Tuesday, January 26, 2021

မြန်မာ့အသံ၏ သမိုင်းပုံရိပ်မျာ

မြန်မာ့အသံ၏ သမိုင်းပုံရိပ်များ




#MRTV

#မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

#စိန်ရတုအထိမ်းအမှတ်ဂုဏ်ပြုပွဲ


(ကျွန်တော်တို့ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားလိုင်းတွေ ပေါပေါများများမကြည့်နိုင်သေးခင် ရုပ်မြင်သံကြား Television ပြစက်ရှေ့ ရောက်တာနဲ့ မြန်မာ့ရုပ်မြင်သံကြားကို စမြင်ကြည့်ရှုကြရပြီး ရေဒီယိုဖွင့်တာနဲ့ မြန်မာ့အသံကိုဦးစားပေးနားထောင်ဖြစ်ခဲ့ကြတာ မငြင်း နိုင်တဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်အတွက် အမှန်အကန်၊ အတိအကျ သတင်းတွေကို အတည်ပြုပေးနေတဲ့ ဌာနတစ်ခုလို့ဆိုနိုင်ကြောင်း စိတ်ထဲစွဲမှတ်နေရမယ့်သဘောပါ။ အခုစိန်ရတုကာလမှာ သတင်းတွေ ဆောင်းပါးတွေ အပြိုင်အဆိုင်ရေးသားဖော်ပြနေကြတဲ့အထဲ ဆရာမျိုးသူရ(စစ်ကိုင်း)ရဲ့ မြန်မာ့အသံ၏ သမိုင်းပုံရိပ်များဆောင်းပါးထဲက မှတ်သားဖွယ် အချက်အလက်အချို့ကို ဗဟုသုတရစေဖို့ ပြန်လည်ကူးယူဝေမျှလိုက်ပါတယ်။)


MRTV (Myanma Radio and Television) မြန့်မာ့အသံနှင့် ရုပ်မြင်သံကြား 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၇၅နှစ်မြောက် စိန်ရတုပွဲကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်မှာ ကျင်းပမယ်လို့ သတင်းစကား ကြားရပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလဲ စိန်ရတုအထိမ်းအမှတ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံမှာ သည်လို ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ဘယ်လိုတွေစတင်ဖြစ်ပေါ်လာသလဲဆိုတာ ဗဟုသုတရအောင် သတင်းစာဆောင်းပါးတစ်စောင်က အချက် အလက်အချို့ကိုြပြန်လည်ဖော်ပြပါရစေ။


မြန်မာ့အသံလွှင့်လုပ်ငန်းရယ်လို့ ပီပီပြင်ပြင်မပေါ်သေးခင် ၁၉၃၇ခုနှစ်လောက်က အင်္ဂလိပ်အစိုးရရဲ့ ကြေးနန်းဆက်သွယ်ရေးဌာနက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ဝိုင်ယာလက်ကြေးနန်းဆက်သွယ်ရာမှာ အသုံးပြုတဲ့ မာကိုနီအသံလွှင့်စက်ကိုသုံးပြီး နံနက်ပိုင်း၊ ညနေပိုင်း တွေမှာ စမ်းသပ်အသံလွှင့်ခဲ့ပါတယ်။ အသံလွှင့်စက်နဲ့ အသံလွှင့်ရုံကိုတော့ မင်္ဂလာဒုံမှာထားခဲ့ပါတယ်။


၁၉၃၈ခုနှစ်မှာတော့ ဖီးလစ် (Philip) အမျိုးအစား ၁၀ကီလိုဝပ် အသံလွှင့်စက်တစ်လုံးကို နိုင်ငံခြားကမှာယူခဲ့ပါတယ်။ အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ ပန်းဆိုးတန်း ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ အခန်းတွေပြုပြင်ဖွဲ့စည်းပြီး တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကြိုးမဲ့ ကြေးနန်းဌာနခွဲက စက်ဘက်ဆိုင်ရာဝန်ထမ်းတွေက ဝပ် ၅၀၀အားရှိတဲ့အသံလွှင့်စက်တစ်လုံးကို တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။


၁၉၃၉ခုနှစ် နှယ်လယ်ပိုင်းမှာ နိုင်ငံခြားက မှာယူခဲ့တဲ့ ၁၀ကီလိုဝပ် အသံလွှင့်စက်ရောက်ရှိလာခဲ့သလို ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး ဌာနခွဲ ဝန်ထမ်းတွေ တည်ဆောက်ခဲ့တဲ့ ဝပ် ၅၀၀အား အသံလွှင့်စက်ကလည်း တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၆လမ်းက ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ပြုပြင်တည်ဆောက်ခဲ့တဲ့ အသံလွှင့်ခန်းတွေ၊ အသံထိန်းခန်းတွေကလဲ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အသံလွှင့်ရာမှာ အသုံးပြုရမယ့် စန္ဒရားတွေ၊ တူရိယာပစ္စည်းတွေ၊ မြန်မာသီချင်း ဓာတ်ပြား၊ အင်္ဂလိပ်သီချင်းဓာတ်ပြား၊ ဟိန္ဒူစတန်နီ သီချင်းဓာတ်ပြား အများအပြားဝယ်ယူစုဆောင်းခဲ့ရပါတယ်။ အသံလွှင့်ဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်းတွေရှာဖွေခန့်ထားပြီး မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ကြပါတယ်။


အသံလွှင့်လုပ်ငန်းတွေကို စမ်းသပ်ထုတ်လွှင့်ပြီး ၁၉၃၉ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံတော်အစိုးရအစမ်းအသံလွှင့်ရုံ (Burma State Experimental Broadcasting Service)ေပေါ်ပေါက်လာခဲ့ပါတယ်။


ဖီးလစ်အသံလွှင့်စက်နဲ့ သုံး၊လေးလကြာအောင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး အသံလွှင့်လုပ်ငန်းတွေ အဆင်ပြေလာတာကြောင့် ၁၉၃၉ခုနှစ် အောက်တိုဘာ ၁ ရက် ညနေ ၅နာရီမှာ မြန်မာနိုင်ငံတော်အစိုးရအသံလွှင့်ဌာန (Burma State Broadcasting Service) အသံလွှင့်ရုံသစ် ဖွင့်ပွဲကို ရန်ကုန်မြို့ ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ကျင်းပနိုင်ခဲ့ပါတယ်။


အသံလွှင့်ရုံသစ်ဖွင့်လှစ်ပြီးတဲ့နောက် ယခင်ထုတ်လွှင့်နေကြ အစီအစဉ်တွေသာမကဘဲ ဟောပြောချက်၊ တီးဝိုင်းအဖွဲ့တွေရဲ့ ဖျော်ဖြေမှု၊ ကလေးများအခန်း၊ လူကြီးတွေအတွက် ဥပုသ်နေ့တွေမှာ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တွေရဲ့ တရားဟောပြောမှုအစီအစဉ်တွေ ထည့်သွင်းထုတ်လွှင့်ခဲ့ကြပါတယ်။


“ဟောပြောချက်” အစီအစဉ်မှာ ပညာဝန်ဦးစိန်ရွက်၊ ပညာဝန်ဦးဖိုးကျား၊ ရွှေပြည်ဦးဘတင်၊ သီဟိုဠ်နိုင်ငံ မြန်မာသံအမတ်ကြီးဟောင်း ဦးတင့်၊ ဦးဘဆွေ၊ မြန်အောင်ဦးတင်၊ ဦးထွန်းညို။ ဒေါ်မမခင်တို့က အစဉ်မပြတ် ဟောပြောခဲ့ကြသလို ကလေးများအခန်းအစီအစဉ်ကို တော့ ပညာအုပ် ဒေါ်မြရွှေက တာဝန်ယူစီစဉ်ခဲ့ပါတယ်။


အပတ်စဉ် မှန်မှန် အသံလွှင့်ခဲ့တဲ့ ကာလပေါ်တီးဝိုင်းကတော့ ရွှေပြည်အေးခေါင်းဆောင်တဲ့ အသံလွှင့်ဌာနတူရိယာအဖွဲ့ပါ။ အသံလွှင့်ဌာန တူရိယာအဖွဲ့(Studio Orchestra) ဆိုတာက အသံလွှင့်ဌာနမှာ တစ်ကြိမ်အသံလွှင့်ခ ၁၅ကျပ်ပေးပြီး အမြဲတမ်းငှားရမ်းထားတဲ့အဖွဲ့ဖြစ် ပါတယ်။


အဲဒီကာလက လူကြိုက်များခဲ့တဲ့ တီးဝိုင်းတွေကတော့ အေဝမ်းခင်မောင်တူရိယာအဖွဲ့၊ တက္ကသိုလ်စိုးအဖွဲ့၊ ဂီတာ ဗစောကြည်အဖွဲ့၊ ရွှေတိုင်ညွန့်အဖွဲ့၊ တက္ကသိုလ်မောင်မောင်လှအဖွဲ့၊ ဂီတာစိမ်းမောင်အဖွဲ့၊ အေဝမ်းဖလင်အဖွဲ့တွြေဖြစ်ပါတယ်။


မြန်မာ့အသံလွှင့်ဌာနက သီချင်းကြီးတွေကိုထုတ်လွှင့်ခဲ့ရာမှာ မတင်အုံးအဖွဲ့၊ ကိုအလီအဖွဲ့၊ ဆရာစိုးအဖွဲ့၊ သံလျင်မြဦးနဲ့ စောင်းမောင်ကျော်ငြိမ်းအဖွဲ့၊ မြန်မာညွန့် ဦးညွှန့်မောင်အဖွဲ့တွေဟာ လူကြိုက်များထင်ရှားခဲ့တဲ့ သီချင်းကြီးအဖွဲ့တွေပဲဖြစ်ပါတယ်။


အထူးသဖြင့် မတင်အုံးအဖွဲ့မှာ အစ်ကိုဖြစ်တဲ့ စောင်း ဦးဘသန်း၊ ညီမတွေဖြစ်တဲ့ စန္ဒရားမစိန်ရီ၊ တယော မခင်စောတို့မိသားစု တက်ညီလက်ညီပါဝင်တီးမှုတ်ကြတဲ့အတွက် လူကြိုက်များလှပါတယ်။


ပရိသတ်အကြိုက်အစီအစဉ်တစ်ခုကတော့ ဘောလုံးပွဲတိုက်ရိုက်အသံလွှင့်အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့မှာရှိတဲ့ ဘီအေအေ ဘောလုံးကွင်း(ယခုအောင်ဆန်းကွင်း)မှာ ရှုံးထွက်ကစားရတဲ့ ဝေါလတာလေ့ဒိုင်း ဘောလုံးဗိုလ်လုပွဲဟာ စိတ်ဝင်တစား အားပေးကြသူများတဲ့အတွက် ဘီအေအေအသင်းအတွင်းရေးမှူး မစ္စတာဘင်ရှက်ဒရက်နဲ့ ညှိနှိုင်းပြီး နောက်ဆုံးဗိုလ်လုပွဲဘောလုံးသတင်း ကို တိုက်ရိုက်အသံလွှင့်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသံလွှင့်ခဲ့သူကတော့ သမာဓိသတင်းစာ၊ အယ်ဒီတာချုပ် ဦးအမ်ဘိုးချိန်ဖြစ်ပါတယ်။ မြန်မာ့ဘောလုံးပွဲသတင်းကို ပထမဦးဆုံး ကြေငြာသူအဖြစ် ဦးအမ်ဘိုးချိန်ကို မှတ်တမ်းတင်ရမှာပါ။


၁၉၄၁ခုနှစ် ဒီဇင်ဘာလထိ အသံလွှင့်ရုံကို ဦးထွန်းညို၊ ဦးတင့်ဆွေ၊ ရွှေပြည် ဦးတင်၊ ဦးတုမောင်နဲ့ သူကြီးဂေဇက် ဦးခင်မောင်စတဲ့ ပုဂ္ဂိုလ်တွေက အသံကြီးကြပ်အုပ်ချုပ်ပေးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလအထိပေါ့။


၁၉၄၁ခုနှစ် ဒီဇင်ဘာ ၈ရက်မှာ အင်္ဂလိပ်နဲ့ အမေရိကန်တို့က ဂျပန်နိုင်ငံကို စစ်ကြေငြာလိုက်ပါတယ်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၃ရက်မှာ ဂျပန်လေယာဉ်ပျံတွေက ရန်ကုန်မြို့ကို စတင်ဗုံးကြဲတော့ အသံလွှင့်ရုံရှိနေတဲ့ ဗဟိုကြေးနန်းရုံးကြီးအရှေ့ဘက် ပန်းဆိုးတန်းလမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အသံလွှင့်ရုံကတော့ မထိခိုက်မပျက်စီးခဲ့ပါဘူး။ အဲဒီနောက်ရက်တွေမှာ ဂျပန်လေယာဉ်တွေမကြာခဏ ဗုံးကြဲလာတာကြောင့် ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်ဝန်းကျင်မှာ အသံလွှင့်ရုံစက်ဘက်ဝန်ထမ်းတချို့ဟာ စက်ပစ္စည်းတချို့နဲ့ အင်္ဂလိပ်၊ မြန်မာသီချင်းဓာတ်ပြားတွေကို သယ်ဆောင်ပြီး ရန်ကုန်မြို့ကနေ မေမြို့ကို မော်တော်ကားနဲ့ထွက်ခွာခဲ့ရပါတော့တယ်။ 


၁၉၄၂ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်မှာတော့ ရန်ကုန်အသံလွှင့်ရုံမှာ ကျန်ရစ်ခဲ့တဲ့စက်ဘက်ဝန်ထမ်းတချို့နဲ့ အလုပ်လုပ်ကိုင်လိုသူတွေကို ရ န်ကုန်အသံလွှင့်ရုံကိုပိတ်ပြီး မေမြို့ကိုလိုက်လာခဲ့ကြဖို့ ညွှန်ကြားချက်ရရှိတာကြောင့် မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို မေမြို့ကို အပြီးေြပြောင်းရွှေ့ခဲ့ရပါတယ်။


မေမြို့မှာအခြေတည်ပြီး မြန်မာဘာသာသတင်းနဲ့ တေးဂီတအစီအစဉ်တွေကို အလျဉ်းသင့်သလိုစီစဉ်ပြီး ဆက်လက်အသံလွှင့်ခဲ့ပါတယ်။ မေမြို့မှာ နှစ်လလောက်ကြာချိန် ၁၉၄၂ခုနှစ် ဧပြီလမှာ ဂျပန်လေယာဉ်တွေရောက်လာပြီး မန္တလေးမြို့နဲ့ မေမြို့ကို ဗုံးကြဲတိုက်ခိုက်ကြ ပါတော့တယ်။ ဂျပန်ခြေလျင်တပ်တွေကလည်း လားရှိုးဘက်က ဗမာ့တပ်မတော်နဲ့ပူးပေါင်းပြီး မေမြို့ကိုချီတက်လာချိန်မှာတော့ မေမြို့က အသံလွှင့်ရုံကို ပိတ်ပစ်ရပါတော့တယ်။


၁၉၄၂ခုနှစ် ဧပြီလကုန်လောက်မှာတော့ မေမြို့က အသံလွှင့်နေခဲ့တဲ့ မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို အပြီးတိုင်ပိတ်သိမ်းခဲ့ရ ပါတော့တယ်။ ဂျပန်စစ်အစိုးရက ဂျပန်ခေတ်မှာ အသံလွှင့်လုပ်ငန်းကို ဝါဒဖြန့်ချိရေးအတွက်အသုံးပြုဖို့ ပြန်လည်စီစဉ်ခဲ့ပါတယ်။ ဂျပန်တို့က တစ်ကီလိုဝပ် ဂျပန်နိုင်ငံလုပ်အသံလွှင့်စက်ကို ကမ္ဘာအေးဘုရားနားက ရေကူးမှာတပ်ဆင်ပြီး အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ အမှတ် (၄၇) ဖိုက်ချ်လမ်းမှာ တည်ဆောက်ခဲ့ကြတယ်။


၁၉၄၂ သြဂုတ်လထဲမှာ ဖိုက်ချ်လမ်းအသံလွှင့်ရုံက ၂၆၃မီတာကိုအသုံးပြုပြီး ညနေ ၅နာရီ မိနစ် ၃၀မှ ည ၉နာရီထိ မြန်မာဘာသာနဲ့ အသံလွှင့်အစီအစဉ်တွေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဂျပန်ခေတ် အသံလွှင့်အစီအစဉ်တွေမှာ သတင်းတွေ၊ သတင်းဝေဖန်ချက်တွေ၊ ဟောပြောချက်တွေ၊ သီချင်းဓာတ်ပြားတွေအပြင် ကာလပေါ်တီးဝိုင်း၊ သီချင်းကြီးတီးဝိုင်းတွေပါ ပါဝင်အသံလွှင့်ခဲ့ကြပါတယ်။


၁၉၄၂ခုနှစ် နိုဝင်ဘာလမှာ ဂျပန်လုပ် ၁၀ကီလိုဝပ်အားရှိ လှိုင်းလတ်အသံလွှင့်စက်တစ်လုံး၊ ငါးကီလိုဝပ်အားရှိ မာကိုနီအမျိုးအစား လှိုင်းတိုအသံလွှင့်စက်တစ်လုံး၊ နောက်ထပ် ငါးကီလိုဝပ်အားရှိ လှိုင်းတိုအသံလွှင့်စက်တစ်လုံးကို အသုံးပြုပြီး နိုင်ငံခြားတိုင်းပြည်တွေ ကိုပါ အသံလွှင့်နိုင်စေဖို့ တံတားလေးစိတ္တဇဆေးရုံနေရာမှာ အသံလွှင့်ရုံအသစ် တည်ဆောက်ခဲ့ကြပါတယ်။ ဖိုက်ချ်လမ်းမှာရှိတဲ့ အသံလွှင့်ရုံကိုလဲ နေရာပိုကျယ်တဲ့ ချင်းချောင်းနန်းတော်ကိုပြောင်းရွှေ့ခဲ့ပါတယ်။


အဲဒီကာလက အသံလွှင့်အစီအစဉ်စတင်တဲ့အချိန်မှာ “ ရန်ကုန်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာအသံလွှင့်ဌာနမှ ၂၅မီတာနှင့် လှိုင်းလတ် ၂၆၀မီတာတို့မှ အသံလွှင့်နေပါသည်..” ဆိုတဲ့ကြေငြာချက်ကို စတင်ထုတ်လွှင့်တတ်တာကြောင့် ဂျပန်ခေတ်မြန်မာ့အသံလွှင့်လုပ်ငန်း အသံလွှင့်ရုံကို “မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန” လို့အမည်ပေးထားခဲ့တယ်လို့ သိရပါတယ်။


၁၉၄၃ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ချင်းချောင်းနန်းတော်အသံလွှင့်ရုံမှ မြန်မာဘာသာအစီအစဉ်တွေသာမက အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ ဟိန္ဒူဘာသာ၊ဘင်္ဂါလီဘာသာ၊ တမီးလ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ပါ တိုးချဲ့အသံလွှင့်နိုင်ခဲ့ပါတယ်။


ဂျပန်ခေတ်မှာ အမှတ်တရဖြစ်စရာကောင်းတဲ့ တိုက်ရိုက်အသံလွှင့်ခဲ့ရတာကတော့ ၁၉၄၃ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့ ကန်တော်ကြီး (အလယ်ကျွန်း)မှာကျင်းပတဲ့ ဒေါက်တာဘမော်ကို အောင်လံနဲ့ အောင်မြေ အပ်နှင်းတဲ့အခမ်းအနား။ ၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက် ရန်ကုန်မြို့ အစိုးရအိမ်တော်မှာကျင်းပတဲ့ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးကြေငြာတဲ့အခမ်းအနားနဲ့ ၁၉၄၅ခုနှစ် မတ် ၁၇ရက်မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဘက် (ယခုတော်လှန်ရေးပန်းခြံ)မှာပြုလုပ်တဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ စစ်ထွက်အခမ်းအနားတွေဖြစ်ပါတယ်။


၁၉၄၅ခုနှစ် မတ်လကစပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တော်လှန်ရေးကြီးစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက် က မဟာမိတ်တပ်တွေလဲ ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။ ၁၉၄၅ခုနှစ် ဧပြီ ၂၂ရက်မှာတော့ ဂျပန်စစ်တပ်တွေ ရန်ကုန်မြို့က နောက်ဆုံးထွက်ခွာခဲ့သလို ဂျပန်ခေတ်က အသံလွှင့်လုပ်ငန်းကလဲ လုံးဝဇာတ်သိမ်းခဲ့ရပါတော့တယ်။ ၁၉၄၅ခုနှစ် မေလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်စစ်တပ်တွေနဲ့အတူ အရှေ့အာရှတောင်ပိုင်းစစ်ဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနခွဲက လိုက်ပါလာပြီး ၇ဒသမ၅ကီလိုဝပ်လှိုင်းတိုမာကိုနီ အသံလွှင့်စက်နှစ်လုံး၊ ငါးကီလိုဝပ်လှိုင်းလတ်အသံလွှင့်စက်တွေနဲ့ ရန်ကုန်ရေဒီယို (Rangoon Radio) လို့ခေါ်တဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ပါတယ်။


အဲဒီကတစ်ဆင့် ၁၉၄၆ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည်အသစ်နဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းရဲ့ ဗမာ့အသံကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၈ခုနှစ် နိုဝင်ဘာလ ၂၈ ရက်ကစပြီး “ဗမာ့အသံ” မှ “မြန်မာ့အသံ” အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာတော့ ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့ အသံလွှင့်ရုံ သစ်ကြီးမှာ ပြောင်းရွှေ့အသံလွှင့်ခဲ့တယ်။ ၁၉၇၁ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာ့အသံ ၂၅နှစ်မြောက် ငွေရတုသဘင်ပွဲကို မြန်မာ့အသံမြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ၁၉၇၂ခုနှစ် မတ် ၁၆ရက်မှာတော့ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအမည် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်ကစပြီး ရောင်စုံမြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ 


၁၉၉၁ခုနှစ် ဇန်နဝါရီ ၂၄ရက်မှာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည်ပြောင်းခဲ့ပြီး ၁၉၉၇ခုနှစ် နိုဝင်ဘာ ၂၂ရက်မှာ “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” [Myanma Radio and Television (MRTV)] အဖြစ်ပြောင်းလဲခဲ့ပါတယ်။ 


မြန်မာ့အသံနဲ့ပတ်သက်ပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအကြောင်းကို မြန်မာ့အသံ ဦးကျော်ညိန်း(မာတလိ)က “နှစ် ၃၀ မြန်မာ့အသံ” ဆိုတဲ့ မှတ်တမ်းစာအုပ်ေရေးသားပြုစုခဲ့ဖူးတယ်။


မြန်မာ့အသံဦးသိန်းဟန်ကလည်း “ထူးချွန်ထင်ရှား လေလှိုင်းအသံရှင်များ” ဆိုတဲ့ မှတ်တမ်းစာအုပ်ရေးသားပြီး မြန်မာ့အသံရဲ့သမိုင်းခရီး အတွေ့အကြုံတွေ မျှဝေပေးခဲ့ပါတယ်။


၂၀၀၆ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်းမှာလဲ ဗမာ့အသံရဲ့သမိုင်းကြောင်းတွေ ဖတ်ရမှတ်ရပါတယ်။


မြန်မာ့အသံရဲ့ ၇၅နှစ်မြောက် စိန်ရတုမှသည် နောင်နှစ်ပေါင်းများစွာထိ မြန်မာနိုင်ငံအတွက် မြန်မာမှု၊ မြန်မာ့ဟန်၊ “မြန်မာ့အသံ” တွေကို ကာလများစွာ နှစ်ပေါင်းထောင်သောင်းမက လေလှိုင်းပေါ်မှာ လွင့်ပျံနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ကိုးကား -

ဦးကျော်ညိန်း(မာတလိ) - နှစ် ၃၀ မြန်မာ့အသံ၊ 


မြန်မာ့အသံ သိန်းဟန် - ထူးချွန်ထင်ရှားလေလှိုင်းအသံရှင်များ


နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်း ၂၀၀၆ 


*** ယခုလက်ရှိမှာတော့ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလွှင့်ရုံကို အဓိကထားကာ မြန်မာပြည်တဝှမ်းအား ထုတ်လွှင့်နေပါကြောင်း။


(Zawgyi) 

ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ား




#MRTV

#ျမန္မာ့အသံႏွင့္ရုပ္ျမင္သံၾကား

#စိန္ရတုအထိမ္းအမွတ္ဂုဏ္ျပဳပြဲ


(ကၽြန္ေတာ္တို႔ငယ္စဥ္ကတည္းက ရုပ္ျမင္သံၾကားလိုင္းေတြ ေပါေပါမ်ားမ်ားမၾကည့္ႏိုင္ေသးခင္ ရုပ္ျမင္သံၾကား Television ျပစက္ေရွ႕ ေရာက္တာနဲ႔ ျမန္မာ့ရုပ္ျမင္သံၾကားကို စျမင္ၾကည့္ရႈၾကရျပီး ေရဒီယိုဖြင့္တာနဲ႔ ျမန္မာ့အသံကိုဦးစားေပးနားေထာင္ျဖစ္ခဲ့ၾကတာ မျငင္း နိုင္တဲ့အမွန္တရားတစ္ခုျဖစ္ပါတယ္။ ျပန္ၾကားေပးရန္၊ ေဖ်ာ္ေျဖေပးရန္၊ ပညာေပးရန္အတြက္ အမွန္အကန္၊ အတိအက် သတင္းေတြကို အတည္ျပဳေပးေနတဲ့ ဌာနတစ္ခုလို႔ဆိုႏိုင္ေၾကာင္း စိတ္ထဲစြဲမွတ္ေနရမယ့္သေဘာပါ။ အခုစိန္ရတုကာလမွာ သတင္းေတြ ေဆာင္းပါးေတြ အျပိဳင္အဆိုင္ေရးသားေဖာ္ျပေနၾကတဲ့အထဲ ဆရာမ်ိဳးသူရ(စစ္ကိုင္း)ရဲ႕ ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ားေဆာင္းပါးထဲက မွတ္သားဖြယ္ အခ်က္အလက္အခ်ိဳ႕ကို ဗဟုသုတရေစဖို႔ ျပန္လည္ကူးယူေ၀မွ်လိုက္ပါတယ္။)


MRTV (Myanma Radio and Television) ျမန္႔မာ့အသံႏွင့္ ရုပ္ျမင္သံၾကား 


ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား ၇၅ႏွစ္ေျမာက္ စိန္ရတုပြဲကို ၂၀၂၁ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၅ရက္မွာ က်င္းပမယ္လို႔ သတင္းစကား ၾကားရပါတယ္။ ျမန္မာ့ရုပ္ျမင္သံၾကားကလဲ စိန္ရတုအထိမ္းအမွတ္အစီအစဥ္ေတြကို ထုတ္လႊင့္ေပးေနပါျပီ။ ျမန္မာႏိုင္ငံမွာ သည္လို ခိုင္ခိုင္မာမာရပ္တည္ႏိုင္ဖို႔ ဘယ္လိုေတြစတင္ျဖစ္ေပၚလာသလဲဆိုတာ ဗဟုသုတရေအာင္ သတင္းစာေဆာင္းပါးတစ္ေစာင္က အခ်က္ အလက္အခ်ိဳ႕ကိုျျပန္လည္ေဖာ္ျပပါရေစ။


ျမန္မာ့အသံလႊင့္လုပ္ငန္းရယ္လို႔ ပီပီျပင္ျပင္မေပၚေသးခင္ ၁၉၃၇ခုႏွစ္ေလာက္က အဂၤလိပ္အစိုးရရဲ႕ ေၾကးနန္းဆက္သြယ္ေရးဌာနက ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံကို ၀ိုင္ယာလက္ေၾကးနန္းဆက္သြယ္ရာမွာ အသံုးျပဳတဲ့ မာကိုနီအသံလႊင့္စက္ကိုသံုးျပီး နံနက္ပိုင္း၊ ညေနပိုင္း ေတြမွာ စမ္းသပ္အသံလႊင့္ခဲ့ပါတယ္။ အသံလႊင့္စက္နဲ႔ အသံလႊင့္ရံုကိုေတာ့ မဂၤလာဒံုမွာထားခဲ့ပါတယ္။


၁၉၃၈ခုႏွစ္မွာေတာ့ ဖီးလစ္ (Philip) အမ်ိဳးအစား ၁၀ကီလို၀ပ္ အသံလႊင့္စက္တစ္လံုးကို ႏိုင္ငံျခားကမွာယူခဲ့ပါတယ္။ အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ ပန္းဆိုးတန္း ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ အခန္းေတြျပဳျပင္ဖြဲ႔စည္းျပီး တည္ေဆာက္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ ၾကိဳးမဲ့ ေၾကးနန္းဌာနခြဲက စက္ဘက္ဆိုင္ရာ၀န္ထမ္းေတြက ၀ပ္ ၅၀၀အားရွိတဲ့အသံလႊင့္စက္တစ္လံုးကို တည္ေဆာက္ေနတဲ့အခ်ိန္ျဖစ္တယ္။


၁၉၃၉ခုႏွစ္ ႏွယ္လယ္ပိုင္းမွာ ႏိုင္ငံျခားက မွာယူခဲ့တဲ့ ၁၀ကီလို၀ပ္ အသံလႊင့္စက္ေရာက္ရွိလာခဲ့သလို ၾကိဳးမဲ့ေၾကးနန္းဆက္သြယ္ေရး ဌာနခြဲ ၀န္ထမ္းေတြ တည္ေဆာက္ခဲ့တဲ့ ၀ပ္ ၅၀၀အား အသံလႊင့္စက္ကလည္း တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ ရန္ကုန္ျမိဳ႕ ၃၆လမ္းက ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ ျပဳျပင္တည္ေဆာက္ခဲ့တဲ့ အသံလႊင့္ခန္းေတြ၊ အသံထိန္းခန္းေတြကလဲ တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ အသံလႊင့္ရာမွာ အသံုးျပဳရမယ့္ စႏၵရားေတြ၊ တူရိယာပစၥည္းေတြ၊ ျမန္မာသီခ်င္း ဓာတ္ျပား၊ အဂၤလိပ္သီခ်င္းဓာတ္ျပား၊ ဟိႏၵဴစတန္နီ သီခ်င္းဓာတ္ျပား အမ်ားအျပား၀ယ္ယူစုေဆာင္းခဲ့ရပါတယ္။ အသံလႊင့္ဆိုင္ရာလုပ္ငန္းေတြလုပ္ဖို႔ ၀န္ထမ္းေတြရွာေဖြခန္႔ထားျပီး ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ၾကပါတယ္။


အသံလႊင့္လုပ္ငန္းေတြကို စမ္းသပ္ထုတ္လႊင့္ျပီး ၁၉၃၉ခုႏွစ္ ဇြန္လမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအစမ္းအသံလႊင့္ရံု (Burma State Experimental Broadcasting Service)ေေပၚေပါက္လာခဲ့ပါတယ္။


ဖီးလစ္အသံလႊင့္စက္နဲ႔ သံုး၊ေလးလၾကာေအာင္ စမ္းသပ္ထုတ္လႊင့္ခဲ့ျပီး အသံလႊင့္လုပ္ငန္းေတြ အဆင္ေျပလာတာေၾကာင့္ ၁၉၃၉ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ ညေန ၅နာရီမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအသံလႊင့္ဌာန (Burma State Broadcasting Service) အသံလႊင့္ရံုသစ္ ဖြင့္ပြဲကို ရန္ကုန္ျမိဳ႕ ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ က်င္းပႏိုင္ခဲ့ပါတယ္။


အသံလႊင့္ရံုသစ္ဖြင့္လွစ္ျပီးတဲ့ေနာက္ ယခင္ထုတ္လႊင့္ေနၾက အစီအစဥ္ေတြသာမကဘဲ ေဟာေျပာခ်က္၊ တီး၀ိုင္းအဖြဲ႕ေတြရဲ႕ ေဖ်ာ္ေျဖမႈ၊ ကေလးမ်ားအခန္း၊ လူၾကီးေတြအတြက္ ဥပုသ္ေန႔ေတြမွာ ႏိုင္ငံေက်ာ္ဓမၼကထိကဆရာေတာ္ေတြရဲ႕ တရားေဟာေျပာမႈအစီအစဥ္ေတြ ထည့္သြင္းထုတ္လႊင့္ခဲ့ၾကပါတယ္။


“ေဟာေျပာခ်က္” အစီအစဥ္မွာ ပညာ၀န္ဦးစိန္ရြက္၊ ပညာ၀န္ဦးဖိုးက်ား၊ ေရႊျပည္ဦးဘတင္၊ သီဟိုဠ္ႏိုင္ငံ ျမန္မာသံအမတ္ၾကီးေဟာင္း ဦးတင့္၊ ဦးဘေဆြ၊ ျမန္ေအာင္ဦးတင္၊ ဦးထြန္းညိဳ။ ေဒၚမမခင္တို႔က အစဥ္မျပတ္ ေဟာေျပာခဲ့ၾကသလို ကေလးမ်ားအခန္းအစီအစဥ္ကို ေတာ့ ပညာအုပ္ ေဒၚျမေရႊက တာ၀န္ယူစီစဥ္ခဲ့ပါတယ္။


အပတ္စဥ္ မွန္မွန္ အသံလႊင့္ခဲ့တဲ့ ကာလေပၚတီး၀ိုင္းကေတာ့ ေရႊျပည္ေအးေခါင္းေဆာင္တဲ့ အသံလႊင့္ဌာနတူရိယာအဖြဲ႔ပါ။ အသံလႊင့္ဌာန တူရိယာအဖြဲ႔(Studio Orchestra) ဆိုတာက အသံလႊင့္ဌာနမွာ တစ္ၾကိမ္အသံလႊင့္ခ ၁၅က်ပ္ေပးျပီး အျမဲတမ္းငွားရမ္းထားတဲ့အဖြဲ႔ျဖစ္ ပါတယ္။


အဲဒီကာလက လူၾကိဳက္မ်ားခဲ့တဲ့ တီး၀ိုင္းေတြကေတာ့ ေအ၀မ္းခင္ေမာင္တူရိယာအဖြဲ႔၊ တကၠသိုလ္စိုးအဖြဲ႔၊ ဂီတာ ဗေစာၾကည္အဖြဲ႔၊ ေရႊတိုင္ညြန္႔အဖြဲ႔၊ တကၠသိုလ္ေမာင္ေမာင္လွအဖြဲ႔၊ ဂီတာစိမ္းေမာင္အဖြဲ႔၊ ေအ၀မ္းဖလင္အဖြဲ႔ေတြျျဖစ္ပါတယ္။


ျမန္မာ့အသံလႊင့္ဌာနက သီခ်င္းၾကီးေတြကိုထုတ္လႊင့္ခဲ့ရာမွာ မတင္အံုးအဖြဲ႔၊ ကိုအလီအဖြဲ႔၊ ဆရာစိုးအဖြဲ႔၊ သံလ်င္ျမဦးနဲ႔ ေစာင္းေမာင္ေက်ာ္ျငိမ္းအဖြဲ႔၊ ျမန္မာညြန္႔ ဦးညႊန္႔ေမာင္အဖြဲ႔ေတြဟာ လူၾကိဳက္မ်ားထင္ရွားခဲ့တဲ့ သီခ်င္းၾကီးအဖြဲ႔ေတြပဲျဖစ္ပါတယ္။


အထူးသျဖင့္ မတင္အံုးအဖြဲ႔မွာ အစ္ကိုျဖစ္တဲ့ ေစာင္း ဦးဘသန္း၊ ညီမေတြျဖစ္တဲ့ စႏၵရားမစိန္ရီ၊ တေယာ မခင္ေစာတို႔မိသားစု တက္ညီလက္ညီပါ၀င္တီးမႈတ္ၾကတဲ့အတြက္ လူၾကိဳက္မ်ားလွပါတယ္။


ပရိသတ္အၾကိဳက္အစီအစဥ္တစ္ခုကေတာ့ ေဘာလံုးပြဲတိုက္ရိုက္အသံလႊင့္အစီအစဥ္ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ရန္ကုန္ျမိဳ႕မွာရွိတဲ့ ဘီေအေအ ေဘာလံုးကြင္း(ယခုေအာင္ဆန္းကြင္း)မွာ ရႈံးထြက္ကစားရတဲ့ ေ၀ါလတာေလ့ဒိုင္း ေဘာလံုးဗိုလ္လုပြဲဟာ စိတ္၀င္တစား အားေပးၾကသူမ်ားတဲ့အတြက္ ဘီေအေအအသင္းအတြင္းေရးမွဴး မစၥတာဘင္ရွက္ဒရက္နဲ႔ ညွိႏႈိင္းျပီး ေနာက္ဆံုးဗိုလ္လုပြဲေဘာလံုးသတင္း ကို တိုက္ရိုက္အသံလႊင့္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ အသံလႊင့္ခဲ့သူကေတာ့ သမာဓိသတင္းစာ၊ အယ္ဒီတာခ်ဳပ္ ဦးအမ္ဘိုးခ်ိန္ျဖစ္ပါတယ္။ ျမန္မာ့ေဘာလံုးပြဲသတင္းကို ပထမဦးဆံုး ေၾကျငာသူအျဖစ္ ဦးအမ္ဘိုးခ်ိန္ကို မွတ္တမ္းတင္ရမွာပါ။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာလထိ အသံလႊင့္ရံုကို ဦးထြန္းညိဳ၊ ဦးတင့္ေဆြ၊ ေရႊျပည္ ဦးတင္၊ ဦးတုေမာင္နဲ႔ သူၾကီးေဂဇက္ ဦးခင္ေမာင္စတဲ့ ပုဂၢိဳလ္ေတြက အသံၾကီးၾကပ္အုပ္ခ်ဳပ္ေပးခဲ့ၾကပါတယ္။ ဒုတိယကမၻာစစ္ၾကီး မျဖစ္မီကာလအထိေပါ့။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၈ရက္မွာ အဂၤလိပ္နဲ႔ အေမရိကန္တို႔က ဂ်ပန္ႏိုင္ငံကို စစ္ေၾကျငာလိုက္ပါတယ္။ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၂၃ရက္မွာ ဂ်ပန္ေလယာဥ္ပ်ံေတြက ရန္ကုန္ျမိဳ႕ကို စတင္ဗံုးၾကဲေတာ့ အသံလႊင့္ရံုရွိေနတဲ့ ဗဟိုေၾကးနန္းရံုးၾကီးအေရွ႕ဘက္ ပန္းဆိုးတန္းလမ္းေပၚမွာ က်ေရာက္ေပါက္ကြဲခဲ့ေပမယ့္ အသံလႊင့္ရံုကေတာ့ မထိခိုက္မပ်က္စီးခဲ့ပါဘူး။ အဲဒီေနာက္ရက္ေတြမွာ ဂ်ပန္ေလယာဥ္ေတြမၾကာခဏ ဗံုးၾကဲလာတာေၾကာင့္ ၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ရက္၀န္းက်င္မွာ အသံလႊင့္ရံုစက္ဘက္၀န္ထမ္းတခ်ိဳ႕ဟာ စက္ပစၥည္းတခ်ိဳ႕နဲ႔ အဂၤလိပ္၊ ျမန္မာသီခ်င္းဓာတ္ျပားေတြကို သယ္ေဆာင္ျပီး ရန္ကုန္ျမိဳ႕ကေန ေမျမိဳ႕ကို ေမာ္ေတာ္ကားနဲ႔ထြက္ခြာခဲ့ရပါေတာ့တယ္။ 


၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီ ၂၅ရက္မွာေတာ့ ရန္ကုန္အသံလႊင့္ရံုမွာ က်န္ရစ္ခဲ့တဲ့စက္ဘက္၀န္ထမ္းတခ်ိဳ႕နဲ႔ အလုပ္လုပ္ကိုင္လုိသူေတြကို ရ န္ကုန္အသံလႊင့္ရံုကိုပိတ္ျပီး ေမျမိဳ႕ကိုလိုက္လာခဲ့ၾကဖို႔ ညႊန္ၾကားခ်က္ရရွိတာေၾကာင့္ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို ေမျမိဳ႕ကို အျပီးေျေျပာင္းေရႊ႕ခဲ့ရပါတယ္။


ေမျမိဳ႕မွာအေျခတည္ျပီး ျမန္မာဘာသာသတင္းနဲ႔ ေတးဂီတအစီအစဥ္ေတြကို အလ်ဥ္းသင့္သလိုစီစဥ္ျပီး ဆက္လက္အသံလႊင့္ခဲ့ပါတယ္။ ေမျမိဳ႕မွာ ႏွစ္လေလာက္ၾကာခ်ိန္ ၁၉၄၂ခုႏွစ္ ဧျပီလမွာ ဂ်ပန္ေလယာဥ္ေတြေရာက္လာျပီး မႏၱေလးျမိဳ႕နဲ႔ ေမျမိဳ႕ကို ဗံုးၾကဲတိုက္ခိုက္ၾက ပါေတာ့တယ္။ ဂ်ပန္ေျခလ်င္တပ္ေတြကလည္း လားရႈိးဘက္က ဗမာ့တပ္မေတာ္နဲ႔ပူးေပါင္းျပီး ေမျမိဳ႕ကိုခ်ီတက္လာခ်ိန္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ရံုကို ပိတ္ပစ္ရပါေတာ့တယ္။


၁၉၄၂ခုႏွစ္ ဧျပီလကုန္ေလာက္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ေနခဲ့တဲ့ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို အျပီးတိုင္ပိတ္သိမ္းခဲ့ရ ပါေတာ့တယ္။ ဂ်ပန္စစ္အစိုးရက ဂ်ပန္ေခတ္မွာ အသံလႊင့္လုပ္ငန္းကို ၀ါဒျဖန္႔ခ်ိေရးအတြက္အသံုးျပဳဖို႔ ျပန္လည္စီစဥ္ခဲ့ပါတယ္။ ဂ်ပန္တို႔က တစ္ကီလို၀ပ္ ဂ်ပန္ႏိုင္ငံလုပ္အသံလႊင့္စက္ကို ကမၻာေအးဘုရားနားက ေရကူးမွာတပ္ဆင္ျပီး အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ အမွတ္ (၄၇) ဖိုက္ခ်္လမ္းမွာ တည္ေဆာက္ခဲ့ၾကတယ္။


၁၉၄၂ ၾသဂုတ္လထဲမွာ ဖိုက္ခ်္လမ္းအသံလႊင့္ရံုက ၂၆၃မီတာကိုအသံုးျပဳျပီး ညေန ၅နာရီ မိနစ္ ၃၀မွ ည ၉နာရီထိ ျမန္မာဘာသာနဲ႔ အသံလႊင့္အစီအစဥ္ေတြ စတင္ထုတ္လႊင့္ခဲ့ပါတယ္။ ဂ်ပန္ေခတ္ အသံလႊင့္အစီအစဥ္ေတြမွာ သတင္းေတြ၊ သတင္းေ၀ဖန္ခ်က္ေတြ၊ ေဟာေျပာခ်က္ေတြ၊ သီခ်င္းဓာတ္ျပားေတြအျပင္ ကာလေပၚတီး၀ိုင္း၊ သီခ်င္းၾကီးတီး၀ိုင္းေတြပါ ပါ၀င္အသံလႊင့္ခဲ့ၾကပါတယ္။


၁၉၄၂ခုႏွစ္ ႏို၀င္ဘာလမွာ ဂ်ပန္လုပ္ ၁၀ကီလို၀ပ္အားရွိ လႈိင္းလတ္အသံလႊင့္စက္တစ္လံုး၊ ငါးကီလို၀ပ္အားရွိ မာကိုနီအမ်ိဳးအစား လႈိင္းတိုအသံလႊင့္စက္တစ္လံုး၊ ေနာက္ထပ္ ငါးကီလို၀ပ္အားရွိ လႈိင္းတိုအသံလႊင့္စက္တစ္လံုးကို အသံုးျပဳျပီး ႏိုင္ငံျခားတိုင္းျပည္ေတြ ကိုပါ အသံလႊင့္ႏိုင္ေစဖို႔ တံတားေလးစိတၱဇေဆးရံုေနရာမွာ အသံလႊင့္ရံုအသစ္ တည္ေဆာက္ခဲ့ၾကပါတယ္။ ဖိုက္ခ်္လမ္းမွာရွိတဲ့ အသံလႊင့္ရံုကိုလဲ ေနရာပိုက်ယ္တဲ့ ခ်င္းေခ်ာင္းနန္းေတာ္ကိုေျပာင္းေရႊ႕ခဲ့ပါတယ္။


အဲဒီကာလက အသံလႊင့္အစီအစဥ္စတင္တဲ့အခ်ိန္မွာ “ ရန္ကုန္ျမိဳ႕ ျမန္မာႏိုင္ငံလံုးဆိုင္ရာအသံလႊင့္ဌာနမွ ၂၅မီတာႏွင့္ လိႈင္းလတ္ ၂၆၀မီတာတို႔မွ အသံလႊင့္ေနပါသည္..” ဆိုတဲ့ေၾကျငာခ်က္ကို စတင္ထုတ္လႊင့္တတ္တာေၾကာင့္ ဂ်ပန္ေခတ္ျမန္မာ့အသံလႊင့္လုပ္ငန္း အသံလႊင့္ရံုကို “ျမန္မာႏိုင္ငံလံုးဆိုင္ရာ အသံလႊင့္ဌာန” လို႔အမည္ေပးထားခဲ့တယ္လို႔ သိရပါတယ္။


၁၉၄၃ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ျပီး ခ်င္းေခ်ာင္းနန္းေတာ္အသံလႊင့္ရံုမွ ျမန္မာဘာသာအစီအစဥ္ေတြသာမက အဂၤလိပ္ဘာသာ၊ ဂ်ပန္ဘာသာ၊ ဟိႏၵဴဘာသာ၊ဘဂၤါလီဘာသာ၊ တမီးလ္ဘာသာ၊ တရုတ္ဘာသာေတြနဲ႔ပါ တိုးခ်ဲ႕အသံလႊင့္ႏိုင္ခဲ့ပါတယ္။


ဂ်ပန္ေခတ္မွာ အမွတ္တရျဖစ္စရာေကာင္းတဲ့ တိုက္ရိုက္အသံလႊင့္ခဲ့ရတာကေတာ့ ၁၉၄၃ခုႏွစ္ ဧျပီလအတြင္း ရန္ကုန္ျမိဳ႕ ကန္ေတာ္ၾကီး (အလယ္ကၽြန္း)မွာက်င္းပတဲ့ ေဒါက္တာဘေမာ္ကို ေအာင္လံနဲ႔ ေအာင္ေျမ အပ္ႏွင္းတဲ့အခမ္းအနား။ ၁၉၄၃ခုႏွစ္ ၾသဂုတ္လ ၁ရက္ ရန္ကုန္ျမိဳ႕ အစိုးရအိမ္ေတာ္မွာက်င္းပတဲ့ ဂ်ပန္ေခတ္ ဗမာ့လြတ္လပ္ေရးေၾကျငာတဲ့အခမ္းအနားနဲ႔ ၁၉၄၅ခုႏွစ္ မတ္ ၁၇ရက္မွာ ရန္ကုန္ျမိဳ႕ ေရႊတိဂံုေစတီေတာ္အေနာက္ဘက္ (ယခုေတာ္လွန္ေရးပန္းျခံ)မွာျပဳလုပ္တဲ့ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ့ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ရဲ႕ စစ္ထြက္အခမ္းအနားေတြျဖစ္ပါတယ္။


၁၉၄၅ခုႏွစ္ မတ္လကစျပီး ဗမာ့လြတ္လပ္ေရး တပ္မေတာ္က ျမန္မာႏိုင္ငံတစ္၀န္းလံုးမွာ ေတာ္လွန္ေရးၾကီးစတင္ခဲ့ျပီး အိႏၵိယႏိုင္ငံဘက္ က မဟာမိတ္တပ္ေတြလဲ ျပန္လည္ထိုးစစ္ဆင္လာခဲ့ပါတယ္။ ၁၉၄၅ခုႏွစ္ ဧျပီ ၂၂ရက္မွာေတာ့ ဂ်ပန္စစ္တပ္ေတြ ရန္ကုန္ျမိဳ႕က ေနာက္ဆံုးထြက္ခြာခဲ့သလို ဂ်ပန္ေခတ္က အသံလႊင့္လုပ္ငန္းကလဲ လံုး၀ဇာတ္သိမ္းခဲ့ရပါေတာ့တယ္။ ၁၉၄၅ခုႏွစ္ ေမလဆန္းပိုင္းမွာ ျမန္မာႏိုင္ငံကို ျပန္လည္သိမ္းပိုက္ခဲ့တဲ့ မဟာမိတ္စစ္တပ္ေတြနဲ႔အတူ အေရွ႕အာရွေတာင္ပိုင္းစစ္ဌာန၊ စိတ္ဓာတ္စစ္ဆင္ေရးဌာနခြဲက လိုက္ပါလာျပီး ၇ဒသမ၅ကီလို၀ပ္လႈိင္းတိုမာကိုနီ အသံလႊင့္စက္ႏွစ္လံုး၊ ငါးကီလို၀ပ္လႈိင္းလတ္အသံလႊင့္စက္ေတြနဲ႔ ရန္ကုန္ေရဒီယို (Rangoon Radio) လို႔ေခၚတဲ့ ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ပါတယ္။


အဲဒီကတစ္ဆင့္ ၁၉၄၆ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည္အသစ္နဲ႔ ျမန္မာ့အသံလႊင့္လုပ္ငန္းရဲ႕ ဗမာ့အသံက႑သစ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၅၈ခုႏွစ္ ႏို၀င္ဘာလ ၂၈ ရက္ကစျပီး “ဗမာ့အသံ” မွ “ျမန္မာ့အသံ” အျဖစ္ နာမည္ေျပာင္းလဲခဲ့ပါတယ္။ ၁၉၆၀ျပည့္ႏွစ္ ႏို၀င္ဘာ ၄ ရက္မွာေတာ့ ရန္ကုန္ျမိဳ႕ျပည္လမ္းမွာရွိတဲ့ အသံလႊင့္ရံု သစ္ၾကီးမွာ ေျပာင္းေရႊ႕အသံလႊင့္ခဲ့တယ္။ ၁၉၇၁ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ျမန္မာ့အသံ ၂၅ႏွစ္ေျမာက္ ေငြရတုသဘင္ပြဲကို ျမန္မာ့အသံျမက္ခင္းျပင္မွာ က်င္းပခဲ့ပါတယ္။ ၁၉၇၂ခုႏွစ္ မတ္ ၁၆ရက္မွာေတာ့ ျပန္ၾကားေရးႏွင့္ အသံလႊင့္ဦးစီးဌာနအမည္ ေျပာင္းလဲခဲ့ပါတယ္။ ၁၉၈၀ျပည့္ႏွစ္ ႏို၀င္ဘာ ၁ရက္ကစျပီး ေရာင္စံုျမန္မာ့ရုပ္ျမင္သံၾကားအစီအစဥ္ကို စတင္ထုတ္လႊင့္ႏိုင္ခဲ့ပါတယ္။ 


၁၉၉၁ခုႏွစ္ ဇန္န၀ါရီ ၂၄ရက္မွာ ျမန္မာ့ရုပ္ျမင္သံၾကားႏွင့္ အသံလႊင့္ဦးစီးဌာနအျဖစ္ အမည္ေျပာင္းခဲ့ျပီး ၁၉၉၇ခုႏွစ္ ႏို၀င္ဘာ ၂၂ရက္မွာ “ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား” [Myanma Radio and Television (MRTV)] အျဖစ္ေျပာင္းလဲခဲ့ပါတယ္။ 


ျမန္မာ့အသံနဲ႔ပတ္သက္ျပီး ျဖတ္သန္းခဲ့ရတဲ့ ကာလေတြအေၾကာင္းကို ျမန္မာ့အသံ ဦးေက်ာ္ညိန္း(မာတလိ)က “ႏွစ္ ၃၀ ျမန္မာ့အသံ” ဆိုတဲ့ မွတ္တမ္းစာအုပ္ေေရးသားျပဳစုခဲ့ဖူးတယ္။


ျမန္မာ့အသံဦးသိန္းဟန္ကလည္း “ထူးခၽြန္ထင္ရွား ေလလိႈင္းအသံရွင္မ်ား” ဆိုတဲ့ မွတ္တမ္းစာအုပ္ေရးသားျပီး ျမန္မာ့အသံရဲ႕သမိုင္းခရီး အေတြ႕အၾကံဳေတြ မွ်ေ၀ေပးခဲ့ပါတယ္။


၂၀၀၆ခုႏွစ္မွာ ထုတ္ေ၀ခဲ့တဲ့ ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္းမွာလဲ ဗမာ့အသံရဲ႕သမိုင္းေၾကာင္းေတြ ဖတ္ရမွတ္ရပါတယ္။


ျမန္မာ့အသံရဲ႕ ၇၅ႏွစ္ေျမာက္ စိန္ရတုမွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ျမန္မာႏိုင္ငံအတြက္ ျမန္မာမႈ၊ ျမန္မာ့ဟန္၊ “ျမန္မာ့အသံ” ေတြကို ကာလမ်ားစြာ ႏွစ္ေပါင္းေထာင္ေသာင္းမက ေလလႈိင္းေပၚမွာ လြင့္ပ်ံႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။


ကိုးကား -

ဦးေက်ာ္ညိန္း(မာတလိ) - ႏွစ္ ၃၀ ျမန္မာ့အသံ၊ 


ျမန္မာ့အသံ သိန္းဟန္ - ထူးခၽြန္ထင္ရွားေလလႈိင္းအသံရွင္မ်ား


ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္း ၂၀၀၆ 


*** ယခုလက္ရွိမွာေတာ့ ေနျပည္ေတာ္ တပ္ကုန္းျမိဳ႕ရွိ ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကားလႊင့္ရံုကို အဓိကထားကာ ျမန္မာျပည္တ၀ွမ္းအား ထုတ္လႊင့္ေနပါေၾကာင္း။

No comments: