Monday, August 10, 2015

ကွန်ဒုံး မသုံးရင် နှင့် PLHIV တစ်ယောက်မှာ ကလေးယူလို့ ရ၊ မရ




ကွန်ဒုံး မသုံးရင် ရောဂါ ဖြစ်နိုင် မဖြစ်နိုင် (အမေးအဖြေ)
မေး။    ။ ကျ​နော်​ အမျိုးသားတ​ယောက်​နဲ့ သုံးခါ တူတူ​နေဖူးပါတယ်​။ ကွန်​ဒုံး မသုံးဖြစ်​ပါဘူး။ သူက​တော့ ​ရောဂါကင်းတယ်​လို့​ပြောပါတယ်​။ ဒါမယ့်​ ကျ​နော်​​ကြောက်​​နေတယ်​။ ​ရောဂါဖြစ်​နိုင်​ မဖြစ်​နိုင်​ ရာခိုင်​နှုန်​က ဘယ်​​လောက်​ရှိလဲ။ အခုထိ​တော့ ဘာ​လက္ခဏာမှ မခံစားရပါဘူး။ ကျ​နော်​ စိတ်​​ရောဂါဖြစ်​​နေသလား​တော့ မသိပါဘူး။ စစဆက်​ဆံချိန်​​တော့ စအိုက နည်းနည်းပွန်းတာ​လောက်​ပဲ ရှိပါတယ်​ ။ ရောဂါမဖြစ်​​အောင်​ ကျ​နော်​ ဘယ်​လို​ဆောင်​ရွက်​ရမလဲ။ ​ဆေးခန်း​တွေ သွားပြဖို့ဆိုတာလည်း ကျ​နော် ရှက်​လို့ပါ။

ဖြေ။    ။ သုံးခါလုံး တစ်ခါမှ ကွန်ဒုံးမသုံးခဲ့ ဘူးဆိုရင်တော့ ရောဂါအတွက် သွေးစစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သန့်တယ်ပြောပြော သူ့မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သည်းရောင်အသားဝါ ဘီ၊ စီ၊ HIV နဲ့ အခြား ကာလသားရောဂါတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် HIV ကတော့ လိင်ဆက်ဆံပြီး ၆ လကျော်မှ သွေးစစ်တာကောင်းပါတယ်။ အသည်းရောင်အသားဝါ ဘီ၊စီ တို့ကိုပါ တွဲပြီး စစ်နိုင်ရင် ပိုကောင်းပါတယ်။ နောင်တစ်ခါ အတူတူနေမယ်ဆို ကွန်ဒုံးသုံးဖို့ တိုက်တွန်းပါတယ်။ လိင်တူ/လိင်ကွဲ ဆက်ဆံတာ ရှက်စရာ မဟုတ်ပါဘူး။ ကာကွယ်ဖို့သာ အဓိကပါ။
လမင်းကို

PLHIV တစ်ယောက်မှာ ကလေးယူလို့ ရ၊ မရ (အမေးအဖြေ)

မေး။    ။ အိမ်​​ထောင်​ရှိပါတယ်​။ လင်​မယားနှစ်​​ယောက်​လုံးက HIV positive ပါ။ ​ART ​ဆေးကိုလဲ ​သောက်​လာတာ တစ်​နှစ်​​လောက်​ ရှိပါပြီ။ သိချင်​တာက HIV ​ဝေဒနာရှင်​ အ​နေနဲ့ ကိုယ်​ဝန်​​ဆောင်​လို့ရ မရ၊ က​လေး​မွေးရင်​ ​ဆေးရုံ​တွေက လက်​ခံပြီး​မွေး​ပေးပါ့မလား၊ က​လေးကို ကူးနိုင်​ပါသလား။  အရမ်းသိချင်​လို့ mail ပို့ပြီး​ မေးရတာပါ။ ဖြစ်​နိုင်​မယ်​ဆိုရင်​ ပြန်​​ဖြေ​ပေးပါလို့ ​တောင်းဆိုပါတယ်​။ ဇနီး​မောင်​နှံ နှစ်​​ယောက်​လုံးက က​လေး အရမ်းလိုချင်​လို့ပါ။

ဖြေ။    ။ ကလေးယူလို့ ရပါတယ်။ ဒါပေမယ့် HIV ပိုး နှစ်ဦးလုံးမှာ ရှိနေတယ်ဆိုတော့ ကလေးယူဖို့ကို သေသေချာချာလေး စဉ်းစားစေချင်ပါတယ်၊ တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ သေသေချာချာ တိုင်ပင်ပြီးမှ ကလေးယူသင့်တယ်။
ပထမဆုံး စဉ်းစားရမှာက ကလေးယူလိုက်ရင် မိခင်မှာ ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် AIDS အဆင့် ရောက်တဲ့အထိ ရောဂါ အခြေအနေ ဆိုးသွားတတ်ပါတယ်။ မွေးတာကတော့ အထူးကု ဆေးခန်းတွေမှာ မွေးတာ ပိုကောင်းပါတယ်။ ကလေးမွေးပြီးရင်လည်း ကလေးကို နို့ဘူးတိုက်ဖို့၊ ကလေးကို ပြုစုပျိုးထောင်ဖို့၊ ကလေးရဲ့ ပညာရေး စတာတွေအတွက် ကိုယ်ဝန် မယူခင်ကတည်းက ဇနီးမောင်နှံ နှစ်ယောက်လုံးက မိသားစုနဲ့ သေသေချာချာ တိုင်ပင်သင့်ပါတယ်။
ကလေးလိုချင်တယ်ဆိုရင် တခြားနည်း တစ်ခုကတော့ မိဘမဲ့ ကလေးငယ်ကို မွေးစားတာဖြစ်ပါတယ်။ ဒါကတော့ မိဘနှစ်ယောက်လုံးအတွက် ရောဂါအခြေအနေကို မထိခိုက်စေတဲ့ နည်းတစ်မျိုးပါ။ တစ်ချိုကတော့ ဒါကို မကြိုက်ကြပါဘူး။ သေသေချာချာ ဆုံးဖြတ်ချက် ချစေချင်ပါတယ်။

လမင်းကို
https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif

No comments: