Sunday, August 2, 2015

HIV flushed out by cancer drug




HIV flushed out by cancer drug
 HIV ပိုးတွေ ပုန်းအောင်နေရာကနေ ထွက်လာအောင် ကင်ဆာဆေးနဲ့လုပ်နိုင်တယ်လို့ ၃၁-၇-၂ဝ၁၅ နေ့ ဆေးသုတေသန သတင်းကဆိုပါတယ်။

Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှမတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီ ကလေးမလေးကို ကြည့်ရင် ပိုးအား ခိုအောင်းနေနိုင်စွမ်း ရှိတာ သိသာတယ်။
UC Davis School of Medicine ဆေးကျောင်းမှာ PEP005 ဆေးနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆေးကို နေလောင်ရာကနေဖြစ်တဲ့ကင်ဆာအတွက်သုံးပါတယ်။ လူနာ ၁၃ ယောက်ဆီကနေယူထားတဲ့ ဓါတ်ခွဲခန်းထဲမှာ ဆဲလ်တွေကို ဆေးနဲ့တွေ့စေခဲ့ပါတယ်။

အခုတွေ့ရှိချက်ဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ လူနာအတွက်စိတ်ချရမှုကိုတော့ လေ့လာရပါအုံးမယ်။
ဒေါက်တာတင့်ဆွေ (၃၁-၇-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - HIV flushed out by cancer drug 

ဘူတန်ဘုရင် ဖေးမကူညီခဲ့တဲ့ နိုင်ငံရဲ့ပထမဆုံး HIV/AIDS ရောဂါသည် ဇနီးမောင်နှံ
 လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်အတွင်း ဘူတန်နိုင်ငံရဲ့ ပထမဆုံး HIV/AIDS ရောဂါဝေဒနာရှင် ငါးဦးထဲမှာ ဝမ်ဂဒါဒေါ်ရီနဲ့ ချိုဒန် လို့ခေါ်တဲ့ဇနီးမောင်နှံ နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဘူတန်နိုင်ငံရဲ့ HIV/AIDS ရောဂါကို ထိန်းချုပ် ဟန့်တားပုံက ကောင်းမွန်ခဲ့တဲ့အတွက် သူတို့ ဇနီးမောင်နှံနှစ်ဦးလည်း ယနေ့တိုင် သာမန်လူသားတွေလို ဘဝတစ်ခုကို အဓိပ္ပယ်ရှိစွာ ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။

ဒေါ်ရီနဲ့ ချိုဒန်တို့ ဇနီးမောင်နှံဟာ ၂၀၀၆ ခုနှစ်နွေရာသီမှာ ဒုတိယရင်သွေးလေးကို လွယ်ထားရသူတွေ ဖြစ်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးကိုဆေးရုံပို့ပြီး အိမ်ပြန်လာချိန်မှာ ဆေးရုံက ဒေါ်ရီ့ဆီကို ဖုန်းလှမ်းဆက်ပါတယ်။ ဇနီးကိုခေါ်ပြီး ဆေးရုံပြန်လာဖို့ပါ။ ဘာကြောင့်မှန်း မသိပေမယ့် ဒေါ်ရီတစ်ယောက် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ ဇနီးမောင်နှံ နှစ်ဦးလုံးမှာ HIV/AIDS လက္ခဏာ ရှိနေပြီဆိုတာ သေချာသွားခဲ့ပါတယ်။ တစ်ယောက်တည်းဘဝ လေလွင့်နေခဲ့တဲ့ အချိန်တွေတုန်းက မူးယစ်ဆေး သုံးစွဲဖူးတဲ့ ဒေါ်ရီ့ဆီမှာ ဒီရောဂါလက္ခဏာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံ နှစ်ဦးလုံး ဘဝဟာ  အမှောင်အတိကျသွားသလို မျှောင်လင့်ချက်မဲ့တဲ့ ခံစားမှုမျိုး ၂၁၃၄ ဖြစ်သွားခဲ့ပေမယ့် ဘူတန်နိုင်ငံက သူတို့ကိုပစ်မထားခဲ့ပါဘူး။ ဘူတန်ဟာ လူဦးရေ နည်းပါပြီး လူနေမှု ကျစ်လစ်တဲ့အတွက် ဒီလိုသတင်းမျိုး အပြင်ရောက်သွားခဲ့ရင်သူတို့ကို လူတွေပစ်ပယ်ထားကြမှာကို ဒေါ်ရီနဲ့ ချိုဒန်တို့ ဇနီးမောင်နှံ ကြောက်ရွံ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ဘူတန်မှာ HIV/AIDS
ရောဂါအကြောင်း အသိပညာပေးမှုတွေ အင်တိုက်အားတိုက်လုပ်ဆောင်လာပြီး ဘူတန်ဘုရင်ရဲ့ မိဘုရားတွေထဲက တစ်ပါးတောင် ဒီလှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ပါတယ်။ ဘူတန်ဟာ ပထဝီအနေအထားအရ သီးသန့်တည်ရှိတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပေမယ့် တရုတ်၊ အိန္ဒိယတို့နဲ့ ထိစပ်နေတဲ့နေရာတွေက ဒေသတွေမှာ HIV/AIDS ဝေဒနာရှင်တွေကို အများဆုံး တွေ့ခဲ့ရပါတယ်။ ၂၀၀၈ အရောက်မှာတော့ ဘူတန်မှာ တရားဝင်စာရင်းအရ HIV/AIDS ဖြစ်သ ၁၄၄ ဦးရှိလာပါတယ်။
နောက်ပိုင်းမှာတော့ ဘူတန်ဘုရင်ကိုယ်တိုင် ဒေါ်ရီနဲ့ ချိုဒန်တို့ကို တွေ့ဆုံပွေ့ဖက်အားပေးခဲ့ပြီး ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရမယ်ဆိုတဲ့ အားပေးစကားတွေပြောခဲ့ပါတယ်။ အခုဆိုရင် ဒေါ်ရီတို့ ဇနီးမောင်နှံဟာ သာမန်လူတွေအတိုင်း ဘဝကို ဖြတ်သန်းနေသလို သားသမီးလေးဦးတောင် ရှိသွားပြီဖြစ်ပါတယ်။ ဒေါ်ရီကလည်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုမှာ ခေါင်းဆောင် အဖြစ် အလုပ်လုပ်နေသူဖြစ်နေပါပြီ။ ဘူတန်နိုင်ငံ သားတွေလည်း HIV/AIDS ရောဂါသည်တွေကို ကြောက်စရာလူသားတွေလို ပစ်ပယ်မထားတော့ပဲ ရင်းနှီးစွာ ဆက်ဆံတက်တဲ့ အသိပညာမျိုး ရလာနေပြီဖြစ်ပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုတွေ ကတော့ နိုင်ငံအတွင်းမှာ ဒီရောဂါဆိုးကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

Source - BBC
Planet - ဘူတန်ဘုရင် ဖေးမကူညီခဲ့တဲ့ နိုင်ငံရဲ့ပထမဆုံး HIV/AIDS ရောဂါသည် ဇနီးမောင်နှံ

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ပြင်သစ်သူ ဆေးမကုဘဲ ရောဂါသက်သာ

မွေးရာပါ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပြင်သစ် အမျိုးသမီးငယ်တဦးဟာ ဆေးဝါးသောက်သုံးမှုကို ၁၂ နှစ်ကြာ ရပ်နားထားပေမယ့် ရောဂါလက္ခဏာတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်လို့ နယူးယောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ ၁၈ နှစ်အရွယ် (ကျင့်ဝတ်အရ အမည်မဖော်တဲ့) ပြင်သစ် အမျိုးသမီးတဦးဟာ မိခင်ထံကနေ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာဖြစ်ပြီး သုံးလသား အရွယ်ကနေ ခြောက်နှစ်အရွယ်ထိ  ဗိုင်းရပ်စ် ထိန်းချုပ်ဆေးတွေဖြစ်တဲ့ ဇီဒိုဗူဒင်းနဲ့ အေဇက်တီ ဆေးတွေကို သောက်ခဲ့ ရသူဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

အခုတော့ အဆိုပါ အမျိုးသမီးရဲ့သွေးထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပမာဏကို တိုင်းတာလို့ မရနိုင်အောင် လျော့ကျသွားခဲ့တယ်လို့ ဗြိတိသျှကိုလံဘီယာ၊ ဗဲန်ကူးဗားမြို့မှာ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ ဆေးသိပ္ပံပညာရှင်တွေက ပြောခဲ့ကြတာပါ။

ခြောက်နှစ်သားအထိ ဆေးသောက်ပြီးနောက် ဆရာဝန်တွေနဲ့ ကလေးငယ်ဟာ အဆက်အသွယ် ပြတ်တောက်ခဲ့ရကြောင်းနဲ့ တနှစ်အကြာ ကလေးမိခင်နဲ့ ပြန်ဆုံတဲ့အခါ  ကလေးမိခင်က ဒီတနှစ်အတွင်း သူ့ကလေးကို အိပ်ခ်ျအိုင်ဗွီထိန်းချုပ်ဆေး မတိုက်ဘူးလို့ ပြောခဲ့ပါတယ်။

ဆရာဝန်တွေက ကုသမှု ပြန်လည်စတင်ဖို့ စမ်းသပ်တဲ့အခါ ကလေးရဲ့သွေးထဲမှာ အိပ်ခ်ျအိုင်ဗွီ မတွေ့တော့တာလို့ ဆိုပါတယ်။ ဒါကြောင့် ဆေးဝါးကုသမှုကို ရပ်နားခဲ့ပါတယ်။

အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ပူးတွဲရှာဖွေတွေ့ရှိသူ ပစ်စတွာအင်စတီကျုမှ သိပ္ပံပညာရှင် ဖရန်ဆွာဗားဆီနူးဆီက “ဒါဟာ အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။ ဒါပေမယ့် ဒါဟာ ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ မသိနိုင်သေးပါဘူး။” လို့ ပြောပါတယ်။
“ဒီတွေ့ရှိမှုဟာ ရောဂါ ကုသမှုတွေ စတဲ့အချိန်က စပြောရင် အားကောင်းတဲ့ နောက်တိုး အထောက်အထားဖြစ်တယ်ဆိုတာက ရှင်းပါတယ်။” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း  အမေရိကန်ပြည်ထောင်စုမှာ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်ခံ မစ္စစ္စပီလို့ခေါ်တဲ့ အမျိုးသမီးငယ်တဦးဟာ ၂၇ လကြာ ဘယ်လိုကုသမှုမျိုးမှ မလုပ်ဘဲ ပျောက်ကင်းခဲ့တာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါသေးတယ်။
ဒါပေမယ့် မနှစ် ဇူလိုင်လမှာ ရောဂါလက္ခဏာတွေ ပြန်လည်တွေ့ရှိခဲ့ပြီး ကုသမှုတွေကို ပေးခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။
ယခင်ကာလက လူနာတဒါဇင်ခန့်မှာ ပိုးရှာမတွေ့တဲ့ကာလ ၁၀ နှစ်အထိ ကြုံတွေ့ဖူးပြီး အခု ပြင်သစ်သူ အခြေအနေကတော့ ပိုမိုထူးခြားနေပါတယ်။

ဒီဗွီဘီ - အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ပြင်သစ်သူ ဆေးမကုဘဲ ရောဂါသက်သာ

 


No comments: