Friday, July 24, 2015

ကလေးငယ်တွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုထိန်းကျောင်းမလဲ



ကလေးငယ်လေးများကို ငယ်ငယ်ကတည်းက နည်းလမ်းမှန်မှန် မထိန်းကျောင်းနိုင်ပါက ကလေးငယ် များ၏စိတ်တွင် မလိုလားအပ်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာနိုင်ကြောင်းကို စိတ်ပညာဌာနမှ ပါမောက္ခ (ငြိမ်း) တစ်ဦးက အကြံပြုပြောထားသည်။

ကလေးငယ်များ၏ နေ့စဉ်ဘဝတွင် အဆိုးမြင်သင်ယူတတ်မြောက်ခြင်းနှင့် အကောင်းမြင်တတ်မြောက် ခြင်းဟူ၍ နှစ်ပိုင်းခွဲခြားထားကြောင်း သိရသည်။
ကလေးငယ်လေးများ၏ နေ့စဉ်ဘဝမှ အဆိုးမြင်သင်ယူတတ်မြောက်ခြင်းနှင့်ပတ်သက်၍ အချက်ခုနှစ် ချက်ရှိပြီး၊ ထိုအချက်များနှင့်ပတ်သက်၍ စိတ်ပညာပါမောက္ခ (ငြိမ်း) တစ်ဦးက “ကလေးငယ်တွေရဲ့ နေ့စဉ်ဘဝမှာ ကလေးတွေကိုအုပ်ထိန်းသူတွေ သတိမပြုမိလိုက်တဲ့အရာလေးတစ်ခု ကလေးငယ်တစ် ဦးရဲ့စိတ်တွင် ထိခိုက်နစ်နာမှုကိုဖြစ်စေပါတယ်။ နေ့ရက်များစွာ သတိမပြုမိရင်တော့ ကလေးငယ်အ တွက်များစွာသော ထိခိုက်မှုကိုဖြစ်ပေါ်စေပါတယ်။ လွန်စွာအသနားခံရတဲ့ကလေးက အားငယ်တဲ့စိတ် တွေဖြစ်လာတယ်။ အရာရာကို အားငယ်စိတ်တွေနဲ့ပဲ ကြည့်တတ်လာတယ်။ နောက်တစ်ခုက သူ့ပတ် ဝန်းကျင်မှာ ခက်ထန်ကြမ်းတမ်းမှုတွေခံရတဲ့ ကလေးကလက်တွေ့မှာလဲ သူငယ်ချင်းတွေကိုရန်လို မယ်။ ခိုက်ရန်ပွားမယ်။ တစ်ခုခုဖြစ်လာရင် သည်းခံစိတ်က နည်းလာပြီးလက်နဲ့ဖြေရှင်းတာများလာ တယ်။ ပြီးတော့ အရမ်းဖိနှိပ်ခံရမယ်။ အကြောက်တရားတွေနဲ့ကြီးပြင်းလာမယ်ဆိုရင် စိုးရိမ်သောက စိတ်တွေနဲ့ ပူပန်မှုတွေများတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာမယ်။ တစ်ခုခုဖြစ်လာရင် ကလေးရဲ့စိတ်ထဲမှာ အစိုးရိမ်လွန်ကဲနေတတ်တယ်” ဟု ပြောသည်။

ယင်းအပြင် အရှက်ရအောင် လုပ်ခံရသော ကလေးသည်သိမ်ငယ်စိတ်များနှင့် အားငယ်စိတ်များဖြစ် လာနိုင်ကြောင်း ယင်းကဆက်လက်ပြောသည်။

“ကလေးငယ်တစ်ဦးကို အရှက်ရအောင် ဘောင်းဘီဆွဲချွတ်လိုက်တာတို့၊ တမင်သက်သက်အရှက်ရ အောင်ဖန်တီးလိုက်တာတို့ လုပ်မယ်ဆိုရင်တော့ အဲ့ဒီကလေးရဲ့စိတ်မှာ သိမ်ငယ်စိတ်တွေဖြစ်လာ တတ်တယ်။ ပြီးတော့ကလေးတွေကို လှောင်ပြောင်တာ အဆိုးဆုံးပါပဲ။ ကလေးက သူလုပ်နိုင်တာ လေးကို လုပ်လိုက်တယ်။ (သို့) ကစားတဲ့နေရာမှာတစ်ခုခုမှားပြီး လုပ်ဆောင်လိုက်တာကို လူကြီးတွေ ကဝိုင်းပြီး ရယ်ကြမယ်။ လှောင်ပြောင်ကြမယ်ဆိုရင် အဲ့ဒီကလေးက အရှက်အကြောက်အရမ်းကြီးလာ တယ်။ သူတစ်ခုခုလုပ်လိုက်ရင် တခြားလူတွေဝိုင်းရယ်ခံရမှာပါလားဆိုတဲ့စိတ်က ဝင်သွားပြီးအလုပ် လုပ်ရင်းနဲ့ပဲ ရှက်ကြောက်နေတတ်တာကို တွေ့ရတယ်။ နောက်တစ်ခုကတော့ ကလေးတစ်ယောက် ကစားတာပဲဖြစ်ဖြစ် (သို့) သူလုပ်တတ်တာလေးလုပ်လိုက်တာဖြစ်ဖြစ်၊ မိဘတွေကအပြစ်ပြောမယ်၊ ဝေဖန်မယ်ဆိုရင် အဲ့ဒီကလေးကအခြားသူတွေကိုလဲ အပြစ်တင်ရှုတ်ချတတ်လာတယ်။ ပြီးတော့မနာ လိုစိတ်ရှိတဲ့ အသိုင်းအဝိုင်းက ကလေးဆိုရင်တော့ ကလေးကိုယ်တိုင်ကလဲ သူတစ်ပါးကိုမနာလိုမရှု စိတ်တွေပွားများတတ်လာတယ်။ ဒါတွေက ဘာကြောင့်လဲဆိုတော့ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို အတုယူကြတယ်ဆိုတာကို တွေ့ရတယ်။ အဓိကကတော့ အတူနေတဲ့ မိဘအုပ် ထိန်းသူတွေရဲ့ အပြုအမူကိုပိုပြီး အတုယူတာကိုတွေ့ရတယ်” ဟု ယင်းကဆက်လက်ပြောသည်။

ကလေးငယ်များကို နေ့စဉ်ထိန်းကျောင်းသောသူများမှ ကလေးငယ်များ၏ အပြုအမူကို ကောင်းစွာ ပြောပြခြင်း၊ နားလည်အောင်သွန်သင်ခြင်းဖြင့် အကောင်းမြင်တတ်သော ကလေးငယ်များအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်းနှင့် ကလေးကောင်းတစ်ဦးဖြစ်လာစေရန် မိမိနေထိုင်သော ပတ်ဝန်းကျင်နှင့် များစွာသက်ဆိုင်ကြောင်းကို “ကလေးငယ်တစ်ဦးက မိမိပတ်ဝန်းကျင်မှာ အားပေးမှုခံရမယ်ဆိုရင် မိမိ ကိုယ်ကိုယုံကြည်သူတစ်ယောက် ဖြစ်လာမယ်။ နွေးနွေးထွေးထွေးအရေးပေးခံရတဲ့ ကလေးကသူတစ် ပါးအပေါ်မှာလဲ ကြင်နာသနားမေတ္တာထားတတ်လာမယ်။ လူကြီးတွေရဲ့ အသိအမှတ်ပြုခံရတဲ့ကလေး က သူ့ရဲ့ရည်မှန်းချက်ကို ကြီးကြီးမားမား ထားတတ်တာကို တွေ့ရတယ်။ နောက်ဆုံးတစ်ခုကတော့ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ မျှဝေခံစားရိုင်းပင်းကူညီတတ်တဲ့ကလေးက သူကိုယ်တိုင်လဲပေး ကမ်းရက်ရောတတ်သူ ဖြစ်လာတာကိုတွေ့ရတယ်” ဟု ပြောသည်။

ကလေးတစ်ယောက်၏အပြုအမူ အနေအထိုင်သည် ကလေးကိုထိန်းသိမ်းသောပတ်ဝန်းကျင်နှင့် များ စွာသက်ဆိုင်ကြောင်းကို စိတ်ပညာဌာနမှ ပါမောက္ခ (ငြိမ်း) တစ်ဦးက အကြံပြုပြောထားသည်။

Democracy Today Daily
ဇူလိုင်လ (၈) ရက်၊ ၂၀၁၅ ခုနှစ်

ပညာမြှင့်စို့


အခြေခံပညာကျောင်းများသည် ဇွန်လ ၁ ရက်ကျောင်းဖွင့်သည့်လမှစတင်ကာ ပညာရေးဝန်ကြီးဌာန က လမ်းညွှန်ထားသော ပညာရေးပြက္ခဒိန်နှင့်အညီ ဆောင်ရွက်ကြရသည်။
ဇွန်လတွင် မိမိကျောင်း၌ဖွဲ့စည်းထာသော မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ များအစည်းအဝေးပြုလုပ်ကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသည်။

သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရှိ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက လည်း မိမိရပ်ကွက်၊ ကျေးရွာရှိကျောင်းများ တိုးတက်ကောင်းမွန်အောင် ဒေသခံမိဘပြည်သူများ ကူညီ ပံ့ပိုးပေးရန် တာဝန်ရှိသည်ဟု ခံယူလျက်မိမိရပ်ကွက်၊ ကျေးရွာရှိကျောင်း၏ လိုအပ်ချက်တို့ကို ဆောင် ရွက်ပေးလေ့ရှိကြပါသည်။
အခြေခံပညာကျောင်းများသည် ဇွန်လအတွင်းမှာပင် ကျောင်းကောင်စီကို ဖွဲ့စည်းဆောင်ရွက်ကြရ သည်။ ကျောင်းကောင်စီဖွဲ့စည်းရာတွင် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ကြရန် ယနေ့ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ညွှန်ကြားထားသည်။

ကျောင်းသား၊ ကျောင်းသူများထဲမှ အသင်းခေါင်းဆောင်များ ရွေးချယ်ရာတွင် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ မဲပေးသောစနစ်ကိုသုံးကာ ရွေးချယ်တင် မြှောက်ကြရန်ကိုလည်း လမ်းညွှန်ထားသည်။
ဒီမိုကရေစီစနစ်၏ အနှစ်ချုပ်အခြေခံအချက်မှာ လွတ်လပ်စွာတွေးဆ၊ ပြောဆို၊ ရေးသား၊ သဘောထား ဆန္ဒထုတ်ဖော်ခွင့်၊ ရွေးချယ်ခွင့်များ အပြည့်အဝရှိပါသည်။ သို့သော်အများစုက သဘောတူညီစွာ ရွေး ချယ်ချမှတ်ပြဋ္ဌာန်းထားသည်တို့ကို လိုက်နာကြရပါမည်။ အနည်းစု၏သဘောထားဆန္ဒကိုလည်း လေး စားအသိအမှတ်ပြုရပါမည်။ အများစုက သတ်မှတ်ထားသည့် လုပ်ငန်းများကို မိမိအကြိုက်နှင့်မကိုက် ညီသော်လည်း လိုက်နာပါဝင်ဆောင်ရွက်ကြရပါမည်။
ထိုဒီမိုကရေစီကျင့်စဉ်ကို ကျောင်းတွင်းရှိဆရာက ဦးစွာကျင့်ဆောင်ပြုမူသူဖြစ်ရပါမည်။ ဆရာ၏ နမူနာ သည်တပည့်များအား ဒီမိုကရေစီ အလေ့အကျင့်နှင့်ပညာကို သင်ကြားပြသရမည် ဖြစ်ပါသည်။ 

ဆရာ နှင့်တပည့်ပါလိုက်နာကျင့်ကြံဆောင်ရွက်မှုရှိကြရန် နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များက ညွှန်ကြားထား ပါသည်။
ကျောင်းကောင်စီဖွဲ့စည်း ဆောင်ရွက်စေခြင်း၏ ရည်ရွယ်ချက်များကိုလည်း ချမှတ်ပေးထားသည်။

(က)    အခြေခံပညာကျောင်းများ၌ ကျောင်းကောင်စီကို ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်မှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်။
(ခ)     ကောင်းမွန်သာယာညီညာပျော်ရွှင်တိုးတက်ဖွံ့ဖြိုးသော ကျောင်းတစ်ကျောင်းဖြစ်လာစေရန်။
(ဂ)     ဒီမိုကရေစီကျင့်စဉ်နှင့်အညီ မှန်ကန်သော အတွေးအခေါ် အကျင့်အကြံ၊ အပြုအမူအပြောအ ဆို၊ အနေအထိုင်စသည့်ကောင်းမွန်သော အလေ့အထများရရှိထွန်းကားလာစေရန်။
(ဃ)    ကျောင်းသား၊ ကျောင်းသူတစ်ဦးစီရှိ အထုံဗီဇဝါသနာကို ပျိုးထောင်လေ့ကျင့်အားပေးရန်။
(င)     အသင်းအတွင်းတစ်ဦးချင်းတွင်ဖြစ်စေ၊ အသင်းအချင်းချင်းဖြစ်စေ ကြုံတွေ့ရသည့် အခက်အခဲ ပြဿနာများကို စုပေါင်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်တတ်ကြစေရန်တို့ဖြစ်ပါသည်။

ကျောင်းကောင်စီသည် နိုင်ငံတော်၏ အခြေခံပညာရေးမူဝါဒအရ ကျောင်းသင်ပညာရေးဖြစ်စဉ်တွင် ကျောင်းနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းလုပ် ငန်းများဆောင်ရွက်ရေးဟူ၍ ခံယူကြရန်ဖြစ်သည်။
ကျောင်းကောင်စီအသင်းများဖြစ်ကြသော (၁) အနော်ရထာ (လိမ္မော်)၊ (၂) ကျန်စစ်သား (အဝါ)၊ (၃)ျ ဘုရင့်နောင် (အစိမ်း)၊ (၄) အလောင်းမင်းတရား (အနီ)၊ (၅) ဗန္ဓုလ (အပြာ) အသင်းတို့သည် တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင်ယှဉ်ပြိုင်ကာ ဆောင်ရွက်ကြရသည်။

ယှဉ်ပြိုင်ရာတွင် တစ်ကိုယ်ရေသန့်ရှင်းမှု၊ အတန်းသန့်ရှင်းမှု၊ ကျောင်းဆောင်နှင့်ကျောင်းဝင်းသန့်ရှင်းမှု၊ စာပေကြိုးစားထူးချွန်မှု၊ တစ်ဦးနှင့်တစ်ဦး ကူညီဆောင်ရွက်ကာ လက်တွဲခေါ်ဆောင်မှု၊ ပရဟိတလူမှု ရေး အသိစိတ်ဓာတ်ရှိမှုစသည်တို့ကို ယှဉ်ပြိုင်ကြရသည်။ တရားသဖြင့် နည်းလမ်းကျသော ယှဉ်ပြိုင် ကြရသည်။ တရားသဖြင့် နည်းလမ်းကျသော ယှဉ်ပြိုင်မှုဖြစ်စေရန် ဆရာ၊ ဆရာမများက ကြပ်ကြပ် မတ်မတ်နှင့် တည့်မတ်ပေးကြရမည် ဖြစ်၏။

ကျောင်းသား၊ ကျောင်းသူများကို ထိုကဲ့သို့ဆောင်ရွက်စေခြင်းဖြင့် လူတစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံတတ်လာစေခြင်း၊ ဘုရားပန်းတင်၊ ရေခပ်၊ တံမြက်စည်းလှည်းစသည့်အောက်ခြေသိမ်းလုပ် ငန်း ကိစ္စအဝဝဆောင်ရွက်လုပ်ကိုင်တတ်လာစေခြင်း၊ အများအကျိုးဆောင်ရွက်တတ်လာစေခြင်း စသည့်အလေ့အကျင့်ကောင်းတို့ ရရှိစေမည်ဖြစ်သည်။
အခြေခံပညာကျောင်းများသည် ‘စာကိုလည်းသင်၊ လူကိုလည်းပြင်’ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက် ကြရန်၊ နိုင်ငံတော်၏ လူသားအရင်းအမြစ်များကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော၊ ဘက်စုံ ထူးချွန်သော လူငယ်များမွေးထုတ်ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်တို့နှင့်အညီ ဆောင်ရွက်ကြရသည်။

ထိုသို့သောအခြေခံပညာကျောင်းများ ဆောင်ရွက်လုပ်ကိုင်နေရပုံ တစေ့တစောင်းတင်ပြပြီးဖြစ်၍ ယနေ့ကျောင်းသားမိဘများ၏ ပညာရေးနှင့်ပတ်သက်ပြီး ခံယူချက်နှင့်သဘောထားအမြင်အချို့ကို လည်း ဖော်ပြရေးသားလိုပါသည်။
အခြေခံပညာကျောင်းများက သင်ရိုးဝင်ဘာသာရပ်များအပြင် ကလေးများ၏စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်စေရေး၊ ပန်းချီ၊ ဂီတ၊ ရသ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်၊ ကျန်းမာကြံ့ခိုင်ရန် ကာယပညာဘာသာရပ်စသည့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များကိုလည်း သင် ကြားကြရသည်။

ကျောင်းကောင်စီအသင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြင့် စုပေါင်းဆောင်ရွက်တတ်သော၊ စုပေါင်းခေါင်းဆောင်တတ်သော အသိပညာများရရှိစေသည့်အပြင် စိတ်ဓာတ်များပါ ရင့်ကျက်ခိုင်မာ လာစေပါသည်။
ထို့ပြင်နိုင်ငံတော်က ဆောင်ရွက်သောပွဲများ၊ ပြည်နယ်၊ တိုင်းဒေသကြီးက ဆောင်ရွက်သောပွဲများတွင် လည်း ပါဝင်ချီတက်ဆောင်ရွက်ကြရသည်လည်း ရှိသည်။ ဤသို့ဆောင်ရွက်ရခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့်တိုင်းပြည်နှင့် လူမျိုးအကျိုးသယ်ပိုး ဆောင်ရွက်လိုစိတ်တို့ ကိန်းအောင်းစေသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် အကြားအမြင်ဗဟုသုတများလည်း တိုးပွားရရှိစေပါသည်။

သို့အတွက် မိမိသားငယ်၊ သမီးငယ်များကို အခြေခံပညာကျောင်းမှာပဲထားပါဟု ကျွန်တော်က ဆွေမျိုး သားချင်းရင်းချာများကို တရားဟောခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပါ။ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးများများဖြင့် အောင်ဖို့ကအဓိကကျသည်။ အခြေခံပညာကျောင်းက အပိုအလုပ်တွေများလှသည်။ ပုဂ္ဂလိကကျောင်းများကိုမမီနိုင်၊ ပုဂ္ဂလိကကျောင်းကသာ စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်ရန်ဆောင်ရွက်ပေးနိုင်သည်ဟု သဘောပေါက်နားလည်ခံယူလျက် ပုဂ္ဂလိကကျောင်းကို သွားရောက်အပ်နှံကြသည်။

ကျွန်ုပ်တို့၏မိတ်ဆွေအပေါင်းအသင်းများနှင့် တပည့်များကလည်း သူတို့သားသမီးများကို ကိုယ်ပိုင် ကျောင်းများတွင်သာ အပ်နှံကြသည်။ ပိုဆိုးသည်မှာ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်း ဆောင်နေကြသော ဆရာ၊ ဆရာမအချို့ကပင် မိမိသားသမီးများကို မိမိကျောင်းတွင်မထားဘဲ ကိုယ် ပိုင်ကျောင်းတွင် အပ်နှံနေကြပြီဖြစ်သည်။
အမှန်တကယ်လည်း ကိုယ်ပိုင်ကျောင်းများကသာလျှင် အောင်ချက်အကောင်းဆုံး၊ ဂုဏ်ထူးအများဆုံး ရရှိသည်ကို ထင်ရှားစွာတွေ့နေရပေသည်။

သို့ဆိုလျှင် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများအရည်အသွေးညံ့၍ လော၊ သင်ကြားရေး မှာစေတနာ၊ မေတ္တာနှင့်ကြိုးစားမသင်လော၊ ကိုယ်ပိုင်ကျောင်းနှင့် အပြိုင်မသင်ကြားနိုင်၍လော ဟူ သောအတွေးများ၊ အပြောများ အမျိုးမျိုးကို မိဘပြည်သူများထံမှ ကြားနေကြရပါသည်။

အမှန်တကယ်ဖြစ်ရပ်မှန်မှာ အခြေခံပညာကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ သင်ကြားဆောင်ရွက်နေကြရသည်။ စာမေးပွဲဖြေဆိုရမည့် ဘာသာရပ်တစ်ခုတည်းကိုသာ အဓိ ကထားမသင်ကြားရသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပေသည်။

‘အခြားကျောင်းနှင့် ယှဉ်ပြိုင်ပါက တို့ကျောင်းအောက်တန်းမကျအောင် သင်မှဖြစ်မယ်။ စေတနာ မေတ္တာကြိုးစားသင်မှ အကျိုးလည်းရှိ၊ ပီတိလည်းဖြစ်ရမှာ’ ဟုခံယူကာအလုပ်ကို ကြိုးစားဆောင်ရွက် နေကြသော တာဝန်သိဆရာ၊ ဆရာမများလည်း အခြေခံပညာကျောင်းများတွင် များစွာရှိနေသကဲ့သို့ အခြေခံပညာကျောင်းက အချို့အချို့သော ဆရာ၊ ဆရာမတို့သည် အချိန်တန်လစာရမှာပဲဟု ပေါ့ပေါ့ တန်တန်သဘောထားနေကြသူတို့လည်း ရှိနေပါသည်။ ဆွမ်းဆန်ထဲကြွက်ချေးရောနေသည်လည်း ရှိပါသည်။ ကိုယ်ပိုင်ကျောင်းမှာ ဆွမ်းဆန်ထဲ ကြွက်ချေးတွေ့ရှိပါက ထိုကြွက်ချေးကို ကိုယ်ပိုင်ကျောင်း တည်ထောင်သူ (သို့) ကိုယ်ပိုင်ကျောင်း ကျောင်းအုပ်ကြီးက အချိန်မရွေးနည်းလမ်းမျိုးစုံဖြင့် အရေးယူ ဆောင်ရွက်ပိုင်ခွင့်ရှိသဖြင့် ဆရာ၊ ဆရာမတို့သည် ပေါ့ပေါ့တန်တန် နေထိုင်ပြုမူရဲမည်မဟုတ်ပေ။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများသည် အခြေခံပညာကျောင်းများကဲ့ာသို့ ‘ဘင်ခရာထဲပါရ၊ အကထဲပါရ၊ ဟိုချီတက်ပွဲ၊ ဒီချီတက်ပွဲသွားရ’ စသည့် ဗာဟီရကိစ္စမများသည်ကလည်း စာမေးပွဲမှာ အခြေခံပညာ ကျောင်းများထက်သာစေသော အကြောင်းတစ်ရပ်ဖြစ်စေပါသည်။

လွန်ခဲ့သောနေ့က မိဘတစ်ဦးပြောပြခဲ့သည်ကို ဖောက်သည်ချလိုပါသည်။
‘အခြေခံပညာကျောင်းတစ်ကျောင်းက ဘက်စုံထူးချွန်လူရည်ချွန်ရခဲ့တဲ့ကလေး၊ တက္ကသိုလ်ဝင်စာမေး ပွဲအောင်တော့ အောင်ပါရဲ့၊ ဆေးတက္ကသိုလ်တက်နိုင်လောက်တဲ့ အမှတ်မရရှာဘူးတဲ့ကွာ’ ဟု သိခဲ့ရ သည်။
ဘက်စုံထူးချွန်လူရည်ချွန်ရရှိခြင်းက တန်ဖိုးကြီးသည်လော၊ ဆေးတက္ကသိုလ်တက်ခွင့်ရသည်က တန်ဖိုးကြီးသည်လော။
အကယ်၍ ဘက်စုံထူးချွန်လူရည်ချွန်ရရှိအောင် ကြိုးစားခဲ့သောကလေးသည် ဆရာဝန်အလုပ်ကို ဝါ သနာပါလျက် ဆေးတက္ကသိုလ်တက်ခွင့်မရပါက ထိုကလေးအတွက် အများကြီးနစ်နာဆုံးရှုံးမှုဖြစ်သွား မည်ဖြစ်၏။
နိုင်ငံတော်အစိုးရက အခြေခံပညာကျောင်းများကို ညွှန်ကြားထားသည်မှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော ဘက်စုံထူးချွန် လူရည်ချွန်၊ လူရည်မွန်များဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည် ဟူ၍ဖြစ်၏။

ဗလငါးတန်နှင့်ပြည့်စုံသော ဘက်စုံထူးချွန်သည့် လူသားအရင်းအမြစ်များကို အဓိကထားဆောင်ရွက် ပေးခြင်းသည် အဓိကကျသလော။ ဆေးတက္ကသိုလ်တက်ခွင့်ရသည်အထိ စာပေထူးချွန်သူဖြစ်အောင် ဆောင်ရွက်ပေးခြင်းသည်သာ အဓိကကျသလော။ နှိုင်းနှိုင်းချိန်ချိန်စဉ်းစားဆင်ခြင်စရာ ဖြစ်လာပါ သည်။

ကျောင်းသားမိဘများကို မေးမြန်းဆွေးနွေးမည်ဆိုပါက ‘ဘက်စုံးထူးချွန်လူရည်ချွန်ဖြစ်ဖို့ထက် ဆေး တက္ကသိုလ်တက်ခွင့်ရလောက်အောင် ပညာထူးချွန်ဖို့က အဓိကကျပါသည်’ ဟု မိဘအများစုက ဖြေ ကြားကြပေလိမ့်မည်။ အဘယ်သို့သောဆောင်ရွက်ခြင်းသည် အကောင်းမြတ်ဆုံးဖြစ်မည်နည်း။ နိုင်ငံ တော်၏ရှေ့ရေးကို မြော်တွေးကာကောင်းမြတ်သော လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိလာစေရန် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ပြုပြင်ဆောင်ရွက်ပေးဖို့လိုအပ် နေပြီဖြစ်ပါကြောင်း ပညာရည်မြင့်လာစေရန် ရည်သန်လျက်တင်ပြအပ်ပါသည်။
စံတော်ချိန်သတင်းစာ
ဇွန်လ (၂၈) ရက်၊ ၂၀၁၅ ခုနှစ်

ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ မြန်မာ့ပညာရေး

လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေတာ ကြောင့် နိုင်ငံတကာနဲ့ယှဉ်ပြီး ပြုပြင်တာတွေ၊ ပြောင်းလဲနေတာတွေကို သတင်းတွေမှာ အဆက်မပြတ် ဖတ်နေရပါတယ်။ သိကြတဲ့အတိုင်းပဲ မြန်မာ့ပညာရေးဟာ ဗြိတိသျှကိုလိုနီလက်အောက်မှာ အုပ်ချုပ် သူတွေအတွက်သာ အကျိုးပြုမယ့်စနစ်တွေကို အကောင်အထည်ဖော်ခဲ့ရပြီး အမျိုးသားကျောင်းတွေ ပေါ်လာမှာသာ မြန်မာစာရ့အခန်းကဏ္ဍဟာ မြင့်မားလာခဲ့ရတယ်။ ကိုလိုနီပညာရေးကိုလည်း အဲဒီ လွတ်လပ်ရေးကြိုးပမ်းမှု ကာလများအတွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့အတူ လှုပ်ရှားခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ တက္ကသိုလ်ရောက်လာတော့ ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု တွေ ပိုပြီးအရှိန်ကောင်းလာပါတယ်။ျ
မြန်မာ့လွတ်လပ်ရေးကို အသက်စွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အနာ ဂတ်မြန်မာ့ပညာရေးအတွက်လည်း ကြိုတင်စဉ်းစားခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်က စာတအားဖတ်တယ်။ ဒီတော့ နိုင်ငံတကာရေးရာတွေကို သူများထက်ပိုသိတယ်။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေကပညာရေး စနစ်ကို လေ့လာသိရှိတယ်။ ဒါပေမဲ့ မြန်မာပြည်မှာဖြစ်နေတာက ကိုလိုနီကျွန်ပညာရေး၊ ဒါကိုဗိုလ်ချုပ် ကပြုပြင်ပြောင်းလဲချင်နေတယ်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုလည်း ကြိုတင်ပြင် ဆင်စဉ်းစားခဲ့မှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အဲဒီအချိန်က ဗိုလ်ချုပ်ကြံစည်စဉ်းစားထားတာ ကဒီလိုပါ။

“ . . . . ပညာရေးကို ကြည့်မယ်ဆိုရင် ပညာရေးမှာကျွန်တော်တို့ ဗမာပြည်ဟာ အရင်စစ်မဖြစ်ခင်က ထက် အောက်ကျနောက်ကျ ဖြစ်နေတယ်။ အင်မတန်အောက်ကျနောက်ကျဖြစ်နေတယ်။ အင်မတန် အောက်ကျနောက်ကျဖြစ်နေတော့ အခမဲ့မူလတန်းပညာ မသင်မနေရဥပဒေလုပ်ပေးပါလို့ ပြောတယ်။ ဥပဒေလုပ်ပေမယ့် ဘယ်လောက်ကြိုးစားမှ ဘယ်လောက်ကြာမှ အဲဒီလိုအခမဲ့မူလတန်း မသင်မနေရ ပညာဆိုတာဟာ ဗမာတစ်ပြည်လုံးရဲ့ ရွာတိုင်းမြို့တိုင်းမှာဖြစ်မလဲဆိုရင် အနှစ်နှစ်ဆယ်လောက်ကြာမှ ဖြစ်မယ်။ အခုရှိတဲ့ဆရာတွေက အင်မတန်နည်းနေတယ်။ ဒီဆရာတွေကို သင်ရမယ့်ကောလိပ် ကျောင်းတွေ၊ နော်မံကျောင်းတွေ၊ တိုင်းပြည်တစ်ပြည်လုံးမှာ ဒီကျောင်းတွေ၊ အဆောက်အအုံတွေရှိရ မယ်။ ဒီကျောင်းတွေမှာ သုံးရမယ့်ကိရိယာတန်ဆာပလာပစ္စည်းတွေ၊ ခဲတံ၊ စာအုပ်၊ ကျောက်သင်ပုန်း စုံစုံလင်လင်ရှိရမယ်။ အဲဒီအတွက် အဲဒါတွေအတွက် ဘယ်လောက်ကုန်မလဲဆိုရင် ကုဋေပေါင်းအများ ကြီးချီပြီးကုန်မယ်။ အဲဒါအနှစ်နှစ်ဆယ်လောက ကျုံးလုပ်ပါမှ ဗမာပြည်တစ်ပြည်လုံး အခမဲ့မူလတန်း ပညာမသင်မနေရဆိုတာ ရွာတိုင်းမြို့တိုင်းမှာ ဖြစ်နိုင်မယ်”

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်နေရာတွင် ပညာသင်ကြားခြင်းနှင့် ကိုယ်လက် လှုပ်ရှားအားကစား အတူယှဉ်တွဲရှိရန် လိုအပ်ကြောင်းဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။

“. . . .မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော်အထူးမပျော်ပိုက်သည့် အချက်တစ်ချက်ရှိ လေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း၊ ကလေးဘဝသစ်ပင်တက် ရေးကူးအလုပ်မျိုးကို ပိတ်ပင် ခြင်းဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများသည်လည်း တစ်သဘောတည်းလောက်ရှိ သည်။ ကျွန်တော်တို့မှ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာကျင်လည်မှုတွေကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကိုမြင်ရလျှင် အဆိုအမြည်ခံရသည်။ ရေကူးသည်ကိုသိလျှင် အ ရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိကျွန်တော့်မှာ ဉာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက် မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာချို့ယွင်းနေ ပေသည်။ ရေနံချောင်းအမျိုးသားကျောင်းနေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသားကျောင်းဖြစ် သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စားလေ့ကျင့်ရာနေရာ၊ ကိရိယာတန်ဆာပလာများ မထားနိုင်၍ ပင်ဖြစ်သည်။

ယနေ့ခေတ်အထိပင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူအတော်များများဟာ “ပညာ” နဲ့ “သညာ” ကိုခွဲခွဲခြားခြား မသိကြသေးဘူးလို့ထင်ပါတယ်။ “ဘွဲ့ရပညာတတ်” စကားအသုံး အနှုန်းက ဒီအချက်ကိုပေါ်လွင်စေပါတယ်။ သညာ-ဆိုတာ မှတ်သားမိခြင်းဖြစ်ပြီး ပညာ-ကတော့ ဆင် ခြင်သုံးသပ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ဗိုလ်ချုပ်က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ် နေရာမှာ သူ့အမြင်၊ သူ့အယူအဆကို ဒီလိုရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။

“ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုနိုင်ပေ။ ပညာသည်အတိုင်းအဆမ ထင် အလွန်ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောက ပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက် သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ် အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည်လောကရှိအရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်ပညာကိုလည်းကောင်း၊ မိမိဉာဏ်အမြင် အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကိုလည်းကောင်း (Emotion of the education) ပြုပြင်ပြုစုစီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီ-အေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊ ပထမကျော် ကြီးပင်ဖြစ်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ်နားလည်ခြင်းမရှိခဲ့သော် တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာရှိသည်မဟုတ်။ စာအုပ်များ အားကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်ရွက်ရပေမည်။

“ပညာသည်လူ၏ ဉာဏ်ကိုသာပြုပြင်တိုးချဲ့ရုံသာမဟုတ်၊ လူ၏စိတ်နေစိတ်ထား အယူအဆများကို လည်းတိုးတက်စေရမည်။ 
လူ၏ဆန္ဒအား လုပ်အားကိုနူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်၊ ရာဇ ဝင်ကိုဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေ ရမည်။ ပညာကိုသရုံသာမဟုတ်။ ရေသစ်၊ မြေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကိုဖန်ဆင်းနိုင်စေ ရမည်။ ဤကားပညာ၏ သရုပ်အကျဉ်းပေတည်း”

ပညာတတ်အများအပြားရှိတဲ့ နိုင်ငံဟာတိုးတက်ဖွံ့ဖြိုးမှု မြန်ဆန်တယ်ဆိုတဲ့စကား ဒီနေ့ကမ္ဘာမှာတွင် ကျယ်နေပါတယ်။ အရင်အစိုးရတွေ လက်ထက်ကဒီစကားကို အကောင်အထည်ဖော်ခဲ့တာတွေ့ရ တယ်။ အရေအတွက်သာများပြီး အရည်အချင်းက စံမမီဖြစ်နေတာကြောင့် လူများပြီးပွဲမစည်ဖြစ်ခဲ့ရ တာလည်း အားလုံးအသိဖြစ်ပါတယ်။ ဒီနေ့ကာလမှာတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ပညာအကြောင်း ကောင်းကောင်းနားလည်နိုင်မယ့် ကျောင်းသား၊ ကျောင်းသူလေးတွေ၊ ဘွဲ့ရပြီးအခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာတတ်လေးတွေသာ တိုးတက်များပြားလာပါစေလို့ပဲ ဆုတောင်းလိုက်ရပါ တယ်။

Democracy Today Daily
ဇွန်လ (၃၀) ရက်၊ ၂၀၁၅ ခုနှစ်

No comments: