Showing posts with label Q&A. Show all posts
Showing posts with label Q&A. Show all posts

Thursday, November 20, 2025

ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

 


ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။

ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။

မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။

Second  Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။

ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။

ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်

ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။

များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။

နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။

ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။

အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။

အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။

ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။

ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။

ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။

မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။

လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။

ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။

ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။

အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။

ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။

တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။

ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။

တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။

ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။

portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး  portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait  တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait  (၁၀၀) ပြပွဲလုပ်တယ်။

ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။

◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။

ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။  Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။

Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။

တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။

ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။

ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။

အနား၀နဲ့ အနားဖြတ်ပေါ့။

အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။

ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။

ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။

ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။

◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။

နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။

အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။

စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ

ဆုံး အနုပညာရှင်လို့ထင်တယ်။

◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။

ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။

ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။

လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။

စုရတနာ-တွေ့ဆုံမေးမြန်းသည်။

***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။

Wednesday, November 13, 2024

ကိုယ်ဝန်ဆောင်နှင့် အရေပြားအလှအပ



"ကိုယ်ဝန်ဆောင်တဲ့ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို မီးဖွားပြီးတဲ့အခါမှာလည်း အလိုလို မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်" 


◾️ အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံခြင်း


ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဝက်ခြံအဆီဖု၊ အမည်းကွက်၊ တင်းတိပ်များ၊ အကြောပြတ်အရာများ ဖြစ်တတ်သည့်အတွက် သန္ဓေသားကို မထိခိုက်စေတတ်သော အသားအရေထိန်းသိမ်းမှုနည်းများ၊ အသားအရေစိုပြည်ကျန်းမာစေရန် ဘေးထွက်ဆိုးကျိုးမရှိသော အလှကုန်ပစ္စည်းများ အသုံးပြုသင့်ပုံနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေညိုမည်းခြင်းကို သက်သာစေမည့်နည်းလမ်းများအကြောင်းကို သိရှိစေရန် အလှအပဆိုင်ရာ အရေပြားဆရာဝန် ဒေါက်တာကြည်မာထွန်းနှင့် တွေ့ဆုံပြီး မေးမြန်းဖော်ပြလိုက်သည်-


မေး - ကိုယ်ဝန်ဆောင်စဉ်ကာလ အမျိုးသမီးအတွက် အသားအရေထိန်းသိမ်းဖို့ လိုအပ်ပါလား ဆရာမ။ ရှင်းပြပေးပါဦး။


ဖြေ - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမက ကိုယ်ဝန်ဆောင်ရန် ကြံရွယ်ထားတဲ့ အမျိုးသမီးတွေလည်း အသားအရေကို အစဉ်အမြဲထိန်းသိမ်းရန် လိုပါတယ်။ အထူးသဖြင့် ဝက်ခြံအဆီဖုထွက်တတ်တဲ့ အသားရေနဲ့ အမည်းစက်၊ တင်းတိပ်ထွက်တတ်သော အမျိုးသမီးတွေ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်နေရာမှာ ကိုယ်ဝန်ဆောင်တဲ့အခါ အကြောပြတ်ရာများဖြစ်တတ်လို့ ဝမ်းဗိုက်ကို သံလွင်ဆီ သို့မဟုတ် အလှဆီတစ်မျိုးမျိုး နေ့စဉ်ပုံမှန် အသုံးပြုဖို့လိုပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားအရေသည် ပုံမှန်အချိန်ထက် Sensitive ဖြစ်နိုင်လို့ အရေပြားအပေါ်ယံ အဆီလွှာ (Skin Barrier) ကောင်းမွန်စေရန် ရေကို တစ်နေ့နှစ်လီတာသောက်သုံးပြီး အရေပြားစိုပြည်စေရန် အစိုဓာတ်ပေးတဲ့ Moisturizer  တစ်မျိုးကို နေ့စဉ် ပုံမှန် အသုံးဖို့လိုအပ်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် အသားညိုမည်းခြင်း၊ တင်းတိပ်၊ ဝက်ခြံထွက်ခြင်းများရှိတတ်လို့ ဘယ်လို Skin Care ပစ္စည်းတွေကို အသုံးပြုသင့်ပါလဲ။


ဖြေ - လူတစ်ဦးရဲ့ ပုံမှန်ဇီဝဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အမည်းစက်၊ တင်းတိပ်ထွက်ခြင်း၊ နေလောင်ကွက်များထွက်ခြင်းဟာ ကိုယ်ဝန်ဆောင်တဲ့ ကာလပေါ်မူတည်ပြီး အမည်းကွက်တွေဟာ ပိုထင်ရှားလာနိုင်သလို ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့အခါမှာလည်းအလိုလိုမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။


ဒါကြောင့် အကာအကွယ်မဲ့ နေပူထဲ အလွန်အမင်းသွားခြင်းမလုပ်ဘဲ နေပူထဲထွက်တဲ့အခါ SPF 50 Titanium Dioxide ပါဝင်သည့် နေလောင်ကာ Mineral Sunscreen ကို နေပူထဲမသွားခင် မိနစ် ၃၀ အလိုတွင် အသုံးပြုခြင်း၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည့်နေလောင်ကာပစ္စည်းများ သုံးဖို့လိုပါတယ်။


တချို့သော ဆေးပညာသုတေသန လေ့လာတွေ့ရှိချက်များအရ ကိုယ်ခန္ဓာမှာ လိမ်းတဲ့ Chemical Sunscreen  ဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်အသုံးပြုရန်မသင့်ကြောင်း ဖော်ပြထားလို့ ကိုယ်ဝန်ဆောင်မိခင်များ နေလောင်ကာ Sunscreen ရွေးချယ်တဲ့အခါ အထူးသတိပြုဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဖြစ်တတ်သော အမည်းကွက်၊ နေလောင်ကွက်များအတွက်Vitamin C, Vitamin B3 (Niacinamide), (Brighting Effect) ပါဝင်တာတွေကို သုံးဖို့ သင့်လျော်ပါတယ်။


သို့သော် မိမိအသုံးပြုဖို့ ရွေးချယ်ထားတဲ့ Skincare ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မသင့်လျော်သော အခြား Chemical Compound ပစ္စည်းများပါဝင်ခြင်း ရှိ၊ မရှိကိုလည်း အသုံးမပြုခင် တခြားတတ်ကျွမ်းနားလည်တဲ့ဆရာဝန်များ သို့မဟုတ် အတတ်ပညာရှင်များနှင့် တိုင်ပင်ဖို့လိုပါတယ်။


ဝက်ခြံအဆီဖုရှိသူများအဖို့ Vitamin A (Retinol)စတဲ့ Compound များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားကို ထိခိုက်နိုင်တဲ့အတွက် အထူးရှောင်ကြဉ်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်အချိန်များထက် အဆီထုတ်လုပ်မှုပိုများတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဆိုးရွားနိုင်ပါတယ်။


ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း Double Cleansing လုပ်ရန်လိုအပ်သလို Azelaic Acid ပါဝင်တဲ့ ဝက်ခြံလိမ်းဆေးတွေဟာလည်း ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ အသုံးပြုနိုင်လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလမှာရော မီးဖွားပြီးအချိန်မှာပါ အရေပြားခြောက်တတ်ခြင်းကို ဘယ်လိုကာကွယ်သင့်ပါလဲ။ ဖြေရှင်းလို့ရမယ့် နည်းလမ်းများကိုလည်း မျှဝေပေးပါဦး။


ဖြေ - အဓိကအားဖြင့် အရည်ရွှမ်းပြီး ရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ၊ ဖိုင်ဘာဓာတ်များတဲ့အသီးအရွက်တွေကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပြီး အသားအရေကို စိုပြည်စေတယ်။ အမွှေးနံ့သာမပါဝင်တဲ့ Hyaluronic Acid ပါဝင်တဲ့ အရေပြားအစိုဓာတ်ပေးတဲ့ Daily Moisturizer ကိုလည်း ရေချိုးပြီးတာနဲ့ နေ့စဉ်အသုံးပြုပေးသင့်ပါတယ်။


လိုအပ်ရင် သံလွင်ဆီ (Olive Oil)ကို အကြောပြတ်တာဖြစ်စေတဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ရင်သားတစ်ဝိုက် စတဲ့ နေရာတွေကို နေ့စဉ် ပုံမှန်အသုံးပြုခြင်းဖြင့် အသားအရေကို စိုပြည်စေပြီး အကြောပြတ်ရာများ ဆိုးဆိုးရွားရွားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီးသားဖြစ်နိုင်ပါတယ်။


မေး - ကိုယ်ဝန်သည်များ ဟော်မုန်းကြောင့် အသားအရေညိုမည်းတဲ့နေရာတွေကို ဘယ်လိုကုသသင့်ပါသလဲ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အရေပြားထိန်းသိမ်းနည်းလမ်းများရှိရင် အကြံပြုပေးပါဦး ဒေါက်တာ။


ဖြေ - ကိုယ်ဝန်လရင့်လာတဲ့အခါ ဟော်မုန်းပြောင်းလဲလာခြင်းက ပိုမိုမြင့်တက်လာလို့ အသားအရေဟာ ပုံမှန်ထက်ညစ်ညမ်းခြင်း၊ ကိုယ်ခန္ဓာအတွင်းသားများဖြစ်တဲ့ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာတွေလည်း သာမန်ထက် ပိုမိုညစ်မည်းလာတတ်တယ်။


ဒါကြောင့် အကာကွယ်မဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်သလို ခရမ်းလွန်ရောင်ခြည် (UV Index) အမြင့်ဆုံးဖြစ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်သွားလာ လှုပ်ရှားခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ အရေပြား (Scrub) တိုက်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ ကိုယ်ခန္ဓာအတွင်းသားကို Waxing ပြုလုပ်တဲ့ အရေပြားကို ထိခိုက်ဒဏ်ရာရစေတဲ့အတွက် အသားအရေကို ပိုမိုညစ်နွမ်းကြမ်းတမ်းစေတတ်ပါတယ်။


အသားအရေညိုမည်းခြင်းသက်သာစေဖို့ Brighting Effect ပါဝင်ပြီး Vitamin C, Glycolic acid, Azelaic acid ပါဝင်တဲ့ Hypoallergenic Skincare Product များဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့သန္ဓေသားကို အန္တရာယ်မရှိတာမို့ ဒီ Compound တွေပါဝင်တဲ့ Skincare  ပစ္စည်းတွေကို တတ်ကျွမ်းနားလည်သောသူများနဲ့တိုင်ပင်ပြီးအသုံးပြုသင့်ပါတယ်။


မေး - ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အကြောပြတ်ရာ အမြဲတွဲနေတာဆိုတော့ အကြောပြတ်ရာများ ထွက်ပေါ်လာရင် ဘယ်လိုခရမ်၊ သဘာ၀အဆီများကို နည်းလမ်းတကျလိမ်းပေးသင့်ပါလဲ။


ဖြေ - အထူးသဖြင့် ဝမ်းဗိုက်နေရာနဲ့ ရင်သားနေရာတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်း Effect ကြောင့် အရေပြားကို ဆွဲဆန့်တဲ့အတွက် အကြောပြတ်ရာ(Stretch Mark) များ ဖြစ်ပေါ်တတ်ပါတယ်။ အကြောပြတ်ရာတွေကို ကိုယ်ဝန်ဆောင်မီးဖွားပြီး ခြောက်လကျော်သွားရင် အကြောပြတ်ရာလေဆာကုသမှုနဲ့လည်းကုသလို့ရနိုင်ပါတယ်။


ဒါပေမဲ့ အကြောပြတ်ရာများ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်မှုရှိပါတယ်။ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး အကြောပြတ်ရာဖြစ်နိုင်တဲ့ နေရာတွေကို Vitamin E နှင့် သံလွင်ဆီပါဝင်တဲ့ အဆီများကို တစ်နေ့နှစ်ကြိမ် ပုံမှန်အသုံးပြုပေးခြင်းဖြင့် ဆိုးဆိုးရွားရွား အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်တဲ့အပြင် အသားအရေစိုပြည်ပြီး ယားယံခြင်းကိုလည်း သက်သာစေပါတယ်။


မေး - ကိုယ်ဝန်ဆောင်ကာလ အမျိုးသမီးများအတွက် အရေပြားကို အစိုဓာတ်ဖြည့်ဖို့အတွက် လိုအပ်တဲ့စားသောက်သင့်ပုံမျာအကြောင်းလည်း ဖြေပေးပါဦး။


ဖြေ - အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝတဲ့ အစားစာဥပမာ- လိမ္မော်သီးက ဖိုက်ဘာ (Fiber) ဓာတ်ပြည့်ဝတဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်တဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးကလည်း ပိုတက်ဆီယမ်နှင့် အခြားဗီတာမင်များကြွယ်ဝလို့ အရေပြားဖောရောင်ခြင်းကို သက်သာစေပြီး သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးတယ်။


ထောပတ်သီးကလည်း ဖောလစ်အက်စစ် (Folic Acid) ကြွယ်ဝလို့ သန္ဓေသားရဲ့ ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ Vitamin E  ဟာ အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ပြည့်ဝစေတယ်။


ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံသီး စတဲ့ဟင်းသီးဟင်းရွက်များကို စုံစုံလင်လင်စားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာရရှိမှာ ဖြစ်ပါတယ်။


Vitamin E ပါဝင်တဲ့ အစေ့အဆန်များ၊ အိုမီဂါ(၃) ပါဝင်တဲ့အဆီ ပြည့်ဝသော ဆယ်လမွန်ငါးကို စားသုံးသင့်သလို ငါးမကြိုက်ပါက အိုမီဂါ(၃) ပါဝင်သော အားဖြည့်ဆေး (Supplement) များကို သောက်သုံးနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို ကာကွယ်ရန် ရေများများသောက်သုံးပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။


စံတော်ချိန်သတင်းအဖွဲ့-မေးမြန်းသည်

Wednesday, June 1, 2022

မြန်မာတစ်ယောက်

 မြန်မာတစ်ယောက် က တကယ်လုပ်ပြသွားခဲ့ပြီ။

=================




အရှေ့တောင်အာရှဒေသတွင်း Payment နယ်ပယ်မှာ ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေတဲ့ 2C2P Group  ရဲ့ တည်ထောင်သူနဲ့ Group CEO  ဖြစ်သူ ဦးအောင်ကျော်မိုး နှင့် တွေ့ဆုံခြင်း

------------------


လုပ်ငန်း စတင်တည်ထောင်ခဲ့ပုံ၊ ၀န်ဆောင်မှုတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက Competitor တွေ၊ အနာဂတ်ကုမ္ပဏီကFocus လုပ်သွားမယ့်နိုင်ငံတွေ၊ လက်ရှိနဲ့အနာဂတ်မှာ ဒေသတွင်း Digital Economy မှာဖြစ်ပေါ်လာမယ့် Trend တွေ၊ မြန်မာနိုင်ငံက e-Commerce ကဏ္ဍအတွက် နမူနာကောင်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်နည်းပညာလုပ်ငန်းရှင်တွေအတွက် အကြံပြုချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။


2C2P Group  စတင်ဖြစ်ခဲ့ပုံ . . . 

၁၉၉၈ ခုနှစ်မှာ ကျွန်တော်က မြန်မာနိုင်ငံကနေ  ပြည်ပကိုထွက်ခဲ့ ပါတယ်။ ၁၉၉၉ မှာ ဘန်ကောက်ကိုရောက်ပါ တယ်။ ကျွန်တော်က Computer Science  သမားပါ။ KMD မှာလည်း ကွန်ပျူတာသင်တန်းတက်ခဲ့ပါတယ်။  ၁၉၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံကကုမ္ပဏီ တစ်ခုမှာ Computer Programmer  ၀င်လုပ်ရင်းနဲ့ အိမ်ထောင်ကျပါတယ်။ ပထမဆုံး ရင်သွေးလေးရလာတဲ့အခါကျ

တော့ သူတို့အတွက်ဆိုပြီး ၂၀၀၃ ခုနှစ်မှ လုပ်ငန်းလေးတစ်ခု စဖြစ် လိုက်ပါတယ်။ ၂၀၀၃ မှာ ဆော့ဖ်ဝဲလ်ရေးမယ်ဆိုပြီးတော့ ထိုင်းက Software Park ဆိုတဲ့ အဆောက်အဦးမှာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုစခဲ့တာပါ။ အဲဒီကနေပဲ ကိုယ်ပိုင်လုပ်ငန်း စဖြစ်သွားတာပါ။ အဲဒီကတည်းကစပြီး လုပ်ငန်းမျိုးစုံကို စတင်ဖြစ်ခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်တွေရေးနေရင်းနဲ့မှ ဘဏ်တွေနဲ့လည်းလုပ်ဖြစ်တော့ အဲဒီအချိန် မှာ ဘဏ်တွေကလည်း နည်းပညာပိုင်းလိုအပ်ချက်လေးတွေလည်းရှိတော့ အဲဒါတွေကို ၀င်ဖြည့်ဆည်းပြီးလုပ်ဖြစ်ရင်းနဲ့ အဲဒီကနေ

စဖြစ်သွားတာပါ။ 

၂၀၀၄ မှာ ကျွန်တော် နောက်ထပ်ကုမ္ပဏီတစ်ခုထပ်ထောင်ပါ

တယ်။ ၂၀၀၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး Operator DTAC   ကနေ ကျွန်တော်ရဲ့ ဒုတိယကုမ္ပဏီကို ၀ယ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ထိုင်းမှာတော်တော်ကြီးမားတဲ့ Acquisition ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ Success Story လည်းရသွားတဲ့အခါကျတော့ စင်ကာပူမှာ ရုံးချုပ်သွားဖွင့်ခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က Officially Singapore  ရုံးချုပ်ရှိတဲ့ကုမ္ပဏီပါ။ အဲဒီကနေစပြီးတော့ Payment လုပ်ငန်း

တွေ ဆက်လုပ်ရင်းနဲ့ စင်ကာပူအစိုးရဲ့ Investment လည်းယူ၊ တခြားက Investment တွေလည်းယူရင်းနဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့

ပြီး ဒီကနေ့အနေအထာအထိ ရောက်လာတာဖြစ်ပါတယ်။ 


2C2P Group ရဲ့ နည်းပညာကိုသုံးစွဲသူတွေနဲ့ ၀န်ဆောင်မှုတွေက ဘာတွေဖြစ်မလဲ . . . 

ကျွန်တော်တို့ရဲ့ကုမ္ပဏီကို နည်းပညာကုမ္ပဏီလို့ ထင်တာက ပုံမှန်ဖြစ်နေကျ Confuse ဖြစ်တာပါ။  ကျွန်တော်တို့က နည်းပညာကုမ္ပဏီမှန်တယ်။ ဒါပေမဲ့ သူများကိုဆော့ဖ်ဝဲလ်ရေးပေးတဲ့ နည်းပညာ

ကုမ္ပဏီမဟုတ်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နည်းပညာကိုရေးပြီးတော့ ဥပမာ Google ၊ Google ကနေပြီးတော့ မြန်

မာပြည်ကကုမ္ပဏီကို Email Software  မရေးပေးဘူး။ Google  က သူ့ဘာသာသူ Gmail Software ကိုရေးပြီး

တော့ နိုင်ငံတကာကကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးတယ်။ အဲဒီလိုမျိုးပဲ ကျွန်တော်တို့က Payment နည်းပညာကို ကိုယ့်ဘာသာ

ရေးပြီးတော့၊ နည်းပညာတီထွင်ပြီးတော့ အဲဒီမှာ Feature တွေ

ထပ်ထည့်ပြီးတော့ နိုင်ငံတကာက ကုမ္ပဏီတွေသုံးလို့ရအောင် 

၀န်ဆောင်မှုပေးတာပါ။


 အခုဆိုရင် ထိုင်းမှာရှိတဲ့ဘဏ်တွေအကုန်လုံးက ကျွန်တော်တို့ရဲ့

နည်းပညာကိုပဲသုံးပါတယ်။ အင်ဒိုနီးရှားက အကြီးဆုံးဘဏ်၊ 

ဖိလစ်ပိုင်က အကြီးဆုံးဘဏ်၊ ဗီယက်နမ်ကဘဏ်ကြီးတွေ စသဖြင့် အရှေ့တောင်အာရှ ကဘဏ်တွေတော်တော်များများက  ကျွန်တော် တို့နည်းပညာကိုသုံးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် 

ထိုင်းနိုင်ငံက Debit Card/Credit Card  သုံးတဲ့လူအကုန်လုံး အင်တာနက်ကနေ စျေး၀ယ်လို့ရှိရင် ကျွန်တော်တို့ရဲ့ နည်းပညာကိုပဲ ဖြတ်ပြီးသုံးရတာပါ။ အဲဒီလိုအနေအထား ရောက်နေပါပြီ။ လော

လောဆယ်မှာတော့ ထိုင်းနိုင်ငံမှာ Market Share အကြီးကြီးရှိပါတယ်။  ၈၀-၈၅ ရာခိုင်နှုန်းလောက် Market Share  ရှိပါ

တယ်။ အရှေ့တောင်အာရှရဲ့ Footprint  တစ်ခုလုံးကို၀န်ဆောင် မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 


မြန်မာပြည်ပွင့်လင်းလာတဲ့အခါကျတော့ ၀င်ဖို့မသင့်သေးဘူး၊ နည်းနည်းစောသေးတယ်လို့သုံးသပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က

 မြန် မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်မှာရုံးခွဲဆိုပြီး သွားထောင်ပါတယ်။ Representative Office ပဲ ၀န်ထမ်း ၄၊ ၅၊ ၆ ယောက်လောက်နဲ့ UBC မှာသွားပြီး

တော့ ရုံးခန်းအသေးလေး စဖွင့်ခဲ့ပါတယ်။ တဖြည်းဖြည်း လုပ်ရင်းကိုင်ရင်းနဲ့မှ အခုဆိုရင်တော့ ၀န်ထမ်း ၈၀ လောက်ဖြစ်နေပါပြီ။ 

ရန်ကုန်ရုံးခွဲကဖွင့်ဖြစ်တာက ကျွန်တော်တို့ရဲ့ ၉ နိုင်ငံ မြောက်နိုင်ငံအဖြစ် ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ 


 မြန်မာနိုင်ငံမှာ ကျွန်တော်တို့လုပ်ပေးနေတာက မြန်မာပြည်ပြင်ပမှာလုပ်နေတဲ့ လုပ်ငန်းနဲ့မတူပါဘူး။ မြန်မာပြည် ပြင်ပမှာကျတော့ 

အင်တာနက်ကနေ ငွေပေးချေတဲ့လုပ်ငန်းကိုလုပ်တာပါ။မြန်မာပြည် မှာတော့ လောလောဆယ်အဲဒီလုပ်ငန်းက သိပ်မတွင်ကျယ်သေးပါဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က Myanmar Payment Union  နဲ့တွဲပြီး သူတို့ရဲ့ e-Commerce  ကို လုပ်ပေးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်  ၅ နှစ်လောက်ကစပြီးလုပ်ပေးနေတာပါ။ အခုတော့ သုံးတော့သုံးလာကြပြီ သိပ်တော့မတွင် ကျယ်သေးပါဘူး။ အဲဒီ

အတွက် ကျွန်တော်တို့ အခုလောလောဆယ်ဘာတွေလုပ်နေသလဲဆိုတော့ Mobile Prepaid Top-Up  တို့ဘာတို့ ရောင်းတာ

တွေကို တခြား Joint Venture Partner  တွေနဲ့အတူ တွဲလုပ် နေပါတယ်။ ဥပမာ ABC Convenient ဆိုင်တွေနဲ့အတူ၊ City Mart တို့နဲ့အတူတူ အဲဒီလိုမျိုးတွဲပြီး လုပ်နေပါတယ်။ 


 မြန်မာပြည်လူထုအများစုက e-Commerce မသုံးဘူးဆိုတော့ ကျွန်တေ်ာတို့အလုပ်က ဘာဆိုတာကို ရှင်းပြရတာ တော်တော်

ခက်ပါတယ်။ Zara တို့၊ Agoda တို့ကနေ ၀န်ဆောင်မှု၊ ပစ္စည်း တစ်ခုခု၀ယ်တဲ့အခါ အင်တာနက်ကနေ ၀ယ်တယ်။ အဲဒီအခါ Payment  Credit Card/Debit Card/ Internet Banking / OK Dollar / KBZ Pay  တို့လိုသုံးပြီး Payment ပေးရတာရှိတယ်။ အဲဒီ လိုပေးတဲ့ Option ကို 

ကျွန်တော်တို့ကလုပ်ပေးတာ။ အဲဒါ ကို တွင်တွင်ကျယ်ကျယ် နိုင်ငံတကာမှာ ၀န်ဆောင်မှုပေးတယ်။ အဲဒီတော့ ကျွန်တော်တို့က 

တစ်မိနစ်ကို Transaction  အကြောင်း ၄၀၀ ကနေ ၆၀၀ အထိ ၀န်ဆောင်မှုပေး နေရပါတယ်။


2C2P Group ရဲ့  ရုံးခွဲတွေ...

အခုလောလောဆယ်မှာ 2C2P Group က Subsidiary 

၁၄ ခုရှိပါတယ်။ အဲဒီ ၁၄ ခုက အရှေ့တောင်အာရှ နိုင်ငံတိုင်းရယ်၊ 

အမေရိကားရယ်၊ နယ်သာလန်ရယ်မှာ ရုံးခွဲတွေ ရှိတယ်။ အဲဒီရုံးခွဲ

တွေကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ Customer တွေကို ၀န်ဆောင် မှုပေးနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာရှိတဲ့ Customer တွေက အရှေ့တောင်အာ ရှမှာရှိတဲ့ Customer တွေကို စျေးလာ 

ရောင်းချင်လို့ရှိရင် ကျွန်တော်တို့က ၀န်ဆောင်မှုပေးပါတယ်။ 

စင်ကာပူရုံး ချုပ်ကနေပြီးတော့ အဲဒီရုံးခွဲတွေအကုန်လုံးကို စီမံပါ

တယ်။


မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုတွေ ချဲ့ထွင်လုပ်ကိုင်သွားဖို့ ရှိပါသ လား...

ကျွန်တော်တို့က Payment သမားဆိုတော့လုပ်ငန်းလုပ်ဖို့ဆိုရင် Infrastructure လိုပါတယ်။ Internet Infrastructure ၊ Banking Infrastructure  တွေလိုပါတယ်။ လောလောဆယ် Internet Infrastructure တော့ မြန်မာပြည်မှာ ရှိနေပါပြီ။ Banking Infrastructure  ကတော့ တည်ဆောက်ဆဲ ဖြစ်

နေသေးပါတယ်။ လောလောဆယ် CB Pay  တို့လို၊ KBZ Pay  တို့လို Wave Money  တို့လို၀န်ဆောင်မှုတွေကို လူထုက 

တွင်တွင်ကျယ်ကျယ် သုံးလာတာကိုတွေ့ရတော့ ကျွန်တော်တို့

ဘက်ကလည်း ဒါကို Promising ရှိလာပြီလို့ ထင်တယ်။ (စျေးကွက်၊ Infrastructure ) Ready ဖြစ်တာနဲ့ ကျွန်တော်တို့

ဘက်ကနေ Payment လုပ်ငန်း၀န်ဆောင်မှု ပေးဖို့အဆင်သင့်ပါပဲ။ ဒီလိုပဲ စောင့်နေတာတော့ တော်တော်တော့ ကြာတော့ကြာနေပါ

ပြီ။ ဒီအတောအတွင်းမှာလည်း ပေးလို့ရတဲ့၀န်ဆောင်မှုတွေကိုတော့ ပေးနေပါတယ်။ ဥပမာ မြန်မာနိုင်ငံတွေမှာရှိတဲ့ လေကြောင်းလိုင်း 

တွေက လေယာဉ်လက်မှတ်တွေ၀ယ်တဲ့အခါ ကျွန်တော်တို့ရဲ့ 

စနစ်ကနေဖြတ်ပြီးတော့ အခုလောလောဆယ် ၀ယ်နေကြတာပါပဲ။ Myanmar  Nation Airline  လိုမျိုး၊ AirKBZ လိုမျိုးလေ

ကြောင်းလိုင်းတွေကနေ လေယာဉ်လက်မှတ်တွေ၀ယ်ယူတဲ့အခါ ကျွန်တော်တို့နည်းပညာ၊ နည်းစနစ် ပေါ်ကနေဖြတ်ပြီး ၀ယ်ယူနေ

ကြတာပါ။ သူတို့ ရဲ့ လေယာဉ်လက်မှတ်ရောင်းပေးတာတော့ 

မဟုတ်ပါဘူး။ ငွေပေးချေတဲ့အခါ ကျွန်တော်တို့က ၀န်ဆောင်မှုနည်းပညာကိုသုံးတာပါ။ 


နိုင်ငံတကာမှာ၊ အထူးသဖြင့် အရှေ့ တောင်အာရှဒေသတွင်းမှာ Payment နည်းစနစ်၊ နည်းပညာပိုင်း အကြံပေးကူညီနေတာတွေ . . 

ဥပမာ တချို့နိုင်ငံတွေမှာဆိုရင် ထိုင်းဗဟိုဘဏ်၊ အင်ဒိုနီးရှားဗဟို

ဘဏ်တွေဆိုရင် ကျွန်တော့်ဆီက Consultation ယူတယ်။ 

စနစ်တွေ ဒီဇိုင်းလုပ်တဲ့အခါမှာ ကျွန်တော့် Organization ပါ

တယ်၊ ကျွန်တော့်လက်ထောက်တွေ လည်းပါပါတယ်။ ကျွန်တော် တို့၀င်ပြီးတော့ အတူတွဲဖက်ပြီး ဒီဇိုင်းလုပ်ပေးပါတယ်။ World Bank က လူတွေလည်း ကျွန်တော့်ကိုမေးတာပါပဲ။ အရှေ့တောင် အာရှမှာ Payment နဲ့ပတ်သက်လာရင် ကျွန်တော်နဲ့ ထိတွေ့နေတဲ့ လူတွေအများကြီးပါပဲ။ 

 

လက်ရှိ Management လုပ်တဲ့ပုံစံ...

ကျွန်တော်က ရုံးခွဲတွေအားလုံးက လူတွေကို အုပ်ချုပ်တယ်။ 

တိုင်းပြည်တိုင်းမှာ Country Head  တွေရှိတယ်။ Country Head  တွေအောက်မှာ သူ့လူတွေ သူရှိပါတယ်။ ကျွန်တော့်ထိုင်ခုံ တိုင်းပြည်တိုင်းမှာရှိတယ်။ 

 ဥပမာ ထိုင်းရုံးမှာ Country Head  ရှိတယ်။ သူ့အောက်မှာ လူတစ်ရာ့ငါးဆယ်လောက်ရှိပါတယ်။ ကျွန်တော် ရုံးခွဲတွေရောက်ရင် Country Head  တွေနဲ့ Engage လုပ်ပါတယ်။ တစ်ချိန် တည်းမှာပဲ တခြားနိုင်ငံကရုံးတွေနဲ့ Status Update Weekly  ရှိပါတယ်။ တိုင်းပြည်တိုင်းမှာ သူ့ရဲ့ KPI တွေ ရှိပါတယ်။ 

ကျွန်တော်ရဲ့အလုပ်က အဲဒီ KPI တွေ အကုန်လုံး ဘယ်နားရောက် နေပြီလဲ။ ဘယ်သူကဘာတွေ လိုအပ်သလဲ၊ ဘယ်သူတွေ အကူ အညီလိုအပ်သလဲ၊ ဘယ်သူက ဘာတွေလစ်ဟင်းနေတယ် ဆိုတာကို ကြည့်ပေးပါတယ်။ 

ကျွန်တော်က နှစ်ပတ်တစ်ခါလောက် ခရီးသွားနေရတယ်။ Work/Life Balance  မရှိပါဘူး။ ကျွန်တော်ကလောလောဆယ်နောက်ပြန်ဆုတ်လို့မရတဲ့ အနေအထားပါ။ အခုလုပ်နေသလိုတွေမလုပ်ရင် ကျွန်တော့်လူတွေနဲ့ ကျွန်တော် Touch Point  ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နိုင်ငံကို နှစ်ရက်၊ သုံးရက်အများဆုံးပဲနေပြီးတော့ Manage လုပ်ပါတယ်။


Group ထဲက မြန်မာ၀န်ထမ်းတွေရဲ့ အရေအတွက်...

(မြန်မာရုံးခွဲက၀န်ထမ်းတွေအပြင်) Group ထဲမှာ ထိုင်းကရုံးမှာ မြန်မာ ၂ ယောက်ရှိပါတယ်။ တစ်ယောက်က CTO ပါ။ ကိုမျိုးဇော် ပါ။ Industry  မှာ သူက Well-respected   ဖြစ်နေပြီဖြစ်ပါတယ်။ နောက်တစ်ယောက်က Database Management  လုပ်နေတဲ့သူပါ။ စင်ကာပူရုံးမှာ မြန်မာ ၂ ယောက်လောက်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံးမှာ နိုင်ငံသားပေါင်း ၃၀ ကျော်လောက်ရှိပါတယ်။

 

Motto...

2C2P ရဲ့ Motto ကတော့ Your Payment Partner  

ဆိုတာပါ။ ကျွန်တော်တို့က တခြားကုမ္ပဏီတွေ အရှေ့တောင် အာရှမှာလာပြီးတော့ သူတို့၀န်ဆောင်မှုတွေပေး၊ ပစည်းတွေရောင်းတဲ့အခါ ကျွန်တော်တို့က တစ်ဆင့် ကူညီပေးပြီး သူတို့ပစ္စည်းတွေ ရောင်းလို့ရအောင်လုပ်ပေးပါတယ်။ Apple ၊ Zara ၊ Thai Airway  ၊ Malaysia Airline  ၊ Changi Group  ၊ giant Group  တွေလိုမျိုးစသဖြင့် ကုမ္ပဏီတွေအစုံဖြစ်ပါတယ်။ တချို့ရဲ့ကျွန်တော် တို့ရဲ့ Customer တွေထဲမှာ Thai Airway  ဆိုရင် မြန်မာနိုင်ငံကိုလည်း ရောင်းပါတယ်။


Group ရဲ့ Competitor တွေဆိုရင် . . .

ကျွန်တော်တို့က အရှေ့တောင်အာရှမှာ Payment Company  တွေထဲမှာအကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယအကြီးဆုံးက ဟောင်ကောင်အခြေစိုက် Asia Pay  လို့ ခေါ်ပါတယ်။ တတိယက မလေးရှားအခြေစိုက် iPay88 ပါ။ ဒါတွေကတော့ Regional Competition  တွေပါ။ ကျွန်တော် တို့မှာ Competition ၃ မျိုးရှိပါတယ်။  ပထမတစ်ခုက ကျွန်တော်တို့လိုပုံစံမျိုးပဲ Regional ကနေ နိုင်ငံတကာကို ဖြန့်ထားတဲ့ ကုမ္ပဏီရှိတယ်။ နောက်တစ်ခုက Global ရှိပါတယ်။ အမေရိကန်ကကုမ္ပဏီတို့ ၊ ဥရောပကကုမ္ပဏီ တို့လို ကုမ္ပဏီတွေနဲ့လည်း Head to Head Fight  ရပါ တယ်။ ဥပမာ Worldpay တို့ Stripe တို့လိုမျိုးပါ။ နောက်တစ်မျိုးကတော့ Single Market Player  တွေပါ။ ဥပမာ အင်ဒိုနီးရှားလို နိုင်ငံမျိုးသွားရင် Locally Strong  ဖြစ်တဲ့ Competitor တွေရှိပါတယ်။ သူက သူတို့တစ်နိုင်ငံတည်းကိုပဲ ၀န်ဆောင်မှုပေးတာ။ ကျွန်တော်တို့သွားရင် ကျွန်တော်တို့နဲ့ သူတို့နဲ့ Head to Head  ပြိုင်ရပါတယ်။


2C2P Group ရဲ့ အနာဂတ်အစီအစဉ်...

အနာဂတ်အစီအစဉ်အနေနဲ့ Google Temasek Report ဆိုတာက နှစ်စဉ် e-Commerce Market  ကို Study လုပ်တဲ့ Survey တွေ၊ အစီရင်ခံစာတွေရှိပါတယ်။ အဲဒီအ ထဲမှာဆိုရင် အာဆီယံကို နှစ်မျိုးခွဲထားပါတယ်။ ASEAN လို့ခေါ်တာရယ်၊ ASEAN 6 ဆိုတာရယ်ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ Investor တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့က ASEAN 6  နဲ့ပဲ စကားပြောတယ်။ ASEAN နဲ့ စကားမပြောပါဘူး။ ASEAN 6  ထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမပါပါဘူး။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူပါပါတယ်။ ဒီခြောက်နိုင်ငံရဲ့ ဒေတာတွေ အကုန်ရှိတယ်။ ဒီခြောက် နိုင်ငံမှာ e-Commerce Trend  က ဘယ်လိုသွားနေတယ်။ အွန်လိုင်း Payment Trend  က ဘယ်လိုသွားနေတယ်ဆို တဲ့ ဒေတာအစုံရှိပါတယ်။ တခြား စျေးကွက်သုံးခုကဖြစ် တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုက စျေးကွက်ဒေတာ မလုံလောက်တဲ့အတွက် Predict 

လုပ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဓိက Focus က ASEAN 6  ပါပဲ။


#မြန်မာနိုင်ငံရဲ့ e-Commerce/Payment  စသဖြင့် နည်းစနစ်ပိုင်းတွေနဲ့ပတ်သက်လို့ အတုယူမှီငြမ်းသင့်တဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့၊ နမူနာတွေနဲ့ ပတ်သက်လို့ ပြောပြပေးပါ...

တကယ်တော့ ဘယ်တိုင်းပြည်မှ Perfect မဖြစ်ပါဘူး။ လောလောဆယ် Payment နဲ့ ပတ်သက်ရင် စင်ကာပူတောင်မှ ထိုင်းရဲ့နောက်မှာရှိပါတယ်။ Innovation နဲ့  မှန်တယ်။ မြန်မာပြည်ပတ်သက်ရင်ပေါ့နော်။က Role Model  အနေနဲ့ဆိုရင် အိမ်နီးခြင်းနိုင်ငံတွေဆီက ကူးယူရုံပါပဲ။ မှီငြမ်းရုံပါပဲ။ India က လုပ်ထားတဲ့ UPI - Unified Payment Interface  ဆိုတာကတကယ့် ကို ကမ္ဘာ့စံပါပဲ။ သိပ်ကောင်းပါတယ်။ ထိုင်းထက်သာပါတယ်။ တော်တော်ကို စနစ်တကျတည်ဆောက်ထားပါတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်မယ့်အစား အဲဒီဟာကိုယူသုံးလိုက်ရင် တော်တော့်ကို မြန်သွားပါလိမ့်မယ်။ UPI လို နည်းပညာမျိုးကို အိန္ဒိယအစိုးရကို အကူအညီတောင်းလိုက်ရင် သူတို့က ဂုဏ်ယူစွာနဲ့ ကူညီလိမ့်မယ်လို့ မြင်မိပါတယ်။ ကျွန်တော် က ဘေးကလူအနေနဲ့ မြင်ပြီးပြောတာပါ။ သူတို့လုပ်ခဲ့တဲ့ Monetary Policy လေးတွေ တော်တော်ကောင်းပါတယ်။ 

 တရုတ်ကလည်း အမှန်တကယ်က အိန္ဒိယထက်တောင် ပိုကောင်းပါသေးတယ်။ ဒါပေမဲ့ တရုတ်က စံက ကျတော့ Private ဘက်ကလုပ်တာ။ တရုတ်မှာက ၃ ခုရှိပါတယ်။ Alibaba ။ WeChat ၊ UnionPay စတာတွေ ရှိပါတယ်။  သူတို့ကြောင့်မို့လို့ တစ်ကမ္ဘာလုံးက Mobile Payment  ဘယ်လိုအောင်မြင်တယ်၊ ဘယ်လောက်အောင် မြင်တယ်ဆိုတာကို သူတို့က တစ်ကမ္ဘာလုံးကို Demonstrate  လုပ်လိုက်တာပါပဲ။ သူတို့ကတော့ Private Sector လုပ်ခဲ့တာပါ။ တော်တော်ကြီးကို အောင်မြင်ခဲ့ပါတယ်။ အဲဒီ Private Sector  ရဲ့နောက်မှာ Government က Control လုပ်နေလား၊ မလုပ်နေလားဆိုတာကတော့ အတိအကျတော့ မသိနိုင်ပါဘူး။

 အိန္ဒိယကိုကြည့်မယ်ဆိုရင်တော့ အိန္ဒိယအစိုးရက Public Sector  ကနေပြီးတော့လုပ်ခဲ့တယ်။ ဗဟိုဘဏ် ကနေကြီးကြပ်ပြီးတော့ UPI စနစ်ကို တည်ထောင်ခဲ့ တာပါ။ မြန်မာပြည်ကိုကြည့်မယ်ဆိုရင် အိန္ဒိယမော်ဒယ် ကိုယူသုံးမယ်ဆိုရင် မြန်မာပြည်ကပိုအဆင်ပြေပါမယ်။  

 အာဆီယံထဲမှာဆိုရင် ထိုင်းမှာက Prompt Pay  ဆိုတာရှိတယ်။ စင်ကာပူမှာက SG QR ဆိုတာရှိပါ တယ်။ ၂၀၁၆ တုန်းက Prompt Pay  လုပ်ကြမယ်ဆိုပြီးတော့ ထိုင်းက industry တစ်ခုလုံး စုစည်းလိုက်တယ်။ Prompt Pay  ကို နိုင်ငံတကာအဆင့်မီ  EMV ဆိုတာနဲ့ ဒီဇိုင်းလုပ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလည်း လုပ်နေ ပါပြီ။ စံစနစ်လည်း ထွက်ပြီးပြီလို့ သိရပါတယ်။ 

 ထိုင်းမှာ လူဦးရေ ၆၆ သန်းရှိတယ်။ အစိုးရကနေပြီးတော့ကြပ်မတ်ပြီးတော့ Prompt Pay  ကို Launch လုပ်တယ်။ အခု နှစ်နှစ်အတွင်းမှာ Prompt Pay  သုံးတဲ့ လူဦးရေပေါင်း သန်း ၄၀ ကျော်နေပြီ။ နည်းပညာတစ်ခု တည်းနဲ့ လုပ်လို့မရပါဘူး။ Policy Maker  ကပါ လိုက်ပြီး တော့ ပူးပေါင်းပြီး Policy ကို Align လုပ်ပေးရပါတယ်။ Policy Align  မလုပ်ပေးဘဲနဲ့ နည်းပညာချည်းပဲ ထွက်အောင်လုပ်လို့ရှိရင်လည်း မအောင်မြင်ပါဘူး။ 

 တကယ်တော့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေ ကနည်းစနည်းတွေကို မှီငြမ်းစရာကိုမလိုပါဘူး။ Government  အချင်းချင်းစကား ပြောလို့ရှိရင် အကုန်လုပ်ပေး ကြမှာပါ။ စနစ်ကလွယ်ပါတယ်။ 

စနစ်တစ်ခုကို ပညာရှင်တစ်ဖွဲ့ကို အခုလုပ်ခိုင်းလိုက်ရင် အခုလုပ်နိုင်ပါတယ်။ ဥပမာ အိန္ဒိယကအကူအညီတောင်းခဲ့ပြီဆိုပါစို့ သူတို့ဆီက လာမှာက စနစ်တွေရော၊ Process တွေရော၊ Know How  တွေရော၊ Lesson Learnt  တွေရောပါလာမှာပါ။ နောက်တစ်ခုက Trade ပါ လုပ်လို့ရသွားနိုင်ပါတယ်။ ဒါတွေကတော့ နမူနာတွေ၊ ဥပမာတွေဖြစ်ပါတယ်။


#အင်တာနက်ကသုံးတဲ့ငွေကြေးတွေကို ကြပ်မတ်တဲ့စနစ်ရှိနေပါ သလား။ ထိန်းကျောင်းထားတဲ့ Rules & Regulations   တွေရှိပါသလား...

အခုလောလောဆယ် ထိုင်းက Revenue Department က အဓိကအရေးကြီးတဲ့နေရာတစ်ခု ရောက်နေပါတယ်။ ဥပမာ 

ကျွန်တော်က ထိုင်းနိုင်ငံကနေ facebook ပေါ်က ဂိမ်းတစ်ခုခုကို၀ယ်လိုက်ရင် ထိုင်းကငွေကို အမေရိကန် ကိုပို့လိုက်တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး Facebook ကနေ ထိုင်းနိုင်ငံကလူကို လာရောင်းရတဲ့အတွက် ထိုင်းအစိုးရကနေပြီးတော့ Facebook ကို Value Added Tax  တို့၊ Withholding Tax ၊ Commercial  Tax  တို့ မရလိုက် ပါဘူး။ အဲဒီ၀န်ဆောင်မှုကို Facebook, Google တို့ဆီကနေ ဘယ်လိုကောက်မလဲဆိုပြီး အခုလောလော ဆယ်ပြောနေတဲ့ Debate ရှိပါတယ်။ တော်တော်တောင် ကြာနေပါပြီ။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုရင် ဥရောပဘက်ကိုကြည့်လို့ရပါတယ်။ European Union ကတော့ စည်းလုံးပါတယ်။

 အားလုံးလက်မောင်း တွေ အကုန်ချိတ်လိုက်ပြီးတော့ ဒီလိုမျိုးကုမ္ပဏီတွေ ခေါ် တယ်၊ ခေါ်ပြီးတော့ မင်းတို့က ငါတို့ဆီကလူထုကို အပြင်ဘက်က လှမ်းရောင်းနေတယ်။ အဲဒီလိုရောင်းတိုင်း ရောင်းတိုင်း Tax ဘယ်လောက် ဆောင်ရမယ်ဆိုတာကို Regulate လုပ်လိုက်ပါတယ်။ 

 အဲဒီတော့ EU တို့လို၊ သြစတြေးလျ၊ နယူးဇီ လန်တို့လို ရှိပြီးသားပေါ်လစီတွေကိုယူပြီးတော့ Regulate လုပ်လိုက်လို့ရပါတယ်။ 

အဲဒါလည်း သိပ်ပြီးခေါင်းစား စရာမလိုပါဘူး။ သူများတွေ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်း အဲဒါကို စဉ်းစားထားခဲ့ပြီးသား၊ အဲဒီလို ပြသနာကြုံခဲ့ပြီးသားပါ။ အဲဒါကိုယူပြီး မှီငြမ်းပြီးတော့ မြန်မာမှုပြုလိုက်ရုံပဲ၊ အဲဒါကိုယူပြီး ထိုင်းနိုင်ငံနဲ့ ကိုက် ညီအောင်ပြုလုပ်ဖို့ ကျွန်တ်ေတို့ ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတဲ့အခါမှာ ထိုင်းတစ်နိုင်ငံတည်းက နေ သူတို့ကိုခေါ်ပြီးရောရင် Bargaining Power  မရှိတဲ့ အခါကျတော့ အခုဆိုရင် ASEAN 6 နဲ့ အတူတွဲပြီး လုပ်ဖို့ လက်ရှိစကားပြောနေကြပါတယ်။ သိပ်တော့ ဝေးဝေးလံလံတော့ မရောက်သေးပါဘူး။ လက်ရှိလုပ်ဖို့ ကြိုးစားနေတာပါ။


#ပညာဗဟုသုတနဲ့ပတ်သက်လို့ သင်ယူခဲ့တာတွေ၊ လက်ရှိ သင်ယူနေတာတွေ...

ကျွန်တော်ကတော့ Learning ကတော့ တစ်ချိန်လုံးလုပ်နေပါတယ်။ ၂၀၀၆ ခုနှစ်မှာတုန်းက Chulalongkorn university  မှာ Executive MBA တက်ပါတယ်။  (Executive MBA, Sasin School of Management of Chulalongkorn University ) အိုင်တီသမားဖြစ်နေတော့ ၂၀၁၄ မှာ  MIT သွားတယ်။ ဒါကတော့ အိုင်တီသမားတိုင်းရဲ့ မျော်လင့် ချက်ဖြစ်တဲ့ MIT ကျောင်းသားဖြစ်ချင်တဲ့ကိစ္စပါ။ အဲဒီမှာ တစ်နှစ် စာသင်ပါတယ်။ (ACE, MIT Sloan School of Management)  ၂၀၁၆ ခုနှစ်မှာ Harvard မှာ ၃ နှစ်တက်ပါတယ်။ တစ်နှစ်ကို ၃ ပတ်နဲ့ တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Certificate တစ်ခုထပ်ရပါတယ်။ (Graduate, Owner/President Management program, Harvard Business School) အဓိကကတော့ စာရွက်အတွက်မဟုတ်ပါဘူး။ အိုင်တီသမားဖြစ်နေတဲ့အတွက် ကျွန်တော်အမြဲတမ်း သင်ယူနေတဲ့သေဘာပါ။ 

 အခုကျွန်တော် CFA - Chartered Financial Analyst  ဖြေဖို့ လုပ်နေပါတယ်။ အဲဒါက အဓိက Investor တွေ၊ Investment Professional တွေ အဓိက သင်ယူတဲ့ ဘာသာရပ်ပါ။ အဲဒါက Self Study  လုပ်လို့ရပါတယ်။


#အရှေ့တောင်အာရှနဲ့ ဒေသတွင်းနိုင်ငံတွေမှာ Digital Economy  ရဲ့ အလားအလာနဲ့ Trend…

ကျွန်တော်တို့ Google နဲ့ Temasek နဲ့တွဲပြီး လုပ်ထားတဲ့ Survey တစ်ခုရှိပါတယ်။ သူတို့ နှစ်စဉ်ထုတ်ကြပါ တယ်။  SEA ရဲ့ e-Commerce Industry  ဘယ်လိုပြုပြင် ပြောင်းလဲလာသလဲဆိုတာကို သူတို့ သေသေချာချာ စာရင်းစစ်တဲ့အခါမှာ Industry  ၄ ခု ကတော်တော်ကို ကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ပထမ Industry ကတော့ Travel Industry  ၊ ဒုတိယ Industry ကတော့ Retail ဖြစ်ပါတယ်။ Online Retail Industry  ။ တတိယ Industry ကတော့ Online Gaming Industry  ။ စတုတ္ထ Industry ကတော့ Transportation Industry  လို့ပြောနိုင်တဲ့ Ride Hailing Industry  ဖြစ်မယ်လို့ မျော်မှန်းထားပါတယ်။ အဲဒီ Industryတွေအကုန်လုံးက ၂၀ နဲ့ ၃၀ ရာခိုင် နှုန်း နှစ်စဉ်ကြီးထွားလာမယ်လို့ မျော်မှန်းထားပါတယ်။ လောလော ဆယ်တင်ပဲ ဒီ Industry တွေက အရှေ့တောင် အာရှရဲ့ e-Commerce Volume  ထဲမှာ အများဆုံးရှိနေတဲ့ Industry တွေလည်းဖြစ်ပါတယ်။ ဒီ Trend က ဆက်ပြီး နောက်လာမယ့် ၃ နှစ်မှာလည်း ဒီအတိုင်းပဲ ရှိနေလိမ့်မယ် လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့အနေနနဲ့ ဒီ Industry တွေပေါ်မှာ Focus ထားပြီး ၀န်ဆောင်မှုတွေပေးမယ်၊  Industry တွေအတွက် ၀န်ဆောင်မှုတွေပေးဖို့ ပြင်ဆင်ထား မယ်ဆိုရင် အဆင်ပြေတဲ့ ကုမ္ပဏီတွေ ၊ လုပ်ငန်းတွေ ဖြစ် လာမယ်လို့ ထင်ပါတယ်။


#CEO_Business_and_Management_Magazine

Tuesday, April 26, 2022

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်




#စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။

#စိတ်ကျန်းမာရေး
#စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာများ

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားရတယ်ဆိုတာ အဆိုးရွားဆုံး ခံစားမှုပါ။ အသက်သာ ရှင်နေရတယ်၊ ဘာကို မျှော်လင့်ပြီး ရှင်နေရမှန်း မသိ။ လုပ်ချင်တာ ဖြစ်ချင်တာရယ်လို့လည်း သီးသီးသန့်သန့်မရှိ။ အကောင်းမြင်ဖို့၊ ပျော်အောင်နေဖို့ဆိုတာ ဝေးရော။ ရင်ထဲမှာ တင်းကျပ်ကျပ်နဲ့ နေရခက်တဲ့ ခံစားမှုမျိုးပါ။ သက်ပြင်းတွေအခါခါချပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အချိန်ပါ။

ထွက်ပေါက်ပိတ်နေသလို ခံစားချက်နဲ့ လက်ရှိလုပ်နေတာတွေကိုလည်း ဆက်မလုပ်ချင်၊ နောင်အနာဂတ်ဆိုတာကိုလည်း ထည့်မတွေးချင် (တွေးစရာလည်း မရှိ)ဘဲ တအုံနွေးနွေး ခံစားနေရတာမျိုးပါ။ ဒီလိုဆို မတွေးပါနဲ့လားဆိုတော့လည်း မတွေးဘဲကို ခေါင်းထဲကို အလိုလို ရောက်လာ၊ ရောက်လာလို့ တွေးမိတိုင်းလည်း သက်ပြင်းချရုံအပြင် ဘာမှမတတ်နိုင်တာမျိုးပေါ့။

ဒီလိုနဲ့ သံသရာတွေလည်ပြီး နောက်ဆုံးတော့ မျှော်လင့်ချက်မဲ့တဲ့ ဒီလှောင်အိမ်ထဲမှာပဲ ပြန်ပိတ်မိနေပြန်ရော။

ဒါပေမယ့် ဒီတိုင်းနေလို့တော့ မဖြစ်သေးပြန်ဘူး။ ကြာလာလေလေ ထိခိုက်လေလေက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်မှာပါ။ ဒီတော့ ဒီသံသရာထဲက အမြန်လွတ်ကျွတ်အောင်၊ ကိုယ့်ကိုယ်ကို ဘယ်လိုများ ဖေးမနိုင်မလဲ။ ဘာတွေနဲ့ ပြန်ပြီး ထူထောင်နိုင်မလဲ။

#မျှော်လင့်ချက်မဲ့ တဲ့ သံသရာထဲက လွတ်မြောက်ဖို့
မျှော်လင့်ချက်မဲ့တယ်ဆိုတာ လက်ခံလိုက်ပါ။
ဟုတ်တယ်။ လတ်တလောမှာ မျှော်လင့်ချက်မရှိတော့ဘူး။ အနာဂတ်ဆိုတာလည်း မသေချာဘူး။ အနာဂတ်မပြောနဲ့ မနက်ဖြန်တောင် ဘာမှန်း မသိဘူး။ ဘယ်သူမှလည်း လာမကယ်နိုင်ဘူး။ လုပ်လို့ရတာလည်း မရှိဘူး။ ပျော်လည်း မပျော်နိုင်ဘူး စသဖြင့် အရှိကို အရှိအတိုင်း ခဏ လက်ခံလိုက်ပါ။

ခဏလက်ခံခိုင်းတာက မျှော်လင့်ချက်မဲ့တယ်ဆိုတာကို အတည်ပြုချင်လို့ပါ။ ရောဂါအမည်တပ်သလိုပဲပေါ့။ အနာသိရင်တော့ ဆေးရှိပါပြီ။ မျှော်လင့်ချက်မဲ့တယ်ဆိုတာ လက်ခံလိုက်မှ ဒါကို တွန်းလှန်လို့ရမှာပါ။ မဟုတ်ရင် ဝေဝေဝါးဝါး ဖြစ်နေမှာစိုးလို့ပါ။

#ဒီမျှော်လင့်ချက်မဲ့တာ ဘယ်က ဖြစ်လာတာလဲဆိုတာကို ရှာပါ။
တစ်ခါတလေ မျှော်လင့်ချက်မဲ့သလို ခံစားရတာက ဒီတိုင်း ခံစားရတာသက်သက် မဟုတ်ဘဲ ကိုယ်မသိတဲ့ စိတ်ရောဂါတစ်ခုခုရဲ့ လက္ခဏာ (ဥပမာ စိတ်ကျရောဂါ)လည်း ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် လတ်တလော ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဆိုး တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို သိမှ ဘယ်လိုနည်းနဲ့ ဖြေရှင်းလို့ရမလဲဆိုတာ သိနိုင်မှာပါ။

#မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မတူတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။
လက်ရှိ မျှော်လင့်ချက်မဲ့အဖြစ်အပျက်ကို ဖယ်ပြီး ကျန်တဲ့ ကောင်းတဲ့အချက်တွေကို ပြောင်းပြီး မြင်ကြည့်ပါ။ ဥပမာ အလုပ်လုပ်လို့ ရသေးတယ်။ ပိုက်ဆံရှာနိုင်သေးတယ်။ ကျန်းမာနေသေးတယ် စသဖြင့်ပေါ့။ မျှော်လင့်ချက်မဲ့တာ လုံးဝမပျောက်သွားသည့်တိုင် ငါ့မှာ ဒါလေးတွေ ကျန်ပါသေးလားဆိုပြီး နည်းနည်းတော့ အားတက်လာမှာပါ။

အတင်းကြီး ပျော်အောင်နေဖို့ မလိုပါဘူး။ ပျော်ချင်ယောင် မဆောင်လည်း ရပါတယ်။ မျှော်လင့်ချက်မဲ့တဲ့ အချိန်မှာ မပျော်နိုင်တာ သဘာဝပါပဲ။ ကိုယ့်ကို ပျော်အောင် လုပ်ဖို့ ငွေတွေ အများကြီး သုံးဖြုန်းနေစရာ မလိုပါဘူး။ အတွင်းစိတ်ပျော်မှ တကယ်ပျော်တဲ့သူ ဖြစ်လာမှာပါ။

#လက်ရှိမှာပဲ နေပါ။
အနာဂတ်က မသေချာဘူး။ မနက်ဖြန် ဘာဖြစ်မှန်း မသိဘူးဆိုပေမယ့် တကယ်တမ်း ပိုကောင်းလာမှာလား၊ ပိုဆိုးလာမှာလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပိုဆိုးမယ်ဆိုတာ ကိုယ့်ရဲ့ အတွေးသက်သက်ပါပဲ။ မရောက်သေးတဲ့ အနာဂတ်မှာ စိတ်မောနေမယ့်အစား ခုချိန်မှာ ကိုယ်လုပ်နိုင်တာကို လုပ်ပါ။ ကိုယ့်နားမှာ ရှိတဲ့ ကံကောင်းခြင်းတွေကို အသိအမှတ်ပြုပါ။

အနည်းဆုံးတော့ တစ်နေ့စာလေးကို ကောင်းကောင်းလေး ဖြတ်သန်းသွားရင် အနာဂတ်က ထင်သလောက် ဆိုးမှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်မဲ့စရာတွေကို သိပ်မတွေးမိလို့ နေရတာ သက်သာလာမှာပါ။

#ကိုယ်ပြောင်းလဲနိုင်တာကိုပဲ လုပ်ပါ။
တချို့ကိစ္စတွေက ကိုယ်ဘာမှမတတ်နိုင်ဘူး။ မပြောင်းလဲနိုင်ဘူးဆိုတာ မှန်ပေမယ့် အရာရာတိုင်းတော့ မဟုတ်ပါဘူး။ တချို့ကတော့ ကိုယ်ပြောင်းလဲလို့ ရပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ဘာကိုမှ စိတ်ဝင်တစား မလုပ်နိုင်တာ သဘာဝပါ။ ဒါကြောင့် အများကြီး မပြောင်းပါနဲ့။ တစ်ခုလောက်ပဲ စလုပ်ကြည့်ပါ။

ဥပမာ ဒီရက်တွေမှာ တစ်နေ့ကို ၁၅မိနစ်လောက် စာအုပ်ဖတ်မယ်။ နောက်တစ်ပတ်လောက် နေရင် တစ်နေ့ကို ၁၀မိနစ်လောက် စာရေးမယ် စသဖြင့်ပေါ့။ ကိုယ်ပြောင်းလဲနိုင်တာတွေ၊ ကိုယ့်အတွက် ရေရှည်မှာ ကောင်းမှာလေးတွေကို ကြိုးစားပြီး လုပ်ကြည့်ပါ။

#မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

ကောင်းမယ်ထင်တာတွေကို လုပ်ကြည့်ပါ။
တရားထိုင်တာ ကောင်းတယ်၊ လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ် ဒါတွေ ကျွန်တော်တို့ သိပြီးသားပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နှခါများ လိုက်လုပ်ဖူးလဲ။ ကောင်းမှန်းသိပေမယ့် ပေလယျကန်ပဲ နေလိုက်ကြတယ်လေ။ ခုလို မျှော်လင့်ချက်မဲ့နေတဲ့အချိန်မျိုးဆို လုပ်ချင်ချင် မလုပ်ချင်ချင် ဒီလိုကောင်းတယ်ဆိုတဲ့အကျင့်လေးတွေ စမ်းလုပ်ကြည့်ပါ။

စိတ်ပါပါ မပါပါ လုပ်ရင်းက အလေ့အကျင့် တစ်ခုဖြစ်သွားတော့လည်း ကိုယ့်အတွက် အရှုံး မရှိပါဘူး။ အနည်းဆုံးတော့ မျှော်လင့်ချက်မဲ့တဲ့ လှောင်အိမ်ထဲက ခဏ ထွက်ဖြစ်တာပေါ့။

#တစ်နေ့စာ goalတွေ သတ်မှတ်ထားပါ။
နှစ်ကုန်ရင် ငါတော့ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်တွေ ခဏထားလိုက်ပါ။ မျှော်လင့်ချက်မဲ့နေပါတယ်ဆိုမှ ဒီလောက်ရေရှည်ထိ တွေးထားဖို့ သတ္တိမရှိပါဘူး။ ဒါပေမယ့် တစ်နေ့စာတော့ သတ်မှတ်ထားလို့ ရပါတယ်။ ဒီနေ့တော့ ငါတွေ လုပ်မယ်ဆိုပြီး စာရင်းတို့ထားပါ။ လုပ်နိုင်တဲ့ ပမာဏလောက်ပဲ ဖြစ်ပါစေ။

ဒါလေးကိုပဲ အာရုံစူးစိုက်ပြီး လုပ်ပါ။ စာရင်းတွေ အကုန်ပြီးသွားတဲ့အခါ လွတ်လပ်ပေါ့ပါးပြီး တာဝန်ကျေသွားသလို ခံစားရပါလိမ့်မယ်။

#လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကိုယ့်ကိုယ်ကို ဖြေဆည်မရအောင် ဖြစ်နေပြီ။ နေ့စဉ်အလုပ်တွေ မလုပ်နိုင်လောက်အောင် ခြောက်ခြားနေပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေးဝါးအကူအညီ၊ နှစ်သိမ့်ဆွေးနွေးတဲ့ အကူအညီ ရယူပါ။ ဒါရှက်စရာ မဟုတ်ပါဘူး။ ဒီလို လူနာတွေ အများကြီးရှိလို့ ဒီရောဂါကို အထူးပြုပြီး ကုရတဲ့ဆရာဝန်ဆိုတာ ရှိနေတာပါ။ သင့်လိုမျိုး ခံစားနေရတဲ့သူတွေ အများကြီး ရှိပါတယ်။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ကိုယ်မတတ်နိုင်တဲ့ အခြေအနေ၊ ကိုယ်လိုက်လုပ်လို့ မမီတဲ့ အခြေအနေတစ်ခုရောက်ရင် မျှော်လင့်ချက်မဲ့သလို ခံစားရတယ်ဆိုတာ ပုံမှန်ပါပဲ။ မျှော်လင့်ချက်မဲ့တယ်ဆိုတာကို လက်ခံလိုက်ပါ။ ပြီးရင် ရုန်းထပါ။ ဖြည်းဖြည်းချင်း ကိုယ်တတ်နိုင်တာကို စပြောင်းလဲပါ။ တဖြည်းဖြည်းနဲ့တော့ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လာမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္




#စာေရးသူ Dr. Htet Htet Zaw Win မြ ေရးသားသည္။ 

Dr. Phyo Wai Lynn မြ အခ်က္အလက္ စစ္ေဆးထားပါသည္။


#စိတ္က်န္းမာေရး

#စိတ္ခံစားမႈပိုင္းဆိုင္ရာျပႆနာမ်ား


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားရတယ္ဆိုတာ အဆိုး႐ြားဆုံး ခံစားမႈပါ။ အသက္သာ ရွင္ေနရတယ္၊ ဘာကို ေမွ်ာ္လင့္ၿပီး ရွင္ေနရမွန္း မသိ။ လုပ္ခ်င္တာ ျဖစ္ခ်င္တာရယ္လို႔လည္း သီးသီးသန္႔သန္႔မရွိ။ အေကာင္းျမင္ဖို႔၊ ေပ်ာ္ေအာင္ေနဖို႔ဆိုတာ ေဝးေရာ။ ရင္ထဲမွာ တင္းက်ပ္က်ပ္နဲ႔ ေနရခက္တဲ့ ခံစားမႈမ်ိဳးပါ။ သက္ျပင္းေတြအခါခါခ်ၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိတဲ့အခ်ိန္ပါ။


ထြက္ေပါက္ပိတ္ေနသလို ခံစားခ်က္နဲ႔ လက္ရွိလုပ္ေနတာေတြကိုလည္း ဆက္မလုပ္ခ်င္၊ ေနာင္အနာဂတ္ဆိုတာကိုလည္း ထည့္မေတြးခ်င္ (ေတြးစရာလည္း မ႐ြိ)ဘဲ တအုံေႏြးေႏြး ခံစားေနရတာမ်ိဳးပါ။ ဒီလိုဆို မေတြးပါနဲ႔လားဆိုေတာ့လည္း ေမၾတးဘဲကို ေခါင္းထဲကို အလိုလို ေရာက္လာ၊ ေရာက္လာလို႔ ေတြးမိတိုင္းလည္း သက္ျပင္းခ်႐ုံအျပင္ ဘာမွမတတ္ႏိုင္တာမ်ိဳးေပါ့။


ဒီလိုနဲ႔ သံသရာေတြလည္ၿပီး ေနာက္ဆုံးေတာ့ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ဒီေလွာင္အိမ္ထဲမွာပဲ ျပန္ပိတ္မိေနျပန္ေရာ။


ဒါေပမယ့္ ဒီတိုင္းေနလို႔ေတာ့ မျဖစ္ေသးျပန္ဘူး။ ၾကာလာေလေလ ထိခိုက္ေလေလက ကိုယ္ကိုယ္တိုင္ပဲ ျဖစ္မွာပါ။ ဒီေတာ့ ဒီသံသရာထဲက အျမန္လြတ္ကြၽတ္ေအာင္၊ ကိုယ့္ကိုယ္ကို ဘယႅိုမ္ား ေဖးမႏိုင္မလဲ။ ဘာေတြနဲ႔ ျပန္ၿပီး ထူေထာင္ႏိုင္မလဲ။


#ေမွ်ာ္လင့္ခ်က္မဲ့ တဲ့ သံသရာထဲက လြတ္ေျမာက္ဖို႔

ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာ လက္ခံလိုက္ပါ။

ဟုတ္တယ္။ လေတၱလာမြာ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ အနာဂတ္ဆိုတာလည္း ေမသခ္ာဘူး။ အနာဂတ္မေျပာနဲ႔ မနက္ျဖန္ေတာင္ ဘာမွန္း မသိဘူး။ ဘယ္သူမွလည္း လာမကယ္ႏိုင္ဘူး။ လုပ္လို႔ရတာလည္း မ႐ြိဘူး။ ေပ်ာ္လည္း မေပ်ာ္ႏိုင္ဘူး စသျဖင့္ အ႐ြိကို အရွိအတိုင္း ခဏ လက္ခံလိုက္ပါ။


ခဏလက္ခံခိုင္းတာက ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာကို အတည္ျပဳခ်င္လို႔ပါ။ ေရာဂါအမည္တပ္သလိုပဲေပါ့။ အနာသိရင္ေတာ့ ေဆးရွိပါၿပီ။ ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာ လက္ခံလိုက္မွ ဒါကို တြန္းလွန္လို႔ရမွာပါ။ မဟုတ္ရင္ ေဝေဝဝါးဝါး ျဖစ္ေနမွာစိုးလို႔ပါ။


#ဒီေမွ်ာ္လင့္ခ်က္မဲ့တာ ဘယၠ ျဖစ္လာတာလဲဆိုတာကို ႐ြာပါ။

တစ္ခါတေလ ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားရတာက ဒီတိုင္း ခံစားရတာသက္သက္ မဟုတ္ဘဲ ကိုယၼသိတဲ့ စိတ္ေရာဂါတစ္ခုခုရဲ႕ လကၡဏာ (ဥပမာ စိတ္က်ေရာဂါ)လည္း ျဖစ္ေနႏိုင္ပါတယ္။ ဒါမွမဟုတ္ လေတၱလာ ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ဆိုး တစ္ခုခုေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါကို သိမြ ဘယ္လိုနည္းနဲ႔ ေျဖရွင္းလို႔ရမလဲဆိုတာ သိႏိုင္မွာပါ။



#ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


မတူတဲ့ဘကၠ ေျပာင္းျမင္ၾကည့္ပါ။

လက္ရွိ ေမွ်ာ္လင့္ခ်က္မဲ့အျဖစ္အပ်က္ကို ဖယ္ၿပီး က်န္တဲ့ ေကာင္းတဲ့အခ်က္ေတြကို ေျပာင္းၿပီး ျမင္ၾကည့္ပါ။ ဥပမာ အလုပ္လုပ္လို႔ ရေသးတယ္။ ပိုက္ဆံရွာႏိုင္ေသးတယ္။ က်န္းမာေနေသးတယ္ စသျဖင့္ေပါ့။ ေမွ်ာ္လင့္ခ်က္မဲ့တာ လုံးဝမေပ်ာက္သြားသည့္တိုင္ ငါ့မြာ ဒါေလးေတြ က်န္ပါေသးလားဆိုၿပီး နည္းနည္းေတာ့ အားတကႅာမြာပါ။


အတင္းႀကီး ေပ်ာ္ေအာင္ေနဖို႔ မလိုပါဘူး။ ေပ်ာ္ခ်င္ေယာင္ မေဆာင္လည္း ရပါတယ္။ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ အခ်ိန္မွာ မေပ်ာ္ႏိုင္တာ သဘာဝပါပဲ။ ကိုယ့္ကို ေပ်ာ္ေအာင္ လုပ္ဖို႔ ေငြေတြ အမ်ားႀကီး သုံးျဖဳန္းေနစရာ မလိုပါဘူး။ အတြင္းစိတ္ေပ်ာ္မွ တကယ္ေပ်ာ္တဲ့သူ ျဖစ္လာမွာပါ။


#လက္ရွိမွာပဲ ေနပါ။

အနာဂတၠ ေမသခ္ာဘူး။ မနက္ျဖန္ ဘာျဖစ္မွန္း မသိဘူးဆိုေပမယ့္ တကယ္တမ္း ပိုေကာင္းလာမွာလား၊ ပိုဆိုးလာမြာလားဆိုတာ ဘယ္သဴမြ မေျပာႏိုင္ပါဘူး။ ပိုဆိုးမယ္ဆိုတာ ကိုယ့္ရဲ႕ အေတြးသက္သက္ပါပဲ။ မေရာက္ေသးတဲ့ အနာဂတ္မွာ စိတ္ေမာေနမယ့္အစား ခုခ်ိန္မွာ ကိုယ္လုပ္ႏိုင္တာကို လုပ္ပါ။ ကိုယ့္နားမွာ ႐ြိတဲ့ ကံေကာင္းျခင္းေတြကို အသိအမွတ္ျပဳပါ။


အနည္းဆုံးေတာ့ တစ္ေန႔စာေလးကို ေကာင္းေကာင္းေလး ျဖတ္သန္းသြားရင္ အနာဂတၠ ထင္သေလာက္ ဆိုးမြာ မဟုတ္ပါဘူး။ ေမွ်ာ္လင့္ခ်က္မဲ့စရာေတြကို သိပ္မေတြးမိလို႔ ေနရတာ သက္သာလာမြာပါ။


#ကိုယ္ေျပာင္းလဲႏိုင္တာကိုပဲ လုပ္ပါ။

တခ်ိဳ႕ကိစၥေတြက ကိုယ္ဘာမွမတတ္ႏိုင္ဘူး။ မေျပာင္းလဲႏိုင္ဘူးဆိုတာ မွန္ေပမယ့္ အရာရာတိုင္းေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ကေတာ့ ကိုယ္ေျပာင္းလဲလို႔ ရပါတယ္။ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အခ်ိန္မွာ ဘာကိုမြ စိတ္ဝင္တစား မလုပ္ႏိုင္တာ သဘာဝပါ။ ဒါေၾကာင့္ အမ်ားႀကီး မေျပာင္းပါနဲ႔။ တစ္ခုေလာက္ပဲ စလုပ္ၾကည့္ပါ။


ဥပမာ ဒီရက္ေတြမွာ တစ္ေန႔ကို ၁၅မိနစ္ေလာက္ စာအုပ္ဖတ္မယ္။ ေနာက္တစ္ပတ္ေလာက္ ေနရင္ တစ္ေန႔ကို ၁၀မိနစ္ေလာက္ စာေရးမယ္ စသျဖင့္ေပါ့။ ကိုယ္ေျပာင္းလဲႏိုင္တာေတြ၊ ကိုယ့္အတြက္ ေရရွည္မွာ ေကာင္းမွာေလးေတြကို ႀကိဳးစားၿပီး လုပ္ၾကည့္ပါ။


#ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


ေကာင္းမယ္ထင္တာေတြကို လုပ္ၾကည့္ပါ။

တရားထိုင္တာ ေကာင္းတယ္၊ ေလ့က်င့္ခန္းလုပ္တာ ေကာင္းတယ္ ဒါေတြ ကြၽန္ေတာ္တို႔ သိၿပီးသားပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဘယ္ႏွခါမ်ား လိုကႅဳပၹဴးလဲ။ ေကာင္းမွန္းသိေပမယ့္ ေပလယ်ကန္ပဲ ေနလိုက္ၾကတယ္ေလ။ ခုလို ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အခ်ိန္မ်ိဳးဆို လုပ္ခ်င္ခ်င္ မလုပ္ခ်င္ခ်င္ ဒီလိုေကာင္းတယ္ဆိုတဲ့အက်င့္ေလးေတြ စမ္းလုပ္ၾကည့္ပါ။


စိတ္ပါပါ မပါပါ လုပ္ရင္းက အေလ့အက်င့္ တစ္ခုျဖစ္သြားေတာ့လည္း ကိုယ့္အတြက္ အရႈံး မ႐ြိပါဘူး။ အနည္းဆုံးေတာ့ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ေလွာင္အိမ္ထဲက ခဏ ထြက္ျဖစ္တာေပါ့။


#တစ္ေန႔စာ goalေတြ သတ္မွတ္ထားပါ။

ႏွစ္ကုန္ရင္ ငါေတာ့ ဘာျဖစ္ရမယ္၊ ညာျဖစ္ရမယ္ေတြ ခဏထားလိုက္ပါ။ ေမွ်ာ္လင့္ခ်က္မဲ့ေနပါတယ္ဆိုမွ ဒီေလာက္ေရရွည္ထိ ေတြးထားဖို႔ သတၱိမရွိပါဘူး။ ဒါေပမယ့္ တစ္ေန႔စာေတာ့ သတ္မွတ္ထားလို႔ ရပါတယ္။ ဒီေန႔ေတာ့ ငါေတြ လုပ္မယ္ဆိုၿပီး စာရင္းတို႔ထားပါ။ လုပ္ႏိုင္တဲ့ ပမာဏေလာက္ပဲ ျဖစ္ပါေစ။


ဒါေလးကိုပဲ အာ႐ုံစူးစိုက္ၿပီး လုပ္ပါ။ စာရင္းေတြ အကုန္ၿပီးသြားတဲ့အခါ လြတ္လပ္ေပါ့ပါးၿပီး တာဝန္ေက်သြားသလို ခံစားရပါလိမ့္မယ္။


#လိုအပ္ရင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

ကိုယ့္ကိုယ္ကို ေျဖဆည္မရေအာင္ ျဖစ္ေနၿပီ။ ေန႔စဥ္အလုပ္ေတြ မလုပ္ႏိုင္ေလာက္ေအာင္ ေျခာက္ျခားေနၿပီဆိုရင္ ဆရာဝန္နဲ႔ ေဆြးေႏြးပါ။ ေဆးဝါးအကူအညီ၊ ႏွစ္သိမ့္ေဆြးေႏြးတဲ့ အကူအညီ ရယူပါ။ ဒါ႐ြကၥရာ မဟုတ္ပါဘူး။ ဒီလို လူနာေတြ အမ်ားႀကီးရွိလို႔ ဒီေရာဂါကို အထူးျပဳၿပီး ကုရတဲ့ဆရာဝႏ္ဆိုတာ ရွိေနတာပါ။ သင့္လိုမ်ိဳး ခံစားေနရတဲ့သူေတြ အမ်ားႀကီး ရွိပါတယ္။ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။


ကိုယ္မတတ္ႏိုင္တဲ့ အေျခအေန၊ ကိုယ္လိုက္လုပ္လို႔ မမီတဲ့ အေျခအေနတစ္ခုေရာက္ရင္ ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားရတယ္ဆိုတာ ပုံမွန္ပါပဲ။ ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာကို လက္ခံလိုက္ပါ။ ၿပီးရင္ ႐ုန္းထပါ။ ျဖည္းျဖည္းခ်င္း ကိုယ္တတ္ႏိုင္တာကို စေျပာင္းလဲပါ။ တျဖည္းျဖည္းနဲ႔ေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကို ေတြ႕လာမွာပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Thursday, April 21, 2022

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု

 အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု




====================

====================


အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနဲ့ နှစ်ဦးပိုင်ပစ္စည်းခွဲဝေမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊ စာရေးဆရာ) ကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။


မေး :မယားဖြစ်သူက နောက်တယောက်နဲ့ ဖောက်ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး လင်ခန်းမယားခန်း အလိုလို ကွာရှင်းပြီးသားဖြစ်ပါသလား။ ဇနီးဟောင်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေဖို့ တောင်းဆိုခွင့်၊ သားသမီးအုပ်ထိန်းခွင့်တွေ ရှိပါသလား။


 

ဖြေ:  အများအားဖြင့် လူတွေက ထင်ကြတာက မယားက နောက်ယောကျာ်းတယောက်နဲ့ လိုက်ပြေးသွားပြီဆိုရင် လင်ခန်းမယားခန်း အလိုလိုပြတ်စဲသွားပြီလို့ထင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အဲဒါက လင်ယောကျာ်းက ဖြတ်မှပဲရမှာပါ။ သူက လင်မယားကွာရှင်းပေးစေလိုမှု လျှောက်ရတယ်။ မလျှောက်ဘဲထားရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်နေတုန်းပဲ။ ဒါကြောင့် တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၃ မှာ ဖောက်ဖျက်တာကို တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၄ အရ တရားရုံးမှာ ကွာလိုမှု လျှောက်ရတယ်။


နောက်ပြီး ပုဒ်မ ၁၅ မှာက ကွာလိုမှုရတယ်ဆိုရင် ဖောက်ပြန်တဲ့ ဇနီးမယားအနေနဲ့ အမွေ အခွင့်အရေး အားလုံးဆုံးရှုံးတယ်လို့ ပါတယ်။ ဒါကြောင့် အဲဒါကို ဖော်ပြပြီးတော့ ကွာလိုမှု လျှောက်တဲ့နေရာမှာ အဆင့်ဆင့်တွေကို တင်ပြပြီးတော့ လျှောက်ထားနိုင်တယ်။ ကွာလိုမှု ရတဲ့အခါမှာလည်း ဖောက်ပြန်တဲ့ ဇနီးမယားက အမွေဆက်ခံခွင့်ဘာမှမရပါဘူး။ ဆုံးရှုံးပါတယ်။ သားသမီးထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဖောက်ပြန်တဲ့သူက အုပ်ထိန်းခွင့် လျှောက်ရင်တော့ အင်မတန် အခွင့်အရေးနည်းပါတယ်။ သူမှာက စာရိတ္တချို့ယွင်းထားတာ ရှိနေတာကြောင့် မိခင်အနေနဲ့ လျှောက်ရင် အခွင့်အရေးဆုံးရှုံးနိုင်တယ်လို့ ဖြေကြားချင်ပါတယ်။


မေး : လင်ယောကျာ်းဖြစ်သူက တနယ်တကျေးမှာ ရဟန်းဘောင်၀င်သွားတာ ဘယ်တော့ကြာမလဲဆိုတာ မပြောတော့ နောက်အိမ်ထောင်ပြုဖို့ နှစ်ဦးနှစ်ဖက်မိသားစုတွေ သဘောတူ စီစဉ်ထားပြီးဖြစ်ပါတယ်။ အခုကျတော့ ၂ နှစ်ကျော်အကြာမှာ  လူပြန်ထွက်ပြီး အိမ်ကို ပြန်လာပါတယ်။ ကျမသိချင်တာက အခုလိုလူပြန်ထွက်လာတာက လင်မယားအရာ တည်မြဲနေသေးပါသလား။ အကျပ်အတည်း တွေ့နေတဲ့အတွက် ဘယ်လို ဆက်လုပ်သင့် သလဲဆိုတာ အကြံဉာဏ်တောင်းခံထားပါတယ်ရှင်။


ဖြေ : မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ပျက်တယ်ဆိုတာကတော့ အချက်သုံးချက်ရှိတဲ့အထဲက (၁) အချက်မှာ လင်ယောကျာ်းရဟန်းဘောင်ဝင်ရင် ပျက်တယ်ဆိုတာ ပါဝင်တယ်။ ရဟန်းဘောင်ဝင်တဲ့အခါ ဒုလ္လဘ မဟုတ်ဘူး။ အပြီးရဟန်းဘောင် ခံယူလိုက်တယ်။ လင်ခန်းမယားခန်း ပြတ်မပြတ်ဆိုတာကို ဟိုးရှေး ဓမ္မသတ်အဟောင်းတွေမှာ ဘာပါသလဲဆိုတော့ လင်ယောကျာ်းက ရဟန်းဘောင်ဝင်ရင် ကျန်ရှိနေတဲ့ တယောက်က နောက်အိမ်ထောင်ထူလို့ရတယ်။ ဒါပေမယ့် လင်ယောကျာ်းက ပြန်ထွက်ရင်တော့ မယားကို ဆက်လက်ပေါင်းသင်းခွင့်ရှိတယ်လို့ ဟိုးအရင်ဓမ္မသတ်တွေက ဆိုပါတယ်။ ဒါပေမယ့် (၃၄)ဆောင်တွဲ ဓမ္မသတ်၊ အခန်း (၁၃)၊ ပုဒ်မ (၄၁၁) မှာ လင်ယောက်က်ျားက ရဟန်းဘောင်ကို အပြီးဝင်သွားတာနဲ့ လင်ခန်းမယားခန်း ပြတ်တယ်လို့ ဆိုထားတယ်။


နောက်တခု စိတ်ဝင်စားစရာကောင်းတာက မနုကျယ်ဓမ္မသတ်ရဲ့ (၅)တွဲ၊ အခန်း (၁၇) မှာ လင်ယောကျာ်းက ရဟန်းဘောင်ကို ဝင်ပြီဆိုရင် ဇနီး၊ မယားက (၇) ရက်တော့စောင့်ပေးပါတဲ့။ စိတ်လည်ပြီး ပြန်ထွက်လာရင်လည်း ပြန်ပေါင်းလို့ရတာပေါ့။ စိတ်ပြတ်အောင်လို့ပါ။ (၇) ရက်ကျော်ပြီဆိုရင် ကျန်ခဲ့တဲ့ဇနီးမယားက နောက်အိမ်ထောင်ထူပိုင်ခွင့်ရှိတယ်။ (၇)ရက်ကျော်မှ ရဟန်းဘောင်က ပြန်လာပြီး မိမိရဲ့ ဇနီးမယားပါလို့ အခွင့်အရေး တောင်းဆိုခွင့် မရှိတော့ဘူးလို့ ဆိုချင်ပါတယ်။


မေး:  မြန်မာနိင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေဟာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေနဲ့သာသက်ဆိုင်ပြီး အခြားဘာသာ ကိုးကွယ်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာ တလင်တမယားဥပဒေ ရှိနေတဲ့အတွက် ခရစ်ယာန်ဘာသာ၀င်တွေအနေနဲ့ အိမ်ထောင်ရေး ပြဿနာတခုခု ဖြစ်လာရင် ဘယ်ဥပဒေနဲ့ အမှုကို ကိုင်တွယ်မလဲဆိုတာ ဥပဒေဗဟုသုတအနေနဲ့ သိလိုပါတယ်။


ဖြေ  : အိမ်ထောင်ရေးပြစ်မှုဆိုတာကို သူက မေးထားတာ။ ဘယ်လို အိမ်ထောင်ရေး ပြစ်မှုဆိုတာကိုတော့ သူက အတိအကျ ဖော်ပြထားတာ မတွေ့ဘူးပေါ့ကွယ်။ အိမ်ထောင်ရေး ပြစ်မှုဆိုတာ အမျိုးမျိုးရှိသေးတာကိုး။ ဒါပေမယ့် နောက်အိမ်ထောင်ပြုတာမျိုး၊ အိမ်ထောင်ရေး ဖောက်ပြန်တာမျိုးလား။ အဲလိုဆိုရင်တော့ တစ်လင်တမယား ကျင့်သုံး ခြင်း ဆိုင်ရာဥပဒေပုဒ်မ (၁၇) မှာ အတိအကျဆိုထားတယ်။ ဘယ်လိုဆိုတာလဲဆိုရင် ..ဥပဒေတရပ်အရ ပဲဖြစ်ဖြစ်၊ ကိုးကွယ်ရာ ဘာသာတရပ်အရရပဲဖြစ်ဖြစ်၊ ဓလေ့ထုံးစံအရပဲဖြစ်ဖြစ်၊ တည်မြဲတဲ့အိမ်ထောင်မှုကို ယောကျာ်းကပဲဖြစ်စေ၊ မိန်းမကပဲဖြစ်စေ..ထူထောင်ထားပြီးဖြစ်တယ်ဆိုရင် ဒီကိစ္စကိုထိန်ချန်ပြီး နောက်ထပ် အိမ်ထောင်မပြုရဘူးလို့ ပါတယ်။ ဆိုတော့.. သူက ဘာသာမရွေး၊ ဓလေ့ထုံစံမရွေး..မည်သည့် ဥပဒေနဲ့ပဲ အိမ်ထောင်ပြုထားပြုထား၊ ဒီလိုပြုထားတဲ့ဥစ္စာကို ထိန်ချန်ပြီး နောက်အိမ်ထောင်ပြုမယ်ဆိုရင်တော့ ဒီဥစ္စာက ပုဒ်မ-၁၇ အရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်။ ဒါကြောင့်မို့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်.. တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ဘယ်ဓလေ့ထုံးတမ်းကိုပဲယူယူ၊ ဘယ်ကိုးကွယ်တဲ့ ဘာသာကိုပဲယူယူ၊ ဘယ်ဥပဒေကိုပဲ ယူယူ ဒီဥပဒေအရပဲ ဆုံးဖြတ်ချက် ခံယူရမယ်လို့ ဖြေချင်ပါတယ်။


မေး :  ကျနော်တို့က အစ္စလာမ်ဘာသာ၀င်တွေပါ။ သားသမီး ၄ ယောက်ရှိပါတယ်။ နှစ်ဦးသဘောတူကွာရှင်း ဖို့ဖြစ်လာပါတယ်။ တချို့ပစ္စည်းတွေက ဇနီးနာမည်နဲ့ ဖြစ်နေတဲ့အတွက် လက်ထက်ပွားပစ္စည်းတွေကို ဘယ်လို ခွဲဝေရမလဲ ဆိုတာကို သိလိုပါတယ် ။


ဖြေ:  အစ္စလာမ်ဘာသာဓလေ့ထုံးတမ်းနဲ့ ဗုဒ္ဒဘာသာ ဓလေ့ထုံးတမ်း.. လင်ခန်းမယားခန်း မတူဘူးကွဲ့။ ပစ္စည်းခန်း အခွင့်အရေးလည်း မတူဘူးကွဲ့။ အစ္စလာမ်ဘာသာမှာ ကျတော့ လင်ယောက်ျားဟာ အမွေရတဲ့ပစ္စည်းပဲဖြစ်ဖြစ်  သူရှာဖွေလို့ရတဲ့ ပစ္စည်းပဲဖြစ်ဖြစ်.. အဲဒီ ပစ္စည်းဥစ္စဓနဟာ သူ့ပစ္စည်းပဲ ..ဇနီးမယားဟာ သူအမွေရတဲ့ပစ္စည်း ပဲဖြစ်ဖြစ် ..သူ၀န်ထမ်းဖြစ်လို့ လခရရင်လည်း အဲပစ္စည်းအရပ်ရပ်ဟာ ဇနီးမယားဟာ သူ့ပစ္စည်းပဲ။ သူကသီးခြားစီဖြစ်တယ်။ နှစ်ဦးပေါင်း လက်ထက်ပွားပစ္စည်းဆိုတာ မရှိဘူး။ လင်ခန်းမယားခန်း ပေါင်းနေဆဲမှာလည်း သူ့ ပစ္စည်းနဲ့သူသွားတာပဲ။


မဟာရွှေဆိုတာတော့ရှိတာပေါ့။ မဟာရွှေဆိုတာကတော့ အိမ်ထောင်ပြုတဲ့အခါမှာ လင်ယောက်ျားက တင်တောင်းတဲ့ငွေပေါ့ကွယ်။ ဒါကတော့ ပေးဖို့ကျန်တာရှိရင် လင်ခန်းမယားခန်း နှစ်ဦးသဘောတူ ပြတ်တဲ့အခါမှာ အဲဒီမဟာရွှေပေးစရာရှိရင်တော့ ပေးရတဲ့ ထုံးစံရှိတယ်။ အဲဒါကလည်း လင်ခန်းမယားခန်းပြတ်ပြီး ၃ နှစ်အတွင်း စွဲရတယ်။ ၃ နှစ်ကျော်လို့ရှိရင် စွဲပိုင်ခွင့်မရှိဘူး ။


နောက်တခုရှိသေးတယ်။ အဲဒီလို ပေါင်းသင်းနေစဉ်ကာလအတွင်းမှာ လင်ယောက်ျားက မိမိရဲ့ ဇနီးမယားကို  မေတ္တာသက်၀င်ပြီးတော့ ၀ယပြေးမယြ ..Gift အနေနဲ့ ပေးမယ်ဆိုရင်လည်း ပေးလို့ရတယ်။ အဲဒီလိုပေးမယ်ဆိုရင်လည်း မိန်းမနာမည်နဲ့ ပေးရတယ်။ အိမ်တို့ခြံတို့မြေတို့ ကိုပေးမယ်ဆိုရင် မိန်းမနာမည်နဲ့ မှတ်ပုံတင်ပြီး ပေးရတယ်။ ဒါကြောင့်မို့လို့ ပိုင်ဆိုင်မှုဟာ သီးခြားစီဖြစ်တယ်။ နှစ်ဦးလက်ထက်ပွားပစ္စည်းဆိုတာ မရှိပါဘူး။ ဒါကြောင့်မိန်းမနာမည်နဲ့ ရှိတဲ့ပစ္စည်းဟာ မိန်းမပိုင်တာပဲ။ ယောက်ျားနာမည်နဲ့ရှိတဲ့ ပစ္စည်းမှန်သမျှဟာ ယောက်ျားပိုင်တယ်။ နှစ်ဦးသဘောတူ ပြတ်ပြီဆိုတာနဲ့  ထိမ်းမြားတဲ့အချိန်ကနေ ပြတ်စဲတဲ့အချိန်ထိ ပိုင်ဆိုင်မှု အားလုံးဟာ သူ့ဖာသာသူအားလုံး သီးခြားဖြစ်သွားပါပြီ။ ဒီလိုပဲ ဖြေရပါမယ်။


မေး:  ကျမယောက်ျားက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဆယ်နှစ်ကျသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ ဒီကြားထဲမှာ စား၀တ်နေရေးကလည်း အဆင်မပြေ၊ ကလေးတွေရဲ့ ရှေ့ရေးကလည်း ရှိနေတော့ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားနေပါတယ်။ အကယ်၍ အိမ်ထောင်ပြုလိုက်ရင် ဥပဒေနဲ့ညီပါသလား။


ဖြေ : မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရပြောရရင်တော့ ဓမ္မသတ်(၃၄)စောင်တွဲ၊ အိမ်မှုခန်းမှာ ယောကျာ်းဟာ နူနာရောဂါ စွဲကပ်သွားသည့်တိုင် ဇနီးမယားက ကွာလိုမှု မလျောက်နိုင်ဘူးလို့ ဆိုထားပါတယ်။ နောက်ဆုံးစီရင်ထုံးအနေနဲ့ ဒေါ်လှလှဝင်းနဲ့ ဦးဘရှင် ၁၉၉၁ ခုနှစ် စာမျက်နှာ (၁၅၉) အမှုစီရင်ထုံးမှာလည်း အဲဒီအတိုင်း ဆုံးဖြတ်ထားပါတယ်။ လင်ယောကျာ်းက ထောင် ၁၀ နှစ်ပဲကျကျ၊ အနှစ် ၂၀ ပဲကျကျ.. အဲဒါကို အကြောင်းပြုပြီး ကွာလိုမှု လျှောက်ဖို့ စိတ်မကူးပါနဲ့။ အကြံပေးချင်တာတခုက ကွာလိုမှု လျှောက်မယ်ဆိုရင် ဇနီးမယားအနေနဲ့ သူ့ကို လင်ယောကျာ်းက စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ဖြစ်အောင် ဘာလုပ်သလဲဆိုတာကိုပဲ အခြေခံရတယ်။ ဒီမူးယစ်ဆေးဝါးလုပ်လို့ သူ့ကို စိတ်၊ကိုယ်ဆင်းရဲခြင်းဖြစ်အောင် ဘာတွေလုပ်သလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးမှသာ ကွာလိုမှုလျှောက်လို့ရပါတယ်။ ဒီအချက်တွေကို မဖော်ပြဘဲနဲ့ လင်ယောကျာ်းက ထောင် ၁၀ နှစ်ကျလို့ ကွာလိုမှုလျှောက်လို့တော့ မရနိုင်ဘူး။ ရနိုင်တဲ့ အခွင့်အရေးပေးထားတာက မိမိကိုယ်ကိုယ် စိတ်ဆင်းရဲအောင် ဘာတွေလုပ်လဲ ဆိုတာကို ခိုင်မာအောင် သက်သေပြပါ။ ထောင်မှာ ၁၀ နှစ်ကျတာကို အကြောင်းမပြပါနဲ့။ ကိုယ်ခံစားရတဲ့ အချက်ကိုမူတည်ပြီး၊ အကြောင်းပြပြီး ကွာလိုမှုလျှောက်မယ်ဆိုရင် ရပါတယ်လို့ အကြံပေးချင်ပါတယ်။


==========


DVB TV News


(Zawgyi) 

အိမ္ေထာင္ေရးေဖာက္ျပန္မႈ၊ လင္မယားကြာရွင္းမႈႏွင့္ အေမြခြဲေဝမႈ




====================

====================


အိမ္ေထာင္ေရးေဖာက္ျပန္မႈ၊ လင္မယားကြာရွင္းမႈနဲ႕ ႏွစ္ဦးပိုင္ပစၥည္းခြဲေဝမႈဆိုင္ရာ ကိစၥရပ္ေတြနဲ႕ပတ္သက္ၿပီး ဦးေက်ာ္ေဇယ် (ဥပေဒပညာရွင္ ၊ စာေရးဆရာ) ကို ဒီဗြီဘီသတင္းဌာနမွ ေနရီရီက ေတြ႕ဆုံေမးျမန္းထားပါတယ္။


ေမး :မယားျဖစ္သူက ေနာက္တေယာက္နဲ႕ ေဖာက္ျပန္ၿပီး ထြက္ေျပးသြားပါတယ္။ ဒီလိုျဖစ္စဥ္ေၾကာင့္ ႏွစ္ဦးစလုံး လင္ခန္းမယားခန္း အလိုလို ကြာရွင္းၿပီးသားျဖစ္ပါသလား။ ဇနီးေဟာင္းျဖစ္သူက ႏွစ္ဦးပိုင္ပစၥည္းေတြကို ခြဲေဝဖို႔ ေတာင္းဆိုခြင့္၊ သားသမီးအုပ္ထိန္းခြင့္ေတြ ရွိပါသလား။


 

ေျဖ: အမ်ားအားျဖင့္ လူေတြက ထင္ၾကတာက မယားက ေနာက္ေယာက်ာ္းတေယာက္နဲ႕ လိုက္ေျပးသြားၿပီဆိုရင္ လင္ခန္းမယားခန္း အလိုလိုျပတ္စဲသြားၿပီလို႔ထင္ၾကတယ္။ အမွန္ေတာ့ မဟုတ္ပါဘူး။ အဲဒါက လင္ေယာက်ာ္းက ျဖတ္မွပဲရမွာပါ။ သူက လင္မယားကြာရွင္းေပးေစလိုမႈ ေလွ်ာက္ရတယ္။ မေလွ်ာက္ဘဲထားရင္ တည္ၿမဲခိုင္မာတဲ့ အိမ္ေထာင္ေရး ျဖစ္ေနတုန္းပဲ။ ဒါေၾကာင့္ တလင္တမယား က်င့္သုံးျခင္းဆိုင္ရာဥပေဒ ပုဒ္မ-၁၃ မွာ ေဖာက္ဖ်က္တာကို တလင္တမယား က်င့္သုံးျခင္းဆိုင္ရာဥပေဒ ပုဒ္မ-၁၄ အရ တရား႐ုံးမွာ ကြာလိုမႈ ေလွ်ာက္ရတယ္။


ေနာက္ၿပီး ပုဒ္မ ၁၅ မွာက ကြာလိုမႈရတယ္ဆိုရင္ ေဖာက္ျပန္တဲ့ ဇနီးမယားအေနနဲ႕ အေမြ အခြင့္အေရး အားလုံးဆုံးရႈံးတယ္လို႔ ပါတယ္။ ဒါေၾကာင့္ အဲဒါကို ေဖာ္ျပၿပီးေတာ့ ကြာလိုမႈ ေလွ်ာက္တဲ့ေနရာမွာ အဆင့္ဆင့္ေတြကို တင္ျပၿပီးေတာ့ ေလွ်ာက္ထားနိုင္တယ္။ ကြာလိုမႈ ရတဲ့အခါမွာလည္း ေဖာက္ျပန္တဲ့ ဇနီးမယားက အေမြဆက္ခံခြင့္ဘာမွမရပါဘူး။ ဆုံးရႈံးပါတယ္။ သားသမီးထိန္းသိမ္းေရးနဲ႕ ပတ္သက္ရင္ ေဖာက္ျပန္တဲ့သူက အုပ္ထိန္းခြင့္ ေလွ်ာက္ရင္ေတာ့ အင္မတန္ အခြင့္အေရးနည္းပါတယ္။ သူမွာက စာရိတၱခ်ိဳ႕ယြင္းထားတာ ရွိေနတာေၾကာင့္ မိခင္အေနနဲ႕ ေလွ်ာက္ရင္ အခြင့္အေရးဆုံးရႈံးနိုင္တယ္လို႔ ေျဖၾကားခ်င္ပါတယ္။


ေမး : လင္ေယာက်ာ္းျဖစ္သူက တနယ္တေက်းမွာ ရဟန္းေဘာင္၀င္သြားတာ ဘယ္ေတာ့ၾကာမလဲဆိုတာ မေျပာေတာ့ ေနာက္အိမ္ေထာင္ျပဳဖို႔ ႏွစ္ဦးႏွစ္ဖက္မိသားစုေတြ သေဘာတူ စီစဥ္ထားၿပီးျဖစ္ပါတယ္။ အခုက်ေတာ့ ၂ ႏွစ္ေက်ာ္အၾကာမွာ လူျပန္ထြက္ၿပီး အိမ္ကို ျပန္လာပါတယ္။ က်မသိခ်င္တာက အခုလိုလူျပန္ထြက္လာတာက လင္မယားအရာ တည္ၿမဲေနေသးပါသလား။ အက်ပ္အတည္း ေတြ႕ေနတဲ့အတြက္ ဘယ္လို ဆက္လုပ္သင့္ သလဲဆိုတာ အႀကံဉာဏ္ေတာင္းခံထားပါတယ္ရွင္။


ေျဖ : ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လင္ခန္းမယားခန္း ပ်က္တယ္ဆိုတာကေတာ့ အခ်က္သုံးခ်က္ရွိတဲ့အထဲက (၁) အခ်က္မွာ လင္ေယာက်ာ္းရဟန္းေဘာင္ဝင္ရင္ ပ်က္တယ္ဆိုတာ ပါဝင္တယ္။ ရဟန္းေဘာင္ဝင္တဲ့အခါ ဒုလႅဘ မဟုတ္ဘူး။ အၿပီးရဟန္းေဘာင္ ခံယူလိုက္တယ္။ လင္ခန္းမယားခန္း ျပတ္မျပတ္ဆိုတာကို ဟိုးေရွး ဓမၼသတ္အေဟာင္းေတြမွာ ဘာပါသလဲဆိုေတာ့ လင္ေယာက်ာ္းက ရဟန္းေဘာင္ဝင္ရင္ က်န္ရွိေနတဲ့ တေယာက္က ေနာက္အိမ္ေထာင္ထူလို႔ရတယ္။ ဒါေပမယ့္ လင္ေယာက်ာ္းက ျပန္ထြက္ရင္ေတာ့ မယားကို ဆက္လက္ေပါင္းသင္းခြင့္ရွိတယ္လို႔ ဟိုးအရင္ဓမၼသတ္ေတြက ဆိုပါတယ္။ ဒါေပမယ့္ (၃၄)ေဆာင္တြဲ ဓမၼသတ္၊ အခန္း (၁၃)၊ ပုဒ္မ (၄၁၁) မွာ လင္ေယာက္က္်ားက ရဟန္းေဘာင္ကို အၿပီးဝင္သြားတာနဲ႕ လင္ခန္းမယားခန္း ျပတ္တယ္လို႔ ဆိုထားတယ္။


ေနာက္တခု စိတ္ဝင္စားစရာေကာင္းတာက မႏုက်ယ္ဓမၼသတ္ရဲ႕ (၅)တြဲ၊ အခန္း (၁၇) မွာ လင္ေယာက်ာ္းက ရဟန္းေဘာင္ကို ဝင္ၿပီဆိုရင္ ဇနီး၊ မယားက (၇) ရက္ေတာ့ေစာင့္ေပးပါတဲ့။ စိတ္လည္ၿပီး ျပန္ထြက္လာရင္လည္း ျပန္ေပါင္းလို႔ရတာေပါ့။ စိတ္ျပတ္ေအာင္လို႔ပါ။ (၇) ရက္ေက်ာ္ၿပီဆိုရင္ က်န္ခဲ့တဲ့ဇနီးမယားက ေနာက္အိမ္ေထာင္ထူပိုင္ခြင့္ရွိတယ္။ (၇)ရက္ေက်ာ္မွ ရဟန္းေဘာင္က ျပန္လာၿပီး မိမိရဲ႕ ဇနီးမယားပါလို႔ အခြင့္အေရး ေတာင္းဆိုခြင့္ မရွိေတာ့ဘူးလို႔ ဆိုခ်င္ပါတယ္။


ေမး: ျမန္မာနိင္ငံ လင္မယားကြာရွင္းေရး အက္ဥပေဒဟာ ျမန္မာနိုင္ငံမွာေနထိုင္တဲ့ ခရစ္ယာန္ဘာသာ ကိုးကြယ္သူေတြနဲ႕သာသက္ဆိုင္ၿပီး အျခားဘာသာ ကိုးကြယ္သူေတြနဲ႕ မသက္ဆိုင္ဘူးလို႔ သိရပါတယ္။ လက္ရွိမွာ တလင္တမယားဥပေဒ ရွိေနတဲ့အတြက္ ခရစ္ယာန္ဘာသာ၀င္ေတြအေနနဲ႕ အိမ္ေထာင္ေရး ျပႆနာတခုခု ျဖစ္လာရင္ ဘယ္ဥပေဒနဲ႕ အမႈကို ကိုင္တြယ္မလဲဆိုတာ ဥပေဒဗဟုသုတအေနနဲ႕ သိလိုပါတယ္။


ေျဖ : အိမ္ေထာင္ေရးျပစ္မႈဆိုတာကို သူက ေမးထားတာ။ ဘယ္လို အိမ္ေထာင္ေရး ျပစ္မႈဆိုတာကိုေတာ့ သူက အတိအက် ေဖာ္ျပထားတာ မေတြ႕ဘူးေပါ့ကြယ္။ အိမ္ေထာင္ေရး ျပစ္မႈဆိုတာ အမ်ိဳးမ်ိဳးရွိေသးတာကိုး။ ဒါေပမယ့္ ေနာက္အိမ္ေထာင္ျပဳတာမ်ိဳး၊ အိမ္ေထာင္ေရး ေဖာက္ျပန္တာမ်ိဳးလား။ အဲလိုဆိုရင္ေတာ့ တစ္လင္တမယား က်င့္သုံး ျခင္း ဆိုင္ရာဥပေဒပုဒ္မ (၁၇) မွာ အတိအက်ဆိဳထားတယ္။ ဘယ္လိုဆိုတာလဲဆိုရင္ ..ဥပေဒတရပ္အရ ပဲျဖစ္ျဖစ္၊ ကိုးကြယ္ရာ ဘာသာတရပ္အရရပဲျဖစ္ျဖစ္၊ ဓေလ့ထုံးစံအရပဲျဖစ္ျဖစ္၊ တည္ၿမဲတဲ့အိမ္ေထာင္မႈကို ေယာက်ာ္းကပဲျဖစ္ေစ၊ မိန္းမကပဲျဖစ္ေစ..ထူေထာင္ထားၿပီးျဖစ္တယ္ဆိုရင္ ဒီကိစၥကိုထိန္ခ်န္ၿပီး ေနာက္ထပ္ အိမ္ေထာင္မျပဳရဘူးလို႔ ပါတယ္။ ဆိုေတာ့.. သူက ဘာသာမေ႐ြး၊ ဓေလ့ထုံစံမေ႐ြး..မည္သည့္ ဥပေဒနဲ႕ပဲ အိမ္ေထာင္ျပဳထားျပဳထား၊ ဒီလိုျပဳထားတဲ့ဥစၥာကို ထိန္ခ်န္ၿပီး ေနာက္အိမ္ေထာင္ျပဳမယ္ဆိုရင္ေတာ့ ဒီဥစၥာက ပုဒ္မ-၁၇ အရဆိုရင္ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္နိုင္တယ္။ ဒါေၾကာင့္မို႔ ဘယ္ဘာသာဝင္ပဲျဖစ္ျဖစ္.. တလင္တမယား က်င့္သုံးျခင္းဆိုင္ရာ ဥပေဒအရ ဘယ္ဓေလ့ထုံးတမ္းကိုပဲယူယူ၊ ဘယ္ကိုးကြယ္တဲ့ ဘာသာကိုပဲယူယူ၊ ဘယ္ဥပေဒကိုပဲ ယူယူ ဒီဥပေဒအရပဲ ဆုံးျဖတ္ခ်က္ ခံယူရမယ္လို႔ ေျဖခ်င္ပါတယ္။


ေမး : က်ေနာ္တို႔က အစၥလာမ္ဘာသာ၀င္ေတြပါ။ သားသမီး ၄ ေယာက္ရွိပါတယ္။ ႏွစ္ဦးသေဘာတူကြာရွင္း ဖို႔ျဖစ္လာပါတယ္။ တခ်ိဳ႕ပစၥည္းေတြက ဇနီးနာမည္နဲ႕ ျဖစ္ေနတဲ့အတြက္ လက္ထက္ပြားပစၥည္းေတြကို ဘယ္လို ခြဲေဝရမလဲ ဆိုတာကို သိလိုပါတယ္ ။


ေျဖ: အစၥလာမ္ဘာသာဓေလ့ထုံးတမ္းနဲ႕ ဗုဒၵဘာသာ ဓေလ့ထုံးတမ္း.. လင္ခန္းမယားခန္း မတူဘူးကြဲ႕။ ပစၥည္းခန္း အခြင့္အေရးလည္း မတူဘူးကြဲ႕။ အစၥလာမ္ဘာသာမွာ က်ေတာ့ လင္ေယာက္်ားဟာ အေမြရတဲ့ပစၥည္းပဲျဖစ္ျဖစ္ သူရွာေဖြလို႔ရတဲ့ ပစၥည္းပဲျဖစ္ျဖစ္.. အဲဒီ ပစၥည္းဥစၥဓနဟာ သူ႕ပစၥည္းပဲ ..ဇနီးမယားဟာ သူအေမြရတဲ့ပစၥည္း ပဲျဖစ္ျဖစ္ ..သူ၀န္ထမ္းျဖစ္လို႔ လခရရင္လည္း အဲပစၥည္းအရပ္ရပ္ဟာ ဇနီးမယားဟာ သူ႕ပစၥည္းပဲ။ သူကသီးျခားစီျဖစ္တယ္။ ႏွစ္ဦးေပါင္း လက္ထက္ပြားပစၥည္းဆိုတာ မရွိဘူး။ လင္ခန္းမယားခန္း ေပါင္းေနဆဲမွာလည္း သူ႕ ပစၥည္းနဲ႕သူသြားတာပဲ။


မဟာေ႐ႊဆိုတာေတာ့ရွိတာေပါ့။ မဟာေ႐ႊဆိုတာကေတာ့ အိမ္ေထာင္ျပဳတဲ့အခါမွာ လင္ေယာက္်ားက တင္ေတာင္းတဲ့ေငြေပါ့ကြယ္။ ဒါကေတာ့ ေပးဖို႔က်န္တာရွိရင္ လင္ခန္းမယားခန္း ႏွစ္ဦးသေဘာတူ ျပတ္တဲ့အခါမွာ အဲဒီမဟာေ႐ႊေပးစရာရွိရင္ေတာ့ ေပးရတဲ့ ထုံးစံရွိတယ္။ အဲဒါကလည္း လင္ခန္းမယားခန္းျပတ္ၿပီး ၃ ႏွစ္အတြင္း စြဲရတယ္။ ၃ ႏွစ္ေက်ာ္လို႔ရွိရင္ စြဲပိုင္ခြင့္မရွိဘူး ။


ေနာက္တခုရွိေသးတယ္။ အဲဒီလို ေပါင္းသင္းေနစဥ္ကာလအတြင္းမွာ လင္ေယာက္်ားက မိမိရဲ႕ ဇနီးမယားကို ေမတၱာသက္၀င္ၿပီးေတာ့ ၀ယပြေးမယြ ..Gift အေနနဲ႕ ေပးမယ္ဆိုရင္လည္း ေပးလို႔ရတယ္။ အဲဒီလိုေပးမယ္ဆိုရင္လည္း မိန္းမနာမည္နဲ႕ ေပးရတယ္။ အိမ္တို႔ၿခံတို႔ေျမတို႔ ကိုေပးမယ္ဆိုရင္ မိန္းမနာမည္နဲ႕ မွတ္ပုံတင္ၿပီး ေပးရတယ္။ ဒါေၾကာင့္မို႔လို႔ ပိုင္ဆိုင္မႈဟာ သီးျခားစီျဖစ္တယ္။ ႏွစ္ဦးလက္ထက္ပြားပစၥည္းဆိုတာ မရွိပါဘူး။ ဒါေၾကာင့္မိန္းမနာမည္နဲ႕ ရွိတဲ့ပစၥည္းဟာ မိန္းမပိုင္တာပဲ။ ေယာက္်ားနာမည္နဲ႕ရွိတဲ့ ပစၥည္းမွန္သမွ်ဟာ ေယာက္်ားပိုင္တယ္။ ႏွစ္ဦးသေဘာတူ ျပတ္ၿပီဆိုတာနဲ႕ ထိမ္းျမားတဲ့အခ်ိန္ကေန ျပတ္စဲတဲ့အခ်ိန္ထိ ပိုင္ဆိုင္မႈ အားလုံးဟာ သူ႕ဖာသာသူအားလုံး သီးျခားျဖစ္သြားပါၿပီ။ ဒီလိုပဲ ေျဖရပါမယ္။


ေမး: က်မေယာက္်ားက မူးယစ္ေဆးဝါးအမႈနဲ႕ ေထာင္ဆယ္ႏွစ္က်သြားတာ ႏွစ္ႏွစ္ေလာက္ရွိပါၿပီ။ ဒီၾကားထဲမွာ စား၀တ္ေနေရးကလည္း အဆင္မေျပ၊ ကေလးေတြရဲ႕ ေရွ႕ေရးကလည္း ရွိေနေတာ့ ေနာက္အိမ္ေထာင္ျပဳဖို႔ စဥ္းစားေနပါတယ္။ အကယ္၍ အိမ္ေထာင္ျပဳလိုက္ရင္ ဥပေဒနဲ႕ညီပါသလား။


ေျဖ : ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရေျပာရရင္ေတာ့ ဓမၼသတ္(၃၄)ေစာင္တြဲ၊ အိမ္မႈခန္းမွာ ေယာက်ာ္းဟာ ႏူနာေရာဂါ စြဲကပ္သြားသည့္တိုင္ ဇနီးမယားက ကြာလိုမႈ မေလ်ာက္နိုင္ဘူးလို႔ ဆိုထားပါတယ္။ ေနာက္ဆုံးစီရင္ထုံးအေနနဲ႕ ေဒၚလွလွဝင္းနဲ႕ ဦးဘရွင္ ၁၉၉၁ ခုႏွစ္ စာမ်က္ႏွာ (၁၅၉) အမႈစီရင္ထုံးမွာလည္း အဲဒီအတိုင္း ဆုံးျဖတ္ထားပါတယ္။ လင္ေယာက်ာ္းက ေထာင္ ၁၀ ႏွစ္ပဲက်က်၊ အႏွစ္ ၂၀ ပဲက်က်.. အဲဒါကို အေၾကာင္းျပဳၿပီး ကြာလိုမႈ ေလွ်ာက္ဖို႔ စိတ္မကူးပါနဲ႕။ အႀကံေပးခ်င္တာတခုက ကြာလိုမႈ ေလွ်ာက္မယ္ဆိုရင္ ဇနီးမယားအေနနဲ႕ သူ႕ကို လင္ေယာက်ာ္းက စိတ္၏ဆင္းရဲျခင္း၊ ကိုယ္၏ဆင္းရဲျခင္း ျဖစ္ေအာင္ ဘာလုပ္သလဲဆိုတာကိုပဲ အေျခခံရတယ္။ ဒီမူးယစ္ေဆးဝါးလုပ္လို႔ သူ႕ကို စိတ္၊ကိုယ္ဆင္းရဲျခင္းျဖစ္ေအာင္ ဘာေတြလုပ္သလဲဆိုတဲ့ အခ်က္ေတြေပၚမွာ မူတည္ၿပီးမွသာ ကြာလိုမႈေလွ်ာက္လို႔ရပါတယ္။ ဒီအခ်က္ေတြကို မေဖာ္ျပဘဲနဲ႕ လင္ေယာက်ာ္းက ေထာင္ ၁၀ ႏွစ္က်လိဳ႕ ကြာလိုမႈေလွ်ာက္လို႔ေတာ့ မရနိုင္ဘူး။ ရနိုင္တဲ့ အခြင့္အေရးေပးထားတာက မိမိကိုယ္ကိုယ္ စိတ္ဆင္းရဲေအာင္ ဘာေတြလုပ္လဲ ဆိုတာကို ခိုင္မာေအာင္ သက္ေသျပပါ။ ေထာင္မွာ ၁၀ ႏွစ္က်တာကို အေၾကာင္းမျပပါနဲ႕။ ကိုယ္ခံစားရတဲ့ အခ်က္ကိုမူတည္ၿပီး၊ အေၾကာင္းျပၿပီး ကြာလိုမႈေလွ်ာက္မယ္ဆိုရင္ ရပါတယ္လို႔ အႀကံေပးခ်င္ပါတယ္။


==========


DVB TV News

Saturday, April 9, 2022

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

  ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ




ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


#ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ


အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။


#ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။


ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသှငျးဆကျဆံနေစဉျ သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။


တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ လိင်ဆက်ဆံဖော်ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


#သူ့ရဲ့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။


တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ သုက်ထွက်ချိန်ဟာ ပုံမှန်အတိုင်းဖြစ်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါမှာ ဆန္ဒပြီးမြောက်ပြီး မိနစ် ၃၀ ထက်ပိုကြာနေတတ်ပါတယ်။ ဒီလိုကြာနေတဲ့အခါ ကိုယ်တိုင် လက်နဲ့အာသာဖြေလိုက်ရမှ သို့မဟုတ် ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးလိုက်တော့မှ သုက်ထွက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိသလို လုံးဝမထွက်လာတဲ့သူတွေလည်း ရှိပါတယ်။


သုက်ထွက်တော့မယ့် အချိန်မှာ ရုတ်တရက် စိတ်ကတခြားရောက်သွားတာ၊ စိတ်မပါသလို ဖြစ်သွားတာ၊ သုက်ထွက်ဖို့ ခက်ခဲတာ၊ တစ်နေသလို ခံစားရတာ၊ အရှိန်လျော့သွားတာ အစရှိတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ဆက်ဆံနေကျ မဟုတ်တဲ့ အဖော်တွေ၊ တချို့သော ကိုယ်နဲ့ အသားမကျတဲ့ နေရာ၊ အခြေအနေမျိုးတွေမှာ သုက်ထွက်ဖို့ ကြာတတ်ပါတယ်။ ဒါကိုတော့ အခြေအနေအရ သုက်ထွက်ရန်ကြာခြင်း (Situational Delayed Ejaculation) လို့ ခေါ်ပါတယ်။


#သုက်ထွက်ချိန် ကြာမြင့်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။


စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အတွေးတွေက လိင်စိတ်ဆန္ဒကိုပါ လွှမ်းမိုးသွားတာကြောင့် လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချစ်ရေးကိစ္စ အဆင်မပြေတာ၊ စိတ်ဆိုးဒေါသထွက်နေတာ၊ ကိုယ့်စိတ်ထဲမှာ မှန်းထားသလောက် လက်တွေ့လိင်ဆက်ဆံတဲ့အခါ စိတ်တိုင်းမကျတာတွေကြောင့်လည်း အဖြစ်များပါတယ်။


ကျန်းမာရေးအခြေအနေအရ ကျောရိုး၊ တင်ပါးဆုံရိုးမှာ ရှိတဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်နေတာ၊ ဆီးကျိတ်ခွဲစိတ်မှုအပြီး အာရုံကြောထိခိုက်သွားတာ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း၊ ကျားဟော်မုန်း နည်းလာခြင်း၊ မွေးရာပါချို့ယွင်းချက်တွေ၊ စိတ်ကျရောဂါပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ အရက်အလွန်အကျွံသောက်ခြင်းကြာင့် သုက်ထွက်ကြာနိုင်ပါတယ်။


#သုက်ထွက်ကြာတာကို ဘယ်လိုကုသမလဲ။


မကုသဘဲ ထားလိုက်လို့ ပျောက်သွားတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လကြာ ဝေဒနာခံစားနေရတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်ဆက်ဆံနေစဉ် သုက်ထွက်ဖို့ ကြာလွန်းတယ်လို့ ခံစားနေရရင်၊ ဒီလိုဖြစ်နေတာ ၆လထက် ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။ သွေးဖောက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ တခြားသော ရောဂါတွေ၊ ကျားဟော်မုန်း ပမာဏ၊ ဟော်မုန်းမျှခြေ အပြောင်းအလဲ၊ လတ်တလော ခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ကိုယ့်ရဲ့ လိင်တံမှာ ကောင်းစွာထောင်မတ်နိုင်ခြင်း၊ တခြားသော ပြဿနာတွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။


တရားခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီးသွားမှ ကုသမှုခံယူဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း၊ ကုထုံးတွေကို ဆရာဝန်က အကြံပေးမှာဖြစ်ပါတယ်။ သုက်ထွက်ကြာတာကို မကုသဘဲ ပစ်ထားလိုက်ရင် သူ့နောက်ကွယ်မှာ လိင်စိတ်သာယာမှု မရှိတာ၊ လိင်ဆက်ဆံရမှာ စိုးရိမ်ပူပန်တာ၊ မျိုးမအောင်တာ၊ မြုံတာ၊ လိင်စိတ်ဆန္ဒနည်းသွားတာအပြင် တခြားစိတ်ကျန်းမာရေးမှာပါ ထိခိုက်လာနိုင်သလို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့လည်း လူမှုရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာရှိနေတယ်လို့ သံသယရှိနေရင် မရှက်ပါနဲ့။ တွေ့ရာ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ စောစောသိလေ ကုသပျောက်ကင်းဖို့ ပိုလွယ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။


HELLO SAYARWON


(Zawgyi) 

ပုရိသမ်ားႏွင့္ သုက္ထြက္ရန္ၾကာလြန္းတဲ့ ျပႆနာ




ေရးသားသူ Ye Myo Myat

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


#ပုရိသမ်ားႏွင့္ သုက္ထြက္ရန္ၾကာလြန္းတဲ့ ျပႆနာ


အမ်ိဳးသားေတြနဲ႔ လိင္က်န္းမာေရးအေၾကာင္း ေျပာမယ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက ပန္းေသပန္းညႇိဳးျပႆနာနဲ႔ သုက္ထြက္ျမန္တဲ့ အေၾကာင္းေတြကို ပိုၿပီး ျမင္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျဖစ္မ်ားတဲ့ ျပႆနာေတြကိုး။ ဒီေန႔ ကြၽန္ေတာ္ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ တခ်ိဳ႕အမ်ိဳးသားေတြမွာ ျဖစ္တတ္တဲ့ သုက္ထြက္ဖို႔ ၾကာလြန္းတဲ့ ကိစၥပဲျဖစ္ပါတယ္။


#ဘယ္လိုအေျခအေနကို သုက္ထြက္ဖို႔ ၾကာတယ္လို႔ သတ္မွတ္လို႔ရလဲ။


ပုံမွန္အမ်ိဳးသားတစ္ေယာက္ရဲ႕ ထိုးသွင်းဆက်ဆံေနစဉ် သုက္ထြက္ရန္ၾကာခ်ိန္ကို အတိအက်ေျပာလို႔ မရဘူးဆိုေပမဲ့ မိနစ္ ၃၀ထက္ ပိုအခ်ိန္ယူေနရတယ္ဆိုရင္ေတာ့ သုက္ထြက္တာ ၾကာတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီျပႆနာကို ေဆးပညာအရ Delayed Ejaculation (DE) လို႔လည္း ေခၚၾကပါတယ္။ DE ကို ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားစြာထဲမွာ အျဖစ္အမ်ားဆုံး တရားခံကေတာ့ စိတ္က်န္းမာေရးျပႆနာပါပဲ။


တစ္ခါတစ္ရံမွာ သုက္လုံးဝ မထြက္ေတာ့တဲ့အေျခအေနထိပါ ျဖစ္တတ္ပါတယ္။ ခဏတာေလာက္ပဲ ေဝဒနာခံစားရတဲ့သူေတြလည္း ရွိသလို ႏွစ္ရွည္လမ်ားစြာ ၾကာၿပီး လိင္မႈကိစၥမွာ ကိုယ့္ကိုယ္ကိုယ္ေရာ၊ လိင္ဆက္ဆံေဖာ္ကိုပါ စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။


#သူ႔ရဲ႕ ေရာဂါလကၡဏာေတြက ဘယ္လိုမ်ိဳးလဲ။


တစ္ကိုယ္ေရ အာသာေျဖတဲ့အခ်ိန္မွာ သုက္ထြက္ခ်ိန္ဟာ ပုံမွန္အတိုင္းျဖစ္ေနတတ္ၿပီး ထိုးသြင္းဆက္ဆံမႈျပဳတဲ့အခါမွာ ဆႏၵၿပီးေျမာက္ၿပီး မိနစ္ ၃၀ ထက္ပိုၾကာေနတတ္ပါတယ္။ ဒီလိုၾကာေနတဲ့အခါ ကိုယ္တိုင္ လက္နဲ႔အာသာေျဖလိုက္ရမွ သို႔မဟုတ္ ဆက္ဆံေဖာ္က ပါးစပ္ျဖင့္ ႏႈိးဆြေပးလိုက္ေတာ့မွ သုက္ထြက္ႏိုင္တဲ့ အမ်ိဳးသားေတြလည္း ရွိသလို လုံးဝမထြက္လာတဲ့သူေတြလည္း ရွိပါတယ္။


သုက္ထြက္ေတာ့မယ့္ အခ်ိန္မွာ ႐ုတ္တရက္ စိတ္ကတျခားေရာက္သြားတာ၊ စိတ္မပါသလို ျဖစ္သြားတာ၊ သုက္ထြက္ဖို႔ ခက္ခဲတာ၊ တစ္ေနသလို ခံစားရတာ၊ အရွိန္ေလ်ာ့သြားတာ အစရွိတဲ့ လကၡဏာေတြလည္း ေတြ႕ရပါတယ္။ ပုံမွန္ဆက္ဆံေနက် မဟုတ္တဲ့ အေဖာ္ေတြ၊ တခ်ိဳ႕ေသာ ကိုယ္နဲ႔ အသားမက်တဲ့ ေနရာ၊ အေျခအေနမ်ိဳးေတြမွာ သုက္ထြက္ဖို႔ ၾကာတတ္ပါတယ္။ ဒါကိုေတာ့ အေျခအေနအရ သုက္ထြက္ရန္ၾကာျခင္း (Situational Delayed Ejaculation) လို႔ ေခၚပါတယ္။


#သုက္ထြက္ခ်ိန္ ၾကာျမင့္ေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ။


စိုးရိမ္ပူပန္စိတ္ေတြ၊ စိတ္က်ေရာဂါ ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့သူေတြမွာ အျဖစ္မ်ားႏိုင္ပါတယ္။ သူတို႔ရဲ႕ စိတ္ထဲမွာ ႀကီးစိုးေနတဲ့ အေတြးေတြက လိင္စိတ္ဆႏၵကိုပါ လႊမ္းမိုးသြားတာေၾကာင့္ လိင္ဆက္ဆံရာမွာ အခက္အခဲေတြ ႀကဳံလာတတ္ပါတယ္။ ကိုယ့္ခ်စ္သူနဲ႔ အခ်စ္ေရးကိစၥ အဆင္မေျပတာ၊ စိတ္ဆိုးေဒါသထြက္ေနတာ၊ ကိုယ့္စိတ္ထဲမွာ မွန္းထားသေလာက္ လက္ေတြ႕လိင္ဆက္ဆံတဲ့အခါ စိတ္တိုင္းမက်တာေတြေၾကာင့္လည္း အျဖစ္မ်ားပါတယ္။


က်န္းမာေရးအေျခအေနအရ ေက်ာ႐ိုး၊ တင္ပါးဆုံ႐ိုးမွာ ရွိတဲ့ အာ႐ုံေၾကာေတြမွာ ဒဏ္ျဖစ္ေနတာ၊ ဆီးက်ိတ္ခြဲစိတ္မႈအၿပီး အာ႐ုံေၾကာထိခိုက္သြားတာ၊ ႏွလုံးေရာဂါ၊ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ ႐ုတ္တရက္သတိလစ္ျခင္း၊ သိုင္း႐ြိဳက္ေဟာ္မုန္း၊ က်ားေဟာ္မုန္း နည္းလာျခင္း၊ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ၊ စိတ္က်ေရာဂါေပ်ာက္ေဆး၊ ေသြးတိုးက်ေဆး၊ ဆီးေဆး၊ အရက္အလြန္အကြၽံေသာက္ျခင္းၾကာင့္ သုက္ထြက္ၾကာႏိုင္ပါတယ္။


#သုက္ထြက္ၾကာတာကို ဘယ္လိုကုသမလဲ။


မကုသဘဲ ထားလိုက္လို႔ ေပ်ာက္သြားတဲ့သူေတြလည္း ရွိသလို ႏွစ္ရွည္လၾကာ ေဝဒနာခံစားေနရတဲ့ အမ်ိဳးသားေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္မွာ လိင္ဆက္ဆံေနစဥ္ သုက္ထြက္ဖို႔ ၾကာလြန္းတယ္လို႔ ခံစားေနရရင္၊ ဒီလိုျဖစ္ေနတာ ၆လထက္ ေက်ာ္ေနၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသၾကည့္တာ အေကာင္းဆုံးပါပဲ။ ေသြးေဖာက္စစ္ျခင္း၊ ဆီးစစ္ျခင္း၊ တျခားေသာ ေရာဂါေတြ၊ က်ားေဟာ္မုန္း ပမာဏ၊ ေဟာ္မုန္းမွ်ေျခ အေျပာင္းအလဲ၊ လတ္တေလာ ခံစားေနရတဲ့ စိတ္က်န္းမာေရးျပႆနာေတြအျပင္ ကိုယ့္ရဲ႕ လိင္တံမွာ ေကာင္းစြာေထာင္မတ္ႏိုင္ျခင္း၊ တျခားေသာ ျပႆနာေတြ ရွိ၊ မရွိ စစ္ေဆးမွာျဖစ္ပါတယ္။


တရားခံအေၾကာင္းရင္းကို ရွာေဖြစစ္ေဆးၿပီးသြားမွ ကုသမႈခံယူဖို႔ အေကာင္းဆုံးျဖစ္မယ့္ နည္းလမ္း၊ ကုထုံးေတြကို ဆရာဝန္က အႀကံေပးမွာျဖစ္ပါတယ္။ သုက္ထြက္ၾကာတာကို မကုသဘဲ ပစ္ထားလိုက္ရင္ သူ႔ေနာက္ကြယ္မွာ လိင္စိတ္သာယာမႈ မရွိတာ၊ လိင္ဆက္ဆံရမွာ စိုးရိမ္ပူပန္တာ၊ မ်ိဳးမေအာင္တာ၊ ၿမဳံတာ၊ လိင္စိတ္ဆႏၵနည္းသြားတာအျပင္ တျခားစိတ္က်န္းမာေရးမွာပါ ထိခိုက္လာႏိုင္သလို ကိုယ့္ခ်စ္သူ၊ အိမ္ေထာင္ဖက္နဲ႔လည္း လူမႈေရးဆိုင္ရာ ျပႆနာေတြ ပိုျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဒီျပႆနာရွိေနတယ္လို႔ သံသယရွိေနရင္ မရွက္ပါနဲ႔။ ေတြ႕ရာ ေဆးၿမီးတိုေတြနဲ႔ မကုပါနဲ႔။ ေစာေစာသိေလ ကုသေပ်ာက္ကင္းဖို႔ ပိုလြယ္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးျပသတာ အေကာင္းဆုံးပါပဲလို႔ အႀကံေပးလိုက္ပါတယ္။


HELLO SAYARWON


Monday, January 31, 2022

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှအချက်အလက် စစ်ဆေးထားပါသည်။


#အမျိုးသားများရဲ့ပြဿနာအချို့

#အထွေထွေဗဟုသုတ


(သည်ကိစ္စလေးများ အရေးအရာလုပ်ပြောနေတယ်လို့ ကောက်ချက်ချမစောစေချင်ဘူးဗျ။ တကယ်ကြုံဆုံရတဲ့ ယောက်ျားတစ်ယောက် အတွက်တော့တကယ်သေချင်စိတ်ပေါက်လောက်အောင် နာလည်းနာ၊ ရှက်လည်းရှက်၊ ဘယ်လိုဖြေရှင်းရမလည်းမသိ ဖြစ်တတ်တဲ့ ကိစ္စထဲမှာပါတယ်။ ဒါကြောင့် ဘောင်းဘီ၀တ်လို့ ဇစ်ညှပ်မိတဲ့အခါ ဘယ်လိုလုပ်ရမလဲ ဆို​ေသာအကြံဉာဏ်အချို့ကို ေ၀မျှလိုက်ပါတယ်။)


အမျိုးသား အယောက် ၁၀၀ မွာ ၉၅ ယောက်လောက်က ငယ်ငယ်က​ေလးဘဝက

ေရာ၊ ကြီးလာတဲ့အချိန်မှာပါ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေ၊ အရေပြားရှည်လွန်းတာ၊ ငယ်လွန်းတဲ့ ကလေးတွေနဲ့ အတွင်းခံဘောင်းဘီ မဝတ်ဘဲ ဘောင်းဘီဇစ်တပ်လိုက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ သေးငယ်တဲ့ မတော်တဆ ဆိုပေမယ့် ခံရတဲ့ကိုယ့်လူအတွက်ကတော့ ဝေဒနာက အသက်ပါမတတ်ပါပဲ။ အဖိုးတန် ဖွားဖက်တော်မှာဖြစ်တာဆိုတော့လည်း တခြားနေရာတွေမှာ ဖြစ်တာထက် ပိုပြီး စိုးရိမ်ထိတ်လန့်ကြောက်နေမိမှာပါ။ ခုဆောင်းပါးမှာ လိင်တံအရေပြားနဲ့ ဘောင်းဘီဇစ်ညှပ်သွားရင် ဘာလုပ်သင့်လဲ၊ အနာကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


 ၁။ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ။


 ကိုယ်တိုင်က ညပ်နေတဲ့သူလား၊ ဒါမှမဟုတ် ညပ်နေတဲ့သူကို ကူပေးရမယ့်သူလား၊ ဘယ်သူပဲဖြစ်နေပါစေ၊ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားနေရင် ပိုအမှားပါတတ်ပါတယ်။ စိတ်ငြိမ်အောင်ထိန်းထားနိုင်ပြီဆိုမှ ရှေ့ဆက်လုပ်ပါ။


 ၂။ ဆီတစ်ခုခု အရင်ရှာပါ။


 ကိုယ့်အိမ်မှာ အုန်းဆီ၊ သံလွင်ဆီ စတဲ့ဆီတစ်မျိုးမျိုးရှိလားဆိုတာ အရင်ရှာကြည့်ပါ။ အိမ်တော်တော်များများမှာတော့ အုန်းဆီကို ဆောင်ထားတတ်တာ ပိုများပါတယ်။ အဆင်ပြေတဲ့ ဆီတစ်မျိုးမျိုးကို တွေ့တဲ့အခါ အရင်ဆုံး ညပ်နေတဲ့ လိင်တံအရေပြားနဲ့ သူ့ဘေးပတ်ပတ်လည်ကို ဆီနဲ့ နှံ့နေအောင် စွတ်ပေးပါ။ ဘောင်းဘီဇစ်ကိုလည်း ဆီများများစွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် ဒီအတိုင်းထားထားလိုက်ပါ။ ကြာသွားတဲ့အခါ ညပ်နေတဲ့နေရာက ချောပြီး ဖြုတ်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်။


 ၃။ အရေပြားကို ဇစ်ကနေ ဖြုတ်ဖို့ကြိုးစားကြည့်ပါ။


 အရင်ဆုံး ဇစ်က ဘယ်လောက်အတိုင်းအတာထိ ညှပ်နေလဲဆိုတာ စစ်ကြည့်ပါ။ လက်တစ်ဖက်က 

လိင်တံအရေပြားကို အပေါ်သို့ လှန်ဆွဲပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီဇစ်ကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချကြည့်ပါ။ လုပ်နေရင်းနဲ့ အရေပြားပြဲသွားတာ၊ သွေးထွက်လာတာ တွေ့ရင်တော့ ရပ်လိုက်ပြီး ဆေးခန်းအမြန်ပို့ပါ။


 ၄။ အိမ်မှာရှိတဲ့ လက်သုံးပစ္စည်းတွေနဲ့ ဇစ်ကို 

ဖြုတ်ကြည့်ပါ။


 ကိုယ်ကအရေပြား ကို ဖြည်းဖြည်းချင်းဆွဲကြည့်လို့ မရဘူးဆိုတော့မှ ဘောင်းဘီဇစ်ကို ပလာယာ သို့မဟုတ် ဝက်အူလှည့်နဲ့ပဲဖြစ်ဖြစ် ဖြုတ်ဖို့ ကြိုးစားကြည့်ပါ။ ညှပ်နေတဲ့ ဇစ်က

ဘောင်းဘီကနေ ပြုတ်သွားပြီဆိုရင် လက်နဲ့ ပြန်ဖြေလို့ပိုလွယ်သွားပါလိမ့်မယ်။ မိသားစုဝင်တွေထဲကမှ လက်သုံးပစ္စည်းတွေကို အသုံးပြုနေကျ အမျိုးသားဆိုရင် ပိုအဆင်ပြေပါတယ်။


 ၅။ ဘယ်လိုချွတ်ချွတ် မရဘူးဆိုရင် ဆေးခန်းအမြန်သွားပါ။


 ကိုယ်တိုင်လုပ်လို့ အဆင်မပြေတာ၊ လုံးဝကျွတ်ထွက်မသွားတာ၊ ညှပ်ခံရတာက အရမ်းငယ်သေးတဲ့ ကလေးဆိုရင်တော့ ဆေးခန်းပြလိုက်တာ ပိုကောင်းပါလိမ့်မယ်။ လိုအပ်ရင် ထုံဆေးအရင်ပေးပြီး လူနာစိတ်ငြိမ်သွားပြီဆိုတော့ ဆရာဝန်အနေနဲ့ ဘောင်းဘီကို အရင်ဖြဲပြီး ဇစ်ကိုပဲ ချန်ထားခဲ့မှာ

 ဖြစ်ပါတယ်။ ထုံဆေးက အရှိန်ရလာတဲ့အခါ လိင်တံအရေပြားက ထုံကျဉ်နေပြီး ဇစ်ကနေ

ဖြုတ်ချလိုက်ဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။


 ၆။ အနာကို သေချာဂရုစိုက်ပါ။


 အထူးသဖြင့် သွေးထွက်သွားတယ်ဆိုရင် လုံးဝမပေါ့ပါနဲ့။ သွေးအရမ်းထွက်နေတယ်ဆိုရင်တော့ အရင်ဆုံး သွေးတိတ်အောင် အဝတ်နဲ့ အရေပြားကို ဆယ်မိနစ်ခန့် ဖိထားပေးပါ။ ပြီးသွားရင် ဆပ်ပြာအပျော့စားကို ရေနွေးနဲ့ လိင်အင်္ဂါကို သေချာဆေးကြောပေးပါ။ ခြောက်အောင်သုတ်ပြီးသွားပြီဆိုမှ ဆရာဝန်ပေးလိုက်တဲ့ လိမ်းဆေး ဒါမှမဟုတ် အနာသက်သာစေဖို့ ဆီနည်းနည်းလိမ်းပြီး 

ပိုးသတ်ထားတဲ့ ဂွမ်း၊ ပလာစတာနဲ့ အုပ်ပေးထားပါ။


 ၇။ အနာမရင်းပါစေနဲ့။


 သေချာသန့်သန့်ရှင်းရှင်းမထားတာ၊ ရေစိုနေတဲ့ ပလာစတာကို မခြာဘဲ ဒီအတိုင်းကပ်ထားရင်တော့ ပိုးဝင်ပြီး အနာကတော်ရုံနဲ့ ကျက်မှာမဟုတ်ပါဘူး။ အနာပတ်လည်က နီရဲပြီး ရောင်ကိုင်းလာတာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ရောင် ပြည်တွေထွက်လာတာ၊ အနာဘေးနားမှာ အနီရောင်သွေးကြောအမျှင်တွေ ထွက်နေတာ၊ ပျော့ပျော့အိအိဖြစ်နေတာ၊ အနာသက်သာလောက်မယ့် အချိန်ထိ နာနေသေးတာ၊ အဖျားတက်တာ စတဲ့ အနာထဲပိုးဝင်တဲ့လက္ခဏာတွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြဖို့လိုအပ်ပါတယ်။


 ဆေးခန်းသွားပြတဲ့အချိန်မှာ အရေပြားက အရမ်းရှည်နေပြီး ဘယ်လိုမှ ဇစ်ကနေ

ဖြုတ်လို့မရဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ထိပ်အရေပြားဖြတ်ဖို့ (Circumcision လုပ်ခြင်း) အကြံပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာက ယောက်ျားလေးအများစု ငယ်ရာကနေ ကြီးတဲ့အထိ ကြုံတွေ့ရတတ်တဲ့ မတော်တဆမှုဖြစ်တာကြောင့် မပေါ့ဆပါနဲ့ သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။


(Zawgyi) 

 ေဘာင္းဘီဇစ္နဲ႕ လိင္တံအေရျပား ညွပ္မိသြားတဲ့အခါ ဘာလုပ္သင့္လဲ




စာေရးသူ Ye Myo Myat 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#အမ်ိဳးသားမ်ားရဲ႕ျပႆနာအခ်ိဳ႕

#အေထြေထြဗဟုသုတ

(သည္ကိစၥေလးမ်ား အေရးအရာလုပ္ေျပာေနတယ္လို႔ ေကာက္ခ်က္ခ်မေစာေစခ်င္ဘူးဗ်။ တကယ္ၾကံဳဆံုရတဲ့ ေယာက္်ားတစ္ေယာက္ အတြက္ကေတာ့ တကယ္ေသခ်င္စိတ္ေပါက္ေလာက္ေအာင္ နာလည္းနာ၊ ရွက္လည္းရွက္၊ ဘယ္လိုေျဖရွင္းရမလည္းမသိ ျဖစ္တတ္တဲ့ ကိစၥထဲမွာပါတယ္။ ဒါေၾကာင့္ ေဘာင္းဘီ၀တ္လို႔ ဇစ္ညွပ္မိတဲ့အခါ ဘယ္လိုလုပ္ရမလဲ အၾကံဥာဏ္အခ်ိဳ႕ကို ေ၀မွ်လိုက္ပါတယ္။)


အမ်ိဳးသား အေယာက္ ၁၀၀ မွာ ၉၅ ေယာက္ေလာက္က ငယ္ငယ္ကေလးဘဝကေရာ၊ ႀကီးလာတဲ့အခ်ိန္မွာပါ ေဘာင္းဘီဇစ္နဲ႕ လိင္တံအေရျပား ညွပ္မိတာမ်ိဳး ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ထိပ္အေရျပားမျဖတ္တဲ့ အမ်ိဳးသားေတြ၊ အေရျပားရွည္လြန္းတာ၊ ငယ္လြန္းတဲ့ ကေလးေတြနဲ႕ အတြင္းခံေဘာင္းဘီ မဝတ္ဘဲ ေဘာင္းဘီဇစ္တပ္လိုက္မိတဲ့အခါ ျဖစ္တတ္ပါတယ္။ ေသးငယ္တဲ့ မေတာ္တဆ ဆိုေပမယ့္ ခံရတဲ့ကိုယ့္လူအတြက္ကေတာ့ ေဝဒနာက အသက္ပါမတတ္ပါပဲ။ အဖိုးတန္ ဖြားဖက္ေတာ္မွာျဖစ္တာဆိုေတာ့လည္း တျခားေနရာေတြမွာ ျဖစ္တာထက္ ပိုၿပီး စိုးရိမ္ထိတ္လန႔္ေၾကာက္ေနမိမွာပါ။ ခုေဆာင္းပါးမွာ လိင္တံအေရျပားနဲ႕ ေဘာင္းဘီဇစ္ညွပ္သြားရင္ ဘာလုပ္သင့္လဲ၊ အနာကို ဘယ္လိုဂ႐ုစိုက္မလဲ၊ ဘယ္လိုအေျခအေနမွာ ဆရာဝန္နဲ႕ ျပဖို႔လိုအပ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။


 ၁။ အရင္ဆုံး စိတ္ၿငိမ္ၿငိမ္ထားပါ။


 ကိုယ္တိုင္က ညပ္ေနတဲ့သူလား၊ ဒါမွမဟုတ္ ညပ္ေနတဲ့သူကို ကူေပးရမယ့္သူလား၊ ဘယ္သူပဲျဖစ္ေနပါေစ၊ အရင္ဆုံး စိတ္ကို ၿငိမ္ၿငိမ္ထားပါ။ စိတ္လႈပ္ရွားေနရင္ ပိုအမွားပါတတ္ပါတယ္။ စိတ္ၿငိမ္ေအာင္ထိန္းထားနိုင္ၿပီဆိုမွ ေရွ႕ဆက္လုပ္ပါ။


 ၂။ ဆီတစ္ခုခု အရင္ရွာပါ။


 ကိုယ့္အိမ္မွာ အုန္းဆီ၊ သံလြင္ဆီ စတဲ့ဆီတစ္မ်ိဳးမ်ိဳးရွိလားဆိုတာ အရင္ရွာၾကည့္ပါ။ အိမ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အုန္းဆီကို ေဆာင္ထားတတ္တာ ပိုမ်ားပါတယ္။ အဆင္ေျပတဲ့ ဆီတစ္မ်ိဳးမ်ိဳးကို ေတြ႕တဲ့အခါ အရင္ဆုံး ညပ္ေနတဲ့ လိင္တံအေရျပားနဲ႕ သူ႕ေဘးပတ္ပတ္လည္ကို ဆီနဲ႕ ႏွံ႕ေနေအာင္ စြတ္ေပးပါ။ ေဘာင္းဘီဇစ္ကိုလည္း ဆီမ်ားမ်ားစြတ္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ခန႔္ ဒီအတိုင္းထားထားလိုက္ပါ။ ၾကာသြားတဲ့အခါ ညပ္ေနတဲ့ေနရာက ေခ်ာၿပီး ျဖဳတ္ဖို႔ပိုလြယ္ကူသြားပါလိမ့္မယ္။


 ၃။ အေရျပားကို ဇစ္ကေန ျဖဳတ္ဖို႔ႀကိဳးစားၾကည့္ပါ။


 အရင္ဆုံး ဇစ္က ဘယ္ေလာက္အတိုင္းအတာထိ ညွပ္ေနလဲဆိုတာ စစ္ၾကည့္ပါ။ လက္တစ္ဖက္က လိင္တံအေရျပားကို အေပၚသို႔ လွန္ဆြဲၿပီး က်န္တစ္ဖက္က ေဘာင္းဘီဇစ္ကို ေအာက္သို႔ ျဖည္းျဖည္းခ်င္းဆြဲခ်ၾကည့္ပါ။ လုပ္ေနရင္းနဲ႕ အေရျပားၿပဲသြားတာ၊ ေသြးထြက္လာတာ ေတြ႕ရင္ေတာ့ ရပ္လိုက္ၿပီး ေဆးခန္းအျမန္ပို႔ပါ။


 ၄။ အိမ္မွာရွိတဲ့ လက္သုံးပစၥည္းေတြနဲ႕ ဇစ္ကို ျဖဳတ္ၾကည့္ပါ။


 ကိုယ္က အေရျပားကို ျဖည္းျဖည္းခ်င္းဆြဲၾကည့္လို႔ မရဘူးဆိုေတာ့မွ ေဘာင္းဘီဇစ္ကို ပလာယာ သို႔မဟုတ္ ဝက္အူလွည့္နဲ႕ပဲျဖစ္ျဖစ္ ျဖဳတ္ဖို႔ ႀကိဳးစားၾကည့္ပါ။ ညွပ္ေနတဲ့ ဇစ္က ေဘာင္းဘီကေန ျပဳတ္သြားၿပီဆိုရင္ လက္နဲ႕ ျပန္ေျဖလို႔ပိုလြယ္သြားပါလိမ့္မယ္။ မိသားစုဝင္ေတြထဲကမွ လက္သုံးပစၥည္းေတြကို အသုံးျပဳေနက် အမ်ိဳးသားဆိုရင္ ပိုအဆင္ေျပပါတယ္။


 ၅။ ဘယ္လိုခြၽတ္ခြၽတ္ မရဘူးဆိုရင္ ေဆးခန္းအျမန္သြားပါ။


 ကိုယ္တိုင္လုပ္လို႔ အဆင္မေျပတာ၊ လုံးဝကြၽတ္ထြက္မသြားတာ၊ ညပ္ခံရတာက အရမ္းငယ္ေသးတဲ့ ကေလးဆိုရင္ေတာ့ ေဆးခန္းျပလိုက္တာ ပိုေကာင္းပါလိမ့္မယ္။ လိုအပ္ရင္ ထုံေဆးအရင္ေပးၿပီး လူနာစိတ္ၿငိမ္သြားၿပီဆိုေတာ့ ဆရာဝန္အေနနဲ႕ ေဘာင္းဘီကို အရင္ၿဖဲၿပီး ဇစ္ကိုပဲ ခ်န္ထားခဲ့မွာ ျဖစ္ပါတယ္။ ထုံေဆးက အရွိန္ရလာတဲ့အခါ လိင္တံအေရျပားက ထုံက်ဥ္ေနၿပီး ဇစ္ကေန ျဖဳတ္ခ်လိဳက္ဖို႔ ပိုလြယ္ကူသြားပါလိမ့္မယ္။


 ၆။ အနာကို ေသခ်ာဂ႐ုစိုက္ပါ။


 အထူးသျဖင့္ ေသြးထြက္သြားတယ္ဆိုရင္ လုံးဝမေပါ့ပါနဲ႕။ ေသြးအရမ္းထြက္ေနတယ္ဆိုရင္ေတာ့ အရင္ဆုံး ေသြးတိတ္ေအာင္ အဝတ္နဲ႕ အေရျပားကို ဆယ္မိနစ္ခန႔္ ဖိထားေပးပါ။ ၿပီးသြားရင္ ဆပ္ျပာအေပ်ာ့စားကို ေရႏြေးနဲ႕ လိင္အဂၤါကို ေသခ်ာေဆးေၾကာေပးပါ။ ေျခာက္ေအာင္သုတ္ၿပီးသြားၿပီဆိုမွ ဆရာဝန္ေပးလိုက္တဲ့ လိမ္းေဆး ဒါမွမဟုတ္ အနာသက္သာေစဖို႔ ဆီနည္းနည္းလိမ္းၿပီး ပိုးသတ္ထားတဲ့ ဂြမ္း၊ ပလာစတာနဲ႕ အုပ္ေပးထားပါ။


 ၇။ အနာမရင္းပါေစနဲ႕။


 ေသခ်ာသန႔္သန႔္ရွင္းရွင္းမထားတာ၊ ေရစိုေနတဲ့ ပလာစတာကို မခြာဘဲ ဒီအတိုင္းကပ္ထားရင္ေတာ့ ပိုးဝင္ၿပီး အနာကေတာ္႐ုံနဲ႕ က်က္မွာမဟုတ္ပါဘူး။ အနာပတ္လည္က နီရဲၿပီး ေရာင္ကိုင္းလာတာ၊ အဝါေရာင္ သို႔မဟုတ္ စိမ္းဖန႔္ေရာင္ ျပည္ေတြထြက္လာတာ၊ အနာေဘးနားမွာ အနီေရာင္ေသြးေၾကာအမွ်င္ေတြ ထြက္ေနတာ၊ ေပ်ာ့ေပ်ာ့အိအိျဖစ္ေနတာ၊ အနာသက္သာေလာက္မယ့္ အခ်ိန္ထိ နာေနေသးတာ၊ အဖ်ားတက္တာ စတဲ့ အနာထဲပိုးဝင္တဲ့လကၡဏာေတြ႕ရၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ ျပန္ၿပီး ျပဖို႔လိုအပ္ပါတယ္။


 ေဆးခန္းသြားျပတဲ့အခ်ိန္မွာ အေရျပားက အရမ္းရွည္ေနၿပီး ဘယ္လိုမွ ဇစ္ကေန ျဖဳတ္လို႔မရဘူးဆိုရင္ေတာ့ ဆရာဝန္အေနနဲ႕ ထိပ္အေရျပားျဖတ္ဖို႔ (Circumcision လုပ္ျခင္း) အႀကံေပးပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီျပႆနာက ေယာက္်ားေလးအမ်ားစု ငယ္ရာကေန ႀကီးတဲ့အထိ ႀကဳံေတြ႕ရတတ္တဲ့ မေတာ္တဆမႈျဖစ္တာေၾကာင့္ မေပါ့ဆပါနဲ႕ သတိေပးရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

Monday, November 29, 2021

အပြောများနေတဲ့ ဥပဒေအကြောင်းအရာ နှစ်ခု

 အပြောများနေတဲ့ ဥပဒေအကြောင်းအရာ နှစ်ခု




#အမွေပြတ်စွန့်လွှတ်ခြင်း

#ရဲအရေးပိုင်သောအမှု

#ဥပဒေဆိုင်ရာဗဟုသုတ


(လတ်တလောကြားနေရတဲ့ သတင်းတွေ၊ ပြောနေကြတဲ့ စကားတွေထဲ ပါနေတဲ့ သတင်းစာထဲ သားအဖြစ် သမီးအျဖစ္က စွန့်လွှတ်ခြင်း ကိစ္စနဲ့ ရဲအရေးပိုင်တဲ့အမှုကိစ္စ ဟုတ်မဟုတ်ဆိုတဲ့အကြောင်းတွေကို သတိထားရအောင် ကူးယူေ၀ငှလိုက်ပါတယ်။ ဖတ်ရှုပြီးသတိထားနိုင် ကြပါစေ။)


(၁) သတင်းစာထဲတွင် သား/သမီး အဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဟာ တရားဝင်ပါသလား။ 


တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိဆိုသော ဆိုရိုးစကားလေးအတိုင်း မိဘများအနေနှင့် မိမိတို့၏ သားသမီး မည်မျှပင် ဆိုးနေစေကာမူ ပစ်ထားရိုးထုံးစံမရှိပေ။ 


သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလားသဏ္႑ာန်တူသည့် သားသမီးမ်ားကိုမူ တရားဥပေဒက သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ခွင့်ပြုထားခဲ့ပါသည်။ မည်ကဲ့သို့သော သားသမီးများကိုသွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ကြသနည်းဆိုတာ ကိုတော့ နားလည်ထားသင့်ပါသည်။


 မိဘအား ဆဲဆိုသော သားသမီး၊ မိဘအား သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ် ပြုမှုဆက်ဆံသော သားသမီးတိုဖြစ်ကြပါသည်။


သို့ပေမယ့် ယခုခေတ်တွင် ပြင်ပလောကတွင်သော်လည်းကောင်း၊ ရုပ်ရှင် ဗွီဒီယိုများထဲ၌သော်လည်းကောင်း မိဘမ်ားမွ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်သွားသော သားသမီးများနှင့် မိမိတို့ သေဘာမတူ မကြည်သူနှင့် အိမ်ထောင်ပြု သွားသော သားသမီး မ်ားကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။


 ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှတ်ယူနေလျှက်ရှိကြပါသည်။ 


အမှန်တွင်တော့ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာအမှန်တကယ်သွာနုတ္တရသားသမီးဖြစ်မဖြစ်သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ မည်သော ခွေးနှင့် အလားသဏ္႑ာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ ရာသတ်ပန်သားသမီးအဖြစ် မွ စွန့်လွှတ်ခွင့်ပြုပါရန် စာနှင့်ရေးသားလျှောက်ထားရပါမည်။


တရားလို အနေနှင့် မိဘမ်ားက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ ( သား / သမီး ) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း မှန်ကန်ပါက ၎င်းသားသမီးများအားသွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။


သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘမ်ားထံမွ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည်မဟုတ်ကြောင်း ဗဟုသုတ အနေနှင့် တင်ပြလိုက်ရပါသည်။


(၂) ရဲအရေးပိုင်သောအမှုနှင့်ရဲအရေးမပိုင်သောအမှု ခွဲခြားခြင်း 

---- ----- ----- ------ ------ ----- ------ ------ ------


ကိုကြွယ်။ ။ အစ်ကိုရေ---- အမှုတွေဒီလောက်အများ ကြီးထဲကနေ ရဲအရေးပိုင်သောအမှုနဲ့ ရဲအရေးမပိုင်သောအမှု ဆိုပြီး ဘယ်လိုခွဲခြားလဲအစ်ကို။ က်က္ထားရမွာလားအစ္ကို။ ဘယ်လိုသိရှိနိုင်လဲအစ်ကို ရှင်းပြပေးပါအုန်း။


KMT။ ။ က်က္ထားစရာ မလိုပါဘူးညီရဲ့။ အစ္ကို တက်စွမ်းသမျှ ရှင်းပြပါ့မယ်။ ညီ နားလည်သွားမှာပါ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ပထမဆုံး ညီသိထားသင့်တာက ရာဇသတ်ကြီးပါပုဒ်မတွေနဲ့ အထူးဥပေဒပါပုဒ္မေတြ ဆိုပြီးပါပဲ။ အခုညီကို ရာဇသတ်ကြီးပုဒ်မတွေထဲက ဘယ္ပုဒ္မက ရဲအရေးပိုင်သလဲ/မပိုင်သလဲ ခွဲခြား လေ့လာနည်းကို ရှင်းပြပါ့မယ်။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ဒါလေးကို အရင်ဆုံး အသေမှတ်ထားပေး ပါညီ။

"ရဲအရာရှိတစ်ဦးက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသော အမွုကို ရဲအရေးပိုင်သောအမှုဟုခေါ်သည်။"

ဝရမ်းမပါဘဲဖမ်း - ရဲပိုင်မှု

ဝရမ်းပါမှဖမ်း - ရဲမပိုင်မှု 

အဲ့ဒါလေးကို သေချာမှတ်ထားပေးပါ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ မှတ်ထားပါပြီ။


KMT။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေကို ညီသိလား။


ကိုကြွယ်။ ။ ဟုတ်အစ်ကို သိပါတယ်။


KMT။ ။ အဲ့ဒီရာဇဝတ်ကျင့်ထုံးဥပဒေစာအုပ်ရဲ့ ကျောဘက်မှာ နောက်ဆက်တွဲ ဇယား(၂)ဆိုတာ ပါရှိတယ်ညီရေ။ အဲ့ဒီနောက်ဆက်တွဲ ဇယား(၂)မွာ စာတိုင်(၈)တိုင်ပါရှိတယ်။ အဲ့ဒီစာတိုင်(၈)တိုင်မှာ ရာဇသတ်ကြီးပါ ပုဒ္မေတြရဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။  


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ညီက ဘယ်ဟာက ရဲအရေးပိုင်သလဲ ဘယ်ဟာက ရဲအရေးမပိုင်သလဲ ဆိုတာကို သိချင်တာ ဆိုတော့ အဲ့ဒီ နောက်ဆက်တွဲ ဇယား(၂)ရဲ့ စာတိုင်(၃) ကိုကြည့်ပါညီ။ အဲ့ဒီစာတိုင်(၃)မွာ ပုဒ္မတစ္ခုစီရဲ့ (ဝရမ်းမပါဘဲဖမ်းဆီခွင့်ရှိသည်) သို့မဟုတ် (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ) ဆိုပြီး အသီးသီးဖော်ပြပေးထားတယ်။ အဲ့ဒီမွာ ညီသိလိုတဲ့ ပုဒ္မကို ကြည့်လိုက်လို့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ)လို့ ဖော်ပြထားတာတွေ့ရင် အဲ့ပုဒ္မဟာ ရဲအရေးမပိုင်တဲ့ပုဒ်မပဲ။ ဒါမှမဟုတ် ညီသိလိုတဲ့ ပုဒ္မကို ကြည့်လိုက်လို့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်)လို့ ဖော်ပြထားတာတွေ့ရင် အဲ့ပုဒ္မဟာ ရဲအရေးပိုင်တဲ့ပုဒ်မ ပဲညီရေ။ ဒါ့ကြောင့်မို့လို့ အစ္ကိုက ညီကို အထက်မှာ "ရဲအရာရှိတစ်ဦးက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ခွင့်ရှိသော အမွုကို ရဲအရေးပိုင်သောအမှုဖြစ်သည်" ဆိုတဲ့ စာကို အသေမှတ်သားပေးပါလို့ ပြောတာပေါ့။ နားလည်ပြီ လားညီ။ ညီနားလည်သလောက် ပြန်ပြောပါအုန်း။


ကိုကြွယ်။ ။ နားလည်ပါပြီအစ်ကို။ အစ်ကိုပြောသလို ဆို ခွဲခြားသိဖို့ဆို ညီအနေနဲ့

၁။ ရာဇဝတ်ကျင့်ထုံးစာအုပ်က နောက်ဆက်တွဲဇယား၂ 

     ကို အရင်လှန်ရမယ်။ ပြီးရင်

၂။ မိမိသိချင်တဲ့ ပုဒ္မရဲ့ အကြောင်းကို ဖော်ပြထားတဲ့

    စာတိုင်နံပတ်(၃)ကိုကြည့်မယ်။

၃။ အဲ့ဒီစာတိုင်နံပတ်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိသည်လို့ရေးထားရင် ရဲအရေးပိုင်တဲ့ပုဒ်မဖြစ်မယ်။ အဲ့ဒီစာတိုင်နံပတ်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်မရှိ လို့ရေးထားရင် ရဲအရေးမပိုင် တဲ့ပုဒ်မဖြစ်မယ်။ အဲ့လို ဆိုလိုတာ မို့လားအစ္ကို။


KMT။ ။ ဒါပဲပေါ့ ညီလေးရ။ ညီးလေးသဘောပေါက် လွယ်တယ်။ အဲ့တော့ ဥပမာအနေနဲ့ ရာဇသတ်ကြီး ပုဒ္မ ၄၉၇ မယားခိုးမွု ရဲအရေးပိုင်သလား မပိုင်ဘူးလား ကြည့်ပြပါအုန်း။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို ။ ရာဇဝတ်ကျင့်ထုံး ဥပဒေစာအုပ်ရဲ့ နောက်ဆက်တွဲ ဇယား၂ ကို ညီရွာ လိုက်ပါပြီ။ နောက်ဆက်တွဲ ဇယား ၂ ကို တွေ့ပါပြီ။ ဇယား ၂ ရဲ့ စာတိုင်(၁)မွာ ပုဒ္မ ၄၉၇ကိုတွေ့ပါပြီ။ ပုဒ္မ ၄၉၇ရဲ့ စာတိုင်(၃)ကို ကြည့်လိုက်တော့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ) လို့ ရေးထားတာတွေ့တယ်။ အဲ့တော့ ရာဇသတ်ကြီးပုဒ်မ ၄၉၇ဟာ ရဲအရေးမပိုင်တဲ့ ပုဒ္မေပါ့ အစ်ကိုရေ။


KMT။ ။ တော်ပါပေတယ် ညီရေ။ ဒါဆို ရာဇသတ်ကြီး ပုဒ်မတွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်/မပိုင် ညီခွဲခြား တက်ပါပြီ။ ဆက္သိရမွာက အထူးဥပေဒ(အျခားဥပေဒ) တွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်/ မပိုင် ခွဲခြားနည်း ပါဘဲ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ ဆက်ပြောပါ။


KMT။ ။ ဒါနဲ့ ပတ်သက်ပြီး အချို့သော အထူးဥပေဒ တွေဟာ ရဲအရေးပိုင်တယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြီး ပြဌာန်းတဲ့ ဟာတွေရှိတယ်။ ဒီလိုထည့်သွင်း ပြဌာန်းထားရင်တော့ အဲဒီပြဌာန်းထားတဲ့အတိုင်း မှတ်ယူရပါ့မယ်။ ရဲအရေးပိုင် သလား/မပိုင်သလား ပြဌာန်းမထားဘူးဆိုရင်တော့ စောစောကလိုပဲ ရာဇဝတ်ကျင့်ထုံးရဲ့ နောက်ဆက်တွဲ ဇယား၂၊ အျခားဥပေဒမ်ားကို ကျူးလွန်သူများဆိုတဲ့ အပိုင်းကိုကြည့်ပြီး ခြဲရမွာပါ။ နောက်ဆက်တွဲဇယား၂ ရဲ့ နောက်ဆုံးစာမျက်နှာမှာပါ။ 


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ နောက်ဆက်တွဲဇယား၂ ရဲ့ နောက်ဆုံးစာမျက်နှာမှာ အျခားဥပေဒမ်ားကို ကျူးလွန်သူများလို့တွေ့တယ်အစ်ကို။


KMT။ ။ အဲ့ဒါဆိုရင် အထူးဥပေဒမွာပါတဲ့ပုဒ္မကို ကြည့်လိုက်ပါ။ ပြစ်ဒဏ်ဘယ်လောက်လဲကြည့်ပါ။ အဲ့ဒီပြစ်ဒဏ်အလိုက် စာတိုင်(၃)ကို အရင်တခါကြည့် သလိုပဲကြည့်ပါ ညီ။ ရဲအရေးပိုင် မပိုင်ဟာ အဲ့လိုပဲ ခွဲခြမ်းတယ်ညီ။ 


ကိုကြွယ်။ ။ ဟုတ်ပြီအစ်ကို ညီနားလည်ပြီ။ အထူးဥပေဒပါ ပြစ်ဒဏ်က ထောင်(၁)နှစ်အောက် သို့မဟုတ် ငွေဒဏ်သက်သက်လို့ ပြဌာန်းထားရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိလို့ ဖော်ပြထား လို့ ရဲအရေးမပိုင်ဘူး။

အထူးဥပဒေပါပြစ်ဒဏ်က ထောင်ဒဏ်(၁)နှစ်နှင့်အထက် ၊ ထောင်ဒဏ်(၃)နှစ်အောက်ဆိုရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်မရှိလို့ ဖော်ပြထားလို့ ရဲအရေးမပိုင်ဘူး။

အထူးဥပဒေပါပြစ်ဒဏ်က ထောင်ဒဏ်(၃)နှစ်နှင့်အထက်၊ ထောင်ဒဏ်(၇)နှစ်အောက်၊ ထောင်ဒဏ်(၇)နှစ်၊ ထောင်ဒဏ်(၇)နှစ်အထက်၊ ထောင်ဒဏ်နှစ်၂၀၊ သေဒဏ် တို့ဆိုရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီး ခွင့်ရှိသည်လို့ ဖော်ပြထားလို့ ရဲအရေးပိုင်တဲ့ပုဒ်မ/အမွု ဖြစ်တယ်။ အဲ့လိုလား အစ္ကို။


KMT။ ။ ဒါပေါ့ညီရာ ။ အထက်ပါအကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ခြွင်းချက်တွေဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄(၁)(စ) ဒုတိယအပိုဒ္ကို တော့ လေ့လာအုန်းနော်ညီ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ ကျေးဇူးပါ။


ရိုသေစွာဖြင့်

(ကောင်းမြတ်သူ)


အေျပာမ်ားေနတဲ့ ဥပေဒအေၾကာင္းအရာ ႏွစ္ခု




#အေမြျပတ္စြန္႔လႊတ္ျခင္း

#ရဲအေရးပိုင္ေသာအမႈ

#ဥပေဒဆိုင္ရာဗဟုသုတ


(လတ္တေလာၾကားေနရတဲ့ သတင္းေတြ၊ ေျပာေနၾကတဲ့ စကားေတြထဲ ပါေနတဲ့ သတင္းစာထဲ သားအျဖစ္ သမီးအျဖစ္က စြန္႔လႊတ္ျခင္း ကိစၥနဲ႔ ရဲအေရးပိုင္တဲ့အမႈကိစၥ ဟုတ္မဟုတ္ဆိုတဲ့အေၾကာင္းေတြကို သတိထားရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။ ဖတ္ရႈျပီးသတိထားႏိုင္ ၾကပါေစ။)


(၁) သတင္းစာထဲတြင္ သား/သမီး အျဖစ္ အေမြျပတ္စြန႔္လႊတ္ျခင္းဟာ တရားဝင္ပါသလား။ 


ေတာင္းဆိုး ပလုံးဆိုးတာ ပစ္ရိုးထုံးစံရွိသည္။ သားဆိုး သမီးဆိုးကို ပစ္ရိုးထုံးစံမရွိဆိုေသာ ဆိုရိုးစကားေလးအတိုင္း မိဘမ်ားအေနႏွင့္ မိမိတို့၏ သားသမီး မည္မၽွပင္ ဆိုးေနေစကာမူ ပစ္ထားရိုးထုံးစံမရွိေပ။ 


သို့ေပမယ့္ ယုတ္မာ ရိုင္းစိုင္းေသာ သြာႏုတၱရမည္သည့္ ေခြးႏွင့္အလားသ႑ာန္တူသည့္ သားသမီးမ်ားကိုမူ တရားဥပေဒက သားသမီးအျဖစ္မွ ရာသက္ပန္ စြန႔္လႊတ္ဖို့ခြင့္ျပဳထားခဲ့ပါသည္။ မည္ကဲ့သို့ေသာ သားသမီးမ်ားကိုသြာႏုတၱရ သားသမီးအျဖစ္ သတ္မွတ္ခဲ့ၾကသနည္းဆိုတာ ကိုေတာ့ နားလည္ထားသင့္ပါသည္။


 မိဘအား ဆဲဆိုေသာ သားသမီး၊ မိဘအား ေသြးထြက္သံယိုျဖစ္ေအာင္ ရိုက္ႏွက္ေသာ သားသမီး ႏွင့္ မိဘအသက္အား ရန္ရွာကာ ရန္သူသဖြယ္ ျပဳမွုဆက္ဆံေသာ သားသမီးတိုျဖစ္ၾကပါသည္။


သို့ေပမယ့္ ယခုေခတ္တြင္ ျပင္ပေလာကတြင္ေသာ္လည္းေကာင္း၊ ႐ုပ္ရွင္ ဗြီဒီယိုမ်ားထဲ၌ေသာ္လည္းေကာင္း မိဘမ်ားမွ မိမိတို့၏ စကားနားမေထာင္ပဲ အိမ္ေပၚမွ ဆင္သြားေသာ သားသမီးမ်ားႏွင့္ မိမိတို့ သေဘာမတူ မၾကည္သူႏွင့္ အိမ္ေထာင္ျပဳ သြားေသာ သားသမီး မ်ားကို အမ်ားအားျဖင့္ သားဆိုးသမီးဆိုးဟု သတ္မွတ္ကာ နိုင္ငံပိုင္သတင္းစာမ်ားထဲတြင္ သားသမီးအျဖစ္မွ စြန႔္လႊတ္ေၾကာင္း အမ်ားသိေစရန္ ေၾကျငာထည့္သြင္းခဲ့ၾကသည္။


 ထိုသို့ေၾကျငာထည့္သြင္းထားလၽွင္ မိဘႏွင့္ သားသမီးအျဖစ္မွ ရပ္စဲသြားသည္ဟုလည္း မွတ္ယူေနလၽွက္ရွိၾကပါသည္။ 


အမွန္တြင္ေတာ့ အထက္တြင္ေဖာ္ျပထားသကဲ့သို့ မိမိတို့၏ သားသမီးမွာအမွန္တကယ္သြာႏုတၱရသားသမီးျဖစ္မျဖစ္ေသခ်ာစြာေလ့လာ၍ ျဖစ္ခဲ့သည္ဆိုပါက မိမိတို့ေနထိုင္ရာၿမိဳ့နယ္ရွိ တရား႐ုံးေတာ္သို့ သြားေရာက္၍ မိမိတို့၏ သားသမီး ျဖစ္သူမွာ အမွန္တကယ္ယုတ္မာရိုင္းစိုင္း၍ သြာႏုတၱရ မည္ေသာ ေခြးႏွင့္ အလားသ႑ာန္တူေသာ သားသမီး အျဖစ္သတ္မွတ္၍ ရာသတ္ပန္သားသမီးအျဖစ္ မွ စြန႔္လႊတ္ခြင့္ျပဳပါရန္ စာႏွင့္ေရးသားေလၽွာက္ထားရပါမည္။


တရားလို အေနႏွင့္ မိဘမ်ားက ေဆာင္ရြက္ရၿပီး တရားၿပိဳင္ေနရာ၌ မိမိတို့စြန႔္လႊတ္လိုေသာ သား ( သို့မဟုတ္ ) သမီးကိုထည့္ရပါမည္။ ႐ုံးေတာ္မွ တရားလိုျဖစ္သူ (မိဘ) ႏွင့္ တရားၿပိဳင္ျဖစ္သူ ( သား / သမီး ) အား က်မ္းက်ိန္စစ္ေဆးေစ၍ ေလၽွာက္ထားသည့္အတိုင္း မွန္ကန္ပါက ၎သားသမီးမ်ားအားသြာႏုတၱရသားသမီးအျဖစ္ သတ္မွတ္ေပးမည္ျဖစ္သည္။


သြာႏုတၱရ အျဖစ္ အသတ္မွတ္ခံရေသာ သားသမီးမ်ားသည္ မိဘမ်ားထံမွ အေမြဆက္ခံခြင့္ကို ဆုံးရွုံးမည္ျဖစ္ပါသည္။ ထို့ေၾကာင့္ သတင္းစာထဲတြင္ သားသမီးအျဖစ္မွ အေမြျပတ္စြန႔္လႊတ္ေၾကာင္း ေၾကာ္ျငာထည့္သြင္း႐ုံႏွင့္ စြန႔္လႊတ္ျခင္း အထမေျမာက္ေၾကာင္းႏွင့္ အေမြဆက္ခံခြင့္ ဆုံးရွုံးမည္မဟုတ္ေၾကာင္း ဗဟုသုတ အေနႏွင့္ တင္ျပလိုက္ရပါသည္။


(၂) ရဲအေရးပိုင္ေသာအမွုႏွင့္ရဲအေရးမပိုင္ေသာအမွု ခြဲျခားျခင္း 

---- ----- ----- ------ ------ ----- ------ ------ ------


ကိုႂကြယ္။ ။ အစ္ကိုေရ---- အမွုေတြဒီေလာက္အမ်ား ႀကီးထဲကေန ရဲအေရးပိုင္ေသာအမွုနဲ႔ ရဲအေရးမပိုင္ေသာအမွု ဆိုၿပီး ဘယ္လိုခြဲျခားလဲအစ္ကို။ က်က္ထားရမွာလားအစ္ကို။ ဘယ္လိုသိရွိနိုင္လဲအစ္ကို ရွင္းျပေပးပါအုန္း။


KMT။ ။ က်က္ထားစရာ မလိုပါဘူးညီရဲ့။ အစ္ကို တက္စြမ္းသမၽွ ရွင္းျပပါ့မယ္။ ညီ နားလည္သြားမွာပါ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ပထမဆုံး ညီသိထားသင့္တာက ရာဇသတ္ႀကီးပါပုဒ္မေတြနဲ႔ အထူးဥပေဒပါပုဒ္မေတြ ဆိုၿပီးပါပဲ။ အခုညီကို ရာဇသတ္ႀကီးပုဒ္မေတြထဲက ဘယ္ပုဒ္မက ရဲအေရးပိုင္သလဲ/မပိုင္သလဲ ခြဲျခား ေလ့လာနည္းကို ရွင္းျပပါ့မယ္။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ဒါေလးကို အရင္ဆုံး အေသမွတ္ထားေပး ပါညီ။

"ရဲအရာရွိတစ္ဦးက ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိေသာ အမွုကို ရဲအေရးပိုင္ေသာအမွုဟုေခၚသည္။"

ဝရမ္းမပါဘဲဖမ္း - ရဲပိုင္မွု

ဝရမ္းပါမွဖမ္း - ရဲမပိုင္မွု 

အဲ့ဒါေလးကို ေသခ်ာမွတ္ထားေပးပါ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ မွတ္ထားပါၿပီ။


KMT။ ။ ရာဇဝတ္က်င့္ထုံးဥပေဒကို ညီသိလား။


ကိုႂကြယ္။ ။ ဟုတ္အစ္ကို သိပါတယ္။


KMT။ ။ အဲ့ဒီရာဇဝတ္က်င့္ထုံးဥပေဒစာအုပ္ရဲ့ ေက်ာဘက္မွာ ေနာက္ဆက္တြဲ ဇယား(၂)ဆိုတာ ပါရွိတယ္ညီေရ။ အဲ့ဒီေနာက္ဆက္တြဲ ဇယား(၂)မွာ စာတိုင္(၈)တိုင္ပါရွိတယ္။ အဲ့ဒီစာတိုင္(၈)တိုင္မွာ ရာဇသတ္ႀကီးပါ ပုဒ္မေတြရဲ့ အခ်က္အလက္ေတြကို ေဖာ္ျပထားတယ္။  


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ညီက ဘယ္ဟာက ရဲအေရးပိုင္သလဲ ဘယ္ဟာက ရဲအေရးမပိုင္သလဲ ဆိုတာကို သိခ်င္တာ ဆိုေတာ့ အဲ့ဒီ ေနာက္ဆက္တြဲ ဇယား(၂)ရဲ့ စာတိုင္(၃) ကိုၾကည့္ပါညီ။ အဲ့ဒီစာတိုင္(၃)မွာ ပုဒ္မတစ္ခုစီရဲ့ (ဝရမ္းမပါဘဲဖမ္းဆီခြင့္ရွိသည္) သို့မဟုတ္ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ) ဆိုၿပီး အသီးသီးေဖာ္ျပေပးထားတယ္။ အဲ့ဒီမွာ ညီသိလိုတဲ့ ပုဒ္မကို ၾကည့္လိုက္လို့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ)လို့ ေဖာ္ျပထားတာေတြ႕ရင္ အဲ့ပုဒ္မဟာ ရဲအေရးမပိုင္တဲ့ပုဒ္မပဲ။ ဒါမွမဟုတ္ ညီသိလိုတဲ့ ပုဒ္မကို ၾကည့္လိုက္လို့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိသည္)လို့ ေဖာ္ျပထားတာေတြ႕ရင္ အဲ့ပုဒ္မဟာ ရဲအေရးပိုင္တဲ့ပုဒ္မ ပဲညီေရ။ ဒါ့ေၾကာင့္မို့လို့ အစ္ကိုက ညီကို အထက္မွာ "ရဲအရာရွိတစ္ဦးက ဝရမ္းမပါဘဲ ဖမ္းဆီးနိုင္ခြင့္ရွိေသာ အမွုကို ရဲအေရးပိုင္ေသာအမွုျဖစ္သည္" ဆိုတဲ့ စာကို အေသမွတ္သားေပးပါလို့ ေျပာတာေပါ့။ နားလည္ၿပီ လားညီ။ ညီနားလည္သေလာက္ ျပန္ေျပာပါအုန္း။


ကိုႂကြယ္။ ။ နားလည္ပါၿပီအစ္ကို။ အစ္ကိုေျပာသလို ဆို ခြဲျခားသိဖို့ဆို ညီအေနနဲ႔

၁။ ရာဇဝတ္က်င့္ထုံးစာအုပ္က ေနာက္ဆက္တြဲဇယား၂ 

     ကို အရင္လွန္ရမယ္။ ၿပီးရင္

၂။ မိမိသိခ်င္တဲ့ ပုဒ္မရဲ့ အေၾကာင္းကို ေဖာ္ျပထားတဲ့

    စာတိုင္နံပတ္(၃)ကိုၾကည့္မယ္။

၃။ အဲ့ဒီစာတိုင္နံပတ္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္ရွိသည္လို့ေရးထားရင္ ရဲအေရးပိုင္တဲ့ပုဒ္မျဖစ္မယ္။ အဲ့ဒီစာတိုင္နံပတ္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္မရွိ လို့ေရးထားရင္ ရဲအေရးမပိုင္ တဲ့ပုဒ္မျဖစ္မယ္။ အဲ့လို ဆိုလိုတာ မို့လားအစ္ကို။


KMT။ ။ ဒါပဲေပါ့ ညီေလးရ။ ညီးေလးသေဘာေပါက္ လြယ္တယ္။ အဲ့ေတာ့ ဥပမာအေနနဲ႔ ရာဇသတ္ႀကီး ပုဒ္မ ၄၉၇ မယားခိုးမွု ရဲအေရးပိုင္သလား မပိုင္ဘူးလား ၾကည့္ျပပါအုန္း။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို ။ ရာဇဝတ္က်င့္ထုံး ဥပေဒစာအုပ္ရဲ့ ေနာက္ဆက္တြဲ ဇယား၂ ကို ညီရွာ လိုက္ပါၿပီ။ ေနာက္ဆက္တြဲ ဇယား ၂ ကို ေတြ႕ပါၿပီ။ ဇယား ၂ ရဲ့ စာတိုင္(၁)မွာ ပုဒ္မ ၄၉၇ကိုေတြ႕ပါၿပီ။ ပုဒ္မ ၄၉၇ရဲ့ စာတိုင္(၃)ကို ၾကည့္လိုက္ေတာ့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ) လို့ ေရးထားတာေတြ႕တယ္။ အဲ့ေတာ့ ရာဇသတ္ႀကီးပုဒ္မ ၄၉၇ဟာ ရဲအေရးမပိုင္တဲ့ ပုဒ္မေပါ့ အစ္ကိုေရ။


KMT။ ။ ေတာ္ပါေပတယ္ ညီေရ။ ဒါဆို ရာဇသတ္ႀကီး ပုဒ္မေတြနဲ႔ ပတ္သက္ၿပီး ရဲအေရးပိုင္/မပိုင္ ညီခြဲျခား တက္ပါၿပီ။ ဆက္သိရမွာက အထူးဥပေဒ(အျခားဥပေဒ) ေတြနဲ႔ ပတ္သက္ၿပီး ရဲအေရးပိုင္/ မပိုင္ ခြဲျခားနည္း ပါဘဲ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ဆက္ေျပာပါ။


KMT။ ။ ဒါနဲ႔ ပတ္သက္ၿပီး အခ်ိဳ့ေသာ အထူးဥပေဒ ေတြဟာ ရဲအေရးပိုင္တယ္ဆိုတဲ့အေၾကာင္း ထည့္သြင္းၿပီး ျပဌာန္းတဲ့ ဟာေတြရွိတယ္။ ဒီလိုထည့္သြင္း ျပဌာန္းထားရင္ေတာ့ အဲဒီျပဌာန္းထားတဲ့အတိုင္း မွတ္ယူရပါ့မယ္။ ရဲအေရးပိုင္ သလား/မပိုင္သလား ျပဌာန္းမထားဘူးဆိုရင္ေတာ့ ေစာေစာကလိုပဲ ရာဇဝတ္က်င့္ထုံးရဲ့ ေနာက္ဆက္တြဲ ဇယား၂၊ အျခားဥပေဒမ်ားကို က်ဴးလြန္သူမ်ားဆိုတဲ့ အပိုင္းကိုၾကည့္ၿပီး ခြဲရမွာပါ။ ေနာက္ဆက္တြဲဇယား၂ ရဲ့ ေနာက္ဆုံးစာမ်က္ႏွာမွာပါ။ 


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ေနာက္ဆက္တြဲဇယား၂ ရဲ့ ေနာက္ဆုံးစာမ်က္ႏွာမွာ အျခားဥပေဒမ်ားကို က်ဴးလြန္သူမ်ားလို့ေတြ႕တယ္အစ္ကို။


KMT။ ။ အဲ့ဒါဆိုရင္ အထူးဥပေဒမွာပါတဲ့ပုဒ္မကို ၾကည့္လိုက္ပါ။ ျပစ္ဒဏ္ဘယ္ေလာက္လဲၾကည့္ပါ။ အဲ့ဒီျပစ္ဒဏ္အလိုက္ စာတိုင္(၃)ကို အရင္တခါၾကည့္ သလိုပဲၾကည့္ပါ ညီ။ ရဲအေရးပိုင္ မပိုင္ဟာ အဲ့လိုပဲ ခြဲျခမ္းတယ္ညီ။ 


ကိုႂကြယ္။ ။ ဟုတ္ၿပီအစ္ကို ညီနားလည္ၿပီ။ အထူးဥပေဒပါ ျပစ္ဒဏ္က ေထာင္(၁)ႏွစ္ေအာက္ သို့မဟုတ္ ေငြဒဏ္သက္သက္လို့ ျပဌာန္းထားရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိလို့ ေဖာ္ျပထား လို့ ရဲအေရးမပိုင္ဘူး။

အထူးဥပေဒပါျပစ္ဒဏ္က ေထာင္ဒဏ္(၁)ႏွစ္ႏွင့္အထက္ ၊ ေထာင္ဒဏ္(၃)ႏွစ္ေအာက္ဆိုရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္မရွိလို့ ေဖာ္ျပထားလို့ ရဲအေရးမပိုင္ဘူး။

အထူးဥပေဒပါျပစ္ဒဏ္က ေထာင္ဒဏ္(၃)ႏွစ္ႏွင့္အထက္၊ ေထာင္ဒဏ္(၇)ႏွစ္ေအာက္၊ ေထာင္ဒဏ္(၇)ႏွစ္၊ ေထာင္ဒဏ္(၇)ႏွစ္အထက္၊ ေထာင္ဒဏ္ႏွစ္၂၀၊ ေသဒဏ္ တို့ဆိုရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီး ခြင့္ရွိသည္လို့ ေဖာ္ျပထားလို့ ရဲအေရးပိုင္တဲ့ပုဒ္မ/အမွု ျဖစ္တယ္။ အဲ့လိုလား အစ္ကို။


KMT။ ။ ဒါေပါ့ညီရာ ။ အထက္ပါအေၾကာင္းအရာ ေတြနဲ႔ပတ္သက္ၿပီး ႁခြင္းခ်က္ေတြျဖစ္တဲ့ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄(၁)(စ) ဒုတိယအပိုဒ္ကို ေတာ့ ေလ့လာအုန္းေနာ္ညီ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ေက်းဇူးပါ။


ရိုေသစြာျဖင့္

(ေကာင္းျမတ္သူ)