Showing posts with label အင္တာဗ်ဴး. Show all posts
Showing posts with label အင္တာဗ်ဴး. Show all posts
Wednesday, April 29, 2026
သိုးမည်း‌ဟောင်းနှင့်တွေ့ဆုံခြင်း
 သိုးမည်းဟောင်းနှင့်တွေ့ဆုံခြင်း လို့ အမည်ပေးထားတဲ့  ဗဒင်နဲ့  မေတ္တာတမန်မဂ္ဂဇင်းတို့ ရဲ့ အမေးအဖြေကို  ဗဒင်ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ယာန်မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းထားတာဖြစ်လို့ ဗဒင်ရဲ့  ဘုရားသခင်ပေါ် ကိုးစားမှုကို အလေးထားဖော်ပြထားပါတယ်။  အချိန်ကာလ အနေနဲ့ ၁၉၉၆/၁၉၉၇ ဝန်းကျင်ခန့်ကလို့ ယူဆနိုင်ပါတယ်။ (မောင်ညို)
ချွေးတွေ တဒီးဒီးကျအောင် ပူအိုက်နေတဲ့ ဇွန်လရဲ့ နေ့တစ်နေ့မှာ “သိုးမည်းဟောင်း”သီချင်း လူတိုင်းရဲ့ အကြားအာရုံကို ပဲ့တင်ထပ်စေခဲ့တဲ့ အဆိုတော် “ဗဒင်”နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ 
ကျွန်မတို့အဖွဲ့ ရောက်တဲ့အချိန်မှာ “ထော့မဲပါ” ခြံက ပြန်လာတာမကြာသေးတဲ့အတွက် အကြောဆေးသွင်းအပြီးမှာ ချက်ချင်းပဲ ကျွန်မတို့ရဲ့ မေးခွန်းတွေကို မညည်းမညူ ဖြေကြားပေးတဲ့  နိုင်ငံကျော် အဆိုတော် "ဗဒင်"ရဲ့ ခံယူချက်များကို မေတ္တာတမန် စာဖတ်ပရိသတ်အားလုံးသိစေဖို့ ဖော်ပြလိုက်ပါတယ်။
• အခုလို ကိုဗဒင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ပြောဆိုခွင့်ရတာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကိုဗဒင်ရဲ့ မွေးရပ်၊ ဇာတိနဲ့ မိသားစု ဘယ်နှစ်ယောက်ရှိတယ် ဆိုတာသိခွင့်ပြုပါနော်။
ကျွန်တော်ရဲ့ မွေးရပ်ဇာတိက ရန်ကုန်ပါ။ မိသားစု အားလုံး(၆)ယောက်ပါ။ မောင်နှမ(၅)ယောက်နဲ့ အဖေတစ်ယောက်ပါ။ အမေက မရှိတော့ပါဘူး။ မွေးသက္ကရာဇ်က ၆၄ နိုဝင်ဘာပါ။ 
မိဘအမည်က အဖက ဦးညွန့်ဒင်နှင့် အမိ ဒေါကြူကြူပါ။
• လူမျိုး။ 
မြန်မာလူမျိုးပါ။
• ကိုဗဒင်ရဲ့ မိခင်အသင်းတော်နဲ့ ယခုလက်ရှိ မိတ်သဟာယဖွဲ့ပြီး ပါဝင်ဆက်ကပ်နေတဲ့ အသင်းတော်ကို ပြောပြပါဦး။ 
ရွာမအသင်းတော်ပါ။
• Love Song ဆိုတာ ဘယ်နှစ်ခွေရှိပါပြီလဲ။ ဘယ်လို သီချင်းခွေအသစ်တွေထုတ်ဖို့ အစီအစဉ် ရှိထားပါသလဲ။
Love Song အခွေသုံးခွေ ထုတ်ပြီးပါပြီ။ ကြားထဲက လေးယောက်တွဲတွေ၊ သုံးယောက်တွဲဆိုဖို့ အစီအစဉ် ရှိပါတယ်။
• အဲဒီ လေးယောက်တွဲ၊ သုံးယောက်တွဲ အစီအစဉ်လေး ပြောပြပါဦး။
သုံးယောက်တွဲတော့ မလုပ်ဖြစ်သေးပါဘူး။ လေးယောက်တွဲကတော့ ဂျေမောင်မောင်၊ စိုးလွင်လွင်၊ ကိုမှိုးတို့နဲ့ပါ။ 
• သီချင်းခေါင်းစဉ်က။ 
ချစ်အက္ခရာပါ။  (1996 တွင်ထွက်ခဲ့ပါသည်။)
• နောက်တတိယစီးရီးက။
နောက်တတိယစီးရီးက “အရှိအတိုင်း”။ 
• ဘယ်တော့လောက် ထွက်မှာလဲ။ 
ရှေ့လလောက် ထွက်မှာပါ။ (1997 တွင်ထွက်ခဲ့ပါသည်။)
• Gospel Song ဘယ်နှစ်ခွေ ဆိုခဲ့သလဲ။ 
Gospel Song သိပ်မဆိုဘူး။ 
• ဆိုတော့ဆိုတာပေါ့။
ဟုတ်ကဲ့။ ဆိုတော့ဆိုပါတယ်။ ကျွန်တော်သွင်းထားတာတော့ Invisible, Exodus,  အရူပအရာများ ဖြစ်ပါတယ်။ ထွက်တော့မထွက်သေးပါဘူး။ 
(အလှဆင်သူ၊ အသစ်သောအသက်တာ၊ ခရစ်တော် စသည့် သီချင်းများ ပါဝင်ခဲ့ပါသည်။ Exodus-5 အရူပ (Full Album) Myanmar Gospel Songs 
လို့ YouTube မှာ ရှာကြည့်ပါ၊)
•  ရှေ့ဆက်ပြီး ဓမ္မသီချင်းဆိုဖို့ရှိသလား။ 
အများကြီးရှိပါတယ်။ အပြည့်အ၀ရှိပါတယ်။ 
• ကြိုးစားပြင်ဆင်ထားတာ။
ကျွန်တော် "Pre-Gospel" ကို ပိုနှစ်သက်တယ်။ “သိုးမည်း”စကားလုံးတွေ၊ “Shalom” ဆိုတဲ့ စကားလုံးတွေ၊ “ချစ်မေတ္တာထမ်းထုတ်သွားခဲ့တယ်“ ဆိုတဲ့ စကားလုံးလေးတွေပေါ့။ 
အရာရာဟာ ငါ့ကို ထနိုးစေခဲ့တယ်။ ချစ်မေတ္တာဟာ ငါ့ကို ထနိုးစေခဲ့ တယ်ဆိုတဲ့ စကားလုံးမျိုးလေ။ ကျွန်တော်က လမ်းဘေး အယူအဆတွေကို နှစ်သက်တယ်။
သူတို့မှာ ဘဝရှိတယ်။ အဲဒီဘဝထဲမှာ စကားလုံးလေးတွေ ပြထားတယ်။
• ဒီနေ့ Love Song တွေထဲမှာ Gospel Song တွေပါနေတာ ဘယ်လို ခံယူပါသလဲ။
အဲဒါ နဂိုကတည်းက ပြင်ဆင်ပြီးသားပါ။ အကြောင်းမဲ့ အကျိုးမဲ့တော့ မဟုတ်ပါဘူး။ 
• အခုလို အောင်မြင်မှုမရသေးခင်မှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ယုံကြည်သူ ပရိသတ်တွေကို လက်ဆင့်ကမ်း ဝေမျှပါလား။
 ကျွန်တော်က သိပ်မကြိုးစားဘူး။ ကိုးစားတယ်။ ကြိုးစားလို့ ရတာမဟုတ်ဘူး။ ကိုးစားလို့ ပိုရတယ်။ 
• ခုလို အောင်မြင်မှုရလာဖို့ ဘုရားသခင်ဆီမှာ တောင်းခံခဲ့ဘူးလား။   ဘယ်လို ကိုးစားခဲ့ရသလဲ ဆိုတာ မေတ္တာတမန်ပရိသတ်ကို ပြောပြပါဦး။ 
အပြည့်အဝရှိပါတယ်။ ရိုးရိုးလေး ယုံကြည်ပြီး ရိုးရိုးလေး တောင်းခံခဲ့တာပါ။ 
ဥပမာ-ဘောင်းဘီလိုချင်ရင် ဘောင်းဘီ၊ ဖိနပ်လိုချင် ရင်ဖိနပ်၊ အရောင်ကအစ ထည့်ထောင်းခဲ့တာပါ။ ရလည်းရခဲ့ပါတယ်။ ကျွန်တော်က အမျိုးအစားအရ အတိအကျ ထည့်တောင်းပါတယ်။
• “သိုးမည်းဟောင်း” သီချင်းဟာ ကျွန်မတို့ စိတ် နှလုံးကို ထိတွေ့စေခဲ့ပါတယ်။ ကိုဗဒင်အနေနဲ့ ဒီ သီချင်းကို ရေးစပ်တဲ့အခါ ဘယ်လို ခံစားရပါသလဲ။ 
ဒုတိယအခွေမှာလည်း ဒီလိုပါပဲ။ ဘယ်လို ကြီး ပါဝင်တယ်။ အဲဒီထဲမှာ အနုပညာရှင်တွေ လည်း အများကြီးပါဝင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ 
ဟိုမှာက တစ်နေ့ကို သိန်းနဲ့ချီ ဖြုန်းနိုင်တဲ့သူရှိတာပေါ့။ ရှေ့ဆက်ပြီးတော့ လည်း ကျွန်တော့်ဘက်က Request လုပ်ချင်တယ်။ ဒီလူတွေကို ကျွန်တော်တို့ အသင်းတော်က ဘာလုပ်ပေးနိုင်သလဲ။ ဘယ်လို စုစည်းနိုင်မလဲ၊ ဒါမှမဟုတ် သီးသန့်လူတန်းစားအနေနဲ့ စုစည် ပေးမလား။ရကောရနိုင်မလား၊ သို့တည်းမဟုတ် မရဘူးလား။ အဲဒီမှာတွင် ခသ - ၂ဝဝဝ ရောက်ရင် ဖားတစ်ပိုင်း ငါးတစ်ပိုင်းခရစ်ယာန်တွေ အများကြီး ထွက်လာနိုင်တယ်။ အဲဒါတွေကို လက်ရှိမြင်နေရတယ်၊ ကြားနေရတယ်။ အဲဒါမျိုးနဲ့ ပတ်သက်ပြီးပေါ့လေ။ 
ရည်ရွယ်ချက်က Shalom ပါ။ အဲဒီ အဓိပ္ပာယ်ကို ကျွန်တော်မသိပေမယ့် အဲဒီစကားလုံးဟာ ကျွန်တော့်ရင်ထဲမှာ စွဲနေပါတယ်။ အဲဒီစကားလုံးကို လေထဲမှာ ပဲ့တင်ထပ်စေချင်တယ်။ အဲဒီစကားလုံးဟာ သာမန် စကားလုံးမဟုတ်ဘူး။ (Shalom) မှာ အနှစ်သာရအများကြီးရှိတယ်။ မြန်မာတစ်ပြည်လုံးမှာ အဲဒီစကားလုံးကို တစ်ယောက်ကသိချင်လို့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာတော့ ခရစ်တော်ကို တွေ့ ရှိခဲ့တယ်။
• ဘဝအသက်တာအတွက် ဘယ်လို ရည်မှန်းချက် တွေ ရှိသလဲ။
ရည်ရွက်ချက်ကတော့ သီချင်းတွေထဲမှာ လမ်းဘေး ဆိုင်ရာဆိုင်ရာ၊ ပြီးတော့ ကျမ်းစာထဲက အသုံးအနှုန်းတွေ အဲဒီစကားလုံးပါအောင် အမြဲတမ်းရွေးသုံးတယ်။
• အသက်တာကို ခွန်အားပေးနေတဲ့ ကျမ်းပိုဒ်ကို ပြောပြပါဦး။
ကျမ်းပိုဒ်တွေကတော့ ဘယ်ကျမ်းပိုဒ်ကြည့်ကြည့်  ကလေးတွေ သီချင်းမှာပါတဲ့ ကျမ်းပိုဒ်လေးတွေပဲဖြစ်ဖြစ် ခွန်အားရစေပါတယ်။ 
• အိမ်တောင်ရေးနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီလား။ ဘယ်လို ရူပါရုံများရှိပါသလဲ။ 
မရှိပါဘူး။ ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ ကျွန်တော် စိတ်ဝင်စားတာ လမ်းဘေးက ဘဝတွေပဲ။ လမ်းဘေးက အယူအဆတွေကို စိတ်ဝင်စားတယ်။ အဲဒီမှာ လူတွေမသိတာတွေ အများကြီးရှိတယ်။
အခုဆိုရင် လုပ်ငန်းခွင်တွေ ပိုလမ်းပွင့်လာတယ်။ ပိုပြီးစိတ်ဝင်စားစရာတွေ ပြည့်တယ်။ ဒီလိုပဲ ဆေးရုံ တွေ၊ မျက်မမြင်ကျောင်းတွေ၊ အမျိုးသမီး ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးတွေ အဲဒါတွေ ကို စိတ်ဝင်စားတယ်။ 
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဝိညာဥ်တစ်ခုရဖို့ဆိုတာ မလွယ်ဘူး။ အဲဒီမှာ လုပ်နေတဲ့ ဘုရားသခင်နဲ့ တကယ်မှန်ကန်တဲ့ လူတွေ၊  ဓမ္မအမှုတော်ဆောင်တွေမကပဲ ဘုရားသခင်နဲ့ မှန်ကန်တဲ့ လူတွေအားလုံးကို ကျွန်တော်လေးစားတယ်။
အားလုံးကို ခရစ်တော်နဲ့တစ်လုံးတစ်ဝတည်း ရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်။  ဘုရားသခင်ရဲ့ သားသမီးတွေဟာ ဘုရားသခင်နဲ့အတူ ရှိတယ်လို့ မျှော်လင့်တယ်။ 
• ကျွန်မတို့ မေတ္တာတမန်မဂ္ဂဇင်းအပေါ် ထင်မြင် ယူဆချက်လေးကို ပြောပြပါဦးလား။
သိပ်ကောင်းပါတယ်။ ဒီလိုမဂ္ဂဇင်းတွေဟာ ပြည်သူတွေကြား ပိုမိုစိမ့်ဝင်ဖို့၊ အခြေခံလူတန်းစားထဲပျံ့နှံ့ သွားဖို့ လိုအပ်ပါတယ်။
• မဂ္ဂဇင်းပရိသတ်များကို ဂီတနဲ့ ပတ်သက်တဲ့ ခံယူချက်များ ဝေမျှပါဦး။ 
ကျွန်တော်က အနုပညာကို ချစ်တယ်။ အနုပညာဟာ ကျွန်တော့်ဘဝပဲ။ အနုပညာဟာ ကျယ်ပြန့်တယ်။
• နောက်ထပ် ဘာပြောချင်သလဲ။ 
ဒါကတော့ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိဖို့ လိုအပ်ပါတယ်။ မေတ္တာတရားဟာ အဓိကပါ။ သခင်ခရစ်တော်ရဲ့ ပညတ်တရားဖြစ်တဲ့ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှ အစွမ်းသတ္တိ၊ ရှိသမျှ အကြွင်းမဲ့ ချစ်ပြလော့။ 
ထိုမှတစ်ပါး ကိုယ်နဲ့ စပ်ဆိုင်သောသူကို   ကိုယ်နဲ့အမျှ ချစ်လော့”လို့ ပြောပါတယ်။ ပညတ်တော်အားလုံးနဲ့အတူတူပဲ ပြောပါတယ်။ အားလုံးတစ်လုံးတစ်ဝတည်းရှိဖို့နဲ့ မေတ္တာတရား အဓိကထားဖို့ဖြစ်ပါတယ်။
• ကိုဗဒင်ကို မဂ္ဂဇင်းပရိသတ်များ ဆက်သွယ်ချင်ရ ဘယ်လို ဆက်သွယ်ရမလဲ။ 
- မ/၈ ဒေါနလမ်း၊ ရွာမ၊ အင်းစိန်။ 
• အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 ဟုတ်ကဲ့၊ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။
မေတ္တာတမန်မဂ္ဂဇင်း
1996/7 ဝန်းကျင်
***Special thanks to ဂီတအကြောင်းသောင်းပြောင်းထွေလာ and Za Pung Lian.
Thursday, April 2, 2026
"နွေအပူကို အန်တုဖို့ အဓိကသော့ချက်"
 ◾️“နွေအပူကို အန်တုဖို့ အဓိကသော့ချက်က သတိရှိဖို့ပါပဲ”
အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ အောင်ကိုမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
နွေရာသီကိုရောက်လာသည်နှင့် ရာသီဥတု အလွန်ပူပြင်းလာတာကို သတိထားမိပါသည်။ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ အပူလျှပ်ခြင်း၊ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ် ခြင်း စသည်တို့ အဖြစ်များပါသည်။
နွေရာသီတွင် အသက်အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊ နေထိုင်ခြင်း၊ ကုသခြင်းများကို သိရှိနိုင်ရန် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအောင်ကိုမင်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
◾️နွေရာသီမှာ ဘယ်လိုရောဂါတွေဖြစ်နိုင်လဲ ဆရာ။
နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်နဲ့ စိုထိုင်းဆတွေကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်ပွားနိုင်ပါတယ်။
အပူချိန်မြင့်မားလွန်းခြင်းကြောင့် အပူလျှပ်ခြင်း(Heat Stroke) ခန္ဓာကိုယ်အပူချိန် 104°F (40°C)အထက်မြင့်တက်ကာ သတိလစ်ခြင်း၊ တက်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း၊ မူးဝေခြင်း (Heat Exhaustion)၊ပျို့အန်ခြင်းနဲ့ အားနည်းခြင်း၊ ချွေးထွက်များပြီး ရေဓာတ် ခန်းခြောက်ခြင်း (Dehydration)တို့ဖြစ်နိုင် ပါတယ်။
နွေရာသီမှာ အစားအသောက်တွေ ပုပ်သိုးလွယ်သလို ယင်ကောင်လည်း ပေါများတာ ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ(Diarrhea)၊ အစာအိမ်အဆိပ်သင့် ခြင်း(Food Poison)၊ တိုက်ဖွိုက် (Typhoid) နှင့် အသည်းရောင်အသားဝါ (A) စတဲ့ အစာအိမ် နဲ့ အူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေလည်း အဖြစ်များပါတယ်။
နေလောင်ခြင်း (Sun Burning)၊ မိတ်ထွက်ခြင်း (Heat Rash)၊ မှိုပိုးဝင်ခြင်း (Fungal Infection)စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေလည်းဖြစ်ပွားနိုင်ပါတယ်။ မျက်စိနာခြင်း (Conjunctivitis)၊ ရေကျောက် (Chickenpox)၊ဝက်သက် (Measles) စတဲ့ ကူးစက် ရောဂါတွေလည်းဖြစ်ပွားနိုင်ပါ တယ်။
◾️လူကြီးတွေ၊ ကလေးတွေအနေနဲ့ ဘယ်လိုမျိုး နေထိုင်သင့်လဲဆရာ။
နွေရာသီမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အပူဒဏ်ကို အခံရနိုင်ဆုံး ဖြစ်တာကြောင့် သူတို့ရဲ့ နေထိုင်စားသောက်မှုကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
သက်ကြီးရွယ်အိုတွေဟာ အသက်အရွယ်ကြောင့်ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်း လျော့နည်းလာသလို ရေငတ်ခြင်းကိုလည်း သိသာစွာ မခံစားရတတ်တာကြောင့် ရေငတ်သည် ဖြစ်စေ၊ မငတ်သည်ဖြစ်စေရေကို ခဏခဏ သောက်ပေးသင့်ပါတယ်။ 
ရေဓာတ်ခန်းခြောက်မှုက လူကြီးတွေမှာ သတိလစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။ အပူကြောင့် အစာပုပ်လွယ် တာကြောင့်လတ်ဆတ်မှုကို အလေးထားပါ။ 
သွေးတိုး၊ နှလုံး ဒါမှမဟုတ် ဆီးချိုရောဂါရှိသူတွေဟာ အပူချိန်ကြောင့်ရောဂါအခြေအနေ ပိုဆိုးမလာအောင် ဆေးပုံမှန်သောက်ဖို့နဲ့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပေးဖို့ လိုပါတယ်။
ကလေးငယ်လေးတွေရဲ့ အရေပြားက နုနယ်သလိုခန္ဓာကိုယ်က အပူစွန့်ထုတ်နိုင်စွမ်းလည်း အားနည်းတာကြောင့် ပိတ်စအထူတွေကိုရှောင်ပါ။ ချည်သား (Cotton) ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။ 
အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ မျက်မှန် စတာ တွေကို အသုံးပြုတတ်တဲ့အလေ့ အကျင့် လုပ်ပေးပါ။ကလေးတွေမှာ မိတ်ထွက်တာနဲ့ အပူဖု ထွက်တာတွေ ဖြစ်တတ်တဲ့ အတွက် ရေပုံမှန်ချိုးပေးပြီး ကိုယ်ခန္ဓာကို ခြောက်သွေ့အောင် ထားပေးပါ။ 
နွေရာသီမှာ ကလေးတွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ်ပါတယ်။ လမ်းဘေးစာတွေ၊ ယင်နားစာတွေကို ရှောင်ပြီး ရေကျက်အေးကိုသာ တိုက်ကျွေးပါ။
◾️အပူလျှပ်တာဖြစ်လာရင် ဘယ်လိုကုသနိုင်လဲ ဆရာ။
အပူလျှပ်ခြင်း (Heat Stroke) ဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေ ဖြစ် တာကြောင့် လက္ခဏာတွေ့တာနဲ့ ချက်ချင်းထိရောက်တဲ့ရှေးဦးသူနာပြုစုမှု (First Aid) ပေးဖို့ လိုအပ်ပါတယ်။
လူနာကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဘဲအရိပ်ရတဲ့နေရာ သို့မဟုတ် လေအေးပေး စက် (Aircon)ရှိတဲ့ အခန်းထဲသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးပါ။ လူနာဝတ်ထားတဲ့ အဝတ် အစားတွေထဲက မလိုအပ်တဲ့ အပေါ်ထပ်အင်္ကျီ၊ ခါးပတ်၊ ဖိနပ် စတာတွေကို ချွတ်ပေးပြီး ပွပွချောင်ချောင် ဖြစ်စေဖို့ ပြုလုပ်ပေးပါ။
ရေအေးအေး သို့မဟုတ် ရေဖြင့် လူနာရဲ့တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးပါ။ ရေစိုဝတ်ကို ကိုယ်ပေါ်တွင် တင်ပေးထားပါ။ ပန်ကာ သို့မဟုတ်ယပ်တောင်ဖြင့် လူနာကို အဆက်မပြတ် ယပ်ခတ်ပေးပါ။
ရေငွေ့ပြန်ခြင်းက ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်ကျစေပါတယ်။ ရေခဲထုပ် သို့မဟုတ် အေးခဲနေသောရေပုလင်းတွေကို သွေးကြောမကြီးများရှိရာ ချိုင်းကြား၊ပေါင်ခြံနဲ့ လည်ပင်း ဘေးတို့မှာ ကပ်ပေးပါ။ ဒီနေရာတွေက သွေးလည်ပတ်မှု ကောင်းတာကြောင့် အပူချိန်ကိုပိုမို မြန်ဆန်စွာ လျော့ကျစေနိုင်ပါတယ်။ 
သတိရှိမှသာရေ သို့မဟုတ် ဓာတ်ဆားရည်ကို တစ်ကျိုက်ချင်း တိုက်ပေးပါ။အပူလျှပ်တဲ့ လူနာဟာ အတွင်းကလီစာတွေ(ဥပမာ- ကျောက်ကပ်၊ ဦးနှောက်) ထိခိုက်နိုင်ခြေရှိတဲ့ အတွက် ရှေးဦးပြုစုမှုပေးနေစဉ်အတွင်းမှာပဲ ခန္ဓာကိုယ်အပူချိန် 104°F (40°C) ထက် ကျော်လွန်နေခြင်း၊စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်း၊ သတိလစ်ခြင်းသို့မဟုတ် တက်ခြင်း၊ အလွန်အမင်း ပျို့အန်ခြင်း ဖြစ်နေရင် ဆေးရုံပို့ဖို့ ပြင်ဆင်ရပါမယ်။ 
အပူလျှပ်ခြင်းကြောင့်တက်တဲ့ အပူချိန်ဟာ ပုံမှန်ဖျားတာမျိုး မဟုတ်တဲ့ အတွက် Paracetamol သူ လို အဖျားကျဆေးတွေက ထိရောက်မှုမရှိသလို အသည်းနဲ့ ကျောက်ကပ်ကိုပါ ထိခိုက်နိုင်ပါတယ်။
◾️အပူလျှပ်ခြင်းမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်လဲဆရာ။
ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့တာလုံး ရေကိုမကြာခဏ သောက်ပေးပါ။ အပြင် ထွက်ရပါက ရေဘူးအမြဲဆောင်ထားပါ။ ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့် တင်းဖို့ဓာတ်ဆားရည် (Oral Rehydration Salt) သောက်ပေးသင့်ပါတယ်။ 
အပူဓာတ်များစေတဲ့ အပူအစပ်တွေ၊ဆီကြော်စာတွေနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။ ရေဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံတွေ(ဥပမာ - ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး) ကို ပိုမိုစားသုံးပေးပါ။
အရက်နဲ့ ကဖိန်းဓာတ် ရှောင်ပါ။ အရက်၊ ဘီယာနဲ့ကော်ဖီတွေဟာ ဆီးခဏခဏ သွားစေပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမို ခန်းခြောက်စေနိုင်ပါတယ်။ ကျပ်နေသော အဝတ်အစား များထက် ပွပွချောင်ချောင်အဝတ်အစားများကို အဓိက ဝတ်ဆင် ပါ။ 
အပြင်ထွက်ရင်ထီး၊ အနားကျယ် ဦးထုပ် သို့မဟုတ် နေကာမျက်မှန်ကိုအမြဲ အသုံးပြုပါ။ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပူရှိန် အပြင်းဆုံးဖြစ်တာကြောင့် အဲဒီ အချိန် မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
ပိတ်ထားတဲ့ ကားအတွင်း အပူချိန်ဟာ မိနစ်ပိုင်းအတွင်း အလွန်မြင့်တက်နိုင်တဲ့ အတွက် လူနာ သို့မဟုတ်ကလေးငယ်တွေကို ကားထဲမှာ ခဏလေးဖြစ်စေတစ်ယောက်တည်း ထားမခဲ့ပါနဲ့။
ကိုယ်အလေးချိန်များလွန်းသူတွေ သို့မဟုတ်နာတာရှည်ရောဂါရှိသူတွေဟာ အပူဒဏ်ကို ပိုမိုခံစားရတတ်တာကြောင့် အေးမြသောနေရာတွင်သာ အနား ယူသင့်ပါတယ်။ 
◾️ဘယ်လိုဆိုးကျိုးအန္တရာယ်တွေရှိနိုင်လဲဆရာ။
အပူလျှပ်ခြင်း (Heat Stroke) ဖြစ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ကို အမြန်မလျှော့ချနိုင်ရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေ ရောင်ရမ်းပျက်စီးနိုင်ပါတယ်။ ရေဓာတ်နဲ့ သွေးရည်ကြည် အလွန်အမင်း ခန်းခြောက်သွားတဲ့အတွက် သွေးဖိအား ရုတ်တရက်ကျ ဆင်းပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ 
ရေဓာတ်ခန်းခြောက်မှုပြင်းထန်တဲ့အခါ ကျောက်ကပ်ကအညစ်အကြေးတွေကို မစစ် ထုတ်နိုင်တော့ဘဲ ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။
ချွေးထွက်များပြီး ရေဓာတ်နည်းတဲ့အတွက် ဆီးထဲမှာ သတ္တုဓာတ်တွေစုခဲကာ ကျောက် တည်နိုင်ခြေ ပိုများပါတယ်။ အပူချိန်တက်လာတဲ့အခါ ခန္ဓာကိုယ်ကို အေးအောင်လုပ်ဖို့ နှလုံးက သွေးတွေကို ပိုမိုညှစ်ထုတ်ရပါတယ်။
ဒါကြောင့် နှလုံးရောဂါ အခံရှိသူတွေမှာ နှလုံးရပ်ခြင်း (Heart Attack)၊သွေးပေါင် ရုတ် တရက်ကျကာ မူးလဲခြင်း (Heat Syncope) ဖြစ်တတ်ပါတယ်။အပူဒဏ်ကြောင့် စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ်ခြင်းနဲ့အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်နိုင်ပါတယ်။ 
ပြင်းထန်တဲ့ အပူရှိန်ဟာ လူကိုစိတ်ဖိစီးမှု (Heat Stress ) ပိုများစေပြီး ဒေါသထွက်လွယ် ခြင်း၊ အိပ်မပျော်ခြင်းနဲ့နုံးခွေခြင်းတို့ကို ဖြစ်စေပါတယ်။ ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို အကာအကွယ်မပါဘဲ ရေရှည်ထိတွေ့ရပါက အရေပြား ဆိုးဆိုးရွားရွား ပျက်စီးပြီးကင်ဆာ အထိ ဖြစ်နိုင်ပါ တယ်။
ဆီးချိုလူနာတွေဟာ ရေဓာတ်ခန်းခြောက်မှုကို ပိုခံစားရသလို အပူချိန်ကြောင့် သွေးချို ပမာဏ အပြောင်းအလဲ မြန်တတ်ပါ တယ်။ နွေရာသီ ဖုန်မှုန့်နဲ့လေထုစိုထိုင်းဆ အပြောင်း အလဲကြောင့် ပန်းနာရင်ကျပ် (Asthma) နဲ့ အဆုတ်ရောဂါရှိသူတွေမှာ ဝေဒနာ ပိုတိုးလာ တတ်ပါတယ်။
◾️ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး ဆရာ။
ပြင်းထန်တဲ့ အပူရှိန်ဟာ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေ ပါတယ်။ နွေရာသီမှာ အပူချိန်ကြောင့် ဆေးဝါးတွေရဲ့ အာနိသင်ပျက်စီးနိုင်ခြေရှိပါတယ်။ အင်ဆူလင် (Insulin)၊ ပဋိဇီ၀ဆေးရည်တွေနဲ့ တချို့သော နှလုံးဆေး၊ သွေးတိုးဆေးတွေဟာ အပူချိန်မြင့်မားတဲ့နေရာမှာ ထားရင်အာနိသင် လျော့နည်းသွားနိုင်ပါ တယ်။
အပြင်ထွက် အလုပ်လုပ်ရသူများ (ဥပမာ- ဆောက်လုပ်ရေးလုပ်သားများ၊လယ်သမားများ၊ လမ်းပေါ်တွင် ဈေးရောင်းသူများ) အတွက်ကတော့ အပူရှိန်ပြင်းချိန်မှာ မိနစ် ၄၀ သို့မဟုတ် တစ်နာရီ အလုပ်လုပ်ပြီးတိုင်း အရိပ်ထဲမှာ ခဏအနားယူပေးဖို့ လိုပါတယ်။ 
အလုပ်လုပ်နေစဉ် တစ်ဦးကိုတစ်ဦး စောင့်ကြည့်ပေးပြီးမူးဝေတာ၊ မျက်နှာဖြူလျော့တာမျိုး ရှိရင် ချက်ချင်း အနားယူခိုင်းသင့်ပါတယ်။နေပူထဲက ပြန်လာပြီးချင်း ရေခဲရေ အလွန်အမင်း သောက်ခြင်းဟာ အာရုံကြောတွေကို ရုတ်တရက်ထိခိုက်စေနိုင်တဲ့အတွက် ရေ သို့မဟုတ် အနည်းငယ်အေးသော ရေကို သာ အရင် သောက်သင့်ပါတယ်။
အပူလျှပ်လို့ ကိုယ်ပူတာဟာ ပိုးဝင်လို့ ဖျားတာမဟုတ်တဲ့အတွက် Paracetamol သောက်ရုံ နဲ့ အပူမကျနိုင်ဘူးဆိုတာကို သတိထားသင့်ပါတယ်။အနှစ်ချုပ် ရရင်တော့ နွေအပူကို အန်တုဖို့ အဓိကသော့ ချက်က ‘သတိရှိဖို့’ ပါပဲ။ 
ရေဓာတ်မခန်းခြောက်အောင် နေထိုင်ပြီး ခန္ဓာကိုယ်ကပေးတဲ့ အချက်ပေးလက္ခဏာတွေကို လျစ်လျူမရှုပါနဲ့။အားလုံးပဲ အပူဒဏ်ကင်းဝေးပြီး လန်းဆန်းတက်ကြွတဲ့ နွေရက်လေးတွေ ကို ဖြတ်သန်းနိုင်ကြပါစေ။
အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာရင်း ဘေးကင်းလုံခြုံတဲ့နွေရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
စံတော်ချိန်သတင်းအဖွဲ့-ဆက်သွယ်မေးမြန်းသည် 
Saturday, February 28, 2026
❝ ရွှေမင်းသား ❞
 ❝ ရွှေမင်းသား ❞
ဆက်တီခုံ ပေါ်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်း ( ယခု အသက် ၄၄ နှစ် ) ရဲ့ ပုံစံက ရုပ်သေးရုပ် တစ်ရုပ်ကို ခုံပေါ် တင်ထားသလို ပြေလျော့နေတယ် ။ ဦးမြတ်သူဝင်း နဲ့ စကားစမြည် ပြောဖို့ သူ့ရုံးခန်းကို ကျွန်တော် သွားတာပါ ။ ဦးမြတ်သူဝင်း က မသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ် ။
သူကလည်း ကျွန်တော် လာမယ် ၊ သူ့ ဘဝနဲ့ သူ့ ဆောင်ရွက်မှုတွေ မေးမယ်ဆိုတာ သိပြီးသားပါ ။ ကျွန်တော်က ဦးမြတ်သူဝင်း မွေးဖွားရာ ဒေသနဲ့ မိဘတွေ အကြောင်းကို စမေးတယ် ။ 
“ ကျွန်တော့် မိဘများက အဖေက ဦးတင်မောင်ဝင်း ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ၊ ကျွန်တော့် အမေက ဒေါက်တာဒေါ်သန်းဌေး ၊ ပြည်မြို့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ”
“ ကျွန်တော်တို့ မောင်နှမ သုံးယောက် ရှိပါတယ် ။ အစ်မ ကလည်း ဆရာဝန်ပါ ၊ ခုတော့ ဘရူနိုင်း မှာ ။ ညီလေး ကလည်း ဆရာဝန် ၊ နယူးဂျာစီ အမေရိကား ရောက်နေတယ် ”
“ ဦးမြတ်သူဝင်း မသန်စွမ်းတာက မွေးရာပါလား ”
“ ဟုတ်တယ်ဆရာ ။ ကျွန်တော့် ရောဂါက မြန်မာလိုတော့ သူငယ်နာအကြောတင်းပေါ့ ။ ကျွန်တော်က ဦးနှောက်ကို ထိတာ ။ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ ဗိုက်ခွဲ မွေးတာတွေ ဘာတွေ ခေတ်မစားသေးဘူး ။ ညှပ်ဆွဲမွေးတာ ။ ညှပ်ဆွဲမွေးတော့ ရေမွန်းသွားတယ် ။ ဦးနှောက်ကို ထိတယ်ပေါ့ ။ ဒါပေမဲ့ ကျွန်တော်က ကံကောင်းပါတယ် ။ ကျွန်တော်တို့လို ကလေးတွေက ဦးနှောက်ကို ထိရင် ဉာဏ်ရည် ထိခိုက်တတ်တယ် ”
ဆက်တီခုံ ပေါ်မှာ ရုပ်ခန္ဓာက အားမရှိသလို ပြေလျော့နေပေမဲ့ သူဟာ စွမ်းရည်ထက်မြက်တဲ့သူ ဖြစ်ကြောင်း သူ့ လုပ်ရပ်တွေက သက်သေပြနေတယ် ။ ဦးမြတ်သူဝင်း ဟာ ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများကုမ္ပဏီလီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါတယ် ။ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ကတော့ ရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ရွှေမင်းသား ကြော်ငြာလုပ်ငန်း ၊ ရွှေမင်းသားပုံနှိပ် လုပ်ငန်း ၊ ရွှေမင်းသား ကားလုပ်ငန်းတွေ ဖြစ်တယ် ။
“ ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှုကို ဘယ်အချိန်မှာ စကြုံရသလဲ ” 
ဒီမေးခွန်းကို မေးဖို့ အားနာစရာ ကောင်းပေမဲ့ ကျွန်တော် မေးလိုက်တယ် ။ ဦးမြတ်သူဝင်းရဲ့ တုံ့ပြန်ပုံက သိပ်ကောင်းတယ် ။
“ အရမ်းကောင်းတဲ့ မေးခွန်းပါ ”
ဦးမြတ်သူဝင်းက စကား ခဏရပ်တယ် ။ သူ့ နံဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်က သူ့ပါးစပ်က သွားရည်အချို့ကို တစ်ရှူးစက္ကူနဲ့ သုတ်ပေးတယ် ။
“ ကျွန်တော့် အကြောင်း ပြောရင် အမေနဲ့ အဖေ အကြောင်းက ဆယ်ခွန်းမှာ ကိုးခွန်းပါတယ် ။ ကျွန်တော်တို့ အနေနဲ့ နယ်မြို့မှာ ဆိုတော့  ၊ ဆရာဝန်သားသမီး အရာရှိသားသမီး ဆိုတော့ ဘာပဲပြောပြော ဦးစားပေးခံရတဲ့ အနေအထားမှာ ရှိပါတယ် ။ အမေက ဘာပြောသလဲ ဆိုတော့ ကျွန်တော့်ကို မွေးလာတဲ့ အချိန်က စပြီး ပိုက်ဆံသုံးရာ ( ကျပ် ၃ဝဝ ) ရှိရင် တစ်ရာ ( ကျပ် ၁ဝဝ ) ကို အိမ်မှာ ငွေသား အတိုင်းစုတယ် ၊ နောက်တစ်ရာကို ရွှေဝယ်တယ် ။ နောက်တစ်ရာကို Saving certificate ( ငွေစုလက်မှတ် ) ဆိုပြီး စုတာ ။ ကျပ် ၁ဝဝ စုတာ ၁၂ နှစ်ကြာရင် ၃၄၆ ကျပ် ဖြစ်မယ်ဆိုပြီး စုတာ ။ အမေက အရမ်း အမြော်အမြင် ရှိတယ် ” 
ကျွန်တော့် အတွေးထဲမှာ ငွေစုလက်မှတ် တန်ဖိုးနဲ့ အင်ဖလေးရှင်းကို ချိန်ဆကြည့်နေမိတယ် ။
“ အမေက ပြောဖူးတယ် ။ ဘဏ်ထဲ အပ်ထားတဲ့ ပိုက်ဆံက Saving certificate နဲ့ ရွှေနဲ့ ကွာဟချက် များလာတယ် ။ ချက်ချင်းပဲ saving certificate တွေ ထုတ်ရောင်းပြီး ကျွန်တော့် အတွက် ရွှေဝယ်စုတယ်တဲ့ လက်တွေ့ကျတာပေါ့ ”
“ အဖေကတော့ အမျိုးသား ဖြစ်တော့ ပိုက်ဆံ ရှာမယ်ပေါ့ ။ ငါ့သား တစ်သက်စာ ပုံပေးခဲ့မယ် ဆိုတဲ့ အတွေးနဲ့ ကြိုးစားတယ် ။ အဖေနဲ့ အမေက ကျွန်တော့်အပေါ်မှာ ချဉ်းကပ်တဲ့ point of view ( ရှုထောင့် ) က မတူဘူး ။ အဖေ့ နည်းလမ်းက တစ်မျိုး ၊ အမေ့နည်းလမ်းက တစ်မျိုး ”
ကျွန်တော် မေးတဲ့ မေးခွန်းက ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှု အကြောင်း ။ ဦးမြတ်သူဝင်းရဲ့ အဖြေက မေးခွန်းနဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ စိတ်ဝင်စားစရာ ကောင်းလို့ ကျွန်တော် ငြိမ်ပြီး နားထောင်နေတယ် ။
“ အမေက နှစ်လမ်းပြိုင်ပေါ့ ။ အဖေရှာဖွေတဲ့ ဥစ္စာဓန ကိုလည်း စုတယ် ။ နောက်တစ်ဖက်ကတော့ လူကြားထဲမှာ ကျွန်တော် နေတတ်ထိုင်တတ်ဖို့ ။ ဥပမာ ဆရာ ကျွန်တော့်ဆီ လာလည်တယ် ၊ လာလည်တဲ့အခါ ငါဆရာကြီးကွ ဆိုပြီး လာရင် ကျွန်တော် အနေအထိုင် ကျပ်တယ်ပေါ့ ။ တစ်ခါ အရမ်းကြီး အောက်ကျို့ပြီး လာလည်ပြန်ရင်လည်း အနေအထိုင် ကျပ်တယ် ”
ကျွန်တော့် အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ခပ်မြန်မြန် သုံးသပ် ကြည့်လိုက်တယ် ။ ဘယ်ပုံစံလဲ ။
“ ဆရာနဲ့ ကျွန်တော် ခုမှ first time ( ပထမဆုံး ) တွေ့ဖူးတယ် ။ ဒါပေမဲ့ ဆရာ့အပေါ် friendly ( မိတ်ဆွေပီသစွာ ) ရင်းနှီးမှု ရှိသွားပြီ ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေတတ်ထိုင်တတ် သွားရင် လောကကြီးက နေလို့ ထိုင်လို့ သိပ်ကောင်းတာ ။ ကျွန်တော့် အမေက နေတတ်ထိုင်တတ်အောင် သင်ပေးရမယ်လို့ အမြဲပြောတယ် ”
“ ကျွန်တော် လေးတန်း ဖြေတဲ့ အချိန်မှာ သင်္ချာရည်ချွန် စာမေးပွဲဆိုတာ ရှိတယ် ” 
“ ပြည် မှာပဲလား ”
“ ပြည် မှာပဲ ။ သင်္ချာရည်ချွန် စာမေးပွဲမှာ ကျွန်တော် သင်္ချာရည်ချွန် ရတယ် ခင်ဗျ ။ အဲဒီမှာ ကျွန်တော် မသန်စွမ်းတာကို ဘယ်လို စသိသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြုံလာပြီ ” 
ဆက်တီခုံမှာ လျော့ရိလျော့ရဲ ထိုင်နေတဲ့ ကျွန်တော်ဟာ ခါး ပြန်မတ်သွားတယ် ။ သူ့စကားကို နားစိုက်ထောင်မိတယ် ။
“ ကျွန်တော်တို့ ပြည်မှာ နွေရာသီ ဆိုရင် တစ်တန်းစာ စာကြိုကြိုသင်တယ် ။ ဥပမာ ငါးတန်း တက်မယ်ဆိုရင် လေးတန်း အောင်တဲ့အချိန် ငါးတန်းစာကို ကြိုသင်တယ် ။ ကျွန်တော်တို့ ပြည်မြို့က ပညာရေး အလေးထားတဲ့ မြို့ပါ ။ အဲဒီမြို့မှာ လူ ဖြစ်ရတယ် ဆိုတော့ ကံကောင်းပါတယ် ။
“ ငါးတန်းစာ သင်တော့မယ် ဆိုတဲ့ အချိန်မှာ ကျွန်တော့်ကို စာသင်မဲ့ ဆရာမလေး လာတယ် ။ ကျွန်တော့် အမေက ဘာပြောသလဲ ဆိုတော့ ငါ့သားဟာ တကယ်လို့ ကွန်ပတ်စ်သာ မကိုင်နိုင်ရင် ကျွန်တော်သည် ပညာရေးကို ရပ်လိုက်ရတော့မဲ့ သဘောရှိတယ် ။ ပညာရေးသာ ရပ်လိုက်ရရင် သူ ဘယ်လောက်စိတ် ထိခိုက်မှာလဲလို့ အမေ့မှာ အတွေးရှိတယ်တဲ့ ”
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်းရဲ့ လက်ချောင်းကလေးတွေရှိရာ ကျွန်တော့် မျက်စိက ရောက်သွားတယ် ။ လက်ချောင်းတွေက ပီပီပြင်ပြင် သန်သန်မာမာ မဟုတ်ဘူး ။ ငှက်ပျောပင်က ညှိုးရော်တဲ့ ငှက်ပျောသီး နုတွေလိုပဲ ပိန်လိမ်နေတယ် ။
“ ကျုရှင်ဆရာမလေး ကျွန်တော့်ကို စာသင်ပေးဖို့ လာတဲ့ အချိန်မှာ ကျွန်တော့် အဖေက ကွန်ပတ်စ်ဘူးတွေ ၊ ပေတံတွေ ၊ ခဲတံတွေ ၊ စာအုပ်တွေ ဝယ်လာတာပေါ့ ။ အမေက လိုက်ကာ ကြားထဲကနေ ကျွန်တော့်ကို ချောင်းကြည့်နေတယ် ။ သူ ချောင်းကြည့်နေခဲ့တဲ့ အကြောင်း အမေက ဒိုင်ယာရီ ရေးထားတယ် ။ အမေ့မှာ ဒိုင်ယာရီ ရေးတဲ့ အလေ့ရှိတယ် ။ အဲဒီနေ့က ရေးတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ကျွန်တော် အသက်ကြီးလာတော့ အမေက ပြန်ပြတယ် ”
“ ဘယ်လို ရေးသလဲ ဆိုတော့ အဖေ့ကို တိုင်တည်ပြီး ရေးထားတာ ။ 
      မောင် ၊ ညိုတော့ အရမ်းစိတ်လှုပ်ရှားနေတယ် ။ အကယ်၍ သားက ကွန်ပတ်စ် မကိုင်နိုင်ခဲ့သည် ရှိသော် ညိုတို့ ဘာဆက်လုပ်မလဲ ။ မောင်ကတော့ မသိဘူး ။ ပျော်ပျော်ရွှင်ရွှင်ပဲ ။ သားဘယ်ကွန်ပတ်စ်ဘူး ကြိုက်သလဲ ၊ မကြိုက်တာ ညီလေးကို ပေးလိုက် ၊ သားက ကြိုက်တာယူ ။ ဆရာမ ကော်ဖီ သောက်ပါဦး ။ သူကတော့ ပူပင်သောကတွေ မသိဘူး ။ အဲဒီအချိန်မှာ အဖေက အမေ့ကို လှမ်းခေါ်တယ် ။ ညို အပြင်ထွက်ခဲ့ဦးလေ ။ ကျွန်တော့် အမေက အလုပ် မပြီးသေးလို့ ဆိုပြီး အပြင် ထွက်မလာဘူးတဲ့ ။
အဲဒီအချိန်ကို အမေက အသေးစိတ် ရေးထားတယ် ”
“ သားကွန်ပတ်စ်ဘူးကို ဖွင့်လိုက်ပြီ ။ ကွန်ပတ်စ်မှာ နှစ်ဖက်ချွန်နဲ့ တစ်ဖက် ချွန် ခဲတံညှပ်တဲ့ဟာ ရှိတယ် ။ ကျွန်တော်က တစ်ဖက်ချွန် ကွန်ပတ်စ်ကို ကိုင်လိုက်တယ် ။ ခဲတံညှပ်တယ် ။ ကိုင်ပြီး ခဲတံညှပ်တဲ့အထိ အမေ စိတ်လှုပ်ရှားတုန်းပဲ ။ ဆရာမက တြိဂံပုံ ဆွဲခိုင်းတာကို သားက ကွန်ပတ်စ်နဲ့ ထောက်ဆွဲလိုက်တာ မြင်ရတော့ အမေ ပျော်လွန်းလို့ အပြင်ကို ပြေးထွက်လာတယ်တဲ့ ”
“ စက်ဝိုင်း ဆွဲတာလား ၊ တြိဂံဆွဲခိုင်းတာလား ”
“ တြိဂံ ။ နှစ်လက်မ ရှိတဲ့ အနားနဲ့ တြိဂံ ဆွဲရမယ် ဆိုရင် ပေတံမှာ နှစ်လက်မကို ကွန်ပတ်စ်နဲ့ ထောက်ပြီး တိုင်းဆွဲတာ ”
“ အမေက ငိုပြီး ပြေးထွက်လာတော့ အဖေက ညို ဘာဖြစ်လို့လဲ ။ ခိုက်မိလို့လား မေးတယ် ။ အမေက စိတ်လှုပ်ရှားလွန်းလို့ပါတဲ့ ”
ဦးမြတ်သူဝင်း က ပြောရင်း ချောင်းတွေ ဆိုးပါတယ် ။ ဝန်ထမ်း အမျိုးသမီးတစ်ယောက်က ရေတစ်ဖန်ခွက် ယူလာပြီး သူ့ကို တိုက်တယ် ။
“ အမေက စိတ်ပူပန်မှု ရှိတယ်ပေါ့ ။ ဒါပေမဲ့ မှန်ကန်သော နည်းလမ်းအားဖြင့် ချဉ်းကပ်မှု ရှိတယ် ။ အမေက ငါ့များ အထင်သေးလို့ ၊ ကွန်ပတ်စ်ကို ငါ မကိုင်နိုင်မှာ ကျနေတာပဲပေါ့နော် ။ တကယ်တော့ အမေ စိတ်ပူပန်ရှာတာ ။ ဒီနေရာမှာ တစ်ချက် ကျွန်တော် ကြုံရတာပေါ့ ”
ကိုယ်က သူများနဲ့ မတူဘူး ဆိုတဲ့ ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ မေးခွန်းကို ဦးမြတ်သူဝင်း က စိတ်ဝင်စားစရာ ကောင်းအောင် ဖြေသွားတယ် ။ အားမနာ ပါးမနာ နောက်မေးခွန်း တစ်ခု ကျွန်တော် မေးပြန်တယ် ။
“ ကလေးဘဝ ကစားကြရာမှာ ကိုယ်က သူများနဲ့ တန်းတူရည်တူ ဝင်မကစားနိုင်လို့ ဘေးက ထိုင်ကြည့်နေခဲ့ရတာမျိုး ကြုံခဲ့ဖူးလား ”
သူ့ တုံ့ပြန်မှုကတော့ အရင် တစ်ကြိမ်လိုပါပဲ ။ ရွှင်ရွှင်လန်းလန်း ပြုံးလိုက် ပြီး ' very good question ' လို့ အရင် ပြောတယ် ။
“ ကျွန်တော် ငယ်ငယ်ကလေး ကတည်းက ဦးဆောင်တဲ့ နေရာမှာ နေတယ် ။ အတန်းထဲမှာ ဆိုရင် ကျွန်တော်က မော်နီတာ ။ အတန်းခေါင်းဆောင်ပေါ့ ၊ ဆရာတွေက လုပ်ခိုင်းတယ် ။ ကျွန်တော် မျက်နှာမလိုက်ဘူး ”
“ ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကန်တယ် ၊ ကလေး ဆိုတော့ ဂိုးကျဉ်း ကစားတာ ။ ဘောလုံး ကန်တော့ ကျွန်တော် ကိုယ်တိုင် ဝင်ကန်တယ် ။ ဘယ်လိုလဲ ဆိုတော့ ချိုင်းထောက်နဲ့ ကျွန်တော်က ဂိုးစောင့်တယ် ။ ဂိုးကျဉ်း ဆိုတော့ စဉ်းစား ကြည့်ပေါ့ ၊ ချိုင်းထောက်နဲ့ ပိတ်လိုက်တော့ ဘယ်သူမှ ဂိုးသွင်းလို့ မရတော့ဘူး ။ ကျွန်တော် ဂိုးစောင့်တဲ့ ဘက်က နိုင်တယ် ။ အသိုင်းအဝိုင်းက ကျွန်တော့် အပေါ်မှာ အမြဲကောင်းတယ် ၊ အားလုံးတန်းတူပဲ ။ ကျွန်တော့်မှာ စိတ်ဓာတ်ရေးရာ ထိခိုက်မှ မရှိသလောက်ပါဘဲ ။ ဂိုးကျယ်တွေ ကန်ကြတော့ ကျွန်တော် ဒိုင်လူကြီး လုပ်တယ် ”
“ စိတ်ဓာတ် ကျတာမျိုး မဖြစ်ဖူးဘူးလား ”
“ စိတ်ဓာတ် ကျတာတွေ ဘာတွေ အင်မတန် နည်းပါတယ် ။ လူဆိုတဲ့ အတွက်ကြောင့် ခံစားချက်တော့ ရှိတာပေါ့ ။ စိတ်တိုတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ။ ကျွန်တော်တို့က လူ ။ သွေးက မျောက်သွေးတွေ မဟုတ်ဘူး ။ ဒုက္ခိတ ဖြစ်သွားတာကို ခံစားရမယ် ။ လူကိုး ။ မဟုတ်ရင် စက်ရုပ် ဖြစ်သွားမယ် ။ ဒါပေမဲ့ အကြာကြီး မဖြစ်နဲ့ ။ အကြာကြီး ဝမ်းနည်းပူဆွေးပြီး မပြီးနိုင် မစီးနိုင် မဖြစ်စေနဲ့ ”
“ ကျွန်တော့် အဖေက အမြဲတမ်း ပြောပါတယ် ။ လက်ဝှေ့ဝိုင်းမှာ လောကဓံ နဲ့ ထိုးကြကြိတ်ကြတဲ့အခါ ကိုယ်က လဲကျမယ် ။ လဲကျမှာ မကြောက်နဲ့ ။ ဘာကြောက် ရမှာလဲ ၊ ပြန်မထနိုင်မှာပဲ ကြောက် ။ လောကဓံက တစ် ၊ နှစ် ၊ သုံး ၊ လေး ရေသွားမှာ ။ တစ်ဆယ် ပြည့်လို့မှ ပြန်မထနိုင်ရင်တော့ မင်း ရှုံးသွားပြီတဲ့ ”
“ ပြန်ထဖို့အတွက် မိတ်ဆွေကောင်းတွေ အားပေးတဲ့ လက်ခုပ်သံက အရေးကြီးသလား ”
“ ကျွန်တော့် အယူအဆ ကတော့ အရေးကြီးမယ် ထင်တယ် ။ ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ ။ လဲကျတဲ့အခါ ကိုယ့် အတွင်းအားတွေ ပြန်စုပြီး ကုန်းရုန်း ထရတယ် ။ လက်ခုပ်သံသည် အားမရှိဘူးတော့ မဟုတ်ပါဘူး ။ အကုန်လုံးတော့ ဆိုင်နေတာပဲ ”
 ••••• ••••• •••••
❝ နှလုံးသား ထက်မြက်သူ ❞
မသန်စွမ်းသူဦးရေ သုံးထောင်ကျော် ( ၃၄၆၁ ဦး ) ကို ထောက်ပံ့ကူညီ ပေးပြီးတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်း ကိုယ်တိုင်ကလည်း မသန်စွမ်းသူ ဖြစ်ပါတယ် ။
သူ့ကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး မိခင်က ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းဌေး ၊ ဖခင်က ဆည်မြောင်း ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်မောင်ဝင်း ပါ ။
ရွှေမင်းသားဖောင်ဒေရှင်း ( မြန်မာ ) ရဲ့ ပင်မရုံးခန်းကို ရန်ကုန်လမ်းမတော် မှာ ဖွင့်ထားပြီး မြန်မာနိုင်ငံ အထက်ပိုင်း ရုံးခွဲကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်ထားတယ် ။ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားပါတယ် ။ ဦးမြတ်သူဝင်း ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ကျွန်တော် မေးတယ် ။
“ ကျွန်တော် ကြီးပြင်းတာကတော့ ပြည်မြို့မှာ ကြီးပြင်းတာပေါ့ ။ အထက ( ၁ ) ပြည်မြို့က ဆယ်တန်းအောင်ပါတယ် ။ ဆယ်တန်း အောင်စဉ်ကာလမှာ ဂုဏ်ထူး သုံးခု ။ ဆေးတက္ကသိုလ် အမှတ်ကို ကပ်မီတာ မဟုတ်ဘူး ။ ကောင်းကောင်း မီခဲ့ပါတယ် ”
“ လွတ်လွတ်ကျွတ်ကျွတ်ပေါ့ ”
“ ပဲခူးတိုင်း တစ်တိုင်းလုံးမှာ ကျွန်တော် တစ်ယောက်တည်း သင်္ချာ အမှတ်ပြည့် ၁ဝဝ ရတာ ။ ကျွန်တော်က ကျန်းမာရေး အနေအထားကြောင့် ဆေးတက္ကသိုလ် မတက်နိုင်ပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ခေါ်တာပေါ့ ၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရမလား စဉ်းစားသေးတယ် ”
"ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”
“ ၁၉၈၃ ခုနှစ်က အောင်ပါတယ် ။ ၁၉၈၇ ခုနှစ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ ဘီအေဘွဲ့ရတယ် ။ ကျွန်တော် ကွာလီဖိုင်း ဆက်တက်တယ် ။ ကျောင်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ ၁၉၉၂ မှာ ကျောင်းပြီးတယ် ”
“ ကျောင်းနေစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါဦး ” 
“ ကျွန်တော် ဆယ်တန်း ဖြေခါနီးတော့ တီအီးအို အိမ်ကို လာတယ် ။ Township Education Officer ”
“ မြို့နယ်ပညာရေးမှူး ”
“ တီအီးအို ဦးကိုကိုကြီးက အိမ်လာတယ် ။ သားလေး ဆယ်တန်း ဖြေတော့မယ် ၊ သားက ပညာ သိပ်တော်တယ် ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲလို့ ကျွန်တော့် မိဘတွေကို မေးတယ် ။ ကျွန်တော်က ဆရာကြီးကို စိတ်ဆိုးသွားတယ် ။ ဒါကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေရဲ့ ဖီလင်ပေါ့ ။ ကျွန်တော်တို့ကို သနားတယ် ဆိုရင် မကြိုက်ဘူး ။ အသနားခံဖို့ ဆိုတာ ကျွန်တော်တို့ ရာဇဝင်မှာ မရှိဘူး ”
ဦးမြတ်သူဝင်း ဟာ အမြင်အရပင် မသန်စွမ်းကြောင်း သိသာပါတယ် ။ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ကြော်ငြာလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ကားလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်း လေးခုကို ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများ ကုမ္ပဏီလီမိတက် အဖြစ် လုပ်ကိုင်နေသလို လူမှုရေးလုပ်ငန်းကိုလည်း ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်တာမို့ စွမ်းဆောင်နိုင်စွမ်းကြီးသူဖြစ် ကြောင်း တွေ့နိုင်တယ် ။
“ သမိုင်းဆိုတဲ့ ဘာသာရပ်က မေးခွန်းကို နှစ်နာရီပဲဖြေရတယ် ။ သမိုင်းက စာတွေ အများကြီး ရေးဖြေရတာ ၊ အချိန်ပို ယူဦးမလား ဆရာကြီးက မေးတယ် ။ အချိန်ပို ယူဦးမလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော့် စိတ်ထဲ ကျွန်တော့်ကို စော်ကားတယ်လို့ ခံစားရတယ် ။ ကလေးဆိုတော့ ဆရာတွေရဲ့ စေတနာကို သိပ်မသိဘူးပေါ့ ။ ကျွန်တော့်ကို စော်ကားတာပဲ ၊ အချိန်ပို မယူဘူးပေါ့ ”
သူ့အားမာန်နဲ့ သူ့ကိုယ်ကိုယ် ယုံကြည်မှုကို သူ့မျက်နှာပေါ်မှာ ကျွန်တော် မြင်တွေ့ နေရတယ် ။
“ ကျွန်တော့် အမေကတော့ ဆရာကြီးကို တစ်ခုတော့ တောင်းဆိုချင်ပါတယ် ။ စာမေးပွဲဖြေရင် ကန်တော့ပါရဲ့ ၊ အပေါ့အပါး သွားချင်တယ် ။ ဘာညာဆိုရင် Seating plan ( ထိုင်ခုံအနေအထား ) အရ အလယ်လောက် ရောက်နေရင် ကျွန်တော် ထွက်ရ ခက်နေမယ် ။ အဲဒီတော့ ကျွန်တော့် စားပွဲကို ရှေ့ဆုံးတန်းမှာ ထားပေးဖို့ ပြောတယ် ။ ကျွန်တော့် စိတ်ထဲမှာ ငါ့မှာ အားနည်းချက် တစ်ခုတော့ ရှိနေပါလားလို့ လက်ခံလိုက်ရတော့တာပါ ”
“ ပညာသင်ယူချိန် စိတ်လေ သွားတာမျိုး ဖြစ်ခဲ့ဖူးလား ”
“ ဆယ်တန်းမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ပထမ ၊ ဒုတိယ ၊ တတိယ လှည့်ယူနေကြတာပါ ။ ခုထိလည်း အရမ်းချစ်တဲ့ သူငယ်ချင်းတွေပါ ။ သူတို့က ရိုးရိုးသားသား ပြောတာပါ ။ မြတ်သူဝင်း မင်း ဘာဖြစ်လို့ ဒါလောက် စာကျက်နေ တာလဲ ။ ဆယ်တန်းမှာ အမှတ်တွေ အများကြီးရတော့ မင်း ဘာလုပ်မှာလဲ ။ ဆေးတက္ကသိုလ်လည်း မတက်နိုင်ဘူး ဘာဘူးပေါ့ ဆိုတော့ ကျွန်တော့် စိတ်တွေ လေသွားတယ် ။ ကလေးဆိုတော့ ဟုတ်သားပဲ ၊ ပျော်ပျော်ပဲ နေတော့မယ်ပေါ့ ” 
“ ပျော်ပျော်ပဲ နေဖြစ်သေးလား ”
“ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ။ ကျွန်တော့်အစ်မနဲ့ ကျွန်တော်က ၁၁ လပဲ ကွာတယ် ။ သူက ကျွန်တော့်ကို ကိုကို ခေါ်တယ် ၊ ကျွန်တော် က သူ့ကို မမ ခေါ်တယ် ။ ကိုကို နင် ဘာဖြစ်နေတာလဲ ၊ ဘာစိတ်ညစ်နေတာလဲ မေးတယ် ။ ကျွန်တော်က ငါဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လည်း နင်တို့လို ဆရာဝန်ဖြစ်မှာ မဟုတ်ဘူး ပြောလိုက်တယ် ။ မမက စကားတစ်ခွန်းပဲ ပြန်ပြောတယ် ။ နင် ဆရာဝန်ဖြစ်ပြီး ငါတို့က နင့်ကို ခိုင်းစားချင်လို့ မဟုတ်ဘူး ၊ ငါ့မောင်လေး ဆယ်တန်းအောင်တုန်းက အမှတ်တွေ ဘယ်လောက် ရသလဲ ဆိုတာ ဂုဏ်ယူချင်လို့တဲ့ ။ အစ်မက စကားလေး တစ်ခွန်းပဲ ဆုံးမလမ်းညွှန်လိုက်တယ် ”
သူ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ ၊ သင်္ချာအမှတ် ၁၀ဝပြည့် နဲ့ ဆေးကျောင်းတက်ဖို့ အမှတ်ကောင်းကောင်း မီတယ်ဆိုတာ ကျွန်တော် သတိရတယ် ။ သူ့စကားကို နားထောင်နေရင်း Forrest Gump ဆိုတဲ့ ရုပ်ရှင်ကားကို အမှတ်ရလာပါတယ် ။ ဇာတ်လိုက်က ငယ်စဉ်မှာ ခြေမသန်ဘူး ။ ကြီးပြင်းလာချိန် မှာတော့ အလွန်အပြေးမြန်တဲ့ သူတစ်ဦး ဖြစ်လာတယ် ။
“ Forrest Gump ကြည့်မိမယ်ထင်တယ် ၊ ဘယ်လိုခံစားလဲ ” 
“ ကောင်းပါတယ် ။ ဆရာ ဘယ်လိုထင်လဲ ” 
“ တော်တော် ကြိုက်ပါတယ် ”
“ ဘယ်နေရာလဲ ”
“ တစ်ကားလုံး ကြိုက်ပါတယ် ။ ဘဝကို အားမလျှော့ဘဲ ပြန်လည်ထူထောင် ပြပုံ ကြိုက်တယ် ။ ပထမ သူ မသန်စွမ်းဘူး ၊ ဒါပေမဲ့ ရအောင် ထခဲ့တယ် ။ Forrest က ခြေမသန်တော့ ဒူးအောက်ပိုင်း သံချောင်းတွေနဲ့ ထိန်းထားရတယ် ။ ကျောင်းသားလေး ဘဝမှာ လူဆိုးလေးတွေက သူ့ကို ဝိုင်းလိုက်ကြတယ် ။ လူဆိုးလေးတွေ လက်က လွတ်အောင် သေပြေးရှင်ပြေး ပြေးတဲ့အခါ သူ့ ခြေထောက်မှာ ဆိုင်းထားတဲ့ သံပြားသံချောင်းတွေ တစ်ခုချင်း ပြုတ်ထွက်ကျပြီး သူက လွတ်အောင် ပြေးသွားတဲ့ အခန်းကို မျက်စိထဲက မထွက်ဘူး ”
ဦးမြတ်သူဝင်း က ပါပီလွန် ဖတ်ဖူးသလား မေးတယ် ။ ပါပီလွန်စာအုပ်ကို ကျွန်တော် ဖတ်ဖူးကြောင်း ပြောတော့ သူက ဘယ်လို ကွာသလဲ မေးပါတယ် ။ 
“ တစ်မျိုးစီပါပဲ ။ Forrest Gump က ခြေမသန်တဲ့ ဘဝကနေ အလွန် အပြေးသန်ပြီး စစ်မြေပြင်မှာ အခြားသူတွေကို ကယ်ပေးသယ်ပေးနိုင်သူတစ်ယောက် အဖြစ် လူ့လောကထဲ တိုးဝင်လာတယ် ။ ပါပီလွန်က အကျဉ်းထောင် ထဲက လွတ်မြောက်အောင် အကြိမ်ကြိမ် ကြိုးပမ်းပြီး လွတ်မြောက်သွားတယ် ”
“ တစ်ခါတလေ လူတွေက ကိုယ့်ဒုက္ခကို အကြီးကြီးလို့ ထင်တတ်ကြတယ် ။ လူတိုင်းက အတ္တသမားတွေမို့ ကိုယ့်ပြဿနာပဲ ကြီးတယ်လို့ ထင်ထာပေါ့ ။ Forrest Gump လည်း ကျွန်တော် အရမ်း ကြိုက်တယ် ။ ပါပီလွန် ကျတော့ အနှိပ်စက်ခံရတယ် ။ ထောင်ထဲက ထွက်ပြေးဖို့ ခဏခဏ ကြိုးစားတယ် ။ ဒုက္ခသုက္ခချင်း ယှဉ်လိုက်ရင် ကျွန်တော်တို့က နတ်ပြည် ရောက်နေတဲ့ အတိုင်းပဲ ။ အဲဒါတွေနဲ့ ကျွန်တော် အားယူတာပေါ့ ။ ထဖို့အတွက် လူတိုင်း အားယူပုံချင်း မတူဘူးပေါ့ ” 
“ မသန်စွမ်းသူတွေ အတွက် မိသားစုဝင်တွေရဲ့ ဖေးမမှုက တော်တော် အရေးပါသလား ”
“ ဟာ ပါတာပေါ့ ။ မိဘတွေက လက်ဦးဆရာ ။ ကျွန်တော်တို့ မွေးကတည်းက မိဘရဲ့ သွန်သင်အားပေးမှုနဲ့ ကြီးပြင်းခဲ့တာ ။ အရမ်းဆိုင်တယ် ။ Enviroment ( ပတ်ဝန်းကျင် ) အရမ်းဆိုင်တယ် ။ ခွဲခြား ဆက်ဆံခံရရင် ဘယ်ပျော်မှာလဲ ။ အဖေရော အမေရော ကျွန်တော့် အတွက် အရမ်း ကျေးဇူးကြီးမားပါတယ် ”
“ ဦးမြတ်သူဝင်း လုပ်နေတဲ့ လုပ်ငန်းတွေက ဝန်ဆောင်မှုလုပ်ငန်းတွေ များတယ်နော် ”
“ ကျွန်တော် ထမင်းစားမယ် ၊ ရေသောက်မယ် ၊ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို သူများတွေက ကူညီကြတယ် ။ ကျွန်တော့်ရဲ့ မသိစိတ်က သူများကို ကူညီချင်နေတယ် ။ တစ်သိန်းရင်းပြီး တစ်သိန်းမြတ်တဲ့ လုပ်ငန်းထက် ဝန်ဆောင်မှုနဲ့ ရတဲ့ လုပ်ငန်းကို ကျွန်တော် ပိုပြီး တန်ဖိုးထားတယ် ”
“ စီးပွားရေး လုပ်ရတာ အဆင်ပြေရဲ့လား ”
“ စီးပွားရေးလောက ရောက်လာတော့ စီးပွားရေးလောက ဆိုတာ ကြမ်းတမ်း လွန်းပါတယ် ။ စိန်ခေါ်သံတွေ များလွန်းပါတယ် ။ တက္ကသိုလ်ကောလိပ်မှာတုန်းက သူငယ်ချင်းတွေ လိုတော့ မဟုတ်ဘူးပေါ့ ။ စီးပွားရေးလောကမှာ ကျွန်တော့်ကို ညှာတဲ့လူတွေ ရှိသလို ကျွန်တော့်ကို တီးတဲ့သူတွေလည်း အများကြီး ရှိတာပဲ ။ ကျွန်တော်ရဲ့ မသန်စွမ်းမှုဟာ ကျွန်တော့်ကို တွန်းအား ဖြစ်စေပါတယ် ။ ကျွန်တော် ပိုလုပ်ရမှာပါလား ၊ ကျွန်တော် ပိုကြိုးစားရမှာပါလား ၊ ကျွန်တော် ပိုရိုးသားရမှာပါလား ၊ လူတွေအပေါ်  ပိုသစ္စာ ရှိရမှာပါလား ၊ ကျွန်တော့် မသန်စွမ်းမှုကြောင့် တွန်းအား ဖြစ်စေတယ် ”
“ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာကော အဆင်ပြေသလား ”
“ လူမှုရေးလုပ်ငန်း ထဲမှာလည်း ကျွန်တော့် အတွက် စိန်ခေါ်သံတွေ အများကြီးပဲ ။ ဘဝတူ မသန်စွမ်းသူတွေရဲ့အကျိုးကို အများကြီး မဟုတ်တောင် တစ်ထောင့် တစ်နေရာက လုပ်ပေးတယ် ။ မသန်စွမ်းသူတွေ အတွက် လုပ်ငန်းတွေကို ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ဆိုပြီး လုပ်တယ် ။ ၂၀၁၀ ခု မေလ ၁ဝ ရက်နေ့ အထိပေါ့ ။ ၃၄၆၁ ဦးကို ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ခဲ့ပါပြီ ။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို အကုန်လုံး မဟုတ်တောင်မှ သူတို့ဘဝကို အတိုင်းအတာ တစ်ခု အထိ ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့ပါပြီ ”
အနီးရှိ ဝန်ထမ်း အမျိုးသမီး တစ်ယောက်ကို ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ၂၀၀၉ - ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်တစ်အုပ် ယူခိုင်းပြီး ကျွန်တော့်ကို ပေးတယ် ။
စာအုပ်ထဲမှာ မသန်စွမ်းသူတွေ ပညာသင်ကြားခွင့်ရအောင် ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ပေးပြီး အလုပ်အကိုင် ဝင်ငွေရအောင် ၊ ကျန်းမာရေး စောင့်ရှောက်မှုကို အများနည်းတူ ရအောင် ၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်အောင် ၊ စွမ်းရည် မြင့်တက်လာအောင် လုပ်ဆောင်ပေးနေပုံတွေကို ရောင်စုံ ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ် ။
“ ကမ္ဘာမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းသည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ မြန်မာနိုင်ငံမှာ two point three six percentage ( ၂.၃၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ လူ ၁ဝ သိန်း ကနေ ၁၅ သိန်းကြား ရှိတယ် ။ ဒီ လူဦးရေဟာ မြို့ကလေးတစ်မြို့လောက် ။ ကျွန်တော် အဓိက လုပ်တာကတော့ မသန်စွမ်းတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်ရရှိရေး ၊ သူတို့ကိုယ် သူတို့ ယုံကြည်ချက်တွေ ရလာအောင် ကျွန်တော်တို့ ဆောင်ရွက်တာပါ ”
သူ့ ရုံးခန်းထဲကို ကျွန်တော့် မျက်စိဝေ့ ကြည့်လိုက်တော့ မသန်စွမ်းသူ အချို့ကို မြင်မိတယ် ။
“ ကျွန်တော်ရုံးမှာ ဝန်ထမ်း ၄၄ ယောက် ရှိတယ် ။ ၁၄ ယောက် မသန်စွမ်း ။ ၃ဝ ရာခိုင်နှုန်းလောက်သည် မသန်စွမ်း ။ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်လုပ် အလုပ်လုပ်လို့သာ ပြောတယ် မလုပ်တတ်ကြဘူး ။ လုပ်တတ်တယ် ၊ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အရင်းအနှီး မရှိဘူး ”
“ စိတ်ဓာတ်ခွန်အားကော ဖြည့်ပေးသလား ”
“ ဘဝတူ မသန်စွမ်းတွေကို နည်းနည်း ပြောချင်တယ် ။ မသန်စွမ်းဖြစ်သွားတိုင်း စိတ်ဓာတ်ကျစရာ မလိုဘူး ”
ဦးမြတ်သူဝင်း က ပြောတာ ခဏနားပြီး ရေသောက်တယ် ။
“ နီးခြင်း ဝေးခြင်း ၊ ပုခြင်း တိုခြင်း ၊ ဖြူခြင်း မည်းခြင်း ၊ အားမရှိခြင်း အားသန်ခြင်းသည် တကယ့်တကယ်တော့ နှိုင်းယှဉ်ချက်တွေပဲ ။ ကျွန်တော့်ကိုယ် ကျွန်တော် မသန်ဘူးလို့ ဘယ်တော့မှ မရှိဘူး ။ လူတိုင်းလည်း ဘယ်သူမှ မရှိကြပါနဲ့ ။ စွမ်းဆောင်နိုင်သလောက် ကြိုးစားကြရင် ကျွန်တော်တို့မှာ ကံ ဉာဏ် ဝီရိယ ဆိုတာ ရှိတယ် ။ ကံကတော့ ရှောင်လွှဲလို့ မရတာတွေ ထားလိုက်တော့ ။ ဉာဏ် ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွာဟချက် သိပ်မရှိဘူး ။ ဝီရိယ ထားပြီး အားကြိုးမာန်တက် အလုပ် လုပ်ကြပါ ။ မိမိ ကိုယ်သာ အားကိုးရာလို့ မသန်စွမ်းတွေ အတွက် မှာချင်တာ ”
 ⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
Wednesday, December 10, 2025
“အဖေက ခရစ်ယာန်ဘာသာဝင်၊ အမေက ဗုဒ္ဓဘာသာဝင်”
ဘာသာရေးဆိုင်ရာ အမေးအဖြေတစ်ခု
(* ဘာသာရေးနဲ့ပတ်သက်သော ဝေမျှချက်ဖြစ်တာကြောင့် အမြင်မတူ၊ အယူအဆကွဲသူများ ဆက်လက်မဖတ်ရှုဘဲ ကျော်သွားပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
အဖေက ခရစ်ယာန်ဘာသာဝင်၊ အမေက ဗုဒ္ဓဘာသာဝင်”
မေး ။ အဖေက ခရစ်ယာန်၊ အမေက ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့် သူက သည်ဗုဒ္ဓဘာသာကိုရော၊ ခရစ်ယာန်ဘာသာကိုရော နှစ်ခုစလုံးကိုးကွယ်တဲ့လူတွေရှိပါတယ်။ သူတို့ကျတော့ ဘယ်လိုအကျိုး၊အပြစ်ဖြစ်နိုင်ပါသလဲဘုရား။ အကျိုးကျေးဇူးများမှာလား၊ အပြစ်ပိုပြီးတော့ များမှာလားဘုရား။
ဖြေ။ ။ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဝင်ပဲဖြစ်ဖြစ် ပါဏာတိပါတာကံ မကျူးလွန်ဘူးဆိုရင် အပြစ်မဖြစ်ဘူးဗျာ။ ကိုးကွယ်ရုံသက်သက်ကလေးနဲ့ ပါဏာတိပါတာကံ သူမလုပ်ဘူး၊ အဒိန္နာဒါနာကံ မလုပ်ဘူး၊ ကာမေသုကံ မကျူးလွန်ဘူး၊ မုသာဝါဒ၊ သုရာမေရာယ ကံတွေကို သူမလုပ်ဘူး၊ သူက ကိုယ်ကျင့်တရားကောင်းတဲ့လူကောင်းတစ်ယောက်အနေနဲ့နေတယ်။ ဘာသာတရားကလည်း ခုနလိုပဲ ကိုးကွယ်ရာတစ်ခုအနေနဲ့ထားတယ်။ ဒုစရိုက်တွေမလုပ်ဘူး။ သူက ဒါနလည်းလုပ်တယ်။ ဒါဆို သူက အပြစ်ဖြစ်စရာအကြောင်းမရှိဘူး။ ဘာအတွက်ဖြစ်နိုင်တုန်းဆိုလို့ရှိရင် ခရစ်ယာန်ကိုးကွယ်တယ် ဒီကိုးကွယ်တယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ ရဲ့ ကျင့်စဉ်ကို သူမကျင့်နိုင်ဘူး။ မကျင့်နိုင်တဲ့အတွက်ကြောင့် မြင့်မြတ်တဲ့တရားထူးတွေ အဆင့်မြင့်တဲ့တရားတွေတော့ မရနိုင်ဘူးပေါ့။ အဲဒါပဲ ဆုံးရှုံးမှာဖြစ်တယ်။
အခြေခံကတော့ ရှိကြမှာပဲလေ ကောင်းတာတွေ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အခြေခံကောင်းတာတွေရှိတယ်။ Ethics ဆိုတဲ့ ကိုယ်ကျင့် တရားမပျက်သေးသမျှတော့ ဘယ်သူမှ သူက ခရစ်ယာန်မို့၊ သူက မူဆလင်မို့ ဘာဖြစ်တာမို့ဆိုပြီးပြောလို့တော့မရဘူး။ သူလုပ်တဲ့ လုပ်ရပ်က အကုသိုလ်တွေလား၊ ကုသိုလ်လား နော်…သူများအသက်တွေသတ်နေသလား၊ အဲသည် သတ်နေတဲ့ အကျိုးကတော့ ခံရမှာ။ မဟုတ်တာ ဗုဒ္ဓဘာသာကလည်း ငါဗုဒ္ဓဘာသာဆိုပြီးတော့ ဟိုသူများအသက်သတ်ရင် သူလည်းခံရမှာပဲ။ ကိုးကွယ်ရုံသက်သက်နဲ့တော့ ကိုးကွယ်ပါတယ်လို့ပြောရုံသက်သက်နဲ့ကတော့ ဘယ် Label ပဲတပ်ထားထား အမှတ်တံဆိပ်ဘယ်ဟာပဲ ကပ်ထားထား လုပ်ရပ်ပေါ်မှာ ပဲဆုံးဖြတ်ရမယ်။ 
မေး ။ သည်ဗုဒ္ဓဘုရားနဲ့ သည်ခရစ်ယာန်ဘာသာကို တပြိုင်နက်တည်းကိုးကွယ်ရုံနဲ့တော့ အပြစ်မဖြစ်ဘူးလို့ ဆိုချင်တာပေါ့ အရှင်ဘုရား။
ဖြေ။ ။ အပြစ်မဖြစ်ဘူးဆိုတာ ကောင်းတဲ့ဘက်ကို သူလက်ခံချင်ခံမှာပေါ့နော် (မှန်ပါ့ဘုရား)။ ဘုရားလက်ထက်တုန်းကတော့ ပရိဗိုဇ်တွေဟာ တချို့ပရိဗိုဇ်တွေက ဘုရားနဲ့တွေ့တဲ့အခါ သူတို့ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြတယ်။ ဒါပေမယ့် ပရိဗိုဇ်မို့ သည်အတိုင်းပဲ နေကြတယ်။ (ပရိဗိုဇ်ဆိုတာ ဘာကိုဆိုလိုတာလဲဘုရား။) ပရိဗိုဇ်ဆိုတာ ဘာသာတစ်ခုပေါ့နော်။ ဘာသာတစ်ခုလို့ဆိုပါစို့။ သူက သူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ ဟောတာပြောတာတွေလုပ်တယ်။ သူတို့အယူဝါဒတွေက ဗုဒ္ဓဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒ တွေပဲ တော်တော်များများ။ သူတို့လည်း ဒါနလည်းလုပ်တယ်၊ သူတို့ရဲ့ကိုယ်ကျင့်သီလလည်း ဆောက်တည်တယ်။ တချို့ဟာတွေက အကောင်းတွေပါတယ်၊ အကောင်းအဆိုးရောနေတာပေါ့။ခုခေတ်ဘာသာတွေလည်း အကောင်းလည်းပါတယ် အဆိုးလည်းပါတယ်။ အကောင်းအဆိုးကရောနေကြတာပဲ။ သို့သော် အဆိုးလုပ်တာနဲ့ အကောင်းလုပ်တဲ့နေရာမှာ ဘာသာတရားက ညွှန်ကြားလို့ အကောင်း အဆိုးလုပ်တာလည်းရှိတယ်။ ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ဘဲနဲ့ ကိုယ်လုပ်ချင်လို့ ဝါသနာ စရိုက်အရ လုပ်တာလည်းရှိတယ်။ (မှန်ပါ့ဘုရား။)
သတ္တဝါတွေကိုသတ်ပြီးတော့ ယစ်ပူဇော်ရမယ်လို့ ဘာသာတရားကဆုံးမသည့်အတွက်ကြောင့် အဲ့လိုသတ်ပြီးပူဇော်ရင်တော့ ဒါဘာသာ တရားရဲ့အဆုံးအမလို့ခေါ်ရမှာပေါ့။ (မှန်ပါ့ဘုရား။) အားလုံးအပေါ်မှာ မေတ္တာတရားထားရမယ်လို့ ဘာသာတရားက ဆုံးမတယ်၊ ဘာသာတရားကဆုံးမသည့်အတွက် မေတ္တာထားတယ်။ အဲတော့ မေတ္တာက အကောင်း(မှန်ပါ့ဘုရား)၊ အသက်သတ်တာကျတော့ ခုန မကောင်းတာ။ (မှန်ပါ့ဘုရား) ကောင်းမကောင်းက အဆိပ်နဲ့ (ဥပမာ) အားဆေးလိုပဲ။ (မှန်ပါ့ဘုရား) ဒါက သဘာဝစစ်စစ်ပဲ။ (မှန်ပါ့ဘုရား) ဘုရားဟောတာ ပြောတာနဲ့လည်းမဆိုင်ဘူး။ (မှန်ပါ့ဘုရား) မကောင်းတာလုပ်ရင် အဆိပ်စားရင် အဆိပ်ပဲနော်။ (မှန်ပါ့ဘုရား) ကောင်းတာစားရင် ကောင်းတာပဲ။ ဒါဖြင့်မယ် ဘာသာတရားဆိုတာ အပေါ်ကခေါင်းစီးတပ်လိုက်တာ။ သို့သော် သံသရာ ဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ရဖို့ကျင့်ကြံတဲ့အခါကျတော့ သည်စွန့်လွှတ်ရမယ့် အခြေခံကြီးတွေရှိတယ်။ အဲ့ဒါမလွတ်ရင်တော့ သူတို့က မရဘူး။ ဥပမာ - နိဗ္ဗာန်ရချင်တယ်ဆိုရင် ဘုရားသခင်တို့ ဖန်ဆင်းတယ်ဆိုတဲ့ ယုံကြည်ချက်ကြီးနဲ့လုပ်လို့မရဘူး။ (မှန်ပါ့ဘုရား) ဘုရားသခင် ဖန်ဆင်းတယ်ဆိုကတည်းက သူနိဗ္ဗာန်ရောက်အောင်လုပ်စရာမလိုဘူး ဘုရားသခင်ပဲသွားပြီးတော့ တောင်းပန်ပြီးတော့ သူ့ကိုဖန်ဆင်း ပေးပါ နိဗ္ဗာန်ရောက်အောင် အဲလိုဖြစ်မနေဘူးလား။ အဲတော့ လက်တွေ့ကျင့်ရမယ့်အကျင့်မပါတော့ဘူးလေ။ (မှန်ပါ့ဘုရား) ဆိုလိုတာက အဆင့်မြင့်….ဗုဒ္ဓဘာသာမှာလည်း အခြေခံရှိတယ်၊ အဆင့်မြင့်တွေရှိတယ်။ အခြေခံမှာ တချို့ဟာတွေတူတယ်။ တူရုံနဲ့ဒါ သည်ဟာလို့ ပြောလို့မရဘူး။ သူက  ဗုဒ္ဓဘာသာဝင်အစစ်လို့  ဗုဒ္ဓဘာသာတရားတော်ရဲ့ အဆင့်မြင့်ဖြစ်ဖို့ရာအတွက်ကျတော့ ဘာတုံးဆို ဝိပဿနာ တရား အားထုတ်ပြီးတော့ ကိလေသာကုန်အောင် လုပ်တာ၊ ဆင်းရဲဒုက္ခတွင်းကထွက်အောင်လုပ်တာ။ အဲ့ဒါမှ  ဗုဒ္ဓဘာသာက ဟို အဆင့်မြင့်ဖြစ်တာ။ (မှန်ပါ့ဘုရား။) ဘုရားပွင့်မှပေါ်တာ အဲ့ဒါ။ (မှန်ပါ့ဘုရား။) 
ဝိပဿနာတရားကျင့်ပြီး သံသရာဝဋ်ကလွတ်တာ ဘုရားပွင့်မှ။ ခုနက ဒါနတို့ သီလတို့ဆိုတာ ဟိုးရှေးတုန်းကတည်းကရှိတာ။ ဘာသာတိုင်းလည်းရှိတယ်။(မှန်ပါ့ဘုရား။) သည်ဗုဒ္ဓဘာသာရဲ့ဦးတည်ချက်ကျတော့ ခုနက နိဗ္ဗာန်ဆိုတာ ဦးတည်တာကျတော့ ဝိပဿနာတရားမပါဘဲနဲ့မရဘူး။ သမထထိအောင် တခြားဘာသာတွေမှာရှိတယ်။ ဝိပဿနာတစ်ခုပဲမရှိတာ။ ဘုရားပွင့်လို့ပေါ်တာ ဝိပဿနာတစ်ခုတည်းပဲ။ သံသရာဝဋ်ကလွတ်နိုင်တာ သည်တစ်ခုပဲ။ ကျန်တဲ့နတ်ပြည်ရောက်တာတို့ဘာတို့ နတ်ဖြစ်တာတို့က အခြားဘာသာတွေမှာလည်းရှိတယ်။
စာကြွင်း ။ ပါချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာ ဘိဝံသအား ဖိုးလပြည့် (ခ) နေရွှေသွေးအောင် မေးမြန်းထားမှု ဗီဒီယို Clip တစ်ခုမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိပါက ကူးယူဖော်ပြသူမှာသာ ရှိပါကြောင်း။
Thursday, November 20, 2025
ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း
ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း
◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။
ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။
မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။
Second  Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။
ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။
ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်
ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။
များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။
နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။
ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။
အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။
အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။
ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။
ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။
ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။
မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။
လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။
ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။
ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။
အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။
ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။
တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။
ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။
တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။
ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။
portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး  portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait  တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait  (၁၀၀) ပြပွဲလုပ်တယ်။
ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။
◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။
ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။  Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။
Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။
တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။
ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။
ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။
အနား၀နဲ့ အနားဖြတ်ပေါ့။
အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။
ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။
ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။
ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။
◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။
နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။
အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။
စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ
ဆုံး အနုပညာရှင်လို့ထင်တယ်။
◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။
ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။
ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။
လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။
စုရတနာ-တွေ့ဆုံမေးမြန်းသည်။
***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။
Thursday, May 29, 2025
မြန်မာ ဇာတ်မင်းသမီးများ
 ¶¶¶ မြန်မာ ဇာတ်မင်းသမီးများ ¶¶¶
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာဇာတ်ပွဲတွင် ဇာတ်ဆောင် အမျိုးသမီး ပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်သည်။ ဇာတ်မင်းသမီး လုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်း တစ်လက်ဖြစ်လိုလျှင် ပိုး၊ မွေး၊ ခေါ်၊ မြေ|ာ်၊ အောင်၊ ဇော်၊ လု၊ ဘူ၊ ရူး၊ အ၊ သေ၊ ပစ် ဟူသော မင်းသမီးတို့ တတ်အပ်သည့် ပညာ ၁၂ ရပ်ကိုလည်း တကယ်တတ် ရသည်ဟု နာမည်ကျော် ရုပ်သေးမင်းသမီးကြီး ဆရာပုက ဆိုသည်။
(၁) ပိုး-ဟူရာ၌ မင်းသမီးပင် ဖြစ်လင့်ကစား အချို့ ဇာတ်များတွင် ကိန်းက ဇောက်ထိုးတယ်မှရှင် မိန်းမ နောက်ပိုး လုပ်ရတတ်သည် ဖြစ်သဖြင့် မိန်းမတန်မဲ့ ယောက်ျားကို စ၍ ပိုးခန်းကြုံလာလျှင် သဘာဝကျကျ တကယ့် အဖြစ်အစစ်နှင့် တူအောင် ပိုးတတ်ရသည်။
(၂) မွေး-ဟူရာ၌ အလောင်းတော် ဖွားတော်မူခန်းမှအစ ဇာတ်နှင့် ဆိုင်ရာ မင်းသမီးလုပ်သူ သားဖွား၊ မျက်နှာ မြင်ရသည့် အခန်းများကိုလည်း လိုအပ်သလို ကတတ်ရသည်။ မင်းသမီး လုပ်သူသည် အပျိုစစ်စစ်ပင် ဖြစ်လင့်ကစား မိန်းမတို့ ဓမ္မတာ ကိုးလလွယ်၍ ဆယ်လမွေးသည့် မိခင်တစ်ဦးအတိုင်း သရုပ်ပါပါ မွေးတတ်ဖို့လိုသည်။
(၃) ခေါ်-ဆိုသည်မှာ ဇာတ်ပွဲတို့၏ အစဉ်အလာအတိုင်း လင်ကို ခေါ်နည်း၊ သားကိုခေါ်နည်း၊ ကျေးကျွန်ကို ခေါ်နည်း၊ အရှင်သခင်ကို ခေါ်နည်း စသည်ဖြင့် ထုံးတမ်းစဉ်လာနှင့်အညီ ခေါ်တတ် ပြောတတ်ဖို့ လိုသည်။ ပုံစံအားဖြင့် လင်ကို ခေါ်ရာ၌ သပြေရွက်စည်၊ မြရည်ရောင်ဖိတ်၊ တစ်သောင်း ထိပ်မှ၊ ဖြူရိပ်စကြာ၊ ဖြန့်မိုးကာရ၊ ဒီပါတိုင်းလုံးရှင် မောင်မောင်ဘုရာ့ စသည့် အခေါ်မျိုးဖြင့် ခေါ်ရခြင်းကို ဆိုလိုသည်။
(၄) မြေ|ာ်-ဆိုသည်မှာ ရည်းစားမြေ|ာ်၊ လင်မြေ|ာ်၊ သားမြေ|ာ်ခန်းများတွင် တကယ်တမ်း မြေ|ာ်တတ်ရန် လိုသည်။ ပညာပါသော ရည်စားမြေ|ာ်၊ လင်မြေ|ာ်များမှာ ကျေးကိုစေ၍ မြေ|ာ်ခြင်း၊ ဘုရားကိုတိုင်၍ မြေ|ာ်ခြင်း၊ ကျေးသားနှင့် စကားခွန်း တုံ့လှယ်၍ မြေ|ာ်ခြင်းတို့ဖြစ်သည်။ မင်းသမီး၏ လွမ်းယူ တမ်းတပုံကို ပွဲကြည့်ပရိသတ်၏ စိတ်၌ တကယ်ပင် ထင်မှတ်လာအောင် မြေ|ာ်တတ်ရလေသည်။
(၅) အောင်-ဆိုသည်မှာ စစ်ကိုင်းကျောက်ပနံကန်ကြီးကုန်း ရာဇဝင်ဖြစ်သော ဆားတောင်သူ အောင်ဖြူဇာတ်ကို ခင်းလျှင် နိုင်နင်းစွာ ကပြနိုင်ရမည့် အရည်အသွေးဖြစ်သည်။ အောင်ဖြူဇာတ်မှာ ပရိယာယ် အလွန်များပြီးလျှင် မင်းသမီး၏ အလွမ်းများလှသော ဇာတ်ထုပ်ဖြစ်သည်။ ဤလိုဇာတ်မျိုးကို တော်တော့် မင်းသမီး ဇာတ်မလိုက်နိုင်၊ မကနိုင်ပေ။
(၆)ဇော်-ဟူသည်မှာ ရှိရာဇာတ်ကို ကပြရသဖြင့် မင်းသမီး ဇော်ဂျီဖြစ်ရသည့် ဇာတ်လမ်းမျိုးနှင့် ကြုံခဲ့သော် ဇော်ဂျီ အဖြစ်နှင့် ကတတ်ပြောတတ် ပြုမူတတ်ဖို့ အသင့်ရှိရ ပေမည်။
(၇) လု-ဆိုသည်မှာ လင်လုခန်း၊ သားလုခန်းများတွင် နိုင်နင်းဖို့လိုသည်။ သစ္စာထား နှစ်ပါးသွားခန်းတွင် လင်လု ခန်းမျိုးသာမက ဇာတ်ကွက်နှင့်အညီ လူယောင်ဆောင်ထားသည့် ဘီလူးမနှင့် လင်လုရခြင်းမျိုးကိုပါ ဆိုသည်။ ယင်းအခါ၌ မိမိသည် လင်သားအပေါ် မည်သို့ ကြင်နာခဲ့သည်၊ ယုယခဲ့သည်၊ အနာခံ၍ ချစ်ရည်လူးခဲ့သည်၊ ချစ်တုံ့တင် ခဲ့သည်များကို ပွဲကြည့်ပရိသတ်စိတ်၌ အကွင်းကွင်းနှင့် ပေါ်အောင် ပြောဆိုတတ်ရ၍၊ သားလုခန်း၌လည်း မေတ္တာရေစင်ဖြင့် ချစ်ခင်သဒ္ဓါ မြတ်နိုးစွာ ကျွေးမွေးသုတ်သင်ခဲ့ပုံများ၊ သားအတွက် ရတတ်မအေး သောကစိုက်ခဲ့ပုံများကို တကယ့် သားသည် မအေ တစ်ယောက်ကဲ့သို့ စီကာပတ်ကုံး ပြောကြားတတ်ရလေသည်။
(၈) ဘ-ဟူသည်မှာ အချို့ဇာတ်များ၌ မင်းသမီးရေကန်တွင် ရေချိုးမှား၍ အစွယ်ပြူးပြူး ဘီလူးဖြစ်သွားသည့်အခန်း ပါတတ်သည်။ ထိုအခါ ဘီလူးခန်းကို မင်းသမီးလုပ်သူသည် နိုင်နင်းစွာ ကပြနိုင်ရလေသည်။
(၉) ရူး-ဟူသည်မှာ ဇာတ်ကွက်နှင့်အညီ အကြောင်း တစ်ခုခုကြောင့် ရူးသွပ်ရသည့်အခါ၌ တစ်ကယ့်အရူးနှင့် တူအောင် ရူးတတ်ဖို့လိုသည်။ ဤလိုအခန်းမျိုးကို ရုပ်သေး မင်းသမီး ဆရာပု၊ ဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင် တို့သာလျှင် နိုင်နိုင်နင်းနင်း ကနိုင်၍၊ အရူးခန်းကောင်းသည်ဟု ကျော်ကြားလေသည်။ ဒေါ်ထွေးလေး ပဋာစာရီဇာတ်ကို ကပြရာ၌ အရူးခန်းကို ပရိသတ်က မေ့မရအောင်ဖြစ်ရ သည်ဟု ဆိုလေသည်။
(၁ဝ) အ-ဟူသည်မှာ စုန်းပြုစား၍ ဖြစ်စေ၊ နတ်တိုက်၍ ဖြစ်စေ၊ ဝဋ်ကြမ္မာကြောင့်ဖြစ်စေ မင်းသမီးသည် အကောင်း ပကတိက သွားရသည့် ဇာတ်လမ်းမျိုး ကပြရသည့်အခါ ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ၊ ခြေနှင့်လက်နှင့်ပြ၍ မျက်နှာက အမူအရာအမျိုးမျိုး ထုတ်ဖော်သည်တွင် ပရိသတ်က နားလည်ပြီး ရင်ထုမနာနှင့် မျက်ရည်မဆည်နိုင် ဖြစ်လာအောင် ကပြတတ်ရသည်။
(၁၁) သေ-ဟူရာ၌ မင်းသမီး သေရသည့် အခန်းများ လည်း ဇာတ်လမ်းတွင် ပါတတ်သေးရာ၊ မင်းသမီးက မသေ တတ်လျှင် ဇာတ်နာသင့်ပါလျှက် မနာဘဲ ပွဲကြည့်ပရိသတ် အူကြောင်ကြောင် ဖြစ်ကုန်ပြီးလျှင် တညဉ့်လုံး သယ်လာသမျှ သဲရေကျ ဖြစ်ရတတ်သည်။ ဆရာပု၊ ဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင်တို့သည် အသေကောင်းလှသည်ဟု ဆိုသည်။ မင်းသမီးလုပ်သူ အသေတတ်သည့်အခါ၌ ဇာတ်ခုံပေါ်က ဇာတ်သူ ဇာတ်သားများပင် စိတ်ထိခိုက် လာပြီးလျှင် မျက်ရည်ကျရလေသည်။
(၁၂) ပစ်-ဟူရာ၌ သားပစ် သမီးပစ် စွန့်ပစ်ရသော ဇာတ်မျိုး၌ ပစ်တတ်ရန် လိုခြင်းကို ဆိုလိုသည်။ ပစ်ရာ၌လည်း အသေပစ် အရှင်ပစ် ဟူ၍ရှိ၏။ ပုံစံအားဖြင့် မိဖုရားကို နောက်သိမ်းမည့် ဘုရင်က အလျင်သွေး မကျန်ရအောင် သားသမီးကို စွန့်ပစ်ချေဟု ဆိုသည့်အခါ၌ သားကို အရှင် လတ်လတ် စွန့်ပစ်ရသည့်အခန်းမျိုး၊ သားသေ၍ စွန့်ပစ်ရသည့် အခန်းမျိုး၌ ဇာတ်လိုက်တတ်ဖို့ လိုလေသည်။
ယင်းတော်မလေး
မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ခေတ်တွင် နန်းတွင်း အီနောင်ဇာတ်၊ ရာမဇာတ် စသည်တို့ကို ကပြခဲ့စဉ်က အီနောင်နန်းတွင်း ဇာတ်တော်ကြီးတွင် အထူးနာမည်ကျော်ကြား လူကြိုက်များလှသော တော်သုံး မင်းသမီးကြီး ယင်းတော်မလေးသည် အရေးပါ အရာရောက်ဆုံးဖြစ်သူ ပွတ်စပါး မင်းသမီးအခန်းမှ နိုင်နင်းစွာ အမှုထမ်းနိုင်လေသည်။ နာမည်ရင်းမှာ မလေးဖြစ်ရာ၊ ယင်းတော်မြို့သူဖြစ်၍ ယင်းတော်မလေးဟု တွင်သည်။ အချို့ကလည်း ယင်းတော်မြို့ကို အပိုင်စားရ၍ ယင်းတော်မလေး ခေါ်တွင်သည်ဟုဆိုသည်။ ယင်းတော်မလေးသည် မင်းသမီးဘဝ ခေတ်ကောင်းစဉ်က အဆင်းအင်္ဂါ လှပပြီးလျှင် ကနွဲ့ကရ ပျော့ပျော့ပျောင်း ပျောင်းရှိ၍၊ တေးကြီးဘွဲ့ကြီး ပတ်ပျိုး ယိုးဒယားစသည်တို့ကို နိုင်နင်းစွာ သီဆိုနိုင်သည်။ နန်းတော်သူများ အီနောင် ဦးစံတုတ်ကို သဘောကျကြသလို၊ နန်းတော်သား မှူးသားမတ်သား မင်းယောက်ျား အရာရှိပိုင်းကလည်း ယင်းတော်မလေး၏ ပညာအမွေကို ခံယူခဲ့သော မင်းသမီးဟူ၍ကား မရှိဟု ဆိုလေသည်။
ဆင်ခိုးမလေး
ယင်းတော်မလေးနှင့် မရှေးမနှောင်းပင် ဇာတ်တော်ကြီးဝင် ဆင်ခိုးမလေးဟူ၍ အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားသော အမျိုးသမီး ဇာတ်သဘင်သည်ကြီး တစ်ယောက် ထွန်းကားခဲ့သည်။ ဆင်ခိုးမကလေးသည် တောင်တွင်းကြီးမြို့သူ ဖြစ်၍ ငယ်မည်မှာ မရွှေမြှင်ဖြစ်၏။ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် ညိုစိမ့်စိမ့်ရှိ၍ ချောမော လှပ ယဉ်ကျေးသည်။ ငယ်စဉ်ကပင် အကတတ်မြောက်ပြီးလျှင် မြေဝိုင်းခေတ် ဇာတ်မင်းသမီးဖြစ်ခဲ့ရာ၊ ပထမ အိမ်ထောင်သည် ခင်ပွန်းနှင့် သားနှစ်ယောက်ရှိခဲ့ပြီးနောက် ရနောင်မင်းသားက ကောက်ယူဆင်နှင့်တင်၍ ခေါ်စေသောကြောင့် ဆင်ခိုးမကလေးဟု တွင်သည်။ ရနောင်မင်းသား မှုပြစ်မကင်း၍ ရာဇဝတ်တော် သင့်ပြီးနောက်တွင် သီပေါမင်း၏ မိဖုရားခေါင်ကြီးက ချစ်မြတ်နိုး၍ ယိုးဒယားဇာတ်ကြီး အတီးအကတို့ကို အသင်ခိုင်းသဖြင့် ယိုးဒယားရာမ ဆရာဦးဖိုးမြ ထံတွင် သုံးနှစ် သင်ယူခဲ့ရလေသည်။ ဆင်ခိုးမကလေးသည် အဆိုအက ပညာတွင် ပိုင်ပိုင်နိုင်နိုင်ရှိ၍ လက်ည|ိုးထိုးကရာ၌ အလွန် ယဉ်ကျေး၏။ အထူးသဖြင့် 'ခရာသံ ' ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုလေသည်။
ယင်းတော်မလေး၊ ဆင်ခိုးမကလေးတို့နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဒေါ်ကွမ်းငုံနှင့် ကိန္နရာပျံတို့သည်လည်း ထင်ရှားသော ဇာတ်မင်းသမီးများ ဖြစ်၏။
မထွေးလေး
ယင်းတော်မလေးနှင့် ဆင်ခိုးမကလေးတို့ နှစ်ဦး ဆံဖြူသွားကြွေ၊ ပါးရေမတွန့်ခင် ကလေးတွင် ဗျာပါဆံကလေး တစ်ခါခါနှင့် ဖျတ်လပ်စွာ ပေါ်ပေါက်လာသူကား နောက်ပေါက်မင်းသမီးကလေး မထွေးလေး ဖြစ်သည်။ ငယ်မည်မှာ ခင်ထွေးဖြစ်၍ ၁၁ နှစ်အရွယ် ကြီးလာသည်နှင့်အမျှ သဘင်ရည်ဝကာ ကျော်စောထင်ရှားသော ဇာတ်မင်းသမီးကြီး တစ်ဦး ဖြစ်လာသည်။ ဒေါ်ထွေးလေးသည် လက်ည|ိုးကလေးကို ကိုက်၍ မူကာ ကတတ်သည်ဟုဆိုသည်။ မင်းသမီးကဲ အလွန်ပါ၍ မင်းသမီးမှင် အလွန်ကောင်းသူ ဖြစ်သည်။ ငယ်စဉ်က ထူးချွန်ခဲ့သော ကကြိုးမှာ ကိန္နရာကနှင့် အရုပ်ကြိုးကများ ဖြစ်၏။ ဒေါ်ထွေးလေး၏ ကမျိုးကို မည်သူကမျှ မကတတ်ကြတော့ဟုဆိုသည်။ သီချင်းဆိုရာ၌လည်း မေးဝဲမေးရိုက်တို့တွင် ဒေါ်ထွေးလေးကို မီအောင်လိုက်နိုင်သူမရှိဟုလည်း ဆိုလေသည်။ နောက်ပေါက် ဇာတ်မင်းသမီးများထဲတွင် မထွေးလေးထံမှ ပညာဆည်းပူး တပည့်ခံသူများ၍၊ နိုင်ငံကျော် မင်းသမီး များဖြစ်လာကြသည်။ အမေထွေးတပည့် မဟုတ်လျှင် မင်းသမီးအရာ မဝင်သလောက် အထင်သေးကြလေသည်။ ဒေါ်ထွေးလေး အသက် ၁၂ နှစ်သမီးက အသက် ၆ဝ နားအထိ သဘင်ပညာနှင့် အသက်မွေး၍ သွားရာ၌ မင်းသား ဦးဘိုးကွန်းနှင့် အနှစ် ၂ဝ လောက် တွဲကခဲ့ရာ ဦးဘိုးကွန်းနှင့် အကြောင်းပါခဲ့သည်။ ဦးဘိုးကွန်းနှင့် တွဲ၍ကသွားသည့် အချိန်သည် ဒေါ်ထွေးလေး အဖို့ အကျော်ဆုံး ကာလ၊ ငွေအရဆုံးကာလ၊ နာမည်အကြီးဆုံးကာလ ဖြစ်ဟန်ရှိလေသည်။ ဒေါ်ထွေးလေးနှင့် တခေတ်တည်း ပေါ်ခဲ့သော ဇာတ်မင်းသမီးများမှာ ဒေါ်စိန်မေ၊ ဒေါ်စံရှား၊ ဒေါ်ဇော်ရိုက် စသူတို့ဖြစ်၏။ အီကင်းဦးမောင်ကြီးသည် ရုပ်သေးစင်မှ ဆင်းပြီးနောက် မြေဝိုင်းဇာတ်တွင် ဝင်ရောက်ကပြခဲ့ရာ၌ ဒေါ်ထွေးလေးနှင့် မတွဲမီ အဆိုပါ မင်းသမီးများနှင့် တွဲဘက် ကပြခဲ့လေသည်။
မထွေးလေးခေါ် အမေထွေးခေတ် နောက်တွင် ကျော်စော ထင်ရှားလာခဲ့ကြသော ဇာတ်မင်းသမီးကြီများကား ဒေါ်စိန်နက်၊ ဒေါ်ငွေဘော်၊ ဒေါ်စိန်ထား၊ ဒေါ်စိန်ည|ာ၊ ဒေါ်စိန်ဖော့၊ ဒေါ်စိန်ကျော့၊ ဒေါ်စိန်ညွန့် စသူတို့ ဖြစ်ကြသည်။ ဒေါ်စိန်နက်သည် နာမည်ကျော် ဇာတ်မင်းသား ဆရာမွှန်းနှင့် တွဲဘက်ကပြခဲ့သော နာမည်ကျော် ဇာတ်မင်းသမီး ဖြစ်သည်။ ရှေးခေတ် ပန်းပင်စိုက် မြေဝိုင်းခေတ်တွင် ညဉ့်ဦးယံ၌ ယိုးဒယား လေးပွင့်ဆိုင် ကကြရလေရာ၊ ဒေါ်စိန်နက်၏ ခြေဟန် လက်ဟန်ကို ကြည့်ပြီးလျှင် ကပြ ကြရသည်ဟုဆိုသည်။ ဒေါ်ငွေဘော်သည် ဇာတ်မင်းသား ဦးစိန္တာနှင့် တွဲဘက်ကပြ၍ နာမည်ရ မင်းသမီးတစ်လက်ဖြစ်၏။ ဒေါ်စိန်ထားသည် ထိုခေတ်က ဇာတ်မင်းသမီး အလှတွင် မစိန်ထား ဟူ၍ပင် ကျော်ကြားခဲ့သူဖြစ်သည်။ ဒေါ်စိန်ည|ာမှာမူ ရုပ်နှင့်မျက်နှာပေးကောင်းသည်ဟု ကျော်ကြား ခဲ့လေသည်။ ဒေါ်စိန်ဖော့နှင့် ဒေါ်စိန်ကျော့တို့ သည်လည်း နာမည်ကျော် ဇာတ်မင်းသမီးများဖြစ်၏။ ဒေါ်စိန်ညွန့်သည် ဇာတ်မင်းသား မျောက်-ဦးစစ်တွေ၏ ဇနီးဖြစ်၍ ဇနီး ခင်ပွန်း နှစ်ဦးလုံးပင် နာမည်ရ မင်းသား၊ မင်းသမီးများ ဖြစ်သည်။ ဒေါ်စိန်ညွန့်သည် အောက်မထွေးလေး ဟူ၍ပင် နာမည်ရခဲ့ လေသည်။
ယောက်ျားမင်းသမီး ဦးအောင်ဗလသည် ဣတ္ထိယဇာတ်ဝင် မဟုတ်သော်လည်း မိန်းမဟန် အမူအရာ အချွဲ၊ အနွဲ့၊ အလှည့်၊ အဟိုက်တို့၌ မိန်းမမင်းသမီးတို့ပင် လိုက်မမီအောင် ရှိရသည်။ ကကြိုး၊ တုပ်ကြိုး ကကြလေ့ရှိသည်။ စခွံ့ ခေါ်မန္တလေးဒိုး ကကြိုးကို အောင်ဗလပင်ထွင်သည်ဟု ဆိုသည်။ နောက်နာမည် ထွက်လာမှ မထွေးလေး၏ ကကြပုံကို ယူသော်လည်း အဆင်တူ၏။ ခြေမတူ ဖြစ်နေသည်ဟုလည်း ဆိုလေသည်။ ဇာတ်ကပြရာတွင် အရပ်သဘောအတိုင်း ပြောလေ့ဆိုလေ့ ရှိသည်။ သို့သော် ဇာတ်ထုပ်ဇာတ်ကွက်စာကို လက်မလွတ်ပေ။ မင်းထင်မယ်မှန်၊ ထိလပ်ပိုးအု၊ ဘို့မယ်တက်ခါ၊ ကာကဝလ္လိယ၊ ဝီဇယ စသော ဇာတ်ထုပ်များကို ကပြရာတွင် သရုပ်ပေါ်အောင်၊ ဇာတ်နာအောင် စီးစီးနင်းနင်း ကပြတတ်လေသည်။
ဦးဘိုးစိန်နှင့် အောင်ဗလ တွဲကသော နှစ်၊ ဦးစိန်ကတုံးနှင့် အောင်ဗလ တွဲကသော နှစ်များတွင် ဇာတ်ပွဲကြည့်ရသည်မှာ စွယ်စုံကောင်း ဖြစ်သည်ဟု ပြောစမှတ် ပြုကြလေသည်။ ဦးဘိုးစိန်နှင့် ပထမဆုံး တွဲဘက်မင်းသမီး အဖြစ် နာမည်ကျော်ခဲ့သူမှာ ဒေါ်ငွေစိန်ဖြစ်သည်။ ဘိုးစိန်-ငွေစိန် ဟု အမြင်ပင် ခွဲမရအောင် အမည်ချင်း ပူးပေါင်းခေါ်ဝေါ်ခဲ့ကြ သည်။ ဘိုး-စိန်-ငွေစိန်တို့သည် အရွယ်ငယ်စဉ်ကပင် သစ္စာထား နှစ်ပါးသွားတွင် လူတိုင်း ကြိုက်ခဲ့ကြသည်။ ဒေါ်ငွေစိန်သည် ကျိုက်လတ်မြို့ဇာတိ၊ ဇာတ်မျိုးဇာတ်နွယ် ဖြစ်သည်။ ဒေါ်ငွေစိန်၏ မိခင်သည် ဇာတ်မင်းသမီးကြီး ဗမာမသိုင်းခြုံဟူ၍ ကျော်ကြားခဲ့သည် ဒေါ်သွယ်ဆိုသူဖြစ်၍ ဖခင်သည် ဇာတ်မင်းသား ဦးညာခိုင်ဆိုသူ ဖြစ်လေသည်။ ဒေါ်ငွေစိန်တွင် ငွေရီ၊ ညိုညို၊ ကျင်ဥ၊ ရင်နု ဟူ၍ ညီမလေးယောက် ရှိသေးရာ အားလုံးပင် နာမည်ကျော် ဇာတ်မင်းသမီးများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးပင် ဦးဘိုးစိန်နှင့် ဆက်ကာဆက်ကာ တွဲကခဲ့ကြ၍ နာမည်ရခဲ့ကြ သည်ချည်း ဖြစ်လေသည်။ ဒေါ်ငွေစိန်တို့ ညီအစ်မ ငါးယောက်တွင် ဒေါ်ငွေစိန်နှင့် ဒေါ်ကျင်ဥတို့သာ သဘင်သက် တာရှည်ခဲ့၏။ ဒေါ်ကျင်ဥသည် မင်းသမီးဘဝတွင် အနေကြာ ခဲ့၍၊ သူ၏သီချင်းများလည်း အတော်ခေတ်စားခဲ့၏။ များသောအားဖြင့် ဦးဘိုးစိန်နှင့် တွဲဘက် ကပြခဲ့သော အချိန်က များလေသည်။ ဒေါ်ငွေစိန်တို့နှင့် မရှေးမနှောင်းပင် တွံတေး ဆံတောက် မငွေသင်ခေါ် နည်မည်ရ ဇာတ်မင်းသမီး တစ်ဦး ထွက်ပေါ်ခဲ့သေးသည်။ အမျိုးသမီးများချည်း ပါဝင်သော ဇာတ် အဖွဲ့ကို ဦးစီးကပြခဲ့၏။ ဒေါ်ငွေသင်သည် ဆိုင်းဆရာကြီး အလင်္ကာကျော်စွာ ဦးဟံပ၏ ဇနီးဖြစ်၍ သမီးဖြစ်သူ ပလိုတီယာ မသိန်းသည်လည်း နာမည်ကျော် ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်မြိုင်သည် ဦးဘိုးစိန်၏ အစ်မရင်းဖြစ်သည်။ ဇာတ်သဘင်သည်တို့ တတ်အပ်သော ပညာနှင့် ပြည့်ဝ၍ သဘင်ဝါ ရင့်လှသည်။ အရွယ်ကြီး သောအခါ မယ်တော်အခန်း၊ သူဌေးကတော်ကြီးအခန်း စသည်တို့မှ အလွမ်း အဆွေးကို ထိထိမိမိ သယ်နိုင်သော သတ္တိရှိသည်။ ဆိုင်းဆရာ အလင်္ကာကျော်စွာ ဦးဘမောင်သည် ဒေါ်စိန်မြိုင်၏သား ဖြစ်၍၊ နိုင်ငံကျော် ရွာစား ဆရာစိမ့်သည် ဦးဘမောင်၏ ဖခင်၊ ဒေါ်စိန်မြိုင်၏ ခင်ပွန်းဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်ဥသည် ကျိုက်ထိုသူဇာတိဖြစ်၏။ မင်းသမီး ဒေါ်ငွေစိန်နှင့် ဦးဘိုးစိန်တို့ ဇာတ်ခေါင်းကွဲပြီး နောက်တွင် ဒုတိယ ဆက်လက်တွဲကသော ခေါင်းဆောင် ဇာတ်မင်းသမီး ဖြစ်သည်။ ဒေါ်စိန်ဥသည် ဒေါ်ငွေစိန်နှင့် ပခုံးချင်း ယှဉ်နိုင်သော ဇာတ်ခေါင်းဆောင် မင်းသမီးလည်း ဖြစ်၍ အလွမ်း၊ အဆွေး၊ ဇာတ်အိမ် ဇာတ်ကွက် အသယ်အယူ နိုင်နင်းလှလေသည်။ ဦးဘိုးစိန်နှင့် တွဲကယင်းပင် ဦးဘိုးစိန်နှင့် အကြောင်းပါခဲ့သည်။ ထို့နောက် နှစ်အတော်ကြာ ကွဲနေပြီးမှ ဒေါ်စိန်ဥနှင့် ပြန်တွဲကကြပြန်ရာ စိန်ဥဖြင့် အပိန်တစ်ခု အဖတ်တင်၊ မျောက်မြင်ယင် ကျုပ်အလွဲ နစ်သူမို့ အုတ်ခဲနဲ့ ပစ်ချင်၊ ဘိုးစိန်ဟာ အရိုးပိန်မရယ်လို့၊ အဲဒီတုန်းက ပစ်သွားသရှင် --- ဟူသော သီချင်းနှင့် ညတိုင်း ကတိုင်းရန်တွေ့သည်။ ဦးဘိုးစိန်ကလည်း မျက်နှာရူး တိုက်နှူးပြန်သည်။ ပွဲကြည့် ပရိသတ်တို့ တသဲသဲနှင့် နားကွဲမတတ် ဩဘာပေးကြလေသည်။ မင်းသားများကဲ့သို့ ကတ္တီပါ ဘောင်းဘီ၊ ပိုးပုဆိုး ခါးတောင်းကြိုက် ဝတ်ဆင်၍ ဓားကစားပြရာတွင် အလွန်တော် သော မင်းသမီးမှာ ဒေါ်ကျော်ဗလ ဖြစ်သည်။ ဒေါ်ကျော်ဗလသည် လူရွှင်တော် ဦးပဒုမ္မာ၊ ဒေါ်ဖြူတို့၏ သမီး မန္တလေးမြို့သူ ဖြစ်သည်။ အမည်ရင်းမှာ မအေးဖြစ်၏။ အလွမ်းနိုင်သော မင်းသမီးတစ်ဦး ဖြစ်သည့်ပြင် မင်းသမီး ယောက်ျားယောင် ဆောင်ရသော အခန်းများတွင် ကျွမ်းကျင်လှသည်ဟု ဆိုလေသည်။ ဇာတ်မင်းသမီး ဒေါ်ကျော်ဗလသည် နာမည်ကျော် ဇာတ် မင်းသား ဦးစိန်ကတုံးနှင့်လည်း တွဲဘက် ကပြဘူးလေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက်ကပြခဲ့၍ နာမည်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ မန္တလေး ဦးကြွင်း၏ သမီး (ဦးစိန်ကတုံး၏ ပထမ ဇနီး ) ဒေါ်စမ်းကြည်၊ ဒေါ်စိန်နွဲ့၊ ဒေါ်သိန်းညွန့်၊ ဒေါ်မြညွန့်၊ ဒေါ်စိန်ချစ်၊ ဒေါ်ဩဘာစိန် စသူတို့ ဖြစ်သည်။ ဒေါ်မြညွန့်မှာ ဦးစိန်ကတုံး၏ တပည့်မင်းသမီးတစ်ဦးဖြစ်၍ အကကောင်းသဖြင့် ကျော်ကြား သည်။ ကြည့်မြင်တိုင် ဈေးကလေးရပ်သူ ဒေါ်စိန်ချစ်သည် မူလက ဇာတ်ကလေးမင်းသမီး ဖြစ်သည်။ ဦးစိန်ကတုံး ဇာတ်တွင်ဝင်၍ ကစက၊ မပြောရဲ မဆိုရဲ မကရဲ ဖြစ်နေရာ၊ ဇာတ်ဆရာ ဦးစိန်ကတုံးက ငါ၏ အရိပ်အခြည်ကို ကြည့်၊ ငါစကားခင်းပေးတာလိုက်၊ ငါ ကပုံကြည့်၊ ရဲရဲက ရဲရဲဆို၊ ရဲရဲပြောဟု သုံးနှစ်ကျော်လေးနှစ် သင်ပြယင်း ကပြခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ပညာရည် ပြည့်ဝခဲ့ ပြီးလျှင် လူကြိုက် များလာသော ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက် ကပြခဲ့သော ဒေါ်ဩဘာစိန်သည်လည်း နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်၏။ တွံတေး ဇာတိ ငယ်မည်မစိန်ဖြစ်၍ မင်းသမီး တွံတေး ဆံတောက်မငွေသင် ထံတွင်လည်းကောင်း၊ ကြည့်မြင်တိုင် ရေတွင်းကုန်း ဆရာဉာဏ် ထံတွင်လည်းကောင်း သဘင်ပညာကို သင်ကြားခဲ့သည်။ ထို့နောက် ပသီ မြညွန့်နှင့် တွဲဘက်ကပြခဲ့၍ အငြိမ့် မင်းသမီးအဖြစ်လည်း ကပြခဲ့သည်။ အငြိမ့်မင်းသမီးအဖြစ် ကပြနေရာမှ တစ်ဖန် မင်းသား ဦးစိန်အုပ်နှင့် တွဲကခဲ့ပြန်သည်။ အသက် ၁၆ နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အသက် ၃ဝ ကျမှပင် ထိုဇာတ်မှ ထွက်ခဲ့၏။ ထိုစဉ်က ဒေါ်ဩဘာစိန်သည် အသက်အရွယ် ငယ်သော်လည်း အနုသဘင် ပညာအရာတွင် ရှေ့တန်းမှ နေနိုင်သောကြောင့် ဦးစိန်ကတုံးမှ အစ ဇာတ်သူဇာတ်သားများက အရေးပေးခြင်း ခံရလေသည်။ ဦးစိန်ကတုံး ဇာတ်မှ ထွက်ပြီးနောက်တွင် ဇာတ်မင်းသား ဦးကျော်မြသောင်းနှင့်လည်းကောင်း၊ မင်္ဂလာ ဦးအောင်ဘညိုနှင့် လည်းကောင်၊ မင်္ဂလာ ဦးအောင်မောင်းနှင့် လည်းကောင်း တွဲဘက် ကပြခဲ့လေသည်။ ထိုနောက်တွင် ခင်ပွန်းသည် ဖြစ်သူ ဇာတ်မင်းသား ဦးလွန်းမောင်နှင့်အတူ ကိုယ်ပိုင်ဇာတ်ထောင်ကာ ကပြနေခဲ့ရာမှ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင် ကပြခဲ့ရပြန်လေသည်။ ထိုအခါ ဦးလွန်းမောင်က ဇာတ်ဆောင်မင်းသားကြီးအဖြစ်လည်းကောင်း၊ ဒေါ်ဩဘာစိန်က ဇာတ်ဆောင်မင်းသမီးကြီးအဖြစ်လည်းကောင်း ကပြခဲ့၏။ ထိုအတွင်း ခင်ပွန်းသည် ဦးလွန်းမောင် ကွယ်လွန်သွား၍ ဦးဘိုးစိန်ဇာတ်မှထွက်ကာ အနားယူခဲ့သော်လည်း မနေသာသောကြောင့် အမယ်ကြီးအို အောင်စိန် ဇာတ်အဖွဲ့တွင် တစ်နှစ် ပါဝင်ကပြခဲ့ရသေးသည်။ ထိုနောက်တွင်ကား သဘင်အလုပ်မှ အနားယူလိုက်လေသည်။ ဒေးဒရဲ ကညင်ကုန်းဇာတိ အိုးစည် ဒေါ်အေးစိန်သည် ရောင်တစောင်း ဆံမြိတ်ကွင်းထုံး၊ လည်ထောင် ပါလည်ကွေး၊ လက်ကြပ်ဆင်၍၊ ကတ္တီပါ ဘောင်းဘီခံ၊ လွန်းပုဆိုးခါးတောင်း ကြိုက်၍ အိုးစည်အကနှင့် လူကြိုက်များသည်။ မျက်နှာချိုနှင့် ရုပ်ချော ပျော့ပျောင်းသူ ဖြစ်၏။ ရုတ်တရက် နာမည်ကြီး လာကာ လူကြိုက်များလာသော်လည်း သဘင်သက် မရှည်လှပေ။
ဇာတ်မင်းသမီးကြီး အလုံစိန်တင်သည် ကမာကဆစ်သူ ဖြစ်သော်လည်း ရန်ကုန်အလုံရပ်တွင် နေသဖြင့် အလုံစိန် တင်ဟု ခေါ်တွင်ခဲ့လေသည်။ ဇာတ်ကခြင်းဖြင့် သုံးနှစ်လောက်သာ ကြာသော်လည်း ဇာတ်ထုပ်အတော်များများ ဓာတ်ပြား သွင်းခဲ့ဘူးသည်ဟု ဆိုလေသည်။ ပုဇွန်တောင် စက်ဆန်းသူ နဂါးမ ဒေါ်မြနှစ်သည် မင်းသမီးအဖြစ် ကျော်ကြားလာစဉ်က ဆံတောက်ချနှင့် ဝဝတုတ်တုတ်ကလေး ဖြစ်၏။ ဣသိန္နရသေ့ဇာတ်တွင် နာမည် ကြီးသည့်ရသေ့ ဈာန်လျှောအောင် ပြုရသော အခန်းမှာ မမြနှစ်၏ ရုပ်နှင့် နှုတ်ကို ပွဲကြည့်ပရိသတ်တို့ အထူးသဘောကျကြ၏။ နဂါးမ မမြနှစ်ဟု အမည်တွင်ခဲ့ခြင်းမှာ ဘူရိဒတ်ဇာတ် ကပြသောအခါ နဂါးခေါင်း ဆောင်း၍ ကပြရသည်ကအစ နဂါးမ မမြနှစ်ဟု ခေါ်ကြခြင်းဖြစ်သည်ဟု ဆို၏။ ယိုးဒယား သိန်းမေခေါ် ဒေါ်သိန်းမေသည် မဟာဂီတဝင် သီချင်းမှန်သမျှ အံကျစည်းကျ နွဲ့နွဲ့လျလျ သီဆိုတတ်သူ ဖြစ်သည်။ ရုပ်ရည် ပြေပြစ်ချောမောသည်။ အသံသာယာသည်။ အကညက်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အရွယ်ကြီးသောအခါ ယိမ်းခေါင်းဆောင်၊ ယိမ်းဆရာအဖြစ်နှင့် တပင်တိုင် မင်းသမီး အကများကိုသာ ကပြလေသည်။ ဒေါ်သိန်းမေသည် သံလျင်မြို့နယ် ပုဂံတောင်ရွာ ဇာတိဖြစ်၏။ ဇာတ်မင်းသမီး ဒေါ်ကျင်ယုံသည် ရန်ကုန်ဇာတိဖြစ်၍ ငယ်စဉ်က သေးသေးကွေးကွေးနှင့် ယဉ်စစ ဖြစ်၏။ မင်းသား အဝတ်အစားဖြင့် ကပြရသည်က များသည်။ မင်းသမီးအဖြစ် ကပြ၍ နှစ်နှစ်သုံးနှစ်ခန့်အကြာ နာမည်ထွက်စတွင် ဇာတ်မင်းသား ဦးဘိုးစိန်နှင့် အကြောင်းပါသဖြင့် ဇာတ်စင်ပေါ်သို့ မတက်ရတော့ဘဲ သားသည်အမေအဖြစ်နှင့် နေယင်းက ဇာတ်အိမ် ဇာတ်ကွက်များတွင် ဖြည့်စွက်သင် ကြားပေးခြင်းဖြင့် တစ်ဘက်တစ်လမ်း အကူအညီပေးခဲ့ရလေသည်။ နာမည်ကျော် ဇာတ်မင်းသားများဖြစ်ကြသော ကနက်စိန်၊ စိန်ကြိုင်နှင့် တစ်သက်စိန်တို့၏ မိခင်ဖြစ်သည်။ နာမည်ကျော် ဂီတစာဆို နန်းတော်ရှေ့ ဆရာတင် ပထမဆုံး ရေးစပ်သည့် မယ်အေးလေးက ပို့တဲ့မေတ္တာ၊ အပြည်ပြည် အရွာရွာ မလစ်ခဲ့ပါဘူး၊ ရောက်သမျှ မြို့ရွာ ချစ်ကြပါသတဲ့ အသစ်ကလေးမို့ ကြာမူပါတာ ဟူသော သီချင်းကို သီဆို၍ မေးထိုးပြီး မျက်စကို ဘယ်တစ်ဘက် ညာတဘက်၊ တစ်ဘက်စီပစ်၍ ကပြခဲ့သဖြင့် နာမည် ရလာခဲ့သော ယုဇနအေးစိန်သည် မူလက အငြိမ့်မင်းသမီး ဖြစ်၏။ နောင်အခါ ဇာတ်မင်းသမီး အဖြစ်နှင့် နာမည်ကြီး ဇာတ်မင်းသမီးများနှင့် တွဲကခဲ့သည်။ နောက်ဆုံးအချိန်တွင်မှ ဇာတ်မင်းသား ဦးဘိုးစိန်ကြီးနှင့် တွဲကခဲ့ရာ၊ ထိုအချိန်တွင် နှစ်ယောက်စလုံး အသက်ရွယ် ထောက်လာပြီဖြစ်၍ နှစ်ပါးသွား သစ္စာထား သီချင်းများကို ဖေတော့ မောင်တော့တွေ မပါစေဘဲ တရားဓမ္မ လေသံပြောင်း၍ စပ်ဆိုကပြခဲ့ကြလေသည်။ ဒေါ်အေးစိန်သည် ဇာတ်သဘင် မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်သော်လည်း နာမည်ရမင်းသမီး တစ်လက်ဖြစ်သည်။ ရန်ကုန်မြို့ ပန်တျာကျောင်းတွင် အဆိုနည်းပြဆရာမကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်ဒေလီညွန့်သည် တွံတေးမြို့နယ် ကျိုက်သလဲရွာ ဇာတိဖြစ်၍ ငယ်မည် မသန့်စင်ဟုခေါ်သည်။ ငယ်စဉ်ကပင် အရွယ်နှင့် မလိုက်အောင် ဂီတဘက်တွင် ဝါသနာ အထုံ ကြီးလှသောကြောင့် အသက်ကိုးနှစ်အရွယ်တွင် ဇာတ်ထဲသို့ လိုက်ခဲ့သည်။ ထိုအခါက ရွှေခြေကျင်း မသန့်စင်အမည်ဖြင့် ကပြခဲ့ရာ၊ ရွှေခြေကျင်း မသန့်စင် အမည်သည် ရေပန်းစားခဲ့၏။ ၁၅ နှစ်အရွယ်တွင် မင်းသား လူပြက် ဦးဇာကျယ်ကြီးနှင့် တွဲ၍ ကခဲ့ရသည်။ ထိုစဉ်က မြေဝိုင်း ပန်းပင်စိုက် ကပြရသော ခေတ်ဖြစ်၍ ရွှေခြေကျင်း မသန့်စင်သည် အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ပင် သွားရောက်ကပြခဲ့ဘူး၏။ ဒေလီမြို့မှ ပြန်ရောက်သောအခါ ရွှေခြေကျင်း မသန့်စင်အမည်ကို ဖျောက်၍ ဒေလီညွန့် အမည်ဖြင့် ဇာတ်ကခဲ့လေသည်။ အငြိမ့်များ ပေါ်စခေတ်တွင် အငြိမ့်ခေါင်းဆောင် မင်းသမီးအဖြစ် ကူးပြောင်း ကပြခဲ့ရာ ကျော်ကြားလေသည်။ ဒေါ်ဒေလီညွန့်သည် အဝေးရောက်မင်း ဦးအောင်ကြီး၊ စောင်းမိကျောင်း ဆရာ ဦးအုံးပွင့်၊ ဒေဝဣန္ဒာ ဦးမောင်မောင်ကြီး၊ ဆရာတာ၊ ဆရာလွှာ စသူတို့ထံတွင် ဂီတသီချင်းကြီး ပညာရပ်များကို ရယူခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီခေတ်နှင့် စစ်ပြီးခေတ်တို့တွင် မြန်မာ့အသံလွှင့်ဌာနမှ သီချင်းကြီးပိုင်းတွင် အသံလွှင့်ခဲ့လေသည်။ မြခြေကျင်း မငွေမြိုင်သည် ဇာတိအားဖြင့် ကြည့်မြင်တိုင်သူ ဖြစ်သော်လည်း မန္တလေးတွင် ကြီး၍ သူ့တစ်သက်လုံး မန္တလေးတွင် နေသွားပြီလျှင် မန္တလေးတွင် ခေါင်းချသွားလေသည်။
မြခြေချင်း မငွေမြိုင်
ဒေါ်ငွေမြိုင်၏ ကသက် အနှစ် ၃ဝ နီးပါးတွင် ဇာတ်မင်းသမီး အဖြစ်နှင့်ချည်းက၍ နှစ်နှစ်ကျော်မျှသာ အငြိမ့်မင်းသမီးအဖြစ် ကပြခဲ့သည်။ ဇာတ်မင်းသမီး လုပ်သည့်အခါ ဦးဘိုးစိန်နှင့်လည်း တွဲဘူးသည်။ သူ့ဇာတ် သူထောင်၍လည်း ကသည်။ ဒေါ်ငွေမြိုင်သည် သူကိုယ်တိုင် ကဇာတ်သဘင် ပညာတွင် အရည်အခြင်း ပြည့်ဝသည်က တစ်ကြောင်း၊ ဇာတ်ကို ဦးစီး၍ ကနိုင်သည့် မင်းသမီး ဖြစ်သည်က တစ်ကြောင်း၊ ယောက်ျားတွေက သူ့ကို အင်မတန် စွဲမက်နှစ်သက်လှသည်က တစ်ကြောင်းတို့ကြောင့် သူ့ဇာတ်တွင် သူနှင့်တွဲကရသည့် မင်းသားသည် မည်သည့်အခါတွင်မျှ မပေါ်တော့ဘဲ အလိုလိုနေယင်း မြုပ်သွားရသည်ဟုဆိုသည်။ ဒေါ်ငွေမြိုင်သည် ဦးဘိုးစိန်နှင့်လည်းကောင်း၊ ဒုတိယ ဘိုးစိန်နှင့်လည်းကောင်း၊ မင်းသား အောင်စည်ဗလနှင့် လည်းကောင်း၊ မင်းသား ဘလှိုင်နှင့်လည်းကောင်း တွဲကခဲ့သည်။ ဒေါ်ငွေမြိုင်၏ ဇာတ်သဘင်သက်၌ အကျော်ဆုံးအချိန်မှာ အသက် ၃ဝ ခန့် အရွယ်ကောင်းတွင် မင်းသားဘလှိုင်နှင့် တွဲ၍ ရွာစား စိန်ဗေဒါ၏ ဆိုင်းနှင့် ကစဉ်က ဖြစ်လေသည်။ ဒေါ်ငွေမြိုင်၏ အသံမှာ ပင်ကိုအားဖြင့် အသံကောင်းလှသည်ဟု ပြောနိုင်သည့် ပထမတန်းစား အသံမျိုး မဟုတ်သော်လည်း ပြတ်ပြတ်သားသား ဆိုနိုင်သည်။ အာခေါင်အားရင်း ရှင်းစွာ သီဆိုနိုင်သည့် မင်းသမီးဖြစ်၍ သီချင်းဆိုရာတွင် အထူးသဖြင့် ခြေဆင်း အဆိုကောင်းသောကြောင့် ခြေဆင်းကို ရှည်ရှည်စပ်၍ ပေးကြရသည်။ ဒေါ်ငွေမြိုင်သည် အကကို မင်းသားကရော မင်းသမီးကပါ ပိုင်ပိုင်နိုင်နိုင် ကတတ်သည်။ ကသည့်အခါ ခြေဆစ်လက်ဆစ် အလွန်ကျိုးသူဖြစ်၏။ ဒေါ်ငွေမြိုင်သည် ဇာတ်စီးခေါင်းဆောင် မင်းသမီးကြီး ဘဝနှင့် သူ့ဇာတ်သူ ထောင်၍ ကယင်း မင်းသား မင်းသမီး အများဆုံး မွေးထုတ်ခဲ့သည်။ ယင်းတို့ အထဲတွင် အကျော်ဆုံးမှာ မင်းသား ရွှေမန်းတင်မောင်နှင့် မင်းသမီး ရတနာပုံ ခင်ကြည်တို့ ဖြစ်လေသည်။
ပဲခူးမယ်ကျော့ ဆိုသော မင်းသမီးကြီးသည်လည်း နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်၍ ဒေါ်ငွေမြိုင်ကဲ့သို့ သဘင် ဝါရင့်သူဖြစ်သည်။ ထို့အတူ လေဘာတီ ဒေါ်ခင်ညွန့်သည် လည်း သဘင်ဝါရင့်သည့် မင်းသမီးကြီးတစ်ဦး ဖြစ်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ကာလအတန်ကြာ ပါဝင်ကပြခဲ့ဘူး လေသည်။ ဇာတ်မင်းသမီး |ကောလိပ်စိန်၏ အမည်ရင်းမှာ မမြလွင် ဖြစ်သည်။ ဒေါ်ကောလိပ်စိန်သည် ဦးဘိုးစိန်နှင့် တွဲခဲ့သမျှသော မင်းသမီးများအနက် ဦးဘိုးစိန် အားအကိုးဆုံး လက်က သုံးတောင်ဝှေး မင်းသမီး ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ရှေးယခင်က ဘိုးစိန်-အောင်ဗလ၊ ဘိုးစိန်-ငွေစိန်ဟူ၍ အမည်များ ဒွန်တွဲ ကျော်ကြားခဲ့ပြီးနောက်တွင် ဦးဘိုးစိန်သည် မြောက်မြားစွာသော မင်းသမီးတို့နှင့် တွဲခဲ့သော်လည်း ဒေါ်ကောလိပ်စိန်နှင့်တွဲ၍ ကသော အခါတွင်မှ ဘိုးစိန်- ကောလိပ်စိန် ဟူ၍ အမည်များ ဒွန်တွဲကျော်ကြားခဲ့ပြန်လေ သည်။ ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အဆင်ပြေ၍ အသံဝါအသံကောင်း အပြောကောင်း အဆိုကောင်းဖြစ်သော ကြောင့် ကောလိပ်စိန်ကို ပရိသတ်တို့ အသဲစွဲကြိုက်ကြသည်။ အကတွင် ဦးဘိုးစိန်၏ ကဟန်များကို ထက်ကြပ်မကွာ လိုက်နိုင်သဖြင့် ၂၅ နှစ်အရွယ်တွင် ဦးဘိုးစိန် မျက်နှာ လွှဲနိုင်လောက်အောင် အရည်အချင်း ပြည့်လာသည်။ ဦးဘိုးစိန်အဖို့ ကောလိပ်စိန်မှာ မရှိမဖြစ်သော မင်းသမီးဘဝသို့ ရောက်လာသည်ဟု ဆိုလေသည်။ ထိုမှတစ်ပါး အထိုက်အလျောက် ထင်ပေါ်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ ပုဏ္ဏမ ဒေါ်ငွေစိန်၊ ဒေါ်ညွန့်ရီ၊ နေရှင်နယ် ဒေါ်ခင်ပု၊ ယုဝတီ ဒေါ်ခင်ညွန့်၊ ဒေါ်စိန်မေ၊ ဟံသာဝတီ ဒေါ်သန်းကြည်၊ ပလိုတီယာ ဒေါ်သိန်း၊ ဒဂုန် ခင်လှကြည်၊ ပဲခူးမြ၊ ဒေါ်ဗလပြန်၊ မြသန်းရင်၊ စိန်ဟန်တင်၊ အောင်သန်းတင်၊ စိန်လေဒီ၊ စိန်လှကြည်၊ ဥဩရွှေ၊ ခင်စန်းတင် စသူတို့ ဖြစ်လေသည်။
ကိုးကား
[1]
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
#𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_𝚆𝚒𝚔𝚒𝚖𝚎𝚍𝚒𝚊
Wednesday, November 13, 2024
ကိုယ်ဝန်ဆောင်နှင့် အရေပြားအလှအပ
"ကိုယ်ဝန်ဆောင်တဲ့ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို မီးဖွားပြီးတဲ့အခါမှာလည်း အလိုလို မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်" 
◾️ အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံခြင်း
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဝက်ခြံအဆီဖု၊ အမည်းကွက်၊ တင်းတိပ်များ၊ အကြောပြတ်အရာများ ဖြစ်တတ်သည့်အတွက် သန္ဓေသားကို မထိခိုက်စေတတ်သော အသားအရေထိန်းသိမ်းမှုနည်းများ၊ အသားအရေစိုပြည်ကျန်းမာစေရန် ဘေးထွက်ဆိုးကျိုးမရှိသော အလှကုန်ပစ္စည်းများ အသုံးပြုသင့်ပုံနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေညိုမည်းခြင်းကို သက်သာစေမည့်နည်းလမ်းများအကြောင်းကို သိရှိစေရန် အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံပြီး မေးမြန်းဖော်ပြလိုက်သည်-
မေး - ကိုယ်ဝန်ဆောင်စဉ်ကာလ အမျိုးသမီးအတွက် အသားအရေထိန်းသိမ်းဖို့ လိုအပ်ပါလား ဆရာမ။ ရှင်းပြပေးပါဦး။
ဖြေ - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမက ကိုယ်ဝန်ဆောင်ရန် ကြံရွယ်ထားတဲ့ အမျိုးသမီးတွေလည်း အသားအရေကို အစဉ်အမြဲထိန်းသိမ်းရန် လိုပါတယ်။ အထူးသဖြင့် ဝက်ခြံအဆီဖုထွက်တတ်တဲ့ အသားရေနဲ့ အမည်းစက်၊ တင်းတိပ်ထွက်တတ်သော အမျိုးသမီးတွေ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်နေရာမှာ ကိုယ်ဝန်ဆောင်တဲ့အခါ အကြောပြတ်ရာများဖြစ်တတ်လို့ ဝမ်းဗိုက်ကို သံလွင်ဆီ သို့မဟုတ် အလှဆီတစ်မျိုးမျိုး နေ့စဉ်ပုံမှန် အသုံးပြုဖို့လိုပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားအရေသည် ပုံမှန်အချိန်ထက် Sensitive ဖြစ်နိုင်လို့ အရေပြားအပေါ်ယံ အဆီလွှာ (Skin Barrier) ကောင်းမွန်စေရန် ရေကို တစ်နေ့နှစ်လီတာသောက်သုံးပြီး အရေပြားစိုပြည်စေရန် အစိုဓာတ်ပေးတဲ့ Moisturizer  တစ်မျိုးကို နေ့စဉ် ပုံမှန် အသုံးဖို့လိုအပ်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားညိုမည်းခြင်း၊ တင်းတိပ်၊ ဝက်ခြံထွက်ခြင်းများရှိတတ်လို့ ဘယ်လို Skin Care ပစ္စည်းတွေကို အသုံးပြုသင့်ပါလဲ။
ဖြေ - လူတစ်ဦးရဲ့ ပုံမှန်ဇီဝဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အမည်းစက်၊ တင်းတိပ်ထွက်ခြင်း၊ နေလောင်ကွက်များထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်တဲ့ ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့အခါမှာလည်းအလိုလိုမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။
ဒါကြောင့် အကာအကွယ်မဲ့ နေပူထဲ အလွန်အမင်းသွားခြင်းမလုပ်ဘဲ နေပူထဲထွက်တဲ့အခါ SPF 50 Titanium Dioxide ပါဝင်သည့် နေလောင်ကာ Mineral Sunscreen ကို နေပူထဲမသွားခင် မိနစ် ၃၀ အလိုတွင် အသုံးပြုခြင်း၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည့်နေလောင်ကာပစ္စည်းများ သုံးဖို့လိုပါတယ်။
တချို့သော ဆေးပညာသုတေသန လေ့လာတွေ့ရှိချက်များအရ ကိုယ်ခန္ဓာမှာ လိမ်းတဲ့ Chemical Sunscreen  ဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်အသုံးပြုရန်မသင့်ကြောင်း ဖော်ပြထားလို့ ကိုယ်ဝန်ဆောင်မိခင်များ နေလောင်ကာ Sunscreen ရွေးချယ်တဲ့အခါ အထူးသတိပြုဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဖြစ်တတ်သော အမည်းကွက်၊ နေလောင်ကွက်များအတွက်Vitamin C, Vitamin B3 (Niacinamide), (Brighting Effect) ပါဝင်တာတွေကို သုံးဖို့ သင့်လျော်ပါတယ်။
သို့သော် မိမိအသုံးပြုဖို့ ရွေးချယ်ထားတဲ့ Skincare ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မသင့်လျော်သော အခြား Chemical Compound ပစ္စည်းများပါဝင်ခြင်း ရှိ၊ မရှိကိုလည်း အသုံးမပြုခင် တခြားတတ်ကျွမ်းနားလည်တဲ့ဆရာဝန်များ သို့မဟုတ် အတတ်ပညာရှင်များနှင့် တိုင်ပင်ဖို့လိုပါတယ်။
ဝက်ခြံအဆီဖုရှိသူများအဖို့ Vitamin A (Retinol)စတဲ့ Compound များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားကို ထိခိုက်နိုင်တဲ့အတွက် အထူးရှောင်ကြဉ်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်အချိန်များထက် အဆီထုတ်လုပ်မှုပိုများတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးရွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း Double Cleansing လုပ်ရန်လိုအပ်သလို Azelaic Acid ပါဝင်တဲ့ ဝက်ခြံလိမ်းဆေးတွေဟာလည်း ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ အသုံးပြုနိုင်လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာရော မီးဖွားပြီးအချိန်မှာပါ အရေပြားခြောက်တတ်ခြင်းကို ဘယ်လိုကာကွယ်သင့်ပါလဲ။ ဖြေရှင်းလို့ရမယ့် နည်းလမ်းများကိုလည်း မျှဝေပေးပါဦး။
ဖြေ - အဓိကအားဖြင့် အရည်ရွှမ်းပြီး ရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ၊ ဖိုင်ဘာဓာတ်များတဲ့အသီးအရွက်တွေကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပြီး အသားအရေကို စိုပြည်စေတယ်။ အမွှေးနံ့သာမပါဝင်တဲ့ Hyaluronic Acid ပါဝင်တဲ့ အရေပြားအစိုဓာတ်ပေးတဲ့ Daily Moisturizer ကိုလည်း ရေချိုးပြီးတာနဲ့ နေ့စဉ်အသုံးပြုပေးသင့်ပါတယ်။
လိုအပ်ရင် သံလွင်ဆီ (Olive Oil)ကို အကြောပြတ်တာဖြစ်စေတဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ရင်သားတစ်ဝိုက် စတဲ့ နေရာတွေကို နေ့စဉ် ပုံမှန်အသုံးပြုခြင်းဖြင့် အသားအရေကို စိုပြည်စေပြီး အကြောပြတ်ရာများ ဆိုးဆိုးရွားရွားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီးသားဖြစ်နိုင်ပါတယ်။
မေး - ကိုယ်ဝန်သည်များ ဟော်မုန်းကြောင့် အသားအရေညိုမည်းတဲ့နေရာတွေကို ဘယ်လိုကုသသင့်ပါသလဲ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အရေပြားထိန်းသိမ်းနည်းလမ်းများရှိရင် အကြံပြုပေးပါဦး ဒေါက်တာ။
ဖြေ - ကိုယ်ဝန်လရင့်လာတဲ့အခါ ဟော်မုန်းပြောင်းလဲလာခြင်းက ပိုမိုမြင့်တက်လာလို့ အသားအရေဟာ ပုံမှန်ထက်ညစ်ညမ်းခြင်း၊ ကိုယ်ခန္ဓာအတွင်းသားများဖြစ်တဲ့ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာတွေလည်း သာမန်ထက် ပိုမိုညစ်မည်းလာတတ်တယ်။
ဒါကြောင့် အကာကွယ်မဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်သလို ခရမ်းလွန်ရောင်ခြည် (UV Index) အမြင့်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်သွားလာ လှုပ်ရှားခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရေပြား (Scrub) တိုက်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ ကိုယ်ခန္ဓာအတွင်းသားကို Waxing ပြုလုပ်တဲ့ အရေပြားကို ထိခိုက်ဒဏ်ရာရစေတဲ့အတွက် အသားအရေကို ပိုမိုညစ်နွမ်းကြမ်းတမ်းစေတတ်ပါတယ်။
အသားအရေညိုမည်းခြင်းသက်သာစေဖို့ Brighting Effect ပါဝင်ပြီး Vitamin C, Glycolic acid, Azelaic acid ပါဝင်တဲ့ Hypoallergenic Skincare Product များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့သန္ဓေသားကို အန္တရာယ်မရှိတာမို့ ဒီ Compound တွေပါဝင်တဲ့ Skincare  ပစ္စည်းတွေကို တတ်ကျွမ်းနားလည်သောသူများနဲ့တိုင်ပင်ပြီးအသုံးပြုသင့်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အကြောပြတ်ရာ အမြဲတွဲနေတာဆိုတော့ အကြောပြတ်ရာများ ထွက်ပေါ်လာရင် ဘယ်လိုခရမ်၊ သဘာ၀အဆီများကို နည်းလမ်းတကျလိမ်းပေးသင့်ပါလဲ။
ဖြေ - အထူးသဖြင့် ဝမ်းဗိုက်နေရာနဲ့ ရင်သားနေရာတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်း Effect ကြောင့် အရေပြားကို ဆွဲဆန့်တဲ့အတွက် အကြောပြတ်ရာ(Stretch Mark) များ ဖြစ်ပေါ်တတ်ပါတယ်။ အကြောပြတ်ရာတွေကို ကိုယ်ဝန်ဆောင်မီးဖွားပြီး ခြောက်လကျော်သွားရင် အကြောပြတ်ရာလေဆာကုသမှုနဲ့လည်းကုသလို့ရနိုင်ပါတယ်။
ဒါပေမဲ့ အကြောပြတ်ရာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်မှုရှိပါတယ်။ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး အကြောပြတ်ရာဖြစ်နိုင်တဲ့ နေရာတွေကို Vitamin E နှင့် သံလွင်ဆီပါဝင်တဲ့ အဆီများကို တစ်နေ့နှစ်ကြိမ် ပုံမှန်အသုံးပြုပေးခြင်းဖြင့် ဆိုးဆိုးရွားရွား အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်တဲ့အပြင် အသားအရေစိုပြည်ပြီး ယားယံခြင်းကိုလည်း သက်သာစေပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလ အမျိုးသမီးများအတွက် အရေပြားကို အစိုဓာတ်ဖြည့်ဖို့အတွက် လိုအပ်တဲ့စားသောက်သင့်ပုံမျာအကြောင်းလည်း ဖြေပေးပါဦး။
ဖြေ - အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝတဲ့ အစားစာဥပမာ- လိမ္မော်သီးက ဖိုက်ဘာ (Fiber) ဓာတ်ပြည့်ဝတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်တဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးကလည်း ပိုတက်ဆီယမ်နှင့် အခြားဗီတာမင်များကြွယ်ဝလို့ အရေပြားဖောရောင်ခြင်းကို သက်သာစေပြီး သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးတယ်။
ထောပတ်သီးကလည်း ဖောလစ်အက်စစ် (Folic Acid) ကြွယ်ဝလို့ သန္ဓေသားရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ Vitamin E  ဟာ အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ပြည့်ဝစေတယ်။
ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံသီး စတဲ့ဟင်းသီးဟင်းရွက်များကို စုံစုံလင်လင်စားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာရရှိမှာ ဖြစ်ပါတယ်။
Vitamin E ပါဝင်တဲ့ အစေ့အဆန်များ၊ အိုမီဂါ(၃) ပါဝင်တဲ့အဆီ ပြည့်ဝသော ဆယ်လမွန်ငါးကို စားသုံးသင့်သလို ငါးမကြိုက်ပါက အိုမီဂါ(၃) ပါဝင်သော အားဖြည့်ဆေး (Supplement) များကို သောက်သုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို ကာကွယ်ရန် ရေများများသောက်သုံးပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။
စံတော်ချိန်သတင်းအဖွဲ့-မေးမြန်းသည်
Wednesday, November 3, 2021
အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လုံးဝမပြောသင့်တဲ့ စကား (၅) ခွန်း
အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လုံးဝမပြောသင့်တဲ့ စကား (၅) ခွန်း 
#Job_Interviews
#အလုပ်အင်တာဗျူး
(ကုမ္ပဏီတစ်ခု၊အဖွဲ့အစည်းတစ်ခုခုမှာ ၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်လျှောက်လွှာတင်တာ၊ အင်တာဗျူးဖြေ ဆိုရတာတွေက မလွဲမသွေကြုံဆုံရမယ့် ပထမအဆင့် လှေကားထစ်တွေပဲဖြစ်ပါတယ်။ ငါတော်နေတတ်နေသားနဲ့ ဘာကြောင့်အလုပ်မရ တာလဲဆိုတဲ့ အတွေး၀င်လာရင် ပြန်လည်ဆန်းစစ်ရမယ့်အထဲမှာ အင်တာဗျူးချိန် ကိုယ်ဖြေဆိုခဲ့ပြေခဲ့တာတွေကလည်း ပါနေတတ်ပါ တယ်။)
(၁) ဒီနေ့ချိန်းထားတာကို နောက်ရက်ရွှေ့လိုရမလား 
ဖြစ်နိုင်မယ်ဆိုရင်တော့ တကယ့်အရေးပေါ်ကိစ္စလောက်ကလွဲပြီး အခုလိုမျိုး ပြန်လည်းချိန်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သင်မှ မဟုတ်ပါဘူး။ အားလုံးရဲ့အချိန်တွေက တန်ဖိုးရှိပါတယ်။
ဒါကြောင့် ချိန်းဆိုထားပြီးရင် မပျက်မကွက်သွားရောက်ပါ။ အင်တာဗျူးလုပ်ဖို့ ချိန်းထားတဲ့အချိန်ထက် နောက်ကျတာ၊ နောက်ရက်ပြန်ချိန်း တာတွေဟာ သင့်အပေါ် ယုံကြည်မှုလျော့နည်းစေနိုင်ပါတယ်။
(၂)တခြားအလုပ်ရွေးစရာရှိလို့ ဘယ်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ပါ့မယ် 
ဘယ်သူ့မှတော့ ကုမ္ပဏီဘက်က အကြောင်းပြန်လာတာကို စိတ်ပင်ပန်းကြီးစွာ စောင့်ဆိုင်းမနေချင်ကြပါဘူး။ ဒါပေမဲ့လို့ သင့်ဘက်က အခုလိုမျိုးပြောလိုက်လို့လည်း အလုပ်ဖြစ်မယ်မထင်ပါနဲ့။
တကယ်ပဲသင့်မှာ ရွေးချယ်စရာ အခြားအလုပ်ရှိနေခဲ့ရင်တောင် ဘယ်ဟာကသင့်အတွက် ပိုအဆင်ပြေတယ်ဆိုတာကို သိပြီးဖြစ်နေ ရပါမယ်။ အဲဒီလိုအချိန်မျိုးမှာ ကုမ္ပဏီဘက်ကို ဘာကြောင့် အျခားအလုပ္ကို ရွေးချယ်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရိုးရိုးသားသား ရှင်းပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။
(၃)ဘယ်အချိန်ဖြစ်ဖြစ်စနိုင်တယ်။
ဒါပေမဲ့ ဒီရက်တွေတော့မရဘူး ကိုယ္က အလုပ်လည်း အရေးတကြီးလိုနေတယ်။ လုပ်လည်းလုပ်ချင်တယ်။ လက်ရှိလည်း အခြားအလုပ်ရှိမနေလို့ အင်တာဗျူးမှာ ဘယ်အချိန်အလုပ်စဆင်းနိုင်လဲမေးတဲ့အခါ အထက်ပါအတိုင်း ပြောခဲ့ခြင်းမှရှောင်ပါ။
ကိုယ်လိုချင်တဲ့ပိတ်ရက်တွေကို သေချာရှောင်ရှားပြီးမှပဲ ကိုယ်အလုပ်စဝင်နိုင်မယ့်ရက်ကို ပြောသင့်ပါတယ်။
(၄)ဒီထက်ပိုကောင်းတဲ့နေရာလိုချင်တာ၊ ဒါပေမဲ့ လောလောဆယ်တော့ ဒီအလုပ္ကို လက်ခံလိုက်ပါမယ်။
တကယ်လို့သင့်ကို အလုပ္တစ္ခုက အင်တာဗျူးချိန်းတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဒီအလုပ်ကိုလက်ခံနိုင်၊ မနိုင် သေချာချင့်ချိန်ရမှာက သင့်ကိစ္စပါ။
ဘာလို့လဲဆိုတော့ ခေါ်တဲ့သူက ဒီအလုပ်နဲ့ သင်နဲ့ သင့်တော်တယ်ထင်လို့ အင်တာဗျူးချိန်းတာပါ။ ဘယ္သူမဆို အလုပ်မှာ အကောင်းဆုံး ဖြစ်စဉ်တွေ လိုချင်ကြသလို အလုပ်ရှင်ဘက်ကလည်း ဒီအလုပ်အပေါ် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ထားကြတာချည်းပါပဲ။
ဒါကိုမွ ရာထူးလောက်ပဲ သင့်ခေါင်းထဲရှိနေမယ်ဆိုရင်တော့ ကြာရှည်မှာ အဆင်ပြေမှာမဟုတ်လို့ သင့်ကိုသူတို့ဘက်က လက်လွှတ်ခံလိုက်မှာ ဖြစ်ပါတယ်။
(၅)လက်ရှိကုမ္ပဏီက ဘယ်လိုကောင်းတာ  
သင့်လက်ရှိကုမ္ပဏီနဲ့ သင့်လက်ရှိသူဌေး ဘယ်လောက်ပဲကောင်းတယ်ပြောပြော အဲဒီဟာတွေကို သင့်ရဲ့အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။
အင်တာဗျူးမှာ ဒါတွေသွားပြောနေလို့ သင့်ကိုဖြည့်ဆည်းပေးမယ် မထင်ပါနဲ့။ အဲဒီအစား သင်ရမယ့်အခွင့်အရေးတွေပဲ ဆုံးရှုံးလိုက်ရပါလိမ့် မယ်။ ဘယ္သူမွ သင့်ရဲ့စကားတွေကို ကြားချင်မှာမဟုတ်လို့ အဲဒီလိုအပြောတွေထက် သင့်ရဲ့စွမ်းဆောင်ရည်တွေကို ဘယ်လိုပြသရမယ် ဆိုတာပဲ ပြင်ဆင်ထားသင့်ပါတယ်။
#Job_Interviews
#အလုပ်အင်တာဗျူး
(၄)ဒီထက်ပိုကောင်းတဲ့နေရာလိုချင်တာ၊ ဒါပေမဲ့ လောလောဆယ်တော့ ဒီအလုပ်ကို လက်ခံလိုက်ပါမယ်။
ဒါကိုမှ ရာထူးလောက်ပဲ သင့်ခေါင်းထဲရှိနေမယ်ဆိုရင်တော့ ကြာရှည်မှာ အဆင်ပြေမှာမဟုတ်လို့ သင့်ကိုသူတို့ဘက်က လက်လွှတ်ခံလိုက်မှာ ဖြစ်ပါတယ်။
Sunday, February 7, 2021
PrEP ဆေးအကြောင်း နောက်ဆက်တွဲ
PrEP ဆေးအကြောင်း နောက်ဆက်တွဲ
#PrEP
#HIV
#MSM
#ဆေးဝါးဗဟုသုတ
(၂၀၂၀ခုနှစ်နောက်ပိုင်း အမျိုးသားချင်းလိင်တူဆက်ဆံတဲ့ Gay အုပ်စုကြား HIV ပိုးကာကွယ်တဲ့သောက်ဆေးအကြောင်း စိတ်ဝင်တစားပြောဆိုလာကြသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ပိုမိုပညာပေးလာကြတဲ့သဘောရှိပါတယ်။ ဘယ်အရာမဆို ကာကွယ်တာက ရောဂါဖြစ်တာထက်စာရင် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် နည်းမှန်လမ်းမှန်လေးဆိုရင်တော့ ပိုမိုအကျိုးသက်ရောက် တာပေါ့လေ။ ယခင်က PrEP ဆေးအကြောင်းတင်ခဲ့ဖူးပါတယ်။ အခု Medical Action Myanmar အဖွဲ့ရဲ့ အင်တာဗျူးတစ်ခုကိုကြည့်မိ တာကြောင့် ပြန်လည်ဖောက်သက်ချချင်စိတ်ဖြစ်မိတဲ့အတွက် သဘောပေါက်သလိုဖြည့်စွက်ကူးယူဝေငှလိုက်ပါတယ်။)
PrEP ဆေးအကြောင်း 
ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာမျိုးဖြစ်ပါတယ်။
PrEP ဆေးကို ဘယ်သူတွေသောက်သုံးသင့်လဲ။
HIV ကူးစက်နိုင်ချေ အလားအလာများတဲ့ - 
အကာအကွယ်မဲ့ လိင်တူ/လိင်ကွဲဆက်ဆံသူများ၊
လိင်ဆက်ဆံဖော် များသောသူများ၊
လိင်အလုပ်သမားများ၊
မူးယစ်ဆေး အကြောတွင်းထိုးသွင်းမျှေ၀ သုံးစွဲသူများ အဓိကသောက်သုံးသင့်ပါတယ်။
PrEP ဆေးကို မှီဝဲသောက်သုံးတဲ့အခါ ဘယ်လိုပုံစံနဲ့သောက်သုံးမှီဝဲရတာပါလဲ၊ တစ်သာတာလုံးသောက်သုံးရတာပါလား၊ ဘယ်လောက်ထိ ကာကွယ်မှုပေးနိုင်ပါသလဲ။
တစ်နေ့တစ်လုံး နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် အန္တရာယ်အပြုအမူမပြုကျင့်တော့ဘူး၊ အန္တရာယ်ရှိ အပြုအမူတွေ မရှိတော့ဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရပ်တန့်လို့ရပါတယ်။ နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်းလျှော့ချပေးနိုင်ပါတယ်။ ဆေးလည်းသောက်မယ် ကွန်ဒုံးလည်းသုံးမယ်ဆိုရင်တော့ ရာနှုန်းပြည့်နည်းပါးကာကွယ်ပေးနိုင်ပါတယ်။ ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
PrEP ဆေးက ဘယ်လိုရောဂါတွေကိုရော ကာကွယ်မှုပေးနိုင်ပါသလဲ
သတိထားဖို့လိုတာက PrEP ဆေးဟာ HIV virus ကိုပဲကာကွယ်ပေးနိုင်တာပါ။ ကာလသားရောဂါလို လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ၊ အခြားရောဂါများကို ကာကွယ်မှုမပေးနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးသုံးပေးဖို့လည်းလိုပါတယ်။
PrEP ဆေး စတင်မှီဝဲမယ် သောက်မယ်ဆိုရင် ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။
PrEP သောက်မယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုတော့ - 
HIV ပိုးမရှိရပါဘူး။
HIV ကူးစက်နိုင်ချေအလားအလာရှိသော၊ ကူးစက်နိုင်ချေများသောသူဖြစ်ရပါမယ်။
မကြာသေးမီအချိန်ကာလက (၂ ပတ်မှ ၄ ပတ်အတွင်း) HIV ကူးစက်နိုင်သည့်အပြုအမူပြုလုပ်ခဲ့ခြင်း၊ လတ်တလော HIV ကူးစက်ခံထားရသည့် လက္ခဏာရှိခြင်းများ မဖြစ်ရပါဘူး။
PrEP အကြောင်းသေချာသိရှိနားလည်ပြီး သောက်ရန် ဆန္ဒရှိရပါမယ်။
ဆရာဝန်မှ သင့်တော်မှုရှိမရှိ စစ်ဆေးဆုံးဖြတ်ပြီး ဆေးညွှန်းပေးခြင်းတို့ လိုအပ်ပါတယ်။
PrEP ဆေးအခမဲ့ဝန်ဆောင်မှုပေးနေတဲ့ MAM (Medical Action Myanmar) ဆေးခန်းမှာ ဆေးသောက်ချင်တဲ့လူတစ်ယောက် လာရောက်စုံစမ်းဆေးထုတ်ရင် ဘာတွေလုပ်ဆောင်ရပါသလဲ၊ ဘာတွေစစ်ဆေးရပါသလဲ။
HIV ပိုး၊ ကာလသားရောဂါပိုး၊ အသည်းရောင် ဘီပိုး၊ စီပိုးတွေ စစ်ဆေးပေးသလို သည် PrEP ဆေးက ကျောက်ကပ်ကောင်းမှသာ သောက်ဖို့အဆင်ပြေတာကြောင့် ကျောက်ကပ်ကောင်းမကောင်းလဲ စစ်ဆေးပေးပါတယ်။  ဘီပိုး စီပိုးရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ သောက်သုံးသင့်တာပါ။
PrEP ဆေးမသောက်ခင်မှာ HIV ပိုးရှိမရှိစစ်ဆေးဖို့ အရေးကြီးပါသလား။
အရေးကြီးပါတယ်။ တော်တော်အရေးကြီးပါတယ်။ သည်ဆေးက HIV မရှိသူသာသောက်ရမှာဖြစ်ပါတယ်။ ရှိသူသောက်မိရင် ဆေးယဉ်ပါးနိုင်တဲ့ပြဿနာရှိပါတယ်။ PrEP ဆေးမှာ ဆေးနှစ်မျိုးပေါင်းစပ်ပါရှိပြီး HIV ပိုးရှိသူတွေကိုတိုက်တဲ့ ArT ဆေးနဲ့ နီးစပ်တူညီ တာကြောင့် HIV ပိုးရှိသူက ဆေးမတိုးယဉ်ပါးသွားနိုင်တာမျိုးပါ။ HIV ပိုးရှိသူတွေမသောက်ရပါဘူး။
PrEP ဆေးစသောက်သောက်ခြင်းမှာ ဘာတွေ စတင်ခံစားရနိုင်လဲ။
လေ့လာချက်အရ ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးမရှိဘူး။ ပျော့တယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံအရနဲ့ ကြံ့ခိုင်မှုအရ မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။ အကြာကြီးမခံစားရပါဘူး။ သိပ်လည်း မပြင်းထန်လို့ ကြောက်ဖို့မလိုပါဘူး။ ခံစားရတယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးလို့ရပါတယ်။ ကြောက်ပြီး ရပ်စရာမလို ဆက်ပြီးသောက်ဖို့လိုပါတယ်။
PrEP ဆေးစသောက်ပြီးချိန် ဘာတွေထပ်မံစစ်ဆေးလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။
မသောက်ခင်စစ်ဆေးသလိုပါပဲ။ အဓိကက နှစ်ချက်ရှိပါတယ်။ ဆေးကိုပုံမှန်သောက်ဖို့ရယ် ၊ ပုံမှန် သုံးလတစ်ခါ HIV ပိုးရှိမရှိ ၊ ကာလသားရောဂါပိုးရှိမရှိ စစ်ဆေးဖို့ရယ်ပါ။ တကယ်လို့ HIV ပိုးရှိသွားလို့ PrEP ဆေးဆက်သောက်မိတယ်ဆိုရင် HIV ပိုးထိန်း ဆေးယဉ်ပါး သွားနိုင်တဲ့အတွက် PrEP ဆေးသောက်နေသရွေ့ သုံးလတစ်ကြိမ် HIV ပိုးစစ်ရပါမယ်။ 
PrEP ဆေး စသောက်ပြီးတော့ ဘယ်အချိန်လောက်ကစပြီး အတူနေလို့ရပါသလဲ။
နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆေးအရင် ၇ရက်သောက်ပြီး ၇ရက်လောက်ကြာမှ လိင်ဆက်ဆံမှုစတင်နိုင်ပါတယ်။ 
PrEP ဆေးက ဘာတွေနဲ့ ဓာတ်မတည့်တာတွေရှိပါသလဲ။
တိုက်ရိုက်မတည့်တာမျိုးတော့မရှိပါဘူး။ အရက်၊ ဘီယာ၊ မူးယစ်ဆေး၊ ဟော်မုန်းဆေးတွေ သောက်သုံးမှီဝဲနေသူတွေလည်း သောက်လို့ ရနေပါတယ်။ ဒါပေမယ့် အရက်တို့ မူးယစ်ဆေးတို့မှီဝဲထားတဲ့အတွက်ကြောင့် ဆေးမသောက်မိတာ ဆေးသောက်ဖို့မေ့သွားတာမျိုးတွေ ဖြစ်နိုင်တာပါပဲ။
PrEP ဆေးမသောက်သုံးချင်တော့ရင် ဆေးကိုဘယ်လိုရပ်လို့ရပါသလဲ။
ဆေးမသောက်လိုတော့ဘူး၊ ဘေးထွက်ဆိုးကျိုးကို ရေရှည်ခံစားနေရတယ်၊ ကိုယ်က ဆေးသောက်ဖို့မေ့တတ်သလို ဆေးသောက်ဖို့ အတွက် စိတ်ပင်ပန်းတာမျိုးတွေအတွက် ဆေးမသောက်ဘဲ ရပ်တန့်လို့ရပါတယ်။ သို့သော်လည်း ရုတ်တရက်တိကနဲရပ်လိုက်လို့မရပါ ဘူး။ မနေ့ညက အန္တရာယ်ရှိအပြုအမူတစ်ခုခုပြုကျင့်ခဲ့သေးတယ်ဆိုရင် ဆေးကို ၇ရက်ဆက်သောက်ပြီးမှ ဆရာဝန်ကိုဆက်သွယ် အကြောင်းကြားကာ ရပ်တန့်ရမှာပါ။
PrEP ဆေးနဲ့ ArT ဆေးနဲ့ဘာတွေကွာခြားပါသလဲ။
PrEP ဆေးက HIV ပိုးကာကွယ်တဲ့ဆေး မဖြစ်ခင်သောက်တဲ့ဆေးဖြစ်ပြီး ArT ဆေးက HIV ပိုးပမာဏထိန်းတဲ့ဆေး ဖြစ်ပြီးမှ သောက်တဲ့ဆေးဖြစ်ပါတယ်။ PrEP ဆေးက နှစ်မျိုးပါင်းဆေးဖြစ်သလို ArT ဆေးက သုံးမျိုးပေါင်းဆေးဖြစ်ပါတယ်။ PrEP ဆေးက ကိုယ့်မှာ အန္တရာယ်ရှိတဲ့ အပြုအမူ အမူအကျင့်တွေ မလုပ်တော့ဘူး မရှိတော့ဘူးဆိုရင် ရပ်လိုက်လို့ရပြီး၊ ArT ဆေးကတော့ ကိုယ်ခန္ဓာ ထဲမှာ HIV ပိုးကရှိနေမှာဖြစ်တဲ့အတွက် တစ်သက်တာ ပုံမှန်သောက်သွားရမယ့်ဆေးဖြစ်ပါတယ်။
HIV Positive တွေသောက်လို့ရမရ။
သောက်လို့မရပါဘူး။ 
HIV ပိုးမဝင်ခင်ကြိုတင်ကာကွယ်သောက်သုံးရမယ့် PrEP ဆေးဖြစ်ပါတယ်။ 
HIV ပိုးကူးစက်ဝင်ရောက်ပြီးဖြစ်နေလို့ ArT ဆေးပဲသောက်ရမှာပါ။ ArT ဆေးမှီဝဲနေရ သောက်နေရတယ်ဆိုရင်တော့ အဲ့တာပဲ သောက် ရမှာဖြစ်ပြီး PrEP သောက်ဖို့မလိုပါဘူး။
HIV Vrius ကူးစက်မှု စစ်တမ်းအရ ကူးစက်ခံရသူ ဘယ်လောက်ရှိနေပါပြီလဲ။ ကူးစက်ခံရသူ လူနာအများစုထဲမှာမှ ဘာကြောင့် MSM (Men who have sex with Men) လိင်တူဆက်ဆံသူအုပ်စုကို အဓိကထားဝန်ဆောင်မှုပေးနေရပါသလဲ။
၂၀၁၉ခုနှစ် UNH ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ HIV ပိုးကူးစက်ခံရသူ နှစ်သိန်းလောင်းသောင်းရှိပါတယ်။ အဲဒီအထဲက ၇၀ ရာခိုင်နှုန်းကျော်ကျော်က ArT ဆေးမှီဝဲနေသူများဖြစ်ပါတယ်။ 
အဓိက လိင်တူဆက်ဆံသူ Gay အုပ်စုကို ပညာပေးတာ၊ ဝန်ဆောင်မှုပေးတာလုပ်ရသလဲဆိုတော့ ၂၀၁၈ခုနှစ် Data အရ ရန်ကုန် တစ်မြို့တည်းမှာတင် အမျိုးသားချင်းလိင်တူဆက်ဆံတဲ့ ၂၆.၆ ရာခိုင်နှုန်းဟာ HIV ပိုးကူးစက်ခံရသူများဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ မှာတောင် အမျိုးသားချင်းလိင်ဆက်ဆံတဲ့ လူအုပ်စုမှာ ၂၄.၄ ရာခိုင်နှုန်းပဲရှိနေပါတယ်။ အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်ခဲ့တယ်လေ။ 
MAM (Medical Action Myanmar) အဖွဲ့အစည်း ရှေ့ဆက်ဝန်ဆောင်မှုပေးမယ့်ပုံစံကဘယ်လိုရှိပါသလဲ။
သည် Project ကတော့ PrEP ဆေးသောက်မယ့်သူတွေရှိနေသရွေ့၊ Fund တွေရှိနေသရွေ့ဆက်လုပ်ဖြစ်နေဦးမှာပါ။ Fund ရှိနေဖို့လည်း ကြိုးစားမှာပါ။ လူလတ်တန်းစားတွေ၊ ငွေကြေးမတတ်နိုင်သူတွေကို PrEP ဆေးအခမဲ့ပေးသွားမယ်၊ တကယ်လို့ ငွေကြေးတတ်နိုင်တယ် ဝယ်သောက်ချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေ ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးပေးသလို Cost Sharing ပုံစံနဲ့ သောက်လို့ရမှာပါ။
ထပ်မံပြီး ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပြပေးပါ။
PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့လိုပါတယ်။
ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။
#ChannelK #MedicalActionMyanmar #Interviews #PrEP 
(Zawgyi) 
#PrEP
#HIV
#MSM
#ဆေးဝါးဗဟုသုတ
PrEP ဆေးအကြောင်း 
လိင်အလုပ်သမားများ၊
မူးယစ်ဆေး အကြောတွင်းထိုးသွင်းမျှဝေ သုံးစွဲသူများ အဓိကသောက်သုံးသင့်ပါတယ်။
HIV ပိုးမရှိရပါဘူး။
သောက်လို့မရပါဘူး။ 
https://m.facebook.com/story.php?story_fbid=840961996662432&id=118809782210994