Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, December 23, 2025

မြန်မာမင်းများလက်ထက်မှ အပြစ်ဒဏ်များ

 


အပိုင်း (၁)

ရှေးမင်းတွေလက်ထက်မှာ ရုံးတော်ကြီး ငါးခုနဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီရုံးတော်တွေထဲမှာ ဗြဲတိုက်တော်က လွဲရင် ကျန်တဲ့ ရုံးတော်တွေအားလုံးက တရားစီရင်ခွင့် အာဏာရှိပါတယ်။ စီရင်ချက်အချုပ်ကတော့ လွှတ်တော်ကြီးက အဓိက ပါပဲ။ ရာဇဝတ်မှုတွေ၊ တရားမမှုတွေကို စီရင်တဲ့အခါမှာ သာမန်ပြစ်ဒဏ်တွေ အပြင် ကြီးလေးလှတဲ့ ရာဇဒဏ်ဆိုတဲ့ အပြစ်ပေးနည်းတွေရှိပါတယ်။ အဲဒါကိုတော့ ရာဇဒဏ် ရှစ်ပါးလို့ ခေါ်ပါတယ်။ ရာဇဒဏ် ရှစ်ပါးက ဘာတွေဆိုတာရယ် ဘာကြောင့် ပေးရသလဲဆိုတာရယ်ကို ရှင်းပြပါမယ်။

၁။ သတ်

အဲဒီပြစ်ဒဏ်ကတော့ အဆုံးစီရင်တဲ့ပြစ်ဒဏ်ဖြစ်ပြီး "သုံးတန်းပေးလိုက်သည်" ဆိုတဲ့စကားနဲ့ တွဲသုံးပါတယ်။ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှု၊ ဘုရင် သို့မဟုတ် ဘုရင့်အနွယ်တော်ကို လုပ်ကြံမှု၊ နန်းလုရန်ကြံစည်အားထုတ်မှု၊ တစ်ပါးသူကို အသက် သေဆုံးစေမှု၊ တာဝန်မကျေပွန်မှု၊ စစ်ရှုံးမှု တို့ကို စီရင်တဲ့ ပြစ်ဒဏ်ပါပဲ။ သာသနာရေး ဘက်မှာ လူတွေကို အယူလွဲအောင် မဟုတ်မမှန်ဟောပြော လုပ်ကြံပြောဆိုရင်လည်း ပေးနိုင်ပါတယ်။ တံကျင်လျှို၊ ကားစင်တင်၊ ရင်ခွဲ၊ လည်မျိုနှက်၊ ရေချ၊ ဆင်နင်း စသဖြင့် နည်းအမျိုးမျိုးနဲ့ စီရင်တတ်ပါတယ်။ သုံးတန်းပေးပြီးရင်တော့ ဘုရင့်ဆီက အခွင့်မလွှတ်ရင် မလွတ်တော့ပါဘူး။

၂။ ဖြတ်

ကိုယ်လက်အင်္ဂါတစ်ခုခုကို ဖြတ်တောက်အပြစ်ပေးတဲ့ ပြစ်ဒဏ်ပါပဲ (အသက်ကို မဆုံးစေရ)။ အဲဒီဒဏ်ကိုတော့ မင်းမှုထမ်းတွေထဲက ပေါ့ပေါ့လျော့လျော့ နေတတ်တဲ့သူ တွေရနိုင်ပါတယ်။ ညီလာခံမှာ မှတ်ရန်အခွင့်ရှိသူမဟုတ်ဘဲ စာမှတ်ခြင်း၊ အတွင်းရေး နှုတ်စကားသတင်းကို စာဖြင့်မှတ်ခြင်း၊ ရုံးစာများကို အိမ်သို့ယူဆောင်ကာ ရေးသားခြင်း၊ စစ်ရေးစကားကို ပေါက်ကြားစေမှု၊ တရားစီရင်ချက်ကို ကြိုတင်ပေါက်ကြားစေမှု စတဲ့ အစိုးရပိုင်းဆိုင်ရာသတင်းတွေကို တရားဝင်မထုတ်ပြန်ခင်မှာ တစ်နည်းနည်းနဲ့ ပေါက်ကြားစေတယ်ဆိုရင် အရပ်ဘက်/စစ်ဘက်အမှုထမ်းမည်သူမဆို ဒဏ်တပ် ခံရပါတယ်။ အဲဒါတွေအပြင် အရပ်ထဲမှာ မဟုတ်မမှန်စကားဆိုသူ၊ ဆေးမှားကုသူ၊ လာဘ်စားသူ၊ မလျော်ဩဇာသုံးသူ၊ ကုန်းချောသူ၊ အလေးတင်းတောင်းလိမ်လည်သူ၊ ခိုးသူ တို့လည်း ဒီဒဏ်ကို ခံရပါတယ်။ လက်၊ခြေထောက်၊နားရွက်၊နှာခေါင်းတို့အပြင် အာကိုဟက်ဆိုတဲ့အပြစ်ဒဏ်ကလည်း ဖြတ်ဆိုတဲ့ ရာဇဒဏ်ထဲမှာပါပါတယ်။

၃။ကွက် (ကွပ်မဟုတ်ပါ)

အဲဒီပြစ်ဒဏ်ကတော့ ပါး၊နဖူးမှာ ဆေးမည်းနဲ့အကွက်အဝိုင်း ထိုးမှတ်ပြီး မူလအစုအသင်းက နှုတ်ပယ်ကာ အခြားအစုမှာ လူသစ်အဖြစ် အမည်သွင်းတဲ့ ပြစ်ဒဏ်ပါပဲ။ ဒီနေ့ခေတ်မှာတော့ အဲဒါက ပထမရာဇဒဏ် ၂ခုလောက် မပြင်းထန် ဘူးထင်ပေမယ့် အဲဒီခေတ်က ဒီပြစ်ဒဏ်က ကြီးလေးပါတယ်။ မြန်မာတွေက ဆွေစုမျိုးစု မျိုးရိုးအစဉ်အလာကို တန်ဖိုးထားပြီး အမျိုးဂုဏ်ကို လေးစားတတ်တဲ့ အစဉ်အလာ ရှိပါတယ်။ ဥပမာ ဘယ်သူ့ရဲ့သားသမီးလေ မျိုးကောင်းရိုးကောင်းတွေပါ၊ ဒါတွေက ဘယ်သူ့သားသမီးပေါ့ သန္ဓေယုတ်လေးတွေ ဆိုပြီး ပြောကြသလိုပေါ့။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက မျိုးရိုးဂုဏ်ပေါ်မူတည်ပါတယ်။ ဒီပြစ်ဒဏ်က အဲဒီမျိုးရိုးဂုဏ်ကို ဆွဲနှုတ် ချိုးဖျက်ပစ် တာပါပဲ။ ရှက်ဖွယ်ကောင်းတဲ့အပြုအမှုကို စစ်မြေပြင်မှာ လုပ်ဆောင်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိမ်လည်မှုကျူးလွန်တာ၊ စစ်မှုထမ်းခြင်းအပါအဝင် တာဝန်ကိုရှောင်လွှဲတာ စသဖြင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ရင် အဲဒီသူကို သူရဲ့မူလအစုအသင်း (အမှုလုပ်၊ အသည်၊အလာ၊ရပ်နေ၊ကပ္ပါး) ကနေ ဆွဲထုတ်ပြီး စုကြမ်း ဆိုတဲ့ အလုပ်ကြမ်းလုပ်ရတဲ့ ကျွန်သာသာအစုတွေဆီ ပို့ပစ်လိုက်တယ်။ မျက်နှာမှာလည်း ဖျက်မရတဲ့စုတ်ချက်တွေကြောင့် ဘယ်သူကမှ အခေါ်အပြောမလုပ်ကြဘူး တစ်နည်း ပြောရမယ်ဆို လူရာမသွင်းတော့တာပါပဲ။ ဒီပြစ်ဒဏ်က သူတင်ပဲလားဆိုတော့မဟုတ်ဘူး သူကနေ ပေါက်ဖွားလာတဲ့ မျိုးရိုးစဉ်ဆက် ဆက်ပြီးသယ်သွားရတာမို့ ပြင်းထန်တဲ့ ရာဇဒဏ်ပါပဲ။ အဲဒီဒဏ်ကို ခံစားရမယ်ဆို လူတိုင်းက ပထမရာဇဒဏ် တွေထဲက တစ်ခုခုကိုပဲ တောင့်တမိမှာပဲ။ လူမသေသော်ဌား ဆွေစဉ်မျိုးဆက် နာမည်သေပြီး ရှက်ဖွယ်လိလိဘဝမို့ ဆိုးဝါးလှပါတယ်။

၄။ မှတ်

ဒါကတော့ နဖူး၊ ရင်ဘတ်၊ လက်မောင်း စတဲ့နေရာတွေမှာ ဆေးမှင်တွေနဲ့ စာမှတ်ချက် ရေးထိုးခံရတဲ့ပြစ်ဒဏ်ပါပဲ။ ခိုးသူကြီး၊ ဓားပြ၊ နောင်မဆိုးနဲ့၊ မမိုက်နဲ့၊ သတိထား၊ သူရဲဘောကြောင်သသူ စသဖြင့် ကျူးလွန်တဲ့ပြစ်ဒဏ်အလိုက် စာမှတ်ရေးထိုးပြီး နာမည်ပျက်စာရင်းသွင်းတာပါပဲ။ ဒီနေ့ခေတ်ဆို Blacklist တွေပေါ့။ မူလအစုအသင်းကနှုတ်ပယ်ဖို့ အမိန့်မပါပေမယ့် အဲဒီပြစ်ဒဏ်ခံရတယ်ဆိုတာနဲ့ မိသားစုနဲ့ရပ်ရွာက သံပုံးတီးပြီးကို နှင်ထုတ်လို့ "ကွက်"ရာဇဒဏ်လောက် နီးနီး ပြင်းထန်ပါတယ်။ စာမှတ်ပါတဲ့သူတွေဟာ ဘယ်နေရာမှာနေနေ နေထိုင်ရာဒေသရဲ့ အကြီးအကဲ (မြို့အုပ်၊သူကြီး)ဆီ နှစ်ရက်ခြား၊သုံးရက်ခြားတစ်ခါ သတင်းလာပို့ မျက်နှာလာပြရသလို ရပ်ရွာမှာ အမှုအခင်းဖြစ်ပြီဆိုတာနဲ့ စာမှတ်ရှိသူတွေကို အရင်ဆုံးစစ်ပြီးမှ အခြားသံသယရှိသူကို ဆက်ရှာတာမို့ အမြဲတမ်း ညိုးငယ်စွာ နေရတဲ့ဘဝပါပဲ။

အခုဖော်ပြထားကတော့ ရာဇဒဏ် ရှစ်ပါးထဲက အကြီးဆုံးပြစ်ဒဏ် လေးပါးပါပဲ။ ပထမနှစ်ပါးက ခန္ဓာကိုယ်ကို ပေးတဲ့ပြစ်ဒဏ်ဖြစ်ပြီး ကျန်တဲ့နှစ်ပါးကတော့ စိတ်နဲ့ဂုဏ်သိက္ခာကို ပေးတဲ့ပြစ်ဒဏ်ပါပဲ။ နောက်တော့မှ ရာဇဒဏ်ငယ်လေးပါးဖြစ်တဲ့ ဖြည့်၊ထည့်၊ပို့၊အပ် ဆိုတဲ့ လေးပါးကို ဆက်ပြီး ရေးသားဖော်ပြပါဦးမယ်။

အပိုင်း (၂) ဆက်ရန် ..........

▪️မြန်မာမင်းများလက်ထက်မှ အပြစ်ဒဏ်များ အဆက် (ရာဇဒဏ်ငယ်များ)

အပိုင်း (၂) ဇာတ်သိမ်းပိုင်း

ရှေ့တစ်ပိုင်းမှာ ရာဇဒဏ်ရှစ်ပါးထဲက ရာဇဒဏ်ကြီးလေးပါးဖြစ်တဲ့ (-တ်၊ ဖြတ်၊ ကွက်၊ မှတ်) ကို ဖော်ပြပြီးတာမို့ ရာဇဒဏ်ငယ်လေးပါးဖြစ်တဲ့ (ဖြည့်၊ ထည့်၊ ပို့၊ အပ်) အကြောင်းကို ဆက်ပြီးရေးပါမယ်။ မရေးခင် မြန်မာမင်းတွေလက်ထက်က တရားစီရင်ရေးကဏ္ဍမှာ ချမှတ်လေ့ရှိတဲ့ ပြစ်ဒဏ်တွေ အကြောင်း ပြောပြမယ်။ အခုပြောတဲ့ ရာဇဒဏ်ဆိုတာ အမြင့်ဆုံးအပြစ်ဒဏ်တွေ ဆိုပေမယ့် အမြဲပေးနေကြမဟုတ်ဘူးလေ သာမန်အမှုတွေကို ရိုးရာဥပဒေတွေ၊ ဓမ္မဿတ် ဖြတ်ထုံးတွေအရ ကြိမ်ဒဏ်၊ ငွေဒဏ်၊ ဝန်ခံကတိလောက်နဲ့ ပြီးကြတာများတယ်။ တရားစီရင်ရေးအပိုင်းမှာ တရားမရုံးတော်ဆိုတဲ့ High Courtတရားရုံးကြီးအပြင် မြို့ဝန်ရုံး၊ အဝေးဝန်ရုံး၊ သင်ဖမ(ပုဂံခေတ်မှ အင်းဝခေတ်အထိရှိခဲ့သော ဂျူရီစနစ်နှင့်တူသည့် တရားရုံး)၊ သူကြီးစတဲ့ ဒေသခံအာဏာပိုင်တွေအလိုက် တရားစီရင်တဲ့ ရုံးတော်တွေရှိတာမို့ မြန်မာစကားပုံဖြစ်တဲ့ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" စကားအတိုင်း ပြစ်ဒဏ်တွေကို နောင်ကြဉ် ယုံလောက်ပေးတာများတယ်။ တရားဥပဒေက သက်ညှာပေမယ့် ရပ်ရွာမှာတော့ ဝိုင်းကြီးချုပ်ပုံစံနဲ့ စည်းကမ်း၊ဥပဒေကို ထိန်းကျောင်းပါတယ်။ ဥပမာ အခုခေတ်လို လင်မယားဖောက်ပြန်နေတာကို လောင်မြိုက်ပြနေမှာမဟုတ်ဘဲ ရပ်ရွာက အဲဒီ စုံတွဲကို လေးကွက်ကျားရိတ်ပြီး မောင်းထုတ်တာတို့ ဝိုင်းကျဉ်ထားတာတို့ သူတို့က ပေါက်ဖွားလာတဲ့ မျိုးရိုးအဆက်ဆက်ကို တစ်ဆင့်နိမ့်ဆက်ဆံတာတို့လို social punishment လုပ်ပါတယ်၊ ရပ်ရွာထဲမှာ ကလေးတစ်ယောက် အမှားလုပ်တာမြင်ရင် တွေ့ရင် မိရယ် ဘရယ် ဘိုးဘွားဆွေမျိုးရယ်မဟုတ်ဘူး တွေ့တဲ့သူက ချက်ချင်းဆုံးမတယ် တိုင်ကြားပေးတယ် (မောင်ပျံချီတို့ ငယ်ငယ်က အပြင်မှာ မဟုတ်တာ တစ်ခုခုလုပ်တဲ့အချိန် ရပ်ကွက်ထဲက အသိတစ်ယောက်တွေ့လို့ကတော့ မလွယ်ကြောပဲ ခုခေတ်တော့ ကလေးတွေပြောနေတာကြားပါတယ် ရပ်ကွက်ထဲက CCTV များ ဆိုလားပဲ) မြန်မာလူမှုအသိုင်းအဝိုင်းက ဟီရိဩတ္တပတရားနဲ့အညီ နေထိုင်ပြီး သိုက်သိုက်ဝန်းဝန်း ရှိလှတာမို့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း လူမှုအသိုင်းအဝိုင်းက မထိန်းနိုင်တော့မှသာ တရားစီရင်ရေးဌာနတွေက ဝင်ရောက်ကိုင်တွယ်ဖြေရှင်းတဲ့ သဘောကို တွေ့ရပါတယ်။

ကိုင်း မူလအကြောင်းအရာဖြစ်တဲ့ ရာဇဒဏ်တွေအကြောင်း ပြန်သွားကြတာ ပေါ့ဗျာ။

၅။ ဖြည့်
ဖြည့်ဆိုတဲ့ ရာဇဒဏ်ငယ်ကတော့ ပြစ်မှုကျူးလွန်ထားတဲ့သူကို သူရဲ့အစုအသင်း ကနေနှုတ်ပြီး ဗိုင်းတာတို့ လမိုင်းတို့ လှေထိုးတို့လို အလုပ်ကြမ်းလုပ်ရတဲ့ စုကြမ်း တွေဆီသွားဖြည့်တာပါပဲ တစ်နည်းပြောရရင် ဒီခေတ်ခေါ်နေတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဘယ်နှနှစ်ဆိုပြီး ချမှတ်သလို အလုပ်ကြမ်း ဘယ်နှနှစ်သွားလုပ်ဆိုပြီး ဒဏ်တပ်တာပါပဲ၊ "ကွက်"နဲ့ "မှတ်"လို ဆေးမင်းတွေ အထိုးမခံရတာရယ်၊ နှစ်အကန့်အသတ် သို့မဟုတ် သနားတော်မူ(လွတ်ငြိမ်းချမ်းသာ) ဆိုတာတို့ ဆိုရင် ပြစ်ဒဏ်စေ့တာမို့ သက်သာသယောင်ထင်ရတာပါ။ အလုပ်ကြမ်းကိုတော့ ပိုးစိုးပက်စက် လုပ်ရပါတယ် တံတိုင်းဆောက်တာ၊ သစ်တိုက် ဝါးတိုက် ကြိမ်ခုတ်၊ လမ်းခင်း၊ ကန်ဆယ်၊ စပါးစိုက်၊ ကောက်ရိတ်၊ ဝါကောက် ဝါဖန် ဝါကြိတ် စသဖြင့် သာမန် အသည်သားတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်ပေးရပါတယ်။

၆။ ထည့်
အပေါ်မှာပြောထားတဲ့ "ဖြည့်" ရာဇဒဏ်ဟာ အရပ်ဘက်အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်ဆိုရင် "ထည့်" ရာဇဒဏ်က စစ်ဘက်အလုပ်ကြမ်းတွေကို လုပ်ခိုင်းတဲ့ ရာဇဒဏ်ပါပဲ။ အဝေးအလံကို စစ်ထွက်တဲ့အခါ သို့မဟုတ် အဝေးအရပ်မှာရှိတဲ့ တပ်စခန်းတွေဆီကို တပ်ကျွန်အနေနဲ့ ပို့ပြီး ရာဇဝတ်ကြွေးကို ချွေးနဲ့ဆပ် ဒါမှမဟုတ် သွေးနဲ့ဆပ်ခိုင်းတာပါပဲ။ တပ်စခန်းချဖို့လုပ်တဲ့အချိန် တပ်ကျွန်တွေကို အလုပ်ကြမ်းတွေလုပ်ခိုင်းတာ၊ ဆင်စာမြင်းစာရိတ်ရတာတွေလုပ်သလို တပ်ချီတဲ့အခါ ဝန်စည်စလွယ်တွေကို ထမ်းပိုးသယ်ဆောင်ကြရပါတယ်။ မြန်မာယောကျာ်းတွေဟာ စစ်သည်တော်ပီပီ စစ်မြေပြင်မှာ အခက်အခဲ အပင်ပန်းဆင်းရဲကို ခံနိုင်ပေမယ့် တပ်ထဲမှာ ရဲမက်အနေနဲ့မဟုတ်ဘဲ တပ်ကျွန်ဖြစ်နေတဲ့ပြစ်ဒဏ်ကို သေမလောက်ကြောက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက် အမိန့်ပြန်တမ်းတွေအရဆို တပ်ကျွန်တွေအများစုက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ယောကျာ်းတွေ၊ ရပ်ရွာထဲ ပေါ့ကြော့နေပြီး ဒုက္ခပေးသူ၊ သေရည်သမား၊ လူလိမ်စတာတွေကို ယောကျာ်းသွမ်းဆိုပြီး "ထည့်" ပြစ်ဒဏ်ပေးတယ် လို့ သိရပါတယ်။ ဒီပြစ်ဒဏ်ဟာလည်း အချိန်စေ့ရင်၊ သနားတော်မူရင် လွတ်စေ နိုင်ပါတယ်။

၇။ ပို့
ဒါကတော့ ရှင်းရှင်းလေးပါ နယ်နှင်ပြစ်ဒဏ်ပါပဲ။ "မဲဇာကိုပို့" ဆိုပြီးကြားဖူးတဲ့သူများတော့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာတော့ မလိုတော့ပါဘူး။ ဒီပြစ်ဒဏ်ကို ခံရတဲ့သူတွေကို ကြမ်းတမ်းဆင်းရဲ လှတဲ့ဒေသတွေဆီကို ပို့ပြီး အကျယ်ချုပ်ချထားတာပါ။ ပုဂံခေတ်မှာ ကျန်စစ်သားတို့ ရာဇသင်္ကြန် တို့ကို ဒလပို့သလို၊ ပင်းယခေတ်ကျတော့ သတိုးရာဟုလာ(သတိုးမင်းဖျား)ကို ကျခတ်ဝရာပို့သလို၊ အင်းဝခေတ်ကနေ ကုန်းဘောင်ခေတ်အထိ မိုးကောင်း၊ဗန်းမော်၊ မဲဇာ၊ ရွှေလီစတဲ့ ဒေသတွေကို ပို့သလို ခေတ်အပေါ်မူတည်ပြီး ပို့တဲ့ဒေသတွေတော့ မတူဘူးပေါ့။ ဒါပေမယ့် ပို့တဲ့ဒေသတွေက ရာသီဥတုကြမ်းတမ်းပြီး ပစ္စန္တရာဇ်အရပ်၊ ရောဂါထူပြောတဲ့အရပ် ဖြစ်တာမို့ ပို့ခံရတဲ့သူတွေတော့ ခွင့်လွှတ်တော်မခံရရင် သေတဲ့အချိန်ထိ ပင်ပန်းဆင်းရဲစွာနဲ့နေထိုင်သွားရပါတယ်။(အသက်လည်း တိုပါတယ်)

၈။ အပ်
"ပို့"နဲ့ "အပ်"က နယ်နှင်ဒဏ်တွေဆိုပေမယ့် "အပ်"ကတော့ နယ်စွန်နယ်ဖြား မဟုတ်ဘဲ သင့်တော်ရာ ဝန်ကြီး၊ အတွင်းဝန်၊ မြို့ဝန်၊ ထောင်သင်းမှူးတွေဆီကို ပို့အပ်ပြီး စောင့်ကြည့်ခိုင်းတာပါပဲ။ မင်းညီမင်းသား အပြစ်ပြုရင် ဝန်ကြီးတို့၊ အတွင်းဝန်တို့ ဆီ အရာချပြီး စောင့်ကြည့်အပ်နှံခိုင်းသလို၊ မှူးသား မတ်သားဆိုရင် မြို့ဝန်၊ မြို့အုပ်၊ သာမန်သူဆို ထောင်သင်းမှူး စသဖြင့် ပို့ပြီး စောင့်ကြည့်တာပေါ့။ ဒီခေတ်ဆို Under watch လုပ်ခံထားပြီး လျှပ်စစ် ခြေကျဉ်းတပ်ခံထား၊ ခံဝန်နေ့တိုင်းလာထိုး နေရတဲ့ သဘောပါပဲ။ အဲဒီပြစ်ဒဏ် ကျခံသူရဲ့ အပြုအမှုပေါ်မူတည်ပြီး တန်းထဲထားမှာလား၊ ခြေချင်းပဲခတ်ထားမလား ဆိုတာတော့ အပ်ခံရတဲ့ အရာရှိကြီးရဲ့သဘောပါပဲ။ ကလန်ကဆန်လုပ်မယ်၊ အချိုးမပြေဘူးဆိုရင်တော့ စပယ်ရှယ် အချိုးပြင်ပေးသည် ဆိုတဲ့ နာမည်ကျော် တန်းတွေဖြစ်တဲ့  လက်မထောက်တန်း၊လက်ရတန်း တွေမှာ အချိုးပြင် ပေးခံရမှာပါပဲ။ အချိုးပြေတယ်ဆိုရင်တော့ ဖွားဖက်ကျော်တန်း၊ ဒိုင်းတော်တန်း၊ လွှတ်စေတန်း တို့မှာအေးဆေးနေရပြီး နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ တုံးဖိနေလှန်းတာလောက်ပဲ ခံရမှာပါ ၊ (တန်းထဲရောက်ရင်တော့ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စီရင်ချက်မကျမချင်း နေ့တိုင်း နေလှန်းပါတယ်) "အပ်" ဒဏ်ခံရတဲ့သူတွေကတော့ ရာဇဒဏ်တွေထဲမှာ လွတ်ဖို့ အခွင့်အရေးအများဆုံးရှိပါတယ်။ ဘုရင်နေတဲ့နေပြည်တော်နားမှာပဲ ဒဏ်ခံရတာဆိုတော့ ချိတ်ကောင်းကောင်းရှိရင် အသနားခံစာ၊ အယူခံစာ သွင်းလို့ရတဲ့ အားသာချက်တစ်ခုတော့ရှိတာပေါ့။

ဒီလောက်ဆိုရင် ရာဇဒဏ်ရှစ်ပါးဖြစ်တဲ့ (သတ်၊ဖြတ်၊ကွက်၊မှတ်၊ဖြည့်၊ထည့်၊ပို့၊ အပ်) အကြောင်း စုံလောက်ပြီထင်ပါတယ်။ နောက်များမှ ရှေးမြန်မာတွေရဲ့ အကြောင်းတွေကို ရှာရှာဖွေဖွေ တင်ဆက်ပေးသွားပါဦးမယ်။

ပြီးပါပြီ ..........

(Living Myanmar Media)

***Living Myanmar Media စာမျက်နှာမှ ကူးယူဖော်ပြသည်။

Monday, August 18, 2025

နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ

 နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ




၁/ ဖြစ်လျှင် ကချင်ပြည်နယ်

၂/ဖြစ်လျှင် ကယားပြည်နယ်

၃/ဖြစ်လျှင် ကရင်ပြည်နယ်

၄/ဖြစ်လျှင် ချင်းပြည်နယ်

၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး

၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး

၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး

၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး

၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး

၁၀/ဖြစ်လျှင် မွန်ပြည်နယ်

၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ်

၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး

၁၃/ဖြစ်လျှင် ရှမ်းပြည်နယ်

၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး




(၁) ကချင်ပြည်နယ် (မြို့တော် – မြစ်ကြီးနားမြို့)


ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ် ရှိပါသည်။


မြစ်ကြီးနားခရိုင်

၁။ မြစ်ကြီးနားမြို့နယ် – ၁/မကန(နိုင်)

၂။ ဝိုင်းမော်မြို့နယ် – ၁/ဝမန(နိုင်)

၃။ ချီဖွေမြို့နယ် – ၁/ခဖန(နိုင်)

၄။ ဆော့လော်မြို့နယ် – ၁/ဆလန(နိုင်)

၅။ တနိုင်းမြို့နယ် – ၁/တနန(နိုင်)

၆။ အင်ဂျန်းယန်မြို့နယ် – ၁/အဂယ(နိုင်)


မိုးညှင်းခရိုင်

၇။ မိုးညှင်းမြို့နယ် – ၁/မညန(နိုင်)

၈။ မိုးကောင်းမြို့နယ် – ၁/မကန(နိုင်)

၉။ ဖားကန့်မြို့နယ် – ၁/ကမန(နိုင်)


ဗန်းမော်ခရိုင်

၁၀။ ဗန်းမော်မြို့နယ် – ၁/ဗမန(နိုင်)

၁၁။ ရွှေကူမြို့နယ် – ၁/ရကန(နိုင်)

၁၂။ မံစီမြို့နယ် – ၁/မစန(နိုင်)

၁၃။ မိုးမောက်မြို့နယ် – ၁/မမန(နိုင်)


ပူတာအိုခရိုင်

၁၄။ ပူတာအိုမြို့နယ် – ၁/ပတအ(နိုင်)

၁၅။ ဆွမ်ပရာဘွမ်မြို့နယ် – ၁/ဆပဘ(နိုင်)

၁၆။ မချမ်းဘောမြို့နယ် – ၁/မခဘ(နိုင်)

၁၇။ ခေါင်းလန်းဖူးမြို့နယ် – ၁/ခဘဒ(နိုင်)

၁၈။ နောင်မွန်းမြို့နယ် – ၁/နမန(နိုင်)


(၂) ကယားပြည်နယ် (မြို့တော် – လွိုင်ကော်မြို့)


ကယားပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


လွိုင်ကော်ခရိုင်

၁။ လွိုင်ကော်မြို့နယ် – ၂/လကန(နိုင်)

၂။ ဒီးမော့ဆိုမြို့နယ် – ၂/ဒမဆ(နိုင်)

၃။ ဖရူဆိုမြို့နယ် – ၂/ဖရဆ(နိုင်)

၄။ ရှားတောမြို့နယ် – ၂/ရတန(နိုင်)


ဘော်လခဲခရိုင်

၅။ ဘော်လခဲမြို့နယ် – ၂/ဘလခ(နိုင်)

၆။ မယ်စဲ့မြို့နယ် – ၂/မစန(နိုင်)

၇။ ဖာဆောင်းမြို့နယ် – ၂/ဖဆန(နိုင်)


(၃) ကရင်ပြည်နယ် (မြို့တော် – ဘားအံမြို့)


ကရင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


ဘားအံခရိုင်

၁။ ဘားအံမြို့နယ် – ၃/ဘအန(နိုင်)

၂။ လှိုင်းဘွဲ့မြို့နယ် – ၃/လဘန(နိုင်)

၃။ သံတောင်ကြီးမြို့နယ် – ၃/သတန(နိုင်)


ကော့ကရိတ်ခရိုင်

၄။ ကော့ကရိတ်မြို့နယ် – ၃/ကကရ(နိုင်)

၅။ ကြာအင်းဆိပ်ကြီးမြို့နယ် – ၃/ကဆက(နိုင်)


မြဝတီခရိုင်

၆။ မြဝတီမြို့နယ် – ၃/မဝတ(နိုင်)


ဖာပွန်ခရိုင်

၇။ ဖာပွန်မြို့နယ် – ၃/ဖပန(နိုင်)


(၄) ချင်းပြည်နယ် (မြို့တော် – ဟားခါးမြို့)


ချင်းပြည်နယ်တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၉)မြို့နယ် ရှိပါသည်။


ဟားခါးခရိုင်

၁။ ဟားခါးမြို့နယ် – ၄/ဟခန(နိုင်)

၂။ ထန်တလန်မြို့နယ် – ၄/ထတလ(နိုင်)


မင်းတပ်ခရိုင်

၃။ မင်းတပ်မြို့နယ် – ၄/မတန(နိုင်)

၄။ ပလက်ဝမြို့နယ် – ၄/ပလဝ(နိုင်)

၅။ မတူပီမြို့နယ် – ၄/မတပ(နိုင်)

၆။ ကန်ပက်လက်မြို့နယ် – ၄/ကပလ(နိုင်)


ဖလမ်းခရိုင်

၇။ ဖလမ်းမြို့နယ် – ၄/ဖလန(နိုင်)

၈။ တီးတိန်မြို့နယ် – ၄/တတန(နိုင်)

၉။ တွန်းဇံမြို့နယ် – ၄/တဇန(နိုင်)


(၅) စစ်ကိုင်းတိုင်းဒေသကြီး (မြို့တော် – မုံရွာမြို့)


စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်(၉)ခရိုင်၊ မြို့နယ် (၃၇)မြို့နယ် ရှိပါသည်။


မုံရွာခရိုင်

၁။ မုံရွာမြို့နယ် – ၅/မရန(နိုင်)

၂။ အရာတော်မြို့နယ် – ၅/အရတ(နိုင်)

၃။ ချောင်းဦးမြို့နယ် – ၅/ခဥတ(နိုင်)

၄။ ဘုတလင်မြို့နယ် – ၅/ဘတလ(နိုင်)


စစ်ကိုင်းခရိုင်

၅။ စစ်ကိုင်းမြို့နယ် – ၅/စကန(နိုင်)

၆။ မြောင်မြို့နယ် – ၅/မမန(နိုင်)

၇။ မြင်းမူမြို့နယ် – ၅/မမတ(နိုင်)


ကလေးခရိုင်

၈။ ကလေးမြို့နယ် – ၅/ကလထ(နိုင်)

၉။ ကလေးဝမြို့နယ် – ၅/ကလဝ(နိုင်)

၁၀။ မင်းကင်းမြို့နယ် – ၅/မကန(နိုင်)


ကသာခရိုင်

၁၁။ ကသာမြို့နယ် – ၅/ကသန(နိုင်)

၁၂။ အင်းတော်မြို့နယ် – ၅/အတန(နိုင်)

၁၃။ ဗန်းမောက်မြို့နယ် – ၅/ဗမန(နိုင်)

၁၄။ ကောလင်းမြို့နယ် – ၅/ကလတ(နိုင်)

၁၅။ ပင်လည်ဘူးမြို့နယ် – ၅/ပလဘ(နိုင်)

၁၆။ ဝန်းသိုမြို့နယ် – ၅/ဝသန(နိုင်)

၁၇။ ထီးချိုင့်မြို့နယ် – ၅/ထခန(နိုင်)


ခန္တီးခရိုင်

၁၈။ ခန္တီးမြို့နယ် – ၅/ခတန(နိုင်)

၁၉။ ဟုမ္မလင်းမြို့နယ် – ၅/ဟမလ(နိုင်)

၂၀။ လေရှီးမြို့နယ် – ၅/လရန(နိုင်)

၂၁။ နန်းယွန်းမြို့နယ် – ၅/နယန(နိုင်)

၂၂။ လဟယ်မြို့နယ် – ၅/လဟန(နိုင်)


မော်လိုက်ခရိုင်

၂၃။ မော်လိုက်မြို့နယ် – ၅/မလန(နိုင်)

၂၄။ ဖောင်းပြင်မြို့နယ် – ၅/ဖပန(နိုင်)


ယင်းမာပင်ခရိုင်

၂၅။ ယင်းမာပင်မြို့နယ် – ၅/ယမပ(နိုင်)

၂၆။ ဆားလင်းကြီးမြို့နယ် – ၅/ဆလက(နိုင်)

၂၇။ ပုလဲမြို့နယ် – ၅/ပလန(နိုင်)

၂၈။ ကနီမြို့နယ် – ၅/ကနန(နိုင်)


ရွှေဘိုခရိုင်

၂၉။ ရွှေဘိုမြို့နယ် – ၅/ရဘန(နိုင်)

၃၀။ ဒီပဲယင်းမြို့နယ် – ၅/ဒပယ(နိုင်)

၃၁။ ကန့်ဘလူမြို့နယ် – ၅/ကဘလ(နိုင်)

၃၂။ ခင်ဦးမြို့နယ် – ၅/ခဥန(နိုင်)

၃၃။ ကျွန်းလှမြို့နယ် – ၅/ကလန(နိုင်)

၃၄။ တန့်ဆည်မြို့နယ် – ၅/တဆန(နိုင်)

၃၅။ ရေဦးမြို့နယ် – ၅/ရဥန(နိုင်)

၃၆။ ဝက်လက်မြို့နယ် – ၅/ဝလန(နိုင်)


တမူးခရိုင်

၃၇။ တမူးမြို့နယ် – ၅/တမန(နိုင်)


(၆) တနင်္သာရီတိုင်းဒေသကြီး (မြို့တော် – ထားဝယ်မြို့)


တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


ထားဝယ်ခရိုင်

၁။ ထားဝယ်မြို့နယ် – ၆/ထဝန(နိုင်)

၂။ လောင်းလုံးမြို့နယ် – ၆/လလန(နိုင်)

၃။ သရက်ချောင်းမြို့နယ် – ၆/သရခ(နိုင်)

၄။ ရေဖြူမြို့နယ် – ၆/ရဖန(နိုင်)


မြိတ်ခရိုင်

၅။ မြိတ်မြို့နယ် – ၆/မမန(နိုင်)

၆။ တနင်္သာရီမြို့နယ် – ၆/တသရ(နိုင်)

၇။ ကျွန်းစုမြို့နယ် – ၆/ကစန(နိုင်)

၈။ ပုလောမြို့နယ် – ၆/ပလန(နိုင်)


ကော့သောင်းခရိုင်

၉။ ကော့သောင်းမြို့နယ် – ၆/ကသန(နိုင်)

၁၀။ ဘုတ်ပြင်းမြို့နယ် – ၆/ဘပန(နိုင်)


(၇) ပဲခူးတိုင်းဒေသကြီး (မြို့တော် – ပဲခူးမြို့)


ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


ပဲခူးခရိုင်

၁။ ပဲခူးမြို့နယ် – ၇/ပခန(နိုင်)

၂။ ဒိုက်ဦးမြို့နယ် – ၇/ဒဥန(နိုင်)

၃။ ကျောက်တံခါးမြို့နယ် – ၇/ကတခ(နိုင်)

၄။ ကဝမြို့နယ် – ၇/ကဝန(နိုင်)

၅။ ညောင်လေးပင်မြို့နယ် – ၇/ညလပ(နိုင်)

၆။ ရွှေကျင်မြို့နယ် – ၇/ရကန(နိုင်)

၇။ သနပ်ပင်မြို့နယ် – ၇/သနပ(နိုင်)

၈။ ဝေါမြို့နယ် – ၇/ဝမန(နိုင်)


ပြည်ခရိုင်

၉။ ပြည်မြို့နယ် – ၇/ပမန(နိုင်)

၁၀။ ပန်းတောင်းမြို့နယ် – ၇/ပတန(နိုင်)

၁၁။ သဲကုန်းမြို့နယ် – ၇/သကန(နိုင်)

၁၂။ ပေါက်ခေါင်းမြို့နယ် – ၇/ပခတ(နိုင်)

၁၃။ ပေါင်းတည်မြို့နယ် – ၇/ပတတ(နိုင်)

၁၄။ ရွှေတောင်မြို့နယ် – ၇/ရတန(နိုင်)


သာယာဝတီခရိုင်

၁၅။ သာယာဝတီမြို့နယ် – ၇/သဝတ(နိုင်)

၁၆။ မိုးညိုမြို့နယ် – ၇/မညန(နိုင်)

၁၇။ အုတ်ဖိုမြို့နယ် – ၇/အဖန(နိုင်)

၁၈။ လက်ပံတန်းမြို့နယ် – ၇/လပတ(နိုင်)

၁၉။ မင်းလှမြို့နယ် – ၇/မလန(နိုင်)

၂၀။ နတ်တလင်းမြို့နယ် – ၇/နတလ(နိုင်)

၂၁။ ဇီးကုန်းမြို့နယ် – ၇/ဇကန(နိုင်)

၂၂။ ကြို့ပင်ကောက်မြို့နယ် – ၇/ကပက(နိုင်)


တောင်ငူခရိုင်

၂၃။ တောင်ငူမြို့နယ် – ၇/တငန(နိုင်)

၂၄။ ထန်းတပင်မြို့နယ် – ၇/ထတပ(နိုင်)

၂၅။ ဖြူးမြို့နယ် – ၇/ဖမန(နိုင်)

၂၆။ အုတ်တွင်းမြို့နယ် – ၇/အတန(နိုင်)

၂၇။ ရေတာရှည်မြို့နယ် – ၇/ရတရ(နိုင်)

၂၈။ ကျောက်ကြီးမြို့နယ် – ၇/ကကန(နိုင်)


(၈) မကွေးတိုင်းဒေသကြီး (မြို့တော် – မကွေးမြို့)


မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၂၅)မြို့နယ် ရှိပါသည်။


မကွေးခရိုင်

၁။ မကွေးမြို့နယ် – ၈/မကန(နိုင်)

၂။ နတ်မောက်မြို့နယ် – ၈/နမန(နိုင်)

၃။ မြို့သစ်မြို့နယ် – ၈/မသန(နိုင်)

၄။ တောင်တွင်းကြီးမြို့နယ် – ၈/တတက(နိုင်)

၅။ ရေနံချောင်းမြို့နယ် – ၈/ရနခ(နိုင်)

၆။ ချောက်မြို့နယ် – ၈/ခမန(နိုင်)


မင်းဘူးခရိုင်

၇။ မင်းဘူး(စကု)မြို့နယ် – ၈/မဘန(နိုင်)

၈။ ပွင့်ဖြူမြို့နယ် – ၈/ပဖန(နိုင်)

၉။ ငဖဲမြို့နယ် – ၈/ငဖန(နိုင်)

၁၀။ စလင်းမြို့နယ် – ၈/စလန(နိုင်)

၁၁။ စေတုတ္တရာမြို့နယ် – ၈/စတရ(နိုင်)


ဂန့်ဂေါခရိုင်

၁၂။ ဂန့်ဂေါမြို့နယ် – ၈/ဂဂန(နိုင်)

၁၃။ ထီးလင်းမြို့နယ် – ၈/ထလန(နိုင်)

၁၄။ ဆောမြို့နယ် – ၈/ဆမန(နိုင်)


သရက်ခရိုင်

၁၅။ သရက်မြို့နယ် – ၈/သရန(နိုင်)

၁၆။ ဆင်ပေါင်ဝဲမြို့နယ် – ၈/ဆပဝ(နိုင်)

၁၇။ မင်းတုန်းမြို့နယ် – ၈/မတန(နိုင်)

၁၈။ အောင်လံမြို့နယ် – ၈/အလန(နိုင်)/မထန(နိုင်)

၁၉။ မင်းလှမြို့နယ် – ၈/မလန(နိုင်)

၂၀။ ကံမမြို့နယ် – ၈/ကမန(နိုင်)


ပခုက္ကူခရိုင်

၂၁။ ပခုက္ကူမြို့နယ် – ၈/ပခက(နိုင်)

၂၂။ ဆိပ်ဖြူမြို့နယ် – ၈/ဆဖန(နိုင်)

၂၃။ ပေါက်မြို့နယ် – ၈/ပမန(နိုင်)

၂၄။ မြိုင်မြို့နယ် – ၈/မမန(နိုင်)

၂၅။ ရေစကြိုမြို့နယ် – ၈/ရစက(နိုင်)


(၉) မန္တလေးတိုင်းဒေသကြီး (မြို့တော် – မန္တလေးမြို့)


မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


မန္တလေးခရိုင်

၁။ အောင်မြေသာဇံမြို့နယ် – ၉/အမဇ(နိုင်)

၂။ ချမ်းအေးသာဇံမြို့နယ် – ၉/ခအဇ(နိုင်)

၃။ ချမ်းမြသာစည်မြို့နယ် – ၉/ခမစ(နိုင်)

၄။ မဟာအောင်မြေမြို့နယ် – ၉/မဟမ(နိုင်)

၅။ ပြည်ကြီးတံခွန်မြို့နယ် – ၉/ပကခ(နိုင်)

၆။ ပုသိမ်ကြီးမြို့နယ် – ၉/ပသက(နိုင်)

၇။ အမရပူရမြို့နယ် – ၉/အမရ(နိုင်)


ကျောက်ဆည်ခရိုင်

၈။ ကျောက်ဆည်မြို့နယ် – ၉/ကဆန(နိုင်)

၉။ မြစ်သားမြို့နယ် – ၉/မသန(နိုင်)

၁၀။ စဉ့်ကိုင်မြို့နယ် – ၉/စကတ(နိုင်)

၁၁။ တံတားဦးမြို့နယ် – ၉/တတဥ(နိုင်)


မိတ္ထီလာခရိုင်

၁၂။ မိတ္ထီလာမြို့နယ် – ၉/မထလ(နိုင်)

၁၃။ မလှိုင်မြို့နယ် – ၉/မလန(နိုင်)

၁၄။ သာစည်မြို့နယ် – ၉/သစန(နိုင်)

၁၅။ ဝမ်းတွင်းမြို့နယ် – ၉/ဝတန(နိုင်)


မြင်းခြံခရိုင်

၁၆။ မြင်းခြံမြို့နယ် – ၉/မခန(နိုင်)

၁၇။ နွားထိုးကြီးမြို့နယ် – ၉/နထက(နိုင်)

၁၈။ ငါန်းဇွန်မြို့နယ် – ၉/ငဇန(နိုင်)

၁၉။ တောင်သာမြို့နယ် – ၉/တသန(နိုင်)


ညောင်ဦးခရိုင်

၂၀။ ညောင်ဦးမြို့နယ် – ၉/ညဥန(နိုင်)

၂၁။ ကျောက်ပန်းတောင်းမြို့နယ် – ၉/ကပတ(နိုင်)


ပြင်ဦးလွင်ခရိုင်

၂၂။ ပြင်ဦးလွင်မြို့နယ် – ၉/မမန(နိုင်)/ပဥလ(နိုင်)

၂၃။ မိုးကုတ်မြို့နယ် – ၉/မကန(နိုင်)

၂၄။ စဉ့်ကူးမြို့နယ် – ၉/စကန(နိုင်)

၂၅။ သပိတ်ကျင်းမြို့နယ် – ၉/သပက(နိုင်)

၂၆။ မတ္တရာမြို့နယ် – ၉/မတရ(နိုင်)


ရမည်းသင်းခရိုင်

၂၇။ ရမည်းသင်းမြို့နယ် – ၉/ရမသ(နိုင်)

၂၈။ ပျော်ဘွယ်မြို့နယ် – ၉/ပဘန(နိုင်)


(၁၀) မွန်ပြည်နယ် (မြို့တော် – မော်လမြိုင်မြို့)


မွန်ပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


မော်လမြိုင်ခရိုင်

၁။ မော်လမြိုင်မြို့နယ် – ၁၀/မလမ(နိုင်)

၂။ ရေးမြို့နယ် – ၁၀/ရမန(နိုင်)

၃။ ချောင်းဆုံမြို့နယ် – ၁၀/ခဆန(နိုင်)

၄။ ကျိုက်မရောမြို့နယ် – ၁၀/ကမရ(နိုင်)

၅။ မုဒုံမြို့နယ် – ၁၀/မဒန(နိုင်)

၆။ သံဖြူဇရပ်မြို့နယ် – ၁၀/သဖရ(နိုင်)


သထုံခရိုင်

၇။ သထုံမြို့နယ် – ၁၀/သထန(နိုင်)

၈။ ဘီးလင်းမြို့နယ် – ၁၀/ဘလန(နိုင်)

၉။ ကျိုက်ထိုမြို့နယ် – ၁၀/ကထန(နိုင်)

၁၀။ ပေါင်မြို့နယ် – ၁၀/ပမန(နိုင်)


(၁၁) ရခိုင်ပြည်နယ် (မြို့တော် – စစ်တွေမြို့)


ရခိုင်ပြည်နယ်တွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ် ရှိပါသည်။


စစ်တွေခရိုင်

၁။ စစ်တွေမြို့နယ် – ၁၁/စတန(နိုင်)

၂။ ပေါက်တောမြို့နယ် – ၁၁/ပတန(နိုင်)

၃။ ပုဏ္ဏားကျွန်းမြို့နယ် – ၁၁/ပဏတ(နိုင်)

၄။ ရသေ့တောင်မြို့နယ် – ၁၁/ရသတ(နိုင်)


ကျောက်ဖြူခရိုင်

၅။ ကျောက်ဖြူမြို့နယ် – ၁၁/ကဖန(နိုင်)

၆။ ရမ်းဗြဲမြို့နယ် – ၁၁/ရဗန(နိုင်)

၇။ အမ်းမြို့နယ် – ၁၁/အမန(နိုင်)

၈။ မာန်အောင်မြို့နယ် – ၁၁/မအန(နိုင်)


မြောက်ဦးခရိုင်

၉။ မြောက်ဦးမြို့နယ် – ၁၁/မဥန(နိုင်)

၁၀။ မြေပုံမြို့နယ် – ၁၁/မပတ(နိုင်)

၁၁။ မင်းပြားမြို့နယ် – ၁၁/မပန(နိုင်)

၁၂။ ကျောက်တော်မြို့နယ် – ၁၁/ကတန(နိုင်)


သံတွဲခရိုင်

၁၃။ သံတွဲမြို့နယ် – ၁၁/သတန(နိုင်)

၁၄။ တောင်ကုတ်မြို့နယ် – ၁၁/တကန(နိုင်)

၁၅။ ဂွမြို့နယ် – ၁၁/ဂမန(နိုင်)


မောင်တောခရိုင်

၁၆။ မောင်တောမြို့နယ် – ၁၁/မတန(နိုင်)

၁၇။ ဘူးသီးတောင်မြို့နယ် – ၁၁/ဘသတ(နိုင်)


(၁၂) ရန်ကုန်တိုင်းဒေသကြီး (မြို့တော် – ရန်ကုန်မြို့)


ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၄၅)မြို့နယ် ရှိပါသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင်

၁။ တာမွေမြို့နယ် – ၁၂/တမန(နိုင်)

၂။ တောင်ဥက္ကလာပမြို့နယ် – ၁၂/ဥကတ(နိုင်)

၃။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် – ၁၂/ဒဂဆ(နိုင်)

၄။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် – ၁၂/ဒဂတ(နိုင်)

၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် – ၁၂/ဒဂမ(နိုင်)

၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် – ၁၂/ဒဂရ(နိုင်)

၇။ ဒေါပုံမြို့နယ် – ၁၂/ဒပန(နိုင်)

၈။ ပုဇွန်တောင်မြို့နယ် – ၁၂/ပဇတ(နိုင်)

၉။ ဗိုလ်တထောင်မြို့နယ် – ၁၂/ဗတထ(နိုင်)

၁၀။ မြောက်ဥက္ကလာပမြို့နယ် – ၁၂/ဥကမ(နိုင်)

၁၁။ ရန်ကင်းမြို့နယ် – ၁၂/ရကန(နိုင်)

၁၂။ သင်္ဃန်းကျွန်းမြို့နယ် – ၁၂/သဃက(နိုင်)

၁၃။ သာကေတမြို့နယ် – ၁၂/သကတ(နိုင်)

၁၄။ မင်္ဂလာတောင်ညွန့်မြို့နယ် – ၁၂/မဂတ(နိုင်)


ရန်ကုန်မြောက်ပိုင်းခရိုင်

၁၅။ တိုက်ကြီးမြို့နယ် – ၁၂/တကန(နိုင်)

၁၆။ ထန်းတပင်မြို့နယ် – ၁၂/ထတပ(နိုင်)

၁၇။ မင်္ဂလာဒုံမြို့နယ် – ၁၂/မဂဒ(နိုင်)

၁၈။ မှော်ဘီမြို့နယ် – ၁၂/မဘန(နိုင်)

၁၉။ ရွှေပြည်သာမြို့နယ် – ၁၂/ရပသ(နိုင်)

၂၀။ လှည်းကူးမြို့နယ် – ၁၂/လကန(နိုင်)

၂၁။ လှိုင်သာယာမြို့နယ် – ၁၂/လသယ(နိုင်)

၂၂။ အင်းစိန်မြို့နယ် – ၁၂/အစန(နိုင်)


ရန်ကုန်တောင်ပိုင်းခရိုင်

၂၃။ ကျောက်တန်းမြို့နယ် – ၁၂/ကတန(နိုင်)

၂၄။ ကွမ်းခြံကုန်းမြို့နယ် – ၁၂/ကခက(နိုင်)

၂၅။ ကိုကိုးကျွန်းမြို့နယ် – ၁၂/ကကက(နိုင်)

၂၆။ ကော့မှူးမြို့နယ် – ၁၂/ကမန(နိုင်)

၂၇။ ခရမ်းမြို့နယ် – ၁၂/ခရန(နိုင်)

၂၈။ ဆိပ်ကြီးခနောင်တိုမြို့နယ် – ၁၂/ဆကခ(နိုင်)

၂၉။ တွံတေးမြို့နယ် – ၁၂/တတန(နိုင်)

၃၀။ ဒလမြို့နယ် – ၁၂/ဒလန(နိုင်)

၃၁။ သန်လျင်မြို့နယ် – ၁၂/သလန(နိုင်)

၃၂။ သုံးခွမြို့နယ် – ၁၂/သခန(နိုင်)


ရန်ကုန်အနောက်ပိုင်းခရိုင်

၃၃။ ကမာရွတ်မြို့နယ် – ၁၂/ကမရ(နိုင်)

၃၄။ ကျောက်တံတားမြို့နယ် – ၁၂/ကတတ(နိုင်)

၃၅။ ကြည့်မြင်တိုင်မြို့နယ် – ၁၂/ကမတ(နိုင်)

၃၆။ စမ်းချောင်းမြို့နယ် – ၁၂/စခန(နိုင်)

၃၇။ ဆိပ်ကမ်းမြို့နယ် – ၁၂/ဆကန(နိုင်)

၃၈။ ဒဂုံမြို့နယ် – ၁၂/ဒဂန(နိုင်)

၃၉။ ဗဟန်းမြို့နယ် – ၁၂/ဗဟန(နိုင်)

၄၀။ မရမ်းကုန်းမြို့နယ် – ၁၂/မရက(နိုင်)

၄၁။ လမ်းမတော်မြို့နယ် – ၁၂/လမတ(နိုင်)

၄၂။ လသာမြို့နယ် – ၁၂/လသန(နိုင်)

၄၃။ လှိုင်မြို့နယ် – ၁၂/လမန(နိုင်)

၄၄။ အလုံမြို့နယ် – ၁၂/အလန(နိုင်)

၄၅။ ပန်းဘဲတန်းမြို့နယ် – ၁၂/ပဘတ(နိုင်)


(၁၃) ရှမ်းပြည်နယ် (မြို့တော် – တောင်ကြီးမြို့)


ရှမ်းပြည်နယ်တွင် ခရိုင်(၁၃)ခရိုင်၊ မြို့နယ် (၅၀)မြို့နယ် ရှိပါသည်။


တောင်ကြီးခရိုင်

၁။ တောင်ကြီးမြို့နယ် – ၁၃/တကန(နိုင်)

၂။ ဆီဆိုင်မြို့နယ် – ၁၃/ဆဆန(နိုင်)

၃။ ကလောမြို့နယ် – ၁၃/ကလန(နိုင်)

၄။ ရပ်စောက်မြို့နယ် – ၁၃/ရစန(နိုင်)

၅။ ညောင်ရွှေမြို့နယ် – ၁၃/ညရန(နိုင်)

၆။ ပင်းတယမြို့နယ် – ၁၃/ပတယ(နိုင်)

၇။ ပင်လောင်းမြို့နယ် – ၁၃/ပလန(နိုင်)

၈။ ရွာငံမြို့နယ် – ၁၃/ရငန(နိုင်)

၉။ ဖယ်ခုံမြို့နယ် – ၁၃/ဖခန(နိုင်)

၁၀။ ဟိုပုံးမြို့နယ် – ၁၃/ဟပန(နိုင်)


ကျိုင်းတုံခရိုင်

၁၁။ ကျိုင်းတုံမြို့နယ် – ၁၃/ကတန(နိုင်)

၁၂။ မိုင်းခတ်မြို့နယ် – ၁၃/မခန(နိုင်)

၁၃။ မိုင်းယန်းမြို့နယ် – ၁၃/မယန(နိုင်)

၁၄။ မိုင်းပျဉ်းမြို့နယ် – ၁၃/မပတ(နိုင်)


တာချီလိတ်ခရိုင်

၁၅။ တာချီလိတ်မြို့နယ် – ၁၃/တခလ(နိုင်)

၁၆။ မိုင်းဖြတ်မြို့နယ် – ၁၃/မဖန(နိုင်)

၁၇။ မိုင်းယောင်းမြို့နယ် – ၁၃/မယတ(နိုင်)


မက်မန်းခရိုင်

၁၈။ မက်မန်းမြို့နယ် – ၁၃/ပယန(နိုင်)


မိုးမိတ်ခရိုင်

၁၉။ မိုးမိတ်မြို့နယ် – ၁၃/မမတ(နိုင်)

၂၀။ မဘိမ်းမြို့နယ် – ၁၃/မဘန(နိုင်)

မိုင်းဆတ်ခရိုင်

၂၁။ မိုင်းဆတ်မြို့နယ် – ၁၃/မဆန(နိုင်)

၂၂။ မိုင်းတုံမြို့နယ် – ၁၃/မတန(နိုင်)


မူဆယ်ခရိုင်

၂၃။ မူဆယ်မြို့နယ် – ၁၃/မဆတ(နိုင်)

၂၄။ ကွတ်ခိုင်မြို့နယ် – ၁၃/ကခန(နိုင်)

၂၅။ နမ့်ခမ်းမြို့နယ် – ၁၃/နခန(နိုင်)


လင်းခေးခရိုင်

၂၆။ လင်းခေးမြို့နယ် – ၁၃/လခတ(နိုင်)

၂၇။ မိုးနဲမြို့နယ် – ၁၃/မနန(နိုင်)

၂၈။ မိုင်းပန်မြို့နယ် – ၁၃/မပန(နိုင်)

၂၉။ မောက်မယ်မြို့နယ် – ၁၃/မမန(နိုင်)


လွိုင်လင်ခရိုင်

၃၀။ လွိုင်လင်မြို့နယ် – ၁၃/လလန(နိုင်)

၃၁။ ကွန်ဟိန်းမြို့နယ် – ၁၃/ကဟန(နိုင်)

၃၂။ လဲချားမြို့နယ် – ၁၃/လခန(နိုင်)

၃၃။ မိုင်းကိုင်မြို့နယ် – ၁၃/မကန(နိုင်)

၃၄။ မိုင်းရှူးမြို့နယ် – ၁၃/မရန(နိုင်)

၃၅။ ကျေးသီးမြို့နယ် – ၁၃/ကသန(နိုင်)

၃၆။ နမ့်စန်မြို့နယ် – ၁၃/နစန(နိုင်)


လားရှိုးခရိုင်

၃၇။ လားရှိုးမြို့နယ် – ၁၃/လရန(နိုင်)

၃၈။ သိန္နီမြို့နယ် – ၁၃/သနန(နိုင်)

၃၉။ ကွမ်းလုံမြို့နယ် – ၁၃/ကလန(နိုင်)

၄၀။ မိုင်းရယ်မြို့နယ် – ၁၃/မရတ(နိုင်)

၄၁။ တန့်ယန်းမြို့နယ် – ၁၃/တယန(နိုင်)


ကျောက်မဲခရိုင်

၄၂။ ကျောက်မဲမြို့နယ် – ၁၃/ကမန(နိုင်)

၄၃။ သီပေါမြို့နယ် – ၁၃/သပန(နိုင်)

၄၄။ မန်တုံမြို့နယ် – ၁၃/မတတ(နိုင်)

၄၅။ နမ့်ဆန်မြို့နယ် – ၁၃/နဆန(နိုင်)

၄၆။ နမ္မတူမြို့နယ် – ၁၃/နမတ(နိုင်)

၄၇။ နောင်ချိုမြို့နယ် – ၁၃/နခတ(နိုင်)


လောက်ကိုင်ခရိုင်

၄၈။ လောက်ကိုင်မြို့နယ် – ၁၃/လကန(နိုင်)

၄၉။ ကုန်းကြမ်းမြို့နယ် – ၁၃/ကကန(နိုင်)


ဟိုပန်ခရိုင်

၅၀။ ဟိုပန်မြို့နယ် – ၁၃/ဟပန(နိုင်)


(၁၄) ဧရာဝတီတိုင်းဒေသကြီး (မြို့တော် – ပုသိမ်မြို့)


ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ် ရှိပါသည်။


ပုသိမ်ခရိုင်

၁။ ပုသိမ်မြို့နယ် – ၁၄/ပသန(နိုင်)

၂။ ကန်ကြီးထောင့်မြို့နယ် – ၁၄/ကကထ(နိုင်)

၃။ ကျုံပျော်မြို့နယ် – ၁၄/ကပန(နိုင်)

၄။ ငပုတောမြို့နယ် – ၁၄/ငပတ(နိုင်)

၅။ သာပေါင်းမြို့နယ် – ၁၄/သပန(နိုင်)

၆။ ကျောင်းကုန်းမြို့နယ် – ၁၄/ကကန(နိုင်)

၇။ ရေကြည်မြို့နယ် – ၁၄/ရကန(နိုင်)


မအူပင်ခရိုင်

၈။ မအူပင်မြို့နယ် – ၁၄/မအပ(နိုင်)

၉။ ဓနုဖြူမြို့နယ် – ၁၄/ဓနဖ(နိုင်)

၁၀။ ပန်းတနော်မြို့နယ် – ၁၄/ပတန(နိုင်)

၁၁။ ညောင်တုန်းမြို့နယ် – ၁၄/ညတန(နိုင်)


ဟင်္သာတခရိုင်

၁၂။ ဟင်္သာတမြို့နယ် – ၁၄/ဟသတ(နိုင်)

၁၃။ ဇလွန်မြို့နယ် – ၁၄/ဇလန(နိုင်)

၁၄။ ကြံခင်းမြို့နယ် – ၁၄/ကခန(နိုင်)

၁၅။ မြန်အောင်မြို့နယ် – ၁၄/မအန(နိုင်)

၁၆။ အင်္ဂပူမြို့နယ် – ၁၄/အဂပ(နိုင်)

၁၇။ လေးမျက်နှာမြို့နယ် – ၁၄/လမန(နိုင်)


မြောင်းမြခရိုင်

၁၈။ မြောင်းမြမြို့နယ် – ၁၄/မမန(နိုင်)

၁၉။ ဝါးခယ်မမြို့နယ် – ၁၄/ဝခမ(နိုင်)

၂၀။ အိမ်မဲမြို့နယ် – ၁၄/အမန(နိုင်)


ဖျာပုံခရိုင်

၂၁။ ဖျာပုံမြို့နယ် – ၁၄/ဖပန(နိုင်)

၂၂။ ဘိုကလေးမြို့နယ် – ၁၄/ဘကလ(နိုင်)

၂၃။ ဒေးဒရဲမြို့နယ် – ၁၄/ဒဒရ(နိုင်)

၂၄။ ကျိုက်လတ်မြို့နယ် – ၁၄/ကလန(နိုင်)


လပွတ္တာခရိုင်

၂၅။ လပွတ္တာမြို့နယ် – ၁၄/လပတ(နိုင်)

၂၆။ မော်လမြိုင်ကျွန်းမြို့နယ် – ၁၄/မမက(နိုင်)


(၉) နေပြည်တော်

နေပြည်တော်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၈)မြို့နယ် ရှိပါသည်။


ဒက္ခိဏခရိုင်

၁။ ဒက္ခိဏသီရိမြို့နယ် – ၉/ဒခသ(နိုင်)

၂။ လယ်ဝေးမြို့နယ် – ၉/လဝန(နိုင်)

၃။ ပျဉ်းမနားမြို့နယ် – ၉/ပမန(နိုင်)

၄။ ဇမ္ဗူသီရိမြို့နယ် – ၉/ဇဗသ(နိုင်)


ဥတ္တရခရိုင်

၅။ ဥတ္တရသီရိမြို့နယ် – ၉/ဥတသ(နိုင်)

၆။ ပုဗ္ဗသီရိမြို့နယ် – ၉/ပဗသ(နိုင်)

၇။ တပ်ကုန်းမြို့နယ် – ၉/တကန(နိုင်)

၈။ ဇေယျာသီရိမြို့နယ် – ၉/ဇယသ(နိုင်)


ယခုစုစည်းတင်ပြထားသော အချက်အလက်များတွင် လိုအပ်မှု၊ မှားယွင်းမှု၊ ပြောင်းလဲမှုများရှိပါက နားလည်လက်ခံပေးပါရန်နှင့် မှန်ကန်ပြည့်စုံစွာ အသုံးပြုနိုင်စေရန်အတွက် ဝိုင်းဝန်းပြင်ဆင်ပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။

ယခင်အသုံးပြုခဲ့သော လက်ရှိဆက်လက်အသုံးပြုနေသည့် နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများကိုလည်း ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


***နန်းရွှေပြည်အိမ်ခြံမြေ (www.nanshwepyi.com) စာမျက်နှာမှကူးယူဖော်ပြသည်။ 

Sunday, September 15, 2024

ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 🔷 ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 

Various Ways of Linier measurment Scales


(က) မြန်မာနည်း

   


မြန်မာ အလျှားတိုင်းသောနည်းတွင်

၁၀ ဆံချည်= ၁ နှမ်း

၆ နှမ်း  = ၁ မုယော

၄ မုယော= ၁  လက်သစ်

၈ လက်သစ် = ၁မိုက် 

၃ မိုက် = ၁  တောင်

၇တောင်  =  ၁  တာ   စသည်ဖြင့်

ဆံချည်တမျှင် ၏အတိုင်းအထွာကစ၍

နှမ်း တလုံး -မုယောစပါးတစေ့

လက်တသစ် မှစ၍   ..........

တာ-ဥဿ      ဖ-ယူဇနာ အထိ

အမှတ်အသားများရှိခဲ့ပေသည်


ရှေးရိုးအစဉ်အလာရှိခဲ့သောဗိသုကာရေးပုံများတွင်  စင်္ကြာဝဠာ/ တိုင်းနိုင်ငံအကျယ် အဝန်းတို့အတွက်

ယူဇနာ စကေး ကို အသုံးပြုပြီး

အဆောက်အဦ ပုံစံမျာအတွက်မူ

တောင်/ မိုက် / လက်သစ်  စကေး

၃  မျိုးကိုသာ အသုံးပြုရေးဆွဲ ခဲ့ကြသည်


(ခ)   အင်္ဂလိပ်နည်း




ငွေကြေးသုံးစွဲမှု့စံနစ်တွင်

ငွေတကျပ် ၏ အပိုင်းများကိုခေါ်ဝေါ်သည်အမည်များအတိုင်း

ကိုလိုနီခေတ် ဗိသုကာပိုင်းဆိုင်ရာ

(အသေးစိတ်) အတိုင်းအထွာများကို

1"  =၁ကျပ် ဟုသတ်မှတ်၍ 

3/4" =သုံးမတ်      1/2"=ငါးမူး    (၈  ပဲ)

1/4" =တမတ္​   1/8=  တမူး

1/16" =တပဲ      5/8"= ၆ မူး

1/32" = တပြား  စသည်ဖြင့်မှတ်သား 

ရေးဆွဲတိုင်းတာ ခဲ့ကြပေသည်


ဤ နည်းတွင်

  ၁၂ လက်မ = ၁ ပေ

  ၃ ပေ  =၁ ယာဒ်  (ကိုက်)

  ၂၂ယာဒ်= ၁  သံကြိုး

  ၁၀သံကြိုး = ၁  ဖာလုံ

 ၈  ဖာလုံ  = ၁  မိုင်   ဟူ၍ ရှိခဲ့ပေသည်


(ဂ) မက်ထရစ်နည်း

     

သိပ္ပံပညာများထွန်းကားလာသောခေတ်တွင်တွက်ချက်မှု့ပိုမိုလွယ်ကူစေရန်

10 မီလီမီတာ= 1စင်တီမီတာ

10 စင်တီမီတာ =1 ဒယ်စီမီတာ

10 ဒယ်စီမီတာ = 1 မီတာ  စသော ဆယ်လီစိတ်စကေးကို

     တွက်ချက်မှုအသစ်အတွက် တည်ထွင်လာကြပြန်သည်

1000 မီတာ = 1 ကီလိုမီတာ ကို မိုင်ကဲ့သို့

ခရီးအကွာအဝေးတိုင်းတာရာတွင်အသုံးပြုကြသည်။

Sunday, September 8, 2024

ထိုင်းနိုင်ငံမှာ ကွန်ဒိုခန်းအဟောင်းကို ပြန်လည်ဝယ်ယူတဲ့အခါ ...

 ထိုင်းနိုင်ငံမှာ ကွန်ဒိုခန်းအဟောင်းကို ပြန်လည်ဝယ်ယူတဲ့အခါ ... 




မိတ်ဆွေတစ်ယောက် ကွန်ဒိုခန်း အဟောင်းတစ်ခုကို ဝယ်ယူခဲ့စဉ်က လုပ်ဆောင်ခဲ့ရတဲ့ 𝐂𝐎𝐍𝐃𝐎 𝐎𝐖𝐍𝐄𝐑𝐒𝐇𝐈𝐏 လွှဲပြောင်းလုပ်ငန်းစဉ်ကို ပြောပြလာလို့ အားလုံးအတွက် ဗဟုသုတရအောင် ပြန်မျှဝေပေးလိုက်ပါတယ်။ ဒီလုပ်ငန်းစဉ် အားလုံးကို ရှေ့နေ/ နားလည်တတ်ကျွမ်းသူတစ်ယောက်ယောက်နဲ့ လုပ်တာ ပိုစိတ်ချရပါတယ်။ 


1) 𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗲𝗰𝗸 


ကွန်ဒိုတိုက်ခန်းဟောင်းတစ်ခုကို ဝယ်ယူဖို့ ဈေးသဘောတူပြီးတာနဲ့ ပထမဆုံးလုပ်ရမှာက  ရောင်းချသူဟာ အဆိုပါကွန်ဒိုအခန်းရဲ့ ပိုင်ရှင်အစစ်ဟုတ်၊ မဟုတ်ကို စစ်ဆေးရပါမယ်။ Title Deed ပေါ်ရှိ နာမည် နဲ့ မှတ်ပုံတင်/ Passport ပေါ်ရှိ နာမည်တို့ကို တိုက်၍ စစ်ဆေးခြင်း၊ Juristic Office မှာ စစ်ဆေးခြင်း etc ...။ ပြီးရင် Foreign Quota ကျန်၊ မကျန် စစ်ဆေးရပါမယ်။  Juristic Office မှာ ရောင်းချသူပိုင်ရှင် ပေးရန်ကြွေးကျန် ရှိ၊ မရှိ စစ်ဆေးရပါမယ်။ 


2) 𝗣𝗿𝗲 𝗣𝘂𝗿𝗰𝗵𝗮𝘀𝗲 𝗔𝗴𝗿𝗲𝗲𝗺𝗲𝗻𝘁 


ရောင်းချသူ/ ဝယ်ယူသူ နဲ့ Pre Purchase Agreement ပြင်ဆင်ပြီး လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။  


Pre Purchase Agreement ကို စပေါ်ငွေပေးချေတာနဲ့ တပြိုင်တည်း လုပ်ရပါတယ်။ သဘောတူညီချက်မှာ နှစ်ဖက်လုံးရဲ့ အသေးစိတ်အချက်အလက်၊ ကွန်ဒိုခန်းရဲ့ အသေးစိတ်အချက်အလက်၊ အရောင်းဈေးနှုန်း၊ ငွေပေးချေမှုစည်းကမ်းချက်တွေ၊ ပါဝင်/ မပါဝင်တဲ့ ပစ္စည်းတွေ၊ အခြားသော မှတ်ချက်တွေ ပါဝင်ပါတယ်။ 


ရောင်းချသူဘက်မှ 


▪️Purchase agreement (to be signed) – 2 copies

▪️Copy of Title deed (Chanote) – 2 copies

▪️Copy of ID/passport – 2 copies 


ဝယ်ယူသူဘက်မှ 


▪️Copy of ID/passport – 2 copies 


စတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားရပါတယ်။ 


3) 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿 𝗼𝗳 𝗙𝘂𝗻𝗱 𝗳𝗿𝗼𝗺 𝗢𝘃𝗲𝗿𝘀𝗲𝗮𝘀 


ထိုင်းဥပဒေအရ ပေးချေရမယ့် ငွေဟာ ထိုင်းနိုင်ငံကလွဲပြီး အခြားနိုင်ငံကနေ ဝင်လာရမှာဖြစ်ပြီး၊ ငွေလွှဲသူဟာ Transfer Note မှာ ကွန်ဒိုအမည်၊ ယူနစ်နံပါတ်၊ ဝယ်သူအမည် စသည်တို့ကို Telegraphic Transfer Form (T/T Form) တွင် ဖြည့်သွင်းရပါမယ်။ ထိုင်းဘဏ်ကို လွှဲပြောင်းပြီး ထိုင်းဘဏ်က ထိုင်းဘတ်သို့ ပြောင်းပါတယ်။ 


လွှဲပြောင်းတဲ့ ငွေပမာဏဟာ ဝယ်ယူစျေးနှုန်းထက် အနည်းငယ်ကျော်လွန်ရပါမယ်။ 


4) 𝗢𝗯𝘁𝗮𝗶𝗻𝗶𝗻𝗴 𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝘀 𝗳𝗿𝗼𝗺 𝗧𝗵𝗮𝗶 𝗕𝗮𝗻𝗸 


နိုင်ငံခြားငွေကို ထိုင်းဘဏ်သို့ လွှဲပြောင်းပြီးတာနဲ့ ဝယ်သူဟာ ဘဏ်သွားပြီး Foreign Exchange Transaction Form (FET) သို့မဟုတ် “Credit Advice” ကို ဘဏ်ကနေ ရယူရပါမယ်။ FET/ Credit Advice ကို Ownership Transfer လုပ်ငန်းစဉ်အတွက် Land Department က အထောက်အထားအဖြစ် လိုအပ်ပါတယ်။ 


5) 𝗢𝗯𝘁𝗮𝗶𝗻𝗶𝗻𝗴 𝗙𝗼𝗿𝗲𝗶𝗴𝗻 𝗤𝘂𝗼𝘁𝗮 & 𝗗𝗲𝗯𝘁-𝗳𝗿𝗲𝗲 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 


ရောင်းချသူဟာ ပိုင်ဆိုင်မှုလွှဲပြောင်းမယ့် ရက်မတိုင်မီ Condo Juristic ဆီက Foreign Quota Certificate နဲ့ Debt-free Certificate ကို ရယူရပါမယ်။  များသောအားဖြင့် ဒီလုပ်ငန်းစဉ်ဟာ ၁၅ ရက်အထိ ကြာနိုင်တာကြောင့် ကြိုပြီး တောင်းခံထားသင့်ပါတယ်။  Debt-free Certificate ဟာ ထုတ်ပေးတဲ့ ရက်စွဲကစ ၇ ရက်သာ အကျုံးဝင်ပါတယ်။ 


Foreign Quota Certificate နဲ့ Debt-free Certificate ရယူဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများ 


▪️Request form (prepared by the property’s juristic office)

▪️Copy of ID / Passport of buyer and seller

▪️Copy of Title Deed 


6) 𝗢𝘄𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿 𝗮𝘁 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 𝗼𝗳 𝗟𝗮𝗻𝗱 


စာရွက်စာတမ်းအားလုံး အဆင်သင့်တဲ့အခါ မြေယာဌာနမှာ လွှဲပြောင်းမယ့်ရက်ကို Appointment ယူရပါတယ်။ စာရွက်စာတမ်း အားလုံးမှန်ကန်ရင်/ အခြားသော ပြဿနာတွေ မရှိရင် ပုံမှန်အားဖြင့် ၁ - ၃ နာရီအတွင်း အားလုံးပြီးစီးပါတယ်။ 


ရောင်းချသူဘက်က 


▪️Original Thai ID Card/ Passport and copy

▪️Original Work permit and copy (if any)

▪️Original Chanote (Title Deed) and copy

▪️Original House Registration Book and copy

▪️Foreign Quota Certificate

▪️Debt-free certificate issued by Condo Juristic Office

▪️Copy of up-to-date Utility Bills

▪️Keys, Key Cards, Access Cards, Parking Stickers, etc

▪️ID Card/ Passport of spouse (if any) 


ဝယ်ယူသူဘက်က 


▪️Original Thai ID Card/ Passport and copy

▪️Cashier Cheques or Cash

(ရောင်းချသူက ကွန်ဒိုခန်းကို Bank Loan နဲ့ ဝယ်ထားတာဆို Cashier Cheque ၂ စောင် လိုပါတယ်၊ one for seller & one for the bank) 

▪️Proof of oversea fund transfer, Foreign Exchange Transaction Form (FET)

▪️Original Work permit and copy (if any)

▪️ID Card/ Passport of spouse (if any)

▪️Marriage Certificate (Notary) 


အစရှိတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားရပါမယ်။ 


**Note : 𝑻𝒊𝒕𝒍𝒆 𝑫𝒆𝒆𝒅 ပေါ်မှာ ဝယ်သူပိုင်ရှင်ရဲ့ နာမည်သည် ထိုင်းစာနဲ့ပဲ ပေါ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ တခြားထိုင်းစာ(နာမည်) ပါတဲ့ 𝒊𝒅𝒆𝒏𝒕𝒊𝒕𝒚 𝒄𝒂𝒓𝒅 ရှိခဲ့ပါက ထပ်တူဖြစ်ပါစေ (ဥပမာ 𝒘𝒐𝒓𝒌 𝒑𝒆𝒓𝒎𝒊𝒕 ထိုင်းနာမည် = 𝒕𝒊𝒕𝒍𝒆 𝒅𝒆𝒆𝒅 ထိုင်းနာမည်)**


လွှဲပြောင်းတဲ့နေ့မှာ မြေယာဌာနမှာ အောက်ဖော်ပြပါကိစ္စတွေကို လုပ်ဆောင်ရပါမယ်။ 


Reception မှာ စာရွက်စာတမ်းတွေကို တင်သွင်းပြီး Queue နံပါတ်ရယူပါ။ 


ကောင်တာမှ အရာရှိက စာရွက်စာတမ်းအားလုံးကို စိစစ်ပြီး နှစ်ဖက်စလုံးမှ ထုတ်ပေးသည့် စာရွက်စာတမ်းတွေကို လက်မှတ်ထိုးခိုင်းပါလိမ့်မယ် (စာရွက်စာတမ်းအားလုံးဟာ ထိုင်းဘာသာပါ)။ 


Transfer Fee 2% ကို ဝယ်သူတစ်ဝက် ရောင်းသူတစ်ဝက်၊ တခြားအခွန် နဲ့ ဆက်စပ်ကုန်ကျစရိတ်တွေကို ရောင်းသူမှ ပေးဆောင်ရပါတယ်။ 


Title Deed လက်ခံရရှိတဲ့အခါ အမည်ပေါက် နဲ့ အသေးစိတ် အချက်အလက်အားလုံးကို စစ်ဆေးအတည်ပြုပါ။ 


Title Deed လက်ခံရရှိပြီးနောက် ဝယ်သူဘက်က ချက်လက်မှတ် သို့မဟုတ် ငွေသားကို ရောင်းချသူနဲ့ လဲလှယ်ပေးအပ်ရပါမယ်။ 


ရောင်းချသူဘက်က Keys/ Access Card နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းအားလုံးကို ဝယ်ယူသူထံ လွှဲပြောင်းပေးရပါမယ်။ 


အားလုံး အဆင်ပြေကြပါစေ။ 


#realestatetips

# invest wisely, live beautifully

Thursday, August 8, 2024

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

 BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား




#အသားအရေနှင့်အအလှအပ

#အသားအရေထိန်းသိမ်းခြင်း


(Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Hello Sayarwon Panel မှ ရေးသားသည်။)


BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

လတ်တလော အမျိုးသမီးတွေကြား သိပ်ခေတ်စားနေတဲ့ BB Glow Treatment ဆိုတာ ရှိပါတယ်။ ပြုလုပ်ပေးသူတွေ အဆိုအရတော့ ဒီ Treatment လုပ်ပြီးသွားရင် ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းသွေးရောင်တောက်ပြီး မျက်နှာလေးကလည်း မိတ်ကပ်မပါဘဲတောင် ကြည်တောက် Glow နေပါတယ်တဲ့။ ဆိုတော့ တကယ်ပဲ BB Glow Treatment ဟာ အန္တရာယ် ကင်းရဲ့လား။


BB Glow Treatment လုပ်ပြီးရင် အရုပ်မလေးလို ပန်းသွေးခြယ်တဲ့ မျက်နှာလေးနဲ့ တကယ်ပဲ လှသွားမှာလား။ ဒါကိုမပြောခင်မှာ အရင်ဆုံး BB Glow Treatment ဆိုတာ ဘာလဲ အရင်လေ့လာကြည့်ရအောင်။




BB Glow Treatment ဆိုတာ

BB Glow Treatment ဆိုတာ Microneedling လို့ခေါ်တဲ့ အပ်သေးသေးလေးတွေနဲ့ အရေပြားအောက်မှာ BB Cream တွေ ထည့်သွင်းပြီး Semi-permanent မိတ်ကပ်လွှာကို ဖန်တီးလိုက်တာပါ။


ဒီလိုဆိုတော့ မိတ်ကပ်လိမ်းစရာ မလိုဘဲ မိတ်ကပ်လိမ်းထားပြီးသားဖြစ်ကာ နီရဲနေတာတွေ၊ မျက်ကွင်းညိုတာတွေကို မိတ်ကပ်နဲ့ ဖုံးလိုက်သလို ပျောက်ကွယ်သွားစေတာကြောင့် No-makeup Makeup Look ကို ရရှိစေပါတယ်။ ခပ်လွယ်လွယ်ပြောရရင် မျက်နှာ အရေပြားထဲ မိတ်ကပ်တွေ ထိုးသွင်းလိုက်သလိုမို့ အသားအရေကို မထိခိုက် မပျက်စီးစေဘူးလား။


#ကောင်းကျိုးချည်းပဲ မဟုတ်တဲ့ BB Glow Treatment

ဒီ BB Glow Treatment ဟာ အရေပြား အကာအကွယ် (skin barriers) တွေမှာ တွေ့ရတဲ့ တချို့သော ဓာတ်ပစ္စည်းတွေ (immunological components တွေ)ကို အနှောင့်အယှက်ဖြစ်စေပါတယ်။


တကယ်တော့ အရေပြားထဲ Microneedling နည်းပညာနဲ့ ထည့်သွင်းမယ့် ဘယ် Cream နဲ့ Serum မဆို နည်းရမယ်၊ ရိုးရှင်းရမယ်၊ အရည်ပျော်နိုင်စွမ်း ရှိရမယ်၊ ပြီးတော့ အလိုအလျောက် ဇီဝပျက်စီးနိုင်စွမ်း (biodegradable) ရှိရပါမယ်။


#BB Glow cream တွေမှာ ပါဝင်ပစ္စည်းပေါင်း ၄၀ကျော် ရှိပြီး သူတို့တွေဟာ biodegradable မဖြစ်နိုင်တဲ့အပြင် အသားအရေအောက်မှာ ဖောင်ဒေးရှင်းလိမ်းထားသလို ခပ်ကြာကြာဖြစ်‌နေစေဖို့ ဖန်တီးထားတာမို့ ဒီ ပါဝင်ပစ္စည်းတွေဟာ ကြာရှည်ခံနိုင်ရည်တောင် ရှိနေပါသေးတယ်။ ဒါက ဘာကို ဖြစ်စေနိုင်သလဲဆိုရင် အသားအရေ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေကို ခံစားရစေနိုင်ပါတယ်။




အဲဒီမှာ နောက်ဆုံး ဘယ်ထိ ဖြစ်သွားနိုင်သလဲဆိုတော့ ဒီအကျိုးဆက်ကြောင့် နောက်ပိုင်းမှာ လေဆာနဲ့ ကုသမှု မခံယူနိုင်တော့တဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်ပါတယ်။ ဘာလို့ လေဆာနဲ့ ကုသလို့ မရနိုင်တော့မှာလဲ။


ဒီ Treatment တွေထဲ အသုံးပြုတဲ့ မင်ရည်တွေဟာ လေဆာနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်ပြုပြီး အရေပြားလောင်တာ၊ အနာရွတ်ထင်ကျန်တာတွေ ဖြစ်နိုင်သလို မင်က အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး (လေနဲ့ထိတွေ့ပြီး) အပြာရောင်ပြောင်းသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင်တော့ ကုသဖို့ အင်မတန် ခက်ခဲတတ်ပါတယ်။


BB Glow Treatment နဲ့ ဓာတ်မတည့်မှု

BB glow  ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ဓာတ်မတည့်မှုဖြစ်စေတယ်လို့ နာမည်ကြီးတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ချက်ချင်းဖြစ်လာမှာမျိုး ရှိသလို ချက်ချင်းမဟုတ်ဘဲ နှစ်တွေကြာတော့မှ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။


တချို့ BB Glow Cream တွေထဲမှာပါတဲ့ အောက်ဆိုက် (oxides) တွေဟာ အရေပြားဆဲလ်တွေပေါ်ကို ဖိအားတွေဖြစ်စေပြီး DNA ပျက်စီးစေတာမျိုး၊ ဆဲလ်သေတာမျိုးတွေထိ ဖြစ်နိုင်သလို ကင်ဆာအဆင့်ထိ ရောက်စေနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။


ဆိုတော့ အချက်နဲ့ ထုတ်ပြောရမယ်ဆိုရင် BB Glow ဟာ -

ဓာတ်မတည့်မှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။

PIH – Post-inflammatory pigmentation လို့ခေါ်တဲ့ အမာရွတ်၊ အမည်းစက် ထင်ကျန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ခဏတာ အလှနဲ့ တစ်ဘဝတာ မျက်နှာကို မလဲမိစေဖို့ အရာရာမှာ သတိ၊ အသိနဲ့ ယှဉ်စဉ်းစားကြပါလို့ တိုက်တွန်းရင်း…


အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်ကြပါစေ။


ရေးသားသူ – Wathun Myet Chal

Sunday, July 28, 2024

ဆင်ဖြူတော်အကြောင်းသိကောင်းစရာ

 ဆင်ဖြူတော်အကြောင်းသိကောင်းစရာ (ဗဟုသုတ)

🐘🐘🐘🐘🐘🐘🐘🐘🐘




မြစ်သားနယ်က ဆင်ဖြူတော်များ


သက္ကရာဇ် (၇၀၄) ခုနှစ်တွင် ပင်းယမင်းဖြစ်တော်မူသော ကျော်စွာမင်းကို

 ငါးစီးရှင်ကျော်စွာမင်းဟူ၍ သမိုင်းတွင်ရစ်ပါသည်။


ငါးစီးရှင်ဟု သမိုင်းတွင်ရသည့် အကြောင်းအရင်းမှာ

 ဆင်ဖြူ(၅)စီး ပိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။

ရရှိခဲ့သော ဆင်ဖြူတော် ငါးစီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


စဉ်၊ တွေ့ရှိရာအရပ်၊ ဆင်အမျိုးအစား ၊ ဆင်ဖြူအမည်


 ၁။     လိူင်းတက် 

              ဟိုင်းဆင်   

                  ပုလဲတမူ

(ယခု သာစည်မြို့အရှေ့ဘက်)


၂။      မုန်တောမြောင်းကျပ်       တည်ဆင်  

             မဟာကေသရ

        (မြစ်သားမြို့နယ်)


၃။      ပြက်တောင်ခြေရင်း         စွယ်စုံဆင်   

            သန်မြန်စွာ

        (မြစ်သားမြို့နယ် ပြက္ခရွှေအနောက်ဘက်)


၄။      စမုန်မြစ်ဖျား  

             ဟိုင်းဆင်   

                ဥပေါသထ


၅။   သဖန်းကိုင်းရွာမြောက်ဘက် 

 လက်ယာတည်ဆင်

       ချစ်စွမရဲ

       (လွန်တဲ ညွန်ကျုံး ၀မ်းတွင်းမြို့နယ်)


(မှန်နန်းရာဇ၀င် ဆဋ္ဌမတွဲ စာ-၃၇၈)


ဆင်အမျိုးအစားရှင်းလင်းချက်


(၁)စွယ်စုံဆင်-full grown elephant with a pair of fully developed 

                  symmetrical tusks

                  (အချိုးအစား ညီမျှကြီးထွားသော အစွယ်တစ်စုံပါသည့် အရွယ်ရောက်ပြီးဆင်)


(၂)ဟိုင်းဆင်-tuskless elephant

                  (အစွယ်မပါသောဆင်)သစ်ခေါက်ခွာ၍ ထိုးစားနိုင်ရန် သေးငယ်သောဆင်စွယ်တစ်စုံ ပါရှိသည်။


(၃)တည်ဆင်-elephant With a long single tusk

                   (ဆင်စွယ်တစ်ချောင်းတည်းသာပါသော ဆင်)

                   ချစ်စွမရဲဆင်ဖြူတော်မှာ လက်ယာတည်ဆင်ဖြစ်ရာ 

လက်ယာဘက် ဆင်စွယ်တစ်ချောင်းသာ ပါသည်ကို ဆိုလိုပါသည်။   


  ဆင်ဖြူတော်အကြောင်း(ဗဟုသုတ)

🐘🐘🐘🐘🐘🐘🐘🐘🐘


ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။


 အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေး ဆူးမတြား၊ ယိုးဒယား

 စသော အာရှတိုက်သားတို့သည်

 ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။


ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် 

ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။


 ဆင်ကြန်ကျမ်းများတွင်

 ဆင်ဇာတ်အမျိုးမျိုး၊

 ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ 

အကျိုးအပြစ် အမျိုးမျိုး၊

 အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြ၏။


ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ

🐘🐘🐘🐘🐘🐘🐘🐘🐘


ပိဋကတ်တော် အဖွင့်များဖြစ်သော

 ဝိဘင်း အဋ္ဌကထာ၊

 မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌

(၁) ကာဠာဝကဆင်

(၂) ဂင်္ဂေယျဆင်

(၃) ပဏ္ဍရဆင်

(၄) တမ္ဗဆင်

(၅) မိင်္ဂလဆင်

(၆) ဂန္ဓဆင်

(၇) မင်္ဂလဆင်

(၈) ဘေမဆင်

(၉) ဥပေါသထဆင်

(၁၀) ဆဒ္ဒန္တဆင် ဟူသော


ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။


တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊

 နဒီစရ (မြစ်နေဆင်)၊ 

ဝနစရ (တောနေဆင်)၊ စသည်ဖြင့် 

အမျိုးများစွာ ရှိပြန်သေးသည်ဟု 


သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။


ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ


(၁) ဘဒြဆင်

(၂) မန္တဆင်

(၃) မိဂဆင်

(၄) သံကိဏ္ဏဆင်

(၅) မိဿရဆင်

(၆) ကေဒန္တဆင်

(၇) ဒန္တဘင်္ဂဆင်

(၈) ကုဉ္စရဆင်

(၉) ပါသတ္တိဆင် ဟူသော


 ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် 

ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။

အရပ် (၇)တောင်ရှိသည်။

 အလျား (၉)တောင် ရှိသည်။

 လုံးပတ် ၃၀-တောင်ရှိသည်။

 တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။


အခြားတနည်းမှာ

(၁) မဟာကဏ္ဏဆင်

(၂) ဝီသနဆင်

(၃) သီဟဇင်္ဂဆင်

(၄) ဂေါပုစ္ဆဆင်

(၅) ဒန္တိဥက္ခဆင်

(၆) ဧကဒန္တဆင်

(၇) နာဂဌိတဆင်

(၈) သေတဆင်- ဟူသော

 ဗေဒင်ကျမ်းထွက် ဆင် ၈-စီး ပြဆိုထားသည်။ 


ထိုအထဲတွင် 

သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။


ဆင်ဖြူ  ၁၂-မျိုး


ရိုးရာအစဉ်အလာအရ 

ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ 

ယင်းတို့မှာ-


၁။ ရတနာသရဖူ ဆင်ဖြူတော် 

(ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)


၂။ ရတနာပလ္လင် ဆင်ဖြူတော် 

(ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)


၃။ ရတနာက တင် ဆင်ဖြူတော် 

(ဆင်ကတင်သည့် နေရာတွင် ဖြူသည်)


၄။ ရတနာ ကျည်း ဆင်ဖြူတော် 

(ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)


၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော် 

(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)


၆။ ရတနာပြာသာဒ် ဆင်ဖြူတော် 

( ကုန်းဖြူသည်)


၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် 

(သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)


၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)


၉။ ရတနာဆုပ်ဆင်ဖြူတော် (နှာရုံ နှာဖျားလှထွားဖြူသည်)


၁၀။ ရတနာကြန့် ဆင်ဖြူတော် 

(ဝမ်းတွင်းကျော်တလျှောက် ဖြူသည်)


၁၁။ ရတနာယပ် ဆင်ဖြူတော် 

(နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)


၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် 

(တကိုယ်လုံးဖြူသော ဆင်ဖြူတော်)


ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် 

ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် 

ဆင်ဖြူတော်အစစ် ဖြစ်သည်။ 


ကျန် ၁၁-မျိုးမှာ

 သာမည အဖြူရောင်ပါရှိ၏။

 ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ 

တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ 


အမျိုးနိမ့်မြင့် ကွဲပြားလေသည်။


 ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။


ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ…


၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။


၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ဝရသေတဂိရိ ဆင်တော်မော်ကွန်း။


၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။


၄။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။


၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့ 

ဖြစ်ကြ၏။


ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။ 


ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်- ဟူ၍ လည်းကောင်း၊ 


လေးစီးရလျှင် လေးစီးရှင်-ဟူ၍ လည်းကောင်း၊ 


ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍ လည်းကောင်း၊ 


အများရလျှင် ဆင်များရှင်-ဟူ၍ လည်းကောင်း


ဆင်ဖြူဆင်နီများရှင်-ဟူ၍ လည်းကောင်း 


အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။


ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် 

တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။

 ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇဝင်တွင် အထင်အရှား ဆိုထား၏။


ဆင်ဖြူရသော မင်းများကိုလည်း 

ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ 

ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား 

ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။


ဟံသာဝတီ မင်းတရားကြီးသည် 

ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။

 ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက်

 တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည်ဟု ရာဇဝင်များတွင် ပြဆိုထား၏။


အမြင့်မြတ် အကြီးကျယ်ဆုံး

မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို

 ထူးဆင်၊ 

ထူးဆင်မတော်၊

 စီးစုဆင်မတော်၊ 

စီးတော်ကြီး၊ 

ရွေးဆင်၊ 

ဝင်းဆင်၊ 

ထမ်းဆင်တော်၊ 

ဝန်ရည်ဆင်တော်၊

 မှိန်သစ်ဆင်တော်၊ 

ကျင်းဆင်၊ 

ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ 


ထိုအထဲတွင် 

ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။


မြန်မာမင်းများလက်ထက်တော်အခါက 

ဆင်ဝန်၊ 

အောက်မားဝန်၊ 

ဆင်မှူး၊ 

ဆင်စာချီ၊ 

ဆင်ကဲ၊ 

ဆင်တိုင်အမှုထမ်း၊ 

ရွေလွန်အမှုထမ်း၊

 ကျုံးမှူး၊ 

ယရည်း၊ 

ဆင်အစီရင်၊ 

ဆင်ဆေးသမား၊ 

ဆင်ဆော်၊ 

ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။


ဆင်ဝန်ဖြစ်ထိုက်သူတွင်.


(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။


(၂) သင့်တော်သော အစားကို သိခြင်း။


(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။


(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။


(၅) ဇာတ်အင်္ဂါ လက္ခဏာတို့ကို သိတတ်ခြင်း


 စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။


ထို့ပြင်လည်း 

ဆဒ္ဒန်ဆင်မင်းဝန် ဟူ၍ လည်းကောင်း၊ 

ဆင်မင်း၀န်ထောက် ဟူ၍ လည်းကောင်း၊ 

ဆင်မင်း နာခံ၊ 

ဆင်မင်းစာရေးကြီး၊ 

ဆင်မင်းနောက်ထိုင်၊ 

ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။


မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် 

မောရိယ ပစ္စယနာဂရာဇာ ဆင်မင်းအတွက် 

ဆင်မင်းဝန်အပြင်

 လခ-၁၂၀-စား၊ 

ဆင်မင်းနာခံ လေးဦး လခ ၁၂၀-စား၊ 

စာရေးကြီး လေးဦး၊

 လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။

 ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား 

အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။


ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊

ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊

ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊

ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇဝင်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တဝင့် ပါရှိ၏။


ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် 

အလွန်ထင်ရှား ကျော်စောသော 

နိဗ္ဗနပစ္စယနနာဂရာဇာ ဆင်မင်းအကြောင်းနှင့်

 ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ အကြောင်းများကို 

ရာဇဝင် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် 

အကျယ်တဝင့် ရေးသားဖော်ပြထား၏။


အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ 

ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။ 


ကမ္ဘာပေါ်ရှိ တောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ 

အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ 

ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် 


ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။


ဆင်နှင့်ပတ်သက်၍

 ဗေဒင်လာ ဆင် ၃၈၊ 

ဟေမဝန်နေ ဆင် ၄၄၊

 ကျွမ်းဆင် ၈၁-မှစ၍ 

ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ 

ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။


ကျမ်းကိုး


(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)


(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။


(၃) ဝဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင် 

အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။

Monday, July 1, 2024

စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

 နားရွက်တံတွေးဆွတ်ခြင်းအဓိပ္ပါယ်




      စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

           ===================

        (ကျေးလက်ကာလသားဓလေ့)


ရှေးအခါကကျေးလက်တောရွာများတွင်ကာလသားများ တစ်ဦးနှင့်တစ်ဦးမ ကျေမနပ်ရန်စဖြစ်ပွါးပါက ယှဉ်ပြိုင်စိန်ခေါ်သည့်အနေဖြင့်တစ်ဦး၏နားရွက်ကို

တစ်ဦးကတံတွေးဆွတ်၍စိန်ခေါ်လေ့ရှိသည်။


စိန်ခေါ်ခံရသူက မယှဉ်ပြိုင်လိုလျှင်လည်းကောင်း ရန်မဖြစ်ချင်လျှင်သော်လည်းကောင်း ဆိတ်ဆိတ်နေခြင်းဖြင့် နေနိုင်သည်။


ထိုသို့မိမိအားမယှဉ်ပြိုင်ဝံ့၍ငြိမ်နေသူကို နောက်တစ်ကြိမ်စိန်မခေါ်ရ။ ရန်မစရ။မစော်ကားရ။ ထို့ကြောင့် " ရန်မလိုကရန်ပြိုသည် " ဟူသော စကားထွက်ပေါ်လာခဲ့သည်။


 သူတော်ကောင်းလူကြီးသူမများကနှစ်သက်ကြသော်လည်း လူငယ်ကာလသားများကြားတွင် ထိုသူသည် လူကြောက်ကလေးလူနုံကလေးဖြစ်သွားတော့သည်။ 


 စိန်ခေါ်ခံရသူက မိမိအား နားရွက်တံတွေးဆွတ်၍ စိန်ခေါ်သူကိုယှဉ်ပြိုင်ရန်လက်ခံလိုပါက 

၁။ အဖြူတံု့

၂။ အမှောင်တံု့

၃။ အမဲတုံ့

၄။ အမိုက်တံု့   ဟူ၍ နည်း ၄ နည်းဖြင့် ပြန်လည်းတံု့ပြန်လက်ခံနိုင်သည်။ 


( ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်ထဲတွင်တော့ အဖြူတံု့ နှင့် အနက်တံု့ ဟူ၍ နှစ်မျိုးပြထားသည်။ အနက်တံု့ တွင်မှ အမှောင်တံု့ အမဲတံု့ နှင့် အမိုက်တံု့ ဟု သုံးမျိုးထပ်မံ ခွဲခြားပြသည်။ တုံ့ပြန်နည်းကာ အတူတူပင်ဖြစ်သည်။) 


အဖြူတုံ့

•••••••••


အဖြူတုံ့ ဟူသည်ကာ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို မိမိက နားရွက်တံတွေးတုံ့ပြန်ဆွတ်ကာ လက်ခံသောနည်းဖြစ်သည်။ 

ကလေးအရွယ် မှ မြီးကောင်ပေါက်အထိ လူငယ်များ အငြိုးအတေးမရှိဘဲ ကာယစွမ်းအား ယှဉ်ပြိုင်ခြင်းဖြင့် စိန်ခေါ်မှုကိုလက်ခံခြင်းဖြစ်သည်။ 

ထို့နောက် မိမိကစားဖော်ထဲမှ သမာသမတ် ကျသူကိုဖြစ်စေ ကာလသားကြီးတစ်ဦးဦးကိုဖြစ်စေ နှစ်ဦးသဘောတူ ဒိုင် အဖြစ်သတ်မှတ်၍ နပန်းလုံးခြင်း မောင်းလှဲပြိုင်ခြင်း တုတ်ဆွဲပြိုင်ခြင်း လွန်ဆွဲပြိုင်ခြင်း ပုဆိုးခါးကွင်းထည့်၍ခြေကန်ဆွဲခြင်း နောက်ပြန်ဆွဲခြင်း စသည့် ကာယကြံ့ခိုင်မှု အသားပေးယှဉ်ပြိုင်မှုမျိုးဖြင့် ယှဉ်ပြိုင်ကြသည်။ 

ထိုသို့ ယှဉ်ပြိုင်ရာတွင် စိန်ခေါ်ခံရသူစိတ်ကြိုက်နည်းကို စိန်ခေါ်သူကလက်ခံရသည်။ 

တစ်ဦးဦးရှုံးနိမ့်သွားပါက အနိုင်ရသူသည် ရှုံးနိမ့်သူကို ထပ်မံစိန်ခေါ်ခြင်းမပြုရ။ 

အနိုင်မကျင့်ရ။

ရှုံးနိမ့်သူမှ နောင်တစ်ချိန်ထပ်မံစိန်ခေါ်နိုင်သည်။


(ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်တွင် ထိုးကွင်းမင်ကြောင် မထိုးရသေးသောပေါင်ဖြူအတိုင်း ရှိသေးသူ ကလေးသူငယ်များ လက်ခံခြင်းမျိုးကို အဖြူတုံ့ ဟုခေါ်ပြီး ထိုးကွင်းထိုးပြီး ပေါင်မည်း ကာလသားတို့ ယှဉ်ပြိုင်မှုကို အနက်တုံ့ ဟု ခွဲခြားပြထားသည်။)


အမှောင်တုံ့

••••••••••••

            အမှောင်တုံ့ဟူသည်ကာမိမိအားနားရွက်

တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍ စိန်ခေါ်မှုကိုလက်ခံသောနည်းဖြစ်သည်။ 

ရှင်လိင်ပြန်ပြီးသောကာလသားလူရွယ်များမှသည် အရွယ်ရောက်ပြီးသော လူကြီးများအထိ ယှဉ်ပြိုင် ကြသည်။ 


ထိုသို့ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍အမှောင်တုံ့ဖြင့် တုံ့ပြန်လက်ခံလိုက်ပါက အရှုံးအနိုင်ပေါ်သည်အထိ မြန်မာ့ရိုးရာလက်ဝှေ့နည်းဖြင့် ထိုးသတ်ရသည်။ ကာလသားခေါင်းဆောင် က ဒိုင်လူကြီး အဖြစ် မျှတစွာဆောင်ရွက်ရသည်။ 


ကြောက်ရှုံး ကွဲရှုံး အလဲရှုံး စသဖြင့် နှစ်ဦးသဘောတူ သတ်မှတ်ပေးရသည်။ 

အနိုင်ရသူနှင့် ရှုံးနိမ့်သူတို့၏ နောက်ပိုင်းဆက်ဆံရေး သည် အဖြူတုံ့နောက်ပိုင်း ကဲ့သို့ ဆက်ဆံရေးမျိုး ဆက်လက်ရှိနေသည်။  


ထိုသို့ အနိုင်ရရှိသော ကာလသားလူမှောင်များသည် ရပ်ရေးရွာရေးတွင် လူဝင်ဆန့်တတ်သည်။ လူပေါင်းများသည်။


အမဲတုံ့

••••••••

   အမဲတုံ့ ဟူသည်ကာမိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူ၏ကိုယ်လုံးကို ခြေဖြင့်ကန်၍ တုံ့ပြန်ကာ စိန်ခေါ်မှုကိုလက်ခံသော နည်းဖြစ်သည်။ 


ထို့နောက် စိန်ခေါ်ခံရသူသည် တုတ် ဓါး လှံ ဓါးမြောင် စသည့် မိမိအားသန်ရာ လက်နက်တစ်ခုခုရွေး၍ စိန်ခေါ်သူနှင့်တိုက်ခိုက်ရသည်။ 


စိန်ခေါ်သူသည်  မိမိနှစ်သက်ရာ လက်နက်ကိုင်ခွင့်မရှိ။ စိန်ခေါ်ခံရသူ ရွေးချယ်ထားသောလက်နက်မျိုးကိုသာ ကိုင်ဆွဲရသည်။ 


အနိုင်ရသူသည် ရှုံးနိမ့်သူကို အသေသတ်ခွင့် ရှိသည်။ ရှုံးနိမ့်သူက မသတ်ပါနှင့်ဟုတောင်းပန်လျှင် မသတ်ရ။ ခွင့်လွှတ်ရသည်။ 


ထို့နောက် ရှုံးနိမ့်သူကို ခြေဖြင့်ကန်၍ နောင်ဘယ်တော့ငါ့ကိုပြန်မလှန်နဲ့ ဟုဆိုခွင့်ရှိသည်။  ရှုံးနိမ့်သူသည် ရပ်ရွာတွင် အနှောင့်အယှက်ဖြစ်လောက်အောင် သောင်းကျန်းနေသူလူမိုက်ဖြစ်ပါက နောင်ရပ်ရွာတွင်အနှောင့်အယှက်မပြုရန် ကတိတောင်း၍ရသည်။ 


အကယ်၍ အနိုင်ရသူသည် ရပ်ရွာအော့ကြောလန် လူမိုက်ဖြင့်ပါက ထိုရပ်ရွာသည် လူမိုက်ကြီးစိုးသောရပ်ရွာဖြစ်ကာ နောင်ပြိုင်ဘက် မပေါ်မချင်း လူမိုက်ဒုက္ခ ခါးစည်းခံရ၏။ 


အမိုက်တုံ့

•••••••••••

အမိုက်တုံ့ ဟူသည်ကာ မိမိအား နားရွက်တံတွေးဆွတ်၍ ရန်စစိန်ခေါ်သူကို ပါးပြန်ရိုက်တုံ့ပြန်ပြီး စိန်ခေါ်မှုကို လက်ခံသောနည်းဖြစ်သည်။(မြန်မာတို့သည်မိမိတို့၏ပါးပြင်ကိုအမြတ်တနိုးတန်ဖိုးထား၍လူကြီးမိဘတို့ကချစ်ခင်စွာနမ်းရှိုက်လေ့ရှိသောနေရာဖြစ်သည်။) 


ထိုသို့ စိန်ခေါ်မူကို အမိုက်တုံ့ဖြင့်လက်ခံပြီးပါက စိန်ခေါ်သူ နှင့် စိန်ခေါ်ခံရသူနစ်ဦးတို့သည် တစ်ယောက်တစ်လှည့်စီ အသေအကြေ

ခံပြ တိုက်ပြ ရသည်။ 


ထိုသို့ယှဉ်ပြိုင်ရာတွင် လက်နက်မသုံးရ အတိုက်သမားသည် သတ်၉သတ် ဟုခေါ်သော ဦးခေါင်း လက်သီး တံတောင်  ဒူး ဖနောင့် စသည် တို့ကို စိန်ခေါ်ခံရသူ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်သည်။


စိန်ခေါ်သူသည် စိန်ခေါ်ခံရသူ တိုက်ခိုက်သောနည်းအတိုင်း ပြန်လည်တိုက်ရသည်။ ရှေးဦးစွာ စိန်ခေါ်ခံရသူက လက်သီးဖြင့်ထိုးပါက စိန်ခေါ်သူသည် မလှုပ်မရှား ရှောင်တိမ်းခြင်းမရှိဘဲ အထိုးခံရသည်။ 

စိန်ခေါ်သူ အလှည့်တွင်လည်း စိန်ခေါ်ခံရသူတိုက်သည့် နည်းအတိုင်းပြန်လည်တိုက်ခိုက်ရ၍ စိန်ခေါ်ခံရသူသည် မလှုပ်မယှက် မရှောင်တိမ်းဘဲခံရသည်။ 

ဤသို့ဖြင့် စိန်ခေါ်ခံရသူသည် သတ် ၉ သတ်ကို အမျိုးမျိုးပြောင်းလဲအသုံးပြု၍ တစ်ဦးဦးသေသည်အထိ အတိုက် အခံပြုရသည်။ 


တစ်ဦးဦးအရှုံးပေးလျှင် ပွဲပြီးသော်လည်း အရှုံးမပေးပဲသေဆုံးသွားပါက ပွဲမပြီးသေးပေ။ 

ထိုအခါ သေဆုံးသူ၏ ညီအစ်ကို ဖခင် ဦးလေး စသည့် သွေးချင်းများမှ အရှုံးအနိုင် ပေါ်သည်အထိ ဆက်လက်ယှဉ်ပြိုင် လိုကယှဉ်ပြိုင်နိုင်သည်။မယှဉ်ပြိုင်လိုက သေသူ၏ ပါးကိုရိုက်၍ နင်ငါတို့အမျိုးမဟုတ်ပြီ ဟု ဆွေခန်းမျိုးခန်းဖြတ်ရသည်။ 


သေသူမှာ သေသာသေသွားသော်လည်း ရှုံးနိမ့်ခြင်းမဟုတ်၍ ဂုဏ်မငယ်သော်လည်း သေသူ၏ မိဘဆွေမျိုးအသိုင်းအဝိုင်းမှာ သေသူကြောင့် ဂုဏ်ပျက် ရလေသည်။


သို့သော် သူတော်ကောင်း လူကြီးသူမ တို့က သေသူ၏ မိဘဆွေမျိုးများကို ချီးမွမ်းကြသည်။ 


စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူ နှစ်ဦးတို့သည် ယှဉ်ပြိုင်နေစဉ်အတွင်း မသမာသောနည်း ကောက်ကျစ်သောနည်းကို အသုံးပြုပါက အသုံးပြုကြောင်းတွေ့ပါကအရှုံးအဖြစ်သတ်မှတ်ခံရသည်။ 


ဒိုင်လုပ်သူသည် တစ်ဖက်ဖက်ကို ဘက်လိုက်သည်ဟု ထင်ရှားပါက ဒိုင်လူကြီးလုပ်သူသည် ရှုံးနိမ့်သူနှင့်အတူ ကာလသားများ ရပ်ရွာလူကြီးများ၏ ဝိုင်းပယ်ခြင်းကိုခံရတတ်သည်။


စိန်ခေါ်သူသည် အမဲတုံ့ အမှောင်တုံ့ တို့ဖြင့် တုံ့ပြန်တိုက်ခိုက်၍ အရှုံးပေးပြီး ရှုံးနိမ့်သွားပါက ကာလသားများအလယ်တွင်လည်းကောင်း ဆွေမျိုးများအလယ်တွင်လည်းကောင်း ရပ်ရွာအလယ်တွင်လည်းကောင်း မျက်နှာငယ်ကာ ရွာပြင်ထုတ်ခံရတတ်သည်။ 


မည်သူမှ အဖက်လုပ်စကားမပြောတော့။ အပေါင်းအသင်းမလုပ်တော့။  ထိုအခါ အရပ်တစ်ပါးသို့တိတ်တဆိတ်ထွက်ခွါကာ ဇာတ်မြုပ်နေလေ့ရှိသည်။ 

            

ထိုသို့ ရှေးအခါက ကျင့်သုံးခဲ့သော ကာလသားဓလေ့ သည် တစ်ဦးနှင့်တစ်ဦး ဗိုလ်မထားလို၍ စိန်ခေါ်ထိုးသတ်ကြသော်လည်း အဖြူတံု့ နှင့် အမှောင်တုံ့ အထိသာ တုံ့ပြန်တိုက်ခိုက်တတ်ကြသည်။ 


ဗာလာနံ မိုက်မဲသူတို့အမူအကျင့်ဖြစ်သော အမဲတုံ့ အမိုက်တုံ့ ဖြင့် တိုက်ခိုက်မှုမျိုးရှိခဲလှသည်။ ထိုသို့မဖြစ်အောင်လည်း လူကြီးမိဘတို့က မိမိတို့၏ သားသမီးများကို အရွယ်ရောက်လာပါက ဘုန်းတော်ကြီးကျောင်းသို့ပို့ကာ စာပေ သင်အံ စေသည်။ ဗုဒ္ဓအလိုကျ ယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးစေသည်။


နားရွက်တံတွေးဆွတ်၍စိန်ခေါ်မှုကို တုံ့ပြန်ပုံများ

-------------------------------------------------

၁။ အဖြူတံု့     = နားရွက်တံတွေးပြန်ဆွတ်ခြင်း

၂။ အမှောင်တံု့ = ကိုယ်လုံးခြင်းပြန်တိုက်ခြင်း

၃။ အမဲတုံ့      = ခြေဖြင့်ပြန်ကန်ခြင်း

၄။ အမိုက်တုံ့   = ပါးပြန်ရိုက်ခြင်း


(အကိုးအကား)

ဆရာရန်ကုန်ဘဆွေ၏ မြန်မာပြည်သားဝတ္ထု


***မနွေးနွေးလှိုင် ၏ ဝေမျှတဲ့ စာများကို တဆင့်ပြန်ဝေငှပါတယ်။ 

Tuesday, June 25, 2024

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?

 အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ? 

-----------------------------------------------------




အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။


ဗီရိုထဲမှာ မှိုစွဲရခြင်း အကြောင်းရင်းကတော့ နှစ်ချက်ရှိပါတယ်။


(၁) ပြင်ပက ရေငွေ့တွေကြောင့် ငွေ့ရည်ဖွဲ့ပြီး အစိုပြန်ခြင်း နဲ့ (၂) မခြောက်သေးပဲ စိုနေတဲ့ အဝတ်တွေကြောင့် မှိုစွဲတတ်ပါတယ်။ ကျွန်မတုန်းကလည်း ဖြစ်ဖူးတယ်၊ စောစောသိပြီး အမြန် ရှင်းထုတ်လိုက်နိုင်တော့ အဝတ်အစားတွေ ဘာမှ ဖြစ်မသွားခဲ့ဘူး။ မှိုက ထားထားရင် ထားထားသလို အပွားမြန်တော့၊ သိတာနဲ့ ချက်ချင်း ရှင်းထုတ်သင့်ပါတယ်။


မှိုစွဲတာကို ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ရေချိုးခန်း နံရံ၊ မီးဖိုချောင် နံရံတွေမှာ မှိုစွဲရင်တော့ ကြေးချွတ်ဆေးသုံးပြီး ဖြေရှင်းလိုက်ရုံပါပဲ။ ဒါပေမယ့် သစ်သားနဲ့ လုပ်ထားတဲ့ ဗီရိုလိုမျိုးမှာ ဆိုရင်တော့ ကြေးချွတ်ဆေးကို အသုံးမပြုသင့်ပါဘူးနော်။ ဗီရိုရဲ့ ပေါ်လစ် တင်ထားတာကို တိုက်စားသွားပြီး၊ ဆေးကွာတာ၊ အရောင်မှိန်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်၊ သစ်သားတွေမှာ မှိုစွဲရင် ကြေးချွတ်ဆေးကို အသုံးမပြုရပဲ အခြား နည်းလမ်းကို အသုံးပြုပေးရပါမယ်။ အခု၊ ကျွန်မက အဲဒီနည်လမ်းကို ပြောပြသွားမှာပါနော်။


#ဗီဒိုထဲမှာ မှိုစွဲခြင်းကို ရပ်တန့်စေမယ့် နည်းလမ်း


ကျွန်မ ပြောပြမှာကတော့၊ မှိုစွဲတဲ့ နေရာလောက်ကိုပဲ ရှင်းလင်းသွားအောင် လုပ်ရတာမျိုး မဟုတ်ပဲ၊ ဗီရိုထဲမှာ ရှိနေတဲ့ မှိုတွေ အားလုံးကို အရှင်းပျောက်သွားအောင် လုပ်ရမယ့် နည်းလမ်းပါ။ ကြေးချွတ်ဆေးသုံးလို့ မဖြစ်တဲ့အတွက်၊ အဲဒီအစား ဗီနီဂါကို အသုံးပြုပေးရပါမယ်။


၁။ မှိုစွဲခြင်းရဲ့ အပြင်ဆုံး အလွှာဖြစ်တဲ့ မှိုနဲ့ အမည်းကွက်က ရှင်းလင်းသွားဖို့အတွက် ရေနဲ့ ဗီနီဂါကို ခွက်တစ်ခုထဲမှာ ရောဖျော်ပြီး၊ မှိုစွဲနေရတွေကို ပက်ဖြန်းပေးပါ။


၂။ ပြီးရင် အဝတ်စ တစ်ခုကို ဗီနီဂါအရည်နဲ့ စိုစွတ်စေပြီး မှိုစွဲနေရာတွေကို သုတ်ပေးရပါမယ်။ သုတ်ပြီးသွားရင် အပေါ်ယံမှိုတွေ လုံးဝ ရှင်းသွားပါပြီ။ ဒါပေမယ့် မမြင်ရတဲ့ သစ်သားအတွင်းထဲမှာ မှိုတွေ ကျန်နေဦးမှာပါ။


၃။ မမြင်ရတဲ့ အတွင်းသားထဲက မှိုတွေပါ လုံးဝ အရှင်းပျောက်ဖို့အတွက် (ရေ မရောပဲ) ဗီနီဂါသီးသန့် ပက်ဖြန်းပေးပြီး၊ ဗီနီဂါ ခြောက်သွားအောင်ထိ ထားထားရပါမယ်။


၄။ ပြီးရင် ရိုးရိုး ရေအေးနဲ့ သစ်သား မျက်နှာပြင်တွေကို စင်အောင် ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ ရေတွေ ပြောင်သွားအောင်ထိ သုတ်ပေးပါ။ ဒါဆိုရင်တော့ သစ်သားအတွင်းထဲ မှိုတွေပါ သေသွားပါပြီ။


ဒီ #အဆင့် (၄) ဆင့်ကတော့ ကျွန်မရဲ့ မှိုတွေကို သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းပါပဲနော် ... ။ မှိုတွေ ရှင်းလင်းသွားပြီဆိုရင်တော့၊ နောက်ထပ် မှိုတွေ ထပ်မဖြစ်လာအောင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါ့မယ်။


မှိုသန့်ရှင်းရေး စမလုပ်ခင်၊ အဝတ်ဗီရိုကို နံရံနဲ့ အနည်းငယ် ခွာပေးရပါ့မယ်။ ဒါမှ နံရံကနေ ငွေ့ရည်ပြန်ဖွဲ့ပြီး ဗီရိုတွေထဲကို ရေဓာတ် ပြန်မစိမ့်ဝင်မှာ ဖြစ်ပါတယ်။


အဝတ်ဗီရိုထဲမှာ ဘယ်တော့မှ စိုနေတဲ့ အဝတ်တွေကို မထားပါနဲ့။ အဝတ်တွေ ဗီရိုထဲ ထည့်မယ်ဆိုရင်လည်း၊ ခြောက်သွေ့တဲ့ အဝတ်တွေပဲ ဖြစ်ပါစေ။


အဝတ်တွေကို ပြွတ်သိပ်နေအောင် မထည့်ပါနဲ့။ အဝတ်တွေ အရမ်း ပြွတ်သိပ်နေတယ်ဆိုရင် အဝတ် အသားတွေကြားမှာ မှိုတွေ ပြန်ဖြစ်လာနိုင်ပြီး၊ ဗီရိုမှာ မှိုပြန်စွဲသွားနိုင်ပါတယ်။


 ကဲ.. ဒီနည်းလမ်းတွေကတော့ မှိုစွဲတာနဲ့ ပက်သက်ပြီး ကျွန်မ လက်စွဲပြုထားတဲ့ နည်းပါပဲ။ မေမေတို့လည်း ကိုယ့်အိမ်က ဗီရိုမှာ မှိုစွဲရင် ဖြေရှင်းလို့ ရအောင် မှတ်ထားသင့်တယ်နော်။ ဒါမှ အင်္ကျီ အဝတ်အစားတွေမှာ အထိအခိုက် မရှိမှာ။ ဒီလို မှိုစွဲတာက အစိုဓာတ်ကြောင့် အဓိက ဖြစ်တတ်တာမို့ အခုလို မိုးရာသီဆို ပိုပြီးသတိထားသင့်ပါတယ်နော်။ အခု မှိုရှင်တဲ့ နည်းလမ်းလည်း ရှိနေပြီဆိုတော့ မှိုစွဲတာကို သိတာနဲ့ ချက်ချင်း ရှင်းထုတ်ဖို့ ကျွန်မက အထူး တိုက်တွန်းပါတယ်။ ဒါဆို အဝတ်အစားတွေ ထိခိုက်ပျက်စီးမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။


*** မူလဘူတ ရေးသားမျှဝေသူ မသိသောကြောင့် Credit ဘယ်သူဆိုတာ မပြောပြနိုင်ပါ။

Monday, June 10, 2024

ဗိုင်ကင်း ( Vikings ) တို့ရဲ့ ရာဇ၀င်

 ဗိုင်ကင်း ( Vikings ) တို့ရဲ့ ရာဇ၀င်




       ဗိုင်ကင်း ရာဇ၀င်ကို လေ့လာကြည့်တဲ့အခါ သူတို့ဟာ စကင်ဒီနေးဗီးယန်း နိုင်ငံများ ( ဒိန်းမတ်၊နော်ဝေ၊ ဆွီဒင် ) ကနေ လာခဲ့ကြတဲ့ လူတစ်စု ဖြစ်ပါတယ်။ ဗိုင်ကင်း ( Viking ) ဆိုတာ ဒိန်းမတ်ဘာသာစကား ဗိုင်ကင်းဂျာ (Vikinger) ကနေဆင်းသက်လာတာဖြစ်ပြီး ပင်လယ်ပျော်များ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဗိုင်ကင်းခေတ် အေဒီ 793 မှ 1066 အတွင်း၊ ယခု ကနေဒါ ကနေ အရှေ့အလယ်ပိုင်းထိ ၀င်ရောက်စီးနင်းကာ ရောင်း၀ယ်ဖောက်ကားခဲ့သူများ ဖြစ်ကြပါတယ်။ ဗိုင်ကင်း များဟာ 8 ရာစုကနေ11 ရာစုအတွင်း ထက်မြက်သော စစ်သည်များ၊ ပါးနပ်သော ကုန်သည်များ၊ စွန့်စားရဲသော စူးစမ်းရှာဖွေသူတွေအဖြစ် နာမည်တစ်ခု ထူထောင်ရပ်တည်နိုင်ခဲ့ကြသူတွေပါ။ တကယ်တော့ ကိုလံဘတ်စ် မရောက်ခင် နှစ်ပေါင်း 1000 လောက်ကတည်းက အမေရိကကို ဗိုင်ကင်း တွေရောက်ခဲ့ကြပြီးပါပြီ။ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရုရှားနိုင်ငံ အရှေ့ဘက်ထိ သုတေသနပညာရှင်တွေက ရှာတွေ့ခဲ့ကြပြီး ဒါဟာ ဗိုင်ကင်း သမိုင်းရဲ့ ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါတယ်။


       793 မှာ ဗိုင်ကင်း တွေဟာ ဗြိတိန် အရှေ့ဘက်ကမ်းရိုးတန်းရှိ Lindisfarne မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၀င်စီးခဲ့ကြပါတယ်။ လူတွေကို သတ်ဖြတ်၊ ပစ္စည်းတွေကို လုယူပြီး ဗိုင်ကင်း တွေရဲ့ အဆိုးခေတ်မျက်နှာစာကို ဆွဲဖွင့်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ချမ်းသာပြီး အကာအကွယ်မဲ့တဲ့ ဘုန်းကြီးကျောင်းကို လုယူစီးနင်းမှုဟာနောက်နှစ်ပေါင်း 300အထိ ဥရောပမှာ ပဲ့တင်ထပ်ခဲ့ပါတော့တယ်။


       ဗိုင်ကင်း ခေတ် ဆိုတာ တကယ်တော့ သမိုင်းသုတေသီတွေအနေနဲ့ စကင်ဒီနေးဗီးယန်း လူမျိုးတွေ ဥရောပနဲ့ ရုရှားကို ပြန့်နှံ့ ခဲ့တဲ့ ကာလကို တင်စားပြောရုံသက်သက်ဖြစ်ပါတယ်။ ဗိုင်ကင်း တွေဟာ အကာအကွယ်ကင်းမဲ့တဲ့ အသိုက်အ၀န်းတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်ကြသူများ ဖြစ်ပါတယ်။ သူတို့ဟာ စကော့တလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ နဲ့ ရုရှားနိုင်ငံ ကမ်းရိုးတန်းက အားနည်းတဲ့ နေရာတွေကို လုယက်တိုက်ခိုက်ကြပါတယ်။ ဗိုင်ကင်း တို့ဟာ အကြမ်းဖက်လုယက်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ စူးစမ်းရှာဖွေခြင်း တို့အပြင် ရောက်တဲ့နေရာမှာ အခြေချပြီး ရောင်း၀ယ်စိုက်ပျိုးကြပါတယ်။ 1066 ခုမှာ ဝီလျံဟာ ဗိုင်ကင်း တွေ ပါ၀င်တဲ့တပ်ကို ဦးဆောင်ပြီး အင်္ဂ လန်ကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


       ဗိုင်ကင်း သမိုင်းက သိပ်နှစ်သက်စရာကောင်းတာတော့မဟုတ်ပါဘူး။ ဗိုင်ကင်း လူမျိုးတွေဆိုတာ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်လူမျိုးတွေသာ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဟာ လယ်သမား၊ ကုန်သည်၊ ပန်းပဲဆရာ နဲ့လက်သမားတွေသာ ဖြစ်ကြပါတယ်။ သူတို့ဟာ လျင်မြန်တဲ့ လှေတွေကိုသုံးပြီး အရောက်မြန်တဲ့ ကမ်းခြေတွေကို ဦးတည်တိုက်ခိုက်ကြပါတယ်။သတ်ဖြတ်လုယက်ပြီးပြီဆိုရင် သူတို့လှေတွေဆီကို အမြန်ပြေးပြီး ဆုတ်ခွာကြတော့တာပါပဲ။ အလစ်အငိုက် တိုက်ခိုက်ခြင်းကိုသာ အများဆုံး ရွေးချယ်ကြသူတွေ ဖြစ်တဲ့အပြင် ခံစစ် ဒါမှမဟုတ် တန်ပြန်အသေအကျေ တိုက်မယ့်သူတွေဆို ရှောင်ကြတာ များပါတယ်။ ဗိုင်ကင်း ဖြစ်သွားသူတွေဟာ အစပိုင်းမှာ အချိန်ပိုင်း အနေနဲ့ပဲ လုပ်ကြတာပါ။ လယ်သမားတစ်ဦး ဟာ စိုက်ပျိုးရေးနဲ့ ပက်သက်ပြီး အလုပ်ပါးလာချိန်မှာ လယ်ယာကို ထားခဲ့ပြီး လုယက်သတ်ဖြတ် တိုက်ခိုက်တာကိုလုပ်ကြပါတယ်။ ဒါပေမယ့် ရိတ်သိမ်းချိန်အမှီ ပြန်လာကြပြီး စိုက်ပျိုးရေးကို ပြန်လုပ်ကြပါတယ်။ လုယက်စီးနင်းခြင်းဟာ အကျိုးအမြတ် အရမ်းများတဲ့အတွက် လယ်သမားပေါင်းများစွာ ဟာ ပင်လယ်ဓါးပြများ၊ လုယက်သူများအဖြစ် ဘ၀ကိုပြောင်းလဲပစ်လိုက်ကြပါတော့တယ်။ သူတို့ဟာ လုယက်ရင်း စူးစမ်းရင်းနဲ့ အနောက်ဘက် ဆို အဝေးဆုံး နယူးဖောင်လန်ထိ၊ အရှေ့အလယ်ပိုင်းဆိုရင်တော့ ကွန်စတန်တီနုပယ်၊ ဘက်ဂ္ဂဒက် ထိရောက်ခဲ့သလို အရှေ့ဥရောပ ကိုတိုက်ခိုက်ရင်း 9 ရာစုမှာ ရပ်စ် ( Rus ) ဆိုတဲ့ပြည်နယ်ကို ထူထောင်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။


       ဗိုင်ကင်း တွေဟာ မြောက်ပိုင်းမှာ သားမွေး၊ ပယင်း၊ သံ နဲ့ သစ်တို့ကို ရောင်း၀ယ်သလို တောင်ပိုင်းမှာလည်း ငွေ၊ ရွှေ၊. ပိုးထည်၊ အမွှေးနံ့သာ နဲ့ အခြားကုန်ပစ္စည်းတွေကိုလည်း ရောင်း၀ယ်ကြပါတယ်။ကုန်သွယ်လမ်းကြောင်း တစ်လျှောက်လုံးမှာ သူတို့ ဟာ ကျွန် အရောင်းအ၀ယ်လည်း လုပ်ကြပါတယ်။


       ဗိုင်ကင်း တွေဟာ သူတို့မွေးရပ်တွေကို စွန့်ခွာပြီး ဘာကြောင့် လုယူစီးနင်းသူတွေ ဖြစ်လာကြတာလဲဆိုတာကို ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ဘာကြောင့် လယ်တွေ၊ ပန်းပဲဖိုတွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်တွေကိုထားခဲ့ကြတာလဲဆိုတာရယ် ဘာအတွက်ကြောင့် ဥရောပနဲ့ ရုရှားမှာအခြေချခဲ့ကြတာလဲ ဆိုတာရယ်ကို ကြည့်ကြရအောင်ပါ။


       ဗိုင်ကင်းတွေဟာ သင်္ဘော တည်ဆောက်မှုအပိုင်းမှာတော့ တော်တော်လေးကို တော်ကြပါတယ်။သူတို့ဟာ ကြီးမားရှည်လျားပြီး ပေါ့ပါးခိုင်ခံ့တဲ့ သင်္ဘော များကို တည်ဆောက်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သင်္ဘောတစ်စီးကို လူ 200 လောက်ထိတင်ပြီး ခရီးအဝေးကြီးကိုသွားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေကြောင်းပြနည်းပညာပိုင်း ကျွမ်းကျင်သလို ရွက်လွှင့်တဲ့ နေရာမှာလည်း အဲဒီခေတ်တုန်းက လူတွေထဲမှာ သူတို့ အတော်ဆုံးဖြစ်ပါတယ်။ ဗိုင်ကင်းများဟာ ကမ္ဘာ့သမိုင်းကို အထိုက်အလျောက်ပြောင်းလဲခဲ့သူတွေပါ။ သူတို့ဟာ အိုက်စလန်၊ ဂရင်းလန်း နဲ့ မြောက်အမေရိကတို့မှာ နယ်မြေသစ်တွေ ထူထောင်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ကျွမ်းကျင်တဲ့ အရာနဲ့ လုပ်စားခဲ့ကြပုံပါပဲ။ သူတို့ လုယက်တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ချေ နောက်တစ်ချက်ကတော့ ဗိုင်ကင်းတွေရဲ့ ထုံးတမ်းစဥ်လာတွေပါ။ သူတို့ဟာ သားအကြီးဆုံးကသာ အမွေအားလုံးကို ဆက်ခံခွင့်ရှိပြီး အငယ်တွေအတွက် ဘာခံစားခွင့်မှမရှိပါဘူး။ အကြီးဆုံးမဟုတ်တဲ့သားများဟာ နေထိုင်မှုဘ၀အတွက် ဥရောပသို့ ချဲ့ထွင်မှုကို အစပျိုးဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တာတော့ အမှန်ဖြစ်ပါတယ်။ ဗိုင်ကင်းတွေဟာ ခရစ်ယာန်ဘာသာ၀င်တွေမဟုတ်ကြပါဘူး။ ဒါကြောင့်လည်း ခရစ်ယာန်ဘုရားကျောင်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ၀င်တွေက စစ်ပွဲမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်တော့မှ မတိုက်ခိုက်ပါဘူး။ ဒါကြောင့်လည်း ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေဟာ အကာအကွယ်မရှိဘဲ ဖြစ်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒါကို ဗိုင်ကင်းတွေက ကောင်းကောင်းအသုံးချခဲ့ပုံပါပဲ။ ခရစ်ယာန်ဘုရားကျောင်းတွေဟာ အလွန်ချမ်းသာပြီး ဘုရင်တွေနဲ့ ကုန်သည်တွေရဲ့ စည်းစိမ်ထက်တောင်များပါသေးတယ်။ ဒါ့အပြင် ဘုရင်တွေနဲ့ ကုန်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေထက် ပိုပြီး လုံခြုံရေးအားနည်းတဲ့အတွက် ဗိုင်ကင်းတွေမျက်စိကျခဲ့ပုံရပါတယ်။ ဗိုင်ကင်းများလုယက်ရခြင်းရဲ့ ဖြစ်နိုင်ချေနောက်တစ်ခုကတော့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဟာ အရင်အချိန်များတုန်းက လွယ်ကူချောမွေ့စွာ ရောင်း၀ယ်ခဲ့ကြပေမယ့်လည်း ဥရောပမှာ ခရစ်ယာန်ဘာသာ သက်၀င်သူပိုမိုများပြားလာတဲ့နောက် ခရစ်ယာန်ကုန်သည်တွေက မူဆလင်ဘာသာ၀င်နဲ့ ခရစ်ယာန်မဟုတ်သူတွေနဲ့ ကုန်သွယ်မှုကို ငြင်းဆန်လာခဲ့တာလဲ ပါပါတယ်။ ဒီအချက်ဟာ ကုန်သွယ်ရေးမှာ ပြဿနာများ ဖြစ်စေခဲ့တဲ့အပြင် မညီမျှခြင်းတွေကို ဖြေရှင်းဖို့ လုယက်စီးနင်းမှုကို ရွေးချယ်ခဲ့ရတယ်လို့လဲ မြင်နိုင်ပါတယ်။ နောက်ပြီး နော်ဝေဘုရင်ရဲ့ အာဏာထိန်းချုပ်မှုနဲ့ နေထိုင်မှုကန့်သတ်ချက်တွေကလည်း လူငယ်တွေကို ဘုရင်လက်အောက်မှာ နေထိုင်မယ့်အစား ထွက်ခွာဖို့ ဖြစ်လာခဲ့ပုံရပါတယ်။ ဗိုင်ကင်းတွေရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်တစ်ခုကတော့ လူတစ်ဦးချင်းစီရဲ့ကံကြမ္မာကို နတ်ဘုရားဖခင် အိုဒင် (Odin)ကသတ်မှတ်ပေးထားတာဖြစ်ပြီး စစ်ပွဲမှာကျဆုံးခဲ့တဲ့သူဟာ ဂုဏ်ယူစရာ မဟုတ်ပေမယ့် အိုဒင်ရဲ့ ခေါ်ဆောင် ချီးမြှောက်ခြင်းကိုခံရတယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီယုံကြည်ချက်က ဗိုင်ကင်းတွေကို အခွင့်အရေးတစ်ခုအနေနဲ့ မြင်စေခဲ့တယ်ထင်ပါတယ်။ တစ်ကြိမ်လုယက်ပြီးတဲ့နောက် ရလာတဲ့ အကျိုးအမြတ်ဟာ နောက်တစ်ခါဆိုတာကို ငြင်းဖို့ခက်ပါတယ်။


       ဗိုင်ကင်းတွေဟာ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာ၀င်တွေ ဖြစ်လာကြပုံကတော့ အကြမ်းဖက်မှု အင်မတန်နည်းပါတယ်။ ဗိုင်ကင်းခေတ် အစောပိုင်းမှာ ဗိုင်ကင်းကုန်သည်တွေဟာ ခရစ်ယာန်ကုန်သည်တွေနဲ့ တန်းတူ အခွင့်အရေးမရခဲ့ပါဘူး။ ဒါကြောင့် ကုန်သွယ်ရေးမှာ အရှုံးနဲ့ မကြာခဏ ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် သူတို့ ၀တ်ဆင်နေကျ သောရ် (Thor) နတ်ဘုရားရဲ့ တူ အစား ခရစ်ယာန်လက်ဝါးကပ်တိုင်ကို ခရစ်ယာန်တွေကြား ရှိတဲ့အချိန်မှာ ၀တ်ဆင်ကြရပါတယ်။ ဒီအလေ့အကျင့်ကို နှစ်ချင်းမခံရသေးမီ ကာလတစ်လျှောက်လုံး ဗိုင်ကင်းကုန်သည်တွေဟာ ကျင့်သုံးခဲ့ကြရပါတယ်။ သူတို့တွေက ဘာသာရေးမှာ သူတို့ရဲ့ နတ်ဘုရားတွေကို စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြပေမယ့် ခရစ်ယာန်သာသနာပြုတွေ ဗိုင်ကင်းမြေပေါ် ရောက်လာပြီးနောက်ပိုင်းမှာ တစ်စတစ်စ ပြောင်းလဲလာခဲ့ပါတယ်။ ဒိန်းမတ်နဲ့ ဆွီဒင်ဘုရင်တွေဟာ ခရစ်ယာန်ဘာသာခံယူပြီးနောက်မှာ ဗိုင်ကင်းများဟာ ခရစ်ယာန်ဘာသာကို အပြည့်အ၀ယုံကြည်သက်၀င်လာခဲ့ကြပါတယ်။


       အမျိုးသားတွေ ကြီးစိုးကြတဲ့ ဗိုင်ကင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ကိုယ်ပိုင် အခွင့်အရေးတွေရှိကြပါတယ်။ အမျိုးသားတွေက လုယက်ခြင်း၊ ငါးဖမ်းခြင်း၊ ကူးသန်းရောင်း၀ယ်ရေး များနဲ့ အိမ်ရဲ့ အဝေးကိုရောက်နေစဥ်မှာ အမျိုးသမီးတွေက တာ၀န်အားလုံးကို စီမံလုပ်ကိုင်ကြရပါတယ်။ အမျိုးသမီးတွေဟာ ဗိုင်ကင်း လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့နေရာမှာရှိပြီး အမျိုးသားတစ်ဦးကအမျိုးသမီး တစ်ဦးကို နာကျင်ထိခိုက်စေတာက ရှက်စရာလုပ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေဟာ မိသားစုကို ထိန်းကျောင်းခြင်း၊ အစားအသောက်၊ အ၀တ်လျှော်၊နွားနို့ ညှစ်ခြင်း၊ ထောပတ်နဲ့ ဒိန်ခဲများ ပြုလုပ်ခြင်း၊ ဆောင်းရာသီအတွက် အစားအစာ စုဆောင်းခြင်း၊ အပြင် အချုပ်အလုပ်နဲ့ သန့်ရှင်းရေးတွေထိကိုပါပါတယ်။ ချည်ငင်ခြင်း၊ အင်္ကျီချုပ်ခြင်းတို့ဟာ အချိန်များစွာကုန်သော အလုပ်များဖြစ်ပြီး ဗိုင်ကင်း အမျိုးသမီးတွေဟာ နာရီပေါင်းများစွာကြာအောင် လုပ်ကြရပါတယ်။ ဗိုင်ကင်း အမျိုးသမီးတွေဟာ အသက် 12 အရွယ်ကတည်းက လက်ထပ်ကြပြီး အသက် 20 မှာ ယောကျာ်း၊ မိန်းမအားလုံး အိမ်ထောင်ကျပြီးသား ဖြစ်နေကြပါပြီ။ ဗိုင်ကင်းတွေဟာ အသက်မရှည်ကြပါဘူး။ အသက် 50 ပြည့်အောင်နေနိုင်သူ အရမ်းကိုရှားပါးပြီး ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးကြတာများပါတယ်။ အသက် 12 ကနေ 15 အတွင်းမှာ ယောကျာ်းမိန်းမ တတ်အပ်တဲ့ ပညာတွေကို ကျွမ်းကျင်အောင် တတ်မြောက်သည်အထိ မိဘမောင်ဘွားတွေက သင်ပေးထားပြီးဖြစ်ပါတယ်။ ဗိုင်ကင်းအမျိုးသမီးတွေဟာ အိမ်ထောင်ကို ကွာရှင်းခွင့်ရှိသလို စီးပွားရေးလဲ လုပ်နိုင်ပါတယ်။ အချို့သော ဗိုင်ကင်းအမျိုးသမီးတွေဟာ မြေရှင် သူဌေး၊ ငွေထည် ကုန်သည်၊ တိုက်ခိုက်ရေးသမားတွေအနေနဲ့တောင် ရပ်တည်ခဲ့ကြပါသေးတယ်။


       ဗိုင်ကင်းတွေဟာ လက်နက်ကို ကိုယ်နဲ့မကွာ ဆောင်ထားကြသူတွေပါ။ သူတို့ဟာ အိပ်ရင်တောင်မှ အိပ်ယာဘေးမှာ လက်နက်ကိုချိတ်ပြီးမှအိပ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ဖို့နဲ့ တိုက်ခိုက်ဖို့ အမြဲအသင့်ဖြစ်နေသူတွေဖြစ်ပြီး ဓါး၊ပုဆိန်၊ လှံ၊ ဒိုင်း၊ လေးနဲ့ မြား၊ ခေါင်းဆောင်း စတဲ့လက်နက် အပြည့်အစုံကို ချမ်းသာသူတွေသာ ကိုင်နိုင်သုံးနိုင်ကြတာပါ။ လူလတ်တန်းစားတွေက ပုဆိန် သို့မဟုတ် လှံနဲ့ ဒိုင်းကို ကိုင်ဆောင်ကြပြီး ဆင်းရဲသားတွေကတော့ ဓါးတို လေးတွေပဲ ကိုင်နိုင်ကြပါတယ်။ ဗိုင်ကင်းတွေရဲ့ စျေးအကြီးဆုံး လက်နက်ဟာ နှစ်ဘက်သွား ဓါးဖြစ်ပြီး အရှည် 35 လက်မထိ ရှည်ပါတယ်။ ချမ်းသာတဲ့ သူတွေသာ ကိုင်နိုင်ကြတာပါ။ ဓါးတွေကို နာမည်တွေပါပေးထားတတ်တဲ့အပြင် အလှဆင်တာ ကိုလဲ လုပ်ကြပါတယ်။ သူတို့ စစ်ပွဲမှာ သုံးတဲ့ ပုဆိန်တွေက အရိုးရှည်တဲ့အပြင် ပေါ့ပါးကြပါတယ်။ အသွား 3 လက်မကနေ 6 လက်မထိရှိပြီး နောက်ပိုင်းမှာ 9 လက်မကနေ 12 လက်မထိသုံးကြပါတယ်။ ကာကွယ်ရေးအနေနဲ့ တော့ သံခေါင်းစွပ်များ၊ ဒိုင်းများကို ကိုင်ဆောင်ကြပြီး ဗိုင်ကင်းတစ်ယောက်ရဲ့ကာကွယ်ရေးအသုံးအဆောင်ကိုကြည့်လိုက်တာနဲ့ သူ့ရဲ့ချမ်းသာမှုကို သိနိုင်ပါတယ်။ ခေါင်းစွပ်တွေမှာ မျက်နှာကိုကာကွယ်နိုင်ဖို့အတွက်ပါ ထည့်သွင်းပေးထားပြီး သံနဲ့ပြုလုပ်တာဖြစ်တဲ့အတွက် တန်ဖိုးကြီးမြင့်ပါတယ်။ မတတ်နိုင်တဲ့ ဗိုင်ကင်းတွေကတော့ သားရေချပ်၀တ်နဲ့ပဲ ကျေနပ်ကြရတာပါ။ဒိုင်းတွေကို အကျယ် 1 မီတာအထိ လုပ်ကြပြီး သစ်သားပြားကို အသုံးပြုတာများပါတယ်။ ဒိုင်းကိုဆေးခြယ်တာနဲ့ အရုပ်ဆွဲတာတွေကို ဝါသနာပါကြပါတယ်။


       ဗိုင်ကင်းတွေဟာ သပ်သပ်ရပ်ရပ် နေတတ်သူတွေဖြစ်ပါတယ်။ တူးဖော်တွေ့ရှိမှုတွေမှာ ဘီး၊ သင်တုန်းဓါး၊ ညှပ်၊ နဲ့ နားသန့်ဆေးများကိုပင် တွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ သန့်ရှင်းရေးကိုလည်း အလွန်ဂရုစိုက်ကြသူတွေပါ။ သူတို့ဟာ တစ်ပတ်ကို အနည်းဆုံး ရေတစ်ကြိမ်ချိုးလေ့ရှိပြီး အခြားဥရောပသားတွေကတော့ ရေချိုးလေ့ချိုးထ မရှိတတ်ကြသေးပါဘူး။


       ဗိုင်ကင်းတွေဟာ သမိုင်းအတွက် ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုမရှိခဲ့ပေမယ့်လည်း သူတို့ဟာလည်းသမိုင်းတစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဗိုင်ကင်းတွေဆီက ရလိုက်တဲ့ ကောင်းမွန်တာတွေ အများအပြားရှိတယ်ဆိုတာကိုလည်း ကျနော်တို့ လက်ခံရမှာပါပဲ။ ဗိုင်ကင်းတွေနဲ့ပက်သက်တဲ့ သမိုင်းကတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။


သူတို့ရဲ့ ထူးခြားတဲ့ အချက်အလက်တွေကို လည်း ဖော်ပြပေးလိုက်ပါတယ်။


၁။ သီတင်းပတ်ထဲကရက်များဟာ ဗိုင်ကင်းနတ်ဘုရားတွေဆီက ရခဲ့တာပါ။ အဖနတ်ဘုရား အိုဒင် ကို နောက်တမျိုး ဝိုဒန် ( Woden ) လို့ အသိများကြပါတယ်။ အဲဒီကနေမှ Wodensday ( Wednesday) ဗုဒ္ဓဟူးနေ့ဖြစ်လာခဲ့တာပါပဲ။ အင်္ဂါနေ့ ၊ သောကြာနေ့ နဲ့ ကြာသာပတေးနေ့များဟာလဲ ဗိုင်ကင်းနတ်ဘု

ရားနာမည်တွေပါပဲ။


၂။ ဗိုင်ကင်းတွေဟာ ရုပ်ရှင်တွေထဲကလို ဦးချိုပါတဲ့ ခေါင်းဆောင်းတွေကို လုံး၀ မဆောင်းကြပါဘူး။


၃။ သူတို့ရဲ့ ရှေးဟောင်းဘာသာစကားတွေကနေ ခုခေတ်မှာတွင်ကျယ်နေတဲ့ စကားလုံးတွေ ရှိပါ

တယ်။ ဥပမာ- anger, lump, snort


၄။ ဗိုင်ကင်းတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလွန်ဂရုစိုက်သူတွေ ဖြစ်ကြပါတယ်။


၅။ သူတို့ကိုယ်သူတို့ ဗိုင်ကင်းလို့ မခေါ်ကြပါဘူး၊ 19 ရာစုစာပေတွေထဲမှာမှ ခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။ အခြားသူတွေက သူတို့ကို နော့စ် (Norse) ဒါမှမဟုတ်ရင် ဒါနပ်စ် (Danes) လို့ ခေါ်ခဲ့ကြတာပါ။


၆။ သူတို့ ဟာ သူတို့ခေတ်အခါမှာ အကောင်းဆုံးသော သင်္ဘောတည်ဆောက်သူတွေဖြစ်ကြပါ

တယ်။


၇။ ဗိုင်ကင်းတွေဟာ အသုဘအခမ်းအနားကို လှေနဲ့ ပြုလုပ်ကြသူတွေပါ။ အလောင်းနဲ့အတူ ပိုင်ဆိုင်မှုပစ္စည်းတွေကိုပါ လှေထဲမှာ တစ်ခါတည်းထည့်ထားပြီး လှေကိုမီးရှို့ ၊ ပင်လယ်အောက်ကိုတစ်ခါတည်း မြှုပ်ပစ်လိုက်တာပါ။


၈။ ဗိုင်ကင်းတွေက ကာယခွန်အားကို အလေးပေးသူတွေဖြစ်တဲ့အတွက် မကျန်းမာတဲ့ ကလေးများကို တောထဲမှာ စွန့်ပစ်ခြင်း၊ ပင်လယ်ထဲ ပစ်ချခြင်းတို့ကို ပြုလုပ်ကြပါတယ်။


၉။ ဗိုင်ကင်းအမျိုးအမီးတွေက အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရကြပါတယ်။ သူတို့က ထွန်ယက်စိုက်ပျိုးခွင့် ၊မြေပိုင်ဆိုင်ခွင့်၊ ကွာရှင်းခွင့်တောင်းတာတို့ ၊ အမွေဆက်ခံတာတို့ လုပ်ခွင့်ရှိပါတယ်။


၁၀။ သူတို့ဟာ ရွှေရောင်ဆံပင်ကို ကြိုက်နှစ်သက်ကြပြီး ဆံပင်အနက်ရောင်ရှိသူတွေဟာ ချွတ်ဆေးနဲ့ ဆံပင်ကို အရောင်ချွတ်ပြီးရွှေရောင် ဖြစ်ဖို့ ကြိုးစားကြပါတယ်။


စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ....

ကိုသန့် (21.7.23)

Sunday, May 26, 2024

ပန်းချီတော်ဆရာချုံ

 ပန်းချီတော်ဆရာချုံ



ဆရာချုံ သည် ကုန်းဘောင်ဆက် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တော်မှစ၍ ထင်ရှား ကျော်စောလာသော မန္တလေးမြို့မှ မြန်မာပန်းချီဆရာ အနုပညာသည်ကြီးတစ်ဦး ဖြစ်သည်။


မြန်မာဘုရင်ကိုမှီလိုက်သော ဆရာချုံနှင့် သားများ

ဆရာချုံ၏ မွေးသက္ကရာဇ်ကို အသေအချာ မသိရသော်လည်း မြန်မာသက္ကရာဇ် ၁၂⁠၂၈ ခုနှစ်(ခရစ် ၁၈၆⁠၆ခုနှစ်)တွင် မွေးဖွားသည်ဟု ခန့်မှန်းရသည်။ မောင်ချုံကိုမွေးဖွားစဉ်က မြင်ကွန်း၊ မြင်းခုံတိုင်ညီနောင်တို့သည် မင်းတုန်းမင်းတရားကြီးကို ပုန်ကန်ခြားနားနေသောကြောင့် မန္တလေး၊ အမရပူရ ၊ စစ်ကိုင်း၊ အင်းဝနှင့် အထက်အညာတစ်ဝိုက်တွင် ရွာသူရွာသားတို့သည် ပြေးလွှားပုန်းလျိုးကွယ်လျိုးနေကြသည့်အခါ ဖြစ်သည်။ ထိုသို့ကာလပျက်ကြီးတွင် မောင်ချုံကို ဖွားမြင်ခဲ့ရသဖြင့် မိဘများက မောင်ယာချုံဟု အမည်ပေးခဲ့ကြသည်။ ထို့နောက်တွင် မောင်စံချုံဟု အမည်ပြောင်းသည်။ နောက်ဆုံးမောင်ချုံ ဟူသော အမည်မှာ ရွှေနန်းတော်ကြီးအတွင်း ရောက်ရှိပြီး ပန်းချီတော်ဖြစ်သည်အထိ တွင်၍သွားလေသည်။ မောင်ချုံကို မိဘနှစ်ပါးက ရှေးမြန်မာထုံးစီအတိုင်း ဘုန်းတော်ကြီးကျောင်းတွင်အပ်နှံ၍ ပညာသင်ကြားစေသည်။ ဘုန်းကြီးကျောင်းတွင် မင်္ဂလသုတ်၊ ရတနာရွှေချိုင့် ၊ ပရိတ်ကြီး စသည့်တို့ကို သင်အံလေ့လာရင်း ပန်းချီပုံဆွဲဝါသနာသန်လှသဖြင့် ဘုန်းကြီးပျံ၊ မယ်တော်ပျံများ ကြုံကြိုက်သည့်အခါ ဆေးဖျော်စုတ်ဆေးစသည့် တောက်တိုမည်ရ အလုပ်များကို ဝင်ရောက်လုပ်ကိုင် ကူညီတတ်သည်။ ရိုးသားဖြောင့်မတ်ပြီး သွက်လက်ဖျတ်လတ်သဖြင့် စပ်ဆရာများက မောင်ချုံကို ဆရာတော်ကြီးထံခွင့်ပန်၍ ခေါ်ယူပြီး ပန်းချီပညာ သင်ပေးသည်။


မောင်ချုံသည် စပ်လုပ်ငန်းကို အောက်ခြေမှစ၍ လုပ်ကိုင်ရရာ ဝါးခွဲသည့်အခါ ဝါးခွဲရသည်။ ငြမ်းဆင်သည့်အခါ ဆင်ရသည်။ အောက်ခံဆေးသုတ်သည့်အခါ သုတ်ရသည်။ ခြူးပန်း၊ ကနုတ်တို့ကို ဆရာလုပ်သူက ကြောင်းပေးသည့်အခါ ဆေးဖြည့်ရသည်။ တစ်ကွက်ချင်းရေးပြသွားသည်ကို ထပ်တူထပ်မျှဖြစ်အောင် ကြိုးစား၍ တုပရေးခြယ်ရာက သုံးနှစ်ခန့် ကြာသည့်အခါ ခြူး၊ ပန်းကနုတ်တို့၏ အခြေခံကို သိတန်သလောက်သိလာသည်။ ခံဆေး ၊ အုပ်ဆေးအကြောင်းကို သဘောပေါက်သင့်သလောက် ပေါက်လာသည်။ အတိုင်းအထွာ အချိုးအစားနှင့် ပုံစံထုတ်လုပ်နည်းများကိုလည်း သိမြင်လာသည်။ ရွှေမင်၊ ငွေမင်တို့ကိုလည်း သူ့နေရာနှင့်သူ အကွက်စေ့အောင် ရေးတတ်ခြယ်တတ်လာသည်။ နှီး၊ ဝါး၊ ကြိမ်တို့ဖြင့် ရုပ်လုံးရုပ်ကြွ လုပ်ပုံလုပ်နည်းများကိုလည်း လက်တွေ့ဝင်ရောက် လုပ်ကိုင်ရာမှ အခြေခံကို နားလည်လာသည်။ ဒုမင်္ဂလ၊ သုမင်္ဂလ ခွဲခြား၍ လုပ်ရကိုင်ရသည့် စပ်ပန်းချီခေါ် ယာယီပန်းချီလုပ်ငန်း၏ အခြေခံကို မောင်ချုံ အတော်အသင့် သိမြင်နားလည်လာသည့်အခါ မောင်ချုံ၏ရှေ့ရေးကို မျှော်ကိုး၍ ဆရာဘုန်းတော်ကြီးက ပန်းချီတော်ဦးကြာညွန့်၏သား ဆရာစာထံသို့ ပို့ပေးသည်။ ထိုအချိန်တွင် မောင်ချုံသည် (၁၄)နှစ်သားအရွယ်ရှိပေပြီ။ ဆရာစာထံတွင် တပည့်ခံရင်း ရွှေရေးပန်းချီ၊ ငွေရေးပန်းချီနှင့် ဆေးရေးပန်းချီဆိုင်ရာ ရေးပုံခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီဆိုင်ရာရေးပုံ၊ ခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီတော်အဖြစ် အမှုထမ်းရွက်နေသော ဆရာစာမျက်စိကွယ်၍ အလုပ်ခွင်မှ အနားယူသော် ဆရာချုံကို ပန်းချီတော်အဖြစ် ဆက်လက်ခန့်ထားခဲ့သည်။ ထိုစဉ်က ဆရာချုံမှာ (၁၆) နှစ်သားအရွယ်မျှသာ ရှိသေးသည်။ ပန်းချီတော်အဖြစ် အမှုထမ်းစဉ် ရိက္ခာတော် ငွေကျပ်ချိန် (၄၀) (၅၀) ခန့်ရသည်ဟု အဆိုရှိသည်။ ထိုခေတ်က မန္တလေးရတနာပုံနေပြည်တော်သို့လာရောက် အမှုထမ်းကြသော အီတာလျံပန်းချီဆရာ နှစ်ဦးရှိကြရာ ထိုသူတို့ထံမှလည်း ဆရာချုံသည် ပန်းချီပညာရပ်များနှင့် ပန်းချီပစ္စည်းကိရိယာများကို ရလိုက်လေသည်။


ထို့ကြောင့်ပင် ဆရာချုံ၏ လက်ရာများတွင် အနောက်တိုင်းပန်းချီနည်းစနစ်များ ထည့်သွင်းရေးဆွဲနိုင်သည်ကို တွေ့ရသည်။ ဆရာချုံ၏ ညီလာခံ၊ နန်းမြို့တွင်း တစ်နေရာ စသော ကားတို့တွင် ရှေးရိုးမြန်မာပန်းချီနည်းဖြစ်သော မျဉ်းရေးဆေးခြယ်ခြင်းကို အခြေခံထားသော်လည်း အနီးအဝေးမြင်ကွင်းသဘော၊ အလင်းအမှောင်တို့ဖြင့် ရေးဖော်သည့် ထုထည်သဘောများ စနစ်တကျ ထည့်သွင်းရေးချယ်နိုင်သည်ကို တွေ့ရသည်။


ဆရာချုံသည် ပန်းချီတော်အဖြစ် အမှုထမ်းရင်း မျက်စိကွယ်နေသည့် ဆရာစာကို ဆက်လက်ပြုစုလုပ်ကျွေးသည်။ ဆရာချုံသည် နန်းတွင်းသို့ ပန်းချီတော်အဖြစ် ရောက်ရှိသည့် အချိန်တွင် နေပြည်တော်၌ ပုံတူရေးခြယ်မှု ခေတ်စားလျက်ရှိပေပြီ။ ဦးကြာညွန့်အသက်ထင်ရှားရှိစဉ်ကတည်းက ကြိုးပမ်းရေးဆွဲခဲ့သည့် ပုံတူရေးခြယ်နည်းစနစ်သည် အမြစ်တွယ်နေပြီ ဖြစ်သည်။ ခဲဖြင့်၎င်း၊ ဆေးရောင်စုံဖြင့်၎င်း၊ မင်းမှူးမတ်တို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်လာကြရာ ရေးရိုးရေးစဉ် ရှေးရိုးမြန်မာ့ပန်းချီတွင် ပုံတူရေးခြယ်နည်းသည် တစ်က႑ာ အဖြစ် သက်ဝင်လှုပ်ရှားလာခဲ့ပေသည်။ ဆရာချုံ အပါအဝင် နန်းတွင်းပန်းချီတော်များသည်၎င်း၊ နန်းတွင်းပန်းချီတော်များသည်၎င်း၊ နန်းတော်ပြင်ပမှ ပန်းချီပညာရှင်များသည်၎င်း၊ မိသားစုပုံနှင့် တစ်ဦးချင်းစီ၏ ပုံများကို ပုံတူအဖြစ် ရေးဆွဲကြသည်။


ဇာတ်နိပါတ်သရုပ်ဖော်ပုံများအကြားတွင် ပုံတူပန်းချီကားများကို ကြိုကြားကြိုကြား မြင်တွေ့လာသည်မှာ အမြင်ဆန်းသလိုလိုရှိသည်။ မင်းမှူးမတ်နှင့် ထေရ်ကြီးဝါးကြီးရဟန်းတော်များ၏ပုံတူများကို စတင်ရေးခြယ်ကြရာမှ နောင်သောအခါ အရပ်သူအရပ်သားတို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်သည့်အဆင့်သို့ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်ပေသည်။ ဆရာချုံပုံတူရေးသည့်အခါ ရေးသည်။ မင်း၊ မိဖုရားတို့၏ ကောင်းမှုစေတီပုထိုးများတွင် နံရံပန်းချီရေးခြယ်သည့်အခါ ရေးခြယ်ရသည်။ တစ်ခါတစ်ရံ မင်း၊ မိဖုရား၊ သမီးတော်၊ သားတော်ကလေးများကို ကြည့်ရှုမှတ်သားစိမ့်သောငှာ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် ဗုဒ္ဓဝင်ကျမ်းထွက်များကို ကောက်နုတ်စီစဉ်၍ ပုရပိုက်ဖြူပေါ်တွင် ဆေးရောင်စုံဖြင့် ဆေးရေးပန်းချီခြယ်ရသည်။ ဝဲယာမင်းမိဖုရားတို့၏ ကုသိုလ်တော်စေတီပုထိုးများကို ပုရပိုက်ဖြူဖြင့် ရေးကူးခြင်း စသည်တို့ကိုလည်း ပြုလုပ်ရသည်။ နန်းတွင်းပန်းချီတော်တစ်ဦးအနေဖြင့် ဆရာချုံသည် မြေပုံ၊ ထွက်တော်မူ အခမ်းအနားနှင့် ဆင်ခင်း၊ မြင်းခင်းပုံများကို ရံဖန်ရံခါ ရေးဆွဲပေးရသည်။ မြေပုံများမှာနယ်မြေအပိုင်စားပေးမှုများနှင့် စပ်လျဉ်း၍ မြို့စား၊ ရွာစား၊ နယ်စားများအား သက်ဆိုင်ရာနယ်မြေတစ်ရပ်⁠ရပ်ကို ဘုရင်က အပိုင်စားပေးသည့်အခါ နယ်မြေသရုပ်ပြမြေပုံကိုပါ ပူးတွဲပေးအပ်လေ့ရှိသည်။ထွက်တော်မူအခမ်းအနားနှင့် ဆင်ခင်း၊ မြင်းခင်းပုံများကို များသောအားဖြင့် ပိတ်၊ ပိုး၊ ဖဲ စသည့် ဖျင်များပေါ်တွင် ရေးခြယ်လေ့ရှိပြီး ပြည်ပမှ သံတမန်များနှင့် ဧည့်သည်တော်များကို လက်ဆောင်အဖြစ် ချီးမြှင့်ပေးလပ်လေ့ရှိပေသည်။

ရှေးမင်းအဆက်ဆက်တို့လက်ထက်တွင် ဆက်သခဲ့သော ဆင်ဖြူတော်များနှင့် စပ်လျဉ်း၍ ဆရာချုံသည် မူပွားများကို ရေးခြယ်ရသည့်အခါ ရေးခြယ်ရပြီး ဆင်၊ မြင်းတို့၏ ကြန်အင်လက္ခဏာပြုပုရပိုက်များနှင့် အာကာသသျှတ္တရကျမ်းလာ(၁၂) ရာသီခွင်နှင့် နေလနက္ခဆိုင်ရာများကိုလည်း ပုရပိုက်အမျိုးမျိုးကို ရေးခြယ်ရာတွင် ဗေဒင်ပုရပိုက်များလည်း ပါသည့်အခါ ပါပေသည်။


ထို့ပြင်ဆရာချုံသည်ရံဖန်ရံခါ ရွှေနန်းလက်သုံးပုရပိုက်ငါးဆူတွဲများအနက်မှ သင့်တော်ရာပုံများကို ရွေးချယ်ကူးယူပေးရသည်။ ရေကင်းလှည့်လည်ရာတွင်လည်းကောင်း စီးနင်းအသုံးဝင်သည့် ပဉ္စရူပလှေတော်၊ သတ္တရူပလှေတော်၊ ဒွါဒသရူပလှေတော်၊ တောင်သုံးမှိုင်းလှေတော်၊ ကရဝိက်ဖောင်တော် စသည့်လှေတော်ဖောင်တော်အမျိုးမျိုးနှင့် ကန်တော့ခံထွက်တော်မူရာတွင် မင်း၊ မိဖုရား၊ မှူးမတ်တို့ စီးနင်းမြဲဖြစ်သည့်ဝေါအမျိုးမျိုး၊ ရထားအမျိုးမျိုး နှင့် စီးတော်ဆင်အမျိုးမျိုးကို မှတ်တမ်းတင်ရေးဆွဲရာ၌ ကသည်းမြင်း၊ အက္ကပတ်မြင်းနှင့် မြင်းခင်းသဘင်တွင် ပါမြဲဖြစ်သည့် မြင်းများပါ မကျန်ခဲ့ပေ။ စည်တော်အမျိုးမျိုးကိုလည်း မှတ်တမ်းတင်ရပေရာ ရှေ့တော်ပြေး ဝင်စည်ထွက်စည်နှင့် တစ်ဖက်ပိတ်စည်မျိုးစုံကိုပါ လေ့လာရေးခြယ်ရပေသည်။ ဝဲယာမင်းခမ်းတော်ပစ္စည်းနှင့် စပ်လျဉ်း၍ ထီးဖြူတော်၊ ယပ်၊ ရေတကောင်း၊ ကွမ်းအစ်၊ စလင့်ကြာကြီး၊ ကလပ်၊ ယပ်မား၊ ခြေနင်း၊ သန်လျက်နှင့် အုပ် စသည့်တို့ကို စာရင်းကောက်ယူ၍ မှတ်တမ်းတင်ရေခြယ်ရသည့်နည်းတူ မဟာသင်္ကြန်တော်အခမ်းအနား၊ ရွှေနန်းတော်ကြီးသိမ်းအခမ်းအနား၊ အိမ်ရှေ့အိမ်တော်သိမ်းအခမ်းအနား၊ မင်းညီမင်းသားအိမ်သိမ်းအခမ်းအနား၊ မှူးတော်မတ်တော်ကြီးတို့အိမ်သိမ်းအခမ်းအနားထွက်တော်မူရာတွင် ခင်းကျင်းရသည့် ဝတ်ထုပစ်စည်းမျိုးစုံကိုပါ မှတ်တမ်းတင် ရေးချယ်ရပေသည်။ ထွက်တော်မူကြီးများနှင့်ဆက်လျဉ်း၍ ၁၈၆၅ ခုနှစ်က မင်းတုန်းမင်းတရားကြီး ကျောက်တော်ကြီးဘုရားကို ထွက်တော်မူကြီးအဖြစ် ထွက်တော်မူသည့်အခမ်းအနားမျိုးကိုလည်း ဆရာချုံသည် ပြန်လည်ကူးယူ၍ မှတ်တမ်းတင်ရေးခြယ်ခဲ့ရသည်။ ယင်းထွက်တော်မူကြီးသည် ကုန်းဘောင်ခေတ်နောက်ပိုင်း၊ မြန်မာ့နန်းတွင်း မင်းပွဲသဘင်များအနက် အကြီးကျယ်ဆုံး အခမ်းအနားဆုံးနှင့် အစုံအလင်ဆုံး မင်းခမ်းမင်းနားတစ်ရပ်ဖြစ်ကြောင်း သိရပေသည်။


ရှေးမင်းတို့လက်ထက် သမီးတော်၊ တူမတော်၊ မြေးတော်တို့နှင့်တကွ မိဖုရား၊ မောင်းမမိသံတို့၌ ဆင်ယင်ထုံးမြတ်ရိုးဖြစ်သော မဏိကိုးပါး၊ လေးပါးရာသီ၊ နဂါးပတ်ကျော့ကွင်း၊ ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင် ၊ မောရဂီဝါ၊ ဟင်္သာစာခွန့်၊ ပုစဉ်းတောင်ဖြင့် စသည့်ဆံထုံး (၅၅) မျိုးအပြင် သားတော်များ၊ သျှောင်ထုံးမင်္ဂလာအခမ်းအနားတွင် ဆင်ယင်မြဲသျှောင်(၁၂) ရက် ၊ သမီးတော်များနားထွင်းမင်္ဂလာအခမ်းအနားတွင် ဆင်ယင်မြဲရတနာ စည်းပုံတော်လေးရပ်၊ နဖူးစည်းပါရတနာချုပ်သျှောင်ပုံ ၊ နဖူးစွဲပရိတ်ချည်ကုံးပ်သျှောင်ပုံ(၁၀)မျိုး ၊ ကိုယ်ဝတ်ရွှေပုစွန်ဆီအင်္ကျီတော်အမျိုးမျိုး၊ မလ္လိကာအဆင်တန်ဆာတော်၊ မဟလ္လတာအဆင်တန်ဆာတော်၊ မကိုဋ်တော်လေးဆူ ၊ မင်းဧကရာဇ်တို့၏ ဆင်ယင်မြဲမကိုဋ်တော် ၊ စိန္တာမဏိမကိုဋ်တော် ၊ ဗြဟ္မတန်ဆာဘုရင်တော်၊ သိကြားတန်ဆာဘုရင်တော် ၊ မောက်တို ၊ မောက်ရှည် နှင့် ကိုယ်ဝတ်တန်ဆာတော် မျိုးစုံကိုလည်း ရေးရခြယ်ရပေသည်။ ထို့အတူ အိမ်ရှေ့မင်းနှင့် သားတော်၊ သမီးတော်များအား ပေးသနားသည့် ဗောင်း ၊ နားတောင်း၊ ဝတ်လုံ၊ စလွယ် ၊ ဘွဲ့ဖြူများ၊ မှူးတော်မတ်တော်ကြီးများအား ပေးသနားသည့် ဗောင်း၊ နားတောင်း ၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ ထို့အောက်နေရာငါးရာနေမှူးတော်မတ်တော်တို့အား ရာထူးကြီးငယ်အလို ပေးသနားသည့် ဗောင်း ၊ နားတောင်း ၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ နန်းတွင်းနေသူတို့ အသုံးအဆောင်အမျိုးမျိုး၊ စည်းပုံ ၊ထိပ်ချုပ်ပန်း နှင့် ဖက်၍ ဝတ်ဆင်မြဲအင်္ကျီကြီး၊ လက်များတုရင်ရောင်အင်္ကျီကြီး၊ ရွှေထီးရွှေနန်းအဆက်ဆက်၊ အမိန့်တော်ထွက်၊ ထုံးမြတ်ရိုး ၊ ဆံထုံးခုနှစ်လုံးပုံ၊ ယင်းနှင့်တွဲဖက်၍ ဝတ်ဆင်မြဲ ဒွါဒရာပါ လက်ဖျားနှစ်ဖက်တုရင်တပ် တန်ဆာကြီးလေးမျိုး ၊ ပန်းသွယ်နားတောင်း အမျိုးမျိုးကိုလည်း ရေးခြယ်မှတ်တမ်းတင်ရပေသည်။


ထို့ပြင်မှန်နန်းတော်အတွင်း ထားရှိသည့်သိကြား၊ ဗြဟ္မာ ၊ စတုလောကပါလနတ်ရုပ် ၊ ဒန္တိမုခနတ္တိုင်ကျမ်းထွက် ၊အဋ္ဌဝီသနတ်(၂၈)၊ လောကီကျမ်းထွက် ၊ သူရသတီ၊ စန္ဒီ ၊ပရမိသွာ ၊ မဟာပိန္နဲ ၊ ဂေါရမန္တနတ် (၅)၊ ရာဇမတ္တဏကျမ်းထွက် ဗနီနတ္ကစ၍ မာရ်နတ်ရောက် နတ်ကြီး (၁၅)ပါး ၊ကိုယ်စောင့်နတ် (၁၂)ပါး ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသစိုး ၊ ရိုးရာနတ်များနှင့် ဘေးတော်များလက်ထက်တော် အရပ်ရပ်မြို့ရွာများက လာရောက်ဆက်သသည့် ဇော်ဂျီ ၊ ပုဏ္ဏား ၊ လူ ၊မျောက် ၊ နဂါး ၊ ဂဠုန်၊ ကိန္နရာ၊ ကျား ၊ ဆင် ၊ ကျီးဖြူ ၊ ကုလားအုပ်နွား ၊ စာမရီ၊ မြင်း ၊ ဆိတ် ၊ ကရဝိက် ၊ ဥဒေါင်း ၊ခြင်္သေ့၊ ကြက်၊ လူကဖွားသော ဘီလူး၊ ဆင်ဖြူတော်၊ မျောက်ဖြူနှင့် ရခိုင်ပါ ကြေးရုပ်နှင့် အမြောက်အမျိုးမျိုးကို ရေးခြယ်မှတ်တမ်းတင်ရသည်။ ရွှေနန်းလက်သုံး ပုရပိုက်များသည် နန်းဓလေ့သရုပ်ဖော်ရုပ်ပြ စာအုပ်ကြီးများသဖွယ် ဖြစ်သည့်အတွက် မြန်မာ့နန်းတွင်း၌ အရေးပါအရာရောက်သည့်နှင့် နန်းတွင်း ပန်းချီတော်များအဖို့လည်း အမြဲထာဝစဉ် လက်ကိုင်ပြုရမည့် ပုရပိုက်ကြီးများ ဖြစ်ပေသည်။ ထို့ကြောင့်ဆရာချုံသည် ပန်းချီတော်ဘဝတွင် ရွှေနန်းလက်သုံးပုရပိုက်များကို ကြေညက်အောင် အကြိမ်ကြိမ်လေ့လာ၍ ကူးယူရေးဆွဲခြင်း ဖြစ်ပေသည်။


ဆရာချုံတစ်ယောက် လူလားမြောက်၍ မြန်မာ့နန်းတွင်း၌ ပန်းချီတော်အဖြစ် အမှုထမ်းနေသည့်ခေတ်ကာလတွင် မြန်မာ့ရိုးရာပန်းချီသည် နံရံပန်းချီမှ ပုရပိုက်ပန်းချီသို့ ကူးပြောင်းခဲ့ပြီး ပုရပိုက်ပန်းချီများ အရှိန်ရအားကောင်းစ ကာလဟုဆိုရမည်။ ပန်းချီအနုပညာများသည်လည်း နန်းတွင်းသို့ စုသေးစုန်စာရင်းဝင်အဖွဲ့ အစည်းတစ်ရပ်အနေဖြင့် စနစ်တကျရောက်ရှိလာကြပြီး ရွှေရေးပန်းချီ ၊ငွေရေးပန်းချီ ၊ဆေးရေးပန်းချီ တာဝန်အဆင့်ဆင့်ပန်းချီတော်၊ ပန်းချီတော်ခေါင်း ၊ပန်းချီတော်အုပ်ဟူ၍ ရာထူးအဆင့်ဆင့်ဖြင့် နန်းဓလေ့တို့ကို မှတ်တမ်းတင်နေချိန်ဖြစ်လေသည်။ အကြောင်းအရာပိုင်းအနေဖြင့် ဗုဒ္ဓွမြတ်စွာ၏ဂုဏ်တော်ဘွဲ့ မှသည် ပဒသေရာဇ် ဧကရာဇ်တို့၏ ဘုန်းတော်ဘွဲ့ဆီသို့ပြောင်းလဲလာပြီး နန်းစနစ်ပိုင်း အနေဖြင့်မူ အနီး၊ အဝေးစနစ်ကို မြန်မာပန်းချီဆရာများ တစ်စတစ် ပြောင်းလဲ ကြိုးပမ်းအားထုတ်ခြင်းမှာ ထူးခြားချက် တစ်ရပ်ဟုဆိုရပေမည်။ ထိုကဲ့သို့သော အနီး၊ အဝေးစနစ်ဖြင့် ရေးဆွဲပုံ ရေးဆွဲနည်းဟု မိန့်ဆိုကြသည်။ ဖော်ပြပါ အနီး၊ အဝေးစနစ်ကို (၁၈)ရာစု မြန်မာပန်းချီလောကတွင် ကြိုကြားကြိုကြား တွေ့မြင်လာရပြီး ပန်းချီတော်ဦးကြာညွှန့်၏ လက်ရာပုရပိုက်ပန်းချီများတွင် အများဆုံးတွေ့မြင်ရပေသည်။ ယင်းစနစ်ကို ဆရာစာနှင့် ဆရာချုံတို့ ဆက်လက်ကြိုးပမ်းအားထုတ်ကြရာ တစ်စတစ်စတိုးတက်အောင်မြင်လာသည့်သဘောကို တွေ့မြင်ရပေသည်။ အထူးသဖြင့် ဆရာချုံရေးဆွဲသော မိသားစုပုံများမှ နောက်ခံတိုင်တန်းလျားများတွင် အထင်အရှားတွေ့မြင်နိုင်ပေသည်။ ဆရာချုံသည် ယင်းအနီး၊ အဝေးစနစ်မျိုးကို လေ့လာရေးဆွဲနေရာမှ သဘာဝနည်းမှ အနီး အဝေးစနစ်သို့ တဖြည်းဖြည်း တစ်စတစ်စပြောင်းလဲ ရေးခြယ်သည်။ ရာခိုင်နှုန်းကြည့် အောင်မြင်မှု မရသော်လည်း ဆရာချုံ၏လုံ့လ၊ ဝီရိယ၊ ဇွဲနှင့် ကြိုးပမ်းအားထုတ်မှုကြောင့် အတော်အသင့်အောင်မြင်သည်ဟု ဆိုရပေမည်။ သို့ကလို ပန်းချီတော်ဆရာချုံသည် ပန်းချီပညာကို နေ့မအားညမနားကြိုးပမ်းအားထုတ် ရေးဆွဲနေစဉ်အတွင်း အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွား၍ အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းခံရကာ (၃)လမျှအကျဉ်းခံခဲ့ရသည်။ အကျဉ်းမှလွတ်သောအခါ ဆရာချုံအား ' ကာနယ်ဆလေဒင် ' က သူ့ထံ၌ အမှုထမ်းရန် ခေါ်သည်ကို တိုင်းတစ်ပါးသားတို့ လက်အောက်တွင် အမှု့မထမ်းလိုသဖြင့် ငြင်းပယ်ခဲ့လေသည်။


သီပေါမင်း ပါတော်မူပြီးသည့်နောက် ဗြိတိသျှခေတ်ဦး၌ ဆရာချုံ သည် မန္တလေး၌ပင် ပန်းချီပညာဖြင့် ဆက် လက်၍ အသက်မွေးသည်။ ဆရာချုံသည် နောင်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန်တက်စိမ့်သောငှာ အရှင်နှစ်ပါး ပါတော်မူပုံကို ပန်းချီရေးခဲ့လေသည်။ ထို့ပြင်ဆရာချုံသည် လယ်ထွန်မင်္ဂလာသဘင်ကို ပြန်လည်ရေးဆွဲမှတ်တမ်းတင်သည်။ ရှေးအခါက နန်းမြို့အတွင်း မင်းမှူးမတ်တို့သွားလာထိုင်နေထိုင်ကြပုံကို ပန်းချီဖြင့် ခြယ်မှုန်းသည်။ တွေ့ကြုံခဲ့သည်တို့ကို ပြန်လည်ရေးမှတ်သည်။ ပိတ်ကားတွင်လည်းရေးဆွဲသည်။ ပုရပိုက်တွင်လည်း ခြယ်မှုန်းသည်။ သို့သော် ထီးသုဉ်း ၊ နန်းသုဉ်း ၊ မြို့သုဉ်းသုံးညဖြင့် တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်နေရချိန်မို့ အားပေးမည့်သူမရှိ။ ဝယ်ယူချီးမြင့်သူမရှိချေ။ အခက်အခဲအမျိုးမျိုးကြားမှ ဆရာချုံသည် ထွက်ပေါက်ကို ရှာကြံခဲ့သည်။ အများမိုးခါးရေသောက်သလို သူမသောက်လို ။ မိမိတတ်ကျွမ်း ယုံကြည်ရာအလုပ်မျိုးကိုသာ လုပ်ကိုင်လိုသူ ဖြစ်သည်။


ဆရာချုံသည် ပိတ်များကို လက်မ (၂၀)ပတ်လည်အရွယ် ပိုင်ဖြတ်ကာ သစ်သားဖြင့် ဘောင်ကြက်လုပ်ပြီးနောက် ပုံတူ ၊ ရှုခင်း၊ နန်းမြို့ရိုး ၊ ဘုရားပုထိုးနှင့် ဇာတ်နိတ၏ပါတ်တို့ကို ရေးခြယ်သည်။ ပန်းချီကားနှစ်ဆယ် ၊ အစိတ်ခန့်စုမိသောအခါ ဆောင်းအကုန်နွေအကူး စပါးပေါ်ချိန်တွင် ကျင်းပလေ့ရှိသည့်ဘုန်းတော်ကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံများမှ တလားကြီးလောင်တိုက် စသည်များတွင် ချိတ်ဆွဲပြသ၍ ရောင်းချခဲ့သည်။ တစ်ခါတစ်ရံ မဏ်ဍပ်အငယ်စားထိုးပြီး ပန်းချီကားများ ချိတ်ဆွဲပြီးဘုန်းကြီးပျံများတွင် ပြသသည်။ ၁၈၉ဝပြည့်နှစ်လောက်တွင် ဆရာချုံသည် ထိုသို့တီထွင်ပြသကြောင်း မှတ်သားရသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပသော တစ်ကိုယ်တော်ပန်းချီပြပွဲမျိုးဟု ဆိုရပေမည်။ နောင်အခါ ဆရာချုံကိုအားကျ၍ အခြားပန်းချီဆရာများကလည်း ထိုသို့ပြသကြောင်း သိရပေသည်။


ဆရာချုံသည် ပုံတူ ၊ ရှုခင်း နှင့် နိပါတ်တော်အကြောင်းအရာများန၏ကိုသာမက နန်းတွင်းမိသားစုတို့၏ နေပုံထိုင်ပုံများကိုလည်း မကြာခဏရေးဆွဲလေသည်။ မင်းသားတစ်ယောက် ၊ မင်းသမီးနှစ်ယောက်နှင့် အခြွေအရံပါသောပုံများကို ဆရာချုံအများဆုံးရေးဆွဲလေ့ရှိပေသည်။ ယင်းပုံများတွင် ရှေးမြန်မာမင်းမှုထမ်းနှင့် နန်းတွင်းသူနန်းတွင်းသားများ၏ ဆင်ယင်ထုံးဖွဲ့မှုကိုသာမက ရှေးမြန်မာအမျိုးသမီးများ ဆေးပေါ့လိပ် (ပြောင်းဖူးဖက်လိပ်) ကိုင်ဟန်နှင့် သားငယ်အားနို့တိုက်ဟန်များ ပါဝင်တတ်လေသည်။ ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးပြီဆိုသော်လည်း အနေအထားမကျသေးပေ။ ငြိမ်ဝပ်ပိပြားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရချိန်ဖြစ်သည်။ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာရေးအတွက် ကမောက်ကမဖြစ်နေရာ ဝမ်းရေးအတွက်ပြည်သူတို့ အနိုင်နိုင်လုံးပမ်းနေရချိန် ဟုဆိုရပေမည်။ ဝမ်းဝဖူလုံပါမှ အနုပညာကိုအားပေးနိုင်မည့် အခြေမျိုးတွင် ပြည်တွင်းမှ တိုင်းရင်းသားထက် ပြည်ပမှ ခရီးသည်နှင့် ဗြိတိသျှစစ်တပ်မှ စစ်ဗိုလ်များ၏ ဝယ်ယူအားပေးမှုကို အနုပညာသည်များ မျှော်ကိုးနေရချိန်ဖြစ်သည်။ ထို့နောက် ဆရာချုံသည် ငယ်ဆရာ ဆရာတော် ဦးတိသ၏ဖိတ်ခေါ်ချက်အရ မအူပင်မြို့နယ် မလက်တိုရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဆရာချုံမိသားစုကို ဆရာတော်ကနေရေးစားရေးကို တာဝန်ယူထားလေရာ အပူအပင်သိပ်မရှိလှချေ။ဆရာချုံသည် ဆရာတော်၏ ကူကုံးကျောင်းတိုက်ဝင်းအတွင်းရှိ ပထမအာရုံခန်တန်ဆောင်းအတွင်း ချိတ်ဆွဲရန် ငရဲကြီးရှစ်ထပ် သရုပ်ဖော်ပန်းချီကားကို ရေးဆွဲပေးခဲ့သည်။ တစ်စတစ်စ သတင်းပျံ့နှံ့သွားရာ ဆရာတော်၏ ဒါယိကာ ၊ ဒါယိကာမများက နိပါတ် ၊ရာဇဝင်ကားများ အပ်နှံကြသည်။ဆရာချုံသည် မလက်တိုရွာသို့ ရောက်နေသော်လည်း အတတ်ပညာခန်းနှင့် အဆက်မပြတ်ပေ။ မန်တလေးမှတစ်ဆင့် အင်းဝ၊ မုံရွာ၊ ပခုက်ကူမြို့များသို့ သွားရောက်ကာ ပန်းချီဆွဲသည်။


သို့ကလိုနှင့် ဝမ်းရေးအတွက် ဆရာချုံသည် ရရာအလုပ်ကိုလက်ခံသည်။ ရရာအလုပ်ဆိုသော်လည်း မိမိတတ်ကျွမ်းသည့်ပန်းချီပညာဖြင့် ရိုးရိုးသားသားအသက်မွေးဝမ်းကျောင်းခြင်း ဖြစ်သည်။ သို့သော်ရွှေနန်းတွင်း ပန်းချီတော်ဝမှာကဲ့သို့ နေရာအတည်တကျမရှိချေ။ ကသီလင်တဖြစ်ရသည်။ တစ်ခါတစ်ရံ အလှူမဏ္ဍပ်ဆင်ယင်မွမ်းမံရသည်။ တစ်ခါတစ်ရံ ပိုက်အချို့ကို မိတ်တူဆွဲပေးရသည်။ ဘုန်းကြီးပျံများကြုံကြိုက်သည့်အခါ စပ် (ခေါ်)ယာယီလုပ်ငန်းကို အများနှင့်ပူးပေါင်းလုပ်ကိုင်ရသည်။ ဆရာချုံ၏ဘဝသည် နှဲသမား၏ ပါးစပ်ကဲ့သို့ ပိန်လိုက်ဖောင်းလိုက် ဖြင့်(၁၂)နှစ်မျှ အချိန်ကုန်ခဲ့သည်။ ထို(၁၂)နှစ်အတွင်း မန္တလေးမိုးတားကျောင်းတိုက် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာတွင်ဆရာတော်ဘုရားကြီး၏ ပုံတူကိုရေးဆွဲပေးဖူးသည်။ ရွှေဘိုနယ် ဇင်းကုန်း၊ ထန်းတပင်နှင့် တစ်မိုင်လောက်အကွာ ဝေဠုန်ဝန်ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူစဉ်အခါက တလားကြီး ၊ လောင်တိုက်တို့တွင် ချိတ်ဆွဲရန် ကားလေးချပ်ရေးဆွဲပေးဖူးသည်။ မေမြို့အနီးစခန်းဆင်ခေါင်းကြီးရွာ ၊ သူကြီးဦးခေါင်းလောင်း၊ ဒေါ်အဲလင်တို့၏ အလှူမဏ္ဍပ်ကို တခမ်းတနား ဆင်ယင်ပေးဖူးသည်။ ကသာခရိုင် မန်လည်မှ ဒကာ၊ဒကာမများ အပ်နှံသဖြင့် မိသားစုပုံလေးချပ်ရေးဆွဲဖူးသည်။ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များတွင် ချိတ်ဆွဲ၍ ကိုးကွယ်ပူဇော်ရန်အလို့ငှာ အပ်နှံကြသည့် မဟာမုနိရုပ်ရင်မြတ်ကြီးပုံတော်ကို အရွယ်အစား အမျိုးမျိုးရေးဆွဲပေးရသည်။ ထိုခေတ်က သုံးပေပတ်လည်အရွယ်ကားတစ်ချပ်ကို စရိတ်ငြိမ်း (၁၀) ကျပ်ရသည်။ သို့သော် အမြဲတမ်းဝင်ငွေမှန်သည့်အလုပ်မျိုး မဟုတ်သဖြင့် ဆရာချုံတို့လို အနုပညာသည်တို့၏ ဘဝသည် အာမခံချက်မရှိပေ။


ထို့နောက် ဆရာချုံတို့မိသားစုသည် ၁၉၁၁ ခု နှောင်းပိုင်းတွင် မအူပင် မလက်တိုရွာမှတစ်ဆင့် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့ကြသည်။ ရန်ကုန်မြို့ ကျုံးကြီးလမ်းထောင့်မှ (ယခင် အဆွေတော်ဆံသနေရာ) နှစ်ထပ်ပျဉ်ထောင်အိမ်လေးခန်းတွဲ၌ ငှားရမ်း၍အခြေစိုက်နေထိုင်သည်။ ရန်ကုန်သို့ ရောက်ခဲ့သော်လည်း ဆရာချုံမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ ရန်ကုန်တွင်လည်း မိမိပညာကို အားပေးခြင်းမရှိရကား ဆိုင်းဘုတ်များ ရေးဆွဲခြင်းဖြင့် ဆင်းတောင့်ဆင်းရဲနေထိုင်ရလေသည်။ ဆရာချုံသည် မင်းနေပြည်တော် မန္တလေးတွင်လည်း မြန်မာ့ပန်းချီကို အားပေးမည့်သူမရှိ။ ရန်ကုန်တွင်လည်း အရာသွင်းသူမရှိတော့သဖြင့် မြန်မာမှုပန်းချီကို အတော်စိတ်ကုန်သွားပုံရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာချုံသည် ကျုံကြီးလမ်း၌ နေထိုင်နေစဉ် ပန်းချီဆရာ ဦးဘလုံနှင့် ခေတ်ပြိုင်ရေးဆွဲနေသူ ပန်းချီဆရာ ဦးဘစိန်က ဆရာချုံထံသွားပြီး မြန်မာမှုပန်းချီသင်တန်းပေးရန် တောင်းပန်သောအခါ- မြန်မာမှုပန်းချီတွေကို မင်းလိုက်စားလို့တော့ ဟန်မယ်မထင်ဘူးကွယ်။ ငါတယ်အားမပေးချင်ဘူး၊ ဒီပညာတွေက မင်းခမ်းမင်းနားနဲ့ ဘုရားပုထိုးတွေမှာသာ သုံးတာကွ၊ အခု တို့ရဲ့မင်းလည်း မရှိတော့ဘူး၊ ကုလားမင်း အုပ်စိုးနေပြီ။ ဗုဒ္ဓကိစ္စက ကြည့်ပြန်တော့လည်း သာသနာ့ဒါယကာမရှိတော့ သာသနာမကွယ်လျှင် တော်သေးသပေါ့ကွယ်။ ဒါကြောင့် မြန်မာမှုပန်းချီကို ဗဟုသုတအဖြစ် လေ့လာပေါ့ကွယ်။ ကုလားလက်ထက် ကုလားပန်းချီပဲ ကြိုးစားသင်ရင် ကောင်းလိမ့်မယ်ထင်တယ် မောင်ဘစိန်ရာဟု ဆရာချုံက ပြောခဲ့လေသည်။ တကယ်ပင် ဆရာချုံသည် မြန်မာမှုပန်းချီကို စိတ်ကုန်ခဲ့ပြီး တစ်ခါတစ်ရံ ပန်းချီပညာဖြင့် အသက်မွေးခြင်းကိုပင် စွန့်လွှတ်၍ ဆန်အရောင်းအဝယ်လုပ် ကုန်ကူးရန်ပင် စိတ်ကူးဖူးသည်ဟု ဆိုသည်။


ထို့နောက် ဆရာချုံသည် လက်တည့်စမ်း၍ ရုပ်ရှင်ကြော်ငြာများ ရေးဆွဲလိုသဖြင့် ရုပ်ရှင်ရုံပိုင်ရှင်တို့နှင့် ဆက်သွယ်ခဲ့လေသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်၊ တရုတ် ရုပ်ရှင်ပိုစတာများကို စမ်းသပ်ရေးဆွဲသည်။ တစ်စတစ်စဖြင့် ဆရာချုံ နာမည်ထွက်လာသည်။ ဆရာချုံရေးဆွဲသော ပိုစတာကားချပ်များမှ အထူးသဖြင့် ဆင်ရုပ်နှင့် ကျားရုပ်များသည် လက်ရာမြောက်ပြီး သဘာဝကျလှလေရာ တစ်နေ့တွင် အိန်အန်ထောင်ကနားဆေးတိုက်သူဌေးကိုယ်တိုင် လာရောက်ပြီး ဆရာချုံ၏ထံတွင် ကျားတံဆိပ်ဆေးကြော်ငြာများအပ်နှံလေသည်။ ကျားသူဌေးနှင့် ဆက်သွယ်မိသည့် အချိန်မှစ၍ ဆရာချုံ၏ နေရေးစားရေးမှာ ပူပင်စရာမလိုတော့ပေ။ ကနားသူဌေးသည် ဆရာချုံ ရန်ကုန်မရောက်မီက ဆေးကြော်ငြာများကို မြန်မာနှင့် တရုတ် ပန်းချီဆရာအချို့ထံတွင် အပ်နှံဖူးသည်။ ကျားရုပ်များသည် လှပသော်လည်း အားမာန်မပါသဖြင့် အသက်မဝင်ဘဲ ရှိသည်။ ဆရာချုံက ကျားရုပ်များကို နိုင်နိုင်နင်းနင်း ရေးဆွဲနိုင်မှန်းသိသည့်အခါ ကျားဆေးတိုက်ကြော်ငြာများကို ဆရာချုံထံ အမြဲအပ်နှံပေတော့သည်။ ဆရာချုံသည် ကျားဆေးတိုက်ကြော်ငြာများ ရေးလိုက်၊ ရုပ်ရှင်ပိုစတာကြော်ငြာများ ရေးလိုက်သဖြင့် တဖြည်း⁠ဖြည်း လက်ရာတက်လာသည်။ သားကိုမြနှင့် ကိုခတို့ကလည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရာ ဆရာချုံနှင့် သားအဖများ ပန်းချီလုပ်ငန်း ဟူ၍ တစ်စတစ်စ ထင်ပေါ်လာသည်။ လေးနှစ်ခန့်ကြာသောခါ လုပ်ငန်း တစ်စတစ်စမှ အရှိန်ရလာခဲ့ပြီး တပည့်လက်သားများနှင့် တိုးချဲ့လုပ်ကိုင်လိုသည့်အတွက် အခြားသူစိမ်းများကို မခေါ်ယူတော့ဘဲ ကိုကျောက်နှင့် ကိုပုတို့ကို ရန်ကုန်သို့ ခေါ်ယူသည်။ များမကြာမီ ကျားသူဌေးက ကိုပု၏နေပုံထိုင်ပုံနှင့် ရိုးသားမှုကို သဘောကျလှသဖြင့် သားအမှတ်ဖြင့် မွေးစားလိုသည့်အတွက် ဆရာချုံထံ ခွင့်ပန်လေရာ ဆရာချုံကလည်း ရှော⁠ရှောရှူ⁠ရှူဖြင့် ခွင့်ပြုလေသည်။ ကျားသူဌေး စင်္ကာပူသို့ တစ်နှစ်တစ်ခေါက် ပြန်တိုင်းလိုလို ကိုပုပါသွားတတ်ပြီး နောင်အခါ တရုတ်အသိုင်းအဝိုင်းတွင် အောင်ဘွန်ပု ဟူ၍ အမည်တွင်ကာ စင်္ကာပူတွင် နေထိုင်ခဲ့လေသည်။


ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုပုသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ကိုရင်ဝတ်သည်။ ထို့နောက်ပဉ္စင်းတက်သည်။ နောက်ဆုံး ရေစကြိုတွင် ပျံလွန်တော်မူသည်။ ဆရာချုံသည် ပန်းချီရေးဆွဲနေသော်လည်း ဝါသနာကို မဖျောက်နိုင်ဘဲ အားလပ်သည့်အခါ သရက်တောကျောင်းတိုက်အတွင်းသို့ သွားရောက်၍ ဖိုထိုးလေ့ရှိသည်။ အဂ္ဂိရတ်ဆိုင်ရာသိုက်သမိုင်းနှင့် ကျမ်းစာအုပ်များ ကိုလည်း ရှာဖွေဖတ်ရှုသည်။ ရပ်ရေးရွာရေးကိစ္စများကိုလည်း မေ့လျော့လေ့မရှိ။ ဘီ⁠ဘီအမ်အေ (ခေါ်) ပုညကုသလဗဟုကရအသင်း တွင် အသင်းဝင်လူကြီးတစ်ဦး ပါဝင်ဆောင်ရွက်သည်။ ဆရာချုံနှင့်သားများသည် ပန်းချီကိုသာမက အားလပ်သည့်အခါ နတ်၊ ဗြဟ္မာ၊ သိကြား၊ (၃၇) မင်း၊ ဘီလူး၊ ဇော်ဂျီ၊ မြင်း၊ သူငယ်တော်၊ ရဟန်းနှင့် ပန်း၊ ခြူး၊ ကနုတ်အမျိုးမျိုးကို ထုလုပ်ရောင်းချသည်။ ကိန္နရာ၊ ကိန္နရီ၊ ဟင်္သာ ၊ ခြင်္သေ့၊ မင်းသားမင်းသမီးရုပ်တုများကို သီးခြားအပ်နှံလျှင်လည်း ထုလုပ်ပေးသည်။ အပ်ထည်များပြားလာသည့်အခါ မန္တလေးမှ ပညာသည်များ အကြောင်းကြားပြီး ခွဲဝေလုပ်ကိုင်ကြသည်။ မန္တလေးမှ ပညာသည်များကလည်း ဆရာချုံနှင့် သင့်တော်မည့် လုပ်ငန်းများရှိသည့်အခါ ခွဲဝေပေးတတ်သည်။ အလုပ်လုပ်ရာ၌ သူ့စည်းကိုယ့်စည်းထားပြီး လုပ်ကိုင်လေ့ရှိရာ လာရောက်ပြီး အပ်နှံသရွေ အလုပ်အားလုံးကို တစ်ဦးတည်းက လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်သည့်စနစ်မျိုးကို ဆရာချုံ မကျင့်သုံးပေ။ ကျွမ်းကျင်ရာ ဆီလျော်ရာ ပညာသည်များနှင့် ဆရာချုံသည် ခွဲဝေလုပ်ကိုင်လေ့ရှိသည်။ ထို့ကြောင့် ဆရာချုံသည် ရန်ကုန်သို့ ရောက်နေသော်လည်း မန္တလေးနှင့်လည်း အဆက်မပြတ်၊ မအူပင်၊ မလက်တို၊ ညောင်တုံး စသည် မြစ်ဝကျွန်းပေါ်ဒေသများနှင့်လည်း အဆက်အသွယ် မပြတ်ပေ။ ဆရာချုံကား အလွန်မြန်မာဆန်သူတစ်ဦးဖြစ်လေရာ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံကအစ မြန်မာစိတ်ပြင်းပြသူတစ်ဦး ဖြစ်သည်။ ဆရာချုံသည် အသားလတ်၍ အရပ်မနိမ့်မမြင့် အလွန်မွန်ရည်၍ သိမ်မွေ့သည်။ ဆေးပေါ့လိပ်ကြိုက်သည်။ အဂ္ဂိရတ်ဝါသနာထုံသည်။ သူတစ်ပါး၏ကျေးဇူးကို အထူးသိတတ်သည်။ စည်းစနစ်ကြီးသည်။ ဘာသာရေးတွင်လည်း ကိုင်းရှိုင်းသည်။ ရှေးအခါက သျှောင်နောက်တွဲထုံးလေ့ရှိပြီး ရန်ကုန်ရောက်အခါက သျှောင်နောက်တွဲထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ခေါင်းတုံးတုံးကြောင်း သိရသည်။ ခေါင်းတုံးလိုက်သော်လည်း ခေါင်းပေါင်း သို့မဟုတ်တဘက်မပတ်ဘဲနှင့် ဘယ်အခါမှ မတွေ့ရပေ။ ဘောင်းဘီကိုလည်း လုံးဝ မဝတ်ပေ။ ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲတတ်သည်။ ပညာကိုဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲတတ်သည်။ ပညာကိုဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလျှင် ကျကျနန သင်ကြားပြသပေးလေ့ ရှိသည်။ နေမှုထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သူ ဖြစ်သည်။ ဆရာချုံ၏ တပည့်များအနက် ပန်းချီဦးဘစိန်၊ ဦးဘဇော်၊ ဦးအောင်မြတ်ကျော်တို့မှာ ထင်ရှားသည်။ ပန်းချီဦးဘစိန်သည် ဆရာချုံရေးဆွဲပြသော ပုံကြမ်းများကို အခြေပြုပြီးနောက် ရွှေဘုံနိဒါန်းနှင့် လောကဗျူဟာကျမ်း ခေါ် အင်ရုံစာတမ်းလာ အဆိုအမိန့်များကို ပေါင်းစပ်ပြီး သူရိယ၊ ကြီးပွားရေး စသော မဂ္ဂဇင်းများတွင် မြန်မာမှုကဏ္ဍဖွင့်ကာ ပြန်လည် ရေးသားဖော်ပြသည်ကို တွေ့ရပေသည်။ ပန်းချီဦးဘဇော်သည် ဆရာချုံထံမှ ခြူး၊ ကနုတ်နှင့် ကောက်ကြောင်းရေးနည်းရေးဟန်များတို့ကို မှီး၍ ရှေးမြန်မာပန်းချီကို တစ်ခါတစ်ရံ ပြန်လည် စမ်းသပ်ရေးဆွဲခဲ့သည်။ ပန်းချီဦးဘစိန်သည် ဆရာချုံထံမှ ရွှေနန်းလက်သုံး ပုရပိုက်လာ အကြောင်းအရာများနှင့် မြန်မာမှုများကိုသာမက ပိုစတာရေးနည်းရေးဟန်နှင့် ဆေးဖျော်နည်း၊ အရောင်ချွတ်နည်း၊ ထိန်းနည်းချွတ်နည်းများကို ပါ လေ့လာဆည်းပူးခဲ့သည်။


ဘဝနိဂုံး

ပန်းချီတော်အဖြစ် အသက်(၁၇) နှစ်အရွယ်မှ စ၍ အမှုထမ်းခဲ့သော ဆရာချုံသည် အသက်(၅၀) အရွယ် ၁၂၇၈-ခုနှစ် (ခရစ်-၁၉၁၈-ခုနှစ်)တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းနေအိမ်၌ပင် ကွယ်လွန်သွားခဲ့လေသည်။ ပန်းချီသက်တမ်း(၃၄) နှစ်အတွင်း ဆရာချုံသည် စပ်ပန်းချီ၊ ပန်းပု၊ ရုပ်လုံး၊ ဗိသုကာ၊ လက်သမား စသည့် ပညာရပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရာ မြန်မာ့ပန်းချီပန်းပုလောကတွင် ဆရာချုံလို ပညာစုံသည့် ပုဂ္ဂိုလ်မျိုးသည် ရှာမှရှားသည်ဟု ဆိုရပေမည်။ ဆရာချုံကွယ်လွန်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၉၀) နီးပါးရှိပြီဖြစ်သော်လည်း ဆရာချုံကွယ်လွန်ခြင်းသည် မြန်မာ့နန်းတွင်းပန်းချီသမိုင်းတွင် ကွင်းဆက်ပြတ်ခြင်းပင် ဖြစ်သည်။ ပန်းချီတော် ဟူသော ဝေါဟာရသည်လည်း မြန်မာ့ပန်းချီသမိုင်းတွင် နိဂုံးချုပ်လေပြီဟု ဆိုရပေမည်။ ဆရာချုံသည် ပထမဇနီးမှ ကိုမြ ၊ ကိုခ၊ မတင်နှင့် မတင်ဥတို့ ထွန်းကားခဲ့သည်။ ဒုတိယဇနီး ဒေါ်ငွေခင်မှ သားမောင် အေးကြည်နှင့် သမီး မတင်နုတို့ ဖွားမြင်သည်။ မည်သို့ဆိုစေ မြန်မာ့ပန်းချီလောကတွင် သူမတူအောင်ထူးချွန်ပြောင်မြောက်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပည့်တပန်းများအား ပန်းချီပညာ အမွေပေးခဲ့သော မျိုးချစ်စိတ် အလွန်ထက်သန်သည့် ပန်းချီတော် ဆရာချုံကွယ်လွန်သွားသဖြင့် မြန်မာ့အနုပညာလောကအတွက်နှမြောတသဝမ်းနည်းစရာပင် ဖြစ်ပါသည်။


ကျမ်းကိုးစာရင်း

(က) ဆရာချုံ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၂) ၊ ရန်ကုန်၊ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ပကြိမ် ၁၉၅၅ ။ စာ ၄၂၀- ၄၂၁။

(ခ) ဦးမင်းနိုင်၊ ပန်းချီတော်ဆရာချုံး၊ ရန်ကုန် စာပေဗိမာန်၊ ပကြိမ် ၁၉၈၀။

(ဂ) ပန်းချီလှတင်ထွန်း ဆရာချုံ (၁၈၆၇ ခန့် ၁၉၁၇ ခန့်) ဒို့ကျောင်းသားစာစောင် (၁၉၇၁ ခု၊ မေလ) စာ ၃၃-၃၉။

#𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_𝚆𝚒𝚔𝚒𝚖𝚎𝚍𝚒𝚊