Sunday, November 13, 2016

Thai Style Mince Chicken Salad & Fresh Prawn Salad


ချဉ် ငံ စပ် ပုစွန်အစိမ်းသုပ်

ချဉ်ချဉ်ငံငံစပ်စပ်လေးမို့  ထိုင်းမှိုင်းနေတာတွေပျောက်ပြီး လန်းဆန်းတက်ကြွလာမယ့်အစားအစာလေးပါ။ ပုစွန်အစိမ်းသုပ်တဲ့အခါ ပုစွန်လတ်လတ်ဆတ်ဆတ်မှ ကောင်းပါတယ်။ ဒီပုစွန်တွေက ပံသကူသားတွေပါ။


Ingredients:
ပုစွန်ကျား ၁၅ကောင်
ငရုတ်သီးအနီတောင့် ၁၀တောင့်
ငရုတ်မိုးမျှော် ၅တောင့်
ကြက်သွန်ဖြူ ၃မွှာ
ပူစီနံ  ၁စည်း
နံနံပင် ၃ပင်
သကြား ထမင်းစားဇွန်း ၁ဇွန်း
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
သံပုရာရည် ထမင်းစားဇွန်း ၂ဇွန်း
ဆလတ်ရွက် ၅ရွက်


Preparation Method:
၁) ပုစွန်တွေကို ရေဆေးပြီး ရေစိမ်ပါ။ ပုစွန်ကို ခေါင်းဖြုတ်၊ အမြီး ချန်ထားပြီး အခွံခွာပါ။ ကျောလယ်ကို ခွဲပြီး အမည်းကြောင်းလေးကို ထုတ်ပါ။ ပြီးလျှင် အသာလေး ဖြန့်လိုက်ပါ။

၂) ကြက်သွန်ဖြူ၊ ငရုတ်သီးအနီ၊ ငရုတ်မိုးမျှော်၊ ပူစီနံ၊ နံနံပင် အားလုံးကို ပါးပါးသေးသေး လှီးပါ။

၃) အပေါ်က ဆမ်းမည့် ဆော့အတွက် ပန်းကန်ထဲကို လှီးထားသော အစာပလာတွေထည့်ပါ။ သကြား၊ ငါးငံပြာရည်၊ သံပုရာရည်ထည့်ပါ။ အရသာကို စိတ်ကြီုက်ပြင်ပါ။

၎) ပြင်မယ့်ပန်းကန်ထဲကို ဆလတ်ရွက်ကို အရင်ခင်းပါ။ ပုစွန်တစ်ကောင်ချင်း စီထည့်ပါ။ ပြီးလျှင် ပြင်ထားသော ဆော့ကို ပုစွန်တစ်ကောင်ချင်းစီပေါ် ခပ်ထည့်ပါ။ ပုံထဲမှာ ဆလတ်ရွက်အစား ပူစီနံရွက်ကို သုံးထားပါသည်။

၅) အောက်ခံ ဆလတ်ရွက်နှင့် ပုစွန်ကို ထုတ်စားပါ။ ပုစွန်ရဲ့ ချိုတဲ့အရသာရယ် ချဉ်ငံစပ်ဆော့ရယ်၊ ပူစီနံမွှေးမွှေးလေးရယ်က စားပြီးရင်း ထပ်စားချင်နေမှာပါ။

သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့ စားလို့ ရတဲ့ ပုစွန်အစိမ်းသုပ် ချဉ်ငံစပ်လုပ်စားကြည့်ပါရှင်။

Credit: KaeKae’s FoodPalace

ကြက်သားစင်းကောသုပ် ♡ 
(Thai Style Mince Chicken Salad)
❀ ❀ ❀

ယိုးဒယားစင်းကောသုပ်လေးကိုအဆာပြေဘဲစားစားဟင်းတခွက်အဖြစ်ဘဲလုပ်စားစားစားရတာအဆင်ပြေလှတဲ့အနံ့အရသာနဲ့ပြည့်စုံသောအသုပ်လေးဘဲဖြစ်ပါတယ်။ကြက်သားအစားနှစ်သက်ရာအ သားဖြင့်ပြောင်းပြီးသုပ်နိုင်ပါတယ်။သုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
******
ကြက်သား - ၂၀၀  ဂရမ်  ( နှစ်သက်ရာအသား )
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်မိတ် - ၃ပင်
ပူစီနံ - လက်တဆုပ်
ရှောက်ခါးရွက် - တစ်ရွက်
စပါးလင် - တစ်ချောင်း
ငရုပ်သီး အလှော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - တစ် ဇွန်း
သံပုရာရည် - တစ်ဇွန်း
ဆန်လှော်မှုန့်  - တစ်ဇွန်း
အချိုမှုန့် သို့ ဟင်းခပ်မှုန့် - လ္ဘက်ဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရည်သို့ ရေ - အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ
*************
1.ဦးစွာအသားကိုကြိတ်ပါသို့မဟုတ်ညက်အောင်စင်းထားပါ။

2.စင်းထားသောအသားကိုလက်ကိုင်အိုးတခုတွင်ထည့်ပြီးရေအနည်းငယ်ဖြင့်မီးဖိုပေါ်တွင်အပူပေးပါ။အခဲများမဖြစ်အောင်မွေပေးပါ။ဆူပွက်ပြီးအသားကျက်ပါကမီးဖိုမှချထားပါ။

3.ကြက်သွန်နီပါးပါးစိတ်၊ကြက်သွန်မိတ်၊ပူစီနံ၊စပါးလင်နုနုရှောက်ရွက်တို့ကိုသေးသေးစိတ်ပြီးကြက်သားစင်းကောပြုတ်ထားသောအိုးထည်းသို့ရောထည့်ပါ။

4.ငံပြာရည်အချိုမှုန့်သံပုရာရည်တို့ဖြင့်အရသာဖြည့်စွက်ပြီးဆန်လှော်မှုန့်၊ငရုပ်သီးမှုန့်၊ထည့်ကာသမေ အာင်မွေပေးပါ။အရသာအပေါ့အငံမြည်းပြီးချဉ်ငံစပ်အသားစင်းကောသုတ်လေးကိုပန်းကန်တွင်တည်ခင်းပြီးပူစီနံအနည်းငယ်ဖြင့်အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။

5.တွဲဖက်အနေဖြင့်ဆလပ်ရွက်ကောက်ညင်းပေါင်းတို့ဖြင့်လည်းတည်ခင်းသုံးဆောင်လေ့ရှိကြပါတယ်။
❀ဆန်လှော်မှုန့်မှာဆန်(သို့)ကောက်ညင်းဆန်ကိုစပါးလင်ရှောက်ရွက်သေးသေးစိတ်ဖြင့်အရောင်ရအောင်ရောလှော်ပြီးခပ်ကြမ်းကြမ်းအနေထားကြိတ်ထားခြင်းဖြစ်ပါတယ်။
.........
Sofia

Credit: http://sofiafoodparadise.blogspot.com

No comments: