Showing posts with label ဓမၼစာစု. Show all posts
Showing posts with label ဓမၼစာစု. Show all posts

Saturday, July 20, 2024

💐🌿🙏 လမြတ်ဝါဆို 🙏🌿💐

 💐🌿🙏 လမြတ်ဝါဆို 🙏🌿💐

=======================




#ဆောင်းပါးရှင် တင်ထက်ထက်ဇော်

          ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ ပါ၀င်သည်။ ထို့ကြောင့် နွေတစ် ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလ ဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ “နေ့မှာဝါဆို၊ ညမှာပြာသို” ဆိုသကဲ့သို့ ညတာတို၍ နေ့တာ အရှည်ဆုံးသော ရက်စုံလ ဖြစ်ပါသည်။


ဝါထပ်ရခြင်းအကြောင်း သိကောင်းစရာ။


           မြန်မာ့ရိုးရာပြက္ခဒိန်တွင် တစ်ခါတစ်ရံ ဝါထပ်သောနှစ်ကို ကြုံတွေ့ရတတ်သည်။ ဝါထပ်သောနှစ် ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလ နှင့် ဒုတိယဝါဆိုလ ဟူ၍ သတ်မှတ် ရေတွက်ထားသည့် နှစ်ကို ဆိုလိုသည်။


          ကမ္ဘာက နေကို လှည့်ပတ်ရာတွင် ၃၆၅ ရက်၊ ခြောက်နာရီ ၁၂ မိနစ်၊ ၃၇ စက္ကန့် ကြာမြင့်သည်။ ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ ရက် ထားခြင်းဖြစ်သည်။ ထို့ပြင် ခြောက်နာရီ အစွန်းအတွက် လေးနှစ်တစ်ကြိမ် တစ်ရက်တိုးသလို မြန်မာက လည်း ၂၉ ရက် ခြောက်လ၊ ရက် ၃၀ ကို ခြောက်လထားသဖြင့် မြန်မာနှစ်တစ်နှစ်မှာ ၃၅၄ ရက်သာ ရှိသည်။ သို့ဖြစ်၍ အင်္ဂလိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ်တစ်နှာမှာ ၁၁ ရက် လိုသည်။


          အင်္ဂလိပ်နှစ်မှာ လေးနှစ်ကြာလျှင် တစ်ရက်တိုးသလို ရှစ်နှစ်ကြာလျှင်လည်း နှစ်ရက်တိုးသွားသည်။ မြန်မာနှစ်ကမူ အင်္ဂ လိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ ရက် လိုသဖြင့် ရှစ်နှစ်ဆိုပါမူ ၈၈ ရက် လိုသည်။ အင်္ဂလိပ် ရက်ထပ် နှစ်ရက်ပေါင်းလျှင် ရက် ၉၀ လိုပြန်သည်။ ထိုသို့ လိုနေသည့် ရက် ၉၀ ပြည့်မီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ် ထပ်ပေးရန် လိုအပ်ပြန်သည်။ ထို့ကြောင့် သုံးနှစ်တစ်ကြိမ် ဝါနှစ်ခါထပ်ပြီး နှစ်နှစ်တစ်ကြိမ် ဝါတစ်ခါထပ်ပေးရခြင်း ဖြစ်ပေသည်။


ဝါဆိုလ မြတ်လေးပန်း။


မြတ်လေးပန်း နှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းအား ဝါဆိုလ၏ ရာသီပန်းအဖြစ် သတ်မှတ် ထားကြသည်။ မြတ်လေးပန်းသည် တော်၀င်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်းအဆီကို နန်းတွင်းသုံး ခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြကြောင်း လေ့လာမှတ်သားရပါသည်။ မြတ်လေးပန်း၏ ထူးခြားချက် မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက် တွင် တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဏ္ဍနြေ္ဒသိက္ခာ ထိန်းသ်ိမ်းကြရာ၌ “မြတ်လေးပန်းလိုကျင့်” ဟု ပမာနှိုင်း၍ ဆိုကြသည်။


ဝိမာနဝတ္ထု အဋ္ဌကထာတွင်လည်း ပန်းတွင် မုလေးပန်းက မြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေး ပန်းဆိုင်း မရသောကြောင့် မုလေးပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရကြောင်း၊ ထိုကြောင့် မုလေးပွား ဟုခေါ်ဆိုကြောင်း လေ့ လာမှတ်သားရပါသည်။


မြန်မာ့ဆေးကျမ်းတွင် “မြတ်လေးပင်သည် ဖန်၊ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ် ၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏” ဟု ညွှန်းဆိုထားသည်။ မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေနြ္ဒသေန ရသေ့စီရင်သည့် ဒြဗျ ဂုဏ်ဆေးကျမ်းတွင် “မုလေးပန်းသည် သလိပ် နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေး ပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။ ထိုမုလေး ရွက်သည် သလိပ်သည်းခြေကိုနိုင်၏”  ဟု ဆိုထားသည်။ ဝေဿာမိတ္တ ရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင် “မုလေးကျီးပေါင်းကို ရေဝတီနက္ခတ် အကြိုက်တွင် ယူဆောင်လျှင်၊ လူအပေါင်း တို့ စကားကို နာယူရသည်”  ဟု ဆိုထားသည်။


ဝါဆိုပွဲတော်များ။


          ဝါဆိုလတွင် ရဟန်း သံဃာတော်တို့က မိမိတို့ ကျောင်းပရ၀ဏ်အတွင်း ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့ မပြောင်းကြဘဲ နေထိုင် သီတင်းသုံးကြသည်။ ထို့ကြောင့် ဝါဆိုလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာတရားကို ထူ ထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်း ကြောင့် အထွတ်အမြတ် ပြုရသည့်လ ဖြစ်ပါသည်။


ပုဂံခေတ်က ဝါဆိုလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုအမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ဝါဆို ဟူသော ဝေါဟာရမှာ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ပရိယတ္တိ သာသနာစာပေ ကျမ်းဂန်ရောက်ရှိ၍ ရဟန်းသံဃာတော်တို့ ဝါဆို ဝါကပ် ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာဖြင့် ခေါ်ဝေါ် ရေးသားကြသည်။ ရှေးဝေါဟာရ မဟုတ်ရာ၊ နွေတာလ သာလျှင် ရှေးဝေါဟာရ ဖြစ်သည်။ ယူရန်ရှိသည်ဟု ကျမ်းဂန်များက ဆိုပါသည်။


တစ်နည်းဆိုရလျှင် ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားရဘဲ မိမိ တို့၏ ကျောင်းအရံအတွင်း၌ နေခြင်းဖြစ်ပြီး ဤသို့ရဟန်းတော်များ ဝါဆို၊ ဝါကပ်သည်ကိုစွဲ၍ ဝါဆိုလဟု ခေါ်ကြခြင်းဖြစ်ပါသည်။


          မြန်မာမင်းများလက်ထက်က တစ်လလျှင် ပွဲတော်တစ်မျိုးစီ ကျင်းပလေ့ရှိရာ ဝါဆိုလအခါတွင် ပဉ္ဖင်းတော်ခံပွဲများ ကျင်းပ လေ့ရှိသည်။ ပဉ္ဖင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ၀င်ခွင့်ရှိ၍ ၀င်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနား နှင့် သွတ်သွင်း ချီးမြှင့်ခြင်းဖြစ်ရာ ဘုရင်များ ကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသော ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့်ခေတ်၊ မည်သည့်ဘုရင် လက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရန် မလွယ်ကူတော့သော်လည်း ကျောက်စာပါ ရေးထု ထားသည့် အကြောင်းအရာများ၊ ရှေးစာဆိုများ၏ ဖွဲ့ဆိုမှုများအရ ပထမ အင်းဝခေတ်၌ ပဉ္ဖင်းတော်ခံပွဲတော် ရှိနေပြီဖြစ်ကြောင်း သိ ရသည်။


          ထို့ပြင် ရှေးမြန်မာမင်းများ လက်ထက်က နယုန်လစာပြန်ပွဲတွင် စာအောင်ကြသူများအနက် မပြည့်စုံကြသော ပြည်သူ တို့ကို ဘုရင်မင်းမြတ် ဦးစီး၍ ရှင်အဖြစ်လည်းကောင်း၊ ရဟန်းအဖြစ်လည်းကောင်း ရှင်ပြုရဟန်းခံခြင်းများကို တခမ်းတနား ကျင်းပ ပြုလုပ် ကုသိုလ်ယူလေ့ရှိရာ ဝါဆိုလ ပဉ္စင်းခံပွဲဟူ၍ ဆယ့်နှစ်လရာသီ ပွဲတော်တစ်ခုအဖြစ် တွင်ကျန်နေရစ်ခြင်း ဖြစ်ပါသည်။


          သို့ရာတွင် မျက်မှောက်ကာလတွင်မူကား ပဉ္ဖင်းတော်ခံပွဲကို ရှေးအခါကကဲ့သို့ ဝါဆိုလ၌သာ ကျင်းပလေ့မရှိတော့ဘဲ ရာသီဥတုသာယာသည့် ဆောင်း၊ နွေ ဥတု နှစ်ပါးစလုံးတွင် မိမိတို့ အဆင်ပြေသည့်လ၌ ကျင်းပေလေ့ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလ၏ ရာသီပွဲတော်မှာ ပဉ္ဖင်းတော်ခံပွဲ မဟုတ်တော့ဘဲ သံဃာတော်များ ဝါဆိုပွဲ၊ ဝါဆိုပန်းပွဲ နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ သက် ကြီးဝါကြီး ပူဇော်ကန်တော့ပွဲတို့ကို စုပေါင်း ခေါ်ဝေါ်ထားသည့် ဝါဆိုပွဲတော်သည် ဗုဒ္ဓဘာသာ၀င်တို့၏ ရာသီပွဲတော် ဖြစ်သည်။ စုပေါင်းခေါ်ဝေါ်ထားသည့် “ဝါဆိုပွဲတော်” ဖြစ်ပါသည်။


ဝါဆိုလပြည့် ဗုဒ္ဓနေ့။


          ဝါဆိုလသည် မြန်မာလများတွင် ဘာသာ၊ သာသနာဆိုင်ရာ ထူးမြတ်သည့် လဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ သည်လည်း “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋီကာ” ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက် တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံ၊ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း ဟူသော ထူးခြား သည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ဖြစ်ပါသည်။


          ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်သကဲ့သို့ တရားရတနာ စတင်ပေါ်ပေါက်ရာ နေ့ လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသော နေ့ဖြစ်သကဲ့သို့ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံ သောနေ့လည်း ဖြစ်သည်။ “ဧဟိဘိက္ခူ” ဟူသောစကားကို စတင် ကြားရသောနေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော် များသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ စ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်သူများ၏ နေ့ထူးနေမြတ် ဖြစ်ပေတော့သည်။


          ထို့ပြင် ဗုဒ္ဓဘာသာ၀င်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှုခြင်း၊ ဓမ္မ စကြာ တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက် ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာ၀နာများ ကျင့်ကြံအားထုတ်ခြင်းများကို ပြုကြသည်။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ တွင်လည်း နိုင်ငံတော်တစ်၀န်း၌ ရှမ်းပြည်နယ် အပါအ၀င် အချို့ဒေသများတွင် ဝါဆိုပန်းခူးသည့် အလေ့အထ ရှေးမှစ၍ ယနေ့တိုင် ရှိနေပြီး ဘုရားကပ်လှူရန် ရည်ရွယ်၍ ပန်းများပျော်ပျော်ရွှင်ရွှင် ခူးဆွတ်ဆင်နွှဲကြသည်။ ဝါဆိုပန်းများ၊ ဝါဆိုဖယောင်းတိုင်ကြီးများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပွဲများလည်း ဆင်နွှဲလေ့ရှိကြသည်။


တောင်သူပျော်သောလ။


          မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ဝါဆိုလတွင် တရားဓမ္မဆိုင်ရာများ ဝေ၀ စည်စည် ကျင်းပကြသော်လည်း ရှေးကာလကတည်းကပင် လယ်ယာမိုးမြေလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လေ့ရှိသည်။ လယ်ယာလုပ်ငန်းသည် အဓိကအရင်းခံ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ဝါဆိုမိုးနှင့်အတူ နိုင်ငံအတွင်း၌ လယ်လုပ်ငန်းများကို တောင် သူလယ်သမားများက တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကြသည်။ ထို့ကြောင့် ဝါဆိုလမြင်ကွင်းတွင် ဝါဆိုတော်မူနေသော ရဟန်း သံဃာတော်များနှင့်အတူ တက်ကြွလန်းဆန်း ရွှင်မြူးနေသော လယ်လုပ်ငန်းရှင်တို့မှာ ဒင်္ဂါးပြား ခေါင်းနှင့်ပန်းသဖွယ် ယှဉ်တွဲလျက် ရှိပေသည်။


          အချုပ်အားဖြင့်ဆိုသော် ဝါဆိုကာလသည် ဗုဒ္ဓဘာသာ မြန်မာတို့အတွက် မွန်မြတ်သော လတစ်လ ဖြစ်ပါသည်။ ဝါဆို ကာ လကစ၍ တရားဓမ္မသံများ ဝေစည်လျက်ရှိသည့် လောကီကာမဂုဏ်ကိစ္စများဖြစ်သည့် ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ပြောင်းရွှေ့ ခြင်းများပင် ခေတ္တရပ်နားထားကြသည်။ သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့ပွဲများလည်း ကျင်းပလေ့ရှိပြီး နိုင်ငံတစ် ၀န်း၌ ကုသိုလ်ကောင်းမှုများဖြင့် တိုးပွားပြည့်စုံနေသော လတစ်လဖြစ်ရာ ရခဲလှသော လူ့ဘ၀အချိန် ကာလအတွင်း ဝါဆိုဆန်း အချိန်ကာလကစ၍ ကောင်းမှုကုသိုလ်တရားများ ပွားများကြစေလိုပါကြောင်း နှိုးဆော်သမှု ပြုအပ်ပါသည်။


          ဆက်လက်၍ တိုက်တွန်းလိုသည်မှာ ဝါဆိုလသည် ကောင်းကင်ယံတစ်ခွင်၌ မိုးသံလေသံများညံပြီး မိုးဖြိုင်ဖြိုင်ရွာသည့်လ ဖြစ်သည့် အားလျော်စွာ သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစိုရှိပြီး သစ်ပင်စိုက်ပွဲတော်များ စည်စည်ကားကား စတင်ကျင်းပကြသော    လလည်းဖြစ်ပေသည်။ သို့ပါ၍ နောင်လာနောင်သား ကမ္ဘာသူကမ္ဘာသားများ၊ သက်ရှိအားလုံးတို့အတွက် ဤကမ္ဘာမြေကြီး သာယာ လှပစေဖို့ ကြီးမြန်သစ်ပင်များကို ယနေ့လူသားများက စိုက်ပျိုးသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ပါရစေ။။




စေတနာများစွာ

#ဆောင်းပါးရှင် တင်ထက်ထက်ဇော် Tin Htet Htet Zaw 

 ရေးသားသည်။

Friday, May 24, 2024

မြန်မာနိုင်ငံအတွင်းရှိသော သံဃာ့ဂိုဏ်းကြီး(၉) ဂိုဏ်း

 မြန်မာနိုင်ငံအတွင်းရှိသော သံဃာ့ဂိုဏ်းကြီး(၉) ဂိုဏ်း




(၁) သုဓမ္မာဂိုဏ်း

(၂) ရွှေကျင်ဂိုဏ်း

(၃) ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း

(၄) ဓမ္မဝိနယာနုလောမ(မူလဒွါရဂိုဏ်း)

(၅) အနောက်ချောင်း ဒွါရဂိုဏ်း

(၆) ဝေဠုဝန်နိကာယဂိုဏ်း

(၇) စတုဘုမ္မိကမဟာသတိပဌာန်(ငှက်တွင်း)ဂိုဏ်း

(၈) ဂဏဝိမုတ် ကူးတို့ဂိုဏ်း

(၉) ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်းတို့ဖြစ်ကြပါသည်။


(၁) #သုဓမ္မာဂိုဏ်း


တာဝတိံသာနတ်ပြည်တွင် 

သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ 

မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ 


ဤအစဉ်အလာအရ 

မြန်မာဘုရင်များလက်ထက်တော်က 

သာသနာရေးဆိုင်ရာ မှုခင်းများကို 

ဆရာတော်ကြီးများစုဝေးဆုံးဖြတ်ရာ၌ 

ထိုနေရာဌာနကို "သုဓမ္မာ" ဟုခေါ်သည်။ 


ယင်းအစည်းအဝေးသို့

တက်ရောက်ခွင့်ရသော 

ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား

တစ်စည်းတစ်လုံးတည်းရှိစဉ်က 

မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် 

သုဓမ္မာဝင်ဆရာတော်ကြီးများ၏ 

အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ 


ထိုသို့ရှိနေရာမှ 

မင်းတုန်းမင်းကြီးလက်ထက်တွင်

'ရွှေကျင်'ဂိုဏ်းခွဲထွက်သွားသောအခါ 

ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာ ဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။


(၂) #ရွှေကျင်ဂိုဏ်း


မင်းတုန်းမင်းကြီးသည် 

ဝိနည်းသိက္ခာအလွန်လေးစား၍ 

အကျင့်ပဋိပတ်နှင့်ပြည့်စုံသော 

ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရကို အလွန်တရာကြည်ညို၍ 

သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင်စင်္ကြာဒေဝီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့်

မောင်းထောင်ဆရာတော်ကို

သာသနာပိုင်တင်မြှောက်ခဲ့ရသည်။ 


အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံသွားရောက်ရာ စကားမပြောဆိုပဲ နေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ 


ယင်းနောက် ၁၂၁၄ ခုနှစ်တွင် 

ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် 

သုဓမ္မာသို့ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက 

အတင်းအကြပ် ခေါ်ဆိုရန် စီမံရာတွင် 

မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် 

လွတ်လပ်စွာသီတင်းသုံးနိုင်သည်ဟု 

အမိန့်ထုတ်ပြန်ခဲ့သည်။ 


ထိုအချိန်မှစ၍ 

ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာတော်အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။


(၃) #ဒွါရဂိုဏ်း (၃) ဂိုဏ်း


သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ပဲခူးတိုင်းအုတ်ဖိုမြိုမှ ဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ 


အုတ်ဖိုဆရာတော်သည် 

မိမိတပည့် ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ 

ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရဟု ဒွါရဖြင့် ရှိခိုးမှ မှန်ကန်သည်ဟု 

အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။


(ယခုတော့

ထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ဝစီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)


ဇိနတ္တပကာနီကျမ်းပြု

ကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန်ကြောင်းငြင်းခုံကြသည်။ 


ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ 

အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ 


နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ 


ယင်းဒွါရဂိုဏ်းသည် 

(က) အနောက်ချောင်းဒွါရ၊ 

(ခ) မဟာဒွါရ၊ 

(ဂ) မူလဒှါရ ဟူ၍ 

(၃) မျိုး ထပ်၍ကွဲသွားကြပြန်သည်။


(က) အနောက်ချောင်းဒွါရဂိုဏ်း


ဒွါရဂိုဏ်းချူပ်အုတ်ဖို

ဆရာတော်ကြီးလက်ထက်မှာပင် 

ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် 

ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင် ကျောင်းတိုက်ကြီး (၆)တိုက်မှ သံဃာတော်များက ပထမပါရာဇိက

( မာတုဂါမဖြင့်ဖောက်ပြန်သည့်အမှု)ဖြင့် စွပ်စွဲကြသည်။ 


ဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးသည် 

အစွပ်စွဲခံရသည့်ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှသံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ 

"ငဝန်မြစ်"ကို 

အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကိုအစွဲပြု၍ ရေကြည်၊ ငါးသိုင်းချောင်းတစ်ဝှိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို 

အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။


(ခ) မဟာဒွါရဂိုဏ်း


ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများလက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ်လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော် တစ်ရက်ရောက်မှ လပြည့်သည်။ 

လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟုဆို၍ (၁၅)ရက် တစ်ကြိမ်လပြည့် ၊လကွယ်သိမ်ဝင်၍ သံဃာဥပုသ်ပြုခြင်းကိုဆောင်ရွက်သည်။ 


အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့်

ရွှေကျင်ဂိုဏ်းဝင် သံဃာများသည် 

လပြည့်၊ လကွယ်နေ့များ၌ 

သိမ်ဝင်ဥပုသ်ပြုကြသော်လည်း 

ဒွါရဆရာတော်ကြီးနှင့်တပည့်များသည် 

လပြည့်ကျော် (၁) ရက်နေ့နှင့် 

လဆန်း(၁)ရက်နေ့ရောက်မှသာ 

သိမ်ဝင်ဥပုသ်ပြုကြသည်။


အုတ်ဖိုဆရာတော်ကြီး 

၁၂၆၇ ခုနှစ်တွင်ပျံလွန်တော်မူပြီး နောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ)ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို 

အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ 

အတည်ဖြစ်သည်ဟူသော ဒေသနာအရ 

ဒွါရဂိုဏ်းဝင် သံဃာတော်အများစုသည်

အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ 


ယင်းဒွါရဂိုဏ်းမှာ 

အခြားသောဒွါရဂိုဏ်းများထက် 

သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟု ခေါ်ကြသည်။ ဤဂိုဏ်း၏အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။


ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော


မဟာ = သံဃာများပြားသော


ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင့်ရှိခိုးသော)၊


နိကာယ = သံဃာ့အစုအဝေး ( ဖြစ်သည်။ )


(ဂ) မူလဒွါရဂိုဏ်း


အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့် လကွယ်ကိစ္စကို 

အခြားဂိုဏ်းသံဃာများနှင့်အတူ 

ပြန်လည်လက်ခံကြသော်လည်း 

အချို့သောဒွါရဂိုဏ်းသံဃာများမှာ 

အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့် မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲ ပြုကြ၏။ 


ထိုသို့မူလအတိုင်းရှိသည့် ဒွါရဂိုဏ်းကို 

မူလဒွါရဟု ခေါ်ဆိုကြသည်။


မူလဒွါရဟူသောအမည်၏ရှေ့တွင် 

'ဓမ္မဝိနယာနုလောမ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ 

( ဓမ္မ + ဝိနယ + အနုလောမ ) 

သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ဝိနည်းနှင့်လည်းကောင်းလျော်ညီသောဂိုဏ်းဟုဆိုလို၍ အမည်အပြည့်အစုံမှာ 

'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။


စကားချပ်။

ဒွါရဂိုဏ်းချုပ်ဆရာ‌တော်မှာ (ပဲခူးတိုင်း အုတ်ဖိုမှမဟုတ်ပါ။) ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အင်္ဂပူရမှ အုဂ်ဖိုရ်လို့ စကားလုံးပြောင်းခေါ်ကြတာဖြစ်ပြီး၊ နောက်ပိုင်းမှ အင်္ဂပူလို့ ပြောင်းခေါ်ကြသည်ဟုလည်း သိရှိရပါသည်။)


(၆) #ဝေဠုဝန်နိကာယဂိုဏ်း


ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊ 

သီလရှင်ကျောင်းအတွင်းရှိ 

ဝါးကျောင်း၌နေထိုင်သောကြောင့် 

ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ 


ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ 


ယင်း၏တပည့်သံဃာများကို 

ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။

ဒွါရဂိုဏ်းနှင့်ပေါင်းသင်းဆက်ဆံသဖြင့် 

'ဝေဠုဝန်ဒွါရဂိုဏ်း'ဟုလည်း ခေါ်ဆိုကြသည်။


(၇) #စတုဘုမ္မိက_မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း


စစ်ကိုင်းမြို့၏အနောက်ဘက် 

မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ

တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး 

ယင်းငှက်တွင်းများရှိသောနေရာ၌

တည်ရှိသောဘုန်းကြီးကျောင်းကို 

ငှက်တွင်းချောင်ဟုခေါ်ဆိုကြသည်။ 


ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ 

မဟာသတိပဌာန်သုတ်တော်လာ 

(၃၂)ကောဠာသကမ္မဌာန်းကို

ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။ 


ထို့အပြင် အစဉ်အလာအားဖြင့် 

ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ၃ပါး) ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့်ထည့်သွင်း၍ 

ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ်မိက 

(စတု=လေး၊ ဘုမ္မိက= နေရာ/တည်ရာဌာနဘုံရှိခြင်း) ဟု အမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ 


ထို့ကြောင့် ဤဂိုဏ်းကို 

စတုဘုမ္မိကမဟာသတိပဌာန်

ငှက်တွင်းဂိုဏ်းဟုခေါ်ဆိုကြသည်။


(ဂ) #ဂဏဝိမုတ်ကူးတို့ဂိုဏ်း


ထားဝယ်မြို့နယ်၊ ကူးတို့ရွာ

ဆရာတော် ဦးက္ကုန္ဒဝံသသည် 

တောရဆောက်တည်၍ တရားကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက 

မကြာခဏ ဆင့်ခေါ်သဖြင့် 

ယင်းသို့ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာ သာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ 


သာသနာပိုင်ပခန်းဆရာတော်က 

၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် 'ဂဏဝိမုတ္တိ' (ဂဏ=ဂိုဏ်း၊ ဝိမုတ္တိ=လွတ်ခြင်း) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။


ထို့ကြောင့်ယင်းဆရာတော်ကြီး၏ 

တပည့်အစဉ်အဆက်တို့ကို 

' ဂဏဝိမုတ္တိကူးတို့' ဂိုဏ်းဟု ခေါ်ဆိုကြသည်။ 


သုဓမ္မာဂိုဏ်းမှအလွတ်ဖြစ်သော

ကူးတို့ရွာမှ ဆရာတော်ကြီး၏ 

တပည့်သံဃာများဟုဆိုလိုသည်။ 

မူလဆရာတော်ကြီးကတော့ 

တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော 

ဆရာတော်ကြီးကဲ့သို့ အားလုံးပဲ တောရဆောက်တည်ကြသလား၊ 

မဆောက်တည်တဲ့ရဟန်းတွေကို 

ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ။


(၉) #ဓမ္မယုတ္တိနိကာယ_မဟာရင်ဂိုဏ်း


မဟာရင်ဆရာတော်သည် 

၁၂၀၃ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ "ဦးရင်"ဖြစ်သည်။ 


ယိုးဒယားနိုင်ငံ 

'ဓမ္မယုတ္တိ နိကာယ' (တမယွတ်)ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ 

စာပေသင်ကြားတတ်မြောက်ခဲ့သည်။ 


ထိုအခါ ဦးရင်အမည်ကို 

မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။ မဟာရင် အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ် 'ကတိုး'ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ 


ယင်း၏တပည့်သံဃာများကို 

'မဟာရင်ဂိုဏ်း' ဟုခေါ်ဆိုကြသည်။ 

ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏အမည်ကိုပူးတွဲ၍ 

'ဓမ္မယုတ္တိနိကာယ မဟာရင်' ဂိုဏ်း ဟုခေါ်ဆိုကြသည်။


ဓမ္မ = တရားတော်ကို ၊


ယုတ္တိ = အထောက်အထားပြုသော ၊


နိကာယ = သံဃာအစုအဝေး ။ဟူ၍ဖြစ်ပါသည်။


အထက်ပါ......

နိုင်ငံတော်အသိအမှတ်ပြု

သံဃာဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည်

ဘုရားဟောပိဋကတ် ( ၃ ) ပုံအနက် 

သုတ်နှင့်အဘိဓမ္မာတို့တွင် 

အယူအဆတူမျှကြသော်လည်း

စောင့်ထိန်းလိုက်နာအပ်သည့် ဝိနည်းပိုင်းဆိုင်ရာတို့တွင် အလေးအပေါ့ အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကိုအကြောင်းပြု၍ ကွဲပြားနေကြခြင်းသာ ဖြစ်ပါသည်။


ထို့ကြောင့်ပင်လျှင် 

မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့်

တောင်မြို့(အမရပူရမဟာဂန္ဓာရုံ)

ဆရာတော်အရှင်ဇနကာဘိဝံသက 

သံဃာအစည်းအဝေး တစ်ခုတွင် 

အဆိုပါဂိုဏ်းများအားလုံးဖျက်သိမ်းပြီး 

ထေရဝါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သားကြည်ညိုခဲ့ရဖူးပါသည်။


ခေတ်အမြင်ရှိလှသော 

ဆရာတော်၏ဥာဏ်တော်ကိုသာ 

ကြည်ညိုဦးခိုက်ရပါသည်။


သို့သော်....

ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော် ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ....။


တစ်ချိန်သောအခါတွင်ကား 

ဆရာတော်မျှော်မှန်းသကဲ့သို့ 

ဖြစ်လာနိုင်ပါစေ ဟုသာ.......

မျှော်လင့်ဆုတောင်းမိပါသည်။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။


#Credit မူရင်းရေးသားသူ

#OldBurma

#ရှေးရှေးတုန်းကဗမာပြည်

Monday, June 26, 2023

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

 ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

=======================




၁။ မူလနှစ်ဖြာ

(၁) အဝိဇ္ဇာ - သစ္စာမသိမှု

(၂) တဏှာ - လိုချင် နှစ်သက်မှု


၂။ သစ္စာနှစ်ခု

(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်

(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်


၃။ လေးခုအလွှာ

(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ

(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ

(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ

(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ


၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး

(၁) အဝိဇ္ဇာ  - သစ္စာမသိမှု

(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) (အတိတ်ကံ)

(၃) ဝိဥာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ 

  (တစ်နည်း) ပဋိသန္ဓေ စိတ်။

(၄) နာမ်ရုပ် - နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊ 

  (နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဥာဏ်နဲ့ တွဲဖြစ်တယ်)

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)

(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော 

  အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

  သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(၈) တဏှာ - လိုချင် နှစ်သက်မှု

(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)

(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း

(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)   

 ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )

(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။


၅။ သုံးပါးအစပ်

(၁) သင်္ခါရ နှင့် ဝိညာဏ်  - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဥာဏ် ဖြစ်ရသည်။

(၂) ဝေဒနာ နှင့် တဏှာ  - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။

(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။


၆။ ဝဋ် သုံးဝနှင့်

(၁) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။

(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။

(ခ) ကမ္မဘဝ  - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။

(၂) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။

(က) ဝိညာဏ်  - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော 

  ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသန္ဓေ စိတ်။

(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -

  နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသော နာမ်(ဓါတ်-၈ပါး)၊ 

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)

(ဂ) သဠာယတန  - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(ဃ) ဖဿ  - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော 

   အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

   သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။

(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။

(၃)ကိလေသဝဋ်(၃)ပါး

(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု

(ဆ) ဥပါဒါန် - စွဲလန်းမှု

(ဇ) အဝိဇ္ဖာ - မသိမှု


၇။ ကာလ(၃)ဖြာ

(၁) လွန်လေပြီးသော အတိတ်ကာလ 

(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ

(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ


၈။ ခြင်းရာ နှစ်ဆယ်

အတိတ်အကြောင်းချင်းရာ(၅)ပါး

(က) အဝိဇၨာ 

(ခ) သခၤါရ 

(ဂ) တဏှာ 

(ဃ) ဥပါဒါန်

(င) ဘဝ

ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ

ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး

(က) တဏှာ

(ခ) ဥပါဒါန် 

(ဂ)ကမ်မ်ပဘဝ

(ဃ) အဝိဇၨာ 

(င) သင်္ခါရ

အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ


အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ 

အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ပြန်နည်း အလျှော်၊ ဗြဟ္မာ - သိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင် ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ် များစွာ ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဥာဏ်ဖြင့် ရှု ၍မျှော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဝိဘင်္ဂသုတ် 

________


မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-


ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’     ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’     အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။


ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင့်းသေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို ”ဇရာမရဏ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ”ဇာတိ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ”ဘဝ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု ”ဥပါဒါန်”ဟု ဆိုအပ်၏။


ရဟန်းတို့ တပ်မက်မှု ”တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ”တဏှာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ခံစားမှု ”ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿ      ဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿ      ဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿ      ဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿ      ဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿ       ဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿ      ဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ”ဝေဒနာ”ဟု ဆိုအပ်၏။


ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’     ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿ      အပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊     နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊     နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊     စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ      ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ”ဖဿ”     ဟု ဆိုအပ်၏။


ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ”အာယတန” ခြောက်ပါးဟု ဆိုအပ်၏။


ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊     နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။


ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ”ဝိညာဏ်”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြုစီရင်မှု ”သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ”သခ င်္ါရ”တို့ဟု ဆိုအပ်ကုန်၏။


ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ”အဝိဇ္ဇာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။


(သံယုတ္တနိကာယ်၊ နိဒါနဝဂ်)


___________________________________________________


ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည်သဘောပေါက်ကြစေရန်။

☘☘☘☘☘☘☘☘☘☘☘☘☘


(လင်္ကာဆောင်ပုဒ် ၁ )


အဝိဇ္ဇာနှင့်   တဏှာရင်းခံ   ဥပါဒါန်ကံကြောင့်   ရုပ်နာမ်ပေါ် အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊  ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား  

စသည်များက  ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု  ဉာဏ်ဖြင့် ရှု၍မျှော်။


လူနတ်ဗြဟ္မာ၊ သတ္တဝါများသည် မသိမှု အဝိဇ္ဇာ အကြောင်းခံကြပြီးလျှင် 

လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်း

အရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ

ကြရပါသည်။

             ဥပမာအားဖြင့်  ပြောရပါလျှင်  အပင်အမျိုးမျိုးမှ မျိုးစေ့  အသွယ်သွယ်   ကျရောက်ပေါက်ပွားကြသောအခါ၊  ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး

ကို   တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့်  အပင်နှင့်မျိုး၊  မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊  တရစပ်   ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြ

သလို.......

           ထို့အတူသာလျှင်  ကံဆိုသော  အကြောင်းတရားကြောင့်  နာမ်ရုပ်တွေ  ဖြစ်လိုက်ကြနာမ်ရုပ်ပေါ်မှာ   ဖြစ်ပျက်မမြင်သောကြောင့်  ကံဆိုသော  အကြောင်းတရားတွေ   ပြန်ကြိုးစားလိုက်ကြနှင့်  သုံးဆယ့်တစ်ဘုံဆိုသော  သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ  အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။


          လူနတ်ဗြဟ္မာ သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာ၀ရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုးဝိပါက 

တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။


(လင်္ကာဆောင်ပုဒ် ၂ )


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်

များနှင့်  သုံးပါးအစပ်၊  နှစ်ရပ်မူလ၊  ၀ဋ်သုံး၀နှင့်၊  ကာလသုံးဖြာ၊  ခြင်းရာ

နှစ်ဆယ်၊ဤရှစ်သွယ်ကို၊  အလွယ်ကျက်မှတ်၊  သိစေအပ်သည်၊  

သံသရာမှလွတ်ကြောင်းတည်း။


၁။ မူလနှစ်ဖြာ            == အဝိဇ္ဇာ၊ တဏှာ။

၂။ သစ္စာနှစ်ခု             ==သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ          ==အတိတ်အကြောင်းတစ်လွှာ၊  ပစ္စုပ္ပန်အကျိုးတစ်လွှာ။

                                  ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊  အနာဂတ်အကျိုးတစ်လွှာ။

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ==အဝိဇ္ဇာ၊  သင်္ခါရ၊  ဝိညာဏ်၊  နာမ်ရုပ်၊  သဠာယတန၊  ဖဿ     ၊ ဝေဒနာ၊  တဏှာ၊  ဥပါဒါန်၊  ဘ၀၊  ဇာတိ၊  ဇရာမရဏ။

၅။ သုံးပါးအစပ်           ==သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ 

                                 (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်)


 ဝေဒနာနှင့် တဏှာတစ်စပ်၊    

(ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း၊   သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းတစ်စပ်)

                                 

ကမ္မဘ၀နှင့် ဇာတိတစ်စပ်၊    

(ပစ္စုပ္ပန်အကြောင်းသို့မဟုတ်အနာဂတ် ဖြစ်ကြောင်းနှင့်အနာဂတ်အကျိုးတစ်စပ်) 

၆။ ၀ဋ်သုံး၀နှင့်             ==ကိလေသာ၀ဋ်သုံးပါး  (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)

                                   ကမ္မ၀ဋ်နှစ်ပါး  (သင်္ခါရ၊ ကမ္မဘ၀)

                                   ဝိပါက၀ဋ်ရှစ်ပါး(ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ 

                                   ဝဒေနာ၊ ဇာတိ၊ ဇရာ မရဏ၊ ဥပပတ်တိဘ၀)

ရ။ကာလသုံးဖြာ            ==လွန်လေပြီးသော အတိတ်ကာလ၊

                                   ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊

                                   နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ်        ==အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊

                                   (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀)

                                   ပစ္စုပ္ပန် အကျိုး အခြင်းအရာငါးပါး၊

                                   (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊     ဝေဒနာ)

                                    ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး၊

                                    (တဏှာ၊ဥပါဒါန်၊ ဘ၀၊ အဝိဇ္ဇာ၊ သင်္ခါရ)

                                    အနာဂတ်အကျိုး အခြင်းအရာငါးပါး၊

                                    (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)

    ဤရှစ်သွယ်              ==အမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)ထိ။

.

{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံနှင့်  ဇနိတာရာမကျောင်းတိုက်ဆရာတော်၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေတို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်၊}



Credit original uploader🌷🙏

Wednesday, October 26, 2022

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက် - အပိုင်း(၃)

 


သုညဆိုသည်မှာဘာမှမရှိသော(nothing)မဟုတ်။နိဗ္ဗာန်သည်လဲသုညမဟုတ်။


နောက်တစ်ပါတ်ကျွန်တော်နဲ့ဆရာကြီးပြန်ဆုံတဲ့အချိန်မှာဆရာကြီးက၊ကတိပေးထားတဲ့အတိုင်းကျွန်တော်မေးထားတဲ့မေးခွန်းတွေကိုပြန်ဖြေပေးပါတယ်။


ဆရာကြီးရဲ့အဖြေကတော့၊လောကနိယာမအရ၊လောကမှာ(ဘာမှမရှိတဲ့သဘောတရား)တစ်နည်းအားဖြင့်(Non Existence)သဘောမျိုးဆိုတာမရှိနိုင်လို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာ(ဘာမှမရှိတဲ့သဘောတရား)မျိုး၊တနည်းအားဖြင့်သုညသဘောမျိုးဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုသူလက်ခံပါပြီတဲ့။


လောကမှာတစ်ခုချုပ်သွားရင်သူ့နေရာမှာအခြားတစ်ခုရှိနေရမယ်၊အထူးသဖြင့်ဆန့်ကျင်ဖက်သဘောတရားတွေဘယ်လိုမှတစ်ပြိုင်တည်းမချုပ်ငြိမ်းနိုင်ဘူးဆိုတော့၊နိဗ္ဗာန်ဟာဒုက္ခတွေအားလုံးချုပ်သွားတဲ့အတွက်၊သုခတွေပဲကျန်နေတယ်ဆိုတာကိုလဲသူလက်ခံနိုင်သွားပါပြီတဲ့။


ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ(ဘာမှမရှိတဲ့သုည)သဘောကိုအဓိပ္ပါယ်မဲ့လိုချင်နေကြတာမဟုတ်ပဲ၊ဒုက္ခတွေအားလုံးချုပ်ငြိမ်းပြီးသုခချမ်းသာသက်သက်သာကျန်ရှိနေတဲ့တစ်ကယ့်ချမ်းသာအစစ်ကိုလိုချင်နေကြတာဆိုတာကိုလဲသူနားလည်သွားပါပြီတဲ့။သူအရင်တုံးကဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ကိုအထင်အမြင်မှားခဲ့တာတွေကိုလဲမှားကြောင်းဝန်ခံပါတယ်တဲ့။


ဒါပေမယ့်သင်္ချာဘာသာမှာအသုံးပြုနေတဲ့(Zero)သုည(0)ဆိုတာကိုတော့သူအခုချိန်အထိဘာမှမရှိတော့တဲ့(nothing)သဘောမျိုးအဖြစ်ယုံမှားသံသယကျန်နေတုန်းပဲလို့ဆရာကြီးကဆက်ပြောပါတယ်။


ဒါကြောင့်သင်္ချာဘာသာမှာအသုံးပြုနေတဲ့(Zero)သုည(0)ဆိုတာဟာဘာမှမရှိတဲ့သဘော(nothing)မဟုတ်ပဲ၊တစ်ခုခုရှိနေတယ်ဆိုတာကိုမင်းအနေနဲ့သင်္ချာနည်းအရသက်သေပြပေးနိုင်မလားလို့ကျွန်တော့်ကိုထပ်မေးပါတယ်။


သင်္ချာဆရာကြီးတစ်ယောက်အနေနဲ့၊သင်္ချာပညာမှာအသုံးပြုနေတဲ့(zero)သုည(0)ဆိုတာ၊ဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊တစ်ခုခုရှိနေတယ်ဆိုတာ၊သူ့ကိုသင်္ချာနည်းနဲ့သက်သေပြနိုင်တော့မှသာလက်ခံနိုင်မယ်ဆိုတာကလဲသဘာဝကျတဲ့တောင်းဆိုမှု့တစ်ခုပါပဲ။


ဒီနေရာမှာစာဖတ်နေသူတွေနားလည်မှု့မလွဲဖို့လိုပါတယ်။ဒီ(Post)မှာဆရာကြီးလိုချင်တာကဘာမှမရှိတဲ့သုညဆိုတာမရှိဘူး၊တစ်ခုခုရှိနေတဲ့သုညပဲရှိတယ်လို့သက်သေပြရမှာဖြစ်ပါတယ်။နိဗ္ဗာန်ကိုသုညဖြစ်ကြောင်းသက်သေပြခိုင်းနေတာမဟုတ်သလို၊နိဗ္ဗာန်ဟာသုညလုံးဝမဟုတ်ဘူးဆိုတာကိုလဲအကြိမ်ကြိမ်ရှင်းပြပြီးသားဖြစ်နေလို့အားလုံးနားလည်ပြီးသားဖြစ်နေလောက်ပါပြီ။


ကျွန်တော်ကကောင်းပါပြီဆရာကြီး၊ဆရာကြီးတို့သင်္ချာဘာသာမှာအသုံးပြုနေတဲ့(zero)သုည(0)ဆိုတာဘာမှတန်ဖိုးမရှိတဲ့(nothing)သဘောမျိုးမဟုတ်ပဲတစ်ခုခုရှိနေပါတယ်။အထူးသဖြင့်စွမ်းအားတွေလဲရှိနေတယ်ဆိုတာသက်သေပြပေးပါမယ်။ဆရာကြီးအခန်းထဲက(White Board)နဲ့(Marker)တွေကိုအသုံးပြုခွင့်ပေးပါလို့ခွင့်တောင်းလိုက်တော့၊ဆရာကြီးကကောင်းပြီဆိုပြီးတော့(White Board)ကိုသေချာဖျက်ပြီးသန့်ရှင်းရေးလုပ်ပေးပါတယ်။


ကျွန်တော်ကဆရာကြီးကို၊ဆရာကြီးတို့သင်္ချာမှာအသုံးပြုနေတဲ့(zero)သုညဆိုတာကိုသင်ပုန်းပေါ်မှာဆရာကြီးကိုယ်တိုင်ရေးပြပါလို့တောင်းဆိုလိုက်တော့၊ဆရာကြီးက(White Board)ပေါ်မှာ(Marker)အနက်ရောင်နဲ့

(0)

ဆိုပြီးတော့ရေးပြပါတယ်။


ကျွန်တော်ကဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့သင်္ချာမှာအသုံးပြုနေတဲ့(zero)သုညဆိုတာဟာဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊အရှိသဘောမျိုးဖြစ်နေလို့သာဆရာကြီးကိုယ်တိုင်(0)ဆိုပြီကျောက်သင်ပုန်းပေါ်မှာရေးချလို့ရတာဖြစ်ပါတယ်။


တစ်ကယ်လို့သာ(zero)သုညဆိုတာဟာဘာမှမရှိတဲ့သဘောမျိုးဆိုရင်ဆရာကြီးအနေနဲ့သူ့ကိုသင်ပုန်းပေါ်မှာဘယ်လိုမှရေးလို့မရနိုင်ပါဘူး။ဘာမှမရှိတဲ့သဘောမျိုးကိုရေးပါဆိုရင်၊ဆရာကြီးအနေနဲ့ဘာမှမရေးပဲနေမှသာလျှင်အဓိပ္ပါယ်ရှိပါလိမ့်မယ်လို့ကျွန်တော်ကစောဒကတက်လိုက်ပါတော့တယ်။


ကျွန်တော်စောဒကတတက်တဲ့စကားကြောင့်ဆရာကြီးအလွန်အံ့သြသွားပါတယ်။ဆရာကြီးကတစ်ချက်စဉ်းစားလိုက်ပြီး၊ခဏကြာတော့ကျွန်တော့်ကို၊မင်းပြောတာလဲဟုတ်နေတာပါပဲ။မင်းပြောသလို၊ဘာမှမရှိလို့ရေးလို့မရကြေးဆိုရင်၊ရေးလို့မရနိုင်တဲ့အရာကိုလူတွေနားလည်အောင်ဘယ်လိုလုပ်ပြီးရှင်းပြလို့ရနိုင်တော့မှာလဲ။တစ်နည်းအားဖြင့်မရှိတဲ့အရာကိုအသုံးပြုပြီးဘယ်လိုသင်္ချာတွက်လို့ရနိင်မလဲလို့ကျွန်တော့်ကိုတန်ပြန်မေးခွန်းပြန်ထုတ်ပါတော့တယ်။


ကျွန်တော်ကဆရာကြီးကို၊ဘာမှမရှိဘူးဆိုတဲ့(zero)သုညဆိုတာတစ်ကယ်တော့၊မရှိတဲ့အတွက်ရေးလို့ကိုမရဘူးဆိုတာမှန်ပါတယ်။ဒါပေမယ့်လူတွေနားလည်အောင်ရှင်းပြချင်တယ်(ဒါမှမဟုတ်)သူ့ကိုသုံးပြီး၊သင်္ချာတွက်ပြချင်တယ်ဆိုရင်တော့၊ဘာမှမရှိတဲ့(Zero)နေရာမှာကွက်လပ်ကလေးချန်ထားပြီးလူတွေနားလည်အောင်ရေးလို့ရပါတယ်ဆိုပြီးတော့အောက်ပါအတိုင်းကွက်လပ်ကလေး၊ကျွန်တော်ရေးပြလိုက်ပါတယ်။


ဘာမှမရှိတဲ့ကွက်လပ်=> (  )


ဒီနေရာမှာဆရာကြီးရေးသွားတဲ့သင်္ချာ(zero)ကတော့(0)ဖြစ်နေပြီး။ကျွန်တော်ရေးပြလိုက်တဲ့(nothing)ကတော့၊

ကွက်လပ်=> (  ) ကလေးဖြစ်နေပါတယ်။


ကျွန်တော်ကဒီလိုရေးပြီးဆက်ရှင်းပြမယ်ဆိုရင်ဆရာကြီးအနေနဲ့အဆင်ပြေမလားလို့မေးလိုက်တော့၊ဆရာကြီးကသိပ်သဘောကျသွားပါတယ်။(This is perfect)လို့ပြန်ပြောပါတယ်။ကျွန်တော်ကလဲဆရာကြီးလက်ခံပြီဆိုရင်ဆက်သွားကြပါစို့လို့ပြောလိုက်ပါတယ်။


ကျွန်တော်ကဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့သင်္ချာမှာရှိတဲ့(0)ကို(2)နဲ့မြှောက်ကြည့်မယ်ဆိုရင်ဘာရမလဲခင်ဗျားဆိုပြီးတော့၊ကျွန်တော်သင်ပုန်းပေါ်မှာအောက်ပါအတိုင်း(equations)တစ်ကြောင်းကို(?)လေးပြထားပြီးဆရာကြီးကိုမေးလိုက်ပါတော့တယ်။


(2) x (0) = ?


ဆရာကြီးကမဆိုင်းမတွ၊ချက်ခြင်းပဲ၊မင်းကလဲကွာ၊သင်္ချာပညာမှာဘာကိုပဲဖြစ်ဖြစ်သုညနဲ့မြှောက်လိုက်ရင်အဖြေကသုညပဲရမှာပေါ့ဆိုပြီးတော့(Marker)အနက်ကိုကိုင်ပြီး(?)နေရာမှာအဖြေမှန်(0)ကိုရေးပေးလိုက်တော့အဖြေကအောက်ပါအတိုင်းဖြစ်သွားပါတယ်။


(2) x (0) = 0


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)ကိုဆရာကြီးတို့သင်္ချာမှာရှိတဲ့(0)နဲ့စားကြည့်ရအောင်ဆိုပြီးတော့သင်ပုန်းပေါ်မှာအောက်ပါအတိုင်း(equations)တစ်ကြောင်းထပ်ပြီးချရေးပေးလိုက်ပြီး၊အဖြေကဘာဖြစ်မလဲလို့ထပ်မေးလိုက်ပါတယ်။


(2) /(0) = ?


ဆရာကြီးကဘာကိုပဲဖြစ်ဖြစ်သုညနဲ့စားရင်၊တနည်းအားဖြင့်သုညဟာအပိုင်းကိန်းတစ်ခုရဲ့ပိုင်းခြေကိုရောက်သွားမယ်ဆိုရင်အဖြေက(Infinity)လို့ခေါ်တဲ့အနန္တပဲရပါမယ်ဆိုပြီးတော့ချက်ခြင်းပဲ(Marker)အနက်ကိုကိုင်ပြီး(?)နေရာမှာအဖြေမှန်(Infinity)ကိုရေးပေးလိုက်တော့အဖြေကအောက်ပါအတိုင်းဖြစ်သွားပါတယ်။

-

(2) /(0) = Infinity


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)နောက်ကနေ(0)တစ်လုံးလောက်ကပ်ရေးမယ်ဆိုရင်ဘာရမလဲလို့ထပ်မေးလိုက်ပါတယ်။ဆရာကြီးက(2)နှောက်ကနေ(0)တစ်လုံးကပ်ရေးရင်(20)ရမှာပေါ့လို့ပြန်ဖြေပါတယ်။


တစ်ဆက်တည်းပဲဆရာကြီးက၊သင်္ချာမှာသုညနဲ့အမြှောက်ခံလိုက်ရရင်အရာအားလုံးဟာ(သုည)ဖြစ်သွားကြရတယ်။သုညနဲ့အစားခံလိုက်ရရင်အရာအားလုံးဟာ(Infinity)ဖြစ်သွားကြတယ်၊ဒါတင်မကသေးပဲကိန်းဂဏန်းတစ်ခုခုနောက်ကနေသုညတစ်လုံးလိုက်ရေးတိုင်းဆယ်ဆတန်ဘိုးတိုးသွားစေနိုင်တယ်လို့ထပ်ပြောပါတယ်။


ကျွန်တော်ကဒါဆိုရင်ကောင်းပါပြီဆရာကြီးလို့၊ဒီတစ်ခါတော့ကျွန်တော်

(  )ကွက်လပ်ကလေး

ထားပြီးရေးထားခဲ့တဲ့၊ဘာမှမရှိတဲ့(nothing)ဆိုတဲ့အရာနဲ့သင်္ချာတွက်ကြည့်ကြရအောင်လို့ပြောပြီးတော့။(2)ကို(Nothing)ဆိုတဲ့ကွက်လပ်ကလေးနဲ့မြောက်မယ်ဆိုရင်ဘာရမလဲဆရာကြီးခင်ဗျားလို့အောက်ပါ(Equation)လေးတစ်ကြောင်းရေးပြီးမေးလိုက်တော့။


(2) x ( ) = ?


ဒီတစ်ခါတော့သင်္ချာဆရာကြီးချက်ခြင်းမဖြေနိုင်တော့ပဲတွေဝေသွားပါတော့တယ်။ဆရာကြီးမျက်မှောက်ကုပ်ပြီးသေချာစဉ်းစားနေရပါပြီ။


အချိန်ကြာကြာစဉ်းစားပြီးတော့မှဆရာကြီးကမင်းရဲ့(Equations)အရဆိုရင်၊(2)ကိုဘာမှမရှိတဲ့(nothing)နဲ့မြှောက်တယ်ဆိုတဲ့သဘောက၊တစ်ကယ်တော့(2)ကိုဘာနဲ့မှမမြှောက်ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။ဒါကြောင့်ဘာနဲ့မှအမြှောက်မခံရတဲ့(2)ဟာ၊ဘာမှပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။အဖြေကနဂိုအတိုင်း(2)ပါပဲတဲ့။ဆရာကြီးအဖြေကအောက်ပါအတိုင်းဖြစ်ပါတယ်။


(2) x ( ) = 2


ကျွန်တော်ကဒါဆိုရင်ကောင်းပါပြီဆရာကြီးလို့၊ဒီတစ်ခါတော့(2)ကိုကျွန်တော်ကွက်လပ်ကလေးထားပြီးရေးထားခဲ့တဲ့၊ဘာမှမရှိတဲ့(nothing)ဆိုတဲ့အရာနဲ့စားကြည်မယ်ဆိုရင်အဖြေကဘာရမလဲဆရာကြီးခင်ဗျာလို့အောက်ပါ(Equation)လေးတစ်ကြောင်းရေးပြီးမေးလိုက်တော့။


(2) / ( ) = ?


ဒီတစ်ခါတော့ဆရာကြီးကချက်ခြင်းပြန်ဖြေပါတယ်။ဒါလဲအတူတူပါပဲတဲ့၊မင်းရဲ့(Equations)အရဆိုရင်၊(2)ကိုဘာမှမရှိတဲ့(nothing)နဲ့စားတယ်ဆိုတဲ့သဘောကတစ်ကယ်တော့(2)ကိုဘာနဲ့မှမစားဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။ဒါကြောင့်ဘာနဲ့မှအစားမခံရတဲ့(2)ဟာဘာမှပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။အဖြေကနဂိုအတိုင်း(2)ပါပဲတဲ့။ဆရာကြီးအဖြေကအောက်ပါအတိုင်းဖြစ်ပါတယ်။


(2) / ( ) = 2


ကျွန်တော်က၊ကောင်းပါပြီဆရာကြီးလို့၊အခုတစ်ခါ(2)နောက်ကနေဘာမှမရှိတဲ့(nothing)ကိုကပ်ရေးမယ်ဆိုရင်ကောဘာရမလဲလို့ထပ်မေးလိုက်တော့။ဆရာကြီးက(2)နောက်ကနေဘာမှမရှိတဲ့(nothing)ဆိုတာကိုကပ်ရေးမယ်ဆိုတဲ့သဘောက၊(2)နောက်ကနေဘာမှကပ်မရေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲတဲ့။(2)နောက်မှာဘာမှကပ်မရေးရင်(20)ဖြစ်လာစရာအကြောင်းမရှိဘူး။(2)က(2)ပါပဲလို့ပြန်ဖြေပါတယ်။


ဒါဆိုရင်ဟုတ်ပြီဆရာကြီး၊ဘာမှမရှိတဲ့(nothing)နဲ့မြှောက်လိုက်တဲ့အရာရာတိုင်းဟာဘာမှပြောင်းလဲမသွားနိုင်သလို၊သူနဲ့အစားခံလိုက်ရတဲ့အရာရာတိုင်းဟာလဲဘာမှပြောင်းလဲမသွားနိုင်ဘူး၊သူများနောက်မှာသူ့ကိုကပ်ရေးရင်လဲ(၁၀)ဆတိုးမသွားနိုင်ပြန်ဘူးဆိုရင်၊ဘာမှမရှိတဲ့(nothing)မှာဘာစွမ်းအားတွေမှမရှိလို့ပေါ့၊မဟုတ်ဘူးလားဆရာကြီးလို့မေးလိုက်တော့။


ဆရာကြီးကဟုတ်ပါတယ်၊မင်းပြောတာမှန်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့(nothing)ဆိုတဲ့သုညဟာသူ့ကြောင့်ဘယ်သူ့ကိုမှမပြောင်းလဲပြစ်နိုင်လို့သူ့မှာဘာစွမ်းအားမှမရှိဘူးလို့ပြောရင်သဘာဝကျနေလို့မှန်ပါတယ်လို့ပြန်ဖြေပါတယ်။


ဒီအချိန်ဟာဆရာကြီးကိုအရေးကြီးတဲ့မေးခွန်းမေးရတော့မယ့်အချိန်ရောက်ပါပြီ။


ကျွန်တော်က၊ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အမြှောက်ခံလိုက်ရရင်အရာအားလုံးဟာ(သုည)ဖြစ်သွားကြရတယ်။ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အစားခံလိုက်ရရင်အရာအားလုံးဟာ(Infinity)ဖြစ်သွားကြတယ်။ဒါတင်မကသေးပဲ၊ကိန်းဂဏန်းတစ်ခုခုနောက်ကနေသုညတစ်လုံးလိုက်ရေးတိုင်းတန်ဖိုးဆယ်ဆတိုးသွားတယ်လို့ဆရာကြီးပြောခဲ့ပါတယ်။


ဒါဆိုရင်ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညနဲ့အမြှောက်ခံလိုက်ရတဲ့အရာအားလုံးဟာသူ့အလိုကျ(သုည)ဖြစ်သွားကြရတယ်။သူနဲ့အစားခံလိုက်ရရင်လဲအရာအားလုံးဟာလဲသူ့အလိုကျ(Infinity)ဖြစ်သွားကြတဲ့အပြင်၊သူကသူများရဲ့နောက်ကနေ(Follow)လေးလိုက်ပေးလိုက်ရုံနဲ့သူ့ရှေ့ကဂဏန်းတွေဟာတန်ဖိုးဆယ်ဆတောင်တိုးမြင့်သွားစေနိုင်တယ်ဆိုတော့၊ဆရာကြီးတို့သင်္ချာမှာသုံးနေတဲ့သုညဟာသူနဲ့တွေ့လိုက်တဲ့အရာရာတိုင်းကိုသူ့အလိုကျပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားတွေရှိမနေဘူးလားလို့မေးလိုက်တော့။


ဆရာကြီးတွေဝေသွားပါတော့တယ်။ဆရာကြီးသဘောပေါက်သွားပါပြီ။ဆရာကြီးကသင်္ချာမှာသုံးနေတဲ့သုညဆိုတာ၊ဘာမှမရှိတဲ့(nothing)သဘောမျိုးမဟုတ်ဘူး၊စွမ်းအားတွေရှိနေတယ်ဆိုတာကိုတော့ငါကောင်းကောင်းနားလည်သွားပါပြီ။အဲဒါဆိုရင်သင်္ချာမှာသုံးနေတဲ့သုညက(nothing)သဘောမျိုးမဟုတ်ရင်ဘာဖြစ်မလဲလို့သူကဆက်မေးပါတော့တယ်။


ကျွန်တော်ကတစ်ကယ်တော့သင်္ချာပညာမှာသုံးနေကြတဲ့(သုည)ဆိုတာဘာမှမရှိတဲ့သဘော(nothing)မျိုးမဟုတ်ပါဘူး။အခြေအနေတစ်ခုမှာ၊ဆန့်ကျင်ဖက်တန်ဖိုးတွေတစ်ခုနဲ့တစ်ခုမျှတစွာနဲ့ပေါင်းစပ်ထားပြီး၊တန်ဖိုးတွေကြေပျက်နေကြတဲ့သဘောတရားတစ်ခုပါ။


ဥပမာပြောရရင်။

(1)+(2)+(3)+(-1)+(-2)+(-3)=0.

.

(-5)+(5)= 0.

.

(-1000)+(1000)=0.

.

(- Infinity)+(+ Infinity)=0.

.

(a)+(-a)= 0.


အထက်ပါ(Equations)တွေအတိုင်းဆိုရင်၊အခြေအနေတစ်ခုကြောင့်သာလျှင်၊ပမာဏတူညီနေတဲ့ဆန့်ကျင်ဖက်သဘောတရားတွေပေါင်းစပ်ထားပြီး၊ကြေပျက်နေကြလို့သာ(သုည)ဖြစ်နေရတာပါ။တစ်ကယ်လို့သာအဆိုပါအခြေအနေကနေ၊မတူညီတဲ့အခြေအနေတစ်ရပ်ကိုပြောင်းလည်းသွားမယ်ဆိုရင်အဆိုပါသုညဟာဆက်ပြီးသုညမဖြစ်နိုင်တော့ပါဘူးလို့ဆရာကြီးကိုရှင်းပြလိုက်တော့၊ဆရာကြီးသဘောကျသွားပါတယ်။


ကျွန်တော်ကဆက်ပြီးတော့တူညီစွာပေါင်းစပ်နေတဲ့ဆန့်ကျင်ဖက်သဘောတရားတွေကိုတစ်ဖက်စီပြန်ခွဲထုတ်ပြစ်လိုက်မယ်ဆိုရင်၊သုညမဟုတ်တော့ပဲ၊နှစ်ဖက်စလုံးမှာကြီးမားတဲ့တန်ဖိုးတွေရလာပါလိမ့်မယ်။


ဥပမာ

(0) - (5)= (-5)

သုညထဲကနေ(5)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(-5)ကျန်နေပါတယ်။


(0) - (1000)= (-1000)

သုညထဲကနေ(1000)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(-1000)ကျန်နေပါတယ်။


(0) - (Infinity)= (-Infinity)

သုညထဲကနေ(Infinity)ကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အခြားတစ်ဖက်မှာ(Negative Infinity)ကျန်နေပါတယ်။


တစ်ကယ်လို့သင်္ချာပညာမှာသုံးနေတဲ့သုညဟာဘာမှမရှိဘူး(Nothing)ဆိုရင်သူ့ထဲကနေဘာမှခွဲထုတ်လို့မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့နဂိုကတည်းကမှဘာမှမရှိတဲ့အရာကိုဘယ်လိုလုပ်ပြီးခွဲထုတ်လို့ရနိုင်မှာလဲ။


သုညထဲကနေတန်ဖိုးတစ်ခုကိုဖယ်ထုတ်လိုက်တိုင်း၊အခြားတစ်ဖက်မှာဆန့်ကျင်ဖက်တန်ဖိုးတွေကျန်နေတယ်ဆိုရင်၊ဒီသဘောကိုကြည့်ခြင်းအားဖြင့်သုညဆိုတာဘာမှမရှိတဲ့အရာမဟုတ်ပဲ၊ဆန့်ကျင်ဖက်သဘောတရားတွေညီတူညီမျှပေါင်းစပ်ထားလို့တစ်ခုနဲ့တစ်ခုကြေပျက်နေပြီးတန်ဖိုးမရှိသလိုဖြစ်နေရတာပါ။


မပေါင်းစပ်ထားပဲပြန်ပြီးခွဲထုတ်ပြစ်လိုက်မယ်ဆိုရင်နှစ်ဖက်စလုံးမှာတန်ဖိုးတွေအမျိုးမျိုးရရှိနိုင်ပါတယ်လို့ဆရာကြီးကိုသေချာရှင်းပြလိုက်တော့၊ဆရာကြီးကကျွန်တော်ပြောတာတွေကိုသူဘာမှမငြင်းတော့ပါဘူး။သူလက်ခံသွားပါပြီလို့ပြန်ပြောပါတယ်။


လောကမှာဘာမှမရှိတဲ့(Non Existence)သဘောမျိုးမရှိနိုင်သလို၊သင်္ချာမှာလဲ၊ဘာမှမရှိတဲ့(nothing)သုညဆိုတာမရှိဘူးဆိုတာကိုသူကောင်းကောင်းနားလည်သွားပါပြီလို့ဝန်ခံပါတယ်။ဆရာကြီးကသုညဆိုတာဟာ၊ဘာမှမရှိတဲ့သဘောမျိုးမဟုတ်ပဲ၊အခြေအနေတစ်ခုမှာဆန့်ကျင်ဖက်သဘောတရားတွေတစ်ခုနဲ့တစ်ခုမျှမျှတတပေါင်းစပ်နေပြီး၊အချင်းချင်းကြေပျက်နေလို့သာသုညဖြစ်နေရတယ်။


တစ်ကယ်လို့သာအချင်းချင်းမကြေပျက်နိုင်အောင်ပြန်ခွဲထုတ်နိုင်မယ်ဆိုရင်(၂)ဖက်စလုံးမှာကြီးမားတဲ့တန်ဖိုးတွေထွက်လာမယ်ဆိုတာကိုသူကောင်းကောင်းနားလည်သွားပါပြီလို့မှတ်ချက်ပေးပါတယ်။


နောက်ထပ်သူမေးတဲ့မေးခွန်းတစ်ခုကတော့၊ဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်ဆိုတာဟာသုညသဘောမျိုးလုံးဝမဟုတ်ဘူးဆိုတာကိုသူအရင်တစ်ခေါက်ကတည်းကလက်ခံပါတယ်တဲ့၊ဒါပေမယ့်နိဗ္ဗာန်ဆိုတာဟာသုညသဘောမျိုးမဟုတ်ဘူးဆိုရင်၊ဘယ်လိုသဘောမျိုးလဲဆိုတာသူသိချင်ပါတယ်။နိဗ္ဗာန်ဆိုတာဘယ်လိုသဘောမျိုးလဲဆိုတာကိုလဲနောက်တစ်ပါတ်ပြန်ဆုံတဲ့အခါကြရင်သင်္ချာနည်းနဲ့သက်သေပြပေးဖို့ထပ်တောင်းဆိုပါတယ်။


ကျွန်တော်ကလဲကောင်းပါပြီဆရာကြီး၊နောက်တစ်ပါတ်ပြန်ဆုံတဲ့အခါကြရင်ဆက်ဆွေးနွေးကြတာပေါ့လို့ပြောပြီး၊ဆွေးနွေးပွဲကိုရပ်နားလိုက်ပါတော့တယ်။


ဒီ(Post)ကိုအနှစ်ချုပ်ရင်၊လူတိုင်းက(zero)သုညဆိုတာကိုဘာမှမရှိတဲ့သဘော(nothing)လို့ယူဆထားကြပါတယ်။တစ်ကယ်တော့လောကကြီးမှာဘာမှမရှိတဲ့သဘောဆိုတာ၊ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။တစ်ကယ်တော့သုညဆိုတာဘာမှမရှိတဲ့(nothing)သဘောမျိုးမဟုတ်ပဲ၊ဆန့်ကျင်ဖက်သဘောတရားတွေတစ်ခုနဲ့တစ်ခုအညီအမျှပေါင်းစပ်ထားပြီးကြေပျက်နေကြခြင်းသာလျှင်ဖြစ်ပါတယ်။


ဒီ(Post)ဟာနိဗ္ဗာန်ကိုသုညလို့ပြောနေတာမဟုတ်ပါဘူး။လောကမှာ(ဘာမှမရှိဘူး)ဆိုတဲ့(nothing)သုံညဆိုတာမရှိကြောင်းပြောချင်တာပါ။နိဗ္ဗာန်ဆိုတာဟာသုံည(လုံးဝ)မဟုတ်ပါ။နိဗ္ဗာန်ဆိုတာဘာလဲဆိုတာကိုတော့နောက်ပိုင်းမှာပိုပြီးနားလည်လာပါလိမ့်မယ်။


အားလုံးကျန်းမာ၍၊အသိပညာသစ်၊အမြင်သစ်တွေရရှိကြပါစေ။

Kelvin Albert Power

========

========

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၁)။

https://www.facebook.com/kelvin.power.1675/posts/pfbid02bK5cSG9a9J3eHVPXFA3eFVCkadjXmfgDpM9RLr1DRLWUiDRjvL67V17irTgoMZLl

========

=======

နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၂)။

https://www.facebook.com/kelvin.power.1675/posts/pfbid02HiiF7yVrFdeBgJZTT2ZAdx5fkQN8TLxks5c2AwNqbGtQkrhTujiwhRG8n7MzLq2Ul


Tuesday, October 11, 2022

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက် အပိုင်း(၂)

 နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်။အပိုင်း(၂)။




ဆန့်ကျင်ဖက်နိယာမနှင့်၊မရှိတရား။

-

ဗုဒ္ဓဘာသာတွေအနေနဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်)လောက်နဲ့တောင်သေချာမသိဘူးဆိုရင်၊သံသရာဘေးကနေဘယ်လိုမှမလွတ်မြောက်နိုင်ပါဘူး။ဒါကြောင့်(နိဗ္ဗာန်မြင်သွားသော၊ဘာသာခြားတစ်ယောက်)ဆိုတဲ့(Post)အရှည်ကြီးကိုအပိုင်းဆက်တွေခွဲပြီးရေးပေးနေရခြင်းဖြစ်ပါတယ်။

-

ကျွန်တော်(USA)ရောက်တော့တက္ကသိုလ်တစ်ခုမှာ(Calculus II, Calculus III)နဲ့(DE)တွေပြန်ယူရပါတယ်။ကျွန်တော့်ကိုသင်္ချာသင်ပေးတဲ့ပါမောက္ခနဲ့ကျွန်တော်ဟာအရမ်းကိုရင်းနှီးချစ်ခင်သွားခဲ့ကြပါတယ်။

-

ဘာကြောင့်လဲဆိုတော့သူနဲ့ကျွန်တော်ဟာဗုဒ္ဓဘာသာအကြောင်းတွေဆွေးနွေးငြင်းခုံခဲ့ကြဖူးပါတယ်။သူနားမလည်နိုင်တဲ့ဗုဒ္ဓဘာသာအကြောင်းတွေကိုကျွန်တော်ကသိပ္ပံနည်း၊သင်္ချာနည်း၊ဒဿနိကဗေဒနည်းတွေနဲ့နားမလည်မချင်းသေချာရှင်းပြနိုင်ခဲ့ပါတယ်။လူတွေနားမလည်နိုင်တဲ့ဗုဒ္ဓဘာသာရဲ့အဓိကပြဿနာကတော့နိဗ္ဗာန်အကြောင်းပါပဲ။

-

အလွန်ခက်ခဲနက်နဲတဲ့သဘောတရားဖြစ်နေလို့အပိုင်းဆက်တွေခွဲပြီးရေးပေးမှသာနားလည်နိုင်ပါလိမ့်မယ်။ဗုဒ္ဓဘာသာအကြောင်းတစ်လုံးတစ်လေမှမသိတဲ့အမေရိကန်နိုင်ငံသားဘာသာခြားတစ်ယောက်ကတောင်ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်နဲ့)သိရှိနားလည်သွားနိုင်တယ်ဆိုရင်၊အခုစာဖတ်နေတဲ့သူတွေအတွက်လဲအခက်အခဲရှိလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။

-

တစ်ကယ်လို့နားမလည်ဘူးဆိုရင်တော့အချိန်ပေးပြီးအကြိမ်ကြိမ်ပြန်ဖတ်၊ပြန်စဉ်းစားကြည့်စေချင်ပါတယ်။အလွန်ခက်ခဲ၊နက်နဲတဲ့သဘောတရားတွေဖြစ်နေလို့၊သာမာန်လူတစ်ယောက်အနေနဲ့တစ်ခေါက်တည်းဖတ်ရုံနဲ့တော့နားလည်ဖို့မလွယ်ပါဘူး။

-

ဒါပေမယ့်နားလည်သွားပြီဆိုရင်လဲ၊တစ်လောကလုံးအပေါ်မှာကိုယ်သိမြင်ယူဆထားတဲ့ကိုယ့်ရဲ့ယုံကြည်မှု့နှင့်အတွေးအခေါ်တွေဟာချက်ခြင်းပြောင်းလဲဆန်းသစ်သွားပါလိမ့်မယ်။ဒီလိုထူးခြားတဲ့အသိတရားမျိုးဟာ၊လူအများစုအတွက်တော့တစ်သက်တာမှာဘယ်တုံးကမှမသိခဲ့ဖူး၊မမြင်ခဲ့ဖူးတဲ့သဘောတရားအသစ်တစ်ခုလဲဖြစ်နေတတ်ပါတယ်။

-

အခုတော့ရှေ့ဆက်သွားကြရအောင်။သင်္ချာပါမောက္ခဆရာကြီးကကျွန်တော့်ကိုအောက်ပါအတိုင်းမေးခွန်း(၄)ခုမေးခဲ့ပါတယ်။

-

(၁)ဗုဒ္ဓဘာသာမှာရုပ်နမ်နှစ်ပါးအပြင်ဘာမှမရှိဘူး။နိဗ္ဗာန်ရောက်တဲ့အခါမှာလဲရုပ်နမ်နှစ်ပါးလုံးချုပ်ငြိမ်းသွားကြတယ်ဆိုတော့၊ဘာမှမကျန်တော့ဘူးပေါ့။ဘာမှမကျန်တော့ဘူးဆိုရင်ဗုဒ္ဓဘာသာတွေရဲနိဗ္ဗာန်ဟာဘာမှမရှိတော့တဲ့အရာ(Non Existence)သို့မဟုတ်ဘာမှမရှိတော့တဲ့သုညသဘောဖြစ်မသွားဘူးလား?။

-

(၂)အဲဒီဘာမှမရှိတဲ့အရာ(Non Existence)သို့မဟုတ်ဘာမှမရှိတော့တဲ့သုညသဘောကိုလိုချင်တယ်ဆိုတဲ့ဗုဒ္ဓဘာသာတွေရဲ့ရည်ရွယ်ချက်ဟာဘယ်လိုလုပ်ပြီးအဓိပ္ပါယ်ရှိတော့မှာလဲ။အရူးတွေမှမဟုတ်တာ၊ဘယ်သူက(ဘာမှမရှိတဲ့အရာ)ကိုလိုချင်ကြမှာလဲ?။ဘာမှမရှိတဲ့အရာကိုလိုချင်တယ်ဆိုကတည်းကဗုဒ္ဓဘာသာဟာတစ်ခုခုမှားမနေဘူးလား?။

-

(၃)ဗုဒ္ဓဘာသာတွေရဲ့(ဘာမှမရှိတဲ့)နိဗ္ဗာန်ဆိုတဲ့သဘောဟာချမ်းသာတယ်ဆိုတာကရောဘယ်လိုလုပ်ပြီးအဓိပ္ပါယ်ရှိတော့မှာလဲ?။(ဘာမှမရှိတဲ့သုည)သို့မဟုတ်(ဘာမှမရှိတဲ့သဘော)ဟာဘယ်လိုလုပ်ပြီးချမ်းသာနိုင်မှာလဲ?။

-

(၄)တစ်ကယ်လို့ဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်ဟာတစ်ကယ်လဲရှိတယ်၊ချမ်းလဲချမ်းသာတယ်ဆိုရင်၊လူတိုင်းနားလည်လက်ခံလာနိုင်အောင်သိပ္ပံနည်းကျရှင်းပြနိုင်ရပါမယ်။ပိဋကတ်စာပေတွေကိုဖတ်ပြရုံနဲ့တော့လက်ခံလို့မရနိုင်ပါဘူး။လူတိုင်းနားလည်လက်ခံနိုင်အောင်ရှင်းမပြနိုင်ဘူးဆိုရင်တော့ဗုဒ္ဓဘာသာဆိုတာ(ဘာမှမရှိတဲ့အရာ)တစ်ခုကိုအရှိလုပ်ပြီးတော့၊ဟန်ဆောင်လိုချင်နေသလိုဖြစ်မသွားဘူးလားတဲ့?။

-

တစ်ကယ်တော့ဒီမေးခွန်းတွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်စိန်ခေါ်မှု့ကြီးတစ်ခုပါ။လူတိုင်းသိချင်နေတဲ့မေးခွန်းတွေလဲဖြစ်ပါတယ်။ဒီသင်္ချာပါမောက္ခဟာတစ်ကယ်တော့သုညအကြောင်းကောင်းကောင်းနားလည်ထားပုံမရပါဘူး။ခက်ခဲနက်နဲတဲ့သုညသဘောကိုသေချာနားလည်ဖို့ဆိုတာဗုဒ္ဓမြတ်စွာဘုရားကဲ့သို့သောဆရာတစ်ဆူရှိမှသာလျှင်ဖြစ်နိုင်ပါတယ်။

-

သာသနာမထွန်းကားတဲ့(USA)လိုနိုင်ငံမျိုးမှာသင်္ချာပညာကိုတစ်ဖက်ကမ်းခတ်အောင်တတ်တဲ့တက္ကသိုလ်တွေကသင်္ချာပါမောက္ခတွေတောင်သုညသဘောကိုသေချာနားမလည်ကြဘူးဆိုရင်၊သာမာန်လူတွေနားမလည်နိုင်ဘူးဆိုတာကတော့အဆန်းမဟုတ်တော့ပါဘူး။

-

ဒါပေမဲ့ခက်နေတာကသင်္ချာပါမောက္ခကြီးကိုသုညအကြောင်းသွားရှင်းပြမိရင်၊(မိချောင်းမင်းကိုရေခင်းပြမိသလိုမျိုး)ဖြစ်သွားနိုင်ပါတယ်။။ဒီလိုတိုက်ရိုက်ကြီးသွားရှင်းပြမယ်ဆိုရင်တော့၊သူ့ရဲ့သင်္ချာပညာမာနကြောင့်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။မရှင်းပြပြန်ရင်လဲဗုဒ္ဓဘာသာသိက္ခာကျရပါတော့မယ်။ဒါကြောင့်ဥပါယ်တံမျှင်သုံးပြီးသူနားလည်အောင်လုပ်ရပါတော့မယ်။

-

အဲဒီအချိန်မှာကျွန်တော်ဟာဆရာကြီးရဲ့ရုံးခန်းထဲကိုရောက်နေပါတယ်။အခန်းပြတင်းပေါက်တွေကိုအတွင်းကနေလိုက်ကာအနက်ရောင်ကြီးကာရံထားတော့အပြင်ကအလင်းရောင်မဝင်နိုင်ပါဘူး။အပြင်ကအလင်းရောင်မဝင်တော့မျက်နှာကျက်ပေါ်မှာထွန်းထားတဲ့လျှပ်စစ်မီးချောင်းတွေရဲ့အလင်းရောင်ကြောင့်သာအခန်းတစ်ခုလုံးလင်းထိန်နေရခြင်းဖြစ်ပါတယ်။

-

ကျွန်တော်ကဆရာကြီးကိုပြောတယ်။ကျွန်တော်ရှင်းပြပါမယ့်။ဒါပေမယ်ကျွန်တော့်ကိုမီးခလုတ်လေးတစ်ချက်လောက်တော့ပိတ်ခွင့်ပြုပါလို့တောင်းဆိုလိုက်တော့ဆရာကြီးကဘာမှနားမလည်ဘူးဖြစ်သွားပါတယ်။သူရုတ်တရက်ကြောင်သွားပါတယ်။သူ့ပုံစံကမယုံသင်္ကာနဲ့၊သူ့ကိုမျက်လှည့်များပြတော့မလား။ဒါမှမဟုတ်မီးမှိတ်ပြီးသူ့ကိုမဟုတ်တာတစ်ခုခုလုပ်တော့မလားလို့ထင်နေပုံရပါတယ်။

-

ကျွန်တော်ကထပ်ပြီးခွင့်တောင်းပါတယ်။ဆရာကြီးခင်ဗျား၊ကျွန်တော့်ကိုမီးလေးတစ်စက္ကန့်လောက်မှိတ်ခွင့်ပြုပါ။ကျွန်တော်ဘာမှမဟုတ်တာမလုပ်ပါဘူး။သက်သေပြစရာတစ်ခုရှိလို့ပါ။မီးပိတ်ပြီး၊ချက်ခြင်းပြန်ဖွင့်ပေးပါ့မယ်လို့နောက်တစ်ကြိမ်ထပ်ပြောတော့မှ၊ဆရာကြီးက(OK)လို့ပြန်ပြောပါတယ်။

-

ကျွန်တော်မီးခလုတ်ကိုတစ်ချက်ပိတ်ချပြစ်လိုက်ပါတယ်။မီးပိတ်လိုက်တော့အခန်းတစ်ခုလုံးအမှောင်ကျသွားပါတော့တယ်။စက္ကန့်အနည်းငယ်ကြာတော့ကျွန်တော်မီးခလုတ်ကိုပြန်ပြီးဖွင့်ပေးလိုက်ပါတယ်။မီးခလုတ်ကိုပြန်ဖွင့်လိုက်တော့မှအခန်းတစ်ခုလုံးပြန်ပြီးလင်းထိန်လာပါတော့တယ်။ဆရာကြီးကဘာမှလဲမထူးခြားပါလားဆိုတဲ့သဘောနဲ့ကျွန်တော့်ကိုကြောင်ပြီးစိုက်ကြည့်နေပါတယ်။

-

ကျွန်တော်ကပြောတယ်။ဆရာကြီးခင်ဗျာလို့၊ဆရာကြီးတို့တွေကရူပဗေဒပညာရပ်တွေ၊သင်္ချာပညာရပ်တွေ၊ဒဿနိကပညာရပ်တွေကိုနားလည်တတ်ကျွမ်းပြီးသားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော့်ကိုမေးခွန်းအနည်းငယ်မေးခွင့်ပြုပါလို့ခွင့်တောင်းတော့၊ဆရာကြီးကခွင့်ပြုတဲ့အနေနဲ့ခေါင်းညိတ်ပြပါတယ်။

-

ကျွန်တော်ကမေးပါတယ်။ဆရာကြီးခင်ဗျာ၊ကျွန်တော်မီးခလုတ်ပိတ်လိုက်တာဘာဖြစ်လို့မှောင်သွားရတာလဲခင်ဗျာ?။နောက်ပြီးတော့ကျွန်တော်မီးခလုတ်ပြန်ဖွင့်လိုက်တော့၊ဘာဖြစ်လို့ပြန်ပြီးလင်းလာရတာလဲခင်ဗျာ?။လို့မေးလိုက်တော့။

-

ဆရာကြီးကချက်ခြင်းပဲပြန်ဖြေပါတယ်။မင်းကလဲကွာတဲ့လောကမှာအလင်းရောင်ကိုဖယ်ပြစ်လိုက်မယ်ဆိုရင်၊သူ့အလိုလိုအမှောင်ရောက်လာမှာပဲတဲ့။အလင်းရောင်ကိုပြန်ပေးလိုက်မယ်ဆိုရင်လဲသူ့အလိုလိုအမှောင်ကပြန်ပျောက်ကွယ်သွားပြီးပြန်လင်းလာမှာပဲတဲ့။ဒါဟာသဘာဝတရားပဲလေ၊ဘာများထူးဆန်းနေလို့လဲလို့သူကပြန်ဖြေပါတယ်။

-

ကျွန်တော်ကထပ်မေးပါတယ်။ဆရာကြီးခင်ဗျား၊တစ်ကယ်လို့သာကျွန်တော်ကအဲဒီအမှောင်ကိုလဲမလိုချင်ဘူး၊အလင်းရောင်ကိုလဲမနှစ်သက်ဘူးဆိုရင်၊ဆရာကြီးအနေနဲ့ကျွန်တော့်ကိုအလင်းရောင်ရော၊အမှောင်ပါ၊နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ငြိမ်းနေတဲ့သဘောမျိုးရအောင်လုပ်ပေးလို့ရနိုင်မလားလို့ကျွန်တော်ပြန်မေးလိုက်တော့၊ဆရာကြီးချက်ခြင်းမဖြေနိုင်တော့ပါဘူး။စဉ်းစားရကြပ်သွားပုံရပါတယ်။

-

သေချာစဉ်းစားပြီးအချိန်အနည်းငယ်ကြာတော့မှဆရာကြီးကပြန်ဖြေပါတယ်။အလင်းမရှိတော့ရင်အမှောင်အလိုလိုရောက်လာတယ်။အမှောင်ပျောက်ချင်ရင်လဲအလင်းပြန်ပေးမှသာဖြစ်နိုင်တယ်။လောကမှာအလင်းမရှိရင်အမှောင်ရှိကိုရှိရတယ်။အမှောင်မရှိရင်လဲအလင်းရှိကိုရှိရတယ်။

-

အလင်းနဲ့အမှောင်ဆိုတာဟာဆန့်ကျင်ဖက်သဘောတရားတွေဖြစ်နေလို့တစ်ခုမရှိရင်၊အခြားတစ်ခုရှိကိုရှိနေရတယ်။ဒီစကြာဝဠာ၊ဒီကမ္ဘာလောကကြီးမှာဆန့်ကျင်ဖက်သဘောတရားတွေကိုတစ်ပြိုင်နက်တည်းနဲ့နှစ်ခုစလုံးကိုချုပ်ပျောက်သွားအောင်လုပ်လို့ဘယ်လိုမှမရနိုင်ဘူးတဲ့။ဒါဟာဆန့်ကျင်ဖက်နိယာမဆိုတဲ့သဘာဝတရားပဲတဲ့။

-

ဒါပေမယ့်တစ်ခုတော့ရှိတယ်ကွာတဲ့၊မင်းလိုချင်ရင်၊ငါအလင်းနဲ့အမှောင်အနည်းငယ်စီမျှတနေအောင်ရောစပ်ပြီး၊တစ်နည်းအားဖြင့်မီးတွေကိုမှိန်မှိန်ကလေးသာထွန်းထားပြီး၊မလင်း၊မမှောင်၊သမမျှတနေတဲ့အခြေအနေတစ်ခုကိုတော့ဖန်တီးပေးလို့ရနိုင်တယ်လို့ပြန်ပြောပါတယ်။

-

ကျွန်တော်ကစောဒကထပ်တက်ပါတယ်။ဆရာကြီးခင်ဗျာ၊ကျွန်တော်အနေနဲ့အလင်းနဲ့အမှောင်အနည်းငယ်စီ၊မျှမျှတတရအောင်လုပ်ထားတဲ့(Equilibrium)သဘောမျိုးမလိုချင်ပါဘူးခင်ဗျား။အလင်းရောအမှောင်ပါနှစ်မျိုးစလုံး(လုံးဝ)ချုပ်ငြိမ်းပျောက်ကွယ်သွားပြီး၊ဘာမှမရှိတော့တဲ့သဘောတရားကိုသာလိုချင်တာပါ။

-

တစ်နည်းအားဖြင့်(အလင်းသုည)နှင့်(အမှောင်သုည)၊နှစ်ခုစလုံးဘာတစ်ခုမှမရှိတော့တဲ့သဘောတရားကိုသာအလိုရှိပါတယ်။ဒီလိုသဘောမျိုးကိုသာဖန်တီးပေးလို့ရနိုင်မလားလို့စောဒကထပ်တက်လိုက်တော့ဆရာကြီးအတော်လေးအကြပ်ရိုက်သွားပါတော့တယ်။

-

ဆရာကြီးကထပ်ရှင်းပြပါတယ်။လောကမှာ

-

(၁)အလင်းရောင်တစ်မျိုးထဲလင်းနေအောင်လုပ်လို့ရတယ်။

-

(၂)အလင်းရောင်လုံးဝမရှိပဲ၊မှောင်ပိန်းနေတဲ့အခြေအနေကိုလဲလုပ်လို့ရတယ်။

-

(၃)အလင်းနဲ့အမှောင်ညီမျှစွာပေါင်းစပ်ထားပြီး၊မလင်းမမှောင်အခြေအနေတစ်ခုကိုလဲဖန်တီးယူလို့ရတယ်။

-

(၄)ဒါပေမယ့်၊လောကမှာအလင်းနဲ့အမှောင်နှစ်ခုစလုံးတစ်ပြိုင်နက်တည်း(လုံးဝ)ချုပ်ပျောက်သွားတဲ့အခြေအနေမျိုးကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။

-

လောကမှာဆန့်ကျင်ဖက်တရားနှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ဖျောက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါဟာဆန့်ကျင်ဖက်နိယာမပဲတဲ့။ဒါကြောင့်အလင်းနဲ့အမှောင်နှစ်ခုစလုံးတစ်ပြိုင်တည်း(လုံးဝ)ချုပ်ပျောက်နေတဲ့ပုံစံမျိုးကိုတော့ငါဘယ်လိုမှလုပ်မပေးနိုင်ဘူးလို့ပြန်ပြောပါတယ်။

-

ကျွန်တော်ကဆက်ပြောပါတယ်။ဆရာကြီးအနေနဲ့အလင်းရှိအောင်လုပ်ပေးနိုင်တယ်။အလင်းမရှိပဲမှောင်နေအောင်လဲလုပ်ပေးနိုင်တယ်၊အလင်းအမှောင်နှစ်မျိုးစလုံးမျှမျှတတနဲ့မလင်းမမှောင်အခြေအနေကိုလဲလုပ်ပေးလို့ရတယ်။ဒါပေမယ့်အလင်းနဲ့အမှောင်နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းချုပ်ပျောက်သွားအောင်လုပ်မပေးနိုင်ဘူးဆိုတာကိုတော့ကျွန်တော်နားလည်သွားပါပြီ။

-

ဒါဆိုရင်ဆရာကြီးမတတ်နိုင်တဲ့အလင်းနဲ့အမှောင်ကိစ္စကိုတော့ကျွန်တော်မတောင်းဆိုတော့ပါဘူး။နောက်ထပ်တစ်မျိုးကိုတောင်းဆိုပါရစေလို့ပြောလိုက်တော့၊ဆရာကြီးက(All right, go ahead)လို့ပြန်ပြောပါတယ်။

-

ကျွန်တော်က၊ဆရာကြီးခင်ဗျား၊ကျွန်တော်အပူဓါတ်ကိုလဲမလိုချင်ဘူး။အအေးဓါတ်ကိုလဲမလိုချင်ဘူး၊နှစ်ခုစလုံးချုပ်သွားတဲ့အခြေအနေမျိုးကိုရောဆရာကြီးအနေနဲ့စီစဉ်ပေးလို့ရနိုင်ပါသလားလို့ထပ်မေးလိုက်ပါတယ်။

-

ဆရာကြီးကပြန်ဖြေပါတယ်။ဒါလဲအတူတူပါပဲတဲ့၊တစ်ကယ်တော့အပူ၊အအေးဆိုတာစွမ်းအင်သဘောမျိုးပါပဲ။စကြာဝဠာမှာစွမ်းအင်တည်မြဲမှု့နိယာမဆိုတာရှိတယ်။စွမ်းအင်ကိုဖျောက်ဖျက်ပြစ်လို့လဲမရနိုင်သလို၊ဖန်ဆင်းယူလို့လဲမရနိုင်ပြန်ပါဘူး။

-

တစ်မျိုးကနေ၊တစ်မျိုးပြောင်းယူလို့ပဲရနိုင်တယ်။တစ်ကယ်လို့အပူဓါတ်ကိုမလိုချင်ဘူးဆိုပြီးဖယ်ရှားပြစ်လိုက်မယ်ဆိုရင်၊အပူဓါတ်နေရာမှာအအေးဓါတ်ကအလိုလိုရောက်လာမှာပါပဲ။အအေးဓါတ်ကိုအပူပေးလိုက်မယ်ဆိုရင်လဲ၊အအေးပျောက်သွားပြီးအပူပြန်ရောက်လာမှာပါပဲ။

-

အပူရောအအေးရောနှစ်မျိုးစလုံးကိုတစ်ပြိုင်နက်တည်းလုံးဝချုပ်ဖျောက်ပြစ်ဖို့တော့ဘယ်လိုမှကိုမဖြစ်နိုင်ဘူးတဲ့။တစ်ကယ်လို့မပူမအေး၊သမမျှတနေတဲ့သဘောမျိုးကိုလိုချင်တယ်ဆိုရင်တော့အပူနဲ့အအေးမျှမျှတတလေးရောစပ်ပေးလို့တော့ရပါတယ်တဲ့။

-

ငါဥပမာပြောမယ်ကွာတဲ့၊မင်းကရေဆာလို့ငါ့ကိုရေမပူမအေးလေးတောင်းသောက်တယ်ဆိုပါစို့။ငါ့မှာရေနွေးပူလဲရှိနေတယ်၊ရေခဲရေလဲရှိနေတယ်ဆိုပါစို့။မင်းကရေပူလဲမလိုချင်ဘူး၊ရေခဲရေလဲမလိုချင်ဘူးဆိုရင်၊မင်းလိုချင်တဲ့အပူချိန်မျိုးရအောင်ငါရေပူနဲ့ရေအေးကိုအချိုးကျရောစပ်ပေးလို့ရနိုင်ပါတယ်။

-

ဒါပေမယ့်အဲဒီရေပူရော၊ရေအေးရောနှစ်ခုစလုံးမပါတဲ့ရေကိုမှမင်းကလိုချင်တယ်ဆိုရင်တော့ငါဘာမှမတတ်နိုင်တော့ဘူးတဲ့။အပူရော၊အအေးရောနှစ်မျိုးစလုံးနဲ့ကင်းနေတဲ့ရေဆိုတာကဘယ်လိုမှမရှိနိုင်ဘူးတဲ့။အပူ၊အအေးမျှတအောင်ရောထားတဲ့ရေကိုမင်းမသောက်ချင်ဘူး၊နှစ်ခုစလုံးကင်းတဲ့ရေကိုမှသောက်ချင်တယ်ဆိုရင်တော့မင်းရေငတ်ရုံပဲရှိတော့တယ်တဲ့။

-

လောကရဲ့သဘာဝကိုကဆန့်ကျင်ဖက်သဘောတရားတွေကိုနှစ်ခုစလုံးချုပ်ငြိမ်းသွားအောင်ဘယ်လိုမှ၊ဘယ်တော့မှလုပ်လို့မရဘူးတဲ့။ဆန့်ကျင်ဖက်နှစ်ခုစလုံးမရှိစေချင်ဘူးဆိုရင်၊နှစ်ခုအတူတူ၊မျှမျှတတလေးယူလိုက်ပြီးတစ်ခုနဲ့တစ်ခုအချင်းချင်းခြေဖျက်ထားလို့ပဲရနိုင်တယ်တဲ့။ဒါဟာဆန့်ကျင်ဖက်နိယာမပဲလို့ဆရာကြီးကထပ်ပြောပါတယ်။

-

ဒါဆိုကောင်းပါပြီဆရာကြီးခင်ဗျာ၊ဆန့်ကျင်ဖက်သဘာဝဓမ္မဆိုတာနှစ်ခုလုံးတစ်ပြိုင်နက်တည်းချုပ်ဖျောက်ပြစ်လို့တော့မရဘူး။တစ်ကယ်လို့သာနှစ်ခုစလုံးအာနိသင်မရှိစေချင်ဘူးဆိုရင်အတူတူမျှယူထားပြီးအချင်းချင်းချေဖျက်ထားမှသာလျှင်အာနိသင်ပျောက်နိုင်တယ်ဆိုတဲ့ဆန့်ကျင်ဖက်သဘာဝဓမ္မကိုတော့နားလည်သွားပါပြီ။အခုရှေ့ဆက်ပြီးတော့နောက်ထပ်မေးခွန်းတွေထပ်မေးပါရစေ။

-

ဆရာကြီးခင်ဗျား၊ဆရာကြီးရဲ့စားပွဲပေါ်မှာရေအပြည့်ရှိနေတဲ့ဖန်ခွက်တစ်ခုရှိနေတယ်။အဲဒီဖန်ခွက်ထဲကရေတွေကိုကျွန်တော်သွန်ပြစ်လိုက်မယ်ဆိုရင်ဖန်ခွက်ထဲမှာဘာကျန်နေမှာလဲဆိုပြီးထပ်မေးလိုက်တော့။ဆရာကြီးက၊မင်းရေသွန်ပြစ်လိုက်မှတော့၊ဖန်ခွက်ထဲမှာလေပဲကျန်တော့မှာပေါ့ကွလို့ပြန်ဖြေပါတယ်။

-

ကျွန်တော်ကထပ်မေးပြန်ပါတယ်။ဆရာကြီးခင်ဗျား၊အဲဒီဖန်ခွက်ကိုအလုံပိတ်ပြီး၊လေစုတ်စက်နဲ့ကျွန်တော်ကျန်နေတဲ့လေတွေကိုစုပ်ထုတ်ပြစ်လိုက်မယ်ဆိုရင်ဘာကျန်ခဲ့မလဲလို့ထပ်မေးလိုက်တော့။ဆရာကြီးက၊မင်းကလဲကွာတဲ့၊လေတွေကို(Vaccum)စက်နဲ့စုပ်ထုတ်လိုက်မှတော့လေဟာနယ်တစ်ခုပဲကျန်ခဲ့မှာပေါ့ကွတဲ့။

-

ကျွန်တော်ကထပ်မေးပြန်တယ်။အဲဒီလေဟာနယ်ကိုပါကျွန်တော်မလိုချင်ဘူးဗျာလို့၊လေဟာနယ်တွေပါပျောက်သွားအောင်ဘယ်လိုလုပ်လို့ရနိုင်သေးလဲ၊ဆရာကြီးအနေနဲ့လေဟာနယ်ကိုပါပျောက်သွားအောင်လုပ်ပေးလို့ရနိုင်မလားလို့ဆိုလိုက်တော့၊ဆရာကြီးကချက်ခြင်းမဖြေသေးပဲစဉ်းစားနေပြန်ပါတယ်။

-

အတန်ကြာစဉ်းစားပြီးတော့မှဆရာကြီးက၊လေဟာနယ်ကိုတော့မင်းဘယ်လိုမှဖျောက်ပြစ်လို့မရနိုင်ဘူးကွတဲ့။စကြာဝဠာကြီးမှာလေဟာနယ်(Space)ဆိုတာကိုဘယ်သူကမှ၊ဘယ်လိုမှဖျောက်ပြစ်လို့မရနိုင်ဘူးကွတဲ့၊ဒါလဲသဘာဝတရားပဲတဲ့။

-

မင်းဟာလေဟာနယ်(Space)ကိုဖျောက်ချင်တယ်ဆိုရင်၊လေဟာနယ်နေရာမှာလေဖြစ်ဖြစ်၊ရေဖြစ်ဖြစ်၊အခြားအရာဝတ္တုတစ်ခုခုဖြစ်ဖြစ်ပြန်ပြီးအစားထိုးထည့်ပေးမှရနိုင်မယ်တဲ့။ဘာမှပြန်မထည့်ပေးပဲနဲ့တော့လေဟာနယ်(Space)ကိုဖျောက်လို့မရနိုင်ဘူး။နေရာလွတ်တော့ကျန်နေခဲ့မှာပဲတဲ့။

-

လောကမှာလေဟာနယ်ရော၊တစ်ခြားအရာဝတ္တုတွေကိုရောတစ်ပြိုင်နက်တည်းဘာတစ်ခုမှမရှိအောင်တော့လုပ်လို့မရနိုင်ဘူးတဲ့။တစ်ခုမရှိရင်၊အခြားတစ်ခုခုကတော့အမြဲရှိနေမှာပဲတဲ့။

-

တစ်ကယ်လို့မင်းငါ့စားပွဲပေါ်ကရေဖန်ခွက်ကိုရေသွန်ပြစ်တဲ့အပြင်၊ဖန်ခွက်အလွတ်ကိုပါရိုက်ခွဲပြစ်ပြီး၊ဖန်ကွဲတွေကိုပါအမှိုက်ပုံးထဲအထိလွင့်ပြစ်လိုက်မယ်ဆိုရင်တောင်၊ငါ့စားပွဲပေါ်မှာနဂိုကရေဖန်ခွက်ရှိနေတဲ့နေရာ(သို့မဟုတ်)ဖန်ခွက်မရှိတော့လို့လွတ်သွားတဲ့နေရာလွတ်(Space)ကတော့ကျန်နေခဲ့ဦးမှာပဲတဲ့။

-

ဆရာကြီးကဆက်ပြောတယ်၊လောကမှာ၊အရာဝတ္တုတစ်ခုကိုဖျောက်ဖျက်ပြီး၊အခြားတစ်ခုနဲ့အစားထိုးလို့ရတယ်။ဒါမှမဟုတ်လေဟာနယ်တစ်ခုနဲ့အစားထိုးယူလို့လဲရတယ်။ဒါပေမယ့်အဲဒီနေရာမှာ၊အရာဝတ္တုတစ်မျိုးမျိုးရော၊လေဟာနယ်ရော၊တစ်ခုမှမရှိတော့အောင်တော့ဘယ်လိုမှလုပ်လို့မရဘူးတဲ့၊တစ်ခုမရှိရင်၊တစ်ခုကတော့ရှိနေရမှာပဲတဲ့၊ဘာမှမရှိဘူးဆိုတဲ့သဘောကတော့ဘယ်လိုမှကိုမဖြစ်နိုင်ဘူးတဲ့။

-

ဆရာကြီးဟာကျွန်တော်ဆွဲခေါ်တဲ့လမ်းကြောင်းအတိုင်းဝင်လာပါပြီ။ဒီလိုဆရာကြီးအငိုက်မိနေချိန်မှာကျွန်တော့်အတွက်အရေးအကြီးဆုံးမေးခွန်းတစ်ခုကိုမေးရတော့မယ်အချိန်ကိုရောက်လာပါပြီ။ဒီမေးခွန်းကတော့လွယ်မရောင်နဲ့ခက်၊တိမ်မရောင်နဲ့နက်တဲ့မေးခွန်းပါ။

-

ဆရာကြီးခင်ဗျား၊ဆရာကြီးရဲ့စကားတွေအတိုင်းဆိုရင်လောကမှာ(ဘာမှမရှိဘူးဆိုတဲ့သဘော)တစ်နည်းအားဖြင့်(Non Existence)ဆိုတဲ့သဘောတရားဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့?။တစ်ကယ်လို့ဖြစ်နိုင်သေးတယ်ဆိုရင်လဲဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုဒဿနိကဗေဒနည်းအရဆရာကြီးရှင်းပြပေးလို့ရနိုင်မလားလို့၊ဒီအချိန်မှာအရေးအကြီးဆုံးမေးခွန်းကိုကောက်မေးပြစ်လိုက်တော့၊ဆရာကြီးမျက်မှောင်ကုပ်ရပြီပေါ့။

-

ဆရာကြီးခေါင်းအတော်စားသွားပါတော့တယ်။ဒီမေးခွန်းမျိုးကိုဘယ်လိုလုပ်ပြီး၊ချက်ခြင်းဖြေနိုင်တော့မှာလဲ။ဒီလိုမေးခွန်းမျိုးအမေးခံရလိမ့်မယ်လို့သူဘယ်လိုမှထင်ထားပုံမရပါဘူး။ဆရာကြီးမျက်မှောင်ကုပ်ပြီးတော်တော်လေးကြာအောင်ထိုင်စဉ်းစားနေပါတော့တယ်။

-

အတော်လေးကြာအောင်စဉ်းစားပြီးတော့မှဆရာကြီးက၊ငါအရင်တုံးကဒီလိုမေးခွန်းမျိုးတစ်ခါမှအမေးမခံရဖူးဘူး။ဒီလိုပုံစံမျိုးလဲတစ်ခါမှမတွေးမိခဲ့ဘူး။မင်းပြောမှပဲငါသေချာစဉ်းစားမိတော့တယ်။အရင်တုံးကငါသေချာမသိသေးတဲ့လောကရဲ့သဘာဝအမှန်တရားတစ်ခုကိုမင်းရဲ့မေးခွန်းတွေကြောင့်အခုတော့ငါသေချာနားလည်သွားပြီတဲ့။

-

အမှန်အတိုင်းပြောရရင်၊လောကမှာ(ဘာမှမရှိဘူး)ဆိုတဲ့(Non Existence)သဘောတရားဆိုတာဒဿနိကဗေဒနည်းအရဘယ်လိုမှမရှိနိုင်ဘူးတဲ့။တစ်ကယ်လို့သာ(အဲဒီသဘောတရားမျိုး)ရှိခဲ့မယ်ဆိုရင်၊သူ့ကိုဘာမှမရှိတဲ့(Non Existence)သဘောတရားလို့ဆက်ပြီးမဆိုနိုင်တော့ဘူး။သူ့ကိုအရှိတရား(Existence)လို့ပြောင်းပြီးဆိုရပါလိမ့်မယ်တဲ့။

-

ဒီနေရာဟာလွယ်မလိုလိုနဲ့အလွန်ခက်ခဲတဲ့သဘောတရားဖြစ်နေလို့စာဖတ်သူတွေအတွက်သေချာဂရုစိုက်ပြီးဖတ်ရမယ့်နေရာလဲဖြစ်ပါတယ်။ဒီသဘောတရားဟာအလွန်နုးညံ့သိမ်မွေ့ပြီး၊နားလည်ရခက်ခဲတဲ့သဘာဝဓမ္မဖြစ်ပါတယ်။

-

ဆရာကြီးအနေနဲ့ကပညာရှင်အဆင့်ဆိုတော့နားလည်နိုင်ပေမယ့်၊သာမာန်လူတွေအတွက်ခက်ခဲနေတတ်လို့ကျွန်တော်ပြန်ပြီးရှင်းပြပါရစေ။ဒီနေရာမှာဆရာကြီးရဲ့စကားကိုအင်္ဂလိပ်လိုပြောရင်ပိုနားလည်နိုင်ပါလိမ့်မယ်။

-

ဆရာကြီးက(In philosophy, non-existence cannot exist;

because if non-existence exists, it will become existence)တဲ့။

-

မြန်မာလိုတိုတိုနဲ့လိုရင်းအဓိပ္ပါယ်ပြန်ရမယ်ဆိုရင်၊လောကမှာဘာမှမရှိဘူးဆိုတဲ့သဘောတရားဆိုတာဟာဘယ်လိုမှကိုမရှိနိုင်ပါဘူးတဲ့။တစ်ကယ်လို့သာအဲဒီဘာမှမရှိဘူးဆိုတဲ့သဘောတရားသာရှိနေခဲ့မယ်ဆိုရင်၊အဲဒီမရှိတရားဆိုတာကြီးက၊မရှိတရားမဟုတ်နိုင်တော့ပဲ၊အလိုလိုအရှိတရားဖြစ်သွားပြီတဲ့။

-

ဒီလောက်ဆိုတစ်ချို့နားလည်လောက်ပါပြီ။ဒါပေမယ့်နားမလည်သေးတဲ့လူတွေထပ်ရှိနိုင်သေးတဲ့အတွက်ဥပမာတွေထပ်ပေးပါရစေ။

-

(၁)ရေအေးဆိုတဲ့အရာဟာမပူပါဘူး။တစ်ကယ်လို့သာရေအေးဆိုတဲ့အရာဟာပူနေမယ်ဆိုရင်သူ့ကိုရေအေးလို့ဆက်မခေါ်နိုင်တော့ပါဘူး။သူဟာအလိုလိုရေပူဖြစ်သွားပါပြီ။

-

(၂)မီးနီဟာလဲမစိမ်းပါဘူး။တစ်ကယ်လို့သာမီးနီဟာစိမ်းနေမယ်ဆိုရင်၊သူ့ကိုမီးနီလို့ဆက်မခေါ်နိုင်တော့ပါဘူး။သူဟာမီးစိမ်းအလိုလိုဖြစ်သွားပါပြီ။

-

(၃)ကြောင်နက်ဟာဖြူဆွတ်နေလို့မရပါဘူး။တစ်ကယ်လို့သာကြောင်နက်ဟာဖြူဆွတ်နေမယ်ဆိုရင်၊သူဟာကြောင်နက်မဟုတ်နိုင်တော့ပဲ၊အလိုလိုကြောင်ဖြူဖြစ်သွားပါပြီ။

-

(၄)လောကမှာ(ဘာမှမရှိဘူးဆိုတဲ့သဘောတရား)သို့မဟုတ်(မရှိတရား)ဆိုတာမရှိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့၊တစ်ကယ်လို့သာလောကမှာ(ဘာမှမရှိတဲ့သဘောတရား)သို့မဟုတ်(မရှိတရား)ဆိုတာကြီးရှိနေခဲ့မယ်ဆိုရင်၊အဲဒီမရှိတရားဆိုတာကြီးက၊အလိုလိုနေရင်းနဲ့အရှိတရားဖြစ်သွားပြီတဲ့။

-

ကျွန်တော်ဒီလောက်ဥပမာတွေနဲ့ပြောပြလိုက်တော့စာဖတ်သူအားလုံးနားလည်လောက်ပြီလို့ထင်ပါတယ်။ဒီသဘောဟာခက်ခဲနက်နဲလို့နားမလည်သေးရင်နောက်မှကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့သေချာပြန်စဉ်းစားကြည့်ကြပါ။

-

နောက်ဆုံးဒီဆွေးနွေးပွဲကိုအနှစ်ချုပ်လိုက်တော့၊စာဖတ်သူအများစုအတွက်အရင်ကမသိရသေးတဲ့လောကကြီးရဲ့အမှန်တရား(၂)ခုသေချာသိလာရပါတယ်။

-

လောကကြီးရဲ့နံပါတ်(၁)အမှန်တရားကဆန့်ကျင်ဖက်နိယာမပါ။

၁။လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဆိုတာဘယ်တော့မှနှစ်ခုစလုံးပြိုင်တူမချုပ်ငြိမ်းနိုင်ဘူး၊အမြဲတန်းတစ်ခုချုပ်ရင်တစ်ခုကျန်ရှိနေရမယ်။သို့မဟုတ်(၂)ခုစလုံးအချိုးကျရောစပ်ပြီးအတူတကွရှိနေရမယ်။

-

လောကကြီးရဲ့နံပါတ်(၂)အမှန်တရားကတော့မရှိတရားပါ။

၂။လောကကြီးမှာဘာမှမရှိဘူးဆိုတဲ့သဘောတရားဆိုတာဘယ်လိုမှကိုမဖြစ်နိုင်ဘူး။တစ်ခုခုတော့ရှိနေရမယ်။တစ်ခုမရှိရင်၊အခြားတစ်ခုရှိနေရမယ်။လောကမှာမရှိတရားဆိုတာဘယ်လိုမှကိုမရှိနိုင်တဲ့သဘောသဘာဝပါ။ဘာကြောင့်လဲဆိုတော့မရှိတရားဆိုတာရှိခဲ့မယ်ဆိုရင်တောင်ဒဿနိကသဘောအရ၊အလိုလိုနေရင်းအရှိတရားဖြစ်သွားရပါတယ်။

-

သိပ်အရေးကြီးတဲ့လောကရဲ့အမှန်တရား(၂)ခုကိုစာဖတ်သူတွေသိသွားပြီဆိုတော့ရှေ့ဆက်သွားကြပါစို့။နောက်ဆုံးမှာကျွန်တော်ကဆရာကြီးကိုအောက်ပါပွဲသိမ်းမေးခွန်း(၄)ခုပြန်မေးလိုက်ပါတော့တယ်။

-

မေးခွန်း(၁)။

ဆရာကြီးခင်ဗျား။ဆရာကြီးရဲ့ဒဿနိကဗေဒအရ၊လောကမှာ(ဘာမှမရှိတဲ့သဘောတရား)တစ်နည်းအားဖြင့်(Non Existence)ဆိုတာမရှိနိုင်ဘူးဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာဟာအဲဒီဘာမှမရှိတဲ့သဘောတရား(Non Existence)ကြီးဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ?။မရှိတာကြီးဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?။

-

မေးခွန်း(၂)။ ဆရာကြီးခင်ဗျား။လောကမှာတစ်ခုချုပ်သွားရင်သူ့နေရာမှာအခြားတစ်ခုခုရှိနေရမယ်ဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာဟာလဲတစ်ခုခုတော့ရှိနေရမှာပေါ့။ဒါကြောင့်နိဗ္ဗာန်ဆိုတာ(ဘာမှမရှိတဲ့သုည)သဘောမျိုးဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ?။

-

မေးခွန်း(၃)။ ဆရာကြီးခင်ဗျား။လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဘယ်လိုမှတစ်ပြိုင်တည်းမချုပ်ငြိမ်းနိုင်ဘူး၊တစ်ခုချုပ်ရင်၊တစ်ခုကျန်နေရမယ်ဆိုရင်၊ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်မှာဆန့်ကျင်ဖက်သဘောတရားတွေဖြစ်ကြတဲ့ဒုက္ခရော၊သုခရောနှစ်ခုစလုံးတစ်ပြိုင်နက်တည်းဘယ်လိုလုပ်ပြီးချုပ်ငြိမ်းသွားနိုင်မှာလဲ?။

-

မေးခွန်း(၄)။ 

ဆရာကြီးခင်ဗျား။ဆန့်ကျင်ဖက်နိယာမအရကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်မှာဒုက္ခတွေအားလုံးချုပ်ငြိမ်းသွားတယ်ဆိုကတည်းကသုခသက်သက်ပဲကျန်နေရမှာမဟုတ်ဘူးလား?။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ(ဘာမှမရှိတဲ့သုည)သဘောကိုအဓိပ္ပါယ်မဲ့လိုချင်နေကြတာလား၊ဒါမှမဟုတ်ဒုက္ခတွေအားလုံးချုပ်ငြိမ်းပြီးသုခချမ်းသာသက်သက်သာကျန်ရှိနေတဲ့တစ်ကယ့်ချမ်းသာအစစ်ကိုလိုချင်နေကြတာလား?။

-

ကျွန်တော်မေးလိုက်တဲ့နောက်ဆုံးပွဲသိမ်းမေးခွန်း(၄)ခုစလုံးကိုဆရာကြီးတစ်ခုမှမဖြေနိုင်တော့ပါဘူး။ဆရာကြီးဟာဗုဒ္ဓဘာသာဝင်တွေရဲ့နိဗ္ဗာန်ဆိုတာကိုနားလည်သင့်သလောက်နားလည်သွားပါပြီ။

-

ဆရာကြီးကသူတစ်သက်လုံးဒီလိုတစ်ခါမှမတွေးမိခဲ့ဘူး။ကျွန်တော်နဲ့တွေ့တော့မှဒီအကြောင်းတွေဆွေးနွေးခွင့်ရလို့သိပ်ကိုတန်ဖိုးရှိပါတယ်။ဒီလိုဆွေးနွေးပေးလို့ကျေးဇူးလဲတင်ပါတယ်။ဒါပေမယ့်ကျွန်တော်မေးတဲ့ခွန်းတွေကိုသူချက်ခြင်းမဖြေပါရစေနဲ့တဲ့။ဒီနေ့အတွက်တော့သူ့ကိုအနားပေးဖို့တောင်းဆိုခဲ့ပါတယ်။

-

နောက်တစ်ပါတ်ကြမှသူသေသေချာချာလေးလေးနက်နက်စဉ်းစားပြီးကျွန်တော့်မေးခွန်းတွေကိုဖြေပါရစေလို့ပြောပါတယ်။ကျွန်တော်ကလဲ၊ကောင်းပါပြီဆရာကြီးခင်ဗျားလို့။နောက်တစ်ပါတ်ကြမှပြန်ဆုံကြတာပေါ့ဆိုပြီးဆွေးနွေးပွဲကိုရပ်နားပေးလိုက်ပါတယ်။

-

နောက်တစ်ပါတ်သင်္ချာဆရာကြီးနဲ့ပြန်ဆုံတဲ့အချိန်မှာသုညအကြောင်းကိုဘယ်လိုဆွေးနွေးကြတယ်ဆိုတာကိုအချိန်ရရင်ဆက်ရေးပေးပါဦးမယ်။စာရှည်သွားလို့ဒီနေ့အတွက်ကတော့၊ဒီလောက်ပါပဲ။

-

မှတ်ချက်။

ဒီ(post)မှာဆွေးနွေးခဲ့တဲ့သဘောတရားတွေဟာအလွန်ခက်ခဲ၊နက်နဲလို့သာမာန်လူတွေအတွက်ချက်ခြင်းနားလည်မှာမဟုတ်ပါဘူး။နားမလည်ရင်လဲစိတ်မပျက်ကြပါနှင့်၊အကြိမ်ကြိမ်ပြန်ဖတ်ပြီး၊ဟုတ်မဟုတ်မိမိဉာဏ်ပညာနဲ့သေချာပြန်စဉ်းစားကြည့်ပါ။မကြာခင်သေချာနားလည်သွားပါလိမ့်မယ်။

-

လောကနိယာမအနှစ်ချုပ်။

(၁)ဆန့်ကျင်ဖက်နိယာမအရ၊လောကမှာဆန့်ကျင်ဖက်သဘောတရားတွေဆိုတာဘယ်တော့မှနှစ်ခုစလုံးတစ်ပြိုင်နက်တည်းမချုပ်ငြိမ်းနိုင်ဘူး။

-

(၂)လောကမှာဘာမှမရှိတဲ့သဘောတရားဆိုတာကလဲဘယ်လိုမှမဖြစ်နိုင်ပါ။တစ်ခုခုတော့ရှိနေရပါမယ်။

-

အားလုံးကျန်းမာ၍၊အသိပညာသစ်၊အမြင်သစ်တွေရရှိကြပါစေ။

Kelvin Albert Power

================

Saturday, October 8, 2022

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက်

နိဗ္ဗာန်မြင်သွားသော ဘာသာခြားတစ်ယောက်။




အပိုင်း(၁)။

(နိဒါန်း၊တရားထူးရဖို့အရေးကြီးပုံ။)

-

လူတစ်ယောက်ဟာကျန်းမာရေးရဲ့လှို့ဝှက်ချက်တွေကိုသေချာနားလည်သွားမယ်ဆိုရင်ဘဝတစ်ခုလုံးမှာကျန်းကျန်းမာမာနဲ့ရောဂါကင်းပြီး၊အသက်ရှည်ရှည်နေလို့ရနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်အရင်ကကျန်းမာရေးပညာပေး(Post)တွေကိုသာအဓိကထားပြီးရေးပေးခဲ့ပါတယ်။

-

တစ်ကယ်တော့ကျန်းမာရေးဆိုတာဟာတစ်ဘဝစာအတွက်တော့အသက်လောက်အရေးကြီးတယ်ဆိုတာမှန်ပေမယ့်၊ဗုဒ္ဓဘာသာဝင်တွေအတွက်ကြတော့၊ကျန်းမာရေးထက်ပိုပြီးအရေးကြီးတာတစ်ခုထပ်ရှိနေသေးပါတယ်။အဲဒါကတော့ဒီဘဝ၊ဒီခန္ဓာနဲ့တရားထူးရရှိနိုင်ဖို့ပါပဲ။

-

တရားထူးရရှိလိုက်တယ်ဆိုတာဟာတစ်ဘဝစာအတွက်မဟုတ်ပဲ၊သံသရာတစ်ခုလုံးစာအတွက်ဖြစ်နေလို့ကျန်းမာရေးထက်ကိုပိုပြီးတောင်အရေးကြီးပါတယ်။ကျွန်တော်ဆိုလိုတာကကျန်းမာရေးမကောင်းရင်ဒီတစ်ဘဝပဲရောဂါရမယ်။ဒီတစ်ဘဝပဲသေရမှာပါ။ကိုယ့်အသိဉာဏ်ကသံသရာအတွက်ဘာမှအာမခံချက်မရှိသေးဘူးဆိုရင်တော့ဘဝအဆက်ဆက်မဆုံးနိုင်အောင်အကြိမ်ကြိမ်ထပ်သေရပါဦးမယ်။

-

သေပြီးအပါယ်အကြိမ်ကြိမ်ထပ်ကျနိုင်ပါသေးတယ်။ဘယ်တော့မှမဆုံးနိုင်တဲ့အိုနာသေဘေး၊အပါယ်ဘေးတွေကိုဘဝဆက်တိုင်းရင်ဆိုင်ကြရပါဦးမယ်။ဒီနေရာမှာသေသွားတဲ့လူအများစုဟာအပါယ်ဘုံတွေကိုပဲရောက်ကြတယ်ဆိုတာကျွန်တော့်စကားမဟုတ်ပါ။အပါယ်လေးဘုံဆိုတာသတ္တဝါတွေအတွက်အမြဲတမ်းနေအိမ်ဆိုတာမြတ်စွာဘုရားရှင်ရှင်ကိုယ်တော်တိုင်ဟောထားတာရှိပါတယ်။

-

သေပြီးရင်သုဂတိရောက်သွားသူတွေထက်အပါယ်ကျသွားသူတွေဟာဘယ်လောက်တောင်အဆမတန်များနေတယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလက်သည်းခွံပေါ်မှာတင်နေတဲ့မြေမှုန့်နဲ့ကမ္ဘာမြေကြီးတစ်ခုလုံးမှာရှိတဲ့မြေမှုန့်တွေဘယ်လောက်တောင်ပမာဏချင်းကွာခြားတယ်ဆိုတာဥပမာပြု၊နှိုင်းယှဉ်ပြီးဟောထားခဲ့တာလဲရှိပါတယ်။

-

မြတ်စွာဘုရားဟောထားတဲ့ကာလာမသုတ္တန်အတိုင်း၊အရာရာတိုင်းမှာ၊ဘယ်သူ့စကားကိုမှမယုံကြပါနှင့်။မိမိတို့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ပါဆိုသည့်အတိုင်း၊မြတ်စွာဘုရားရှင်ရဲ့စကားဟာ၊မှန်ကန်ပြီးသဘာဝယုတ္တိလဲရှိတယ်ဆိုတာကိုအောက်ပါနည်းလမ်းအတိုင်းမိမိတို့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစား၊ဆန်းစစ်ကြည့်ကြပါစို့။

-

စိတ်၊စေတသိတ်တွေနဲ့ပါတ်သက်ပြီး၊စိတ္တနိယာမဆိုတာရှိပါတယ်။သတ္တဝါတွေဟာဘဝကူးကြတော့မယ်ဆိုရင်၊စိတ်တစ်ခုနဲ့စုတေကြရပါတယ်။သမုတိသဘောအရအဲဒီစုတေစိတ်ကပဲနောက်ဘဝတစ်ခုမှာပဋိသန္ဓေစိတ်ပြန်ဖြစ်ကြရပါတယ်။

-

ဆိုလိုတာက၊ပရမတ္တသဘောအရဆိုရင်တော့၊ဒီဘဝစုတေစိတ်နဲ့နောက်ဘဝပဋိသန္ဓေစိတ်ဟာ၊အကြောင်းအကျိုးဆက်စပ်ပြီးစိတ်အစဉ်တန်းတစ်ဆက်တည်းဖြစ်နေတယ်လို့ဆိုပေမယ့်၊သမုတိသဘောအရပြောမယ်ဆိုရင်တော့တစ်စိတ်တည်းလို့ဆိုနိုင်ပါတယ်။

-

တစ်ဖက်ကနေပဌာန်းဒေသနာတော်ကိုပြန်ကြည့်ရင်(ဟေတုပစ္စယော)ဆိုတာလူတိုင်းကြားဖူးကြမှာပါ။(ဟေတုပစ္စယော)ဆိုတာဟိတ်စိတ်(၆)ပါးကိုဆိုလိုတာပါပဲ။သတ္တဝါတွေရဲ့သဏ္ဍန်မှာအမြဲဖြစ်နေတတ်တဲ့ဟိတ်စိတ်(၆)မျိုး၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်တွေမှာအမြဲမပြတ်ဦးဆောင်ပါဝင်နေတဲ့ဒီဟိတ်စိတ်(၆)မျိုးရဲ့အကျိုးသက်ရောက်မှု့ကို(ဟေတုပစ္စယော)လို့ခေါ်တာပါပဲ။

-

သတ္တဝါတွေအားလုံးဟာဒီဟိတ်စိတ်(၆)ပါးနဲ့ပဲစုတေကြရသလို၊ဒီဟိတ်စိတ်(၆)ပါးနဲ့ပဲပဋိသန္ဓေပြန်ယူကြရပါတယ်။ဒီနေရာမှာအဓိကပြောချင်တာကအပါယ်ဘုံတွေရဲ့ပဋိသန္ဓေတွေဟာအမြဲတန်း(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့သာပဋိသန္ဓေယူကြရပြီး၊သုဂတိဘုံတွေမှာကြတော့အမြဲတန်း(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်တွေနဲ့သာပဋိသန္ဓေယူကြရပါတယ်။

-

ကျွန်တော်ဆိုလိုချင်တာက၊သမုတိသစ္စာအရ၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်ဟာတစ်ခုတည်းဆိုရင်(တနည်းအားဖြင့်)ပရမတ္တသစ္စာအရ၊စုတေစိတ်နဲ့ပဋိသန္ဓေစိတ်ဟာစိတ်အစဉ်တန်းတစ်ခုတည်းဆိုရင်၊(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေစိတ်ကျတဲ့သူဟာ၊ဆန့်ကျင်ဖက်ဖြစ်တဲ့(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့ပဋိသန္ဓေပြန်ပြီးယူနိုင်ဖို့ဆိုတာစိတ္တနိယာမအရဘယ်လိုမှကိုမဖြစ်နိုင်ပါ။


-

နောက်ဘဝပဋိသန္ဓေစိတ်ဟာဒီဘဝစုတေစိတ်နဲ့တစ်ဆက်တည်း၊တစ်ခုတည်းဖြစ်နေလို့၊ (ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေမယ်ဆိုရင်အပါယ်ဘုံမှာသေချာပေါက်ပဋိသန္ဓေပြန်ရကြရမှာဖြစ်ပြီး။(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေမယ်ဆိုရင်၊သုဂတိဘုံတွေသေချာပေါက်ရောက်ပါလိမ့်မယ်။ဒါဟာလဲအကြောင်းအကျိုးညီညွတ်တဲ့သဘာဝနိယာမပါပဲ။

-

လောကမှာအကြောင်းတရားကိုသာပြုပြင်လို့ရနိုင်ပါတယ်။အကျိုးတရားကိုဘယ်လိုမှပြုပြင်လို့မရနိုင်ပါဘူး။ဥပမာပြောရရင်မွေးဖွားလာခြင်းကအကြောင်းတရားဆိုရင်၊သေဆုံးခြင်းကအကျိုးတရားပါပဲ။မွေးဖွားလာပြီဆိုတာနဲ့သေခြင်းတရားကဘယ်လိုမှမလွတ်မြောက်နိုင်တော့ပါဘူး။နောက်ထပ်ပြန်ပြီးမမွေးဖွားတော့အောင်လုပ်နိုင်မှသာလျှင်သေခြင်းတရားကနေလွတ်နိုင်ပါလိမ့်မယ်။

-

ဒီသဘောအတိုင်းပါပဲ၊အကြောင်းအကျိုးနဲ့ဆက်စပ်ပြောရမယ်ဆိုရင်၊နောင်ဘဝပဋိသန္ဓေစိတ်ဟာအကျိုးတရားဖြစ်နေလို့ကျွန်တော်တို့ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရနိုင်ပါဘူး။လူတစ်ယောက်အတွက်ဘဝကူးကောင်းဖို၊အဓိကအကျဆုံးအရာကတော့အကြောင်းတရားဖြစ်တဲ့စုတေစိတ်ပဲဖြစ်ပါတယ်။

-

ဒီနိယာမကိုသေချာသိထားပြီဆိုရင်၊ကိုယ်သေတဲ့အချိန်မှာလဲအဲဒီအကြောင်းတရားဖြစ်တဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်၊ကြိုးစားထားဖို့အတွက်အလွန်အရေးကြီးပါတယ်။။ဒါပေမယ့်လက်တွေ့လွယ်ပါ့မလားဆိုတာကိုတော့ဆက်ပြီးလေ့လာကြရအောင်။

-

အကုသိုလ်ဟိတ်စိတ်(၃)ပါးဆိုတာတွေကဘာတွေလဲဆိုတော့။

-

(၁)လောဘစိတ်။

လောဘစိတ်ဆိုတာအလိုရမက်ကြီးတာတစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူး။မိမိကိုယ်ကိုချစ်ခင်တာ၊မိမိရဲ့မိသားစု၊သားသမီး၊မြေး၊မြစ်၊ဆွေမျိုး၊မောင်နှမ၊မိတ်ဆွေတွေအပေါ်တွယ်တာတာ။မိမိပိုင်ဆိုင်တဲ့အိမ်၊ခြံ၊မြေ၊ရွှေ၊ငွေ၊ကား၊အစရှိတဲ့ဥစ္စာပစ္စည်းတွေကိုတွယ်တာတာတွေအားလုံးအကျုံးဝင်ပါတယ်။

-

(၂)ဒေါသစိတ်။

ဒေါသစိတ်ဆိုတာစိတ်ဆိုးတာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။စိတ်မချမ်းသာတာ၊ဝမ်းသာပီတိမဖြစ်နိုင်တာ၊စိတ်ဆင်းရဲတာ၊စိတ်ညစ်တာ၊မပျော်တာ၊ကြောက်ရွံ့တာ၊စိုးရိမ်ပူပန်တာတွေအားလုံးကိုဆိုလိုတာပါ။

-

(၃)မောဟစိတ်။

မောဟစိတ်ဆိုတာအမှန်ကိုမသိတာတစ်ခုတည်းမဟုတ်ပါဘူး။တွေဝေတာ၊ထိုင်းမှိုင်းနေတာ၊သတိလက်လွတ်ဖြစ်တာ၊မေ့လျှော့တာ၊ကိုယ်နဲ့စိတ်မကပ်တာ။သတိလစ်မေ့မျှောနေတာ၊အားလုံးအကျုံးဝင်ပါတယ်။တစ်နည်းအားဖြင့်သတိနှင့်ပညာဦးဆောင်မထားတဲ့အချိန်တိုင်းမှာမောဟစိတ်တွေဖြစ်နေတတ်ပါတယ်။

-

ဆန့်ကျင်ဖက်ဖြစ်တဲ့ကုသိုလ်ဟိတ်စိတ်တွေကတော့အထက်မှာဖေါ်ပြထားတဲ့အကုသိုယ်ဟိတ်စိတ်တွေနဲ့တိုက်ရိုက်၊ပြောင်းပြန်၊ဆန့်ကျင်ဖက်ဖြစ်နေလို့မှတ်ရတာလွယ်ကူပါတယ်။ကုသိုလ်ဟိတ်စိတ်(၃)ပါးကတော့(အလောဘ၊အဒေါသ၊အမောဟ)စိတ်တွေပါပဲ။

-

ဒီနေရာမှာစာဖတ်သူကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်ပါ။လူတစ်ယောက်ဟာသေတော့မယ်ဆိုရင်၊ရောဂါနဲ့သေတာပဲဖြစ်ဖြစ်၊သူတပါးသတ်လို့သေတာပဲဖြစ်စေ၊မတော်တစ်ဆကားမှောက်လို့၊ထိခိုက်ဒဏ်ရာရလို့သေတာပဲဖြစ်စေ။သေချင်တဲ့နည်းနဲ့သေပါစေ။သေခါနီးအချိန်မှာဘယ်စိတ်နဲ့သေကြမှာလဲ?။

-

သာမာန်ပုထုဇဉ်တစ်ယောက်ဟာ၊မိမိကိုယ်ကို(ငါသေရတော့မှာပါလားလို့)သိနေတဲ့သေခါနီးအချိန်တစ်ခုမှာ

-

(၁)မကြုံဖူးလောက်အောင်ဆိုးဝါးတဲ့၊အဆိုးဝါးဆုံး၊အနာကျင်ဆုံး၊ဒုက္ခဝေဒနာနဲ့ရင်ဆိုင်ခံစားရမှာအလွန်သေချာပါတယ်။စိတ်ချမ်းသာပြီးနေလို့ထိုင်လို့သိပ်ကောင်းတဲ့သုခချမ်းသာတွေနဲ့ကြုံတွေ့ရမှာတော့မဟုတ်ပါဘူး။ဒုက္ခဝေဒနာနဲ့သေရမယ်ဆိုရင်စုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ဘူး။

-

(၂) သေရမှာကိုသိနေတဲ့ဒီလိုအချိန်မျိုးမှာဝမ်းသာနေမှာလား၊ဝမ်းနည်းနေမှာလား။ဝမ်းနည်းစွာနဲ့သေရမယ်ဆိုရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၃)သေရမှာကိုသိတော့ကြောက်နေမှာလား၊ရဲဝံ့နေမှာလား။ကြောက်ကြောက်နဲ့ သေရမယ်ဆိုရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၄)ဒီအချိန်မှာခိုကိုးရာမဲ့ဖြစ်ပြီးစိတ်ဆင်းရဲနေမှာလား၊သေရမှာကိုပီတိဖြစ်ပြီးပျော်ရွင်နေမှာလား။ခိုကိုးရာမဲ့၊စိတ်ဆင်းရဲပြီးသေရမယ်ဆိုရင်ရင်လဲစုတေစိတ်က(ဒေါသဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အဒေါသဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၅)မိမိရဲ့မိသားစု၊သားသမီး၊မြေး၊မြစ်၊ဆွေမျိုး၊မောင်နှမ၊မိတ်ဆွေတွေအပေါ်မှာသံယောဇဉ်တွေချက်ခြင်းဖြတ်ပြစ်လို့ရနိုင်မှာလား၊သံယောဇဉ်တွေကျန်နေဦးမှာလား။သံယောဇဉ်တန်းလန်းနဲ့သေရမယ်ဆိုရင်တော့စုတေစိတ်က(လောဘဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အလောဘဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပါဘူး။

-

(၆)မိမိပိုင်ဆိုင်တဲ့အိမ်၊ခြံ၊မြေ၊ရွှေ၊ငွေ၊ကား၊အစရှိတဲ့ဥစ္စာပစ္စည်းတွေကိုလဲဘာဖြစ်ဖြစ်ကွာဆိုတဲ့စိတ်နဲ့ပြစ်ထားလို့ရနိုင်မှာလား။ဒါမှမဟုတ်ဥစ္စာပစ္စည်းတွေအတွက်စိုးရိမ်ပူပန်နေရဦးမှာလား။မပြစ်ထားနိုင်ပါဘူး၊မစွန့်နိုင်သေးပါဘူး၊စိုးရိမ်ပူပန်နေဦးမယ်ဆိုရင်တော့၊သေရရင်တော့စုတေစိတ်က(လောဘဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အလောဘဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပြန်ပါဘူး။

-

(၇)သေခါနီးမှာတွေဝေတာ၊ထိုင်းမှိုင်းတာ၊သတိလက်လွတ်တာ၊မေ့မျောတာ၊ကိုယ်နဲ့စိတ်မကပ်တာတွေအားလုံးတစ်ခုမှမဖြစ်ပဲ၊သတိ၊သမာဓိနဲ့သေနိုင်မှာလား?။မေ့မေ့လျော့လျော့နဲ့သေရမယ်ဆိုရင်တော့စုတေစိတ်က(မောဟဟိတ်စိတ်)ဖြစ်နေတော့၊စိတ္တနိယာမအရဒီစိတ်နဲ့ပဲသေချာပေါက်ပဋိသန္ဓေပြန်ရမှာပါပဲ။ဆန့်ကျင်ဖက်ဖြစ်နေတဲ့(အမောဟဟိတ်စိတ်)နဲ့တော့ဘယ်လိုမှပဋိသန္ဓေပြန်ရဖို့မဖြစ်နိုင်ပြန်ပါဘူး။

-

အထက်ပါအချက်တွေကိုပြန်ကြည့်ရင်(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်တွေနဲ့စုတေစိတ်ကျဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ကိုခက်ခဲပါတယ်။သတ္တဝါအများစုဟာ(ဒေါသ၊လောဘ၊မောဟ)ဆိုတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲစုတေကြပြီး၊အဆိုပါအကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲပဋိသန္ဓေပြန်ရကြတာများပါတယ်။

-

ဒါကြောင့်မြတ်စွာဘုရားရှင်ကသမုဒ္ဒရာလေးစင်းပေါ်မှာမျောနေတဲ့အပေါက်တစ်ခုသာပါတဲ့လှည်းတံပိုးအကျိုးတစ်ချောင်းမှာရှိတဲ့အပေါက်ဝနဲ့၊နှစ်တစ်ရာမှတစ်ခါရေပေါ်ကိုပေါ်လာတတ်တဲ့လိပ်ကြီးရဲ့ဦးခေါင်းနဲ့တိတိကျကျသွားပြီးစွတ်မိဖို့ဆိုတာမဖြစ်နိုင်လောက်နီးပါးကိုခဲယှဉ်းပါတယ်။ဒီဥပမာအတိုင်းပါပဲ၊သေသွားတဲ့လူတစ်ယောက်သုဂတိဘုံပြန်ရောက်ဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ကိုခဲယှဉ်းပါတယ်လို့မြတ်စွာဘုရားဟောခဲ့ပြီးသားပါ။

-

မြတ်စွာဘုရားရှင်အဆူပေါင်းဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့ပြီးပြီ၊အဂ္ဂသာဝက၊မဟာသာဝကဆိုတာကတော့ရေတွက်လို့မရနိုင်အောင်ပါပဲ။ဒီလိုပုဂ္ဂိုလ်ထူးတစ်ဆူ၊တစ်ပါးလောက်ဟောခဲ့တဲ့တရားတစ်ပိုဒ်လောက်တောင်ကျွန်တော်တို့တွေမနာခဲ့ရရှာပါဘူး။တစ်ကယ်လို့သာဒီသူတော်ကောင်းတွေနဲ့တစ်ခါလောက်ကြုံတွေ့၊တရားနာခဲ့ရမယ်ဆိုရင်ကျွန်တော်တို့ကျွတ်တန်းဝင်သွားတာကြာပါပြီ။အမြဲတန်းလွဲနေခဲ့လို့သာအခုထက်ထိမကျွတ်ပဲကျန်နေရတာပါ။

-

ဒါဆိုစာဖတ်သူတွေကိုကျွန်တော်မေးခွန်းတစ်ခုမေးပါရစေ။မရေမတွက်နိုင်အောင်များတဲ့ဘုရားရှင်တွေပွင့်ခဲ့တာ၊အဂ္ဂသာဝက၊မဟာသာဝကတွေပေါ်ထွန်းခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘာကြောင့်အမြဲလွဲခဲ့ရတာလဲ?။ကျွန်တော်တို့ဘယ်ရောက်နေကြလို့လဲ?။

-

မရေမတွက်နိုင်အောင်များတဲ့ဘုရားရှင်တွေပွင့်နေတဲ့အချိန်မှာကျွန်တော်တို့တွေအပါယ်ဘုံမှာရှိနေကြပါတယ်။ကျွန်တော်တို့တွေအပါယ်ဘုံမှာအမြဲရှိပါတယ်။အပါယ်ဆိုတာကျွန်တော်တို့ရဲ့အမြဲနေအိမ်ပါ။လူ့ဘဝ၊နတ်ဘဝဆိုတာကကျွန်တော်တို့အတွက်အလွန်ရောက်ခဲတဲ့နေရာတွေပါ။

-

ဂင်္ဂါဝါလုသဲစုမကပွင့်ခဲ့ပြီးပြီဖြစ်တဲ့ဘုရားတွေကိုတောင်လွဲခဲ့ပြီးပြီဆိုရင်နောင်ပွင့်မယ့်အရိမေတ္တယျမြတ်စွာဘုရားကိုဖူးမြင်ရဖို့၊တရားနာပြီးအကျွတ်တမ်းဝင်ရဖို့ထိုင်ဆုတောင်းနေမယ်ဆိုရင်ဘယ်လောက်သေချာနိုင်မှာလဲ။အကြိမ်တစ်သန်းထိုးလို့မပေါက်တဲ့ထီဟာ၊ဆက်ထိုးလို့ကောပေါက်နိုင်ချေဘယ်လောက်ရှိမှာလဲ။

-

ထိုင်စောင့်ရမယ့်အချိန်မဟုတ်ပါဘူး။လူလဲဖြစ်လာ၊သာသနာနဲ့လဲကြုံတွေ့နေတဲ့အချိန်မှဝိပဿနာတရားအားထုတ်ရမယ့်အချိန်ပါ။မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားတဲ့အတိုင်းပါရမီမလိုဘူး၊ကျင့်ရင်ရနိုင်တယ်ဆိုတာအလွန်မှန်ပါတယ်။

-

ဆရာတော်ကြီးဆိုလိုတဲ့၊ပါရမီမလိုဘူးဆိုတဲ့သဘောက၊ပါရမီကရှိနေပြီးသားဖြစ်နေလို့ပါ။ကျွန်တော်တို့တွေအပါယ်ကနေခေတ္တလွတ်မြောက်လာပြီးဒီလိုအချိန်အခါကောင်းတစ်ခုမှာလူလာဖြစ်နေတယ်။မြတ်စွာဘုရားရဲ့သာသနာတော်နဲ့လဲတိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့နေရပြန်တယ်။ကျွန်တော်တို့လောက်ပါရမီကောင်းတဲ့သူဆိုတာရှိပါဦးမလား။ဝိပဿနာအလုပ်တစ်ကယ်စလုပ်ဖို့ပဲလိုပါတယ်။

-

ဒီဘဝရဲ့စုတေစိတ်ဟာနောင်ဘဝပဋိသန္ဓေစိတ်နဲ့တစ်ဆက်တည်းဖြစ်နေလို့သေပြီးအပါယ်ပြန်မရောက်ဖို့ဆိုတာကိုယ်သေမယ့်စုတေစိတ်ကအလွန်အရေးကြီးပါတယ်။ကျွတ်တော်တို့တွေ၊ကိုယ့်ကိုကိုယ်(ငါသေရင်ဟိတ်စိတ်(၆)ပါးထဲကဘယ်လိုစိတ်မျိုးနဲ့စုသေမလဲ)ဆိုတာကိုတစ်ခါလောက်ပြန်တွေးကြည့်ကြဖူးကြသလား။ဒီနေရာမှာကိုယ်လုပ်ထားတဲ့ကုသိုလ်တွေကိုထည့်မတွက်ပါနဲ့ဦး။ဘာကြောင့်လဲဆိုတော့များသောအားဖြင့်၊စုတေစိတ်မမှန်ရင်လုပ်ထားတဲ့ကုသိုလ်တွေဟာပဋိသန္ဓေကောင်းကျိုးမပေးနိုင်ပါဘူး။စုတေစိတ်ကသာလျှင်ပဋိသန္ဓေအကျိုးပေးနိုင်တာပါ။

-

ပုထုဇဉ်တွေမှာ(အဒေါသ၊အလောဘ၊အမောဟ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့စုတေစိတ်ကျဖို့ဆိုတာလူတစ်ထောင်မှာတစ်ယောက်တောင်မရှိနိုင်ပါဘူး။လူတစ်သောင်း၊တစ်သိန်းမှာတောင်တစ်ယောက်ရှိဖို့မလွယ်ပါဘူး။

-

အခုစာဖတ်နေသူဟာဟိတ်စိတ်(၆)ပါးအကြောင်းနဲ့၊စုတေ၊ပဋိသန္ဓေ၊စိတ္တနိယာမသဘောတွေကိုနားလည်သွားပြီဆိုရင်၊သေသွားလို့သုဂတိပြန်ရောက်ဖို့ဘယ်လောက်တောင်ခက်ခဲသလဲဆိုတာကို၊ဥပမာတွေပေးပြီးဟောထားတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတွေဟာအလွန်မှန်ကန်နေတယ်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ပြန်ပြီးဆန်းစစ်ကြည့်လို့သဘောပေါက်လက်ခံသွားလောက်ပါပြီ။

-

ကိုယ်သေရင်လဲအပါယ်ကျဖို့များသလား၊လူ့ပြည်၊နတ်ပြည်ပြန်ရောက်ဖို့များသလားဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်လို့ရသွားပါပြီ။လူဆိုတာဘာကောင်ကြီးပဲဖြစ်ဖြစ်၊ဘယ်လောက်ပဲချမ်းသာ၊ရာထူးကြီး၊ပညာတတ်နေပါစေ၊ပုထုဇဉ်မှန်ရင်၊များသောအားဖြင့်(ဒေါသ၊မောဟ၊လောဘ)ဆိုတဲ့အကုသိုလ်ဟိတ်(၃)ပါးနဲ့သာစုတေစိတ်ကျကြလို့၊အဲဒီအကုသိုလ်ဟိတ်စိတ်တွေနဲ့ပဲပဋိသန္ဓေပြန်ယူကြရပါတယ်။ဒါဟာသဘာဝတရားပါ။

-

ဝေသာလီပြည်မှာကပ်ဘေးဆိုက်တုံးက၊အရိယာတို့ရဲ့မဂ်သမာဓိကို၊သေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်လို့၊လောကမှာရှိတဲ့ရတနာတွေအားလုံးနဲ့မနှိုင်းယှဉ်အပ်လောက်အောင်မြင့်မြတ်ထူးခြားလွန်းတယ်လို့မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရတနာ့သုတ်မှာသစ္စာဆိုပြီးသတ္တဝါတွေကိုကပ်ဆိုးဘေးကနေကယ်တင်ခဲ့ဘူးပါတယ်။

-

သောတာပတ္တိမဂ်ဆိုတာဟာအလွန်ရခဲတဲ့ရတနာပါ။ရတနာ့သုတ်မှာသောတာပန်တွေနဲ့ပါတ်သက်လို့မြတ်စွာဘုရားရှင်ကိုယ်တိုင်သစ္စာဆိုပြီးချီးကျူးထားတဲ့သစ္စာစကားတွေအများကြီးပါနေပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရတနာ့သုတ်မှာသစ္စာဆိုပြီးချီးမွမ်းခဲ့တဲ့အရိယာတို့ရဲ့မဂ်သမာဓိဆိုတာတစ်ခြားမဟုတ်ပါဘူး။အရိယာတိုရဲ့ဖိုလ်စိတ်နဲ့ယှဉ်ပြီးဖြစ်လာတဲ့လောကုတ္တရာသမာဓိကိုဆိုလိုတာပါပဲ။

-

သေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်ဆိုတဲ့အဓိပါယ်ကတော့၊အရိယာတွေဆိုတာသေခါနီးမှာလောကုတ္တရာသမာဓိ(သို့မဟုတ်)ဖိုလ်ဇောကအမြဲဦးဆောင်ပြီးစုတေစိတ်ကျပါတယ်။တစ်နည်းအားဖြင့်၊ဖိုလ်စိတ်နဲ့ယှဉ်ပြီးဖြစ်ပေါ်လာတဲ့(အဒေါသ၊အမောဟ၊အလောဘ)ဆိုတဲ့ကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့သာလျှင်အမြဲစုတေစိတ်ကျပြီး၊အမြဲပဋိသန္ဓေပြန်ယူကြရပါတယ်။သောတာပန်တွေအပါယ်တံခါးလုံးဝအပြီးတိုင်ပိတ်သွားပြီဆိုတာဟာဒီသဘောသဘာဝကြောင့်ပါ။

-

အရိယာတို့ရဲ့ဖိုလ်ဇောတွေဟာဘယ်တော့မှဆန့်ကျင်ဖက်ဖြစ်နေတဲ့အကုသိုလ်ဟိတ်စိတ်တွေနဲ့ယှဉ်တွဲပြီးမဖြစ်နိုင်ပါဘူး။ဥပမာအားဖြင့်သောတာပန်ပုဂ္ဂိုလ်ဟာဖိုလ်ဝင်စားတော့မယ်ဆိုရင်၊မဝင်စားခင်မှာဝိပဿနာပြန်ရှုကြရပြီး၊ဝိပဿနာဉာဏ်နဲ့(ဒေါသ၊မောဟ၊လောဘ)တွေကိုအရင်ပြန်ပါယ်ကြရပါတယ်။ပြီးမှဖိုလ်ဝင်စားနိုင်ကြပါတယ်။ဒါဟာတွဲပြီးမဖြစ်နိုင်တဲ့စိတ်သဘောသဘာဝပါ။

-

ဖိုလ်ဇောတွေဟာဘယ်တော့မှအကုသိုလ်ဟိတ်(၃)ပါးနဲ့ယှဉ်ပြီးမဖြစ်နိုင်သလို၊အရိယာပုဂ္ဂိုလ်တွေဟာလဲဖိုလ်ဇောတွေနဲ့ကင်းပြီးဘယ်တော့မှစုတေစိတ်မကျနိုင်ပါဘူး။တစ်ကယ်လို့သာအရိယာပုဂ္ဂိုလ်တွေဟာဖိုလ်ဇောတွေနဲ့ကင်းပြီးစုတေစိတ်ကျခဲ့မယ်ဆိုရင်၊စိတ္တနိယာမအရ၊နောက်ဘဝ၊နောက်ပဋိသန္ဓေတွေမှာအရိယာမျိုးစေ့ပြန်ပါလာဖို့အကြောင်းမရှိနိုင်တော့ပါဘူး။

-

အရိယာပုဂ္ဂိုလ်တွေဟာဖိုလ်ဇောတွေနဲ့ယှဉ်နေတဲ့ကုသိုလ်ဟိတ်(၃)ပါးနဲ့သာအမြဲစုတေစိတ်ကျကြရလို့သာမြတ်စွာဘုရားကိုယ်တိုင်ကနောင်ဘဝဆက်တိုင်းမှာသေချာပေါက်အရိယာမျိုးစေ့ပြန်ပါလာတယ်လို့အာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအရိယာမျိုးစေ့ကြောင့်အရိယာသေရင်၊နောင်ဘဝမှာဘယ်လိုမှပုထုဇဉ်ပြန်ဖြစ်မသွားနိုင်ပါဘူး။

-

ဆိုလိုတာကဖိုလ်စိတ်ဦးဆောင်ပြီးကုသိုလ်ဟိတ်စိတ်(၃)ပါးနဲ့သာလျှင်စုတေစိတ်ကျတဲ့ပုဂ္ဂိုလ်ဟာ၊ဘဝဆက်တိုင်းဖိုလ်စိတ်နဲ့စုတေတယ်၊ပြီးရင်ဖိုလ်စိတ်နဲ့ပဲပဋိသန္ဓေပြန်ယူတယ်ဆိုတော့၊အရိယာမျိုးစေ့ဟာနောင်ဘဝအဆက်ဆက်တွေမှာမွေးကတည်းကပါလာတဲ့မွေးရာပါပစ္စည်းဖြစ်သွားပါတော့တယ်။

-

ဒီသဘောသဘာဝ၊နိယာမတွေအတိုင်းဆိုရင်၊

-

နံပါတ်(၁)။အရိယာသေရင်ဘယ်တော့မှအပါယ်ဘုံမှာပဋိသန္ဓေပြန်မရနိုင်ပါဘူး။

-

နံပါတ်(၂)။ အရိယာသေရင်၊ဘယ်ဘဝမှာမှပုထုဇဉ်ပြန်မဖြစ်နိုင်တော့ပါဘူး။နောက်ပြန်လှည့်တယ်ဆိုတာထုံးစံမရှိပါဘူး။

-

နံပါတ်(၃)။

အရိယာသေရင်ဘဝဟောင်းကရပြီးသားမဂ်၊ဖိုလ်အဆင့်အတွက်နောက်ဘဝမှာပြန်ပြီးကျင့်ရတယ်၊ပြန်အားထုတ်ရတယ်ဆိုတာလဲထုံးစံမရှိပါဘူး။အဆင့်ပိုမြင့်တဲ့နောက်ပိုင်းမဂ်တွေအတွက်ပဲဆက်ကြိုးစားအားထုတ်ရပါတယ်။

-

သောတာပန်တွေအတွက်၊နိဗ္ဗာန်မရောက်ခင်ကျင်လည်ရမည့်ဘဝတိုင်းမှာဖိုလ်စိတ်နဲ့ယှဉ်ပြီးစုတေစိတ်ကျ၊ဖိုလ်စိတ်နဲ့ယှဉ်ပြီးပဲပဋိသန္ဓေပြန်ရနိုင်တဲ့သဘောရှိလို့၊မြတ်စွာဘုရားကိုယ်တော်တိုင်ကလဲအရိယာမဂ်သမာဓိကိုသေပြီးအခြားမဲ့၌မိမိနှင့်အတူတကွလိုက်ပြီးအကျိုးထူးပေးတတ်တယ်ဆိုပြီးသေသေချာချာဟောထားပါတယ်။

-

အရိယာမျိုးစေ့ဆိုတာမိမိရဲ့သေရာပါပစ္စည်းနဲ့မွေးရာပါပစ္စည်းတစ်ခုဖြစ်သွားလို့၊ဒီသဘောသဘာဝဟာသံသရာတစ်ခုလုံးအတွက်ဘယ်လောက်တောင်တန်ဖိုးရှိသလဲဆိုတာစာဖတ်သူကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်စေချင်ပါတယ်။

-

သေရာပါ၊မွေးရာပါဖြစ်သွားတဲ့အရိယာမဂ်သမာဓိဟာဘယ်လောက်အဖိုးတန်သလဲဆိုရင်စင်္ကြာဝတေးမင်းတွေရဲ့စင်္ကြာရတနာတွေနဲ့လဲယှဉ်လို့မရနိုင်ပါဘူး။သိကြားမင်းရဲ့နတ်စည်းစိမ်ထက်လဲတန်ဖိုးပိုကြီးပါတယ်။ဘာကြောင့်လဲဆိုတော့၊သိကြားမင်းနဲ့စင်္ကြာဝတေးမင်းတွေသေရင်အပါယ်ကျနိုင်ပါသေးတယ်။သံသရာအတွက်ဘာမှအာမခံချက်မရှိသေးပါဘူး။

-

အပါယ်ဘုံဆိုတာသောတာပန်တွေအတွက်ကတော့လုံးဝကိုမပါတ်သက်နိုင်တော့တဲ့အရာဖြစ်သွားပါပြီ။ဒီရတနာမျိုးဆိုတာသာသနာနဲ့ကြုံမှသာလျှင်ရနိုင်တဲ့ရတနာမျိုးပါ။ဒီလိုရတနာမျိုးကိုယ်နဲ့အမြဲတွဲပါနေမှတော့သံသရာဆိုတာကြောက်နေစရာ၊အားငယ်နေစရာမလိုတော့ပါဘူး။

-

သောတာပန်တွေအတွက်သံသရာမှာဗုဒ္ဓဘာသာပြန်မဖြစ်မှာလဲစိုးရိမ်နေစရာမလိုတော့ပါဘူး။သာသနာကွယ်သွားလဲကိုယ့်အတွက်ကတော့သာသနာဘယ်တော့မှမကွယ်ပါဘူး။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးခံစားနိုင်တဲ့ဖိုလ်ဇောကမိမိမွေးရာပါပစ္စည်းဖြစ်သွားလို့၊သာသနာဆိုတာကလဲမိမိအတွက်တော့မွေးရာပါပစ္စည်းဖြစ်သွားပါပြီ။

-

သောတာပန်ဆိုတာ၊ဒီလောက်တောင်တန်ဖိုးကြီးပါတယ်။သံသရာအတွက်ဒီလောက်တောင်အားကိုးရပါတယ်။ဒီလိုရတနာမျိုးကိုရွှေ၊ငွေနဲ့လဲဝယ်လို့မရပါဘူး။ဉာဏ်ပညာနဲ့ပဲရယူနိုင်ပါတယ်။(ဝိပဿနာ)ဉာဏ်နဲ့ပဲရနိုင်ပါတယ်။(သီလ၊သမာဓိ၊ပညာ)ဆိုတဲ့မဂ္ဂင်ရှစ်ပါးအကျင့်နဲ့ပဲရနိုင်ပါတယ်။ဒီဘဝ၊ဒီသာသနာမှာပဲရနိုင်ပါတယ်။တစ်ကယ်လက်တွေ့လဲရနိုင်ပါတယ်။

-

ဒီစာကိုဖတ်နေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်၊အခြေခံသဘောတရားတွေကိုသေချာနားလည်သွားပြီဆိုရင်၊၊ငါဒီဘဝ၊ဒီခန္ဓာနဲ့အနည်းဆုံးတစ်မဂ်၊တစ်ဖိုလ်လောက်တော့မရ၊ရအောင်ကြိုးစားရမယ်ဆိုတဲ့အသိစိတ်မျိုးဝင်လာကြပြီး၊ဝိပဿနာတရားအားထုတ်ဖို့စိတ်အားထက်သန်လာကြမယ်ဆိုရင်တော့ကျွန်တော်ဒီစာအရှည်ကြီးကိုရေးရကျိုးနပ်သွားပါပြီ။

-

ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်ကျန်းမာဖို့ထက်၊မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ကပိုပြီးအရေးကြီးတဲ့အတွက်၊ကျန်းမာရေး(Post)တွေရေးနေရာကနေဘာသာရေး(Post)တွေကိုပါအပိုင်းဆက်တွေခွဲပြီးရေးပေးဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်။

-

ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်အကြောင်းကို(အနုမာနဉာဏ်)နဲ့သိမြင်သွားတဲ့၊အမေရိကန်နိုင်ငံသား၊ဘာသာခြားတစ်ယောက်အကြောင်းအပိုင်း(၂)ကိုဆက်ရေးပေးပါဦးမယ်။

-

စာဖတ်သူများအားလုံး၊ဒုက္ခငြိမ်းနိုင်ကြပါစေ။

Kelvin Albert Power

====================

Saturday, September 3, 2022

အိပ်မက်ကို တရားအားထုတ်သူ

 အိပ်မက်ကို တရားအားထုတ်သူ




                                              ရဝေနွယ် (အင်းမ)


မြတ်စွာဘုရားလက်ထက်တော်က ဥသဘမထေရ်ဆိုပြီး မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သာကီဝင်မင်းမျိုး ကနေ ရဟန်းဝတ် လာသူပါ။


       ဒါပေမဲ့ သူက တရားအားမထုတ်ပါဘူး။ နေ့ဆို အပေါင်း အဖော်မိတ်ဆွေတွေနဲ့ ပျော်ပါး မွေ့လျော်နေတတ်ပါတယ်။ ညရောက် ပြန်တော့လည်း ညဉ့်သုံးယံလုံး အိပ်ပစ်ပါတယ်။


       တစ်ညမှာတော့ သတိကင်းကင်း၊ ပညာအဆင်အခြင်ကင်းကင်းနဲ့ လှဲအိပ်ပစ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အိပ်မက်မက်ပါ တော့တယ်။


       ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါတယ်။ သရက်ညွန့် အဆင်းနဲ့တူတဲ့ သင်္ကန်းကို ရုံလိုက်ပါတယ်။ ပြီးတော့ ဆင်ပေါ်တက် ပါတယ်။ ဆင်ပေါ်ရောက်တော့ ဆင်ရဲ့ လည်ပင်းပေါ်ထိုင်ပြီး မြို့ထဲ ဆွမ်းခြံကြွပါတယ်။ မြို့ထဲရောက်တော့ ဆွမ်းလောင်းဖို့ ပြင်နေကြတဲ့ လူတွေကိုမြင်ပြီး ရှက်လွန်းလို့ ဆင်ကျောကုန်းပေါ်က အမြန်ဆင်းချ လိုက်ပါတယ်။


ဆင်ပေါ်က ဆင်းချလိုက်တဲ့ အချိန်မှာတော့ အိပ်မက်က နိုးသွားပါတော့တယ်။


       အိပ်မက်က နိုးနိုးချင်း အိပ်ရာထဲမှာ အတွေးတစ်ခုကို ချက်ချင်း တွေးလိုက်ပါတယ်။

       ‘’ငါ ဒီအိပ်မက်မက်တာဟာ သတိလည်းလွတ်၊ ပညာ အဆင်အခြင်လည်း မရှိဘဲ အိပ်ပစ်လိုက်လို့ မက်တာပဲ’’


       အတွေးနောက်က ထိတ်လန့်စိတ်လည်း ဖြစ်သွားပါတယ်။ ဒါကြောင့် အိပ်နေရာကနေ ဖြည်းဖြည်းထလိုက်ပြီး အိပ်ရာထဲမှာပဲ တင်ပျဉ်ခွေကို ကျကျနန ထိုင်ပါတယ်။ ကိုယ့်အတွက်အဆင်ပြေတဲ့ ထိုင်တဲ့ပုံစံရပြီဆိုမှ ဝိပဿနာတရားကို သေချာအားထုတ်ပါတော့ တယ်။ အားထုတ်လို့ သိပ်မကြာခင် ကာလ မှာပဲ အရဟတ္တဖိုလ်တရား ထူးကို ရသွားပါတော့တယ်။

       (ထေရဂါထာအဋ္ဌကထာ ပ-တွဲ၊ နှာ-၄ဝ၈)                 

       အိပ်မက်ကို တရားအားထုတ်ပစ်တာဆိုတော့ အားကျဖို့ လည်း ကောင်း၊ အတုယူဖို့လည်း ကောင်းပါတယ်။ ဘဝမှာ တကယ့် စံထားစရာ ဝတ္ထုလေးတစ်ပုဒ်ပါပဲ။


       ကိစ္စတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေး မျိုးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့ဘက်ကို မြှင့်ယူတဲ့ အတွေးမျိုးကို တွေးပြီး ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ချလိုက် တာပါ။ ဥသဘမထေရ်က တကယ်လို့ ခလုတ်တိုက် လဲရင်တောင် ခလုတ် တိုက်လဲတာကိုပဲ တရားအားထုတ်ပစ်မယ့် မထေရ်ပါ။


       တကယ်လို့ ကိုယ်က ကိုယ်ပိုင်အတွေးနဲ့ မတွေးနိုင်၊ မကျင့် နိုင်ရင်လည်း ကိုယ်အားကျ စံထားရတဲ့သူတွေဆီက နည်းယူပြီး လက်တွေ့ကျင့်သုံးလိုက်ရုံပါပဲ။ မြတ်စွာဘုရားလက်ထက်တော်က ထေရီထေရာတွေရဲ့ နောက်ခံသမိုင်းတွေကို ပြန်ကြည့်ရင်လည်း တစ်ပါး ပါး တစ်ဦးဦးကို အားကျစံထားပြီး ကျင့်သုံးကြတာ များပါတယ်။


       ဒီတော့ ကိုယ့်ပတ်ဝန်းကျင်က စံထားစရာ တစ်ယောက် ယောက်ဆီကပဲ ဖြစ်ဖြစ်၊ သမိုင်းထဲက တစ်ယောက်ယောက်ဆီကပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ကိုယ်ကြိုက်တာကို အတုခိုးပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက ဒေါက်တာ ဘမော်ရဲ့ အင်္ဂလိပ်စကားပြောဟန်ကို အတုယူပြီး အခန်းထဲမှာ လေ့ကျင့် ခဲ့ဖူးသေးတာပါပဲ။

       

ဥသဘမထေရ်လို ကိုယ်ပိုင်အတွေးအခေါ်နဲ့ လက်တွေ့ ကျင့်သုံးတဲ့ ပုံစံမျိုး တွေးနိုင်ဖို့ကျတော့ အတိတ်တိတ်ပါရမီတွေရယ်၊ ဖတ်ထားတဲ့စာ၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေရယ်နဲ့လည်း ဆိုင်နေ ပါတယ်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဉာဏ် နဲ့ ကျင့်သုံးနိုင်တယ် ဆိုရင်တော့ ကုသိုလ်ကံကောင်းခြင်း တစ်မျိုးပါပဲ။


       ကိုယ်ပိုင်အတွေးအခေါ်နဲ့ မကျင့်သုံးနိုင်လည်း ဥသဘ မထေရ်ရဲ့ အပြုအမူကို နည်းယူပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဥပမာ လင်မယားနှစ်ယောက် ရန်ဖြစ်တဲ့အခါ ရန်ဖြစ်တာကို သံဝေဂယူပြီး ဘုရားခန်းထဲသွား တရားထိုင်ပစ်လိုက်ရုံပါပဲ။ ရန်ဖြစ်တာက အကုသိုလ်ပါ။  ကိုယ့်ကိုယ်ကိုယ် အရှုံးခံ လို့တော့ မဖြစ် ပါဘူး။  မြတ်အောင် ပြန်လုပ်ယူရမှာပါ။ တကယ်လို့ ပြန်ခေါ်ရင်လည်း ပြန်ခေါ်တာ ကိုပဲ သံဝေဂယူပြီး ပြန်တရားထိုင်ရမှာ ပါပဲ။


       ဒါမှမဟုတ် အလုပ်တွေ အဆင် ပြေလို့၊ မြေကွက်တွေ ရောင်းရလို့၊ အမြတ်ငွေတွေ အများကြီး ရခဲ့တယ် ဆိုရင်လည်း အမြတ်ငွေတွေကို ကိုယ်တွေး တတ်သလို တွေးပြီး ဘုရားခန်းထဲမှာ တရားကို သေချာထိုင်လိုက်ရုံပါပဲ။ ကိုယ် လိုချင်တဲ့ အမြတ်ငွေတွေ ရထားလို့ ကျေနပ်ပီတိတွေဖြစ်နေတာဆိုတော့ ရေချိုးပြီး ထိုင်လိုက်ရင် ပိုတောင် ထိုင်လို့ ကောင်းဦးမှာပါ။ အမြတ် နှစ်ခါ ဖြစ်သွားတာပါ။ ပျော်ဖို့ တောင် ကောင်းပါတယ်။


       တကယ်လို့ အလုပ်တွေ အဆင်မပြေလို့ ငွေတွေ ဆုံးရှုံးခဲ့ရင် လည်း ငွေတွေ ဆုံးရှုံးတာကိုပဲ သံဝေဂယူပြီး ဘုရားခန်းထဲမှာ တရား ထိုင်ပစ်လိုက်ရုံပါပဲ။


       ဒီလိုပါပဲ၊ အလုပ်သစ်ကောင်းကောင်းရတဲ့ အခါမှာလည်း အလုပ်ရတာကိုပဲ သံဝေဂယူပြီး တရားအားထုတ်လိုက်လို့ ရပါတယ်။ တကယ်လို့ အလုပ်ပြုတ်ခဲ့ရင်လည်း အလုပ်ပြုတ်တာကိုပဲ သံဝေဂ ယူပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။


       ကိုယ်ချစ်တဲ့ သူဆီက၊ ကိုယ့်မိတ်ဆွေဆီက မြတ်နိုးစရာ လက်ဆောင်တစ်ခုခုရရင်လည်း လက်ဆောင်ကိုပဲ ကိုယ်တွေးတတ် သလို တွေးပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။ လက်ဆောင်ကို တရား အားထုတ်ပစ်တာပါ။


       ဒါတွေ အားလုံးဟာ ဥသဘမထေရ်ကို အတုခိုးနည်းယူပြီး အိပ်မက်နေရာမှာ ကိုယ် လက်တွေ့ကြုံနေရတာတွေနဲ့ အစားထိုးပြီး ကျင့်သုံးပစ်လိုက်တာပါ။ ကျင့်သုံးပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု တစ်ခုတော့ ရသွားကြတာ များပါတယ်။


       ဒီနေရာမှာ တရားထိုင်သူတစ်ယောက်အတွက် တရားထိုင်ပုံ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားထိုင်တဲ့အခါ မဖြစ်မနေ လိုအပ်တဲ့ သပ္ပာယ (၇) ပါးမှာ ဣရိယာပထသပ္ပာယ = ဣရိယာပုတ်အဆင်ပြေရမယ်ဆိုတာလည်း အင်္ဂါတစ်ခုအနေနဲ့ ပါနေလို့ပါ။ ပါဠိလို ပြောရင်တော့ ဣရိယာပထ သပ္ပာယပါ။


ဣရိယာပထော စေဝ၊ သပ္ပာယော သေဝိတဗ္ဗကော။

(ဥပရိပဏ္ဏာသအဋ္ဌကထာ၊နှာ-၁၁၅)


       သပ္ပာယော- ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းငှာ သင့်လျော် လျောက်ပတ်သော၊ ဣရိယာပထော- ဣရိယာပုထ်ကို၊ သေဝိတဗ္ဗ ကော- မှီဝဲအပ်၏။


       ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ကိုယ်နဲ့ အဆင်ပြေ တဲ့၊ သင့်လျော်တဲ့ သပ္ပာယသင့်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး တရား အားထုတ်ပါမှ တရားတွေ တက်နိုင်ပါတယ်တဲ့။ အပြန်အားဖြင့် ပြောမယ်ဆိုရင်တော့ တရားတွေ ဘယ်လောက်ပဲ အားထုတ် အားထုတ် ကိုယ်နဲ့ အဆင်မပြေတဲ့၊ မသင့်လျော်တဲ့၊ သပ္ပာယမသင့်တဲ့ ဣရိယာ ပုတ် ဖြစ်နေရင် တရားတွေ့ဖို့၊ တရားရဖို့ ခက်ခဲနေတတ်ပါ တယ်တဲ့။ ဒါကြောင့် တရားထိုင်တဲ့နေရာမှာ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးနေပါတယ်။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ ကိုယ်နဲ့ သင့်လျော်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး အားထုတ်ပါဆိုတော့ တရား အားထုတ်မယ့် ယောဂီကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ ကမ္မဋ္ဌာန်းဆရာက ရွေးချယ်ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဣရိယာပုတ် အမျိုးအစားနဲ့ ပုံစံစုံကိုပဲ ပြောပြပေးလို့ ရတာပါ။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ လျောင်း ပြီး မှတ်မှ အဆင်ပြေလား၊ ထိုင်ပြီး မှတ်မှ အဆင်ပြေလား၊ ရပ်ပြီး မှတ်မှ အဆင်ပြေလား၊ စင်္ကြံသွားပြီး မှတ်မှ အဆင်ပြေလားဆိုတာ ကိုယ်တိုင်ပဲ စိစစ်ဆင်ခြင်ရပါမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပုံချင်း၊ သပ္ပာယသင့်ပုံချင်း မတူပါဘူး။


       ဝိသုဒ္ဓိမဂ်မှာတော့ ဣရိယာပုတ် တစ်ခုကို (၃) ရက်စီ အား ထုတ်ကြည့် ရပါမယ်တဲ့။ ဣရိယာပုတ်တစ်ခုကို (၃) ရက်စီ စမ်းအား ထုတ်ကြည့်ရမယ် ဆိုရင် ဣရိယာပုတ် (၄) ပါးဆိုတော့ အားလုံး ပေါင်း (၁၂) ရက် စမ်းသပ် အားထုတ်ကြည့်ရမယ့် သဘောပါ။ အဲဒီ အထဲကမှ ကိုယ်နဲ့ အဆင်ပြေတဲ့ ဣရိယာပုတ်ကိုရွေးချယ်ရမှာပါ။


       ထိုင်မှတ်ဣရိယာပုတ်နဲ့ တရား မှတ်လို့ ကောင်းတယ်၊ တရားလည်း တွေ့တယ်၊ သမာဓိလည်း ဖြစ်တယ်၊ အဆင်လည်း ပြေတယ်ဆိုရင် ထိုင်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။


       စင်္ကြံသွားပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ်ဆိုရင်လည်း စင်္ကြံသွားမှတ် တာကို ဦးစားပေး မှတ်ရပါတယ်။ ရပ်ပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ် ဆိုရင် လည်း ရပ်မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။ လျောင်း၊ အိပ် မှတ်မှ အဆင်ပြေ တယ်ဆိုရင်လည်း  လျောင်း၊ အိပ် မှတ် တာကို ဦးစားပေးမှတ် ရပါတယ်။


       ဒါပေမဲ့ ဒီနေရာမှာ လျောင်းပြီး၊ အိပ်ပြီး မှတ်တဲ့ အမှတ်ကို တော့ အားထုတ်ခါစ ယောဂီတွေဟာ လျောင်းခြင်း၊ အိပ်ခြင်းဣရိယာ ပုတ်ကိုတော့ အားမထုတ်သင့်ဘူးလို့ ဆရာ့ ဆရာများက သေချာ မှာကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားခန်းမှာ ဖျာလေးခင်း ခေါင်းအုံးလေးချပြီး ပက်လက်ပဲဖြစ်ဖြစ်၊ ခွေခွေလေးပဲဖြစ်ဖြစ် မှတ်မယ်ဆိုရင် မိနှစ် (၂ဝ) လောက် ကြာတဲ့အခါ အိပ်ပျော်သွားပါ လိမ့်မယ်။ ဒါကြောင့် အားထုတ်စမှာ အိပ်မမှတ်ရပါဘူးတဲ့။


       အိပ်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကိုတော့ ညအိပ်ချိန် ရောက်တဲ့အခါမှသာ အိပ်မှတ်တာက ပိုသင့်လျော်ပါတယ်တဲ့။ မှတ်ရင်းနဲ့ပဲ အိပ်ပျော်သွားဖို့ မဟာစည်ဆရာတော်ဘုရားကြီးက မိန့်ကြား ထားပါတယ်။


       နောက် အသက်အရွယ်ကြီးလွန်းနေတဲ့ သူတွေ၊ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း၊ ဣရိယာပုတ်တွေ မခိုင်မာတော့တဲ့ သူတွေသာ လျောင်းခြင်း၊ အိပ်ခြင်း ဣရိယာပုတ်က သင့်လျော်ပါတယ်လို့ ဆရာ့ဆရာများက မိန့်ကြားထားပါတယ်။


       ထိုင်ခြင်း ဣရိယာပုတ်မှာလည်း ထိုင်တဲ့ ပုံစံက ပုံစံစုံရှိတာ ဆိုတော့ ထိုင်တာကိုလည်း ပုံစံစုံ ထိုင်ကြည့်ရပါမယ်။


       တင်ပျဉ်ခွေထိုင်တာ၊ ကျုံ့ကျုံ့ထိုင်တာ၊ ခြေထောက် နှစ်ချောင်းကို အောက်ကို သွင်းပြီး ဂျပန်ထိုင်နည်းထိုင်တာ၊ တရား ထိုင်ဖုံ နှစ်ခု သုံးခုထပ်ပြီး တင်ပါးက ထိုင်ဖုံပေါ်မှာ၊ ခြေထောက်နှစ်ချောင်း က ကြမ်းပြင်ပေါ်မှာ ချပြီး ထိုင်တာ၊ ဖင်ထိုင်ခုံလေးပေါ်မှာ တင်ပါး ထိုင်မယ့် သစ်သားပြားကို ရှေ့ကို နည်းနည်းစိုက်ထားပြီး ခြေထောက် နှစ်ချောင်းကို ဖင်ထိုင်ခုံအောက် သွင်းထားပြီး ထိုင်တာ စသည်ဖြင့် ပုံစံမျိုးစုံ ထိုင်ကြည့်ရပါမယ်။ ဖင်ထိုင်ခုံကို ရှေ့တစ်လက်မကျော်ကျော် နှိမ့်ထားပြီး ခြေထောက်နှစ်ချောင်း ခုံအောက်သွင်းထိုင်တာလေးက လည်း ထိုင်လို့ ကောင်းတဲ့သဘော ရှိပါတယ်။ ထိုင်တဲ့ပုံစံတွေထဲက ကိုယ်နဲ့အဆင်အပြေဆုံး၊ သပ္ပာယအသင့်ဆုံး ထိုင်တဲ့ပုံစံကို  ကိုယ်တိုင်ပဲ ရွေးချယ်ရပါမယ်။


       အဓိကကတော့ ကိုယ့်အတွက် တရားထိုင်လို့လည်း ကောင်းတယ်၊ သမာဓိလည်းဖြစ်တယ်၊ တရားလည်းတွေ့တယ်၊ သက်သောင့်သက်သာလည်းဖြစ်တယ်၊ ကြာရှည်လည်းထိုင်နိုင်တယ် စသည်ဖြင့် ကိုယ်နဲ့အဆင်အပြေဆုံးထိုင်တဲ့ပုံစံကို ရွေးချယ်ရမှာပါ။


       ဒီတော့ကိုယ်နဲ့အဆင်ပြေတဲ့ထိုင်တဲ့ပုံစံကို သိနိုင်ဖို့ဆိုရင် ပုံစံစုံထိုင်ကြည့်ရပါမယ်။ ပြီးမှ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ရ ပါတယ်။ ကိုယ်ဘယ်ကော်ဖီကြိုက်လဲဆိုတာ သိရအောင် ကော်ဖီမျိုးစုံ ကို အရင် သောက်ကြည့်ပြီးမှ ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးချယ် သောက်ရတဲ့ ပုံစံမျိုးပါပဲ။


       နောက် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင်ပြောင်းလဲပြီး ထိုင်တာပါ။ ဥပမာ ဒူးနာတတ်တယ်ဆိုရင် ဒူးအောက်ကနေ ခေါင်းအုံး သေးသေးလေး ဒါမှမဟုတ် စောင်ခေါက်လေး ခုပြီး ထိုင်တာ၊ ခြေထောက်ကို ပုံမှန်ထက် နည်းနည်းလေးချဲပြီး ထိုင်တာ စသည်ဖြင့် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင် ပြောင်းလဲပြီး ထိုင်လို့လည်း ရပါ တယ်။


       တကယ်လို့ ကိုယ်က အောက်ကြမ်းပြင်ပေါ်မှာ မထိုင်နိုင်ဘူး ဆိုရင်လည်း ကိုယ်နဲ့ အဆင်ပြေတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်မှတ်လို့ လည်း ရပါတယ်၊ ဒါပေမဲ့ သိပ်ဇိမ်ကျပြီး အိပ်ပျော်သွားစေမယ့် ထိုင်ခုံမျိုး ကိုတော့ မရွေးချယ်ရပါဘူး။ ထိုင်ခုံအများစုကတော့ လူ သက်သောင့်သက်သာ အနားယူလို့ရအောင် လုပ်ထားကြတာ များပါတယ်။


       တရားထိုင်တာ ဘဝအတွက် အရေးကြီးတဲ့ အလုပ်တစ်ခု ဆိုတော့ ကိုယ်တရားထိုင်လို့ အဆင်ပြေမယ့် ထိုင်ခုံလေးကို ပရိဘောဂ ဆိုင်မှာ စိတ်တိုင်းကျ အပ်ပြီးတောင် ထိုင်ဖို့ ကောင်းပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တရားထိုင်ချိန်လေးက ကိုယ့်ဘဝအတွက် စိတ်အေးချမ်း ရာ၊ ပါရမီဖြည့်ရာ အချိန်လေးဆိုတော့ ဒီလောက်တော့ ရင်းရမှာပါပဲ။ အဓိကကတော့ တရားရဖို့အတွက် ဣရိယာပုတ် ကလည်း အရေးကြီးတဲ့ အင်္ဂါထဲမှာ ပါနေပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေ တဲ့ ဣရိယာပုတ်ကိုပဲ ရွေးချယ်ပြီး ထိုင်ရပါမယ်။


       ဥသဘမထေရ်ကတော့ အိပ်မက်ကို တရားအားထုတ်ပစ် တာပါ။ တရားတွေကို သိနေပေမယ့် တစ်ခါတလေကျတော့လည်း လက်တွေ့ကျင့်သုံးဖို့ ခက်နေတတ်ပါတယ်လေ။


       ဘဝမှာ ကိစ္စတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေးတွေ မတွေးမိဖို့ သိပ်အရေးကြီး တာပါပဲ။ ကိုယ့်ကိုယ်ကို ဆွဲချတဲ့ အတွေးတွေ တွေးလိုက်မိရင် စိတ်ကော ရုပ်ကော ဆင်းရဲရတော့ တာပါ။ တစ်ခါတလေ ည အိပ်တောင် မပျော်ပါဘူး။ အခန့်မသင့်ရင် ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်သွားတတ်ပါတယ်။ ဘဝတွေက ဖြတ်သန်းရတာ ပင်ပန်းလွန်းလှပါတယ်။ ကြုံနေရတဲ့ ကိစ္စတွေက နေ့စဉ်နဲ့ အမျှပါပဲ။ သံသရာကလည်း မလွတ်မြောက်နိုင်သေးတော့ သတိထားနိုင်မှ သက်သာမှာပါ။


       ဘာပဲပြောပြောလေ... ဘဝမှာ ကိစ္စတစ်ခု ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့အတွေးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် မြှင့်ယူတဲ့ အတွေးကို တွေးပြီး ကောင်းတာတွေ များများလုပ်ချ လိုက်နိုင်ဖို့ ပါပဲလေ။

                                                 ရဝေနွယ်(အင်းမ)

ကျမ်းကိုး။      ။

ဣန္ဒြေထက်ကြောင်းကိုးပါးတရားတော်။

သဒ္ဓမ္မရံသီဆရာတော်ဘုရား။