Showing posts with label ပြဲေတာ္. Show all posts
Showing posts with label ပြဲေတာ္. Show all posts

Monday, December 1, 2025

နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့

 ◾️လွမ်းမိသေးတော့ နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့




လွန်ခဲ့တဲ့ အချိန်တစ်ခုက နတ်တော်လပြည့်နေ့နားနီးလာရင် မန္တလေးမြို့ကသတင်းမီဒီယာသမားတချို့ ကျွန်တော့်ဆီကိုဖုန်းဆက်ကြတယ်။ နတ်တော်လပြည့်နေ့ကစစ်ကိုင်းမြို့မှာ ထူးထူးခြားခြားကျင်းပတဲ့ ဒေသရိုးရာမုန့်ပေါင်းပွဲရှိတယ် မဟုတ်လား။


မုန့်ပေါင်းပွဲကို အကြောင်းပြုပြီး မန္တလေးသတင်းသမားတွေ ဆက်သွယ်တဲ့ ဖုန်းတွေပေါ့။မန္တလေး သတင်းသမားတချို့ကစစ်ကိုင်းနဲ့ ပတ်သက်တဲ့ သတင်းရှိရင် အခုလိုပဲဖုန်းဆက်တတ်ကြတယ်။ 


စစ်ကိုင်းမှာက ရာသီပွဲနဲ့ ရိုးရာပွဲလေးတွေရှိတာမို့ စစ်ကိုင်းမုန့်ပေါင်းပွဲကို သတင်းခရီးလာကြမလို့တဲ့။

ကျွန်တော့်ဆီ ဖုန်းဆက်တဲ့အထဲမှာဒီနှစ် မုန့်ပေါင်းပွဲ လုပ်ဖြစ်မှာလား။ ဘယ်အချိန်လာရင် အဆင်ပြေမှာလဲ။ ကျွန်တော်၊ ကျွန်မတို့လာရင် မုန့်ပေါင်းပွဲလိုက်ပို့ပေးဦး။


မုန့်ပေါင်းဝယ်ကျွေးရမှာနော် စသည် စသည်များနဲ့ပေါ့။စစ်ကိုင်းမှာက ရိုးရာဓလေ့အနေနဲ့နှစ်စဉ်ကျင်းပတာ မုန့်ပေါင်းပွဲတစ်ပွဲတည်းပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ နယုန်လမှာ စစ်ကိုင်းအနောက်တာက သာဒွန်းရွာမှာကျင်းပတဲ့ ရွာတော်ရှင်ကို ဝက်သားနဲ့တင်တဲ့ဗြုန်းစပ်ပွဲရှိတယ်။


သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စစ်ကိုင်းမြို့အထင်ကရ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး မုန့်ဖက်ထုပ်ပွဲနဲ့မုန့်ဆီကြော်ပွဲရှိတယ်။ တပို့တွဲလမှာ ကျင်းပတဲ့ကြေးဘုရားကြီးပွဲက ဘဲဥထုပွဲဆိုတာ ရှိသေးတယ်။ 


ဒီပွဲတွေရှိတော့ ပွဲရက်နီးလာရင် အခုလိုပဲ ဖုန်းဆက်မေးမြန်းကြပါတယ်။စစ်ကိုင်းမြို့မှာ ကျင်းပတဲ့ ဒေသဓလေ့ပွဲတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ရိုးရာဓလေ့တွေပါ။ စစ်ကိုင်းမြို့ရဲ့ သမိုင်းကိုပြန်ကြည့်ရင် စစ်ကိုင်းကို အသင်္ခယာစောယွန်းက သက္ကရာဇ် ၆၇၇ ခုနှစ်မှာ မင်းနေပြည်တော်အဖြစ် တည်ခဲ့တယ်။ 


မင်းဆက် ခုနစ်ဆက် အုပ်ချုပ်ခဲ့တဲ့ ရာဇဝင်ထဲက မြို့တစ်မြို့ ဖြစ်တယ်။ဒါတွေအပြင် စာထဲမှာတွေ့ရတဲ့စစ်ကိုင်းအကြောင်းလည်း အထင်အရှား ရှိပါသေးတယ်။ အသင်္ခယာစောယွန်း တည်ခဲ့တဲ့ စစ်ကိုင်းမြို့ ထက်တောင် စစ်ကိုင်းဆိုတဲ့ အမည်က စောပါလိမ့်ဦးမယ်။ 


ဒါကလည်း ရာဇဝင်နဲ့လာခဲ့တယ်လို့ ဆိုရမှာပါ။တကောင်း အဘိရာဇာမင်းလက်ထက်သားတော် စူဠာသမ္ဘ၀၊ မဟာသမ္ဘ၀ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးကို ဖောင်ပေါ်တင်ပြီးရိက္ခာအပြည့်အစုံနဲ့ဧရာ၀တီမြစ်အတွင်းမျှောချလိုက်သတဲ့။ 


ညီနောင်နှစ်ပါး လိုက်ပါလာတဲ့ ဖောင်တော်က အခုစစ်ကိုင်းဆိုတဲ့အရပ်ရောက်တော့ ဧရာ၀တီ မြစ်ကမ်းမှာပေါက်နေတဲ့စစ်ပင်ကြီးရဲ့ ညွှတ်ကျနေတဲ့ အကိုင်းကြီးတစ်ခုနဲ့ ငြိပါလေရော။


ဖောင်ငြိတဲ့နေရာနဲ့ မနီးမဝေးမှာ အဲဒီအချိန်က နေထိုင်သူတွေ ရှိနေပြီဆိုကိုး။ အဲဒီအရပ်မှာက စစ်ပင်ကြီးကိုင်းနေတာကိုအကြောင်းပြုပြီး စစ်ကိုင်းလို့ ခေါ်ကြဆိုကိုး။အဲဒါလည်း စစ်ကိုင်းရဲ့ ရာဇဝင်လို့ပြောရမလား၊ဒဏ္ဍာရီလို့ပြောရမလား၊ မှတ်တမ်းတစ်ခု၊သင်္ကေတတစ်ခုပေါ့။ ထားတော့။


မင်းနေပြည်တော်မြို့ဖြစ်ခဲ့တဲ့ စစ်ကိုင်းမှာ ရှေးကတည်းက လူသားတွေ နေထိုင်ခဲ့တာဆိုတော့ ဒေသ အငွေ့အသက်မကင်းတဲ့ မြန်မာရနံ့ရိုးရာဓလေ့လေးတွေလည်း ရှေးကတည်းကရှိခဲ့ပေမပေါ့။


ရှေးကတည်းက ဆိုပေမယ့် ဘယ်ခေတ်၊ဘယ်ကာလက ရိုးရာဓလေ့ပွဲတွေ စတင်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတော့မတွေ့မိပါဘူး။ အစဉ်အဆက် မှတ်သားလာခဲ့တဲ့ သမိုင်းစကားလောက်ပဲ ရှိခဲ့တာမို့ အစဉ်အဆက်ပြောစကားတွေကိုပဲ ရိုးရာပွဲများရဲ့သမိုင်းလို့ မှတ်ယူရမယ်ထင်ပါတယ်။


စစ်ကိုင်းဓလေ့ ရိုးရာပွဲတွေရဲ့ ထူးခြားမှုက တခြားဒေသမှာ မရှိတဲ့ ပွဲမျိုးတွေမို့ဆန်းတော့ အဆန်းသား။ အခု မုန့်ပေါင်းပွဲကျင်းပမယ့် နတ်တော်လပြည့်နေ့မှာ မန္တလေးဘက်က သတင်းသမားတွေ စစ်ကိုင်းကို လာကြမယ်။


လာမယ့်သူတွေက ကျွန်တော်နဲ့ ဘ၀တူသတင်းလောကထဲက လုပ်ဖော်ကိုင်ဖက်တွေပါ။ သတင်း သမားတွေက ရုပ်သံရော၊ ပုံနှိပ်မီဒီယာများမှာ ထုတ်လွှင့်ရေးသားနေကြသူတွေမို့ လိုင်းစုံပါပါတယ်။


ကျွန်တော်က ဒေသခံဖြစ်နေတော့ရုပ်သံသမားအတွက် အင်တာဗျူးကိစ္စ အဆင်ပြေအောင် စီစဉ်ပေးရမယ်။ ဂျာနယ်နဲ့ သတင်းစာများမှာ ရေးသားမယ့် သတင်းသမား များကိုသတင်းဓာတ်ပုံရိုက်ယူနိုင်ဖို့ မုန့်ပေါင်းပွဲအကြောင်း မေးမြန်းစရာရှိတာ မေးမြန်းနိုင်ဖို့အကူအညီပေးရမယ်။ 


ဒီကိစ္စတွေလုပ်ရင်းကိုယ်တိုင်လည်း သတင်းသမားဖြစ်နေတော့ကျွဲကူးရေပါဆိုသလို သတင်းယူရ ဦးမယ်လေ။နှစ်စဉ်နတ်တော်လပြည့်နေ့မှာ ရိုးရာပွဲအဖြစ် ကျင်းပတဲ့ မုန့်ပေါင်းပွဲက မုန့်ပေါင်းပွဲလို့

အလွတ်သဘောခေါ်ကြပေမယ့် တကယ်တော့အဲဒီနေ့မှာ မုန့်ပေါင်းလုပ်ရောင်းတဲ့သူတွေ ခင်းကျင်း ရောင်းချတဲ့ ဈေးတန်းလေးတစ်ခုသာပါ။ 


ကြည့်ချင်ပွဲတို့၊ သီဆိုကပြဖျော်ဖြေတာတို့မပါတဲ့ ပွဲမျိုးပါ။ သို့ပေမယ့် စစ်ကိုင်းမှာတော့ ဒီလိုခင်းကျင်း ရောင်းချတာကိုပဲ မုန့်ပေါင်းပွဲလို့အသိအမှတ်ပြုကြပါတယ်။စစ်ကိုင်းမြို့မှာ ရိုးရာဓလေ့အနေနဲ့ကျင်းပတဲ့ပွဲတွေကို မြို့ခံတချို့ကလွဲရင်လူတော်တော်များများ မသိကြပါဘူး။ 


ရပ်ပွဲ၊ရွာပွဲလို ဖြစ်နေတော့ တစ်မြို့လုံးဆိုတာထက်သက်ဆိုင်ရာ ရပ်ကွက်နဲ့ ဆက်စပ်ရပ်ကွက်တွေ

လောက်ပဲ သိကြတာပါ။ သတင်းမီဒီယာသမားတွေ သတင်းလာယူကြ၊ ဂျာနယ်တွေမှာရေးသားကြရာကနေ သတင်းစီးဆင်းမှုကြောင့်လူသိပိုများလာတယ်ဆိုရင် မှားမယ်မထင်ပါဘူး။


စစ်ကိုင်းမှာက သီတင်းကျွတ်လမှာကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး မုန့်ဖက်ထုပ် ဆွမ်းလောင်းပွဲရှိတယ်။ ဒါကကောင်းမှုတော်ဘုရားကြီးအနီးက ရွာတွေနဲ့ပဲကတိုးရွာရဲ့ မုန့်ဖက်ထုပ်နဲ့ လောင်းလှူတဲ့ဆွမ်းလောင်းပွဲပါ။


တန်ဆောင်မုန်းလထဲမှာ ကောင်းမှုတော်ဘုရားပွဲနဲ့အတူ မန်ကျည်းစင်ရပ်ကားလမ်းမကြီးဘေးမှာ မုန့်ဆီကြော်သည်တွေမုန့်ဆီကြော် လုပ်ရောင်းကြတယ်။ အဲဒါကိုနှစ်စဉ်ဓလေ့တစ်ခုအနေနဲ့ မုန့်ဆီကြော်ပွဲလို့ခေါ်ကြပါတယ်။


ပြာသိုလထဲမှာ ဧမြ၀တီရပ် ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာ ညပိုင်းမှာ ကျင်းပတဲ့ဘဲဥထုပွဲရှိတယ်။ ရှေးဘုရင်များလက်ထက်ကတည်းက ရှိခဲ့တဲ့ပွဲလို့ သိရပါတယ်။ နယုန်လထဲမှာ သာဒွန်းရွာက ရွာတော်ရှင်ကို ပူဇော်တဲ့အနေနဲ့ ဝက်သားနဲ့တင်တဲ့ ဗြုန်းစပ်တင်ပွဲဆိုတာ ရှိတယ်။


နတ်ကို ဝက်သားနဲ့တင်တာ ရှားပေမယ့်သာဒွန်းရွာက ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ ဝက်သားနဲ့ တင်တဲ့ပွဲ ကလည်း ထူးခြားတဲ့ဓလေ့တစ်ခုပါပဲ။ နတ်တော်လမှာ ငါးထပ်ကြီးဘုရားရှေ့လမ်းမတန်းမှာ ရောင်းချတဲ့ မုန့်ပေါင်းဈေးရောင်းပွဲ ရှိပါတယ်။


ဒီပွဲတွေက တစ်မြို့လုံးနဲ့ဆိုင်တဲ့ ပွဲကြီးတွေ မဟုတ်ပေမယ့် အများစုက ရွာဓလေ့၊ရပ်ဓလေ့အဖြစ်နဲ့ အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတွေပဲ ဖြစ်ပါတယ်။နတ်တော်လပြည့်နေ့မှာ စစ်ကိုင်း

ဝေဠုဝန် ငါးထပ်ကြီးဘုရားလမ်းမှာ ကျင်းပတဲ့မုန့်ပေါင်းဈေးရောင်းပွဲ၊ ခေတ်ကာလအခေါ်မုန့်ပေါင်းပွဲက ဟိုရှေးရှေးက ကျင်းပလာခဲ့တဲ့ပွဲတော့ ဟုတ်ဟန်မတူပါဘူး။


နောက်ပိုင်းမှပေါ်လာတဲ့ပွဲလို့ သိရပေမယ့် မုန့်ပေါင်းအရောင်းဈေးတန်းလေးကို အကြောင်းပြုပြီး

ပွဲကျင်းပလာတာ အခုဆိုရင် နှစ်စဉ်ကျင်းပနေတဲ့ ရပ်ဓလေ့၊ ရွာဓလေ့ ရိုးရာပွဲတစ်ခုဖြစ်နေပြီမို့ ဒီပွဲကလည်း ဝေဠုဝန်ငါးထပ်ကြီးဘုရားရဲ့ ဒုတိယမြောက်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားကြပါပြီ။


စစ်ကိုင်း မုန့်ပေါင်းပွဲနဲ့ပတ်သက်လို့ဝေဠုဝန်ငါးထပ်ကြီးဘုရား တောင်ဘက်မှာသီတင်းသုံးတဲ့ ငါးထပ်ကြီးဘုရားအကျိုးတော်ဆောင် ဩဝါဒါစရိယ မဟာခိုနန်းကျောင်းဆရာတော်ကြီး ဦကေလာသက သူကိုယ်တိုင်သိထားတာလေး ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က မိန့်ကြားဖူးတယ်။ 


ဆရာတော်ကြီးဆီက ကြားသိခဲ့ရတဲ့ မုန့်ပေါင်းပွဲဖြစ်ပေါ်လာပုံအကြောင်းကို လက်ဆင့်ကမ်းတဲ့

အနေနဲ့ မှတ်သားမိသမျှ ပြန်လည်မျှဝေပါ့မယ်။တစ်ချိန်တုန်းက စစ်ကိုင်း ဝေဠုဝန်ငါးထပ်ကြီးဘုရားအခြေ အရှေ့တောင်ထောင့်ဘာရားကွင်းထဲမှာ ဥပုသ်ဇရပ်တွေ ရှိခဲ့သတဲ့။


ငါးထပ်ကြီးဝန်းကျင် ရပ်ကွက်နဲ့ ဘုရားအနောက်ဘက်ရွာတွေက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အများကောင်းမှု ဇရပ်တွေ၊တစ်ဦးတည်းအလှူရှင်များ ဆောက်လုပ်ထားတဲ့ ဇရပ်ကလေးတွေလို့ ဆိုပါတယ်။


အနောက်တာရွာတွေက ဝေဠုဝန်ငါးထပ်ကြီးဘုရားကို ဥပုသ်သီတင်းလာရောက်ဆောက်တည်ကြတဲ့အခါ ဇရပ်တွေမှာ ဘုရားရိပ်လာရောက်ခိုလှုံရင်း ဘုရားကို ပန်း၊ ရေချမ်း၊ဆီမီး ကပ်လှူပူဇော်ကြတယ်။ တရားထိုင်၊တရားဆွေးနွေး၊ ဥပုသ်သီလ ဆောက်တည်ကြပြီး ညအိပ်ညဉ့်နေ နေကြတဲ့သူတွေရှိခဲ့တယ်။


အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေဆိုရင်ငါးထပ်ကြီးဘုရားဝင်းထဲက ဇရပ်တွေမှာညနေကစပြီး စည်စည်ကားကား ရှိခဲ့သတဲ့။ဇရပ်တွေမှာ ဥပုသ်သည်တွေ ဥပုသ်ဆောက်တည် ဘုရားဖူးရင်း ညအိပ်ညဉ့်နေလာကြတဲ့အခါ မိသားစုဝင်တွေက နံနက်စာထမင်း၊ ရေနွေးကြမ်း၊ မုန့်ပဲသရေစာ ပို့တာရှိတယ်။ 


အနီးဝန်းကျင်ရပ်ကွက်အလှူရှင်တွေကလည်း အလှူဒါနလာရောက်ပြုတာရှိတယ်။ညင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အသိမိတ်ပိုင်းကျရင် အဖျော်ရည်တို့၊ ညချင်းသုပ်တို့၊ရှောက်သီးသုပ်တို့ လာပို့တာတွေပါ ရှိလာတယ်။


ကိုယ့်ဥပုသ်သည်၊ သူ့ဥပုသ်သည်တွေအတွက် ညပိုင်းလာပို့သူတွေက ဇရပ်တွေလာရဆွေဖြစ်ကြ၊ ခင်မင်ရင်းနှီးမှု ဖြစ်လာကြရာက ကိုယ့်ဇရပ်၊ သူ့ဇရပ် ဖိတ်ခေါ်ပြီး ဧည့်ခံကျွေးမွေးတာတွေအထိ ရှိလာတယ်။


ညပိုင်းမှာ ဥပုသ်ဇရပ်တွေကို လာရောက်သူတွေရှိလာတော့ အနီးဝန်းကျင် ထားဝယ်ဈေးရပ်ကွက်ထဲက မုန့်ပေါင်းဈေးသည်တစ်ဦးစ၊ နှစ်ဦးစလည်း ညနေပိုင်းကစလို့ငါးထပ်ကြီးဘုရားလမ်းမှာ မုန့်ပေါင်း လာရောင်းကြတယ်။ 


ညပိုင်းမှာ ဥပုသ်ဇရပ်လာသူတွေကမုန့်ပေါင်းဝယ်ပြီး ဇရပ်တစ်ခုနဲ့တစ်ခု ဧည့်ခံကြသလို အနီးအနား ရပ်ကွက်တွေကပါလာဝယ်ကြတာကြောင့် မုန့်ပေါင်းလုပ်ရောင်းသူတွေ ဈေးကွက်တစ်ခု ရလာတာပေါ့။


ငါးထပ်ကြီးဘုရား ဇရပ်တန်းမှာ ဝါတွင်းကာလသာမက ဝါပမှာပါ ဥပုသ်သည်တွေရှိနေပြီဆိုတော့ မုန့်ပေါင်းဈေးသည်တွေလည်း ပုံမှန်လိုရှိလာတော့တာပေါ့။


ဒီကစလို့ ငါးထပ်ကြီးဘုရားလမ်းမှာမုန့်ပေါင်းလုပ်ရောင်းသူတွေ ရှိလာရာကနေဆောင်းတွင်းကာလမှာ မုန့်ပေါင်းဈေးတန်းကိုလာရောက်ရောင်းချတဲ့ အကြော်သည်တွေပါရှိလာလို့ မုန့်ပေါင်းဈေးတန်းမှာ မုန့်ပေါင်းနဲ့တွဲဖက်စားနိုင်တဲ့ အကြော်ရောင်းသူပါ ရှိလာတယ်။


နတ်တော်လပြည့်နေ့ကို ညပိုင်းမှာဝေဠုဝန်ငါးထပ်ကြီး လာရောက်တဲ့ ဘုရားဖူးသူတွေ များတယ်။ မုန့်ပေါင်းဈေးတန်းမှာပွဲတစ်ခုအသွင်ဆောင်ကာ ပိုမိုစည်ကားမှုပါရှိလာတာလို့ ဆရာတော်ကြီး မိန့်ကြားချက်အရသိရပါတယ်။


ဒါ စစ်ကိုင်း မုန့်ပေါင်းပွဲလို့ခေါ်တဲ့မုန့်ပေါင်းရောင်းတဲ့ ဈေးတန်းလေးရဲ့အစပါပဲ။နောက်တစ်ခုက နတ်တော်လပြည့်နေ့ညလုပ်တဲ့ ငါးထပ်ကြီးမုန့်ပေါင်းဈေးတန်းကမုန့်ပေါင်းကိုစားရင် ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့ အယူအဆပါ။ 


စစ်ကိုင်းဒေသခံတချို့က ငါးထပ်ကြီးဘုရားလမ်းမှာ နတ်တော်လပြည့်နေ့ညလုပ်ရောင်းတဲ့ မုန့်ပေါင်းကိုစားရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အစွဲရှိတာမို့ နတ်တော်လပြည့်နေ့ညမှာလုပ်တဲ့မုန့်ပေါင်းကို ဆေးဝါးအဖြစ် ဝယ်ယူစားသုံးကြတာရှိပါတယ်။ ဒေသရဲ့ ထူးခြားမှုလို့ ဆိုရမှာပါပဲ။


မျက်မှောက်ခေတ်မှာ နတ်တော်လပြည့်နေ့ မရောက်ခင် အဖိတ်နေ့ညကစလို့မုန့်ပေါင်းဈေးသည်တွေ လာရောက်ခင်းကျင်းရောင်းချကြပါပြီ။ နတ်တော်လပြည့်နေ့ ညမှာမုန့်ပေါင်း လာရောက်ဝယ်တဲ့သူများတော့

ငါးထပ်ကြီးဘုရားအနီးက ထားဝယ်ဈေးရပ်၊ဧမြ၀တီရပ်နဲ့ ဘော်ဂါရပ်က မုန့်ပေါင်းလုပ် ရောင်းတဲ့သူတွေ နဲ့အတူ မုန့်ပေါင်းဈေးသည်မဟုတ်တဲ့ ရပ်ကွက်သူတွေကပါ မုန့်ပေါင်းလာရောက်ရောင်းချမှု ရှိလာတာမို့ ရောင်းတဲ့သူပိုများပါတယ်။


ပုံမှန်ရက်တွေမှာ ညနေ ၅ နာရီလောက်ဆို မုန့်ပေါင်းရပြီဖြစ်ပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ညနေ ၃ နာရီလောက်ကစလို့ သံဖြူပုံးတွေနဲ့လုပ်ထားတဲ့ မုန့်ပေါင်းအိုးတွေလာတည်၊ အရှိန်ရတာနဲ့ မုန့်ပေါင်းလုပ်ရောင်းကြတာတွေ ရှိနေပါပြီ။


တခြားနေ့တွေမှာ မုန့်ပေါင်းရောင်းတဲ့ဈေးသည် သုံး၊ လေးဦးသာ ရှိပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ဝယ်ယူသူများတာမို့မုန့်ပေါင်းဈေးသည် ၅၀ ကျော်အထိ ရှိတယ်လို့သိရသလို မုန့်ပေါင်းဈေးသည် တစ်ဦးအနေနဲ့ကုန်ကြမ်းဖြစ်တဲ့ ဆန်ရှစ်ပြည်ကနေ ၁၆ ပြည်အထိ ကုန်အောင် လုပ်ရောင်းတဲ့သူ ရှိတယ်လို့သိရတယ်။


မုန့်ပေါင်းလုပ်ရောင်းတဲ့ မုန့်ပေါင်းကုန်ကြမ်းမကုန်မချင်းရောင်းတာမို့ အဲဒီနေ့မှာ နံနက်၂ နာရီကျော်တဲ့အထိ မုန့်ပေါင်းဈေးတန်းမှာဈေးဝယ်လာသူမပြတ်ဖူးလို့ သိရပါတယ်။နတ်တော်လပြည့်နေ့ကျရင် ကျွန်တော်တို့သတင်းသမားတွေ ညနေ ၄ နာရီလောက်မှာ မုန့်ပေါင်းဈေးတန်းကို ရောက်နေကြပါပြီ။


အညာဆောင်းက ညနေပိုင်းနေကျလို့အေးလာချိန် မုန့်ပေါင်းဈေးတန်းက မီးခိုးလုံးတွေ ထနေချိန်မှာ ကျွန်တော်တို့တစ်တွေမေးသူကမေး၊ ငေးသူကငေး၊ သတင်းဓာတ်ပုံရိုက်သူကရိုက်ဆိုတော့ မုန်ပေါင်းဈေးတန်းလေးလည်း သက်ဝင်လှုပ်ရှားလို့ပါပဲ။


ဒီအထဲမှာ အဓိက သတင်းပေးစရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ၂၀၁၉ကိုဗစ်ကာလကစလို့ မုန့်ပေါင်းပွဲဈေးတန်းလေးအရင်ကလို စည်စည်ကားကား မရှိတော့တာပါ။ ရပ်ကွက်ထဲက မုန့်ပေါင်းလုပ်ရောင်းတဲ့သူတဖြည်းဖြည်းချင်း နည်းလာရာက အခုဆိုရင်စတိသဘောကလေးလောက်ပဲ ရှိပါတော့တယ်။ 


ဒါတောင် အရင်ကလို ညပိုင်းမရောင်းနိုင်တော့ပါဘူး။ ညနေ ၄ နာရီမှာစရောင်း၊၅ နာရီထိုးတာနဲ့ အိမ်အရောက်ပြန်ပါပြီ။စစ်ကိုင်းမှာ မုန့်ပေါင်းပွဲသာ အခုလိုဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ စစ်ကိုင်းမြို့ရဲ့ ရိုးရာပွဲကြီး၊ ပွဲငယ်မှန်သမျှ ဘယ်ပွဲမှမရှိသလောက် ဖြစ်နေပါပြီ။


ကျွန်တော်တို့ သတင်းသမားတွေလည်းသတင်းဂျာနယ်တွေရပ်၊ ပုဂ္ဂလိကသတင်းစာတွေရပ်နားကုန်ပြီမို့ သတင်းလုပ်ငန်းက အနားယူသူတွေ များသွားပါပြီ။ အခုဆိုရင် နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့မှာ သတင်းရယူမယ့် သတင်းထောက်တွေ ကျွန်တော့်ဆီကို ဘယ်သူမှ ဖုန်းမဆက်ကြတော့ဘူး။


နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့လေးနီးလာရင် ကျွန်တော့်ဆီ ဖုန်းဆက်တဲ့သတင်းသမားတွေကို သတိရနေသလိုစစ်ကိုင်းမုန့်ပေါင်းပွဲလေးကိုလည်း လွမ်းမိပါရဲ့။


ရေး-အောင်မြင့်မြင့်


Thursday, January 25, 2024

* ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *

 * ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *

======================================



ဒီရာသီ ဒီအချိန် ကာလသို့ ရောက်လာရင်

လူပုဂ္ဂိုလ်တစ်ဦးနဲ့ လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို သတိရလာလို့ ပြန်လည် ရေးသားလိုက်ပါတယ်။


ထိုပုဂ္ဂိုလ်ကြီးကတော့ စာပေ အနုပညာလောကတွင် စံပြုလောက်သော စွယ်စုံပညာရှင်ကြီး (မဟာသဒ္ဓမ္မ ဇောတိက အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်) ဘဘ ဦးသုခ(ခေါ်) မောင်သိန်းမောင်ပဲ ဖြစ်ပါတယ်။


ဘဘဦးသုခကို အပြင်မှာ မမြင်ဖူးသော်လည်း ဘဘပြောခဲ့သည့်စကားများ ဘဘရေခဲ့သော စာပေများနဲ့ ရင်းနှီးခဲ့သည်။


ဘဘဟာ ကျိုက်လတ်မြို့သားပါ။

"တကယ်လုပ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် "ဆိုတဲ့ ဘဘ၏ လက်ကိုင်စကားကို အားကျခဲ့သည်

ဘဘဟာ အနုပညာလောကမှာ ထူးချွန်အောင်မြင်ပြီး လူချစ်လူခင်များတယ် လူသိများတယ်။ လူသိများသော အချက်တွင် ပြာသိုလပြည့် နေ့ကို အမေနေ့'ဟု ဆောင်ရွက်ခဲ့ခြင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။


အဲ့ဒီလို ပြာသိုလပြည့် အမေနေ့အဖြစ် အသိအမှတ်ပြုလာအောင် ပြုလုပ်နိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင်လည်း ဝမ်းနည်း လွမ်းမောဖွယ်ရာ ဇာတ်လမ်းက ရှိနေသည်။


ဘဘ ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် မိဘမေတ္တာ ဇာတ်လမ်းလေးကို ဘဘကိုယ်တိုင် ကြုံခဲ့ရသည်။

ထိုကြောင့် ဘဘဟာ မိမိကဲ့သို့ အဖြစ်မျိုး မဖြစ်ရ မကြုံရလေအောင် မိဘ မေတ္တာနဲ့ ပတ်သက်သော အကြောင်းတို့ကို နှစ်၂၀ အတွင်း အကြိမ်၂၀၀ထက် မနည်း နယ်တကာ လှည့်ကာ ဟောပြောခဲ့ပြီး အမေနေ့ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့သည်။


ဘဘ၏ ဇာတ်ကြောင်းလေးကို အကျဉ်းမျှ ပြောရရင် ဘဘ၏ မိခင်မှာ ဒေါ်မျှင် ဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်ရင်ခွင်မှာ ခိုလှုံခဲ့ရသည်။ ဖခင်ဖြစ်သူက ဘဘတို့ မိသားစုကို စွန့်ပစ်သွားခဲ့သည်။ ဖခင်မေတ္တာ မရခဲ့သော ဘဘကို သူ့မိခင်က အလွန်ချစ်သည်။ သားကို အလွန်ချစ်သော စိတ်ဖြင့် စီးပွါးရေးကို ကြိုးစားရုန်းကန်ရှာဖွေသည်။


သားကို မျက်နှာမငယ်ရအောင် လူတန်းစေ့ထားသည်။ သားဖြစ်သူကို အရာရှိဖြစ်စေချင်သော စိတ်ဖြင့် အင်္ဂလိပ်ကျောင်းသို့ ထားသည်။ သို့သော် သားဖြစ်သူဟာ ပညာရေးကို စိတ်မဝင်စားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ကျောင်းထွက်ပြီး အိမ်ထောင်ပြုသည်။ မိခင်ခမျာ သားကို ပညာတက်စေချင်သောဆန္ဒ ပျက်သုဉ်းသွားလေတော့ ချွေးမဖြစ်သူကိုလည်း မကြည်ဖြူနိုင်တော့ဘူး။


အဲ့ဒီအခါ သားဖြစ်သူက မိန်းမကို ခေါ်ပြီး ယောက္ခမ အိမ်ပေါ် တက်နေလိုက်တယ် ထိုအချိန်က စပြီး မိခင်ဖြစ်သူဟာ သားဖြစ်သူကို မခွဲနိုင်သည့်စိတ်နဲ့ စီးပွားရေးကို ကောင်းကောင်း မလုပ်နိုင်တေ့ာပဲ ဆင်းရဲတွင်း နက်ခဲ့ရရှာတယ်။ ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံနိုင်သော်လည်း သားဖြစ်သူ၏ လျစ်လျူရှု့မှုကိုတေ့ာ မခံနိုင်ရှာပေ သားဖြစ်သူ မောင်သ်ိန်းမောင်ဟာ ရန်ကုန်မြို့၌ အလုပ်များကို ခက်ခဲစွာလုပ်ကိုင်နေရတယ်။


တစ်နေ့တော့ ကျိုက်လတ်မြို့မှာ ဒုလ္လဘ ရဟန်းဝတ်ရန် မဲပေါက်သည့်အတွက် မောင်သိန်းမောင်သည် ဇာတိမြို့သို ပြန်လာခဲ့သည် ထိုအချိန်တွင် မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲနေရှာပြီဖြစ်၍ သားဖြစ်သူ ရဟန်းကိုပင် ဆွမ်းမလောင်းနိုင်သောကြောင့် ပုန်းကွယ်နေခဲ့ရသည်။ ထိုအကြောင်းကို သိသွားသော မောင်သိန်းမောင်သည် ရင်နင့်အောင် ခံစားရရှာသည်။


ထိုနောက် အမေကို ဆွမ်းခံကျွေးခွင့် ရှိ မရှိ ဆရာတော်ကို မေးလျှောက်ရာ ဆရာတော်က ကျွေးခွင့်ရှိကြောင်း မိန့်တော့ သားရဟန်းဟာ ဝမ်းသာအားရဖြင့် အမေထံ အပြေးလေးသွားတာပေ့ါ...။


ရလာသော ဆွမ်းကို အမေစားရန် ပြန်စွန့်ရှာတယ် အမေဖြစ်သူက သားစိတ်ချမ်းသာအောင် မျက်ရည်ကျရင်း စားရှာသည် အမေဖြစ်သူဟာ သားရဟန်းစွန့်သော ဆွမ်းကို တစ်ကြိမ်သာ စားတယ်။ ပတ်ဝန်းကျင် ကဲ့ရဲ့မှုကို ခံရမည်စိုးသောကြောင့် ဆွမ်းခံကျွေးခွင့် မပေးတော့ပေ။


သားရဟန်းဟာ နောင်တကြီးစွာရ၍ အမေကို လုပ်ကျွေးပြုစုတော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ရန်ကုန်သို့ ပြန်ကာ အလုပ်ကို ကြိုးစားသည် အမေ့ကို ထောက်ပံ့သည်။ နောက်တော့ သားဖြစ်သူဟာ အနုပညာအလုပ်ဖြင့် အောင်မြင်လာသည်။ စာပေ အနုပညာနယ်တွင် ဆရာတစ်ဆူပမာ ဖြစ်ခဲ့သည်။


မိခင်ကို လုပ်ကျွေးပြုစုရန် အတွက် ကျိုက်လတ်မြို့သို့ ပြန်လာခဲ့သော်လည်း မိခင်ဖြစ်သူက ပုသိမ်မြို့ရှိ သမီးထံတွင် နေထိုင်နေသည် ထို့နောက် မောင်သိန်းမောင်ဟာ ရန်ကုန်သို့ ပြန်လာပြီး အလုပ်များကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ နောက်တော့ ညီမဖြစ်သူထံမှ မိခင်ကျန်းမာရေး မကောင်းကြောင်း

သတင်းကြား၍ ရန်ကုန်သို့ ခေါ်ကာ ဆရာဝန်ကြီးများနှင့် ပြသတယ် သို့သော် မိခင်ဖြစ်သူ၏ ရောဂါမှာ လွန်နေခဲ့ပြီ။


ထိုအချိန်တွင် အမေစားချင်သော ရှောက်ချိုသီးကို ဝယ်ကျွေးသော်လည်း မစားနိုင်တော့ပေ...နောက်ဆုံး ရှောက်ချိုရေလေး တစ်ဇွန်းသာ သောက်နိုင်ပြီး ကွယ်လွန်သွားရှာတယ်။ အဲဒီအချိန်မှ သားဖြစ်သူ မောင်သိန်းမောင်ဟာ လွန်စွာ ခံစားရရှာလေ၏။ မိခင်ကို ပြုစုလုပ်ကျွေးရန် ငွေများလည်းရှိနေပြီဖြစ်သည်။ မိခင်ဖြစ်စေချင်သမျှ ဖြည့်ဆည်းပေးရန် အရာရာ ပြည့်စုံနေပြီ ဖြစ်သည်။


သို့သော်လည်း အချိန်အခါ မပေးတော့ပေ...

အမေကျေးဇူးကို ဆပ်ခွင့် မရတေ့ာပေ...။


ဤအကြောင်းအရာများသည် ဘဘကိုယ်တိုင်ကြုံတွေ့ခဲ့ရသော လွမ်းမောဖွယ်ရာ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ ဖြစ်သည်။ ထိုအကြောင်းများကို ဘဘရေးခဲ့သည့်စာများ ဟောပြောပွဲများမှ တဆင့် သိခဲ့ရသည်။


ထိုဇာတ်လမ်းလေးကို ကြားတိုင်း မျက်ရည်ဝဲရသည်။ အသိတရားလည်း ရမိသည်၊ မိဘဟူသည် သက်ရှိဘုရားဖြစ်၍ လက်တွေ့ အနီးကပ် အလုပ်အကျွေးပြုနိုင်ကြောင်း ကိုလည်း သတိဝင်မိသည်။ ထိုအဖြစ်ဆိုးများနဲ့ ကြုံခဲ့ရသော ဘဘသည် နောက်လာ နောင်သားများ လူငယ်များ မိဘကို အချိန်ရှိခိုက် ကျေးဇူးဆပ်တတ်ကြရန် စင်ပေါ်ကနေ ဟောပြောဆုံးမခဲ့သည်။


အမေကျေးဇူး ကြီးမားပုံကို

"စကားပြောသော အသဲနှလုံး" ရုပ်ရှင်ကားဖြင့် ဖော်ကြူးပြသခဲ့သည် စာအုပ်ရေးသား၍လည်း သားသမီးများ အမေ့ကျေးဇူးသိရန် ဆုံးမခဲ့သည်။ ဘဘသည် ထိုမျှအားမရသေးပဲ သားသမီးများအားလုံး အမေကျေးဇူးကို အမှတ်ရနေစေရန် အတွက် အမေများနေ့ ဖြစ်လာအောင် "ထိုတနေ့"ဟူသော ဆောင်းပါးကို ရေးသား၍ နှိုးဆော်ခဲ့သည်။


သို့သော် ဘဘ၏ စိတ်ကူးက ပုံပေါ်မလာသေး နောက်တော့ ဘဘရေးသည့် ဆောင်းပါးကို ၁၉၈၇ ခုနှစ် မေလထုတ် လုံမလေးမဂ္ဂဇင်းတွင် ထပ်မံဖေါ်ပြခဲ့ရာ မန္တလေးမြို့ ပြည်ကြီးတံခွန် ရပ်နေ ဒေါ်ခင်ရွှေ နှင့် ကိုသန့်ဇင်တို့သားအမီ ဖတ်ရှုမိရာကနေ စ၍ ထိုသားအမိ၏ ဦးဆောင်မှုဖြင့် ၁၃၅၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် မန္တလေးမြို့၌ ပထမဆုံး အမေနေ့ကို ကျင်းပနိုင်ခဲ့သည်။


ဘဘသည် သူမျှော်လင့်ခဲ့သည့်အတိုင်း အမေနေ့ ကျင်းပနိုင်ခဲ့၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရှာသည်။ အမေနေ့ကို တစ်နိုင်ငံလုံး ဖြစ်လာအောင် ကြိုးပမ်းရင်းနဲ့ပဲ ဘဘဟာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၇) ရက်နေ့မှာ ဘဘဦးသုခ (ခ)မောင်သိန်းမောင်ဟာ ကွယ်လွန်ခဲ့ပါတယ်။


ဘဘသက်ရှိထင်ရှား မရှိတေ့ာသော်လည်း ဘဘ မျိုးစေ့ချပေးခဲ့သော "ပြာသိုလပြည့် အမေနေ့"သည် ယနေ့ကာလမှာ သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ ပြာသိုလကို ရောက်လာပြီဆိုရင် အမေမေတ္တာ တရား၏ကြီးမားမှုကို လူတိုင်း သတိထား ဆင်ခြင်မိလာသည်။ ဤသည်ကား ဘဘ၏ ကြိုးစားခဲ့မှုများ အရာထင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဘဘကိုယ်တိုင် ရင်နင့်ဖွယ် ဇာတ်လမ်းအကြောင်းနှင့် ရင်ဆိုင်တွေ့ကြုံပြီးမှ ဖြစ်တည်လာသော "အမေနေ့"ကို လူတိုင်းအားလုံး တန်ဖိုးထားစေလိုပါသည်။


အမေမေတ္တာတရား၏ ကြီးမားပုံကိုသိရှိပြီး အမေ သက်ရှိထင်ရှားရှိစဉ် အလုပ်အကျွေးပြုစုကြပါ။

အမေကျေးဇူးကို အချိန်အခါတိုင်းအောက်မေ့ပြီး အချိန်ရှိတုန်း ဆပ်သင့်ကြောင်း ဆန္ဒပြုရင်း.....


ဘဘ ဦးသုခ ၏ "လူတိုင်းမှာ အမေ ရှိတယ် "ကဗျာလေးဖြင့်  နိဂုံးချုပ်ပါရစေ...


🤍 ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်  

      အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

      လူတိုင်းမှာ  အမေရှိတယ်...။


🤍 မရေမရာ ပဟေဠိတွေကြောင့်

      အသေအချာ အဖေမသိတောင်မှ အမေရှိတယ်။


🤍 ချစ်သဒ္ဓါဝေကဲ

      ပြည့်တန်ဆာ အမေလည်း အမေ။


🤍 အကြွေးကြွယ်လှတဲ့

      စျေးသည်မ အမေလည်း အမေ။


🤍 အကြောင်းတရား အခြေမွဲ

      သူတောင်းစား အမေလည်း အမေ။


🤍 သမီးသားတွေ    

      ကြီးထွားစေရော့လို့ စီးပွါးအထွေထွေ  

      စိန် ရွှေ ပတ္တမြား၊  အိမ် မြေ ကားနဲ့ 

      ငွေသားအမွေပေးနိုင်မှ အမေ မဟုတ်။


🤍 ယိုင်နဲ့နဲ့ တဲအတွင်း

      လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့

      အရိုးဟင်း တစ်ဖဲ့စီဝေ

      ထမင်းရည် အတူတူသောက်

      ဗိုက်မှောက်တော့ အတူတူ

      ခြင်ထောင်မရှိ ခြုံစောင်မရှိ

      ခင်းအိပ်စရာ ဖျာလည်းမရှိလို့

      ခြင်ကိုသွေးလှူ အတူတူ

      ကြမ်းပိုးသွေးလှူ အတူတူ

      အပူကို မျှဝေ ဒုက္ခကို ပိုမိုလေးနက်စေ

      ပညာအမွေ ရွှေအိုး ရိုးသားမှု ဂုဏ်သိက္ခာ

      မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ

      အထွေထွေမဲ့သော်လည်း  အမေ ဟာ  အမေပဲ လေ...။


ဤစာမူကို ဖတ်ဖူးတဲ့ 

မိဘရှိနေသေးသောသူများ အနေဖြင့် 

ဘဘဦးသုခလို နောင်းနောင်တတွေ မရစေဖို့

သတိပေး လိုက်ချင်ပါတယ်။


ကမ္ဘာပေါ်မှာ ရှိသမျှအမေများအားလုံး

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍

လိုရာဆန္ဒများ ပြည့်ကြပါစေ...။


ရွှေလတ်ကိုကို (မဟာဝိဇ္ဇာ)၏ ပြာသိုလ လွမ်းမောဖွယ် မိခင်မေတ္တာ ဆောင်းပါးကို အခြေခံ ကိုးကားပါသည်။


ဘဘ ဦးသုခ ၏ ဟောပြောပွဲ Link.👇

https://m.facebook.com/story.php?story_fbid=1383283742130072&id=100013453776087


                 အရှင်ဝိသုတ (ရေစကြို)

Wednesday, December 13, 2023

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

 



(Aye Thi Monမှ အချက်အလက် စစ်ဆေးထားပါသည်။ 

Aye Thi Mon မှ ရေးသားသည်။)


မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၃ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၄ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ


ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။


ခေါက်ဆွဲကြော်




ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။


ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။


ကြာဇံကြော်




ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။


ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။


ကြက်ကင်



ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။



ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။



အရွက်သုပ်




ဒီနေရာမှာ မိမိနှစ်သက်ရာ အစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။


စွပ်ပြုတ်



အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။



ငါးသံပုရာပေါင်



ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကို တီလားပီးယား သုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။


သောက်စရာအနေနဲ့ ဆိုရင်တော့

သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။


အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။

Thursday, November 4, 2021

၀ိနည်းနှင့်စပ်~ သိနားလည်ထားသင့်ရာ အျမတ္ဆုံး ကထိန်သင်္ကန်းအလှူ

၀ိနည်းနှင့်စပ်~ သိနားလည်ထားသင့်ရာ အျမတ္ဆုံး ကထိန်သင်္ကန်းအလှူ




#ကထိန်သင်္ကန်း

#ကထိန်ခင်းခြင်းဆိုင်ရာ

#ဘာသာရေးဆိုင်ရာအခြေခံဗဟုသုတ

(မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်မှာ ကထိန်ခင်းတာ၊ ကထိန်သင်္ကန်းကပ်တာ၊ အလှူပွဲကျင်းပတာတွေ ပြုလုပ်တတ်ကြတာမို့ ကထိန်အလှူဒါနနဲ့ပတ်သက်ပြီး သိစရာလေးတွေကို စုစည်းေ၀ငှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။)


ကထိန်စစ်စစ် ဖြစ်ရဲ့လား


အရှင်ဘုရား ....

ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန် ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။

           (မသင်းမဒီ၊ ပြည်မြို့။)


ဒကာမေလး မသင်းမဒီ ...

ကထိန်ခင်းတယ်လို့ ပြောလိုက်ရင် ကထိန်ခင်းတဲ့အလုပ်ကို လူ၀တ်ကြောင် ဒကာ၊ဒကာမေတြက လုပ်ကြတယ်လို့ 

လူအမ်ားက ထင်နေကြပါတယ်။ 


တကယ်တော့ ကထိန်ခင်းတဲ့အလုပ်ဟာ လူ၀တ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ရဟန်းတော်တွေရဲ့ အလုပ်ပါ။

ရဟန်းတော်တွေကပဲ ကထိန်ခင်းကြတာပါ။


ဒါပေမဲ့-

 ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို အများအားဖြင့် လူ၀တ်ကြောင် ဒကာ၊ဒကာမေတြကပဲ လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက ကထိန်သင်္ကန်း

လှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့ ခေါ်ဝေါ်နေကြတာပါ။ 


အမွန္က-

 လူ၀တ်ကြောင် ဒကာ၊ဒကာမေတြဟာ ကထိန်ခင်းတဲ့သူတွေ... မဟုတ်ပါဘူး။ ကထိန်သင်္ကန်း_လှူတဲ့သူတွေပါ။


ကထိန်သင်္ကန်းကို လူ၀တ်ကြောင် ဒကာ၊ဒကာမေတြပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။

ရဟန်းသာမဏေတွေလည်း~ လှူခွင့်ရှိပါတယ်။ 

သီလရှင်တွေလည်း~ လှူခွင့်ရှိပါတယ်။ 

လူသားတွေတင် ~လှူခွင့်ရှိတာ မဟုတ်ပါဘူး။ 

နတ်တွေလည်း~ လှူခွင့်ရှိပါတယ်။

ဗြဟ္မာတွေလည်း~ လှူခွင့်ရှိပါတယ်။ 

နဂါးဂဠုန်တွေလည်း~ လှူခွင့်ရှိပါတယ်။


ကျမ်းဂန်မှာ-

 #ကထိန်သင်္ကန်း_လှူခွင့်ရှိသူ ကို လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်လို့ ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။

 

 သီတင်းသုံးဖေါ်(၅)ဦးဆိုတာ ရဟန်း၊ ရဟန်းမ၊ သာမေဏ၊ သာမဏီ နဲ့ သိက္ခမာန်တို့ပါပဲ။ 

 သိက္ခမာန်-ဆိုတာ... ဘိက္ခုနီ(ရဟန်းမ) မ၀တ်မီ သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့ သာမေဏ တစ်မျိုး ကို ခေါ်တာပါ။


 ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ-နဂါး၊ ဂဠုန္စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံး၀င်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။


 ရဟန်းတော်တွေကို ကထိန်သင်္ကန်း လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက်... ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်း

နဲ့ ကထိန်ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထမြောက်ပါတယ်။ 


ဒါပေမဲ့-

 ရဟန်းတော်ကိုယ်တိုင် အလှူခံတဲ့ သင်္ကန်းနဲ့တော့ ကထိန် မခင်းကောင်းပါဘူး။ ကထိန်ခင်းခဲ့ရင်လည်း -ကထိန်အထ မမြောက်

ပါဘူး။

ကထိန္တစ္ခု အထမြောက်ဖို့အတွက်- ကထိန်သင်္ကန်း လှူတဲ့သူ ဘယ္သူလဲဆိုတဲ့အခ်က္က အဓိက မက်ပါဘူး။ 

လှူတဲ့ ကထိန်သင်္ကန်း ဘယ်လိုသင်္ကန်းလဲ ဆိုတဲ့ အခ်က္က အဓိကကျပါတယ်။

ကထိန္တစ္ခု အထမြောက်ဖို့အတွက်-

#လှူတဲ့_ကထိန်သင်္ကန်း ဟာ.

(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။

(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။

(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။


သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ 

သင်္ကန်းတစ်ထည်တည်းကပဲ-

(၁) မိုးကျဖြစ်ခြင်း၊ 

(၂) မသိုးဖြစ်ခြင်း၊ 

(၃) သံဃိကဖြစ်ခြင်း...ဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။


(၁) ကထိန်သင်္ကန်းဟာ - မိုးကျသင်္ကန်း ဖြစ်ရပါမယ်။  

မိုးရေမိုးပေါက်တွေဟာ... ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအေလ်ာက္က်လာသလို၊

ကထိန်သင်္ကန်းဟာလည်း... ကထိန်ခင်းကျောင်းတိုက်က ရဟန်းတော်တွေထဲကဘယ်ရဟန်းတော်ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ 

မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။


ကိုယ် လုံး၀မတိုက်တွန်းဘဲ... သူ့အလိုအလျောက်ရတဲ့သင်္ကန်း၊ ကိုယ္လုံး၀ အလှူမခံဘဲ... သူ့အလိုအလျောက်လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျ

လာတဲ့ အရာ၀တၳုနဲ့တူလို့~ #မိုးကျသင်္ကန်း (#မိုးပေါ်ကျသင်္ကန်း)လို့ ခေါ်ပါတယ်။


ရဟန်းတော်တွေဟာ~ 

မိခင်ရင်း၊ ဖခင်ရင်း ဆီကတောင်မှ ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။ ရဟန်းတော်ကိုယ်တိုင်~ မိခင်ရင်း၊ဖခင်ရင်းဆီက

အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း ကထိန် အထ မမြောက်ပါဘူး။


ရဟန်းတော်က မိဘေက်းဇူး အထူးဆပ်ချင်လို့ဆိုပြီး ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါး ရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမယ့်... ကထိန်အထ မမြောက်တော့တဲ့အတွက်~ မိဘကျေးဇူးလည်း အထူးဆပ်ရာ မရောက်တော့ပါဘူး။ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူ ကုသိုလ်ကြီး မရေတာ့ပါဘူး။


ကိုယ်ဝါဆိုတဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက် အလှူ မခံကောင်းဘူးလို့ ပြောတာပါ။


 တခြားကျောင်းတိုက်ရဲ့ ကထိန်အတွက်တော့-

    - လှူဖို့ တိုက်တွန်းကောင်းပါတယ်။တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။


ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း ပါတဲ့အတွက်... ရဟန်းတစ်ပါးပါးက ဦးစီး ဦးဆောင်ပြုပြီး ၊ တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက် တစ္ခုခုမွာ ကထိန်သွားခင်းတာကတော့ ရပါတယ်။ 


ဒါပေမဲ့ -

ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ 

မတိုက်တွန်းကောင်းပါဘူး။


ဒီနှစ် ကထိန် ဘယ်ရက်လဲ၊ဒီနှစ်လည်း ဘုံကထိန်ပဲလား၊ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူ မရှိသေးဘူး၊ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် စသည် စသည်အားဖြင့် ဘယ္လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုးပြောပြီး တော့ပဲဖြစ်ဖြစ်၊ ကထိန္ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။ 


ကထိန်ခင်းမယ့် ဒကာ, ဒကာမေတြဘက္က ကထိန်နဲ့ပတ်သက်လို့ ဘာစကားမွ မစ,ရသေးဘဲနဲ့ ကျောင်းတိုက်ရဟန်းတော်ထဲက 

တစ်ပါးပါးက ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။


   ဒကာ ,ဒကာမေတြက ဘာမွ မလျှောက်ရသေးဘဲနဲ့ ဒီနှစ်ကထိန်ဘယ်ရက်လဲ လို့... ကိုယ့်ဘက်က စ မမေးသင့်သလို၊ဒီနှစ်တော့ ဒီရက်မှာ ကထိန်ခင်းရင် အဆင်ပြေမယ် ထင်တယ်" လို့လည်း....ကိုယ္က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံး၀ မပြုလုပ် သင့်ပါဘူး။


ကထိန်သင်္ကန်းဟာ-

  အတိဥက္ကဋ္ဌ = အလွန်မြင့်မြတ်တဲ့သင်္ကန်း ဖြစ်ရမယ်တဲ့...။ 

အလွန်မြင့်မြတ်တဲ့ သင်္ကန်းဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှု မပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။

တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်း ဆိုတဲ့ အပြစ် လုံး၀ကင်းပြီး၊အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို မိုးကျသင်္ကန်း လို့ ခေါ်ပါတယ်။


ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ ဘယ္သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကိုမသိဘဲ ကြိုတင် အသိပေးမထားဘဲ 

လာလှူတဲ့သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့ သင်္ကန်းဟာ ~မိုးကျသင်္ကန်း အစစ္ဆုံးပါပဲ။


မတောင်းဘဲ ရမွ~ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်) ဆိုတာကို ကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ္လာဘ မဆို ၊

ဘယ်ရာထူး ဋ္ဌာနန္တရ မဆို~ ကိုယ္က မတောင်းရဘဲ အလိုအလျောက်ရမှ ပို တန္ဖိုး ရှိတယ်။ ပို သန့်ရှင်းစင်ကြယ်တယ်-လို့ ကောက်ချက် ချနိုင်ပါတယ်။ 

မရွာဘဲ တွေ့မှ~ အချစ်၊ မရွာဘဲ ရမွ ~ ဘုန်းကံဆိုတဲ့ သေဘာပါပဲ။


(၂) ကထိန်သင်္ကန်းဟာ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ 


  သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း (မသိုးထမင်း၊ မသိုးဟင်း)ဆိုတာ ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့ 

ဒီနေ့မှ ခ်က္ထားတဲ့ ထမင်းဟင်းဖြစ်ရသလို ~ကထိန်သင်္ကန်းဟာလည်း-လှူပြီး တစ်ရက်မှ မကူးသေးတဲ့~ဒီနေ့ လှူထားတဲ့ 

သင်္ကန်းဖြစ်ရပါမယ်။


 ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊နေ့ကူးသွားတဲ့ ထမင်းဟင်းကို...တကယ္သိုးသိုး ,မသိုးသိုး ထမင်းသိုး၊ 

ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။ အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့ ချက်ချင်း သိုးမသွားသေးလည်း...

 နာမည်ကတော့ ထမင်းသိုး၊ ဟင်းသိုး ပါပဲ။


 လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့ သင်္ကန်းကိုလည်း... သင်္ကန်းသိုးလို့ ခေါ်ပါတယ်။ 


အဲဒီလို- သင်္ကန်းသိုးနဲ့ လုံး၀ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်ခင်းလည်း ကထိန် အထ မမြောက်ပါဘူး။ 

(တစ်ရက်မက ကျော်သွားရင်တော့ အထူးပြောစရာတောင် မလိုတော့ပါဘူး။)


 လှူပြီး တစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊နေ့ မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို မသိုးသင်္ကန်းလို့ ခေါ်ပါတယ်။ 

မသိုးသင်္ကန်းနဲ့ ခင်းမှ... ကထိန် အထမြောက်ပါတယ်။


ရဟန်းတော်တွေဟာ -

ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။ 

ကထိန်သင်္ကန်း အလှူခံပြီးတဲ့ နေ့ရဲ့ နောက်တစ်နေ့ အရုဏ် မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။

 

 ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်းကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ #အရုဏ်မတက်မချင်း 

ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ ရပါတယ်။

ကထိန်သင်္ကန်းဟာ- နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ် ...ဆိုတာကို ကြည့်ပြီး တချို့က- ကထိန်ရက်မတိုင်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သြား

မထားကောင်းဘူးလို့ ယူဆနေကြပါတယ်။

 လမ်းခရီး ကြုံနေရင်တောင်မှ ...ကထိန်သင်္ကန်းကိုင်လျက် တန်းလန်းကြီးနဲ့ ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူး

လို့တောင် ထင်နေကြပါတယ်။ မဟုတ်ပါဘူး။ 

ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ...ကထိန်ရက် မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။ 


ဒါပေမဲ့- ကထိန်သင်္ကန်းအဖြစ်နဲ့တော့ အပြီး လှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ

ထားပြီး မလှူသေးရင် ...သင်္ကန်းတွေကို သံဃာက မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။

ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင် ...တကယ် ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့

မရေတာ့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရပါမယ်။ 

နေ့ကူးသွားရင် သင်္ကန်သိုးဖြစ်သွားတဲ့အတွက်... ကထိန်ခင်းလို့ မရေတာ့ပါဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ်အတွက် ပြီးပါပြီ။ 

ကထိန်ခင်းလို့ လုံး၀ မရေတာ့ပါဘူး။ 


တနှစ်မှာ~တစ္လ၊ တစ္လမွာ ~ တစ်ရက်၊ တစ်ရက်မှာ ~ တစ်ကြိမ်ပဲ ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ ...

နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။


တချို့က-

 ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။ 

အဲဒီလို ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံထားလို့ လုံး၀မရပါဘူး။ ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်-အဲဒီကထိန်ဟာ ကထိန်အတု၊ ကထိန်အင်ပဲ ဖြစ်ပါလိမ့်မယ်။


တချို့က-

 အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်းလှူတဲ့ ကျီးမနိုး ကထိန္က ပိုမြတ်တယ်လို့ ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်) 

ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။

 

အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင်- အရုဏ် မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။ အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင်...

သင်္ကန်းသိုးသွားလို့ ကထိန်အထ မမြောက်ပါဘူး။


 အရုဏ်တက်တာနဲ့ တစ်ပြိုင်နက်~ နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့ အချိန် မလုံလောက်တဲ့အတွက် 

အဲဒီလို လှူတာမျိုး လုံး၀ရှောင်ကြဉ်သင့်ပါတယ်။


(၃) ကထိန်သင်္ကန်းဟာ - သံဃိကသင်္ကန်း ဖြစ်ရပါမယ်။

  

ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့... အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ 

သံဃာအားလုံးကို လှူဒါန်းထားလို့... သံဃာအားလုံး ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။ 

သံဃာအများပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်း နဲ့ပဲ ကထိန်ခင်းခွင့် ရှိပါတယ်။


မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊ ဆရာတော် တစ်ပါးပါးကို..." ဒီဆရာတော်ကြီး ငါကြည်ညိုလို့ ကထိန်သင်္ကန်း လှူလိုက်ဦးမယ်" ဆိုပြီးတော့ 

ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား၊ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ်ဘုရား....လို့ 

မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့ ကထိန်သင်္ကန်းအဖြစ် လှူဒါန်းခွင့် မရွိပါဘူး။


တချို့ကလည်း- ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ ကထိန်သင်္ကန်းပဲ ထင်ပြီး... အရှင်ဘုရားအတွက် ကထိန်သင်္ကန်းပါဘုရား

ဆိုပြီး လာလာ လှူလေ့ရှိပါတယ်။အဲဒီလို လှူလို့ လုံး၀မရပါဘူး။ ရဟန်းတစ်ပါးချင်းကို ကထိန်သင်္ကန်းဆိုပြီး လုံး၀ လှူလို့ မရပါဘူး။

အဲဒီလို ရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း ကထိန်ရာသီမှာ လှူပေမယ့်... ကထိန်သင်္ကန်း လို့ မခေါ်ပါဘူး။


ပုဂ္ဂိုလ်တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့ အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။ 

သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင်... ကထိန်ခင်းခွင့် ရှိပါတယ်။ကထိန် အောင်မြင်ထမြောက်နိုင်ပါတယ်။


#လှူဒါန်းနည်းက_နှစ်မျိုး


ကထိန်သင်္ကန်း လှူဒါန်းနည်းက နှစ်မျိုးရှိပါတယ်။ 


(၁)ကထိန်ခင်းမယ့်ကျောင်းမှာ... သွားလှူတဲ့နည်း နဲ့ 

(၂)ကိုယ့်အိမ်၊ ကိုယ္ဌာန၊ တစ်နေရာရာမှာ... ပင့်လှူတဲ့နည်းတို့ပါပဲ။


(၁) #ကထိန်ခင်းမယ့်ကျောင်းမှာ သွားလှူရင်တော့ ...

ဤကထိန်သင်္ကန်းကို သံဃာအား လှူပါ၏လို့ ဆိုပြီး လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။ သံဃာအား လှူတယ်ဆိုပေမယ့်...

 ကထိန်ခင်းမယ့် ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။


(၂) #ကိုယ့်နေရာ_ကိုယ့်ဌာနကို...ပင့်ပြီး လှူမယ်ဆိုရင်တော့- 

ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့အတွက် သံဃာအား လှူပါ၏ လို့ ကထိန်ခင်းမယ့် ကျောင်းတိုက်နာမည်ကို တရား၀င် ထည့်ဆို

ပြီး လှူရပါတယ်။ ဒါမွ- ကိုယ်ရည်စူးတဲ့ ကျောင်းတိုက်သံဃာက ကထိန်ခင်းခွင့် ရမွာပါ။


ကျောင်းတိုက်နာမည်ထည့် မဆိုဘဲ ... သံဃာအား လှူပါ၏လို့ ရိုးရိုးလေးဆိုပြီး လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့ 

ဆယ့်နှစ်တောင်ပတ်လည်အတွင်းက ပင့်သံဃာအားလုံးနဲ့ သက်ဆိုင်သွားတဲ့အတွက်- ရည်စူးရာကျောင်းတိုက်မှာ ကထိန်ခင်းခွင့် 

မရှိတော့ပါဘူး။


ရဟန်းတစ်ပါးတည်းကို ပင့်ပြီး- သံဃာအား လှူပါ၏လို့ ဆိုလှူလိုက်ရင်လည်း... အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး 

တခြားကျောင်းတိုက်တစ်ခုကို ၀င်လိုက်မိတာနဲ့ တစ်ပြိုင်နက်တည်း ၀င်မိတဲ့ ကျောင်းတိုက်သံဃာက အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ -

ရည်စူးရာ ကျောင်းတိုက်မှာ ကထိန်ခင်း မရေတာ့ပါဘူး။


ဒါကြောင့်- ကိုယ့်နေရာ၊ ကိုယ္ဌာန ပင့်လှူသူတိုင်း ကထိန်ခင်းလိုတဲ့ ကျောင်းတိုက်နာမည်ကို တရား၀င် ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။


ကထိန်ခင်းမယ့်ကျောင်းတိုက်မှာ သွားလှူတဲ့အခါမှာလည်း-သံဃာအားလို့ ထည့် မဆိုဘဲ ဤကထိန်သင်္ကန်းကို လှူပါ၏လို့ ရိုးရိုးပဲ ဆိုလိုက်မိရင်လည်း... အဲဒီကထိန်သင်္ကန်းဟာ- ကျောင်းတိုက်မှာရှိတဲ့ သံဃာအားလုံး ပိုင်ဆိုင်တဲ့သင်္ကန်း (သံဃိကသင်္ကန်း) ဖြစ်သွားပါတယ်။


ဒါကြောင့်- #သံဃာအားလို့ ထည့်ဆိုလိုက်တာဟာ ၀ိနည်းအပြစ်ကင်းပြီးကထိန်အလှူ အထမြောက်နိုင်ပါတယ်။


ရဟန်းတစ်ပါးတည်း ဝါဆိုတဲ့ကျောင်းတိုက်မှာ သံဃာအား လှူပါ၏လို့ ရွတ်ဆိုလျှောက်ထားပြီးလှူတဲ့ ကထိန်သင်္ကန်းဟာ_

 သံဃာအားလို့ ပါတဲ့အတွက် အရပ်လေးမျက်နှာမှာ ရွိရွိသမွ် သံဃာအားလုံးနဲ့ သက်ဆိုင်ပေမယ့် ကျောင်းတိုက်မှာ ဝါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။


တစ်ပါးထက်ပိုများတဲ့ ရဟန်းတော်တွေ ဝါဆိုတဲ့ ကျောင်းတိုက်တွေမှာလည်း နည်းတူပါပဲ။ သံဃာအား လှူပါ၏ဆိုတဲ့ သင်္ကန်းမှန်သမျှ

အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိသံဃာ)နဲ့ သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။ ပိုင်တဲ့အခါမှာတော့ ကျောင်းတိုက်သံဃာ

(အာရာမသံဃာ)ကပဲ ပိုင်ပါတယ်။ ကျောင်းတိုက်ပြင်ပက သံဃာဟာ ...ဆိုင်သာဆိုင် ၊ မပိုင်တဲ့သံဃာ ဖြစ်ပါတယ်။


ကိုယ်လှူတဲ့သင်္ကန်းကို သံဃာတော်တွေ ဘယ္လိုပဲ ဆိုင်ဆိုင်၊ဘယ်လိုပဲ ပိုင်ပိုင် ကိုယ္ကေတာ့ သံဃာအားလုံးကို ရည်မှန်းပြီး 

လှူဒါန်းရမှာပါပဲ။


🙏အရပ်လေးမျက်နှာမှာ~ ရွိရွိသမွ် သံဃာအားလုံး ၊ သာသနာတော်မှာ~ ရှိခဲ့ပြီး၊ ရှိနေဆဲ၊ရှိလတ္တံ့ သံဃာအားလုံးကို လှူဒါန်းပါတယ်...လို့ အာရုံပြုပြီး- သံဃဿ ဒေမ = သံဃာအား လှူပါ၏လို့ ရွတ်ဆိုလှူဒါန်းလိုက်ရင်...


 ကိုယ်လှူလိုက်တဲ့သင်္ကန်းဟာ~ 

တစ္သာသနာလုံး၊ တစ်လောကလုံးမှာရှိတဲ့ ပုထုဇဉ်သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့ သံဃိကသင်္ကန်း ဖြစ်သွားပါတယ်။

အများပိုင်သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။


ဒါပေမဲ့-

 #တကယ်ကထိန်ခင်းတဲ့_အချိန် မှာတော့... အများပိုင် သံဃိကသင်္ကန်းကို>>> တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်း ဖြစ်အောင်

ပြန်လုပ်လိုက်ရပါတယ်။


သံဃာက..... ကထိန်ခင်းလို့ မရပါဘူး။ ပုဂ္ဂိုလ်ကပဲ... ကထိန်ခင်းလို့ ရပါတယ်။ 

သံဃာက-ကထိန်သင်္ကန်း ပေးရုံပဲ ပေးနိုင်ပါတယ်။ 

သိမ်ထဲမှာ... သံဃာတော်တွေစုဝေးပြီး ကထိန်ခင်းထိုက်တဲ့ ရဟန်းတစ်ပါးကို ဉတ်ကမ္မဝါနဲ့ ကထိန်သင်္ကန်း ပေးလိုက်ရပါတယ်။ 

ကထိန်သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့ အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။


ကထိန်သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမယ့် ကထိန်ကိုတော့- သိမ်ထဲမှာပဲဖြစ်ဖြစ်၊ သိမ်အပြင်မှာပဲဖြစ်ဖြစ် ခင်းလို့ရပါတယ်။ 

ရဟန်းတစ်ပါးခင်းတဲ့ ကထိန္ကို - သံဃာက ၀မ်းမြောက်၀မ်းသာ အနုမောဒနာ ပြုလိုက်ရင်... သံဃာကလည်း ကထိန်ခင်းပြီးသား ဖြစ်သွားတာပါပဲ။


ကထိန်ခင်းခြင်းဆိုတဲ့ ဝိနည်းကံဟာ -သံဃာ့ကံ မဟုတ်၊ ပုဂ္ဂလကံဆိုပေမယ့်... သံဃာကပဲ ...ကထိန်သင်္ကန်း ပေးရ၊ 

  ကထိန်ခင်းပြီးရင်လည်း- သံဃာအားလုံးက အနုမောဒနာပြုတဲ့ သံဃာမှာလည်း... ကထိန်အာနိသင်ရတဲ့အတွက် ~

သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။


သံဃိကသင်္ကန်းကို ပုဂ္ဂလိသင်္ကန်းအဖြစ် ကထိန်ခင်းမယ့် ရဟန်းကို ပေးတာက~ သံဃာတော်တွေရဲ့ အပိုင်းဖြစ်ပါတယ်။ 

   ကထိန်အလှူရှင်တွေရဲ့အပိုင်းကတော့~ သံဃိက သင်္ကန်းအဖြစ်ပဲ လှူဒါန်းရမှာပါ။ 

ကထိန်ခင်းတဲ့အချိန်- ပုဂ္ဂလိကသင်္ကန်း လုပ်မယ့် အတူတူဆိုပြီး... နဂိုကတည်းက ပုဂ္ဂလိကသင်္ကန်းအဖြစ် မလှူဒါန်းရပါဘူး။ 

လှူဒါန်းခဲ့ရင် -ပုဂ္ဂလိကသင်္ကန်းကို သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ မရတော့တဲ့အတွက် ကထိန်ခင်းလို့ မရေတာ့ပါဘူး။ 

သံဃိကသင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ရပါတယ်။


ဒါကြောင့်-

 ကထိန်အလှူရှင်တွေအနေနဲ့ မိမိတို့ ကြည်ညိုတဲ့ ဆရာတော်တစ်ပါးပါး၊ ရဟန်းတစ်ပါးပါးကို ကထိန် သင်္ကန်း ရစေချင်တဲ့စိတ် လုံး၀ မထားဘဲ ဒီကထိန်သင်္ကန်းဟာ သံဃာ အားလုံးအတွက်လို့ပဲ ရည်မှန်းပြီး သံဃာပိုင် သံဃိကစစ်စစ်ဖြစ်အောင် လှူဒါန်းကြရပါမယ်။


အနှစ်ချုပ်ပြီး ပြန်ပြောရရင် ... 

ကထိန္တစ္ခု အထမြောက်ဖို့အတွက် (သို့မဟုတ်) ကထိန်စစ်စစ်ဖြစ်ဖို့အတွက်-


 ကထိန်သင်္ကန်းဟာ ...

(၁) မိုးကျသင်္ကန်း ဖြစ်ရပါမယ်။ 


        ရဟန်းတော်တွေ ကိုယ်တိုင်- ဘယ်သူ့ဆီကမှအလှူခံ မထားတဲ့ သင်္ကန်း၊ ရဟန်းတော်တွေဘက်က- ဘာအရိပ်နိမိတ်မှ မျပရ၊ဘာပရိယာယ္စကားမွ မပြောရဘဲနဲ့ အလှူရှင်တွေဘက်က - အလိုအလျောက် လာလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်း မွ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ရဟန်းတော်တွေဘက်က စ, ပြောလို့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်- ကထိန်စစ်စစ် မဖြစ်ပါဘူး။



(၂) မသိုးသင်္ကန်း ဖြစ်ရပါမယ်။ 

       

ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းမှ ~ ကထိန်စစ်ဖြစ်ပါတယ်။ မနေ့က လှူတဲ့သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းရင်~ ဒီနေ့လှူတဲ့သင်္ကန်းနဲ့မနက်ဖြန်မှကထိန်ခင်းရင်~ ကထိန်စစ်စစ် မဖြစ်ပါဘူး။



(၃) သံဃိကသင်္ကန်း ဖြစ်ရပါမယ်။ 

သံဃာအားလုံးကို ရည်မှန်းပြီး~ သံဃာပိုင်အဖြစ်နဲ့ လှူဒါန်းတဲ့ သံဃိကသင်္ကန်းနဲ့ ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ 

ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကို ရည်မှန်းပြီး ကိုယ်ကြည်ညိုတဲ့ဆရာတော်ပဲ ရစေချင်တဲ့စိတ်နဲ့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်.... 

   ကထိန်စစ်စစ် မဖြစ်ပါဘူး။


နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့ -

ကထိန်သင်္ကန်းဟာ- ကိုယ်ပိုင်သင်္ကန်း ဖြစ်ရပါမယ်။ ခေတ္တခဏ ငွားယူလာတဲ့ သင်္ကန်း (အငှားသင်္ကန်း)နဲ့ ကထိန်ခင်းရင်-

ကထိန်စစ်စစ် မဖြစ်ပါဘူး။ 

အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း(ကိုယ်ပိုင်သင်္ကန်း)နဲ့ ကထိန်သင်္ကန်း လှူတဲ့အခါမျိုးမှာလည်း-ကထိန်ခင်းတဲ့အခိုက်ကလေး ခေတ္တခဏငှားတဲ့ သဘောမျိုးမဖြစ်အောင်... အထူးသတိပြုရပါမယ်။ 


 #ကထိန်ခင်းခွင့်ရှိတဲ့ကာလ-ကေတာ့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက္ကေန~ တန်ဆောင်မုန်းလပြည့်နေ့အထိ....

  တစ္လ(၂၉-ရက်) ဖြစ်ပါတယ်။ 


ဒီတစ်လအတွင်းမှာပဲ- ကထိန်သင်္ကန်း လှူခွင့် ရှိပါတယ်။ ဒီတစ်လအတွင်းမှာ ခင်းမှလည်း- ကထိန်စစ်စစ် ဖြစ်ပါတယ်။




ကထိန်ခင်းဖို့အတွက်- သံဃာက သိမ်ထဲမှာ သင်္ကန်းပေးတဲ့ ကံပြုရတဲ့အတွက်.... ကထိန္ကံ အောင်မြင်ဖို့ အနည်းဆုံးသံဃာ၅ပါး ရှိရပါတယ်။


 ကထိန်သင်္ကန်းပေးတဲ့ ကံပြုတဲ့ သံဃာက (၄)ပါး၊ ကထိန်သင်္ကန်းခံယူသူက (၁)ပါး၊ စုစုပေါင်း(၅)ပါး အနည်းဆုံးရှိမှ....

 ကထိန္ကံ အောင်မြင်ပါတယ်။


သင်္ကန်းပေးဖို့အတွက်သာ~ သံဃာလိုတာပါ။ သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့အခါမှာတော့~ သံဃာ မလိုပါဘူး။ 


တစ်ပါးတည်း ဝါဆိုတဲ့ကျောင်းမှာ-

 တစ်ပါးတည်း ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာပြုရမယ့် ရဟန်းတစ်ပါး ခေါ်ထားပြီး-နှစ်ပါး ကထိန်ခင်းလည်း ရပါတယ်။ 

သင်္ကန်းပေးတဲ့ သံဃာတွေစုံနေတုန်းမို့- သံဃာနဲ့ကထိန်ခင်းလိုက်လည်း ရတာပါပဲ။


ရဟန်းတစ်ပါးခင်းတဲ့ကထိန်ကို ...ဝါဆိုတူ ကျောင်းတိုက်အတွင်းက ရဟန်းတော်တွေပဲ~ အနုမောဒနာ ပြုစရာ လိုပါတယ်။

ကိုရင်သာမဏေတွေကတော့~ အနုမောဒနာ ပြုစရာ မလိုပါဘူး။

ဒါပေမဲ့- တစ်ကျောင်းတိုက်တည်း အတူ ဝါဆိုကြတဲ့ သီတင်းသုံးဖေါ် ဘ၀တူအချင်းချင်းဖြစ်တဲ့အတွက် ...ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေကို ကိုရင်တွေကိုလည်း အညီအမွ် ခွဲဝေပေးရပါမယ်။ 

ကိုရင်တွေလည်း... အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း) ရပိုင်ခွင့်ရှိပါတယ်။


တချို့က ကျောင်းဥပစာပရိဝုဏ်အရံအတားတူတဲ့ ကျောင်းတိုက်တစ်တိုက်တည်းမှာ -နှစ်ကျောင်း၊ သုံးကျောင်း စသည်ခွဲပြီး သီခြားစီ ဝါဆိုတတ်ကြပါတယ်။ 

ကျောင်းတိုက်ကြီးတစ်ခုတည်းမှာ- ဘယ်နှစ်ကျောင်းပဲ ခြဲဝါဆိုဆို ကထိန်ခင်းရင်တော့... တစ်ကျောင်းတိုက်လုံးပေါင်းပြီး၊

ကထိန်တစ်ခုတည်းပဲ ခင်းရပါမယ်။ ဒါမွ ကထိန်စစ်စစ်ဖြစ်ပါတယ်။


ကထိန်ခင်းပြီးတဲ့ ကျောင်းတိုက်မှာ- နောက်ထပ် လာလှူတဲ့ သံဃိကသင်္ကန်းတွေကို ကထိန်အာနိသင် မရတဲ့ တခြားရဟန်းတော်လည်း ဝေစု ရစေချင်တယ်ဆိုရင် ...ခင်းပြီးသား ကထိန္ကို နုတ်လိုက်ရပါတယ်။

 

#ကထိန်နုတ်တယ်ဆိုတာ- ကထိန်ခင်းခြင်းအမှု၊ ကထိန္ကံကို ရုပ်သိမ်းလိုက်တာပါပဲ။ 

ကထိန်နုတ်ပြီးရင်- နောက်ထပ် ကထိန္တစ္ခု ထပ်ခင်းလို့ မရေတာ့ပါဘူး။ ထပ်ခင်းရင်လည်း ကထိန်စစ်စစ် မဖြစ်တော့ပါဘူး။ 

ကထိန်နုတ်လိုက်တဲ့အတွက်- ကထိန်အာနိသင်တွေလည်း ပျက်ပြယ်သွားပါတယ်။ ကထိန်အာနိသင်ရပြီးသား ရဟန်းတော်တွေလည်း... ကထိန်အာနိသင် လုံး၀မရေတာ့ပါဘူး။

သံဃိကလာဘ်လာဘဖြစ်တဲ့ သင်္ကန်းတွေကို သံဃာအားလုံး ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ကထိန်နုတ်ရတာပါ။ 


ကထိန္သာ မနုတ်ရင်-

 သံဃိကသင်္ကန်းတွေကို ဝါကျိုးဝါပြတ်သူ၊ ဒုတိယဝါဆိုသူ၊ တခြားကျောင်းတိုက်ကနေ နောက်ထပ်ရောက်လာသူတွေ မရနိုင်ပါဘူး။

 ရခွင့် မရွိပါဘူး။ ကထိန်နုတ်လိုက်တဲ့အတွက်- သံဃာအားလုံး ရခွင့်ရှိသွားပါတယ်။


-စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association

[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏...ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု နှာ ၅၅- ၈၀မွ- ကောက်နှုတ် ပူဇော်မျှဝေပါသည်။]


၀ိနည္းႏွင့္စပ္~ သိနားလည္ထားသင့္ရာ အျမတ္ဆုံး ကထိန္သကၤန္းအလႉ




#ကထိန္သကၤန္း

#ကထိန္ခင္းျခင္းဆိုင္ရာ

#ဘာသာေရးဆိုင္ရာအေျခခံဗဟုသုတ

(ျမိဳင္ျမိဳင္ဆိုင္ဆိုင္ လတန္ေဆာင္တိုင္မွာ ကထိန္ခင္းတာ၊ ကထိန္သကၤန္းကပ္တာ၊ အလွဴပြဲက်င္းပတာေတြ ျပဳလုပ္တတ္ၾကတာမို႔ ကထိန္အလွဴဒါနနဲ႔ပတ္သက္ျပီး သိစရာေလးေတြကို စုစည္းေ၀ငွလိုက္ပါတယ္။ ဖတ္ၾကည့္ပါဦး။)


“ကထိန္စစ္စစ္ ျဖစ္ရဲ႕လား”


အရွင္ဘုရား ....

ရဟန္းေတာ္ကိုယ္တိုင္ လႉတဲ့ သကၤန္း နဲ႕ ကထိန္ ခင္းေကာင္းပါသလား။ကထိန္ခင္းခဲ့ရင္ေရာ ကထိန္ အထေျမာက္ပါသလား။

           (မသင္းမဒီ၊ ျပည္ၿမိဳ႕။)


ဒကာမေလး မသင္းမဒီ ...

ကထိန္ခင္းတယ္လို႔ ေျပာလိုက္ရင္ ကထိန္ခင္းတဲ့အလုပ္ကို လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြက လုပ္ၾကတယ္လို႔ 

လူအမ်ားက ထင္ေနၾကပါတယ္။ 


တကယ္ေတာ့ ကထိန္ခင္းတဲ့အလုပ္ဟာ လူ၀တ္ေၾကာင္ ဒကာဒကာမေတြရဲ႕ အလုပ္မဟုတ္ပါဘူး။ရဟန္းေတာ္ေတြရဲ႕ အလုပ္ပါ။

ရဟန္းေတာ္ေတြကပဲ ကထိန္ခင္းၾကတာပါ။


ဒါေပမဲ့-

 ရဟန္းေတာ္ေတြ ကထိန္ခင္းမယ့္ သကၤန္းကို အမ်ားအားျဖင့္ လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြကပဲ လႉဒါန္းၾကပါတယ္။ ကထိန္ခင္းမယ့္ သကၤန္းလႉဒါန္းတာကိုပဲ ကထိန္ခင္းတယ္လို႔ တင္စားၿပီးေျပာၾကရင္းက ကထိန္သကၤန္း

လႉတဲ့သူေတြကို ကထိန္ခင္းတဲ့သူေတြလို႔ ေခၚေဝၚေနၾကတာပါ။ 


အမွန္က-

 လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြဟာ ကထိန္ခင္းတဲ့သူေတြ... မဟုတ္ပါဘူး။ ကထိန္သကၤန္း_လႉတဲ့သူေတြပါ။


ကထိန္သကၤန္းကို လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြပဲ လႉခြင့္ရွိတာ မဟုတ္ပါဘူး။

ရဟန္းသာမေဏေတြလည္း~ လႉခြင့္ရွိပါတယ္။ 

သီလရွင္ေတြလည္း~ လႉခြင့္ရွိပါတယ္။ 

လူသားေတြတင္ ~လႉခြင့္ရွိတာ မဟုတ္ပါဘူး။ 

နတ္ေတြလည္း~ လႉခြင့္ရွိပါတယ္။

ျဗဟၼာေတြလည္း~ လႉခြင့္ရွိပါတယ္။ 

နဂါးဂဠဳန္ေတြလည္း~ လႉခြင့္ရွိပါတယ္။


က်မ္းဂန္မွာ-

 #ကထိန္သကၤန္း_လႉခြင့္ရွိသူ ကို လူရယ္၊ နတ္ရယ္၊ သီတင္းသုံးေဖၚ(၅)ဦးရယ္လို႔  ပုဂၢိုလ္(၇)မ်ိဳး တိုက္ရိုက္ျပထားပါတယ္။

 

 သီတင္းသုံးေဖၚ(၅)ဦးဆိုတာ ရဟန္း၊ ရဟန္းမ၊ သာမေဏ၊ သာမဏီ နဲ႕ သိကၡမာန္တို႔ပါပဲ။ 

 သိကၡမာန္-ဆိုတာ... ဘိကၡဳနီ(ရဟန္းမ) မ၀တ္မီ သိကၡာပုဒ္(၆)ပါးကို (၂)ႏွစ္တိတိ က်င့္ရတဲ့ သာမေဏ တစ္မ်ိဳး ကို ေခၚတာပါ။


 ပဓာနနည္းအားျဖင့္ တိုက္ရိုက္ျပထားတဲ့ ပုဂၢိုလ္(၇)မ်ိဳးထဲမွာ-နဂါး၊ ဂဠုန္စတဲ့ တိုက္ရိုက္ျပမထားတဲ့ တျခားပုဂၢိုလ္ေတြလည္း အက်ဳံး၀င္ပါတယ္။ အသိဉာဏ္ရွိသူ မည္သူမဆို ကထိန္သကၤန္း လႉခြင့္ရွိပါတယ္။


 ရဟန္းေတာ္ေတြကို ကထိန္သကၤန္း လႉခြင့္ရွိသူမ်ားစာရင္းမွာ တိုက္ရိုက္ျပထားတဲ့အတြက္... ရဟန္းေတာ္ ကိုယ္တိုင္ လႉတဲ့သကၤန္း

နဲ႕ ကထိန္ခင္းေကာင္းပါတယ္။ ကထိန္ခင္းခဲ့ရင္လည္း ကထိန္အထေျမာက္ပါတယ္။ 


ဒါေပမဲ့-

 ရဟန္းေတာ္ကိုယ္တိုင္ အလႉခံတဲ့ သကၤန္းနဲ႕ေတာ့ ကထိန္ မခင္းေကာင္းပါဘူး။ ကထိန္ခင္းခဲ့ရင္လည္း -ကထိန္အထ မေျမာက္

ပါဘူး။

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္- ကထိန္သကၤန္း လႉတဲ့သူ ဘယ္သူလဲဆိုတဲ့အခ်က္က အဓိက မက်ပါဘူး။ 

လႉတဲ့ ကထိန္သကၤန္း ဘယ္လိုသကၤန္းလဲ ဆိုတဲ့ အခ်က္က အဓိကက်ပါတယ္။

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္-

#လႉတဲ့_ကထိန္သကၤန္း ဟာ.

(၁) မိုးက်သကၤန္းလည္း ျဖစ္ရပါမယ္။

(၂) မသိုးသကၤန္းလည္း ျဖစ္ရပါမယ္။

(၃) သံဃိကသကၤန္းလည္း ျဖစ္ရပါမယ္။


သကၤန္းသုံးထည္ ျဖစ္ရမယ္လို႔ဆိုလိုတာ မဟုတ္ပါဘူး။ 

သကၤန္းတစ္ထည္တည္းကပဲ-

(၁) မိုးက်ျဖစ္ျခင္း၊ 

(၂) မသိုးျဖစ္ျခင္း၊ 

(၃) သံဃိကျဖစ္ျခင္း...ဆိုတဲ့ အရည္အေသြး(၃)မ်ိဳးနဲ႕ ျပည့္စုံရမယ္လို႔ ဆိုလိုတာပါ။


(၁)  ကထိန္သကၤန္းဟာ -  မိုးက်သကၤန္း ျဖစ္ရပါမယ္။  

မိုးေရမိုးေပါက္ေတြဟာ... ဘယ္သူ႕ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈမွ မပါဘဲ မိုးေကာင္းကင္အေပၚကေန အလိုအေလ်ာက္က်လာသလို၊

ကထိန္သကၤန္းဟာလည္း... ကထိန္ခင္းေက်ာင္းတိုက္က ရဟန္းေတာ္ေတြထဲကဘယ္ရဟန္းေတာ္ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈမွ 

မပါဘဲ အလႉရွင္က သူ့သဒၶါတရားနဲ့သူ အလိုအေလ်ာက္ လာလႉတဲ့ သကၤန္း ျဖစ္ရပါမယ္။


ကိုယ္ လုံး၀မတိုက္တြန္းဘဲ... သူ႕အလိုအေလ်ာက္ရတဲ့သကၤန္း၊ ကိုယ္လုံး၀ အလႉမခံဘဲ... သူ႕အလိုအေလ်ာက္လာလႉတဲ့ သကၤန္းကို မိုးေပၚက ႐ုတ္တရက္က်

လာတဲ့ အရာ၀တၳဳနဲ႕တူလို႔~ #မိုးက်သကၤန္း (#မိုးေပၚက်သကၤန္း)လို႔ ေခၚပါတယ္။


ရဟန္းေတာ္ေတြဟာ~ 

မိခင္ရင္း၊ ဖခင္ရင္း ဆီကေတာင္မွ ကထိန္သကၤန္း အလႉမခံ ေကာင္းပါဘူး။ ရဟန္းေတာ္ကိုယ္တိုင္~ မိခင္ရင္း၊ဖခင္ရင္းဆီက

အလႉခံလို႔ ရလာတဲ့ သကၤန္းနဲ႕ ကထိန္ခင္းရင္လည္း ကထိန္ အထ မေျမာက္ပါဘူး။


ရဟန္းေတာ္က မိဘေက်းဇူး အထူးဆပ္ခ်င္လို႔ဆိုၿပီး ထူးျခားတဲ့ ကထိန္အလႉကုသိုလ္ႀကီး မိဘႏွစ္ပါး ရေစခ်င္တဲ့ စိတ္နဲ႕ မိဘကို ကထိန္ အေၾကာင္းေတြ ေျပာျပၿပီး တိုက္ရိုက္နည္းနဲ႕ျဖစ္ျဖစ္၊ သြယ္ဝိုက္တဲ့နည္းနဲ႕ျဖစ္ျဖစ္ ကထိန္သကၤန္း အလႉခိုင္းတယ္ဆိုရင္ အဲဒီသကၤန္းနဲ႕ ကထိန္ခင္းေပမယ့္... ကထိန္အထ မေျမာက္ေတာ့တဲ့အတြက္~  မိဘေက်းဇူးလည္း အထူးဆပ္ရာ  မေရာက္ေတာ့ပါဘူး။ မိဘႏွစ္ပါးလည္း ထူးျခားတဲ့ ကထိန္အလႉ  ကုသိုလ္ႀကီး မရေတာ့ပါဘူး။


ကိုယ္ဝါဆိုတဲ့ ေက်ာင္းတိုက္ရဲ႕ ကထိန္အတြက္ အလႉ မခံေကာင္းဘူးလို႔ ေျပာတာပါ။


 တျခားေက်ာင္းတိုက္ရဲ႕ ကထိန္အတြက္ေတာ့-

    - လႉဖို႔ တိုက္တြန္းေကာင္းပါတယ္။တိုက္တြန္းလို႔ရပါတယ္။ လိုအပ္ရင္ တိုက္တြန္းရမွာပါပဲ။


ကထိန္သကၤန္း လႉခြင့္ရွိသူေတြထဲမွာ ရဟန္းေတာ္ေတြလည္း ပါတဲ့အတြက္... ရဟန္းတစ္ပါးပါးက ဦးစီး ဦးေဆာင္ျပဳၿပီး ၊ တပည့္ဒကာ ဒကာမေတြနဲ႕ တျခားေက်ာင္းတိုက္ တစ္ခုခုမွာ ကထိန္သြားခင္းတာကေတာ့ ရပါတယ္။ 


ဒါေပမဲ့ -

ကထိန္ခင္းမယ့္ေက်ာင္းတိုက္က ရဟန္းေတာ္ေတြ ကိုယ္တိုင္ကေတာ့ ကိုယ့္ေက်ာင္းကထိန္အတြက္ ဘယ္သူ႕ကိုမွ ကထိန္သကၤန္းလႉဖို႔ 

မတိုက္တြန္းေကာင္းပါဘူး။


ဒီႏွစ္ ကထိန္ ဘယ္ရက္လဲ၊ဒီႏွစ္လည္း ဘုံကထိန္ပဲလား၊ဒီႏွစ္ ဉတ္သကၤန္း လႉဖို႔ ေျပာထားတဲ့သူ မရွိေသးဘူး၊ကထိန္ရာသီေတာ့ ေရာက္လာျပန္ၿပီေနာ္ စသည္ စသည္အားျဖင့္ ဘယ္လို အရိပ္နိမိတ္မ်ိဳး ျပၿပီးေတာ့ပဲျဖစ္ျဖစ္၊ ဘယ္လိုပရိယာယ္စကားမ်ိဳးေျပာၿပီး ေတာ့ပဲျဖစ္ျဖစ္၊ ကထိန္ခံ ရဟန္းေတာ္ေတြ ကိုယ္တိုင္ ကထိန္ သကၤန္း အလႉမခံေကာင္းပါဘူး။ 


ကထိန္ခင္းမယ့္ ဒကာ, ဒကာမေတြဘက္က ကထိန္နဲ႕ပတ္သက္လို႔ ဘာစကားမွ မစ,ရေသးဘဲနဲ႕ ေက်ာင္းတိုက္ရဟန္းေတာ္ထဲက 

တစ္ပါးပါးက ကထိန္အေၾကာင္းမစမိေအာင္ အထူးသတိျပဳရပါမယ္။


   ဒကာ ,ဒကာမေတြက ဘာမွ မေလွ်ာက္ရေသးဘဲနဲ႕ ဒီႏွစ္ကထိန္ဘယ္ရက္လဲ လို႔... ကိုယ့္ဘက္က စ မေမးသင့္သလို၊ဒီႏွစ္ေတာ့ ဒီရက္မွာ ကထိန္ခင္းရင္ အဆင္ေျပမယ္ ထင္တယ္" လို႔လည္း....ကိုယ္က စၿပီး ကထိန္ရက္ သတ္မွတ္ေပးမ်ိဳးလည္း လုံး၀ မျပဳလုပ္ သင့္ပါဘူး။


ကထိန္သကၤန္းဟာ-

  အတိဥကၠ႒ = အလြန္ျမင့္ျမတ္တဲ့သကၤန္း ျဖစ္ရမယ္တဲ့...။ 

အလြန္ျမင့္ျမတ္တဲ့ သကၤန္းဆိုတာ ေတာင္းရမ္းမႈ၊ တိုက္တြန္းမႈ မပါဘဲ အလိုအေလ်ာက္ရတဲ့သကၤန္းကို ေျပာတာပါ။

ေတာင္းရမ္းျခင္း၊ တိုက္တြန္းျခင္း ဆိုတဲ့ အျပစ္ လုံး၀ကင္းၿပီး၊အလြန့္အလြန္ သန့္ရွင္းစင္ၾကယ္တဲ့ သကၤန္းကို မိုးက်သကၤန္း လို႔ ေခၚပါတယ္။


ကိုယ့္ေက်ာင္းကို ဘယ္ေန႕၊ဘယ္ရက္မွာ ဘယ္သူ ကထိန္လာခင္းမယ္ဆိုတာ လုံးဝကိုမသိဘဲ ႀကိဳတင္ အသိေပးမထားဘဲ 

လာလႉတဲ့သကၤန္း၊ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ ေရာက္လာတဲ့ သကၤန္းဟာ ~မိုးက်သကၤန္း အစစ္ဆုံးပါပဲ။


မေတာင္းဘဲ ရမွ~        အတိဥကၠ႒ (အလြန္ျမင့္ျမတ္တယ္) ဆိုတာကို ၾကည့္ၿပီး ... ဘယ္ပစၥည္း လာဘ္လာဘ မဆို ၊

ဘယ္ရာထူး ႒ာနႏၱရ မဆို~ ကိုယ္က မေတာင္းရဘဲ အလိုအေလ်ာက္ရမွ ပို တန္ဖိုး ရွိတယ္။ ပို သန့္ရွင္းစင္ၾကယ္တယ္-လို႔ ေကာက္ခ်က္ ခ်နိဳင္ပါတယ္။ 

မရွာဘဲ ေတြ႕မွ~ အခ်စ္၊   မရွာဘဲ  ရမွ   ~ ဘုန္းကံဆိုတဲ့ သေဘာပါပဲ။


(၂) ကထိန္သကၤန္းဟာ မသိုးသကၤန္း ျဖစ္ရပါမယ္။ 


  သန့္ရွင္းလတ္ဆတ္တဲ့ ထမင္းေကာင္း၊ ဟင္းေကာင္း (မသိုးထမင္း၊ မသိုးဟင္း)ဆိုတာ ခ်က္ၿပီး တစ္ရက္မွ မကူးေသးတဲ့ 

ဒီေန႕မွ ခ်က္ထားတဲ့ ထမင္းဟင္းျဖစ္ရသလို ~ကထိန္သကၤန္းဟာလည္း-လႉၿပီး တစ္ရက္မွ မကူးေသးတဲ့~ဒီေန႕ လႉထားတဲ့ 

သကၤန္းျဖစ္ရပါမယ္။


 ခ်က္ၿပီး တစ္ရက္ေက်ာ္သြားတဲ့ ထမင္းဟင္း၊ေန႕ကူးသြားတဲ့ ထမင္းဟင္းကို...တကယ္သိုးသိုး ,မသိုးသိုး ထမင္းသိုး၊ 

ဟင္းသိုးလို႔ပဲ ေခၚပါတယ္။ အေအးခန္းထဲ၊ ေရခဲ ေသတၱာထဲ ထည့္ထားလို႔ ခ်က္ခ်င္း သိုးမသြားေသးလည္း...

 နာမည္ကေတာ့ ထမင္းသိုး၊ ဟင္းသိုး ပါပဲ။


 လႉၿပီး တစ္ရက္ေက်ာ္သြားတဲ့ သကၤန္း၊ ေန႕ကူးသြားတဲ့ သကၤန္းကိုလည္း... သကၤန္းသိုးလို႔ ေခၚပါတယ္။ 


အဲဒီလို- သကၤန္းသိုးနဲ႕ လုံး၀ ကထိန္ခင္းလို႔ မရပါဘူး။ ကထိန္ခင္းလည္း ကထိန္ အထ မေျမာက္ပါဘူး။ 

(တစ္ရက္မက ေက်ာ္သြားရင္ေတာ့ အထူးေျပာစရာေတာင္ မလိုေတာ့ပါဘူး။)


 လႉၿပီး တစ္ရက္မွ မေက်ာ္ေသးတဲ့ သကၤန္း၊ေန႕ မကူးေသးတဲ့ သကၤန္း၊ ဒီေန႕မွ လာလႉတဲ့သကၤန္းကို မသိုးသကၤန္းလို႔ ေခၚပါတယ္။ 

မသိုးသကၤန္းနဲ႕ ခင္းမွ...     ကထိန္ အထေျမာက္ပါတယ္။


ရဟန္းေတာ္ေတြဟာ -

ကထိန္သကၤန္း ဒီေန႕ရရင္ ဒီေန႕ပဲ ကထိန္ခင္းရပါတယ္။ အလုပ္မအားလို႔၊ အဆင္မေျပေသးလို႔ဆိုၿပီး ေနာက္ေန႕မွ ကထိန္ခင္းလို႔ မရပါဘူး။ 

ကထိန္သကၤန္း အလႉခံၿပီးတဲ့ ေန႕ရဲ႕ ေနာက္တစ္ေန႕ အ႐ုဏ္ မတက္ခင္မွာပဲ ကထိန္ခင္းျခင္းကိစၥ ၿပီးစီးေအာင္ ေဆာင္႐ြက္ရပါတယ္။

 

 ကထိန္သကၤန္း အလႉခံၿပီးတာနဲ႕ ခ်က္ခ်င္းကထိန္ခင္းရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ေနာက္တစ္ေန႕ #အ႐ုဏ္မတက္မခ်င္း 

ဘယ္အခ်ိန္မွာမဆို ကထိန္ခင္းလို႔ ရပါတယ္။

ကထိန္သကၤန္းဟာ-    ေန႕မကူးတဲ့ မသိုးသကၤန္းျဖစ္ရမယ္ ...ဆိုတာကို ၾကည့္ၿပီး တခ်ိဳ႕က- ကထိန္ရက္မတိုင္ခင္ ကထိန္သကၤန္းကို ေက်ာင္းမွာ သြား

မထားေကာင္းဘူးလို႔ ယူဆေနၾကပါတယ္။

 လမ္းခရီး ႀကဳံေနရင္ေတာင္မွ ...ကထိန္သကၤန္းကိုင္လ်က္ တန္းလန္းႀကီးနဲ႕ ေက်ာင္းတိုက္ထဲကေန ျဖတ္မသြားေကာင္းဘူး

လို႔ေတာင္  ထင္ေနၾကပါတယ္။ မဟုတ္ပါဘူး။ 

ကထိန္ သကၤန္းကိုေရာ၊ ကထိန္ရံ သကၤန္းေတြကိုေရာ ...ကထိန္ရက္ မတိုင္ခင္ ေက်ာင္းမွာ သြားထားလို႔ရပါတယ္။ 


ဒါေပမဲ့- ကထိန္သကၤန္းအျဖစ္နဲ႕ေတာ့ အၿပီး လႉမပစ္ခဲ့ရပါဘူး။ ေခတၱခဏ အပ္႐ုံပဲ အပ္ႏွံထားခဲ့ရမွာပါ။ ေက်ာင္းမွာ သြားထား႐ုံပဲ

ထားၿပီး မလႉေသးရင္ ...သကၤန္းေတြကို သံဃာက မပိုင္ေသးပါဘူး။အလႉရွင္ေတြကပဲ ပိုင္ပါတယ္။

ကထိန္သကၤန္းအျဖစ္နဲ႕ အၿပီးအပိုင္ ႏႈတ္ႁမြက္ၿပီး လႉပစ္ခဲ့ရင္ ...တကယ္ ကထိန္ခင္းမယ့္ရက္အထိ ေစာင့္ေနလို႔

မရေတာ့ပါဘူး။ အဲဒီေန႕မွာပဲ ခ်က္ခ်င္း ကထိန္ခင္းလိုက္ရပါမယ္။ 

ေန႕ကူးသြားရင္ သကၤန္သိုးျဖစ္သြားတဲ့အတြက္... ကထိန္ခင္းလို႔ မရေတာ့ပါဘူး။ အဲဒီေက်ာင္းတိုက္ အဲဒီႏွစ္အတြက္ ၿပီးပါၿပီ။ 

ကထိန္ခင္းလို႔ လုံး၀ မရေတာ့ပါဘူး။ 


တႏွစ္မွာ~တစ္လ၊      တစ္လမွာ ~ တစ္ရက္၊      တစ္ရက္မွာ ~ တစ္ႀကိမ္ပဲ ကထိန္သကၤန္း လႉခြင့္ရွိတာဆိုေတာ့ ...

ေနာက္ထပ္လည္း ကထိန္သကၤန္း အလႉခံလို႔မရေတာ့ပါဘူး။


တခ်ိဳ႕က-

 ကထိန္ရက္မွာ မအားလို႔၊ မလာနိုင္လို႔ဆိုၿပီး ကထိန္မတိုင္ခင္ ရက္ခပ္ေစာေစာကတည္းက ကထိန္သကၤန္းကို ႀကိဳလႉထားခ်င္ၾကပါတယ္။ 

အဲဒီလို ႀကိဳလႉထားလို႔ မရပါဘူး။ သက္ဆိုင္ရာ ေက်ာင္းတိုက္ သံဃာကလည္း ႀကိဳအလႉခံထားလို႔ လုံး၀မရပါဘူး။ ႀကိဳလႉထားတဲ့ သကၤန္းနဲ႕ ကထိန္ခင္းရင္-အဲဒီကထိန္ဟာ ကထိန္အတု၊ ကထိန္အင္ပဲ ျဖစ္ပါလိမ့္မယ္။


တခ်ိဳ႕က-

 အ႐ုဏ္မတက္ခင္ (က်ီးမနိုးခင္) ကထိန္သကၤန္းလႉတဲ့ က်ီးမနိုး ကထိန္က ပိုျမတ္တယ္လို႔ ယူဆၿပီး ၊အ႐ုဏ္မတက္ခင္ (က်ီးမနိုးခင္) 

ကထိန္သကၤန္း လႉဒါန္းတတ္ၾကပါတယ္။

 

အ႐ုဏ္မတက္ခင္ ကထိန္သကၤန္းလႉလိုက္ရင္- အ႐ုဏ္ မတက္ခင္ဘဲ ကထိန္ခင္းရပါတယ္။ အ႐ုဏ္တက္ၿပီးသြားမွ ကထိန္ခင္းရင္...

သကၤန္းသိုးသြားလို႔ ကထိန္အထ မေျမာက္ပါဘူး။


 အ႐ုဏ္တက္တာနဲ႕ တစ္ၿပိဳင္နက္~ ေနာက္တစ္ရက္ ကူးသြားပါၿပီ၊ အ႐ုဏ္အမီ ကထိန္ခင္းဖို႔ အခ်ိန္ မလုံေလာက္တဲ့အတြက္ 

အဲဒီလို လႉတာမ်ိဳး လုံး၀ေရွာင္ၾကဥ္သင့္ပါတယ္။


(၃) ကထိန္သကၤန္းဟာ - သံဃိကသကၤန္း ျဖစ္ရပါမယ္။

  

ရဟန္းတစ္ပါးပါးကို လႉဒါန္းထားလို႔... အဲဒီရဟန္းတစ္ပါးတည္းကပဲ ပိုင္ဆိုင္တဲ့ ပုဂၢလိကသကၤန္းနဲ႕ ကထိန္ခင္းလို႔ မရပါဘူး။ 

သံဃာအားလုံးကို လႉဒါန္းထားလို႔... သံဃာအားလုံး ပိုင္ဆိုင္တဲ့ သံဃိကသကၤန္းနဲ႕ပဲ ကထိန္ခင္းလို႔ ရပါတယ္။ 

သံဃာအမ်ားပိုင္ဆိုင္တဲ့ သံဃိကသကၤန္း နဲ႕ပဲ ကထိန္ခင္းခြင့္ ရွိပါတယ္။


မိမိၾကည္ညိုတဲ့ ဘုန္းႀကီးတစ္ပါးပါး၊ ဆရာေတာ္ တစ္ပါးပါးကို..." ဒီဆရာေတာ္ႀကီး ငါၾကည္ညိုလို႔ ကထိန္သကၤန္း လႉလိုက္ဦးမယ္" ဆိုၿပီးေတာ့ 

ဆရာေတာ္ကို တပည့္ေတာ္ ကထိန္သကၤန္း လႉပါတယ္ဘုရား၊ဘုန္းႀကီးကို ကထိန္သကၤန္းလႉပါတယ္ဘုရား....လို႔ 

မိမိၾကည္ညိဳတဲ့ ရဟန္းေတာ္ တစ္ပါးပါးကို ပုဂၢလိကအေနနဲ႕ ကထိန္သကၤန္းအျဖစ္ လႉဒါန္းခြင့္ မရွိပါဘူး။


တခ်ိဳ႕ကလည္း- ကထိန္ရာသီမွာ လႉတဲ့ သကၤန္းမွန္သမွ် ကထိန္သကၤန္းပဲ ထင္ၿပီး... အရွင္ဘုရားအတြက္ ကထိန္သကၤန္းပါဘုရား

ဆိုၿပီး လာလာ လႉေလ့ရွိပါတယ္။အဲဒီလို လႉလို႔ လုံး၀မရပါဘူး။ ရဟန္းတစ္ပါးခ်င္းကို ကထိန္သကၤန္းဆိုၿပီး လုံး၀ လႉလို႔ မရပါဘူး။

အဲဒီလို ရဟန္းတစ္ပါးပါးကို လႉတဲ့ သကၤန္းကိုလည္း ကထိန္ရာသီမွာ လႉေပမယ့္... ကထိန္သကၤန္း လို႔ မေခၚပါဘူး။


ပုဂၢိုလ္တစ္ပါးပါးကို လႉဒါန္းလိုက္တဲ့ အဲဒီ သကၤန္းနဲ႕လည္း ကထိန္ခင္းလို႔ မရပါဘူး။ ခင္းလည္းပဲ ကထိန္မေအာင္ျမင္ပါဘူး။ 

သံဃာကို လႉဒါန္းတဲ့ သကၤန္းနဲ႕သာလွ်င္... ကထိန္ခင္းခြင့္ ရွိပါတယ္။ကထိန္ ေအာင္ျမင္ထေျမာက္နိုင္ပါတယ္။


#လႉဒါန္းနည္းက_ႏွစ္မ်ိဳး


ကထိန္သကၤန္း လႉဒါန္းနည္းက ႏွစ္မ်ိဳးရွိပါတယ္။ 


(၁)ကထိန္ခင္းမယ့္ေက်ာင္းမွာ...      သြားလႉတဲ့နည္း နဲ႕ 

(၂)ကိုယ့္အိမ္၊ ကိုယ္ဌာန၊ တစ္ေနရာရာမွာ...  ပင့္လႉတဲ့နည္းတို႔ပါပဲ။


(၁) #ကထိန္ခင္းမယ့္ေက်ာင္းမွာ သြားလႉရင္ေတာ့ ...

ဤကထိန္သကၤန္းကို သံဃာအား လႉပါ၏လို႔ ဆိုၿပီး လႉလိုက္႐ုံနဲ႕ လုံေလာက္ပါတယ္။ သံဃာအား လႉတယ္ဆိုေပမယ့္...

 ကထိန္ခင္းမယ့္ ေက်ာင္းမွာရွိတဲ့ သံဃာနဲ႕ပဲ သက္ဆိုင္ပါတယ္။


(၂) #ကိုယ့္ေနရာ_ကိုယ့္ဌာနကို...ပင့္ၿပီး လႉမယ္ဆိုရင္ေတာ့- 

ဘယ္ေက်ာင္းတိုက္မွာ ကထိန္ခင္းဖို႔အတြက္ သံဃာအား လႉပါ၏ လို႔ ကထိန္ခင္းမယ့္ ေက်ာင္းတိုက္နာမည္ကို တရား၀င္ ထည့္ဆို

ၿပီး လႉရပါတယ္။ ဒါမွ- ကိုယ္ရည္စူးတဲ့ ေက်ာင္းတိုက္သံဃာက ကထိန္ခင္းခြင့္ ရမွာပါ။


ေက်ာင္းတိုက္နာမည္ထည့္ မဆိုဘဲ ... သံဃာအား လႉပါ၏လို႔ ရိုးရိုးေလးဆိုၿပီး လႉလိုက္ရင္ အခမ္းအနားကို ႂကြလာတဲ့ 

ဆယ့္ႏွစ္ေတာင္ပတ္လည္အတြင္းက ပင့္သံဃာအားလုံးနဲ႕ သက္ဆိုင္သြားတဲ့အတြက္- ရည္စူးရာေက်ာင္းတိုက္မွာ ကထိန္ခင္းခြင့္ 

မရွိေတာ့ပါဘူး။


ရဟန္းတစ္ပါးတည္းကို ပင့္ၿပီး- သံဃာအား လႉပါ၏လို႔ ဆိုလႉလိုက္ရင္လည္း... အဲဒီရဟန္းက အဲဒီသကၤန္းကိုယူၿပီး 

တျခားေက်ာင္းတိုက္တစ္ခုကို ၀င္လိုက္မိတာနဲ့ တစ္ၿပိဳင္နက္တည္း ၀င္မိတဲ့ ေက်ာင္းတိုက္သံဃာက အဲဒီသကၤန္းကို ပိုင္ဆိုင္သြားျပန္လို႔ -

ရည္စူးရာ ေက်ာင္းတိုက္မွာ ကထိန္ခင္း မရေတာ့ပါဘူး။


ဒါေၾကာင့္- ကိုယ့္ေနရာ၊ ကိုယ္ဌာန ပင့္လႉသူတိုင္း ကထိန္ခင္းလိုတဲ့ ေက်ာင္းတိုက္နာမည္ကို တရား၀င္ ထည့္ဆိုၿပီးမွ လႉသင့္ပါတယ္။


ကထိန္ခင္းမယ့္ေက်ာင္းတိုက္မွာ သြားလႉတဲ့အခါမွာလည္း-သံဃာအားလို႔ ထည့္ မဆိုဘဲ ဤကထိန္သကၤန္းကို လႉပါ၏လို႔ ရိုးရိုးပဲ ဆိုလိုက္မိရင္လည္း... အဲဒီကထိန္သကၤန္းဟာ- ေက်ာင္းတိုက္မွာရွိတဲ့ သံဃာအားလုံး ပိုင္ဆိုင္တဲ့သကၤန္း (သံဃိကသကၤန္း) ျဖစ္သြားပါတယ္။


ဒါေၾကာင့္- #သံဃာအားလို႔ ထည့္ဆိုလိုက္တာဟာ ၀ိနည္းအျပစ္ကင္းျပီးကထိန္အလႉ အထေျမာက္နိုင္ပါတယ္။


ရဟန္းတစ္ပါးတည္း ဝါဆိုတဲ့ေက်ာင္းတိုက္မွာ သံဃာအား လႉပါ၏လို႔ ႐ြတ္ဆိုေလွ်ာက္ထားၿပီးလႉတဲ့ ကထိန္သကၤန္းဟာ_

 သံဃာအားလို႔ ပါတဲ့အတြက္ အရပ္ေလးမ်က္ႏွာမွာ ရွိရွိသမွ် သံဃာအားလုံးနဲ႕ သက္ဆိုင္ေပမယ့္ ေက်ာင္းတိုက္မွာ ဝါဆိုတဲ့ ရဟန္းတစ္ပါးကပဲ ပိုင္ဆိုင္ပါတယ္။


တစ္ပါးထက္ပိုမ်ားတဲ့ ရဟန္းေတာ္ေတြ ဝါဆိုတဲ့ ေက်ာင္းတိုက္ေတြမွာလည္း နည္းတူပါပဲ။ သံဃာအား လႉပါ၏ဆိုတဲ့ သကၤန္းမွန္သမွ်

အရပ္ေလးမ်က္ႏွာ သံဃာ(စာတုဒၵိသံဃာ)နဲ႕ သက္ဆိုင္႐ုံပဲ သက္ဆိုင္ပါတယ္။ ပိုင္တဲ့အခါမွာေတာ့ ေက်ာင္းတိုက္သံဃာ

(အာရာမသံဃာ)ကပဲ ပိုင္ပါတယ္။ ေက်ာင္းတိုက္ျပင္ပက သံဃာဟာ ...ဆိုင္သာဆိုင္ ၊ မပိုင္တဲ့သံဃာ ျဖစ္ပါတယ္။


ကိုယ္လႉတဲ့သကၤန္းကို သံဃာေတာ္ေတြ ဘယ္လိုပဲ ဆိုင္ဆိုင္၊ဘယ္လိုပဲ ပိုင္ပိုင္ ကိုယ္ကေတာ့ သံဃာအားလုံးကို ရည္မွန္းၿပီး 

လႉဒါန္းရမွာပါပဲ။


🙏အရပ္ေလးမ်က္ႏွာမွာ~ ရွိရွိသမွ်       သံဃာအားလုံး ၊     သာသနာေတာ္မွာ~ ရွိခဲ့ၿပီး၊ ရွိေနဆဲ၊ရွိလတၱံ့    သံဃာအားလုံးကို လႉဒါန္းပါတယ္...လို႔ အာ႐ုံျပဳၿပီး- သံဃႆ ေဒမ = သံဃာအား လႉပါ၏လို႔ ႐ြတ္ဆိုလႉဒါန္းလိုက္ရင္...


 ကိုယ္လႉလိုက္တဲ့သကၤန္းဟာ~ 

တစ္သာသနာလုံး၊ တစ္ေလာကလုံးမွာရွိတဲ့ ပုထုဇဥ္သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ႕ သက္ဆိုင္တဲ့ သံဃိကသကၤန္း ျဖစ္သြားပါတယ္။

အမ်ားပိုင္သံဃိကသကၤန္းနဲ႕ပဲ ကထိန္ခင္းလို႔ ရပါတယ္။တစ္ပါးပိုင္ ပုဂၢလိကသကၤန္းနဲ႕ ကထိန္ခင္းလို႔  မရပါဘူး။


ဒါေပမဲ့-

 #တကယ္ကထိန္ခင္းတဲ့_အခ်ိန္ မွာေတာ့...  အမ်ားပိုင္ သံဃိကသကၤန္းကို>>> တစ္ပါးပိုင္ ပုဂၢလိကသကၤန္း ျဖစ္ေအာင္

ျပန္လုပ္လိုက္ရပါတယ္။


သံဃာက..... ကထိန္ခင္းလို႔ မရပါဘူး။ ပုဂၢိဳလ္ကပဲ... ကထိန္ခင္းလို႔ ရပါတယ္။ 

သံဃာက-ကထိန္သကၤန္း ေပး႐ုံပဲ ေပးနိုင္ပါတယ္။ 

သိမ္ထဲမွာ... သံဃာေတာ္ေတြစုေဝးၿပီး ကထိန္ခင္းထိုက္တဲ့ ရဟန္းတစ္ပါးကို ဉတ္ကမၼဝါနဲ႕ ကထိန္သကၤန္း ေပးလိုက္ရပါတယ္။ 

ကထိန္သကၤန္းကို ပုဂၢလိကအျဖစ္ ပိုင္ဆိုင္သြားတဲ့ အဲဒီ ရဟန္းကမွ ကထိန္ခင္းရတာပါ။


ကထိန္သကၤန္းကို သိမ္ထဲမွာပဲ ေပးရေပမယ့္ ကထိန္ကိုေတာ့- သိမ္ထဲမွာပဲျဖစ္ျဖစ္၊ သိမ္အျပင္မွာပဲျဖစ္ျဖစ္ ခင္းလို႔ရပါတယ္။ 

ရဟန္းတစ္ပါးခင္းတဲ့ ကထိန္ကို - သံဃာက ၀မ္းေျမာက္၀မ္းသာ အႏုေမာဒနာ ျပဳလိုက္ရင္... သံဃာကလည္း ကထိန္ခင္းၿပီးသား ျဖစ္သြားတာပါပဲ။


ကထိန္ခင္းျခင္းဆိုတဲ့ ဝိနည္းကံဟာ -သံဃာ့ကံ မဟုတ္၊ ပုဂၢလကံဆိုေပမယ့္...  သံဃာကပဲ ...ကထိန္သကၤန္း ေပးရ၊ 

  ကထိန္ခင္းၿပီးရင္လည္း- သံဃာအားလုံးက အႏုေမာဒနာျပဳတဲ့   သံဃာမွာလည္း...  ကထိန္အာနိသင္ရတဲ့အတြက္ ~

သံဃာ့ကိစၥ၊ သံဃာ့အလုပ္လို႔ ဆိုနိုင္ပါတယ္။


သံဃိကသကၤန္းကို ပုဂၢလိသကၤန္းအျဖစ္ ကထိန္ခင္းမယ့္ ရဟန္းကို ေပးတာက~    သံဃာေတာ္ေတြရဲ႕ အပိုင္းျဖစ္ပါတယ္။ 

   ကထိန္အလႉရွင္ေတြရဲ႕အပိုင္းကေတာ့~     သံဃိက သကၤန္းအျဖစ္ပဲ လႉဒါန္းရမွာပါ။ 

ကထိန္ခင္းတဲ့အခ်ိန္- ပုဂၢလိကသကၤန္း လုပ္မယ့္ အတူတူဆိုၿပီး... နဂိုကတည္းက ပုဂၢလိကသကၤန္းအျဖစ္ မလႉဒါန္းရပါဘူး။ 

လႉဒါန္းခဲ့ရင္ -ပုဂၢလိကသကၤန္းကို သံဃာက ကထိန္ခင္းမယ့္ ရဟန္းကို ေပးလို႔ မရေတာ့တဲ့အတြက္ ကထိန္ခင္းလို႔ မရေတာ့ပါဘူး။ 

သံဃိကသကၤန္းကိုပဲ သံဃာက ကထိန္ခင္းမယ့္ ရဟန္းကို ေပးလို႔ရပါတယ္။


ဒါေၾကာင့္-

 ကထိန္အလႉရွင္ေတြအေနနဲ႕ မိမိတို႔ ၾကည္ညိုတဲ့ ဆရာေတာ္တစ္ပါးပါး၊ ရဟန္းတစ္ပါးပါးကို ကထိန္ သကၤန္း ရေစခ်င္တဲ့စိတ္ လုံး၀ မထားဘဲ ဒီကထိန္သကၤန္းဟာ သံဃာ အားလုံးအတြက္လို႔ပဲ ရည္မွန္းၿပီး သံဃာပိုင္ သံဃိကစစ္စစ္ျဖစ္ေအာင္ လႉဒါန္းၾကရပါမယ္။


အႏွစ္ခ်ဳပ္ၿပီး ျပန္ေျပာရရင္ ... 

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္ (သို႔မဟုတ္) ကထိန္စစ္စစ္ျဖစ္ဖို႔အတြက္-


 ကထိန္သကၤန္းဟာ ...

(၁) မိုးက်သကၤန္း ျဖစ္ရပါမယ္။ 


        ရဟန္းေတာ္ေတြ ကိုယ္တိုင္-          ဘယ္သူ႕ဆီကမွအလႉခံ မထားတဲ့ သကၤန္း၊  ရဟန္းေတာ္ေတြဘက္က- ဘာအရိပ္နိမိတ္မွ မျပရ၊ဘာပရိယာယ္စကားမွ မေျပာရဘဲနဲ႕  အလႉရွင္ေတြဘက္က -  အလိုအေလ်ာက္ လာလႉထားတဲ့သကၤန္းနဲ႕  ကထိန္ခင္း မွ ကထိန္စစ္စစ္ျဖစ္ပါတယ္။     ရဟန္းေတာ္ေတြဘက္က စ, ေျပာလို႔  လႉတဲ့သကၤန္းနဲ႕ ကထိန္ခင္းရင္- ကထိန္စစ္စစ္ မျဖစ္ပါဘူး။



(၂) မသိုးသကၤန္း ျဖစ္ရပါမယ္။ 

       

ဒီေန႕လႉတဲ့ သကၤန္းနဲ႕ ဒီေန႕ ကထိန္ခင္းမွ ~       ကထိန္စစ္ျဖစ္ပါတယ္။ မေန႕က လႉတဲ့သကၤန္းနဲ႕ ဒီေန႕ ကထိန္ခင္းရင္~ ဒီေန႕လႉတဲ့သကၤန္းနဲ႕မနက္ျဖန္မွကထိန္ခင္းရင္~  ကထိန္စစ္စစ္ မျဖစ္ပါဘူး။



(၃) သံဃိကသကၤန္း ျဖစ္ရပါမယ္။ 

သံဃာအားလုံးကို ရည္မွန္းၿပီး~     သံဃာပိုင္အျဖစ္နဲ႕ လႉဒါန္းတဲ့ သံဃိကသကၤန္းနဲ႕  ကထိန္ခင္းမွ ကထိန္စစ္စစ္ျဖစ္ပါတယ္။ 

ကိုယ္ၾကည္ညိုတဲ့ ဆရာေတာ္ကို ရည္မွန္းၿပီး     ကိုယ္ၾကည္ညိုတဲ့ဆရာေတာ္ပဲ ရေစခ်င္တဲ့စိတ္နဲ႕   လႉတဲ့သကၤန္းနဲ႕ ကထိန္ခင္းရင္.... 

   ကထိန္စစ္စစ္ မျဖစ္ပါဘူး။


ေနာက္တစ္ခ်က္ ျဖည့္စြက္ရမယ္ဆိုရင္ေတာ့ -

ကထိန္သကၤန္းဟာ- ကိုယ္ပိုင္သကၤန္း ျဖစ္ရပါမယ္။   ေခတၱခဏ ငွားယူလာတဲ့ သကၤန္း     (အငွားသကၤန္း)နဲ႕ ကထိန္ခင္းရင္-

ကထိန္စစ္စစ္ မျဖစ္ပါဘူး။ 

အမွန္တကယ္ ပိုင္ဆိုင္တဲ့ သကၤန္း(ကိုယ္ပိုင္သကၤန္း)နဲ႕ ကထိန္သကၤန္း လႉတဲ့အခါမ်ိဳးမွာလည္း-ကထိန္ခင္းတဲ့အခိုက္ကေလး ေခတၱခဏငွားတဲ့ သေဘာမ်ိဳးမျဖစ္ေအာင္...   အထူးသတိျပဳရပါမယ္။ 


 #ကထိန္ခင္းခြင့္ရွိတဲ့ကာလ-ကေတာ့ သီတင္းကြၽတ္လျပည့္ေက်ာ္(၁)ရက္ကေန~  တန္ေဆာင္မုန္းလျပည့္ေန႕အထိ....

  တစ္လ(၂၉-ရက္) ျဖစ္ပါတယ္။ 


ဒီတစ္လအတြင္းမွာပဲ-   ကထိန္သကၤန္း လႉခြင့္ ရွိပါတယ္။    ဒီတစ္လအတြင္းမွာ ခင္းမွလည္း-  ကထိန္စစ္စစ္ ျဖစ္ပါတယ္။




ကထိန္ခင္းဖို႔အတြက္- သံဃာက သိမ္ထဲမွာ သကၤန္းေပးတဲ့ ကံျပဳရတဲ့အတြက္.... ကထိန္ကံ ေအာင္ျမင္ဖို႔ အနည္းဆုံးသံဃာ၅ပါး ရွိရပါတယ္။


 ကထိန္သကၤန္းေပးတဲ့ ကံျပဳတဲ့   သံဃာက (၄)ပါး၊   ကထိန္သကၤန္းခံယူသူက (၁)ပါး၊  စုစုေပါင္း(၅)ပါး အနည္းဆုံးရွိမွ....

 ကထိန္ကံ ေအာင္ျမင္ပါတယ္။


သကၤန္းေပးဖို႔အတြက္သာ~ သံဃာလိုတာပါ။ သကၤန္းေပးၿပီးလို႔ ကထိန္ခင္းတဲ့အခါမွာေတာ့~ သံဃာ မလိုပါဘူး။ 


တစ္ပါးတည္း ဝါဆိုတဲ့ေက်ာင္းမွာ-

 တစ္ပါးတည္း ကထိန္ခင္းလည္း ရပါတယ္။ အႏုေမာဒနာျပဳရမယ့္ ရဟန္းတစ္ပါး ေခၚထားၿပီး-ႏွစ္ပါး ကထိန္ခင္းလည္း ရပါတယ္။ 

သကၤန္းေပးတဲ့ သံဃာေတြစုံေနတုန္းမို႔- သံဃာနဲ႕ကထိန္ခင္းလိုက္လည္း ရတာပါပဲ။


ရဟန္းတစ္ပါးခင္းတဲ့ကထိန္ကို ...ဝါဆိုတူ ေက်ာင္းတိုက္အတြင္းက ရဟန္းေတာ္ေတြပဲ~ အႏုေမာဒနာ ျပဳစရာ  လိုပါတယ္။

ကိုရင္သာမေဏေတြကေတာ့~ အႏုေမာဒနာ  ျပဳစရာ မလိုပါဘူး။

ဒါေပမဲ့- တစ္ေက်ာင္းတိုက္တည္း အတူ ဝါဆိုၾကတဲ့ သီတင္းသုံးေဖၚ ဘ၀တူအခ်င္းခ်င္းျဖစ္တဲ့အတြက္ ...ကထိန္အာနိသင္သကၤန္း (ကထိန္ရံသကၤန္း)ေတြကို ကိုရင္ေတြကိုလည္း အညီအမွ် ခြဲေဝေပးရပါမယ္။ 

ကိုရင္ေတြလည္း... အာနိသင္သကၤန္း(ကထိန္ရံသကၤန္း) ရပိုင္ခြင့္ရွိပါတယ္။


တခ်ိဳ႕က ေက်ာင္းဥပစာပရိဝုဏ္အရံအတားတူတဲ့ ေက်ာင္းတိုက္တစ္တိုက္တည္းမွာ -ႏွစ္ေက်ာင္း၊ သုံးေက်ာင္း စသည္ခြဲၿပီး သီျခားစီ ဝါဆိုတတ္ၾကပါတယ္။ 

ေက်ာင္းတိုက္ႀကီးတစ္ခုတည္းမွာ- ဘယ္ႏွစ္ေက်ာင္းပဲ ခြဲဝါဆိုဆို ကထိန္ခင္းရင္ေတာ့... တစ္ေက်ာင္းတိုက္လုံးေပါင္းၿပီး၊

ကထိန္တစ္ခုတည္းပဲ ခင္းရပါမယ္။ ဒါမွ ကထိန္စစ္စစ္ျဖစ္ပါတယ္။


ကထိန္ခင္းၿပီးတဲ့ ေက်ာင္းတိုက္မွာ- ေနာက္ထပ္ လာလႉတဲ့ သံဃိကသကၤန္းေတြကို ကထိန္အာနိသင္ မရတဲ့ တျခားရဟန္းေတာ္လည္း ေဝစု ရေစခ်င္တယ္ဆိုရင္ ...ခင္းၿပီးသား ကထိန္ကို ႏုတ္လိုက္ရပါတယ္။

 

#ကထိန္ႏုတ္တယ္ဆိုတာ- ကထိန္ခင္းျခင္းအမႈ၊ ကထိန္ကံကို ႐ုပ္သိမ္းလိုက္တာပါပဲ။ 

ကထိန္ႏုတ္ၿပီးရင္- ေနာက္ထပ္ ကထိန္တစ္ခု ထပ္ခင္းလို႔ မရေတာ့ပါဘူး။ ထပ္ခင္းရင္လည္း ကထိန္စစ္စစ္ မျဖစ္ေတာ့ပါဘူး။ 

ကထိန္ႏုတ္လိုက္တဲ့အတြက္- ကထိန္အာနိသင္ေတြလည္း ပ်က္ျပယ္သြားပါတယ္။ ကထိန္အာနိသင္ရၿပီးသား ရဟန္းေတာ္ေတြလည္း... ကထိန္အာနိသင္ လုံး၀မရေတာ့ပါဘူး။

သံဃိကလာဘ္လာဘျဖစ္တဲ့ သကၤန္းေတြကို သံဃာအားလုံး ရေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႕သာ ကထိန္ႏုတ္ရတာပါ။ 


ကထိန္သာ မႏုတ္ရင္-

 သံဃိကသကၤန္းေတြကို ၀ါက်ိဳး၀ါျပတ္သူ၊ ဒုတိယဝါဆိုသူ၊ တျခားေက်ာင္းတိုက္ကေန ေနာက္ထပ္ေရာက္လာသူေတြ မရနိုင္ပါဘူး။

 ရခြင့္ မရွိပါဘူး။ ကထိန္ႏုတ္လိုက္တဲ့အတြက္- သံဃာအားလုံး ရခြင့္ရွိသြားပါတယ္။


-စာရိုက္ပူေဇာ္သူ - Admin Team of Young Buddhist's Association

[ဆရာေတာ္အရွင္ဆႏၵာဓိက(ေ႐ႊပါရမီေတာရ)၏...ဂုဏ္ရွိန္ေပါင္းစုတဲ့ ဘုံကထိန္ေကာင္းမႈ    ႏွာ ၅၅- ၈၀မွ- ေကာက္ႏႈတ္ ပူေဇာ္မွ်ေဝပါသည္။]

Tuesday, January 26, 2021

မြန်မာ့အသံ၏ သမိုင်းပုံရိပ်မျာ

မြန်မာ့အသံ၏ သမိုင်းပုံရိပ်များ




#MRTV

#မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

#စိန်ရတုအထိမ်းအမှတ်ဂုဏ်ပြုပွဲ


(ကျွန်တော်တို့ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားလိုင်းတွေ ပေါပေါများများမကြည့်နိုင်သေးခင် ရုပ်မြင်သံကြား Television ပြစက်ရှေ့ ရောက်တာနဲ့ မြန်မာ့ရုပ်မြင်သံကြားကို စမြင်ကြည့်ရှုကြရပြီး ရေဒီယိုဖွင့်တာနဲ့ မြန်မာ့အသံကိုဦးစားပေးနားထောင်ဖြစ်ခဲ့ကြတာ မငြင်း နိုင်တဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်အတွက် အမှန်အကန်၊ အတိအကျ သတင်းတွေကို အတည်ပြုပေးနေတဲ့ ဌာနတစ်ခုလို့ဆိုနိုင်ကြောင်း စိတ်ထဲစွဲမှတ်နေရမယ့်သဘောပါ။ အခုစိန်ရတုကာလမှာ သတင်းတွေ ဆောင်းပါးတွေ အပြိုင်အဆိုင်ရေးသားဖော်ပြနေကြတဲ့အထဲ ဆရာမျိုးသူရ(စစ်ကိုင်း)ရဲ့ မြန်မာ့အသံ၏ သမိုင်းပုံရိပ်များဆောင်းပါးထဲက မှတ်သားဖွယ် အချက်အလက်အချို့ကို ဗဟုသုတရစေဖို့ ပြန်လည်ကူးယူဝေမျှလိုက်ပါတယ်။)


MRTV (Myanma Radio and Television) မြန့်မာ့အသံနှင့် ရုပ်မြင်သံကြား 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၇၅နှစ်မြောက် စိန်ရတုပွဲကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်မှာ ကျင်းပမယ်လို့ သတင်းစကား ကြားရပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလဲ စိန်ရတုအထိမ်းအမှတ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံမှာ သည်လို ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ဘယ်လိုတွေစတင်ဖြစ်ပေါ်လာသလဲဆိုတာ ဗဟုသုတရအောင် သတင်းစာဆောင်းပါးတစ်စောင်က အချက် အလက်အချို့ကိုြပြန်လည်ဖော်ပြပါရစေ။


မြန်မာ့အသံလွှင့်လုပ်ငန်းရယ်လို့ ပီပီပြင်ပြင်မပေါ်သေးခင် ၁၉၃၇ခုနှစ်လောက်က အင်္ဂလိပ်အစိုးရရဲ့ ကြေးနန်းဆက်သွယ်ရေးဌာနက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ဝိုင်ယာလက်ကြေးနန်းဆက်သွယ်ရာမှာ အသုံးပြုတဲ့ မာကိုနီအသံလွှင့်စက်ကိုသုံးပြီး နံနက်ပိုင်း၊ ညနေပိုင်း တွေမှာ စမ်းသပ်အသံလွှင့်ခဲ့ပါတယ်။ အသံလွှင့်စက်နဲ့ အသံလွှင့်ရုံကိုတော့ မင်္ဂလာဒုံမှာထားခဲ့ပါတယ်။


၁၉၃၈ခုနှစ်မှာတော့ ဖီးလစ် (Philip) အမျိုးအစား ၁၀ကီလိုဝပ် အသံလွှင့်စက်တစ်လုံးကို နိုင်ငံခြားကမှာယူခဲ့ပါတယ်။ အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ ပန်းဆိုးတန်း ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ အခန်းတွေပြုပြင်ဖွဲ့စည်းပြီး တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကြိုးမဲ့ ကြေးနန်းဌာနခွဲက စက်ဘက်ဆိုင်ရာဝန်ထမ်းတွေက ဝပ် ၅၀၀အားရှိတဲ့အသံလွှင့်စက်တစ်လုံးကို တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။


၁၉၃၉ခုနှစ် နှယ်လယ်ပိုင်းမှာ နိုင်ငံခြားက မှာယူခဲ့တဲ့ ၁၀ကီလိုဝပ် အသံလွှင့်စက်ရောက်ရှိလာခဲ့သလို ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး ဌာနခွဲ ဝန်ထမ်းတွေ တည်ဆောက်ခဲ့တဲ့ ဝပ် ၅၀၀အား အသံလွှင့်စက်ကလည်း တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၆လမ်းက ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ပြုပြင်တည်ဆောက်ခဲ့တဲ့ အသံလွှင့်ခန်းတွေ၊ အသံထိန်းခန်းတွေကလဲ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အသံလွှင့်ရာမှာ အသုံးပြုရမယ့် စန္ဒရားတွေ၊ တူရိယာပစ္စည်းတွေ၊ မြန်မာသီချင်း ဓာတ်ပြား၊ အင်္ဂလိပ်သီချင်းဓာတ်ပြား၊ ဟိန္ဒူစတန်နီ သီချင်းဓာတ်ပြား အများအပြားဝယ်ယူစုဆောင်းခဲ့ရပါတယ်။ အသံလွှင့်ဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်းတွေရှာဖွေခန့်ထားပြီး မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ကြပါတယ်။


အသံလွှင့်လုပ်ငန်းတွေကို စမ်းသပ်ထုတ်လွှင့်ပြီး ၁၉၃၉ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံတော်အစိုးရအစမ်းအသံလွှင့်ရုံ (Burma State Experimental Broadcasting Service)ေပေါ်ပေါက်လာခဲ့ပါတယ်။


ဖီးလစ်အသံလွှင့်စက်နဲ့ သုံး၊လေးလကြာအောင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး အသံလွှင့်လုပ်ငန်းတွေ အဆင်ပြေလာတာကြောင့် ၁၉၃၉ခုနှစ် အောက်တိုဘာ ၁ ရက် ညနေ ၅နာရီမှာ မြန်မာနိုင်ငံတော်အစိုးရအသံလွှင့်ဌာန (Burma State Broadcasting Service) အသံလွှင့်ရုံသစ် ဖွင့်ပွဲကို ရန်ကုန်မြို့ ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ကျင်းပနိုင်ခဲ့ပါတယ်။


အသံလွှင့်ရုံသစ်ဖွင့်လှစ်ပြီးတဲ့နောက် ယခင်ထုတ်လွှင့်နေကြ အစီအစဉ်တွေသာမကဘဲ ဟောပြောချက်၊ တီးဝိုင်းအဖွဲ့တွေရဲ့ ဖျော်ဖြေမှု၊ ကလေးများအခန်း၊ လူကြီးတွေအတွက် ဥပုသ်နေ့တွေမှာ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တွေရဲ့ တရားဟောပြောမှုအစီအစဉ်တွေ ထည့်သွင်းထုတ်လွှင့်ခဲ့ကြပါတယ်။


“ဟောပြောချက်” အစီအစဉ်မှာ ပညာဝန်ဦးစိန်ရွက်၊ ပညာဝန်ဦးဖိုးကျား၊ ရွှေပြည်ဦးဘတင်၊ သီဟိုဠ်နိုင်ငံ မြန်မာသံအမတ်ကြီးဟောင်း ဦးတင့်၊ ဦးဘဆွေ၊ မြန်အောင်ဦးတင်၊ ဦးထွန်းညို။ ဒေါ်မမခင်တို့က အစဉ်မပြတ် ဟောပြောခဲ့ကြသလို ကလေးများအခန်းအစီအစဉ်ကို တော့ ပညာအုပ် ဒေါ်မြရွှေက တာဝန်ယူစီစဉ်ခဲ့ပါတယ်။


အပတ်စဉ် မှန်မှန် အသံလွှင့်ခဲ့တဲ့ ကာလပေါ်တီးဝိုင်းကတော့ ရွှေပြည်အေးခေါင်းဆောင်တဲ့ အသံလွှင့်ဌာနတူရိယာအဖွဲ့ပါ။ အသံလွှင့်ဌာန တူရိယာအဖွဲ့(Studio Orchestra) ဆိုတာက အသံလွှင့်ဌာနမှာ တစ်ကြိမ်အသံလွှင့်ခ ၁၅ကျပ်ပေးပြီး အမြဲတမ်းငှားရမ်းထားတဲ့အဖွဲ့ဖြစ် ပါတယ်။


အဲဒီကာလက လူကြိုက်များခဲ့တဲ့ တီးဝိုင်းတွေကတော့ အေဝမ်းခင်မောင်တူရိယာအဖွဲ့၊ တက္ကသိုလ်စိုးအဖွဲ့၊ ဂီတာ ဗစောကြည်အဖွဲ့၊ ရွှေတိုင်ညွန့်အဖွဲ့၊ တက္ကသိုလ်မောင်မောင်လှအဖွဲ့၊ ဂီတာစိမ်းမောင်အဖွဲ့၊ အေဝမ်းဖလင်အဖွဲ့တွြေဖြစ်ပါတယ်။


မြန်မာ့အသံလွှင့်ဌာနက သီချင်းကြီးတွေကိုထုတ်လွှင့်ခဲ့ရာမှာ မတင်အုံးအဖွဲ့၊ ကိုအလီအဖွဲ့၊ ဆရာစိုးအဖွဲ့၊ သံလျင်မြဦးနဲ့ စောင်းမောင်ကျော်ငြိမ်းအဖွဲ့၊ မြန်မာညွန့် ဦးညွှန့်မောင်အဖွဲ့တွေဟာ လူကြိုက်များထင်ရှားခဲ့တဲ့ သီချင်းကြီးအဖွဲ့တွေပဲဖြစ်ပါတယ်။


အထူးသဖြင့် မတင်အုံးအဖွဲ့မှာ အစ်ကိုဖြစ်တဲ့ စောင်း ဦးဘသန်း၊ ညီမတွေဖြစ်တဲ့ စန္ဒရားမစိန်ရီ၊ တယော မခင်စောတို့မိသားစု တက်ညီလက်ညီပါဝင်တီးမှုတ်ကြတဲ့အတွက် လူကြိုက်များလှပါတယ်။


ပရိသတ်အကြိုက်အစီအစဉ်တစ်ခုကတော့ ဘောလုံးပွဲတိုက်ရိုက်အသံလွှင့်အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့မှာရှိတဲ့ ဘီအေအေ ဘောလုံးကွင်း(ယခုအောင်ဆန်းကွင်း)မှာ ရှုံးထွက်ကစားရတဲ့ ဝေါလတာလေ့ဒိုင်း ဘောလုံးဗိုလ်လုပွဲဟာ စိတ်ဝင်တစား အားပေးကြသူများတဲ့အတွက် ဘီအေအေအသင်းအတွင်းရေးမှူး မစ္စတာဘင်ရှက်ဒရက်နဲ့ ညှိနှိုင်းပြီး နောက်ဆုံးဗိုလ်လုပွဲဘောလုံးသတင်း ကို တိုက်ရိုက်အသံလွှင့်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသံလွှင့်ခဲ့သူကတော့ သမာဓိသတင်းစာ၊ အယ်ဒီတာချုပ် ဦးအမ်ဘိုးချိန်ဖြစ်ပါတယ်။ မြန်မာ့ဘောလုံးပွဲသတင်းကို ပထမဦးဆုံး ကြေငြာသူအဖြစ် ဦးအမ်ဘိုးချိန်ကို မှတ်တမ်းတင်ရမှာပါ။


၁၉၄၁ခုနှစ် ဒီဇင်ဘာလထိ အသံလွှင့်ရုံကို ဦးထွန်းညို၊ ဦးတင့်ဆွေ၊ ရွှေပြည် ဦးတင်၊ ဦးတုမောင်နဲ့ သူကြီးဂေဇက် ဦးခင်မောင်စတဲ့ ပုဂ္ဂိုလ်တွေက အသံကြီးကြပ်အုပ်ချုပ်ပေးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလအထိပေါ့။


၁၉၄၁ခုနှစ် ဒီဇင်ဘာ ၈ရက်မှာ အင်္ဂလိပ်နဲ့ အမေရိကန်တို့က ဂျပန်နိုင်ငံကို စစ်ကြေငြာလိုက်ပါတယ်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၃ရက်မှာ ဂျပန်လေယာဉ်ပျံတွေက ရန်ကုန်မြို့ကို စတင်ဗုံးကြဲတော့ အသံလွှင့်ရုံရှိနေတဲ့ ဗဟိုကြေးနန်းရုံးကြီးအရှေ့ဘက် ပန်းဆိုးတန်းလမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အသံလွှင့်ရုံကတော့ မထိခိုက်မပျက်စီးခဲ့ပါဘူး။ အဲဒီနောက်ရက်တွေမှာ ဂျပန်လေယာဉ်တွေမကြာခဏ ဗုံးကြဲလာတာကြောင့် ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်ဝန်းကျင်မှာ အသံလွှင့်ရုံစက်ဘက်ဝန်ထမ်းတချို့ဟာ စက်ပစ္စည်းတချို့နဲ့ အင်္ဂလိပ်၊ မြန်မာသီချင်းဓာတ်ပြားတွေကို သယ်ဆောင်ပြီး ရန်ကုန်မြို့ကနေ မေမြို့ကို မော်တော်ကားနဲ့ထွက်ခွာခဲ့ရပါတော့တယ်။ 


၁၉၄၂ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်မှာတော့ ရန်ကုန်အသံလွှင့်ရုံမှာ ကျန်ရစ်ခဲ့တဲ့စက်ဘက်ဝန်ထမ်းတချို့နဲ့ အလုပ်လုပ်ကိုင်လိုသူတွေကို ရ န်ကုန်အသံလွှင့်ရုံကိုပိတ်ပြီး မေမြို့ကိုလိုက်လာခဲ့ကြဖို့ ညွှန်ကြားချက်ရရှိတာကြောင့် မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို မေမြို့ကို အပြီးေြပြောင်းရွှေ့ခဲ့ရပါတယ်။


မေမြို့မှာအခြေတည်ပြီး မြန်မာဘာသာသတင်းနဲ့ တေးဂီတအစီအစဉ်တွေကို အလျဉ်းသင့်သလိုစီစဉ်ပြီး ဆက်လက်အသံလွှင့်ခဲ့ပါတယ်။ မေမြို့မှာ နှစ်လလောက်ကြာချိန် ၁၉၄၂ခုနှစ် ဧပြီလမှာ ဂျပန်လေယာဉ်တွေရောက်လာပြီး မန္တလေးမြို့နဲ့ မေမြို့ကို ဗုံးကြဲတိုက်ခိုက်ကြ ပါတော့တယ်။ ဂျပန်ခြေလျင်တပ်တွေကလည်း လားရှိုးဘက်က ဗမာ့တပ်မတော်နဲ့ပူးပေါင်းပြီး မေမြို့ကိုချီတက်လာချိန်မှာတော့ မေမြို့က အသံလွှင့်ရုံကို ပိတ်ပစ်ရပါတော့တယ်။


၁၉၄၂ခုနှစ် ဧပြီလကုန်လောက်မှာတော့ မေမြို့က အသံလွှင့်နေခဲ့တဲ့ မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို အပြီးတိုင်ပိတ်သိမ်းခဲ့ရ ပါတော့တယ်။ ဂျပန်စစ်အစိုးရက ဂျပန်ခေတ်မှာ အသံလွှင့်လုပ်ငန်းကို ဝါဒဖြန့်ချိရေးအတွက်အသုံးပြုဖို့ ပြန်လည်စီစဉ်ခဲ့ပါတယ်။ ဂျပန်တို့က တစ်ကီလိုဝပ် ဂျပန်နိုင်ငံလုပ်အသံလွှင့်စက်ကို ကမ္ဘာအေးဘုရားနားက ရေကူးမှာတပ်ဆင်ပြီး အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ အမှတ် (၄၇) ဖိုက်ချ်လမ်းမှာ တည်ဆောက်ခဲ့ကြတယ်။


၁၉၄၂ သြဂုတ်လထဲမှာ ဖိုက်ချ်လမ်းအသံလွှင့်ရုံက ၂၆၃မီတာကိုအသုံးပြုပြီး ညနေ ၅နာရီ မိနစ် ၃၀မှ ည ၉နာရီထိ မြန်မာဘာသာနဲ့ အသံလွှင့်အစီအစဉ်တွေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဂျပန်ခေတ် အသံလွှင့်အစီအစဉ်တွေမှာ သတင်းတွေ၊ သတင်းဝေဖန်ချက်တွေ၊ ဟောပြောချက်တွေ၊ သီချင်းဓာတ်ပြားတွေအပြင် ကာလပေါ်တီးဝိုင်း၊ သီချင်းကြီးတီးဝိုင်းတွေပါ ပါဝင်အသံလွှင့်ခဲ့ကြပါတယ်။


၁၉၄၂ခုနှစ် နိုဝင်ဘာလမှာ ဂျပန်လုပ် ၁၀ကီလိုဝပ်အားရှိ လှိုင်းလတ်အသံလွှင့်စက်တစ်လုံး၊ ငါးကီလိုဝပ်အားရှိ မာကိုနီအမျိုးအစား လှိုင်းတိုအသံလွှင့်စက်တစ်လုံး၊ နောက်ထပ် ငါးကီလိုဝပ်အားရှိ လှိုင်းတိုအသံလွှင့်စက်တစ်လုံးကို အသုံးပြုပြီး နိုင်ငံခြားတိုင်းပြည်တွေ ကိုပါ အသံလွှင့်နိုင်စေဖို့ တံတားလေးစိတ္တဇဆေးရုံနေရာမှာ အသံလွှင့်ရုံအသစ် တည်ဆောက်ခဲ့ကြပါတယ်။ ဖိုက်ချ်လမ်းမှာရှိတဲ့ အသံလွှင့်ရုံကိုလဲ နေရာပိုကျယ်တဲ့ ချင်းချောင်းနန်းတော်ကိုပြောင်းရွှေ့ခဲ့ပါတယ်။


အဲဒီကာလက အသံလွှင့်အစီအစဉ်စတင်တဲ့အချိန်မှာ “ ရန်ကုန်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာအသံလွှင့်ဌာနမှ ၂၅မီတာနှင့် လှိုင်းလတ် ၂၆၀မီတာတို့မှ အသံလွှင့်နေပါသည်..” ဆိုတဲ့ကြေငြာချက်ကို စတင်ထုတ်လွှင့်တတ်တာကြောင့် ဂျပန်ခေတ်မြန်မာ့အသံလွှင့်လုပ်ငန်း အသံလွှင့်ရုံကို “မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန” လို့အမည်ပေးထားခဲ့တယ်လို့ သိရပါတယ်။


၁၉၄၃ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ချင်းချောင်းနန်းတော်အသံလွှင့်ရုံမှ မြန်မာဘာသာအစီအစဉ်တွေသာမက အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ ဟိန္ဒူဘာသာ၊ဘင်္ဂါလီဘာသာ၊ တမီးလ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ပါ တိုးချဲ့အသံလွှင့်နိုင်ခဲ့ပါတယ်။


ဂျပန်ခေတ်မှာ အမှတ်တရဖြစ်စရာကောင်းတဲ့ တိုက်ရိုက်အသံလွှင့်ခဲ့ရတာကတော့ ၁၉၄၃ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့ ကန်တော်ကြီး (အလယ်ကျွန်း)မှာကျင်းပတဲ့ ဒေါက်တာဘမော်ကို အောင်လံနဲ့ အောင်မြေ အပ်နှင်းတဲ့အခမ်းအနား။ ၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက် ရန်ကုန်မြို့ အစိုးရအိမ်တော်မှာကျင်းပတဲ့ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးကြေငြာတဲ့အခမ်းအနားနဲ့ ၁၉၄၅ခုနှစ် မတ် ၁၇ရက်မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဘက် (ယခုတော်လှန်ရေးပန်းခြံ)မှာပြုလုပ်တဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ စစ်ထွက်အခမ်းအနားတွေဖြစ်ပါတယ်။


၁၉၄၅ခုနှစ် မတ်လကစပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တော်လှန်ရေးကြီးစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက် က မဟာမိတ်တပ်တွေလဲ ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။ ၁၉၄၅ခုနှစ် ဧပြီ ၂၂ရက်မှာတော့ ဂျပန်စစ်တပ်တွေ ရန်ကုန်မြို့က နောက်ဆုံးထွက်ခွာခဲ့သလို ဂျပန်ခေတ်က အသံလွှင့်လုပ်ငန်းကလဲ လုံးဝဇာတ်သိမ်းခဲ့ရပါတော့တယ်။ ၁၉၄၅ခုနှစ် မေလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်စစ်တပ်တွေနဲ့အတူ အရှေ့အာရှတောင်ပိုင်းစစ်ဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနခွဲက လိုက်ပါလာပြီး ၇ဒသမ၅ကီလိုဝပ်လှိုင်းတိုမာကိုနီ အသံလွှင့်စက်နှစ်လုံး၊ ငါးကီလိုဝပ်လှိုင်းလတ်အသံလွှင့်စက်တွေနဲ့ ရန်ကုန်ရေဒီယို (Rangoon Radio) လို့ခေါ်တဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ပါတယ်။


အဲဒီကတစ်ဆင့် ၁၉၄၆ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည်အသစ်နဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းရဲ့ ဗမာ့အသံကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၈ခုနှစ် နိုဝင်ဘာလ ၂၈ ရက်ကစပြီး “ဗမာ့အသံ” မှ “မြန်မာ့အသံ” အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာတော့ ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့ အသံလွှင့်ရုံ သစ်ကြီးမှာ ပြောင်းရွှေ့အသံလွှင့်ခဲ့တယ်။ ၁၉၇၁ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာ့အသံ ၂၅နှစ်မြောက် ငွေရတုသဘင်ပွဲကို မြန်မာ့အသံမြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ၁၉၇၂ခုနှစ် မတ် ၁၆ရက်မှာတော့ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအမည် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်ကစပြီး ရောင်စုံမြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ 


၁၉၉၁ခုနှစ် ဇန်နဝါရီ ၂၄ရက်မှာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည်ပြောင်းခဲ့ပြီး ၁၉၉၇ခုနှစ် နိုဝင်ဘာ ၂၂ရက်မှာ “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” [Myanma Radio and Television (MRTV)] အဖြစ်ပြောင်းလဲခဲ့ပါတယ်။ 


မြန်မာ့အသံနဲ့ပတ်သက်ပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအကြောင်းကို မြန်မာ့အသံ ဦးကျော်ညိန်း(မာတလိ)က “နှစ် ၃၀ မြန်မာ့အသံ” ဆိုတဲ့ မှတ်တမ်းစာအုပ်ေရေးသားပြုစုခဲ့ဖူးတယ်။


မြန်မာ့အသံဦးသိန်းဟန်ကလည်း “ထူးချွန်ထင်ရှား လေလှိုင်းအသံရှင်များ” ဆိုတဲ့ မှတ်တမ်းစာအုပ်ရေးသားပြီး မြန်မာ့အသံရဲ့သမိုင်းခရီး အတွေ့အကြုံတွေ မျှဝေပေးခဲ့ပါတယ်။


၂၀၀၆ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်းမှာလဲ ဗမာ့အသံရဲ့သမိုင်းကြောင်းတွေ ဖတ်ရမှတ်ရပါတယ်။


မြန်မာ့အသံရဲ့ ၇၅နှစ်မြောက် စိန်ရတုမှသည် နောင်နှစ်ပေါင်းများစွာထိ မြန်မာနိုင်ငံအတွက် မြန်မာမှု၊ မြန်မာ့ဟန်၊ “မြန်မာ့အသံ” တွေကို ကာလများစွာ နှစ်ပေါင်းထောင်သောင်းမက လေလှိုင်းပေါ်မှာ လွင့်ပျံနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ကိုးကား -

ဦးကျော်ညိန်း(မာတလိ) - နှစ် ၃၀ မြန်မာ့အသံ၊ 


မြန်မာ့အသံ သိန်းဟန် - ထူးချွန်ထင်ရှားလေလှိုင်းအသံရှင်များ


နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်း ၂၀၀၆ 


*** ယခုလက်ရှိမှာတော့ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလွှင့်ရုံကို အဓိကထားကာ မြန်မာပြည်တဝှမ်းအား ထုတ်လွှင့်နေပါကြောင်း။


(Zawgyi) 

ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ား




#MRTV

#ျမန္မာ့အသံႏွင့္ရုပ္ျမင္သံၾကား

#စိန္ရတုအထိမ္းအမွတ္ဂုဏ္ျပဳပြဲ


(ကၽြန္ေတာ္တို႔ငယ္စဥ္ကတည္းက ရုပ္ျမင္သံၾကားလိုင္းေတြ ေပါေပါမ်ားမ်ားမၾကည့္ႏိုင္ေသးခင္ ရုပ္ျမင္သံၾကား Television ျပစက္ေရွ႕ ေရာက္တာနဲ႔ ျမန္မာ့ရုပ္ျမင္သံၾကားကို စျမင္ၾကည့္ရႈၾကရျပီး ေရဒီယိုဖြင့္တာနဲ႔ ျမန္မာ့အသံကိုဦးစားေပးနားေထာင္ျဖစ္ခဲ့ၾကတာ မျငင္း နိုင္တဲ့အမွန္တရားတစ္ခုျဖစ္ပါတယ္။ ျပန္ၾကားေပးရန္၊ ေဖ်ာ္ေျဖေပးရန္၊ ပညာေပးရန္အတြက္ အမွန္အကန္၊ အတိအက် သတင္းေတြကို အတည္ျပဳေပးေနတဲ့ ဌာနတစ္ခုလို႔ဆိုႏိုင္ေၾကာင္း စိတ္ထဲစြဲမွတ္ေနရမယ့္သေဘာပါ။ အခုစိန္ရတုကာလမွာ သတင္းေတြ ေဆာင္းပါးေတြ အျပိဳင္အဆိုင္ေရးသားေဖာ္ျပေနၾကတဲ့အထဲ ဆရာမ်ိဳးသူရ(စစ္ကိုင္း)ရဲ႕ ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ားေဆာင္းပါးထဲက မွတ္သားဖြယ္ အခ်က္အလက္အခ်ိဳ႕ကို ဗဟုသုတရေစဖို႔ ျပန္လည္ကူးယူေ၀မွ်လိုက္ပါတယ္။)


MRTV (Myanma Radio and Television) ျမန္႔မာ့အသံႏွင့္ ရုပ္ျမင္သံၾကား 


ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား ၇၅ႏွစ္ေျမာက္ စိန္ရတုပြဲကို ၂၀၂၁ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၅ရက္မွာ က်င္းပမယ္လို႔ သတင္းစကား ၾကားရပါတယ္။ ျမန္မာ့ရုပ္ျမင္သံၾကားကလဲ စိန္ရတုအထိမ္းအမွတ္အစီအစဥ္ေတြကို ထုတ္လႊင့္ေပးေနပါျပီ။ ျမန္မာႏိုင္ငံမွာ သည္လို ခိုင္ခိုင္မာမာရပ္တည္ႏိုင္ဖို႔ ဘယ္လိုေတြစတင္ျဖစ္ေပၚလာသလဲဆိုတာ ဗဟုသုတရေအာင္ သတင္းစာေဆာင္းပါးတစ္ေစာင္က အခ်က္ အလက္အခ်ိဳ႕ကိုျျပန္လည္ေဖာ္ျပပါရေစ။


ျမန္မာ့အသံလႊင့္လုပ္ငန္းရယ္လို႔ ပီပီျပင္ျပင္မေပၚေသးခင္ ၁၉၃၇ခုႏွစ္ေလာက္က အဂၤလိပ္အစိုးရရဲ႕ ေၾကးနန္းဆက္သြယ္ေရးဌာနက ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံကို ၀ိုင္ယာလက္ေၾကးနန္းဆက္သြယ္ရာမွာ အသံုးျပဳတဲ့ မာကိုနီအသံလႊင့္စက္ကိုသံုးျပီး နံနက္ပိုင္း၊ ညေနပိုင္း ေတြမွာ စမ္းသပ္အသံလႊင့္ခဲ့ပါတယ္။ အသံလႊင့္စက္နဲ႔ အသံလႊင့္ရံုကိုေတာ့ မဂၤလာဒံုမွာထားခဲ့ပါတယ္။


၁၉၃၈ခုႏွစ္မွာေတာ့ ဖီးလစ္ (Philip) အမ်ိဳးအစား ၁၀ကီလို၀ပ္ အသံလႊင့္စက္တစ္လံုးကို ႏိုင္ငံျခားကမွာယူခဲ့ပါတယ္။ အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ ပန္းဆိုးတန္း ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ အခန္းေတြျပဳျပင္ဖြဲ႔စည္းျပီး တည္ေဆာက္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ ၾကိဳးမဲ့ ေၾကးနန္းဌာနခြဲက စက္ဘက္ဆိုင္ရာ၀န္ထမ္းေတြက ၀ပ္ ၅၀၀အားရွိတဲ့အသံလႊင့္စက္တစ္လံုးကို တည္ေဆာက္ေနတဲ့အခ်ိန္ျဖစ္တယ္။


၁၉၃၉ခုႏွစ္ ႏွယ္လယ္ပိုင္းမွာ ႏိုင္ငံျခားက မွာယူခဲ့တဲ့ ၁၀ကီလို၀ပ္ အသံလႊင့္စက္ေရာက္ရွိလာခဲ့သလို ၾကိဳးမဲ့ေၾကးနန္းဆက္သြယ္ေရး ဌာနခြဲ ၀န္ထမ္းေတြ တည္ေဆာက္ခဲ့တဲ့ ၀ပ္ ၅၀၀အား အသံလႊင့္စက္ကလည္း တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ ရန္ကုန္ျမိဳ႕ ၃၆လမ္းက ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ ျပဳျပင္တည္ေဆာက္ခဲ့တဲ့ အသံလႊင့္ခန္းေတြ၊ အသံထိန္းခန္းေတြကလဲ တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ အသံလႊင့္ရာမွာ အသံုးျပဳရမယ့္ စႏၵရားေတြ၊ တူရိယာပစၥည္းေတြ၊ ျမန္မာသီခ်င္း ဓာတ္ျပား၊ အဂၤလိပ္သီခ်င္းဓာတ္ျပား၊ ဟိႏၵဴစတန္နီ သီခ်င္းဓာတ္ျပား အမ်ားအျပား၀ယ္ယူစုေဆာင္းခဲ့ရပါတယ္။ အသံလႊင့္ဆိုင္ရာလုပ္ငန္းေတြလုပ္ဖို႔ ၀န္ထမ္းေတြရွာေဖြခန္႔ထားျပီး ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ၾကပါတယ္။


အသံလႊင့္လုပ္ငန္းေတြကို စမ္းသပ္ထုတ္လႊင့္ျပီး ၁၉၃၉ခုႏွစ္ ဇြန္လမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအစမ္းအသံလႊင့္ရံု (Burma State Experimental Broadcasting Service)ေေပၚေပါက္လာခဲ့ပါတယ္။


ဖီးလစ္အသံလႊင့္စက္နဲ႔ သံုး၊ေလးလၾကာေအာင္ စမ္းသပ္ထုတ္လႊင့္ခဲ့ျပီး အသံလႊင့္လုပ္ငန္းေတြ အဆင္ေျပလာတာေၾကာင့္ ၁၉၃၉ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ ညေန ၅နာရီမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအသံလႊင့္ဌာန (Burma State Broadcasting Service) အသံလႊင့္ရံုသစ္ ဖြင့္ပြဲကို ရန္ကုန္ျမိဳ႕ ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ က်င္းပႏိုင္ခဲ့ပါတယ္။


အသံလႊင့္ရံုသစ္ဖြင့္လွစ္ျပီးတဲ့ေနာက္ ယခင္ထုတ္လႊင့္ေနၾက အစီအစဥ္ေတြသာမကဘဲ ေဟာေျပာခ်က္၊ တီး၀ိုင္းအဖြဲ႕ေတြရဲ႕ ေဖ်ာ္ေျဖမႈ၊ ကေလးမ်ားအခန္း၊ လူၾကီးေတြအတြက္ ဥပုသ္ေန႔ေတြမွာ ႏိုင္ငံေက်ာ္ဓမၼကထိကဆရာေတာ္ေတြရဲ႕ တရားေဟာေျပာမႈအစီအစဥ္ေတြ ထည့္သြင္းထုတ္လႊင့္ခဲ့ၾကပါတယ္။


“ေဟာေျပာခ်က္” အစီအစဥ္မွာ ပညာ၀န္ဦးစိန္ရြက္၊ ပညာ၀န္ဦးဖိုးက်ား၊ ေရႊျပည္ဦးဘတင္၊ သီဟိုဠ္ႏိုင္ငံ ျမန္မာသံအမတ္ၾကီးေဟာင္း ဦးတင့္၊ ဦးဘေဆြ၊ ျမန္ေအာင္ဦးတင္၊ ဦးထြန္းညိဳ။ ေဒၚမမခင္တို႔က အစဥ္မျပတ္ ေဟာေျပာခဲ့ၾကသလို ကေလးမ်ားအခန္းအစီအစဥ္ကို ေတာ့ ပညာအုပ္ ေဒၚျမေရႊက တာ၀န္ယူစီစဥ္ခဲ့ပါတယ္။


အပတ္စဥ္ မွန္မွန္ အသံလႊင့္ခဲ့တဲ့ ကာလေပၚတီး၀ိုင္းကေတာ့ ေရႊျပည္ေအးေခါင္းေဆာင္တဲ့ အသံလႊင့္ဌာနတူရိယာအဖြဲ႔ပါ။ အသံလႊင့္ဌာန တူရိယာအဖြဲ႔(Studio Orchestra) ဆိုတာက အသံလႊင့္ဌာနမွာ တစ္ၾကိမ္အသံလႊင့္ခ ၁၅က်ပ္ေပးျပီး အျမဲတမ္းငွားရမ္းထားတဲ့အဖြဲ႔ျဖစ္ ပါတယ္။


အဲဒီကာလက လူၾကိဳက္မ်ားခဲ့တဲ့ တီး၀ိုင္းေတြကေတာ့ ေအ၀မ္းခင္ေမာင္တူရိယာအဖြဲ႔၊ တကၠသိုလ္စိုးအဖြဲ႔၊ ဂီတာ ဗေစာၾကည္အဖြဲ႔၊ ေရႊတိုင္ညြန္႔အဖြဲ႔၊ တကၠသိုလ္ေမာင္ေမာင္လွအဖြဲ႔၊ ဂီတာစိမ္းေမာင္အဖြဲ႔၊ ေအ၀မ္းဖလင္အဖြဲ႔ေတြျျဖစ္ပါတယ္။


ျမန္မာ့အသံလႊင့္ဌာနက သီခ်င္းၾကီးေတြကိုထုတ္လႊင့္ခဲ့ရာမွာ မတင္အံုးအဖြဲ႔၊ ကိုအလီအဖြဲ႔၊ ဆရာစိုးအဖြဲ႔၊ သံလ်င္ျမဦးနဲ႔ ေစာင္းေမာင္ေက်ာ္ျငိမ္းအဖြဲ႔၊ ျမန္မာညြန္႔ ဦးညႊန္႔ေမာင္အဖြဲ႔ေတြဟာ လူၾကိဳက္မ်ားထင္ရွားခဲ့တဲ့ သီခ်င္းၾကီးအဖြဲ႔ေတြပဲျဖစ္ပါတယ္။


အထူးသျဖင့္ မတင္အံုးအဖြဲ႔မွာ အစ္ကိုျဖစ္တဲ့ ေစာင္း ဦးဘသန္း၊ ညီမေတြျဖစ္တဲ့ စႏၵရားမစိန္ရီ၊ တေယာ မခင္ေစာတို႔မိသားစု တက္ညီလက္ညီပါ၀င္တီးမႈတ္ၾကတဲ့အတြက္ လူၾကိဳက္မ်ားလွပါတယ္။


ပရိသတ္အၾကိဳက္အစီအစဥ္တစ္ခုကေတာ့ ေဘာလံုးပြဲတိုက္ရိုက္အသံလႊင့္အစီအစဥ္ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ရန္ကုန္ျမိဳ႕မွာရွိတဲ့ ဘီေအေအ ေဘာလံုးကြင္း(ယခုေအာင္ဆန္းကြင္း)မွာ ရႈံးထြက္ကစားရတဲ့ ေ၀ါလတာေလ့ဒိုင္း ေဘာလံုးဗိုလ္လုပြဲဟာ စိတ္၀င္တစား အားေပးၾကသူမ်ားတဲ့အတြက္ ဘီေအေအအသင္းအတြင္းေရးမွဴး မစၥတာဘင္ရွက္ဒရက္နဲ႔ ညွိႏႈိင္းျပီး ေနာက္ဆံုးဗိုလ္လုပြဲေဘာလံုးသတင္း ကို တိုက္ရိုက္အသံလႊင့္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ အသံလႊင့္ခဲ့သူကေတာ့ သမာဓိသတင္းစာ၊ အယ္ဒီတာခ်ဳပ္ ဦးအမ္ဘိုးခ်ိန္ျဖစ္ပါတယ္။ ျမန္မာ့ေဘာလံုးပြဲသတင္းကို ပထမဦးဆံုး ေၾကျငာသူအျဖစ္ ဦးအမ္ဘိုးခ်ိန္ကို မွတ္တမ္းတင္ရမွာပါ။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာလထိ အသံလႊင့္ရံုကို ဦးထြန္းညိဳ၊ ဦးတင့္ေဆြ၊ ေရႊျပည္ ဦးတင္၊ ဦးတုေမာင္နဲ႔ သူၾကီးေဂဇက္ ဦးခင္ေမာင္စတဲ့ ပုဂၢိဳလ္ေတြက အသံၾကီးၾကပ္အုပ္ခ်ဳပ္ေပးခဲ့ၾကပါတယ္။ ဒုတိယကမၻာစစ္ၾကီး မျဖစ္မီကာလအထိေပါ့။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၈ရက္မွာ အဂၤလိပ္နဲ႔ အေမရိကန္တို႔က ဂ်ပန္ႏိုင္ငံကို စစ္ေၾကျငာလိုက္ပါတယ္။ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၂၃ရက္မွာ ဂ်ပန္ေလယာဥ္ပ်ံေတြက ရန္ကုန္ျမိဳ႕ကို စတင္ဗံုးၾကဲေတာ့ အသံလႊင့္ရံုရွိေနတဲ့ ဗဟိုေၾကးနန္းရံုးၾကီးအေရွ႕ဘက္ ပန္းဆိုးတန္းလမ္းေပၚမွာ က်ေရာက္ေပါက္ကြဲခဲ့ေပမယ့္ အသံလႊင့္ရံုကေတာ့ မထိခိုက္မပ်က္စီးခဲ့ပါဘူး။ အဲဒီေနာက္ရက္ေတြမွာ ဂ်ပန္ေလယာဥ္ေတြမၾကာခဏ ဗံုးၾကဲလာတာေၾကာင့္ ၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ရက္၀န္းက်င္မွာ အသံလႊင့္ရံုစက္ဘက္၀န္ထမ္းတခ်ိဳ႕ဟာ စက္ပစၥည္းတခ်ိဳ႕နဲ႔ အဂၤလိပ္၊ ျမန္မာသီခ်င္းဓာတ္ျပားေတြကို သယ္ေဆာင္ျပီး ရန္ကုန္ျမိဳ႕ကေန ေမျမိဳ႕ကို ေမာ္ေတာ္ကားနဲ႔ထြက္ခြာခဲ့ရပါေတာ့တယ္။ 


၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီ ၂၅ရက္မွာေတာ့ ရန္ကုန္အသံလႊင့္ရံုမွာ က်န္ရစ္ခဲ့တဲ့စက္ဘက္၀န္ထမ္းတခ်ိဳ႕နဲ႔ အလုပ္လုပ္ကိုင္လုိသူေတြကို ရ န္ကုန္အသံလႊင့္ရံုကိုပိတ္ျပီး ေမျမိဳ႕ကိုလိုက္လာခဲ့ၾကဖို႔ ညႊန္ၾကားခ်က္ရရွိတာေၾကာင့္ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို ေမျမိဳ႕ကို အျပီးေျေျပာင္းေရႊ႕ခဲ့ရပါတယ္။


ေမျမိဳ႕မွာအေျခတည္ျပီး ျမန္မာဘာသာသတင္းနဲ႔ ေတးဂီတအစီအစဥ္ေတြကို အလ်ဥ္းသင့္သလိုစီစဥ္ျပီး ဆက္လက္အသံလႊင့္ခဲ့ပါတယ္။ ေမျမိဳ႕မွာ ႏွစ္လေလာက္ၾကာခ်ိန္ ၁၉၄၂ခုႏွစ္ ဧျပီလမွာ ဂ်ပန္ေလယာဥ္ေတြေရာက္လာျပီး မႏၱေလးျမိဳ႕နဲ႔ ေမျမိဳ႕ကို ဗံုးၾကဲတိုက္ခိုက္ၾက ပါေတာ့တယ္။ ဂ်ပန္ေျခလ်င္တပ္ေတြကလည္း လားရႈိးဘက္က ဗမာ့တပ္မေတာ္နဲ႔ပူးေပါင္းျပီး ေမျမိဳ႕ကိုခ်ီတက္လာခ်ိန္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ရံုကို ပိတ္ပစ္ရပါေတာ့တယ္။


၁၉၄၂ခုႏွစ္ ဧျပီလကုန္ေလာက္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ေနခဲ့တဲ့ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို အျပီးတိုင္ပိတ္သိမ္းခဲ့ရ ပါေတာ့တယ္။ ဂ်ပန္စစ္အစိုးရက ဂ်ပန္ေခတ္မွာ အသံလႊင့္လုပ္ငန္းကို ၀ါဒျဖန္႔ခ်ိေရးအတြက္အသံုးျပဳဖို႔ ျပန္လည္စီစဥ္ခဲ့ပါတယ္။ ဂ်ပန္တို႔က တစ္ကီလို၀ပ္ ဂ်ပန္ႏိုင္ငံလုပ္အသံလႊင့္စက္ကို ကမၻာေအးဘုရားနားက ေရကူးမွာတပ္ဆင္ျပီး အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ အမွတ္ (၄၇) ဖိုက္ခ်္လမ္းမွာ တည္ေဆာက္ခဲ့ၾကတယ္။


၁၉၄၂ ၾသဂုတ္လထဲမွာ ဖိုက္ခ်္လမ္းအသံလႊင့္ရံုက ၂၆၃မီတာကိုအသံုးျပဳျပီး ညေန ၅နာရီ မိနစ္ ၃၀မွ ည ၉နာရီထိ ျမန္မာဘာသာနဲ႔ အသံလႊင့္အစီအစဥ္ေတြ စတင္ထုတ္လႊင့္ခဲ့ပါတယ္။ ဂ်ပန္ေခတ္ အသံလႊင့္အစီအစဥ္ေတြမွာ သတင္းေတြ၊ သတင္းေ၀ဖန္ခ်က္ေတြ၊ ေဟာေျပာခ်က္ေတြ၊ သီခ်င္းဓာတ္ျပားေတြအျပင္ ကာလေပၚတီး၀ိုင္း၊ သီခ်င္းၾကီးတီး၀ိုင္းေတြပါ ပါ၀င္အသံလႊင့္ခဲ့ၾကပါတယ္။


၁၉၄၂ခုႏွစ္ ႏို၀င္ဘာလမွာ ဂ်ပန္လုပ္ ၁၀ကီလို၀ပ္အားရွိ လႈိင္းလတ္အသံလႊင့္စက္တစ္လံုး၊ ငါးကီလို၀ပ္အားရွိ မာကိုနီအမ်ိဳးအစား လႈိင္းတိုအသံလႊင့္စက္တစ္လံုး၊ ေနာက္ထပ္ ငါးကီလို၀ပ္အားရွိ လႈိင္းတိုအသံလႊင့္စက္တစ္လံုးကို အသံုးျပဳျပီး ႏိုင္ငံျခားတိုင္းျပည္ေတြ ကိုပါ အသံလႊင့္ႏိုင္ေစဖို႔ တံတားေလးစိတၱဇေဆးရံုေနရာမွာ အသံလႊင့္ရံုအသစ္ တည္ေဆာက္ခဲ့ၾကပါတယ္။ ဖိုက္ခ်္လမ္းမွာရွိတဲ့ အသံလႊင့္ရံုကိုလဲ ေနရာပိုက်ယ္တဲ့ ခ်င္းေခ်ာင္းနန္းေတာ္ကိုေျပာင္းေရႊ႕ခဲ့ပါတယ္။


အဲဒီကာလက အသံလႊင့္အစီအစဥ္စတင္တဲ့အခ်ိန္မွာ “ ရန္ကုန္ျမိဳ႕ ျမန္မာႏိုင္ငံလံုးဆိုင္ရာအသံလႊင့္ဌာနမွ ၂၅မီတာႏွင့္ လိႈင္းလတ္ ၂၆၀မီတာတို႔မွ အသံလႊင့္ေနပါသည္..” ဆိုတဲ့ေၾကျငာခ်က္ကို စတင္ထုတ္လႊင့္တတ္တာေၾကာင့္ ဂ်ပန္ေခတ္ျမန္မာ့အသံလႊင့္လုပ္ငန္း အသံလႊင့္ရံုကို “ျမန္မာႏိုင္ငံလံုးဆိုင္ရာ အသံလႊင့္ဌာန” လို႔အမည္ေပးထားခဲ့တယ္လို႔ သိရပါတယ္။


၁၉၄၃ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ျပီး ခ်င္းေခ်ာင္းနန္းေတာ္အသံလႊင့္ရံုမွ ျမန္မာဘာသာအစီအစဥ္ေတြသာမက အဂၤလိပ္ဘာသာ၊ ဂ်ပန္ဘာသာ၊ ဟိႏၵဴဘာသာ၊ဘဂၤါလီဘာသာ၊ တမီးလ္ဘာသာ၊ တရုတ္ဘာသာေတြနဲ႔ပါ တိုးခ်ဲ႕အသံလႊင့္ႏိုင္ခဲ့ပါတယ္။


ဂ်ပန္ေခတ္မွာ အမွတ္တရျဖစ္စရာေကာင္းတဲ့ တိုက္ရိုက္အသံလႊင့္ခဲ့ရတာကေတာ့ ၁၉၄၃ခုႏွစ္ ဧျပီလအတြင္း ရန္ကုန္ျမိဳ႕ ကန္ေတာ္ၾကီး (အလယ္ကၽြန္း)မွာက်င္းပတဲ့ ေဒါက္တာဘေမာ္ကို ေအာင္လံနဲ႔ ေအာင္ေျမ အပ္ႏွင္းတဲ့အခမ္းအနား။ ၁၉၄၃ခုႏွစ္ ၾသဂုတ္လ ၁ရက္ ရန္ကုန္ျမိဳ႕ အစိုးရအိမ္ေတာ္မွာက်င္းပတဲ့ ဂ်ပန္ေခတ္ ဗမာ့လြတ္လပ္ေရးေၾကျငာတဲ့အခမ္းအနားနဲ႔ ၁၉၄၅ခုႏွစ္ မတ္ ၁၇ရက္မွာ ရန္ကုန္ျမိဳ႕ ေရႊတိဂံုေစတီေတာ္အေနာက္ဘက္ (ယခုေတာ္လွန္ေရးပန္းျခံ)မွာျပဳလုပ္တဲ့ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ့ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ရဲ႕ စစ္ထြက္အခမ္းအနားေတြျဖစ္ပါတယ္။


၁၉၄၅ခုႏွစ္ မတ္လကစျပီး ဗမာ့လြတ္လပ္ေရး တပ္မေတာ္က ျမန္မာႏိုင္ငံတစ္၀န္းလံုးမွာ ေတာ္လွန္ေရးၾကီးစတင္ခဲ့ျပီး အိႏၵိယႏိုင္ငံဘက္ က မဟာမိတ္တပ္ေတြလဲ ျပန္လည္ထိုးစစ္ဆင္လာခဲ့ပါတယ္။ ၁၉၄၅ခုႏွစ္ ဧျပီ ၂၂ရက္မွာေတာ့ ဂ်ပန္စစ္တပ္ေတြ ရန္ကုန္ျမိဳ႕က ေနာက္ဆံုးထြက္ခြာခဲ့သလို ဂ်ပန္ေခတ္က အသံလႊင့္လုပ္ငန္းကလဲ လံုး၀ဇာတ္သိမ္းခဲ့ရပါေတာ့တယ္။ ၁၉၄၅ခုႏွစ္ ေမလဆန္းပိုင္းမွာ ျမန္မာႏိုင္ငံကို ျပန္လည္သိမ္းပိုက္ခဲ့တဲ့ မဟာမိတ္စစ္တပ္ေတြနဲ႔အတူ အေရွ႕အာရွေတာင္ပိုင္းစစ္ဌာန၊ စိတ္ဓာတ္စစ္ဆင္ေရးဌာနခြဲက လိုက္ပါလာျပီး ၇ဒသမ၅ကီလို၀ပ္လႈိင္းတိုမာကိုနီ အသံလႊင့္စက္ႏွစ္လံုး၊ ငါးကီလို၀ပ္လႈိင္းလတ္အသံလႊင့္စက္ေတြနဲ႔ ရန္ကုန္ေရဒီယို (Rangoon Radio) လို႔ေခၚတဲ့ ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ပါတယ္။


အဲဒီကတစ္ဆင့္ ၁၉၄၆ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည္အသစ္နဲ႔ ျမန္မာ့အသံလႊင့္လုပ္ငန္းရဲ႕ ဗမာ့အသံက႑သစ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၅၈ခုႏွစ္ ႏို၀င္ဘာလ ၂၈ ရက္ကစျပီး “ဗမာ့အသံ” မွ “ျမန္မာ့အသံ” အျဖစ္ နာမည္ေျပာင္းလဲခဲ့ပါတယ္။ ၁၉၆၀ျပည့္ႏွစ္ ႏို၀င္ဘာ ၄ ရက္မွာေတာ့ ရန္ကုန္ျမိဳ႕ျပည္လမ္းမွာရွိတဲ့ အသံလႊင့္ရံု သစ္ၾကီးမွာ ေျပာင္းေရႊ႕အသံလႊင့္ခဲ့တယ္။ ၁၉၇၁ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ျမန္မာ့အသံ ၂၅ႏွစ္ေျမာက္ ေငြရတုသဘင္ပြဲကို ျမန္မာ့အသံျမက္ခင္းျပင္မွာ က်င္းပခဲ့ပါတယ္။ ၁၉၇၂ခုႏွစ္ မတ္ ၁၆ရက္မွာေတာ့ ျပန္ၾကားေရးႏွင့္ အသံလႊင့္ဦးစီးဌာနအမည္ ေျပာင္းလဲခဲ့ပါတယ္။ ၁၉၈၀ျပည့္ႏွစ္ ႏို၀င္ဘာ ၁ရက္ကစျပီး ေရာင္စံုျမန္မာ့ရုပ္ျမင္သံၾကားအစီအစဥ္ကို စတင္ထုတ္လႊင့္ႏိုင္ခဲ့ပါတယ္။ 


၁၉၉၁ခုႏွစ္ ဇန္န၀ါရီ ၂၄ရက္မွာ ျမန္မာ့ရုပ္ျမင္သံၾကားႏွင့္ အသံလႊင့္ဦးစီးဌာနအျဖစ္ အမည္ေျပာင္းခဲ့ျပီး ၁၉၉၇ခုႏွစ္ ႏို၀င္ဘာ ၂၂ရက္မွာ “ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား” [Myanma Radio and Television (MRTV)] အျဖစ္ေျပာင္းလဲခဲ့ပါတယ္။ 


ျမန္မာ့အသံနဲ႔ပတ္သက္ျပီး ျဖတ္သန္းခဲ့ရတဲ့ ကာလေတြအေၾကာင္းကို ျမန္မာ့အသံ ဦးေက်ာ္ညိန္း(မာတလိ)က “ႏွစ္ ၃၀ ျမန္မာ့အသံ” ဆိုတဲ့ မွတ္တမ္းစာအုပ္ေေရးသားျပဳစုခဲ့ဖူးတယ္။


ျမန္မာ့အသံဦးသိန္းဟန္ကလည္း “ထူးခၽြန္ထင္ရွား ေလလိႈင္းအသံရွင္မ်ား” ဆိုတဲ့ မွတ္တမ္းစာအုပ္ေရးသားျပီး ျမန္မာ့အသံရဲ႕သမိုင္းခရီး အေတြ႕အၾကံဳေတြ မွ်ေ၀ေပးခဲ့ပါတယ္။


၂၀၀၆ခုႏွစ္မွာ ထုတ္ေ၀ခဲ့တဲ့ ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္းမွာလဲ ဗမာ့အသံရဲ႕သမိုင္းေၾကာင္းေတြ ဖတ္ရမွတ္ရပါတယ္။


ျမန္မာ့အသံရဲ႕ ၇၅ႏွစ္ေျမာက္ စိန္ရတုမွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ျမန္မာႏိုင္ငံအတြက္ ျမန္မာမႈ၊ ျမန္မာ့ဟန္၊ “ျမန္မာ့အသံ” ေတြကို ကာလမ်ားစြာ ႏွစ္ေပါင္းေထာင္ေသာင္းမက ေလလႈိင္းေပၚမွာ လြင့္ပ်ံႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။


ကိုးကား -

ဦးေက်ာ္ညိန္း(မာတလိ) - ႏွစ္ ၃၀ ျမန္မာ့အသံ၊ 


ျမန္မာ့အသံ သိန္းဟန္ - ထူးခၽြန္ထင္ရွားေလလႈိင္းအသံရွင္မ်ား


ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္း ၂၀၀၆ 


*** ယခုလက္ရွိမွာေတာ့ ေနျပည္ေတာ္ တပ္ကုန္းျမိဳ႕ရွိ ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကားလႊင့္ရံုကို အဓိကထားကာ ျမန္မာျပည္တ၀ွမ္းအား ထုတ္လႊင့္ေနပါေၾကာင္း။

Sunday, December 3, 2017

ခြါဒုိေလညွင္း


          မႈံျပာရီေ၀ ေနတဲ့ ခ်င္းေတာင္တန္း ၊ မုိးေႏွာင္းကာလ ဆုိေပမယ့္ မုိးလက္က်န္ ရနံ႔ ေလးေတြက သင္းလုိ႔ ။ ခ်င္းေတာင္ေပၚမွာ မုိးတိတ္လုိ႔ သြားတဲ့ အခ်ိန္မွာေတာ့ ျမဴခုိးေတြ က ေတာင္တန္းၾကီး ဆီကုိ တစ္လိပ္လိပ္တက္ေနၾကျမဲ ။ မႈံမိႈင္းေနတဲ့ ခ်င္းေတာင္တန္းၾကီးေပၚမွာ ခ်င္းရုိးရာ တူရိယာ ဗုံသံေတြ၊ ႏြားေနာက္ခ်ိဳ ႏွစ္ခုကုိ တီးတဲ့ အသံေတြ ၊ ေမာင္းသံေတြ ႏုိးထလာတဲ့ အခ်ိန္ေပါ့ ။ မုိးရာသီရဲ႕ လက္စြမ္းေၾကာင့္ ခ်င္းေတာင္တန္းရဲ႕ ၀န္းက်င္တစ္ခုိမွာ အစိမ္းေရာင္ေတြလႊမ္းေနဆဲ ။ အဲ လမ္းေတြ မေကာင္းတာကုိ ေတာ့ ထည့္ေျပာစရာမလုိဘူးေပါ့ ။  စိမ္းစုိစုိ ခ်င္းေတာင္ကုိ ျမင္ရတဲ့ အခ်ိန္ ဘယ္ဆီဘယ္၀ယ္ကုိ လြမ္းရမွန္းေတာင္မသိ ။ မုိးဦးကာလ က ေတာင္ယာေတြ မွာ စုိက္ပ်ိဳးခဲ့တဲ့ အပင္ေတြဆီမွ ရင့္မွဲ႕ခဲ့တဲ့ သီးႏွံေတြ ရိတ္သိမ္းၾကမယ့္ အခ်ိန္ေပါ့ ။

          ခ်င္းတုိင္းရင္းသား တုိ႔ရဲ႕ ေကာက္သစ္စားပြဲ က်င္းပေတာ့မယ့္ အခ်ိန္ ။ ဒီလုိေကာက္သစ္စားတဲ့ ပြဲေတာ္ကုိ ခြါဒုိပြဲလုိ႔ ေခၚၾကတယ္။ ခ်င္းတုိင္းရင္းသားမ်ား တစ္ႏွစ္တာ ကာလ အတြင္း မွာ က်င္းပျပဳလုပ္ေနတဲ့ပြဲေတာ္ (၁၈)မ်ိဳး အနက္မွာေတာ့ အေရးၾကီးဆုံး အခမ္းအနားပြဲေတာ္မွာ ခြါဒုိပြဲျဖစ္တယ္လုိ႔ ခ်င္းတုိင္းရင္းသားေတြ က ေျပာၾကတယ္။ ခြါဒုိပြဲေတာ္ကုိ ဘယ္အခ်ိန္ကေန စတင္ၿပီး က်င္းပလာခဲ့တယ္ဆုိတာ ကုိ အတိအက် ေဖၚျပႏုိင္ဖုိ႔ မွတ္တမ္းမွတ္ရာ မရွိခဲ့ၾကဘူးလုိ႔ သိရတယ္။ ဒါေပမယ့္ခ်င္းတုိင္းရင္းသားမ်ား ေတာင္ေပၚေဒသ မ်ားသုိ႔ ေျပာင္းေရႊ႕ေနထုိင္ၿပီး က်ိမ္ႏြဲ႕ (Ciimnuai) ေဒသမွာ စတင္ အေျခခ် ေနထုိင္ခဲ့တဲ့ ေအဒီ (၁၄) ရာစု ခန္႔မွ စၿပီး ခြါဒုိပြဲကုိ ၾကီးက်ယ္ခမ္းနားစြာ က်င္းပခဲ့တယ္လုိ႔ သမုိင္းအေထာက္အထား ေတြ ရွိခဲ့တယ္လုိ႔ ေျပာဆုိခဲ့ၾကပါတယ္ ။ ဒီႏွစ္မွာ ေတာ့ ခြါဒုိပြဲေတာ္ကုိ တီးတိန္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး လူထုအေျချပဳ ခရီးသြားလုပ္ငန္း လုပ္ေဆာင္မယ့္ လုိင္လုိး ေက်းရြာမွာ ပါ က်င္းပခဲ့ၾကပါတယ္ ။ ခြါဒုိပြဲေတာ္ကုိ ခ်င္းတုိင္းရင္းသားမ်ား ေနထုိင္ရာ ေဒသ အသီးသီးမွာ က်င္းပၾကပါတယ္ ။  ကၽြန္ေတာ္တုိ႔ ငယ္ငယ္က ခ်င္းေတာင္ေျခမွာ ျမန္မာလူမ်ိဳးေတြရဲ႕ သီတင္းကၽြတ္ပြဲေတာ္နဲ႔ ခ်င္းတုိင္းရင္းသားတုိ႔ ရဲ႕ ခြါဒုိပြဲေတာ္ကုိတစ္ျပိဳင္နက္ က်င္းပခဲ့တာကုိ အမွတ္ရေနပါတယ္။

          ႏြားေနာက္ သားေရကုိ က်က္ထားတဲ့ ဗုံကုိ အားရပါးရတီးေနတဲ့ ခ်င္းတုိင္းရင္းသားၾကီးေတြ ။ ႏြားေနာက္ ခ်ိဳ (ဂ်ိဳ) ႏွစ္ခုနဲ႔ စီးခ်က္ညီညီ လုိက္ေနတဲ့ သူ႕ အေဖၚေတြ ၊ ရုိးရာေမာင္းေလးတစ္လုံးနဲ႔ ျမဴးျမဴးၾကြၾကြ သံစဥ္ေတြကုိ စီးခ်က္လုိက္ေနတဲ့ ေနာက္တစ္ဦး နဲ႔ ခြာဒုိပြဲေတာ္ မွာ သီခ်င္းေတြ ဆုိၾက ေပ်ာ္ၾက တီးမႈတ္ၾက ေနတာ၊ ခ်င္းရုိးရာ၀တ္စုံကုိ ၀တ္ဆင္လုိ႔ တူယွဥ္တြဲကတဲ့ ခ်င္းတုိင္းရင္းသား လုလင္ပ်ိဳ ၊ လုံမပ်ိဳေတြ က မရုိးႏုိင္တဲ့ ရုိးရာ အကေတြကုိ တစ္မ်ိဳးၿပီးတစ္မ်ိဳးေဖၚထုပ္ေနတာေတြ နဲ႕ ပြဲလာသူ ပရိတ္သတ္ အားလုံးလက္ခ်င္းခ်ိတ္ၿပီး စုေပါင္း က ၾကတဲံ အက ေတြ က ခြါဒုိပြဲ ရဲ႕ အႏွစ္သာရေတြေပါ့ ။ ခြါဒုိပြဲေတာ္မွာခ်င္းတုိင္းရင္းသားတုိ႔ ရဲ႕ ရုိးရာ အကေပါင္းမ်ားစြာကုိ ျမင္ေတြ႕ရေလ့ရွိပါတယ္ ။ သူတုိ႔ ရဲ႕ အကေတြက သူတုိ႔ ရဲ႕ ဘ၀ေတြကုိ လွစ္ဟ ျပေနသလုိ ၊ သူတုိ႔ရဲ႕ သီခ်င္းသံေတြက သူတုိ႔ ရဲ႕ ခံစားခ်က္ေတြ ကုိ ေဖၚထုပ္ေနတာ ျဖစ္မွာေပါ့ ။ ခ်င္းတုိင္းရင္းသူမ်ားရဲ႕ ခ်င္းရုိးရာအ၀တ္အစားဒီဇုိင္းအဆန္းမ်ားကုိလည္း ေတြ႕ ႏုိင္တဲ့ ပြဲတစ္ခုပါ ။

            ခြါဒုိပြဲေတာ္နဲ႔ပတ္သက္လုိ႔ ခ်င္းတုိင္းရင္းသားတစ္ဦး က ဒီလုိ ရွင္းပါတယ္။ ``ခြါ´´ (Chua) ရဲ႕ အဓိပၸါယ္ က ၊ ေရွးအခါ ခ်င္းလူမ်ိဳးတုိ႔ ဟာ စၾကာ၀ဠာ တစ္ခုလုံးကုိ ေကာင္းကင္ဘုံ၊ လူ႕ဘုံႏွင့္ ေျမေအာက္ဘုံ ဟူ ၍ ဘုံသုံးဘုံ အနက္ လူ႕ကမာၻဘုံကုိ လူ႕ျပည္လူ႕ ရြာ (Khua) ဟု ေခၚတယ္လုိ႔ သိရပါတယ္။ အဲဒီ လူ႕ ကမာၻဘုံ (ခြါ) ကုိ နတ္ေကာင္းနတ္ျမတ္မ်ား နဲ႕
ကြယ္လြန္သူ ဘုိးဘြားမ်ား ရဲ႕ ၀ိညာဥ္မ်ားက ထိန္းသိမ္းေစာင့္ေရွာက္ခဲ့တယ္လုိ႔ ယုံၾကည္ ပါတယ္ ။ “ ဒုိ ”  (DO) ၏ အဓိပၸါယ္မွာ ႏွစ္မ်ိဳး ရွိတယ္လုိ႔ သိရပါတယ္။ ပထမ “ ဒုိ ”  ၏ အဓိပၸါယ္ မွာ တစ္ဦးႏွင့္ တစ္ဦး ေဖာ္ေရြစြာ ဧည့္၀တ္ျပဳျခင္း၊ ေကၽြးေမြးဧည့္ခံျခင္း ၊ ျပဳစုေစာင့္ေရွာက္ျခင္း ၊ လုိ႔ အဓိပၸါယ္ရၿပီး ၊ ေနာက္တစ္ခုမွာ တုိက္ခုိက္ျခင္း၊ ႏွင္ထုပ္ျခင္း ၊ ေခ်မႈန္းျခင္းဟု
အဓိပၸါယ္ ရပါ တယ္။ ဒါ့ေၾကာင့္ ခြါဒုိပြဲေတာ္ ရဲ႕ အဓိပၸါယ္ ဆုိလုိရင္းက ေတာင္ယာသီးႏွံမ်ား ေအာင္ျမင္စြာ ရိတ္သိမ္း တဲ့ အထိမ္းအမွတ္ပြဲ ၊ေကာက္သစ္စားပြဲ က်င္းပကာ ႏွစ္သစ္အတြက္ ဘုိးေဘးတုိ႔ ရဲ႕ ၀ိညာဥ္ မ်ား နဲ႔ နတ္ေကာင္းနတ္ျမတ္မ်ားပူေဇာ္ပသပြဲ၊ ဆုေတာင္းေမတၱာပုိ႔ျခင္း၊ ဆုမြန္ေကာင္းေတာင္းျခင္း၊ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း နဲ႔ ရပ္ရြာထဲမွနတ္ဆုိးမ်ား ႏွင္ထုပ္ေခ်မႈန္း သည့္ပြဲေတာ္ ျဖစ္တယ္လုိ႔ ေျေျပာျပခဲ့ပါတယ္။

          ဒီႏွစ္မွာေတာ့ တီးတိန္ၿမိဳ႕နယ္ က ခ်င္းရုိးရာအိမ္ေလးေတြ ရွိၿပီး ၿမိဳ႕နဲ႕လည္း ၃မုိင္ေလာက္ ကြာေ၀းတဲ့ လုိင္လုိးရြာမွာ ခြါဒုိပြဲေတာ္ ရဲ႕အစကုိ က်င္းပခဲ့ပါတယ္ ။ လုိင္လုိးရြာမွာ က်င္းပရတာက ေတာ့ ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္းကုိ  အဲဒီရြာမွာ သတ္မွတ္ေပးထားခဲ့ၿပီး ခြါဒုိပြဲ က်င္းပၿပီး ေက်းရြာ ရဲ႕ အလွပ ေတြကုိ ျပသတာပါ ။ ရြာရဲ႕ အေနအထား က မဏိပူျမစ္ကုိ လွမ္းျမင္ရၿပီး ညေန ေန၀င္ခ်ိန္ အလွအပ ကုိ ခ်င္းတုိင္းရင္း သား တုိ႔ ရဲ႕ ရုိးရာအိမ္ ေလးကေန ၿပီး လွမ္း ၾကည့္လုိ႔ ရပါတယ္ ။ “ ခြါဒုိပြဲ က ေတာ့ တိဘက္ျမန္မာအုပ္စုေတြ ထဲ ပါတဲ့ ဇုိမီးတုိင္းရင္းသားေတြ ထဲ ကေန ေပၚထြန္းလာတဲ့ ပြဲေတာ္ေပါ့ ။ ဇုိမီးတုိင္းရင္းသားေတြ အဓိက အသက္ေမြး ၀မ္းေၾကာင္းျဖစ္တဲ့ ၀မ္းစာ အတြက္ ဆပ္ဆန္ ၊ ေျပာင္း နဲ႕ ပဲမ်ားကုိ စုိက္ပ်ိဳးၿပီး ျပန္လည္ ရိတ္သိမ္း တဲ့ အခ်ိန္ သီးႏွံေတြ စုေဆာင္းမိတဲ့ အခ်ိန္မွာ က်င္းပေလ့ရွိတယ္ ။ ပြဲေတာ္ ရဲ႕ အႏွစ္သာရကေတာ့ နတ္ဆုိးေတြကုိ ေမာင္းထုတ္တယ္ ။ စားေသာက္ဖြယ္ရာေတြ နဲ႕ ရုိးရာ အတီးအမႈတ္အဆုိအက ေတြ နဲ႕ ပြဲေတာ္ က်င္းပတယ္ ။ ေသလြန္ၿပီးသား အဖုိးအဖြားေတြ ရဲ႕ ၀ိညဥ္ ေတြကုိ သခ်ိဳၤင္း မွာ ပူေဇာ္ပသ တဲ့ ထုံးစံ ရွိတာ ေပါ့ ။ ” ဟု တီးတိန္ၿမိဳ႕ခံ ဦးနန္ဇမုန္ မွ ေျပာၾကားခဲ့ပါတယ္ ။

          ေအာက္တုိဘာလ ၁၅ ရက္ေန႔ မွာ ေတာ့ တီးတိန္ၿမိဳ႕ ကမ္ေဟာက္ အားစကားကြင္းမွာ ခြါဒုိပြဲေတာ္ကုိလည္း က်င္းပခဲ့ပါတယ္ ။ ပြဲေတာ္ကုိ ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦးေဆာင္တဲ့ အစုိးရအဖြဲ႕ ၊ ခ်င္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ နဲ႕လႊတ္ေတာ္ကုိယ္စားလွယ္ေတြေဒသခံ ေတြ တက္ေရာက္ခဲ့ၾကပါတယ္ ။ အခု ပြဲေတာ္ကုိ ရုိးရာအက တစ္ဖြဲက ၿပီး တစ္ဖြဲ႕ ကျပေနၾကတဲ့ တုိင္းရင္းသားေတြ ရဲ႕ မ်က္ႏွာမွာ ေတာ့ သူတုိ႔ ရဲ႕ရုိးရာကုိ ပြင့္လင္း လြတ္လပ္စြာ ေဖာ္ထုတ္လုိက္ရလုိ႔ ေပ်ာ္ရႊင္ေနတဲ့ ဟန္ပန္အမူအရာပါပဲ ။ တကယ္ေတာ့ ခ်င္းတုိင္ရင္းသား တုိ႔ ရဲ႕ ပြဲေတာ္ ေတြ ရုိးရာေတြက မေပ်ာက္မပ်က္ေအာင္ ထိမ္းသိမ္း ဖုိ႔ကလည္း ခ်င္းတုိင္ရင္းသားတုိ႔ ရဲ႕ တာ၀န္တစ္ရပ္မဟုတ္ပါလား ။

          ျမန္မာႏုိင္ငံ အတြင္းက တုိင္းရင္းသားလူမ်ိဳး တုိ႔ ရဲ႕ အမွတ္အသား ေတြထဲမွာ သဘာ၀ပတ္၀န္းက်င္ေတြ လည္းပါသလုိ ၊သူတုိ႔ ျမတ္ႏုိးတဲ့ပြဲေတာ္ေတြ လည္း ပါတယ္ေလ။ လူမ်ိဳးတစ္မ်ိဳးတုိ႔ ရဲ႕ အမွတ္အသားနဲ႔ သူတုိ႔ ရဲ႕ အထိမ္းအမွတ္တုိ႔ ဟာ အဲဒီလူမ်ိဳးရဲ႕ ျမင့္ျမတ္တဲ့သေကၤတ ေတြ ကုိေဖၚျပေနပါ တယ္ ။ ဒီလုိ သေကၤတ အမွတ္အသားေတြကုိ ထိမ္းသိမ္းေစာင့္ေရွာက္ေနျခင္းဟာလည္း ယဥ္ေက်းမႈကုိ ထိမ္းသိမ္းကာကြယ္ေစာင့္ေရွာက္ေနျခင္းလုိ႔ အဓိပၸါယ္ ရပါတယ္။ လူမ်ိဳးတုိင္းလူမ်ိဳးတုိင္းဟာ သူတုိ႔ ကိုယ္စီမွာ ရွိတဲ့ ယဥ္ေက်းမႈသေကၤတေတြကုိ ထိမ္းသိမ္းေစာင့္ေရွာက္ျခင္တဲ့ စိတ္ ၊ကာကြယ္ျခင္ တဲ့ စိတ္ေတြ အျပည့္အ၀ နဲ႔ေပါ့ ။

ခြါဒုိပြဲေတာ္ဟာလည္း ခ်င္းတုိင္းရင္းသားတုိ႔ ရာစု ေျခာက္ခု ေက်ာ္ေအာင္ ထိမ္းသိမ္းလာခဲ့တဲ့သေကၤတ တစ္ခုေပါ့ ။ ကၽြန္ေတာ္တုိ႔ရဲ႕ ခ်င္းတုိင္းရင္းသား ညီအကုိ ေမာင္ႏွမေတြရဲ႕ သေကၤတေတြကုိ ကၽြန္ေတာ္တုိ႔ကလည္း သူတုိ႔ နဲ႔ အတူလက္တြဲေစာင့္ ေရွာက္ေနၾကရမွာပါပဲေလ။ေဆာင္းႏွင္းညတုိ႔ဆီသုိ႔ အခ်ိန္ကာလ ကတစ္ေရြ႕ေရြ႕ ။ မီးပုံပြဲရဲ႕ရင္ခုန္သံက ၀ါးညွပ္အက ေတြနဲ႔ အတူ စီးခ်က္ညီညီ ။ ေျမာက္ေလျပန္အေ၀့မွာ ခြါဒုိပြဲရဲ႕ ေတးသံတုိ႔က ခ်င္းေတာင္ေပၚမွာ ၀ဲပ်ံ႕လႊင့္လုိ႔ ။ေတာင္ေပၚေျမနီလမ္း ေကြ႕ေကာက္ေကာက္ကေလးက အိမ္လြမ္းသူတုိ႔ကုိ ေမွ်ာ္ေနဆဲ။ဘုရားရွိခုိးေက်ာင္းရဲ႕ ေခါင္းေလာင္းသံက မိသားစုေတြကုိ ဆုံဆည္းဖုိ႔ဆုေတာင္းေပးေနသလုိ႔ ။ ျပန္မလာေသးတဲ့ သူေတြကုိ ေမွ်ာ္ေနတဲ့ အႏူးရဲ႕မ်က္ရည္စေတြက....ခြါဒုိ ေတးသံ ေလညွင္း နဲ႔ အတူ တစ္လွိမ့္လွိမ့္စီးဆင္းလွ်က္ ..။

ကုိဆူး(ခ်င္းေတင္ေျခ)