Showing posts with label Learning articles. Show all posts
Showing posts with label Learning articles. Show all posts

Friday, September 4, 2026

"The Third Wave of Sociolinguistics"

လူမှုဘာသာဗေဒ တတိယလှိုင်း

The Third Wave of Sociolinguistics


************************************




လူမှုဘာသာဗေဒ (sociolinguistics) ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရပ်ဖြစ်စဉ်ကြီး သုံးရပ်ကို လူမှုဘာသာဗေဒပညာရှင် ပင်နီလိုပီ အက်ကာတ် (Penelope Eckert, 2008/2012) က "လှိုင်းသုံးလှိုင်း" ဟု စနစ်တကျ ခွဲခြားသတ်မှတ်၍ တင်စားခေါ်ဆိုခဲ့သည်။ ပထမလှိုင်းသည် ‘လူမှုဘာသာဗေဒ’ ဟူသော ပညာရပ်ကို စတင်ဖြစ်ပေါ်စေခဲ့သည့်လှိုင်း ဖြစ်သည်။ ၁၉၆၀ ခုနှစ်များ အတွင်း ဘာသာဗေဒလေ့လာမှုတွင်ဘာသာစကား၏ အတွင်းသားဖွဲ့စည်းမှုလေ့လာမှုကို အာရုံပြုနေရာမှ ဘာသာစကားပြောဆိုအသုံးပြုသူ၏ လူမှုဆိုင်ရာအကြောင်းအရာများအပေါ်သို့ စတင်အာရုံပြုလာခဲ့ကြသည်။ ပထမလှိုင်းတွင် ဘာသာစကားအပေါ်အထွေထွေလူမှု အကြောင်းအရင်းခံချဉ်းကပ်မှု (General Social Factors Approach) စတင်ခဲ့သည်။ ထို့နောက် ၁၉၇၀ ခုနှစ်များတွင်စတင်ခဲ့ ဒုတိယလှိုင်းသည် လူမှုဘာသာဗေဒပညာရပ်၏သီအိုရီသဘောတရားနှင့် အတွေးအခေါ်အယူအဆများတိုးတက် ပြောင်းလဲလာစေခဲ့သည်။ ဤလှိုင်းတွင်ဘာသာစကားပြောဆိုသူများနှင့် ပိုမိုနီးကပ်မှုရှိအောင် ကြိုးပမ်းလာခဲ့ပြီး မျိုးနွယ်စုဆိုင်ရာ ချဉ်းကပ်မှု (The Ethnographic Approach) ကို အလေးပေးလာခဲ့သည်။ လက်ရှိ တတိယလှိုင်းမှာမှု ပထမနှင့်ဒုတိယလှိုင်းများကို ပိုမိုအားကောင်း စေခဲ့သည်။

              တတိယလှိုင်းတွင် ပြောသူတစ်ဦးချင်း၏ ပြောဟန်ရှုထောင့် (Stylistic Approach) အပေါ် ပို၍ အားပြုလာသည်။တတိယလှိုင်းသည် ၁၉၉၀ ခုနှစ်များတွင် စတင်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်များနှင့် ၂၀၁၀ ပြည့်နှစ်များတွင် အားကောင်းလာသည်။ တတိယလှိုင်းသည် ဒုတိယလှိုင်းကို အခြေပြုခဲ့ခြင်းဖြစ်ပြီး တတိယလှိုင်း၏ လေ့လာမှုအယူအဆ၏သော့ချက်သည် “ဟန်”(style) ဖြစ်လာခဲ့သည်။  တတိယလှိုင်း လေ့လာမှုတွင်ဘာသာစကားအသုံးပြုမှုကိုကျော်လွန်ပြီး ပြောသူတို့၏ ယဉ်ကျေးမှု၊ လူမျိုးရေး၊ ဘာသာရေးကဲ့သို့သော အခြားဝိသေသ လက္ခဏာများနှင့် ဘာသာစကား၏ ပေါင်းစည်းမှုကိုထည့်သွင်းရန် အာရုံကိုချဲ့ထွင်လာသည်။ ထို့အပြင် တတိယလှိုင်းသည် ဘာသာစကားအသုံးပြုမှုအပေါ် ဂလိုဘယ် လိုက်ဇေးရှင်းနှင့် နည်းပညာ၏ အကျိုးသက်ရောက်မှု၊ ဆက်သွယ်ရေးပုံစံအသစ်များ၊ အွန်လိုင်းမှအထောက်အထားများ ကိုလည်းအလေးထား ဆန်းစစ်ခဲ့လာသည်။

            လူအဖွဲ့အစည်းအတွင်း စကားပြောဆိုသူတို့သည် မိမိတို့ပြောစကား၏ ပန်းတိုင်ကိုရောက်ရန် “ပြောဟန်” အမျိုးမျိုးကို အသုံးပြုကြရသည်။ ပြောဟန်သည် “လူမှုအဓိပ္ပာယ်” (social meaning) အပေါ်တွင် တည်မှီနေခြင်း ဖြစ်သည်။ ထို့ကြောင့် လူမှုဘာသာဗေဒတတိယလှိုင်း၏ လေ့လာမှုများတွင် “ပြောဟန်”နှင့်“လူမှုအဓိပ္ပာယ်” သည် ရှေ့တန်းသို့ ရောက်ရှိလာသည်။ စင်စစ်လူမှုဆိုင်ရာနှင့် ဘာသာဗေဒဆိုင်ရာအချက်များဆက်စပ်နေသည့် ပြောဟန်အကြောင်းကို လူမှုဘာသာဗေဒပညာရှင်များပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ပထမလှိုင်းကတည်းကပင် ဖြစ်သည်။ ပြောသူတို့၏ စကားပြောပုံစံများကိုလိုက်ပြီး “ပြောဟန်”ပြောင်းလဲနိုင်သည်ဆိုသည်ကို ပထမဆုံးဖော်ထုတ်ခဲ့သူမှာ လူမှုဘာသာဗေဒပညာရှင် လဘော့ဗ် (Labov 1966) ပင် ဖြစ်သည်။ လဘော့ဗ်က အင်တာဗျူးပြောဆိုဟန် (interview style) တွင် ပြောသူများသည် အလွတ်သဘောပြောဟန် (casual style) ထက် ပို၍ သတိထားပြောဆိုပြီး စကားနည်းလာသည်ဟု ဆိုသည်။

            ၁၉၈၄ ခုနှစ်တွင် ဗြိတိသျှ-အမေရိကန် လူမှုစိတ်ပညာရှင် ဟောင်ဝတ်ဂျိုင်လ်(စ်) (Howard Giles) ဖော်ထုတ်ခဲ့သည့် စကားထိန်းညှိမှု (speech accommodation) သဘောတရားသည် လူမှုအဓိပ္ပာယ်နှင့် ပြောဟန်ဆက်နွှယ်မှုကို သတိပြုမိလာစေသည်။ ဂျိုင်လ်(စ်) ၏ “စကားထိန်းညှိမှုသီအိုရီမှာ” (Speech Accommodation Theory) မှာ ပြောသူသည် နာသူနှင့် ပေါင်းစည်းမှုဖြစ်အောင် တရင်းတနှီးပြောဆိုသည့် “တူညီပြုခြင်း”(convergence) နှင့် ပေါင်းစည်းမှုမဖြစ်အောင် ခွဲခြားဆက်ဆံပြောဆိုသည့် “ခွဲခြားပြုခြင်း” (divergence) ဟူသောသဘောတရားနှစ်ခုရှိကြောင်း ဖော်ထုတ်ခဲ့သည်။ ဤသဘောတရားများသည် လူ့အဖွဲ့အစည်းအတွင်း ပြောဆိုသူများ၏ လူမှုအဓိပ္ပာယ်နှင့် ပြောဟန် တို့၏ ဆက်နွှယ်မှုကို ဗဟိုပြုနေသည်။

              အမေရိကန် လူမှုဘာသာဗေဒပညာရှင် ဝါ့တ်‌ဝေါလ်ဖရမ်(Walt Wolfram) နှင့် နတ်တလီ ရှဲလ်လင်း အက်စ္စတက်(စ်) (Natalie Schilling-Estes) တို့ ဖော်ထုတ်တင်ပြခဲ့သည့် “ပြောဟန်ပြောင်းရွှေ့ခြင်း” (style shifting) သဘောတရားသည်လည်းထင်ရှားခဲ့သည်။ “ပြောဟန်ပြောင်းရွှေ့ ခြင်း” ဆိုသည်မှာ ပြောသူတစ်ဦးတည်း၏ ပြောစကားအတွင်း လူမှုအခြေအနေများအပေါ်မူတည်ပြီး ဖြစ်ပေါ်လာသည့် လူမှုအခြေအနေကို တုံ့ပြန်ရန်အတွက် သဒ္ဒါအသုံးအနှုန်း၊ အသံအနေအထားနှင့်ဝေါဟာရမျိုးကွဲ စသည်တို့ကို ပြောင်းလဲပြောဆိုခြင်း ဖြစ်သည်။ “ပြောဟန်ပြောင်းရွှေ့ခြင်း” သည် စကားအသွင်ကွဲပြားမှုကိုလည်း ဖြစ်ပေါ်လာစေသည်။ ပြောဟန် ပြောင်းရွှေ့ခြင်းကို  “စကားသင်္ကေတကူးပြောင်းခြင်း” (code switching) သဘောတရားနှင့် ဆက်စပ်ရှုမြင်နိုင်သည်။

             ရှဲလ်လင်းအက်စ္စတက်(စ်) (Schilling-Estes 1998)၊ အက်ကာတ် (Eckert 2000)၊ ကောပလင် (Coupland 2007) တို့သည်“ပြောသူဒီဇိုင်းချဉ်းကပ်နည်း” (speaker design approach) ဖြင့် ပြောဟန်ကို လေ့လာခဲ့ကြသည်။ ပြောသူဒီဇိုင်းချဉ်းကပ်မှုဆိုသည်မှာ မတူညီသည့် လူမှုအဆက်အစပ်များတွင် ပြောသူတို့သည် မိမိတို့၏ ဘာသာစကားအသုံးပြုမှုကို ရည်ရွယ်ချက်ရှိရှိဖြင့် မည်သို့ ပြောင်းလဲအသုံးပြုသည်ဆိုသည်ကို စိစစ်သည့်သီအိုရီဘောင်တစ်ခု ဖြစ်သည်။ ယင်းသီအိုရီအရ ပြောသူများသည် ဘာသာစကားဆိုင်ရာနှုန်းစံများကို တက်ကြွစွာလက်ခံသူများမဟုတ်ဘဲ မိမိပြောဆိုမှုများကို ပြောဆိုသည့်အခြေအနေနှင့်ကိုက်ညီအောင် ဗျူဟာမြောက်ပုံဖော်ကြသူများဖြစ်သည်ဟု ဆိုသည်။ ယင်းဗျူဟာများတွင် သီးခြားအသွင်ကွဲ (ဒေသိယ) စကား၊ သို့မဟုတ် လေယူလေသိမ်း အသုံးပြုခြင်း၊ စကားသင်္ကေတ ကူးပြောင်းခြင်း၊ အသံနှင့် အခြားအသံအရည်အသွေးတို့ကို ချိန်ညှိခြင်းစသည်တို့ ပါဝင်နိုင်သည်ဟု ဆိုသည်။

            ထိုသို့ ရည်ရွယ်ချက်ရှိရှိဘာသာစကားမွမ်းမံမှု၏ရည်ရွယ်ချက်မှာ နားထောင်သူနှင့် ဆက်ဆံရေးထူထောင်ရန်၊ အဆင့်အတန်း သို့တည်းမဟုတ် အခွင့်အာဏာကိုဖော်ပြရန်၊ သို့တည်းမဟုတ် လူမှုအစုအဖွဲ့ တစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်းကို အချက်ပြရန် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါချဉ်းကပ်မှုတွင်စကားပြောသူတို့၏ ဘာသာစကားရွေးချယ်မှုအပေါ် ၎င်းတို့၏သဘောထားများ၊ နားထောင်သူ၏လူမှုရေးလက္ခဏာအပေါ်  ပြောသူ၏ခံယူချက်များ၊ ပတ်ဝန်းကျင် ယဉ်ကျေးမှုဆိုင်ရာစံနှုန်းများနှင့်မျှော်မှန်းချက်များအပါအဝင် စကားပြောသူ၏ ဘာသာစကားရွေးချယ်မှုများကို လွှမ်းမိုးထားသည့် လူမှုရေးဆိုင်ရာအချက်များအပေါ် အာရုံစိုက်ခဲ့သည်။ ဤချဉ်းကပ်မှုကိုအသုံးပြုသူများက ‘ပြောသူဒီဇိုင်းပုံစံ’ သည် ပြောဟန်အတွက် အဓိကတွန်းအားဖြစ်သည်ဟု ဆိုသည်။

            လူမှုဘာသာဗေဒ ပထမလှိုင်းအစတွင် လဘော့ဗ် လေ့လာခဲ့သည့်မာသာ့စပျစ်ခြံမှ လူမှုစီးပွားဆိုင်ရာအခြေခံ “အညွှန်းကိန်းစဉ်” လေ့လာမှုကို နောက်ပိုင်းတွင် ဒေသဆိုင်ရာပြောဟန်အဖြစ် ပြောင်းရွှေ့ ရှုမြင်လာခဲ့သည်။ ဆေးလ်ဗာစတင်း (Silverstein 2003) က လဘော့ဗ်၏ မာသာ့စပျစ်ခြံလေ့လာချက်ကို အခြေခံ၍ 'အညွှန်းကိန်းအစီအစဉ်' (Indexical Order) သီအိုရီဘောင်ကို သုံးသပ် တင်ပြခဲ့သည်။ ယင်းတင်ပြချက်တွင် စပျစ်ခြံကျွန်းဒေသခံအဖြစ် အမှတ်အသားပြု ပြောဆိုမှု‌များသည် ကျွန်း၏သွင်ပြင်အမှတ်လက္ခဏာကိုရှေ့ရှုသည့် ဒေသခံကျွန်းသူကျွန်းသားများ၏ ကျွန်းအတွင်းပြောဆိုကြသည့် “ပြောဟန်ဆိုင်ရာသီးခြားအမှတ်လက္ခဏာ” အဖြစ် ရည်ညွှန်း ဖော်ပြလာခဲ့သည်။

            တတိယလှိုင်း၏ လေ့လာမှုများသည် လက်တွေ့အတ္ထဗေဒ (pragmatics) နှင့် ပို၍နီးစပ်လာခဲ့သည်။ ဘာသာစကား၏အဓိပ္ပာယ်ကို ပိုမိုယေဘုယျကျလေ့လာခြင်းနှင့် အသွင်ကွဲလေ့လာမှုတို့ကိုပေါင်းစပ်ရန် ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။ လက်တွေ့အတ္ထဗေဒမှာမူ သက်ဆိုင်ရာစကား၏ဖော်ပြချက်အဓိပ္ပာယ်ကို အလေးထားခြင်း ဖြစ်သည်။ ပြောသူများ ပြောဆိုနေကြသည် အဖြစ်အပျက်များ၏ သဘောသဘာဝနှင့်ပတ်သက်သည် အကိုးအကားများကို အလေးထားသည်။ လက်တွေ့ကျသည့် စကားအဓိပ္ပာယ်ကိုလေ့လာသည့်အခါ ပြောသူတို့၏ စရိုက်များ၊ စိတ်နေစိတ်ထားများ၊ သဘောထားများနှင့် ဆက်ဆံရေးတို့ပါဝင်နေသည်။ ယင်းတို့သည် လူမှုအဓိပ္ပာယ်များ ဖြစ်ကြသည်။ လက်တွေ့အတ္ထဗေဒတွင်း ယင်းတို့ကို ယဉ်ကျေးချေငံမှုနယ်ပယ် (area of politeness) တွင် ထည့်သွင်းလေ့လာကြသည်။ လူမှုအဓိပ္ပာယ်များသည် ယဉ်ကျေးချေငံမှုတွင် နက်ရှိုင်းစွာပါဝင်နေသော်လည်း ယင်းနယ်ပယ်၏ ပြင်ပတွင်ရှိနေသည့် လူမှုအဓိပ္ပာယ်များသည်လည်း လက်တွေ့အတ္ထဗေဒ၏ အပြင်ဘက်တွင် ရှိနေခဲ့သည်။

            တစ်ချိန်တည်းမှာပင် စကားအသွင်ကွဲလူမှုဘာသာဗေဒဓလေ့တွင် ဘာသာစကားအသုံးပြုကို ဘာသာစကားဆိုင်ရာနှင့်လူမှုဖွဲ့စည်းမှုများ၊ နှုတ်မြွက်စကား၏လူမှုအဆက်အစပ်နှင့် သွင်ပြင်လက္ခဏာများကို ခြေရာခံခဲ့သည်။ ထိုသို့စိစစ်လေ့လာမှုများစွာတွင် လူမှုအဓိပ္ပာယ်သည် သမားရိုးကျ အခန်းကဏ္ဍ၌ အများစုပါဝင်ခဲ့နေသည်။ စကားအသွင်ကွဲလေ့လာမှုကို အစပြုခဲ့သော လဘော့ဗ်ကအစပြုကာ စကားအသွင်ကွဲများရှိ လူမှုအဓိပ္ပာယ်ကို ဖော်ဆောင်ခဲ့ပြီး လူမှုအဓိပ္ပာယ်သည် လူမှုအဆက်အစပ်အတွင်းရှိ ဆက်သွယ်ရေးပန်းတိုင်ကို မည်သို့ အကျိုးသက်ရောက်မှုရှိသည်ဆိုသည်ကို ဖော်ပြခဲ့ကြသည်။

            လူမှုဘာသာဗေဒ တတိယလှိုင်းသည် နှုတ်မြွက်စကားက သတ်မှတ်မထားသည့်အဓိပ္ပာယ်ကို ရှင်းလင်းစွာခံယူသည်။ ဆိုလိုသည်မှာ နှုတ်မြွက်စကား၏ ပင်ကိုအဓိပ္ပာယ်မှ ပြောင်းလဲနိုင်သောအဓိပ္ပာယ်များကို အတိအကျ မသတ်မှတ်ထားဘဲ၊ ပြောဟန်များ၏ဆက်စပ်မှုတွင် ပိုမိုတိကျသည့် အဓိပ္ပာယ်များကို ရရှိနေသည်ဟု ယူဆခြင်းဖြစ်သည်။ တတိယလှိုင်းသည်ပြောစကား၏ အဓိပ္ပာယ်များကိုအတိအကျမသတ်မှတ်ဘဲရှုမြင်ခြင်းဖြစ်ပြီး လက်တွေ့ကျသည့်စကားအသွင်ကွဲမှုသည် ဘာသာစကား၏မူလအဓိပ္ပာယ်ထက်ကျော်လွန်ပြီး ပြောသူ၏ပြောပုံဆိုပုံ ပြောဟန်ကြောင့် အဓိပ္ပာယ်ကို ပိုမို ကြွယ်ဝလာစေသည်ဟု ယူဆသည်။ တတိယလှိုင်း၏ လူမှုဘာသာဗေဒလေ့လာမှုများသည် လူမှုအစုအဖွဲ့အတွင်း ပါဝင်ပြောဆိုသူ တစ်ဦးချင်း၏ စကားပြောဆိုင်ရာ ဝိသေသလက္ခဏာ (identity) များ၊ သက်ဝင်လှုပ်ရှားနေသည့် ပြောဟန်ဖွဲ့စည်းမှုပုံစံ (active style-formation) များ၊ တစ်ဦးချင်း၏ကွဲပြားမှုများ (individual differences) အပေါ် အဓိကထား၍ လေ့လာဆန်းစစ် လာခဲ့ကြသည်။

            လူမှုဘာသာဗေဒလေ့လာမှု၏ လှိုင်းသုံးလှိုင်းဟု ဆိုသော်လည်း တစ်လှိုင်းကွယ်ပျောက်ပြီးမှ နောက်တစ်လှိုင်း ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ပေ။ ပထမလှိုင်း၏ လှိုင်းဂယက်နှင့်အတူ နောက်ထပ် လှိုင်းများ ဆင့်ကဲဖြစ်ပေါ်လာခဲ့ခြင်းသာဖြစ်သည်။ ဤလှိုင်းသုံးလှိုင်းကို အနှစ်ချုပ်ပြောရလျှင် ပထမလှိုင်းသည် လူမှုအလွှာ သို့မဟုတ် လူမှုအစုအဖွဲ့၏ အလွှာအစုအဖွဲ့အလိုက်၊ လူမှုအုပ်စုအလိုက် ပြောသည့်စကားအသွင်ကွဲများနှင့် လူမှုအကြောင်းခံများကို လေ့လာသည်။ ဒုတိယလှိုင်းမှာပထမလှိုင်း လေ့လာမှု၏လူမှုအလွှာ သို့မဟုတ် လူမှုအစုအဖွဲ့အတွင်း ပါဝင်ပြောဆိုနေကြသူ တစ်ဦးချင်း၏ ဘာသာစကားအသွင်ကွဲဖြစ်ပေါ်မှုအပေါ် ယင်းအလွှာအစုအဖွဲ့၏ ဩဇာသက်ရောက်မှု၊ လူမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလေ့လာခြင်းဖြစ်သည်။ တတိယလှိုင်းမှာမူ ဒုတိယလှိုင်းလေ့လာမှု၏ တစ်ဦးချင်းအပေါ် ယင်းအလွှာအစုအဖွဲ့၏ လူမှုဆိုင်ရာအကျိုး သက်ရောက်မှုများကြောင့် တစ်ဦးချင်း၏ ပြောဟန်ဆိုဟန်များ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့ပြောင်းရွှေ့လာသည်၊ မည်သို့ ပြောင်းလဲလာသည်ဆိုသည်ကို လေ့လာခြင်းဖြစ်သည်။ အဆိုပါ လှိုင်းသုံးလှိုင်းကို လူမှုဘာသာဗေဒပညာရပ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲလာသည့် သမိုင်းစဉ်ဟုလည်း ဆိုနိုင်သည်။ သက်ဝင်ရှင်သန်လျက်ရှိသည့် ပညာရပ်တိုင်းသည် တိုးတက်ပြောင်းလည်နေမည်ဖြစ်ပြီး အသစ်အသစ်သော လှိုင်းဂယက်များသည် ဖြစ်ပေါ်ရိုက်ခတ်နေဦးမည်သာ ဖြစ်ပေသည်။

#ဒေါက်တာအောင်မြင့်ဦး
#လူမှုဘာသာဗေဒ
#DrAungMyintOo
#Sociolinguistics

Wednesday, August 26, 2026

မြန်မာစကားသံ စနစ်ကျပုံ

 ◾️မြန်မာစကားသံ စနစ်ကျပုံ



မြန်မာစကားသံအကြောင်းပြောတဲ့အခါ မြန်မာအက္ခရာတွေရဲ့ အသံကို အခြေခံကျကျသိဖို့ လိုပါတယ်။မြန်မာအက္ခရာ ဘယ်နှလုံးရှိသလဲ။ ဒါကိုတောင်မသိသေးတဲ့ မြန်မာတွေအများကြီး ရှိလို့မေးရတာ။


သာမန်အားဖြင့် ‘ က ‘ ကနေ ‘ အ ‘ အထိ ၃၃ လုံးရှိတယ်။စာပေဆန်ဆန်ပြောရရင် ၃၅ လုံးရှိ တယ်။ ဒါက ‘အ ‘ဆိုတဲ့သရ အက္ခရာကို နိဂ္ဂဟိတ်သေးသေးတင်သံ၊ အောက်မြစ်သံနဲ့ ဝိသဇ္ဇနီ ရှေ့စီးသံတွေ ထည့်ပြီး ‘အံ၊ အံ့၊ အံး’ လို့သုံးလုံးအမြစ် လုပ်ဆောင်လိုက်တဲ့အတွက် စုစုပေါင်း ၃၃လုံးအစား ၃၅ လုံးဖြစ်သွားတာပါ။ 


ဒါပေမဲ့ ပညာရှိတွေက ‘အ’ဆိုတာ သရသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာမို့တစ်လုံးပဲထားရင် လုံ့လောက်တယ်လို့ဆိုပါတယ်။သို့မဟုတ် ‘အ’ဆိုတဲ့အသံကို ရှိသမျှ သရအားလုံးလိုက်ဖြည့် ရရင် အချို့က အ၊ အာ၊ အိ စသဖြင့် ၁၁ လုံးရှိတယ်။ 


တချို့က ‘အို’ ဆိုတာပါပေါင်းရင် ၁၂လုံးတဲ့။ အချို့က ၁၅ လုံး၊ အချို့က ၂၁ လုံးတဲ့။ ပေါင်း ၂၃ လုံးလို့လည်းဆိုတာကြောင့် သရတွေလိုက်ပေါင်းရင် အများကြီးမို့၊နောက်ဆုံးတော့ အဲဒီသရ တွေအားလုံးကို ကိုယ်စားပြုတဲ့ ‘အ’အက္ခရာတစ်လုံးသာပဲ သင်ပုန်းကြီးမှာ ဖော်ပြပါတော့ တယ်။


ဒီတော့ မြန်မာအက္ခရာဗျည်း ၃၂ လုံးကို ‘အ’သရနဲ့တွဲဖက်ရင် သရသံ ၂၁ လုံးလို့ခေါ်တယ်။ ဗျည်း နဲ့ယှဉ်တဲ့ သင်္ကေတ ‘ရေးချ’၊ ‘လုံးကြီးတင်’ ဆိုတဲ့ အသံထွက်တွေ၊ ‘ကသတ်’၊ ‘ငသတ်’စတဲ့ သင်္ကေတသံတွေကို တက်သံ၁၈ မျိုး၊ သက်သံ ၁၈ မျိုး၊ နိမ့်သံ ၁၈ မျိုး၊ တိုင်သံ ၁၀ မျိုးပေါင်း ၆၄ မျိုးကို ကာရန်အသံ ၆၄ မျိုးဆိုပြီး မြန်မာစကားသံတွေကို ခွဲခြားပြထားတယ်။ 


ယပင့်( ျ)၊ ရရစ်(ြ)၊ ဟတ်တိုး( ှ)၊ ၀ဆွဲ ( ွ)စတဲ့ ဗျည်းတွဲသင်္ကေတတွေနဲ့ ပေါင်းပြီးအသံ ထွက်ရင် ကာရန် ၇၆ မျိုးရှိတယ်။အဲဒီစကားသံတွေ ထွက်လာပုံအကြောင်း မြန်မာ့ ‘ဌာန်’၊ ‘ကရိုဏ်း’၊ ‘ပယတ်’တို့ဖြစ်ပေါ်ပုံကို သိဖို့လိုတယ်။


ဌာန်ကရိုဏ်းအကြောင်းက စပြောမယ်။ 


လူတွေစကားပြောရင် အသံထွက်လာတာဟာ အဆုတ်ကနေလေကို မှုတ်ထုတ်ပြီးလည်ချောင်း၊ အာခေါင်၊ပါးစပ်မှာထွက်လာတဲ့လေကိုထိခတ်ပြီးအသံဖြစ်စေတယ်။အဲဒီထိခတ်တဲ့နေရာတွေကို ဌာန=’ဌာန်’လို့ ခေါ်တယ်။ 


အဲဒီလိုမှုတ်ထုတ်ထိခတ်လို့ ဖြစ်ပေါ်လာတဲ့အသံကို ‘ကရိုဏ်း’လို့ခေါ်တယ်။ ဒီလိုအသံတွေထွက် လာအောင် အစအဆုံးလုပ်ဆောင်ချက်ကို ‘ပယတ်’လို့ ခေါ်တာပါ။


မြန်မာဗျည်းသံနဲ့ သရသံတွေ ထွက်လာဖြစ်ပုံတို့ကိုဌာန်ကရိုဏ်းနဲ့ ပယတ်အရ သုံးသတ်ကြည့် ရအောင်။


ဗျည်းသရအသံအလိုက် ဌာန်ကရိုဏ်း ငါးမျိုးသတ်မှတ်ချက်ဟာ မြန်မာစကားသံရဲ့ ပီပီသသဖြစ် လာရခြင်းအကြောင်းပါပဲ။ အောက်မှာ ကောက်နုတ်ပြီး အကျဉ်းဖော်ပြပါမယ်။-


၁။ ကဏ္ဍဌာန်- လည်ချောင်းအရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- အ၊ အာ၊ က၊ ခ၊ ဂ၊ ဃ၊ င၊ ဟ ရှစ်လုံး။

၂။ တာလုဌာန်-အာစောက်အရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဣ၊ ဤ၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ယ ရှစ်လုံး။

၃။ မုဒ္ဓဌာန်- အာထိပ်အရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ၊ ရ၊ ဠ ခုနစ်လုံး။

၄။ ဒန္ဒဌာန်- သွားအရပ်ကဖြစ်စေတယ်။ 

ဖြစ်တဲ့အသံ- တ၊ ထ၊ ဒ၊ ဓ၊ န၊ လ၊ သ ခုနစ်လုံး။

၅။ ဩဋ္ဌဌာန်- နှုတ်ခမ်းအရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဥ၊ ဦ၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ ခုနစ်လုံး။

ဧ-ကဏ္ဍ+တာလုဌာန်မှဖြစ်တဲ့အသံ

ဩ-ကဏ္ဍ+ဩဋ္ဌဌာန်မှဖြစ်တဲ့အသံ

၀-ဒန္ဒ+ဩဋ္ဌဌာန်မှဖြစ်တဲ့အသံ


ဖော်ပြပါဌာနများအပြင် မြန်မာစကားသံမှာ ‘နှာသံ’ဆိုတဲ့ နှာခေါင်းအရပ်ကလည်း အသံကို ကူပြီးဖြစ်စေတာရှိတယ်။ အဲဒါကို ‘နာသိဌာန်’လို့ခေါ်တယ်။ င၊ ည၊ဏ၊ န၊ မ ဗျည်းတွေရဲ့ အသံမှာ နှာခေါင်းအရပ်ကထွက်တဲ့ဟိန်းသံ၊ နှာသံလည်းရောပြီးပါတယ်။ 


နောက်ပြီး အဲဒီ င၊ည၊ ဏ၊ မ နဲ့ ယ၊ ရ၊ လ၊ ၀၊ သ ဆိုတဲ့ ဗျည်းတွေကို ‘ဟ’နဲ့ပေါင်းပြီး ‘ဟထိုး’ လုပ်လိုက်တဲ့အခါ ငှ၊ ညှ၊ ဏှ၊ နှ၊ မှ၊ ယှ၊ရှ၊ လှ၊ ဝှ၊ သှ ဆိုတဲ့ ရင်ထဲကလာတဲ့ ဟိန်းသံ ‘ဥရဌာန်’ဆို တာဖြစ်စေတယ်။ 


အဲဒီလို မြန်မာဗျည်းသရတွေရဲ့ အသံဖြစ်ရာအရပ်နဲ့ အသံထွက်စေရာအရပ်တို့ကို မြန်မာ စကား သံရဲ့ ဌာန်ကရိုဏ်းနဲ့ပယတ်လို့ဆိုတယ်။ဒါတွေကိုတိတိကျကျမသိသေးလို့သာမြန်မာစကားသံကို ထွက်ချင်သလို ထွက်နေကြတာပါ။


အဲဒီလိုစနစ်တကျရှိနေတာကို စာပေဗဟုသုတရှိသူတွေမှ သိကြတာကိုး။ ရခိုင်ဆရာတော် ရှင်သီလဝံသက မြန်မာအက္ခရာ စီစဉ်ပုံနဲ့ အသံထွက်ပုံကို စနစ်တကျကျမ်းပြုခဲ့တယ်။ 


ဆရာကြီးဦးဖေမောင်တင်ရဲ့ကမ္ဘာ့ဘာသာများကျမ်းစာအုပ်မှာကျတော့မြန်မာ့စကားသံထွက်လာပုံ ဌာန်ကရိုဏ်းကို ရုပ်ပုံတွေနဲ့တကွ ရှင်းလင်းဖော်ပြထားတယ်။ 


လျှာနဲ့အာ၊သွားနဲ့လျှာ၊နှုတ်ခမ်းချင်းစတဲ့ထိပြီးအသံကိုခတ်ထုတ်တဲ့ထိမှုအရပ်နေရာဌာနတွေကိုပုံနဲ့ ဖော်ပြထားတာတွေ့ရမှာဖြစ်တယ်။


မြန်မာစကားကို ပြောသာပြောနေကြတယ်။ ဗျည်းသရတွေရဲ့ အသံထွက်အောင် ထိခတ်တဲ့နေ ရာဌာနနဲ့အသံထွက်ပုံအကြောင်း ကမ္ဘာမှာစနစ်အကျဆုံးဖန်တီးထားတာကိုသိတဲ့ မြန်မာ အနည်းသား။ 


တက္ကသိုလ်မှာမြန်မာစာအဓိကယူခဲ့သူတွေမှ သင်ကြ၊ သိကြရတာပါ။ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က မြန်မာသဒ္ဒါစာအုပ်အတွဲ(၃)တွဲ ပြုစုထုတ်ဝေခဲ့တယ်။ 


အတွဲ(၁)ကိုအခြေခံပညာအလယ်တန်းအတွက်၊ အတွဲ (၂)ကို အခြေခံပညာ အထက်တန်း အတွက်နဲ့ အတွဲ(၃)ကို တက္ကသိုလ်အတွက် မြန်မာစာသင်ရိုးညွှန်းတမ်းအဖြစ် ရည်ရွယ် ထုတ်ဝေခဲ့တယ်။ 


အတွဲ(၃)မှာ မြန်မာစကားသံအကြောင်း၊ ဗျည်းသံ၊ သရသံအကြောင်း ဖွဲ့ထုံးနဲ့တကွ စကားသံ ပြောင်းလဲမှုတွေပါ အတော်စုံအောင် ပြုစုဖော်ပြထားတယ်။ တက္ကသိုလ်မြန်မာစာ အဓိက သင်ခဲ့ဖူးသူတွေသင်ရပေမယ့် ဝါသနာမပါသူတွေ မေ့သွားသူများတယ်။ 


မမှတ်မိတော့တာများတာ၊ အခြားဘာသာအဓိကယူတဲ့ တက္ကသိုလ်အဆင့် သင်ဖူးသူတွေအနေနဲ့ ကတော့အလှမ်းဝေးတာပေါ့။


ဒီတော့ မြန်မာစကားသံတွေအကြောင်း စာပေဝါသနာအိုးတွေ၊ ကဗျာဝါသနာပါပြီး ရေးကျမ်း တွေလေ့လာတဲ့သူတွေမှသာ သိကြမှာဖြစ်တယ်။ မြန်မာစကားသံတွေအကြောင်း ရေးသား ပြုစုခဲ့တဲ့ ဆရာကြီးတွေ အများကြီးရှိပါတယ်။ 


ဒဂုန်ဦးစန်းငွေတို့၊ ဟံသာ၀တီဦးဘရင်တို့၊ ဘုတလင်ချစ်လေး၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မောင်ခင်မင် (ဓနုဖြူ)စတဲ့ စာရေးဆရာကြီးတွေအများကြီးရဲ့ မြန်မာသဒ္ဒါ၊ မြန်မာစကားသံအကြောင်း စာအုပ် တွေကို ဖတ်မှတ်လေ့လာဖူးရင် အတော်သိကြမှာဖြစ်တယ်။


ယခု ဆရာကြီး ဦးဖေမောင်တင်ရဲ့ ပုံပြစကားသံထွက်ပုံအရ အသံထွက်ပုံသိလွယ်အောင် ရှင်းရှင်းလေးပြောပြပါမယ်။


မြန်မာစကားပြောသူတွေ ဗျည်း၊ သရသံနဲ့ ဌာန်ကရိုဏ်းကို သတိပြုရွတ်ကြရအောင် သင်ပုန်းကြီးအတိုင်းစီစဉ်ထားပုံနဲ့ ရွတ်ကြည့်ကြစို့။


ထိပ်ဆုံးတန်းရှိ က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ ပထမဝဂ် (ဝဂ်ဆိုတာ သံတူ၊ ဌာန်တူ ဗျည်းငါးလုံး တွဲထားတာကိုပြောတာ)ကို အသံထွက်ရွတ်လိုက်ရအောင်။ အာရုံခံပြီး လျှာနဲ့အာထိခတ် တဲ့နေရာကို ရွတ်ရင်းမှတ်ကြည့်ပါ။


က၊ ခ၊ ဂ၊ ဃ၊ င လို့ ရွတ်ဆိုလိုက်ရင် လျှာရဲ့ ဘယ်နေရာနဲ့ အာခေါင်အပေါ်မိုးရဲ့ ဘယ်နေရာကို ရိုက်ခတ်ပြီး အသံထွက်စေတာလဲ။ အာရုံထည့်ပြီး ထိခတ်တဲ့နေရာကို မှတ်ကြည့်ပါ။


သိရပြီ။ လျှာရဲ့ အလယ်ပိုင်းနားနေရာနဲ့ အာခေါင်ရဲ့ အလယ်နားနေရာကို ထိခတ်တာဖြစ်ကြောင်း ခံစားသိရမယ်။ ဒီလိုလည်ချောင်းထဲကလေကို မှုတ်ထုတ်တဲ့အခါ ထိခတ်တဲ့နေရာက နေထွက်လာတဲ့ ပထမဝဂ်ကိုရွတ်တဲ့အသံဖြစ်တယ်။


နောက်ထပ် စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ ဒုတိယဝဂ်ကိုရွတ်ကြည့်ပါ။ အာရုံခံကြည့်တော့ လျှာရဲ့ အလယ်ကနေရှေ့နားနည်းနည်းတိုးလာတဲ့နေရာနဲ့ အာခေါင်ရဲ့ ရှေ့နည်းနည်းတိုးလာတဲ့နေရာချင်း ထိခတ်ပြီး အာစောက်ထဲက မှုတ်ထုတ်တဲ့လေနဲ့ အသံထွက်စေကြောင်း သတိပြုမိမှာဖြစ်တယ်။


ဆက်ပြီး ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ ဆိုတဲ့ တတိယဝဂ်ကိုရွတ်ပါ။ အာရုံပြုကြည့်ရင် လျှာရဲ့ထိပ်နားနဲ့ အာခေါင်ရဲ့ရှေ့ထိပ်နားထိခတ်ပြီး အာထိပ်ကနေ လေမှုတ်အသံထုတ်ကြောင်း သတိပြုမိမယ်။


ဆက်ပြီး တ၊ ထ၊ ဒ၊ ဓ၊ န ဆိုတဲ့ စတုထ္ထဝဂ်ကို ရွတ်ပါ။ အာရုံပြုကြည့်ရင် လျှာရဲ့ထိပ်ဖျားနဲ့ အာခေါင်ရှေ့ထိပ်ရှိ သွားတွေရဲ့အရင်းကို ထိခတ်ပြီး သွားကိုအမှီပြုလို့အသံထွက်စေကြောင်း သတိပြုမိမယ်။


ဆက်ပြီး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဆိုတဲ့ ပဉ္စမဝဂ်ကိုရွတ်ပါ၊နှုတ်ခမ်းချင်းထိခတ်ပြီး လေမှုတ်အသံထွက် ကြောင်းသတိပြုမိပါမယ်။


ကိုင်း-အခု သုံးသပ်ကြည့်ရအောင်။ က၊ ခ၊ ဂ၊ ဃ၊င ဆိုတဲ့ ပထမဝဂ်တုန်းက လျှာရဲ့အလယ်၊ အာခေါင်ရဲ့အလယ်ချင်းထိခတ်ရာက၊ ဒုတိယဝဂ်၊ တတိယဝဂ်၊စတုထ္ထဝဂ်တွေမှာ လျှာ ရဲ့ရှေ့ဘက်ထွက်ပြီး အာခေါင်ရဲ့ရှေ့ ဘက်ကို တိုးတိုးလာပြီး အာ ရှေ့ဆုံးက သွားအရင်းထိ ရောက်အောင် ရှေ့တိုးထိခတ်လာတယ်။ 


နောက်ဆုံးပဉ္စမဝဂ်လည်းရောက်ရော အာခေါင်အဆုံးက နှုတ်ခမ်းချင်းထိခတ်တဲ့အထိ ပါးစပ်ရဲ့ ရှေ့ဆုံးအဖျားကို ရောက်လာတယ်။ ဒီထက်ရှေ့ထွက်စရာမရှိတော့ဘူး။


ဒီတော့မြန်မာဌာန်ကရိုဏ်းမှာ လျှာနဲ့အာထိခတ်ပြီး အသံထုတ်ပုံကို သေချာစဉ်းစားတတ်ရင် ပထမလျှာရဲ့ အလယ်နဲ့ အာရဲ့အလယ်ကို ရိုက်ခတ်ပြီး တဖြည်းဖြည်းနဲ့ ရှေ့ဘက်ထွက်လာ အောင် ထုတ်ပြတယ်။ 


နောက်ဆုံးပါးစပ်ရဲ့ ရှေ့ဆုံးရှိ နှုတ်ခမ်းအထိရောက်အောင် အသံခတ်ပြီးပြတယ်။


အဲဒါသဘောတရားနဲ့အညီလေ။ မဇ္စျိမအလယ်အလတ် ကစတယ်-ရှေ့ကိုထုတ်ပြတယ်။ ထိပ်ဆုံးရောက်တော့ ရှေ့ထွက်စရာမရှိတော့ ဘာလုပ်သလဲ။ ကျန်တဲ့ဗျည်း၊ သရတွေနဲ့ အမျိုးမျိုးလုပ်ပြပြီး နောက်ဆုံး အာခံတွင်းကနေ လည်ချောင်းထဲကို ပြန်သိမ်းသွားတယ်။ 


အဲဒါအသံကို အလယ်ကစတယ်။ ရှေ့အဆုံးထိထုတ်ပြတယ်-ကျန်တာ ကစားပြတယ်-ပြီး ပြန်သိမ်းသွားတယ်။အဲဒီလို အနုတ်၊ အသိမ်းဘယ်လောက်ကောင်းတယ်ဆိုတာ လုပ်ပြသွားပုံကို ဆက်ကြည့်ရအောင်။


အခုဆက်လုပ်ပုံကိုပြောပြမယ်။ 


ဝဂ် ငါးဝဂ်ပြီးတော့ ယ၊ ရ၊ လ၊ ၀၊ သ ဆိုတဲ့ ‘အဝဂ်’ငါးလုံး အောက်ကလိုက်ပါလာတာရှိတယ်။ ယပက်လက်’ယ’ကို ဆက်ရွတ်ကြည့်ပါ။ လျှာအပေါ်ပြားနဲ့ အာခေါင်အမိုးပြားကိုပွတ်ပြီး အသံ ထုတ်ပြတာလေ။ 


ဆက်ရွတ်စမ်း။ ‘ရ’ ရကောက်တဲ့။


သူ့ မူရင်းအသံက လျှာရဲ့ ရှေ့အဖျားနားနဲ့ အာခေါင်ရှေ့နားကို အဆက်မပြတ်ထိခေါက် ရိုက်ခတ်ပြီး အသံထွက်စေတာဖြစ်တယ်။ ဆက်ရွတ်ပါ။ ‘လ’တဲ့။ လျှာဖျားကို လိပ်ပြီး ခေါက်ပြတဲ့အသံ။ 


ကဲ-သုံးသပ်ရအောင်။ ယ၊ ရ၊ လဆိုပြီး ပွတ်ပြ၊ ခေါက်ပြ အမျိုးစုံလုပ်ပြပြီးလို့ လိပ်ပြီးအတွင်း ပြန်သွင်းသွားပြီ။ဘာသံကျန်သေးလဲ။ ‘၀’သံပေါ့။ ‘၀’ဆိုတာ ရွတ်ရင် လျှာလွတ်အာလွတ်သံလို့ ဆိုလေ့ရှိတယ်။ 


‘၀’ဆိုပြီးအသံထွက်အောင်လုပ်တဲ့အခါ ဒန္ဒသွားနဲ့ ဩဋ္ဌနှုတ်ခမ်းတွေကို ဝိုင်းအောင်လုပ်ပြီး အာထဲက လေမှုတ်ထုတ်မှထွက်လာတဲ့အသံဖြစ်တယ်။အခုလျှာနဲ့အာရော နှုတ်ခမ်းတွေပါ ရိုက်ခတ်ပြီးမျိုးစုံလုပ်ပြသွားပြီ။ 


ဘာကျန်သေးလဲ။ သွားစစ်စစ်နဲ့ သုံးရတဲ့အသံကျန်သေးတယ်။ အဲဒီတော့ ‘သ’ကို အသံလုပ်ပြ တယ်။ ‘သ’ဆိုတာ လျှာဖျားကို သွားနဲ့ကိုက်ပြီး လေမှုတ်အသံထုတ်ပြလို့ သွားကို ပီပီပြင်ပြင် သုံးပြသွားတာဖြစ်တယ်။


ကိုင်း-ပါးစပ်မှာရှိတဲ့လျှာရယ်၊ အာရယ်၊ သွားရယ်၊နှုတ်ခမ်းရယ် အားလုံးစုံအောင် အသံထုတ် ပြခဲ့ရုံမက အာရော၊ လျှာပါလွတ်အောင်‘၀’ဆိုပြီးလည်းမျိုးစုံအောင်မြန်မာစကားသံထွက်ပြခဲ့ပြီ။


နောက်ဆုံး ‘အ’ သရပဲကျန်တော့တယ်။ သူကနောက်ဆုံးလေ။ ‘အ’လို့ ရွတ်ကြည့်ရအောင်။ 

အာခေါင်ရဲ့လည်ချောင်းအတွင်းထဲက ထွက်လာတဲ့အသံပေပဲ။ ဒီလိုလုပ်ပြတာက နောက်ဆုံးမှာ အသံကို အာခံတွင်းထဲကနေလည်ချောင်းရင်းထဲ ပြန်သွင်းသွားပုံကို ပြခဲ့တာဖြစ်တယ်။


ဒီတော့ မြန်မာစကားသံရဲ့ ဌာန်ကရိုဏ်းဟာအလယ်အလတ်ကစတယ်၊ အပြင်ထုတ်ပြတယ်၊ အမျိုးမျိုးလုပ်ပြတယ်။ ပြီးတော့ ပြန်သိမ်းသွားတယ်။ အလွန်အနုတ်အသိမ်းကောင်းလှကြောင်း သိလောက်ပါပြီနော်။


အဲဒီလို မြန်မာ့စကားသံကို သံစဉ်၊ သံထွက်အလွန်အစီအစဉ်ကျအောင် ဖန်တီးထားပုံများ ကမ္ဘာကသိရင်အံ့ဩချီးကျူးမဆုံးဖြစ်မှာမို့ဂုဏ်ယူဝမ်းသာနိုင်အောင်ရေးလိုက်ရခြင်းဖြစ်ပါတော့တယ်။


ရေး-အောင်ချိန်ဘွား

 

Friday, May 29, 2026

ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင်

 ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၁)




​(၁) ဆေးခြောက်ဆိုတာ ဘာလဲ။


​လောကကြီးမှာ လူတချို့က နာမည်ကောင်းနဲ့ သမိုင်းတွင်သလို တချို့ကျတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြားတတ်ကြပါတယ်။ ပစ္စည်းတွေ၊ အပင်တွေမှာလည်း ဒီသဘောတရား ရှိတာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာကတော့ နာမည်ဆိုးရော၊ နာမည်ကောင်းပါ ရထားတဲ့ အပင်တစ်ပင်အကြောင်း ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ 'ဆေးခြောက်' ပေါ့ဗျာ။ အင်္ဂလိပ်လိုကတော့ မာရီဝါးနား (Marijuana)၊ ကင်နားဘစ် (Cannabis)၊ ဝိ (Weed)၊ ပေါ့တ် (Pot) စသဖြင့် စသဖြင့် နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ Cannabis လို့ခေါ်တဲ့ အပင်ရဲ့ ပန်းပွင့်၊ အရွက်၊ ရိုးတံနဲ့ အစေ့တွေကို အခြောက်လှန်းထားတဲ့ အရာကို ဆေးခြောက်လို့ ခေါ်တာပါပဲ။


​ဒီအပင်က မနေ့တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဘာသာရေးအရ တရားအားထုတ်တဲ့ နေရာတွေမှာပဲ ဖြစ်ဖြစ်၊ ရိုးရာ ဆေးဝါးအဖြစ်ပဲ ဖြစ်ဖြစ်၊ အပျော်အပါးသက်သက်အတွက်ပဲ ဖြစ်ဖြစ် သုံးလာခဲ့ကြတာ ဒီနေ့ထက်ထိပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းလာတာနဲ့အမျှ သူ့ကို ရှုမြင်သုံးသပ်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်ကတော့ လူဆိုးဂိုဏ်းတွေ၊ မူးယစ်ဆေးသမားတွေပဲ သုံးတဲ့အရာလို့ သတ်မှတ်ခဲ့ကြပေမယ့် ဒီဘက်ခေတ် သိပ္ပံပညာနဲ့ ဆေးပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ဒီအပင်ထဲမှာပါတဲ့ ဓာတ်ပေါင်းတွေရဲ့ အံ့မခန်း အစွမ်းသတ္တိတွေကို စတင်တွေ့ရှိလာကြပါပြီ။

...


​(၂) ဆေးခြောက်ထဲက ဇာတ်လိုက်ကျော် နှစ်ကောင်။


​ဒီ Cannabis အပင်ကြီးထဲမှာ ဓာတ်ပေါင်းပေါင်း ၅၀၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ ဆရာကြီးကျတဲ့ ပွဲတိုင်းကျော် ဇာတ်လိုက်နှစ်ကောင် ရှိပါတယ်။ အဲဒါကတော့ THC နဲ့ CBD ပါပဲ။ သူတို့နှစ်ကောင်က ခန္ဓာကိုယ်ထဲကို ဝင်သွားရင် ဘယ်လိုတွေ အလုပ်လုပ်သလဲဆိုတာ သေသေချာချာ သိဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနှင့်ပြီးသားဖြစ်တဲ့ အလွန်နက်နဲလှတဲ့ စနစ်ကြီးတစ်ခု အကြောင်းကို အရင်နားလည်ဖို့ လိုပါတယ်။ အဲဒီစနစ်ကို ဆေးပညာအရ Endocannabinoid System (ECS) လို့ ခေါ်ပါတယ်။


​ဒီ ECS စနစ်ကြီးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မျှတနေအောင် ထိန်းကျောင်းပေးတဲ့ နေရာမှာ အဓိက အလုပ်လုပ်ပါတယ်။ ဥပမာ - အိပ်စက်ခြင်း၊ စိတ်ခံစားမှု၊ အစာစားချင်စိတ်၊ မှတ်ဉာဏ်၊ မျိုးပွားခြင်းနဲ့ နာကျင်မှုတွေကို သိရှိခံစားရခြင်း စတာတွေကို ထိန်းညှိပေးတာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း သဘာဝအလျောက် Endocannabinoids လို့ခေါ်တဲ့ ဓာတ်တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ Anandamide လို့ခေါ်တဲ့ "Bliss Molecule" (ပျော်ရွှင်ချမ်းမြေ့စေတဲ့ မော်လီကျူး) ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီး ချောချောမွေ့မွေ့ လည်ပတ်နေမှ ကျွန်တော်တို့လည်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကိုး။


​ကဲ... ဒီတော့ ဆေးခြောက်ထဲက ဇာတ်လိုက်ကြီး THC (Tetrahydrocannabinol) အကြောင်း အရင်ပြောရအောင်။


​ဒီကောင်က လူကို "ဟိုင်း" စေတဲ့ အဓိကတရားခံဗျ။ သူ့ရဲ့ဓာတုဖွဲ့စည်းပုံက ခုနကပြောခဲ့တဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်တဲ့ Anandamide နဲ့ သွားပြီး ခပ်ဆင်ဆင် တူနေတယ်။ တူရုံတင် မကဘူး၊ ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။


• ဦးနှောက်ရဲ့ ​ဆုပေးတဲ့စနစ်


THC က ဦးနှောက်ကို သွားပြီးဆွပေးလိုက်တဲ့အခါ ဒိုပါမင်းဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ အလုံးအရင်းနဲ့ ထွက်လာပါတော့တယ်။ ဒါကြောင့် ဆေးခြောက်သုံးလိုက်ရင် လူက လွင့်နေသလို၊ အလွန်အမင်း ပျော်ရွှင်နေသလို၊ သာယာနေသလို ခံစားရတာပါ။


• ​မှတ်ဉာဏ်ထိန်းချုပ်ရာနေရာ


ဒီနေရာက အသစ်အသစ်သော မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးတဲ့ နေရာပါ။ THC က ဒီနေရာကို သွားနှောင့်ယှက်လိုက်တော့ ကာလတိုမှတ်ဉာဏ်တွေ ပျောက်ကုန်ရော။ စကားပြောနေရင်း တစ်ဝက်လောက်မှာ "ငါ ခုနက ဘာပြောလိုက်တာလဲ" ဆိုပြီး မေ့သွားတာမျိုးတွေ ဖြစ်လာတတ်တယ်။


​• လှုပ်ရှားမှု ထိန်းချုပ်ရနေရာ


ဒီနေရာတွေက လူရဲ့ ဟန်ချက်ညီမှု၊ ကိုယ်ဟန်အနေအထားနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတာပါ။ ဒီနေရာတွေကို သွားထိလိုက်တဲ့အခါ လူက ယိုင်တိယိုင်တိုင် ဖြစ်လာမယ်။ လှုပ်ရှားမှုတွေ နှေးကွေးသွားမယ်။ ဒါကြောင့် ဆေးခြောက်သုံးပြီး ကားမောင်းတာ၊ စက်ပစ္စည်းတွေ ကိုင်တွယ်တာက အင်မတန် အန္တရာယ်များပါတယ်။


​• စိတ်ခံစားမှု ထိန်းချုပ်ရနေရာ


ဒီနေရာက ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စီမံတဲ့ နေရာပါ။ ပမာဏ နည်းနည်းလောက်ဆိုရင်တော့ စိတ်ကို တည်ငြိမ်စေပေမယ့် ဆေးပြင်းသွားရင် သို့မဟုတ် အများကြီးသုံးမိရင်တော့ ဒီနေရာကို အလွန်အကျွံ လှုံ့ဆော်သလို ဖြစ်သွားပြီး ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့တာ (Panic attacks) တွေ၊ ယုံမှားသံသယ လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။ အချို့ဆို ကိုယ့်ကိုလူသတ်သမား လိုက်နေသလိုလို ဘာလိုလိုနဲ့ ကြောက်လန့်နေတတ်ကြတယ်။

...


​နောက် ဇာတ်လိုက်တစ်ကောင်ကတော့ CBD (Cannabidiol) ပါ။


​သူကတော့ THC နဲ့ လုံးဝ ပြောင်းပြန်ဗျ။ လူကိုလည်း မမူးယစ်စေဘူး၊ ဦးနှောက်ကိုလည်း တိုက်ရိုက် သွားမချိတ်ဘူး။ သူက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာဗျ။


• ​သဘာဝ ဓာတ်တွေကို မြှင့်တင်ပေးခြင်း


စောစောက ပြောခဲ့တဲ့ Anandamide (ပျော်ရွှင်စေတဲ့ ဓာတ်) ကို ခန္ဓာကိုယ်ထဲမှာ ပိုပြီးကြာကြာ နေနိုင်သွားစေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် သဘာဝအတိုင်း စိတ်ကို ပျော်ရွှင်စေတယ်၊ နာကျင်မှုတွေကို အချိန်အကြာကြီး သက်သာနေစေတယ်။


• ​တခြားသော စနစ်များနဲ့ ချိတ်ဆက်ခြင်း


CBD က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Serotonin Receptors တွေကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ ဘရိတ်လို့ တင်စားရမယ့် GABA ကိုလည်း အားဖြည့်ပေးလို့ အာရုံကြောတွေကို ငြိမ်ကျစေပြီး အိပ်ပျော်စေပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်တဲ့ TRPV1 Receptors တွေကိုလည်း သွားချိတ်ဆက်ပြီး နာကျင်မှုကို လျှော့ချပေးပါတယ်။

.


​ဒီကောင်နှစ်ကောင်ကို ဥပမာပေးရရင် အသံချဲ့စက်တစ်ခုမှာ THC က လူဆိုးလိုပဲ။ အသံတွေရော၊ ဘေ့စ် (Bass) တွေရော အကုန်လုံးကို အဆုံးထိ တင်ပစ်လိုက်တဲ့ကောင်။ ချက်ချင်း ခံစားရတယ်။ အရှိန်ပြင်းတယ်။ တစ်ခါတလေ နားကွဲမတတ် ဆူညံသွားတယ်။ CBD ကတော့ ကျွမ်းကျင်တဲ့ အသံဖမ်းသမား တစ်ယောက်လိုပဲ။ လိုအပ်တဲ့ နေရာလေးတွေကို နည်းနည်းချင်း လိုက်ညှိပေးတယ်။ နောက်ခံက ဆူညံသံတွေကို ဖျောက်ပေးတယ်။ အသံထွက်ကို အကောင်းဆုံးနဲ့ အငြိမ့်ညောင်းဆုံး ဖြစ်အောင် ချိန်ညှိပေးတယ်။ သူက စိတ်ကို မပြောင်းလဲစေဘဲ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးတာပါ။

...


(​၃) ကုသမှုနယ်ပယ်တွင် အသုံးပြုမှု


​ဒီလို အံ့မခန်းအစွမ်းသတ္တိတွေ ရှိတဲ့အတွက် ဆေးလောကမှာ Medical Marijuana (ဆေးဖက်ဝင် ဆေးခြောက်) ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ အပျော်သုံးတာ မဟုတ်ဘဲ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဆေးဝါးအဖြစ် သုံးတာပါ။ အထူးသဖြင့် THC နဲ့ CBD ရဲ့အချိုးအစားကို သေချာ ချိန်ဆပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။


• ​နာတာရှည် နာကျင်မှုများ


ဒါကတော့ ဆေးခြောက်ကို အများဆုံးသုံးတဲ့ နေရာပါ။ အထူးသဖြင့် သာမန် အကိုက်အခဲပျောက်ဆေးတွေ၊ ဘိန်းပါတဲ့ ဆေးပြင်းတွေနဲ့တောင် မတိုးတော့တဲ့ အာရုံကြောနာကျင်မှုတွေမှာ အလွန်အသုံးတည့်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာ (Rheumatoid arthritis) နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ (Fibromyalgia) ရောဂါတွေမှာလည်း သိသိသာသာ သက်သာစေပါတယ်။


• ​ပျို့အန်ခြင်းကို သက်သာစေခြင်း


ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းရတဲ့အခါ လူနာတွေက အလွန်အမင်း ပျို့အန်တတ်ပါတယ်။ သာမန် ပျို့အန်ပျောက်ဆေးတွေ သုံးလို့မရတဲ့အခါ ဆေးခြောက်နဲ့တူတဲ့ Synthetic THC (တုပပြုလုပ်ထားသော THC) ဆေးဝါးတွေကို FDA က တရားဝင် ခွင့်ပြုပြီး သုံးစွဲနေကြပါတယ်။


• ​အတက်ရောဂါနှင့် ဝက်ရူးပြန်ရောဂါ


ဆေးခြောက်သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အလွန် ဆိုးရွားပြီး ကုသရခက်တဲ့ အတက်ရောဂါတွေကို ကုသနိုင်ခဲ့တာပါပဲ။ 


• ​ကြွက်သား တောင့်တင်းခြင်း (Multiple Sclerosis)


MS ရောဂါသည်တွေဟာ ကြွက်သားတွေ အကြောဆွဲတာ၊ တောင့်တင်းတာ၊ နာကျင်တာတွေကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ THC နဲ့ CBD အချိုးမျှတစွာပါဝင်တဲ့ ဆေးဝါးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။


​• အစာစားချင်စိတ် ပျောက်ဆုံးခြင်း


THC က ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာကို တိုက်ရိုက် လှုံ့ဆော်ပေးတဲ့အတွက် ဗိုက်ပြည့်နေရင်တောင်မှ အစားအသောက်တွေရဲ့ အနံ့အရသာကို ပိုခံစားရစေပြီး "အငမ်းမရ" စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။


• ​ရေတိမ်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ


ဆေးခြောက်က မျက်လုံးတွင်းဖိအားကို ခေတ္တခဏ ကျဆင်းစေနိုင်လို့ ရေတိမ်ရောဂါအတွက် သုံးကြပေမယ့် ဆေးအာနိသင်က နာရီပိုင်းလောက်ပဲ ခံတာမို့ တစ်နေကုန် ဆေးသုံးနေရမယ့် ပြဿနာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိတ်ဒဏ်ရာရလွန်ရောဂါ (PTSD) နဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေမှာ သုံးကြပါတယ်။

.


ဒီနေရာမှာ နောက်ဆုံး သိထားရမှာက ဆေးဖက်ဝင် အနေနဲ့ သုံးတဲ့အခါ ဆေးလိပ်သောက်သလို မီးရှို့ပြီး ဖွာတာမျိုး သိပ်မလုပ်ကြပါဘူး။ မီးခိုးငွေ့မှာ ပါတဲ့ ဆိုးကျိုးတွေက အဆုတ်ကို ဒုက္ခပေးနိုင်လို့ပါ။ အဲဒီအစား ဆေးပမာဏကို တိတိကျကျ တွက်ချက်လို့ရတဲ့ လျှာအောက်အစက်ချရတဲ့ ဆေးရည်တွေ၊ သောက်ဆေးတောင့်တွေ၊ အစားအသောက်ထဲ ထည့်ထားတာတွေ၊ အရေပြားပေါ် လိမ်းရတဲ့ ဆေးဆီတွေအနေနဲ့သာ စနစ်တကျ အသုံးပြုကြတာ ဖြစ်ပါတယ်ခင်ဗျာ....။


​(အပိုင်း - ၂ မှာတော့ ရေတိုဆိုးကျိုးများ၊ ရေရှည်ဆိုးကျိုးများနဲ့ စွဲလမ်းခြင်းများအကြောင်းတွေကို ဆက်လက် တင်ဆက်ပေးပါမယ်)


စေတနာဖြင့်

အဓိပတိ



ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၂)


​✳ ချက်ချင်းလက်ငင်း ခံစားရမည့် လက္ခဏာများ


​ဆေးခြောက်သုံးလိုက်ရင် ခံစားရမယ့် အာနိသင်က ဆေးပြင်းအား၊ သုံးတဲ့နည်းလမ်းနဲ့ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် စသုံးလိုက်တာနဲ့ "ဟိုက်" ဖြစ်သွားကာ စိတ်တွေ လွတ်လပ်ပေါ့ပါးပြီး ပြုံးစိစိဖြစ်လာမယ်။ ဒါက ဦးနှောက်ထဲက (ဆုလက်ဆောင်ပေးတဲ့စနစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့) Reward System ကို THC က ဆွလိုက်လို့ ဒိုပါမင်းတွေ ဒလဟောထွက်လာတဲ့ အကျိုးပါ။


​လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပြီး မြင်ရတဲ့အရောင်တွေ ပိုတောက်ကာ ကြားရတဲ့အသံတွေ ပိုကြည်လင်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ အချိန်အာရုံလွဲမှားခြင်းပါပဲ။ လက်တွေ့မှာ ငါးမိနစ်ပဲ ကြာသေးပေမယ့် စိတ်ထဲမှာ နာရီဝက်လောက် ကြာသွားသလို ထင်နေတတ်တယ်။


​မှတ်ဉာဏ်ပိုင်းမှာလည်း THC က ဦးနှောက်ရဲ့ မှတ်ဉာဏ်ထိန်းချုပ်ရာနေရာကို နှောင့်ယှက်လို့ ကာလတို မှတ်ဉာဏ်တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ စကားပြောရင်း "ငါ ခုနက ဘာပြောနေတာလဲ" ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွားတတ်သလို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေလည်း ကျဆင်းသွားပါတယ်။


​ခန္ဓာကိုယ်ပိုင်းမှာ မိနစ်ပိုင်းအတွင်း နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ ရုတ်တရက် မြန်လာပါတယ်။ နှလုံးအပြင်းအထန် အလုပ်လုပ်ရလို့ သွေးကြောတွေကျယ်လာပြီး သွေးပေါင်ကျတတ်ပါတယ်။ မျက်လုံးသွေးကြောတွေ ဖောင်းလာလို့ မျက်လုံးနီရဲလာသလို၊ တံတွေးဂလင်းတွေ ပိတ်သွားတဲ့အတွက် ပါးစပ်နဲ့အာခေါင် ခြောက်ကပ်ကပ်ဖြစ်လာတဲ့ "Cottonmouth" လည်း ခံစားရပါတယ်။


​နောက်ထပ်ပြဿနာက "The Munchies"လို့ ခေါ် တဲ့ အငမ်းမရ ဗိုက်ဆာလာခြင်းပါ။ THC က အစာစားချင်စိတ် ထိန်းချုပ်ရာနေရာနဲ့ အနံ့ခံအာရုံကြောကို လှည့်စားလိုက်လို့ ဗိုက်ပြည့်နေရင်တောင် အငမ်းမရ စားပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ စားလိုက်တဲ့ အစာတိုင်းကလည်း အနံ့အရသာနဲ့ ပြည့်စုံလွန်းနေတော့တာကိုး။


​THC ပြင်းအားများလွန်းရင် (သို့) အတွေ့အကြုံမရှိဘဲ သုံးမိရင်တော့ "Bad Trip" ဆိုတဲ့ အလွန်တရာမှ ဆိုးဝါးလှတဲ့ လက္ခဏာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဦးနှောက်ရဲ့ အကြောက်တရား ထိန်းချုပ်ရာနေရာကို အလွန်အကျွံ ဆွလိုက်မိသလိုဖြစ်ပြီး ရုတ်တရက် ထိတ်လန့်တာ (Panic attacks)၊ ယုံမှားသံသယ လွန်ကဲတာတွေ ဝင်လာတတ်ပါတယ်။ သွေးပေါင်ကျလို့ မတ်တတ်ရပ်လိုက်ရင် မျက်လုံးတွေပြာဝေပြီး ခေါင်းမူးတတ်ပါတယ်။


ပမာဏများလွန်းရင် ကယောင်ကတမ်းဖြစ်တာ (Acute Psychosis) အထိပါ ဖြစ်နိုင်ပါတယ်။


​သုံးစွဲနည်းအရ အခိုးအငွေ့ရှူတာက မိနစ်ပိုင်းအတွင်း ချက်ချင်းအာနိသင်ပြပြီး (၁) နာရီမှ (၃) နာရီအတွင်း ပြယ်ပါတယ်။ ဒါပေမယ့် အစားအသောက်ထဲ ထည့်လုပ်ထားတဲ့ (Edibles) တွေက အာနိသင်ပြဖို့ နာရီဝက်ကနေ နှစ်နာရီလောက် ကြာတတ်လို့ ဘာမှမဖြစ်သေးဘူးဆိုပြီး ထပ်စားမိရင် (၄) နာရီမှ (၈) နာရီအထိ ရှည်လျားစွာ ဒုက္ခပေးတတ်ပါတယ်။

...


✳ ​အချိန်ကြာလာတဲ့အခါ ခံစားရမယ့် လက္ခဏာများ


​ရေရှည်သုံးလာရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်က ပေးဆပ်ရမယ့်တန်ဖိုး ကြီးမားလာပြီး ဆယ်ကျော်သက်အရွယ်မှာ စသုံးမိရင် ပိုဆိုးပါတယ်။


​ဦးနှောက်ဟာ အသက် (၂၅) နှစ်ဝန်းကျင်အထိ ဖွံ့ဖြိုးနေဆဲဖြစ်ရာ အဲဒီအရွယ်မတိုင်ခင် THC တွေ အဆက်မပြတ် ဝင်လာရင် ဦးနှောက်တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံပါ ပြောင်းလဲသွားပါတယ်။ ဆယ်ကျော်သက်ကတည်းက အလွန်အကျွံ သုံးစွဲလာခဲ့သူတစ်ယောက်က ဉာဏ်ရည် (IQ) ၈ မှတ်လောက် ကျဆင်းတတ်ပြီး ဆေးဖြတ်ရင်တောင် ပြန်မတက်တော့ပါဘူး။ သင်ယူနိုင်စွမ်းကျဆင်းကာ ဘာမှကြိုးစားချင်စိတ်မရှိတော့တဲ့ "Amotivational Syndrome" ဖြစ်လာတတ်ပါတယ်။


​စိတ်ပိုင်းဆိုင်ရာမှာလည်း မျိုးရိုးထဲဖြစ်ဖို့ စိတ်ရောဂါအခံရှိသူတွေဟာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အလားအလာ များပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုကို သက်သာအောင် သုံးတတ်ကြပေမယ့် ရေရှည်မှာတော့ ရောဂါကို ပိုဆိုးစေပါတယ်။


​ခန္ဓာကိုယ်မှာ အဆုတ်ကို အရင်ဆုံးထိပါတယ်။ မီးခိုးငွေ့ရှူရလို့ ဆေးလိပ်လိုပဲ အဆိပ်အတောက်တွေ ပါဝင်ပြီး ရေရှည်သုံးရင် ချောင်းနာတာရှည်ဆိုးမယ်၊ သလိပ်ထွက်မယ်၊ အဆုတ်ပြွန်ရောင်မယ်။ ဒါပေမယ့် ဆေးခြောက်ကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။


​နောက်ထပ် ရှားပါးရောဂါကတော့ Cannabinoid Hyperemesis Syndrome (CHS) ပါ။ ဆေးခြောက် အလွန်အကျွံသုံးစွဲသူတချို့မှာ ဖြစ်တတ်ပြီး ရုတ်တရက် အပြင်းအထန် ပျို့အန်တာပါ။ အဲလိုဖြစ်ရင် သက်သာစေတဲ့ဆေးတော့ မရှိသေးပါဘူး။


​ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ သုံးရင် ကလေးဆီ THC ရောက်ပြီး ကလေး ပေါင်ချိန်မပြည့်တာ၊ လမစေ့ဘဲမွေးတာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

...


✳ ​"ငါမစွဲပါဘူးကွာ" ဆိုတဲ့ လိမ်ဆင်


​"သဘာဝအပင်မို့ လုံးဝ မစွဲဘူး" ဆိုတာ ခေတ်သစ် သိပ္ပံပညာအရ လုံးဝ မှားယွင်းပါတယ်။ ဆေးခြောက်က စွဲပြီး သုံးစွဲသူ ၃၀ ရာခိုင်နှုန်းလောက်ဟာ ဆေးစွဲခြင်း (Cannabis Use Disorder - CUD) ကို ခံစားရတတ်ပါတယ်။


​စွဲလမ်းခြင်းကို နားလည်ဖို့ ဦးနှောက်အစိတ်အပိုင်း သုံးခုကို ကြည့်ရပါမယ်။


• ​Basal Ganglia (Reward circuit)

ဆေးသုံးတိုင်း ဒိုပါမင်း ထုတ်ပေးလို့ ကြိမ်ဖန်များလာရင် ဆေးမပါဘဲ သာယာမှု မခံစားနိုင်တော့ပါဘူး။


• ​Extended Amygdala

စိတ်ဖိစီးမှု ထိန်းချုပ်တဲ့နေရာပါ။ ဆေးစွဲလာရင် အကဲဆတ်လာပြီး ဆေးအရှိန်ပြယ်တာနဲ့ စိုးရိမ်စိတ်၊ ဒေါသတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒုက္ခတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးရတဲ့ သံသရာထဲ ရောက်သွားပါတယ်။


​• Prefrontal Cortex

ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာဖြစ်ပြီး ရေရှည်မှာ အားနည်းသွားလို့ မှားမှန်းသိလျက်နဲ့ ဆေးသုံးချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။


​စွဲလမ်းရတဲ့ အကြောင်းရင်းကတော့ ပိုများများသုံးမှ အရင်လို ခံစားချက်ရတဲ့ "ဆေးမတိုးတော့ခြင်း" ကနေစပြီး ဆေးမရှိရင် ခန္ဓာကိုယ် ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ "မှီခိုလာခြင်း" အဆင့် ရောက်သွားပါတယ်။


​ဆေးရုတ်တရက်ဖြတ်ရင် "ဆေးဖြတ်လက္ခဏာများ" ကို ခံစားရပါတယ်။ အသက်အန္တရာယ် မရှိလောက်ပေမယ့် စိတ်တိုလွယ်မယ်၊ အိပ်မပျော်ဘူး၊ အိပ်မက်ဆိုးမက်မယ်၊ စိတ်ဓာတ်ကျပြီး အစားစားချင်စိတ် မရှိတော့ပါဘူး။ ဒါတွေကို မခံစားနိုင်လို့ ဆေးပြန်သုံးမိကြတာပါ။


​အသက် ၁၈ နှစ်မတိုင်ခင် စသုံးခဲ့သူတွေဟာ လူကြီးဖြစ်မှ စသုံးသူတွေထက် ဆေးစွဲဖို့ (၄) ဆမှ (၇) ဆအထိ ပိုများပါတယ်။ THC ပြင်းအားများတဲ့ ပစ္စည်းသုံးသူတွေ ပိုလျင်မြန်စွာ ဆေးစွဲတတ်ပါတယ်။ မျိုးရိုးထဲ မူးယစ်ဆေးပြဿနာရှိသူ၊ စိတ်ဒဏ်ရာ ရထားသူ၊ ဆေးသုံးတာကို လက်ခံတဲ့ အသိုက်အဝန်းကလာသူတွေနဲ့ ADHD လို စိတ်ကျန်းမာရေးဝေဒနာ အခံရှိသူတွေဟာ ဆေးစွဲသွားဖို့ အလွန်လွယ်ကူပါတယ်။


​(နောက်ဆုံးပိုင်းဖြစ်တဲ့ အပိုင်း - ၃ မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အသေးစိတ် ပြောပြသွားပါမယ်။)


စေတနာဖြင့်

အဓိပတိ


ကင်နာဘစ် Cannabis (သို့မဟုတ်) ဆေးခြောက်ဆိုတဲ့ အကောင် (အပိုင်း - ၃)


​ဆေးခြောက်အပင်ကပေးတဲ့ သာယာမှု၊ ဆေးစွမ်းထက်မှုတွေကို အမွှမ်းတင်ပြီးရင်တော့ လောကကြီးရဲ့ နိယာမအတိုင်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ သဘောတရားကိုလည်း မျက်ကွယ်ပြုထားလို့ မရပြန်ပါဘူး။ "အကြွေးယူရင် ပြန်ဆပ်ရမယ်" ဆိုတဲ့ စကားလိုပါပဲ။ ဆေးခြောက်ကို ရေရှည် အလွန်အကျွံ သုံးစွဲလာတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လို အကြွေးတွေ ပြန်ဆပ်ရမလဲဆိုတာကို ဆက်ပြောပြပါမယ်။


✳ ခန္ဓာကိုယ်ကြီးအပေါ် ရေရှည်ပေးဆပ်ရမယ့် အကြွေးများ


​လူတော်တော်များများက ဆေးခြောက်ကို သဘာဝအပင်ပဲလေဆိုပြီး ပေါ့ပေါ့တန်တန် တွေးတတ်ကြပါတယ်။ ဟုတ်ပါတယ်။ သဘာဝကလာတိုင်း အန္တရာယ်ကင်းတယ်လို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဆေးခြောက်ကို ရေရှည်သုံးစွဲလာတဲ့အခါ အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။


• ​အဆုတ်ကို ဒုက္ခပေးခြင်း


ဆေးခြောက်ကို အများဆုံးသုံးစွဲတဲ့ နည်းလမ်းက မီးရှို့သောက်တာ (Smoking) ပါပဲ။ "မီးခိုးဆိုတာ မီးခိုးပါပဲ"။ သစ်ရွက်ကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးငွေ့တိုင်းမှာ အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ၊ ကတ္တရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေစမြဲပါ။ ဆေးခြောက်ကို နေ့စဉ်ရက်ဆက် ဖွာနေတဲ့ သူတစ်ယောက်ရဲ့ အဆုတ်ဟာ ဆေးလိပ်သမား တစ်ယောက်ရဲ့ အဆုတ်လိုပဲ ယိုယွင်းလာပြီး နောက်ဆုံးတော့ နာတာရှည် လေပြွန်ရောင်ရောဂါကြီး စွဲကပ်သွားတတ်ပါတယ်။


• ​နှလုံးနဲ့ သွေးကြောများကို ဝန်ပိစေခြင်း


THC ဓာတ် သွေးကြောထဲ ရောက်တာနဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အချက် (၂၀) ကနေ (၅၀) အထိ မြန်သွားပါတယ်။ သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရာကနေ၊ အဲဒီလို ကျသွားတာကို ကာဗာလုပ်ဖို့ နှလုံးက အပြင်းအထန် အလုပ်လုပ်ရတဲ့အခါ သွေးပေါင်က ပြန်ပြီး ထိုးတက်သွားတတ်ပြန်ရော။ ဒါဟာ နှလုံးရောဂါ အခံရှိတဲ့သူတွေမှာ ရုတ်တရက် နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာမျိုးတွေ ဖြစ်နိုင်ခြေ သာမန်လူတွေထက် အဆပေါင်းများစွာ မြင့်မားသွားပါတယ်။


• ​အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ


ပျို့အန်တာကို သက်သာစေတဲ့ ဆေးခြောက်ကို အရမ်းအများကြီး နှစ်ပေါက်အောင် သုံးတဲ့သူတချို့မှာ စနစ်ပြောင်းပြန်လှန်ထွက်ပြီး အလွန်အမင်း ပျို့အန်ပါတော့တယ်။ ဆေးရုံသွားပြီး ဆေးထိုးလည်း မရပါဘူး။ ထူးဆန်းတာက ရေလေးနဲ့ ရေချိုးလိုက်ရင် ခဏတာ သက်သာစေပြီး ရေချိုးခန်းထဲက ထွက်တာနဲ့ ပြန်အန်ပါတယ်။ လုံးဝ သက်သာချင်ရင်တော့ ဆေးခြောက် သုံးစွဲနေတာကို ဘဝတစ်သက်တာလုံး ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။


​• ကိုယ်ဝန်ဆောင်များနှင့် သန္ဓေသား အန္တရာယ်


THC ဓာတ်ဟာ အချင်းကို အလွယ်တကူ ဖြတ်သန်းသွားနိုင်တဲ့အတွက် ဗိုက်ထဲက ကြီးထွားဆဲ သန္ဓေသားလေးဆီကို တိုက်ရိုက် ရောက်သွားပါတယ်။ ကလေးက ပုံမှန်မဖွံ့ဖြိုးတော့ဘဲ လမစေ့ဘဲ မွေးတာ၊ ပေါင်ချိန် မပြည့်တာတွေ ဖြစ်လာတဲ့အပြင် ကလေးကြီးလာတဲ့အခါမှာလည်း အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ် အားနည်းတာ၊ ပြဿနာဖြေရှင်းနိုင်စွမ်း ညံ့ဖျင်းတာစတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ တစ်သက်လုံး ပါသွားတတ်ပါတယ်။

...


​✳ စိတ်နဲ့ ဦးနှောက်ပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ


​ဦးနှောက်ဆိုတာ အသက် (၂၅) နှစ်လောက်အထိကို ရွှံ့စေးပျော့ပျော့လေးတစ်ခုလို ပုံသွင်းလို့ ရနေသေးတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီလို ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်အရွယ်မှာ THC ဓာတ်တွေ အဆက်မပြတ် ဝင်လာတဲ့အခါ ဦးနှောက်ရဲ့ တည်ဆောက်ပုံကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပါတော့တယ်။


• ​ဉာဏ်ရည်ကျဆင်းခြင်း


ဆယ်ကျော်သက်အရွယ်ကတည်းက အမြဲတမ်း သုံးစွဲလာတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အဲဒီကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ မူလရှိသင့်တဲ့ ဉာဏ်ရည် (IQ) ထဲကနေ ပျမ်းမျှ ၈ မှတ်လောက်အထိ ထာဝရ ဆုံးရှုံးသွားပြီး လူကြီးဖြစ်မှ ဆေးဖြတ်လိုက်ရင်တောင် ပြန်တက်မလာတော့ပါဘူး။


• ​စိတ်ကစဉ့်ကလျားရောဂါ


စိတ်ကျန်းမာရေးဝေဒနာ ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇလေး အနည်းငယ် ရှိနေသူတွေမှာ ဆေးခြောက်ကို ရေရှည် သုံးလိုက်တဲ့အခါ THC ဓာတ်က အဆင်းကို ဘီးတပ်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ စိတ်ဝေဒနာကို မြန်မြန်ခံစားရအောင် လုပ်လိုက်သလိုပဲပေါ့။ အခုခေတ်မှာ THC ပြင်းအားက အရင်ခေတ်တွေထက် ဆယ်ဆလောက် ပိုများနေလို့ ပြင်းအားများတဲ့ ဆေးခြောက်တွေကြောင့် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်တာ၊ ကယောင်ကတမ်း ဖြစ်တာတွေ ချက်ချင်း ဖြစ်ပေါ်တတ်ပါတယ်။


• ​စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း


စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများလို့ ကိုယ့်သဘောနဲ့ကိုယ် ဆရာကြီးလုပ်ပြီး သုံးတတ်ကြပါတယ်။ ခဏတဖြုတ်တော့ ရင်ထဲက အပူတွေ ငြိမ်းသွားသလို ခံစားရပေမယ့် ဒါဟာ အတုအယောင် သက်သက်ပါ။ ဟော်မုန်းစနစ်ကို ဆေးက ဝင်ထိန်းချုပ်လိုက်လို့ ဆေးအရှိန် ပြယ်သွားတာနဲ့ ပုံမှန်ထက်ပိုပြီး စိုးရိမ်ပူပန်လာတယ်။ စိတ်ဓာတ်ကျလာပါတယ်။ သက်သာအောင် ဆေးထပ်သုံးရင်း ပြယ်သွားရင် ပိုဆိုးလာကာ ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ သံသရာကြီးထဲမှာ ပိတ်မိသွားပါတော့တယ်။


​• ရည်မှန်းချက်များ ပျောက်ဆုံးခြင်း


THC က ဦးနှောက်ရဲ့ ဆုချီးမြှင့်တဲ့စနစ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်လို့ပါ။ သူတို့ရဲ့ နေ့စဉ်ဘဝကြီးက အိပ်ရာပေါ်မှာ လှဲနေမယ်၊ ဆေးလိပ်ဖွာမယ်၊ ဗိုက်ဆာရင် မှာစားမယ်၊ မျက်နှာကျက်ကိုကြည့်ပြီး ငေးနေမယ်ဆိုတာလောက်နဲ့ ကျေနပ်နေတတ်ပါတယ်။ အလုပ်ကြိုးစားချင်စိတ်၊ ဘဝတိုးတက်အောင် လုပ်ချင်စိတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီး လူ့အသိုက်အဝန်းကနေ တဖြည်းဖြည်း သီးခြား ကင်းကွာသွားတတ်ကြပါတယ်။

...


​ဒီအပင်ကြီးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ရှိသလို၊ တခြားဆေးဝါးတွေနဲ့ မတိုးတော့တဲ့ ရောဂါဝေဒနာရှင်တွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည် တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။


​နိုင်ငံတကာက ဥပဒေပြောင်းလဲမှုအနေနဲ့ အမေရိကန် နိုင်ငံမှာဆိုရင် အရင်က ဆေးခြောက်ကို တားမြစ်ဆေးဝါးအဆင့် (၁) သတ်မှတ်ထားရာကနေ မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလလောက်မှာပဲ DEA က တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးဖက်ဝင် ဆေးခြောက် (Medical Marijuana) တွေကို တားမြစ်ဆေးဝါး အဆင့် (၃) အဖြစ် လျှော့ချ သတ်မှတ်ပေးလိုက်ပါပြီ။ ဒါဟာ သေချာစနစ်တကျ သုံးရင် ဆေးဖက်ဝင်တယ်ဆိုတာကို အစိုးရကိုယ်တိုင်က တရားဝင်လက်ခံလိုက်တဲ့ သဘောပါပဲ။


​ဒါပေမယ့် သူငယ်ချင်းတွေ မြှောက်ပေးလို့ဖြစ်ဖြစ်၊ ဖက်ရှင်အနေနဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ခဏတာ မေ့ပျောက်ချင်လို့ အပျော်အပါးသက်သက် သုံးစွဲနေတယ် ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ ဦးနှောက်ဆဲလ်တွေ၊ မှတ်ဉာဏ်တွေ၊ အဆုတ်တွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို မီးခိုးငွေ့တွေနဲ့အတူ လောင်ကျွမ်း အဆုံးရှုံးခံမလားဆိုတာ သေချာဆင်ခြင်ဖို့ လိုပါတယ်။


​လောကကြီးမှာ အရာရာတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲလို့ နေပါတယ်။ ဓားတစ်လက်ဟာ ဆရာဝန် လက်ထဲရောက်ရင် လူ့အသက်ကို ကယ်တင်နိုင်တဲ့ ခွဲစိတ်ဓား ဖြစ်လာနိုင်သလို လူမိုက်လက်ထဲ ရောက်ရင်တော့ လူ့ အသက်ကို သေစေနိုင်တဲ့လက်နက် ဖြစ်သွားမှာ အသေအချာပါပဲ.....။


(လူယုတ်မာလက်ထဲ အာဏာရောက်သွားတော့ လူကောင်းတွေ ဘယ်လောက်တောင်မှ ပေးဆပ်လိုက်ရတယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ)


စေတနာဖြင့်

အဓိပတိ




***Telekyanmar - တယ်လီကျန်းမာ စာမျက်နှာမှကူးယူဖော်ပြသည်။ 


Friday, December 26, 2025

ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးနည်းလမ်းများ

 


                                                                                                      

သင့်ရဲ့ကျွမ်းကျင်မှုတွေကို ထက်မြက်စေခြင်း၊ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြုစုပျိုးထောင်ခြင်း သို့မဟုတ် သင့်ရဲ့ အချိန်နဲ့ ငွေကြေးနဲ့ ပိုပြီး သတိရှိရှိ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းဟာ သင့်ဘဝရဲ့ ကဏ္ဍတိုင်းမှာ အကျိုးဖြစ်ထွန်းစေတဲ့ ကိုယ့်ကိုယ်ကိုယ် လေး စားမှုရဲ့ လုပ်ရပ်တစ်ခုပါ။


ဒါက ပြီးပြည့်စုံမှု ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့ ပြောင်းလဲမှုတွေအကြောင်း မဟုတ်ပါဘူး။ အချိန်ကြာ လာတာနဲ့အမျှ ပေါင်းစပ်လာတဲ့ သေးငယ်တဲ့ ခြေလှမ်းတွေနဲ့ အလေ့အကျင့်အသစ်တွေနဲ့ ပတ်သက်ပါတယ်၊ ပိုမို ဟန်ချက်ညီပြီး ကျေနပ်စရာကောင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးပေးပါတယ်။ လာမယ့်လတွေကို သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ တိုးတက်မှုနဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် ရည်စူးခြင်းအားဖြင့် သင့်ဘဝနဲ့ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝတွေ ဘယ်လောက် ကြွယ်ဝလာနိုင်မလဲဆိုတာကို သင် အံ့အားသင့်သွားပါလိမ့်မယ်။


🟥 ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?


ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုနဲ့ ကျန်းမာကြံ့ခိုင်မှု အ တွက်တက်ကြွစွာလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါက အသစ်အဆန်းတွေကို သင်ယူခြင်း၊ ကိုယ့်ရဲ့ အရည်အချင်း တွေ ကို မြှင့်တင်ခြင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ ဖြစ်နိုင်ပါတယ်။ ကိုယ့် အတွက် အရေးကြီးတဲ့ ရည်မှန်းချက်တွေ ချမှတ်ပြီး အဲဒီရည်မှန်းချက်တွေကို တကယ်လုပ်ဆောင်ခြင်းနဲ့ ပတ်သက် ပါတယ်။ကိုယ့်ရဲ့ အကောင်းဆုံးပုံစံ ဖြစ်လာဖို့ ကတိကဝတ်တစ်ခုပါ။ ပြီးတော့ အံ့သြစရာကောင်းတာက ကိုယ့် ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်ရဲ့ဘဝကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရုံသာမက တ ခြားသူတွေအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေဖို့လည်း ပိုမိုကောင်းမွန်စွာ ပြင်ဆင် ထားရာ ရောက်ခြင်းပါပဲ။ 

ဒါဟာ ဘဝက ကိုယ့်ကို ပစ်ပေါက်လာတဲ့အရာမှန်သမျှကို ကိုင်တွယ်ဖြေရှင်းပြီး အခွင့် အလမ်းတွေကို ရယူနိုင်အောင် ကူညီပေးတဲ့ ခရီးတစ်ခုဖြစ်ပြီး ပိုမိုကျေနပ်ဖွယ်ကောင်းကာ ဟန်ချက်ညီတဲ့ ဘဝတစ်ခုကို ဦးတည်စေပါတယ်။


ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နည်းလမ်းကောင်း ၁၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။


၁။ တစ်သက်တာ သင်ယူမှုကို လက်ခံပါ🟩


ပညာရေးဟာ အတန်းထဲက ထွက်သွားတာနဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို တည်ဆောက်ပြီး တစ်သက်တာ သင်ယူမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီကမ္ဘာ မှာ သင်ယူစရာတွေ အများကြီး ရှိနေသေးပြီး အချက်အလက်အသစ်တွေ ရယူဖို့ နည်းလမ်းတွေ အများကြီး ရှိပါ တယ်။ အနိမ့်ဆုံးတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အတွက် လိုအပ်တဲ့အရည်အချင်းတွေ အဆက် မပြတ်ဖြည့်တင်းပါ။


၂။ သင့်စိတ်ကျန်းမာရေးကို ဦးစားပေးပါ🟩


လူအတော်များများက သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးကို အပျက်သဘော ဆောင်တဲ့ နည်းလမ်းဖြင့် သက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။ သင်ကရော အဲဒီလူတွေထဲက တစ်ဦး လား။ စိတ်ဖိစီးမှုအဆင့်တွေကို စီမံခန့်ခွဲဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန်စစ်ဆေး ခြင်းဖြင့် သင့်စိတ်ကျန်းမာရေးကို ဦးစားပေးပါ။ အနားယူဖို့၊ အမှားလုပ်မိဖို့နဲ့ နယ်နိမိတ်တွေ သတ်မှတ်ဖို့ သင့် ကိုယ်သင် ခွင့်ပြုချက်ပေးပါ။ သင်ယခုရောက်ရှိမယ်လို့ သင်ထင်ထားတဲ့နေရာကို တစ်နေ့ ရောက်ရှိလိမ့်မယ်လို့ နားလည်ပါ။


၃။ ရည်မှန်းချက်များ ချမှတ်ပါ🟩


ရည်မှန်းချက်တွေက ကြီးကျယ်စရာ မလိုပါဘူး။ အပြင်ထွက်စားသောက်ခြင်းကို တစ်လလျှင် တစ်ကြိမ် သာသတ်မှတ်ခြင်း သို့မဟုတ် သင့်ကိုယ်ရေးရာဇဝင်အကျဉ်းကို အပ်ဒိတ်လုပ်ချင်သလိုမျိုး ရိုးရှင်းနိုင်ပါတယ်။ 


၄။ အကြံပေးအား ရှာဖွေချဥ်းကပ်ပါ🟩


သင့်ရည်မှန်းချက်တွေဆီ ရောက်ရှိရေး ပိုမိုနီးကပ်စေဖို့အတွက်ပဲဖြစ်ဖြစ် သင့်ပြဿနာအရေးကိစ္စတွေ ဖြေရှင်းရာမှာပဲဖြစ်ဖြစ် သင့်ကို ကူညီလမ်းညွှန်ပေးမယ့် သက်ဆိုင်ရာအကြံပေးတွေကို ရှာဖွေချဥ်းကပ်ပါ။ 


၅။ ဒိုင်ယာရီ စတင်ရေးသားပါ🟩


ဆင်ခြင်သုံးသပ်ဖို့၊ စီစဉ်ဖို့၊ မြင်ယောင်ကြည့်ဖို့နဲ့ ခွင့်လွှတ်ဖို့ အကောင်းဆုံးနဲ့ ဘေးကင်းတဲ့ နေရာတစ်ခုကို ပြပါဆိုရင် ဒိုင်ယာရီစာအုပ်ပါ။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း၊ ပြဿနာတွေကို ဖော်ထုတ်ခြင်းနဲ့ ပြဿနာတွေကို ဖြေ ရှင်းခြင်းလိုမျိုး ဒိုင်ယာရီရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကျေးဇူးတင်တတ်တဲ့စိတ်ကို လေ့ကျင့်ဖို့နဲ့ ရည်မှန်းချက်တွေ ချမှတ်ဖို့လည်း အကောင်းဆုံးနေရာတစ်ခုပါပဲ။


၆။ ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ🟩


သင့်မှာရှိတဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ဖို့ ကျေးဇူးတော်ချီးမွမ်းခြင်းအထိ စောင့်စရာမလိုပါဘူး။ ဘဝမှာ အမြင်မှန်ရပြီး သက်တောင့်သက်သာရှိစေဖို့အတွက် ကျေးဇူးတင်တတ်တဲ့အကျင့်ကို ပုံမှန်လေ့ကျင့်ပါ။ 


၇။ မကောင်းတဲ့အကျင့်ကို ဖျောက်ဖျက်ပါ🟩


ကိုယ့်ရဲ မကောင်းတဲ့အကျင့်က ဘာလဲ။ စိတ်ခံစားမှုအရ ငွေဖြုန်းတီးတာ၊ ဆေးလိပ်သောက်တာ၊ စက် ပစ္စည်းတစ်ခုအတွက် အချိန်အများကြီး ဖြုန်းတာပဲဖြစ်ဖြစ်၊ သင့်မှာ တစ်ခုခုရှိတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ကျွန်မတို့အားလုံးမှာ ရှိပါတယ်။ မကောင်းတဲ့အကျင့်ကို နောက်ဆုံးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားကြရအောင်။  ဒီအကျင့်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရတာလဲဆိုတဲ့ အကြောင်းရင်းအားလုံး (ဥပမာ - ဒါက သင့်ရဲ့ ငွေကြေး၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိလဲ) နဲ့ နောက် ဆုံးမှာ ဖယ်ရှားပစ်ဖို့လုပ်ဆောင်မယ့်ခြေလှမ်းအားလုံး (ဥပမာ - အပျက်သဘောဆောင်တဲ့ အကျင့်ကို အပြုသ ဘောဆောင်တဲ့ အကျင့်နဲ့ အစားထိုးတာ) စာရင်းကို သင့်ရဲ့ ဒိုင်ယာရီမှာ ရေးပါ။ 


၈။ စနစ်တကျ စီစဉ်ပါ🟩


သင့်ရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာရှိလဲဆိုတာ သိလား။ သင့်ရဲ့ ဆင်းမ်ကတ် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်ကို ရုတ်တရက် ရှာတွေ့နိုင်လား။ သင့်ရဲ့ ငွေကြေး၊ ရုံးခန်း၊ အိမ်စတာတွေအတွက် ထိရောက်တဲ့ စနစ်တကျ စီစဉ်မှုစနစ်တစ်ခု ထူထောင်ဖို့ အချိန်ယူပါ။ အရာအားလုံးမှာ နေရာတစ်ခု ရှိသင့်ပါတယ်၊ 


၉။ ရွှေ့ဆိုင်းမှု လျှော့ချပါ🟩


ကျွန်တော်တို့အားလုံး အချိန်ရွှေ့ဆိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်သူက ဒုက္ခခံစားရမှာလဲ။ ကျွန်မတို့ ဒုက္ခခံစားရမှာပါ။ စတင်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ပြီးမြောက်အောင်လုပ်ဖို့ ရွှေ့ဆိုင်းထားတဲ့ အရာအား လုံးကို စာရင်းပြုစုပြီး ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အစီအစဉ်ဆွဲပါ။ ပိုလွယ်ကူတဲ့ အလုပ်တွေနဲ့ အရင်စပြီး ပိုခက်ခဲတဲ့ အလုပ်တွေကို ကိုင်တွယ်ပါ။ 


၁၀။ ရှုပ်ပွနေတဲ့ အရာတွေကို ဖယ်ရှားပါ🟩


အသစ်တစ်ဖန် စတင်ဖို့အတွက် အကောင်းဆုံး အကြံပြုချက်တစ်ခုက ဘာလဲ။ သင့်ဘဝရဲ့ ရှုပ်ပွနေတဲ့ အရာတွေကို ဖြတ်လိုက်ပါ။ 


လင်းလက်တောက်ပစေဖို့အတွက် သင့်ဘဝရဲ့ လူတွေ၊ ပစ္စည်းတွေ၊ အစားအစာတွေ၊ အလေ့အထတွေ စတာတွေကိုလည်း ရှင်းရှင်ငလင်လင်း သပ်သပ်ရပ်ရပ် ထားရှိပါ။


၁၁။ ဘတ်ဂျက်တစ်ခု ရေးဆွဲပါ🟩


ဘတ်ဂျက်တစ်ခု မရေးဆွဲရသေးဘူးဆိုရင် လက်ရှိအချိန်ထက် ပိုကောင်းတဲ့အချိန် မရှိပါဘူး။ တစ်လ လောက် အချိန်ပေးပြီး ငွေကြေးဒိုင်ယာရီမှာ သင့်ရဲ့ဘဏ္ဍာရေးကို ခြေရာခံပါ၊ သင့်ရဲ့ အသုံးစရိတ်တွေကို စာရင်း ပြုစုပါ၊ ပြီးရင် ရရှိနိုင်တဲ့ ဘတ်ဂျက်တစ်ခုနဲ့ သင့်ရဲ့ဘဏ္ဍာရေးရည်မှန်းချက်တွေကို ရောက်ရှိအောင် ကူညီပေးမယ့် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။  


(ခင်အေးချမ်း)

Ref: Ways to Invest in Yourself

Saturday, December 20, 2025

ဇီဝနည်းပညာ (Biotechnology) လမ်းညွှန်

 ဇီဝနည်းပညာ (Biotechnology) လမ်းညွှန် - အခြေခံမှ ကျွမ်းကျင်အဆင့်ထိ လေ့လာနည်း




မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့တော့ ခေတ်မီပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ "Biotechnology" (ဇီဝနည်းပညာ) အကြောင်းကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဇီဝနည်းပညာဆိုတာ ဘာလဲလို့ မေးရင် အလွယ်ဆုံး ပြောရမယ်ဆိုရင် "သက်ရှိတွေကို အသုံးချပြီး လူသားတွေအတွက် အကျိုးရှိမယ့် ပစ္စည်းတွေ၊ နည်းပညာတွေ ထုတ်လုပ်ခြင်း" လို့ ပြောလို့ရပါတယ်။


ဥပမာ - ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားဖြစ်တဲ့ ပဲငါးပိ၊ မုန့်တီ၊ ဒိန်ချဉ် လုပ်တာတွေဟာ ရှေးကျတဲ့ ဇီဝနည်းပညာ (Traditional Biotechnology) တစ်မျိုးပါပဲ။ ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) မှာတော့ အဏုဇီဝပိုးမွှားလေးတွေ၊ ဆဲလ် (Cells) တွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ဆေးဝါးတွေထုတ်တာ၊ အပင်မျိုးစိတ်သစ်တွေ ဖန်တီးတာတွေအထိ လုပ်ဆောင်လာကြပါပြီ။ ကွန်ပျူတာမှာ Code ရေးသလိုမျိုး သက်ရှိတွေရဲ့ DNA ကို ပြုပြင်ပြောင်းလဲပြီး "Life" ကို "Design" လုပ်တဲ့ သဘောတရားမျိုးလို့ မြင်ကြည့်နိုင်ပါတယ်။


ဒီဘာသာရပ်ကို စတင်လေ့လာဖို့ အဓိက သဘောတရား (၃) ခုကို အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်။


Genetic Engineering (မျိုးရိုးဗီဇ အင်ဂျင်နီယာပညာ): ဒါကတော့ သက်ရှိတစ်ခုရဲ့ DNA (မျိုးရိုးဗီဇ) ကို ကွန်ပျူတာစာစီသလို ဖြတ်ညှပ်ကပ် လုပ်တဲ့နည်းပညာပါ။ ဥပမာ - ဘက်တီးရီးယားပိုးလေးတွေရဲ့ DNA ထဲကို အင်ဆူလင် (Insulin) ထုတ်ပေးတဲ့ မျိုးရိုးဗီဇ ထည့်ပေးလိုက်ရင် အဲဒီပိုးလေးတွေက ဆီးချိုရောဂါသည်တွေအတွက် ဆေးဝါးထုတ်ပေးတဲ့ စက်ရုံလေးတွေ ဖြစ်သွားကြပါတယ်။


Bioprocessing & Fermentation (ဇီဝဖြစ်စဉ်များနှင့် အချဉ်ဖောက်ခြင်း): ဒါကတော့ သက်ရှိပိုးမွှားလေးတွေကို စနစ်တကျ မွေးမြူပြီး သူတို့ဆီကနေ အကျိုးရှိတဲ့ ပစ္စည်းတွေ ထုတ်ယူတာပါ။ ဘီယာချက်သလိုမျိုး အကြီးကြီး စဉ်းစားလို့ရပေမယ့် ဒီမှာတော့ ဆေးဝါးတွေ၊ ဇီဝလောင်စာ (Biofuel) တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။


Bioinformatics (ဇီဝသတင်းအချက်အလက် နည်းပညာ): ဇီဝဗေဒနဲ့ ကွန်ပျူတာသိပ္ပံ ပေါင်းစပ်ထားတာပါ။ သက်ရှိတွေရဲ့ DNA အချက်အလက်တွေက အရမ်းများပြားလွန်းတဲ့အတွက် ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေသုံးပြီး အဖြေရှာ၊ ခွဲခြမ်းစိတ်ဖြာတဲ့ ပညာရပ် ဖြစ်ပါတယ်။


အခုဆိုရင် ဇီဝနည်းပညာကို စတင်လေ့လာဖို့ အဆင်သင့်ဖြစ်ပြီ ထင်ပါတယ်။ အောက်ပါ အခမဲ့ ရင်းမြစ်တွေကို အဆင့်လိုက် လေ့လာကြည့်ကြရအောင်။


🎯 Foundational Knowledge (Beginner)

ဒီအဆင့်မှာတော့ ဇီဝဗေဒရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ DNA၊ ဆဲလ် (Cell) တွေအကြောင်းနဲ့ ဇီဝနည်းပညာရဲ့ အစပျိုး သဘောတရားတွေကို လေ့လာရပါမယ်။


https://www.khanacademy.org/science/biology/biotech-dna-technology [Khan Academy ရဲ့ သင်ခန်းစာတွေက အရမ်းရှင်းလင်းပါတယ်။ DNA ဆိုတာဘာလဲ၊ မျိုးရိုးဗီဇ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အခြေခံကစပြီး မြန်မာကျောင်းသားတွေ နားလည်လွယ်အောင် ရုပ်ပုံတွေနဲ့ ရှင်းပြထားပါတယ်။]


https://www.edx.org/learn/biology/massachusetts-institute-of-technology-introduction-to-biology-the-secret-of-life [ကမ္ဘာကျော် MIT တက္ကသိုလ်က ပို့ချတဲ့ သင်တန်းဖြစ်ပြီး ဇီဝဗေဒရဲ့ လျှို့ဝှက်ချက်တွေကို အခြေခံကျကျ သင်ကြားပေးပါတယ်။ ဘဝရဲ့ အသက်သွေးကြောဖြစ်တဲ့ DNA နဲ့ Protein တွေအကြောင်း ကောင်းကောင်း နားလည်သွားစေမယ့် သင်တန်းပါ။]


https://www.youtube.com/playlist?list=PL3EED4C1D684D3ADF [CrashCourse Biology ဟာ ပျော်စရာကောင်းပြီး မြန်ဆန်တဲ့ ဗီဒီယိုအတိုလေးတွေနဲ့ ရှင်းပြထားတာမို့ ပျင်းဖို့မကောင်းပါဘူး။ ဇီဝနည်းပညာနဲ့ ပတ်သက်တဲ့ အခြေခံတွေကို လွယ်လွယ်ကူကူ မှတ်မိစေပါတယ်။]


https://www.nature.com/scitable/topicpage/introduction-to-genetics-and-biotechnology-456/ [Nature Education က ဖန်တီးထားတဲ့ ဒီစာမျက်နှာမှာ မျိုးရိုးဗီဇနဲ့ ဇီဝနည်းပညာ အခြေခံတွေကို ဆောင်းပါးတိုလေးတွေနဲ့ ဖတ်ရှုနိုင်ပါတယ်။ စာဖတ်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။]


https://www.labxchange.org/library/clusters/biotechnology-inc [Harvard တက္ကသိုလ်က ဦးစီးတဲ့ LabXchange မှာ လက်တွေ့စမ်းသပ်ခန်း (Lab) ထဲမှာ ဘယ်လိုလုပ်ရလဲဆိုတာကို Virtual စနစ်နဲ့ လေ့လာနိုင်ပါတယ်။ စာတွေ့တင်မကဘဲ လက်တွေ့သဘောတရားတွေကိုပါ မြင်သာစေပါတယ်။]


https://www.ncbi.nlm.nih.gov/About/primer/genetics_molecular.html [NCBI ဆိုတာ ဇီဝဗေဒ သုတေသနသမားတွေရဲ့ စာကြည့်တိုက်ကြီးပါ။ ဒီ Science Primer စာမျက်နှာမှာ မော်လီကျူး ဇီဝဗေဒ (Molecular Biology) အကြောင်း အပြည့်စုံဆုံးနဲ့ အတိကျဆုံး ဖတ်ရှုနိုင်ပါတယ်။]


🎯 Intermediate Concepts

အခြေခံ ပိုင်နိုင်ပြီဆိုရင်တော့ ပိုပြီးနက်ရှိုင်းတဲ့ နည်းပညာတွေ၊ စက်မှုလုပ်ငန်းသုံး ဇီဝနည်းပညာ (Industrial Biotech) တွေအကြောင်း ဆက်လေ့လာကြပါမယ်။


https://www.coursera.org/learn/industrial-biotech [University of Manchester က ပို့ချတဲ့ ဒီသင်တန်းမှာတော့ ဓာတ်ခွဲခန်းကနေ စက်ရုံအဆင့်ရောက်အောင် ဘယ်လိုထုတ်လုပ်လဲဆိုတဲ့ "Industrial Biotechnology" အကြောင်းကို အဓိကထား သင်ကြားပေးပါတယ်။]


https://ocw.mit.edu/courses/7-01sc-fundamentals-of-biology-fall-2011/ [MIT OpenCourseWare ကနေ တက္ကသိုလ်အဆင့် သင်ခန်းစာတွေကို အခမဲ့ ရယူနိုင်ပါတယ်။ ဒီသင်ခန်းစာတွေက Recombinant DNA နည်းပညာ (DNA ဖြတ်ညှပ်ကပ်) ကို သေချာ နားလည်စေပါလိမ့်မယ်။]


https://archive.nptel.ac.in/courses/102/105/102105058/ [အိန္ဒိယနိုင်ငံက နာမည်ကြီး IIT တက္ကသိုလ်များရဲ့ NPTEL ပလက်ဖောင်းဖြစ်ပြီး Bioprocess Engineering (ဇီဝဖြစ်စဉ် အင်ဂျင်နီယာ) အကြောင်းကို အသေးစိတ် သင်ကြားပေးပါတယ်။ စက်မှုပိုင်း စိတ်ဝင်စားသူတွေအတွက် မရှိမဖြစ်ပါ။]


https://www.coursera.org/learn/genomic-technologies [Johns Hopkins တက္ကသိုလ်ရဲ့ သင်တန်းဖြစ်ပြီး မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာတဲ့ Genomics နည်းပညာတွေအကြောင်း အထူးပြု သင်ကြားပေးပါတယ်။ ခေတ်မီ ဆေးပညာဘက်ကို ဦးတည်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။]


https://www.youtube.com/user/TheShomuNs [Shomu's Biology YouTube ချန်နယ်ကတော့ အိန္ဒိယဆရာတစ်ယောက် သင်ထားတာဖြစ်ပြီး နည်းပညာတစ်ခုချင်းစီ (ဥပမာ - PCR, Western Blotting) ကို ကျောင်းစာမေးပွဲ ဖြေမယ့်သူတွေ နားလည်လွယ်အောင် ပုံဆွဲပြီး ရှင်းပြပေးပါတယ်။]


https://learn.genetics.utah.edu/content/science/ [University of Utah ရဲ့ ဝဘ်ဆိုက်ဖြစ်ပြီး ပိုမိုရှုပ်ထွေးတဲ့ မျိုးရိုးဗီဇဆိုင်ရာ သဘောတရားတွေကို Interactive ဖြစ်တဲ့ ဂိမ်းလေးတွေ၊ Animation လေးတွေနဲ့ လေ့လာနိုင်ပါတယ်။]


🎯 Expert-Level Concepts

ဒီအဆင့်ကတော့ သုတေသနပညာရှင်တွေ၊ ပါရဂူတန်း တက်နေသူတွေအတွက် ရည်ရွယ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သုတေသနစာတမ်းတွေကို ဖတ်ရှုလေ့လာရမယ့် အဆင့်ပါ။


https://pubmed.ncbi.nlm.nih.gov/ [ကမ္ဘာပေါ်မှာရှိတဲ့ ဇီဝဆေးပညာဆိုင်ရာ သုတေသနစာတမ်းပေါင်း သန်းချီကို ရှာဖွေနိုင်တဲ့ နေရာပါ။ ကျွမ်းကျင်အဆင့် ရောက်ဖို့ဆိုရင် Research Paper တွေကို ဖတ်တတ်၊ သုံးသပ်တတ်ဖို့ လိုအပ်ပါတယ်။]


https://www.biorxiv.org/ [သိပ္ပံပညာရှင်တွေက ဂျာနယ်တွေမှာ တရားဝင် မပုံနှိပ်ခင် သူတို့ရဲ့ နောက်ဆုံးပေါ် တွေ့ရှိချက်တွေကို တင်ပြထားတဲ့ နေရာပါ။ ကမ္ဘာ့အဆင့်မီ နည်းပညာအသစ်တွေကို အမြန်ဆုံး သိရှိနိုင်ပါတယ်။]


https://scholar.google.com/ [မိမိ သိချင်တဲ့ အကြောင်းအရာတစ်ခု (ဥပမာ - CRISPR Cas9) ကို ရိုက်ထည့်လိုက်တာနဲ့ သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ စာတမ်းတွေ၊ စာအုပ်တွေကို ရှာဖွေပေးမယ့် ပညာရှင်သုံး ရှာဖွေရေး အင်ဂျင်ပါ။]


https://www.ibiology.org/ [ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးတွေ၊ နိုဘယ်ဆုရှင်တွေ ကိုယ်တိုင် လာရောက် ဟောပြောတဲ့ ဗီဒီယိုတွေ ရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ မပါသေးတဲ့ ရှေ့ပြေး အသိပညာတွေကို ဒီကနေ ရနိုင်ပါတယ်။]


https://synthetichealth.github.io/ [Synthetic Biology (ဒြပ်ပေါင်း ဇီဝဗေဒ) လို့ခေါ်တဲ့ အဆင့်မြင့် ပညာရပ်အတွက် လိုအပ်တဲ့ Software Tools တွေနဲ့ သင်ခန်းစာတွေကို စုစည်းပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။]


🎯 Industry & Community Resources

စာတွေ့ချည်းပဲ တတ်လို့ မရပါဘူး။ လက်ရှိ ကမ္ဘာ့ဈေးကွက်မှာ ဘာတွေဖြစ်နေလဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေက ဘယ်လိုလဲဆိုတာ သိဖို့ ဒီဝဘ်ဆိုက်တွေကို မျက်ခြေမပြတ် ကြည့်သင့်ပါတယ်။


https://www.fiercebiotech.com/ [Biotech လောကရဲ့ နေ့စဉ် သတင်းစာလို့ ပြောလို့ရပါတယ်။ ကုမ္ပဏီအသစ်တွေ၊ ဆေးဝါးစမ်းသပ်မှု အခြေအနေတွေနဲ့ စီးပွားရေး သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်ပါတယ်။]


https://www.labiotech.eu/ [ဥရောပအခြေစိုက် Biotech သတင်းတွေကို အဓိက ဖော်ပြပေမယ့် ဆောင်းပါးတွေက အရမ်းကောင်းပါတယ်။ နည်းပညာ သုံးသပ်ချက်တွေ၊ Startup အသစ်တွေအကြောင်း စုံစုံလင်လင် ပါရှိပါတယ်။]


https://www.genengnews.com/ (GEN - Genetic Engineering & Biotechnology News) [ဒီနယ်ပယ်မှာ သက်တမ်းအရင့်ဆုံး သတင်းဌာနတစ်ခုပါ။ နည်းပညာပိုင်းဆိုင်ရာ သတင်းတွေသာမက လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတတွေကိုပါ ရရှိနိုင်ပါတယ်။]


https://www.biospace.com/ [Biotech အလုပ်အကိုင် ရှာဖွေရေးနဲ့ သတင်းဝဘ်ဆိုက်ပါ။ နိုင်ငံတကာမှာ ဘယ်လိုရာထူးတွေ ခေါ်နေလဲ၊ လစာတွေ ဘယ်လိုရှိလဲဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ Career ကို ပြင်ဆင်နိုင်ပါတယ်။]


https://www.reddit.com/r/biotech/ [ကမ္ဘာတစ်ဝန်းက Biotech ပညာရှင်တွေ၊ ကျောင်းသားတွေ စုဝေးရာ Community ပါ။ ကိုယ်မသိတာရှိရင် မေးမြန်းနိုင်သလို၊ သူများတွေရဲ့ အတွေ့အကြုံ (အလုပ်လျှောက်တာ၊ ကျောင်းတက်တာ) တွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။]


ဒီလမ်းညွှန်လေးက မိတ်ဆွေအတွက် ဇီဝနည်းပညာ လောကထဲကို ခြေလှမ်းစတင်ဖို့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဘာသာရပ်က ကျယ်ပြန့်တဲ့အတွက် ဖြည်းဖြည်းချင်းစီ စိတ်ရှည်ရှည်နဲ့ လေ့လာသွားဖို့ အကြံပြုချင်ပါတယ်။

Monday, June 9, 2025

"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ"

"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ" 




နေရာတကာမှာ သူပဲ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်၊ အာရုံစိုက်ခံချင်တဲ့သူတွေကို ကြုံဖူးပါသလား။


ဒီလိုလူတွေ တွေ့ရတဲ့အခါ စိတ်ထဲ စနိုးစနောင့်ဖြစ်မိ၊ ဘဝင်မတွေ့စရာ ဖြစ်မိနိုင်ပေမဲ့ ဒီလိုအကျင့်စရိုက်ရှိသူ အချို့တွေဟာ Histrionic personality disorder (HPD) လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်နိုင်ပါတယ်တဲ့နော်။ 


Historic ဆိုတာက အင်္ဂလိပ်ဆို dramatic ၊ မြန်မာလိုဆို မူရာမာယာပိုတာ အကဲပိုတာကို ဆိုလိုပါတယ်။ Histrionic personality disorder (HPD) ဆိုတာကတော့ ပြင်းပြင်းထန်ထန် စိတ်ခံစားချက် မတည်မငြိမ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူအများအာရုံစိုက်ခံရအောင်၊ ပေါ်ပြူလာဖြစ်အောင် အတင်းပုံသွင်းလုပ်ယူနေမိတဲ့ စိတ်ရောဂါပဲ ဖြစ်ပါတယ်။ Cluster B လို့ခေါ်တဲ့ "စရိုက်လက္ခဏာဆိုင်ရာ စိတ်ရောဂါများ" အုပ်စုမှာ ပါဝင်ပါတယ်။


ဒီရောဂါရှိသူတွေဟာ ကိုယ်တိုင်ယုံကြည်မှုမရှိတော့ဘဲ တခြားသူများရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်ကိုသာ အတည်မှတ်ယူနေတတ်ကြပါတယ်။ ဒါကြောင့် လူတွေသတိထားမိ‌စေဖို့အတွက် လုပ်သင့်တယ်/မလုပ်သင့်ဘူး မစဉ်းစားနိုင်တော့ဘဲ အာရုံစိုက်ခံရမယ့် အရာမှန်သမျှကို လုပ်ပြတော့တာပဲ ဖြစ်ပါတယ်။ အတွေးအခေါ်အယူအဆတွေကအစ မှားယွင်းလာပြီး ကိုယ့်ရဲ့အကျင့်စရိုက်အမှန်တွေပါ ပျောက်ဆုံးသွားပါတော့တယ်။

..

..


ဒီစိတ်ရောဂါက များသောအားဖြင့် ဆယ်ကျော်သက်ဘဝကို ကုန်လွန်ခါနီးအရွယ်နဲ့ အသက် (၂၀) ဝင်ခါစအရွယ်တွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးများနဲ့ မွေးဖွားစဉ်က အမျိုးသမီးအဖြစ် သတ်မှတ်ထားခံရသူများက အမျိုးသားများနဲ့ မွေးဖွားစဉ်က အမျိုးသားအဖြစ် သတ်မှတ်ထားခံရသူများထက်စာရင် ပိုအဖြစ်များပါတယ်။ လူဦးရေရဲ့ (၁) ရာခိုင်နှုန်းလောက်မှာသာ ဖြစ်တတ်တဲ့ ရှားပါးစိတ်ရောဂါလည်း ဖြစ်ပါတယ်။ 


အဓိကရောဂါလက္ခဏာက အာရုံစိုက်ခံရဖို့အတွက် တစ်ခုခုဆို အကဲပိုပြတာ၊ စိတ်ခံစားချက်ကို လိုတာထက် ပိုပြတာ၊ လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုမရှိရှိအောင် နေတာတွေပဲ ဖြစ်ပါတယ်။ 


ဒါတွေအပြင်....


- အာရုံစိုက်မခံရတော့တဲ့အခါ စိတ်ဓာတ်ကျဆင်းပြီး အချစ်မခံရသလို၊ တန်ဖိုးထားမခံရသလို၊ အသိအမှတ်ပြုမခံရသလို ခံစားသွားခြင်း


- စိတ်ခံစားချက် အပြောင်းအလဲမြန်လွန်းခြင်း


- မိမိအာရုံစိုက်ခံရဖို့ဆို မိသားစုနဲ့ သူငယ်ချင်းများကို အရှက်ရစေတဲ့အပြုအမူများ၊ အရှက်ခွဲခြင်းများပါ ပြုလုပ်မိလာခြင်း 


- မိမိကိုယ်ကို အရာရာထက် အရေးပါတယ်လို့ သတ်မှတ်ထားခြင်း 


- ချစ်ချင်ကြိုက်ချင်စရာ အလွန်ကောင်းပုံနဲ့ အမြဲတမ်း သူတစ်ပါးကို ပရော်ပရည်လုပ်မိနေခြင်း (ခေတ်အခေါ် Flirt မိနေခြင်း)


- အပြင်ပန်းရုပ်ရည်သွင်ပြင်ကိုသာ အာရုံစိုက်နေခြင်း


- ဆွဲဆောင်မှုရှိပုံပေါ်တဲ့ အဝတ်အစားများကိုသာ ဝတ်ချင်ပြီး၊ ဝတ်ပြီးပါကလည်း အများကကြည့်တာကို ခံယူလိုခြင်း


- လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိအောင် အတင်းလုပ်ယူနေမိခြင်း


- အခြားသူက ထောက်ပြပြောဆိုမှုများကို အသေးအဖွဲဖြစ်ပါစေ အာရုံစိုက်မိနေခြင်း


- မိမိရဲ့မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတဲ့ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုများကသာ အခြားသူများထက် သာလွန်ခိုင်မာတယ်ဟု ထင်နေခြင်း၊ လက်တွေ့မှာတော့ မိသားစုကအစ မည်သူနဲ့မဆို ဆက်ဆံရေးပြေလည်အောင် ထိန်းနိုင်ဖို့ရာ ခက်နေခြင်း


- အမြဲလိုလို သူတစ်ပါးရဲ့ အားပေးထောက်ခံမှုကို တောင့်တနေမိခြင်းတို့ပဲ ဖြစ်ပါတယ်။

..

..


HPD စိတ်ရောဂါကို ခံစားရတဲ့အကြောင်းရင်းများက...


- မျိုးရိုးလိုက်ခြင်း


- ကလေးဘဝက စိတ်ဒဏ်ရာရရှိခြင်း၊ အကြမ်းဖက်ခံရခြင်း


- မိဘအုပ်ထိန်းမှုမှားယွင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။

..

..


HPD ဖြစ်နေသူအများစုက ကိုယ်တိုင်သတိမထားမိကြဘဲ အာရုံစိုက်မှုမရတော့လို့ စိတ်ဓာတ်အလွန်အမင်းကျဆင်းလာကြတဲ့အချိန်၊ သူတို့ရဲ့အပြုအမူကြောင့် အလုပ်၊ ချစ်သူ၊ မိသားစု၊ သူငယ်ချင်းတွေကို ဆုံးရှုံးသွားတဲ့အချိန်မှ စိတ်ရောဂါခံစားနေရမှန်း သိသွားကြပါတယ်။ 


ဒါပေမဲ့ ကိုယ့်စိတ်ခံစားချက် မှားယွင်းနေမှန်း လက်မခံတတ်ကြသေးတာကြောင့် ကုသတဲ့အခါ ဆေးဝါးနဲ့ အခြားစိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုတွေအစား "နားလည်လာအောင် ဆွေးနွေးပြောဆိုကုသခြင်း" (Psychotherapy) သုံးပြီး ကုသရပါတယ်။ 

.


မိမိရဲ့မိသားစုဝင်၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ်၊ ကိုယ်တိုင်ဖြစ်ဖြစ် သာမန်ထက်လွန်ကဲတဲ့ အပြုအမူ၊ စိတ်ထား၊ အကျင့်လက္ခဏာတွေကြုံတွေ့ရတဲ့အခါ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလည်း နောက်ဆုံးပိတ်အနေနဲ့ သတင်းပါးပါရစေနော်။ 


(ကိုးကား) Reference : 📖

https:// my. clevelandclinic. org /health/diseases/9743-histrionic-personality-disorder

Monday, February 17, 2025

ကျော်မသွားသင့်တဲ့ Websites (8) ခု

စာဖတ်တဲ့အ​လေ့အကျင့်ရလာပြီး Reading ဆိုမ​ကြောက်ရ​အောင် ကျော်မသွားသင့်တဲ့ Websites (8) ခု




• စာအုပ်ဆိုရင် ပြီးအောင်မဖတ်နိုင်ဘူး

• တစ်နေ့ နည်းနည်းချင်းစီနဲ့ စာဖတ်တဲ့အလေ့အကျင့်လုပ်ချင်တယ်

• ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်အလိုက် ဖတ်နိုင်ပြီး

• Vocabulary, Comprehension Skills တွေအပြင် General Knowledge ပါတိုးလာစေမဲ့ Website ‌တွေကိုမျှဝေပေးချင်ပါတယ်။


👉 ဒီ Websites တွေက Beginner - Advanced Level အလိုက် ရွေးဖတ်နိုင်ပါတယ်။


𝗔𝗹𝗹 𝗶𝗻 𝗼𝗻𝗲


All in one ဆိုတဲ့အတိုင်း Science, Personal Development, Psychology, Entertainment, Technology, Business အပြင် အခြား Topics တွေစုံစုံလင်လင်ကို တစ်နေရာထဲမှာဖတ်နိုင်မဲ့ Websites (3) ခုဖြစ်ပါတယ်။


Scholarship လျောက်ဖို့ပြင်နေတဲ့သူတွေအတွက်

https://www.facebook.com/share/p/1F5NHg5mvy/?mibextid=wwXIfr


🔺️ Medium 

https://medium.com/?tag=productivity


နိုင်ငံတကာက စာရေးဝါသနာပါသူတွေစုနေတဲ့ Website တစ်ခုဖြစ်ပြီး Self improvement ကစ Programming အထိ စိတ်ဝင်စားတဲ့ Topic ကိုရွေးဖတ်နိုင်ပါတယ်။

Facebook မှာလို ဖတ်ပြီးသဘောကျရင် Like & Comment ပေးနိုင်ပြီး ဝါသနာပါရင် ကိုယ့်အကောင့်မှာပါ စာရေးပြီးတင်လို့ရတဲ့အတွက် Writing ပါ တစ်ခါတည်းလေ့ကျင့်နိုင်ပါသေးတယ် 🙌


🔺️ Interesting Articles To Read

https://www.interestingarticlestoread.com/


စိတ်ဝင်စား‌စရာကောင်းတဲ့ Blog တွေနဲ့ အရေးအသားတွေကလည်း ရှင်းလင်းတာကြောင့် Beginner တွေအတွက်လည်း သင့်တော်ပါတယ်။


🔺️ The Guardian

https://www.theguardian.com/international


Global က သတင်းတွေကို မျက်ခြေမပြတ်‌သိချင်တယ်၊ Informative ဖြစ်တဲ့ Articles တွေကို ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ Website ထဲသာ ဝင်ကြည့်လိုက်ပါ။ ဆောင်းပါးဆန်တဲ့ အရေးအသားတွေဖြစ်တဲ့အတွက် Beginner တွေအတွက်တော့ ဖတ်ရတာ Challenge ဖြစ်နိုင်ပါတယ်။


အပေါ်ကလို အစုံသုပ်ရောနေတာမကြိုက်ဘဲ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုကိုပဲ ဖတ်ချင်တဲ့သူတွေအတွက်ကတော့...


𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁


🌿 Tiny Buddha - https://tinybuddha.com/


Website ထဲဝင်လိုက်ရုံနဲ့ Positive energy ကိုခံစားရစေမှာပါ။ Mindfulness, Self-improvement, Relationship, Passion စတဲ့ Article တွေရှိပြီး Vocabulary အသစ်တွေလေ့လာဖို့လည်း အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။


𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗘𝗻𝘃𝗶𝗿𝗼𝗻𝗺𝗲𝗻𝘁


🪐 National Geographic - nationalgeographic.com


🪐 Scientific American - scientificamerican.com


Physics, Biology, Technology ကိုစိတ်ဝင်စားတယ်၊ ကမ္ဘာကြီးအကြောင်း၊ သိပ္ပံပညာရပ်အကြောင်း၊ အာကာသအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်းကို Fact ကျကျ Research လုပ်ထားတာတွေဖတ်ချင်ရင် ဒီ Websites တွေက သင့်အတွက်ပါပဲ။


နောက် GED Science အတွက်လည်း ဒါတွေက အထောက်အကူပြုနိုင်ပါသေးတယ် 💯


𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 


🪴 Psychology Today - psychologytoday.com


Trauma, PTSD, ADHD စတဲ့ Mental Health Issues တွေ၊ Mental Well-being နဲ့ပတ်သက်တာတွေကို Professionals တွေကိုယ်တိုင်ရေးသားမျှဝေထားတာဖြစ်တဲ့အတွက် Psychology ပိုင်းကိုစိတ်ဝင်စားရင် Reading တင်သာမက Learning ပါလုပ်နိုင်မဲ့ Website တစ်ခုဖြစ်ပါတယ်။


𝗧𝗿𝗮𝘃𝗲𝗹𝗹𝗶𝗻𝗴


🏖️ Lonely Planet - lonelyplanet.com


ဖုန်းတစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားသလို ခံစားဖူးချင်ရင် ဒီ Website ထဲသာဝင်ကြည့်လိုက်ပါ။ ကိုယ်သွားချင်တဲ့ နိုင်ငံ၊ မြို့ကိုရွေးပြီး ဒီကိုမသွားခင် ဘာတွေပြင်ထားရမလဲ၊ နာမည်ကြီးတဲ့နေရာတွေကဘာလဲ စတာတွေကို Tips and Tricks, Destination guides တွေပါ Detail ကျကျရေးပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။


ကမ္ဘာအနှံ့ကို အရေးအသားတွေထဲကနေတစ်ဆင့် လည်ပတ်ချင်သူတွေအတွက်ကတော့ အသင့်တော်ဆုံးပါပဲ 😉


ဒီ Websites တွေက Beginner - Advanced Level အလိုက် ရွေးဖတ်နိုင်တာမို့ စိတ်ဝင်စားတာကိုဖတ်ရင်း Reading Skill မြှင့်ကြရအောင်ပါ။


ကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင် အခြားသူတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့နော် 🤗


#ctrllist #Sharingwithyouths

Tuesday, February 4, 2025

မော်တော်ဆိုင်ကယ် Wiring Diagram ကို အသေးစိတ်လေ့လာခြင်း


 မော်တော်ဆိုင်ကယ်၏ Wiring Diagram (ဝါယာကြိုးချိတ်ဆက်မှု ပြမြေပုံ) ကို နားလည်ရန် အခြေခံထားသင့်သည်များကို အဆင့်လိုက်ရှင်းပြပါမည်။


1️⃣ Wiring Diagram ဆိုတာဘာလဲ?


Wiring Diagram သည် မော်တော်ဆိုင်ကယ်၏ လျှပ်စစ်စနစ် ကို ပုံဖော်ပြသထားသည့် နည်းပြမြေပုံ ဖြစ်သည်။

🔹 Circuit diagram (လျှပ်စစ်ပတ်လမ်း) မဟုတ်ပါ။

🔹 အနည်းဆုံးပါဝင်သင့်သောအရာများ

 • Battery (ဘက်ထရီ)

 • Fuse (လျှပ်စစ်ခက်) & Relay (ပွင့်/ပိတ် ခလုတ်)

 • Switch (ခလုတ်များ) – အချက်ပြမီး, လောင်းမီး, မီးဖိုခလုတ်

 • Wire (ဝါယာကြိုး) – အရောင်များဖြင့် ခွဲခြားပြုလုပ်

 • Charging System (အားသွင်းစနစ်) – Regulator, Rectifier

 • Ignition System (မီးဖိုစနစ်) – CDI, Coil, Spark Plug

 • Lighting System (မီးအလင်းစနစ်) – မီးသီးများ, အချက်ပြမီး

 • Sensors & Meters (အချက်ပြ စနစ်များ) – မီတာ, ဆင်ဆာများ


2️⃣ Wiring Diagram ကို ဘယ်လိုဖတ်ရမလဲ?


📌 အရောင်များကို နားလည်ခြင်း


မော်တော်ဆိုင်ကယ် Wiring Diagram တွင် ဝါယာကြိုးများသည် အရောင်ဖြင့် ခွဲခြားထားသည်။


🔹 Common Wire Colors (သင့်မော်တော်ကားအလိုက် အနည်းငယ်ကွဲပြားနိုင်သည်)


Color Function

🔴 Red Battery Positive (+)

⚫ Black Ground (-)

🟡 Yellow Headlight & Charging System

🔵 Blue Turn Signal Lights (အချက်ပြမီး)

🟢 Green Ground (Negative Wire)

🟠 Orange Ignition System

🟣 Purple Accessories (USB, Horn, etc.)

⚪ White High Beam Light (အလင်းအားမြင့်)


🛠 Tip: မော်တော်ဆိုင်ကယ်အားလုံးတွင် အရောင်များ တူညီမနေပါ။ မော်တော်ဆိုင်ကယ် Owner Manual သို့မဟုတ် Service Manual ကို ကြည့်ပါ။


3️⃣ မော်တော်ဆိုင်ကယ် Electrical System (လျှပ်စစ်စနစ်) အဓိကအစိတ်အပိုင်းများ


(1) Battery System – ဘက်ထရီ စနစ်

 • Battery Positive (+) – ဝါယာကြိုးနီ

 • Battery Negative (-) – ဝါယာကြိုးအနက်

 • ဘက်ထရီသည် မော်တော်ဆိုင်ကယ် လျှပ်စစ်စနစ်၏ အဓိက အားဖြည့်စနစ် ဖြစ်သည်။

 • Voltage များက 6V, 12V, 24V များရှိနိုင်သည်။


(2) Ignition System – မော်တော်စတင်မှုစနစ်


🔹 Components (အစိတ်အပိုင်းများ)

 • CDI (Capacitor Discharge Ignition)

 • Ignition Coil (မီးဖို Coil)

 • Spark Plug (မီးဖိုခလုတ်)

 • Kill Switch (မော်တော်ပိတ်ခလုတ်)


🛠 Connection:

 • CDI ထံမှ ဝါယာကြိုး အနက်/အနီ → Ignition Coil

 • Ignition Coil → Spark Plug

 • Engine Stop Switch (Kill Switch) → Ground


(3) Charging System – အားသွင်းစနစ်


🔹 Components

 • Stator (Alternator)

 • Regulator/Rectifier

 • Battery


🛠 Connection:

 • Stator → Regulator → Battery

 • Battery → Fuse Box → Electrical System


(4) Lighting System – မီးအလင်းစနစ်


🔹 Components

 • Headlight (ဦးခေါင်းမီး)

 • Tail Light (နောက်မီး)

 • Turn Signal Lights (အချက်ပြမီး)

 • Brake Light (ဘရိတ်မီး)


🛠 Connection:

 • Battery → Switch → Headlight / Tail Light

 • Turn Signal Switch → Turn Signal Lights

 • Brake Pedal Switch → Brake Light


4️⃣ Wiring Diagram ကို ဘာကြောင့် လေ့လာရမလဲ?


✅ မော်တော်ဆိုင်ကယ် လျှပ်စစ်ပြဿနာများ ကိုယ်တိုင်ဖြေရှင်းနိုင်ရန်

✅ Fuse မီးသွားလျှင် ဘယ်နေရာမှာ ပြုပြင်ရမလဲ?

✅ Wiring Cut / Short Circuit ဖြစ်လျှင် ပြန်ချိတ်နည်း သင်ခန်းစာ

✅ မော်တော်ဆိုင်ကယ်ကို အပျော်တမ်း DIY လျှပ်စစ်ပြုပြင်မှု ပြုလုပ်နိုင်ရန်


5️⃣ အသုံးဝင်သော Tools (လေ့လာရန်အတွက်)


🛠 Multimeter – Voltage, Continuity စစ်ရန်

🛠 Test Light – Wire မှားနေ/မနေ စစ်ရန်

🛠 Wiring Diagram (မော်တော်ဆိုင်ကယ်၏ နည်းပြစာအုပ်ထဲရှိ)

🛠 Wire Stripper & Electrical Tape


📌 သင့်ရဲ့ မော်တော်ဆိုင်ကယ် Wiring Diagram ရှာဖွေရန်


1️⃣ မော်တော်ဆိုင်ကယ် Brand + Model + “Wiring Diagram” ကို Google တွင်ရှာပါ။

 • ဥပမာ - Honda CBR 150R Wiring Diagram

2️⃣ Manufacturer Website တွင် Service Manual ရှာပါ။

3️⃣ Auto Repair Forums (ဥပမာ- BikeTalk, ThumperTalk) တွင်ရှာဖွေပါ။

4️⃣ YouTube Video Tutorials တွင်လည်း လေ့လာနိုင်သည်။

#htunmyinthtay


#htunmyinthtay

Sunday, September 15, 2024

ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 🔷 ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 

Various Ways of Linier measurment Scales


(က) မြန်မာနည်း

   


မြန်မာ အလျှားတိုင်းသောနည်းတွင်

၁၀ ဆံချည်= ၁ နှမ်း

၆ နှမ်း  = ၁ မုယော

၄ မုယော= ၁  လက်သစ်

၈ လက်သစ် = ၁မိုက် 

၃ မိုက် = ၁  တောင်

၇တောင်  =  ၁  တာ   စသည်ဖြင့်

ဆံချည်တမျှင် ၏အတိုင်းအထွာကစ၍

နှမ်း တလုံး -မုယောစပါးတစေ့

လက်တသစ် မှစ၍   ..........

တာ-ဥဿ      ဖ-ယူဇနာ အထိ

အမှတ်အသားများရှိခဲ့ပေသည်


ရှေးရိုးအစဉ်အလာရှိခဲ့သောဗိသုကာရေးပုံများတွင်  စင်္ကြာဝဠာ/ တိုင်းနိုင်ငံအကျယ် အဝန်းတို့အတွက်

ယူဇနာ စကေး ကို အသုံးပြုပြီး

အဆောက်အဦ ပုံစံမျာအတွက်မူ

တောင်/ မိုက် / လက်သစ်  စကေး

၃  မျိုးကိုသာ အသုံးပြုရေးဆွဲ ခဲ့ကြသည်


(ခ)   အင်္ဂလိပ်နည်း




ငွေကြေးသုံးစွဲမှု့စံနစ်တွင်

ငွေတကျပ် ၏ အပိုင်းများကိုခေါ်ဝေါ်သည်အမည်များအတိုင်း

ကိုလိုနီခေတ် ဗိသုကာပိုင်းဆိုင်ရာ

(အသေးစိတ်) အတိုင်းအထွာများကို

1"  =၁ကျပ် ဟုသတ်မှတ်၍ 

3/4" =သုံးမတ်      1/2"=ငါးမူး    (၈  ပဲ)

1/4" =တမတ္​   1/8=  တမူး

1/16" =တပဲ      5/8"= ၆ မူး

1/32" = တပြား  စသည်ဖြင့်မှတ်သား 

ရေးဆွဲတိုင်းတာ ခဲ့ကြပေသည်


ဤ နည်းတွင်

  ၁၂ လက်မ = ၁ ပေ

  ၃ ပေ  =၁ ယာဒ်  (ကိုက်)

  ၂၂ယာဒ်= ၁  သံကြိုး

  ၁၀သံကြိုး = ၁  ဖာလုံ

 ၈  ဖာလုံ  = ၁  မိုင်   ဟူ၍ ရှိခဲ့ပေသည်


(ဂ) မက်ထရစ်နည်း

     

သိပ္ပံပညာများထွန်းကားလာသောခေတ်တွင်တွက်ချက်မှု့ပိုမိုလွယ်ကူစေရန်

10 မီလီမီတာ= 1စင်တီမီတာ

10 စင်တီမီတာ =1 ဒယ်စီမီတာ

10 ဒယ်စီမီတာ = 1 မီတာ  စသော ဆယ်လီစိတ်စကေးကို

     တွက်ချက်မှုအသစ်အတွက် တည်ထွင်လာကြပြန်သည်

1000 မီတာ = 1 ကီလိုမီတာ ကို မိုင်ကဲ့သို့

ခရီးအကွာအဝေးတိုင်းတာရာတွင်အသုံးပြုကြသည်။

Friday, June 14, 2024

📚 မြန်မာကျောင်းသားများနဲ့ကလေးများ အတွက် အရေးပါတဲ့ IGCSE ခရီးလမ်း📚

 📚 မြန်မာကျောင်းသားများနဲ့ကလေးများ အတွက် အရေးပါတဲ့ IGCSE ခရီးလမ်း📚




မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေရဲ့ ပညာရေးအတွက် အကောင်းဆုံးကို အမြဲရှာဖွေနေကြပါတယ်။ IGCSE လိုမျိုး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရဲ့ လူကြိုက်များလာမှုနဲ့အတူ IGCSE ဆိုတာဘာလဲ၊ ကိုယ့်ရဲ့ကလေးက ဘယ်လိုထူးချွန်အောင်မြင်နိုင်မလဲဆိုတာကို မိဘတွေစဉ်းစားနေကြမှာပါ။


IGCSE ဆိုတာဘာလဲ။


IGCSE (International General Certificate of Secondary Education) ဟာ အသက် ၁၄-၁၆ နှစ်အရွယ် ကျောင်းသားကျောင်းသူများအတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်ပါတယ်။ ကျောင်းသားများကို အဆင့်မြင့်ပညာရေးနှင့် အနာဂတ်အလုပ်အကိုင်တွေအတွက် ပြင်ဆင်ပေးနိုင်ရန် ကျယ်ပြန့်ပြီးမျှတသော သင်ရိုးညွှန်းတမ်းကို ပေးအပ်ရန် ပုံစံထုတ်ထားပါတယ်။


IGCSE ဟာ ကလေးအတွက် ဘာလို့ ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်သလဲ။


ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခြင်း - IGCSE ကို ကမ္ဘာတလွှားက တက္ကသိုလ်တွေနဲ့ ကောလိပ်တွေက လက်ခံထားပြီး အဆင့်မြင့် ပညာရေးအခွင့်အလမ်းတွေ ရရှိစေပါတယ်။


သင်ရိုးညွှန်းတမ်းက စဉ်းစားတွေးခြင်းစွမ်းရည်၊ ပြဿနာဖြေရှင်းခြင်းနှင့် သုတေသနကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးပြီး ကျောင်းသားများကို ကျောင်းပညာရေးလိုအပ်ချက်များ ပိုမိုမြင့်မားစေပါတယ်။


ကျယ်ပြန့်လှသော ဘာသာရပ်ရွေးချယ်မှု - ကျောင်းသားတွေဟာ ဘာသာရပ်ပေါင်းစုံကို ရွေးချယ်နိုင်ပြီး သူတို့ရဲ့စိတ်ဝင်စားမှုနဲ့ လုံ့လဝီရိယတွေကို လေ့လာနိုင်စေပါတယ်။


စုစည်းလုပ်ဆောင်မှုနှင့် အထောက်အကူပြုသော - IGCSE မူဘောင်က ရှင်းလင်းသော အကဲဖြတ်စံနှုန်းနှင့်အတူ စနစ်တကျ လေ့လာသင်ယူမှု ပတ်ဝန်းကျင်ကို ပံ့ပိုးပေးပါတယ်။


ဒီဂျစ်တယ် အရင်းအမြစ်များကို အသုံးပြုခြင်း -


IGCSE ခရီးစဉ်မှာ သင့်ကလေးအောင်မြင်ဖို့ ကူညီရန်အတွက် တန်ဖိုးရှိတဲ့ အွန်လိုင်းအရင်းအမြစ်တွေကို စုဆောင်းပေးထားပါတယ် -


ဝဘ်ဆိုက်များ -


Cambridge International - https://www.cambridgeinternational.org/ - သင်ရိုးအချက်အလက်၊ ယခင်စာမေးပွဲစာရွက်စာတမ်းများနှင့် ဆရာများအတွက် အရင်းအမြစ်များကို ပံ့ပိုးပေးသည့် Cambridge Assessment International Education ၏ တရားဝင်ဝဘ်ဆိုက်။ IGCSE တည်ဆောက်ပုံနှင့် သင်ရိုးအသေးစိတ်များကို နားလည်ရန် မရှိမဖြစ်လိုအပ်ပါwBf။


BBC Bitesize - https://www.bbc.com/bitesize - IGCSE ဘာသာရပ်အမျိုးမျိုးအတွက် ရှင်းလင်းသော ရှင်းလင်းချက်များ၊ အပြန်အလှန်လှုပ်ရှားမှုများနှင့် ဗီဒီယိုများပါဝင်သော အကျယ်ပြန့်ဆုံးသော အရင်းအမြစ်ဖြစ်ပြီး မိမိဘာသာ လေ့လာသင်ယူခြင်းနှင့် ရှုပ်ထွေးသော အယူအဆများကို နားလည်ရန် အထူးကောင်းမွန်ပါတယ်။


Khan Academy - https://www.khanacademy.org/ - အထူးသဖြင့် သင်္ချာနှင့်သိပ္ပံတွင် အားကောင်းသော အခမဲ့ပညာရေး ဗီဒီယိုများနှင့် လေ့ကျင့်ခန်းများ စာကြည့်တိုက်ကြီးတစ်ခုကို ကမ်းလှမ်းပြီး လေ့လာမှုကို ခိုင်မာအောင် ပြုလုပ်ရန်နှင့် လွတ်သွားသော အယူအဆများကို ပြန်လည်ဖမ်းယူရန် အကောင်းဆုံးဖြစ်ပါတယ်။


Study.com- https://study.com/ - IGCSE ဘာသာရပ်များအတွက် အွန်လိုင်းသင်တန်းများ၊ လေ့ကျင့်စာမေးပွဲများနှင့် တစ်ဦးချင်းစီ လေ့လာမှု အစီအစဉ်များကို ပံ့ပိုးပေးပြီး တစ်ဦးချင်းအထောက်အကူပြုမှုနှင့် လမ်းညွှန်မှုအတွက် အကူအညီရရှိရန် အသုံးဝင်ပါတယ်။


Oxford OpenLearn - https://www.openlearn.org/ - IGCSE အဆင့် သင်ရိုးများအပါအဝင် ဘာသာရပ်စုံလင်စွာအတွက် အခမဲ့သင်တန်းများနှင့် အရင်းအမြစ်များကို ကမ်းလှမ်းပြီး ကွဲပြားသောဘာသာရပ်များကို လေ့လာရန်နှင့် ကျယ်ပြန့်သော အမြင်ရရှိရန် အထူးကောင်းမွန်ပါတယ်။


IGCSE Tutoring - https://igcsetutoring.com/- IGCSE ကျောင်းသားများအတွက် တစ်ဦးချင်းအထောက်အပံ့နှင့် လမ်းညွှန်မှုများကို ပေးစွမ်းသော အွန်လိုင်းသင်ကြားပို့ချမှုနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးပါတယ်။ ထပ်တိုးအကူအညီနှင့် တစ်ဦးချင်း သင်ယူမှု အစီအစဉ်များ လိုအပ်သော ကျောင်းသားများအတွက် အသုံးဝင်ပါတယ်။


Edx.org - https://www.edx.org/ - IGCSE ဘာသာရပ်များနှင့်သက်ဆိုင်သည့် အချို့သောဘာသာရပ်များအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းတက္ကသိုလ်များမှ အွန်လိုင်းသင်တန်းများကို ပေးစွမ်းပါတယ်။ အဆင့်မြင့်အယူအဆများကို လေ့လာရန်နှင့် သီးခြားခေါင်းစဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ကောင်းမွန်ပါတယ်။


Coursera - https://www.coursera.org/ - Edx နှင့်အလားတူ ကမ္ဘာကျော် တက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ အွန်လိုင်းသင်တန်းများ ကမ်းလှမ်းပြီး မတူညီသော နယ်ပယ်များမှ ကျွမ်းကျင်သူများထံမှ အရည်အသွေးမြင့် သင်ယူမှု အရင်းအမြစ်များကို ရရှိစေပါတယ်။


FutureLearn - https://www.futurelearn.com/ - ဦးဆောင်သော တက္ကသိုလ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများမှ အွန်လိုင်းသင်တန်းများနှင့် တိုတောင်းသော အစီအစဉ်များကို ကမ်းလှမ်းပါတယ်။ ကွဲပြားခြားနားသော ဘာသာရပ်များကို စူးစမ်းလေ့လာရန်နှင့် လက်တွေ့ကျသော ကျွမ်းကျင်မှုများ ရရှိရန် ကောင်းမွန်သော platform ဖြစ်ပါတယ်။


Quizlet - https://quizlet.com/- အသုံးပြုသူများအား လေ့လာမှုပစ္စည်းများကို ဖန်တီးပြီး မျှဝေခွင့်ပြုသော ဖလက်ရှ်ကတ်နှင့် လေ့လာမှု platform လူကြိုက်များဖြစ်ပြီး။ အချက်အလက်များ၊ စကားလုံးများနှင့် အဓိကအယူအဆများကို မှတ်မိရန် ထိရောက်မှုရှိပါတယ်။


YouTube ချန်နယ်များ -


Khan Academy - https://www.youtube.com/user/khanacademy - အထူးသဖြင့် သင်္ချာနှင့် သိပ္ပံတွင် အားကောင်းသော အခမဲ့ပညာရေးဗီဒီယိုများ စုစည်းမှုကြီး တစ်ခုကို ဖြစ်ပါတယ်။


CrashCourse - https://www.youtube.com/user/crashcourse - သမိုင်း၊ ဇီHuman: ဝဘည်၊ စာပေနှင့်အတူ အမျိုးမျိုးသော ဘာသာရပ်များအပေါ် စိတ်ဝင်စားဖွယ်ကောင်းပြီး အသိပေးသော ဗီဒီယိုများကို ပံ့ပိုးပေးပါတယ်။


The Organic Chemistry Tutor - https://www.youtube.com/user/TheOrganicChemistryTutor - ဓာတုဗေဒ အယူအဆများကို အာရုံစိုက်ပြီး ရှင်းလင်းသော ရှင်းပြချက်များနှင့် လက်တွေ့ ဥပမာများ ပေးပါတယ်။


Physics with Mr. S - https://www.youtube.com/user/misterSizzle - IGCSE ကျောင်းသားများအတွက် အားကောင်းသော ရူပဗေဒ အယူအဆများနှင့် လက်တွေ့ ဥပမာများ အပြည့်အဝရှင်းလင်းသော ရှင်းပြချက်များကို ပေးပါတယ်။


The Science Asylum - https://www.youtube.com/user/theScienceAsylum - ပျော်စရာကောင်းသော သိပ္ပံ စမ်းသပ်မှုများနှင့် သရုပ်ပြမှုများဖြင့် အပျော်တမ်း၊ တက်ကြွစွာ လေ့လာမှုကို ပေးစွမ်းပါတယ်။


TED-Ed - https://www.youtube.com/user/TEDEducation - သိပ္ပံ၊ သမိုင်းနှင့် လူမှုရေးကိစ္စရပ်များအပါအဝင် အကျယ်ပြန့်ဆုံးသော အကြောင်းအရာများအပေါ် ရုပ်ရှင်ဖြင့် ပညာပေး ဗီဒီယိုများ ကမ်းလှမ်းပါတယ်။


Extra History - https://www.youtube.com/user/ExtraCreditz - အမျိုးမျိုးသော သမိုင်းကာလများနှင့် အဖြစ်အပျက်များကို လွှမ်းပြီးသော စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်းရုပ်ရှင် မှတ်တမ်းတင်ဖော်ပြချက်များ ထုတ်လုပ်ပါတယ်။


The School of Life - https://www.youtube.com/user/TheSchoolofLife - အတွေးအခေါ်များ၊ စိတ်ပညာနှင့် ဘဝ၏ အဓိပ္ပာယ်အပေါ် အသိပေးသော ဗီဒီယိုများဖြင့် စဉ်းစားတွေးခြင်း စွမ်းရည်ကို မြှင့်တင်ပါတယ်။  


Kurzgesagt – In a Nutshell - https://www.youtube.com/user/Kurzgesagt - ရှုပ်ထွေးသော သိပ္ပံ အယူအဆများကို မျက်စိပန်းလည်ဖွယ် ရှင်းလင်းစွာ ရိုးရှင်းသော နည်းလမ်းဖြင့် တင်ပြပါတယ်။


Vsauce - https://www.youtube.com/user/Vsauce - စူးစမ်းလိုစိတ်ကြီးမားသော၊ စိတ်ဝင်စားဖွယ်သော ပုံစံဖြင့် သိပ္ပံနှင့် အတွေးအခေါ် ဆိုင်ရာ အကြောင်းအရာများကို လေ့လာပြီး လေ့လာနိုင်ပါတယ်။


သင့်ကလေးကို ထောက်ပံ့ကူညီနိုင်မည့် အကြံပေးချက်များ -


တက်ကြွစွာ လေ့လာမှုကို အားပေးပါ - ဒီ အရင်းအမြစ်များကို အသုံးပြု၍ စူးစမ်းလေ့လာမှု၊ စမ်းသပ်မှုနှင့် မေးခွန်းများမေးခြင်းဖြင့် လေ့လာသင်ယူမှုတွင် တက်တက်ကြွကြွ ပါဝင်စေရန် ကလေးကို အားပေးတိုက်တွန်းပါ။


အပြုသဘောဆောင်သော လေ့လာမှု ပတ်ဝန်းကျင်ကို ဖန်တီးပါ - လိုအပ်သော ကိရိယာများနှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးပြီး ငြိမ်းချမ်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိသော လေ့လာမှု နေရာကို သေချာစေပါ။


ဆက်သွယ်မှုကို မြှင့်တင်ပါ - ကလေးနှင့်အတူ ၎င်း၏ IGCSE ခရီးစဉ်၊ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများအကြောင်း ပွင့်လင်းစွာ ဆွေးနွေးပါ။


အတတ်ပညာရှင်များ၏ အကြံဉာဏ်ကို ရယူပါ - ကလေးအတွက် အပိုဆောင်း အကူအညီ သို့မဟုတ် နည်းပြသင်ကြားမှု လိုအပ်ပါက အရည်အချင်းပြည့်မီသော ပညာရှင်များ သို့မဟုတ် တစ်ဦးချင်း လမ်းညွှန်မှုပေးသော အွန်လိုင်း ပလက်ဖောင်းများနှင့် တိုင်ပင်ဆွေးနွေးပါ။


ဒီ အွန်လိုင်း အရင်းအမြစ်များကို အသုံးချပြီး အပြုသဘောဆောင်သော လေ့လာမှု ပတ်ဝန်းကျင်ကို အားပေးကူညီခြင်းအားဖြင့် IGCSE ခရီးစဉ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်နှင့် ပိုမို တောက်ပသော အနာဂတ်ကို စတင်ဖော်ဆောင်နိုင်ရန် ကိုယ့်ကလေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Wednesday, May 1, 2024

အင်ဗာတာ(Inverter)အဲကွန်းနဲ့ ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ?

 ⛔⛔အင်ဗာတာ(Inverter)အဲကွန်းနဲ့ ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ?#ဘယ်ဟာကပိုကောင်းသလဲ?




♦ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့

ကျနော်မဖြေတတ်ဘူး

♦ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?

အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?

ဘယ်စက်တာရှည်ခံလဲလာမေးမယ်?

ဘယ်စက်အပိုပစ္စည်းပေါလဲလာမေးမယ်?

အာမခံစိတ်ချရလားလာမေးမယ်

ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သိတာ လေးဖြေပေးပါမယ်။


🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ

အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး

အောက်ဒိုးယူနစ်ကနေ အပြင်ကို 

အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။

အအခန်းကိုအေးအောင်လုပ်​ ပေးတာချင်း အတူတူပါ။


🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို

အလုပ်လုပ်ပုံကလည်းအတူတူပါ။


🛑ဒါဆိုဘာက မတူတာလဲဆိုရင် 

#အင်ဗာတာအဲကွန်းမှာတော့

ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ

 လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ မော်တာတွေဖြစ်တဲ့

♦️အခန်းတွင်းအင်ဒိုးယူနစ်တွေထဲကပန်ကာမော်တာ၊♦️အောက်ဒိုးယူနစ်တွေထဲကကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ​ လေျာက် ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။ 


အဲဒီလိုအမြန်နှုန်းလျော့တော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သုံးတဲ့အခါ ပျမ်းမျှအနေနဲ့တွက်ရင် မီတာခသက်သာတာပါပဲ။


💢မော်တာတွေရဲ့ လည်ပတ်နှုန်းက ၂၀%လျော့သွားတိုင်းအကြမ်းအားဖြင့် လျှပ်စစ်စားသုံးမှုက ၄၀% ကျော်လောက်သက်သာတာပါပဲ။


🛑ရိုးရိုးအဲကွန်းကတော့

ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက

အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ

ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း

လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း

မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး

အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။


သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး

အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။


(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်

သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ

လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ

လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)




🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ

ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို

မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့

အပူချိန်အနေအထားထိအေးစေဖို့

မြန်မြန်အလုပ်လုပ်ပေးမှာပါ ။

အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး

စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။

အခန်းထဲမှာအရမ်းပူချိန်ဆိုရင်တော့ သူ့ရဲ့ကွန်ပရက်ဆာနဲ့ပန်ကာ‌ မော်တာတွေရဲ့လည်ပတ်နှုန်းက သာမာန်အဲကွန်းက လည်ပတ်နှုန်းထက်မြင့်သွားလို့ လျှပ်စစ်ပိုကုန်တဲ့အချိန်လည်းရှိပါတယ်။‌


♦️♦️အရေးကြီးတဲ့တချက်က

အင်ဗာတာအဲကွန်းသုံးတဲ့ အခန်းဟာ အပူမလုံ၊လေမလုံရင်၊စက်ရဲ့Capacityနဲ့မကိုက်ညီပဲ စက်အရွယ်ကသေးနေရင်အဲကွန်းကွန်ပရက်ဆာက High Speedနဲ့လည်‌ နေမှာဖြစ်လို့ လျှပ်စစ်စွမ်းအင်ပိုသုံးစွဲပြီးမီတာခပိုကုန်ကျနိုင်ပါတယ်။


(လျှပ်စစ်မော်တာတွေက လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှုပိုများလေလေပါ)


🛑အဲဒီလိုအခန်းမှာ

သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့

အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို

လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ

အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့

လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း

အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်

ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့

အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ

အခန်းကိုအေးနေအောင် 

အငြိမ်ထိန်းထားနိုင်ပါတယ်။


⛔အဲဒီလိုမတူညီမှုတွေကနေ

သုံးစွဲသူတွေအတွက်ဘာတွေ

အားသာစေသလဲဆိုရင်တော့


♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်

အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း

ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်

ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။




⛔ပြည်တွင်းမှာရောင်းချနေတဲ့

ရိုးရိုးအဲကွန်းတွေအများစုကတော့ 

9000BTU/hr (တကောင်စက်)

တနာရီမောင်းရင် စက်အများစု

မီတာယူနစ်အနေနဲ့( 0.9)ယူနစ်

(တယူနစ်နီးပါ) တက်ကြပါတယ်။

တချို့စက်အနည်းစုပဲ 

တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။


⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့

စက်အမျိုးအစားလိုက်လို့တနေ့ကို

လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား

ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့


✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။

၁၀နာရီထက်ပိုမောင်းရရင်တော့ ဒီထက်ပိုကုန်ပါမယ်။

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့

တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ

အခန်းထဲမှာအေးနေချိန်

မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့

လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ

သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။


⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။


⛔ဂျင်းအာဗာတာစက်တွေလည်းအများကြီးရှိပါတယ်။

ဆိုလိုတာက ရိုးရိုးNon inverterနဲ့ဘာမှမထူးတဲ့စက်တွေပြောတာပါ။ပိုလာတာက ‌ဆားကစ်တွေပိုလာတော့ မြန်မာပြည်လျှပ်စစ်နဲ့ စက်မြန်မြန်ပျက်တာပါပဲ။


⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့

တကောင်အားအဲကွန်း(9000Btu/hr)

အင်ဗာတာစက်အမျိုးအစားလိုက်လို့

စက်တလုံးအနေနဲ့တနှစ်ကို 


ကျပ် 120000/- ဝန်းကျင်ကနေ 

200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။


⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့

ဝယ်ရင်းစျေးထက်

တလုံးကို လက်ရှိပေါက်စျေးအရ

တံဆိပ်အမျိးမျိုးလိုက်လို့ 

၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ပဲပိုကုန်လို့ 

တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်

သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့

ရေရှည်မှာ အင်ဗာတာအဲကွန်းက 

ငွေကြေးပိုချွေတာနိုင်မှာပါ။


⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်

အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။


⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့ ဟော်တယ်၊တည်းခိုခန်းလို

အဆောက်အဦးတွေဆိုရင်တော့

အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက

အများကြီး ငွေကြေးချွေတာနိုင်မှာပါ။


♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️


⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက 

ရိုးရိုးစက်နဲ့ယှဉ်ရင်အနည်းဆုံး ကျပ်၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ထိပိုနိုင်ပါတယ်။


⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျှပ်စစ်ပိုင်းဆိုင်ရာ

ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။

ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို

ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။


⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်

အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး

တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို

အမြန်ဆုံးအေးမြစေပါလိမ့်မယ်။

အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။


⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်

လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့

လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်

လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။

(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့

အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့

အင်ဗာတာအဲကွန်းအမျိုးအစားတွေကို

ရွေးချယ်ဝယ်ယူသင့်ပါတယ်)


⛔အင်ဗာတာအဲကွန်းဟာ

 ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို

ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။ခဏခဏ Error တက်လို့ပျက်တတ်ပါတယ်။


⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့ 

စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်

ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။

ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။

(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)


⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့

လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို

တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။

(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)။တကယ့်အစစ်ကိုပြောတာပါ။ဂျင်းအင်ဗာတာကတော့မထူးပါ။


အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့

အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့ EER , COP မြင့်တဲ့ ရာသီဉတုနဲ့ကိုက်ညီတဲ့

အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့

တိုက်တွန်းပါတယ်။


#ကိုနန္ဒမိုး