Monday, August 31, 2015

အိမ်နဲ့ပတ်သက်တဲ့ မြန်မာတို့ရဲ့ ရှေးအယူအဆများနှင့် ဗဟုသုတများ




* အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ

* အိမ်ဆောက်ရက်ရွေးနည်း


* အိမ်ဆောက်လရွေးနည်း


* မသုံးအပ်သောသစ် (၈)မျိုး


* အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး


* အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများ
- – - – - – - – - – - – - – - – - – - – - – - – - – - – - -

သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါ။ သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလို သတ္တ၀ါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာအပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။
ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊ မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ ဘူးလို့ဘဲဆိုဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ဘဲဖြစ်ဖြစ်သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာ အယူတချို့ ကိုဖော်ပြပေးလိုက်ပါတယ်…။

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ
- – - – - – - – - – - – - – - – - – - – - – - – - – - – - -
-အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။


-အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်-တောင်ဘက်တွင် သျှစ်သျှားပင်၊ဖီးခြမ်းငှက်ပျော၊သဘောင်္ပင် များ

-မြောက်ဘက်တွင် ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်..

အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။

အိမ်ဆောက်ရက်ရွေးနည်း
- – - – - – - – - – - – - – - – -
တနင်္ဂနွေ – ဒုက္ခဆင်းရဲရောက်တတ်သည်။


တနလာင်္ – နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။

အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။

ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည်။

ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။

သောကြာ – သုံးလကြာလျှင် သုခပွားမည်။

အိမ်ဆောက်လရွေးနည်း
- – - – - – - – - – - – - – - -
တန်ခူးလ– ချမ်းသာကြွယ်ဝမည်။


ကဆုန်လ — ဆန်ရေစပါး ပေါကြွယ်ဝမည်။

ဝါခေါင်လ — ဥစ္စာတိုးပွားမည်။

နတ်တော်လ — ထင်ပေါ်ကျော်စောမည်။

ပြာသိုလ — လူအများချီးမွမ်းမှုရမည်။

တပေါင်းလ — ချမ်းသာကြွယ်ဝမည်။

ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။

ယနေ့ခေတ်မှာအိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက် ပါဘဲ။ ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့
အဓိကပါဝင်ပစ္စည်းဖြစ်နေပါသေးတယ်။
ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကိုအလွန်စိစစ်ပါတယ်။
ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။


မသုံးအပ်သောသစ် (၈)မျိုး
- – - – - – - – - – - – - – - – - -
၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)


၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)

၎။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)

Credit: http://www.myanmarlatestnews.com/archives/107437

Sunday, August 30, 2015

2015 ခုနှစ်အတွင်းပေါ်ပြူလာအဖြစ်ဆုံး အကောင်းမွန်ဆုံးအမျိုးသားသုံးရေမွှေးများ



မွှေးရနံ့ကမ္ဘာမှာ ဘယ်ရနံ့ကတော့အကောင်းဆုံးဆိုတာပြောရခက်လောက်အောင် ရှုပ်ထွေးပေမယ့် ဒီနှစ်မိုးရာသီအတွက် အမျိုးသားသုံး ထိပ်တန်းရေမွှေး(၁၀)မျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ 

Classic ကျသော အသစ်လွင်ဆုံးသော ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသော ရေမွှေးသုံးမျိုးကတော့ -

Best Fall Refresher Cologne for 2015: Clean Shower Fresh for Men –  $74.00 ၀န်းကျင်


Favorite New Cologne for Fall 2015:  John Varvatos Dark Rebel – $ 66.00 ၀န်းကျင်

Best Cologne for Men:  Most Expensive Cologne Ever – $865 ၀န်းကျင်

 Favorite Men’s Fragrance for 2015: Spicebomb by Viktor & Rolf – $50.00 ၀န်းကျင်


Tom Ford Noir Extreme

2012 ခုနှစ်လောက်ကထုတ်ခဲ့သော Violet – Heavy Tom Ford Noir (လွန်ခဲ့သော ဆယ်စုနှစ်က ကျွန်တော့်အကြိုက်ဆုံးရေမွှေးတစ်ခုဖြစ်ခဲ့သော) ရဲ့ပုလင်းဒီဇိုင်းနဲ့ နာမည်ကို ဝေမျှထားသော ရေမွှေးအသစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူ့ရဲ့ Woody Oriental Scent လေးက ပင်တိုင်သဘော ပါနေပါရဲ့။
ညနေခင်းမှာအသုံးပြုလို့အဆင်ပြေမယ့် ရေမွှေးမျိုးဖြစ်ပါတယ်။ ချွေးထွက်လေ ကိုယ်အပူရှိန်မြင့်လေ မွှေးရနံ့က ထူးခြားလေဆိုတဲ့ သဘောဆောင်နိုင်ပါတယ်။ အရေပြားပေါ်မှာ ဆွတ်ဖြန်းထားခြင်းဖြင့် မွှေးရနံ့ကစွဲပြီး ကြာရှည်ခံမယ့်ပုံပါ။ Sexy ဖြစ်တယ်လို့ခံစားရပါတယ်။

သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Tom-Ford/Noir-Extreme-29675.html

Bentley Infinite Intense
ကား Brand တစ်ခုဖြစ်တဲ့ Bentley ဆိုတဲ့နာမည်ဟာ ရေမွှေးကမ္ဘာထဲမှာ အံ့အားသင့်စဖွယ် ကောင်းစွာ ထင်ရှားလာပါပြီ။ ဒီတံဆိပ်ရဲ့ ရေမွှေးအမျိုးအစားတစ်ခုခြင်းစီရဲ့ ရနံ့တွေကို စမ်းသပ်ကြည့်လိုက်တာနဲ့ သဘောကျနှစ်သက်သွားစေရမယ်လို့ ညွှန်းဆိုထားပါတယ်။

Infinite Intense လေးကတစ်မူထူးတဲ့ ဖော်စပ်ပုံကြောင့် ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။ အရမ်း Fresh ဖြစ်စေတဲ့ ရနံ့နဲ့ ခပ်ငြိမ်ငြိမ် နံ့သာနံ့တွေရယ်လို့ သီးသန့်ကွဲပြားမနေစေဘဲ နှစ်မျိုးလုံးပေါင်းစပ်ပါဝင်နေစေ ခြင်းပါ။ ကိုယ့်ချစ်သူနဲ့ကိုယ် အပြန်အလှန်ဆွတ်ဖြန်းထားလည်း အဆင်ပြေပြီး အချိန်တိုင်းဆွတ်ဖြန်းလို့ အဆင်ချောစေတဲ့ရေမွှေးဖြစ်ပါတယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Bentley/Infinite-Intense-29805.html

Dunhill ICON
ရေမွှေးဖန်တီးသူ Carlos Benaïm (အမြဲတန်းလိုလို ပေါ်ပြူလာဖြစ်နေတတ်တဲ့ Calvin Klein ရဲ့ Enternity For Men ရဲ့နောက်ကွယ်ကဖန်တီးသူ) ရဲ့ ICON ဟာ သဘောသဘာဝအရကိုက ယောက်ျားဆန်စေတယ် လို့ဆိုကြတဲ့ (Bergamot, Lavender, Black Pepper, Oud wood and Vertiver) တွေရဲ့ရနံ့တွေကို ရောမွှေထားသော ရေမွှေးတစ်ခုဖြစ်ပါတယ်။
စတင်ဆွတ်ဖြန်းကာစမှာတော့ ချိုမြိန်ဖွယ် အရည်ရွှမ်းတဲ့သစ်သီးတစ်လုံးကိုကိုက်စားလိုက်ရသလို ခံစားရပြီး ကိုယ့်အရေပြားနဲ့ထိတွေ့ပြီးမကြာခင်မှာတော့ နွေးထွေးသော ညှို့ဓာတ်ပြင်းသောရနံ့တစ်ခုသဖွယ် တဖြည်း ဖြည်းစွဲမြဲစေပါတယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Alfred-Dunhill/Icon-29229.html

Hermès Le Jardin De Monsieur Li
တရုပ်လူမျိုးတွေရဲ့ ပန်းဥယျာဉ်တွေထဲက ရတတ်တဲ့မွှေးရနံ့မျိုးတွေကို စိတ်ကူးပြီး Hermès ရဲ့ ထင်ရှားလှတဲ့ ရေမွှေးဖန်တီးသူ JeanClaude Ellena က Monsieur Li နဲ့ပူးပေါင်းကာ ကျေနပ်ဖွယ်ကောင်း သော လတ်ဆတ်သော လန်းဆန်းသော အမျိုးသား အမျိုးသမီးနှစ်ဦးလုံးသုံးနိုင်သော ရေမွှေးကိုဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ပန်းနံ့တွေရော သံပရာရနံ့လိုရော Mint ရနံ့မျိုးတွေကော တစ်မူထူးပေါင်းစပ်ထားတာက ရာသီဥတု ခပ်နွေးနွေးမှာ ဆွတ်ဖြန်းလို့အဆင်ပြေလှတဲ့ ရေမွှေးတစ်ခုဖြစ်ခဲ့ပါတယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Hermes/Le-Jardin-de-Monsieur-Li-29818.html

Carven Vétiver
နှစ်များစွာကြာခဲ့သောကာလက ထုတ်ဖော်ဖန်တီးခဲ့တဲ့ မွှေးရနံ့မျိုးဆိုပေမယ့် Guerlainရဲ့ ထင်ရှားသူ Vetiver က Lemongrass, Grapefruit နဲ့Geranium တို့လိုရနံ့မျိုးတွေကို ခပ်သင်းသင်းလေးနဲ့ လန်းဆန်းတဲ့ခံစားမှုမျိုးရရှိစေတဲ့ နေ့အချိန်တွေမှာ ဆွတ်ဖြန်းလို့အဆင်ပြေစေအောင် ဖော်စပ်ထားပါတယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Carven/Vetiver-3468.html

Eau de Cartier Vetiver Bleu
နောက်ထပ် ခပ်သင်းသင်း Vetiver ရေမွှေးတစ်ခုဖြစ်ပါတယ်။ ဒီရေမွှေးကတော့ လန်းဆန်းတယ် ဆွဲဆောင်မှုပြင်းထန်စေတယ်ဆိုတဲ့ ရနံ့တွေပေါင်းစပ်ထားတဲ့ ရေမွှေးဖြစ်ပါတယ်။

မြင်သာအောင် ဥပမာပြုရရင် နွယ်ချိုပင်ရဲ့ ရနံ့မျိုးလိုပေါ့။ Carven’s Vétiver ရေမွှေးလိုပါပဲ ခပ်သင်းသင်း လေးနဲ့ နွေရာသီမှာ ဆွတ်ဖြန်းလို့အဆင်ပြေစေတဲ့ ရေမွှေးလေးပဲဖြစ်ပါတယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Cartier/Eau-de-Cartier-Vetiver-Bleu-29563.html
 
Bottega Veneta Pour Homme Extreme
Antoine Maisondieu ရဲ့ “more intense, more sensual, even more masculine” လို့ညွှန်းဆိုရမယ့် ရေမွှေးတစ်ခုဖြစ်ပါတယ်။ ‘Extreme’ ဗားရှင်းကတော့ အီတလီရဲ့ ဇိမ်ခံပစ္စည်းတံဆိပ်တစ်ခုအသွင်ရှိတဲ့ ရေမွှေးပေါ့။ Bottega Veneta Pour Homme ကိန်းကြီးခန်းကြီးဆန်သောရနံ့တွေပိုင်ဆိုင်တယ်။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Bottega-Veneta/Bottega-Veneta-Pour-Homme-Extreme-29351.html

Dolce & Gabbana Light Blue Swimming in Lipari Pour Homme
Light Blue ရေမွှေးစီးရီးရဲ့ နောက်ဆုံးထုတ် Edition ရေမွှေးလေးဖြစ်ပါတယ်။ Swimming in Lipari က သခွားသီးကိုက်လိုက်ရင်ရတတ်တဲ့ ရေဓာတ်ရနံ့လိုမျိုး ပင်လယ်လေရဲ့ ရနံ့လိုမျိုးခံစားရအောင် ဖန်တီးထား တဲ့ ရေမွှေးဖြစ်ပါတယ်။
ဘယ်လိုမွှေးရနံ့မျိုးလဲပြောပါဦးဆိုရင်တော့ ဆားနံ့သင်းတဲ့ နည်းနည်းတော့ငန်တဲ့ ဂရိတ်ဖရုသီးနဲ့ မွှေးရနံ့ကြွယ်တဲ့ Rosemary လိုမျိုးဖြစ်ပါတယ်။ နွေရာသီ ခရီးတွေထွက်တဲ့အခါ မပါမဖြစ်ထည့်သွားရမယ့် မွှေးရနံ့ပိုင်ရှင် ရေမွှေးတစ်ခုပေါ့။

သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Dolce-Gabbana/Light-Blue-Swimming-in-Lipari-29960.html

Mont Blanc Emblem Intense
ပုလင်းပုံစံက Pac-Man ထဲက ဇာတ်ကောင်တစ်ခုလိုလိုပုံစံဖြစ်ပေမယ့် ဆွဲဆောင်မှုရှိတဲ့ဟန်တော့ ပေါက်ပါတယ်။
Emblem ရေမွှေးရဲ့ ဖွင့်ဆိုချက်အသစ်က သစ်သီးတွေရဲ့လတ်ဆတ်မှုမှာ ပန်းသီးတစ်လုံးရဲ့အရည်ရွှမ်းမှုမျိုး ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်တဲ့။ ဒီရေမွှေးကိုဆွတ်ဖြန်းပြီး အိပ်ရာထဲဝင်တဲ့အချိန်အတော်ကြာတိုင် အရေပြား ပေါ်ဝယ် နွေးထွေးသော မွတ်ညက်သောခံစားမှုမျိုး ရရှိနေပါရော။


သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Montblanc/Emblem-Intense-23715.html

Givenchy Gentlemen Only Casual Chic
2013 မှာ စတင်ဖြန့်ချိခဲ့တဲ့ Gentleman Only ဟာ Givenchy ရေမွှေးများထဲမှ တစ်မူထူးတဲ့ရေမွှေးသစ် ဖြစ်ပါတယ်။ ရာသီဥတုခပ်ပြင်းပြင်းမှာ တောင်ပေါ်ကိုတဖြေးဖြေးတက်သွားပြီးနောက် တောင်ထိပ်ရောက်တဲ့ အခါ လန်းဆန်းလတ်ဆတ်သွားစေတဲ့ ပုံဟန်မျိုးဆိုရမယ့် မွှေးရနံ့ပါ။

နဂိုမူလထက် နည်းနည်းလေး မူကွဲတယ်ဆိုတဲ့ရေမွှေးမျိုးဖြစ်တာကြောင့် Gym bag သို့မဟုတ် ရာသီဦးကာလတွေမှာ သွားလေရာသယ်ဆောင်သွားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်လို့။
သူ့အကြောင်းပိုသိချင်ရင် = http://www.fragrantica.com/perfume/Givenchy/Gentlemen-Only-Casual-Chic-29733.html

နွေဦးကာလတွေမှာ ရာသီဥတုက အအေးဓာတ်လျော့ကာ အပူရှိန်မြင့်ဖို့စတင်လာပြီဆိုတော့ အ၀တ်ဘီရိုထဲ က မလိုချင်တာတွေရှင်း လိုတာလေးတွေဖြည့်တဲ့နေရာမှာ ကျွန်တော်ပြောခဲ့တဲ့ရေမွှေးလေးတွေကို collection တစ်ခုအသွင်စုဆောင်းထားပါက စာဖတ်သူအတွက် အကျိုးမနည်းစေရပါဘူးလို့။ (ရာသီဦးကာလတွေ ဆွတ်ဖြန်းလို့သင့်တဲ့ရေမွှေးရနံ့တွေဖြစ်ပါတယ်။)

ပန်းရနံ့၊ချိုမြိန်သော၊လန်းဆန်းသော ပြီးတော့ နံ့သာမွှေးရနံ့ဆန်သော မွှေးရနံ့ဆယ်မျိုးကို စာဖတ်သူရဲ့ စိတ်အခြေအနေအလိုက် ရာသီဥတုနဲ့အချိန်အခါအလိုက် ဆွတ်ဖြန်းခြင်းဖြင့် သွားလာလှုပ်ရှားနေထိုင်မှုတိုင်း မှာ တက်ကြွအသက်ဝင်ပါစေလို့နော်။

Credit: Online

Friday, August 28, 2015

တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့




တလာဗီယားငါးကို တရုတ်အမွှေးအကြိုင်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ပူစီနံတို့ဖြင့် ရောနုယ်ပြီ ကင်ထားတာပါ။ ပြီမှ မရမ်းပြားရည်နဲ့ လုပ်ထားသော ဆော့လေးနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…

ငါးကင်ရန် ပါဝင်ပစ္စည်းများ
  • တလာဗီးယားငါး(သို့)ငါးလိပ်ကြောက်(သို့)ငါးလိပ်စွန် – ၁ကောင် (ကြေးခွံဖယ်ပြီ ငါးကို သန့်စင်ထားပါ)
  • ကြက်သွန်ဖြူ – ရမွှာ
  • ပူစီနံ – လက်တဆုတ်စာ
  • ဂျင်း – လက်တဆစ်
  • တရုတ် မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာ၇ည် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့တွင် ပါဝင်ပစ္စည်းများ
  • မရမ်းပြား – ၃ပြား (ထောင်းပြီ အရည်ညှစ်ပေးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (မရမ်းပြားရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်) အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

ကင်နည်း
၁။ အရင်ဆုံး ငါးကို သန့်စင်ပြီ ဓားဖြင့် မွှန်းပေးပါ။
၂။ ပြီလျှင် ငါးကို (တရုတ်မဆလာ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်)တို့ဖြင့် သမအောင်ရောနုယ်ထားပါ။


၃။ ပြီနောက် ဆုံထောင်းထဲ (ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း)တို့ကို ရောထောင်းပေးပြီ ငါးဗိုက်ထဲ တ၀က်ကို အစာသွပ်ပေးပါ။


၎။ ကျန်(ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း) ရေထောင်း တ၀က်ကို ငါးကို သမအောင် ရောနုယ်လိုက်ပါ။
၅။ ထို့နောက် သတ္တုပြား(Aluminum Foil) အုပ်ပြီ မီးကင်ပြီးကို ဆီသုပ်ပြီ တဖက် ၁၅မိနစ်-မိနစ်၂၀ခန့် ငါးအသားကျက်သည်အထိ ကင်ပေးပါ။


၆။ ငါးအသားကျက်ပြီဆိုလျှင် မရမ်းပြားဆော့လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ..