Thursday, July 30, 2015

စင်ကာပူနိုင်ငံ အောင်မြင်မှု၏ လျှို့ ဝှက်ချက် - ပညာရေးစနစ်



“လူဦးရေ ၅ သန်း ကျော်သာရှိသည့် မြို့ပြနိုင်ငံငယ်လေးတခုသာဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမနီ စသော အခြားနိုင်ငံများနှင့် တန်းတူလိုက်ကာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၇၅ ခု စာရင်းတွင် စင်ကာပူတက္ကသိုလ် ၂ ခု ပါဝင်နေပါသည် . . .”

စင်ကာပူခေါင်းဆောင် လီကွမ်းယု ကွယ်လွန်ပြီးနောက်တွင် သူ့အကြောင်းကို ကမ္ဘာတလွှား သုတေသီများ စိတ်ဝင်တစား စူးစမ်းလေ့လာ ဆွေးနွေးမှုများပြုကြပါသည်။ သို့သော် စင်ကာပူနိုင်ငံ အောင်မြင်ကြီးပွားရာ အရင်းခံ အကြောင်းတခုဖြစ်သည့် တိုင်းပြည်ပညာရေးတွင် လီကွမ်းယုနှင့် သူ့ကိုဆက်ခံသူများ မည်သို့ ရင်းနှီးမြှုပ်နှံ ကြိုးပမ်းခဲ့ကြသည်ကိုမူ ပညာရှင်တို့ ပြောလေ့သိပ်မရှိကြပါ။ စင်ကာပူပိုင်ဆိုင်သည့် တခုတည်း သော အရင်းအမြစ် သယံဇာတဖြစ်သည့် လူသားရင်းမြစ်များ တိုးတက် ဖွံ့ဖြိုးအောင် ကြိုးပမ်းရန် မဟာဗျူဟာ ချမှတ်ခဲ့ကြောင်း လီကွမ်းယု မကြာခဏ မှတ်ချက်ချလေ့ရှိပါသည်။

ယနေ့ခေတ်တွင် စင်ကာပူသည် ကမ္ဘာ့ပညာရည်အမြင့်ဆုံးနိုင်ငံများ စာရင်းတွင်ထိပ်ပိုင်းမှ အမြဲပါဝင်နေပါသည်။ လူဦးရေ ၅ သန်း ကျော်သာရှိသည့် မြို့ပြနိုင်ငံငယ်လေးတခုသာဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမနီ စသော အခြားနိုင်ငံများနှင့် တန်းတူလိုက်ကာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၇၅ ခု စာရင်းတွင် စင်ကာပူတက္ကသိုလ် ၂ ခု ပါဝင်နေပါသည်။ ထိုသို့အောင်မြင်မှုရရှိအောင် လီကွမ်းယု ကြိုးပမ်းခဲ့ပုံများသည် စိတ်ဝင်စားဖွယ်ကောင်း လှပါသည်။

စင်ကာပူ၏ ပညာရေးစနစ်ကို လီကွမ်းယုနှင့် အခြားလုပ်ဖော်ကိုင်ဖက်များ မိမိတို့ဘာသာ အသစ်ဖန်တီးတည် ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ဗြိတိသျှ ကိုလိုနီခေတ်က အမွေရခဲ့သည့် ပညာရေးအခြေခံ အဆောက် အဦများ ပေါ်တွင် အခြေတည် တည်ဆောက်ခဲ့ခြင်းသာဖြစ်ကြောင်းကိုမူ နှောင်းလူတို့ မမေ့ကောင်းပါ။ အတိတ် ကိုလိုနီ ခေတ် ဗြိတိသျှတို့ထံမှ အမွေရခဲ့သည့်အရာများအနက် တိုင်းပြည်တိုးတက်ရေးအတွက် အကျိုးရှိမည့် မည်သည့် အရာကိုမဆို လက်ခံကျင့်သုံးရန် စိတ်ပါလက်ပါရှိမှုသည် စင်ကာပူလွတ်လပ်ရေးရပြီးခေတ်တွင် အခြား ခေတ်ပြိုင်ခေါင်းဆောင်များနှင့် လီကွမ်းယု ကွဲပြားခြားနားချက် ဖြစ်ပေသည်။

ဗြိတိသျှကိုလိုနီစနစ်၏ အစဉ်အလာကောင်းများကို ဆက်ခံကျင့်သုံးရန် အားသန်မှုကို ပညာရေးဘက်တွင် အထင်ရှားဆုံး မြင်တွေ့ရပါသည်။ ၁၉၀၅ တွင် တည်ထောင်ခဲ့သည့် စင်ကာပူအမျိုးသားတက္ကသိုလ်၊ ၁၈၂၃ တွင် တည်ထောင်ခဲ့သည့် ရာဖယ်အင်စတီကျူ၊ ၁၈၈၆ တွင် တည်ထောင်ခဲ့သည့် အင်္ဂလိပ်-တရုတ်ကျောင်းစသည့် စင်ကာပူ၏ထိပ်တန်း ပညာရေးအသိုက်အ၀န်းကြီးများသည် ၁၉၆၃ ခုနှစ် စင်ကာပူလွတ်လပ်ရေးမရမီ ကာလ အတန်ကြာကတည်းကပင် တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်းများ ကိုလည်း O-level, A-level စာမေးပွဲအဆင့်များကို စံနမူနာယူရေးဆွဲခဲ့ပါသည်။(စင်ကာပူကျောင်းသားများ၏ ပျမ်းမျှပညာရေးရမှတ်စံချိန်များသည် ပိုမိုမြင့်မားသောကြောင့် သင်ရိုးများကို အနည်းငယ် အဆင့်မြှင့်ထားပါ သေးသည်။)

စာသင်ကျောင်းဆောင်၊ သင်ထောက်ကူပစ္စည်း စသည့် အခြေခံ အဆောက်အဦပိုင်းကို လျစ်လျူမရှုသော်လည်း ပညာရေးစနစ်၏ အရေးကြီးဆုံး ပင်မအစိတ်အပိုင်းဖြစ်သည့် ဆရာများနှင့် ကျောင်းသားများ ပညာရည် တိုးတက်စေရန်ကို အဓိကအားစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

စင်ကာပူပြည်တွင်း၌ ကမ္ဘာ့အဆင့်မီကျောင်း၊ တက္ကသိုလ်များ ဖွံ့ဖြိုးတည်ဆောက်နေချိန်တွင် ထူးချွန်ကျောင်း သားများကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားနိုင်စေရန် အစိုးရပညာ တော်သင် ဆုများ ရက်ရောစွာ ချီးမြှင့်ခဲ့ပါသေးသည်။ ထို့အပြင် ပညာရေး လောကဆရာ၊ ဆရာမများကို အခြားဝန်ထမ်း များထက် လခကောင်းပေးခြင်းဖြင့် အတော်ဆုံး တက္ကသိုလ်ကျောင်းဆင်းပညာရှင်များကို ပညာရေးဌာနတွင် အလုပ်လုပ်ရန် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါသည်။

စင်ကာပူပညာရေးစနစ်သည် ထူးချွန်သူများကို ဦးစားပေးသည့်စနစ်ဖြစ်ပြီး ကျောင်းသားများအနက် ပင်ကိုယ် အရည်အချင်းရှိသူများကို ရှာဖွေကာ ပိုမိုထူးချွန်စေရန် အားစိုက်သင်ကြားပေးပြီး ပြည်သူ့ဝန်ထမ်း အစိုးရဌာန များတွင် အလုပ်လုပ်စေသောစနစ်လည်း ဖြစ်ပါသည်။
အစိုးရပညာသင်ထောက်ပံ့ကြေးရရှိသူများသည် ပညာသင်နှစ် တနှစ်အတွက် ပြည်သူ့ဝန်ထမ်းအဖြစ် အနည်း ဆုံး နှစ်နှစ် ပြန်လည်တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားပါသည်။

ထူးချွန်သူ ဦးစားပေးသည့်စနစ်သည် ကျောင်းသားများသာမက ဆရာများအပေါ်တွင်ပါ သက်ရောက်မှု ရှိပါသည်။ အောင်ချက်အကောင်းဆုံး သင်ကြားနိုင်သည့် ဆရာ၊ ဆရာမများသည် လုပ်သက်အနည်း၊ အများ ပေါ် မမူတည်ဘဲ ရာထူးတိုးတက်မှုရကြပါသည်။ ထို့အပြင် ဆရာများသည် ပညာရေးဝန်ကြီးဌာနရုံးဌာန၊ စာသင် ခန်းများနှင့် ကျောင်းအုပ်ချုပ်ရေးရုံးစသည်ဖြင့် နေရာပြောင်းလဲ တာဝန်ထမ်းဆောင်ရလေ့ရှိပါသည်။ ပညာ သင်ကြားရေးနှင့်ရုံးလုပ်ငန်းတာဝန်များကို တလှည့်စီ လုပ်ဆောင်စေခြင်းမျိုး ဖြစ်ပါသည်။

စင်ကာပူပညာရေးစနစ်သည် အရည်အချင်းရှိသူကို ချီးမြှင့်မြှောက်စားသောစနစ်ဖြစ်သော်လည်း ပညာရည် အနိမ့်အမြင့်အမျိုးမျိုးရှိကြသူ ကျောင်းသားအားလုံး အဆင့်မြင့်ပညာသင်ကြားရရှိနိုင်ရေးကိုလည်း ပစ်ပယ် မထားပါ။ စင်ကာပူသည် သူ၏အဆင့်မြင့်လှသော ဘွဲ့ကြို၊ ဘွဲ့လွန်တက္ကသိုလ်များအတွက် ဂုဏ်ယူလေ့ရှိ သော်လည်း လူတိုင်းအတွက် အရည်အသွေးမြင့်ပညာများ ပို့ချပေးနေသည့် အခြေခံပညာကျောင်းများ၊ နည်း ပညာကျွမ်းကျင်မှုသင်တန်းများ၊ ပိုလီတက္ကနစ်ကျောင်းများသည်လည်း စင်ကာပူပညာရေးစနစ်၏ လူသိနည်း သော ရတနာများဖြစ်ကြပါသည်။

စင်ကာပူပညာရေးစနစ်သည် ခေတ်ရှေ့ ဦးတည်ချီတက်သောစနစ် ဖြစ်ပါသည်။ မိရိုးဖလာ ဘာသာစကား များဖြစ်သည့် မန်ဒရင်တရုတ်၊ မလေးနှင့် အိန္ဒိယတမီလ်ဘာသာစကားများအပြင် အင်္ဂလိပ်ဘာသာကိုပါ ပူးတွဲသုံးစွဲခြင်း၊ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာဘာသာရပ်တို့ကို အာရုံစူးစိုက်လေ့ကျင့် သင်ကြားပေးခြင်းစသည့် ရေရှည်ပညာရေး မဟာဗျူဟာများ ချမှတ်ကျင့်သုံးခဲ့ပါသည်။

ဗြိတိသျှ ကိုလိုနီခေတ်၏ တရားဝင်ရုံးသုံးဘာသာဖြစ်ခဲ့ခြင်း၊ စင်ကာပူ၏ ကွဲပြားသော လူမျိုးစုံအတွက် ဘုံဘာသာစကား လိုအပ်ခြင်းတို့ကြောင့် အင်္ဂလိပ်ဘာသာကို ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာ့စီးပွား ကုန်သွယ်ရေး၊ သိပ္ပံပညာစသော နယ်ပယ်များတွင် အင်္ဂလိပ်ဘာသာကို လူအများ စံထား အသုံးပြုလာခြင်း၊ နောင်ရာစုများစွာအထိ အင်္ဂလိပ်ဘာသာ အသုံးတွင်ကျယ်နေမည်ဖြစ်ခြင်းတို့ကို ကြိုတင်တွက်ဆခဲ့မိခြင်း ကြောင့်လည်း ဖြစ်ပါသေးသည်။

ကျဉ်းမြောင်းသော လူမျိုးစွဲ၊ နိုင်ငံစွဲစိတ်ဓာတ်နှင့် စင်ကာပူ ပြည်သူအများစု၏ ရိုးရာဖြစ်သော တရုတ်ယဉ်ကျေးမှု နှင့် ဘာသာစာပေကို ဦးစားမပေးဘဲ နိုင်ငံတကာလူမျိုးစုံ ၀င်ထွက်သွားလာ အလုပ်လုပ်ရာ စင်ကာပူမြို့တွင် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာကို လက်ခံကျင့်သုံးရန် ရွေးချယ်ခဲ့ခြင်းသည်လည်း လီနှင့် အခြားသူနှင့် ခေတ်ပြိုင် ခေါင်းဆောင်များကြား ခြားနားမှုတခုလည်း ဖြစ်ပါသည်။

ယနေ့ခေတ် စင်ကာပူပညာရေးစနစ်သည် ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲလျက် ရှိနေပါသည်။ စင်ကာပူ ပညာရေးသည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာအပေါ် အာရုံစိုက်မှု များလွန်းကြောင်း ပညာရေး မူဝါဒချမှတ်သူများ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သိမြင်လာကြပြီး အခြား စာပေ၊ အနုပညာ၊ အားကစား စသော ၀ိဇ္ဇာဘာသာရပ်များ ဟန်ချက်ညီထွန်းကားလာစေရန်လည်း ပြောင်းလဲ ကြိုးပမ်းလျက် ရှိနေပါသည်။

ထိုသို့ ပညာရေးဟန်ချက် ထိန်းညှိမှုသည် ယနေ့ခေတ်အထိ ဆက်လက်ဖြစ်ပေါ်နေကာ မိမိကိုယ်ပိုင် တီထွင်ဖန်တီးနိုင်မှု၊ လုပ်ငန်းကြီးများ ထူထောင်လုပ်ဆောင်နိုင်မှုတို့ကို မြေတောင်မြှောက်ပေးရန် နည်းလမ်းများ စူးစမ်းရှာဖွေလျက်ရှိပါသည်။
စင်ကာပူနိုင်ငံပြု သုခမိန်ကြီးအတွက် ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်းထက် များစွာ ပိုမိုနက်နဲကျယ်ဝန်းပါသည်။ စူးစမ်းလေ့လာလိုစိတ်ပြင်းပြကာ အမြဲမပြတ်သင်ယူလေ့ကျင့် နေသူမျိုးများ ကိုသာ ပညာတတ်ဟုယူဆကြောင်း ၁၉၇၇ ခုနှစ် မိန့်ခွန်းတခုတွင် လီကွမ်းယု ပြောကြားခဲ့ပါသည်။ စင်ကာပူ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီ တည်ဆောက်နိုင်ခဲ့ခြင်းသည် သူ၏ အထင်ရှားဆုံးလုပ်ဆောင်ချက်ဖြစ် ကြောင်းကို သူ၏ နိုင်ငံတော်ဈာပန အခမ်းအနားကို စင်ကာပူအမျိုးသားတက္ကသိုလ်အတွင်း ကျင်းပပြုလုပ် ခဲ့ခြင်းက သက်သေပြနေပါသည်။

ဦးဆွေ(ရန်ကင်း)
Ref: World Economic Forum
ဦးဆွေ (ရန်ကင်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Wednesday, July 29, 2015

လမ်း၂၀ ဂဏန်းကော်ကြော်




လမ်း၂၀ ဂဏန်းကော်ကြော် ဆိုတာ အိသက် တို့ ဟိုးငယ်ငယ်လေးတည်းက ရှိတယ်၊ စားလို့လဲ အင်မတန် ကောင်းပဲ၊ အချက်သိရင်လုပ်ရအရမ်းလွယ်ပါတယ် လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်

ပါဝင်ပစ္စည်းများ
-ဂဏန်းသား
-ကော်မှုန့် စားပွဲတင်ဇွန်း ၆ဇွန်း( သုံးချပ်စာ )
-ကြက်ဥ ၃ လုံး ( နာနာခလောက်ထားပါ)
-ရေ
-ကြက်သွန်မြိတ်
-မုန်လာဥဖြူ
-ငရုတ်ဆီ
-ဆား၊ ကြက်သားမှုန့်



ကော်မှုန့်ကိုဆား၊ ကြက်သားမှုန့်နဲ့ ရေနဲ့ ကျဲကျဲဖျော် ထား၊ ဒယ်အိုးအပြားပေါ် ဆီများများထဲ့ ဆီပူလာရင် ကော်ရည်ကိုအိုးအပြည့်လောင်းထဲ့ပါ၊ ကြက်ဥရည်နဲနဲကို အပေါ်ကထပ်လောင်းပြီး ကြော်နေရင်းအသာရောပါ၊ မမွှေပါနဲ့ ၊ ဂဏန်းသားကို ဖြန့်တင်ပြီး ရောကြော်ပါ၊ ဟိုဖက်ဒီဖက် လှန်ပေးပါ ၊ဇွန်းထိပ်လေးနဲ့ဖြတ်ပေးပါ၊အချပ်လိုက်မဖြစ်အောင် လို့ ပါ၊ နှစ်ဖက်လုံး ကျွတ်သွားပြီဆိုရင် ကြက်သွန်မြိတ် လေးဖြူးပြီး မုန်လာဥဖြူ အချဉ်လေးနဲ့ တွဲစားလို့ရပါပြီ။


မုန်လာဥဖြူအချဉ်ရည်
အချဉ်ရည်လေးတွေကလဲ ဒီလိုဆီကြော်မုန့်တွေမှာအလွန်အရေးပါ ပါတယ်၊ အအီပြေပြီး အရသာကို ပိုကောင်းစေလို့ လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်။

မုန်လာဥဖြူကိုပါးပါးလှီးပြီး ငရုတ်ဆီ၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ရောပြီးတွဲစားကြည့်ပါ၊ေ

Credit: Htet Family

ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်



ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား

ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။

ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။

အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။

အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။

ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။ Health

Mg Mandalay
https://www.facebook.com/mg.mandalay

တိကျတဲ့ အဖြေ မရှိသေးတဲ့ ၀ိတ်ချခြင်း နဲ့ ကယ်လိုရီ ပြသနာ

ဝိတ်ချဖို့ အတွက် လုပ်ဆောင်ရမယ့် အလုပ်တွေ အဖြစ် ကျွန်တော်တို့ သိထားခဲ့တာက ကယ်လိုရီ ပမာဏ လျော့ချဖို့ နဲ့ လေ့ကျင့်ခန်း များများ လုပ်ဖို့ပါ။ အခုချိန်မှာတော့ ဂဏန်းပေါင်းစပ် အသစ်တစ်ခုက လူတစ်ယောက်အတွက် သတ်မှတ် ကိုယ်အလေးချိန်ကို ရောက်နိုင်ဖို့ အတွက် ကယ်လိုရီ ဘယ်လောက်လို အပ်တယ်ဆိုတာကို ပြသလိုက်ပါတယ်။

အမျိုးသား ကျန်းမာရေးဌာန က ဖန်တီးလိုက်တဲ့ Body Weight Planner ဟာ လ တွေကို လက်ရှိ ကိုယ်အလေးချိန် ၊ အသက် ၊ ယောကျာင်္း/မိန်းမ ၊ အရပ် နဲ့ လေ့ကျင့်ခန်း ပမာဏ တို့ကို ထည့်သွင်းဖို့ အရင်ဆုံး မေးမြန်းပါလိမ့်မယ်။ ပြီးရင်တော့ လက်ရှိ အနေအထားကနေ သင်မျှော်လင့်ထားတဲ့ သတ်မှတ် ကိုယ်အလေးချိန်ကို ရရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်စားသုံးသင့်တယ်ဆိုတာကို ပါ တွက်ချက်ပေးပါလိမ့်မယ်။

ဥပမာ အားဖြင့် လူတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ၁ စတုန်း ကိုယ်အလေးချိန်လျော့ကျချင်တယ်ဆိုရင် ၊ ၁ စတုန်းကို ၁ နှစ်အတွင်း လျော့ကျစေဖို့ တစ်နေ့ကို ကယ်လိုရီ ဘယ်လောက်စားသုံးသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ထို စက်မှာပါဝင်တဲ့ SuperTracker ဆိုတဲ့ စနစ်ဟာ သင်နေ့စဉ်စားသုံးမယ့် အစားအစာ အမည်တွေကို ထည့်သွင်းလိုက်ခြင်းဖြင့် စုစုပေါင်း ကယ်လီရီ ပမာဏ ၊ ပရိုတင်း ၊ နို့ထွက်ပစ္စည်း ၊ ဗီတာမင် နဲ့ အဆီ ပါဝင်မှု ပမာဏ တွေကိုပါ တွက်ချက်ဖော်ပြပေးမှာဖြစ်ပါတယ်။

ထို စက်ကို အသုံးပြုပြီး ပျမ်းမျှအားဖြင့် တွက်ချက်ကြည့်လိုက်တဲ့အခါမှာ ၁ နှစ်အတွင်း အဆီ ၁ ပေါင် အထိ လောင်ကျွမ်းကာ လျော့ကျစေနိုင်ဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ပမာဏ ၇၀၀၀ အထိ စားသုံးသင့်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အားလုံး အရင် လေ့လာမှု တွေအရ သိခဲ့ရတာကတော့ တစ်နေ့ကို ကယ်လိုရီ ၃၅၀၀ စားသုံးခြင်းဟာ ကိုယ်အလေးချိန် လျော့ကျစေနိုင်ဆိုတာပါ။

ထို နည်းလမ်းအတိုင်း ကိုယ်အလေးချိန်လျှော့ချခဲ့သူ အများစု ဟာ ၁၂ လ ခန့် အကြာ မှာ
၁ ပေါင်စီ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကိုယ်အလေးချိန်လျှော့ချခြင်းမှာ ကျွမ်းကျင်သူ ဆရာဝန် အချို့ကတော့ တစ်နေ့ကို ကယ်လိုရီ ၇၅၀၀ ဟာ များနေသေးတယ်လို့ဆိုပါတယ်။ သူတို့ ဆက်လက်ယုံကြည်နေကြတာက တစ်နေ့ကို ကယ်လီရီ ၃၅၀၀ ပဲစားသုံးဖို့ပါ။ သူတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ တစ်နေ့ကို ၃၅၀၀ ထက်ပိုပြီး ကယ်လိုရီ ၅၀၀ လောက်စားသုံးမိခဲ့ရင် တစ်နှစ်ကို ၁ စတုန်း ကိုယ်အလေးချိန်တိုးစေတယ်လို့ ဆိုပါတယ်။

လူတစ်ယောက်ဟာ ကိုယ်အလေးချိန် လျော့ကျသွားတဲ့အခါမှာ စွမ်းအင်လိုအပ်နေတဲ့ ဆဲလ်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ Metabolism လုပ်ဆောင်မှု တွေဟာ နှေးကွေးလာပါတယ်။ Metabolism ဟာ လူတစ်ယောက်ကို ဆာလောင်စေတဲ့ ၀မ်းတွင်းက တစ်သျှူးတွေကိုလည်း ထပ်မံနှေးကွေးစေနိုင်တဲ့အတွက် သင်ဟာ ပင်ပန်းမှု ဒဏ်တွေကိုခံနေရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်

လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက ပြဌာန်းထားသည့် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်တော့ မည်ဖြစ်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြည့်တန်ဆာများကိုသာမက ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကိုပါ အပြစ်ပေး အရေးယူရန် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံလိုက်သည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြခဲ့ခြင်းဖြစ်ပြီး ပြင်ဆင် သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် ဥပဒေကြမ်းကော်မတီက အစီရင် ခံလိုက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက  “ဒီဥပဒေကြမ်း မှာပြည့်တန်ဆာများကို သာ အရေးယူအပြစ်ပေးတာမဟုတ်ဘဲ ပြည့်တန်ဆာများနဲ့ လိင်ကိစ္စ ပျော်ပါးသူများကိုပါ အရေးယူအပြစ်ပေး သင့်တယ်လို့ထည့် သွင်းပြဌာန်းသင့်ပါတယ်။ ပြစ်ဒဏ်တွေ ကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပြဌာန်းသင့်ပါတယ်”ဟု ဇူလိုင် ၂၂ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ဥပဒေခေါင်းစဉ်ဖြစ်သည့် “ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ” အစား “ပြည့်တန်ဆာ ထိန်းသိမ်းရေး ဥပဒေ” ဟု အမည်ပြောင်းလဲ ရန်လည်း ဥပဒေကြမ်းကော်မတီက သဘောထား မှတ်ချက်ပေးထားသေးသည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြင်ဆင်ပေးရန် လွှတ်တ်ာသို့တင်ပြခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ၁၉၄၉ ခုနှစ်၊ ဧပြီ (၂၁) တွင်စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်း စဉ် ပုဒ်မ (၁၈)ခု ပါဝင်သည့် ယင်းဥပဒေသည် လက်ရှိခေတ် အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟု ဆိုသည်။
အမျိုးသားလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးကျော်သီဟကမူ “ပြည့်တန်ဆာဆိုတာ ဟိုးရှေးတုန်းကတည်းက ရှိတာ။ တရားဝင် မှတ်ပုံတင်လုပ်ပေးသင့်တယ်။ တရားဝင်မှတ်ပုံတင် လုပ်ပေးပြီးမှသာ ဥပဒေနဲ့ မညီရင် အရေးယူတဲ့အပိုင်း လုပ်သင့်တယ်လို့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူ လိုက်သည့်အတွက် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အမတ်များအနေဖြင့် ဇူလိုင် ၂၄ ရက်တွင် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေငြာထားသည်။

မဇ္ဈိမ - ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်