Wednesday, November 30, 2016

အုန်းနို့ ​ခေါက်​ဆွဲ ~ မုန့်​ဟင်းခါး ~ ၀က်​သားတုတ်​ထိုး ~ ကြက်ရခိုင်ချက်

အုန်းနို့ ​ခေါက်​ဆွဲလေး အရင်ချက်စားကြမယ်


ဝက်​သားတုတ်​ထိုး လုပ်စားဖို့


မုန့်​ဟင်းခါးလေးချက်


ပူပူ စပ်စပ် ကြက်ရခိုင်ချက်


Friday, November 25, 2016

ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း


ကိုယ်ဝန်ဆောင်ဘဝသွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ သားဦးမိခင် ၁ဝဝ မှာ ၁ဝ ဦးမှ ၁၅ ဦးဖြစ်တတ်သလို သား နှောင်း မိခင် ၁ဝဝ မှာ နှစ်ဦးမှ ငါးဦးထိဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးရောဂါနဲ့တခြားပုံမှန်လူသားတစ်ဦးမှာဖြစ်တဲ့ သွေးတိုးရောဂါတို့ဟာ ကုသပုံမတူညီပါ။ ပုံမှန် လူ သားတစ်ဦးမှာအပေါ်သွေး ၁၄ဝ၊ အောက်သွေး ၉ဝ မီလီမီတာ ပြဒါးနဲ့အထက် မည်သည့်အခြေအနေကိုမဆို သွေး တိုးခြင်း လို့ခေါ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာတော့ ကိုယ်ဝန်ဆောင်သွေးပေါင်တိုင်းလိုက်တိုင်း ၁၄ဝ/၉ဝ မီလီမီတာ ပြဒါးထက်ကျော်တဲ့ မည်သည့် အခြေအနေမှာမဆို သွေးတိုးသတ်မှတ်ရင် ယင်းသွေးတိုးမှာ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါလို့ဆိုလိုပါတယ်။

ကိုယ်ဝန်ဆောင်ဘဝမှာ အမျိုးသမီး ဟော်မုန်းများလာသလို ဆီးထဲမှာအနည်ပါလာတယ်၊ တစ်ကိုယ်လုံး ဖော ရောင် တာ တွေ ကနေ ကိုယ်ဝန်ဆိပ်တက်လာပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ သွေးတိုးရောဂါကို ဆရာဝန်နဲ့ပြသပြီးကိုယ်ဝန်အပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် တစ် လျှောက်လုံးမှာသွေးတိုးရှိပြီဆိုရင်လနုစဉ်ရော၊ ကိုယ်ဝန်ဒုတိယကာလ၊ ကိုယ်ဝန်နောက်ဆုံးကာလမှာ ကိုယ် ဝန် ဆောင် ဗိုက်အပ်ဖို့လိုပါတယ်။

(၁)     ကိုယ်ဝန်ဆောင်သွေးတိုးကာလမှာ ဦးနှောက်ရောက်နိုင်တယ်။ ဦးနှောက်သွေးကြောပြတ်နိုင်တယ်။ အသက် ဆုံး ရှုံးနိုင်တယ်။ လေဖြတ်ပြီးတစ်သက်လုံးမစွမ်းမသန်ဖြစ်စေပါတယ်။

(၂)     သွေးတိုးသိပ်များလွန်းတဲ့အတွက် အဆုတ်မှာရေများလာမယ်။ အဆုတ်ရေမွန်းရောဂါပေါ့။သွေးတိုးကြောင့် နှလုံး ရုတ် တရက် အလုပ်မလုပ်တော့တဲ့ အတွက် ဆေးပညာအရ သွေးတိုးကြောင့် အဆုတ်မှာရေများလာရခြင်းပါပဲ။ အသက် အန္တ ရာယ်ဆုံးရှုံးသွားနိုင်တယ်။

(၃)     ကလေးတွေမှာ ''အာဒီအက် အသက်ရှူနှောင့်ယှက်''မှုကြောင့် အသက်ရှူကျပ်၊ အသက်ရှူ ရခက် တဲ့ အ ထိဖြစ် နိုင် တယ်။ လူကြီးအသက်ရှူရခက်တဲ့ရောဂါမျိုးပေါ့။(၄)       အသည်းအလုပ်မလုပ်နိုင်ခြင်း   အသည်း အလုပ်မလုပ်ခြင်း (Liver Failure) ဖြစ်ကာအားနည်းခြင်းသည် အသည်းအလုပ်မလုပ်ခြင်း (Liver Failure)ကို ဖြစ်စေပါတယ်။

(၅)     ကျောက်ကပ်တွေဟာ ကျောက်ကပ်သွေးလည်ပတ်စီးဆင်းတာ ချို့ယွင်းတာတို့ ကျောက်ကပ် အလုပ် မလုပ် တာ တို့ဖြစ်နိုင် တယ်။ ကျောက်ကပ်အလုပ်မလုပ်ရင်   ကျောက်ကပ်ပျက်စီးခြင်း (Renal Failure) ဖြစ်ကာ အသက်အန္တရာယ် ထိ ခိုက်နိုင်တယ်။

(၆)     ပြင်းထန်တဲ့သွေးတိုးဟာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးနဲ့ အလုပ်လုပ်နေတဲ့စနစ်တွေအားလုံးကို ပျက်ယွင်းသွားစေတယ်။သွေးမှာပါတဲ့ ဝတ္ထုပစ္စည်းတွေ၊ သွေးခဲစေတတ်တဲ့ ဓာတ်ပစ္စည်းတွေ၊ သွေးမှာပါတဲ့ အခြေခံ သွေးနီ ဥ၊ သွေးဖြူဥ၊ သွေးဥမွှား အစရှိတာတွေယောက်ယက်ခတ်ပြီး ကယောက်ကယက်ဖြစ်ကာသွေးမခဲတဲ့ ရောဂါဖြစ် လာ တယ်။ တစ် ကိုယ်လုံးအရေပြားအောက်မှာ သွေးဖြူဥတွေဥမယ်။

သွေးကြောငယ်လေးတွေကနေ သွေးတွေစိမ့်ထွက်မယ်။ နှာခေါင်းသွေးယိုမယ်။ သွားဖုံးသွေးထွက်မယ်။ အစာအိမ်တို့ အူ လမ်းကြောင်းတို့ကနေသွေးထွက်မယ်။ အတိုကောက် (DIC) သွေးမခဲရောဂါခေါ်တယ်။ တစ်ကိုယ်လုံးက သွေးခဲ တဲ့စ နစ် တွေပျက်စီးပြီး သွေးယိုစိမ့်တဲ့ရောဂါဖြစ်နိုင်ပါတယ်။

(၇)     သွေးတိုးရောဂါအရှိန်တက်လာလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျောက်ကပ်ပျက်စီးတယ်။
အသည်းချို့ယွင်းတယ်။ အသည်းမှာမလိုလားအပ်တဲ့ အင်ဇိုင်း ဓာတုပစ္စည်းတွေအများကြီးတက်လာပြီး ဖြစ်လာတယ်။ ကိုယ် ဝန်ဆောင်နောက်ဆက်တွဲဆိုးရွားလာတဲ့အန္တရာယ်ပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကိုလှဲအိပ်ခိုင်းပြီး သွေးပေါင်တိုင်းတာမျိုးလုပ်မရဘူး။ ကိုယ်ဝန်ဆောင်ကို လှဲအိပ်ခိုင်းလိုက်တဲ့အခါ ကိုယ် ဝန်ဆောင်ရဲ့ ကလေးရှိနေတဲ့ သားအိမ်ကြီးက သွေးပြန်ကြောကြီးကိုသွားဖိမိတယ်။ နှလုံးကိုပြန်ဝင် တဲ့သွေး နည်း သွား တဲ့ အခါ  သွေးတိုးကျနေတတ်လို့အခြေအနေမှန်မသိရဘူးဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့ စောစောစီးစီးကိုယ်ဝန်အပ်ရမယ်။ ကိုယ်ဝန်ဆိပ်တက်နာဖြစ်ဖို့အလား အလာရှိ တဲ့ အမျိုးသမီးတွေရှိကြပါတယ်။

(၁)     နဂိုကတည်းက ဗီဇအရ မိဘမျိုးရိုး သွေးတိုးရောဂါရှိတဲ့အမျိုးသမီးတွေ၊

(၂)  အကြောင်းအမျိုးမျိုးကြောင့် သွေး တိုးရောဂါဖြစ်နေတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကျောက်ကပ်ရောဂါကြောင့် အဖြစ်များတယ်။ တခြား ကိုယ် တွင်း အကျိတ် ဂလင်း ချို့ယွင်းတာကြောင့်သွေးတိုးရောဂါဖြစ်တဲ့အမျိုးသမီးတွေ၊

(၃)       အရင်ကိုယ်ဝန်မှာတုန်းက  သွးတိုး ရှိ တယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆိပ်တက်ခဲ့တယ်။ ဒုတိယကိုယ်ဝန်မှာ ပိုတက်လာဖို့များပါတယ်။

(၄)     သားဦးကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတွေ၊

(၅)     ကလေးငါးယောက်နဲ့အထက် ကိုယ်ဝန်ရှိနေချိန်မှာ  သွေးတိုးကတက်လာနိုင်တဲ့အတွက် အန္တရာယ်များ တဲ့အုပ်စု အ နေနဲ့ ပိုပြီးဂရုစိုက်သင့်ပါတယ်။မိခင်လောင်းဟာ အသက် ၁၈ နှစ် သားဦးကိုယ်ဝန်ရှိရင် ပိုပြီးသတိထားရပါမယ်။ အသက် အန္တရာယ်ကြီးတဲ့ မိခင်စာရင်းထဲမှာပါလို့ ယင်းလူနာတွေ ရိုးရိုးဆေးရုံမှာမတက်သင့်ပါဘူး။ သားဖွားမီး ယပ် အထူးကုရှိ တဲ့ ဆေးရုံမှာ ပြသဖို့လိုမယ်။ ခွဲစိတ်မွေးဖွားဖို့လိုတယ်။

ဆေးရုံရောက်ပြီဆိုရင် စားရမယ့်အစာ၊ သောက်ရမယ့်ဆေးတို့ကို စနစ်တကျမှန်မှန်ကန်ကန်ညွှန်ကြားပေးနိုင်သလို အထဲ က ကလေးနဲ့အချင်းကို ဘယ်လိုအနှောင့်အယှက်ပြုသလဲဆိုတာ တစ်ပတ် သို့မဟုတ် နှစ်ပတ်တစ်ခါ စစ်ဆေး တဲ့ နည်း တွေ နဲ့ စဉ်ဆက်မပြတ်စစ်ဆေးရမယ်။ သွေးဖိအားထိန်းဆေးပေးရမယ်။

ကိုယ်ဝန်ဆောင်ဘဝအသက်သမျှအရေးကြီးပါတယ်။ ဆေးရုံရောက်ပြီဆိုရင် စားရမယ့်အစားအစာ၊ သောက် ရမယ့် ဆေး တွေ စနစ်တကျမှန်မှန်ကန်ကန်ညွှန်ကြားပေးနိုင်သလို အထဲက ကလေးကို လနုစဉ်ကစပြီး မွေးတဲ့အထိ သွေးတို့က က လေး ရဲ့အချင်းကိုဘယ်လိုသွားနှောင့်ယှက်နေသလဲသိရအောင် တစ်ပတ်တစ်ခါ၊နှစ်ပတ်တစ်ခါ စစ်ဆေးတဲ့နည်းတွေနဲ့ စဉ်ဆက်မပြတ်စစ်ဆေးနိုင်ပါတယ်။ အာထရာဆောင်း(တီဗွီ-ဓာတ်မှန်)ရိုက်တာ၊ ဆီးစစ်၊ သွေးစစ်တာတွေ လုပ်ရိုး လုပ် စဉ်အတိုင်းကုသမယ်ဆိုရင် ကိုယ်ဝန်ဆိပ်တက်ရောဂါတို့၊ကိုယ်ဝန်ဆိပ်တက်နာတို့ နောက်ဆက်တွဲပြဿနာများပါတယ်။ တချို့ အချင်းရှေ့ရောက်တာ၊ အချင်းကြိုး ကလေးလည်ပင်းပတ်တာတို့ ကြိုတင်သိရှိနိုင်တဲ့အခါအထူးကုဆရာဝန်ရှိတဲ့ မြို့ ကြီး တွေဆီ အရောက်ကုသ နိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ရှိလာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာမ၊ ဆရာဝန်  သို့မဟုတ်  ဒေသန္တရဆီစောစောစီးစီးသွား ပြပြီးပြ သရ မှာဖြစ်တယ်။ ဆရာဝန်ညွှန်တဲ့ ပါရဂူညွှန်တဲ့ဆေးဝါးတွေ သောက်သုံးရပါတယ်။

''ယောက်ျားဖောင်စီး မိန်းမမီးနေ''ဆိုသလို ကိုယ်ဝန်ဆောင်ကာလ သင်္ချိုင်းမျက်စောင်းထိုးတဲ့ကာလတွေမှာ အာဟာ ရချို့ တဲ့ခြင်း၊ သွေးအားနည်းခြင်းတို့ကြောင့် အချိန်မတိုင်မီ  မီးဖွားခြင်း၊  အချင်းမကျခြင်းတွေဟာ မိခင်အသက်စိုးရိမ်ရသလို၊ က လေး ပေါင်မပြည့်၊ လမစေ့မွေးခြင်း၊ ကလေးအသေများခြင်း၊ ကလေးလျောမွေးခြင်းများဖြစ်နိုင်ပါတယ်။

သွေးတိုးရာဇဝင်ရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ပါက သတိထားဖို့လိုအပ်ပါတယ်။ ဆရာဝန်က တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခေါ်ဆိုတဲ့အကြိမ်တိုင်းသွားရောက်ပြသသင့်ပါတယ်။ သွေးတိုးရောဂါနှင့် လူနာတွေအနေနဲ့ ဆေး ရုံဆေး ခန်း၊ ဆရာဝန်တို့နဲ့ အလှမ်းဝေးဝေးနေဖို့မသင့်ဘဲ သွေးပေါင်ချိန်တက်ပြီး ခံစားရပါက၊ တစ်ကိုယ် လုံးဖော ရောင် ပါက၊ ခေါင်းမူးခေါင်းထိုးပါက၊ ဆီးနည်းသွားပါက မိသားစုဆရာဝန်နဲ့ ပြသဖို့လိုအပ်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးကုသဆေးဟာ လူ့အသက်နဲ့ဆက်နွှယ်လို့ လူတစ်ဦးချင်းစီကုသတဲ့သွေးတိုးကျဆေးနဲ့ အနည်း ငယ် ကွဲလွဲနိုင်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်ခြင်း၊ ပုံမှန်ဆေးသောက်ခြင်းအပြင် ငန်တဲ့အစားအစာ၊ ငါးပိ၊ငါးခြောက်၊ ငံပြာ ရည်၊ အချိုမှုန့်၊ ကြက်သားမှုန့်တို့လုံးဝရှောင်ရှားဖို့လိုအပ်လှပါတယ်။

တချို့က အငန်မစားဘူးဆိုပြီး အရပ်ထဲအချိုမှုန့်များတဲ့ မုန့်ဟင်းခါးဝယ်စားနေ သူတွေဟာ သွေးတိုးရောဂါနဲ့ မကိုက်ပါ ဘူး။ ရှောင်ကြဉ်ကြ ရပါမယ်။ ကိုယ်ဝန်ရှိစဉ်သွေးတိုးတဲ့အခါ နဂိုကဆေးတစ်မျိုး သွေးထိန်းဆေး တချို့သောက်နေ ရာကနေ နှစ်မျိုး၊ သုံးမျိုးထိ သောက်ကြရပါတယ်။ မွေးရာပါသွေးတိုးရောဂါဆိုရင် ဆေးပမာဏပိုပြီးသောက်ကြရပါတယ်။ ကိုယ် ဝန်ဆောင် ကာလ သွေးတိုးရောဂါကိုရှောင်ရှားနိုင်ခြင်းဖြင့် အသက်အန္တရာယ်ကင်းတဲ့ မီးဖွားခြင်းကို ရယူနိုင်ကြ ပါစေ ကြောင်း တင်ပြ လိုက်ပါတယ်။      ။

Credit: မြ၀တီသတင်းစာ

Wednesday, November 23, 2016

Sexual Harassment on the Buses စသည့် ရုပ်သံသတင်း

သဘောင်္သား "ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်" များနှင့် အလိမ်အညာသံသရာ



ဆိပ်ကမ်းကနေ ကုန်ပစ္စည်းထုတ်တဲ့ စနစ်သစ်မှာ ဘာပြသနာဖြစ်နေလဲ

အစုအပြုံလိုက် သရဲသစ္ဆေပူးတာ ဘာကြောင့်လဲ




Sexual Harassment on the Buses



တက္ကစီစီးတဲ့အမျိုးသမီးတွေ ဘာကိုသတိထားရမလဲ


Creditwww.mizzimaburmese.com

Tuesday, November 22, 2016

How to lose stubborn fat?

ဗိုက်ခေါက်အဆီ လက်တွေ့ကျကျ ချနည်း
(How to lose stubborn fat)


ဘယ်တစ်ယောက်များ ချရသိပ်ခက်တဲ့ ဗိုက်က တာယာပတ်၊ ဗိုက်ခေါက်ကို မချချင်သူ ရှိမလဲ။ဒါပေမယ့်လဲ နောက်ဆုံး ကျန်ခဲ့တဲ့ ဗိုက်အဆီဟာ ချလို့ကလဲမလွယ်၊ ကြိုးစား အဆီချလိုက်ရင်လဲ လူသာပိန်ကျသွားတယ်၊ ဗိုက်လုံးလေး ကျန်ခဲ့ရင်း ငပိန်ဗိုက်ပူ Skinny fat ဖြစ်သွားတတ်တာလဲ ခဏခဏပဲ မဟုတ်လား။

ဒီလိုချရခက်တဲ့၊ ခေါင်းသိပ်မာတဲ့ ဗိုက်အဆီကို ဘယ်လိုနည်းလမ်းတွေနဲ့ ချမလဲ ???

အိပ်ထမတင်တွေ၊ သံပုရာရည်တွေ၊ ခါးလှည့်တာတွေ စသဖြင့် ဘယ်လိုပဲ Onlineတွေ၊ Page တွေမှာ ပြောကြပြောကြ ဒါတွေဟာလဲ အဆင်မပြေခဲ့တာ အမှန်။ သတင်းမမှန်၊ အသိမမှန်ရင် ချဖို့မလွယ်ပဲ တဝဲလည်လည် ဖြစ်ဖို့သာများသည်။ ဖြစ်နေတာများသည်။ ရန်သူဆိုရင်တောင် ရန်သူ့ အကြောင်းနားလည်ဖို့ လိုသေးတယ် မဟုတ်လား။ ဒါ့ကြောင့်ပဲ ခေါင်းမာတဲ့ အဆီဟာ ဘာ့ကြောင့် ခေါင်းမာသလဲ၊ ဘယ်လိုနည်းတွေနဲ့ လုပ်ရင် ကျနိုင်သလဲ၊ ဘာ့ကြောင့်လဲ စသဖြင့် နားလည်နိုင်၊ လိုက်လုပ်နိုင်ဖို့ နည်းလမ်းတွေ ဝေမျှလိုက်ပါတယ်။ လွယ်ကူရင် လူကြိုက်တာမှန်ပေမယ့်လဲ လက်တွေ့ကျဖို့သာ အဓိကမို့ ထုံးစံအတိုင်း ဆန်းစစ်ကြည့်လိုက်ရအောင်။

ပထမအနေနဲ့ ဒီဆောင်းပါးမှာ ပြောမယ့် ဗိုက်ခေါက်အဆီဆိုတာ ဝတဲ့ သူတွေမှာ အများကြီးရှိနေသေးတဲ့ အဆီ အတွက် ပြောနေတာမဟုတ်။ ပိန်သင့်သလောက် ပိန်နေပေမယ့် ကျန်နေရစ်တဲ့ ချရခက်တဲ့ အဆီကို ဘယ်လိုနည်းတွေနဲ့ ချနိုင်သလဲဆိုတာကို ပြောမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝနေသေးပြီး လက်ရှိ အဆီချနေတဲ့ လူတွေအတွက်လဲ သိသင့်တဲ့၊အဖိုးတန်တဲ့ အချက်တွေပါတာမို့ ဆက်ဖတ်နိုင်ပါတယ်။

ဗိုက်က အဆီချဖို့ကြိုးစားမယ် ပြောလို့ နေရာကွက်ပြီး အဆီချနိုင်ပါတယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။  (အမှန်က နေရာကွက် အဆီချရင် ကျနိုင်ပေမယ့် လုံးဝမသိသာတဲ့ ပမာဏဖြစ်လို့ မဖြစ်နိုင်ဘူးဆိုတာပါ၊စကားကပ်ပြောချင်သူများအတွက် ကြိုပြောထားတာ၊ အကျယ်တော့ ရှင်းမပြတော့ဘူးနော်) နေရာကွက် အဆီချဖို့ ကြိုးစားနေရင် အကျိုးမရှိဘူး ဆိုချင်တာပါ။ ဒါ့ကြောင့်လဲ ခါးဘေးက အဆီကျချင်ရင် ခါးလှည့်ပါ၊ အလေးတုံး ကိုင်ပြီး ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပါ စသဖြင့် ပြောလာခဲ့တဲ့ ဆောင်းပါးပဲဖြစ်ဖြစ် တွေ့ရင် ဆက်မဖတ်ပါနဲ့။ အကျိုးမရှိတဲ့ ဗဟုသုတဟာ အချိန်ကုန်စေရုံတင်မဟုတ် အမှားကြီးရင် ကြီးသလောက် ဒါဏ်ပါ ဖြစ်စေတတ်တယ် မဟုတ်လား။

ဟုတ်ပြီ၊ ဒါဆို ဗိုက်ကအဆီကို နေရာကွက်ချမယ်ပြောသလဲ ?? တကယ်တော့ ဗိုက်က အဆီဆိုတာ အကြမ်းဖျင်းပြောတာသာဖြစ်ပြီး ချရခက်တဲ့၊ ကျမလွယ်တဲ့ အဆီဆိုရင် ပိုမှန်ပါမယ်။ ယောင်္ကျားလေး တော်တော်များများအတွက် ခေါင်းမာတဲ့ အဆီဟာ ဗိုက်ဘေးသား တစ်ဝိုက်ဖြစ်ပြီး တစ်ချို့ မိန်းကလေးတွေအတွက်တော့ တင်ပါး၊ ပေါင်၊ လက် စသဖြင့် ဖြစ်တတ်ပါတယ်။ ဆိုလိုရင်းက လူတော်တော်ပိန်နေပေမယ့် တစ်ချို့အစိတ်အပိုင်းက အဆီကို ချမရဖြစ်နေတတ်တဲ့ လူတွေ အတွက် ဒီဆောင်းပါးက လမ်းညွှန်ပေးမယ်လို့ ဆိုလိုတာပါ။

-Why stubborn fat is stubborn?-
ဘာလို့ ချရခက်တဲ့အဆီက တစ်ခြား အဆီတွေနဲ့ မတူ ချရသိပ်ခက်တာလဲ။

ဒီလိုချရခက်တဲ့ အဆီကို ချဖို့ဆိုရင် Dieting နဲ့ Exercise ဗဟုသုတက အရေးကြီးပါတယ်။ နေရာကွက် အဆီချတာက မဖြစ်နိုင်ပေမယ့် ကျရခက်တဲ့ အဆီကို ချတာကတော့ ဖြစ်နိုင်ရုံတင်မက အောင်မြင်သွားတဲ့ လူတွေလဲ အများကြီးပါ။ ဒါပေမယ့် ဘာ့ကြောင့် ဘာကို လုပ်နေတာပါလဲဆိုတာတော့ သိဖို့လိုတာပေါ့။

အရင်ဆုံးသိသင့်တာက ဒီချရခက်တဲ့ အဆီဟာ သာမန် အဆီနဲ့ မတူပါဘူး။ ဥပမာ သာမန်အဆီ ဆိုတာမျိုးကို တခြား အတွင်း အစိတ်အပိုင်းတွေ (နှလုံး  စသည်) မှာ ရှိကြပြီး ချရခက်တဲ့ အဆီဆိုတာမျိုးက အရေပြားနဲ့ တွဲလျက်အဆီဖြစ်တတ်ပါတယ်။ အဆီ ပုံစံချင်းလဲ မတူပါဘူး။ မတူလဲဆိုတာကို အကြမ်းဖျင်းနားလည်ဖို့ အတိုရှင်းပြပါမယ်။ အရှည်ကတော့ သိဖို့မလိုသလို အနည်းငယ်လဲ နားရှုပ်သွားနိုင်တာမို့ ချန်လိုက်ရပါကြောင်း။

-ခန္ဓာကိုယ်အတွင်း အဆီလောင်ကျွမ်းပုံ-

အဆီချဖို့ လုပ်နေသူအတွက် အဆီဘာ့ကြောင့် ကျလဲဆိုတာ သိဖို့လိုပါတယ်။ အရင်ဆောင်းပါးတွေမှာ ပြောခဲ့သလို လှုပ်ရှားတဲ့အခါမှာ သွေးလည်ပတ်ဖို့၊ ဓာတ်ပြုဖို့ နှလုံးက စွမ်းအင်လိုအပ်တယ်၊ ဒီစွမ်းအင်ကို အစာ၊ အဆီ၊ ကြွက်သားတွေဆီက ယူတယ် စသဖြင့် ပြောခဲ့ပြီးပါပြီ။ ဒီဖြစ်စဉ်ဟာ ပုံမှန်အဆီအတွက် လုံလောက်ပေမယ့် အခုပြောမယ့် Stubborn fat အတွက်က မလုံလောက်ပါဘူး။ ဒါ့ထက်ပိုပြီး အသေးစိတ်သိဖို့ အနည်းငယ် လိုအပ်လာပါပြီ။

အဆီဆိုတာ အိတ်လေးတွေပုံရှိတဲ့ Fat cell ဆိုပါစို့။ ဒီအဆီကို ကျဖို့ဆိုရင် အဆီဟာ Fat cell ကနေ တစ်ခြား ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ Cell ဆီသွားမယ်၊ ပြီးရင် အဲဒီမှာဖြိုခွဲယူသုံးမယ်၊ ဒီလိုနဲ့ အဆီကျမယ်ပေါ့။

ဒီနေရာမှာ Fat cell ကနေ တခြားတစ်နေရာကို အဆီသွားဖို့အတွက် သွေးလည်ပတ်မှုလိုပါတယ်။ လွယ်လွယ်ပြောရရင် Tissues တစ်ခုနဲ့ တစ်ခုကြား အဆီအတွက်Transportation လိုတယ်ပေါ့။ ဒီ Transportation system ကောင်းလေ၊ အဆီကျဖို့ ပိုလွယ်လေလို့ မှတ်ပါ။

အဲဒီ Transportation system ရဲ့ ဇာတ်လိုက် ဟော်မုန်း ၂ခုက Noradrenaline နဲ့ Adrenaline ဖြစ်ပြီး ဒီ ဟော်မုန်း နှစ်ခုဟာ Alpha နဲ့ Beta လို့ ခေါ်တဲ့ အဆီသယ်ယူပို့ဆောင်ရေး System ကို ဖြစ်စေပါတယ်။ Alpha နဲ့ Beta အလုပ်ကပဲ အဆီကို Fat cells ကနေ တခြားနေရာမှာ သုံးဖို့ပါ။ Alpha က အဆီသယ်တာကို နှေးစေပြီး Beta က အဆီသယ်တာကို မြန်စေတယ်။ အလွယ်အနေနဲ့ Alpha များစေတဲ့ အရာတွေဟာ အဆီကျဖို့ မကောင်းဘူး မှတ်ပြီး Beta များစေတဲ့ အရာတွေဟာ ကောင်းတယ် စသဖြင့် သိရင်လုံလောက်ပါပြီ။

ဒါဆို ချရခက်တဲ့ အဆီဟာ Alpha များနေတယ် သိပြီဆိုပါစို့။ Alpha များတာကို တစ်နည်း အလွယ်ပြောရရင် ကားလမ်းကျပ်တယ်လို့ ပြောရမှာပဲ။ Fat cells ကို သယ်လာတဲ့ကားဟာ နေရာရွေ့လို့မရ၊ လမ်းပိတ်ပြီး အိမ်နားကနေကို မကျော်နိုင်သေး ဆိုတာမျိုး။ ဒါဟာ ချရခက်ခြင်းရဲ့ ပထမ အကြောင်းပြချက်။

နောက်တစ်ခု ဖြစ်နိုင်တာကတော့ Stubborn fat ရှိတဲ့ နေရာတွေဟာ အပူဓာတ်ရဖို့ ခက်တာပါပဲ။ ပင်မကျောရိုးနဲ့ နီးလေ ကိုယ်တွင်း အပူဓာတ်ကောင်းလေဖြစ်ပြီး ခါးဘေးသား၊ တင်ပါး စသဖြင့်ဟာ ပင်မနဲ့ အဝေးကွာဆုံးနေရာမှာ ရှိပါတယ်။ ဝေးလေ၊ အနွေးဓာတ် သိပ်မရလေ၊ Fat cells တွေကြား သွေးလည်ပတ်မှု မကောင်းလေ၊ အဆီကျသွားဖို့ ခက်လေ၊ ဒီလိုကျတော့လဲ ရှင်းရှင်းလေး မဟုတ်လား။

ဒါ့ကြောင့်လဲ အပူခန်းတွေ၊ ချွေးထုတ်ခန်းတွေ (Sauna) စသဖြင့်သွားပြီး အဆီချဖို့ ကြိုးစားတာတွေ ရှိလာတာပါပဲ။ အထိရောက်ဆုံးနည်း မဟုတ်ပေမယ့် မှားတယ်လို့ မဆိုနိုင်ပါဘူး။ အနည်းဆုံး မသွားနိုင်လဲ ရေပူ ရေနွေးနဲ့ ချိုးပေါ့ဗျား။

ဒါဆို ပြန်ချုပ်ရင် Alpha များတဲ့ နေရာပတ်လည်ဟာ သွေးလည်ပတ်မှု မကောင်းလို့ အဆီကျဖို့ ခက်တယ်၊ ဒါ့ကြောင့် Alpha များစေမယ့် လုပ်ရပ်တွေကို ရှောင်ရမယ်ပေါ့။ ဒီလောက် ကိုယ့်ရန်သူကို နားလည်ရင် ဘယ်လို ရန်သူကို တိုက်နိုင်လဲဆိုတာ စလိုက်ကြရအောင်။

- ချရခက်တဲ့ အဆီကို ချဖို့ နည်းလမ်းများ-

၁။ Diet မလုပ်ပါနဲ့။
၂။ Diet လှည့်ကွက်သုံးပါ။
၃။ အချိန်ကိုက် အကျိုးရှိအောင် လုပ်ပါ။

၁။ Diet မလုပ်ပါနဲ့

ဟိုက်၊ ဘာတုန်းဟ လို့ အတွေးမစောပါနဲ့။ Diet ဆိုတာ ဘာ Diet ကိုဆိုလိုလဲ အရင်ကြည့်ကြစို့။

Diet - ခန္ဓာကိုယ်အလေးချိန်ကျဖို့် အစာစွမ်းအင် လျှော့စားခြင်း။

တစ်နည်းပြောရရင် သုံးတဲ့ စွမ်းအင် အထွက်ထပ် ဝင်တဲ့ အစာစွမ်းအင်ကို လျှော့စားခြင်းပေါ့။ စွမ်းအင်မလုံလောက်လေ၊ အဆီကျလေ သဘောကို ယူတယ်ပဲ ပြောရမှာပဲ။ ဒီလိုလုပ်လို့ အဆီမကျဘူးလား မေးရင် ကျတယ်၊ဒါပေမယ့် ချရခက်တဲ့ ဗိုက်ခေါက်ကို မကျစေဘူး လို့ဖြေရပါမယ်။ မှန်မမှန် သိချင်ရင် Diet လုပ်ပြီး အစာလျှော့စားတဲ့ လူတွေကို ကြည့်၊ ဗိုက်ချပ်ရပ်နေတာများ တွေ့ပါလားလို့။

Diet အကြောင်းပြောရင်၊ ဘက်ပေါင်းစုံက စဉ်းစားမယ်ဆိုရင် ပြောမကုန်၊ ရေးမကုန်ပါဘူး။ တစ်ချို့ အကြောင်းအရာတွေ တော်တော်များများဟာ Online မှာ Fancy share တဲ့ Page တွေမှာ ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်သလို၊ Trainer အချို့တောင် သိမိမယ် မထင်ပါဘူး။ ဒီလောက်များပြားပေမယ့်လဲ အခုပြောမယ့် တစ်ချက်က အရေးပါတာကြောင့် ဒါလေးသိရင်ပဲ အတော်ခရီးရောက်နိုင်မှာ ဖြစ်ပါတယ်။

- ဘာ့ကြောင့် Diet မလုပ်ရသလဲ-

အစာလျှော့ပြီး လေ့ကျင့်ခန်းလုပ်မယ်။ ဒီလိုလူတွေဆီက အများဆုံးကြားရမှာကတော့

" အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း မူးသလိုလို"
"အစပိုင်း အလေးချိန်ကျပေမယ့် နောက်ပိုင်း သိပ်မထူးတော့ဘူး "
"ညပိုင်း အစာမစားတော့ အိပ်မပျော်ဘူး " စသည် စသည်။

ဒါအားလုံးရဲ့ နောက်ကွယ်မှာ သိပ္ပံနည်းကျ အဖြေဆိုတာ ရှိပါတယ်။ မမေ့ပါနဲ့၊ Fitness ဆိုတာ မြန်မာပြည်မှာ အခုမှ စလိုက်စားတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝန်းမှာ ပိုက်ဆံပေါင်းများစွာသုံးပြီး သုတေသန ပြုထားပြီး၊ ပြုနေဆဲဆိုတာကိုပါပဲ။

အစာလျှော့ပြီး လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ အလွယ်ပြောရရင် ခန္ဓာကိုယ်က ငတ်တဲ့ အဆင့်ကို ရောက်သွားတယ် ဆိုပါစို့။ တစ်ရက် ငတ်မလား၊ တစ်ပတ်ငတ်မလား၊ ငတ်ရင် အဆီကနေယူပြီး အဆီကျစေမယ်။ ပြသနာမရှိ။ ဒါပေမယ့် တစ်ပတ်ကနေ နှစ်ပတ်ဖြစ်လာရင် ပြသနာစရှိလာပါပြီ။ ဘာ့ကြောင့်လဲ ??

ခန္ဓာကိုယ် တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံဟာ အပြင်လောကမှာ တီထွင်ထားတဲ့ ဘယ်စက်ထက်မဆို အဆင့်မြင့်ပါတယ်။ ငတ်လာတာ ကြာလာတဲ့အခါမှာ အစာခြေတဲ့ System ကို အမိန့်စာ ရောက်လာတယ် ဆိုပါစို့။

"တစ်နေ့တစ်နေ့ ထောက်ပံ့ငွေမလောက်ဘူး။ နဂို ၂ထောင်ဖိုး ပေးတာကနေ၊ အခု ၁ထောင်ဖိုးပဲ ပေးတော့တယ်။ ဒါ့ကြောင့် အရင်လို ၂ထောင်ဖိုးမလုပ်နဲ့၊ ၁ထောင်ဖိုးပဲ လုပ်တော့"

ဒီလိုအချိန်မှာ ဘာဖြစ်လာလဲဆိုရင် အရင်အစမှာ ၁ထောင် လျှော့လိုက်ပေမယ့် အဆီမှ ချေးငှါးလုပ်သေးတယ်၊ ဒါပေမယ့်၂ပတ်လောက်ကြာတော့ ချေးငှါးလို့ အဆင်မပြေတော့ဘူး၊ ရှိတာနဲ့ပဲ နေတော့မယ် ဆိုတာမျိုး ဖြစ်လာတာပါပဲ။ ဒါနဲ့ပဲ အလေးချိန် မကျပဲ တန့်သွားတော့တာပါပဲ။ နောက်တစ်ခုက အစာလျှော့စားလေ ဟိုးအပေါ်က ပြောခဲ့တဲ့ Alpha တွေ များလာတတ်လေကြောင့်လဲ ကြာရင် ချရခက်လာတတ်တယ် ဆိုရမှာပါပဲ။

နောက်တစ်ချက်က Diet လုပ်စဉ် လုံလောက်အောင် မစားရတော့ အမြဲဗိုက်ဆာတတ်တာပါပဲ။ သင် ဘယ်လောက် အငတ်ခံနိုင်မလဲ။ တစ်လ၊ နှစ်လ ?? Bodybuilding ဒါမှမဟုတ် ကျန်းမာအောင် နေထိုင်တယ်ဆိုတာ တစ်ဘဝလုံးသွားသင့်တဲ့ အရာမျိုးပါ။ ကျန်းမာချင်သူက တစ်လထဲ ကောင်းကောင်းနေပြီး နောင် နှစ် ၂၀ပျက်စီးနေလို့ မရပါဘူး။ ဒါ့ကြောင့် ရေရှည် ဖြစ်နိုင်မယ့် လမ်းမဟုတ်ရင် အောင်မြင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အငတ်ခံ တစ်လ၊ နှစ်လ အဆီချတဲ့သူဟာ ပြန်စားဖြစ်မှာပါပဲ။ မြေကြီးလက်ခတ်ရင်သာလွဲမယ်၊ ပြန်စားဖြစ်ရင် ဟိုးအရင် စားခဲ့တာထက်တောင် များတတ်ပါတယ်။ ဒါနဲ့ပဲ ကျခဲ့တဲ့ အဆီနည်းနည်းနေရာမှာ အများကြီးပြန်ဝလာ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗိုက်ခေါက်ကျရေးဟာလဲ အိပ်မက်လေးပါပဲ ဖြစ်သွားတော့တာပဲဟုတ်။ ဒါ့ကြောင့် အစာလျှော့ပြီး လေ့ကျင့်ခန်း ရေရှည်လုပ်တဲ့ အကျင့်ကို ရှောင်ပါ။

၂။ Diet လှည့်ကွက်သုံးပါ။

Dieting မအောင်မြင်ရတာ အဓိကက ခန္ဓာကိုယ်က ရိပ်မိသွားလို့ ဆိုရမှာပါပဲ။ အဆီက မကျတာမဟုတ်။ အစပိုင်း မရိပ်မိခင်မှာ ကျတယ်၊ ခက်တာက ခန္ဓာကိုယ် ရိပ်မိသွားပြီး ချိန်ညှိလိုက်တဲ့အခါမှာ တန့်သွားတာဟုတ်။

ဒါဆို အကောင်းဆုံးနည်းက ခန္ဓာကိုယ်ဆိုတဲ့ ငနဲသား မရိပ်မိအောင် လုပ်ဖို့ပါပဲ။ ဒီမှာပဲ ၂နည်းထွက်လာတယ် ဆိုပါစို့။

-အစာလျှော့၊ လှုပ်ရှားလေ့ကျင့်တာလျှော့-

Diet လုပ်ပြီး လေ့ကျင့်ခန်း အပျော့စားလုပ်တဲ့သဘော။ အပျော့စားဆိုတာ မိနစ် ၂၀လောက် ပြေးတာ၊ ကြိုးခုန်တာ၊ကြက်တောင်ရိုက်၊ တအားဝသူဆို လမ်းလျှောက်တာ၊ Page ထဲက အဆီချ video အတိုင်း လုပ်တာ စသဖြင့် ကိုဆိုလိုပါတယ်။ အိမ်မှာဆိုလဲ ၁၅မိနစ်လောက် Cardio/Bodyweight လုပ်တယ်ပေါ့။

ဒီလိုလုပ်ပြီး အစာလျှော့စားတာက Dieting နဲ့ တူတူပါပဲ။ ရေတိုမှာ စွမ်းအင်မလောက်လို့ အဆီကချမယ်။ ဒါပါပဲ။ ဒါပေမယ့် ရေတိုပဲလုပ်ပါ။ လျှော့စား၊ လျှော့လုပ်လို့ အတိုမှတ်ထားပါ။

-အစာများစား၊ လေ့ကျင့်ခန်းပိုလုပ်-

အစာများစားတယ်ဆိုတာ ကျန်းမာရေးနဲ့ မညီတဲ့၊ ဝစေမယ့် အစာတွေ စွပ်စားလို့ မပြောပါဘူး။ ကျန်းမာရေးနဲ့ညီတဲ့၊ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ အစာတွေလို့ ပြောတာဖြစ်ပါတယ်။ လုံလောက်အောင် များများစားပါလို့ ဆိုလိုပြီး ပိုလျှံအဆီထွက်အောင် စားပါလို့ မပြောပါ။ (ကောင်းမွန်သော အစားအစာ link ကို comment မှာကြည့်ပြီး မှီးနိုင်ပါတယ်)

လေ့ကျင့်ခန်းတွေက အလေးမတာ၊ Bodyweight ဒိုက်ထိုး၊ အိပ်ထမတင်၊ အလေးကိုင် ထိုင်ထ၊ အလေးမပါ ထိုင်ထ၊ ဒါမှမဟုတ် အပေါ်မှာပြောတဲ့ လျှော့လုပ်ပါဆိုတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပိုကြာကြာ၊ ပိုပြင်းပြင်းထန်ထန်လုပ်ပါ။

ဒီလို ပိုစား၊ပိုလုပ်ရင် ဘာဖြစ်သလဲဆိုတော့ လေ့ကျင့်ခန်း ကြောင့် ကြွက်သားအသစ်တည်ဆောက်တဲ့အခါ စွမ်းအင်လုံလောက်အောင်ရမယ်။ ခန္ဓာကိုယ်လဲ စိတ်ချမ်းသာပြီး လျှော့စား၊ လျှော့လုပ်တုန်းက စိတ်ညစ်ခဲ့သမျှတွေကို မေ့ပျောက်သွားမယ်။ တစ်ချက်ခုန် နှစ်ချက်ပျက်မို့ Dieting လှည့်ကွက်လို့ ခေါ်တာပါပဲ။ လုပ်တဲ့လူ ကိုယ်တိုင်လဲ ကောင်းကောင်းပြန်စားရတာမို့ စိတ်ချမ်းသာမှာပဲဟုတ်။

ဒီ လျှော့စား လျှော့လုပ် နဲ့ ပိုစား ပိုလုပ်နည်းကို နှစ်ရက်ခြား တစ်ခါ ပြောင်းနိုင်သလို၊ တစ်ပတ်ခြားတစ်ခါလဲ ပြောင်းနိုင်ပါတယ်။ အလွယ်ပြောရရင် လေ့ကျင့်ခန်း မလုပ်နိုင်တဲ့ ရက်၊ Gym မသွားနိုင်တဲ့ရက် လျှော့စား၊ လုပ်တာများတဲ့ရက် ပိုစားပေါ့။

လေ့ကျင့်ခန်း မလုပ်တဲ့ရက် မများစေနဲ့၊ ပိုစား ရက်မှာ လုံလောက်အောင်ထက် အများကြီး ပိုမစားနဲ့။ ဒါသိရင် သင့်ဗိုက်ကြာကြာ မခံပါဘူး။

၃။ အချိန်ကိုက် အကျိုးရှိအောင်လုပ်ပါ။

ဗိုက်ခေါက်ကို အနိုင်ယူတဲ့အခါ ပိုလွယ်အောင် အချိန်ကို အသုံးချနိုင်ပါတယ်။

အရင်ဆုံး ပိုစား၊ ပိုလုပ်ရက်မှာ လေ့ကျင့်ခန်း လုပ်ပြီးပြီဆိုပါစို့။ နောက်တစ်ရက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ် မရှိရင် လျှော့စား လျှော့လုပ် နေမယ်ပေါ့။

ဒီအချိန်မှာ မနေ့က လုပ်ထားတဲ့ လေ့ကျင့်ခန်း အရှိန်ကြောင့် အဆီတွေလောင်ကျွမ်းနေအုန်းမှာပဲ။ ဒါကို အကျိုးရှိအောင် သုံးဖို့ဆိုရင် လျှော့စားတဲ့ရက်မှာ အစာ စွမ်းအင်လျော့စေဖို့ ကြိုးစားနိုင်သလို အစာခြေဖျက်အား မြန်ဖို့လဲ ကြိုးစားနိုင်ပါတယ်။

အစာစွမ်းအင်လျှော့ဖို့က နေ့စဉ်စားနေကျထဲက စွမ်းအင်များပြီး အဆီပိုစေမယ့် ထမင်းကိုလျှော့၊ ထမင်းအစား အရွက်၊ အသားပိုစားလုပ်နိုင်ပါတယ်။ အစာခြေဖျက်အားကောင်းစေချင်ရင်တော့ Green tea၊ လက်ဖက်ခြောက်ရည်၊ သံပုရာရည် စသည်တို့ သောက်ပြီး ပိုမို အစာခြေမြန်စေနိုင်ပါတယ်။

အကြမ်းဖျင်း အကုန်ခြုံပြောရရင်

- နေရာကွက် အဆီချလို့မရပါဘူး။
- လူပိန်ပေမယ့် ချရခက်တဲ့ အဆီဟာ သာမန် အဆီတွေနဲ့ မတူပါဘူး။
- ချွေးထုတ်ခန်း၊ ရေပူရေနွေးနဲ့ ချိုးတာဟာ အဆီကျဖို့ အနည်းငယ် (ထောက်ပံ့တယ်ဆိုပိုမှန်) ဖြစ်စေပါတယ်။
- Dieting ရေရှည် မလုပ်ပါနဲ့။
- လျှော့စား လျှော့လုပ်၊ ပိုစားပိုလုပ် နည်းကိုသုံးပါ။
- လျှော့စား လျှော့လုပ်၊ ပိုစားပိုလုပ်တဲ့အခါ ရက်အပေါ် မူတည်ပြီး အစာကို အသုံးချပါ။
- အဝလွန်သူများလဲ ချရခက်တဲ့ အဆီမဟုတ်သေးပေမယ့် ချရလွယ်တဲ့ အဆီကို ချဖို့ကြိုးစားချင်ရင် ဒီနည်းအတိုင်း လိုက်လုပ်နိုင်ပါတယ်။

ဒါပါပဲ။ ခေါင်းမာတဲ့ အရှုံးပေးခက်တဲ့ ရန်သူကို ရင်ဆိုင်ရာမှာ စနစ်တကျ နည်းတွေ လိုပါတယ်။ လက်တွေ့မကျ ဟိုယောင် ဒီယောင် စမ်းရင်း လုပ်နေတာထက်စာရင် လက်တွေ့ကျကျလုပ်မှသာ ရလဒ်ကို ရရှိနိုင်မှာဟုတ်။

ဒီနည်းလေးတွေကို လုပ်နေကျနည်းလေးတွေမှာ ပေါင်းထည့်ပြီး လုပ်ရင်း ဗိုက်ချပ်နိုင်ကြပါစေ။

Credit: Golden Dream

Monday, November 21, 2016

စိုက်/မွေး ဒုဝန်ကြီး ရဲ့ ရုပ်သံသတင်းအချို့

ကျနော့်အတွက်ကတော့ ရှော့ဖြစ်တာပေါ့ – တာဝန်မှရပ်စဲခံရသည့် စိုက်/မွေးဒုဝန်ကြီး 


နုတ်ထွက်စာတင်ဖို့ ဦးဝင်းထိန်က လာပြောတယ် – တာဝန်မှရပ်စဲခံရသည့် စိုက်/မွေးဒုဝန်ကြီး


ဘာကြောင့် အလုပ်ထုတ်ပယ်ခံရသလဲ

#ရုပ်သံသတင်း

Sunday, November 20, 2016

HOW MUCH DO YOU KNOW ABOUT BLOOD TYPES


သွေးအမျိုးအစားအကြောင်း သင်ဘယ်လောက်သိသလဲ

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

ခန္ဓာကိုယ်ထဲရှိ သွေးအကြောင်းသင်ဘယ်လောက်သိလဲဆိုတဲ့ Quiz လေးကို
Good Health ဂျာနယ်မှာ တစ်ခါရေးဖူးပြီးပါပြီ။ အခုတစ်ခါမှာတော့
သွေးအမျိုး အစားတွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိလဲဆိုတာ
မေးထားတာပါ။ ဆန်းစစ်ကြည့်ရအောင်နော်။

((1)) သွေးကို အဓိကအားဖြင့် အမျိုးအစားဘယ်နှမျိုးခွဲခြား ထားပါသလဲ။

(က) နှစ်မျိုး
(ခ) လေးမျိုး
(ဂ) ခြောက်မျိုး

◘    (ခ) လေးမျိုး

 သွေးမှာ အေသွေး၊ ဘီသွေး၊ အေဘီသွေးနဲ့ အိုသွေးဆို ပြီး အမျိုးအစားလေးမျိုးရှိပါတယ်။ သွေးနီဥမျက်နှာပြင် ပေါ်ရှိ Antigen (ပဋိလှုံ့ပစ္စည်း)လို့ ခေါ်တဲ့ ပရိုတင်းပမာဏ အနည်းငယ်ပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ သွေးအမျိုး အစားကွဲပြားသွားတာပါ။ သင့်မှာ A ပဋိလှုံ့ပစ္စည်းပါနေရင် သွေးအမျိုးအစားက A ဖြစ်ပြီး B ပဋိလှုံ့ပစ်္စည်းရှိနေရင်တော့ B သွေးပါ။ A ရော B ပါ ပါနေရင် AB သွေးဖြစ်ပြီး ပဋိလှုံ့ ပစ္စည်းမပါရင် သွေးအမျိုးအစားက O သွေးဖြစ်နေမှာပါ။
..........................................................................................

((2)) သွေးအမျိုးအစားမှာကြားဖူးနေကျ Rh ဆိုတာ . . .

(က) သွေးအရောင်
(ခ) သွေးနီဥအရေအတွက် ပမာဏ
(ဂ) ပဋိလှုံ့ပစ်္စည်း(Antigen) နောက်တစ်မျိုး

◘ (ဂ) ပဋိလှုံ့ပစ္စည်း (Antigen) နောက်တစ်မျိုး

 သင်ရဲ့ သွေးနီဥထဲမှာ ဒီပဋိလှုံ့ ပစ္စည်းရှိနေပါက သွေးအမျိုးအစားက Positive (အပေါင်း)အမျိုး အစားပါ။ မရှိရင်တော့ Negative (အနုတ်)အမျိုးအစားပါ။ ဥပမာအားဖြင့် သင့်သွေးနီဥမှာ  ပဋိလှုံ့ပစ္စည်း A ရော Rh factor ပါရှိရင် သင့်သွေးအမျိုးအစားက A Positive ဖြစ်နေမှာပါ။ သင့်မှာ ပဋိလှုံ့ပစ္စည်း B ရှိပေမယ့် Rh Factor ရှိမနေရင်တော့ သွေးအမျိုးအစားက B Negative ပါ။ သွေးစစ်လိုက်ရင် သင့်သွေးအမျိုးအစားကို အလွယ်တကူသိရှိနိုင်မှာပါ။
............................................................................................

((3))  ဘယ်သွေးအမျိုးအစားပိုင်ရှင်က နှလုံးရောဂါဖြစ်နိုင်ခြေလျော့
 နည်းနေပါသလဲ။

(က) အေ
(ခ) ဘီ
(ဂ) အို

◘  (ဂ) အို

 အိုသွေးက အများဆုံးတွေ့ရလေ့ ရှိတဲ့ သွေးအမျိုးအစားဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ အနည်းဆုံးပါ။ အေဘီသွေးကတော့ အရှားပါး ဆုံး သွေးအမျိုးအစားဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေအများဆုံးပါ။
...................................................................................

((4)) ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေက မှတ်ဉာဏ်နဲ့ ပတ်သက် ပြီး ရောဂါဖြစ်နိုင်ခြေ များနေပါသလဲ။

(က) အေ
(ခ) ဘီ
(ဂ) အေဘီ

◘ (ဂ) အေဘီ

 တခြားသွေးအမျိုးအစားတွေနဲ့ယှဉ်ရင် အေဘီသွေးဟာ စိတ် ကစဥ့်ကလျားရောဂါဖြစ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းပိုများနေတာ တွေ့ရပါတယ်။ သူနဲ့ဆန့်ကျင်ဘက် အိုသွေးကတော့ ဖြစ်နိုင်ခြေအနည်းဆုံးပါ။
........................................................................................

((၅)) ဘယ်သွေးအမျိုးအစားက ဘယ်သူ့ကိုမဆို လှူလို့ရပါသလဲ။

(က)  O Negative
(ခ) O Positive
(ဂ) A Positive

◘  (က) O Negative

 သွေးသွင်းဖို့လိုအပ်လာပြီဆိုရင် သွေးလှူရှင်နဲ့သွေးသွင်းဖို့လို အပ်သူနှစ်ဦးသွေးအမျိုးအစားတူညီဖို့လိုပါတယ်။ ဒါပေမဲ့ အရေး တကြီး သွေးလိုအပ်တဲ့အခါမျိုးမှာ O Negative  သွေးအမျိုးအစား ဟာ ဘယ်သွေးပိုင်ရှင်ထံမဆိုသွင်းပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ O Negative  သွေးမှာ ပဋိလှုံ့ပစ္စည်း A, B နဲ့ Rh factor  တွေမရှိတာကြောင့် တခြားသွေးတွေထဲ ၀င်ရောက်တဲ့အခါ ပြဿနာ မရှိတာပါ။
...........................................................................................

((၆)) ဘယ်သွေးအမျိုးအစားက ဘယ်သူ့ဆီကမဆို သွေးအလှူခံ နိုင်သလဲ။

(က) AB Positive
(ခ) AB Negative
(ဂ) O Positive

◘ (က) AB Positive

 ဒီသွေးအမျိုးအစားကိုတော့ ဘယ်သွေးမဆို လှူဒါန်းနိုင်တာကြောင့် Universal Recipientလို့ သိထားကြပါတယ်။ AB Positive သွေးမှာ ပဋိလှုံ့ပစ္စည်း A, B eJY Rh factor  တွေအားလုံး ပါဝင်နေတာကြောင့် တခြားသွေးတွေ ၀င်လာတဲ့အခါမှာလည်း ခန္ဓာကိုယ်က သူ့သွေးလို သဘောထားကာ အဆင်ပြေနေတာပါ။
......................................................................................

((၇)) သွေးအမျိုးအစားအလိုက် အစားအစာ ရှောင်မယ်ဆိုရင် ၀ိတ်လျှော့ဖို့ ပိုလွယ်စေပါတယ်။

(က) မှန်
(ခ) မှား

◘ (ခ) မှား

 ဒီအကြောင်း ကြားဖူးကောင်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီ အချက်ကို သက်သေပြနိုင်တဲ့ သက်သေသာဓက မရှိ သေးပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး သုတေသနရေရေရာရာ လုပ်ထားတာမျိုး မရှိကြောင်းပါ။
......................................................................................

((၈)) ဘယ်အရာက ကိုယ်ဝန်ဆောင်ရာမှာပြဿနာတက် နိုင်ပါသလဲ။

(က) Rh Negative
(ခ)  Rh Positive

◘ (က) Rh Negative

 ကိုယ်ဝန်သည်မိခင်ရဲ့ သွေးက Rh Negative  ဖြစ်နေပြီး ၀မ်းထဲက ရင်သွေးလေးရဲ့ သွေးက Rh Positive ဖြစ်နေပါက မိခင်သွေးက ရင်သွေးငယ်ရဲ့သွေးဆဲလ်တွေကို တိုက်ခိုက်ပါလိမ့်မယ်။ ဒါကို Rhesus (ရီးဆက်စ်) ရောဂါလို့ခေါ်ပြီး ဆေးဝါးနဲ့ကာကွယ်နိုင်ပါတယ်။
ကိုယ် ၀န်ဆောင်ချိန်မှာ Rh အမျိုးအစားကို သွေးစစ်ကြည့်ပြီး Rh Negative ဖြစ်နေပါက စိတ်ချရအောင် ဆရာဝန်ညွှန် ကြားတဲ့ဆေး သောက်ပေးသင့်ပါတယ်။

 (THE CHIC MAGAZINE - October 2016 Issue မှ)

Saturday, November 19, 2016

သက်​ဆုံးတိုင်​ အချစ်ခိုင်မြဲနေစေရန်

သက်ဆုံးတိုင် အချစ်ခိုင်မြဲနေစေရန် နေ့စဉ်လုပ်ရမည့် အချက်များ 
========================================

◘ ချယ်ရီ

အချစ်ကိုရှာတွေ့ပြီဆိုရင် အဲဒီအတွက် ဂုဏ်ယူပါတယ်။ ရှာတွေ့ပြီဆိုတော့ အဲဒီအချစ်ကို ခိုင်မြဲအောင်လုပ်ဖို့တော့ လိုသေးတာပေါ့။

အိမ်ထောင်ကျစမှာတော့ အချစ်ဟာ သိပ်ကို ခမ်းနားပြီး သိပ်ကိုကြည်နူးစရာကောင်းနေမှာပါ။ ကိုယ်ချစ်တဲ့ လူနဲ့အတူနေ ခွင့်ရတာ နည်းတဲ့ကုသိုလ်ကံမှမဟုတ်တာ။ မဟုတ်ဘူးလား။  အိမ်ထောင်ဦးအစမှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ မ၀ဖြစ် နေမှာပါ။ ပြီးရင် အိမ်ဝယ်ကြမယ်၊  ကလေးတွေ မွေးကြမယ်၊ လုပ်ငန်းကိုင်ငန်းလေးလည်း ပိုအဆင်ပြေလာမယ်ပေါ့။ အိမ် ထောင် သက်တမ်းကြာလာတာနဲ့အမျှ အချစ်က ပထမဦးစားပေး အဆင့်ကနေ လျှောကျလာပါတော့မှာပါ။ တစ်ယောက်နဲ့ တစ် ယောက်လည်း ဝေးမှန်းမသိ ကွာဝေးလာကြပါတယ်။ အရင်ကတော့ နှစ်ယောက်သား အပြင်မှာချိန်းတွေ့ဖို့ဆိုတာ ဘာမှ မခက် ခဲပါဘူး။ အခုတော့ အပြင်မှာ ချိန်းတွေ့ဖို့ကို အချိန်မရကြတော့ ပါဘူး။ ကိုယ်အားတဲ့အချိန်သူ မအား၊ သူအားတဲ့အချိန် ကိုယ် မအားနဲ့ပေါ့။

ဒီစာကို ဖတ်ရင်း ငါ့အဖြစ်ကိုများ ကြည့်ရေးထားတာ လားလို့ အောက်မေ့နေမိပါသလား။ ဒါဆိုရင်တော့ စာဖတ်သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဇနီးမောင်နှံတွေ တော်တော် များများဟာ ဒီအတိုင်းပါပဲ။ ပျော်ရွှင် ကျေနပ်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ဆိုတာ လုပ်ယူမှရပါတယ်။

အချစ်ဆိုတာဟာ အင်မတန်မှ ခမ်းနားထည်ဝါပါတယ်။ ဒီအချစ်ကြောင့်ပဲ ကမ္ဘာကြီး ဆက်လည်ပတ်နေနိုင်တာပါ။ ဒါပေမဲ့ အမြဲတမ်း  မခွဲ စတမ်း နေချင်တယ်ဆိုရင်တော့ အဲဒီအတွက် ကြိုးစားပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါကြောင့် အချစ်တွေ ဆက်လက်ရှင်သန်နေစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

♥ ကိုယ့်အိမ်ထောင်ဖက်ကို နမ်းဖို့ အချိန်ပေးပါ

ဟုတ်ပါတယ်။ ဒီနေ့ခေတ်လို အချိန်ရှားပါးလှတဲ့ခေတ်ကြီးမှာ လူတွေဟာ ကိုယ့်အိမ်ထောင်ဖက်ကို ပြီးစလွယ်ပဲ ဖတ်ခနဲ နမ်းလိုက်လေ့ရှိပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့နှုတ်ခမ်းကို ခြောက်စက္ကန့် တော့ အချိန်ပေးပြီးနမ်းသင့်ပါတယ်။ အဲဒီလို တစ်နေ့ အနည်းဆုံး တစ်ခါ နမ်းသင့်ပါတယ်။ ဒါဟာ ဘာမှမကြာလှတဲ့ အချိန်ပါ။ ဒီလို နမ်းတာဟာ ဇီဝကမ္မအတွက်လည်း ကောင်းပါတယ်။

♥ ကိုယ့်အိမ်ထောင်ဖက်ရဲ့ တစ်နေ့တာ
အရေးအကြီးဆုံးကိစ္စကို သိအောင်လုပ်ပါ

ကိုယ့်အိမ်ထောင်ဖက် အပြင်ထွက်သွားတာဟာ ကိုယ်နဲ့ ခေတ္တခဏ ခွဲခွာသွားတာပါပဲ။ ဒီတော့ ဒီနေ့ သူ့အတွက် ဘာက အရေး အကြီးဆုံးလဲဆိုတာ သိအောင်လုပ်ပါ။ သူက မပြောဘူးဆိုလည်း မေးဖို့ နှုတ်မတွန့်ပါနဲ့။ ဒီလို မေးလိုက်မြန်းလိုက်ရင် သူ့ကိစ္စတွေကို ကိုယ်စိတ်ဝင်စားတယ် ဆိုတာ ပြရာရောက်ပြီး နှစ်ယောက်သား အတိုင်းထက်အလွန် ပိုရင်းနှီးသွားနိုင်ပါတယ်။

♥ တစ်နေ့တာအလုပ်တွေ ပြီးသွားချိန်မှာ သူနဲ့စကားစမြည် ပြောပါ

 ဒီအချိန်ကတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ လုံးဝပိတ်ထားလိုက်ရတော့မယ့် အချိန် ပါ။ ဒီအချိန်မှာ လုပ်ရမှာက သူနဲ့မိနစ်၂၀လောက် စကားစမြည်ပြောဖို့ပါပဲ။  တစ်ယောက်နဲ့ တစ် ယောက် တစ်နေ့တာ ဘာတွေဖြစ်ခဲ့လဲ၊ဘာအခက် အခဲတွေရှိခဲ့လဲဆိုတာကိုရင်ဖွင့်ပြောရမယ့်အချိန်ပါပဲ။ သူပြောတာကို နားပဲ နားထောင်ပြီးဝေဖန်တာတွေ၊ ဘာတွေတော့ မလုပ်ပါနဲ့။ ဒီလိုပုံမှန် လေးလုပ်သွားမယ်ဆိုရင် အိမ်ထောင်ရေးကို ဖိစီးလာစေနိုင်တဲ့ အကြောင်းအချက်တွေ လျော့နည်း သွားနိုင်ပါတယ်။

♥ သူ့အကြောင်းကို ခရေစေ့တွင်းကျ သိပါစေ

ကိုယ့်အိမ်ထောင်ဖက်အကြောင်းကို ခရေစေ့တွင်းကျ သိအောင်လုပ်ဖို့ လိုပါ တယ်။ လူဆိုတာဟာ အင်မတန်နားလည်ရခက်တဲ့အမျိုးဖြစ်ပြီး အမြဲတမ်းလည်း ပြောင်းလဲနေပါတယ်။ ဒါကြောင့် သူ့အကြောင်းသိနေအောင် တစ်ပတ်ကို အနည်းဆုံး အချိန်နည်းနည်းတော့  ပေးသင့်ပါတယ်။  ဒါဆိုရင် သူ ဘာဖြစ်နေနေ ကိုယ် သူ့နားမှာ မခွဲစတမ်းရှိနေမယ်ဆိုတာကို သူသိအောင် လုပ်နိုင်သွားမှာပေါ့။ ကိုယ့် အိမ်ထောင်ဖက်က ဘာတွေကို စိုးရိမ်ပူပန်နေသလဲ၊ သူ့မျှော်လင့်ချက်တွေက ဘာတွေလဲ၊ သူ့ဘ၀ ရည်မှန်းချက်တွေက ဘာတွေလဲ၊ သူကြိုက်တာ၊ မကြိုက်တာ တွေကဘာတွေလဲဆိုတာ မှတ်မိနေဖို့ လိုပါတယ်။

♥ တစ်ယောက်ကိုတစ်ယောက် အမြင်သစ်နဲ့ ကြည့်ပါ

ကိုယ်အကြာကြီး ပေါင်းလာတဲ့လူဟာ အိမ်ထောင်ဦးတုန်းကအတိုင်းပဲ ဖြစ်မှာပဲလို့ တစ်ထစ်ချ မတွက်ထားပါနဲ့။ ဒါပေမဲ့ ဒါဟာ အကောင်းအတွက်လည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရှေ့မှာ ကိုယ်အခုမြင်နေရတဲ့လူက အိမ်ထောင်ဦးတုန်းကနဲ့ လုံးဝကို မတူတဲ့လူပါ။ အိမ်ထောင်ဦးတုန်းကနဲ့ မတူဘဲ အချိုးတွေအပြောင်းကြီးပြောင်းသွားပြီမို့ ဒီလူကို မလိုချင်တော့ဘူးလို့ လုပ်လို့မရပါဘူး။ ရှေ့ကိုပဲ ဆက်ရမှာပါ။ နှစ်ယောက်လုံးနဲ့ ကိုက်ညီတဲ့ ဆက်ဆံရေးကို ပျိုးထောင်ဖို့က နှစ်ယောက်လုံးရဲ့တာဝန်ဖြစ်သွားပါပြီ။

♥ နှစ်ကိုယ်တူ ချစ်ရည်လူးတဲ့နေရာကို ပြောင်းပါ

 အိပ်ခန်းထဲမှာ ချစ်ရည်လူးရတာ အရမ်းကြီး စိတ်မပါတော့ဘူးဆိုရင် နေရာ ပြောင်းကြည့်ဖို့ လိုလာပါပြီ။ လင်လိုမယားလို နေတယ်ဆိုတာ နှစ်ယောက်လုံး ဆန္ဒပြည့်ဖို့လိုပါတယ်။ ဒီကိစ္စကို နှစ်ယောက်သား မပြောဖြစ်ကြဘူးဆိုရင် ကိုယ်က စပြောဖို့ လိုနေပါပြီ။ အရင်က အိပ်ခန်းထဲမှာပဲ လိင်ဆက်ဆံတယ်ဆိုရင် ဧည့်ခန်း ဒါမှမဟုတ် မီးဖိုချောင်ကို ပြောင်းကြည့်ပါ။

♥ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိနေပါစေ

အိမ်ထောင်သက်လေး နည်းနည်းရလာပြီဆိုတာနဲ့ အိမ်ထောင်သည်တွေဟာ လုပ်ငန်းခွင်မှာပဲ နစ်မြောသွားတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ အလုပ်ချိန်မှာ သူ့ဆီ စာတိုလေး ဖြစ်ဖြစ်ပို့ဖြစ်အောင်ပို့ပါ။ ဘာမှ အထွေအထူး ပြောစရာမရှိဘူးဆိုရင်တောင် ချစ်စကားတွေ၊ နောက်ပြောင်တာလေးတွေ ပို့လို့ရတာပဲလေ။ ဒါဆိုရင် ဝေးနေတာတောင်မှ ကိုယ့် စိတ်ထဲမှာ သူရှိနေတယ်ဆိုတာ ပြပြီးသားဖြစ်သွားတာပေါ့။ ကိုယ့်ဘ၀မှာ သူသာလျှင် နံပါတ်တစ်ဦးစားပေးလို့ သူခံစားသိရှိသွားဖို့က အရေးကြီးပါတယ်။

♥ အထိအတွေ့

 ဟုတ်ပါတယ်။ နမ်းရှုပ်တာ၊ ဖက်တာ၊ နှစ်ယောက် သား ကလူကျီစယ်တာတွေကို လုပ်သင့်ပါတယ်။ အဲဒါတွေ များများလုပ်လေ ပိုကောင်းလေပါပဲ။ လူဆိုတာ ကိုယ်ကလည်းသူများကို ထိတွေ့ချင်၊ သူများက ကိုယ့်ကို ထိ တွေ့တာကိုလည်း ခံချင်ကြတာချည်းပါပဲ။ နောက်တစ်ခါ သူမီးဖိုထဲမှာ ချက်ပြုတ်နေရင် နောက်ကနေ သွားဖက်ပေးပါ။ တစ်ခါတလေကျရင် စနောက်ကျီစယ်ပေါ့။

♥ မကြာမကြာ အတူရယ်မောပါ

နှစ်ယောက်လုံး အားပါးတရ အတူရယ်ခဲ့ရဖူးတဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြီး ပြန်ရယ်ပါ။ နှစ်ယောက်အတူ ရှိနေချိန်မှာ ပျော်ရွှင်ရယ်မောကြတဲ့ လင်မယားတွေဟာ ပိုမြဲလေ့ရှိပါတယ်။ အတိတ်က ရယ် စရာတွေကို သတိမရတော့ဘူးဆိုရင်လည်း ဟာသကား တွေအတူကြည့်လို့ရတာပဲလေ။

 (THE CHIC MAGAZINE - October 2016 Issue မှ)

Friday, November 18, 2016

BEER!!!

ဘီယာ
................
မိတ်ဆက်

 ဘီယာ (Beer)ကတော့ ကမ္ဘာပေါ်မှာ လူသောက်အများဆုံး အဖျော်ယမကာတွေထဲကတစ်ခုဖြစ်ပြီး ရှေးခေတ်များကတည်းက သောက်သုံးလာတဲ့ အဖျော်ယမကာတစ်မျိုးလို့လည်း သတ်မှတ်လို့ရပါတယ်။ အဖျော်ယမကာထဲမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထည့်ထားသော်လည်းကောင်း၊  မထည့်ထားသော်လည်းကောင်း အရက်အနည်းငယ်ပါသော အဖျော်ယမကာ (carbonated or noncarbonated mildly alcoholic beverages) အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘီယာထဲမှာ အရက် (Alcohol) ၄% ကနေ ၆% လောက်ထိ ပါဝင်ပါတယ်။ ဘီယာထုတ်လုပ်ခြင်းနည်းစဉ်တွေကို နှပ်ခြင်းလို့ခေါ်ပါတယ်။ နှပ်ခြင်းကို ယေဘူယျနည်းအရ ပြောရမယ်ဆိုရင် အပင်တွေထဲက အစိတ်အပိုင်းတွေ၊ ပစ္စည်းတွေကို ရေပူသုံးပြီး ဆွဲထုတ်ခြင်းနည်းကိုခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီဖျော်တာ၊ လက်ဖက်ရည်ဖျော်တာတွေကိုလည်း နှပ်ခြင်းလို့ခေါ်ပါတယ်။ ဘီယာနှပ်ခြင်းဆိုတာက မုယော အပင်ပေါက်၊ ဂျုံ၊ စပါး၊ ပြောင်းပင်ပေါက်တွေစတဲ့ အစေ့အဆန်တွေရဲ့ ကစီဓာတ်တွေကို အချဉ်ဖောက်ခြင်းနည်းစဉ်ဖြစ်ပါတယ်။ ဘီယာနှပ်ခြင်းက နှစ်ပေါင်း ၆ဝဝဝ ကျော်လောက် က စတင်ခဲ့တာဖြစ်ပြီးတော့ ယနေ့ခေတ် အသုံးပြုနေတဲ့ထုတ်လုပ်ခြင်း နည်းစဉ်တွေနဲ့ တူညီကြပါတယ်။

 ဘီယာကို ကောက်ပဲသီးနှံတွေစတင်ပြီး စိုက်ပျိုးနေတဲ့အချိန် 9500 BC လောက်ကတည်းက စတင်သောက်သုံးလာပါတယ်လို့ ရှေးခေတ်အီဂျစ်တွေရဲ့ သမိုင်းကြောင်း ရေးသားထားတဲ့ စာတွေအရ သိရှိရပါတယ်။ ရှေးခေတ်အီဂျစ်များ ပိရိမစ်ကြီးတွေ ဆောက်လုပ်တဲ့အချိန်တုန်းက အလုပ်သမားတွေကို အာဟာရဓာတ်အတွက်ရော လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်အောင်အတွက်ပါ ဘီယာတစ်နေ့ကို လေးလီတာကနေ ငါးလီတာလောက်ထိ တိုက်တယ်လို့ သိရပါတယ်။ ဥရောပမှာ ရှေးတုန်းက သောက်သုံးခဲ့တဲ့ ဘီယာထုတ်လုပ်နည်းကတော့ ယနေ့ခေတ်ထုတ်လုပ်နည်းတွေနဲ့ မတူပါဘူး။ ရှေးခေတ်ဥရောပမှာတော့ ဘီယာထဲကို ပျားရည်၊ မူးယစ်စေတဲ့အပင်တွေ၊ အသီးတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အပင်တွေစတာတွေကို သုံးခဲ့ကြပါတယ်။ ၁၅၁၆ ခုနှစ်၊ ဧပြီ ၂၃ မှာတော့ (Purity Law) သန့်ရှင်းမှုဥပဒေထုတ်ပြန်ပြီးတော့ ဘီယာမှာ ရေ၊ ဘာလီနဲ့ Hops သုံးမျိုးပဲပါရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ၂ဝ ရာစုနှစ်အတွင်းမှာတော့ တဆေးကို သုံးလို့ရပါတယ်ဆိုပြီး ခွင့်ပြုလိုက်ပါတယ်။

 ၂ဝဝ၆ ခုနှစ်မှာ ဘီယာထုတ်လုပ်မှုက တစ်ကမ္ဘာလုံးတစ်နှစ်လုံး ၁၃၃ ဘီလီယမ်လီတာလောက် ရောင်းချခဲ့ရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ တရုတ်နိုင်ငံရဲ့  ဘီယာသောက်သုံးမှုက ၄၅ ဘီလီယမ်လီတာ ရှိပြီးတော့ အမေရိကန်နိုင်ငံ ဘီယာသောက်သုံးမှုရဲ့  နှစ်ဆဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ တရုတ်နိုင်ငံက ၄၇ ဘီလီယမ်လီတာ ထုတ်လုပ်ထားပြီးတော့ ဘီယာအထုတ်လုပ်ဆုံးနိုင်ငံတွေထဲက နံပါတ်တစ်ဖြစ်နေပါတယ်။ နံပါတ်နှစ်ဘီယာအထုတ်လုပ်ဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ၂၂ ဘီလီယမ်လီတာ ထုတ်လုပ်ထားပြီးတော့ နံပါတ်သုံး ဘရာဇီး၊ နံပါတ်လေး ဂျာမနီ၊ နံပါတ်ငါး ရတ်ရှား၊ နံပါတ်ခြောက် မက်ဆီကို၊ နံပါတ်ခုနှစ် ဂျပန်၊ နံပါတ်ရှစ် အင်္ဂလန်၊ နံပါတ်ကိုး ပိုလန်နဲ့ နံပါတ် တစ်ဆယ် စပိန်တို့ဖြစ်ပါတယ်။

ဘီယာနှပ်ခြင်း
 ဘီယာနှပ်မယ်ဆိုရင် အဓိကပါဝင်ပစ္စည်းတွေက ရေ၊ Hops နဲ့ အပင်ပေါက်ပြီး ကောက်ပဲသီးနှံ (မုယောအပင်ပေါက်)တွေ ဖြစ်ပါတယ်။ တဆေးကို နောက်ပိုင်းမှသာ ထပ်ဖြည့်ပြီး သုံးလာကြတာဖြစ်ပါတယ်။

ဘာလီ
 ဘီယာကောင်းကောင်းရဖို့အတွက် အဓိကအရေးကြီးဆုံးပစ္စည်းကတော့ မုယော အပင်ပေါက်ဖြစ်ပါတယ်။ စပါး၊ ပြောင်းဖူး၊ ဘာလီ၊ အုတ်ဂျုံနဲ့ ဂျုံတို့ကို သုံးပြီးတော့လည်း ထုတ်ကြပါတယ်။ အများဆုံးသုံးတဲ့ကုန်ကြမ်းက ဘာလီဖြစ်ပြီး ဘီယာအရည်အသွေးကောင်းဖို့နဲ့ အနံ့အရသာကောင်းစေဖို့အတွက် တခြားကုန်ကြမ်းတွေထက် ပိုကောင်းစေလို့ဖြစ်ပါတယ်။ တစ်ခါတလေမှာ စပါး၊ ပြောင်းဖူးနဲ့ အပင်မဖောက်ရသေးတဲ့ ကောက်ပဲသီးနှံတွေကို ထပ်ဖြည့်တဲ့ပစ္စည်းတွေအနေနဲ့လည်း သုံးကြပါတယ်။ ဘီယာတစ်ခွက်ရဲ့ အရည်အသွေး၊ အနံ့အရသာနဲ့ အရက်ပါဝင်မှုနှုန်းတွေက သုံးထားတဲ့ မုယောအပင်ပေါက်ပေါ်မှာ မူတည်ပါတယ်။

Hops
 Hops ဆိုတာက အပင်တစ်မျိုးဖြစ်ပြီး ဘီယာကို ခါးသက်သက်အရသာဖြစ်စေဖို့နဲ့ နှစ်လိုဖွယ်အနံ့လေးရစေဖို့အတွက် သုံးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဘီယာထဲကို Hops ထည့်နှုန်းပေါ်မူတည်ပြီး အခါးအရသာရယ်၊ အရောင်ရယ်က ကွာသွားပါတယ်။ Hops မှာ Tannins ဓာတ်ပါတာကြောင့် ဘီယာရဲ့အရောင်ကို လှစေပါတယ်။ Hops မှာ အတော်အသင့်ကြာရှည်ခံစေတဲ့ ဂုဏ်သတ္တိပါဝင်ပြီး ဘီယာကို အမြုပ်ထမှုစွမ်းရည်တွေကိုလည်း ပေးဆောင်ပါတယ်။

ရေ
 အရမ်းပြင်းလွန်းတဲ့ အဖျော်ယမကာတွေထဲမှာတောင်မှ ရေက ၉ဝ% လောက်ပါဝင်ပါတယ်။ ဒေသတစ်ခုရဲ့  ရေအမျိုးအစားပေါ်မူတည်ပြီး ဘီယာအမျိုးအစားအမျိုးမျိုးကို တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (ဥပမာအနေနဲ့ပြောရရင် အိုင်ယာလန်နိုင်ငံ Dublin ကရေက ရေစေးဖြစ်တာကြောင့် Stout ဘီယာလုပ်ဖို့အတွက် သင့်တော်ပါတယ်။ အင်္ဂလန်နိုင်ငံ Burton ကရေထဲမှာ သလင်းကျောက်လေးတွေ ရှိတတ်တာကြောင့် Pale Ale ဘီယာလုပ်ဖို့ သင့်တော်ပါတယ်။) ဘီယာအမျိုးမျိုးထုတ်ဖို့အတွက် Magnesium Sulfate ထည့်ပြီး ရေကိုစေးအောင်လုပ်လို့ရသလို Sodium Chloride ထည့်ပြီး ရေကိုသွက်အောင်လုပ်လို့ရပါတယ်။ ရေကိုအမျိုးအစားပြောင်းပြီး ထုတ်လို့ရပါတယ်။

တဆေး (Yeast)
 တဆေးက Microorganism တစ်မျိုးဖြစ်ပြီးတော့ ဘီယာထဲမှာ အချဉ်ဖောက်ခြင်း နည်းစဉ်အနေနဲ့ လုပ်ဆောင်ပါတယ်။ တဆေးက အပင်ပေါက်ပြီး ကောက်ပဲသီးနှံ (မုယောအပင်ပေါက်)တွေကနေ သကြားကို ဓာတုဗေဒနည်းအရ ဓာတ်ပေါင်းစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အရက်အဖြစ်ကို ပြောင်းစေပါတယ်။ အဲဒီကနေ ကစော်မဖောက်ရသေးတဲ့ အရည်အဖြစ်ကိုပြောင်းပြီးနောက် ဘီယာဖြစ်လာပါတယ်။ ဘီယာအချဉ်ဖောက်နည်းမှာ သုံးတဲ့တဆေးက သုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးက Top-fermenting ဖြစ်ပြီး တဆေးအနေနဲ့ Saccharomyces cerevisiae အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်မျိုးက Bottom-fermenting ဖြစ်ပြီး တဆေးနေနဲ့ Saccharomyces uvarum (သို့) Saccharomyces carlsbergenisis ကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ Wild Yeast ကိုသုံးပြီး ချက်လုပ်ထားတဲ့ ဘီယာအမျိုးအစားဖြစ်ပါတယ်။

ဖြည့်စွက်ပစ္စည်း
 ပြောင်းဖူး၊ ဆန်နဲ့ တခြားကောက်ပဲသီးနှံတွေကို ဘီယာလုပ်တဲ့နေရာမှာ ဖြည့်စွက်တဲ့ ကစီဓာတ် (Carbohydrate) အနေနဲ့သုံးတာဖြစ်ပြီး အချဉ်ဖောက်နေစဉ်အတွင်း ကစီဓာတ်ကနေ သကြားကိုပြောင်းလဲဖို့အတွက် ဖြစ်ပါတယ်။ ဘီယာကို စီးပွားဖြစ်ထုတ်လုပ်ရာမှာ ထပ်ဖြည့်ထားတဲ့ ကောက်ပဲသီးနှံတွေထည့်ရခြင်း အကြောင်းရင်းကတော့ အဓိကကုန်ကြမ်းအတွက် ကုန်ကျစရိတ် လျော့ချစေရန်အတွက်၊ သတ်မှတ်ထားတဲ့ အနံ့အရသာရရန်အတွက်နဲ့ ဘီယာပြုလုပ်ရာမှာ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်ရန်အတွက်ဖြစ်ပါတယ်။      

ဘီယာအမျိုးမျိုး
 ဘီယာကို ထုတ်လုပ်တဲ့ပုံစံအမျိုးမျိုးပေါ်မူတည်ပြီး ဘီယာအမျိုးအစား အမျိုးမျိုးပေါ်ထွက်လာပါတယ်။ အဓိကအနေနဲ့ လာဂျာ (Lagers)ဘီယာ၊ ဘော့ (Bock)ဘီယာ၊ အေး (Ale)ဘီယာ၊ Dry ဘီယာနဲ့ (Pilsener)ပေးစင်နာဘီယာဆိုပြီး ရှိပါတယ်။

(Lagers)လာဂျာဘီယာ
 လာဂျာဘီယာကတော့ သောက်သုံးသူတော်တော်များတဲ့ ဘီယာအမျိုးအစားဖြစ်ပြီးတော့ Bottom-fermenting လုပ်ထားတဲ့ ဘီယာတစ်မျိုးဖြစ်ပါတယ်။ အရက်ပါဝင်နှုန်းကတော့ ၃-၆% ပါဝင်ပြီးတော့ အရောင်ဖျော့ဖျော့နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။  ဥရောပမှ စတင်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ဂျာမန်ဘာသာစကား (Lagern) မှ ဆင်းသက်လာတာဖြစ်ပါတယ်။ သူတို့ကိုတော့ မှောင်ပြီးအေးတဲ့နေရာမှာ အနံ့အရသာကောင်းလာစေဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide)ထွက်လာစေဖို့အတွက် အပတ်ပေါင်းများစွာ (သို့) လတော်တော်ကြာ ထားပေးရပါတယ်။ ပထမဆုံး Lagers ဘီယာကို ၁၈၄၂ ခုနှစ်မှာ စတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။  

ဘော့ (Bock)ဘီယာ  
 ဘော့အမျိုးအစားဘီယာကတော့ ဂျာမန်ဘီယာတစ်မျိုးဖြစ်ပြီးတော့ Bottom-fermenting လုပ်ပြီး ချက်လုပ်ရတာဖြစ်ပါတယ်။ ဘော့ဘီယာက Lagers ဘီယာထက် အရသာပိုလေးပြီးတော့ အရောင်ကလည်း အမည်းရောင်ရှိပါတယ်။ ဘော့အမျိုးအစား ဘီယာကတော့ နွေဦးမှာသောက်သုံးနိုင်ရန်အတွက် ဆောင်းရာသီမှာ ချက်လုပ်ကြတာ ဖြစ်ပါတယ်။ ဂျာမန်ဘာသာစကားမှာ ဘော့ဆိုတဲ့စကားလုံးက နွားထီးလို့ အဓိပ္ပာယ်သက်ရောက်တာကြောင့် ဘော့အမျိုးအစားဘီယာပုလင်းတိုင်းရဲ့  တံဆိပ်တွေပေါ်မှာ ဆိတ်သိုးကို ရိုက်နှိပ်လေ့ရှိကြပါတယ်။

အေး (Ale)ဘီယာ
 အေးဘီယာအမျိုးအစားကတော့ Top-fermenting လုပ်ထားတာဖြစ်ပြီးတော့  အထူးသဖြင့် British Isles မှာ ရေပန်းစားတဲ့ ဘီယာအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ အေးဘီယာအမျိုးအစားထဲမှာမှ Brown ale, Pale ale, India ale, Scoth ale, Golden ale, Burton ale, Brown ale, Mild ale, Old ale နဲ့ Belgain ale ဆိုပြီးအမျိုးမျိုးရှိပါတယ်။ Top-fermenting လုပ်ထားတဲ့ဘီယာတွေက တခြားဘီယာတွေထက် အနံ့အရသာ ပိုပြင်းပါတယ်။

Dry Beer
 နောက်တစ်မျိုးကတော့ Dry Beer အမျိုးအစားဖြစ်ပြီးတော့ ဂျပန်နိုင်ငံက စတင်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Dry ဆိုတာကတော့ ဘီယာထဲမှာရှိတဲ့သကြားတွေက အချဉ်ဖောက်နေစဉ် အရက်အဖြစ်ကို ပြောင်းသွားချိန်မှာ ရှည်လျားလှတဲ့ အချဉ်ဖောက်မှုကြောင့် မပြောင်းဘဲကျန်နေတဲ့ သကြားတချို့ကို ညွှန်းပြီးခေါ်ထားတာ ဖြစ်ပါတယ်။  Dry Beer ကတော့ ဂျပန်နိုင်ငံမှာ လူကြိုက်အများဆုံးဘီယာဖြစ်ပြီးတော့ အာရှနိုင်ငံတွေမှာလည်း နာမည်ကြီးပါတယ်။

ပေးစင်နာ (Pilsener)ဘီယာ
 Pilsner (သို့) Pilsener ကတော့ လာဂျာဘီယာအမျိုးအစားထဲက တစ်မျိုးဖြစ်ပါတယ်။ ဒီဘီယာအမျိုးအစားကတော့ ၁၈၄၂ ခုနှစ်လောက်ကတည်းက စတင်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ စတင်ထုတ်လုပ်ရာ Pilsen ဆိုတဲ့ မြို့နာမည်ကို  အစွဲပြုပြီး ခေါ်တာဖြစ်တယ်လို့လည်း သိရပါတယ်။    
 ဘီယာကို အေးပြီးမှောင်တဲ့နေရာမျိုး (1-3ံC)မှာ သိမ်းဆည်းသင့်ပါတယ်။ အရမ်း အေးလွန်းတဲ့နေရာမှာ မသိမ်းဆည်းသင့်ပါဘူး။ နေရာင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ အပူချိန်အရမ်းများတဲ့နေရာမှာလည်း မထားသင့်ပါဘူး။ အနံ့အရသာတွေ ပျက်စီးတတ်တာကြောင့်ပါ။  

ဘီယာနှင့်ကျန်းမာရေး                                                                            ပိုတက်စီယမ်၊  မက်ဂနီစီယမ်နဲ့ ဆိုဒီယမ် ပါဝင်တာကြောင့် ဘီယာသောက်သုံးခြင်းက ကျောက်ကပ်ကို ကျန်းမာစေပါတယ်၊ အရိုးတွေကို သန်မာစေပါတယ်။ ဘီယာတစ်ပုလင်းလောက်သောက်လိုက်ရင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ၄ဝ% လောက် လျော့ကျစေပါတယ်လို့ ဆိုပါတယ်။  သည်းခြေအိတ်အတွင်း ကျောက်တည်ခြင်းမှ လျော့ကျစေပါတယ်။ ဘီယာ (အဓိကအနေနဲ့ အမည်းရောင်ဘီယာ) 30 cl တစ်ခွက်မှာ အမျှင်ဓာတ်၂ ဂါလံလောက် ပျော်ဝင်နေပါတယ်။ ဘီယာထဲမှာပျော်ဝင်နေတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့ ကိုယ်လက်စထရောဓာတ်ကို လျော့ကျစေပါတယ်။ ဘီတာမင် (Vitamin) B1, B2, B6 နဲ့ B12 ဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဗီတာမင်ဓာတ် ပိုမိုတိုးပွားစေပါတယ်။ ဘီယာသောက်သုံးသူတွေက မသောက်သုံးသူတွေထက် ၃ဝ % လောက် ဘီတာမင်ဓာတ် ပိုမိုရရှိပြီး ဘီတာမင် B12 ပြည့်ဝစွာပါဝင်တာကြောင့် အစားအသောက် အများစုမှာမတွေ့ရတဲ့ Anti-anemia နဲ့ Folic acid ပါဝင်တာကြောင့် သွေးနီဥလျော့နည်းမှုကနေ ကာကွယ်ပေးပါတယ်။

 Nicotinic acid ပါဝင်ပြီး အိပ်မပျော်နိုင်သောရောဂါကို ကုစားပေးပါတယ်။ အလုပ်ခွင်မှ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုတွေကနေ ပြေပျောက်စေပါတယ်။ ဘီယာသောက်သုံးသူတွေက မသောက်သုံးသူတွေထက် နှလုံးရောဂါတိုက်ခိုက်ခံရမှုတွေကို  ၄ဝ % ကနေ၆ဝ % လောက်ထိကို လျော့ချနိုင်ပါတယ်။ နှလုံးနှင့်ဆိုင်သောရောဂါများနဲ့ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်နိုင်မှုမှ လျော့ကျစေပါတယ်။ ဘီယာထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက သွေးခဲမှုကနေ ကာကွယ်ပေးပါတယ်။ မှတ်ဥဏ်အားကို ကောင်းစေပြီး အယ်ဇိုင်းမား (Alzheimer)ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။ အမျိုးသမီးတွေအတွက် အဓိကအနေနဲ့ ဘီယာထဲမှာ ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တာကြောင့် အသားအရေကို လှပစေပါတယ်။ ချောမွေ့ပြီး၊ နူးညံ့ပျော့ ပျောင်းစေတယ်။ အမြင်အာရုံကိုကောင်းစေပါတယ်။ သွေးဖိအားကို လျော့ကျစေပါတယ်။ ရောဂါများမှ ကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးစေပါတယ်။ အစာချေဖျက်အားကို အားကောင်းစေတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ်။ အစာချေဖျက်အားကို ကောင်းစေတယ်။ ဘီယာရဲ့ခါးတဲ့အရသာက ကောင်းတဲ့ကိုလက်စထရော (Good Cholesterol)ကို တက်စေတာကြောင့် ဝိတ်ကျစေပါတယ်။

 နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဘီယာသောက်သုံးရုံတင်မက ဘီယာကို အသုံးပြုပြီး အလှကုန်ပစ္စည်းတွေကို နိုင်ငံတော်တော်များများက ထုတ်လုပ်လာကြပါတယ်။ ဘီယာကိုအဓိကအသုံးပြုပြီး ကြက်ဥ၊ ပျားရည် စတာတွေနဲ့ရောစပ်ပြီးတော့ အိမ်တွင်းအလှအပထိန်းသိမ်းရေး၊ ဆံပင်၊ အသားအရည် စတာတွေကို အိုမင်းရင့်ရော်မှုမှ ကာကွယ်ရန် အသုံးပြုလာကြပါတယ်။
 ဘီယာသောက်သုံးခြင်းက ကောင်းကျိုးရှိနေနိုင်ပေမယ့် အလွန်အကျွံသောက်မိရင်တော့ လည်ချောင်း၊ ပါးစပ်၊ အသည်း၊ ရင်သား၊ အူမကြီး၊ လည်မျိုနဲ့ပက်သတ်တဲ့ ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။

စာစုစာရင်း
http://home.earthlink.net/~mrsfanatic/id16.html
https://en.wikipedia.org/wiki/Beer
http://anthonymartin.be/en/news-events/news/79-the-health-benefits-of-beer-12-reasons-why-you-should-drink-it/#
https://www.organicfacts.net/health-benefits/beverage/health-benefits-of-beer.html
http://www.menshealth.com/health/have-a-beer
http://www.livestrong.com/article/389075-beer-drinking-related-health-problems/
http://sciencenordic.com/three-beers-day-keep-doctor-away
http://www.worldatlas.com/articles/top-10-beer-producing-nations.html
Norman N.Potterand Joseph H.Hotchkiss,Food Science, Fifth Edition

ဘုရားကိုးဆူ ပူဇော်သည်မှာ အဘယ်နည်း?


ဘုရားကိုးဆူ အကြောင်းနှင့် ပတ်သတ်၍ မှတ်သားဖွယ် တော်တော် များများရှိသည်၊ ဘုရားကိုးဆူ  ဟူသော ဝေါဟာရကို ကပင် မှတ်သားဖွယ်ရာ ဖြစ်နေပါ၏။ ဘုရားကိုးဆူကား သဗ္ဗညုဘုရားချည်း  ကိုးဆူမဟုတ်၊ ဘုရားတစ်ပါး နှင့် ရဟန္တာ (၈)ပါးကိုပင် ဘုရားကိုးဆူဟု ခေါ်နေကြသည်။  ဘုရားအမှူးရှိသော ဘုရားနှင့် တကွသော ရဟန္တာ များကိုပင် ပဓာနဖြစ်သော ဘုရားကို ဦးတပ်၍  ဘုရားကိုးဆူဟု ခေါ်ထားခြင်း ဖြစ်နေသည်။

      တနည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓနှင့် သုတဗုဒ္ဓ ဟူ၍ ဗုဒ္ဓ(ဘုရား) လေးမျိုး  ရှိသည်တွင် မြတ်စွာဘုရားကို သဗ္ဗညု ဗုဒ္ဓခေါ်သည်၊ ပစ္စေကဗုဒ္ဓါကို ပစ္စေကဗုဒ္ဓဟု ခေါ်၍ ရဟန္တာ  သာဝကများကို စတုသစ္စဗုဒ္ဓ ဟုခေါ်သည်၊ အကြားအမြင် များ၍ ကျမ်းဂန် တတ်ကျွမ်း သောရဟန်းကို  သုတဗုဒ္ဓခေါ်၏။ ဤအလို ဘုရားမှာ သဗ္ဗညု ဗုဒ္ဓ၊ ရဟန္တာမှာ စတုသစ္စဗုဒ္ဓ ဖြစ်၍ သဗ္ဗညု ဗုဒ္ဓ တစ်ဆူနှင့်  စတုသစ္စ ဗုဒ္ဓရှစ်ဆူကို ဗုဒ္ဓကိုးဆူ (ဝါ) ဘုရားကိုးဆူဟု ဆိုရပေလိမ့်မည်။

       ဘုရားတစ်ဆူနှင့် ရဟန္တာရှစ်ဆူကို ပေါင်းစု၍ ပူဇော်ခြင်း အစဉ်အလာမှာ မည်သို့ ဆင်းသက်လာသော  အစဉ်အလာ တစ်ခုဖြစ်သည်ဟု ဗုဒ္ဓစာပေ ကျမ်းဂန် အကိုးအကား အထောက်အထားနှင့် ခိုင်ခိုင်မာမာ  ဖော်ပြစရာ မရှိပါချေ၊ စဉ်းငယ် တူယောင်ယိုးမှား အနေဖြင့်သော် ဓမ္မပဒလာ အာယုဝဎုနသ  တို့သားဝတ္ထုကို ထုတ်ပြစရာ ရှိပေသည်။

       ဝတ္ထုမှာ မြတ်စွာဘုရား ဒီဃလ င်္ဂိက မြို့ကို အမှီပြု၍ သီတင်းသုံးစဉ် ပုဏ္ဏားတစ်ယောက်သည် (၇)  ရက်မျှသာ အသက်ရှည် လတ္တံသော သားငယ်အတွက် မြတ်စွာဘုရား နှင့်တကွ ရဟန္တာရှစ်ပါး (ရံခါ-  တစ်ဆယ့် ခြောက်ပါး) တို့ကို ပင့်ဖိတ်၍ (၇) ရက်ပတ်လုံး ပရိတ်တော် နာယူသဖြင့် သားသူငယ် အသက်  ၁၂၀ အထိ ရှည်စွာနေရကြောင်း လာရှိ၏။ ထိုဝတ္ထုမူရင်း ဓမ္မပဒအဋ္ဌ ကထာတွင် ရဟန္တာရှစ်ပါး  သာမဟုတ်၊ “အဋ္ဌဝါ သောဠ သဝါ” ရှစ်ပါးသော်၎င်း တစ်ဆယ့်ခြောက်ပါး သော်၎င်းဟု ဆိုထားသည်။  ရှစ်ပါး ကြွရောက်ရာ ၌လည်း ဘွဲ့မည်မပါ၊ ရှစ်ပါး သာမန်သာ ဖြစ်၏။

ဘုရားကိုးဆူနှင့် နေရာတော်
ယခုမျက်မြင် ဘုရားကိုးဆူ ပူဇော်ရာ၌ -
(၁) ဘုရားကို ဗဟိုထား၍ -
(၂) တောင်ဖက်က အရှင်သာရိပုတ္တရာ -
(၃) မြောက်ဖက်က အရှင်မဟာ မောဂ္ဂလာန်၊
(၄) အရှေ့က အရှင်ကောဏ္ဍည၊
(၅) အနောက်က အရှင်အာနန္ဒာ၊
(၆) အရှေ့တောင်က အရှင်ရေဝတ၊
(၇) အရှေ့မြောက်က အရှင်ရာဟုလာ၊
(၈) အနောက်တောင်က အရှင်ဥပါလိ၊
(၉) အနောက်မြောက်က အရှင်ဂဝမ္ပတိ-
ဟူ၍ ဘွဲ့တော်နှင့် အရပ်မျက်နှာ အတည်အမြဲ စီစဉ် ချက်ထားရှိ လေသည်။

       ပါဠိစာပေ ပိဋကကျမ်းဂန် တို့တွင် မြတ်စွာဘုရားနှင့် တကွ ဤရဟန္တာ (၈) ပါးတစ်နေရာတည်း စုရုံး  သီတင်းသုံး၍ အပူဇော်ခံခဲ့ကြောင်း တစ်စွန်း တစ်စမျှ မပါရှိသဖြင့် ကိုးပါးစဉ်ပုံ နေရာချထားပုံများမှာ  လောကီ ရေးဆံဆံ စီစဉ်ချထားခြင်းသာ ဖြစ်နိုင်ပေသည်။

       တစ်ခါက ဤစာစောင်တွင် ဆောင်းပါး တစ်ခု၌ ဘုရားကိုးဆူ ပူဇော်ပွဲ ပေါ်ပေါက်လာပုံကို စာရေးသူ  ဖော်ပြ ခဲ့ဘူးသည်။ ၉၁၄ - ခုနှစ် နန်းတက်တော်မူသော ဟံသာ ဝတီ ဆင်ဖြူရှင် (ဘုရင့်နောင်)  မင်းတရားကြီး လက်ထက် ဇင်းမယ်ကို သိမ်းပိုက်ပြီးနောက် ၉၂၀ ခန့်တွင် သားတော် အနော်ရထာ  စောကို ဇင်းမယ် ဘုရင်ခံခန့်သည်၊ ထိုအခါ ဇင်းမယ်၌ ဂြိုလ်ကိုးလုံး ပူဇော်မှု အစဉ်အလာရှိနေရာ  အနော်ရထာစောက ထိုအစဉ်အလာကို ဗုဒ္ဓယဉ်ကျေးမှု ဖက်သို့ဆွဲ၍ ဘုရားကိုးဆူ ပူဇော်မှုအဖြစ်  ပြောင်းလဲပေးခဲ့ကြောင်း၊ ထိုအခါမှစ၍ ဇင်းမယ်နှင့် မြန်မာနိုင်ငံပါ ဘုရားကိုးဆူ ပူဇော်မှုအစဉ်အလာ  ပြန့်ပွား ခဲ့ကြောင်းဖြင့် ဖော်ပြခဲ့ဘူး၏။

       ဂြိုလ်ကြီး ကိုးပါးပူဇော်ရာ၌ ဗေဒင်နည်း စနစ်ကိုမှီး၍ မည်သည့် ဂြိုလ် မည်သည့် အရပ်ဟူသော  အစီအစဉ် ရှိသလို ရဟန္တာ ရှစ်ပါးကိုလည်း စနစ်တကျ နေရာချထားရန် လိုမည် သာဖြစ်သည်၊  ထိုအတွက် လောကီပညာ ရှင်တို့သည် လောကကြောင်း ဓမ္မကြောင်းတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍  သင့်တန်အောင် ကြံစည်ခဲ့ကြ မည်သာ ဖြစ်သည်။ အရပ်မျက်နှာနှင့် ကိုက်ညီအောင် ရဟန္တာ ပုဂ္ဂိုလ်  အမည် အဝါ ရွေးချယ်ရာ၌လည်း လောကဓမ္မနှင့် ညီညွတ်ရန် အရေးကြီးပေသည်။

      မြတ်စွာဘုရားကို ဗဟို၌ ထားရမည်ကား မလွဲမရှောင် သာသော နေရာချထားမှု ဖြစ်သည့်အတိုင်း  ဘုရားပွင့်တော် မူစ (သို့မဟုတ်) များသောအားဖြင့် ဘုရားမြတ်စွာသည် အရှေ့သို့ မျက်နှာလှည့်၍ှ  သီတင်းသုံးတော် မူလေ့ရှိ သဖြင့် ဘုရားကို ပလ္လင်ပေါ်က ရှေ့သို့ လှည့်၍ ထားလျှင် လက်ျားဘက်  တောင်အရပ်သည်၊ လက်ျာရံ အရှင်မြတ် သာရိပုတ္တရာ၏ နေရာတော် ဖြစ်ပေမည်။ လက်ဝဲဘက်မြောက်  မျက်နှာသည် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန်၏ နေရာတော် ဖြစ်ပြီး နောက်သက်တော်  အကြီးဆုံး အရှင်ကောဏ္ဍညကို ဘုရားရှေ့ တည့်တည့် အရှေ့မျက်နှာမှ ထားရမည်ဖြစ်၏။ အလုပ်အကျွေး  နောက်တော်ပါ အရှင်အာနန္ဒာကား မုချမြတ်စွာ ဘုရား၏ ကျောဖက် အနောက်မျက်နှာ၌ ရှိရပေမည်။

ကျန်ရဟန္တာ လေးပါးနှင့် အရပ်မျက်နှာ ချထားမှုကား မည်သို့နည်း။
       ဘုရားနေရာတော်နှင့် ဖော်ပြပါရဟန္တာ လေးပါးအတွက် နေရာ တော်တို့ကို ဓမ္မကြောင်း သက်သက်ဖြင့် အထက်ပါ အတိုင်း ရွေးချယ်ခဲ့ပြီး ကျန်ရဟန္တာ လေးပါးနှင့် နေရာရွေးချယ်ပုံမှာ လောကကြောင်း များစွာ  နွယ်သွားလေသည်။ အရှေ့မြောက် မျက်နှာသည် တနင်္ဂနွေ ဂြိုလ်ရှိရာ အရပ်ဖြစ်၏။ ဂြိုလ် (၈)လုံးတွင် တနင်္ဂနွေ ဂြိုလ်သည်  ဂြိုလ်သက် အနည်းဆုံး ဖြစ်လေသည်။ ထို့ကြောင့် ထိုအရပ်၌အသက် အငယ်ဆုံး ရဟန္တာကို ရွေးချယ်၍
နေရာချထားပေးရာ ထိုနေရာသည် အရှင်ရာဟုလာ၏ နေရာ ဖြစ်လာရလေသည်။

       အရှင်ရေဝတသည် အရှင် သာရိပုတ္တရာ၏ ညီငယ်ဖြစ်၏။ ညီငယ်သည် နောင်တော် အနီး၌  နေသင့်ပေသည်။ ထို့ကြောင့် ပြည့်ရှင်မင်း အနီး၌ အိမ်ရှေ့မင်း ကိုထားရ သကဲ့သို့ အရှင်သာရိ ပုတ္တရာနှင့်  နီးရာ ရှေ့တောင် အရပ်၌ အရှင်ရေဝတကို ချထားရလေသည်။ အရှင် ဥပါလိသည် ဝိနည်းဆောင် ဧတဒဂ်ရ ဝိနည်းဓိုရ် ပုဂ္ဂိုလ် ဖြစ်ရာ ဤဘုရား လက်ထက်တွင် ဝိနိစ္ဆယ  တရားသူကြီး တစ်ဦးပင်ဖြစ်၏။ ထို့ကြောင့် အရှင်ဥပါလိကို နေရာချ ထားရာ၌ လောကီကျမ်းတို့တွင်  စနေဂြိုလ်သည် တရားဆုံး ဖြတ်တတ်သော ဝိနိစ္ဆယ အမတ်ကြီးဖြစ်ခဲ့ ဘူးသည်ဟု လာရှိသဖြင့်  အရှင်ပါလိ အတွက် နေရာသည် စနေထောင့် အရပ်ဖြစ်လာ ရပေသည်။

       အရှင်ဂဝမ္ပတိနှင့် အနောက်မြောက် အရပ်ကား သဒ္ဒါကျမ်းနှင့် ဆက်ဆံနေပေသည်၊ ဂဝမ္ပတိမှာ “ဂုန္နံပတိ  ဂဝမ္ပတိ” (နွားတို့၏ အရှင်)ဟု ဝိဂြိုလ် ဆိုရသည်၊ ဂေါသဒ္ဒါသည် ပသုသဒ္ဒါနှင့် အတူ နွားကိုဟောသည်၊  ပသုသဒ္ဒါသည် နွားကိုလည်းဟောသည်၊ ရာဟုဂြိုလ်ကိုလည်း ဟောသည်၊ ထို့ကြောင့် ဂုန္နံပတိ ဂဝမ္ပတိ  ဟူသော ဝိဂြိုလ်ကို နွားတို့၏ အရှင်ဟူ၍ သာမက ရာဟုဂြိုလ် တို့၏ အရှင်ဟူ၍လည်း အနက်ဆို  နိုင်လေသည်။ သို့ဖြစ်၍ အရှင်ဂဝမ္ပတိ၏ နေရာတော်သည် ရာဟုထောင့် ဖြစ်သော အနောက်မြောက်  အရပ် ဖြစ်ပေသည်။ 

သို့ဖြစ်၍ စာဟောင်းပေဟောင်း ကျမ်းဂန် အထူးမှ လာသော ဤရဟန္တာ ရှစ်ပါးအတွက် နေရာတော်  ချထားခြင်းမှာ ပညာရှင် တို့၏ စိန္တာမယ ဥာဏ်ပေါ်၌ တည်ရှိပေသည်၊ တနည်းမှာလည်း ရဟန္တာ  မြောက်မြား စွာရှိပါလျက် (၈) ပါးကို ရွေးကောက်ထား ခြင်းမှာ ဤရှစ်ပါး သည်သာ ပြဆိုခဲ့သည့် အတိုင်း  အရပ်ရှစ်မျက်နှာ နှင့် ဆီလျော်ကိုက် ညီနေသောကြောင့် ဖြစ်သည်ဟု ဖြေဆိုရပေ သတည်း။ 

(ရဝေထွန်း)

Thursday, November 17, 2016

မြန်မာ့ဂီတလောက၊ အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေ၊ NCA စာချုပ်တစ်နှစ်အလွန်

ဂျာအေး သူ့အမေရိုက် မုန့်လုံးစက္ကူကပ် " မြန်မာ့ဂီတလောက

အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေထွက်ပေါ်လာဖို့ လုပ်ဆောင်နေ၊ ဥပဒေက ဘာအတွက်လဲ



NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ (အပိုင်း-၁)




NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ (အပိုင်း-၂)




Monday, November 14, 2016

တန်ဆောင်မုန်း လပြည့်နေ့ (သာမည ဖလ အခါတော်နေ့)



တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။

သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက်စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ
(မာဂဓီ- သာစည်) ဆရာတော်ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။
..................................................

 သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့
********************************************

၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။

၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။

၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။

၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။

၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး

၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
......................
“သာမညဖလသုတ္တန်”-
အကြောင်းတရား ဒေသနာတော် MP 3
•••••••••••••••••••••••••••••••
Download လုပ်၍ နာယူနိုင်ရန် 
ကျေးဇူးတော်ရှင်သီတဂူဆရာတော် ဘုရားကြီး 
ဒေါက်တာ အရှင်ဉာဏိဿရ ဟောကြားတော်မူသော
“သာမညဖလသုတ္တန်”-တရားတော်-MP3ကို 
ဓမ္မဒါနပြုလိုက်ပါသည်။

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်Links : 
File size : 20.03 MB


Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm