ဗုဒ္ဓ နဲ့ အမျက်ဒေါသကို အနိုင်ယူခြင်း
...................................................
ဗုဒ္ဓဟာ အယူအဆမတူတဲ့ အဖွဲ့အစည်းဂိုဏ်းဂဏတွေရဲ့ စွပ်စွဲမှုတွေကြားထဲ ဘယ်လိုရှင်သန် ရပ်တည်ခဲ့သလဲ။
အဲဒီစွပ်စွဲအပြစ်တင်မှုတွေကပဲ ဗုဒ္ဓကို ပိုပြီး သန်မာကြံ့ခိုင်စေခဲ့တယ်။
အဲဒီ စွပ်စွဲအပြစ်တင်လိုက်တဲ့အချက်တွေကပဲ ဗုဒ္ဓဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလည်း ဆိုတာကိုလည်း ပိုပြီး ထင်ရှားပေါ်လွင်သွားစေခဲ့တာတွေ့ရပါတယ်။
စွပ်စွဲအပြစ်တင်မှုတွေကို တွေ့တဲ့အခါ ဗုဒ္ဓ ခံယူချက်သဘောထားနှုန်းစံနဲ့ တန်ဖိုးက အတုယူလိုက်နာစရာကောင်းလှပါတယ်။
အိန္ဒိယလူ့ အဖွဲ့အစည်းထဲမှာ ဗုဒ္ဓ ဟာ
စကားအပြန်အလှန်ပြောတဲ့ Dialogue
ကို အားပေးတာကို မဟာဝဂ္ဂ၊ ပါဝရဏာက္ခန္ဓက တွင် အတိအလင်းတွေ့ရပါတယ်။
ရဟန်းအချင်းချင်း စကားမပြောဆိုပဲ
ဝါဆိုခဲ့တာကို ဗုဒ္ဓက မချီးကျူးတဲ့အပြင်
အဖွဲ့အစည်းထဲမှာ စကားမပြောတာဟာ သံသယ များစေတဲ့ အမှုကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်မလုပ်ထိုက်ကြောင်း ဆုံးမပဲ့ပြင်ခဲ့ပါတယ်။
စကားအပြန်အလှန်ပြောခြင်းကနေ နားလည်မှုကို အတူတကွတည်ဆောက်ယူဖို့ ဆိုပါတယ်။
ဒီအချက်ဟာ စကားအပြန်အလှန်ပြောခြင်းရဲ့ အရေးပါပုံပါ။
ဗုဒ္ဓက လိုအပ်ရင် စကားအပြန်အလှန်ပြောဖို့လိုအပ်တယ် ဆိုတဲ့ သက်သေကို တွေ့ရတာ ဖြစ်ပါတယ်။
ဗုဒ္ဓကို ပိဋကတ်ထဲ တူးဆွလေ့လာကြည့်တဲ့အခါ ဗုဒ္ဓဟာ စကားပြောကောင်းသူ တစ်ဦးအဖြစ် တွေ့ရပါတယ်။
ဗုဒ္ဓရဲ့ စကားလုံးစွမ်းအား Word power တွေက အခုထက်ထိလတ်ဆတ်တုန်း၊ အမှန်တရားတန်ဖိုးတွေကလည်း လေ့လာချည်းကပ်စရာကောင်းတုန်းလို့ ဆိုရပါမယ်။
ဗုဒ္ဓ အနေနဲ့ စကားပြောခြင်းကို ယုံယုံကြည်ကြည်ရှင်သန်ပြီး အိန္ဒိယ လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ရတာကြောင့် ဗုဒ္ဓရဲ့ တန်ဖိုးရှိတဲ့စကားတွေဟာ လူ့အဖွဲ့အစည်းထဲ ယနေ့ထက်ထိရှင်သန်ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။
မတူညီတဲ့ အယူအဆအလွှာတွေရှိတဲ့
အိန္ဒိယလူမှု့အဖွဲ့အစည်းထဲမှာ
ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းကို ထူထောင်တဲ့အခါ ယဉ်ကျေးမှုတွန်းတိုက်မှုတွေ ကြုံရပါတယ်။
ဗုဒ္ဓခေတ်မှာ ဗြာဟ္မဏအဖွဲ့အစည်းက အားကောင်းတဲ့အခါ အယူအဆရေးရာပွတ်တိုက်မှုတွေဟာ ဗြဟ္မဏ အဖွဲ့အစည်းနဲ့ ပိုအထိတွေ့များခဲ့ပါတယ်။
အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ အထင်ကရအဖြစ်နေရာရှိခဲ့တဲ့ ဗြာဟ္မဏအများစု သံဃာ့အဖွဲ့အစည်း ဝင်ရောက်လာတဲ့အခါ
ဗြာဟ္မဏဝါရဲ့ ယုံကြည်မှုတွေ ဖဲ့ယူခံရတယ်ဆိုတဲ့ အတွေးအမြင်တွေရှိခဲ့ကြတာလည်းပါတယ်။
ဘာသာတရားယုံကြည်မှုတန်ဖိုးတွေကနေ ဗုဒ္ဓကို ကြည့်မြင်တဲ့အခါ ဗုဒ္ဓဟာ အခြားသောအယူအဆတွေကို ဖြိုချသူအဖြစ်သတ်မှတ်ကြပါတယ်။
ဗုဒ္ဓကို ဘာသာတရားဆိုတဲ့ ဘောင်တစ်ခုထဲ မသွတ်သွင်းကြည့်ဘဲ အိန္ဒိယလူ့အဖွဲ့အစည်းက ရလိုက်တဲ့ အတွေးအခေါ်ဆိုင်ရာ ကြီးမားတဲ့ အမြတ်အစွန်းအဖြစ် ရှုမြင်ဖို့ပါပဲ။
ဘက်မတူတဲ့ ဘာသာရေးဂိုဏ်းဂဏတွေက ဗုဒ္ဓကို သတိထားရမဲ့ ပြိုင်ဖက် ရန်သူတစ်ဦးလို့သတ်မှတ်ကြတာမျိုးပါတွေ့မြင်ရပါတယ်။
အခြားသောဂိုဏ်းဂဏတွေအတွက်
ဗုဒ္ဓဟာ တန်ဖိုးထားလေးစား ရမယ့်
ပြိင်ဖက်ရန်သူ တစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။
အနောက်နိုင်ငံသား ဆာ အက်ဒွက်
အာန်းဒ် (Sir Edwin Arnold) တောင်မှ ဗုဒ္ဓကို အာရှတိုက်ရဲ့ အလင်းအရောင် The light of the Asia အနေနဲ့ မြင်ခဲ့တာ တွေ့ရပါတယ်။
ဗုဒ္ဓ ကို အိန္ဒိယနိုင်ငံ ဂိုဏ်းဂဏထူထောင်သူ အဖြစ်မရှုမြင်ဘဲ အာရှတိုက်ရဲ့ လွတ်မြောက်ရေးဆိုင်ရာ အတွေးအခေါ် ခံတပ်တစ်ခုလို့ ရှုမြင်စေချင်ပါတယ်။
အနောက်နိုင်ငံသားတွေရဲ့ ရှုမြင်ပုံမျိုး အမြင်ကျယ်ကျယ်ရှုမြင်နိုင်မှ ဗုဒ္ဓ အနေနဲ့ အိန္ဒိယ လူအဖွဲ့အစည်းထဲမှာ ဘယ်လို ရှင်သန်ရပ်တည်ခဲ့ သလဲဆိုတာ ကို လေ့လာစူးစမ်းနိုင်မှာမို့လို့ပါ။
ဗုဒ္ဓကို အဝေးမြင်ကွင်းပုံစံတွေနဲ့ရှုမြင်လေ့လာမှသာလျင် ဗုဒ္ဓဖြေရှင်းခဲ့ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့အယူအဆတွေကြားထဲ ဖြေရှင်းတုတုံ့ပြန်ခဲ့ပုံကို မြင်တွေ့နိုင်ပါတယ်။
ဘာကြောင့်ဒီအချက်ကို ခပ်ရှည်ရှည်ပြောနေရသလဲဆိုရင် ဗုဒ္ဓကို လှမ်းမြင်နိုင်မှလည်း ဗုဒ္ဓရဲ့ စကားလုံးဝေါ ဟာရတွေကို ပိုပြီး ဖမ်းဆုပ်နားလည်နိုင်မှာ မို့လို့ပါပဲ။
ဗုဒ္ဓရဲ့ နှလုံးသားကို မြင်ချင်ရင်
ကိုးကွယ်မှု ဆိုတဲ့ စကားလုံးထက်ပိုတဲ့ ဆန်းစစ်လေ့လာမှု (Analytical Study) ဆိုတာကို တည်ဆောက်နိုင်မှ ရနိုင်တာမျိုးလို့မြင်မိပါတယ်။
ဗုဒ္ဓရဲ့ အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ တုန့်ပြန်လှုပ်ရှားခဲ့ပုံတွေကို အနှစ်ချုပ်ကြည့်ရင် Soft power သဘောတရားကို တွေ့ရပါတယ်။
Hard power က ကျောက်တုံးနဲ့တူပြီး
Soft power ကရေနဲ့ အလားသဏ္ဍာန် တူပါတယ်။
Soff power သဘောတရားက မပျက် စီးသွားဘူး၊ မပြိုပျက်သွားဘူး။ သိမ်မွေ့တယ်။ နူးညံ့တယ်။
ဗုဒ္ဓကို လာရောက်ဆဲဆိုတဲ့ ပုဏ္ဏားတွေကို ဘယ်လို့ တုန့်ပြန်သလဲဆိုတာကို
သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ် ၊ အရဟန္တဝဂ်မှာ တွေ့ရပါတယ်။
ဗုဒ္ဓဟာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ လှုမှုသဘာဝနဲ့ တွေ့အခါ ဗုဒ္ဓခံယူပုံက ပြဿနာတွေကို တွန်းပို့ နေတဲ့ လူမှုအဖွဲ့အစည်းအတွင်းငြိမ်းအေးသွားစေတယ်လို့ ဆိုရပါမယ်။
ဗုဒ္ဓကို အိန္ဒိယလူ့အဖွဲ့အစည်းက ဂုဏ်တော်တွေနဲ့ ချီကျူးစကားထောပနာ ပြုကြတဲ့အခါ အချို့သောအယူဝါဒရေးရာ ဆုပ်ကိုင်သူတွေအတွက် သူတို့ရဲ့တည်ရှိမှု ကိုထိပါးနေတယ်လို့ စိတ်ထဲပူလောင်ကြရတာတွေ့ပါတယ်။
နှိုင်းယှဉ်ခြင်း၊ ပြိုင်ဆိုင်ခြင်းဆိုတာ မိမိကိုယ်ကို လောင်မြိုက်တဲ့ အရာဆိုတာ တွေ့ရပါတယ်။
ဗြာဟ္မဏသံယုတ်၊ အရဟန္တဝဂ်၊ ဓနဉ္စာနီသုတ်မှာ အကြားနဲ့ နှိုင်းယှဉ်လိုက်ပြိုင်မိလို့ ဒုက္ခရောက်ရပုံကို တွေ့ရပါတယ်။
ဗုဒ္ဓက ရာဇဂြိုဟ်ပြည် ၊ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးအခါ ဘာရဒွါဇအနွယ်ဖြစ်တဲ့ ပုဏ္ဏားတစ်ယောက်ရဲ့
ဓနဉ္ဇာနီလို့ခေါ်တဲ့ ပုဏ္ဏေးမဟာ ဗုဒ္ဓရဲ့ ဂုဏ် ကျေးဇူး ကြည်ညိုပြီး တဖွဖွ ရေရွတ်ပါတယ်။
ယောင်ပြီး တစ်ခုခု ချွတ်ချော် လုပ်မိရင်တောင်မှ ''နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ'' ဆိုပြီးတော့ ယောင်ပါတယ်။
အဲသလိုရွတ်ဆိုတာကို ဘာရဒွါဇ ပုဏ္ဏားက ဓနဉ္ဇာနီပုဏ္ဏေးမကို
''ဒီသူယုတ်မ ဟာ အရာရာတိုင်းမှာ ဒီလိုမျိုးရဟန်းရဲ့ ဂုဏ်ကျေးဇူးကို ဆိုတယ်။ သူယုတ်မ အခုတော့ သင်ရဲ့ ဆရာဖြစ်တဲ့ ဘုရားကို အယူဝါဒ တင်မယ်''လို့ ဆိုပါတယ်။
ပုဏ္ဏေးမကလည်း ပုဏ္ဏားကို ဗုဒ္ဓနဲ့အတူ
သွားရောက် ဝါဒတင်ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။
အဲဒီတိုက်တွန်းချက်ကို ဘာရဒွါဇအနွယ်ဖြစ်တဲ့ ပုဏ္ဏားဟာ ပိုပြီးအမျက်ထွက်ပါတယ်။
ဗုဒ္ဓဆီရောက်တဲ့အခါ ပုဏ္ဏားက မေးမြန်းဆွေးနွေးပါတယ်။
''ဂေါတမ
(၁) ဘာကို ဖြတ်တောက်ရင် ချမ်းချမ်းသာသာ နေရသလဲ၊
(၂) ဘာကို ဖြတ်တောက်ရင် မစိုးရိမ်ရ သလဲ၊
(၃) ဘာအမည်ရှိတဲ့ တရားကို ဖြတ်တောက်တာကို ဘယ်သူတွေက နှစ်သက်ပါသလဲ ''ဆိုပြီး မေးပါတယ်။
ဗုဒ္ဓက အရေးကြီးဆုံး ဗုဒ္ဓဘာသာအယူအဆ Concept ကို ဒီမှာ တွေ့ရပါတယ်။
ဗုဒ္ဓက
(၁) အမျက် 'ဒေါသ'ကို ဖြတ်တောက်ရင် ချမ်းသာစွာ နေရတယ်။
(၂) အမျက် 'ဒေါသ'ကို ဖြတ်တောက်ရင် မစိုးရိမ်ရဘူး။
(၃) အဆိပ်လျှင် အရင်းအမြစ်ရှိပြီး ချိုမြိန်ခြင်းလျှင် အဖျားရှိတဲ့ အမျက် 'ဒေါသ'အား ဖြတ်တောက်ခြင်းကို အရိယာတွေကက ချီးမွမ်းနှစ်သက်ကြတယ်။ အဲဒီအမျက် 'ဒေါသ'ကိုပင်လျှင် ဖြတ်တောက်ရင် မစိုးရိမ်ရလို့ ဆိုပါတယ်။
လူအဖွဲ့အစည်းတစ်ခုလုံး လောင်မြိုက်
ရတဲ့ ပြဿနာ အရင်းအမြစ် problem rootcause က အမျက် ဒေါသ ဆိုတာ ကို ဗုဒ္ဓက ဆိုပါတယ်။
ကောဓ လို့ ခေါ်တဲ့ အမျက်က စိတ်ထဲမှာ ပူပြီး လောင်မြိုက်နေတာကို ပြဿနာအရင်းအမြစ်ဆိုတာ ဗုဒ္ဓက ထုတ်ပြခြင်းဖြစ်တာတွေ့ရပါတယ်။
ဘယ်သူကမှ လာရှို့တာ မဟုတ်ဘဲ
မာနနဲ့နှိုင်းယှဉ်တာတွေကြောင် လောင်မြိုက်ခြင်းဒေါသဖြစ်ရခြင်းဖြစ်ပါတယ်။
တစ်ပါးသူဖြစ်တည်မှုထဲမှာ ကိုယ်က
အငှားပါလိုက်ပါရတဲ့ဖြစ်စဉ်ပါ။
သူများဘဝထဲ ကိုယ့်ဘဝကို မဆန့်မပြဲလိုက်ထည့်ရတာလောက် လောင်မြိုက်ပင်ပန်းတာမျိုးမရှိဘူးဆိုတာပါပဲ။
ဒေါသကို ဘာနဲ့ လျော့ချရသလဲဆိုရင်
(၁) မိမိနဲ့ထပ်တူချစ်ခြင်း မေတ္တာ
(၂) သနားကြင်နာပေးခြင်း ကရုဏာ
(၃) မိမိထက်သာသူကို ဝမ်းမြောက်ခြင်း မုဒိတာ
(၄) လူ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ ပညတ်ရုပ်များပေါ် ဘက်မလိုက်ဘဲ မျှတသောစိတ်ဖြင့်ရှုမြင်ခြင်း ဥပေက္ခာ ဆိုတဲ့
ဗြဟ္မစရိယတရား ၄-ပါး နဲ့ အမျက်ဒေါသကို လျော့ချရတာပါ။
အမျက်ဒေါသတွေဝင်လာရင်
အဲဒီယှဉ်ပြိုင်လိုစိတ်ကို လျော့လိုက်ပြီး
၁။ ကိုယ့်နဲ့အတူတူပဲလို့ခံစားနားလည်ပါ
၂။ စာနာပါ
၃။ ဝမ်းမြောက်ပါ
၄။ လွတ်မြောက်ပါ
လို့ အတိုချုံ့ကြည့်နိုင်ပါတယ်။
နှိုင်းယှဉ်တယ်ဆိုတာ သူ့များဖြစ်တည်နေတဲ့ ဘဝထဲ ကိုယ်စိတ်ကူးနဲ့ကိုယ် အတင်းဝင်ဖြစ်တာပါပဲ။
ဒေါသက ပူတော့ ဗုဒ္ဓက ဗြဟ္မစိုရ်တရားနဲ့ စိတ်ကို ဆေးကြောတဲ့ နည်းပေးခဲ့တယ်။
နောက်အတုယူစရာတစ်ခုဖြစ်တဲ့
ဗြဟ္မဏသံယုတ်၊ အရဟန္တဝဂ်၊
အက္ကောသသုတ်မှာပဲ အက္ကောသက ဘာရဒွါဇကို ဗုဒ္ဓ တုန့်ပြန် တဲ့ စကားဟာ လိုက်နာကျင့်သုံးစရာ သိပ်ကောင်းတယ်။
အက္ကောသက ပုဏ္ဏားကြီးက
ဗုဒ္ဓဆီကိုလာပြီး ပရိသတ်အလယ်မှာပဲ မဖွယ်မရာ ကြမ်းကြုတ်တဲ့ စကားနဲ့ လာရောက် ဆဲရေး ခြိမ်းခြောက်ပါတယ်။
ပရိသတ်အလယမှာ ကိုယ်တိုင် အဲဒီလိုမျိုး ဆဲရေးခြိမ်းခြောက်တာခံရရင် ဘယ်လိုတုန့်ပြန်မလဲလို့ မိမိကိုယ့်ကို အကြိမ်ကြိမ်မေးမိပါတယ်။
အဲဒီဖြစ်ရပ်ကိုကြည့်ရင် ဗုဒ္ဓနေရာကနေ အကြိမ်ကြိမ်စဉ်းစားမိစေပါတယ်။
ဗုဒ္ဓက အက္ကောသကဘာရဒွါဇပုဏ္ဏားကို
ဘယ်လိုပြောသလဲဆိုရင်
''ပုဏ္ဏား
အဲဒီဟာကို ဘယ်လို ထင်သတုန်း။
သင်ရဲ့ ဧည့်သည်ဖြစ်တဲ့ အဆွေခင်ပွန်း, ဆွေမျိုး သားချင်းတွေကို သင့်ဆီလာကြသလားလို့" မေးပါတယ်။
တစ်ရံတစ်ခါလာတတ်ပါတယ်လို့ ဖြေတဲ့အခါ ဗုဒ္ဓက
''ပုဏ္ဏား အဲဒီ အဆွေခင်ပွန်း, ဆွေမျိုးသားချင်းတွေကို ခဲဖွယ်၊ စားဖွယ်၊ လျက်ဖွယ်တွေကို ပေးယ်မဟုတ်လား''လို့ မေးပါတယ်။
ပုဏ္ဏားက အဲဒီစားစရာတွေကိုပေးပါတယ် လို့ပြန်ဖြေပါတယ်။
အဲသလို စားစရာတွေကို ပေးတဲ့အခါ
သူတို့တွေက အဲဒီစားစရာတွေကို မစားဘူး၊ မယူရင်ဆိုရင်
အဲဒီဥစ္စာတွေက ဘယ်သူတွေဆီ ပြန်ရောက်သလဲ" မေးပါတယ်။
ပုဏ္ဏားက
အဲဒီသူတွေက အကယ်၍ မခံယူ မစားသုံးဘူးဆိုရသ် အဲဒီစားဖွယ်သောက်ဖွယ်တွေဟာ အကျွန်ုပ်ဆီကိုပဲ ပြန်ရောက်ပါတယ်" လို့ ဖြေပါတယ်။
ဗုဒ္ဓက
" ပုဏ္ဏား အဲဒီအတိုင်းပဲ အကြောင်းကြောင့် သင်ဟာ မဆဲရေးထိုက်ကုန်သော ငါတို့ကို ဆဲရေး၏၊ မချုပ်ချယ်ထိုက်ကုန်သော ငါတို့ကို ချုပ်ချယ်၏၊
မချောက်ချား ထိုက်ကုန်သော ငါတို့ကို ချောက်ချား၏၊ သင်၏ ထိုဆဲရေးခြင်း ဆိုတာတွေကို ငါတို့ မခံယူကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာ လျှင် ရောက်၏။" လို့ ဗုဒ္ဓက ဆိုပါတယ်။
ဒီအချက်ကိုကြည့်ရင် ဗုဒ္ဓက ဆဲရေးခြင်းနောက်မလိုက်ပါဘူး ဆိုတာ တွေ့ရပါတယ်။
သူများဆဲတဲ့ စကားလုံးအောက်မှာ မိမိတည်ရှိနေတဲ့ ဘဝကို မထည့်သွင်းဘူးဆိုတာတွေ့ရပါတယ်။
သူတစ်ပါးတွေရဲ့ ဆဲရေးခြင်းကို ဗုဒ္ဓက မသိမ်းပိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဗုဒ္ဓ ရဲ့ တုန့်ပြန်မှာ က ပုဏ္ဏားကြီးဆဲတယ် ဆိုတာ ကို မသိမ်းပိုက်တာကိုက
မိမိကိုယ်ကိုလွတ်မြောက်သွားတာဖြစ်ပါတယ်။
တကယ်၍များ ပုဏ္ဏားကြီးဆဲတာကို သာ လိုက်ပါခံစားလိုက်ရင် ပုဏ္ဏားကျွေးတဲ့ အဆိပ်ကို စားမိလိုက်တာနဲ့ တူတာပါပဲ။
ဗုဒ္ဓက အဲဒီအမျက်နဲ့ပတ်သက်ပြီး
ဗုဒ္ဓခံယူချက်ဒဿန အမြင်က အယူအဆကို အသုရိန္ဒကသုတ်မှာ တွေ့ရပါတယ်။
အသုရိန္ဒက ပုဏ္ဏားကို ပြောတဲ့ အယူအဆက
''ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် (သူတစ်ပါးကို) အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှု သည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။
အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင် သည် မည်၏။
အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။
ဗြဟ္မဏသံယုတ်မှာပဲ ဗုဒ္ဓတုန့်ပြန်ပုံကို
တွေဟာ ရှုထောင့် အလွှာအသစ်ကနေ ထိုးထွက် ဖြေဆိုချကိတွေပဲဖြစ်ပါတယ်။
သူတစ်ပါးဆဲဆိုတာကို သိမ်းပိုက်ခြင်းနဲ့
အမျက်ထွက်တာကို ပြန်ပြီးအမျက်ထွက်တာက အရှုံးဆိုတာကို.စဉ်းစားစရာဖြစ်စေပါတယ်။
တုံ့ပြန်ခြင်းမှာ မသိမ်းပိုက်ခြင်းနဲ့ နှုတ်ဆိတ်နေလိုက်ခြင်းတွေမှာ တန်ဖိုးကြီးလွန်းတဲ့ အနိုင်တွေ ရှိတာ သိရပါတယ်။
နှုတ်ဆိတ်နေခြင်းဆိုတာ ကြီးမားပြီးအနှစ်သားတွေရှိတဲ့ အဓိပ္ပါယ်တွေရဲ့
စကားပြောဆိုမှုဖြစ်တယ်ဆိုတာပါပဲ။
လုံလောက်တဲ့ နှုတ်ဆိတ်နေမှုပြီးမှ တုန့်ပြန်ပြောဆိုခြင်းဟာ ခွန်အားရှိတဲ့ အနက်အဓိပ္ပါယ်တွေအဖြစ်စီးဆင်းသွားတာမျိုး ခံစားမိစေပါတယ်။
အမျက်ဒေါသနဲ့ အနိုင်ယူခြင်းဆိုတာ အရှုံးတစ်မျိုးဆိုတာ ကိုလည်း သက်သေပြခဲ့တာတွေ့ရပါတယ်။
အဲဒိအတွေးအခေါ်အယူအဆတွေဟာ လူ့မှုပဋိပက္ခတွေပြေလျော့ဖို့ရာနဲ့ထွက်မြောက်ဖို့ရာ အာရှသားတစ်ဦးက ကမ္ဘာကို ပေးခဲ့တဲ့ တန်ဖိုးထားသင့်တဲ့ လက်ဆောင်တစ်ခုလို့ ဆိုချငိပါတယ်။
၁၁း၅၆ ည
၃၀.၁၂.၂၀၂၀ အိမ်
(Zawgyi)
ဗုဒၶ နဲ႔ အမ်က္ေဒါသကို အနိုင္ယူျခင္း
...................................................
ဗုဒၶဟာ အယူအဆမတူတဲ့ အဖြဲ႕အစည္းဂိုဏ္းဂဏေတြရဲ့ စြပ္စြဲမွုေတြၾကားထဲ ဘယ္လိုရွင္သန္ ရပ္တည္ခဲ့သလဲ။
အဲဒီစြပ္စြဲအျပစ္တင္မွုေတြကပဲ ဗုဒၶကို ပိုၿပီး သန္မာႀကံ့ခိုင္ေစခဲ့တယ္။
အဲဒီ စြပ္စြဲအျပစ္တင္လိုက္တဲ့အခ်က္ေတြကပဲ ဗုဒၶဟာ ဘယ္လို ပုဂၢိဳလ္မ်ိဳးလည္း ဆိုတာကိုလည္း ပိုၿပီး ထင္ရွားေပၚလြင္သြားေစခဲ့တာေတြ႕ရပါတယ္။
စြပ္စြဲအျပစ္တင္မွုေတြကို ေတြ႕တဲ့အခါ ဗုဒၶ ခံယူခ်က္သေဘာထားႏွုန္းစံနဲ႔ တန္ဖိုးက အတုယူလိုက္နာစရာေကာင္းလွပါတယ္။
အိႏၵိယလူ႔ အဖြဲ႕အစည္းထဲမွာ ဗုဒၶ ဟာ
စကားအျပန္အလွန္ေျပာတဲ့ Dialogue
ကို အားေပးတာကို မဟာဝဂၢ၊ ပါဝရဏာကၡႏၶက တြင္ အတိအလင္းေတြ႕ရပါတယ္။
ရဟန္းအခ်င္းခ်င္း စကားမေျပာဆိုပဲ
ဝါဆိုခဲ့တာကို ဗုဒၶက မခ်ီးက်ဴးတဲ့အျပင္
အဖြဲ႕အစည္းထဲမွာ စကားမေျပာတာဟာ သံသယ မ်ားေစတဲ့ အမွုကိစၥျဖစ္တဲ့အတြက္ မလုပ္သင့္မလုပ္ထိုက္ေၾကာင္း ဆုံးမပဲ့ျပင္ခဲ့ပါတယ္။
စကားအျပန္အလွန္ေျပာျခင္းကေန နားလည္မွုကို အတူတကြတည္ေဆာက္ယူဖို့ ဆိုပါတယ္။
ဒီအခ်က္ဟာ စကားအျပန္အလွန္ေျပာျခင္းရဲ့ အေရးပါပုံပါ။
ဗုဒၶက လိုအပ္ရင္ စကားအျပန္အလွန္ေျပာဖို့လိုအပ္တယ္ ဆိုတဲ့ သက္ေသကို ေတြ႕ရတာ ျဖစ္ပါတယ္။
ဗုဒၶကို ပိဋကတ္ထဲ တူးဆြေလ့လာၾကည့္တဲ့အခါ ဗုဒၶဟာ စကားေျပာေကာင္းသူ တစ္ဦးအျဖစ္ ေတြ႕ရပါတယ္။
ဗုဒၶရဲ့ စကားလုံးစြမ္းအား Word power ေတြက အခုထက္ထိလတ္ဆတ္တုန္း၊ အမွန္တရားတန္ဖိုးေတြကလည္း ေလ့လာခ်ည္းကပ္စရာေကာင္းတုန္းလို့ ဆိုရပါမယ္။
ဗုဒၶ အေနနဲ႔ စကားေျပာျခင္းကို ယုံယုံၾကည္ၾကည္ရွင္သန္ၿပီး အိႏၵိယ လူ႔အဖြဲ႕အစည္းကို ျဖတ္သန္းခဲ့ရတာေၾကာင့္ ဗုဒၶရဲ့ တန္ဖိုးရွိတဲ့စကားေတြဟာ လူ႔အဖြဲ႕အစည္းထဲ ယေန႔ထက္ထိရွင္သန္က်န္ရစ္ေနခဲ့တာျဖစ္ပါတယ္။
မတူညီတဲ့ အယူအဆအလႊာေတြရွိတဲ့
အိႏၵိယလူမွု့အဖြဲ႕အစည္းထဲမွာ
ဗုဒၶက သံဃာ့အဖြဲ႕အစည္းကို ထူေထာင္တဲ့အခါ ယဥ္ေက်းမွုတြန္းတိုက္မွုေတြ ၾကဳံရပါတယ္။
ဗုဒၶေခတ္မွာ ျဗာဟၼဏအဖြဲ႕အစည္းက အားေကာင္းတဲ့အခါ အယူအဆေရးရာပြတ္တိုက္မွုေတြဟာ ျဗဟၼဏ အဖြဲ႕အစည္းနဲ႔ ပိုအထိေတြ႕မ်ားခဲ့ပါတယ္။
အိႏၵိယလူ႔အဖြဲ႕အစည္းထဲမွာ အထင္ကရအျဖစ္ေနရာရွိခဲ့တဲ့ ျဗာဟၼဏအမ်ားစု သံဃာ့အဖြဲ႕အစည္း ဝင္ေရာက္လာတဲ့အခါ
ျဗာဟၼဏဝါရဲ့ ယုံၾကည္မွုေတြ ဖဲ့ယူခံရတယ္ဆိုတဲ့ အေတြးအျမင္ေတြရွိခဲ့ၾကတာလည္းပါတယ္။
ဘာသာတရားယုံၾကည္မွုတန္ဖိုးေတြကေန ဗုဒၶကို ၾကည့္ျမင္တဲ့အခါ ဗုဒၶဟာ အျခားေသာအယူအဆေတြကို ၿဖိဳခ်သူအျဖစ္သတ္မွတ္ၾကပါတယ္။
ဗုဒၶကို ဘာသာတရားဆိုတဲ့ ေဘာင္တစ္ခုထဲ မသြတ္သြင္းၾကည့္ဘဲ အိႏၵိယလူ႔အဖြဲ႕အစည္းက ရလိုက္တဲ့ အေတြးအေခၚဆိုင္ရာ ႀကီးမားတဲ့ အျမတ္အစြန္းအျဖစ္ ရွုျမင္ဖို့ပါပဲ။
ဘက္မတူတဲ့ ဘာသာေရးဂိုဏ္းဂဏေတြက ဗုဒၶကို သတိထားရမဲ့ ၿပိဳင္ဖက္ ရန္သူတစ္ဦးလို့သတ္မွတ္ၾကတာမ်ိဳးပါေတြ႕ျမင္ရပါတယ္။
အျခားေသာဂိုဏ္းဂဏေတြအတြက္
ဗုဒၶဟာ တန္ဖိုးထားေလးစား ရမယ့္
ၿပိင္ဖက္ရန္သူ တစ္ဦးအျဖစ္ ရွိေနခဲ့ပါတယ္။
အေနာက္နိုင္ငံသား ဆာ အက္ဒြက္
အာန္းဒ္ (Sir Edwin Arnold) ေတာင္မွ ဗုဒၶကို အာရွတိုက္ရဲ့ အလင္းအေရာင္ The light of the Asia အေနနဲ႔ ျမင္ခဲ့တာ ေတြ႕ရပါတယ္။
ဗုဒၶ ကို အိႏၵိယနိုင္ငံ ဂိုဏ္းဂဏထူေထာင္သူ အျဖစ္မရွုျမင္ဘဲ အာရွတိုက္ရဲ့ လြတ္ေျမာက္ေရးဆိုင္ရာ အေတြးအေခၚ ခံတပ္တစ္ခုလို့ ရွုျမင္ေစခ်င္ပါတယ္။
အေနာက္နိုင္ငံသားေတြရဲ့ ရွုျမင္ပုံမ်ိဳး အျမင္က်ယ္က်ယ္ရွုျမင္နိုင္မွ ဗုဒၶ အေနနဲ႔ အိႏၵိယ လူအဖြဲ႕အစည္းထဲမွာ ဘယ္လို ရွင္သန္ရပ္တည္ခဲ့ သလဲဆိုတာ ကို ေလ့လာစူးစမ္းနိုင္မွာမို့လို့ပါ။
ဗုဒၶကို အေဝးျမင္ကြင္းပုံစံေတြနဲ႔ရွုျမင္ေလ့လာမွသာလ်င္ ဗုဒၶေျဖရွင္းခဲ့ လူ႔အဖြဲ႕အစည္းထဲမွာ မတူညီတဲ့အယူအဆေတြၾကားထဲ ေျဖရွင္းတုတုံ႔ျပန္ခဲ့ပုံကို ျမင္ေတြ႕နိုင္ပါတယ္။
ဘာေၾကာင့္ဒီအခ်က္ကို ခပ္ရွည္ရွည္ေျပာေနရသလဲဆိုရင္ ဗုဒၶကို လွမ္းျမင္နိုင္မွလည္း ဗုဒၶရဲ့ စကားလုံးေဝါ ဟာရေတြကို ပိုၿပီး ဖမ္းဆုပ္နားလည္နိုင္မွာ မို့လို့ပါပဲ။
ဗုဒၶရဲ့ ႏွလုံးသားကို ျမင္ခ်င္ရင္
ကိုးကြယ္မွု ဆိုတဲ့ စကားလုံးထက္ပိုတဲ့ ဆန္းစစ္ေလ့လာမွု (Analytical Study) ဆိုတာကို တည္ေဆာက္နိုင္မွ ရနိုင္တာမ်ိဳးလို့ျမင္မိပါတယ္။
ဗုဒၶရဲ့ အိႏၵိယလူ႔အဖြဲ႕အစည္းထဲမွာ တုန္႔ျပန္လွုပ္ရွားခဲ့ပုံေတြကို အႏွစ္ခ်ဳပ္ၾကည့္ရင္ Soft power သေဘာတရားကို ေတြ႕ရပါတယ္။
Hard power က ေက်ာက္တုံးနဲ႔တူၿပီး
Soft power ကေရနဲ႔ အလားသ႑ာန္ တူပါတယ္။
Soff power သေဘာတရားက မပ်က္ စီးသြားဘူး၊ မၿပိဳပ်က္သြားဘူး။ သိမ္ေမြ႕တယ္။ ႏူးညံ့တယ္။
ဗုဒၶကို လာေရာက္ဆဲဆိုတဲ့ ပုဏၰားေတြကို ဘယ္လို့ တုန္႔ျပန္သလဲဆိုတာကို
သံယုတၱနိကာယ္ ျဗာဟၼဏသံယုတ္ ၊ အရဟႏၲဝဂ္မွာ ေတြ႕ရပါတယ္။
ဗုဒၶဟာ ၾကမ္းတမ္းရိုင္းစိုင္းတဲ့ လွုမွုသဘာဝနဲ႔ ေတြ႕အခါ ဗုဒၶခံယူပုံက ျပႆနာေတြကို တြန္းပို့ ေနတဲ့ လူမွုအဖြဲ႕အစည္းအတြင္းၿငိမ္းေအးသြားေစတယ္လို့ ဆိုရပါမယ္။
ဗုဒၶကို အိႏၵိယလူ႔အဖြဲ႕အစည္းက ဂုဏ္ေတာ္ေတြနဲ႔ ခ်ီက်ဴးစကားေထာပနာ ျပဳၾကတဲ့အခါ အခ်ိဳ့ေသာအယူဝါဒေရးရာ ဆုပ္ကိုင္သူေတြအတြက္ သူတို့ရဲ့တည္ရွိမွု ကိုထိပါးေနတယ္လို့ စိတ္ထဲပူေလာင္ၾကရတာေတြ႕ပါတယ္။
ႏွိုင္းယွဥ္ျခင္း၊ ၿပိဳင္ဆိုင္ျခင္းဆိုတာ မိမိကိုယ္ကို ေလာင္ၿမိဳက္တဲ့ အရာဆိုတာ ေတြ႕ရပါတယ္။
ျဗာဟၼဏသံယုတ္၊ အရဟႏၲဝဂ္၊ ဓနဥၥာနီသုတ္မွာ အၾကားနဲ႔ ႏွိုင္းယွဥ္လိုက္ၿပိဳင္မိလို့ ဒုကၡေရာက္ရပုံကို ေတြ႕ရပါတယ္။
ဗုဒၶက ရာဇၿဂိဳဟ္ျပည္ ၊ ေဝဠဳဝန္ေက်ာင္းမွာ သီတင္းသုံးအခါ ဘာရဒြါဇအႏြယ္ျဖစ္တဲ့ ပုဏၰားတစ္ေယာက္ရဲ့
ဓနဥၨာနီလို့ေခၚတဲ့ ပုေဏၰးမဟာ ဗုဒၶရဲ့ ဂုဏ္ ေက်းဇူး ၾကည္ညိဳၿပီး တဖြဖြ ေရရြတ္ပါတယ္။
ေယာင္ၿပီး တစ္ခုခု ခၽြတ္ေခ်ာ္ လုပ္မိရင္ေတာင္မွ ''နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ'' ဆိုၿပီးေတာ့ ေယာင္ပါတယ္။
အဲသလိုရြတ္ဆိုတာကို ဘာရဒြါဇ ပုဏၰားက ဓနဥၨာနီပုေဏၰးမကို
''ဒီသူယုတ္မ ဟာ အရာရာတိုင္းမွာ ဒီလိုမ်ိဳးရဟန္းရဲ့ ဂုဏ္ေက်းဇူးကို ဆိုတယ္။ သူယုတ္မ အခုေတာ့ သင္ရဲ့ ဆရာျဖစ္တဲ့ ဘုရားကို အယူဝါဒ တင္မယ္''လို့ ဆိုပါတယ္။
ပုေဏၰးမကလည္း ပုဏၰားကို ဗုဒၶနဲ႔အတူ
သြားေရာက္ ဝါဒတင္ေဆြးေႏြးဖို့ တိုက္တြန္းပါတယ္။
အဲဒီတိုက္တြန္းခ်က္ကို ဘာရဒြါဇအႏြယ္ျဖစ္တဲ့ ပုဏၰားဟာ ပိုၿပီးအမ်က္ထြက္ပါတယ္။
ဗုဒၶဆီေရာက္တဲ့အခါ ပုဏၰားက ေမးျမန္းေဆြးေႏြးပါတယ္။
''ေဂါတမ
(၁) ဘာကို ျဖတ္ေတာက္ရင္ ခ်မ္းခ်မ္းသာသာ ေနရသလဲ၊
(၂) ဘာကို ျဖတ္ေတာက္ရင္ မစိုးရိမ္ရ သလဲ၊
(၃) ဘာအမည္ရွိတဲ့ တရားကို ျဖတ္ေတာက္တာကို ဘယ္သူေတြက ႏွစ္သက္ပါသလဲ ''ဆိုၿပီး ေမးပါတယ္။
ဗုဒၶက အေရးႀကီးဆုံး ဗုဒၶဘာသာအယူအဆ Concept ကို ဒီမွာ ေတြ႕ရပါတယ္။
ဗုဒၶက
(၁) အမ်က္ 'ေဒါသ'ကို ျဖတ္ေတာက္ရင္ ခ်မ္းသာစြာ ေနရတယ္။
(၂) အမ်က္ 'ေဒါသ'ကို ျဖတ္ေတာက္ရင္ မစိုးရိမ္ရဘူး။
(၃) အဆိပ္လၽွင္ အရင္းအျမစ္ရွိၿပီး ခ်ိဳၿမိန္ျခင္းလၽွင္ အဖ်ားရွိတဲ့ အမ်က္ 'ေဒါသ'အား ျဖတ္ေတာက္ျခင္းကို အရိယာေတြကက ခ်ီးမြမ္းႏွစ္သက္ၾကတယ္။ အဲဒီအမ်က္ 'ေဒါသ'ကိုပင္လၽွင္ ျဖတ္ေတာက္ရင္ မစိုးရိမ္ရလို့ ဆိုပါတယ္။
လူအဖြဲ႕အစည္းတစ္ခုလုံး ေလာင္ၿမိဳက္
ရတဲ့ ျပႆနာ အရင္းအျမစ္ problem rootcause က အမ်က္ ေဒါသ ဆိုတာ ကို ဗုဒၶက ဆိုပါတယ္။
ေကာဓ လို့ ေခၚတဲ့ အမ်က္က စိတ္ထဲမွာ ပူၿပီး ေလာင္ၿမိဳက္ေနတာကို ျပႆနာအရင္းအျမစ္ဆိုတာ ဗုဒၶက ထုတ္ျပျခင္းျဖစ္တာေတြ႕ရပါတယ္။
ဘယ္သူကမွ လာရွို့တာ မဟုတ္ဘဲ
မာနနဲ႔ႏွိုင္းယွဥ္တာေတြေၾကာင္ ေလာင္ၿမိဳက္ျခင္းေဒါသျဖစ္ရျခင္းျဖစ္ပါတယ္။
တစ္ပါးသူျဖစ္တည္မွုထဲမွာ ကိုယ္က
အငွားပါလိုက္ပါရတဲ့ျဖစ္စဥ္ပါ။
သူမ်ားဘဝထဲ ကိုယ့္ဘဝကို မဆန္႔မျပဲလိုက္ထည့္ရတာေလာက္ ေလာင္ၿမိဳက္ပင္ပန္းတာမ်ိဳးမရွိဘူးဆိုတာပါပဲ။
ေဒါသကို ဘာနဲ႔ ေလ်ာ့ခ်ရသလဲဆိုရင္
(၁) မိမိနဲ႔ထပ္တူခ်စ္ျခင္း ေမတၱာ
(၂) သနားၾကင္နာေပးျခင္း က႐ုဏာ
(၃) မိမိထက္သာသူကို ဝမ္းေျမာက္ျခင္း မုဒိတာ
(၄) လူ ပုဂၢိဳလ္ သတၱဝါဆိုတဲ့ ပညတ္႐ုပ္မ်ားေပၚ ဘက္မလိုက္ဘဲ မၽွတေသာစိတ္ျဖင့္ရွုျမင္ျခင္း ဥေပကၡာ ဆိုတဲ့
ျဗဟၼစရိယတရား ၄-ပါး နဲ႔ အမ်က္ေဒါသကို ေလ်ာ့ခ်ရတာပါ။
အမ်က္ေဒါသေတြဝင္လာရင္
အဲဒီယွဥ္ၿပိဳင္လိုစိတ္ကို ေလ်ာ့လိုက္ၿပီး
၁။ ကိုယ့္နဲ႔အတူတူပဲလို့ခံစားနားလည္ပါ
၂။ စာနာပါ
၃။ ဝမ္းေျမာက္ပါ
၄။ လြတ္ေျမာက္ပါ
လို့ အတိုခ်ဳံ႕ၾကည့္နိုင္ပါတယ္။
ႏွိုင္းယွဥ္တယ္ဆိုတာ သူ႔မ်ားျဖစ္တည္ေနတဲ့ ဘဝထဲ ကိုယ္စိတ္ကူးနဲ႔ကိုယ္ အတင္းဝင္ျဖစ္တာပါပဲ။
ေဒါသက ပူေတာ့ ဗုဒၶက ျဗဟၼစိုရ္တရားနဲ႔ စိတ္ကို ေဆးေၾကာတဲ့ နည္းေပးခဲ့တယ္။
ေနာက္အတုယူစရာတစ္ခုျဖစ္တဲ့
ျဗဟၼဏသံယုတ္၊ အရဟႏၲဝဂ္၊
အေကၠာသသုတ္မွာပဲ အေကၠာသက ဘာရဒြါဇကို ဗုဒၶ တုန္႔ျပန္ တဲ့ စကားဟာ လိုက္နာက်င့္သုံးစရာ သိပ္ေကာင္းတယ္။
အေကၠာသက ပုဏၰားႀကီးက
ဗုဒၶဆီကိုလာၿပီး ပရိသတ္အလယ္မွာပဲ မဖြယ္မရာ ၾကမ္းၾကဳတ္တဲ့ စကားနဲ႔ လာေရာက္ ဆဲေရး ၿခိမ္းေျခာက္ပါတယ္။
ပရိသတ္အလယမွာ ကိုယ္တိုင္ အဲဒီလိုမ်ိဳး ဆဲေရးၿခိမ္းေျခာက္တာခံရရင္ ဘယ္လိုတုန္႔ျပန္မလဲလို့ မိမိကိုယ့္ကို အႀကိမ္ႀကိမ္ေမးမိပါတယ္။
အဲဒီျဖစ္ရပ္ကိုၾကည့္ရင္ ဗုဒၶေနရာကေန အႀကိမ္ႀကိမ္စဥ္းစားမိေစပါတယ္။
ဗုဒၶက အေကၠာသကဘာရဒြါဇပုဏၰားကို
ဘယ္လိုေျပာသလဲဆိုရင္
''ပုဏၰား
အဲဒီဟာကို ဘယ္လို ထင္သတုန္း။
သင္ရဲ့ ဧည့္သည္ျဖစ္တဲ့ အေဆြခင္ပြန္း, ေဆြမ်ိဳး သားခ်င္းေတြကို သင့္ဆီလာၾကသလားလို့" ေမးပါတယ္။
တစ္ရံတစ္ခါလာတတ္ပါတယ္လို့ ေျဖတဲ့အခါ ဗုဒၶက
''ပုဏၰား အဲဒီ အေဆြခင္ပြန္း, ေဆြမ်ိဳးသားခ်င္းေတြကို ခဲဖြယ္၊ စားဖြယ္၊ လ်က္ဖြယ္ေတြကို ေပးယ္မဟုတ္လား''လို့ ေမးပါတယ္။
ပုဏၰားက အဲဒီစားစရာေတြကိုေပးပါတယ္ လို့ျပန္ေျဖပါတယ္။
အဲသလို စားစရာေတြကို ေပးတဲ့အခါ
သူတို့ေတြက အဲဒီစားစရာေတြကို မစားဘူး၊ မယူရင္ဆိုရင္
အဲဒီဥစၥာေတြက ဘယ္သူေတြဆီ ျပန္ေရာက္သလဲ" ေမးပါတယ္။
ပုဏၰားက
အဲဒီသူေတြက အကယ္၍ မခံယူ မစားသုံးဘူးဆိုရသ္ အဲဒီစားဖြယ္ေသာက္ဖြယ္ေတြဟာ အကၽြန္ုပ္ဆီကိုပဲ ျပန္ေရာက္ပါတယ္" လို့ ေျဖပါတယ္။
ဗုဒၶက
" ပုဏၰား အဲဒီအတိုင္းပဲ အေၾကာင္းေၾကာင့္ သင္ဟာ မဆဲေရးထိုက္ကုန္ေသာ ငါတို့ကို ဆဲေရး၏၊ မခ်ဳပ္ခ်ယ္ထိုက္ကုန္ေသာ ငါတို့ကို ခ်ဳပ္ခ်ယ္၏၊
မေခ်ာက္ခ်ား ထိုက္ကုန္ေသာ ငါတို့ကို ေခ်ာက္ခ်ား၏၊ သင္၏ ထိုဆဲေရးျခင္း ဆိုတာေတြကို ငါတို့ မခံယူကုန္၊ ပုဏၰား ဤဆဲေရးျခင္းစသည္သည္ သင့္အားသာလၽွင္ ေရာက္၏၊ ပုဏၰား ဤဆဲေရးျခင္းစသည္သည္ သင့္အားသာ လၽွင္ ေရာက္၏။" လို့ ဗုဒၶက ဆိုပါတယ္။
ဒီအခ်က္ကိုၾကည့္ရင္ ဗုဒၶက ဆဲေရးျခင္းေနာက္မလိုက္ပါဘူး ဆိုတာ ေတြ႕ရပါတယ္။
သူမ်ားဆဲတဲ့ စကားလုံးေအာက္မွာ မိမိတည္ရွိေနတဲ့ ဘဝကို မထည့္သြင္းဘူးဆိုတာေတြ႕ရပါတယ္။
သူတစ္ပါးေတြရဲ့ ဆဲေရးျခင္းကို ဗုဒၶက မသိမ္းပိုက္ဘူး ဆိုတဲ့ အဓိပၸါယ္ပါပဲ။
ဗုဒၶ ရဲ့ တုန္႔ျပန္မွာ က ပုဏၰားႀကီးဆဲတယ္ ဆိုတာ ကို မသိမ္းပိုက္တာကိုက
မိမိကိုယ္ကိုလြတ္ေျမာက္သြားတာျဖစ္ပါတယ္။
တကယ္၍မ်ား ပုဏၰားႀကီးဆဲတာကို သာ လိုက္ပါခံစားလိုက္ရင္ ပုဏၰားေကၽြးတဲ့ အဆိပ္ကို စားမိလိုက္တာနဲ႔ တူတာပါပဲ။
ဗုဒၶက အဲဒီအမ်က္နဲ႔ပတ္သက္ၿပီး
ဗုဒၶခံယူခ်က္ဒႆန အျမင္က အယူအဆကို အသုရိႏၵကသုတ္မွာ ေတြ႕ရပါတယ္။
အသုရိႏၵက ပုဏၰားကို ေျပာတဲ့ အယူအဆက
''ပုဏၰား ၾကမ္းၾကဳတ္ေသာ စကားကို ဆိုေသာ သူမိုက္သည္ စကားမၽွျဖင့္ (သူတစ္ပါးကို) ေအာင္ၿပီဟူ၍ ေအာက္ေမ့၏၊ ပညာရွိပုဂၢိဳလ္၏ အၾကင္သည္းခံမွု သည္ ရွိ၏၊ ထိုသည္းခံမွုသည္သာ ထိုပညာရွိအား ေအာင္ျမင္ျခင္း ျဖစ္၏။
အၾကင္သူသည္ အမ်က္ထြက္သူကို ျပန္၍ အမ်က္ထြက္၏၊ ထိုသူသည္သာ ထို အမ်က္ထြက္ေသာသူကို ျပန္၍ အမ်က္ထြက္ျခင္းေၾကာင့္ ယုတ္မာ၏။ အမ်က္ထြက္ သူကို ျပန္၍ အမ်က္ မထြက္သူသည္ ေအာင္နိုင္ခဲေသာ ရန္စစ္သည္ကို ေအာင္နိုင္ သည္ မည္၏။
အၾကင္သူသည္ အမ်က္ထြက္ေသာ သူတစ္ပါးကို သိသည္ ရွိေသာ္ သတိႏွင့္ ျပည့္စုံသည္ျဖစ္၍ အမ်က္ကို ၿငိမ္းေအး၏၊ (ထိုအမ်က္ကို မတုံ႔ျပန္ေသာ သူသည္) မိမိသူတစ္ပါး ႏွစ္ဦးသားတို့၏ အက်ိဳးစီးပြားကို က်င့္သည္ မည္၏။
ျဗဟၼဏသံယုတ္မွာပဲ ဗုဒၶတုန္႔ျပန္ပုံကို
ေတြဟာ ရွုေထာင့္ အလႊာအသစ္ကေန ထိုးထြက္ ေျဖဆိုခ်ကိေတြပဲျဖစ္ပါတယ္။
သူတစ္ပါးဆဲဆိုတာကို သိမ္းပိုက္ျခင္းနဲ႔
အမ်က္ထြက္တာကို ျပန္ၿပီးအမ်က္ထြက္တာက အရွုံးဆိုတာကို.စဥ္းစားစရာျဖစ္ေစပါတယ္။
တုံ႔ျပန္ျခင္းမွာ မသိမ္းပိုက္ျခင္းနဲ႔ ႏွုတ္ဆိတ္ေနလိုက္ျခင္းေတြမွာ တန္ဖိုးႀကီးလြန္းတဲ့ အနိုင္ေတြ ရွိတာ သိရပါတယ္။
ႏွုတ္ဆိတ္ေနျခင္းဆိုတာ ႀကီးမားၿပီးအႏွစ္သားေတြရွိတဲ့ အဓိပၸါယ္ေတြရဲ့
စကားေျပာဆိုမွုျဖစ္တယ္ဆိုတာပါပဲ။
လုံေလာက္တဲ့ ႏွုတ္ဆိတ္ေနမွုၿပီးမွ တုန္႔ျပန္ေျပာဆိုျခင္းဟာ ခြန္အားရွိတဲ့ အနက္အဓိပၸါယ္ေတြအျဖစ္စီးဆင္းသြားတာမ်ိဳး ခံစားမိေစပါတယ္။
အမ်က္ေဒါသနဲ႔ အနိုင္ယူျခင္းဆိုတာ အရွုံးတစ္မ်ိဳးဆိုတာ ကိုလည္း သက္ေသျပခဲ့တာေတြ႕ရပါတယ္။
အဲဒိအေတြးအေခၚအယူအဆေတြဟာ လူ႔မွုပဋိပကၡေတြေျပေလ်ာ့ဖို့ရာနဲ႔ထြက္ေျမာက္ဖို့ရာ အာရွသားတစ္ဦးက ကမၻာကို ေပးခဲ့တဲ့ တန္ဖိုးထားသင့္တဲ့ လက္ေဆာင္တစ္ခုလို့ ဆိုခ်ငိပါတယ္။
၁၁း၅၆ ည
၃၀.၁၂.၂၀၂၀ အိမ္
No comments:
Post a Comment