Showing posts with label Food & Drinks. Show all posts
Showing posts with label Food & Drinks. Show all posts

Friday, February 16, 2024

Fish Cake ခေါ်မြန်မာလို ငါးဖယ်ပြား

 Fish Cake ခေါ် မြန်မာလို ငါးဖယ်ပြား

********************************




Fishcake (သို့) Fish Cake လို့ခေါ်တဲ့ ငါးအသားပြား (သို့မဟုတ်) ငါးပေတံ (သို့မဟုတ်) ငါးအူချောင်း ဟုခေါ်ကြသည့် ငါးအသားနှင့် ဆန်မုန့်ကို ရောနှယ်ထားသည့် စားစရာတစ်မျိုးကို စားဖူးကြပါလိမ့်မည်။ 

Fish Cake သည် ငါးအသား၊ ကော်မှုန့်/ ဂျုံမှုန့်/ ဆန်မှုန့်ဖြင့် ရောနှယ်ထားပြီး ကြော်/ပြုတ် စားလို့ရသည့် မုန့်မျိုးဖြစ်သည်။ 

Fish Cake သည် တရုတ်ရိုးရာစားစရာတစ်မျိုးဖြစ်ပြီး ယနေ့ခေတ်က မြန်မာအခေါ် ကိုးရီးယားအကင်စုံ၊ ဂျပန်ငါးအူချောင်း၊ ငါးဖယ်ကြော်/လုံး စသည်တို့မှာ Fish Cake အမျိုးအစားထဲတွင် ပါဝင်သည်။ Fish Cake ကို တရုတ်လို ယွီကောင်း 魚糕 ဟု ခေါ်သည်။ (Fish Cake ဆိုသည့် စာလုံးအစား ယွီကောင်း ဟုသာ သုံးနှုန်းသွားပါမည်။)


Fish Cake ဖြစ်ပေါ်လာပုံ 


ယွီကောင်း ဖြစ်ပေါ်လာပုံမှာ ဒဏ္ဍာရီအရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် 三皇五帝 ခေတ်မှ စပြောရလိမ့်မည်။ ရွှမ့်ဧကရာဇ် လက်ထက်တွင် ဧကရာဇ်သည် မိဖုရား ၂ ပါးနှင့်အတူ တရုတ်ပြည်တောင်ပိုင်းသို့ ခရီးထွက်လာခဲ့သည်။ ရှေးယခင်က ခရီးထွက်ရသည်မှာ လမ်းကြမ်းများကို ခရီးနှင်ရသောကြောင့် လွန်စွာမှ ပင်ပန်းကြသည်။ ရွှမ့်ဧကရာဇ်၏ မိဖုရား ၂ ပါးမှာ လမ်းခရီးတွင် ပင်ပန်းလွန်းသည့်အတွက် အစားအသောက်ပျက်ကာ နေထိုင်မကောင်းဖြစ်ခဲ့ရသည်။ ထိုအခါ ဧကရာဇ်လဲ စိုးရိမ်သွားပြီး မိဖုရား ၂ ပါးအတွက် အရသာရှိသော အစားအသောက်များကို ရှာဖွေစေသည်။ ထိုအချိန်၌ ပေါ် အမည်ရှိ တံငါသည်တစ်ယောက်သည် ရွှမ့်ဧကရာဇ်ထံသို့ ငါးဖြင့်ပြုလုပ်ထားသည့် မုန့်တစ်မျိုးကို ဆက်သလေသည်။ ထိုမုန့်ကို မိဖုရား ၂ ပါးလဲ အကြိုက်တွေ့ပြီး မြိန်ရည်ရှက်ရည် စားသုံးကြလေသည်။ ဧကရာဇ်လဲ ကျေနပ်သွားပြီး တံငါသည် ပေါ် ကို မုန့်၏ အမည်နှင့် ပြုလုပ်နည်းကို မေးမြန်းလေသည်။ တံငါသည်လဲ မုန့်အမည်ကို ခပ်လွယ်လွယ်ပင် ယွီကောင်း 魚糕 ဟုသာ ပြောလိုက်လေသည်။ ထိုအချိန်မှစ၍ Fish Cake သည် တရုတ်ပြည်တစ်ဝှမ်းသို့ ပြန့်နှံ့သွားပြီး စားမြိန်စာမုန့်အနေဖြင့် စားသုံးကြလေသည်။ 


တရုတ်ပြည်၏ ပထမဆုံးဧကရာဇ်ကြီးနှင့် ငါးဇာတ်လမ်း


ချင်မင်းဆက်ကို တည်ထောင်သူ ချင်စစ့်ဟွမ်တိ 秦始皇帝 ဧကရာဇ်ကြီးသည် ရာဇဝင်၌ ငါးဟင်းလျာကို ကြိုက်နှစ်သက်သူဟု နန်းတွင်း စားဖိုချောင်မှတ်တမ်းများအရ သိရသည်။ ချင်စစ့်ဟွမ်တိသည် ငါးဟင်းလျာကို စားသုံးရတာ နှစ်သက်သော်လည်း ငါးရိုးကြောင့် စိတ်အနှောင့်အယှက် အမြဲဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ၏ စားတော်ကဲများမှာ ငါးဟင်းလျာချက်ပြုတ်တိုင်း ငါးရိုးကို ဖယ်ထားရပြီး ငါးရိုးမပါသွားစေရန် အမြဲသတိထားရသည်။ အကယ်၍ ငါးရိုးပါသွားပါက ဧကရာဇ်ကို လုပ်ကြံသည့် စွပ်စွဲချက်ဖြင့် စားတော်ကဲများခမျာ လည်ပင်းပြတ်ရရှာလေသည်။ အကယ်၍ ငါးရိုးမပါပဲ အရသာကို အကြိုက်တွေ့ပါကလဲ ဆုလာဘ်များကို ချီးမြှင့်တတ်သေးသည်။ 


တစ်ခါသော် စားကော်ကဲမှာ ငါးကို ခုတ်ပိုင်းရင်း စဉ်းစားမိသည်မှာ ဧကရာဇ် စားတော်ခေါ်မည့် ငါးမှာ အရိုးများလွန်းလှသောကြောင့် အရိုးကို ကုန်အောင် မဖယ်နိုင်ပေ။ မဖယ်နိုင်ပါက သူ့ လည်ပြတ်သွားမည်က ဧကန်အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် စားတော်ကဲက ငါးအသားများကို နုပ်နုပ်စဉ်းပြီး ငါးအသားများကို လုံးကာ ပေါင်းခံပြီးနောက် ငါးစွပ်ပြုတ်ကို ပြုလုပ်လေသည်။ ထိုငါးဖယ်လုံး/ ငါးဘောလုံးဟင်းချိုကို ဧကရာဇ်လဲ အကြိုက်တွေ့သွားသောကြောင့် စားတော်ကဲမှာလည်း အသက်ချမ်းသာရာရလေသည်။ ပါးစပ်ရာဇဝင်အရ ချင်စစ့်ဟွမ်တိ နတ်ရွာစံခါနီးအချိန်၌ အစာမဝင်တော့သည့်အတွက် ဧကရာဇ် စားသုံးနိုင်ရန် သူ ကြိုက်သော ငါးကို ဆန်မုန့်နှင့် လုံးပြီး Fish Cake ပြုလုပ်ကာ ကျွေးခဲ့ရသည်ဟု ဆိုသည်​။ ထိုအချိန်မှစ၍ 魚糕 Fish Cake မှာ စတင်ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။ 


(ဒီအကြောင်းကိုတော့ Mr. Queen ဇာတ်လမ်းထဲမှာလဲ မားမားက ငါးအူချောင်းအကြောင်းကို ပြောရင်းနဲ့ ပြောပြသွားတာမို့ အားလုံးသိကြမှာပါ။ ဇာတ်လမ်းအစမှာလဲ ချင်စစ့်ဟွမ်တိ ဧကရာဇ်နဲ့ ငါးဟင်းလျာအကြောင်းကို ပြောသွားပါသေးတယ်)


မန်ချင်းခေတ် စားဖိုချောင်မှတ်တမ်း


ယွီကောင်းနှင့် ပတ်သတ်၍ အထင်ရှားဆုံးဇာတ်လမ်းမှာ မန်ချင်းခေတ် ကွမ်းရွှီဧကရာဇ် (၁၈၇၅-၁၉၀၈) လက်ထက်က ဖြစ်သည်။ ကွမ်းရွှီဧကရာဇ်၏ မိဖုရား ကျိန့်ဖေးသည် Fish Cake ကို ကြိုက်နှစ်သက်သူ ဖြစ်သည်ဟု သိရသည်။ ကျိန့်ဖေးသည် ယွီကောင်းမုန့်လုပ်နည်းကို နန်းတော်အပြင်ကနေ ယူဆောင်လာခဲ့ပြီး နန်းတွင်းစားတော်ကဲများကို ပြန်လည်ပြင်ဆင်ပြီး ချက်ပြုတ်စေခဲ့သည်။ ကျိန့်ဖေး၏ Fish Cake လုပ်နည်းမှာ နန်းတော်မှတစ်ဆင့် အပြင်သို့ ကျော်ကြားခဲ့သည်။ သို့သော် ကျိန့်ဖေး အသတ်ခံလိုက်ရပြီးနောက်တွင် နန်းတွင်း၌ မည်သူမှ Fish Cake ကို မစားသုံးတော့ပေ။ 


Fish Cake အမျိုးမျိုး




Fish Cake ကို နိုင်ငံအလိုက် ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြသည်။ မြန်မာတွင် Fish Cake ကို ငါးဖယ် ဟု ခေါ်သည့် ငါးအမျိုးအစားကိုသာ အသုံးပြုပြီး ပြုလုပ်ကြသည်။ ထို့ကြောင့်လဲ မြန်မာ Fish Cake ကို ငါးဖယ်ဆုပ်/ ငါးဖယ်ကြော်/ ငါးဖယ်လုံး စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ကိုးရီးယား Fish Cake များကိုတော့ ကိုးရီးယားအကင်စုံ (သို့မဟုတ်) ငါးအူချောင်းဟု ခေါ်ဝေါ်ကြပြီး ဂျပန် Fish Cake ကို ငါးပေတံပြား (သို့မဟုတ်) ငါးထောပတ်ဟု ခေါ်ကြသည်။ ဂဏန်းအသားငဖြင့် ပြုလုပ်ထားသည့် Fish Cake ကို ဂဏန်းအသားချောင်းဟုလဲ ခေါ်ဝေါ်ကြသည်။ ကိုးရီးယားအကင်ဆိုသည်မှာ ဆန်ကို မုန့်နှစ်ဖြစ်အောင် နှယ်ထားပြီး ငါးအသားနှင့် ရောနှယ်ကာ ကြော်ထားခြင်းမျိုး ဖြစ်သည်။ ထိုဆန်မုန့်ကြော် (Fish Cake) များကို ဆီပူထဲမှ ချပြီး အေးခဲပစ်ရသည်။ စားသုံးသည့်အခါမှ အေးခဲနေသည့် Fish Cake ကို ပြုတ်စားပါက ငါးအူချောင်းဖြစ်လာပြီး ကြော်စားပါက ကိုးရီးယားအကင် ဖြစ်လာသည်။ သတင်းအမှားများထဲမှာကဲ့သို့ ကိုးရီးယားအကင်များသည် အကောင်ပေါင်းစုံ၏ အသားများနှင့် ပြုလုပ်ထားခြင်းမျိုး မဟုတ်ပေ။ (ဗဟုသုအနေဖြင့်သာ) မတူညီသည်က မြန်မာ Fish Cake (ငါးဖယ်ကြော်) သည် ငါးဖယ်အသားသီးသန့်ဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ငါးအရသာမှာ ပိုမိုပေါ်လွင်သည်။ 


ဂျပန်တို့သည် တရုတ်တို့ထံမှ Fish Cake ပြုလုပ်နည်းကို မင်ခေတ်၌ ရရှိခဲ့သည်ဟု သိရသည်။ မင်ခေတ်၌ တရုတ်ပြည်တောင်ပိုင်းကို ဂျပန်တို့ ကျူးကျော်သိမ်းပိုက်ထားသည့် ကာလအတွင်း တရုတ်ဟင်းလျာချက်ပြုတ်နည်းများကို ဂျပန်ပြည်သို့ ယူဆောင်သွားခဲ့ကြောင်း မှတ်တမ်းများက ဆိုထားသည်။ ဂျပန်တို့က တရုတ်တို့၏ Fish Cake၊ Fish Ball (ငါးအသားလုံး) ပြုလုပ်နည်းများကို နမူနာယူပြီး ဂျပန်စတိုင် တီထွင်ပြီး ပြုလုပ်ခဲ့ကြသည်။ 


ဂျပန်တို့သည် ကိုးရီးယားနိုင်ငံကို သိမ်းပိုက်ထားသည့် ကာလအတွင်း Fish Cake ပြုလုပ်နည်းကို ကိုးရီးယားသို့ ပြန်ယူလာခဲ့သည်။ ထိုအချိန်ကျမှ ဂျပန်တို့နည်းဖြင့် ကိုးရီးယားအကင်စုံ (သို့မဟုတ်) ကိုးရီးယား ငါးအူချောင်း (သို့မဟုတ်) Fish Cake ဟူ၍ ကိုးရီးယားအရသာအတိုင်း ပြုလုပ်ကာ စတင်မိတ်ဆက်ပေးခဲ့သည်။ ပထမဆုံး Fish Cake အရောင်းဆိုင်ကို ၁၉၅၀ ခုနှစ်တွင် ဘူဆန်မြို့ ဘူဖျောင်ခန်ထုံဈေး ဒုန်ကွမ်စားသောက်ဆိုင်တွင် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ကိုးရီးယားတစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး ကိုးရီးယားလူမျိုးတို့ ကြိုက်နှစ်သက်သည့် Fish Cake အရောင်းဆိုင်များကို နေရာအနှံ့တွင် တွေ့မြင်လာနိုင်ပေသည်။ 


魚蛋 (Fish Ball)




နောက်တစ်မျိုးကတော့ Fish Cake ကို လုံးပြီးပြုတ်/ကြော်ထားသည့် ငါးအသားလုံးများကို Fish Ball 魚蛋 ဟု ခေါ်ကြသည်။ Fish Ball ငါးအသားလုံးများမှာလဲ နိုင်ငံအလိုက်၊ ဒေသအလိုက် ဒေသခံများ၏ အကြိုက်ပေါ်မူတည်ပြီး အမျိုးမျိုး ရှိလာကြသည်။ တရုတ်ပြည်တွင်း၌ ငါးအသားလုံးကို အမျိုးမျိုး ပြုလုပ်ရောင်းချကြသည်။ တစ်ချို့မှာ ငါးအသားလုံးများကို ပြုတ်ပြီး စွပ်ပြုတ်၊ ဟင်းချိုအဖြစ် စားကြသလို တစ်ချို့နေရာများတွင်တော့ ငါးအသားလုံးကြော်အဖြစ် စားသုံးကြသည်။ မြန်မာတွင်တော့ ငါးဖယ်လုံးဟင်းချိုမှာ ငါးဟင်းမကြိုက်သည့်သူများပင် နှစ်သက်သည့် ဟင်းလျာတစ်မျိုး ဖြစ်သည်။ တရုတ်ပြည်ရှိ တစ်ချို့နေရာများတွင်တော့ ငါးဖယ်လုံးထဲတွင် အဆာပလာများသွပ်ကာ ပြုလုပ်လေ့ရှိကြသည်။ ကိုးရီးယား၊ ဂျပန်တို့တွင် ပြောင်းဖူးစေ့၊ မုန်လာဥနီ (ခါကြက်ဥ)၊ ကြက်သွန်မြိတ်တို့ဖြင့် ရောနှယ်ကာ ကြော်စား/ပြုတ်စားလေ့ရှိကြသည်။ တရုတ်ပြည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၏ ဖူကျိုးငါးအသားလုံး (福州鱼丸) မှာ ကမ္ဘာတစ်လွှား၌ နာမည်ကြီးသည်။ ငါးအသားလုံးထဲတွင် ဝက်သားတောက်တောက်စင်းပြီး အစာသွပ်ထားသည့် ဖူကျိုးငါးအသားလုံးမှာ တစ်လုပ်စားရုံမျှဖြင့် အရသာမျိုးစုံကို ခံစားနိုင်စွမ်းပေးသည်။


ဟောင်ကောင်နှင့် မကာအိုရှိ ငါးအသားလုံးကို အဝါရောင်၊ အဖြူရောင်၊ ရွှေရောင်ဟူ၍ အမျိုးအစား ၃ မျိုးဖြင့် ရောင်းချကြသည်။  


အဝါရောင် ငါးအသားလုံး


အဝါရောင် ငါးအသားလုံးမှာ အဖြူရောင် ငါးအသားလုံးထက် ဈေးပေါပြီး လူတိုင်းစားသုံးနိုင်သည့် Street Food (လမ်းဘေးအစားအစာ) အဖြစ် ရောင်းချကြသည်။ ကွာခြားချက်မှာ အသုံးပြုထားသည့် ငါးအမျိုးအစားနှင့် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ အဝါရောင် ငါးအသားလုံးကို ပွက်ပွက်ဆူနေသည့် spicy sauce အနှစ်ထဲ စိမ်ထားပြီး ရောင်းချကြသည်။ ရောင်းသူအပေါ်မူတည်ပြီး အသားလုံးချောင်း ၁ ချောင်းတွင် Fish Ball ၅ လုံးမှ ၇ လုံးအထိ ပါဝင်သလို sauce အရသာမှာလဲ ကွားခြားမှုရှိသည်။ 


အဖြူရောင် ငါးအသားလုံး


အဖြူ​ရောင်ငါးအသားလုံးမှာ အဝါရောင် ငါးအသားလုံးထက်ပိုကြီးပြီး ဈေးပိုကြီးသည့်အတွက် စားသောက်ဆိုင်များတွင်သာ ရောင်းချလေ့ရှိကြသည်။ အဖြူရောင် ငါးအသားလုံးကို စပိန်-မက်ကရယ်ငါးအမျိုးအစားဖြင့် ပြုလုပ်ပြီး နူးညံ့သည့် ငါးအသားလုံးဖြစ်လာစေရန် ငါးအသားကို အကြိမ်ကြိမ် ထောင်းထားရသည်။ ပြီးနောက် ဆား အနည်းငယ်ထည့်ပြီး ကြက်ဥအကာ၊ (ပြောင်း) ကော်မှုန့်၊ မိမိထည့်လိုသည့် အမယ်များကို ထည့်ပြီး ရောနှယ်ထားရမည်။ ပြီးမှ စွပ်ပြုတ်အနေဖြင့် ပြုတ်ပြီး စားသုံးနိုင်သည်။ တစ်ချို့သော Hot-pot ဆိုင်များတွင် အဆိုပါ ငါးအသားလုံးကို ရရှိနိုင်သည်။ ဈေးအကြီးဆုံး ဆိုင်များမှာ မိမိအရှေ့တွင် ငါးအသားလုံးပြုလုပ်ပြသည့် ရိုးရာနည်းအတိုင်း hand-made (手打) ဆိုင်များ ဖြစ်ကြသည်။ 


ရွှေရောင် ငါးအသားလုံး


ရွှေရောင် ငါးအသားလုံးမှာ ဟောင်ကောင်၊ ချန်ကျိုးကျွန်း၏ သရေစာအဖြစ် စားသုံးကြသည့် အစားအစာဖြစ်သည်။ အရွယ်အစားမှာ တစ်လုပ်စာအနေတော်ရှိပြီး ရွှေရောင် ငါးအသားလုံး၏ အသက်မှာ အထူးပြုလုပ်ထားသည့် sauce ဖြစ်သည်။ ရွှေရောင် ငါးအသားလုံးမှာ ရွှေဝါရောင်လေးသမ်းလာအောင် ကြော်ထားခြင်းမျိုး ငါးအသားကဲ့သို့ နူးညံ့ပြီး ငါးအသားအရသာအတိုင်းကိုရအောင် ပြုလုပ်ထားခြင်းမျိုး ဖြစ်သည်။ 


တခြားအမျိုးအစားတွေလဲ အများကြီးရှိသေးပေမယ့် အခုတော့ ဒီလောက်ပါပဲ။


John @ F&B management

Wednesday, January 31, 2024

ကော်ဖီအကြောင်း (Coffee)

 ကော်ဖီအကြောင်း (Coffee)

***************************





            (၁၇) ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးနီးယား နိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ်တို့၌ ကော်ဖီကို မြိန်ရှက်စွာ သောက်သုံးနေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင် သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။


စတင်တွေ့ရှိပုံ

           ကော်ဖီကို စတင်တွေ့ရှိပုံ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ (၃) ရာစုနှစ် အကုန်လောက်တွင် အာရေဗျမှ ခရစ်ယာန် ဘုန်းတော်ကြီး တစ်စုသည် နှိပ်စက် ညှဉ်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယား နိုင်ငံရှိ တောတောင် ထူထပ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ မွေးမြူထားသည့် သိုးနှင့် ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်း မရှိပဲ မြူးထူး ခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တဩ တွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့် ဆိတ်တို့ စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်တစ်မျိုး၏ အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင် ဖြစ်၍ ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဆို၏။ ထိုသမိုင်း ပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ ဘုရားဖူးသွားကြသော မွတ်စလင်တို့သည် ညဘက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်ပြေစေရန် ကော်ဖီစေ့ကို လှော်၍ အမှုန့်ကြိတ်ပြီးလျှင် ရေတွင်ဖျော်ကာ သောက်သုံးခဲ့ကြကြောင်း အထောက်အထားများ ရှိလေသည်။ နောင်သော် ကော်ဖီ သောက်ခြင်းအလေ့သည် တစ်စတစ်စ ပျံ့နှံ့လာပြီးလျှင် တရုတ် နိုင်ငံ၌ လက်ဖက်ရည်ကို ကြိုက်နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကော်ဖီကို အထူး နှစ်သက်လာကြလေသည်။


ပျံ့နှံ့သွားပုံ

          အေဒီ (၁၃)ရာစုတွင် အီသီယိုးပီးယားနိုင်ငံမှ ဆိတ်ကျောင်းသား ကယ်(လ်)ဒီမှ စတင်တွေ့ရှိခဲ့ပါသည်။ ဆိတ်ကျောင်းရင်း ဆိတ်များ အသီးတစ်မျိုးကို စားမိပြီး မြူးထူးခုံပေါက်နေသည်ကို သတိထားမိပြီး မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှ ကော်ဖီကိုစတင်သတိပြု သောက်သုံးခဲ့ပါသည်။


ကော်ဖီပေါက်ရောက်ရာအရပ်ဒေသများ

         ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယ ကျွန်းစုတို့မှအပ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း ၊ မက္ကဆီကို ၊ အာရေဗျကျွန်းဆွယ် ၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ ၊ သီဟိုဠ်ကျွန်း ၊ ဆူမတြာကျွန်း ၊ ဂျာဗားကျွန်းနှင့် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းများ ဖြစ်ကြသည်။




ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု

         ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝ⁠ဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။

          ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်း⁠နည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။

        အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထား ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။

        ကော်ဖီတွင် ကက်ဖီအင်း(Caffeing)ခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓာတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓာတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ် ၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။

        ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဘီးယန်းနှင့် လိုက်ဘေးရီးယန်းကော်ဖီပင် နှစ်မျိုးကိုသာ အများအပြား စိုက်ပျိုး လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။

      ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူ⁠ဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။


ကော်ဖီနှင့် ကျန်းမာရေး

      ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။


မြန်မာ့ကော်ဖီ

       မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြား ဧကနှစ်သိန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၇၀၀၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။


ကြောင်ကတိုးကော်ဖီ

        ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ်ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။ ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။ ကြောင်ကတိုးမှ ပြုလုပ်ပေးသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။ ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။ ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားပါသည်။ ကြောင်ကတိုးမစင်များကို လက်အိတ်နှင့် လိုက်ကောက်ရပါသည်။ ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် လက်အိတ်ကို အသုံးပြုရပါသည်။ မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရပါသည်။ ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာပါသည်။ ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။ ထိုင်းနိုင်ငံတွင် ကြောင်ကတိုး ကော်ဖီအပြင် ဆင်၏ချေးမှရရှိသော ကော်ဖီလည်း ရှိပါသေးသည်။


ဆင်၏မစင်မှရသောကော်ဖီ

       ဘန်ကောက်- ထိုင်းနိုင်ငံ၏ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် Anantara ဟိုတယ်တွင် ဆင်၏ချေးမှရရှိသော ကော်ဖီကို ရောင်းချလျက်ရှိသည်။ ၎င်းကော်ဖီကို The Black Ivory ဟု အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီးများကျွေး၍ အစာခြေစေသည်။ ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်။ ယင်းကော်ဖီမှုန့်ဖြင့် ဖျော်သည့် ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ဖြင့် ရောင်းချသည်။


သုတေသနပြု လေ့လာချက်များအရ အစာခြေနေစဉ် တွင် ဆင်၏ခန္ဓာကိုယ်မှ အင်ဇိုင်းဓာတ်များသည် ကော်ဖီ၏ ပရိုတင်းဓာတ်ကို ချေဖျက်ပစ်လိုက်သည်။ ကော်ဖီ၏ ခါးသက်သော အရသာမှာ ယင်းပရိုတင်းဓာတ်ကြောင့် အဓိက ဖြစ်၍ ပရိုတင်းဓာတ်နည်းပါးသွားလျှင် အခါးအရသာ မရှိသလောက်ဖြစ်သွား သည်ဟု ဆိုသည်။ ထိုင်းအခြေစိုက် Anantara ဟိုတယ်လုပ်ငန်းတစ်ခုက ၎င်းတို့၏ ဆင်ကယ်ဆယ်ရေးစခန်းတွင် ဆင်ထိန်းများနှင့်အတူ ဆင်အကောင် ရေ ၃၀ ခန့် ထားရှိသည်။ ထိုင်းဟိုတယ်၏ ဆင်ချေး ကော်ဖီမှာ နှစ်ခွက်လျှင် အမေရိကန် ဒေါ်လာ ၅၀ ရောင်းချပြီး ကြောင်ကတိုး ကော်ဖီမှာ တစ်ကီလိုဂရမ်လျှင် ၇၄၈ ဒေါ်လာကုန်ကျသည်။ 




Crd - Dr.Lotus Black

Monday, December 18, 2023

ယမကာနိဒါန်း (အပိုင်း နှစ်)

 ယမကာ နိဒါန်း (၂)




အရက် ဟူသော စကားလုံးသည် မြန်မာ စကားမဟုတ်၊ မူလ အာရေဗျ စကားဖြစ်ကြောင်း ပညာရှင်များရေးသားကြသည်ကို အရင် Post တွေမှာ ကြိမ်ဖန်များစွာ ဖော်ပြခဲ့ဖူးပါတယ်။


 မြန်မာစကားအရဆိုလျှင် သေ၊ သေရည် စသည်ဖြင့်ခေါ်ရမည်လားမပြောနိုင်ပါ။

အာရပ်ကမ္ဘာတွင် ယခင့်ယခင်ကာလများဆီက စမုံစပါးမှ ချက်လုပ်သော ယမကာကို Araq ဟုခေါ်ဆိုကြပါသည်။ မြန်မာသံဖြင့်ဖလှယ်သော် "အရက်" ဖြစ်ပါမည်။ ရကောက်အသံဖြစ်မည်။ အရှေ့အလယ်ပိုင်းဒေသတွင် Arak ဟု စာလုံးပေါင်းကြသည်။ လက်ဘနွန်၊ ဆီးရီးယား၊ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း တို့သာမက အရှေ့တောင်အာရှ နိုင်များတွင်လည်း "အရက်" ဟုသာ အသံထွက်ခေါ်ဆိုကြပါသည်။ သီရိလင်္ကာ အုန်းရည်မှထုတ်လုပ်သော Arrack သည် အင်္ဂလန်၊ အမေရိကတို့ထိ ဈေးကွက်ဝင်ခဲ့သည်။ 


 သရေခေတ္တရာ ပျူ၊ ပုဂံ တို့မှစ၍ သေ စားပွဲကျင်းပသည် သေသောက်ကျူးသည် စသည်ဖြင့် ယမကာအသုံးအနှုန်းများစွာ တွေ့ရသော်လည်း ထန်းရည်၊ ပင်ကျရည်လား၊ သို့မဟုတ် နေကျော် ထန်းရည်မှ ပေါင်းခံသော ယနေ့ခေတ် တောအရက်လား သေချာမသိပါ။ သို့တည်းမဟုတ် နေကျော် ထန်းရည်အချဉ်ကဲ့သို့ပင် စိမ်ရည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မြန်မာတို့၏ အစောဆုံး လောကီကျမ်း သို့မဟုတ် အဂ္ဂိရတ်ကျမ်းစာ ကပ္ပါလင်္ကာရကျမ်းသည် သရေခေတ္တရာ ပျူခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုပါတယ်။ 


မြန်မာ့ပထမဆုံးလောကီကျမ်းအဖြစ်မှတ်ယူနိုင်သော "ကပ္ပါလက်ာရကျမ်း"အား ပျူခေတ် နောက်ဆုံးမင်း သုပညာနာဂရဆိန္ဒမင်းလက်ထက် သရေခေတ္တရာမြို့အရှေ့ဖက် နှစ်ယူဇနာအကွာ ဆင်ဦးကင်းသဏ္ဍန်တောင်တွင် ‌ဂူပြိုကျရာမှ တောရဆောက်တည်နေသော ဥတ္တမသီရိမထေရ်တွေ့ရှိခဲ့ပြီး ကူးယူခဲ့သည်ဟုဆိုပါသည်။ အက္ခရာတို့ကိုအခြေပြုသော အင်းအတတ်ပညာများ၊ အဂ္ဂိရတ်လုပ်ရပ်များပါဝင်ပါသည်။ နေထွက်၊မွန်းတည့်၊နေဝင် စာဖို စာမ အက္ခရာများခွဲခြားသတ်မှတ်ချက်နှင့် ပိဋကတ်သခ်ျာ၊ မြင့်မိုရ်သခ်ျာရေးနည်း အယူအကောက်များဖြင့်စတင်ခဲ့ပါသည်။ ၎င်းရေးသားနည်းများသည် ဂရိတွေးခေါ်ပညာရှင်များ၊ သခ်ျာ၊သိပ္ပံ လောကီပညာရှင်များဖြင့် သက်တမ်းအကြာဆုံးလျှို့ဝှက်  တည်ရှိခဲ့သည့် အနောက်တိုင်းလောကီပညာအသင်း ဖရီးမေဆင်ဂိုဏ်း၏ လျှို့ဝှက်စာရေးနည်း Freemason Cipher နှင့် သဘောသဘာဝ အတူတူပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ယနေ့ခေတ်အိုင်တီနည်းပညာတွင်သုံးသော decrypt/encrypt ပင်ဖြစ်ပါသည်။ ကိုလိုနီခေတ် ခေတ္တမြန်မာပြည်ဘုရင်ခံ ဆာဂျေအေ မောင်ကြီး အဂ်လန်တွင်ပညာသင်ရင်း ဖရီးမေဆင်အသင်းဝင်ဖြစ်ခဲ့ဖူးသည်ဆိုပါတယ်။ ဦးဖိုးကျား ပြန်လည်ရေးသားသော ကပ္ပါလင်္ကာရ အဖွင့် စာအုပ်မှ တဆင့်သိရှိရခြင်းဖြစ်ပါသည်။ 




သရေခေတ္တရာခေတ်နှင့်ကာလတူ အနောက်ဖက်ဒေသတွင် အီဂျစ်ပြည်ဖွားဂရိလူမျိုး Alchemist (အဂ္ဂိရတ်ပညာရှင်) Zosimous ၏ Cheirokmeta ဟူသော အဂ္ဂိရတ်ကျမ်းစာတစောင်ပေါ်ထွက်ခဲ့ပါသည်။ အေဒီ (၃)ရာစုဖြစ်သဖြင့် မြန်မာပြည် သရေခေတ္တရာခေတ် တနည်းအားဖြင့် သံခေတ်နှောင်းပိုင်းကာလတွင်ဖြစ်ပါလိမ့်မည်။ Distillation Appratus (ပေါင်းခံကိရိယာ) ကိုဖော်ပြခဲ့ပြီး ထိုခေတ် အဂ္ဂိရတ် လုပ်ရပ် (ဖို)ရုံများတွင်အသုံးပြုခဲ့ဟန်တူပါသည်။ 


အဂ္ဂိရတ်လုပ်ငန်းတွင်အသုံးပြုသော ပေါင်းခံကိရိယာကို ယနေ့ခေတ် ကဏ္ဍနယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာအသုံးပြုနေကြသည်ကို အလွယ်တွေ့နိုင်ပါသည်။ နှင်းဆီပန်း၊သစ်မွှေး၊နံ့သာဖြူစသည်တို့မှ ဆီမွှေး (Essential Oil)ကို ပေါင်းခံထုတ်နိုင်သလို၊ ပူစီနံနံ၊စပါးလင်တို့မှလည်း ဆီမွှေးများပေါင်းခံထုတ်နိုင်ပါသည်။တနည်းအားဖြင့်ဆိုသော် အရက်ပေါင်းခံအိုးဖြင့် Essential Oil ရနံ့ဆီမွှေးကို သစ်ပင် ပန်းမန်များမှ ထုတ်ယူနိုင်ပါသည်။ တောအရက်ချက်သည်ဖြစ်စေ၊ ဝီစကီဘရန်ဒီချက်သည်ဖြစ်စေ ဤပေါင်းခံနည်းစနစ်တနည်းသာ တကမ္ဘာလုံးသုံးလေသည်။ တခြားနည်းမရှိ။ တောအရက်ကို သစ်စည်တွင်ထည့်၍ နှစ်ချို့သိုလှောင်သော် အနံ့အရသာပြောင်းလဲလျက် ၃နှစ်၊ ၈နှစ်၊  ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ် ဝီစကီ စသည်ဖြင့်ဖြစ်လေသည်။ ရမ်၊ဝီစကီ၊ ဘရန်ဒီ အရက်အုပ်စုခွဲခြားမှုသည် စိမ်ရည်တည်မည့် ကုန်ကြမ်းပေါ် မူတည်၍သာ ခွဲခြားလေသည်။




ယနေ့ခေတ်တွင် ဓါတုဗေဒကို Chemistry ဟုခေါ်ဆိုပြီး အဂ္ဂိရတ်ကို Alchemy ဟု ဝေါဟာရပြုပါသည်။ မြန်မာအခေါ် မီးအတတ်ဟု အနက်ဖွင့်ရမည့် အဂ္ဂိရတ်သည် သိပ္ပံနည်းကျ ဓါတုဗေဒ Chemistry ၏ အစပင်ဖြစ်ပါသည်။ အေဒီ သုံးရာစု အီဂျစ်မှ အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta သည် ရှေးအကျဆုံး ဓါတုသိပ္ပံ ကျမ်းစာတစောင်မှ စတင်လျက် အနောက်တိုင်း အရက်ပေါင်းခံနည်း၏ မြစ်ဖျားခံရာကို တွေ့ရသည် ဆိုရပေမည်။ ခေတ်ပြိုင်ဖြစ်သည့် သရေခေတ္တရာပျူခေတ်၏ ကပ္ပါလင်္ကာရ ကျမ်းတွင် ပေါင်းခံနည်း ပါကြောင်းကိုတော့ မတွေ့ရပါ။ သို့သော် အရှင်နာဂသိန် ပြန်လည်ရေးသားသည် ဓါတ်သမုဒ္ဒရာကျမ်း (အဂ္ဂိရတ်ကျမ်းစာ) ပါ ဓါတ်ခွဲ ယန္တရားများတွင် ပေါင်းခံနည်းများချည်းသာ တွေ့ရသဖြင့် အိန္ဒိယနှင့် အဆက်အဆံရှိ၍ အဂ္ဂိရတ်ပညာထွန်းကားခဲ့သော  သရေခေတ္တရာ၊ ပုဂံအရပ်တို့တွင် Distillation ကို ကောင်းစွာနားလည်ခဲ့ပြီဟု ယူဆမိပါသည်။ 


သရေခေတ္တရာပျူခေတ်ကတည်းက ဗုဒ္ဓဘာသာထွန်းကားခဲ့သော မြန်မာပြည်တွင် လူအတော်များများ ဖတ်ဖူးကြလိမ့်မည့် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွင် သလေးစပါး၊ ငရုတ်၊ သျှိသျား စသည့် အနီးအပါးသစ်သီးအစုံအား ငှက်တို့ချီယူ၍ စွန့်ခဲ့သည့် သစ်ခေါင်းတွင် မိုးရေ ဖြင့်ဖြည့်၍ နေအပူချိန်ဖြင့် ကဇော်ပေါက်စေလျက် သေရည် ဖြစ်ပေါ်လာပုံ၊ မုဆိုးနှင့် ရသေ့မှ ၎င်းနမူနာအတိုင်း သေရည်ချက်လုပ်လျက် အတိုင်းတိုင်းအပြည်ပြည်လှည့်လည်ကြပုံ ရေးသားထားသည်ကို ဖတ်ဖူးကြပါလိမ့်မည်။ မိုးရေသည် အများအားဖြင့် pH 5 မှ 5.5 ထိရှိတတ်သဖြင့် Acidic အနည်းငယ်ချဉ်ယုံမျှ ရှိသည်ဆိုရမည်။ 


 မြန်မာတို့ရင်းနှီးကျွမ်းဝင်ခဲ့သော သေရည်သည် စိမ်ရည်သာဖြစ်ဖို့များပါသည်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်လာ သစ်ပင်သည် ယမနေပင် ဟုတ်မဟုတ်တော့ မသိပါ။ :) သစ်ခေါင်းတွင် စိမ်အပ်သော သေရည်သည် အလွန်ကောင်းမွန်ကြောင်းကိုတော့ (၅၅၀) ဇာတကဝတ္ထုများမှ ဖတ်ရှုခဲ့ရဖူးပါသည်။ မျိုးကျော့မြိုင်ရဲ့ မှားတဲ့ဖက်မှာ သီချင်းလိုပါပဲ ဆရာပေးတဲ့ မက်ဆေ့ မယူမိခဲ့။ :) 




ယနေ့ခေတ်မှာတော့ ငှက်တို့ဖန်တီးအပ်တဲ့ ဟိမဝန္တာက သေရည် သစ်ခေါင်းကြီး ရှာနေစရာမလိုတော့ပါဘူးဗျာ။ ကျွန်တော်ဆီ ဖုန်းလေးတချက်လောက် ဆက်ယုံပါပဲ။ ယမနေသစ်စည်တွေ ၂ လီတာဆံ့၊ တစ်ဂါလံဆံ့၊ ၂ဂါလံဆံ့၊ ၃ဂါလံဆံ့၊ ၅ဂါလံဆံ့၊ ဂါလံ ၃၀ဆံ့၊ ဂါလံ၅၀ဆံ့၊ ဂါလံ၁၂၀၀ ဆံ့ထိ စိတ်ကြိုက် မှာယူနိုင်ပါတယ်။ 


Anyathian Cooperage

Myinmu

☎️ 09988936780


ပုံတွင် အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta ကျမ်းစာပါ ပေါင်းခံအိုးနှင့် ဓါတ်သမုဒ္ဒရာကျမ်းစာပါ ပေါင်းခံအိုးများကို ဖော်ပြထားပါသည်။


ယမကာနိဒါန်း (၁) ဖတ်လိုလျင်


https://m.facebook.com/story.php?story_fbid=348069644463876&id=100077825284133&mibextid=Nif5oz

Sunday, December 17, 2023

ယမကာ နိဒါန်း (အပိုင်း တစ်)

 ယမကာ နိဒါန်း (၁)




ဝီစကီက ကောက်ပဲသီးနှံကိုချက်တယ်။  ကစီဓါတ်ကိုဖြိုခွဲပြီးမှ အချိုဓါတ်ထွက်လာအောင်လုပ်တယ်။ ထွက်လာတဲ့အချိုဓါတ်ကို တဆေးနဲ့ပေါင်းစပ်ပြီး အရက်ပါတဲ့ စိမ်ရည်ဖြစ်လာစေတယ်။ အဲဒါကိုပေါင်းခံချက်တယ်။ ထွက်လာတာ တောအရက်နဲ့အတူတူပဲ။ ကမ္ဘာပေါ်ရှိအရက်မှန်သမျှ Potstill, columnstill ဒီနှစ်မျိုးနဲ့ချက်တာပဲ။ မြန်မာတောရွာတွေမှာချက်တဲ့အရက်က Potstill ပဲ။ စကော့ဝီစကီကလည်း ‌potstill ပဲ။ သို့သော် စကော့ဝီစကီတွေချက်တော့ သုံးတဲ့အိုးက ကြေးအိုး။ 


ရမ်ကို ကြံရည်၊ သကာရည် ကြံထွက်ပစ္စည်းတွေကနေချက်တာကို ရမ်လို့ သတ်မှတ်တယ်။ သူ့ကိုလည်း ဝီစကီချက်သလို အတူတူပဲချက်တာ ထွက်လာတာလည်း တောအရက်ပဲ။ အရောင်မဲ့ခေါ်ခေါ်၊ အဖြူခေါ်ခေါ် ဒါပဲ။ ရမ်က အချိုဓါတ်များတယ်။ 


ဘရန်ဒီကို ဝိုင်ကနေမှ ချက်လုပ်တာဖြစ်တယ်။ ပြင်သစ်က ကော့ညက် Cognac နဲ့ ထိုင်းက Regency ဟာ ဘရန်ဒီပဲ။ ဝိုင်ထုတ်ပြီး ကျန်တဲ့အခွံတွေကိုလည်း ဘရန်ဒီအဖြစ်ပေါင်းခံချက်နိုင်တယ်။ ဝိုင်မှာကတည်းက အနံ့အရသာ ရှိတာမို့ ဘရန်‌ဒီကို စည်မသွတ်ဘူးမထင်နဲ့။ ဘရန်ဒီကိုလည်း စည်သွတ်တာပဲ။ ဝက်သစ်ချစည်တွေမှာသွတ်တယ်။ ဘရန်ဒီသွတ်ထားတဲ့ စည်တွေထဲမှာ  Chivas ကိုAging လုပ်တာရှိတယ်။ ဝိုင်ထည့်စည်တွေမှာ ရမ်၊ ဝီစကီတွေ စည်ပြန်သွတ်တယ်။ သစ်သားစည်တစ်လုံးရဲ့ သက်တမ်းဟာ နှစ်ပေါင်းရာချီတယ်။ ဒါက ကမ္ဘာ့ Cooper စည်လုပ်ဆရာကြီးတွေပြောတာ။  ဦးပိန်တံတားဟာ အမရပူရခေတ်ကတည်းက သစ်နဲ့လုပ်တာပဲ။ ဝိုဂ်ထည့်ပြီးသားစည်ကို အရက်ထည့်လည်းကောင်းတာပဲ။ အရက်ထည့်ပြီးစည်ကို အစားအသောက်တွေထည့် အချဉ်တည်ကြတယ်။ နောက်ဆုံး ဘာမှမလုပ်တော့ရင် ဆေးသုတ်ပြီး အလှဆင်ချင်ဆင်တယ်။ ဘီရို၊စားပွဲ၊ စင်အဖြစ်ပြောင်းကြတယ်။ မြန်မာပြည်မှာတော့ အရက်စည်အဟောင်းရောင်းတယ်ဆိုတာ မရှိသလောက်မို့ Decorations လုပ်ချင်ရင် စည်ဘီရိုလုပ်ချင်ရင် အသစ်ကိုဖြတ်လုပ်ရတာပဲ။ အော်ဒါတွေမှာလို့ ကျွန်တော်လုပ်ပေးရတယ်။ ငွေကြေးတတ်နိုင်သူတွေ စည်ကနေ ဘီရိုပုံစံလုပ် ပရိဘောဂအဖြစ်သုံးကြတယ်။ ပုံထဲက ထိပ်ဖွင့် ၃ လုံးကတော့ မနက်ဖြန် မန္တလေးက ဆိုင်တဆိုင်မှာ အလှဆင်ဖို့အတွက်မှာထားတာလုပ်ပေးတာပါ။ 




ဝီစကီနဲ့ရမ်နှစ်မျိုးစလုံး မူလတောအရက်သဘာဝအကြမ်းကနေ အရောင်အနံ့အရသာတွေဖြစ်လာတာဟာ ဝက်သစ်ချစည်၊ ယမနေစည်တွေထဲ နှစ်ချီထည့်အလုံပိတ်ထားလို့ပဲ။ 


သစ်စည်ကနေအရောင်အနံ့အရသာထပ်ပေါင်းစေတာအပြင် အရက်ကနေပြန်စွန့်ပစ်တဲ့ မကောင်းတဲ့အနံ့ဆိုးတွေ အရက်ရေချိန်တက်စေတဲ့ မီသိုင်းတွေ စည်ထဲမှာ ကြာကြာထားလေလျော့လေပဲ။ နှစ်သက်တမ်းကြာတဲ့အရက်ဟာ တောအရက်ထက် အန္တရာယ်ပိုကင်းသလို သောက်တဲ့အခါ ယဉ်တယ်။ အရသာပိုကောင်းတယ်။ 


ဒါက ဝီစကီ၊ရမ်ပါလို့ ဈေးကွက်မှာရောင်းနေတဲ့ ဝီစကီ၊ ရမ် တိုင်းကို မဆိုလိုဘူး။ ဝီစကီ၊ ရမ် ပုလင်းတွေမှာ သက်တမ်းကိုဖော်ပြကြတယ်။ အဲဒီသက်တမ်းဟာ စည်ထဲက သက်တမ်းပဲ။

Doubler ဆိုရင်တော့ အရက်ကို နှစ်ခါပြန်ပေါင်းခံတာဖြစ်ပြီး  Double Smooth ဆိုရင်တော့ စည်နှစ်လုံးပြောင်းထည့်ပြီး အရက်ကို အယဉ်ပြောင်းထားတာဖြစ်တယ်။ စည်ထဲမှာအရက်ကိုထည့်ပြီးနောက် အနံ့ဆိုးလျော့သွားလို့ သောက်လို့ အဝင်ကောင်းတယ် smooth ဖြစ်တယ်ပေါ့။ 


တကယ် ဝီစကီ၊ ရမ် အစစ်အရသာကို ကိုယ်တိုင်သိချင်ရင်တော့ တောအရက်ကို စည်ထဲထည့်ပြီးကိုယ်တိုင် သက်တမ်းရင့်ပါ။ ရက်သတ္တပတ်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲလာပုံ မျက်မြင်တွေ့ရမယ်။ သူပြောငါပြော အရက်စစ်သလား၊တုသလား ဘာလဲ သိပါလိမ့်မယ်။ 


ဒါက အကျဉ်းဆုံးအတိုချုပ်ပါ။


ယမကာနဲ့ဆက်စပ်သမျှ တင်ထားတာလေးတွေ ဖတ်မယ်ဆိုရင် ဒီ Link ဆီသွားပါဗျာ။


https://m.facebook.com/story.php?story_fbid=252461160691392&id=100077825284133&mibextid=Nif5oz


သစ်သားစည်များမှာယူမယ်ဆို ဆက်သွယ်ပါဗျာ။ 


Anyathian Cooperage

Myinmu

☎️ 09988936780

Wednesday, December 13, 2023

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

 



(Aye Thi Monမှ အချက်အလက် စစ်ဆေးထားပါသည်။ 

Aye Thi Mon မှ ရေးသားသည်။)


မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၃ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၄ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ


ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။


ခေါက်ဆွဲကြော်




ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။


ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။


ကြာဇံကြော်




ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။


ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။


ကြက်ကင်



ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။



ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။



အရွက်သုပ်




ဒီနေရာမှာ မိမိနှစ်သက်ရာ အစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။


စွပ်ပြုတ်



အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။



ငါးသံပုရာပေါင်



ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကို တီလားပီးယား သုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။


သောက်စရာအနေနဲ့ ဆိုရင်တော့

သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။


အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။

Saturday, July 8, 2023

Mapo Tofu အကြောင်း

 မာဖော်တို့ဖူး (麻婆豆腐)




ဒီနေ့တော့ မိုးရာသီမှာ စားလို့ကောင်းတဲ့ အစားအစာတွေထဲက တစ်မျိုးဖြစ်တဲ့ ထုံထုံစပ်စပ် နဲ့ အင်မတန်ခံတွင်းမြိန်စေမယ့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်တူးမြို့က နာမည်ကြီးဟင်းလျာ တစ်မျိုးဖြစ်တဲ့ မာဖော်တို့ဟူး အကြောင်းလေးကို ကျွန်မတို့ 天下第一 တင်ပေးပါမယ်။ 


မာဖော်တို့ဟူးဆိုတာ ချင်ခေတ်ကို စတင်တည်ထောင်စဉ် (၁၈၆၂ခုနှစ်) အခါက ချန်တူးမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဝမ့်ဖူတံတားဘေးနားက ချန်ရှင့်စန့်ထမင်းဆိုင်ကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ ထမင်းဆိုင်ပိုင်ရှင် ချန်ချွင်းဖူဟာ အစောပိုင်းထဲက ကွယ်လွန်သွားခဲ့တာကြောင့် ဇနီးဖြစ်သူဟာ ထမင်းဆိုင်ကို ဆက်လက်လုပ်ကိုင်ခဲ့ရပြီး ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်မှာ ကျောက်ပေါက်အနည်းငယ်ရှိတာမို့ ချန်မာဖော်လို့ အများကခေါ်ဝေါ်ကြပါတယ်။ (အရင်ခေတ်က အမျိုးသမီးတွေ အိမ်ထောင်ကျတဲ့အခါ ကိုယ့်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံခွင့်မရှိတော့ပဲ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်အောက်မှာပဲ နေရပါတယ်။ သေဆုံးသွားတဲ့အခါမှာလည်း ကိုယ့်မျိုးရိုးနာမည် ရေးခွင့်မရှိပဲ ခင်ပွန်းသည်မျိုးရိုးနာမည်နဲ့ပဲ ကမ္ပည်းတိုင်မှာ ရေးလေ့ရှိကြတယ်။ ဒါ့ကြောင့် အဲ့ခေတ်က စကားလေးတခွန်းရှိခဲ့တယ်။ သမီးတွေ အိမ်ထောင်ကျသွားရင် သွန်ပစ်လိုက်တဲ့ရေလို့ ဆိုကြတယ်။ ဘာလို့ဆို သွန်ပစ်လိုက်တဲ့ရေဆိုတာ ပြန်ရရိုးထုံးစံ မရှိတော့ဘူးလေ။ အဲ့တာကြောင့် တရုတ်လူမျိုးတွေဟာ နောက်ပိုင်း တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ် ဖြစ်လာတဲ့အခါမှာ သမီးလေး မမွေးချင်တော့ပဲ မျိုးရိုးနာမည် ဆက်ခံမယ့်သားလေးပဲ လိုချင်ကြတာမျိုး ဖြစ်လာခဲ့ရတယ်။ ဒါ့ကြောင့် အခုလက်ရှိ တရုတ်နိုင်ငံမှာ အမျိုးသမီးရှားပါးတဲ့ ပြဿနာဖြစ်ပေါ်နေပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သတို့သမီးရှာတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာရတာပါ။ မာဖော်တို့ဖူးကနေ လမ်းကြောင်းတွေလွဲကုန်ပြီ။ မာဖော်ဆီ ပြန်သွားရအောင်နော်။ 😁) 


အဲ့ခေတ်တုန်းက ဝမ့်ဖူတံတားအဆင်းက သူ့ထမင်းဆိုင်လေးဟာ တံတားပေါ်မှာ လှည်းလေးတွေ တွန်းတဲ့သူ၊ ဝေါယာဉ်ထမ်းတဲ့သူ အစရှိသဖြင့် လုပ်အားနဲ့ အလုပ်လုပ်ရတဲ့ အခြေခံလူတန်းစားတွေ နားခိုရာနေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဆီကုန်သည်တွေလည်း ခရီးတထောက် နားတတ်ကြပါတယ်။ အဲ့တော့ အဲ့လိုလူတွေ စုမိတဲ့အခါတိုင်း သူတို့အတွက် သက်သက်သာသာနဲ့ အရသာရှိရှိစားဖို့ရာ မာဖော်ကို တို့ဟူးနဲ့ အမဲသား ဝယ်ပေးပြီး ဆီကုန်သည်တွေက ဆီစိုက်ထုတ်ကာ ဟင်းကောင်းတစ်ခွက် ချက်စေပါတယ်။ မာဖော်ကလည်း စိတ်စေတနာကောင်းရှိသူမို့ ဒီလိုလုပ်အားနဲ့ ပင်ပန်းလှတဲ့ သူတို့တွေကို ခံတွင်းမြိန်မြိန်နဲ့ စားကောင်းစေချင်တာကြောင့် တတ်စွမ်းသ၍ အကောင်းဆုံး ချက်ပေးပါတယ်။ ဒီလိုနဲ့ မကြာခဏဆိုသလို ချက်ပေးရာက တို့ဟူးဟင်းချက်ရတာကို ကျွမ်းကျင်လာပြီးတော့ အနံ့အရသာမရှိတဲ့ တို့ဟူးအဖြူထည်ကို သူမတူထူးခြားတဲ့ မွှေးရနံ့နဲ့ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်တတ်လာကာ ချန်မာဖော်တို့ဟူး ဆိုပြီးတော့ နာမည်ကြီးလာပါတော့တယ်။ အဲ့လိုနဲ့ ချင်ခေတ်နောက်ပိုင်းမှာ ချန်မာဖော်တို့ဟူးဟင်းဟာ ချန်တူးမြို့ရဲ့ နာမည်ကျော် အစားအစာအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံခဲ့ရတဲ့အထိ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုး ဖြစ်လာခဲ့ပါတော့တယ်။



(Dou Chi )

၁၉၀၉ ခုနှစ်မှာ ချန်တူးမြို့ ထုံးဆူသတင်းစာတိုက်က ထုတ်ဝေတဲ့ <ချန်တူးတခွင်လည်ပတ်ခြင်း> ဆိုတဲ့ ဆောင်းပါးထဲမှာ မြို့ရဲ့ အထင်ကရစားသောက်ဆိုင် ၂၃ ဆိုင်ကို စာရင်းပြုစုရာမှာ ချန်မာဖော် တို့ဟူးဟင်းလျာဆိုင်က ထိပ်ဆုံးကနေ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ချန်မာဖော်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ နောက်ပိုင်းမျိုးဆက်တွေအထိ တို့ဟူးဟင်းလျာချက်နည်းကို လက်ဆင့်ကမ်းပေးခဲ့တာကြောင့် ယခုဆိုရင်တော့ ကမ္ဘာအနှံ့အပြားက တရုတ်ဟင်းလျာဆိုင်တိုင်းမှာ မာဖော်တို့ဟူးဟင်းကို မှာယူသုံးဆောင်နိုင်ပါတယ်။ 


မာဖော်တို့ဟူးဟင်းဟာလည်း ထုံ စပ် မွှေး ဆိုတဲ့ အရသာပါရှိပြီး ချဉ်ချိုအရသာလည်း ပါဝင်ပါသေးတယ်။ ထမင်းနဲ့တွဲဖက်စားလို့ အင်မတန်မှ ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပါပဲ။ ချက်နည်းကလည်း မခက်ပါဘူး။ 


(Dou Chi ပဲပိစပ်အနှစ်နဲ့ လုပ်ထားသော)


မာဖော်တို့ဟူးချက်နည်း


အိုးထဲမှာ ဆီကို အပူပေးပြီး ငရုတ်သီးမှုန့် ထည့်ပါမယ်။ ပြီးရင် ကြက်သွန်ဖြူနဲ့ဂျင်းနုတ်နုတ်စင်းရယ် တောက်တောက်စင်းထားတဲ့ အမဲသားရယ်ကို ထည့်ကြော်ပြီး တို့ချင်း (dou chi) လို့ခေါ်တဲ့ ပဲပိစပ်တစ်မျိုးကိုထည့်ပါမယ်။ အရသာအတွက်ဆား၊ ကြက်သားမှုန့် အနည်းငယ်ထည့်မွှေပြီး တို့ဟူးထည့်ပါမယ် (စီးတီးမတ်က ဂျပန်တို့ဟူးအဖြူ ) ပြီးရင် ရေအနည်းငယ်ထည့် သာသာလေးမွှေပြီး အဖုံးအုပ်ထားပါ။ အရည်အနည်းငယ်ခမ်းပြီး အရသာဝင်လောက်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟွားကျောင်းမှုန့်အနည်းငယ်ဖြူးကာ အပူရှိန်နဲ့ အဖုံးပိတ်နှပ်ထားလိုက်ပါ။ ပြီးရင်တော့ အိုးထဲကခတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီနော်။ ဝါဝင်တော့မှာဆိုတော့သတ်သတ်လွတ်လုပ်စားလည်းရပါတယ်။ အမဲသားမထည့်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။ 




#ZinSnow(天下第一)

Tuesday, July 4, 2023

Mala Xiang Guo (မာလာရှမ်းကော)

 မာလာရှန်းကောဟင်းလျာ 




ဒီတခါမှာတော့ ကျွန်မတို့ 天下第一 Page အနေနဲ့ လတ်တလော Fb ပေါ်မှာ အစားများနေကြတဲ့ Chilli Pot ဆိုတဲ့ မာလာရှန်းကောအကြောင်း ဗဟုသုတ မျှဝေပါ့မယ်။


မာလာရှန်းကောဆိုတာ ချုန်ချင့်ပြည်နယ် ကျင်းယွင်တောင်ကြားရွာရဲ့ ဒေသအစားအစာ တမျိုးပါ။ ဒေသခံပြည်သူတွေရဲ့ အိမ်ဟင်းချက်နည်း တစ်မျိုးပါပဲ။ ထုံ စပ် မွှေး ဆိုတဲ့ အရသာတွေကို တအိုးထဲပေါင်းစပ်ထားတာ ထူးခြားမှုပါပဲ။ ပြောကြတာကတော့ ဒေသခံတွေဟာ ပုံမှန်ဆို ဟင်းရွက်တွေ တအိုးကြီးတည်ပြီး ဟင်းခတ်မှုန့် အမွှေးအကြိုင်မှုန့်တွေ ထည့်ပြီး ရောကြော်ကာ စားလေ့ရှိပါတယ်တဲ့။ သို့ပေမယ့် အထူးဧည့်သည်တွေ လာတဲ့အခါမှာတော့ ခါတိုင်းကြော်စားနေကျ အရွက်အစုံကြော်တဲ့ အိုးထဲမှာ အသားတွေ၊ ပင်လယ်စာတွေ၊ ကလီစာတွေ၊ မျှစ်၊ ပဲပြားခြောက် အစရှိသဖြင့် ထည့်ပြီး ကြော်လှော်ချက်ပြုတ်ပါတယ်တဲ့။ မချက်ခင် အရင်ကြော်ထားတာမို့ ချက်တဲ့အခါ အသားနဲ့ ပင်လယ်စာတွေဟာ အရသာ ဝင်လွယ်ပြီးတော့ အသားရဲ့ လတ်ဆတ်တဲ့ နဂိုမွှေးရနံ့တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တအိုးမွှေး ဆိုပြီး ဖြစ်လာရာက မာလာရှန်းကောဆိုတဲ့ ဟင်းတစ်မျိုး ပေါ်ပေါက်လာပါတော့တယ်။


မာလာရှန်းကော ဆိုတာ စပ်ပေမယ့် မငြီးငွေ့သွားဘူး။ လတ်ဆတ်ပြီး ညှီနံ့မရှိဘူး။ ရနံ့မွှေးပြီး ခံတွင်းတွေ့စေတယ်။ အရသာကို တမ်းတနေစေတဲ့ ထူးခြားတဲ့အရသာမျိုး ပိုင်ဆိုင်ထားတယ်။ ဒီမာလာရှန်းကော ချက်တဲ့အခါမှာ ထည့်ရတဲ့ ငရုတ်သီးတွေကို ရွေးချယ်တဲ့အခါ အထူးသတ်မှတ်ချက်တွေ ရှိတယ်။ အထူးကောင်းမွန်တဲ့ ငရုတ်သီးကတော့ စီချွမ်ပြည်နယ်မှာသာ ထွက်ရှိတဲ့ အော့ကျင်ထျောင် ဆိုတဲ့ ငရုတ်သီးပါပဲ။ ဒီငရုတ်သီးဟာ စပ်စပ်လေးနဲ့ အရမ်းကို မွှေးပါတယ်တဲ့။ သူ့ရဲ့ အစပ်အရသာဟာ ခံတွင်းမြိန်စေတာမျိုးပါတဲ့။ မာလာရှန်းကောရဲ့ ဟင်းခတ်အမွှေးအကြိုင်ဟာလည်း စီချွမ်ပြည်နယ်မှာသာ ရှိပြီးတော့ အမျိုးအစား ၁၀ မျိုးအထက်ကို ပေါင်းပြီး ဖော်စပ်ထုတ်လုပ်ထားတာပါတဲ့။ အဲ့အမွှေးအကြိုင်တွေထဲမှာ အစာအိမ်ကို ကာကွယ်ပေးတဲ့၊ အပူကျစေတဲ့၊ အစပ်စားပြီး ဝမ်းဗိုက်နာခြင်းကို ကာကွယ်ပေးတဲ့ တရုတ်တိုင်းရင်းဆေးတွေလည်း ပါဝင်ပါတယ်တဲ့။ သူ့ရဲ့ အမွှေးအကြိုင် ဟင်းခေတ်မှုန့်တွေဟာ ဟင်းပွဲကို အနီရဲရဲနဲ့ လှစေတဲ့အပြင် မွှေးရနံ့တွေဟာ နှာပွင့်လောက်အောင်ကို စူးရှပြီး ကိုယ်ကြိုက်ရာရွေးတဲ့ အသားအရွက်ကို အခုရွေး အခုချက်ပေးတာကြောင့် လတ်ဆတ်ပြီး ခံတွင်းမြိန်စေတဲ့အတွက် ကျန်းမာရေးကို လိုက်စားသူတွေ အကြိုက်တွေ့နေကြတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်တဲ့။ (အအေးမိ နှာပိတ် ခံတွင်းပျက်နေသူတွေအတွက် စားလို့သင့်တော်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးတွေလည်း ပါတော့ အစပ်ကြောင့် အစာအိမ်နာမှာ၊ ဗိုက်ပျက်မှာ မပူရတော့ဘူးဆိုပဲ)




အစပ်ပေါ်မှာလည်း အဆင့်တွေ ခွဲထားပေးပါသေးတယ်။ စပ်တယ်ဆိုရုံလေး၊ နည်းနည်းစပ်၊ အလယ်အလတ်စပ်၊ အစပ်များများ၊ အစပ်ပြင်းပြင်း စသဖြင့် ကိုယ်စားနိုင်တဲ့ အစပ်ပမာဏကို လိုတိုးပိုလျှော့လုပ်နိုင်လို့ လူတော်တော်များများ အကြိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ အခုလို မိုးအေးအေး ရာသီလေးနဲ့ဆို မာလာရှန်းကောက အလိုက်ဖက်ဆုံးပါပဲတဲ့။




မာလာရှန်းကောလုပ်နည်း (ဝန်းရံပေးကြဘာပေါ့နော့် :P)


ပါဝင်သောပစ္စည်းများ


ဟင်းသီးဟင်းရွက် - မျှစ်ဖြူ၊ ကြာစွယ်၊ ဝါးပိုးမျှစ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မှို၊ ပန်းပွင့်၊ အာလူး၊ ကန်စွန်းဥ စသဖြင့် ကိုယ်နှစ်သက်ရာကို အနေတော်လေးတွေ လှီးဖြတ်ထားပါ။ (ရေဆေးဖို့တော့ မပြောတော့ဘူးနော်)

ကြွက်နားရွက်တို့ မှိုခြောက်တို့ ကြိုက်လည်း ထည့်လို့ရပါတယ်။


ပင်လယ်စာ - ဂဏန်း၊ ပုဇွန်၊ ရေဘဝဲ ကြိုက်တာသာ ထည့်ကြော်ဖို့ အသင့်ပြင်ထားပါ။


အသား - ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား စသဖြင့် ပါးနိုင်သမျှ ပါးပါးလှီးထားပါ။

အသဲတွေ အမြစ်တွေ ကလီစာတွေ ကြိုက်လည်း ထည့်လို့ရပါတယ်တဲ့။ အသင့်စားငါးဖယ်လုံးတို့ အသားချောင်းတို့လည်း စားချင်ရင် ထည့်လို့ရသေးတယ်နော်။ ကိုယ်စားချင်တာတွေ အကုန်ထည့်လို့ရတယ်ဆိုပြီး အကုန်လုံး ဇွတ်မထည့်ပါနဲ့ဦးနော်။ မာလာရှန်းကောက တအိုးချက်ရင် ၈၀၀ ဂရမ်လောက်က ချက်လို့ အဆင်ပြေဆုံး ပမာဏပါတဲ့။ 




အသားအရွက် အားလုံး ၈ မျိုးလောက်သာ ရွေးတာ အသင့်တော်ဆုံးပါတဲ့။ အဲ့တော့ တမျိုးကို ၁၀၀ ဂရမ်လောက်ပဲပေါ့။ ၁၆ မျိုး စားချင်ရင် တမျိုးကို ၅၀ ဂရမ်လောက်ပဲ ထည့်ပေါ့နော့်။


麻辣香锅的调料 


(မာလာရှန်းကောရဲ့အရသာစပ်နည်း):五香油 (ငါးမျိုးအမွှေးဆီ 100ml)、郫县豆瓣 (ပိရှန့်ပဲပိစပ် နုတ်နုတ်စင်း 30ml)、火锅调料 (ဟော့ပေါ့အမှုန့် 50g)、干辣椒 (ငရုတ်သီးခြောက် 80g)、姜片 (ဂျင်းပါးပါး 15g) 大蒜 (ကြက်သွန်ဖြူနုတ်နုတ်စင်း20g)、 葱段 (ကြက်သွန်မိတ်အရင်းပိုင်း 15g)、料酒 (ဟင်းချက်အရက် ထမင်းစား ၁ဇွန်း)、糖 (သကြား လက်ဖက်စားဇွန်း ၂ဇွန်း) 、盐 (ဆားအနည်းငယ်)、鸡精 (ကြက်သားမှုန့်အနည်းငယ်)、白芝麻 (နှမ်းဖြူအနည်းငယ်)、香菜 (နံနံပင်အနည်းငယ်)




ငါးမျိုးအမွှေးဆီက ဘာလဲ သိချင်ကြမယ် ထင်ပါတယ်။ အဲ့တော့ ငါးမျိုးအမွှေးဆီ အကြောင်း အရင်ပြောပြပါမယ်။ ငါးမျိုးအမွှေးဆီ ပြုလုပ်ဖို့ဆိုရင် 八角2块 (နာနတ်ပွင့်၂ပွင့်)、花椒5克 (ဟွားကျောင်း 5g)、草果1个 (ချောင်ကော ၁လုံး)、香果1克 (ရှန်းကော 1g)、 丁香1克 (သင်းရှန်း 1g)、山奈2克 (စန်းနိုက်မှုန့် 2g)、干辣椒10克 (ငရုတ်သီးခြောက် 10g)、茴香5克 (ဟွေရှန်း 5g)、肉寇1个 (ရို့ခို့ ၁လုံး)、 山奈1块 (စန်းနိုက် ၁တုံး)、桂皮1块 (သစ်ကြားပိုးခေါက်၁တုံး)、香叶2片 (ကရဝေးရွက် ၂ရွက်)、油 (ဆီ)

ငါးမျိုးအမွှေးဆီထဲမှာပါတဲ့ တချို့ပစ္စည်းတွေဟာ တရုတ်တိုင်းရင်းဆေးတွေပါ။ တရုတ်တန်းက တရုတ်ဆေးဆိုင်တွေမှာ မေးကြည့်ပေါ့နော်။ အကုန်ရှိမယ်တော့ အာမမခံဘူး။




ပြုလုပ်ပုံကတော့ အိုးထဲမှာ ဆီကိုအပူပေးပြီး အပေါ်ကပြောတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးထည့်ပြီးတော့ မီးမျှင်းမျှင်းနဲ့ အနံ့မွှေးပြီး အရောင်ပြောင်းတဲ့အထိ ဆီသတ်ပါ။ ပြီးရင် အဖတ်တွေ စစ်ပြီး ဆီပဲယူမှာပါ။ အဲ့ဒီဆီကိုလေ တရုတ်ဆိုင်တွေမှာ ခံတွင်းလိုက်တဲ့ အစားအစာဖြစ်တဲ့ သခွားသီးသုတ်တို့ ရေညှိသုပ်တို့ထဲမှာလည်း ထည့်စားလို့ရပါတယ်။ ငါးမျိုးမွှေးဆီဟာ ရနံ့မွှေးရုံတင်မကဘူး တိုင်းရင်းဆေးတွေ ပါဝင်တာကြောင့် အစပ်စားပြီး အစာအိမ်ကို မထိခိုက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါပြောပြလို့ မာလာရှန်းကောကို အစပ်ပြင်းပြင်းစားမယ်တော့ စိတ်မကူးပါနဲ့ဦးနော်။ တစ်ယောက်နဲ့ တစ်ယောက် အစာအိမ်ချင်း မတူကြတာမို့ ခံနိုင်ရည်ဆိုတာလဲ ရှိသေးတော့ ကိုယ့်အစာအိမ်နဲ့ ကိုယ် ချင့်ချိန်စားကြပေါ့နော်။




ကဲ အဓိကကျတဲ့ မာလာရှန်းကောလုပ်နည်းကို ပြောပါတော့မယ်။


အရင်ဦးဆုံး သုံးထပ်သား၊ ကျက်ဖို့ အချိန်ပေးရမယ့် အသားတွေရယ် မှို ကြွက်နားရွက်စတဲ့ အလွယ်တကူမကျက်နိုင်တဲ့ အရာတွေကို အစဉ်လိုက် ရေနွေးနဲ့ပြုတ်လိုက်ပါ။ မီးအရှိန်ကို သတိထားပေးပါ။ မီးတအားမပြင်းဖို့နဲ့ ပျော့ဖတ်သွားအောင် ပြုတ်မပစ်ဖို့ လိုပါတယ်။ ပြီးရင် ပြုတ်ထားတာတွေအားလုံးကို ဆယ်ပြီး ရေသေချာစစ်ပါမယ်။ ရေမစင်ရင် ကြော်တဲ့အခါ ရေတွေထွက်လာပြီး ခြောက်ခြောက်လေးဖြစ်မှာ မဟုတ်တော့ဘူး။




ပြီးရင် ငရုတ်သီးအခြောက်တောင့် (အော့ကျင်ထျောင် သို့မဟုတ် မီးပုံးငရုတ်သီးတောင့် ငရုတ်ပွ ခေါ်မှာပေါ့နော်) ကို အစေ့ထုတ်ပြီး ထက်ခြမ်း လှီးထားပါမယ်။ အမြင်လှချင်ရင်တော့ ထက်ခြမ်းမလှီးပဲ အစေ့ပဲ ထုတ်ထားလည်းရပါတယ်။


အိုးထဲကို ငါးမျိုးမွှေးဆီထည့်ပြီး ငရုတ်သီးအခြောက်တောင့်ကို မွှေးလာတဲ့အထိ ကြော်ပါ။ မွှေးလာတာနဲ့ ငရုတ်သီးကို ပြန်ဆယ်ယူထားပါ။


ပြီးရင် သုံးထပ်သား သို့ နှစ်သက်ရာ အသားကို ရေခြောက်ပြီး မွှေးတဲ့အထိ ကြော်လိုက်ပါ။ မီးမလျှော့ပါနဲ့။ ခပ်မြန်မြန် ကြော်ရမှာပါ။ 

အသားမွှေးပြီး ခြောက်လာတာနဲ့ ပဲပိစပ်အနှစ်ရယ် ဟော့ပေါ့အမှုန့်ရယ် ထည့်ပါမယ်။ အဲ့မှာ ဆီဟာ အနီရောင်ပြောင်းပြီး မွှေးလာပါလိမ့်မယ်။ အဲ့အခါကျမှ ဂျင်းပါးပါးရယ် ကြက်သွန်ဖြူရယ် ထည့်ပြီး ခဏကြော်လိုက်ပါမယ်။ ဆား၊သကြား၊ဟင်းချက်အရက်၊ကြက်သားမှုန့်စတာတွေကို ပဲပိစပ်နုတ်နုတ်စင်းပြီးတာနဲ့အဲ့ထဲတခါထဲရောထည့်ထားလိုက်ပါ။


ပြီးရင်တော့ ကျက်ဖို့ခက်တဲ့ အသားအရွက်တွေ အရင်ထည့် ကျက်ဖို့လွယ်တာ နောက်မှထည့်ပြီး အရသာဝင်အောင် ကြော်ပေးရပါမယ်။ 


အားလုံးကျက်ပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဖြူဖြူးပြီး နံနံပင်လေးအုပ်လိုက်ရင်တော့ စွဲမက်ဖွယ်ကောင်းတဲ့ အရသာလေးနဲ့ သွားရည်ယိုစရာ မာလာရှန်းကောဟင်းပွဲလေး ရပါပြီ။




#ZinSnow(天下第一)

Sunday, June 18, 2023

ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်း

 ကော်ဖီလှော်ခြင်းအဆင့်တွေကြောင့် ကော်ဖီအရသာတွေဘယ်လိုပြောင်းလဲနိုင်သလဲ?

(Coffee Knowledge)





ဟာ..ကော်ဖီကြီးကခါးလိုက်တာ၊ချဉ်လိုက်တာ၊ခါးတူးနေရောပဲ…ဘယ်လောက်တောင်ဆိုးလိုက်တဲ့ကော်ဖီလဲကွာ။


ကျွန်တော့်မိတ်ဆွေတွေထဲမှာအချိုကြိုက်တဲ့သူတွေဟာ coffee shop တစ်ခုရောက်တဲ့အခါ ဘာမှာရမလဲမသိပဲ မှာလိုက်တဲ့ကော်ဖီတစ်ခွက်ဟာ ခါးနေရင်၊ချဉ်နေရင် မိတ်ဆွေတို့ကကော်ဖီမကောင်းဘူးလို့ယူဆကြပါလိမ့်မယ်…အဲ့လိုဆိုရင်တော့မိတ်ဆွေရဲ့ခွက်ထဲကကော်ဖီရယ် ဖျော်ပေးတဲ့baristaရယ်ကို မလေးစားရာကျပါတယ်။တကယ်တော့ကော်ဖီအရသာမကောင်းတာမဟုတ်ပါဘူး မိတ်ဆွေကကော်ဖီစစ်စစ်ကို မသောက်တတ်သေးတာပါ။


ကဲ…ဒါဆိုဘာကြောင့်ချဉ်တာလဲခါးတာလဲဆိုတာရဲ့ တစ်စိပ်တစ်ဒေသလေးကို ကျွန်တော့်စာဖတ်သူကိုပြောပြပါမယ်။


📕Coffee roasting( ကော်ဖီလှော်ခြင်း)


-ကော်ဖီလှော်တယ်ဆိုတာကတော့ ကော်ဖီစေ့ထဲမှာရှိနေတဲ့ကောင်းမွန်တဲ့အနံ့နဲ့အရသာတွေကိုပေါ်ထွက်လာအောင် ကော်ဖီစေ့တွေကို အပူပေးပြီးလှော်ခြင်းဖြစ်ပါတယ်။ဒီလိုလှော်လိုက်လို့ရလာတဲ့ကော်ဖီစေ့ကို English လို roasted bean လို့ပညာရှင်တွေကခေါ်ကြပါတယ်။

ဟုတ်တာပေါ့..မလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကျတော့ စိမ်းဖန့်ဖန့်အရောင်လေးတွေလေ..အဲ့လိုမလှော်ရသေးတဲ့ကော်ဖီစေ့လေးတွေကိုကျတော့ un roasted bean (or) green bean လို့လဲခေါ်ပြန်ပါသေးတယ်။

ဒီ green bean အခြေနေမှာရှိနေတဲ့ကော်ဖီစေ့တွေကတော့ ထူးခြားတဲ့ အရသာနဲ့မွှေးရနံ့ကိုရအုံးမှာမဟုတ်ပါဘူး။


ဘာလို့ coffee roasting အကြောင်းကိုအရင်ပြောပြတာလဲဆိုရင် ကော်ဖီလှော်ခြင်းကြောင့်ဖြစ်လာတတ်တဲ့ အရသာပြောင်းလဲမှု့ကိုပြောပြချင်တာမို့ပါ။ရာနှုန်းပြည့် ကော်ဖီလှော်ခြင်းအပိုင်းတစ်ခုထဲကြောင့် ဒီအရသာတွေရတာ၊ပြောင်းလဲတာမျိုးတော့မဟုတ်ပါဘူး..ကော်ဖီမျိုးစိပ်၊စိုက်ပျိုးမှု့စနစ်၊လှော်ခြင်း၊ဖျော်စပ်မှု့နည်းပညာ စတာတွေကြောင့်ကော်ဖီအရသာကလဲပြောင်းတတ်ပါသေးတယ်။


Coffee roasting မှာ level 3 မျိုးရှိတယ်လို့အကြမ်းမျဉ်းပြောလို့ရပါတယ်..အဲ့တာတွေကတော့

-Light Roast

-Medium Roast

-Dark Roast တို့ပဲဖြစ်ပါတယ်။

ဒီ roasting levels တွေကြောင့်ကော်ဖီဟာချဉ်တယ်၊ခါးတယ်ဆိုပြီးဖြစ်လာတတ်တာပါ။


📕Light Roast 


-ကော်ဖီဟာချယ်ရီသီးမျိုးစိပ်ထဲကလာတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီသီးရဲ့မှည့်နေတဲ့အသားနဲ့အစေ့ထဲမှာ organic acid လေးတွေပါဝင်ပြီး အချဉ်ဓာတ်လေးဟာကော်ဖီရဲ့မူလဇစ်မြစ်အရသာ (original flavour) ဖြစ်ပါတယ်။ဒါကြောင့်ကော်ဖီရဲ့မူလအရသာစစ်စစ်ကိုသောက်ချင်ရင်၊သောက်မိရင် အချဉ်ဓာတ် (sour) လေးကိုလဲခံစားမိပါလိမ့်မယ်။ 


Light roast အဆင့်ဟာကြာကြာလှော်ထားတာမဟုတ်သေးတဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ဒြပ်ပေါင်းတွေကလည်း အများကြီးမပြောင်းလဲသေးပါဘူး။ ဒီ light roast အဆင့်မှာပဲကော်ဖီရဲ့ အနံ့ထဲကသစ်သီးရနံ့တွေ၊ဟင်းခတ်အမွှေးကြိုင်ရနံ့တွေနဲ့သကြားညိုရနံ့တွေလဲရတတ်ပါသေးတယ်။ 


Light roast ဖြစ်မဖြစ်ကို physically အရသိချင်ရင်ကော်ဖီစေ့ရဲ့အရောင်လေးကိုကြည့်တဲ့အခါ အညိုနုရောင်(သစ်ဂျပိုးခေါက်အရောင်)လေးရှိနေပါလိမ့်မယ်။Light roast ကိုတစ်နည်းအားဖြင့် cinnamon roast လိုလဲခေါ်ကြပါသေးတယ်ဗျ။ မိတ်ဆွေကအချဉ်ကိုကြိုက်တတ်တယ် ချဉ်တဲ့အသီးတွေကိုစားလေ့ရှိတယ်ဆိုရင်တော့ ကော်ဖီရဲ့ကောင်းမွန်ပြီးလန်းဆန်းစေတဲ့အချဉ်ဓာတ်လေးကိုလဲခံစားကြည့်ပါအုံး။


📕Medium Roast 


-အပေါ်မှာပြောခဲ့light roastအဆင့်မှာလှော်တာကိုမရပ်ပဲ ဆက်လှော်နေရင်တော့ ကော်ဖီစေ့လေးတွေရဲ့အရောင်ဟာ အညိုနုရောင်ထက်ပိုရင့်လာပြီး medium roast အဆင့်ကိုရောက်လာပါလိမ့်မယ်။Medium ကတော့ light roast ထက်အချိန်တစ်ခုပေးပြီးလှော်ထားတာဖြစ်တဲ့အတွက်ကြောင့် ကော်ဖီစေ့ထဲမှာရှိတဲ့ ဒြပ်ပေါင်းလေးတွေဟာ စတင်သိသာစွာအနည်းငယ်ပြောင်းလဲစပြုလာပါပြီ။


-Medium roastမှာကော်ဖီရဲ့အရသာက အချဉ်ဓာတ်(sour)ရယ် အခါးဓာတ်(bitter) ရယ်အရသာနှစ်မျိုးဟာညီမျှသွားပြီး နူးညံ့ပြီးသောက်လို့ကောင်းတဲ့ လှော်ခြင်းအဆင့်တစ်ခုဖြစ်လာပါတယ်။ဒီအဆင့်မှာဆိုရင်ဘယ်ရီသီးရနံ့၊ပန်းရနံ့နဲ့သကြားမီးသင်းရနံ့လေးတွေရတတ်ပါတယ်။Medium roast ကိုနောက်တစ်မျိုး city roast လို့လဲခေါ်ပါတယ်။ 


-Medium roast ဟာ light roastလို အချဉ်မစူးတာကြောင့် ပုံမှန်ကော်ဖီသောက်နေတဲ့သူတွေအတွက် ကော်ဖီရဲ့အချဉ်ဓာတ်နဲ့မိတ်ဆက်ပေးခွင့်ရလို့ Roaster များနဲ့ speciality coffee (အထူးတန်းဝင်ကော်ဖီ)ထုတ်လုပ်သူများက သဘောတွေ့ကြတဲ့လှော်ခြင်းအဆင့်တစ်မျိုးလဲဖြစ်ပါတယ်။သူက ဒြပ်ပေါင်းတွေပြောင်းလဲပေမဲ့လဲ အများကြီးမပြောင်းလဲသေးတာကြောင့် ကော်ဖီရဲ့မူလအရသာကိုခံစားနေရအုံးမှာပါ။


ကျွန်တော့်စာဖတ်သူကဒီစာကိုဖတ်ပြီးကော်ဖီရဲ့အချဉ်ကိုစမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ medium roast levelရှိတဲ့ကော်ဖီဟာ မိတ်ဆွေကို ကောင်းမွန်တဲ့အချဉ်ဓာတ်လေးနဲ့ ကောင်းကောင်းမိတ်ဆက်ပေးပါလိမ့်မယ်။


📕Dark Roast 


-အချိန်ပိုကြာကြာလှော်လာရင်တော့ကော်ဖီဟာ dark roast အဆင့်ကိုရောက်သွားပြီ။ဒီအဆင့်ကိုရောက်သွားတဲ့ကော်ဖီဟာ အစေ့ရဲ့မျက်နှာပြင်ပေါ်မှာအဆီပျံနေပြီး dark roast ကနေ အချဉ်ဓာတ်မပေးနိုင်တော့ပဲ ပါးစပ်ထဲစွဲနေစေမယ့်အခါးဓာတ်ပြင်းပြင်းကိုခံစားမိပါလိမ့်မယ်။


-Dark roast အဆင့်ကိုရောက်သွားတဲ့ကော်ဖီကမီးခိုးနံ့သင်းနေတတ်ပါတယ်။ဒါပေမဲ့ဒါကိုမကောင်းဘူးလို့လဲပြောလို့မရဘူးဗျ..ဘာလို့လဲဆိုတော့တစ်ချို့ကော်ဖီမျိုးစိပ်တွေက သူတို့ရဲ့မူလအရသာတွေပြောင်းလဲသွားပေမဲ့လဲ အဲ့အချိန်မှာချောကလက်၊အစေ့အဆံနဲ့သကြားမီးသင်းတဲ့အရသာကောင်းမျိုးကို ရရှိတတ်ပါသေးတယ်။

အထူးတန်းဝင်ကော်ဖီထုတ်လုပ်လုပ်သူတွေကတော့ မူလဇစ်မြစ်အရသာလုံးဝပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့် dark roast level ကိုအသုံးနည်းတာတွေ့ပါတယ်။ 

Dark roast ကို Vienna roast လို့လဲခေါ်ပါတယ်။

Roasting level 3ခုလုံးရဲ့အရောင်တွေကို မြင်ဖူးအောင်အောက်မှာပုံလေးထည့်ပေးထားပါတယ်။


ဒီလောက်ဖတ်ပြီးရင်တော့ လှော်ခြင်းအဆင့်တွေဟာမိတ်ဆွေရဲ့ကော်ဖီအရသာကို ဘယ်လိုအကျိုးသက်ရောက်မှု့ရှိလဲဆိုတာကို အကြမ်းမျဉ်းတော့နားလည်သွားပါပြီ။သို့ပေမဲ့လဲ လှော်သားဘယ်လောက်ကောင်းကောင်း စနစ်ကျတဲ့ brewing methods တွေကိုနားမလည်ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ကော်ဖီရဲ့အရသာအပြည့်အဝကို ကော်ဖီမှုန့်တွေထဲကနေမိတ်ဆွေ ဆွဲထုတ်ဖျော်စပ်သောက်သုံးနိုင်အုံးမှာမဟုတ်ပါဘူး။


ဒါကြောင့် ကော်ဖီရဲ့ထူးခြားတဲ့အနံ့အရသာတွေကို နည်းစနစ်တကျဖျော်တတ်ဖို့ စာရေးသူဖွင့်ထားတဲ့ “Story Of Espresso” barista training center မှာ coffee brewing training တွေလာ join လို့ရပါတယ်။လစဉ်အပတ်စဉ်တိုင်းမှာ group sections, private sections တွေလဲရှိလို့ page မှာမေးပြီးတက်လို့ရပါတယ်။2023 June လထဲမှာဖွင့်မယ့် Basic Barista classလေးကိုလဲ join ဖို့မှီသေးတယ်နော်။


ကျွန်တော်မျှဝေပေးထားတာကတော့ coffeeပညာရဲ့ တစ်စိပ်တစ်ပိုင်းလေးကို မိတ်ဆွေတို့နားလည်လွယ်အောင်ရေးသားပေးထားတာဖြစ်တာမို့ ကြိုက်နှစ်သက်ရင် ကိုယ်သိလိုက်ရသလို မိတ်ဆွေတို့ရဲ့သူငယ်ချင်းတွေပါသိအောင် ပြန်လည်မျှဝေပေးပါအုံးနော်။”မျှဝေခြင်းဟာမင်္ဂလာတစ်ပါး”ဖြစ်ကြောင်းမှာကြားရင် ကျွန်တော့်စာလေးကို ဒီမှာနိဂုံးချုပ်လိုက်ပပါတယ်။


(စာဖတ်သူရှု့ထောင့်ကနေနားလည်လွယ်အောင်လိုတိုရှင်းရေးပြထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိရင် professional roaster များကဖြည့်တွေးနားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံပါတယ်)


Brew with love….☕️🤎


Written by Nay Min Myat (Story of Espresso)


(ဤစာစုအားမိမိတို့အကျိုးစီးပွါးအတွက်copyယူမည်ဆိုပါက စာရေးသူအား လူ့ကျင့်ဝတ်အရ credit ပေးပါရန်)


Story of Espresso” Professional Barista Training Center


☎️ Phone-09 798244663

                   09 964570777.


#storyofespresso

#coffeetrainingschool

#baristatraining

#trainingcenter

#coffeeknowledge

#ကော်ဖီသင်တန်းကျောင်း

Tuesday, December 13, 2022

မြန်မာစတိုင်လ် ပုစွန်ထုပ်ဟင်းနဲ့ ဘိန်းမုန့်စားမလား

 🥩🍋🌶😋အမဲအူကြမ်း နှင့် အမဲအူပြုပ် စွပ်ပြုပ် (Beef Maguru and Intestine Soup) 🥩🍋🌶




နေထိုင်မကောင်းလို့ နွမ်းလျ အားနည်းသလို ခံစားရလျင် အမြဲလုပ်စားဖြစ်သော  စွပ်ပြုပ်ပါ။ နှာဆီး အအေးမိ ဖျားနာ တယ့်အခါ ပူစပ်ပူရှိန်းစွပ်ပြုပ်  သောက်လျင် ချွေးထွတ်စေပြီး လူကိုလန်းဆန်းသွား စေပါတယ်။ ငရုတ်သီးအစပ် နှင့် တစ်ခြား ဟင်းခတ်အမွေးအကြိုင်တွေ စုံလင်စွာပါပြီး ကျမ်းမာရေး နှင့်လဲညီညွတ်သော  ကြောင့် ဖော်ပြလိုက်ပါတယ်ရှင်။


🍋🌶🥩ပါ၀င်ပစ္စည်းများ

အမဲအူကြမ်း ၃၀ ကျပ်သား 

အမဲပုဆိုးကြမ်း ၂၀ ကျပ်သား

အမဲအူ ၂၀ ကျပ်သား

ကြက်သွန်ဖြူ ၅ တက် (အခွံခွာ တစ်ပြားရိုက်)

ချင်း လက်တစ်ဆစ် (တပြားရိုက်ထားပါ)

ဆား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း 

နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း 

ငံပြာရည် ၁ ဇွန်း စားပွဲ ဇွန်း 

ငရုတ်ကောင်း တစ်၀က် ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးစိမ်း  ၅-၇  တောင့် (ထပ်ခြမ်းခွဲပါ)

စပါးလင် ၂ ချောင်း  (ထု ထုံးပြီးထည့်ပါ)

သံပုရာသီး ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက်  ၂ ခတ် (ခတ်ပါးပါးမျှင်လေးလှီးထားပါ စွပ်ပြုပ်ပေါ်ကဖြူးစားရန်)



🫕ပြုလုပ်နည်း

၁။ အိုးကြီး ထဲသို့ ပါ၀င်ပစ္စည်းများ အားလုံးထဲ့ပြီး ရေမြူပ်အောင် ထည့်ပြီး ဆူအောင် တည်ပါ။  ရေဆူလျင် မီးမျင်မျင်လေးဖြင့် ၁ နာရီလောက် ရေခမ်းတယ့်အထိတည်ပါ။ အသားနူးအိအောင် ရေ ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူအောင်တည်ပါ။ 

၂။ ရေဆူပြီး အနည်းငယ်ရေခန်း လျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခံနည်း မှ အတုံးသေးသေးတွေတုံြး့ပီး သံပုရာရည် နှင့် ရှောက်ရွက် ဖြူးပြီး လိုသလို သောက်သုံးနိုင်ပါပြီး။ 🥰


🌶ငရုတ်သီးစိမ်း နှင့် ရှောက်သီး 



သိပ်ကို အတွဲမိပါတယ။် နှစ်ခုပေါင်း ကြော်လိုက်တော့ ချင်စပ်စပ် အရသာလေး ဖြင့် ဆွဲဆောင်မှုတွေက ကြားယုံနှင့် သရေကျစေပါတယ်။ နလန်ထ ထမင်းစား ပျက်နေသူတွေ အတွက်လဲ ထမင်းမိန်စေသော ဟင်းလေးတစ်ခွက်ပါ။  ထမင်း မိန် စေတာ တကယ်ပါ။ ထမင်း ကို နှစ်ပုကန် မစားတဲ့ စည် တောင် ထမင်းနှစ်ပုကန် ကုန်ပါတယ်။ ချက် ဖြစ်အောင် ချက် စားကြည့်နော်……….❣️🌶


🌶🌶ပါ၀င်ပစ္စည်းများ

ရှမ်းငရုတ်သီးစိမ်း ၃၀ ကျပ်သား (အနေတော် လေး တွေ ညှပ်ထားပါ)

ပုစွန်ခြောက်မှုန့် ၅ ဇွန်း စားပွဲဇွန်း 

ဆား ၁ ဇွန်း လက်ဖက်ဇွန်း

မျှင်ငပိစိမ်း ၁ ဇွန်း လက်ဖက်ဇွန်း

အသီးအရွက်ဆီ ၇ ဇွန်း စားပွဲဇွန်း 

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ ၄ တက် (ထောင်းထားပါ)

အရောင်တင်မှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

နနွင်းမှုန့် တစ်၀က်ဇွန်း လက်ဖက်ဇွန်း

ရှောက်သီး ၁ လုံး (အသားများနွာထားပါ)




🫕ပြုလုပ်နည်း

၁။ မကပ်သော အကြော် အိုးထဲ သို့ ဆီ ထဲ့ ပါ။ ဆီပူ လာလျှင် နနွန်းမှုန့် နှင့် ကြက်သွန်ဖြူ၊နီ ထည့်တည်ပါ။ 

၂။ မွှေးပြီး အရောင် လှလာလျှင် ငပိ၊ အရောင်တင်မှုန့် နှင့် ငံပြာရည် ထည့်ပါ။ သိသိသာသာ မွှေးပြီး လာပါလိမ့်မယ်။ ငရုတ်သီးစိမ်း များထည့်ပြီး နွမ်းလာသည် အထိကြော်ပါ။

၃။ ပုဇွန်ခြောက်မှုန့် ကိုထဲ့ လို့ရပါပြီး။ ပြီးလျင် နွာထားသော ရှောက်သီးအသားများ ကို ထဲ့ ပြီး ဖြည်းဖြည်း နဲ့ မွှမွှ လေးမွှေပေးပါ။ ဆားထည့် ပြီး ခတ်ဖွဖွ နှံ့အောင်မွှေပါ။

၄။ ငရုပ်သီး နွမ်းလာ လျှင် ဆားမြည် ပါ။ လိုတာ ကို ထပ်ဖြည့်ပြီး ထမင်းပူပူ ဆူးပုတ် ပဲထောပတ် ဟင်းချို တို့ဖြင့် တွဲစားမယ်ဆိုလျင် အင်မတင် လိုက် ဖက်ပါတယ်။ 

*မှတ်ချက်- သက်သက်လွတ်ကြော်ချင်လျင် ဆား၊ မြေပဲဆန်တို့ဖြင့်ကြော်ရင်ရပါတယ်။ 🌶


😋🦐မြန်မာပုဇွန်ထုပ်ဟင်း (Myanmar Style King Prawn Curry) 🍤🌶




ပုဇွန်ဟင်းက ချက်ရတာမြန်သလို အရသာ အရှိဆုံးဟင်းတစ်ခွက်ဆို တာအာမခံနိုင်ပါတယ်။ ❣️

🧅ပါ၀င်ပစ္စည်းများ (ဆီသတ်ရန်) 

ကြက်သွန်ဖြူ ၅ မွှာ (ညက်ညက်လေးထောင်းထားပါ)

ကြက်သွန်နီ ၄-၅ လုံး (ညက်ညက်လေးထောင်းထားပါ)

ချင်း လက်တစ်ဆစ် (ထောင်းထားပါ)

နနွင်းမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း

ဆီ ၅ ဇွန်း စားပွဲဇွန်း

ခရမ်းချဉ်သီး ၅ လုံး (အစေ့ထုပ်ပြီး ခတ်ပါးပါး လှီးထားပါ)

ငရုတ်သီးစိမ်း ၈ တောင့်(အစေ့ထုပ်ပြီး ခတ်ကြမ်းကြမ်းလှီးထားပါ)

နံနံပင် ၃ ပင် (ခတ်ကြမ်းကြမ်းလှီးထားပါ)

ပုဇွန်နယ်နှပ်ထားရန်

ပုဇွန်ထုပ်ကြီး ၈ ကောင် (အခွံခွာထားပါ)

နနွင်းမှုန့် အနည်းငယ်

ဆား အနည်းငယ်

ငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း


🫕ပြုလုပ်နည်း

၁။ ပုဇွန်နယ်နှပ်ရန် ပါ၀င်ပစ္စည်းများ အားလုံး ဖန်ဇလုံထဲ ထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။

၂။ မကပ်သော အိုးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျင် နံနံပင် နှင့် ငရုတ်သီးမှုန့် ကလွဲလို့ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာလျင် ငရုတ်သီးမှုန့်ထည့်ပြီး ၆-၈ မိနစ်လောက် သေချာမွှေပြီးတည်ပါ။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီး ပျော်ပြီး ရေခန်း အဆီပြန်တည့်အထိ မွှေပေးပါ။ 

၃။ ခရမ်းချဉ်သီး အနှစ်ထဲ ပုဇွန်ထည့်ပါ။ ပြီးလျင် ရေအနည်းငယ်ထည့်ပါ။ မီးအနေတော် ဖြင့် အဖုံးအုပ်ြ့ပီး ၃ မိနစ်လောက် တည်ပါ။ အသေချာ အရသာ၀င်အောင်မွှေပေးပါ။ ရေခန်းပြီး ဆီပြန်လာလျင် ဆားမြည်းပါ လိုတာထပ်ဖြည့်နိုင်ပါတယ်။ မီးပိတ်ပြီး နံနံရွက်လေးများ ဖြူးပြီး မီးဖိုပေါ်မှချပါ။ အုန်းထမင်း ၊ ထမင်းဖြူတို့ဖြင့် တွဲဖက်သုံးဆောင်လျင် အဆင်ပြေကောင်းမွန်ပါတယ်။🥳


😋🥥ဘိန်းမုန့် (Bein Mont/Myanmar Pancake)




ဘိန်းမုန့်ကို နိုင်ငံခြားသားတွေ အခေါ်အရဆိုလျင် မြန်မာ ပန်းကိတ်ပေါ့…. ဘိန်းမုန့် က နည်းနည်းဝါးရတယ်၊ ပွအိအိလေး နြေ့ပီး အပေါ်လွှာက ကြွပ်ဆတ်လေး နဲ့ အစေ့အဆန်များများ နှင့် ပေါ့ပါး စားသုံး လွယ်ကူစေပါတယ်။ ဘိန်းမုန့် ကို ဆန်မှုန့် ဖြင့်ပြုလုပ်ပြီး မုန့်အပေါ်မှာ ဘိန်းစေ့၊ ဘန်ဒါစေ့ နှင့် အုန်းသီးဖတ်ကြီးများ ဖြူး ထားပါတယ်။ စွဲကြိုက်နှစ်သက်ဖွယ် ကောင်းသော ဘိန်းမုန့် က သင့်ရဲ့ ပုံမှန် မနက်စာ ဖြစ်သွားစေရမယ်။ မြန်မာစတိုင် ဘိန်းမုန့် ကို ဆန်မှုန့် နှင့် ထန်းလျက် တို့ဖြင့် လုပ်ထားတာကြောင့် ကစီဓာတ် နှင့် သကြား ရှောင်နေကျသူများအတွက် အရမ်းအဆင်ပြေ စေပါတယ်။

🥥ပါဝင်ပစ္စည်းများ

ဆန်မှုန့် ၂၅၀ ဂရမ်

ရေ ၁၅၀ မီလီ

နို့ဆီ ၅ ဇွန်း စားပွဲဇွန်း 

နို့စိမ်း ၁၅၀ မီလီ

ကြံသကာ (သို့) ထန်းလျက်ခဲ ၁၀၀ ဂရမ် 

ကာဘိုနိတ် ဆော်ဒါ ၁/၄ ဇွန်း လက်ဖက်ဇွန်း 

ဘေကင်ပေါင်ဒါ ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ထောပတ်ရည် ၃၀ ဂရမ်

အုန်းသီး ၂၀ ဂရမ် (ပါးပါးအပြားလေးတွေခြစ်ထားပါ)

ဘိန်းစေ့ ၃ ဇွန်း စားပွဲဇွန်း

ဆား အနည်းငယ်

ထောပတ် ၂ ဇွန်း စားပွဲဇွန်း (အိုးသုပ်ရန်)


🥥ပြုလုပ်နည်း

၁။အိုးထဲ ကို ကြံသာကာ (သို့) ထန်းလျက် နှင့် ရေ ၃၀၀ မီလီ ထည့်ပြီး မီးအနေတော် ဖြင့် ကြံသာကာ (သို့) ထန်းလျက် အရည်ပျော်တည့် အထိ တည်ပါ။ မီးပိတ် ပြီး အအေးခံထားပါ။

၂။ဆန်မှုန့်၊ထန်းလျက်ရည်၊ဆား၊ ကာဘိုနိတ် ဆော်ဒါ၊ ဘေကင်ပေါင်ဒါ၊ ထောပတ်ဆီ ထည့်ပြီး သမအောင် မွေပြီးတစ်နာရီခန့့်နှပ်ထားပါ။

၃။ မကပ်သည့် ဒယ်အိုးပြားလေးကိုအပူပေးပြီး ထောပတ်အနည်းငယ် ဖြင့် အိုးကိုလူးပေးပါ။

၄။ဖျော်ထားသောမုန့်နှစ်ကို သမအောင်မွေပြီး ဇွန်းခွက် ဖြင့်တစ်ခွက် ခပ်ထည့်ပါ။ 

၅။ မုန့်နှစ် ပူစီဖောင်းအမြူပ်လေးတွေ ပေါ်လာလျင် အပေါ်မှ ဘိန်းစေ့ နှင့် ခတ်ပါးပါးလှီးထားသော အုန်းသီး ဖတ်များ ကိုဖြူးပြီးထည့်ပါ။ထောပတ်သုပ်ပြီး အပေါ်တစ်ဖက်ကို ရွှေရောင်သန်းတယ့် အထိတယ်ဖုတ်ပါ။ 

၆။မီးဖိုပေါ်မှ ချပြီး နွေးနေအောင်ထားပြီး ကျန်မုန့်နှစ်တွေ ကိုဒီအတိုင်းပဲဆက်လုပ်ပါ။ ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

မှတ်ချက် - မီးသွေးမီး အပေါ်မီးများများ အောက်မီးနည်းနည်း နဲ့ ဖုတ်လျင်ပိုကောင်းပါသည်။ အပေါ်မီးကို ဒန်အိုးအဖုံးအပျန့်တစ်ခုပေါ်တင်ပြီးအသုံးချလို့ရပါတယ်။ ❣


Friday, December 2, 2022

ငါးခူမုန့်ဟင်းငါး - မုန့်လုံးကြီး - မုန့်လိပ်ပြာ

 🐟🥰ငါးခူ မုန့်ဟင်းခါး  (Catfish Mohinga) 




မုန့်ဟင်းခါးဆို ဘယ်လိုချက်နည်းနှင့်ပဲ ချက်ချက် ရိုးတယ်မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အားပေးတတ်ကျသော မုန့်ဟင်းခါးကို ဖန်တီးမှု အသစ်အဆန်း မဟုတ်ပေမယ့် စည့်ရဲ့ ချက်နည်းလေးဖြင့် ပြန်လည် မျှဝေထားပါတယ်။


🧅🧄ပါ၀င်ပစ္စည်းများ

မုန့်ဖတ် ၁ ပိသာ

အနှစ်လုပ်၇န်

ကြက်သွန်နီဥကြီး ၂ လုံး (အခွံခွာ၊ လှီးထားပါ)

ကြက်သွန်ဖြူ ၁ ဥ  (အခံခွာပြီး၊ လှီးထားပါ)

ချင်းတက် လက် ၂ ဆစ်လောက်(အခွံခွာပြီး ပါးပါးလှီးထားပါ)

အရောင်တင်မှုန့် ၂ ဇွန်းစားပွဲဇွန်း 

ငါးပြုတ်ရန်ပါ၀င်ပစ္စည်း

ငါးခူ ၃၀ ကျပ်သား (ဆားကြမ်းဖြင့်ရေဆေးထားပါ)

ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း

ငရုတ်ကောင်းစေ့ တစ်၀က် ဇွန်း လက်ဖက်ဇွန်း

စပါးလင် ၂ ချောင်း (ထုပြီး ထုံးထားပါ)

နနွင်းမှုန့် အနည်းငယ်

စပါးလင်အရည် ၂ ဇွန်း လက်ဖက်ဇွန်း 

ချင်းရည် တစ်၀က်ဇွန်း လက်ဖက်ဇွန်း

မုန့်ဟင်းခါးရည်ချက်ရန် ပါ၀င်ပစ္စည်းများ

နနွင်းမှုန့် ၁/၄ ပုံ လက်ဖက်ဇွန်း 

ငရုတ်ကောင်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း

ငံပြာရည်  ၂ ဇွန်း စားပွဲဇွန်း

အသီးအရွက်ဆီ ၇ ဇွန်း စားပွဲဇွန်း

ငါးပြုတ်ရည် ၂ လီတာ 

စပါးလင် ၃ ချောင်း (ထက်ခြမ်းခြမ်းပြီး ထုံးထားပါ)

ဌက်ပျောအူ ၂ ခွက် (ခတ်ပါးပါးလှီးထားပါ၊ နနွင်းအနည်းဖြင့် ပြုတ်ထားပါ)

ကြက်သွန်ဥနီအသေး ၁၀ လုံး (အလုံးလိုက် အခွံခွာ ထည့်ပါ)

အိမ်လှော်ဆန်မှုန့် ခွက်တစ်၀က် (ဟင်းချက်ရန်တိုင်းသောခွက်၊ ရေဖြင့်ဖျော်ထားပါ) 

ဆား ၂ ဇွန်း လက်ဖက်ဇွန်း

ကြက်ဥ ၂ လုံး (ခလောက်ထားပါ)

မုန့်ဟင်းခါးနှင့် တွဲစား၇န်

ကြက်ဥပြုတ် ၆ လုံး (အခွံခွာပြီး ကြက်ဥလှီးဓားဖြင့်အကွင်းလေးလှီးထားပါ)

နံနံပင် ၈ ပင် (အနေတော်လေးတွေလှီးထားပါ)

ပဲသီးရှည် ၁ စီး (ပါးပါးသေးသေး လေးလှီးထားပါ)

ငရုတ်သီးအကြမ်းမှုန့်  လိုသလောက် (လှော်ပြီးသား)

ပဲကြော် ၁၀ ခု (စားခံနည်းမှ လိုသလောက် ချေစားပါ)

အိမ်လုပ်ကြက်သွန်ဖြူဆီချက် လိုသလောက် (မုန့်ဟင်းခါးထဲ ထည့်စားပါ)

ငါးဖယ်ကြော်ပြီးသား ၁၀ ခု (ခတ်ပါးပါးလေးတွေ လှီးထားပါ)

သံပုရာသီး ၃ လုံး (စိတ်ထားပါ)


🫕ပြုလုပ်နည်း

၁။ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများအား ကြိတ်စက်ထဲ မှုန့်ညက်နေအောင်ကြိတ်ပါ။

၂။ အိုး အကြီးထဲ ငါးပြုတ်ရန်ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး ငါးမြုပ်အောင်ရေထည့်ပြီး ဆူအောင်ပြုတ်ထားပါ။ ရေဆူလျင်ရပါပြီး ငါး အသားများ အရမ်နုးအိအောင်မပြုတ်ရင် ပိုကောင်းပါတယ်။ မီးဖိုပေါ်မှချပြီး အအေးခံထားပါ။ ငါးအသားများ နွင်ထားပါ။ အရေစစ်ယူထားပါ။

၃။  မကပ်သော ဒယ်အိုးအကြီးထဲ ဆီထည့် ပြီး အပူပေးထားပါ။ အနှစ်လုပ်ရန်ကြိတ်ထားသော ငရုတ်ကြက်သွန်အနှစ် နှင့် နနွင်းမှုန့်ထည့် ပြီး ၅ မိနစ်လောက် ဆီသတ်ပါ။ 

၄။ ဆီသတ်အိုးထဲ စပါးလင်၊ ငါးအသား၊ ငရုတ်ကောင်း၊ ငါးငံပြာရည် များ ထည့်ပြီး ၁၀ မိနစ်လောက် ထပ်ပြီး ဆီသတ်ပါ။

၅။ ငါးပြုတ်ရည်၊ ဌက်ပျောအူ များထည့်ပြီး ဆူပွတ်အောင်တည်ပါ။ ဆူပွတ်လာလျင် မီးလျော့ပြီး ဆူရုံလေး ၂း၃၀ -၃ နာရီလောက် တည်ထားပါ။

၆။ ရေလိုလျင်ထပ်ထည့်ပါ (ငါးပြုတ်ရည်ကို ပဲထပ်ထည့်လို့ရပါတယ်)၊ ကြက်သွန်ဥနီသေးလေး၊ ဆန်မှုန့်ရည် များထည့်ပြီး ဆူပွက်လာအောင် ထပ်တည်ပါ။ မကြာခဏဆိုသလို မွှေပေးပါ။ အိုးအောက်ဖက် မကပ်အောင် မွှေပေးပါ။ မုန့်ဟင်းခါးရည်ချက်ရန် ကျန်ပါ၀င်ပစ္စည်းများထည့်ပြီး နှံ့အောင် သေချာမွှေပါ။ ပွတ်ပွတ်ဆူ လာလျင် ဆားမြည်းပါ လိုတာ ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါသည်။ ပူပူလေးသုံးဆောင်ပါ။ 

၇။ သုံးဆောင်ရန် ပန်းကန်ထဲ မုန့်ဖတ်ကို လိုသလောက်ထည့်ပြီး မုန့်ဟင်းခါးဖြင့် တွဲစားရန် ပစ္စည်းများ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သော ပစ္စည်းများ ထည့်ပြီး ဟင်းရည်ကို လိုသလောက် ထည့်ပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။🥰


🥥မုန့်လုံးကြီး အုန်းယိုအစာသွပ် မီးဖုတ် (Sticky Rice Dumpling Coconut Jam stuffed Bake)🥥



မုန့်လုံးကြီး အစာသွပ် မီးဖုတ် ကြိုက်သူများအတွက် အာဗင်နဲ့ မီးဖုတ်လို့ရသော နည်းလေး မျှဝေလိုက်ပါတယ်။ 

🥥ပါ၀င်ပစ္စည်းများ

ကောက်ညှင်းဆန်မှုန့် ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)

ဆန်ကြမ်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း 

ရေ ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်၊ လိုအပ်လျင် ထပ်ထည့်ပါ)

ဆား တစ်၀က်ဇွန်း လက်ဖက်ဇွန်း

ဆီ လိုသလောက် (အကင်ဘန်းသုပ်ရန်)

🫕ပြုလုပ်နည်း

၁။ ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲ ကို ပါပစ္စည်းများ အားလုံးထည့်နယ်ပါ။ ရေကို ဖြည်းဖြည်းချင်းထည့်ပြီး မှနယ်ပါ။ ရေအတိုးအလျော့လုပ်ပေးပါ။ စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီး။

၂။ ရရှိလာသော မုန့်နှစ်များကို လိုသလို အနေတော် အလုံးကြီးတွေလုံးပါ။ အထဲမှာ အုန်းယို အစာသွပ်ပြီး လုံးနေအောင်လုံးပါ။

၃။ စောက်နက်အိုးကြီးကြီးထဲကို ရေဆူအောင်တည်ပါ။ ရေဆူလာလျှင် လုံးထားသောအလုံးများ ထည့်ပါ။ အိုးထဲ အများကြီး မထည့်ပါနဲ့ အိုးကျပ်သွားလျှင် မကျက်တာမျိုးဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ်။

၄။ ဇလုံးအကြီးထဲမှာ ရေခဲရေ ထည့်ထားပါ။ ကျက်ပြီး ရေပေါ်ပေါလာသော မုန့်လုံးများ ကိုရေခဲရေထဲဆယ်ထဲ့ပါ။

၅။ အာဗင်ကို အပူပေးထားပါ။ ၂၀၀ ဒီဂရီလောက်ဆို ရပါတယ်။ မုန့်လုံးများ မကပ်အောင် တစ်လုံးချင်း ဖုတ်ချင်ရင် ကပ်ကိတ်ဖုတ်သော တစ်ခွက်စီ သီးသန့်ပါသော အကင်ဘန်း ကိုသုံးပါ။ အကင်ဘန်းကို ဆီချွဲနေအောင်သုပ်ထားပါ။

၆။ မုန့်လုံးများကို ရေစစ်ပြီး အအေးခံထားပါ။ ဘန်းခွက်ထဲ တစ်လုံးစီ ထည့်ပြီး အပေါ်ရောင် ညိုလာသည် အထိ ၅-၈ မိနစ်လောက်ကင်ပါ။ အနည်းငယ် အအေးခံပြီး မုန့်လုံးကြီး ထိပ်ညပ် ပြီး အုန်းအဆီ ဆန်းပြီး အသင့်သုံးဆောင်လို့ရပါပြီး။😋😋🥥❣

💙🌞🌼မင်္ဂလာပါ ချစ်တို့.. ဒီနေ့ စည် လုပ်စားနေကြမုန့်လုပ်နည်း တစ်မျိုး ရှယ်ပေးချင်ပါတယ်… အားလပ်ရက်တွေ မှာ မိသားစု သူငယ်ချင်းများ နှင့် လုပ်စားကြည့်လိုက်နော်..😋👍


🦋မုန့်လိပ်ပြာ  (Butterfly Cake/Moun Lei Pya)😍




မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတိုင်းလဲ မုန့်လိပ်ပြာကို ကြိုက်နှစ်သက်ကြပါတယ်။ လုပ်စားရတာလဲလွယ်ကူသော  မုန့်လိပ်ပြာကို အခုခတ်ပေါ်နည်း နှင့် လုပ်နည်းလေး ပြောင်းထားပါတယ်။ ဆန်ပြားရွက်တို့၊ ကော်ပြန့်စိမ်းအဖတ်တို့ ရှိရုံနဲ့ လုပ်လို့ရပါတယ်။ ပဲကြိုက်သော သူများအတွက် အကြိုက်တွေ့စေမယ့်မုန့်လဲ ဖြစ်ပါတယ်။ ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မျှဝေလိုက်ပါတယ်။

🫔ပါဝင်ပစ္စည်းများ

ပဲနီ    ၁ ဗူး (၄၀၀ ဂရမ် အသင့်စားဗူး)

ဆန်ပြားရွက် ၇ ရွက် 

သကြားအဖြူ  ၁ ဇွန်း ခွဲ ထမင်းစားဇွန်း  

ဆား  ၃ ပုံ ၁ ပုံ လက်ဖက်ဇွန်း 

ရေ  ၅၀၀ မီလီ 

မြေပဲဆီ ၂ ဇွန်း စားပွဲဇွန်း

တွဲစားရန် (ကြိုက်လျင်)

နှမ်းဆားထောင်း လိုသလောက်

အုန်းသီးဖတ်ခြစ် လိုသလောက်


🫕ပြုလုပ်နည်း

၁။ အိုးထဲ ပဲနီဗူးကိုဖောက်ပြီး ရေစင်အောင်ဆေးထားပေးကာ ဆား၊ သကြား၊ ရေထဲ့ကာ ပဲများ ကျေပြီး ရေခမ်းသွားတဲ့အထိကျိုပါ။ မကြာခဏမွှေပေးပါ။ ဇွန်း ဖြင့် နာနာလေးဖိပြီးခြေ မွှေပါ ပဲတွေကြေမွပြီး ပျော့ပြစ်ခဲ ပဲယိုဖြစ်တယ့်အထိမွေပါ။ ကြိတ်စက်သုံးလဲရပါတယ်။

၂။ ဆန်ပြားရွက်ကို ရေအေး နှင့် ပျော့သွားတဲ့အထိ ၃-၅ မိနစ်လောက်ရေစိမ်ပေးပါ။

၃။ ရေစိမ်ထားသော ဆန်ပြားရွက်ကို မြေပဲဆီ သုပ်ထားသော ပန်းကန်ပြားတစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကို အလယ်တည့်တည့်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ပုံပေးပါ။

၄။ ပဲယိုပေါ်သို့ အောက်ဖက်မှ စပြီးခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုထုတ်လိုက်ပါ။ လေးဒေါင့်အရှည်လေးရတယ့် အထိခေါက်ပါ။ 

၅။ မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း အုန်းသီးမှုန့်တို့ဖြူးပြီး မိန်ယှက်စွာစားသုံးနိုင်ပါပြီ။ 👍🦋😍


😋၀က်သားဒုတ်ထိုးစုံ (Pork Intestine Mix)❣




၀က်သားဒုတ်ထိုး ပြုတ်တယ့် အရသာကောင်းလို့ကတော့ စားလိုက်တာနဲ့ ရပ်မရအောင်ကို စားမိတာအမှန်ပါ။ ကြိုက်နှစ်သက်ကြသူများ အတွက် နှစ်သစ်ကူးညမှာ ပျော်ရွှင်ဖွယ်ဖြစ်သော ညစာကို အခုလို အရသာဖြင့်ချက်စားရင်း ပျော်ရွှင်ဖွယ်ညအားဖြတ်သန်းကျပါဆို့။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ ကို အသုံးပြုလို့ရပါတယ်။


🥓ပါ၀င်ပစ္စည်းများ

၀က္ကလီစာစုံ ၁ ပိသာ 

ကြက်သွန်ဖြူ ၅ မွှာ (တပြားရိုက်ထားပါ)

နာနတ်ပွင့် ၅ ပွင့်

သစ်ကြပိုးခေါက် ၁ ချောင်း

ကရဝေးရွက် ၂ ရွက်

ဇာတိပ္ဖိုလ်မှုန့် ၁ ဇွန်း လက်ဖက်ဇွန်း

ချင်း လက် ၂ ဆစ် (ကြီးကြီးလေး လှီးထားပါ)

သကြားညို ၁ ဇွန်း ခွဲ စားပွဲဇွန်း

ပဲငံပြာရည်အချို ၃ ဇွန်း ခွဲ စားပွဲဇွန်း (အပြစ်)

ပဲငံပြာရည်အငံ ၁ ဇွန်း စားပွဲဇွန်း

ဆား လိုသလောက်

ရှာလကာရည် ၂ ဇွန်း လက်ဖက်ဇွန်း


🫕ပြုလုပ်နည်း

၁။ ၀က်အစုံ ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ဆား၊ ချင်း ၊ ကြက်သွန်ဖြူ၊ ရှာလကာရည်၊ ဇာတိပ္ဖိုလ်မှုန့်နှင့် ပဲငံပြာရည်အငံ ဖြင့်နယ်နှပ်ထားပါ။ ရေခဲသေတ္တာထဲတွင် ညသိပ်နှပ်ထားလျှင် ပိုကောင်းပါသည် (သို့) ၃ နာရီခန့်လောက် နှပ်ထားလျှင်လဲရပါတယ်။

၂။ မပြုတ်ခင် ရေခဲသေတ္တာထဲ မှ နာရီ၀က် ခန့်ကြိုထုပ်ထားပါ။

၃။ စောက်နက် ဒယ်အိုးကြီးထဲ ကို သကြား နှင့် ရေထည့်ကြိုပါ။ သကြားပျော်သွားလျှင် ၀က်အစုံ ကလွဲလို့  ကျန်ပါပစ္စည်းများ အားလုံး ထည့်ပြီး ကြိုပါ။ အနံမွှေးလာလျှင် နယ်နှပ်ထားသော ၀က်ကလီစာစုံ ကိုရောပါ။ အသားအနည်းငယ်တင်းလာပြီး မွှေးတက်လာမှ ရေထည့်ပါ အသားများ မြုတ်တယ့်အထိထည့်ပေးပါ။ အဖုံးအုပ်ပြီး တည်ပါ။ မကြာခဏမွှေပေးပါ။ ရေခန်းလျှင် ရေ ကိုထပ်ထည့် ပါ။ ၀က်ကလီစာစုံ နူးအိ တယ့်အထိတည်ပါ။ 

၄။ ၀က်အူ နူးအိလာပြီဆိုရင် ပြုတ်ရည် အနည်းငယ်ထားပါ။ အချဉ်ဖျော်ရန်၊ ဟင်းရည်သောက်ရန် သိပ်ကို ကောင်းပါတယ်။ အသင့်သုံးဆောင်လို့ရပါပြီး၊ လိုသလို လှီးပြီး နွေးနွေး လေး ဒုတ်ထိုးပြီး စားသုံးနိုင်ပါတယ်။

၅။ ဒုတ်ထိုးစားရင် မအီအောင် သခွားသီး ခရမ်းချဉ်သီးလေးတွေ နှင့် တွဲဖက် စားသုံးလျင် အအီသက်သာသလို အသီးအနှံ့လဲစားဖြစ်ပါတယ်။ ကြိုက်နှစ်သက်သော အချဉ်ဆော့ဖြင့် တွဲဖက်သုံးဆောင်ပါ။😋❣

စားဖိုမှူး - Syi Lwin Food Garden 

Sunday, October 16, 2022

ဒုန်းဒုန်း ကြက်သားဟင်း

 ဒုန်းဒုန်း ကြက်သားဟင်း 




棒棒雞


ဒီတခါမှာတော့ နာမည်အဆန်းနဲ့ စီချွမ်ဟင်းလျာတစ်မျိုးအကြောင်း တင်ဆက်ပေးပါမည်။ နာမည်က ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်သည်။ အကြောင်းက ကြက်သားကို အပိုင်းပိုင်းရာတွင် သစ်သားတုတ် (သို့မဟုတ်) တူကို အသုံးပြုသောကြောင့် ဖြစ်သည်။ 


ဟင်းလျာဒဏ္ဍာရီ 


မင်မင်းဆက်ပျက်သုဉ်းပြီးကာစအချိန် မန်ချင်းမင်းဆက်အစတွင် စာဖိုမှူးတစ်ဦးသည် စီချွမ်ပြည်နယ် ရာအန်းမြို့ 雅安市 သို့ ပြောင်းရွှေ့လာခဲ့ပြီး သူဝါသနာပါသော ဟင်းလျာချက်ပြုတ်သည့်အလုပ်ကို လုပ်ကိုင်နေခဲ့သည်။ စာဖိုမှူးသည် ဟင်းလျာအသစ်အဆန်းများကို တီထွင်ရသည်ကို နှစ်သက်သူဖြစ်သည်။ သူသည် ကြက်သားစွပ်ပြုတ်ထဲတွင်ထည့်ရသော ဟင်းခတ်အမွှေးအကြိုင်များကို စမ်းသပ်နေခဲ့သည်။ ထိုအချိန်က မွေးမြူရေးလုပ်ငန်းများတွင် အသားကို လိုအပ်သလောက် မထုတ်လုပ်နိုင်သည့်အတွက် ယနေ့ခေတ်လို မပေါများခဲ့ပေ။ ကြက်သား၊ ကြက်ဥ ဆိုသည်မှာ ချမ်းသာသောလူများသာ စားနိုင်သည့် ဇိမ်ခံဟင်းလျာဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဆိုင်တွင် ကြက်သားဟင်းလျာကို တစ်ပတ်မှ အားလပ်ရက် တစ်ရက်သာ ဧည့်ခံရောင်းချနိုင်သည်။ 


ထို့ကြောင့် စာဖိုမှူးကို နေ့စဉ်ရောင်းချနိုင်စေရန် တစ်ယောက်က ကြက်သားကို အတုံးကြီးတွေ လှီးမယ့်အစား အလွှာအချပ်လေးဖြစ်အောင် ပါးပါးလေးလွှာပြီး ရောင်းချရန် အကြံပေးလာသည်။ ထိုအကြံမှာ ကောင်းလှသော်လည်း ပြဿနာက ရှိလာသည်။ ကြက်သားသည် ဝက်သား၊ အမဲသားကဲ့သို့ မဟုတ်ပေ၊ အရိုးသေးပြီး အရိုးများလေသည်။ ထို့ကြောင့် ကြက်သားကို ပါးပါးလေး လွှာရာ၌ အရိုးရှိသည့်နေရာကို ဓားဖြင့်ခုတ်ထစ်ရန် အဆင်မပြေပေ။ ထိုအခါ တပည့်တစ်ယောက်က အနီးအနားရှိ ဒလှိမ့်တုံးဖြင့် စာဖိုမှူး၏ ဓားမပေါ် ရိုက်ချလိုက်ရာ ကြက်ရိုးကို ပိုင်းနိုင်ခဲ့လေသည်။ စာဖိုမှူးလည်း သူက ဓားမဖြင့် လွှာမည့်နေရာကို ကြက်သားပေါ် ဓားမတင်၊ တပည့်က ဆရာ့ ဓားမကို တုတ်ဖြင့်ရိုက်လေရာမှ ကြက်သားကို အလွှားပါးလေးတွေဖြစ်အောင် လွှာနိုင်ခဲ့သည်။ ထိုသို့ ဆရာတပည့် နှစ်ယောက်သား ကြက်သားကို ခုတ်ထစ်သည့်အခါ တစ်ဒုန်းဒုန်း တစ်ဗုန်းဗုန်း အသံမြည့်သည့်အတွက်ကြောင့် စာဖိုမှူး၏ ကြက်သားဟင်းကို ဒုန်းဒုန်း ကြက်သားဟင်း 棒棒雞 ဟု ခေါ်ကြလေသည်။ နောက်ပိုင်းကျ စွဲဆောင်မှုတစ်ခုဖြစ်အောင် စည်းချက်ကျကျ ခုတ်ထစ်ရောင်းချကြလေသည်။ 


ဒုန်းဒုန်း ကြက်သားသည် အရင်ဦးစွာ ကြက်သားကို နူးနေအောင် ပြုတ်ထားရသည်။ ထို့နောက် အရိုးကို မဖယ်တော့ပဲ အရိုးနှင့် အသားကို အလွှာအလွှာဖြစ်အောင် ခုတ်ပိုင်းရသည်။ ထိုသို့ ခုတ်ပိုင်းရာတွင် တစ်ယောက်က ဓားမဖြင့် ဓားရာပေးပြီး ကျန်တစ်ယောက်က ဓားမကို တုတ် (သို့မဟုတ်) သစ်သားတူဖြင့် စည်းချက်ညီညီ ပြိုင်တူလှုပ်ရှားကြရလေသည်။ စီချွမ်ပြည်နယ်တွင်တော့ ဒုန်းဒုန်း ကြက်သားကို ခရမ်းချဉ်သီး၊ သခွားသီး စသည့်အသီးအရွက်များ ထည့်ကာ စီချွမ်ငရုတ်သီးအနှစ်နှင့် သုတ်စားလေ့ရှိသည်​။ တစ်ချို့က ငရုတ်ဆီအနှစ်ဖြင့် ချက်ပြုတ်ပြီး တည်ခင်းလေ့ရှိသည်။ ကြက်သားပြုတ်သည့်နေရာက အသက်ဖြစ်သောကြောင့် မင်မင်လည်း မသိပါ။

 



ညခင်းမှာ ဗိုက်ဆာကြပါစေတော့ဆိုတဲ့ စေတနာများဖြင့် ချစ်တဲ့ #林圛朙「天下第一」🥹