Thursday, July 2, 2015

လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်



အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုး ဈေးကွက်တွင် ဖြန့်ချိ

ကိုယ်ဝန် တားဆီးရေး အတွက် သုံးနိုင်သည့် အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုးကို အတွင်း၌ လှုပ်ခါမှု ပေးသည့် ဗိုင်ဘရေတာ vibrator ဖြင့်တွဲလျက်ထုတ်လုပ် ခဲ့ရာ ဈေးကွက်တွင် အထူးအဆန်း ဖြစ်ခဲ့သော်လည်း လူကြိုက်များ လာဖွယ် ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ဒုံးမှာ VA w.o.w အမည်ရပြီး ကွန်ဒုံး အသုံးပြုသူ အမျိုးသမီး အတွက် သာယာမှု ပိုဖြစ်စေမည့် အတွင်းမှ ဗိုင်ဘရေတာ အတံကို ၀ိုင်ယာလက်စ်နည်း သို့မဟုတ် ဘလူးတုသ်နည်းဖြင့် ထိန်းချုပ်နိုင်ရန် တီထွင် ထုတ်လုပ်ပေး ထားသည်။ တီထွင်သူများက ထိုကွန်ဒုံးကို ကွန်ဒုံး မသုံးဘဲ နေခဲ့စဉ် ကထက် အမျိုးသမီးများက ပိုကြိုက် နှစ်သက်ကြောင်း တွေ့ရသည် ဆိုသည်။ ထို့ပြင် အမျိုးသမီး (၅၀) ဦးနှင့် စမ်းသပ်ခဲ့ရာ (၇၀) ရာခိုင်နှုန်းမှာ ထိုကွန်ဒုံး အသုံးပြုချိန်တွင် လိင်သာယာမှုရခဲ့ ပြီးလေးကြိမ်မြောက် သုံးပြီးချိန်တွင် ၎င်းတို့ (၅၀) ဦးစလုံးမှာ ထိုကွန်ဒုံးများကို ဆောင်ထားခဲ့ ကြပြီ ဖြစ်ကြောင်း ဆိုသည် ။

အဆိုပါ အမျိုးသမီးသုံး ကွန်ဒုံး VA w.o.w မှာ မစ်ရှီဂန် ပြည်နယ် အခြေစိုက် IX ၌ ကုမ္ပဏီက တီထွင်ခြင်း ဖြစ်ပြီး ၎င်းတို့ အဆိုအရ ထိုကွန်ဒုံး များမှာ သာမန် ထုတ်လုပ်နေသည့် အမျိုးသမီးသုံး ကွန်ဒုံးများကို အီလက်ထရွန်းနစ် စနစ်သုံး တစ်ကိုယ်ရေ အာသာဖြေ ကိရိယာ ဗိုင်ဘရေတာ များ၏ ပုံစံတူ အငယ်စားလေးများကို ပေါင်းစပ် ထားခြင်း ဖြစ်ကြောင်း ဆိုသည်။ ထိုထုတ်ကုန် များတွင် ဗိုင်ဘရေတာ များကို ကွန်ဒုံး အတွင်း၌ ထည့်ထားပြီး ၀ိုင်ယာလက်စ် စနစ်ဖြင့် ထိန်းချုပ်နိုင်သည် ဆိုသည်။ ထို့ကြောင့် အဆိုပါ ကွန်ဒုံး ဒီဇိုင်းမှာ အစဉ်အလာ အမျိုးသမီးသုံး ကွန်ဒုံးရာဘာ အစွပ် များနှင့် အလွန်တရာ ကွာခြားခဲ့သည် ဆိုသည်။ ယခင်က ၁၉၉၀ နှစ်များ အတွင်း ထုတ်လုပ်ခဲ့သည့် အမျိုးသမီးသုံး ကွန်ဒုံးများမှာ လိင်ဆက်ဆံရာတွင် ဆူညံသံ ထွက်ပြီး လိင်အင်္ဂါမှ ပြန်ချော်ထွက်မည့်ပုံ ရှိကြောင်းလည်း သတင်းက ဖေါ်ပြသည်။

Source:Mirror
The Messenger - အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုး ဈေးကွက်တွင် ဖြန့်ချိ

ချင်းလူမျိုးများကြား AIDS ရောဂါခံစားနေရသူ (၅၀၀) ၀န်းကျင်ရှိ၊ အမျိုးသမီးအများစု ခံစားနေရ

ချင်းလူမျိုးများကြား(ကလေးမြို့အပါအ၀င်) ခုခံအား ကျဆင်းရောဂါ ခံစားနေရသူ (၅၀၀) ဦးဝန်းကျင်ရှိပြီး ရောဂါခံစားနေရ သူများတွင် ယောကျာင်္းလေး ဦးရေ ထက် အမျိုးသမီးဦးရေပိုမိုများပြားသည်ဟု Charity Social Service (CSS) အဖွဲ့မှသိရသည်။ အဆိုပါ စာရင်းသည် ချင်းပြည်နယ် မြောက်ပိုင်း (၄) မြို့နယ်နှင့် ကလေးမြို့နယ် ၏ စာရင်းဖြစ်သည်။

HIV ပိုးရှိသူများသောက်သည့် ART ဆေးဝါးများကို အဓိကလာယူသူများတွင် အမျိုးသမီးများကြောင်း၊ သူတို့၏ လင်ယောကျာ်းများသည် AIDS ရော ဂါေ ကြာင့်ပင် သေဆုံးသွားကြပြီဖြစ်ခြင်းကြောင့် ရောဂါကူးစက်ခံရသူများ အနေဖြင့် ရောဂါခံစားနေရခြင်းဖြစ်ကြောင်း CSS ဒါရိုက်တာ ဆရာမစင်သဲ၏ Chin land Today သို့ပြောပြချက်အရ သိရသည်။
ဆရာမစင်သဲက ဆေးဝါးလာယူသူများသည် အများအားဖြင့် ငွေကြေး မတတ်နိုင်သည့် အသိုင်းအ၀ိုင်းမှဖြစ်ပြီး ငွေကြေးတတ်နိုင်သည့် အသိုင်း အ၀ိုင်းများအနေဖြင့် မိမိအိမ်တွင်သာ ဆေးဝါးများဝယ်ပြီး ကုသမှုခံယူ ကြကြောင်း ပြောသည်။

ချင်းပြည်နယ်တွင် ၁၉၉၀ ၀န်းကျင်က HIV ပိုးစတင်ပျံ့နှံ့လာခဲ့ပြီး အဓိက ဖားကန့်ဒေသသို့ ကျောက်သွားတူးသူများမှ အဆိုပါရော ဂါကိုသယ်ဆောင် လာခြင်းဖြစ်ပြီး ချင်းပြည်နယ်သို့ အဓိကလိင်ဆက် ဆံမှုမှတစ်ဆင့်ပျံ့နှံ့ လာခြင်းဖြစ်ကြောင်း ဆရာမစင်သဲက ဆိုသည်။ သူကဆက်ပြီး ယခုကဲ့သို့ ရောဂါကူးစက်မှုများဖြစ်ပေါ်လာရခြင်းသည် ချင်းလူမျိုးများ၏ ဆင်းရဲမှု၊ ပညာမတတ်မှုများကြောင့် ဖြစ်ပြီး အချို့ရောဂါသည်များဆိုလျှင် မိမိနာမည်ပင် မရေးတတ်ကြောင်း သူကပြောသည်။
ချင်းပြည်နယ်တွင် HIV/AIDS ရောဂါသည်များအား ပြုစုစောင့်ရှောက်သည့် အဖွဲ့အနေဖြင့် Charity Social Service (CSS) တစ်ခုတည်းသာရှိပြီး အဆို ပါအဖွဲ့အစည်း၏ အကူအညီဖြင့် ART ဆေးသောက်သုံးသူ ကလေးမြို့ တွင် ( ၄၀၀) ကျော်၊ ဖလမ်းမြို့တွင် (၁၅) ဦး၊ ဟားခါးမြို့တွင် (၄၀) ကျော်၊ တီးတိန် မြို့တွင် (၂၅) ဦး၊ ထန်တလန်မြို့တွင် (၂၀) ဦး စုစုပေါင်း (၅၀၀) ၀န်းကျင်ရှိကာ အဓိကအားဖြင့် အသက် (၂၀) မှ (၅၀) ၀န်းကျင်လူများဖြစ်သည်။

Ref: The Chinland Post (၃၊ ဇွန် ၂၀၁၅)
Chin World - ချင်းလူမျိုးများကြား AIDS ရောဂါခံစားနေရသူ (၅၀၀) ၀န်းကျင်ရှိ၊ အမျိုးသမီးအများစု ခံစားနေရ

လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်

အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်တွင် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်သော ရောဂါများ ကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန၏ဖော်ပြချက်အရ သိရသည်။
၂၀၁၃ မှ ၂၀၁၄ အထိ အိတ်ခ်ျအိုင်ဗီရောဂါကူးစက်မှု ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဂနိုရောဂါမှာ ၃၀ ရာခိုင်နှုန်းမြင့်တက်လာကာ ဆစ်ဖလစ်ရောဂါမှာ ၇၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ယင်းကဲ့သို့ ရုတ်တရက် မြင့်တက်လာခြင်းမှာ ပိုမိုကောင်းမွန်သော စစ်ဆေးမှုများကြောင့်ဟု အရာရှိများက ပြောသော်လည်း Tinder ဝက်ဘ်ဆိုက်ကဲ့သို့ အက်ပလီကေးရှင်းများမှာ ရောဂါကူးစက်မှုမြင့်တက်လာခြင်း၏ တစ်စိတ် တစ်ပိုင်း ဖြစ်ဖွယ်ရှိသည်ဟု ၎င်းတို့က ပြောကြားသည်။

ခဏတာ လိင်ပျော်ပါးရန်နှင့် အမည်မဖော်ဘဲ မကြာခဏ လိင်ပျော်ပါးရန် လူမှုကွန်ရက် အသုံးပြုမှုအပါအဝင် အန္တရာယ်မြင့်မား သော အပြုအမူများ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုများ၊ လိင်ဆက်ဆံဖော်များပြားခြင်းနှင့် မူးယစ်ဆေး(သို့မဟုတ်) အရက် သောက်သုံးထားစဉ် လိင်ဆက်ဆံခြင်းများကြောင့် ရောဂါကူးစက်မှုမြင့်တက်လာရခြင်းဖြစ်နိုင်ကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီး ဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိန်းမလျာများနှင့် လိင်တူဆက်ဆံသော အမျိုးသားများ၊ အာဖရိကန်၊ အမေရိကန်လူမျိုးများ၊ စပိန်နွယ်ဖွားများနှင့် လူငယ်များမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။
ယင်းကာလအတွင်း လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများနှင့် အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှုလျှော့ချရေး မိမိတို့ ကြိုးစားထားခဲ့သော်လည်း ထပ်မံကြိုးစားရဦးမည်ဆိုသည်ကို ယင်းစာရင်းဇယားများက ဖော်ပြနေသည်ဟု ကန်အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိကအားဖြင့် လိင်တူဆက်ဆံသော အမျိုးသားများအသုံးပြုသည့် Grindr အက်ပလီကေးရှင်းမှာ ၂၀၁၂ အတွင်း နယူးဇီလန်နိုင်ငံတွင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဆစ်ဖလစ်ရောဂါပျံ့နှံ့မှု ထက်ဝက်ခန့်အတွက် အဓိကကျသော အချက်ဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။
7 Day Daily - လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်

အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ

မေလ ၂၄ ရက်နေ့ ညနေ ၆ နာရီမှာတော့ စိမ်းလန်းစိုပြည်ဥယျာဉ်ရဲ့ မြက်ခင်းပြင်မှာ ဖယောင်းတိုင်မီးတွေနဲ့ ထွန်းလင်းနေခဲ့ပါတယ်။

တက်ရောက်လာတဲ့သူတိုင်း ရင်ဘတ်က အနီရောင်ဖဲကြိုးလေးတွေက ဒီပွဲအကြောင်းကို ညွှန်းဆိုနေပါတယ်။ ဒီပွဲကတော့ AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းမီးထွန်းပွဲပဲ ဖြစ်ပါတယ်။
ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေက ဦးဆောင်ဆုတောင်းပေးဖို့ ရောက်ရှိနေပါတယ်။
ဝေဒနာရှင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ UNAIDS က ပူးပေါင်းကျင်းပတဲ့ ဒီဆုတောင်းပွဲကို မြန်မာပြည်မှာ ကျင်းပခဲ့တာဆိုရင် သုံးနှစ် ရှိပြီဖြစ်ပါတယ်။

ဒီနှစ်ပွဲရဲ့ ခေါင်းစဉ်ကတော့ Fighting For Our Lives (ကျွန်တော်တို့ ဘ၀တွေအတွက် တိုက်ပွဲဝင်ခြင်း) ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။
"အစဉ်အလာစွဲတွေကြောင့် ဖြစ်လာတဲ့ အမုန်းစိတ်ကို ဘယ်လိုချေဖျက်ကြမလဲဆိုတဲ့ ပုံစံနဲ့ ဒီခေါင်းစဉ်ကိုပေးကြတယ်။ ဒီလိုစုဝေးပြီး မီးထွန်းပွဲလုပ်တာက ဒုက္ခရောက်နေပြီး ထုတ်မပြောနိုင်တဲ့ သူတွေအတွက် ပြောနိုင်တဲ့သူတွေက ကြားစေချင်တဲ့သူတွေ ကြားနိုင်အောင် ပြောပေးတာပါ" လို့ Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင်က ပြောပါတယ်။

ဆုတောင်းမီးထွန်းပွဲတွေကို ကွယ်လွန်၊ သေဆုံး၊ အသက်စွန့်ခဲ့ရသူတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ အနှိမ်ခံ၊ အပယ်ခံ၊ ချို့တဲ့နိမ့်ပါးသူတွေ၊ မတရားပြူမှုခံရသူတွေအတွက် ကျင်းပလေ့ရှိပြီး AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေ အတွက် ဆုတောင်းမီး ထွန်းပွဲတွေကိုတော့ နှစ်စဉ် မေလတတိယပတ် တနင်္ဂနွေနေ့မှာ နိုင်ငံပေါင်း ၁၁၀ က ကျင်းပခဲ့တာ နှစ် ၃၀ ရှိပြီ ဖြစ်ပါတယ်။
ဘာသာကြီးလေးမျိုးဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူ ဘာသာ တို့က ဘာသာရေးခေါင်းဆောင် အသီးသီးတို့က ဆုတောင်းပေးအပြီးမှာတော့ တက်ရောက်လာ သူတွေက ဆီမီးတွေကို အနီရောင်ဖဲကြိုးပုံစံအတိုင်း အစဉ်လိုက် စုပေါင်း ထွန်းညှိခဲ့ကြပါတယ်။

ပွဲလုပ်ရခြင်းကိုတော့ ကွယ်လွန်တဲ့သူတွေ ကိုယ်စား၊ အထင်လွဲခံရတာတွေအတွက်နဲ့ ဘာသာရေး ယုံကြည်မှုအလိုက် ငြိမ်အေးစေဖို့ဖြစ်သလို လက်ရှိမှာ ဝေဒနာခံစားနေရတဲ့သူတွေကို နှစ်သိမ့် အားပေးလိုတဲ့ သဘောလည်းပါတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီး ဝေဒနာရှင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါး နေဆဲဖြစ်တယ်လို့ UNAIDS က မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အေးမွန်မာဖီက ဆိုပါတယ်။

"အစိုးရအနေနဲ့ကတော့ သိသိသာသာ တိုးတက်လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဒီကိုလာခဲ့တယ်။ ၂၀၀၄ ခုနှစ်မှ ပြန်ခဲ့ပြီး ၂၀၁၂ မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ ၁၀ နှစ်အတွင်းမှာ ပြောင်းလဲ တိုးတက်လာတာတွေ တွေ့ရတယ်။ ART ဆေးရဖို့အတွက်လည်း အစိုးရဘက်က ပံ့ပိုးတာတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အသိပညာပြန့်ပွားဖို့ ဆောင်ရွက်နေတယ်" လို့ သူက ပြောပါတယ်။

၂၀၁၃ ခုနှစ်က မီးထွန်းဆုတောင်းပွဲ ခေါင်းစဉ်ကို 'Solidarity' စည်းလုံးညီညွတ်မှု ခေါင်းစဉ်နဲ့ လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုးကို လူအများ ပိုမို သတိထားမိစေရန်အတွက် 'Let's keep the light on HIV' ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်နှစ်ကုန်အထိ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်းနီးပါးရှိပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိ၍ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၀၀၀ ကျော် ရှိပါတယ်။
မြန်မာတိုင်းမ် - အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ

No comments: