Saturday, July 20, 2024

💐🌿🙏 လမြတ်ဝါဆို 🙏🌿💐

 đŸ’đŸŒżđŸ™ လမြတ်ဝါဆို 🙏🌿💐

=======================




#ဆောင်းပါးရှင် တင်ထက်ထက်ဇော်

          ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ ပါ၀င်သည်။ ထို့ကြောင့် နွေတစ် ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလ ဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ “နေ့မှာဝါဆို၊ ညမှာပြာသို” ဆိုသကဲ့သို့ ညတာတို၍ နေ့တာ အရှည်ဆုံးသော ရက်စုံလ ဖြစ်ပါသည်။


ဝါထပ်ရခြင်းအကြောင်း သိကောင်းစရာ။


           á€™á€źá€”်မဏအရိုးရဏပဟကယခဒိန်တွင် တစ်ခါတစ်ရံ ဝါထပ်သောနှစ်ကို ကြုံတွေ့ရတတ်သည်။ ဝါထပ်သောနှစ် ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလ နှင့် ဒုတိယဝါဆိုလ ဟူ၍ သတ်မှတ် ရေတွက်ထားသည့် နှစ်ကို ဆိုလိုသည်။


          ကမ္ဘာက နေကို လှည့်ပတ်ရာတွင် ၃၆၅ ရက်၊ ခြောက်နာရီ ၁၂ မိနစ်၊ ၃၇ စက္ကန့် ကြာမြင့်သည်။ ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ ရက် ထားခြင်းဖြစ်သည်။ ထို့ပြင် ခြောက်နာရီ အစွန်းအတွက် လေးနှစ်တစ်ကြိမ် တစ်ရက်တိုးသလို မြန်မာက လည်း ၂၉ ရက် ခြောက်လ၊ ရက် ၃၀ ကို ခြောက်လထားသဖြင့် မြန်မာနှစ်တစ်နှစ်မှာ ၃၅၄ ရက်သာ ရှိသည်။ သို့ဖြစ်၍ အင်္ဂလိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ်တစ်နှာမှာ ၁၁ ရက် လိုသည်။


          အင်္ဂလိပ်နှစ်မှာ လေးနှစ်ကြာလျှင် တစ်ရက်တိုးသလို ရှစ်နှစ်ကြာလျှင်လည်း နှစ်ရက်တိုးသွားသည်။ မြန်မာနှစ်ကမူ အင်္ဂ လိပ် တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ ရက် လိုသဖြင့် ရှစ်နှစ်ဆိုပါမူ ၈၈ ရက် လိုသည်။ အင်္ဂလိပ် ရက်ထပ် နှစ်ရက်ပေါင်းလျှင် ရက် ၉၀ လိုပြန်သည်။ ထိုသို့ လိုနေသည့် ရက် ၉၀ ပြည့်မီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ် ထပ်ပေးရန် လိုအပ်ပြန်သည်။ ထို့ကြောင့် သုံးနှစ်တစ်ကြိမ် ဝါနှစ်ခါထပ်ပြီး နှစ်နှစ်တစ်ကြိမ် ဝါတစ်ခါထပ်ပေးရခြင်း ဖြစ်ပေသည်။


ဝါဆိုလ မြတ်လေးပန်း။


မြတ်လေးပန်း နှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းအား ဝါဆိုလ၏ ရာသီပန်းအဖြစ် သတ်မှတ် ထားကြသည်။ မြတ်လေးပန်းသည် တော်၀င်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်းအဆီကို နန်းတွင်းသုံး ခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြကြောင်း လေ့လာမှတ်သားရပါသည်။ မြတ်လေးပန်း၏ ထူးခြားချက် မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက် တွင် တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဏ္ဍနြေ္ဒသိက္ခာ ထိန်းသ်ိမ်းကြရာ၌ “မြတ်လေးပန်းလိုကျင့်” ဟု ပမာနှိုင်း၍ ဆိုကြသည်။


ဝိမာနဝတ္ထု အဋ္ဌကထာတွင်လည်း ပန်းတွင် မုလေးပန်းက မြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေး ပန်းဆိုင်း မရသောကြောင့် မုလေးပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရကြောင်း၊ ထိုကြောင့် မုလေးပွား ဟုခေါ်ဆိုကြောင်း လေ့ လာမှတ်သားရပါသည်။


မြန်မာ့ဆေးကျမ်းတွင် “မြတ်လေးပင်သည် ဖန်၊ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ် ၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏” ဟု ညွှန်းဆိုထားသည်။ မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေနြ္ဒသေန ရသေ့စီရင်သည့် ဒြဗျ ဂုဏ်ဆေးကျမ်းတွင် “မုလေးပန်းသည် သလိပ် နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေး ပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။ ထိုမုလေး ရွက်သည် သလိပ်သည်းခြေကိုနိုင်၏”  ဟု ဆိုထားသည်။ ဝေဿာမိတ္တ ရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင် “မုလေးကျီးပေါင်းကို ရေဝတီနက္ခတ် အကြိုက်တွင် ယူဆောင်လျှင်၊ လူအပေါင်း တို့ စကားကို နာယူရသည်”  ဟု ဆိုထားသည်။


ဝါဆိုပွဲတော်များ။


          ဝါဆိုလတွင် ရဟန်း သံဃာတော်တို့က မိမိတို့ ကျောင်းပရ၀ဏ်အတွင်း ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့ မပြောင်းကြဘဲ နေထိုင် သီတင်းသုံးကြသည်။ ထို့ကြောင့် ဝါဆိုလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာတရားကို ထူ ထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်း ကြောင့် အထွတ်အမြတ် ပြုရသည့်လ ဖြစ်ပါသည်။


ပုဂံခေတ်က ဝါဆိုလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုအမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ဝါဆို ဟူသော ဝေါဟာရမှာ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ပရိယတ္တိ သာသနာစာပေ ကျမ်းဂန်ရောက်ရှိ၍ ရဟန်းသံဃာတော်တို့ ဝါဆို ဝါကပ် ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာဖြင့် ခေါ်ဝေါ် ရေးသားကြသည်။ ရှေးဝေါဟာရ မဟုတ်ရာ၊ နွေတာလ သာလျှင် ရှေးဝေါဟာရ ဖြစ်သည်။ ယူရန်ရှိသည်ဟု ကျမ်းဂန်များက ဆိုပါသည်။


တစ်နည်းဆိုရလျှင် ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားရဘဲ မိမိ တို့၏ ကျောင်းအရံအတွင်း၌ နေခြင်းဖြစ်ပြီး ဤသို့ရဟန်းတော်များ ဝါဆို၊ ဝါကပ်သည်ကိုစွဲ၍ ဝါဆိုလဟု ခေါ်ကြခြင်းဖြစ်ပါသည်။


          မြန်မာမင်းများလက်ထက်က တစ်လလျှင် ပွဲတော်တစ်မျိုးစီ ကျင်းပလေ့ရှိရာ ဝါဆိုလအခါတွင် ပဉ္ဖင်းတော်ခံပွဲများ ကျင်းပ လေ့ရှိသည်။ ပဉ္ဖင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ၀င်ခွင့်ရှိ၍ ၀င်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနား နှင့် သွတ်သွင်း ချီးမြှင့်ခြင်းဖြစ်ရာ ဘုရင်များ ကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသော ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့်ခေတ်၊ မည်သည့်ဘုရင် လက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရန် မလွယ်ကူတော့သော်လည်း ကျောက်စာပါ ရေးထု ထားသည့် အကြောင်းအရာများ၊ ရှေးစာဆိုများ၏ ဖွဲ့ဆိုမှုများအရ ပထမ အင်းဝခေတ်၌ ပဉ္ဖင်းတော်ခံပွဲတော် ရှိနေပြီဖြစ်ကြောင်း သိ ရသည်။


          ထို့ပြင် ရှေးမြန်မာမင်းများ လက်ထက်က နယုန်လစာပြန်ပွဲတွင် စာအောင်ကြသူများအနက် မပြည့်စုံကြသော ပြည်သူ တို့ကို ဘုရင်မင်းမြတ် ဦးစီး၍ ရှင်အဖြစ်လည်းကောင်း၊ ရဟန်းအဖြစ်လည်းကောင်း ရှင်ပြုရဟန်းခံခြင်းများကို တခမ်းတနား ကျင်းပ ပြုလုပ် ကုသိုလ်ယူလေ့ရှိရာ ဝါဆိုလ ပဉ္စင်းခံပွဲဟူ၍ ဆယ့်နှစ်လရာသီ ပွဲတော်တစ်ခုအဖြစ် တွင်ကျန်နေရစ်ခြင်း ဖြစ်ပါသည်။


          သို့ရာတွင် မျက်မှောက်ကာလတွင်မူကား ပဉ္ဖင်းတော်ခံပွဲကို ရှေးအခါကကဲ့သို့ ဝါဆိုလ၌သာ ကျင်းပလေ့မရှိတော့ဘဲ ရာသီဥတုသာယာသည့် ဆောင်း၊ နွေ ဥတု နှစ်ပါးစလုံးတွင် မိမိတို့ အဆင်ပြေသည့်လ၌ ကျင်းပေလေ့ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလ၏ ရာသီပွဲတော်မှာ ပဉ္ဖင်းတော်ခံပွဲ မဟုတ်တော့ဘဲ သံဃာတော်များ ဝါဆိုပွဲ၊ ဝါဆိုပန်းပွဲ နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ သက် ကြီးဝါကြီး ပူဇော်ကန်တော့ပွဲတို့ကို စုပေါင်း ခေါ်ဝေါ်ထားသည့် ဝါဆိုပွဲတော်သည် ဗုဒ္ဓဘာသာ၀င်တို့၏ ရာသီပွဲတော် ဖြစ်သည်။ စုပေါင်းခေါ်ဝေါ်ထားသည့် “ဝါဆိုပွဲတော်” ဖြစ်ပါသည်။


ဝါဆိုလပြည့် ဗုဒ္ဓနေ့။


          ဝါဆိုလသည် မြန်မာလများတွင် ဘာသာ၊ သာသနာဆိုင်ရာ ထူးမြတ်သည့် လဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ သည်လည်း “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋီကာ” ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက် တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံ၊ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း ဟူသော ထူးခြား သည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ဖြစ်ပါသည်။


          ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်သကဲ့သို့ တရားရတနာ စတင်ပေါ်ပေါက်ရာ နေ့ လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသော နေ့ဖြစ်သကဲ့သို့ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံ သောနေ့လည်း ဖြစ်သည်။ “ဧဟိဘိက္ခူ” ဟူသောစကားကို စတင် ကြားရသောနေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော် များသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ စ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်သူများ၏ နေ့ထူးနေမြတ် ဖြစ်ပေတော့သည်။


          ထို့ပြင် ဗုဒ္ဓဘာသာ၀င်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှုခြင်း၊ ဓမ္မ စကြာ တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက် ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာ၀နာများ ကျင့်ကြံအားထုတ်ခြင်းများကို ပြုကြသည်။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ တွင်လည်း နိုင်ငံတော်တစ်၀န်း၌ ရှမ်းပြည်နယ် အပါအ၀င် အချို့ဒေသများတွင် ဝါဆိုပန်းခူးသည့် အလေ့အထ ရှေးမှစ၍ ယနေ့တိုင် ရှိနေပြီး ဘုရားကပ်လှူရန် ရည်ရွယ်၍ ပန်းများပျော်ပျော်ရွှင်ရွှင် ခူးဆွတ်ဆင်နွှဲကြသည်။ ဝါဆိုပန်းများ၊ ဝါဆိုဖယောင်းတိုင်ကြီးများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပွဲများလည်း ဆင်နွှဲလေ့ရှိကြသည်။


တောင်သူပျော်သောလ။


          မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ဝါဆိုလတွင် တရားဓမ္မဆိုင်ရာများ ဝေ၀ စည်စည် ကျင်းပကြသော်လည်း ရှေးကာလကတည်းကပင် လယ်ယာမိုးမြေလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လေ့ရှိသည်။ လယ်ယာလုပ်ငန်းသည် အဓိကအရင်းခံ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ဝါဆိုမိုးနှင့်အတူ နိုင်ငံအတွင်း၌ လယ်လုပ်ငန်းများကို တောင် သူလယ်သမားများက တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကြသည်။ ထို့ကြောင့် ဝါဆိုလမြင်ကွင်းတွင် ဝါဆိုတော်မူနေသော ရဟန်း သံဃာတော်များနှင့်အတူ တက်ကြွလန်းဆန်း ရွှင်မြူးနေသော လယ်လုပ်ငန်းရှင်တို့မှာ ဒင်္ဂါးပြား ခေါင်းနှင့်ပန်းသဖွယ် ယှဉ်တွဲလျက် ရှိပေသည်။


          အချုပ်အားဖြင့်ဆိုသော် ဝါဆိုကာလသည် ဗုဒ္ဓဘာသာ မြန်မာတို့အတွက် မွန်မြတ်သော လတစ်လ ဖြစ်ပါသည်။ ဝါဆို ကာ လကစ၍ တရားဓမ္မသံများ ဝေစည်လျက်ရှိသည့် လောကီကာမဂုဏ်ကိစ္စများဖြစ်သည့် ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ပြောင်းရွှေ့ ခြင်းများပင် ခေတ္တရပ်နားထားကြသည်။ သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့ပွဲများလည်း ကျင်းပလေ့ရှိပြီး နိုင်ငံတစ် ၀န်း၌ ကုသိုလ်ကောင်းမှုများဖြင့် တိုးပွားပြည့်စုံနေသော လတစ်လဖြစ်ရာ ရခဲလှသော လူ့ဘ၀အချိန် ကာလအတွင်း ဝါဆိုဆန်း အချိန်ကာလကစ၍ ကောင်းမှုကုသိုလ်တရားများ ပွားများကြစေလိုပါကြောင်း နှိုးဆော်သမှု ပြုအပ်ပါသည်။


          ဆက်လက်၍ တိုက်တွန်းလိုသည်မှာ ဝါဆိုလသည် ကောင်းကင်ယံတစ်ခွင်၌ မိုးသံလေသံများညံပြီး မိုးဖြိုင်ဖြိုင်ရွာသည့်လ ဖြစ်သည့် အားလျော်စွာ သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစိုရှိပြီး သစ်ပင်စိုက်ပွဲတော်များ စည်စည်ကားကား စတင်ကျင်းပကြသော    လလည်းဖြစ်ပေသည်။ သို့ပါ၍ နောင်လာနောင်သား ကမ္ဘာသူကမ္ဘာသားများ၊ သက်ရှိအားလုံးတို့အတွက် ဤကမ္ဘာမြေကြီး သာယာ လှပစေဖို့ ကြီးမြန်သစ်ပင်များကို ယနေ့လူသားများက စိုက်ပျိုးသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ပါရစေ။။




စေတနာများစွာ

#ဆောင်းပါးရှင် တင်ထက်ထက်ဇော် Tin Htet Htet Zaw 

 á€›á€ąá€¸á€žá€Źá€¸á€žá€Šá€şá‹

No comments: