Monday, January 11, 2021

“မိခင်ဘဝကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ”

“မိခင်ဘဝကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ”




ခေါင်းစဉ် ဖတ်လိုက်ရင်တော့ ထူးဆန်းသွားမယ်။ မိခင်ဘဝနဲ့ ပရော်ဖက်ရှင်နယ် ဘာဆိုင်လဲပေါ့၊ မိခင်အလုပ်ဆိုတာ အသက်မွေးဝမ်းကျောင်း အလုပ်မှ မဟုတ်တာပဲကို။


ရှင်းပြပါမယ်။ ကျွန်တော်က အမျိုးသမီးတွေ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကို အမြဲပြောလေ့ရှိသူပါ။ ဘာလို့ဆိုတော့ ကိုယ်ပိုင်အလုပ်လုပ်မှ ဝင်ငွေရှိမယ်၊ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေစရာ မလိုတော့ဘူး။ တကယ်တော့ ယောကျာ်း ဖောက်ပြန်နေတာ သိသိကြီးနဲ့၊ ရိုက်နှက်နှိပ်စက်တာတွေ ရှိနေပါရက်နဲ့ ကိုယ့်မှာ သူ့ကို မှီခိုနေရလို့ မကွဲနိုင် မကွာနိုင်ဘူး၊ ကြိတ်မှိတ်ပေါင်းသင်းနေရတယ် ဆိုတာတွေက ဝင်ငွေမရှိလို့ ဖြစ်တာပါ။ နောက်ပြီး ကိုယ့်ယောကျာ်းက အဲ့လိုမဟုတ်ပါဘူးဆိုရင်လည်း မတော်တဆ ဆုံးပါးသွားခဲ့ရင် မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခပင်လယ်တွေ ဝြေပီး မကျန်ခဲ့ဖို့က ကိုယ့်မှာ ဝင်ငွေရှိနေဖို့ လိုပါတယ်။ 


ဒါပေမယ့် အဲ့လို ဝင်ငွေရှာနိုင်တော့မှပဲ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဲ့လိုသာ သတ်မှတ်ကြမယ်ဆိုလည်း ကျွန်တော်တို့ရဲ့ အမေတွေ၊ အဖွားတွေ အပါအဝင် ကမ္ဘာပေါ်က မိခင်တွေ အများကြီးကို အထင်သေးလိုက်ရာ ရောက်မယ် ထင်ပါတယ်။


အများအားဖြင့်က ပိုက်ဆံရတဲ့ အလုပ်ကိုမှပဲ အလုပ်လို့ ထင်နေတတ်ကြတာ ပြဿနာပါ။ ခင်ဗျားမိန်းမ ဘာအလုပ်လုပ်လဲလို့ မေးလိုက်ရင် ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဘူးလို့ပဲ ဖြေကြတာ။ တကယ်တော့ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာ ထိုင်နေရတာမှ မဟုတ်ဘဲ။ အမေ ခရီးထွက်သွားတဲ့ ၃ ရက်လောက် အိမ်မှာ ဘယ်လိုတွေ ဖြစ်ကျန်နေခဲ့လဲ စဉ်းစားကြည့်လိုက်ရင် အိမ်ရှင်မတွေရဲ့ အခန်းကဏ္ဍကို လွယ်လွယ်ကူကူ သဘောပေါက်လိမ့်မယ်။ 


ယောကျာ်းက ရှေ့တန်းတိုက်စစ်မှူးဆို မိန်းမက နောက်ကနေ သူ ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးနေသူသာ ဖြစ်တယ်။ ဘာအလုပ်မှ မလုပ်ဘဲ နေနေတာ မဟုတ်ဘူး။ တန်ဖိုး မရှိတာ မဟုတ်ဘူး။ ဘောလုံးပွဲမှာ အနိုင်ရရင် ဂိုးသွင်းသူကိုပဲ သတိရတတ်ကြသလို၊ မိသားစုတစ်စုရဲ့ အောင်မြင်မှုမှာလည်း နောက်ကွယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့နေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အခန်းကဏ္ဍဟာ ပိုက်ဆံတစ်ပြားမှ ရှာမပေးနိုင်ပေမယ့်လည်း သိပ်အရေးကြီးတယ်ဆိုတာကို အရင်ဆုံး သိစေချင်ပါတယ်။


အိမ်ထောင်မှု ထိန်းသိမ်း၊ ချက်ပြုတ်လျှော်ဖွပ်၊ ယောကျာ်းကို နောက်ကွယ်ကနေ ကူညီပေး စတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေအပြင် အရေးကြီးဆုံးတာဝန်ကတော့ သားသမီးတွေနဲ့ ပတ်သက်တဲ့ မိခင်တာဝန်ပဲ ဖြစ်ပါတယ်။ ယောကျာ်းက အပြင်ထွက်၊ အလုပ်လုပ်၊ စီးပွားရှာတဲ့ မိသားစုတွေမှာ သားသမီးနဲ့ တကယ်အထိအတွေ့များတာက မိခင်တွေပါ။ ဒါကြောင့် မိခင်တွေရဲ့ အရည်အချင်းက ပျိုးထောင်ခံလိုက်ရတဲ့ သားသမီးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဒီအတွက် ပရိုပီသတဲ့ မိခင်တွေ ဖြစ်ဖို့ လိုတယ် ဆိုပြီး သုံးနှုန်းလိုက်ရတာပါ။


ဒါဆို အရင်ဆုံးစဉ်းစားကြည့်ပါမယ်၊ Professional ဆိုတာ ဘာလဲ။ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်နေသူလို့ အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျွန်တော် ပိုပြီး သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ပရော်ဖက်ရှင်နယ်တွေဆိုတာ သူ့အလုပ်ကိုသူ ကောင်းသထက်ကောင်းအောင်၊ သတ်မှတ်ထားတဲ့ Technical standard မီအောင် အစဉ်အမြဲ အားထုတ်နေသူ ဆိုတာပါပဲ။ ဆရာဝန်ဘွဲ့ ရလိုက်တာနဲ့ ပရိုပီသတဲ့ ဆရာဝန် မဖြစ်ဘူး။ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ သူ့ဆေးပညာနဲ့ ပတ်သက်ပြီး အစဉ်အမြဲ လေ့လာနေတယ်ဆိုမှ ပရိုပီသတယ်လို့ ခေါ်တယ်။


ဒါနဲ့ မိခင်ဘဝနဲ့ကို ချိတ်ဆက်ကြည့်ရအောင်။ မိခင်အားလုံးမှာ အနှိုင်းမဲ့မေတ္တာဆိုတာ ရှိပြီးသားပါ။ သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်၊ အလိုလိုက်တယ်၊ ဖျားနာရင် တတ်သိသလောက် ပြုစုတယ်၊ ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊ ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။ ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ 


ဒါဆို ပရိုပီသတဲ့မိခင် ဆိုတာကျတော့ရော။ ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ ဒါပေမယ့် သူကျတော့ ပညာတစ်ခု ပိုတိုးလာတယ်။ 


သူတို့တွေဟာ ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။ မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။ သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။ စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။ အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံဝင်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။ ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင် (Vision) ရှိတယ်။ 


ဟိုတလောက ကလေးအထူးကု ဆရာဝန် အစ်မတစ်ယောက်က ကလေးတွေ မတော်တဆ ပစ္စည်းသေးသေးလေးတွေ မြိုချမိရင် ဘယ်လိုမျိုး အရေးပေါ်စောင့်ရှောက်မှု ပေးရမလဲ ဆိုတာကို သင်တန်းလေး လုပ်တယ်။ အဲဒီမှာဆို ကလေးမိဘတွေ၊ အထူးသဖြင့် အမေတွေ အများကြီးပဲ အချိန်ပေးပြီး လာတက်ကြတယ်။ ဆိုလိုတာက ဒီအတိုင်းပဲ အိမ်မှာထိုင်နေပြီး ကလေးတွေကို စောင့်ရှောက်နေတာ မဟုတ်ဘူး။ ဒီလိုပညာတွေကိုလည်း ဆည်းပူးနေတယ်။ ဒါသည် တစ်နည်းအားဖြင့် ပြောရရင် Lifelong learning လုပ်နေတာပဲ။ အလုပ်လုပ်နေသူတစ်ယောက် သူ့ရဲ့ Performance ပိုတက်လာဖို့ သင်တန်းတစ်ခု သွားတက်တာနဲ့ အတူတူပဲ။ 


ကျွန်တော် ပြောချင်တဲ့ ပရိုပီသတဲ့ မိခင်တွေ ဆိုတာ အဲ့လိုမျိုးမိခင်တွေကို ခေါ်တာပါ။ ဝင်ငွေတော့ မရပေမယ့် မိခင်ဘဝ၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။


အဲ့လိုမျိုး မိခင်ဘဝကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊ မိသားစုမှာ ဘာဝင်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။ ‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။ ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။


ဒီဘက်ခေတ် နောက်ပိုင်းမှာဆို လင်ယောကျာ်း ဆုံးပါးသွားလို့ဖြစ်ဖြစ်၊ ဖောက်ပြန်ပြီး ကွဲသွားလို့ဖြစ်ဖြစ်၊ သားသမီးတွေကို မိခင်တစ်ယောက်တည်းနဲ့ ပြုစုပျိုးထောင်နေရတာတွေ တွေ့လာရပါတယ်။ အဲ့လို Single mother တွေဆိုရင် ပိုက်ဆံလည်း ရှာရတယ်။ သားသမီးကို ပြုစုပျိုးထောင်ရတယ်၊ သူတို့လေးတွေ စိတ်ဓါတ်ကျမသွားအောင် ကိုယ်က ရှေ့ဆောင်လမ်းပြအနေနဲ့ ခိုင်မာပြရတယ်။ ငွေရှာတာရော၊ အိမ်ထောင်မှု ထိန်းသိမ်းတာရော နှစ်ဖက်စလုံးကို မလစ်ဟင်းအောင် လုပ်နေကြတယ်။ ဒီကြားထဲ ပတ်ဝန်းကျင်ရဲ့ အထင်သေးမှုတွေကိုလည်း အံတုရသေးတယ်။ ဒါကြောင့်လည်း သိပ်လေးစားစရာကောင်းတဲ့ မိခင်တွေ ဖြစ်နေတာပါ။


သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ၊ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူတွေ ဘယ်က ရောက်လာပါသလဲ။ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။ 


မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။ 


ဒါဆို ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဒီ၊ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် စတဲ့ စတဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုခဲ့၊ အကျိုးပြုနေသူတွေကိုရော ဘယ်သူက တင်သွင်းခဲ့ပြန်တာလဲ။


မိဘတွေကပဲ တင်သွင်းခဲ့တာပါပဲ။


ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။ 


ရုတ်တရက်ကြည့်လိုက်ရင် အိမ်မှာနေတဲ့ အိမ်ရှင်မတစ်ယောက်၊ အပြင်အလုပ်မလုပ် ငွေမရှာတဲ့ မိခင်တစ်ယောက်ဟာ တိုင်းပြည်အတွက်၊ လူ့ပတ်ဝန်းကျင်အတွက် ဘာမှအကျိုးပြုမနေဘူးလို့ ထင်ချင်စရာ ရှိပါတယ်။ ဒါပေမယ့် အရည်အချင်းပြည့်ဝတဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။


ဒါကြောင့် ဒီဆောင်းပါးကို ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ဘိုနာပတ်ရဲ့ အဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်လိုက်ပါရစေ။


“Give me an educated mother, I shall promise you the birth of a civilized, educated nation.”


“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်”


ဒေါက်တာ ဖြိုးသီဟ

(၂.၂.၂၀၁၉ ထုတ် Voice Weekly ပါ ဆောင်းပါး)


(Zawgyi) 

“မိခင္ဘ၀ကို ပေရာ္ဖက္ရွင္နယ္က်က် ျဖတ္သန္းပါ”




ေခါင္းစဥ္ ဖတ္လိုက္ရင္ေတာ့ ထူးဆန္းသြားမယ္။ မိခင္ဘ၀နဲ႔ ပေရာ္ဖက္ရွင္နယ္ ဘာဆိုင္လဲေပါ့၊ မိခင္အလုပ္ဆိုတာ အသက္ေမြး၀မ္းေက်ာင္း အလုပ္မွ မဟုတ္တာပဲကို။


ရွင္းျပပါမယ္။ ကၽြန္ေတာ္က အမ်ိဳးသမီးေတြ ကိုယ္ပိုင္အလုပ္လုပ္ဖို့ကို အျမဲေျပာေလ့ရွိသူပါ။ ဘာလို့ဆိုေတာ့ ကိုယ္ပိုင္အလုပ္လုပ္မွ ၀င္ေငြရွိမယ္၊ ေယာက်ာ္းအေပၚ လုံးလုံးလ်ားလ်ား မွီခိုေနစရာ မလိုေတာ့ဘူး။ တကယ္ေတာ့ ေယာက်ာ္း ေဖာက္ျပန္ေနတာ သိသိႀကီးနဲ႔၊ ရိုက္ႏွက္ႏွိပ္စက္တာေတြ ရွိေနပါရက္နဲ႔ ကိုယ့္မွာ သူ႔ကို မွီခိုေနရလို့ မကြဲနိုင္ မကြာနိုင္ဘူး၊ ႀကိတ္မွိတ္ေပါင္းသင္းေနရတယ္ ဆိုတာေတြက ၀င္ေငြမရွိလို့ ျဖစ္တာပါ။ ေနာက္ၿပီး ကိုယ့္ေယာက်ာ္းက အဲ့လိုမဟုတ္ပါဘူးဆိုရင္လည္း မေတာ္တဆ ဆုံးပါးသြားခဲ့ရင္ မလုပ္တတ္ မကိုင္တတ္နဲ႔ ဒုကၡပင္လယ္ေတြ ေျဝပီး မက်န္ခဲ့ဖို့က ကိုယ့္မွာ ၀င္ေငြရွိေနဖို့ လိုပါတယ္။ 


ဒါေပမယ့္ အဲ့လို ၀င္ေငြရွာနိုင္ေတာ့မွပဲ ထက္ျမက္တဲ့ အမ်ိဳးသမီး ျဖစ္တာလား ဆိုေတာ့ မဟုတ္ပါဘူး။ အဲ့လိုသာ သတ္မွတ္ၾကမယ္ဆိုလည္း ကၽြန္ေတာ္တို့ရဲ့ အေမေတြ၊ အဖြားေတြ အပါအ၀င္ ကမၻာေပၚက မိခင္ေတြ အမ်ားႀကီးကို အထင္ေသးလိုက္ရာ ေရာက္မယ္ ထင္ပါတယ္။


အမ်ားအားျဖင့္က ပိုက္ဆံရတဲ့ အလုပ္ကိုမွပဲ အလုပ္လို့ ထင္ေနတတ္ၾကတာ ျပႆနာပါ။ ခင္ဗ်ားမိန္းမ ဘာအလုပ္လုပ္လဲလို့ ေမးလိုက္ရင္ ကၽြန္ေတာ့္မိန္းမက ဘာအလုပ္မွ မလုပ္ဘူးလို့ပဲ ေျဖၾကတာ။ တကယ္ေတာ့ ဘာအလုပ္မွ မလုပ္ဘဲ အိမ္မွာ ထိုင္ေနရတာမွ မဟုတ္ဘဲ။ အေမ ခရီးထြက္သြားတဲ့ ၃ ရက္ေလာက္ အိမ္မွာ ဘယ္လိုေတြ ျဖစ္က်န္ေနခဲ့လဲ စဥ္းစားၾကည့္လိုက္ရင္ အိမ္ရွင္မေတြရဲ့ အခန္းက႑ကို လြယ္လြယ္ကူကူ သေဘာေပါက္လိမ့္မယ္။ 


ေယာက်ာ္းက ေရွ႕တန္းတိုက္စစ္မွူးဆို မိန္းမက ေနာက္ကေန သူ ဂိုးသြင္းနိုင္ေအာင္ ပံ့ပိုးေပးေနသူသာ ျဖစ္တယ္။ ဘာအလုပ္မွ မလုပ္ဘဲ ေနေနတာ မဟုတ္ဘူး။ တန္ဖိုး မရွိတာ မဟုတ္ဘူး။ ေဘာလုံးပြဲမွာ အနိုင္ရရင္ ဂိုးသြင္းသူကိုပဲ သတိရတတ္ၾကသလို၊ မိသားစုတစ္စုရဲ့ ေအာင္ျမင္မွုမွာလည္း ေနာက္ကြယ္က အမ်ိဳးသမီးေတြရဲ့ အခန္းက႑ကို ေမ့ေနၾကတာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို့ေတြရဲ့ အခန္းက႑ဟာ ပိုက္ဆံတစ္ျပားမွ ရွာမေပးနိုင္ေပမယ့္လည္း သိပ္အေရးႀကီးတယ္ဆိုတာကို အရင္ဆုံး သိေစခ်င္ပါတယ္။


အိမ္ေထာင္မွု ထိန္းသိမ္း၊ ခ်က္ျပဳတ္ေလၽွာ္ဖြပ္၊ ေယာက်ာ္းကို ေနာက္ကြယ္ကေန ကူညီေပး စတဲ့ အိမ္ရွင္မတစ္ေယာက္ရဲ့ တာ၀န္ေတြအျပင္ အေရးႀကီးဆုံးတာ၀န္ကေတာ့ သားသမီးေတြနဲ႔ ပတ္သက္တဲ့ မိခင္တာ၀န္ပဲ ျဖစ္ပါတယ္။ ေယာက်ာ္းက အျပင္ထြက္၊ အလုပ္လုပ္၊ စီးပြားရွာတဲ့ မိသားစုေတြမွာ သားသမီးနဲ႔ တကယ္အထိအေတြ႕မ်ားတာက မိခင္ေတြပါ။ ဒါေၾကာင့္ မိခင္ေတြရဲ့ အရည္အခ်င္းက ပ်ိဳးေထာင္ခံလိုက္ရတဲ့ သားသမီးေတြအေပၚ ႀကီးမားတဲ့ သက္ေရာက္မွု ရွိေနပါတယ္။ ဒီအတြက္ ပရိုပီသတဲ့ မိခင္ေတြ ျဖစ္ဖို့ လိုတယ္ ဆိုၿပီး သုံးႏွုန္းလိုက္ရတာပါ။


ဒါဆို အရင္ဆုံးစဥ္းစားၾကည့္ပါမယ္၊ Professional ဆိုတာ ဘာလဲ။ အသက္ေမြး၀မ္းေက်ာင္း အလုပ္လုပ္ေနသူလို့ အလြယ္ကူဆုံး အဓိပၸါယ္ဖြင့္ၾကတယ္။ ကၽြန္ေတာ္ ပိုၿပီး သေဘာက်မိတဲ့ ဖြင့္ဆိုခ်က္ကေတာ့ ပေရာ္ဖက္ရွင္နယ္ေတြဆိုတာ သူ႔အလုပ္ကိုသူ ေကာင္းသထက္ေကာင္းေအာင္၊ သတ္မွတ္ထားတဲ့ Technical standard မီေအာင္ အစဥ္အျမဲ အားထုတ္ေနသူ ဆိုတာပါပဲ။ ဆရာ၀န္ဘြဲ႕ ရလိုက္တာနဲ႔ ပရိုပီသတဲ့ ဆရာ၀န္ မျဖစ္ဘူး။ သူ႔အလုပ္သူ အေကာင္းဆုံးျဖစ္ေအာင္ လုပ္တယ္၊ သူ႔ေဆးပညာနဲ႔ ပတ္သက္ၿပီး အစဥ္အျမဲ ေလ့လာေနတယ္ဆိုမွ ပရိုပီသတယ္လို့ ေခၚတယ္။


ဒါနဲ႔ မိခင္ဘ၀နဲ႔ကို ခ်ိတ္ဆက္ၾကည့္ရေအာင္။ မိခင္အားလုံးမွာ အႏွိုင္းမဲ့ေမတၱာဆိုတာ ရွိၿပီးသားပါ။ သားသမီးေတြကို ေကၽြးေမြးတယ္၊ ေစာင့္ေရွာက္တယ္၊ အလိုလိုက္တယ္၊ ဖ်ားနာရင္ တတ္သိသေလာက္ ျပဳစုတယ္၊ ေက်ာင္းထားေပးတယ္၊ စာေမးလာတဲ့အခါ သိရင္သိသလို ေျဖေပးတယ္၊ ဆယ္ေက်ာ္သက္အရြယ္ ေရာက္လာရင္ မျဖစ္သင့္တာ မျဖစ္ရေအာင္ ေျခာက္လွန္႔ဆုံးမတယ္။ ဒါဆို သမားရိုးက် မိခင္တစ္ေယာက္လို့ ဆိုနိုင္ပါတယ္။ 


ဒါဆို ပရိုပီသတဲ့မိခင္ ဆိုတာက်ေတာ့ေရာ။ ခ်စ္တာေတြ၊ ေကာင္းေစခ်င္တာေတြက အတူတူပဲ။ ဒါေပမယ့္ သူက်ေတာ့ ပညာတစ္ခု ပိုတိုးလာတယ္။ 


သူတို့ေတြဟာ ကေလးေနထိုင္မေကာင္း ျဖစ္ရင္ ဟိုေမးဒီေမးနဲ႔ ထင္ရာေလၽွာက္မလုပ္ဘူး။ မွန္ကန္တဲ့ က်န္းမာေရးအသိေတြ ရွိေနေအာင္ ႀကိဳးစားထားတယ္။ သားသမီးကို ေနရာတကာ အလိုမလိုက္ဘူး။ စည္းကမ္းနဲ႔ ေနတတ္ေအာင္ ေလ့က်င့္ေပးတယ္၊ ကိုယ့္ကိုယ္ကိုယ္ မညႇာေစဘဲ စိတ္ပိုင္းဆိုင္ရာ မာေက်ာမွု (Strong mentality) ရွိေအာင္ပဲ အားေပးတယ္။ စာေမးပြဲအမွတ္မ်ားမွ ဆိုၿပီး စာေတြခ်ည္း မက်က္ခိုင္းဘူး။ လူတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ တိုးတက္လာေအာင္လည္း ပ်ိဳးေထာင္ေပးတယ္။ သူတို့ လိုရာကို ပုံမသြင္းဘူး။ သားသမီးျဖစ္ခ်င္တာကိုပဲ ပုံေဖာ္ေပးတယ္။ အရာအားလုံး လိုက္မလုပ္ေပးဘူး။ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ပဲ သင္ေပးတယ္။ ေျပာင္းလဲလာတဲ့ လူေနမွုပုံစံေတြနဲ႔လည္း အံ၀င္ခြင္က် ေနနိုင္ေအာင္ ႀကိဳးစားတယ္။ ေခတ္လူငယ္ေတြရဲ့ အေျခအေနကို သိေအာင္လုပ္တယ္။ နားလည္ေပးတယ္။ သားသမီးကို ေရွးရိုးစြဲ အေတြးအေခၚေတြနဲ႔ မဆုံးမဘူး။ သားသမီးရဲ့ ေရွ႕ေရးကို အျမဲထည့္စဥ္းစားတယ္။ ေရရွည္အေျမာ္အျမင္ (Vision) ရွိတယ္။ 


ဟိုတေလာက ကေလးအထူးကု ဆရာ၀န္ အစ္မတစ္ေယာက္က ကေလးေတြ မေတာ္တဆ ပစၥည္းေသးေသးေလးေတြ ၿမိဳခ်မိရင္ ဘယ္လိုမ်ိဳး အေရးေပၚေစာင့္ေရွာက္မွု ေပးရမလဲ ဆိုတာကို သင္တန္းေလး လုပ္တယ္။ အဲဒီမွာဆို ကေလးမိဘေတြ၊ အထူးသျဖင့္ အေမေတြ အမ်ားႀကီးပဲ အခ်ိန္ေပးၿပီး လာတက္ၾကတယ္။ ဆိုလိုတာက ဒီအတိုင္းပဲ အိမ္မွာထိုင္ေနၿပီး ကေလးေတြကို ေစာင့္ေရွာက္ေနတာ မဟုတ္ဘူး။ ဒီလိုပညာေတြကိုလည္း ဆည္းပူးေနတယ္။ ဒါသည္ တစ္နည္းအားျဖင့္ ေျပာရရင္ Lifelong learning လုပ္ေနတာပဲ။ အလုပ္လုပ္ေနသူတစ္ေယာက္ သူ႔ရဲ့ Performance ပိုတက္လာဖို့ သင္တန္းတစ္ခု သြားတက္တာနဲ႔ အတူတူပဲ။ 


ကၽြန္ေတာ္ ေျပာခ်င္တဲ့ ပရိုပီသတဲ့ မိခင္ေတြ ဆိုတာ အဲ့လိုမ်ိဳးမိခင္ေတြကို ေခၚတာပါ။ ၀င္ေငြေတာ့ မရေပမယ့္ မိခင္ဘ၀၊ ကေလးျပဳစုပ်ိဳးေထာင္ျခင္း ဆိုတာကို သမားရိုးက် မဟုတ္ဘဲ ရလဒ္ထြက္ေအာင္ ထိထိေရာက္ေရာက္နဲ႔ အေကာင္းဆုံး လုပ္ေနၾကသူေတြဟာ ပရိုပီသတဲ့ မိခင္ေတြပါပဲ။


အဲ့လိုမ်ိဳး မိခင္ဘ၀ကို အလုပ္တစ္ခုလို သေဘာထားၿပီး စနစ္တက် လုပ္ေနတဲ့အတြက္ ‘ဒီအတိုင္း အိမ္အလုပ္ပဲ လုပ္ေနတာပါ၊ မိသားစုမွာ ဘာ၀င္ေငြမွလည္း မရွိပါဘူး၊ ေယာက်ာ္းအေပၚ မွီခိုေနရတာပဲ’ ဆိုတဲ့ အေတြးမ်ိဳးေတြ မရွိေတာ့ဘူး။ ‘ကေလးကို ျပဳစုေစာင့္ေရွာက္တဲ့ အလုပ္ကို အေကာင္းဆုံး လုပ္ေနတယ္၊ မိသားစုရဲ့ အေရးပါတဲ့ အခန္းက႑တစ္ခုကေန ပါ၀င္ေနတယ္’ ဆိုတဲ့ ခံစားခ်က္မ်ိဳးေတြ ရွိလာတယ္။ ရလဒ္အေနနဲ႔ သူတို့ရဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုေတြ ျမင့္လာတယ္။ Personality တက္လာတယ္။ မ်က္လုံးအေရာင္ေတြ ေျပာင္းလာတယ္။ လူေတြက ပိုလွလာတယ္၊ ပိုၾကည့္ေကာင္းလာတယ္။ ဒါေၾကာင့္ အိမ္မွာပဲ အလုပ္ေတြ တကုပ္ကုပ္လုပ္ က်န္ေနခဲ့ရတဲ့ အမ်ိဳးသမီးတိုင္းကို သမားရိုးက် အေနအထားမွာတင္ ရပ္မေနဘဲ အဲ့လို ပရိုပီသတဲ့ မိခင္ေတြ၊ အိမ္ရွင္မေတြ ျဖစ္လာေစခ်င္ပါတယ္။


ဒီဘက္ေခတ္ ေနာက္ပိုင္းမွာဆို လင္ေယာက်ာ္း ဆုံးပါးသြားလို့ျဖစ္ျဖစ္၊ ေဖာက္ျပန္ၿပီး ကြဲသြားလို့ျဖစ္ျဖစ္၊ သားသမီးေတြကို မိခင္တစ္ေယာက္တည္းနဲ႔ ျပဳစုပ်ိဳးေထာင္ေနရတာေတြ ေတြ႕လာရပါတယ္။ အဲ့လို Single mother ေတြဆိုရင္ ပိုက္ဆံလည္း ရွာရတယ္။ သားသမီးကို ျပဳစုပ်ိဳးေထာင္ရတယ္၊ သူတို့ေလးေတြ စိတ္ဓါတ္က်မသြားေအာင္ ကိုယ္က ေရွ႕ေဆာင္လမ္းျပအေနနဲ႔ ခိုင္မာျပရတယ္။ ေငြရွာတာေရာ၊ အိမ္ေထာင္မွု ထိန္းသိမ္းတာေရာ ႏွစ္ဖက္စလုံးကို မလစ္ဟင္းေအာင္ လုပ္ေနၾကတယ္။ ဒီၾကားထဲ ပတ္၀န္းက်င္ရဲ့ အထင္ေသးမွုေတြကိုလည္း အံတုရေသးတယ္။ ဒါေၾကာင့္လည္း သိပ္ေလးစားစရာေကာင္းတဲ့ မိခင္ေတြ ျဖစ္ေနတာပါ။


သားသမီးဆိုတာ မိဘဆိုတဲ့ စက္႐ုံက ထုတ္လုပ္ၿပီး ေလာကႀကီးထဲကို တင္သြင္းလိုက္တဲ့ ကုန္ပစၥည္းေတြလို့ ျမင္ေယာင္ၾကည့္လိုက္ပါ။ စိတ္ဒဏ္ရာ တေပြ႕တပိုက္နဲ႔ လူေတြ၊ အငုံ႔စိတ္ေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု မရွိျခင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လူေတြ၊ ေကာင္းေကာင္းမြန္မြန္ ျပဳစုပ်ိဳးေထာင္ျခင္း မခံခဲ့ရလို့ ဆိုးသြမ္းေနတဲ့ လူေတြ ဘယ္က ေရာက္လာပါသလဲ။ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္ ေစာ္ကားသူေတြ၊ ဘာသာေရး၊ လူမ်ိဳးေရး၊ နိုင္ငံေရးမွိုင္းေတြမိၿပီး အေသခံဗုံးခြဲ တိုက္ခိုက္ေနသူေတြေရာ ဘယ္ကေန ေရာက္လာတယ္လို့ ထင္ပါသလဲ။ 


မိဘေတြကပဲ လူ႔ေလာကႀကီးဆီ တင္သြင္းလိုက္တာပါ။ 


ဒါဆို ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဂႏၵီ၊ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္ စတဲ့ စတဲ့ လူမွုပတ္၀န္းက်င္ကို အက်ိဳးျပဳခဲ့၊ အက်ိဳးျပဳေနသူေတြကိုေရာ ဘယ္သူက တင္သြင္းခဲ့ျပန္တာလဲ။


မိဘေတြကပဲ တင္သြင္းခဲ့တာပါပဲ။


ဒီေလာက္ဆို မိဘရဲ့ အုပ္ထိန္းမွု၊ ပ်ိဳးေထာင္မွု၊ အထူးသျဖင့္ မိခင္ေတြရဲ့ အခန္းက႑ဟာ ဘယ္ေလာက္အေရးႀကီးလဲ ဆိုတာကို သိနိုင္မယ္ ထင္ပါတယ္။ 


႐ုတ္တရက္ၾကည့္လိုက္ရင္ အိမ္မွာေနတဲ့ အိမ္ရွင္မတစ္ေယာက္၊ အျပင္အလုပ္မလုပ္ ေငြမရွာတဲ့ မိခင္တစ္ေယာက္ဟာ တိုင္းျပည္အတြက္၊ လူ႔ပတ္၀န္းက်င္အတြက္ ဘာမွအက်ိဳးျပဳမေနဘူးလို့ ထင္ခ်င္စရာ ရွိပါတယ္။ ဒါေပမယ့္ အရည္အခ်င္းျပည့္၀တဲ့ မိခင္တစ္ေယာက္ဟာ ကိုယ္တိုင္ေတာ့ မဟုတ္ေပမယ့္ လူမွုပတ္၀န္းက်င္အတြက္ တန္ဖိုးရွိတဲ့ သားသမီးေတြကို ေမြးဖြားသန္႔စင္ ျပဳစုပ်ိဳးေထာင္ေပးျခင္းျဖင့္ ေလာကႀကီးကို သြယ္ဝိုက္အက်ိဳးျပဳေနတယ္ ဆိုတာေလး သိေစခ်င္ပါတယ္။


ဒါေၾကာင့္ ဒီေဆာင္းပါးကို ျပင္သစ္စစ္ဗိုလ္ခ်ဳပ္ နပိုလီယံ ဘိုနာပတ္ရဲ့ အဆိုအမိန္႔တစ္ခုနဲ႔ အဆုံးသတ္လိုက္ပါရေစ။


“Give me an educated mother, I shall promise you the birth of a civilized, educated nation.”


“ပညာတတ္မိခင္ေတြပဲ က်ဳပ္ကို ေပးပါ၊ ဖြံ့ၿဖိဳးတိုးတက္ၿပီး ပညာတတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ နိုင္ငံတစ္ခုကို က်ဳပ္က ျပန္ေပးပါမယ္”


ေဒါက္တာ ၿဖိဳးသီဟ

(၂.၂.၂၀၁၉ ထုတ္ Voice Weekly ပါ ေဆာင္းပါး)

No comments: