Tuesday, January 5, 2021

Japanese Beauty Secrets for Skin, Hair and More

ဂျပန်မလေးတွေလို လှပကြဖို့ (Japanese Beauty Secrets for Skin, Hair and More)




ဂျပန်အမျိုးသမီးတွေရဲ့အသားအရေဟာ အသက်အရွယ်နဲ့မသက်ဆိုင်လောက်အောင် လှပပျိုမြစ်ကြတာကြောင့် အတော်မနာလိုချင် စရာကောင်းပါတယ်။ ဂျပန်အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အသားအရေသွင်ပြင်ကောင်းမွန်ခြင်းဆိုတာတွဲစပ်မြင်မိလောက်အောင်ပါပဲ။ 

ကျွန်တော်တို့တွေ သူတို့ရဲ့ အလှအပလျှို့ဝှက်ချက်တွေကို အနည်းငယ်တူးဖော်ကြည်ပြီး ပြောပြသမျှ နမူနာနည်းလမ်းလေးတွေကို စေ့ငု လေ့လာကြရအောင်။


ဂျပန်အမျိုးသမီးများရဲ့ အလှအပဆိုင်ရာ အလေ့အကျင့်ကောင်းလေးတွေကို စမ်းသပ်ပြုလုပ်လိုက်နာမယ်ဆိုရင် စာဖတ်သူအဖို့ အမြဲတစေ လိုချင်နေခဲ့တဲ့ ချောမွေ့လှပတောက်ပြောင်တဲ့အသားအရေတွေပိုင်ဆိုင်ခွင့်ရမှာပါဗျ။


ဂျပန်လူမျိုးများရဲ့ အသားအရေထိန်းသိမ်းပုံနည်းလမ်းအချို့ (Japanese Skin Care Tips)


(၁) ဆန်ဆေးရည်ဖြင့် ရေချိုးခြင်း (Bathing in Rice Water)


ဂျပန်ဂေးရှားမယ်တွေဟာ ဖွဲနု(Rice Bran) လို့ပြောမလား ဆန်ကိုမချက်ပြုတ်ခင်ဆေးကြောရာမှာ ကျန်ရစ်ခဲ့တဲ့အနယ်အနှစ်တွေကို ချိုးရေထဲ ရောစပ်ပြီးသော်လည်းကောင်း၊ ရေစိမ်ချိုးမည့် ရေဇလားထဲထည့်ပြီးသော်လည်းကောင်း ထည့်သွင်းအသုံးပြုခြင်းက သူတို့ေ တွရဲ့ ဆံပင် ဆံသားများနဲ့ အရေပြားကို နူးညံ့ချောမွေ့အောင် အကူအညီအထောက်အပံ့ဖြစ်စေပါတယ်တဲ့။ သူတို့အသေအချာပြောနေတဲ့ တစ်စုံတစ်ခုကတော့ နူးညံ့ပျော့ပျောင်းစေတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) တစ်ခုအကြောင်းဖြစ်ပါတယ်။ ဆန်(rice) ဟာ အရေပြားကို အားဖြည့်ရာမှာ အကူအညီဖြစ်ပြီး အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို အကာအကွယ်ပေးတယ်လေ။


ဆန်ဖွဲနု(Rice bran) ဟာ ဂျပန်ပြည်ဖြစ် အသားအရေထိန်းသိမ်းရေးပစ္စည်းအချို့မှာ အဓိကပါဝင်ပစ္စည်းလည်းဖြစ်ပါတယ်။


(၂) ရေချိုးချိန်ဓလေ့ (Bath Time Rituals)

ဂျပန်မှာ ရေချိုးချိန်က ရိုးရာဓလေ့တစ်ခုဖြစ်နေပါတယ်။ အိမ်တွေမှာရှိနေကြ ရေချိုးကြွေဇလုံများလိုပဲ ရေပူစမ်းရှိရေချိုးအိမ် (Onsen) များမှာ ခေါင်းအစခြေအဆုံးသုံးတဲ့ ကြေးတွန်းပစ္စည်း (an exfoliating cleanser)ရနိုင်သကဲ့သို့ အမျိုးအမည်များတဲ့ လဖက်စိမ်းနဲ့ တိုင်းရင်းဆေးမြစ်အဆီအနှစ် သို့မဟုတ် အဆီတွေထည့်ပြီး စိမ်ချိုးလို့ရတဲ့ ရေပူစမ်းရေစိမ်ကန်တွေရှိကြတယ်။ 

ညအိပ်ချိန်မတိုင်ခင် သပွတ်အူလေးနဲ့ တကိုယ်လုံး ကြေးတွန်းပြီး တိုင်းရင်းဆေးမြစ်အဆီ ဒါမှမဟုတ် လဖက်ဆီထည့်ထားတဲ့ သဘာဝရေပူစိမ်ကန်ထဲ ဆင်းစိမ်ချိုးခြင်းဟာ အရေပြားလှပကျန်းမာဖို့ ကောင်းမွန်သလို စိတ်တင်းကြပ်မှု(stress) အတွက်လည်း အဆင်ပြေသွားစေနိုင်ပါတယ်။


(၃) လဖက်စိမ်း လဖက်ရည်ကြမ်းသောက်ခြင်း(Drink Green Tea)

ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုမှာ ခပ်ပူပူလက်ဖက်ရည်ကြမ်းတစ်ခွက်ကို အကြောင်းရင်းမျိုးစုံနဲ့ သောက်သုံးကြခြင်းဟာ အလန့် တကြားဖြစ်ခဲ့သောအကြောင်းအရာတစ်ချို့ကြောင့် ရိုးရာဓလေ့ဖြစ်သွားရခြင်းလည်းမည်ပါတယ်။ လဖက်စိမ်းရေနွေးကြမ်းက ရင်သားကင်ဆာကို ကာကွယ်ရာမှာ အကူအပံ့ရသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) အမြောက်အများပါဝင်နေတယ်လေ။

စာဖတ်သူရဲ့ ကိုယ်ခန္ဓာအတွင်းသွေးသားဓာတုဖြစ်စဉ်(metabolism) အရှိန်မြှင့်စေပြီး အဆီတွေလောင်ကျွမ်းစေဖို့ နည်းလမ်းကောင်း တစ်ခုကလည်း လဖက်စိမ်းရေနွေးကြမ်းကိုသောက်သုံးခြင်းဖြစ်ပါတယ်။ လဖက်စိမ်းရဲ့အကျိုးအာနိသင်အပြည့်အဝရဖို့အတွက် တစ်နေ့ ကို လဖက်စိမ်းရေနွေးကြမ်း နှစ်ခွက်ကနေ သုံးခွက်အထိသောက်ဖို့ကြိုးစားသင့်တယ်ဗျ။

လဖက်ရည်ကြမ်းသောက်သူတစ်ယောက်မဟုတ်ပါက စာဖတ်သူအနေနဲ့ လဖက်စိမ်းကို အခြားနည်းလမ်းများနဲ့အသုံးပြုလို့ရပါသေးတယ်။ လဖက်စိမ်းထည့်နှပ်ထားတဲ့ လက်ဖက်ရည်ကြမ်း နှစ်ခွက်ကိုအအေးခံထားပြီး ချွေးပေါက်ကျဉ်းဆေးရည်(a toner) တစ်ခုအဖြစ်သုံးနိုင်ပါ တယ်။ ဂွမ်းလုံးလေးတွေအသုံးပြုပြီး မျက်နှာမှာလိမ်းကျံရမှာပါ။ သည်သဘာဝပစ္စည်းလေးက အရေပြားစိုပြေတောက်ပခြင်းပေးဖို့ အကူအညီဖြစ်နိုင်သလို ချွေးပေါက်ကျယ်တွေကိုလျော့ချပေးနိုင်တာကြောင့် စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။

အအေးခံထားတဲ့ လဖက်စိမ်းရေနွေးကြမ်းအရည်ကို ပုလင်းလွတ်တစ်ခုထဲထည့်သွင်းသိမ်းဆည်းပြီး နေ့စဉ် အလှပြင်တဲ့လုပ်ငန်းစဉ်မှာ တစ်စိတ်တစ်ပိုင်းထည့်သွင်းအသုံးပြုပေးပါ။

(၄) အရေပြားဟောင်းကို ကွာကျစေခြင်း (Exfoliate)

ချောမွေ့တောက်ပြောင်တဲ့အရေပြားအလှဟာ ဂျပန်လူမျိုးများရဲ့ အလှအပဆိုင်ရာဂုဏ်ဒြပ်တစ်ခုဖြစ်တယ်။ အချိန်မှန် ပုံမှန် အရေပြားအနှံ့ ကြေးတွန်း ကြေးချွတ်ခြင်းရဲ့ အကျိုးရလာဒ်ဖြစ်ပါတယ်။ မုန့်ညက်နေတဲ့ Azuki ပဲမှုန့်ကို အရေပြားဆဲလ်သေတွေ ဖယ်ရှားရာမှာသုံး ဒါမှမဟုတ် အထူးတလည်ပြင်ဆင်ထားတဲ့ ရေစိုဝတ်(washcloths)များအသုံးပြုပြီး အရေပြားပေါ်ကို နုနုညံ့ညံ့ပွတ်သပ်ကာ အညစ်အကြေးတွယ်ကပ်နေတာတွေကို ဖယ်ရှားကြတယ်ဗျ။

ချောမွတ်နုညံ့တဲ့အရေပြားကိုပေးစွမ်းဖို့အတွက်ဆိုရင် ကျွန်တော်တို့အရေပြားနဲ့ သဘာဝအဆီကြား မျှခြေညီအောင်ထားဖို့လည်း လိုတယ်။ ဒါကြောင့် အရေပြားဟောင်းတွေကို ကွာအောင်လုပ် ကြေးချွတ်ပြီးပါက အဆီ(oils)၊ အရည်ကြည်(serums)နဲ့ အစိုဓာတ်ထိန်း ပစ္စည်း(moisturizers)တွေကို ထပ်ဆောင်းပြန်အသုံးပြုပေးရပါမယ်။

(၅) ပင်လယ်ရေညှိ (Wakame Kelp)

ပင်လယ်ရေညှိတစ်မျိုးဖြစ်တဲ့ ဝါကမီ(Wakame) ဖြစ်ဖြစ် ကဲလ်ပ်(Kelp)ပဲဖြစ်ဖြစ် ပင်လယ်ဖွားရေညှိတစ်မျိုးဟာ ကျွန်တော်တို့အရေပြား ကို လေထုညစ်ညမ်းခြင်း(pollution)နဲ့ နေရောင်ခြည်ဒဏ်သင့်ခြင်း(UV rays)များကြောင့်ပျက်စီးခြင်းကနေ အကာအကွယ်ပေးပါတယ်။ နောက်ပြီး အရေးအကြောင်းလိုင်းများနဲ့ မျက်ကွင်းညိုခြင်းများမဖြစ်အောင်လည်း ကာကွယ်မှုပေးပါတယ်။ ပင်လယ်ရေညှိဟာ မကြာခဏ ဆိုသလို ဂျပန်လူမျိုးတွေရဲ့ ဓာတ်စာစားသုံးမှု(diet)မှာပါဝင်နေတယ်ခင်ဗျ။

သည်ပစ္စည်းဟာ လူ့အရေပြားနဲ့ ဆံသားတိုးတက်ကောင်းမွန်စေဖို့ အတော်ကောင်းမွန်ပါတယ်။

ကော်လာဂျင်ထုတ်လုပ်ရေးနဲ့ အိုမင်းခြင်းကိုမဖြစ်စေတဲ့ ဟိုက်လရောနစ်အက်ဆစ်(hyaluronic acid) ယုတ်လျော့ခြင်းမဖြစ်အောင် အရေပြားအတွက်အထောက်အပံ့ဖြစ်တဲ့ မအိုဆေးဂုဏ်သတ္တိ (anti-aging) အများအပြားပါဝင်တယ်။


ဂျပန်လူမျိုးတို့ရဲ့ ခြေဖဝါးဂရုစိုက်ခြင်းနည်းအချို့ (Japanese Foot Care Secrets)

(၆) ငါးကုထုံး (Fish Therapy)

ဂျပန်လူမျိုးတွေဟာ သူတို့ခြေထောက်မှ အရေပြားဟောင်းတွေမရှိစေရေးအတွက် ငါးဆရာဝန်(doctor fish) သို့မဟုတ် သွားမပါသော ငါးလေးတွေထည့်ထားတဲ့ ရေကန်ငယ် ဒါမှမဟုတ် စည်ပိုင်းအသေးတစ်ခုထဲကိုနှစ်မြှုပ်ထည့်စိမ်တတ်ကြတယ်။ 

အဲသည့်ငါးတွေဟာ ခြေဖဝါး၊ခြေဖမိုးက အရေပြားဟောင်းတွေကို ခြစ်ကုတ်ဖယ်ရှားပစ်တတ်တာကြောင့် ဒေါက်မြင့်ဖိနပ်၊ ရှူးဖိနပ်စီး နေရတဲ့ ခြေထောက်တွေကို ချောမွတ်စေဖို့ ကူညီနေပြီး ကြည့်ကောင်းကျန်းမာတဲ့အသွင်ဖြစ်စေပါတယ်။


ဂျပန်လူမျိုးတို့ရဲ့ ဆံပင်ထိန်းသိမ်းနည်းအချို့ (Japanese Hair Care Tips)

(၇) ရေညှိပြား သို့မဟုတ် ပင်လယ်ရေညှိုခြောက်ပါသော ဓာတ်စာစားခြင်း ( A Diet Rich in Nori or Dried Seaweed)

မဟူရာရောင် နက်မှောင်နေတဲ့ ဆံပင်ဟာလည်း ဂျပန်လူမျိုးများရဲ့ ပကတိအလှတရားတစ်ခုပါ။ ကျွန်တော်တို့ အဘွားတွေ ဆံပင်ဆိုးဆေးသုံးပြီး ဆံသားနက်အောင်မလုပ်ခင် ဟိုးယခင်ကတည်းက ဂျပန်လူမျိုးအမျိုးသမီးများဟာ ဆံသားအားဖြည့်ပေးရန်နဲ့ ဆံပင်မဖြူအောင်ထိန်းဖို့အတွက်ဆိုပြီး ရေညှိခြောက်တွေကို ဓာတ်စာအဖြစ်မကြာခဏယုံယုံကြည်ကြည်စားလေ့ရှိကြပါတယ်။

ဆံပင်သန်စွမ်းဖို့ တောက်ပဖို့ ရည်ရွယ်ကာ ပရိုဘိုင်အိုတစ် (Probiotic) လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးကြွယ်ဝတဲ့အတွက် ရေညှိခြောက်ကို မီဆိုအနှစ် (miso paste)တို့ မီဆိုဟင်းရည် (miso soup) တို့ပြုလုပ်ရာမှာ ပေါင်းစပ်ထည့်သွင်းပြုလုပ်ကြပါတယ်။


သည်လောက်ဆိုရင်တော့ ဂျပန်လူမျိုးတွေဟာ သဘာဝပတ်ဝန်းကျင်ကရတဲ့ပစ္စည်းတွေကို ကောင်းကောင်းပြင်ဆင်ပြီး အလှအပအတွက် အသုံးပြုကြတာတွေ့နိုင်ပါတယ်။ ညဘက်တီဗီကြည့်တိုင်းတွေ့နေရတဲ့ ကိုရီးယားနိုင်ငံမှာရော ဘယ်လိုပစ္စည်းတွေကို နုပျိုလှပမှုအတွက် အသုံးပြုခဲ့ကြသလဲစိတ်ဝင်စားမိတယ်ခင်ဗျ။


Alex Aung (3 January 2021)

Ref: Japanese Beauty Secrets for Skin, Hair and More By Georgia Landry


(Zawgyi) 

ဂ်ပန္မေလးေတြလို လွပၾကဖို႔ (Japanese Beauty Secrets for Skin, Hair and More)




ဂ်ပန္အမ်ိဳးသမီးေတြရဲ႕အသားအေရဟာ အသက္အရြယ္နဲ႔မသက္ဆိုင္ေလာက္ေအာင္ လွပပ်ိဳျမစ္ၾကတာေၾကာင့္ အေတာ္မနာလိုခ်င္ စရာေကာင္းပါတယ္။ ဂ်ပန္အမ်ိဳးသမီးလို႔ဆိုလိုက္တာနဲ႔ အသားအေရသြင္ျပင္ေကာင္းမြန္ျခင္းဆိုတာတြဲစပ္ျမင္မိေလာက္ေအာင္ပါပဲ။ 

ကၽြန္ေတာ္တို႔ေတြ သူတို႔ရဲ႕ အလွအပလ်ွိဳ႕၀ွက္ခ်က္ေတြကို အနည္းငယ္တူးေဖာ္ၾကည္ျပီး ေျပာျပသမွ် နမူနာနည္းလမ္းေလးေတြကို ေစ့ငု ေလ့လာၾကရေအာင္။


ဂ်ပန္အမ်ိဳးသမီးမ်ားရဲ႕ အလွအပဆိုင္ရာ အေလ့အက်င့္ေကာင္းေလးေတြကို စမ္းသပ္ျပဳလုပ္လိုက္နာမယ္ဆိုရင္ စာဖတ္သူအဖို႔ အျမဲတေစ လိုခ်င္ေနခဲ့တဲ့ ေခ်ာေမြ႕လွပေတာက္ေျပာင္တဲ့အသားအေရေတြပိုင္ဆိုင္ခြင့္ရမွာပါဗ်။


ဂ်ပန္လူမ်ိဳးမ်ားရဲ႕ အသားအေရထိန္းသိမ္းပံုနည္းလမ္းအခ်ိဳ႕ (Japanese Skin Care Tips)


(၁) ဆန္ေဆးရည္ျဖင့္ ေရခ်ိဳးျခင္း (Bathing in Rice Water)


ဂ်ပန္ေဂးရွားမယ္ေတြဟာ ဖြဲႏု(Rice Bran) လို႔ေျပာမလား ဆန္ကိုမခ်က္ျပဳတ္ခင္ေဆးေၾကာရာမွာ က်န္ရစ္ခဲ့တဲ့အနယ္အႏွစ္ေတြကို ခ်ိဳးေရထဲ ေရာစပ္ျပီးေသာ္လည္းေကာင္း၊ ေရစိမ္ခ်ိဳးမည့္ ေရဇလားထဲထည့္ျပီးေသာ္လည္းေကာင္း ထည့္သြင္းအသံုးျပဳျခင္းက သူတို႔ေ တြရဲ႕ ဆံပင္ ဆံသားမ်ားနဲ႔ အေရျပားကို ႏူးညံ့ေခ်ာေမြ႔ေအာင္ အကူအညီအေထာက္အပံ့ျဖစ္ေစပါတယ္တဲ့။ သူတို႔အေသအခ်ာေျပာေနတဲ့ တစ္စံုတစ္ခုကေတာ့ ႏူးညံ့ေပ်ာ့ေပ်ာင္းေစတဲ့ သဘာ၀ဓာတ္တိုးဆန္႔က်င္ပစၥည္း(antioxidant) တစ္ခုအေၾကာင္းျဖစ္ပါတယ္။ ဆန္(rice) ဟာ အေရျပားကို အားျဖည့္ရာမွာ အကူအညီျဖစ္ျပီး အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္းကို အကာအကြယ္ေပးတယ္ေလ။


ဆန္ဖြဲႏု(Rice bran) ဟာ ဂ်ပန္ျပည္ျဖစ္ အသားအေရထိန္းသိမ္းေရးပစၥည္းအခ်ိဳ႕မွာ အဓိကပါ၀င္ပစၥည္းလည္းျဖစ္ပါတယ္။


(၂) ေရခ်ိဳးခ်ိန္ဓေလ့ (Bath Time Rituals)

ဂ်ပန္မွာ ေရခ်ိဳးခ်ိန္က ရိုးရာဓေလ့တစ္ခုျဖစ္ေနပါတယ္။ အိမ္ေတြမွာရွိေနၾက ေရခ်ိဳးေၾကြဇလံုမ်ားလိုပဲ ေရပူစမ္းရွိေရခ်ိဳးအိမ္ (Onsen) မ်ားမွာ ေခါင္းအစေျခအဆံုးသံုးတဲ့ ေၾကးတြန္းပစၥည္း (an exfoliating cleanser)ရႏိုင္သကဲ့သို႔ အမ်ိဳးအမည္မ်ားတဲ့ လဖက္စိမ္းနဲ႔ တိုင္းရင္းေဆးျမစ္အဆီအႏွစ္ သို႕မဟုတ္ အဆီေတြထည့္ျပီး စိမ္ခ်ိဳးလို႔ရတဲ့ ေရပူစမ္းေရစိမ္ကန္ေတြရွိၾကတယ္။ 

ညအိပ္ခ်ိန္မတိုင္ခင္ သပြတ္အူေလးနဲ႔ တကိုယ္လံုး ေၾကးတြန္းျပီး တိုင္းရင္းေဆးျမစ္အဆီ ဒါမွမဟုတ္ လဖက္ဆီထည့္ထားတဲ့ သဘာ၀ေရပူစိမ္ကန္ထဲ ဆင္းစိမ္ခ်ိဳးျခင္းဟာ အေရျပားလွပက်န္းမာဖို႔ ေကာင္းမြန္သလို စိတ္တင္းၾကပ္မႈ(stress) အတြက္လည္း အဆင္ေျပသြားေစႏိုင္ပါတယ္။


(၃) လဖက္စိမ္း လဖက္ရည္ၾကမ္းေသာက္ျခင္း(Drink Green Tea)

ဂ်ပန္လူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈမွာ ခပ္ပူပူလက္ဖက္ရည္ၾကမ္းတစ္ခြက္ကို အေၾကာင္းရင္းမ်ိဳးစံုနဲ႔ ေသာက္သံုးၾကျခင္းဟာ အလန္႔ တၾကားျဖစ္ခဲ့ေသာအေၾကာင္းအရာတစ္ခ်ိဳ႕ေၾကာင့္ ရိုးရာဓေလ့ျဖစ္သြားရျခင္းလည္းမည္ပါတယ္။ လဖက္စိမ္းေရေႏြးၾကမ္းက ရင္သားကင္ဆာကို ကာကြယ္ရာမွာ အကူအပံ့ရေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္း (antioxidants) အေျမာက္အမ်ားပါ၀င္ေနတယ္ေလ။

စာဖတ္သူရဲ႕ ကိုယ္ခႏၶာအတြင္းေသြးသားဓာတုျဖစ္စဥ္(metabolism) အရွိန္ျမွင့္ေစျပီး အဆီေတြေလာင္ကၽြမ္းေစဖို႔ နည္းလမ္းေကာင္း တစ္ခုကလည္း လဖက္စိမ္းေရေႏြးၾကမ္းကိုေသာက္သံုးျခင္းျဖစ္ပါတယ္။ လဖက္စိမ္းရဲ႕အက်ိဳးအာနိသင္အျပည့္အ၀ရဖို႔အတြက္ တစ္ေန႔ ကို လဖက္စိမ္းေရေႏြးၾကမ္း ႏွစ္ခြက္ကေန သံုးခြက္အထိေသာက္ဖို႔ၾကိဳးစားသင့္တယ္ဗ်။

လဖက္ရည္ၾကမ္းေသာက္သူတစ္ေယာက္မဟုတ္ပါက စာဖတ္သူအေနနဲ႔ လဖက္စိမ္းကို အျခားနည္းလမ္းမ်ားနဲ႔အသံုးျပဳလို႔ရပါေသးတယ္။ လဖက္စိမ္းထည့္ႏွပ္ထားတဲ့ လက္ဖက္ရည္ၾကမ္း ႏွစ္ခြက္ကိုအေအးခံထားျပီး ေခၽြးေပါက္က်ဥ္းေဆးရည္(a toner) တစ္ခုအျဖစ္သံုးႏိုင္ပါ တယ္။ ဂြမ္းလံုးေလးေတြအသံုးျပဳျပီး မ်က္ႏွာမွာလိမ္းက်ံရမွာပါ။ သည္သဘာ၀ပစၥည္းေလးက အေရျပားစိုေျပေတာက္ပျခင္းေပးဖို႔ အကူအညီျဖစ္ႏိုင္သလို ေခၽြးေပါက္က်ယ္ေတြကိုေလ်ာ့ခ်ေပးႏိုင္တာေၾကာင့္ စမ္းသပ္သံုးစြဲၾကည့္သင့္ပါတယ္။

အေအးခံထားတဲ့ လဖက္စိမ္းေရေႏြးၾကမ္းအရည္ကို ပုလင္းလြတ္တစ္ခုထဲထည့္သြင္းသိမ္းဆည္းျပီး ေန႔စဥ္ အလွျပင္တဲ့လုပ္ငန္းစဥ္မွာ တစ္စိတ္တစ္ပိုင္းထည့္သြင္းအသံုးျပဳေပးပါ။

(၄) အေရျပားေဟာင္းကို ကြာက်ေစျခင္း (Exfoliate)

ေခ်ာေမြ႕ေတာက္ေျပာင္တဲ့အေရျပားအလွဟာ ဂ်ပန္လူမ်ိဳးမ်ားရဲ႕ အလွအပဆိုင္ရာဂုဏ္ျဒပ္တစ္ခုျဖစ္တယ္။ အခ်ိန္မွန္ ပံုမွန္ အေရျပားအႏွံ႔ ေၾကးတြန္း ေၾကးခၽြတ္ျခင္းရဲ႕ အက်ိဳးရလာဒ္ျဖစ္ပါတယ္။ မုန္႔ညက္ေနတဲ့ Azuki ပဲမႈန္႔ကို အေရျပားဆဲလ္ေသေတြ ဖယ္ရွားရာမွာသံုး ဒါမွမဟုတ္ အထူးတလည္ျပင္ဆင္ထားတဲ့ ေရစို၀တ္(washcloths)မ်ားအသံုးျပဳျပီး အေရျပားေပၚကို ႏုႏုညံ့ညံ့ပြတ္သပ္ကာ အညစ္အေၾကးတြယ္ကပ္ေနတာေတြကို ဖယ္ရွားၾကတယ္ဗ်။

ေခ်ာမြတ္ႏုညံ့တဲ့အေရျပားကိုေပးစြမ္းဖို႔အတြက္ဆိုရင္ ကၽြန္ေတာ္တို႔အေရျပားနဲ႔ သဘာ၀အဆီၾကား မွ်ေျခညီေအာင္ထားဖို႔လည္း လိုတယ္။ ဒါေၾကာင့္ အေရျပားေဟာင္းေတြကို ကြာေအာင္လုပ္ ေၾကးခၽြတ္ျပီးပါက အဆီ(oils)၊ အရည္ၾကည္(serums)နဲ႔ အစိုဓာတ္ထိန္း ပစၥည္း(moisturizers)ေတြကို ထပ္ေဆာင္းျပန္အသံုးျပဳေပးရပါမယ္။

(၅) ပင္လယ္ေရညွိ (Wakame Kelp)

ပင္လယ္ေရညွိတစ္မ်ိဳးျဖစ္တဲ့ ၀ါကမီ(Wakame) ျဖစ္ျဖစ္ ကဲလ္ပ္(Kelp)ပဲျဖစ္ျဖစ္ ပင္လယ္ဖြားေရညွိတစ္မ်ိဳးဟာ ကၽြန္ေတာ္တို႔အေရျပား ကို ေလထုညစ္ညမ္းျခင္း(pollution)နဲ႔ ေနေရာင္ျခည္ဒဏ္သင့္ျခင္း(UV rays)မ်ားေၾကာင့္ပ်က္စီးျခင္းကေန အကာအကြယ္ေပးပါတယ္။ ေနာက္ျပီး အေရးအေၾကာင္းလိုင္းမ်ားနဲ႔ မ်က္ကြင္းညိဳျခင္းမ်ားမျဖစ္ေအာင္လည္း ကာကြယ္မႈေပးပါတယ္။ ပင္လယ္ေရညွိဟာ မၾကာခဏ ဆိုသလို ဂ်ပန္လူမ်ိဳးေတြရဲ႕ ဓာတ္စာစားသံုးမႈ(diet)မွာပါ၀င္ေနတယ္ခင္ဗ်။

သည္ပစၥည္းဟာ လူ႕အေရျပားနဲ႔ ဆံသားတိုးတက္ေကာင္းမြန္ေစဖို႔ အေတာ္ေကာင္းမြန္ပါတယ္။

ေကာ္လာဂ်င္ထုတ္လုပ္ေရးနဲ႔ အိုမင္းျခင္းကိုမျဖစ္ေစတဲ့ ဟိုက္လေရာနစ္အက္ဆစ္(hyaluronic acid) ယုတ္ေလ်ာ့ျခင္းမျဖစ္ေအာင္ အေရျပားအတြက္အေထာက္အပံ့ျဖစ္တဲ့ မအိုေဆးဂုဏ္သတိၱ (anti-aging) အမ်ားအျပားပါ၀င္တယ္။


ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ေျခဖ၀ါးဂရုစိုက္ျခင္းနည္းအခ်ိဳ႕ (Japanese Foot Care Secrets)

(၆) ငါးကုထံုး (Fish Therapy)

ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔ေျခေထာက္မွ အေရျပားေဟာင္းေတြမရွိေစေရးအတြက္ ငါးဆရာ၀န္(doctor fish) သို႕မဟုတ္ သြားမပါေသာ ငါးေလးေတြထည့္ထားတဲ့ ေရကန္ငယ္ ဒါမွမဟုတ္ စည္ပိုင္းအေသးတစ္ခုထဲကိုႏွစ္ျမွဳပ္ထည့္စိမ္တတ္ၾကတယ္။ 

အဲသည့္ငါးေတြဟာ ေျခဖ၀ါး၊ေျခဖမိုးက အေရျပားေဟာင္းေတြကို ျခစ္ကုတ္ဖယ္ရွားပစ္တတ္တာေၾကာင့္ ေဒါက္ျမင့္ဖိနပ္၊ ရွဴးဖိနပ္စီး ေနရတဲ့ ေျခေထာက္ေတြကို ေခ်ာမြတ္ေစဖို႔ ကူညီေနျပီး ၾကည့္ေကာင္းက်န္းမာတဲ့အသြင္ျဖစ္ေစပါတယ္။


ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ဆံပင္ထိန္းသိမ္းနည္းအခ်ိဳ႕ (Japanese Hair Care Tips)

(၇) ေရညွိျပား သို႕မဟုတ္ ပင္လယ္ေရညွိဳေျခာက္ပါေသာ ဓာတ္စာစားျခင္း ( A Diet Rich in Nori or Dried Seaweed)

မဟူရာေရာင္ နက္ေမွာင္ေနတဲ့ ဆံပင္ဟာလည္း ဂ်ပန္လူမ်ိဳးမ်ားရဲ႕ ပကတိအလွတရားတစ္ခုပါ။ ကၽြန္ေတာ္တို႔ အဘြားေတြ ဆံပင္ဆိုးေဆးသံုးျပီး ဆံသားနက္ေအာင္မလုပ္ခင္ ဟိုးယခင္ကတည္းက ဂ်ပန္လူမ်ိဳးအမ်ိဳးသမီးမ်ားဟာ ဆံသားအားျဖည့္ေပးရန္နဲ႔ ဆံပင္မျဖဴေအာင္ထိန္းဖို႔အတြက္ဆိုျပီး ေရညိွေျခာက္ေတြကို ဓာတ္စာအျဖစ္မၾကာခဏယံုယံုၾကည္ၾကည္စားေလ့ရွိၾကပါတယ္။

ဆံပင္သန္စြမ္းဖို႔ ေတာက္ပဖို႔ ရည္ရြယ္ကာ ပရိုဘိုင္အုိတစ္ (Probiotic) လို႔ေခၚတဲ့ အက်ိဳးျပဳအဏုဇီ၀ပိုးၾကြယ္၀တဲ့အတြက္ ေရညွိေျခာက္ကို မီဆိုအႏွစ္ (miso paste)တို႔ မီဆိုဟင္းရည္ (miso soup) တို႔ျပဳလုပ္ရာမွာ ေပါင္းစပ္ထည့္သြင္းျပဳလုပ္ၾကပါတယ္။


သည္ေလာက္ဆိုရင္ေတာ့ ဂ်ပန္လူမ်ိဳးေတြဟာ သဘာ၀ပတ္၀န္းက်င္ကရတဲ့ပစၥည္းေတြကို ေကာင္းေကာင္းျပင္ဆင္ျပီး အလွအပအတြက္ အသံုးျပဳၾကတာေတြ႕ႏိုင္ပါတယ္။ ညဘက္တီဗီၾကည့္တိုင္းေတြ႕ေနရတဲ့ ကိုရီးယားႏိုင္ငံမွာေရာ ဘယ္လိုပစၥည္းေတြကို ႏုပ်ိဳလွပမႈအတြက္ အသံုးျပဳခဲ့ၾကသလဲစိတ္၀င္စားမိတယ္ခင္ဗ်။


Alex Aung (3 January 2021)

Ref: Japanese Beauty Secrets for Skin, Hair and More By Georgia Landry

No comments: