ်ဘိုင်ပေါ့။ တစ်နေ့ကျရင် ကျန်းမာချမ်းသာကြပါစေပေါ့။ ကိုယ်တိုင်းပြည်ကို တိုးတက် အောင် လုပ်ပေးနိုင်ကြပါစေ။ ကျွန်တော် ဆရာဝန် ဖြစ်တော့ လူနာ ကြည့်တော့ အကုန်လုံးနိုင်ငံခြား သွားနေတာတွေ့ရတယ်။ ဘန် ကောက်က ပြန်လာတော့ လေဆိပ်မှာ လူတွေ အများကြီး ဆေးကုဖို့ ပြည်သူတွေ တစ်နေ့ ကျရင် ပိုပြီးကောင်းတဲ့ လူမှု အဖွဲ့အစည်းမှာ နေနိုင်ကြပါစေ။ တိုင်းပြည်ကို အရင် တစ်ခေါက် လို ကြွယ်ဝ ချမ်းသာပါစေ ဆိုတော့ ဒီလူတွေ အတွက် ကောင်းအောင် လုပ်ပေးနိုင် ပါစေပေါ့။

မြတ်စုငြိမ်း

No comments: