Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Saturday, December 27, 2025

လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းများ

 



(Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ )


ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်လိုက်မဟဲ့ဆိုပြီး ၅ရက်လောက်နဲ့ လက်လျှော့သွားတဲ့သူတွေ ရှိကြလား။ တကယ်တော့ လေ့ကျင့်ခန်းစလုပ်တဲ့သူတိုင်းက ဒီလိုပါပဲ။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လုပ်မယ်ဆို အပြင်းအထန်စလုပ်လိုက် ရက်ပိုင်းလောက်လည်းနေရော ဒုံရင်း ပြန်ဖြစ်သွားလိုက်နဲ့ ဒီလိုပဲ ချာလည်လည် နေတတ်ပါတယ်။



လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ လူတိုင်း သိပါတယ်။ လက်တွေ့မှာတော့ လိုက်လုပ်တဲ့သူ ရှားပါတယ်။ ပုံမှန်လုပ်တဲ့သူဆို ပိုတောင် ရှားပါတယ်။ လေ့ကျင့်ခန်းတော့ လုပ်ချင်တယ်။ ဒါပေမယ့် ပုံမှန် မလုပ်ဖြစ်ဘဲ ကြားထဲမှာ ပြတ်ပြတ်သွားလို့ စိတ်ဓာတ်မကျပါနဲ့။ ဒီတစ်သက်တော့ လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။


ခုပြောမယ့် နည်းလမ်းလေးတွေနဲ့ ဖြည်းဖြည်းချင်း စလိုက်ရအောင်။


လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းများ


All or None lawကို ရှောင်ပါ။


All or None lawဆိုတာက လုပ်ရင်လည်း တစ်နေ့ကို တစ်နာရီလောက် ပစ်လုပ်လိုက်တယ်။ နောက်ရက်ကျတော့ လုံးဝနားလိုက်တယ်။ ခုမှစလုပ်တဲ့သူတွေက ဒီနည်းလမ်း မသင့်တော်ပါဘူး။ အချိန်တွေ အကြာကြီး လုပ်လိုက်တဲ့အတွက် နောက်ရက်မှာ ကိုက်ခဲနေမှာပါ။ ဒါကြောင့်ပဲ နောက်ရက် လေ့ကျင့်ခန်း လုပ်ဖို့ စိတ်မပါ ဖြစ်တတ်ပါတယ်။


ဖြည်းဖြည်း စပါ။


All or None law မလုပ်ရဘူးဆိုတော့ Slow and steady ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ရအောင်ပါ။ ပုံမှန်လူတစ်ယောက်က တစ်ပတ်ကို သင့်တင့်တဲ့ လှုပ်ရှားမှု ၁၅၀ မိနစ် လုပ်သင့်ပါတယ်။ ဒီ ၁၅၀ မိနစ်ကို တစ်ပတ်စာ တွက်ပြီး လုပ်ကြည့်ပါ။ ဥပမာ တစ်ရက်ကို မိနစ် ၃၀နဲ့ ၅ရက် လုပ်ကြမလား။ မိနစ် ၃၀ကိုမှ ၁၅မိနစ် မနက်၊ ည ဒါမှမဟုတ် ၁၀မိနစ် ၃ခါ လုပ်နိုင်ပါတယ်။ ဒီလိုမဟုတ်လည်း တစ်ရက်ခြား အချိန်တွက်ပြီး လုပ်လည်း ရပါတယ်။


မျှော်လင့်ချက်တွေ အကြီးကြီး မထားပါနဲ့။


လေ့ကျင့်ခန်း လုပ်တဲ့သူ အများစုက ကိတ်ချင်လို့၊ ဗလထွက်ချင်လို့ လုပ်ကြတာ များပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီလို ဖြစ်အောင် နှစ်နဲ့ ချီပြီး ကျင့်ခဲ့ကြတာပါ။ အစားအသောက်လည်း ဆင်ခြင်ကြပါတယ်။ ကိုယ်က ခုမှစလုပ်မှာ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ၊ ဇီဝရုပ်ဖြစ်ပျက်တာတွေ မတူလို့ တစ်လ၊ နှစ်လနဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို လက်ခံထားဖို့ လိုပါတယ်။ မကိတ်လည်း အရေးမကြီးပါဘူး။ လေ့ကျင့်ခန်း လုပ်ပြီဆိုတည်းက ကျန်းမာရေး လမ်းကြောင်း ပေါ်ရောက်နေပါပြီ။


ဆင်ခြေတွေနဲ့ မလှည့်စားပါနဲ့။


ဝနေလို့၊ အမောမခံနိုင်လို့၊ မအားလို့၊ ရာသီလာနေလို့၊ ကိုယ်လက်ကိုက်နေလို့ စတဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ကို ရွှေ့တတ်ကြပါတယ်။ တကယ်က တစ်ခွန်းတည်း ပြောရရင် “ပျင်းလို့ပါ”။ နေမကောင်းဘူးဆိုရင်တောင် ရက်ပိုင်းလောက်နားပြီး ပြန်စသင့်ပါတယ်။


ဥပမာ ပြောပြမယ်။ မအားဘူးဆိုရင်တောင် အင်တာနက် သုံးချိန်ကနေ ၅မိနစ်လောက်ဖယ်ပြီး စလုပ်ကြည့်ပါ။ ၅မိနစ်နဲ့ ၃-၄ရက်လောက်ပြီး အကျင့်လေး ဖြစ်သွားရင် နောက်ရက်တွေ တိုးလုပ်နိုင်ပါတယ်။ ပင်ပန်းတယ်ဆိုရင်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ အဲ့နေ့မှာ အကြောလျှော့တာလိုမျိုး၊ ယောဂလိုမျိုး ပေါ့ပေါ့ပါးပါးတွေ လုပ်နိုင်ပါတယ်။ အမောမခံနိုင်လို့ ဆိုရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါး မပင်ပန်းတာတွေ လုပ်နိုင်ပါတယ်။


လိုရင်းက ရက်မှန် အချိန်မှန် လုပ်ဖြစ်ဖို့ပါပဲ။


အချိန်မှန် နေရာမှန် လုပ်ပါ။


Gym သွားတဲ့ သူတွေကတော့ အဆင်ပြေပါတယ်။ ဒီရက် ဒီအချိန်မှာ Gym ရောက်သွားရင် လေ့ကျင့်ခန်း လုပ်ရုံကလွဲပြီး တခြားဟာ မရှိတော့ဘူးလေ။ အိမ်မှာ လုပ်တဲ့သူကတော့ နည်းနည်း ကျင့်ယူရမှာပါ။ ဥပမာ မနက် ၇နာရီလောက် လုပ်မယ်ဆိုရင် ၇နာရီဆိုတာနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာ ဥပမာ ဧည့်ခန်း၊ အိပ်ခန်းကို ရောက်နေဖို့ လိုပါတယ်။ တခြားအလုပ်တွေကို ရပ်ရပါမယ်။ နောက်ပိုင်း အကျင့်ဖြစ်သွားရင် သူ့အချိန်ရောက်တာနဲ့ လုပ်ပြီးသား ဖြစ်သွားမှာပါ။


ဆုချပါ။


တစ်ပတ်တိတိ ဒါမှမဟုတ် ၅ရက်ဆက်တိုက် ပျက်ရက်မရှိ လေ့ကျင့်ခန်း လုပ်ရင် ဘာဝယ်ပေးမယ် ဆိုတာမျိုး ကိုယ့်ဟာကိုယ် ဆုချပါ။ ဒါလည်း motivationတစ်မျိုးပါပဲ။


ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ကြမလဲ။


ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။


လေ့ကျင့်ခန်းတွေက အများကြီး ရှိတယ်လေ။ Cardio, Zumba, Muscle strengthening, Yoga စသဖြင့် ရွေးစရာတွေ အများကြီးပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် ပုံမှန် လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း အကျင့် ဖြစ်တော့မှ ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက်အလိုက် ပြောင်းလုပ်ပါ။


ပျော်စရာ ကောင်းတာလေးတွေနဲ့ တွဲလုပ်ပါ။


လေ့ကျင့်ခန်းလုပ်တာ ရက်ကြာလာရင် ပျင်းလာမှာပါ။ ဒီလို မဖြစ်အောင် သီချင်းဆိုပြီးလုပ်တာ၊ ရုပ်ရှင် တစ်ပိုင်းစာလောက် ဖွင့်ထားပြီး လုပ်တာ လုပ်နိုင်ပါတယ်။ အစပိုင်းဆိုတော့ စိတ်ပါလာအောင် ဒီလိုပဲ နည်းလမ်းမျိုးစုံ သုံးရပါတယ်။


တစ်ယောက်ယောက်နဲ့ တွဲလုပ်ပါ။


သူငယ်ချင်းနဲ့ ဖြစ်ဖြစ်၊ စုံတွဲလိုက် ဖြစ်ဖြစ် လေ့ကျင့်ခန်း အတူတူ လုပ်ဖို့ ချိန်းထားပါ။ Stay home ဆိုရင်လည်း video callနဲ့ ဖြစ်ဖြစ် အတူတူ လုပ်လို့ရပါတယ်။ ကိုယ်မလုပ်ရင် သူတစ်ယောက်တည်း လုပ်နေရမယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အားနာနေတာနဲ့ လုပ်ဖြစ်သွားမှာပါ။ အတူတူ လစ်သွားလို့တော့ မရဘူးနော်။ ဒါကြောင့် သူငယ်ချင်းဆို သိပ်မရင်းနှီးတဲ့သူနဲ့ လုပ်တာမျိုး၊ အတွဲတွေဆို ပျက်ကွက်တဲ့သူက treatရတာမျိုး စည်းကမ်း လုပ်ထားပါ။


ရလဒ်တွေကို ချရေးထားပါ။


ဒီနေ့ ဘာလေ့ကျင့်ခန်းကို ဘယ်နှမိနစ်၊ ဘယ်နှခေါက် လုပ်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။ အကြိမ်ရေ တိုးတက်လာတာ၊ ရက်ပျက်မရှိဘဲ ပုံမှန်လုပ်နိုင်တာကို တွေ့ရတဲ့အခါ ပိုပိုပြီး ကြိုးစားချင်ပါလိမ့်မယ်။


ဘယ်တော့ လေ့ကျင့်ခန်း စလုပ်ကြမလဲ။


လေ့ကျင့်ခန်းလုပ်တာက လုပ်နည်းထက် ပုံမှန်လုပ်ဖြစ်ဖို့က ပိုခက်ပါတယ်။ ငြီးငွေ့လွယ်၊ ပျင်းလွယ်တာကိုး။ ဒါကြောင့် တစ်ရက်ကို ဘယ်နှမိနစ်လုပ်မယ်ဆိုပြီး တစ်ခုခုသာ စလုပ်လိုက်ပါ။ နောက်ပိုင်း အကျင့်ဖြစ်မှ လိုတာ ဆက်ပြင်ပါ။ အကျင့်ဖြစ်ဖို့က အဓိကပါ။ အကျင့်ဖြစ်ဖို့ဆို စလုပ်ဖို့ လိုပါတယ်။ ဘယ်တော့စမလဲဆို ခုပဲ စလိုက်ပါ။


New year resolutionတွေ၊ လကုန်မှဆိုတာတွေကို မေ့လိုက်ပါတော့။ နောက်နေ့ဆိုတာ မသေချာဘူးလေနော်။


*Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။ 

Monday, July 1, 2024

စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

 နားရွက်တံတွေးဆွတ်ခြင်းအဓိပ္ပါယ်




      စိန်ခေါ်ခြင်း နှင့် တုံ့ပြန်ခြင်း

           ===================

        (ကျေးလက်ကာလသားဓလေ့)


ရှေးအခါကကျေးလက်တောရွာများတွင်ကာလသားများ တစ်ဦးနှင့်တစ်ဦးမ ကျေမနပ်ရန်စဖြစ်ပွါးပါက ယှဉ်ပြိုင်စိန်ခေါ်သည့်အနေဖြင့်တစ်ဦး၏နားရွက်ကို

တစ်ဦးကတံတွေးဆွတ်၍စိန်ခေါ်လေ့ရှိသည်။


စိန်ခေါ်ခံရသူက မယှဉ်ပြိုင်လိုလျှင်လည်းကောင်း ရန်မဖြစ်ချင်လျှင်သော်လည်းကောင်း ဆိတ်ဆိတ်နေခြင်းဖြင့် နေနိုင်သည်။


ထိုသို့မိမိအားမယှဉ်ပြိုင်ဝံ့၍ငြိမ်နေသူကို နောက်တစ်ကြိမ်စိန်မခေါ်ရ။ ရန်မစရ။မစော်ကားရ။ ထို့ကြောင့် " ရန်မလိုကရန်ပြိုသည် " ဟူသော စကားထွက်ပေါ်လာခဲ့သည်။


 သူတော်ကောင်းလူကြီးသူမများကနှစ်သက်ကြသော်လည်း လူငယ်ကာလသားများကြားတွင် ထိုသူသည် လူကြောက်ကလေးလူနုံကလေးဖြစ်သွားတော့သည်။ 


 စိန်ခေါ်ခံရသူက မိမိအား နားရွက်တံတွေးဆွတ်၍ စိန်ခေါ်သူကိုယှဉ်ပြိုင်ရန်လက်ခံလိုပါက 

၁။ အဖြူတံု့

၂။ အမှောင်တံု့

၃။ အမဲတုံ့

၄။ အမိုက်တံု့   ဟူ၍ နည်း ၄ နည်းဖြင့် ပြန်လည်းတံု့ပြန်လက်ခံနိုင်သည်။ 


( ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်ထဲတွင်တော့ အဖြူတံု့ နှင့် အနက်တံု့ ဟူ၍ နှစ်မျိုးပြထားသည်။ အနက်တံု့ တွင်မှ အမှောင်တံု့ အမဲတံု့ နှင့် အမိုက်တံု့ ဟု သုံးမျိုးထပ်မံ ခွဲခြားပြသည်။ တုံ့ပြန်နည်းကာ အတူတူပင်ဖြစ်သည်။) 


အဖြူတုံ့

•••••••••


အဖြူတုံ့ ဟူသည်ကာ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို မိမိက နားရွက်တံတွေးတုံ့ပြန်ဆွတ်ကာ လက်ခံသောနည်းဖြစ်သည်။ 

ကလေးအရွယ် မှ မြီးကောင်ပေါက်အထိ လူငယ်များ အငြိုးအတေးမရှိဘဲ ကာယစွမ်းအား ယှဉ်ပြိုင်ခြင်းဖြင့် စိန်ခေါ်မှုကိုလက်ခံခြင်းဖြစ်သည်။ 

ထို့နောက် မိမိကစားဖော်ထဲမှ သမာသမတ် ကျသူကိုဖြစ်စေ ကာလသားကြီးတစ်ဦးဦးကိုဖြစ်စေ နှစ်ဦးသဘောတူ ဒိုင် အဖြစ်သတ်မှတ်၍ နပန်းလုံးခြင်း မောင်းလှဲပြိုင်ခြင်း တုတ်ဆွဲပြိုင်ခြင်း လွန်ဆွဲပြိုင်ခြင်း ပုဆိုးခါးကွင်းထည့်၍ခြေကန်ဆွဲခြင်း နောက်ပြန်ဆွဲခြင်း စသည့် ကာယကြံ့ခိုင်မှု အသားပေးယှဉ်ပြိုင်မှုမျိုးဖြင့် ယှဉ်ပြိုင်ကြသည်။ 

ထိုသို့ ယှဉ်ပြိုင်ရာတွင် စိန်ခေါ်ခံရသူစိတ်ကြိုက်နည်းကို စိန်ခေါ်သူကလက်ခံရသည်။ 

တစ်ဦးဦးရှုံးနိမ့်သွားပါက အနိုင်ရသူသည် ရှုံးနိမ့်သူကို ထပ်မံစိန်ခေါ်ခြင်းမပြုရ။ 

အနိုင်မကျင့်ရ။

ရှုံးနိမ့်သူမှ နောင်တစ်ချိန်ထပ်မံစိန်ခေါ်နိုင်သည်။


(ဆရာရန်ကုန်ဘဆွေ ၏ မြန်မာပြည်သား စာအုပ်တွင် ထိုးကွင်းမင်ကြောင် မထိုးရသေးသောပေါင်ဖြူအတိုင်း ရှိသေးသူ ကလေးသူငယ်များ လက်ခံခြင်းမျိုးကို အဖြူတုံ့ ဟုခေါ်ပြီး ထိုးကွင်းထိုးပြီး ပေါင်မည်း ကာလသားတို့ ယှဉ်ပြိုင်မှုကို အနက်တုံ့ ဟု ခွဲခြားပြထားသည်။)


အမှောင်တုံ့

••••••••••••

            အမှောင်တုံ့ဟူသည်ကာမိမိအားနားရွက်

တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍ စိန်ခေါ်မှုကိုလက်ခံသောနည်းဖြစ်သည်။ 

ရှင်လိင်ပြန်ပြီးသောကာလသားလူရွယ်များမှသည် အရွယ်ရောက်ပြီးသော လူကြီးများအထိ ယှဉ်ပြိုင် ကြသည်။ 


ထိုသို့ မိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူကို ကိုယ်လုံးချင်းတိုက်၍အမှောင်တုံ့ဖြင့် တုံ့ပြန်လက်ခံလိုက်ပါက အရှုံးအနိုင်ပေါ်သည်အထိ မြန်မာ့ရိုးရာလက်ဝှေ့နည်းဖြင့် ထိုးသတ်ရသည်။ ကာလသားခေါင်းဆောင် က ဒိုင်လူကြီး အဖြစ် မျှတစွာဆောင်ရွက်ရသည်။ 


ကြောက်ရှုံး ကွဲရှုံး အလဲရှုံး စသဖြင့် နှစ်ဦးသဘောတူ သတ်မှတ်ပေးရသည်။ 

အနိုင်ရသူနှင့် ရှုံးနိမ့်သူတို့၏ နောက်ပိုင်းဆက်ဆံရေး သည် အဖြူတုံ့နောက်ပိုင်း ကဲ့သို့ ဆက်ဆံရေးမျိုး ဆက်လက်ရှိနေသည်။  


ထိုသို့ အနိုင်ရရှိသော ကာလသားလူမှောင်များသည် ရပ်ရေးရွာရေးတွင် လူဝင်ဆန့်တတ်သည်။ လူပေါင်းများသည်။


အမဲတုံ့

••••••••

   အမဲတုံ့ ဟူသည်ကာမိမိအားနားရွက်တံတွေးဆွတ် စိန်ခေါ်သူ၏ကိုယ်လုံးကို ခြေဖြင့်ကန်၍ တုံ့ပြန်ကာ စိန်ခေါ်မှုကိုလက်ခံသော နည်းဖြစ်သည်။ 


ထို့နောက် စိန်ခေါ်ခံရသူသည် တုတ် ဓါး လှံ ဓါးမြောင် စသည့် မိမိအားသန်ရာ လက်နက်တစ်ခုခုရွေး၍ စိန်ခေါ်သူနှင့်တိုက်ခိုက်ရသည်။ 


စိန်ခေါ်သူသည်  မိမိနှစ်သက်ရာ လက်နက်ကိုင်ခွင့်မရှိ။ စိန်ခေါ်ခံရသူ ရွေးချယ်ထားသောလက်နက်မျိုးကိုသာ ကိုင်ဆွဲရသည်။ 


အနိုင်ရသူသည် ရှုံးနိမ့်သူကို အသေသတ်ခွင့် ရှိသည်။ ရှုံးနိမ့်သူက မသတ်ပါနှင့်ဟုတောင်းပန်လျှင် မသတ်ရ။ ခွင့်လွှတ်ရသည်။ 


ထို့နောက် ရှုံးနိမ့်သူကို ခြေဖြင့်ကန်၍ နောင်ဘယ်တော့ငါ့ကိုပြန်မလှန်နဲ့ ဟုဆိုခွင့်ရှိသည်။  ရှုံးနိမ့်သူသည် ရပ်ရွာတွင် အနှောင့်အယှက်ဖြစ်လောက်အောင် သောင်းကျန်းနေသူလူမိုက်ဖြစ်ပါက နောင်ရပ်ရွာတွင်အနှောင့်အယှက်မပြုရန် ကတိတောင်း၍ရသည်။ 


အကယ်၍ အနိုင်ရသူသည် ရပ်ရွာအော့ကြောလန် လူမိုက်ဖြင့်ပါက ထိုရပ်ရွာသည် လူမိုက်ကြီးစိုးသောရပ်ရွာဖြစ်ကာ နောင်ပြိုင်ဘက် မပေါ်မချင်း လူမိုက်ဒုက္ခ ခါးစည်းခံရ၏။ 


အမိုက်တုံ့

•••••••••••

အမိုက်တုံ့ ဟူသည်ကာ မိမိအား နားရွက်တံတွေးဆွတ်၍ ရန်စစိန်ခေါ်သူကို ပါးပြန်ရိုက်တုံ့ပြန်ပြီး စိန်ခေါ်မှုကို လက်ခံသောနည်းဖြစ်သည်။(မြန်မာတို့သည်မိမိတို့၏ပါးပြင်ကိုအမြတ်တနိုးတန်ဖိုးထား၍လူကြီးမိဘတို့ကချစ်ခင်စွာနမ်းရှိုက်လေ့ရှိသောနေရာဖြစ်သည်။) 


ထိုသို့ စိန်ခေါ်မူကို အမိုက်တုံ့ဖြင့်လက်ခံပြီးပါက စိန်ခေါ်သူ နှင့် စိန်ခေါ်ခံရသူနစ်ဦးတို့သည် တစ်ယောက်တစ်လှည့်စီ အသေအကြေ

ခံပြ တိုက်ပြ ရသည်။ 


ထိုသို့ယှဉ်ပြိုင်ရာတွင် လက်နက်မသုံးရ အတိုက်သမားသည် သတ်၉သတ် ဟုခေါ်သော ဦးခေါင်း လက်သီး တံတောင်  ဒူး ဖနောင့် စသည် တို့ကို စိန်ခေါ်ခံရသူ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်သည်။


စိန်ခေါ်သူသည် စိန်ခေါ်ခံရသူ တိုက်ခိုက်သောနည်းအတိုင်း ပြန်လည်တိုက်ရသည်။ ရှေးဦးစွာ စိန်ခေါ်ခံရသူက လက်သီးဖြင့်ထိုးပါက စိန်ခေါ်သူသည် မလှုပ်မရှား ရှောင်တိမ်းခြင်းမရှိဘဲ အထိုးခံရသည်။ 

စိန်ခေါ်သူ အလှည့်တွင်လည်း စိန်ခေါ်ခံရသူတိုက်သည့် နည်းအတိုင်းပြန်လည်တိုက်ခိုက်ရ၍ စိန်ခေါ်ခံရသူသည် မလှုပ်မယှက် မရှောင်တိမ်းဘဲခံရသည်။ 

ဤသို့ဖြင့် စိန်ခေါ်ခံရသူသည် သတ် ၉ သတ်ကို အမျိုးမျိုးပြောင်းလဲအသုံးပြု၍ တစ်ဦးဦးသေသည်အထိ အတိုက် အခံပြုရသည်။ 


တစ်ဦးဦးအရှုံးပေးလျှင် ပွဲပြီးသော်လည်း အရှုံးမပေးပဲသေဆုံးသွားပါက ပွဲမပြီးသေးပေ။ 

ထိုအခါ သေဆုံးသူ၏ ညီအစ်ကို ဖခင် ဦးလေး စသည့် သွေးချင်းများမှ အရှုံးအနိုင် ပေါ်သည်အထိ ဆက်လက်ယှဉ်ပြိုင် လိုကယှဉ်ပြိုင်နိုင်သည်။မယှဉ်ပြိုင်လိုက သေသူ၏ ပါးကိုရိုက်၍ နင်ငါတို့အမျိုးမဟုတ်ပြီ ဟု ဆွေခန်းမျိုးခန်းဖြတ်ရသည်။ 


သေသူမှာ သေသာသေသွားသော်လည်း ရှုံးနိမ့်ခြင်းမဟုတ်၍ ဂုဏ်မငယ်သော်လည်း သေသူ၏ မိဘဆွေမျိုးအသိုင်းအဝိုင်းမှာ သေသူကြောင့် ဂုဏ်ပျက် ရလေသည်။


သို့သော် သူတော်ကောင်း လူကြီးသူမ တို့က သေသူ၏ မိဘဆွေမျိုးများကို ချီးမွမ်းကြသည်။ 


စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူ နှစ်ဦးတို့သည် ယှဉ်ပြိုင်နေစဉ်အတွင်း မသမာသောနည်း ကောက်ကျစ်သောနည်းကို အသုံးပြုပါက အသုံးပြုကြောင်းတွေ့ပါကအရှုံးအဖြစ်သတ်မှတ်ခံရသည်။ 


ဒိုင်လုပ်သူသည် တစ်ဖက်ဖက်ကို ဘက်လိုက်သည်ဟု ထင်ရှားပါက ဒိုင်လူကြီးလုပ်သူသည် ရှုံးနိမ့်သူနှင့်အတူ ကာလသားများ ရပ်ရွာလူကြီးများ၏ ဝိုင်းပယ်ခြင်းကိုခံရတတ်သည်။


စိန်ခေါ်သူသည် အမဲတုံ့ အမှောင်တုံ့ တို့ဖြင့် တုံ့ပြန်တိုက်ခိုက်၍ အရှုံးပေးပြီး ရှုံးနိမ့်သွားပါက ကာလသားများအလယ်တွင်လည်းကောင်း ဆွေမျိုးများအလယ်တွင်လည်းကောင်း ရပ်ရွာအလယ်တွင်လည်းကောင်း မျက်နှာငယ်ကာ ရွာပြင်ထုတ်ခံရတတ်သည်။ 


မည်သူမှ အဖက်လုပ်စကားမပြောတော့။ အပေါင်းအသင်းမလုပ်တော့။  ထိုအခါ အရပ်တစ်ပါးသို့တိတ်တဆိတ်ထွက်ခွါကာ ဇာတ်မြုပ်နေလေ့ရှိသည်။ 

            

ထိုသို့ ရှေးအခါက ကျင့်သုံးခဲ့သော ကာလသားဓလေ့ သည် တစ်ဦးနှင့်တစ်ဦး ဗိုလ်မထားလို၍ စိန်ခေါ်ထိုးသတ်ကြသော်လည်း အဖြူတံု့ နှင့် အမှောင်တုံ့ အထိသာ တုံ့ပြန်တိုက်ခိုက်တတ်ကြသည်။ 


ဗာလာနံ မိုက်မဲသူတို့အမူအကျင့်ဖြစ်သော အမဲတုံ့ အမိုက်တုံ့ ဖြင့် တိုက်ခိုက်မှုမျိုးရှိခဲလှသည်။ ထိုသို့မဖြစ်အောင်လည်း လူကြီးမိဘတို့က မိမိတို့၏ သားသမီးများကို အရွယ်ရောက်လာပါက ဘုန်းတော်ကြီးကျောင်းသို့ပို့ကာ စာပေ သင်အံ စေသည်။ ဗုဒ္ဓအလိုကျ ယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးစေသည်။


နားရွက်တံတွေးဆွတ်၍စိန်ခေါ်မှုကို တုံ့ပြန်ပုံများ

-------------------------------------------------

၁။ အဖြူတံု့     = နားရွက်တံတွေးပြန်ဆွတ်ခြင်း

၂။ အမှောင်တံု့ = ကိုယ်လုံးခြင်းပြန်တိုက်ခြင်း

၃။ အမဲတုံ့      = ခြေဖြင့်ပြန်ကန်ခြင်း

၄။ အမိုက်တုံ့   = ပါးပြန်ရိုက်ခြင်း


(အကိုးအကား)

ဆရာရန်ကုန်ဘဆွေ၏ မြန်မာပြည်သားဝတ္ထု


***မနွေးနွေးလှိုင် ၏ ဝေမျှတဲ့ စာများကို တဆင့်ပြန်ဝေငှပါတယ်။ 

Thursday, June 20, 2024

ယောဂဆိုတာ ဘာလဲ?

 ➡Yoga ဆိုတာ ဘာလဲ ?





Yoga ဆိုသောစကားသည် Sanskrit သက္ကတဘာသာ (Yog) (Yoke) မှလာပြီး

Union စုစည်းခြင်း ပေါင်းစပ်ခြင်း တစ်စည်းတစ်လုံးဖြစ်စေခြင်းဟု အဓိပ္ပါယ်ရသည်။

တနည်းအားဖြင့် #ခန္ဓာကိုယ် #စိတ် နှင့် #ဝိဉာဏ် တို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြစ်သည်။


➡Yoga သည် အားကစားနည်း တစ်ရပ်လား ?

Yoga သည် အားကစားတစ်ရပ်မဟုတ်ပါ။

ကမ္ဘာပေါ်တွင် အားကစားနည်းပေါင်း ၁၅၀ ခန့်ရှိပြီး မြန်မာပြည်တွင် ၃၆ မျိုးခန့် ရှိသည်။

Yoga သည် ခန္ဓာကိုယ် စိတ် နှင့် အသက်ရူမူကို ပေါင်းစပ်လေ့ကျင့်သော ကျင့်စဉ်တစ်ရပ်သာဖြစ်သည်။


➡Yoga သမိုင်းကဘာလဲ ?

Yoga သည် အိန္ဒိယရိုးရာရှေးဟောင်းပညာရပ်တစ်ခု ဖြစ်သည်။

Yoga ကိုစတင်ခဲ့သူမှာ ဟိန္ဒူဘုရားရှင် Shiva သျှီဝ ဖြစ်သည်။ BC ၁ ရာစုခန့်တွင် ပတန်ဂျလီ ရသေ့သူမြတ်သည် Sankrit သက္ကတဘာသာဖြင့် #ယောဂသုတ္တကျမ်း ကို စနစ်တကျရေးသားပြုစုရေးခဲ့သည်။

၂၀ ရာစု အစပိုင်းတွင် အိန္ဒိယယောဂီ ဆွာမိများသည် အင်္ဂလန် အမေရိကန်တို့တွင် ပညာစတင်ဖြန့်ဖြူးရာမှ ပညာရှင်များ၏ သိပ္ပံနည်းကျလေ့လာမူဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။


ယနေ့ခေါတ်တွင် တစ်ကမ္ဘာလုံးတွင် နေ့စဉ် ယောဂကျင့်ကြံနေသူပေါင်း သန်း ၃၀ ခန့် ရှိသည်ဟုသိရသည်။


➡Yoga ကျင့်စဉ် ဘယ်နှစ်မျိုးခန့် ရှိပါသလဲ ?

Yoga ကျင့်စဉ်တွင် အခြေခံလမ်းကြောင်းအဖြစ်

#ဉာဏယောဂ (အသိဉာဏ်ပညာ ယောဂ) #ဘတ္တိယောဂ(သဒ္ဒါကြည်ညိုခြင်း ယောဂ) #ကမ္မယောဂ( ပြုစုလုပ်ကျွေးခြင်းယောဂ) #ရာဇယောဂ (တော်ဝင် ယောဂ) 

#ဟဋ္ဌယောဂ (နည်းနိဿယ ယောဂ) တို့ ရှိသည်။

သို့သော် ယင်းတို့အပြင် အခြားမရေမတွက်နိုင်အောင် ရှိသေးသည်။ မျက်မှောက်ခေါတ် အသုံးများသော ယောဂကျင့်စဉ်များမှာ Hatha Yoga, Yin Yoga, Ashtanga Yoga, Power Yoga, Kundalini Yoga, Iyanger Yoga စသဖြင့် ဖြစ်သည်။ သို့သော် မည်သည်ယောဂကို ကျင့်ကျင့် ကျင့်စဉ်တိုင်းသည် ယောဂအင်္ဂါ ၈ ပါးနှင့် ကိုက်ညီရန်လိုအပ်သည်။

တနည်းအားဖြင့် စိတ်အာရုံစူးစိုက်စွာဖြင့် ကိုယ်ကာယလေ့ကျင့်ခန်း နှင့် အသက်ရူလေ့ကျင့်ခန်းတို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြင့် အမြင့်ဆုံးသော သမာဓိကို ရရှိနိုင်ရန်ဖြစ်ပါသည်။


➡Yoga သည် ဘာသာရေးကျင့်စဉ်လား ?

Yoga သည် ဘာသာရေးကျင့်စဉ်တစ်ခု မဟုတ်ပါ။ Yoga သည် အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဆဒဿန ခေါ် အတွေးအခေါ်ဂိုဏ်း ၆ ဂိုဏ်းအနက် ယောဂဒဿနဂိုဏ်းပညာဖြစ်ပြီး တည်ထောင်သူမှာ ပတန်ဂျလီ Patangali ရသေ့မြတ်ပင်ဖြစ်သည်။ သို့သော် Yoga ၏ အလေ့အကျင့် ဓလေ့ဘာဝ နှင့် နည်းစနစ်များသည် အိန္ဒိယကိုးကွယ်မူများဖြစ်သည့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင် ဂျိန်းဘာသာ တို့တွင်ပါဝင်လျက် ရှိကြသည်။


➡Yoga ကျင့်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ?

Yoga ၏ အန္တိမရည်မှန်းချက်မှာ Kundalini ကုဏ္ဍလိနီစွမ်းအင် နိုးကြားလာစေရန်ဖြစ်သည်။

လူသားတို့၏ ဦးနှောက်တွင် ၃ ပုံ ၁ ပုံ ခန့်သာ အလုပ်လုပ်ပီး ကျန် ၂ ပုံသည် အလုပ်မလုပ်ဘဲ ပိတ်ဆို့နေလေသည်။

ယောဂကျင့်စဉ့်ဖြင့် ကုဏ္ဍလိနိစွမ်းအင် နိုးကြားလာသောအခါ ဦးနှောက်၏ ကျန်အစိတ်အပိုင်းများပါ အလုပ်လုပ်လာပြီး အမြတ်ဆုံး အမြင့်ဆုံးသော အသိပညာ ဉာဏ်စဉ်များကို ရရှိလာပီး လူဘောင်လောက၏ ဆင့်ကဲဖွံဖြိုးမူကို အထောက်အကူပြုရန် ဖြစ်သည်။


➡Yoga ကျင့်စဉ်၏ ကောင်းကျိုးက ဘာတွေလဲ ?

Yoga ကျင့်စဉ်ကို အရေးပါသော အချက် ၅ ချက်ဖြင့် ဖွဲ့စည်းထားသည်။

- စနစ်ကျသော လေရှူ ရှိုက်မူ

- အာသနကိုယ်နေဟန်ထားများ

- အနားယူခြင်း

- မှန်ကန်သော စားသောက်မူပုံစံ နှင့်

- အကောင်းမြင်ဝါဒ နှင့် တရားထိုင်ခြင်း တို့ ဖြစ်သည်။ Yoga ကို မှန်မှန်လေ့ကျင့်ခြင်းဖြင့်

ကြွက်သားများ ပြေလျော့ခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာခြင်း၊ အဆစ်အမြစ်နှင့် အရွတ်များ ကွေးနိုင်ဆန့်နိုင် ပြောင်းလွယ် ပြင်လွယ်မူစွမ်းအားမြင့်လာကာ သက်ရှည် ကျန်းမာစေသည်။


Yoga ကျင့်စဉ်၏ ရည်ရွယ်ချက်မှာ မိမိတို့ နေ့စဉ်လူမူဘဝတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ ကျန်းမာပျော်ရွှင်စွာဖြင့် မိမိတို့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မြင်စေရန် ဖြစ်သည်။


➡ဘယ်သူတွေ Yoga ကျင့်လို့ရသလဲ ?

ကလေး လူကြီး ယောင်္ကျား မိန်းမ အသက်အရွယ် ဘာသာလူမျိုး မရွေး လွယ်လွယ်ကူကူလေ့ကျင့်နိုင်သည်။

ကလေးများ အသက် ၈ နှစ်မှ စတင်လေ့ကျင့်နိုင်ပီး အထူးသဖြင့် သက်ကြီးပိုင်းတွင်းလဲ ခန္ဓာကိုယ်ကို မပင်မပန်း သက်တောင့်သက်သာ လေ့ကျင့်နိုင်သည်။ အလုပ်မအားသူများလဲ မိမိတို့ နေ့စဉ် သွားရင်းလာရင်း အလုပ်လုပ်ရင်း TV ကြည့်ရင်း ချက်ပြုတ်ရင်း စားပွဲမှာထိုင်ရင်း အလုပ်မပျက်ဘဲ Yoga ကျင့်နိုင်သည်။


➡Yoga က ခန္ဓာကိုယ်ပျော့သူတွေပဲ လေ့ကျင့်နိုင်တာမဟုတ်လား ?

ခန္ဓာကိုယ်ပျော့ပြောင်းမူသည် Yoga ကျင့်ရာတွင် အရည်အချင်းတစ်ရပ်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်အကြောတောင့်တင်းသူများလဲ မိမိတို့အနေအထားဖြင့် သက်တောင့်သက်သာလေ့ကျင့်နိုင်သည်။ ပုံမှန်လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ပျော့ပြောင်းလာပီး စိတ်ဖိစီးမူကင်းစင်ကာ သက်ရှည်ကျန်းမာလာမည်။


➡Yoga မှာ ကင်းမြီးကောက်ထောင် ဦးခေါင်းစောက်ထိုးလုပ်တာတွေ တွေ့တယ်၊ ဘာအတွက်လဲ ?

Yoga တွင် အဓိကအားဖြင့် Asana အာသန ခေါ် ကိုယ်နေဟန်ထားပုံစံများ နှင့်

Paranayama ပရာနာယာမ ခေါ် အသက်ရူမူနည်းစနစ်များ ဆိုပြီး ၂ ပိုင်းရှိသည်။

အာသနများသည် သဘာဝရေမြေ တောတောင်နှင့် တောတိရိစ္ဆာန်တို့၏ ပုံစံများကို တုပထားခြင်းဖြစ်သည်။ အာသနတွင် အခြေခံအားဖြင်း ၈၄ ကွက်ရှိပြီး အကျယ်ချဲ့ပါက အကွက် ၈သိန်း၄သောင်း ရှိသည်။

ပရာနာယာမတွင်လဲ လေရူနည်များစွာရှိပီး စနစ်တကျ ဖွဲ့စည်းထားသည်။


➡အမျိုးသားတွေကော Yogaကျင့်လို့ရပါသလား ?

မျက်မှောက်ခေါတ်တွင် ယောဂကျင့်သူအများစုမှာ အမျိုးသမီးများသာ ဖြစ်နေသည်။ အမျိုးသမီးများသည် သဘာဝခန္ဓာတည်ဆောက်မူအရ အမျိုသားများထက် အားနည်းပီး စိတ်ခံစားမူတွင်လဲ ပိုမိုပြင်းထန်တတ်သည်။ သို့သော် အမျိုးသားများကဲ့သို့ စိတ်အပန်းဖြေစရာ လ္ဘက်ရည်ဆိုင် Bar Club Message စသဖြင့် သွားခွင့်မရကြဘဲ အိမ်တွင်းအောင်းသူများကြသည်။ ထို့ကြောင့် stress စိတ်ပြေလျော့စေရန်နှင့် အလှအပ ကျန်မားရေးအတွက် Yoga ကို ကျင့်ကြရာမှ အမျိုးသမီးအများစု ဖြစ်သွားခြင်းဖြစ်သည်။ စင်စစ် ယောဂကို ကျားမ မရွေးလေ့ကျင့်နိင်သည်။ အမှန်တွင် ၁၉ ရာစုအကုန်ထိ Yoga ကို အမျိုးသမီးများ ကျင့်ခွင့်မရရှိခဲ့ပဲ မျက်မှောက်ခေါတ်ရောက်မှ ပွင့်လင်းလာခြင်း ဖြစ်သည်။


(Mingala Yoga - မင်္ဂလယောဂ စာမျက်နှာမှကူးယူဖော်ပြသည်။) 

Tuesday, June 18, 2024

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

••••••••••••••••••••••••••••••••••••••••••••



Gym ကစားသူများကြားမှာ အများဆုံးမေးတတ်ကြတာ ဗယ်လီ ၆ လုံးတွေ ၈ လုံးတွေဆိုတာပင်။

တစ်ယောက်နှင့်တစ်ယောက် ကြုံဆုံတိုင်း ကြွားဝါတတ်သည်မှာလည်း ထို  6packs 8packs အကြောင်းပင်။

ဘယ်နှစ်လုံး ပေါ်ပြီ၊
အပေါ် ပေါ်ပြီ၊
အောက် ပျောက်နေပြီ ဆိုတာတွေပင်ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက်လည်း အကြံဥာဏ်လေးတွေ ဝေမျှသံများ ကြားရသလို တစ်ချို့ကျတော့လည်း အဆင့်မြင့် ကစားနည်းတစ်ချို့ကို တက်လှမ်းပြီး လေ့ကျင့်ကြသည်။

ဗယ်လီဆိုသည်မှာလည်း
ဘဘဦးတင်မောင်ဆွေဆီ ကျွန်တော်ငယ်ငယ်တုန်းက သွားလည်ရင်း ပါးစပ်သရမ်းပြီး မေးတုန်းက ဗယ်လီကစားနည်း အမျိုး ၆၀ ကျော်ရှိကြောင်း ပြောတုန်းက မယုံချင်။ ပြီးတော့ တကယ်ထိထိရောက်ရောက် ကစားရင် ၈မျိုးလောက်နဲ့ ပြည့်စုံကြောင်းလည်း ပြောပြဖူးပါတယ်။ ကိုယ်ကလည်း ခပ်ငယ်ငယ် မေ့ပျောက်ပျောက်ဖြစ်ပြီး အင်တာနက်မှလေ့လာ၊ စာအုပ်စာပေတွေ လေ့လာမိတော့မှ ဗယ်လီကစားနည်းများ မြောက်များစွာရှိတာကို သတိထားမိလာသည်။ တကယ်တမ်းကျတော့ သေချာ စစ်ထုတ်လိုက်ရင် ဘဘပြောခဲ့တာ မှန်သည်ကို တွေ့ရသည်။

နောက်ထပ်မေ့နေသည်က ဗယ်လီတွေ ထောင့်စုံအောင် ထောင်သောင်းမက ရိုက်နေလည်း
Dietကို ပေါ့ပေါ့တွေး နေရင် ရွှေပြည်တော် မျှော်တိုင်းဝေးမှာ အသေအချာပါ။ ဒီကြားထဲ တစ်ချို့နည်းပြ ပေါက်စတွေက ဗယ်လီပေါ်အောင် ဗယ်လီမှ မရိုက်တာ ဆိုသည့်စကားပြောသေးသည်။ မှန်ပါသလား။ လီပရိစ် ဆိုသော ကာယဗလမောင်သည် နှစ်ပေါင်းများစွာ ဗယ်လီမရိုက်ခဲ့သည့် ကာယဗလမောင်ဖြစ်သည်။ ဟာ အဲဒီ့တော့ သူ့ဗယ်လီကောင်းနိုင်ပါ့မလား။ သူသည် ကြေးစားမောင်အိုလံပီယာ ပြိုင်ပွဲ၀င်ဖြစ်သည်အထိ တကိုယ်လုံး ကြွက်သားများ လှပနေသူဖြစ်၏။

(၁) အစားအသောက် ကောင်းကောင်းစားပါ။
--------------------------------------------------------

မှန်ပါသည်။ ဗယ်လီရိုက်ခြင်းသည် ဗယ်လီကြွက်သားကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေသည် ဆိုတာတော့ မငြင်းနိုင်ပါ။ သို့သော် ၄င်းသည် ဗယ်လီကိုသာ ရိုက်နေခြင်းဖြစ်၏။ ဗယ်လီဆိုသည့် ကြွက်သားကိုသာ။ အပေါ်ကဖုံးနေသည့် အဆီကိုတော့ မဟုတ်ပေ။

ထို့ကြောင့် ဆိုကြပါစို့။ ပုံးတစ်ပုံးထဲကို ရေထည့်သည်ကဲ့သို့ပင် ဥပမာပေးကြပါစို့။ ပုံးပြည့်နေသ၍တော့ ပုံးသည် ပြည့်ဖောင်းသပ်ရပ်နေမည်။ ပုံးမှ လျှံအောင်ထည့်လိုက်ပါက ဘေးမှာ အဖိတ်အစင်တွေဖြစ်ကာ ညစ်ညမ်းရှုပ်ပွသွားပေမည်။ ဤသည်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်နှင့် အစားအသောက်တို့၏ အလွန်သင့်တော်သော သာဓကပင်။ ကျွန်တော်တို့ကိုယ်ထဲကို အစားအသောက်တွေပိုထည့်လိုက်လျှင် ကိုယ်ထဲမှာ ပိုလျှံပြီး ဘေးမှာ ဖိတ်စင်သွားသော အဆီတွေဖြစ်လာလိမ့်မည်။ ထို့ကြောင့် အစားကသာ သင်ရိုက်ထားသော ဗယ်လီကို ပေါ်စေပါလိမ့်မည်။

အစားအသောက်နှင့်ပတ်သက်လို့ သင့်အနေနဲ့ အောက်ပါအချက်တွေကိုသတိထားမိပြီလား။

(၂) တစ်ပန်းကန် စနစ်
-------------------------------

ကျွန်တော်တို့ အများစုသည် သင်္ချာပါရဂူများ မဟုတ်သည်မှာ သေချာပါသည်။ အလေးချိန်တွေချိန်၊ စားသောက်တိုင်းကို ကယ်လိုရီတွေ တွက်ပြီး စားသောက်နေဖို့ အချိန်မရ။ လွယ်လည်း မလွယ်ကူ။ သင်သည် လွယ်ကူချင်၍ ဤစာတွေကို အင်တာနက်မှ ဖတ်နေခြင်းဖြစ်သည်။ လွယ်လွယ်နှင့် အသုံးကျမည့် နည်းလမ်း ရလို့ ရငြား ၀င်ဖတ်ခြင်းဖြစ်နိုင်သည်။

တစ်ပန်းကန်စနစ်။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် များသောအားဖြင့် ထမင်းကို အရင်ထည့်၊ ပြီးတော့ ဟင်းရည်စမ်း၊ ထို့နောက် လိုသလောက်တစ်ခါစား ဟင်းတုံးထည့်။ ပြီးလျှင် ဟင်းများ ကျန်သေးလျှင် ထမင်းပါရောထည့်ပြီး နောက်တစ်ပန်းကန်။
ကျွန်တော်တွေ့ရှိခဲ့သော အလွန်အသုံး၀င်သည့် နည်းလမ်းမှာ ထမင်းတစ်ပန်းကန် ပုံမှန် ဆိုဒ် တစ်ချပ်ယူ။ ၄င်းပန်းကန် တခြမ်းဖက်ကိုသာ ထမင်းထည့်။ လိုလျှင်လိုသလောက်၊ ဗိုက်ဆာသလောက် မောက်မောက်ထည့်။ သို့သော် တခြမ်းတည်းမှာသာ ဖြစ်ပါစေ။ ကျန်လွတ်နေတဲ့ တ၀က်မှာ ကိုယ့်အတွက်ဝေစု ဟင်းတုံး၊ ဟင်းရည်၊ အရွက်၊ အသီးအနှံ အကုန် ပြုံထည့်ပါ။ ပြီးတော့ ဟင်းဝိုင်းကို တတ်နိုင်သမျှ ထပ်မတို့တော့ဘဲ ထိုပန်းကန်နှင့် စားပါလေ။ ထိုပန်းကန်ထဲက ဟင်းနှင့် ထမင်းကို ကိုယ့်ဘာသာကိုယ် ညှိပြီးသာ စားပါလေ။

(၃) ၄ နာရီခြားလောက် စားပါ။
-----------------------------------------

အိပ်ချိန်ဖယ်လိုက်လျှင် ကျန်တဲ့ ၁၆နာရီကို ၄နာရီခြားပြီး ထမင်းတစ်ပန်းကန်စီစားပါ။ ၄ ကြိမ်ပေါ့။ ၄င်းကဲ့သို့ အချိန်နှင့် စနစ်တကျ စားခြင်းသည် ကြားထဲမှာ ဗိုက်ဆာပြီး မုန့်ပဲသွားရေစာတွေ လျှောက်စားခြင်းကို ကာကွယ်နိုင်၏။

(၄) ဖြည်းဖြည်း ဝါးစားပါ။
------------------------------------

ကျွန်တော်တို့ ဦးနှောက်သည် (Satiety Centreသည်) ကျွန်တော်တို့ ဗိုက်ထဲ အစာရှိနေသည်ကို စားပြီး မိနစ်နှစ်ဆယ်လောက်နေမှ သိ၏။ ထို့ကြောင့် ထိုမိနစ် ၂၀အတွင်း ကျွန်တော်တို့ စားချင်သလောက်စားနိုင်၏။ အများကြီးစားလည်း အဲဒီလောက်ကြာမှ ဗိုက်ပြည့်မည်ကို သိမည်။ နည်းနည်းစားလည်း ငှင်းကျမှ သိမည်။ ထို့ကြောင့် မြန်မြန်စားခြင်းသည် များများ၀င်ခြင်းဖြစ်ပြီး ဗိုက်ကိုလည်း ချက်ချင်း မပြည့်စေနိုင်သောကြောင့် ထပ်စားပြီး ထပ်၀င်သွားစေပါသည်။ လူကြီးများပြောခဲ့သလို တစ်လုပ်ကို ၃၂ ချက် ဝါးစားပါလေ။

(၅) ရေသောက်ပါ။
---------------------------

သုတေသနများဖော်ပြလာသည်မှာ ရေကို သူများထက်ပိုသောက်သူများသည် သူများထက်ပို၍ အဆီချနိုင်ကြ၏ ဟူ၍။ ရေကို ၁၅မိနစ် ၁ခွက်လောက်သောက်ပါ။ ဆီးကို ကြည်နေသည်အထိ သောက်ပါ။ အဲဒီံ ထမင်း တစ်ပန်းကန်တည်းနှင့် ဖြည်းဖြည်းစားပြီး ဗိုက်ဝအောင် ရေကို ခဏခဏနည်းနည်းချင်းသောက်ပြီး စားပါ။ မစားခင်လည်းသောက်၊ စားပြီးလည်းသောက်ပါ။ ရေသောက်ခြင်းကြောင့် အဆီမတက်နိုင်သည့်အပြင် ကျတောင်ကျနိုင်ပါသည်။

မှန်ပါသည်။
ဗယ်လီကြွက်သားများကောင်းအောင် ဗယ်လီရိုက်သင့်ပါသည်။ သို့သော် အဲဒီ့ကောင်းနေတဲ့ ကြွက်သားတွေကို မီးခဲပြာဖုံး မဖြစ်ရအောင် ဖော်ပြပေးမည်ကတော့ သင်၏ စားသောက်နည်းပင်ဖြစ်သည်။ အထက်ပါနည်းများကို နေ့စဉ် ကျင့်သုံးစားသောက်လျှင် ကောင်းမွန်သော စားသောက်နည်းတစ်ခုရရှိလာလိမ့်မည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။


(Ko Aung Aung)


*** Muscle Professor စာမျက်နှာမှကူးယူဖော်ပြသည်။

Thursday, December 28, 2023

ဖြည့်စွက်စာတွေမပါဘဲ ခန္ဓာကိုယ်ကိုဘယ်လို တည်ဆောက်မလဲ

 ဖြည့်စွက်စာတွေမပါဘဲ 

ခန္ဓာကိုယ်ကိုဘယ်လို တည်ဆောက်မလဲ  (၁)❓




💊 ဖြည့်စွက်စာမသုံးဘဲ လေ့ကျင့်ခန်းကို လုံးလုံးလုပ်နိုင်တယ် ။ ကောင်းကောင်းစားပါ၊ လုံလောက်စွာ အနားယူပြီး လေ့ကျင့်ပါ ။ ဒါတွေက ဖြည့်စွက်စာတွေအကြောင်း မစဉ်းစားခင် လေ့ကျင့်ခန်းအတွက် အရေးကြီးဆုံးအရာတွေပါ ။


လေ့ကျင့်ခန်း စိန်ခေါ်မှု 📕📗


💊ကာယဗလသမားများက ကြီးမားပြီး အချိုးကျတဲ့ ကြွက်သားများနဲ့ အဆီနည်းတဲ့ ခန္ဓာကိုယ်အတွက် ရည်ရွယ်ကြတယ်။ သူတို့က အဆင့်တွေနဲ့ ဖြတ်ကျော်တယ် - တစ်ခုက အစားအစာနဲ့ အလေးများဖြင့် ကြွက်သားများ တည်ဆောက်ဖို့ ၊ နောက်တစ်ခုက အစာလျှော့စားပြီး လေ့ကျင့်ခန်း ပိုလုပ်ကာ အဆီဖြတ်ဖို့ ဖြစ်တယ် ။


💊 ဒါက အဆီကျစေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ် ။ လုပ်ဖို့တော့ ခက်တယ် - သူတို့က ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တွန်းတယ်။ သူတို့က ကိုယ်ကာယတည်ဆောက်မှုကို အလွန်လိုအပ်တာကြောင့် ဖြည့်စွက်စာများကို မကြာခဏ အားကိုးကြတယ် ။ ဒါပေမယ့် ဖြည့်စွက်စာတွေအားလုံးက အလုပ်မဖြစ်ပါဘူး ။ အချို့က ကြွက်သားများ၊ အဆီ၊ စွမ်းအင်နဲ့ recovery အတွက် ကူညီပေးပေမဲ့ များသောအားဖြင့် ပြတ်သားတဲ့ အကျိုးသက်ရောက်မှုများမရှိပါဘူး ။


ဖြည့်စွက်စာမပါဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း 📕📗


💊 တချို့တွေက ဖြည့်စွက်စာလုပ်ငန်းတွေကို ခိုင်လုံတဲ့ အထောက်အထားမရှိလို့ မယုံကြည်တာကြောင့် ဖြည့်စွက်စာများ ဖြတ်တောက်ခံရကြတယ် ။ တင်းကျပ်တဲ့ စည်းမျဉ်းများပါတဲ့ ဆေးညွှန်းဆေးများနဲ့ မတူဘဲ ဖြည့်စွက်စာများက FDA၊ နဲ့ ဆေးဝါးကွပ်ကဲရေးမှ ကြီးကြပ်ကွပ်ကဲမှု များပြားခြင်းမရှိကြဘူး ။


💊 FDA က ဖြည့်စွက်စာကုမ္ပဏီတွေကို သူတို့မရောင်းချမီ ထုတ်ကုန်များကို စမ်းသပ်ဖို့ ပထမဆုံးထွက်လာတဲ့အချိန်မှာ ဖြည့်စွက်စာတွေကို တိုက်ရိုက်စစ်ဆေးခြင်းမရှိပါ။ စျေးကွက်ထဲရောက်ပြီးမှသာ သူတို့ကို ထိန်းညှိဖို့ ခြေလှမ်းပြင်ကြတယ်။ အဲဒါက လူတွေကို သံသယဖြစ်စေတယ် ။ ‼️


💊 ဒါပေမယ့် ဖြည့်စွက်စာတွေမပါဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရင် စိတ်မပူပါနဲ့ ။ ကြွက်သားတည်ဆောက်ခြင်းနဲ့ အဆီကျခြင်းအတွက် အမှန်တကယ်အရေးကြီးတဲ့အရာမှာ မှန်ကန်စွာစားခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ခန္ဓာကိုယ်ကို အနားယူခြင်းပဲဖြစ်တယ် ။ ကြွက်သားတည်ဆောက်ဖို့၊ ကိုယ့်ရဲ့ကြွက်သားများကို စိန်ခေါ်ဖို့လိုအပ်တယ်။


💊 အဲဒါက လေ့ကျင့်ခန်းတွေ ဝင်လာတယ်၊ သူတို့က မင်းရဲ့ကြွက်သားတွေကို ကောင်းကောင်းဖိအားပေးတယ် ။ အလေးမ လေ့ကျင့်ခန်းတွေက ကြွက်သားများကို အမှန်တကယ် တွန်းပို့နိုင်တာကြောင့် ကောင်းမွန်ပါတယ် ။ Cardio တွေက ကြွက်သားအချို့ကို တည်ဆောက်နိုင်သော်လည်း သန်မာပြီး ကြီးလာစေဖို့ အလေးမ လေ့ကျင့်ခြင်းလောက် မကောင်းပါ ။


လေ့ကျင့်ခန်းအကြို ဖြည့်စွက်စာတွေအစား ကော်ဖီသောက်ပါ 📕📗


💊 Pre Workout (လေ့ကျင့်ခန်းအကြို) ဖြည့်စွက်စတွေကတယ် ကိုယ့်ရဲ့ စွမ်းအင်နဲ့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးခြင်းဖြင့် လေ့ကျင့်ခန်းများကို ပိုမိုအားဖြည့်ဖို့ ရည်ရွယ်ပေးတယ် ။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေချိန်တွင် ခွန်အားဖြစ်စေတယ်။  ကဖိန်းဓာတ်က လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ခန္ဓာကိုယ်အပေါ်ပိုင်းအားနဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာမှုအချို့က ဖော်ပြပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြံ့ခိုင်မှုအပေါ် သက်ရောက်မှုမှာ သိသာထင်ရှားခြင်းမရှိပေ ။


💊 လေ့ကျင့်ခန်းမလုပ်ခင် ကဖိန်းဓာတ်ရှိခြင်းက ကြွက်သားကြီးထွားမှုကို ပိုကောင်းလာစေနိုင်အောင် Gym မှာ အပြင်းအထန် တွန်းအားပေးနိုင်ပါတယ် ။ ဒါကြောင့် ဖြည့်စွက်စာတွေ မစားချင်ပေမယ့် ကဖင်းဓာတ်ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ကော်ဖီတစ်ခွက်က ဒီလှည့်ကွက်ကို လုပ်နိုင်မှာပါ ။


Creatine ကို အစာဖြင့် အစားထိုးခြင်း 📕📗


💊 လေ့ကျင့်ခန်းမလုပ်မီ ဖြည့်စွက်စာအနေနဲ့ နောက်ပိုင်းတွင် လူကြိုက်များတာက creatine ဖြစ်တယ်။ ခန္ဓာကိုယ်က ကြွက်သားတွေကို ကျုံ့ဖို့အတွက် creatine ကို စွမ်းအင်အရင်းအမြစ်အဖြစ် ဖန်တီးပေးပါတယ်။ အသည်းက Creatine ကိုထုတ်လုပ်ပြီး ကြွက်သားတွေဆီကို ပို့ပေးတယ်။ ခန္ဓာကိုယ်က သိမ်းဆည်းပြီး အသုံးပြုတဲ့ Creatine ပုံစံကို Creatine phosphate လို့ခေါ်တယ် ။


💊 ဒီဖြည့်စွက်စာများက လူတွေပြုလုပ်ထားပေမဲ့ ဒါတွေက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အရာဖြစ်တယ် ။ creatine တယ် ထုထည်ကို တိုးစေပြီး အသုံးမပြုရင် ခွန်အားပိုကောင်းစေတယ် ။ ဆိုလိုတာက creatine က ကိုယ်ကာယလေ့ကျင့်ခန်း လုပ်သူများအတွက် အထောက်အကူဖြစ်စေတဲ့ ဖြည့်စွက်စာဖြစ်တယ် ။ 💁‍♂️


💊 ဒါပေမဲ့ အစားအစာမှ creatine ကို ရနိုင်တယ် ။ အနီရောင်အသား တစ်ပေါင်မှာ creatine ၂ ဂရမ်ခန့်ပါရှိပြီး ဆော်လမွန်တစ်ပေါင်မှာ ၅ ဂရမ်ခန့်ပါရှိတယ် ။ ဒါဟာ creatine ဖြည့်စွက်ရာတွင် အသုံးပြုရမဲ့ ပမာဏအကြမ်းဖျင်းဖြစ်တယ် ။ ဒါပေမယ့် အသားကို ချက်ပြုတ်တဲ့အခါ creatine တစ်ချို့ကို ပျောက်ကွဲစေပါတယ်။ တစ်နေ့လျှင် ဆော်လမွန်တစ်ပေါင် သို့မဟုတ် အဲ့ထက်ပို စားသုံးခြင်းက စျေးကြီးပေမဲ့ လွတ်နေတဲ့ creatine ပမာဏနဲ့ ကိုက်ညီအောင် ကူညီပေးနိုင်တယ် ။


💊 Creatine ဖြည့်စွက်ခြင်းဖြင့် ကြွက်သားနဲ့ ခွန်အားကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပေမဲ့ အစားအစာက အသုံးဝင်တဲ့ အခြားရွေးချယ်မှုတစ်ခု ဖြစ်တယ် ။ ❤️


ဖြည့်စွက်စာတွေ မပါဘဲ

ခန္ဓာကိုယ်ကို ဘယ်လိုတည်ဆောက်မလဲ (၂)❓


Branched-Chain Amino Acids 📗📕


💊 လေ့ကျင့်ခန်းလုပ်တဲ့အခါ တချို့သောသူတွေက branched-chain amino acids လို့ခေါ်တဲ့ BCAAs လို့ခေါ်တဲ့ အရာတစ်ခုကို အသုံးပြုကြတယ် ။ သူတို့က ကြွက်သားများကြီးထွားလာစေဖို့ ကူညီပေးတဲ့ အထူးတည်ဆောက်မှု အတုံးများနဲ့ တူတယ် ။ 


💊 အများအားဖြင့် ပရိုတင်းကိုစားတဲ့အခါ ခန္ဓာကိုယ်က BCAA ကို အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ အရာလေးတွေကို ပြောင်းလဲပေးတယ် ။ ဒီကောင်လေးတွေက သွေးထဲမှာ ကြွက်သားတွေလို အရာအသစ်တွေကို ဖန်တီးပေးပါတယ် ။ ဒါ့ကြောင့် BCAAs က ပရိုတင်းစားခြင်းအဆင့်ကို ကျော်ပြီး အထူးတည်ဆောက်မှုတုံးများကို တိုက်ရိုက်ပိုင်ဆိုင်ဖို့ဖြစ်တယ် ။


💊 လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကြွက်သားများ မြန်မြန်ပြန်ကောင်းလာစေဖို့ ကူညီပေးတဲ့ ဖြတ်လမ်းတစ်ခုလိုမျိုးဖြစ်တယ် ။ သို့သော် ဒီအရာက အမှန်တကယ် ကြီးကြီးမားမား ကွာခြားမှု မရှိဘူးလို့ အချို့သော လေ့လာမှုများက ဆိုကြတယ် ။


💊 BCAA ဖြည့်စွက်စာများက ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူဖြစ်နိုင်တာကြောင့် ဒီအထူးဖြည့်စွက်စာတွေကို မစားဘူးဆိုရင် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူတို့မပါဘဲလဲ ကြွက်သားများ တည်ဆောက်နိုင်သေးပါတယ် ။


ပရိုတင်းဓာတ် ပိုလိုအပ်လား ❓


💊 အထူးသဖြင့် ပန်းတိုင်ကိုရဖို့ အလျင်လိုနေရင် ပရိုတင်း shakes သောက်ခြင်းက အသုံးဝင်ပါတယ် ။ အမှုန့်ကို နို့ ဒါမှမဟုတ် ရေနဲ့ရောပြီး လှုပ်ခါလိုက်ရုံနဲ့ ပရိုတင်း 20 ဂရမ်ကနေ 30 ဂရမ်ကို ရရှိမှာပါ။ ဒါက ဗိုက်ပြည့်ဝလွန်းတယ်လို့ မခံစားရဘဲ ကောင်းတဲ့အရာတွေကို အမြန်ရနိုင်တဲ့နည်းလမ်းတစ်ခုပါဘဲ ။


💊 လေ့လာမှုတစ်ခုအရ ပရိုတင်းဓာတ်ကို ပုံမှန်အစားအစာများထဲသို့ ထည့်ခြင်းက ကြွက်သားများ ပိုမိုရရှိလာကြောင်း တွေ့ရှိခဲ့တယ် ။ ဒါပေမယ့် အစားအစာတွေကနေ ပရိုတင်းဓာတ် လုံလုံလောက်လောက်ရနေပြီဆိုရင်တော့ အဲဒါတွေကို မလိုအပ်ပါဘူး။


💊 Whey protein က လူကြိုက်များသော ရွေးချယ်မှုဖြစ်ပြီး ဒါက နို့ထွက်ပစ္စည်းများမှ ရရှိတာဖြစ်တယ် ။ ပဲနှင့် ပဲပရိုတင်းလိုမျိုး အခြားရွေးချယ်စရာများလည်း ရှိသေးသည် ။ သူတို့အားလုံးက မိတ်ဆွေကို ကြွက်သားများတည်ဆောက်ဖို့ ကူညီပေးနိုင်တယ် ။


ကာယဗလသမားများအတွက် အဆီလောင်ကျွမ်းမှုများ 📗📕


💊 ကာယဗလသမားတွေက ကြွက်သားတွေတည်ဆောက်ပြီး အဆီကျချင်တဲ့အခါ အဆီလောင်ကျွမ်းစေတဲ့ ဖြည့်စွက်စာတွေကို မကြာခဏသုံးကြတယ်။ ဒါပေမယ့် ဒီဖြည့်စွက်စာတွေအားလုံးက ဘေးကင်းတာတော့ မဟုတ်ပါဘူး ။ အချို့မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ တရားမဝင်ပစ္စည်းတွေပါ၀င်တာကြောင့် တားမြစ်ထားတယ် ။ 


💊 ဒါပေမဲ့ ၊ ကုမ္ပဏီတော်တော်များများကတော့ အန္တရာယ်ရှိတဲ့ အရာများကိုတော့ အသုံးမပြုပါ ။ မကောင်းသော အရာအများစုကို တားမြစ်ထားပြီး သို့မဟုတ် ပိုမိုလုံခြုံစေဖို့ ပြောင်းလဲထားတာမျိုးဖြစ်တယ် ။ သို့သော် စျေးကွက်မှာရှိတဲ့ အဆီလောင်ကျွမ်းစေတဲ့ ဆေးတွေက အမှန်တကယ် အလုပ်မဖြစ်နိုင်ပါ ။


💊 ကျန်းမာရေးအဖွဲ့တစ်ခုမှ အစီရင်ခံစာတစ်ခုအရ အဆီလောင်ကျွမ်းမှုမှ ပါဝင်ပစ္စည်းများ အများစုမှာ သူတို့ ဆေးကအမှန်တကယ် အလုပ်ဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားများ မရှိပါဘူး ။ အချို့သော အထောက်အထားများက အလွန်နည်းပြီး အချို့သော အထောက်အထားများက ရလဒ်ကောင်းများကို မပြသနိုင်ပါ ။


💊 ရိုးရိုးရှင်းရှင်းပြောရရင်၊ အံ့မခန်းသက်သေပြနိုင်တဲ့ မှော်အဆီလောင်ကျွမ်းဆေးဆိုတာ မရှိပါဘူး ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီဆေးတွေကို သုံးစွဲစရာ မလိုပါဘူး ။ ကြွက်သားတွေကို သဘာဝအတိုင်း တည်ဆောက်ရတာကို နှစ်သက်တဲ့သူတွေအတွက် ကောင်းမွန်တဲ့အချက်တွေကို ပြောပြပါမယ် ။


💊 သူတို့အတွက် အကောင်းဆုံးဖြည့်စွက်စာများမှာ creatine၊ caffeine နဲ့ beta-alanine တို့ဖြစ်တယ် ။ အခြားသော ဖြည့်စွက်စာများက ကောင်းစွာ အလုပ်မလုပ်နိုင်ဘူး ၊ ဒါမှမဟုတ် လုံလောက်တဲ့ အထောက်အထားများမရှိဘူး လို့ သုတေသီများက ယူဆကြတယ် ။


💊 ကြွက်သားတွေကို ထိန်းသိမ်းရင်း အဆီကျဖို့ ကြိုးစားနေသူတွေအတွက် ရိုးရှင်းတဲ့ အစားအသောက်အစီအစဉ်က တစ်ပတ်ကို ကိုယ်အလေးချိန်ရဲ့ ထက်ဝက်မှ တစ်ရာခိုင်နှုန်းအထိ လျှော့ချဖို့ပါပဲ ။ ❤️


💊 ဒီနှေးကွေးတဲ့လုပ်ငန်းစဉ်က ကြွက်သားများ ပိုမိုထိန်းသိမ်းဖို့ ကူညီပေးတယ် ။ အဆီကျတဲ့သူတွေအနေနဲ့ တစ်နေ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ပရိုတင်း ၂.၃ ဂရမ်ကနေ ၃.၁ ဂရမ်လောက် စားသင့်တယ် ။ သူတို့အတွက် တစ်နေ့တာ ကယ်လိုရီရဲ့ 15 မှ 30 ရာခိုင်နှုန်းခန့်ဟာ အဆီကနေ လာသင့်တယ် ။ အဆီနှင့် ပရိုတင်းဓာတ် လုံလောက်စွာ ရရှိပြီးတာနဲ့ တစ်နေ့တာ ကယ်လိုရီက ကာဗိုဟိုက်ဒရိတ်မှ ဖြစ်နိုင်တယ် ။


#Booty_Glute_by_Jack

#Glute_specialist_ISSA

#Fatloss #Nutrition #Dietplan #Womenfitness #Menfitness #2023_Goal #Fatlossgoal #Burnfat

#JackLogan

#Fatloss

#Supplements

#Nutrition

#Personal_Training

#ISSA

#PED_Steroid

#Main_MFTA

#ISSA_Elite_Trainer

 personal fitness trainer (men physique ,trainer Jack Logan)

Rehab Trainer

#ISSA International Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Traine

Thursday, June 15, 2023

💢 ခြင်းလုံး 💢

 💢 ခြင်းလုံး 💢




ခြင်းလုံးကစားနည်း သည် မြန်မာလူမျိုးများ သာမက အချို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားသော ရိုးရာ အားကစားနည်း ဖြစ်သည်။ ပျူခေတ်မှ စတင်၍ ကစားခဲ့ကြသည် ဟု ယုံကြည်ရသည်။ ခြင်းလုံးကစားနည်း ၏ထူးခြားချက် မှာ တယောက်နှင့် တယောက် တဖက်နင့်တဖက် ယှဉ်ပြိုင်ရသည် မဟုတ်ပဲ ခြင်းလုံးကိုမြေသို့မကျအောင် ကစားဖော်များကစုပေါင်း အားထုတ်ရသော ကစားနည်းဖြစ်သည်။


♻ ခြင်းလုံး ကစားခြင်း.....


ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေထောက်၊ ဒူး၊ဦးခေါင်း၊ပခုံး စသည်တို့ဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။


မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊ ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း ပါဝင်ဖွဲ့စည်းနေသည်။


ဝိုင်း ခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ဝါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်းရွက် နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ဝိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။


♻ စတင်ပေါ်ပေါက်လာပုံ.....




ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀ဝ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။


အထောက်အထား အနေဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန မှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ်၏ ၁၉၂၆-၂၇ ခုနှစ်အတွင်း နှစ်ပတ်လည် အစီရင်ခံစာ၊စာမျက် နှာ ၁၇၁ ပါစာပိုဒ်ဖြစ်သည်။ထိုစာပိုဒ်အရ ပြည်မြို့အပိုင်၊ မှော်စာရွာအနီး၊ ကုလားကန်ကုန်းရွာ မလှမ်းမကမ်း ၌ ဦးခင်ဘ ဆိုသူ ၏ယာမြေရှိ၏။ထိုယာ ကုန်းမြေအောက် အုတ်တိုက်ကို တူးဖော်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ လက် ဝတ်ရတနာ များ၊ ရုပ်တုများ တူးဖော်ရရှိ ခဲ့ပါသည်။ ထို အုတ်တိုက်ထဲမှ တူးဖော် ရရှိသော ပစ္စည်းများမှ ထူးခြားသော ပစ္စည်းတစ်ခု ပါရှိခဲ့လေ သည်။ ထို အရာ ဝတ္ထုမှာ နှစ်လက်မ မတ်တင်းအချင်းရှိသော သေးငယ် သည့် ငွေခြင်းလုံးလေး တစ်လုံးဖြစ်ပါသည်။ထိုသို့ တူးဖော်ရသော ပစ္စည်း များ ခေတ်အခါနှင့် သက်တမ်းကို သုတေသနပြုရာ၌ ခရစ်နှစ် ၇ ရာစုခန့် ဟု သိရှိရပေသည်။ တစ်နည်းမှန်းဆရသော် လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ ကျော်မှ ဟု ဆိုပါသည်။


ထိုခေတ်အချိန်မှာ ပျူတို့ခေတ်အနေ ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် ရှေးဟောင်းပစ္စည်းများ၊ ဌာပနာများကို စောင့်ရှောက်ထိန်းသိမ်း ခြင်း ဆိုင်ရာနှင့် ဆက်စပ်သော ကထိက ဦးသက်တင် ကလည်း အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ အေဒီ ၅ ရာစုအတွင်း ရေးထိုးကြသောက ဒဗ္ဗ တို့ ခေတ်ဦးပိုင်း စာလုကြ တို့၏ တေလဂူ၊ ကနရ အက္ခရာရေးပုံမျိုးသည် မှော်စာရွာ ဦးခင်ဘ ယာကုန်းမှ ရသော ရွှေပေလွှာ အက္ခရာ ရေးသားပုံ နှင့်တူ သဖြင့် ပျူခေတ် အထောက်အထား မှန်ကန်တိကျကြောင်း အဆိုရှိပါသည်။ အိန္ဒိယ အက္ခရာပါရဂူ တို့၏ အေဒီ ၅ ရာစု ခေတ်အဆိုအရ လည်း သေဉ်လည်ကြောင်၊ ကြောင်ဒူရစ်၊ သည်ကန် သူရဲ စသော ပုဂံမင်းများခေတ်ဖြစ်ပေ သည်။ ထိုခေတ် ကာလ ရွှေပေလွှာ အက္ခရာပုံမျိုးထပ်တူမရှိ၊ သို့သော် ထပ်တူရှိသည် ဆိုပါသည်။ သို့ပါ၍ ပျူခေတ်၊ ပုဂံမင်းများလက်အောက်ခံ မှော်ဇာပျူမင်း ဗရဗော(ခ) တြီပြတူဝန်မ နှင့် မိဖုရားတြီပြတူဒေဝီတို့က ရွှေပေလွှာ ရေးသားစေပြီး ဦးခင်ဘကုန်း အုတ်တိုက်အတွင်း ဌာပနာပြု ထည့်သွင်း လှူဒန်း ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။


တရုတ်စာပေ ဟန်ရာဇဝင်တွင် ဟိုဟန်ရှုဆိုသူ ရေးသားသည်မှာ ခရစ်သက္ကရာဇ် ၉၇ခုနှစ်က အီဂျစ်ပြည်မှ လာသောဟန်နှင့် ချစ်ကြည် ရေးအဖွဲ့ ဝင်များ တရုတ်ပြည်သို့ သွားရောက်၊ ဘုရင့်ထံအခစားဝင်ခဲ့လေသည်။ ထိုအဖွဲ့တွင် အစိမ်းတိုက်ပညာသည်များ၊ မျက်လှည့် ပြသူများ၊ တူရိယာတီးမှုတ် ပညာသည်များ၊ အလုံးသဏ္ဌာန်ညှပ် ကစားပြသူများလည်း ပါရှိသည်ဟု ရေးသားထားပါသည်။ ထိုအလုံး ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာကိုယ်ခန္တာ ပေါ်တင် ညှပ်ကစားသူဟုဆိုပါသည်။အဖွဲ့လိုက်မဟုတ်သည်ကတစ်ကြောင်း၊ ခြင်းလုံးခတ် အားကစား ခေတ်ဦးပိုင်းက မြန်မာနိုင်ငံတွင် တစ်ကိုယ်ရေအတတ် ပြ၊ ခြင်းလုံးအတင်၊ အညှပ် ကစားသူများ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်း လုံးဖြစ်ပြီး ကစားသူမှာလည်း မြန်မာပြည်ကပင် ဖြစ်မည်ဟု ခြင်းလုံးသုတေသီတစ်ဦးက မှတ်ချက်ပြုထားပါသည်။


ယင်းနှင့်ပတ်သက်၍ အထောက် အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့ အဖွဲ့သည်တရုတ်ပြည်အသွား မြန်မာနိုင်ငံမြောက်ဖျားမှ ဖြတ် သန်းစဉ်ခရီးတစ်ထောက်နားခိုက် ထိုအလုံးများတင်၊ညှပ်ကစားပြသူကို၎င်းတို့အဖွဲ့က ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ ယခုအချိန်တိုင် အီဂျစ်နိုင်ငံတစ်ဝန်းခြင်းလုံးကစားမှုရှိသည်ဟု ကြားပင် မကြားဖူးခဲ့ပေ။ ယင်းကြောင့် မြန်မာ နိုင်ငံမှဟု ထိုအလုံးကစား သူကို မှတ်ယူခြင်း ဖြစ်သည်ဟု သုတေသီများက အဆိုရှိသည်။


စာရေးဆရာ လှသမိန်က စာပေဗိမာန် မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၅) တွင် ကုန်းဘောင်ခေတ် ကဟု ယူဆ ရေးသားခဲ့ပါသည်။


စာရေးဆရာ တက္ကသိုလ်ချစ်ဆွေ ကလည်း ယဉ်ကျေးမှုစာစောင်တွင် ကုန်းဘောင်ခေတ် က ဟု ရေးသားထားပါသည်။ ညောင်လေးပင်မြို့၊ အောင်သပြေ ဦးအေးမောင် (ခြင်းတော်သား လက်စွဲ စာအုပ်ရေးသားသူ) ကတော့ ပုဂံမင်းလက်ထက်က စတင်၍ ခြင်းလုံး ပေါ် ပေါက်သည်ဟု ရေးသားထားခဲ့ပါ သည်။


တစ်ဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း သက္ကရာဇ် ၁၂၀၈ ခုနှစ် တွင် နန်းတက်သော ပုဂံမင်းထံ ဆင်စွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံး ပုံသဏ္ဌာန် တစ်ခု ကို ဆက်သရာ ပုဂံမင်း သဘောကျပြီး ထိုခြင်း လုံး ပုံသဏ္ဌာန်ကို ကြိမ် ဖြင့် ထိုးယက်စေကာ နန်းတွင်းမှူးမတ် တို့၏ သားတော်များ၊ လူပျိုတော်သား များ ကို ခတ်ကစားစေသည် ဟု ဆိုပါသည်။ ယခုထိ မြန်မာပြည်မှာကြိမ်ဖြင့် ထိုးယက်ကစားနေသ ဖြင့် ပုဂံခေတ်မှပင် ခြင်းလုံးပေါ်ပေါက်ရုံမက ခြင်းလုံးခတ် ကစားနေသည်ကို မှတ်ယူ ရပါမည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် မှတ်တမ်းပြု ရေးသားထားသည်မှာ သရေခေတ္တရာ မြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီး စေတီ ဌာပနာ တိုက်ထဲ မှ ငွေသားခြင်းလုံးငယ်တစ်လုံးကို တူးဖော်ရရှိခဲ့သည်ဟု ရေးသားဖော်ပြ ထားခဲ့သည်။


ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော် သို့ သာသနာပြု လုပ်ငန်းအတွက် ရောက်ရှိ လာသော အီတလီနိုင်ငံမှ ဗရင်ဂျီ ဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်း တွင် မြန်မာပြည်တွင်၎င်းနေထိုင်စဉ် တွေ့ရသော ကစားမှုများမှာ ခုံညင်းထိုး ခြင်း၊ ဆင် စွယ်ဖဲချပ်ဖြင့်ဖဲကစားခြင်း၊ကြက်တိုက်ခြင်း၊ ဝါးကိုပါးလွှာစွာလှီးပြီး ထိုးယက်သော အလုံးကို လက်ဖြင့် မပုတ်ပဲ လူငယ်လူရွယ်များ စုပေါင်းကာ အချိန် ကြာမြင့်စွာ ခြေဖြင့် ကစားခြင်းကို တွေ့ရသည်ဟု ရေးထားပါသည်။


ခရစ်သက္ကရာဇ် ၁၈၇၄-၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ ရောက်လာသည့် အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီး စီအေဂေါ်ဒွန်၏ ကျွန်ှပ် မြန်မာပြည် သို့ ခရီးထွက်ခြင်း စာအုပ်တွင် မြန်မာပြည် ၌ ခြင်းလုံး ကစားနေသည် ကို တွေ့ခဲ့ရကြောင်း ရေးသား ခဲ့ပါသည်။


မင်းတုန်းမင်း လက်ထက် ကောက်စိုက် သမများသီဆိုသော တေးသီချင်းတစ်ပိုဒ်မှာ သူ့သား သူ့အမေနှိမ်တယ်၊ ဆိုးချိန်မို့လေး၊ ညနေ ခတ်ခြေလုံးနှင့် ပျော်တုန်းမို့လေး ဟု ရေးသားထား သည်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)၌ တွေ့ရပါသည်။


အချုပ်အားဖြင့် သက္ကရာဇ် ၁၁၄၅ ခုနှစ် အမရပူရ မြို့တည်၊ နန်းတည်၊ ဗဒုံ မင်းခေါ် ဘိုးတော်မင်း နှင့် မိဖုရားခေါင် ကြီးတို့ ကိုးကွယ် သော မင်းအိုဆရာ တော်ဘုရားကြီး သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ဝါ အရ မင်းအိုတိုက် အောင်မြေဘုံကျော် ကျောင်းကြီး တွင် ပျံလွန်တော်မူလေသည်။ ဘိုးတော်မင်းကြီးက ဘုန်းကြီးပျံ ပွဲတော် ကျင်းပရန် အမိန့်တော် ချမှတ်ရာ၌ ပြာဿာဒ်၊တလား၊ ရထား၊ စည်ကြီး၊ ခရာ၊ ပတ်သာ၊ ဒုံမင်း၊ ခရုသင်း၊ နှဲ၊ ပုလွေ [[တူရိယာ] အထွေထွေ တီးမှုတ် စုံလင် ခင်းကျင်းစေပြီး ကြိုးတန်းလျှောက်ပွဲ၊ ကျွမ်းပွဲ၊ ခြင်းပွဲ၊ မီးပွဲ မလပ်စေရေး စီစဉ်ကြ အမိန့်တော် မြတ်မှတ်ရာ၌ ခြင်းပွဲ ပါရှိသဖြင့် ထင်ရှားသော ခိုင်လုံသည့် အထောက်အထား ဖြစ်ပါသည်။ 


♻ ပြန်လည်ထွန်းကားခြင်း.....




ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင် ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ နောက်ပိုင်း သာမန် ပြည်သူ အများကြား တွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။


ကမ္ဘာ့ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန် ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူ ပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတ နှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာ မြောက်စွာ တင်ဆက် နိုင်မှု အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါသည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။


မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်း များ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ခြင်းလုံးကစားနည်း က အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅ဝ ခုနှစ် များနှင့် ၁၉၆ဝ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့ပါသည်။


♻ ခြင်းအခေါ်အဝေါ်များ......




    ခြင်းရိုး (ခြင်းအခေါ်အဝေါ်)၊

    ခြင်းလတ် (ခြင်းအခေါ်အဝေါ်)၊

    ဝိုင်းခြင်းခတ်ပွဲ၊

    ဘေးဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    နှစ်ထပ်ခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    နှစ်ထပ်ခြေခွင် (ခြင်းအခေါ်အဝေါ်)၊

    ဖီလာဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    ခြေခွင် (ခြင်းအခေါ်အဝေါ်)၊

    ခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    ဒူး (ခြင်းအခေါ်အဝေါ်)၊

    ဖဝါး (ခြင်းအခေါ်အဝေါ်)တို့ပဲ ဖြစ်ကြသည်။


ခြင်းယိုင်အလှခတ်များ ဖြစ်သော


    စလွယ် (ခြင်းအခေါ်အဝေါ်)၊

    မဟာ (ခြင်းအခေါ်အဝေါ်)၊

    မဟာညွန့် (ခြင်းအခေါ်အဝေါ်)၊

    ဂုမ္ဘာဏ် (ခြင်းအခေါ်အဝေါ်) အစရှိသည်တို့ကို တွေ့ရသည်။


ခြင်းခတ်ကစားခြင်းကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။




♻ ခြင်းကြီး ၁ဝ မျိုး..... 


ခြင်းကြီး ၁ဝ မျိုးကတော့


    မဟာ (ခြင်းအခေါ်အဝေါ်)၊

    မဟာဒူး၊ ဂုမ္ဘာဏ် (ခြင်းအခေါ်အဝေါ်)၊

    ဝိုက်ကြီး (ခြင်းအခေါ်အဝေါ်)၊

    စလွယ်ကြီး (ခြင်းအခေါ်အဝေါ်)၊

    တည့် ဖဝါး (ခြင်းအခေါ်အဝေါ်)၊

    တည့်ဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    မဟာညွန့် (ခြင်းအခေါ်အဝေါ်)၊

    ညွန့်ဒူး (ခြင်းအခေါ်အဝေါ်)၊

    နဂါးပတ်ဖဝါး (ခြင်းအခေါ်အဝေါ်)၊

    နဂါးပတ်ဖနောင့် (ခြင်းအခေါ်အဝေါ်) တို့ ဖြစ်သည်။


ခေတ်ဆန်းခြင်း ပေါက်များမှာ


    သမင်လည်ပြန် ဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    မြင်းစီးဖနောင့် (ခြင်းအခေါ်အဝေါ်)၊

    လျှပ်ဒူး (ခြင်းအခေါ်အဝေါ်)၊

    မန္တလာခြေဖျား (ခြင်းအခေါ်အဝေါ်)၊

    လေဝဲ (ခြင်းအခေါ်အဝေါ်) စသည်တို့ဖြစ်သည်။


♻ ပညာရှင်များ.......


မြန်မာအမျိုးသား ခြင်းအကျော် ဝိဇ္ဇာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျ ခတ်ပြ နိုင်မှသာရင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအထဲမှ တစ်ဦးမှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူးနေပေသည်။


-

ကျမ်းကိုး.....


    ↑ ခြင်းလုံးအစ မြန်မာက (အထောက်အဆယ် -အောင်ကြွယ်) အတွဲအမှတ် (၂၄၊ အမှတ် ၄၆၃)။ ၂၀၁၁-၁၁-၁၅ တွင် ပြန်စစ်ပြီး။

( #Wikipedia )

Sunday, September 18, 2022

Ripped Physique ဖြစ်အောင်

 ခန္ဓာကိုယ်မှာကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့_Body_ရအောင်ဘယ်လိုတည်ဆောက်မလဲ။




           🟡  ခန္ဓာကိုယ်မှာအဆီနည်းပြီး Six Pack နဲ့ကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့ Body မျိုးကို (Ripped Physique) လို့ခေါ်ပါတယ်၊ အလို (Ripped Physique) Body မျိုးလိုချင်တယ်ဆိုရင် အချက် (5) ချက်ကိုသိပြီးလိုက်နာဖို့လိုပါတယ်။


📄 အဲ့ဒီအချက် (5) ချက်ကဘာတွေလဲဆိုတော့ 


    (1) Fat Loss (အဆီချခြင်း)📉


    (2) Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း) 📈


    (3) Workout (လေ့ကျင့်ခန်း) 🧾


    (4) Diet (စားသောက်မူပုံစံ) 🍝🥗


    (5) Consistency (မှန်ကန်စွာ လိုက်နာခြင်း) 💪


1⃣ Fat Loss (အဆီချခြင်း)📉


         ကျွန်တော်တို့ခန္ဓာကိုယ်မှာကြွက်သားတွေ ကွဲပြားပေါ်လွင်နေအောင်မြင်ရဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏကိုပထမဦးဆုံးလျှော့ချပေးဖို့လိုပါတယ်၊ အဆီပမာဏလျှော့ချရုံနဲ့ ကြွက်သားတွေကွဲပြားပေါ်လွင်အောင်မြင်ရလို့လားမေးမယ်ဆိုရင် လူသားအားလုံးရဲ့ခန္ဓာကိုယ်မှာ အခြေခံအားဖြင့်ကြွက်သားဆိုတာရှိပြီးသားဖြစ်ပြီး အရေပြားအောက်ကအဆီလွှာကကြွက်သားကိုအပြင်မှာ မမြင်ရအောင်ပိတ်ပင်ထားခြင်းဖြစ်ပါတယ်၊ ဒါကြောင့်ကြွက်သားတွေ ကွဲပြားပေါ်လွင်နေအာင်မြင်ဖို့ဆိုရင် ပထမဦးဆုံးအဆီပမာဏကို လျှော့ချဖို့လိုပါတယ်။


2⃣ Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း) 📈


         ဒုတိယအချက်အနေနဲ့ ကြွက်သားတွေကိုကြီးထွားအောင်လုပ်ဖို့လိုပါတယ်၊ အခုဘဲကြွက်သားတွေကရှိပြီးသားလို့ပြောတယ် ၊ ကြီးထွားအောင်လုပ်ဖို့လိုလို့လားမမေးပါနဲ့ ကြွက်သားတွေက ရှိပြီးသားဆိုပေမဲ့ကောင်းကောင်းကြီးထွားနေတဲ့ ကြွက်သားတွေမဟုတ်တာကြောင့် (Ripped Physique) ရဖို့အတွက်ကိုယ်ကိုယ်တိုင်ဘဲကြီးထွားအောင်လုပ်ပေးဖို့လိုပါတယ်၊ ဒါမှသာကြွက်သားတွေ ကွဲပြားပေါ်လွင်နေတဲ့ခန္ဓာကိုယ်အချိုးအစားကို ရရှိမှာဖြစ်ပါတယ်။


3⃣ Workout (လေ့ကျင့်ခန်း)🧾


         (Ripped Physique) ရဖို့အတွက်ကစားတဲ့ကစားနည်းပိုင်းကို Cutting ပိုင်းလို့ခေါ်ပါတယ်၊ တချို့သူတွေ Muscle ခွဲတယ်လို့လည်းပြောကြပါတယ်၊ သတော်များများလူတွေက ဒီ Cutting ပိုင်းမှာဘယ်လိုကစားနည်းမျိုးကစားရမလဲဆိုတာကိုမသိကြရှာပါဘူး၊ အလေးနည်းနည်းနဲ့ အကြိမ်များများကစားရမလား (သို့မဟုတ်) အလေးများများနဲ့ အကြိမ်နည်းနည်းကစားရမလားဆိုပြီး သတော်များများတွေဝေနေတတ်ကြပါတယ်။


          ကျွန်တော် Personal Trainer တစ်ယောက်အနေနဲ့ကျွန်တော့်အတွေ့အကြုံ အရပြောမယ်ဆိုရင် Cutting လုပ်နေတဲ့အခါမှာအစားအသောက်ပုံစံကကိုယ်လိုအပ်တဲ့ Calorie ထက်လျှော့စားရတာမို့လို့ အလေးအများကြီးမှနိုင်မှာ မဟုတ်ပါဘူး၊အဲ့ဒါကြောင့် အလေးနည်းနည်းနဲ့ အကြိမ်အရေများများကစားတာကို ပိုဦးစားပေးပါတယ်။  


4⃣ Diet (စားသောက်မူပုံစံ) 🍝🥗


          Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Diet (စားသောက်မူပုံစံ)က ကွက်တိကျဖြစ်နေမှ ထိုဖြစ်စဉ်တွေဟာလည်းပုံမှန် ဖြစ်နေမှာဖြစ်ပါတယ်၊ (Ripped Physique) ရရှိဖို့အတွက် Calorie Deficit Diet ကိုမှီဝဲရမှာဖြစ်ပြီး Calorie Deficit Diet ဆိုတာက မိတ်ဆွေတို့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ Calorie က 2200 ဆိုပါစို့ Calorie Deficit Diet လုပ်ချိန်မှာ 2000 Calorie သာစားရမှာဖြစ်ပါတယ်။


           အလိုမျိုးစားသုံးချိန်မှာ ခန္ဓာကိုယ်ကအစားအသောက်မှရရှိတဲ့ Energy ကိုစုပ်ယူလိုက်ပြီး ကျန်လိုအပ်တဲ့ Energy အတွက် ခန္ဓာကိုယ်ထဲမှာနဂိုရှိနေတဲ့ အဆီပမာဏထဲက Energy ကိုသာစုပ်ယူမှာဖြစ်ပါတယ်၊ Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Protein ဓာတ်ကမရှိမဖြစ်အရေးကြီးဆုံး တစ်ခုပါ၊ မိမိရဲ့ Bodyweight  2.5 or 3g of Protein စားပေးဖို့လိုပါတယ် ဘာကြောင့်လဲဆိုတော့ ပုံမှန်ကစားသမားထက် Cutting လုပ်တဲ့အခါမျိုးမှာ Fat loss လုပ်ရတာကြောင့် Fat နဲ့အတူ Muscle ပါ Loss ဖြစ်နိုင်တာကြောင့် Protein ဓာတ်ကိုပိုမိုမှီဝဲပေးဖို့လိုပါတယ်။


5⃣ Consistency (မှန်ကန်စွာ လိုက်နာခြင်း)💪


           အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်၊ Fat Loss ဘဲဖြစ်ဖြစ် Muscle Growth ဘဲဖြစ်ဖြစ်ချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး ၊ Diet နဲ့ Training အပြောင်းအလဲလုပ်ပေးပြီး ပျက်ကွက်မူမရှိ Follow လုပ်နေမှသာ လအကြာမှာ Result ရရှိလာမှာဖြစ်ပါတယ်၊ ဒီ (Ripped Physique) ရဖို့ဆိုရင်လုံးဝရေမသောက်ဘဲနေရမယ်လို့တစ်ယောက်ယောက်ပြောရင် Trainer ကိုယ်တိုင်ပြောရင်တောင်မယုံလိုက်ပါနဲ့၊


            အဲ့ဒီလိုမျိုးလုပ်တာက တချို့ ပြိုင်ပွဲဝင် Bodybuilder တွေသာလုပ်တာဖြစ်ပြီးသူတို့တောင်မှပြိုင်ပွဲအတွက်တစ်ပတ်အလိုမှ ရေကို (4) ဗူးမှ (3)ဗူး (3) ဗူးမှ (2) ဗူးစသဖြင့်အဆင့်ဆင့်သာလျှော့ချတာ ဖြစ်ပြီးတစ်ခါတည်းဘယ်သူမှရေမဖြတ်ပါဘူး၊ တစ်ယောက်ယောက်ကအလိုရေဖြတ်မှရမယ် ပြောတယ်ယ်ဆိုရင်မှတ်ထားပါပြောတဲ့သူက ဒီအပိုင်းနဲ့ပက်သက်ပြီး Knowledge မကြွယ်ဝဘူးဆိုတာ။ 👍🏻🤝🎉


        


Posted By #Aung_Ko_Oo

#Freelance_Personal_Trainer

Contact:💻💻📲📲📩📩📩

Ph :📱📱 09-973422146

Thursday, June 16, 2022

သိထားသင့်သော အားကစားဆိုင်ရာ ဝေါဟာရအသုံးအချို့

 😎 ကဲ . . .  ကျန်းမာရေး နဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ ဝေါဟာရ တချို့ကို လေ့လာကြည့်ရအောင် 😎




📗 Energy (စွမ်းအင်)

၁ - လူတွေ စက်တွေ လှုပ်ရှားသွားလာနိုင်ဖို့အတွက် Energy ဆိုတာ လိုအပ်ပါတယ် ။ လိုအပ်တဲ့ Energy တွေကို လောင်စာတွေ အစားအသောက်တွေကနေ ရရှိတယ် ။ ဥပမာ - ဓာတ်အားပေးစက်ရုံ တစ်ရုံက မြို့တစ်မြို့လုံးအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တယ် ။ ကားတစ်စီးက လောင်စာဆီကို လောင်ကျွမ်းပြီး စွမ်းအင်ရရှိတယ် ။


၂. Energy ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အတွက် ခွန်အားဖြစ်စေပြီး

ရှေ့ဆက်ရမဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ ။ ဥပမာ - ကိုယ်က တစ်နေကုန် အလုပ်မှာ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့ အခါ အိမ်အလုပ်တွေပါ ထပ်လုပ်ဖို့ လုံလောက်တဲ့ Energy မရှိတော့ သလိုမျိုးပေါ့ ။


📗 CHEMISTRY

နောက်တစ်ခုက "ဓာတုဗေဒ" ။ "ဓာတုဗေဒ" ဆိုတာ သိပ္ပံပညာရဲ့ အရေးပါတဲ့ သွင်ပြင်လက္ခဏာတွေ

ဘယ်လို တုံ့ပြန်လဲ ၊ ဘယ်လိုပေါင်းစပ်ကြလဲ ၊ ဘယ်လိုပြောင်းလဲကြလဲ စတာတွေကို လေ့လာပြီး

ကိုင်တွယ်ဖြေရှင်းတဲ့ ပညာတစ်ခုဖြစ်ပါတယ် ။


📗 Chemical

1️⃣.

Chemical ဆိုတာ ဒြပ်ဝတ္ထုပစ္စည်းတွေ ဘယ်လိုဖွဲ့စည်းပြီး အဲ့ဒီ ဒြပ်ဝတ္ထုတွေ ဘယ်လိုတုံ့ပြန်လဲ ဆိုတာကို

ဆိုလိုတာပါ ။ ဥပမာ - ဓာတ်ခွဲခန်းထဲက အရည်တွေက ဓာတုဗေဒ အရ ဘယ်လို တုံ့ပြန်ကြလဲဆိုတာကို

လေ့လာကြပြီး တုံ့ပြန်မှုတွေပေါ်မှာ မူတည်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ရှာကြသလိုမျိုးပေါ့ ။


2️⃣.

ဓာတုပစ္စည်းတစ်ခု ဆိုတာ ဓာတ်ပြုပြီး ပြောင်းလဲနိုင်တဲ့ အရာအားလုံးကို ပြောတာပါ ။

ဥပမာ - ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တံတွေး ဆိုတာ အစားအစာတွေ တစ်ခုနဲ့တစ်ခု

ဓာတ်ပြုပြီး ပြန်ဖြိုခွဲတဲ့ အခါမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ် ။ ရေ ဆိုတာလဲ Chemical တစ်ခုပါပဲ ။ ရေနဲ့ အခြားအရာတွေနဲ့ ပေါင်းစပ်တဲ့အခါ တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ရရှိလာတဲ့ အရာက ဓာတုပစ္စည်း ဖြစ်ပါတယ် ။


🚨 မှတ်ချက် - အများအားဖြင့် လူတွေက Chemical(ဓာတုပစ္စည်း) လို့ ပြောတဲ့အခါ လူလုပ်ပစ္စည်းတွေကို ထင်နေကြပေမဲ့ Chemical ဟာ ဒီတစ်ခုတည်းကို မဆိုလိုပါဘူး ။ ကောင်းတဲ့ Chemical နဲ့ မကောင်းတဲ့ Chemical ဆိုပြီးလဲ ရှိပါသေးတယ် ။ နောက်တော့ ဆက်ပြောတာပေါ့ ။


📗 Organism ( သက်ရှိ )

Organism ဆိုတာ လူတိုင်းသိပြီးသားဖြစ်တဲ့ လူ ၊ တိရစ္ဆာန်  ၊ အပင် . . . တွေကို ပြောတာပါ ။


📗 Cell (ဆဲလ်)

Cell ဆိုတာ သက်ရှိအားလုံးကို ဖွဲ့စည်းတည်ဆောက်ရာမှာ အခြေခံလိုအပ်တဲ့ အလွန်သေးငယ်လွန်းတဲ့

အရာတွေ ဖြစ်ပါတယ် ။ တချို့ သက်ရှိတွေကတော့ Cell တစ်ခုတည်းနဲ့သာ တည်ရှိကြပါတယ် ။ ပုံမှန်ခန္ဓာကိုယ်အရွယ်အစားရှိတဲ့ အမျိုးသားတစ်ယောက်မှာ Cell ပေါင်း ၆၀ ကနေ ၁၀၀ ထရီလီယံ ထိ ရှိပါတယ်။ Cell တွေက သူတို့ အသက်ရှင်ဖို့ ၊ Energy ထုတ်ဖို့ ၊ Cell အချင်းချင်း အပြန်အလှန် ဖလှယ်ဖို့ သူတို့ကိုယ်တိုင် လုပ်ဆောင်ကြပါတယ် ။Cell တစ်ခုစီကို ပါးလွှာတဲ့ ပစ္စည်းတစ်ခုဖြင့် ထုပ်ပိုးထားပြီး သေးငယ်တဲ့ ဓာတုပစ္စည်းများနှင့် ရေများထည့်တဲ့ Container တစ်ခုနဲ့တူပါတယ် ။ တစ်သျှူးဆိုတာ တိရစ္ဆာန်တွေနဲ့ အပင်တွေရဲ့ ပုံသဏ္ဍာန် နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူတဲ့ Cell အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အရာဖြစ်ပါတယ် ။


📗 Muscle (ကြွက်သား)

Muscle ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်သျှူးအစုဝေး တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားသွားလာနိုင်ဖို့အတွက်

flexible ဖြစ်တဲ့ အရိုးများ နဲ့ တွဲနေပါတယ် ။


📗 Fat (အဆီ)

Fat ဆိုတာ အရေးပြားအောက်မှာ သဘာ၀ အတိုင်းရှိနေတဲ့ ပိုနေတဲ့ အသားတွေ ဖြစ်ပါတယ် ။

အဆီတွေ အရမ်းများလို့ ဗိုက်က ခါးပတ်ကြိုးပေါ် အသားတွေ တွဲလောင်းကျနေသလိုမျိုး ပေါ့ ။

တချို့ အဆီတွေက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်များ ဖြစ်တဲ့အပြင် Cell တွေ တည်ဆောက်ဖို့ နဲ့ ကိုယ်ခန္ဓာထဲမှာ လုပ်ဆောင်မှုတွေကို ပြီးမြောက်စေပါတယ် ။


📗 Organ ( ကိုယ်အင်္ဂါအစိတ်အပိုင်း )

Organ ဆိုတာ ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေကို တစ်ခုပြီး တစ်ခုအောင်မြင်စေအောင် Tissue တွေနဲ့

ဖွဲ့စည်းထားတဲ့ သက်ရှိတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။ ဥပမာ - အဆုတ် ၊ နှလုံး ၊ အစာအိမ် နဲ့ ဦးနှောက် တို့က ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါများဖြစ်ပါတယ် ။ မျက်လုံးတို့ နားတို့က အာရုံခံအင်္ဂါများဖြစ်ပြီး အရေပြားကတော့ အကြီးဆုံး အင်္ဂါတစ်ခု ဖြစ်ပါတယ် ။


🚨 မှတ်ချက် 🚨 - Muscle ဆိုတာ Tissue တစ်ခုသာဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတစ်ခုမဟုတ်ပါဘူး ။


📗 Matter ( ဒြပ်စင် )

Matter ဆိုတာ စကြာဝဋ္ဌာအတွင်းမှာရှိတဲ့ အလေးချိန် နဲ့ အရွယ်အစား ရှိတဲ့ အရာအားလုံးကို ဆိုလိုပါတယ် ။

ဥပမာ - ကမ္ဘာဆိုတာ အရာဝတ္ထုများနဲ့ ဖွဲ့စည်းထားတယ် ။ Plastic ဆိုတာလဲ Matter တစ်မျိုးပဲ ။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကကြတော့ စားလို့ရတဲ့ Matter တွေပါ ။


📗 Element ( ဒြပ်စင် )

Element တစ်ခု ဆိုတာ ဓာတုဗေဒနည်းနဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားအောင် ခွဲလို့မရနိုင်ပါဘူး ။ Periodic Table မှာ Element ပေါင်း ၁၀၀ ကျော်ရှိပါတယ် ။ ဥပမာ - အောက်စီဂျင် ၊ ဟီလီယံ တို့ဟာ Element တွေပါပဲ ။


📗 Compound ( ဒြပ်ပေါင်း )

Compound တစ်ခုမှာ မတူညီတဲ့ Element နှစ်ခု မဟုတ် နှစ်ခုထက်ပိုပြီး ဖွဲ့စည်းထားပါတယ် ။

ဥပမာ - ရေဆိုတာ အောက်စီဂျင် နဲ့ ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားတဲ့ Element များနဲ့ ဖွဲ့စည်းထားတဲ့ Compound ဖြစ်တယ် ။


📗 Break Down ( ဖြိုခွဲခြင်း )

Break Down လုပ်တယ်ဆိုတာ အရာတစ်ခုခုကို ပိုမိုသေးငယ်တဲ့ အခြေခံ အစိတ်အပိုင်းများကို ရအောင် လုပ်တာကို ဆိုလိုတာပါ ။ ဥပမာ - ကြာရှည်စွာ စွန့်ပစ်ထားတဲ့ အမှိုက်တွေက နောက်ဆုံးမှာ ပြိုကွဲပြီး မြေဆီလွှာ ဖြစ်သွားပါတယ် ။


📗 Molecule ( မော်လီကျူး )

Molecule ဆိုတာ Element အဖြစ် ဆက်လက်တည်ရှိနေတဲ့ Compound များရဲ့ အသေးငယ်ဆုံး အမှုန်ပဲ ဖြစ်ပါတယ် ။ အဲ့တာထက်ပိုပြီး ဖြိုခွဲလိုက်ရင် အဲ့ဒါကို ဖန်တီးထားတဲ့ Element တွေအဖြစ် ခွဲထွက်သွားလိမ့်မယ် ။

ဆိုလိုတာက အဲ့ဒီမူလဓာတ်တွေ မရှိတော့ပါဘူး ။ ဥပမာ - Molecule များက Cell များနဲ့ ဖွဲ့စည်းထားပြီးမှ ခန္ဓာကိုယ်ကို ဖွဲ့စည်းတာပါ ။ အရာဝတ္ထုတစ်ခုချင်းစီရဲ့ Molecule တွေက အလွန်သေးငယ်တဲ့ အတွက် Molecule တွေကို အဏုကြည့်မှန်ဘီလူးတွေနဲ့သာ မြင်နိုင်ပါတယ် ။


📗 Acid ( အက်စစ် )

Acid ဆိုတာ အချဉ်အရသာ ရှိတဲ့ Chemical Compound တစ်ခုဖြစ်ပါတယ် ။


📗 Protein ( ပရိုတင်း )

Protein တွေက ခန္ဓာကိုယ် ကြီးထွားဖို့ ၊ ပြုပြင်ဖို့ ၊ Cell များ နဲ့ Tissue များ တည်ဆောက်ဖို့အတွက်

အသုံးပြုတဲ့ Compound တစ်မျိုးဖြစ်ပါတယ် ။ Muscle tissue တွေမှာ ပရိုတင်းများစွာ ပါဝင်ပါတယ် ။ ပရိုတင်းဓာတ်က သန်မာစေပြီး ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ် ။


📗 Amino Acid ( အမိုင်နိုအက်စစ် )

Amino Acid တွေက ပရိုတင်းနဲ့ တည်ဆောက်ထားတဲ့ အလွန်သေးငယ်တဲ့ အရာတစ်ခုရဲ့ ယူနစ်ဖြစ်ပါတယ် ။


📗 Gas ( အငွေ့ )

Gas ဆိုတာ လေနဲ့ တူတဲ့ ပုံစံရှိတဲ့ အရာပါ ။


📗 Carbon ( ကာဗွန် )

Carbon ဆိုတာ ကမ္ဘာပေါ်မှာရှိ အရာများစွာ နဲ့ သက်ရှိအားလုံးမှာ တွေ့ရလေ့ရှိတဲ့ သတ္တုမဟုတ်တဲ့ Element တစ်ခုဖြစ်ပါတယ် ။ ဥပမာ - ကျောက်မီးသွေးကို အဓိကအားဖြင့် Carbon နဲ့ ဖွဲ့စည်းထားပြီး မီးလောင်ပြီးနောက် ကျန်ခဲ့တဲ့ ပြာတွေဟာလဲ Carbon တွေပါပဲ ။ မော်တော်ဆီတွေ အပင်တွေ နဲ့ တိရစ္ဆာန်တွေ လူတွေ အားလုံးမှာ Carbon ပါဝင်ပါတယ် ။


📗 Oxygen ( အောက်စီဂျင် )

Oxygen ဆိုတာ အရောင်ရော အနံ့ရော မရှိတဲ့ ဓာတ်ငွေ့ဖြစ်ပြီး သက်ရှိအများစု အသက်ရှင် အများစု အသက်ရှင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတု element တစ်ခုဖြစ်ပါတယ် ။


📗 Hydrogen ( ဟိုက်ဒရိုဂျင် )

Hydrogen ဆိုတာ အရောင်မရှိ အနံ့မရှိတဲ့ ဓာတ်ငွေ့တစ်မျိုဖြစ်ပြီး မီးလောင်လွယ်တဲ့အပြင် စကြဝဠာထဲမှာ

အပေါများဆုံး  Element တစ်ခုဖြစ်ပါတယ် ။ ဥပမာ - ရေက Oxygen နဲ့ Hydrogen ပါဝင်တဲ့ Compound တစ်မျိုးဖြစ်ပါတယ် ။


📗 ဟိုက်ဒရိုဂျင်နှစ်ယူနစ်သည် အောက်ဆီဂျင်တစ်ယူနစ်နှင့် ပေါင်းစပ်သောအခါ၊ ရေသည် ရေခဲ (အစိုင်အခဲ)၊ အရည် သို့မဟုတ် ရေနွေးငွေ့ (ဓာတ်ငွေ့) အဖြစ် ဖြစ်ပေါ်လာသည်။ ရေကို H20၊  hydrogen ၂ဆ ၊ Oxygen ၁ဆ နဲ့ဖွဲ့စည်းထားပါတယ် ။ Hydrogen နှစ်ယူနစ်ကို Oxygen တစ်ယူနစ် နဲ့ ပေါင်းစပ်တဲ့အခါ ရေသည် ရေခဲ (အစိုင်အခဲ) ၊ အရည် သို့မဟုတ် ရေနွေးငွေ့ (ဓာတ်ငွေ့) အဖြစ် ဖြစ်ပေါ်လာပါတယ် ။ ဒါကြောင့် ရေကို H20 လို့ ခေါ်တာပါ ။


📗 Carbohydrate ( ကာဗိုဟိုက်ဒရိတ် )

Carbohydrate ဆိုတာကကြတော့ Carbon ၊ Oxygen နဲ့ Hydrogen တို့ ပါဝင်တဲ့ Chemical Element ဖြစ်ပါတယ် ။ Carbohydrate က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Energy နဲ့ Cell များကို တည်ဆောင်ဖို့အတွက် အရေးကြီးတဲ့ အာဟာရများဖြစ်ပါတယ် ။ Carbohydrate ဆိုတဲ့ စကားလုံးကို Carbo ( ကာဗွန် ) နဲ့ Hydrate ( ရေဓာတ် )  ဖြင့်ဖွဲ့စည်းထားပြီး သူလဲ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ် ။  ဂေါ်ဖီစိမ်း ၊ ဆလတ်၊ ပန်းသီး၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ စီရီရယ်နှင့် သကြားတို့က Carbohydrate တွေပဲ ဖြစ်ပါတယ် ။


📗 Digestion (အစာချေဖျက်ခြင်း)

Digestion ဆိုတာ အစာချေဖျက်တဲ့ လုပ်ချက်ခြင်းလုပ်ငန်းစဉ်ဖြစ်ပြီး  ချေဖျက်လို့ရလာတဲ့ အာဟာရတွေကို

ခန္ဓာကိုယ်က စုပ်ယူအသုံးပြုပါတယ် ။


📗 Enzyme ( အင်ဇိုင်း )

Enzyme တွေက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဓာတုတုံ့ပြန်မှုတွေကို အရှိန်မြှင့်တင်ပေးတယ် ။

သူလဲ အစာခြေဖျက်ဖို့ ၊ အသည်းလုပ်ဆောင်ချက် နဲ့ အခြားအရာများအတွက် မရှိမဖြစ်အရေးကြီးတဲ့

အရာတစ်ခုဖြစ်ပါတယ် ။


📗 Metabolism (  ဇီဝဖြစ်စဉ် )

Metabolism ဆိုတာ အစားအစာတွေကနေ Molecule တွေကို Energy ထုတ်လွှတ်ဖို့အတွက် ဖြိုခွဲလိုက်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ် ။ ပြီးတော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Cell တွေကို အာဟာရပေးဖို့နဲ့ Cell အသစ်များကို တည်ဆောက်ဖို့ Molecule များကို ဖန်တီးရန်အတွက်လဲ အသုံးပြုပါတယ် ။ Metabolism က အသက်ရှင်သန်ဖို့အတွက်လိုအပ်ပြီး ခန္ဓာကိုယ်ထဲက Cell များကို ထိန်းသိမ်းဖို့ဖြစ်တယ် ။


မှတ်ချက် - ခန္ဓာကိုယ်က ဆာလောင်လာတဲ့အခါ Metabolism (ဇီဝဖြစ်ပျက်မှု) နှေးကွေးစေပြီး Energy တွေ လျော့နည်းလာပါတယ် ။ ဒါကြောင့် အစာစားချိန် တစ်ချိန်နဲ့တစ်ချိန် ကြာလေ Metabolism နှေးကွေးလေ ဖြစ်ပါတယ် ။


📗 Anabolism ( ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဓာတ်များ စုဝေးခြင်း )

Anabolism ဆိုတာ Metabolic process (ဇီဝဖြစ်စဉ်) တစ်ခုဖြစ်ပါတယ် ။ ဒါပေမဲ့ Anabolism ကကြတော့

ရိုးရှင်းတဲ့ အရာတွေကို ပိုမိုရှုပ်ထွေးတဲ့ Tissue လို အရာတွေကို ပြုလုပ်ဖို့ ခန္ဓာကိုယ် ပိုကြီးထွားစေဖို့

လိုအပ်တဲ့ ဓာတ်တွေကို စုဝေးပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ် ။


📗 Catabolism (ရှုပ်ထွေးတဲ့ Compound များကို ဒြပ်ပယ်စေခြင်း )

Catabolism ကကြတော့ ရှုပ်ထွေးနေတဲ့ molecule များ (ဥပမာ ကြွက်သား ၊ အဆီ) တွေကို ရိုးရှင်းတဲ့ အရာတွေကို ပြောင်းလဲပြီး Energy ထုတ်လုပ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ် ။


ဖတ်ရတာတော့ ဦးနှောက်တွေ အရေပျော်ကုန်ပြီ ထင်ပါတယ် ။ 😅

လောလောဆယ်တော့ ဒီလောက်ပဲ 😅

နောက်တစ်ပုဒ်မှာ ပြန်တွေ့ကြတော့ပေါ့ ။ 😉


#Booty_Glute_by_Jack


#Glute_specialist_ISSA


#Fatloss #Nutrition #Dietplan #Womenfitness #Menfitness #2022_Goal #Fatlossgoal #Burnfat


#JackLogan

#Fatloss

#Supplements

#Nutrition

#Personal_Training

#ISSA

#PED_Steroid


#Main_MFTA

#ISSA_Elite_Trainer

 personal fitness trainer (men physique ,trainer Jack Logan)

Rehab Trainer


#ISSA International Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Trainer

Thursday, May 19, 2022

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။




စာရေးသူ Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။

အကြောင်းရင်းက ကိုယ့်ရဲ့အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။

#မြန်မြန်စား တတ်တဲ့ အကျင့်ကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ့်ရဲ့ဘက်မသန်တဲ့ လက်တစ်ဖက်နဲ့ အစားစားတာကလည်း အမြန်မစားမိအောင် ကြိုးစားရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်၊၊ ဥပမာ ကိုယ်က ညာသန်ဆို ဘယ်လက်နဲ့ဇွန်းကိုင်စားတာမျိုး။
အကောင်းဆုံးနည်းကတော့ ဇွန်းခက်ရင်းနဲ့ စမတ်ကျကျ စားကြည့်ပါ။ တစ်လုတ်ထည့် ဇွန်းခရင်းကို ပန်းကန်ထဲမှာချ၊ ပြီးမှထပ်စား ဒီလိုမျိုး အချိန်ခိုးကြည့်ပါ၊၊ ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးစားမယ်ဆို ကိုယ်အလေးချိန်ထိန်းဖို့အတွက်တင်မကဘဲ အစာခြေစနစ်အတွက်ပါ အကျိုးရှိပါတယ်။

ပန်းကန်အကြီးကြီးတွေမသုံးဘဲ အရွယ်အစားနည်းနည်းပိုသေးတဲ့ ပန်းကန်မှာထည့်စားတာက ကိုယ်စားနေတဲ့ပမာဏကို များတယ်ထင်ပြီး ဗိုက်ပြည့်လွယ်စေဖို့ လှည့်စားမှုတစ်ခုပါ။ ပန်းကန်ကြီးကြီးနဲ့သာဆို ငါ့ပန်းကန်ထဲမှာ နည်းနည်းလေးပဲ လို့ထင်မိစရာရှိပါတယ်။ ဒါဆို ပိုစားမိပါလေရော။

အစားစားတဲ့အချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို အာရုံစိုက်မနေပါနဲ့။ ပြောရရင် တီဗီရှေ့ထမင်းမစားပါနဲ့၊ စားနေရင်း ဖုန်းမသုံးပါနဲ့၊ စာမဖတ်ပါနဲ့။ အစားအသောက်ကိုပဲ အာရုံထားပြီး ဖြည်းဖြည်းကြေညက်အောင် ဝါးစားပါ။




#သုတေသနလေ့လာမှု
ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာလေ့လာခဲ့ပါတယ်။

လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန်ပိုများလာတာ၊ သွေးတွင်းသကြားဓာတ်မြင့်နေတာ၊ ခါးနဲ့ ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။

မြန်မြန်စားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ အများကြီးစားမိတာကို ဦးနှောက်က သတိမပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုနဲ့ စားမိတဲ့ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမသုံးပစ်နိုင်ဘူးဆိုရင် ပိုတာတွေကို အဆီအဖြစ် သိုလှောင်ထားရှိလိုက်တဲ့အခါ အဝလွန်လာပြီး သွေးကြောတွေနဲ့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။ အမြန်စားခြင်းက အင်ဆူလင်လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေလို့ သွေးတွင်းသကြားမြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

******
အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။

ကျား / မ၊အမျိုးသား/အမျိုးသမီး၊
အသက်ဘယ်လောက်ရှိပြီလဲ (years)
အရပ်အမြင့် (cm)
ကိုယ််အလေးချိန် (kg) စတာတွေ ဖြည့်ဆွက်ပြီး တွက်ချက်ပါ။


Calculator Link: https://www.calculator.net/bmr-calculator.html

Friday, April 15, 2022

ကယ်လိုရီတွက်စားနည်း ဖော်မြူလာ🧮

 ကယ်လိုရီတွက်စားနည်း ဖော်မြူလာ🧮




ယနေ ့ခေတ် ကျွန်တော်တို ့နိုင်ငံက Gym ကစား

သူတွေကြားမှာ အာဟာရပိုင်း အားနည်းနေဆဲ

လိုအပ်နေဆဲ ဆိုတာအားလုံး သိပြီးသား ဖြစ်ပါ

လိမ့်မယ်။ အဲဒီထဲကမှ ကယ်လိုရီ တွက်စားတတ်

ဖို ့ဆိုတာ အတော်လေး တိုင်ပါတ်နေတဲ့ 

Problem လို ့မြင်ပါတယ်။


တချိန်က ဒီလိုကယ်လိုရီ တွက်စားနည်းဆိုတာ

Certified Trainer တွေကိုပဲ သင်ပေးပေမဲ ့

အခုတော့ General public ရဲ ့လိုအပ်ချက်အရ

ကယ်လိုရီ တွက်စားနည်း Formula တခုကို 

ပညာဒါန အနေနဲ ့မျှဝေပါ့မယ်။


ကမ္ဘာပေါ်မှာ ကယ်လိုရီတွက်စားနည်း ဖော်မြူ

လာပေါင်းများစွာ ရှိတဲ့အနက်မှ ယခုတင်ပြပေး

မဲ့ဖော်မြူလာလေးက အတော်လေး ထိရောက်ပီး

ရိုးရှင်းပါတယ်။ 


                      📝Formula 📝


     22   X    ကိုယ်အလေးချိန်    X   Activity

                  (ကီလိုနှင့်တွက်ပါ)      (လှုပ်ရှားမှု)


✅Activity အတွက် ထည့်ရမည့် ကိန်းဂဏာန်း✅


✅တနေ့တာ လှုပ်ရှားမှု နည်း + gym ကစား

🔑1.3 -1.6


✅လှုပ်ရှားမှု အသင့်အတင့်ရှိ + gymကစား

🔑1.5 - 1.8


✅တနေ ့တာ လှုပ်ရှားမှုမြင့် + gym ကစား

🔑 1.7 - 2.0


✅တနေကုန် လှုပ်လှုပ်ရှားရှား အလုပ် + gym ကစား 

🔑1.9 -2.2


🚨1 kg = 2.2 ပေါင်🚨


🚨အထက်ပါ အီကွေးရှင်းတွင် တင်ပြထားသော 

Gym ကစား ဟူသော စကားရပ်တွင် တပါတ်

တွင် ၃ ရက်မှ  ၆ ရက်အထိ Gym ကစားခြင်း

ကို ရည်ညွှန်းပါသည်။ 

ယခု quarantine ကာလ ဂျင်မသွားရလည်း 

Home workout ကစားသည့် Activity ကို

အစားထိုးထည့်နိုင်ပါသည်။


အထက်ပါ အီကွေးရှင်းအရ စမ်းတွက်ကြည့်ကြ

ပါစို့။


ကိုယ်အလေးချိန် ၁၆၃ ပေါင် ရှိပီး  ယခုအခြေ

အနေအရ တနေ ့တာလှုပ်ရှားမှု နည်းပီး

ပုံမှန် လေ့ကျင့်ခန်း 🏃‍♂️ ပြုလုပ်သူတယောက်၏

တနေ ့တာ လိုအပ်သော ကယ်လိုရီကို တွက်ကြည့်

ကွပါစို့။


Formula👇👇👇


22. x ကိုယ်အလေးချိန်  x Activity 


22 x 74 kg (163lbs /2.2) x 1.3 =2116.4 calories 


👆👆👆👆👆


ဒါဆိုရင် အထက်ပါ ဥပမာ ပြထားသော လူအတွက်

တနေ ့လျင် ကယ်လိုရီ 2116.4 လိုအပ်ပါသည်။


🔑ဝိတ်တင်လိုပါက တနေ ့လျင် ၅၀၀ ကယ်လိုရီ

တိုးစားရမည် ဖြစ်ပီး

🔑ဝိတ်ချလိုပါက တနေ ့တာလိုအပ်သော

ကယ်လိုရီစုစုပေါင်းမှ ကယ်လိုရီ ၃၀၀-၅၀၀ လျော့စားရမည်ဖြစ်သည်။

🔑ဝိတ်ထိန်းထားလိုပါက ထိုတနေ ့တာလိုအပ်

သောကယ်လိုရီ အတိုင်းစားရပါမည်။


🚨အထူးဂရုပြုရမည့်အချက်မှာ မိမိယခုစား

နေသော ကယ်လိုရီနှင့် တွက်၍ရလာသော

ကယ်လိုရီ ပမာဏ အရမ်းကွာဟ နေပါက 

Diet ကိုချက်ချင် change မလုပ်ပါနဲ ့။ တဖြည်း

ဖြည်းချင်းသာ ပြောင်းလဲသွားပါ။


အဆင်ပြေကြပါစေ။


ကျန်းမာကြပါစေဗျာ။


လေးစားချစ်ခင်လျက်-

နိုင်ဦး-၁၁၉


#naing_oo_119

#muscle_professor

#MFTA

#FitMyanmarProject

#MakeMyanmarFit


ဝိတ်ချ/ဝိတ်တက်ချင်ရင် မိမိစားသုံးနေတဲ့ အစားအသောက်ရဲ့ ကယ်လိုရီ ပါဝင်မှု ပမာဏကို သိထားဖို့လို => 




(Zawgyi)

ကယ္လိုရီတြက္စားနည္း ေဖာ္ျမဴလာ🧮


ယေန ့ေခတ္ ကြၽန္ေတာ္တို ့ႏိုင္ငံက Gym ကစား

သူေတြၾကားမွာ အာဟာရပိုင္း အားနည္းေနဆဲ

လိုအပ္ေနဆဲ ဆိုတာအားလုံး သိၿပီးသား ျဖစ္ပါ

လိမ့္မယ္။ အဲဒီထဲကမွ ကယ္လိုရီ တြက္စားတတ္

ဖို ့ဆိုတာ အေတာ္ေလး တိုင္ပါတ္ေနတဲ့ 

Problem လို ့ျမင္ပါတယ္။


တခ်ိန္က ဒီလိုကယ္လိုရီ တြက္စားနည္းဆိုတာ

Certified Trainer ေတြကိုပဲ သင္ေပးေပမဲ ့

အခုေတာ့ General public ရဲ ့လိုအပ္ခ်က္အရ

ကယ္လိုရီ တြက္စားနည္း Formula တခုကို 

ပညာဒါန အေနနဲ ့မွ်ေဝပါ့မယ္။


ကမာၻေပၚမွာ ကယ္လိုရီတြက္စားနည္း ေဖာ္ျမဴ

လာေပါင္းမ်ားစြာ ရွိတဲ့အနက္မွ ယခုတင္ျပေပး

မဲ့ေဖာ္ျမဴလာေလးက အေတာ္ေလး ထိေရာက္ပီး

႐ိုးရွင္းပါတယ္။ 




                      📝Formula 📝


     22   X    ကိုယ္အေလးခ်ိန္    X   Activity

                  (ကီလိုႏွင့္တြက္ပါ)      (လႈပ္ရွားမႈ)


✅Activity အတြက္ ထည့္ရမည့္ ကိန္းဂဏာန္း✅


✅တေန႔တာ လႈပ္ရွားမႈ နည္း + gym ကစား

🔑1.3 -1.6


✅လႈပ္ရွားမႈ အသင့္အတင့္ရွိ + gymကစား

🔑1.5 - 1.8


✅တေန ့တာ လႈပ္ရွားမႈျမင့္ + gym ကစား

🔑 1.7 - 2.0


✅တေနကုန္ လႈပ္လႈပ္ရွားရွား အလုပ္ + gym ကစား 

🔑1.9 -2.2


🚨1 kg = 2.2 ေပါင္🚨


🚨အထက္ပါ အီေကြးရွင္းတြင္ တင္ျပထားေသာ 

Gym ကစား ဟူေသာ စကားရပ္တြင္ တပါတ္

တြင္ ၃ ရက္မွ  ၆ ရက္အထိ Gym ကစားျခင္း

ကို ရည္ၫႊန္းပါသည္။ 

ယခု quarantine ကာလ ဂ်င္မသြားရလည္း 

Home workout ကစားသည့္ Activity ကို

အစားထိုးထည့္ႏိုင္ပါသည္။


အထက္ပါ အီေကြးရွင္းအရ စမ္းတြက္ၾကည့္ၾက

ပါစို႔။


ကိုယ္အေလးခ်ိန္ ၁၆၃ ေပါင္ ရွိပီး  ယခုအေျခ

အေနအရ တေန ့တာလႈပ္ရွားမႈ နည္းပီး

ပုံမွန္ ေလ့က်င့္ခန္း 🏃‍♂️ ျပဳလုပ္သူတေယာက္၏

တေန ့တာ လိုအပ္ေသာ ကယ္လိုရီကို တြက္ၾကည့္

ကြပါစို႔။


Formula👇👇👇


22. x ကိုယ္အေလးခ်ိန္  x Activity 


22 x 74 kg (163lbs /2.2) x 1.3 =2116.4 calories 


👆👆👆👆👆


ဒါဆိုရင္ အထက္ပါ ဥပမာ ျပထားေသာ လူအတြက္

တေန ့လ်င္ ကယ္လိုရီ 2116.4 လိုအပ္ပါသည္။


🔑ဝိတ္တင္လိုပါက တေန ့လ်င္ ၅၀၀ ကယ္လိုရီ

တိုးစားရမည္ ျဖစ္ပီး

🔑ဝိတ္ခ်လိုပါက တေန ့တာလိုအပ္ေသာ

ကယ္လိုရီစုစုေပါင္းမွ ကယ္လိုရီ ၃၀၀-၅၀၀ ေလ်ာ့စားရမည္ျဖစ္သည္။

🔑ဝိတ္ထိန္းထားလိုပါက ထိုတေန ့တာလိုအပ္

ေသာကယ္လိုရီ အတိုင္းစားရပါမည္။


🚨အထူးဂ႐ုျပဳရမည့္အခ်က္မွာ မိမိယခုစား

ေနေသာ ကယ္လိုရီႏွင့္ တြက္၍ရလာေသာ

ကယ္လိုရီ ပမာဏ အရမ္းကြာဟ ေနပါက 

Diet ကိုခ်က္ခ်င္ change မလုပ္ပါနဲ ့။ တျဖည္း

ျဖည္းခ်င္းသာ ေျပာင္းလဲသြားပါ။


အဆင္ေျပၾကပါေစ။


က်န္းမာၾကပါေစဗ်ာ။


ေလးစားခ်စ္ခင္လ်က္-

ႏိုင္ဦး-၁၁၉


#naing_oo_119

#muscle_professor

#MFTA

#FitMyanmarProject

#MakeMyanmarFit


CALORIES Needs Calculator:




Thursday, January 20, 2022

ပိန်သူတွေ၊ ကြွက်သားတက်ဖို့ ခက်သူတွေ ဘာလုပ်သင့်သလဲ ?

ပိန်သူတွေ၊ ကြွက်သားတက်ဖို့ ခက်သူတွေ ဘာလုပ်သင့်သလဲ ? (Skinny to Fit)





ကမ်းခြေမှာ ဖြစ်ဖြစ်၊ ေ၇ကူးကနျမှာ ဖြစ်ဖြစ်၊ ခရီးမှာ အမှတ်တရ လှတပတ ဓါတ်ပုံလေးတွေ ရိုက်ဖို့ ရည်ရွယ်ပြီး ခန္ဓာကိုယ်လှအောင် ပန်းတိုင်ထား ဆော့တတ်ကြတာ အစဉ်အလာ တစ်ခုလိုပါပဲ။ ဒီအချိန်တွေနဲ့ပဲ တိုက်ပြီး ၀တဲ့လူကလဲ ပိန်အောင် အဆီချဖို့ ကြိုးစားလေ့ရှိသလို၊ ပိန်သူတွေ အနေနဲ့လဲ ကြွက်သားတက်လာအောင် လုပ်ဖို့ ကြိုးစားလေ့ရှိတာ မေ့ထားလို့ မရပါဘူး။ အလွယ်ကူဆုံး ဥပမာ ပေးရရင် တစ်ချို့မိန်းကလေးတွေ ကမ်းခြေခရီး မသွားခင် ၂လလောက်အလိုမှာ ဗိုက်အဆီချဖို့ လေ့ကျင့်ခန်းနဲ့ Diet စလုပ်လေ့ရှိတာကို ပြရမှာပေါ့။ ဒါမှပဲ Bikini ဖြစ်ဖြစ်၊ Swim suit လေးတွေနဲ့ ဖြစ်ဖြစ် ဓါတ်ပုံရိုက်တဲ့ အခါလှမှာ မဟုတ်လား။ ယောင်္ကျားလေးတွေလဲ ထို့အတူပဲ ဆိုရမှာပါ။ ဒါမျိုးကို Beach body goal လို့ ဆိုတတ်ကြပါတယ်။


၀သူတှေ ပိန်အောင် အဆီချဖို့ ဆောင်းပါးများစွာ Golden Dreams page ထဲမှာ ရေးပြီးပြီမယ့် ပိန်သူတွေ၊ ကြွက်သားတက်ဖို့ ခက်သူတွေ အတွက်တော့ သိပ်များများစားစား အဓိကထား မရေးဖြစ်ခဲ့ပါဘူး။ ဒါကလဲ ပိန်သူတွေ အနေနဲ့ ကျန်းမာရေးပိုင်းမှာ ၀သူတှလေောကျ နစ်နာမှု မရှိတာမို့ ၀သူတှအေတှကျ အရင် အကျိုးဖြစ်စေမယ့် အဆီချဆောင်းပါးတွေ ဦးစားပေးရေးဖြစ်တာလို့ ဆိုရမှာပါပဲ။


ဒါပေမယ့် ပိန်သူတွေ အတွက်လဲ Fit ဖြစ်လာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ မေးသူတွေ ရှိတာမို့ ဒီတစ်ခေါက်တော့ ပိန်သူတွေ ဘယ်လို Fit ဖြစ်အောင် လုပ်နိုင်မလဲဆိုတဲ့ အကြောင်း စလိုက်ကြရအောင်။  စိတ်ထဲရှိပေမယ့် အချိန်တော်တော်ကြာမှ ဒီဆောင်းပါးကို ရေးဖြစ်တာတော့ စိတ်မရှိစေချင်လို။ 


Skinny to Fit


" ပိန်ချင်လိုက်တာ "


ဒီစကားက သိပ်မမှန်ပါဘူး။ နောက်တစ်မျိုးက


" ၀ခငြျလိုကျတာ " ဆိုတာပါပဲ။ ဒါလဲ မမှန်ပါဘူး။ တစ်ကယ် မှန်ကန်တဲ့ ရည်မှန်းချက်က 


" ကြွက်သားနဲ့ လှပြီး၊ သန်မာချင်တာ " လို့ ဆိုရမှာပါ။ ပိန်တာကို လိုချင်တာလဲ မဟုတ်သလို ၀လာတာကိုလဲ နောက်ဆုံးပန်းတိုင် အဖြစ်လိုချင်တာမဟုတ်ဘူး မဟုတ်လား။ ( ဒီနေရာမှာ ပိန်နေ၊ ဝနေသူတွေကို မလှဘူး၊ မကောင်းဘူး ဆိုလိုချင်စရာ အကြောင်းမရှိ။ လူဆိုတာ ကိုယ့် ရွေးချယ်ချက်နဲ့ ကိုယ်မလို့ ရှုံ့ချစရာကို မလိုပါ။ ဒါပေမယ့် ပြောင်းလဲချင်ပြီး လုပ်နေသူများအတွက်သာ ပန်းတိုင် ဘယ်လိုရှိသင့်လဲ ဆိုခြင်းဖြစ်ပါကြောင်း)


ဒီလို ပိန်ချင်တာ၊ ၀ခငြျတာ မဟုတ်ပဲ ကြွက်သားနဲ့ လှချင်တာပါလို့ ကပ်ပြောရလဲဆိုရင် ပန်းတိုင်မတူရင် လုပ်ပုံ မတူလို့ပါပဲ။ အလွယ်ပြောရရင် ပိန်ချင်သူများအနေနဲ့ ပြေးတာ၊ အစာထိန်းစားတာ တစ်ခုထဲနဲ့တင် ပိန်သွားနိုင်ပေမယ့် ကြွက်သားနဲ့ လှချင်ရင်တော့ ပြေးရုံ တစ်ခုထဲနဲ့ မရဘူးပေါ့။


၀လာခငြျသူတှအေတှကျဆို မြင်သမျှစား၊ မြင်သမျှစားနိုင်ဖို့ အစာခြေနှုန်းလေး တက်အောင် ပြေးမယ်၊ ခုန်မယ် လုပ်ရုံနဲ့ ၀လာမှာပါပဲ။ ဒါပေမယ့် နောက်ဆုံးတစ်နေ့မှာ ကြွက်သားမပါပဲ ၀ရုံ ၀လာမယ့ျ ခန္ဓာကိုယ်ဟာလဲ သင်တို့ လိုချင်တဲ့ ပန်းတိုင်မဟုတ်ဘူးဆိုတာ သိလာရင် ချွေးတွေ၊ အချိန်တွေ သိပ်နှမျောဖို့ ကောင်းတယ်ဟုတ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ပိန်သူတွေ ၀လာစရေုံ သက်သက်မဟုတ်ပဲ၊ ကြွက်သားလှပြီး Fit ဖြစ်၊ Muscular ဖြစ်စေမယ့် နည်းတွေ မျှဝေလိုက်ပါတယ်။


၁။ မျိုးရိုးကို အပြစ်မတင်ပါနဲ့


" တို့ မျိုးရိုးကိုက ဒီလိုပဲထင်ပါတယ်၊ အကုန်လုံး ကပ်ကပ်တွေချည်းပဲ " 


ဒါကတော့ ပိန်သူပဲ ဖြစ်ဖြစ်၊ ၀သူပဲ ဖြစ်ဖြစ်မှာ ကြားနေရတာပါပဲ။ မစရသေးဘူး၊ ကိုယ်နားမလည်တဲ့ ကိုယ့် ခန္ဓာတည်ဆောက်ပုံကြောင့်ပါလို့ ဆိုလေ့ရှိတယ်မဟုတ်လား။


မျိုးရိုးက ခန္ဓာကိုယ်အပေါ်သက်ရောက်လေ့ရှိတာ ငြင်းလို့မရပါဘူး၊ အရပ်အမောင်း၊ ရင်အုတ်အကျယ်အကား၊ အဆီစုတဲ့နေရာ၊ လေ့ကျင့်ခန်းလုပ်ရင် တုန့်ပြန်မှု အနှေးအမြန်၊ အစာခြေနှုန်း စတာတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်တော့မှ မတူပါဘူး။ ဒါပေမယ့် လှတဲ့လူတစ်ယောက်နဲ့ ကိုယ်နဲ့ လုံး၀မတူတာမို့ ကိုယ်တော့ သူ့လို မဖြစ်နိုင်ဘူးဆိုပြီး အပြစ်တင်လို့လဲ မရပါဘူး။ အလွယ်ကူဆုံးနားလည်အောင် ပြောရရင် တစ်ချို့လူတွေ ၈ ကြိမ်ကို ၅ခေါက်လုပ်ရုံနဲ့ ကြွက်သားတွေကို လှုံ့ဆော်နိုင်ပေမယ့် ကိုယ်လုပ်တဲ့အခါ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။ မျိုးရိုးမှ မတူတာကိုး။ ဒါပေမယ့် ဒီလို မလုံလောက်ရင် ၁၀ကြိမ်ကို ၆ခေါက်လုပ်မယ်၊ အနည်းငယ်ပို ပြင်းထန်အောင်လုပ်ရမယ် စတဲ့နည်းလမ်းတွေနဲ့ ပြင်လို့ရပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းတွေမှာ ဒီပမာဏလုပ်သင့်တယ်ဆိုတဲ့ Guide ပဲရှိပြီး လူတိုင်း ဒီပမာဏပဲလုပ်ပါဆိုတဲ့ ပုံသေနည်းမရှိတာပေါ့။ 


ပထမအချက်အနေနဲ့ မျိုးရိုးကြောင့် ဘယ်လိုလုပ်လုပ် အမြဲ ပိန်ကပ်နေမှာပါဆိုတဲ့ အယူလေးကို ပြင်လိုက်ပါစို့။


၂။ အစားအစာ ပိုစားပါ


Diet Diet Diet Diet Diet

Six packs လဲ ဒါ၊ ပိန်ချင်လဲ ဒါ၊ ၀ခငြျလဲ ဒါ


ဟုတ်ကော ဟုတ်သေးရဲ့လား။ ဥပမာပေးရရင် မြေစေး အရုပ်လေးတွေ လုပ်သလိုပေါ့။ သေးသွားချင်ရင် မြေစေးလျှော့၊ အကြီးကြီး လုပ်ချင်ရင် ပိုထည့်။ ဒီလိုပါပဲ။ လူတစ်ယောက်မှာဆိုရင် ခန္ဓာကိုယ်အတွက် Equation မှာ ကိန်း ၂မျိုးကပဲ အဓိက ချယ်လှယ်လေ့ရှိတာပါပဲ။ အစားအစာနဲ့ အားကစားပါပဲ။ ပုံပြောင်းချင်ပြီး ဒီ ကိန်းနှစ်ခုကို အပြောင်းအလဲ မလုပ်ချင်ဘူးဆိုရင်တော့ ဒီ Equation ကလဲ ပြောင်းလာမှာ မဟုတ်ပါဘူး။


" အကောင်ထွားလာချင်တယ်"


" ဒါ့ထက်ပိုစားဖို့လိုမယ်"


" စားတာမှ တစ်ဖြဲ နှစ်ဖြဲ "


ဒီလို ပိုစားပါလို့ အကြံပေးသံကြားရင် အကြံပေးတဲ့သူကို မယုံသင်္ကာဖြစ်ပြီး လှည့်သွားလေ့ရှိပါတယ်။ 


"ဒီလောက်စားနေတာကို ဘယ်လိုလုပ်ထပ်စားမလဲ၊ ဒီဆရာမှာ ဒီ့ထက်ကောင်းတဲ့ နည်းတွေ မရှိတော့ဘူးလား။ "


များသောအားဖြင့် ပိန်သူတွေဟာ သူတို့စားတဲ့ စွမ်းအင်ပမာဏကို ပိုတွက်လေ့ရှိပါတယ်။ သူတို့ ဘယ်လောက်ပဲ အများကြီးစားတယ် ပြောပြော ခန္ဓာကိုယ်က သူတို့စကားကို နားထောင်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် နားထောင်တဲ့ စကားက 


" အ၀င်စွမ်းအင် (အစာ) က အထွက်စွမ်းအင် (ပုံမှန်လှုပ်ရှားတာ၊ အားကစားလုပ်တာ) ထပ် ပိုများရမှာပါပဲ။ အ၀င်က အထွက်ထပ် များရင် အလေးချိန်တိုးပေးမယ် " 


ဒီစကားကိုပဲ နားထောင်တာပါပဲ။ ဒီတော့ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းက အထွက်စွမ်းအင် တစ်အားများနေရင် (အချိန်ကြာပြေးတာ) လျှော့ရမှာပါပဲ။ လေ့ကျင့်ခန်းကို မလျှော့ချင်ရင် ဒီဟာကို ပြန်ကာမိစေဖို့ ပိုစားရမှာပါပဲ။


ပိုစားတဲ့အခါမှာ အစာခြင်းတူပေမယ့် ကျန်းမာရေးနဲ့ ညီပြီး ကြွက်သားအတွက် အထောက်အကူပြုမယ့် အစာတွေစားရင် အလေးချိန်တက်စေဖို့ ပိုလွယ်ကူပါတယ်။ တစ်ချို့ စွမ်းအင်များတဲ့ အစာတွေက


- Peanut butter (ပေါင်မုန့်နဲ့စားလေ့ရှိတဲ့ မြေပဲယို)

- အဆီမပါ အသား ငါး 

- သီဟိုစေ့ ၊ မြေပဲစေ့

- ထောပတ်သီး

- ထမင်း၊ ပေါင်မုန့်

- နို့

- ပဲ


စတာတွေပါပဲ။ ဒီထဲမှာ နည်းနည်းစားပြီး များများ အလေးချိန်တက်စေတာကတော့ Peanut butter ပါပဲ။ Peanut butter တစ်ဇွန်းဟာ ထမင်း တစ်ပန်းကန်စာလောက်နဲ့ ညီပါတယ်။ Peanut butter ၂ဇွန်းလောက် ပေါင်မုန့်နဲ့ ရောစားလိုက်တာကိုကပဲ ထမင်း ၂ပန်းကန်လောက် ပိုစားသလိုပါပဲ။


စားသင့်တဲ့ ပမာဏကတော့ တစ်လကို ၃ ပေါင်လောက်၊ ၂ပတ်တစ်ခါ ပေါင်ချိန်မယ်ဆို နှစ်ပတ်ကို ၁ပေါင်ခွဲ၊ ၂ပေါင်လောက်တက်လောက်အောင်စားပါ။ ဒါ့ထက်ပိုသွားရင် နည်းနည်းလျှော့၊ လိုနေသေးရင် ထပ်ပြီး တိုးစားပါ။


၃။ အခြေခံလေ့ကျင့်ခန်းတွေ လုပ်ပါ


အခြေခံလေ့ကျင့်ခန်းတွေဖြစ်တဲ့ အလေးနဲ့ ထိုင်ထ Squat၊ ဒိုက်ထိုး သို့မဟုတ် အလေးနဲ့ ရင်ဘတ်တွန်းတင် Bench press၊ Deadlift ၊ ပုခုံးလေ့ကျင့်ခန်း စတာတွေ လုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အဓိက ရည်ရွယ်ချက်က လေ့ကျင့်ခန်းလုပ်လေ ပိုများများစား၀င်နိုင်လေ ဆိုတဲ့ အချက်အပြင်၊ အလေးချိန်တက်လာတဲ့ အခါမှာလဲ အဆီသက်သက်မဖြစ်တော့ပဲ ကြွက်သားပါတက်လာပြီး လှစေနိုင်မယ့် အချက်တွေကြောင့်ပါ။


ဒီလေ့ကျင့်ခန်းတွေ မလုပ်ရင်ရော ရလား စျေးဆစ်တတ်သူများအတွက် မလုပ်ရင် မလုပ်သလောက် အကျိုးသိပ်မရဘူးပေါ့လို ဖြေရမှာပါပဲ။ 


လေ့ကျင့်ခန်းတွေ မလုပ်ဘူးဆိုရင် အနည်းငယ် ပြည့်လာမှာတော့ အမှန်ပေါ့။ ဒါပေမယ့် ပြည့်လာရုံတင်မကပဲ ကြွက်သားနဲ့ပါ လှလာချင်ရင်တော့ လေ့ကျင့်ခန်းတွေ လုပ်ရမှာပါပဲ။ ဒါပေမယ့် ပြည့်လာချင်ရုံသက်သက် သမားဆိုရင်တော့လဲ ကိရိယာလွတ်လေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။ အောက်မှာ လုပ်နိုင်မယ့် ကိရိယာလွတ်လေ့ကျင့်ခန်းပုံတွေ ပြထားပါတယ်။


Gym သွားပြီး လုပ်သူတွေအတွက်တော့ အပေါ်က အခြေခံ ကျား၊မ မရှိမဖြစ် လေ့ကျင့်ခန်းလေးမျိုး အကြောင်းကို Comment မှာ Link ပြန် Share ပေးထားတာမို့ အသေးစိတ်၀င်ကြည့်နိုင်ပါတယ်။


၄။ Overtraining ဖြစ်မှာ မကြောက်ပါနဲ့


တစ်ချို့ ကြွက်သားထွက်ဖို့ ခက်တဲ့လူတွေ ဖြစ်လေ့ရှိတာကတော့ လုံလောက်အောင် မလုပ်ဖြစ်တာပါပဲ။ ဥပမာ ရင်ဘတ်လေ့ကျင့်ခန်းတစ်မျိုးကို 

အကြိမ် ၁၀ x ၄ခေါက်လောက်ပဲ လုပ်တတ်တာမျိုးပေါ့။ သူတို့ အနေနဲ့ ဒီပမာဏပဲ လုပ်တာကလဲ အကြောင်းပြချက်ရှိပါတယ်။ ဒီလောက်ပမာဏပဲ လုပ်ရင်တောင် ၃၊ ၄ ရက်ကြာတဲ့ အထိ ကြွက်သားနာနေသေးတာမို့ ဒါ့ထက်များပိုလုပ်လိုက်ရင် ဒဏ်ဖြစ်သွားမှာကို စိုးတာလဲပါတာမို့ overtrain ဖြစ်မှာ ကြောက်တာ သဘာဝတော့ ကျသား။


ဒါပေမယ့် ဒီနေရာမှာ မေးခွန်းတစ်ခုမေးလို့ရပါတယ်။Gold roast ကြေငြာသလို လေ့ကျင့်တာ များသွားတာလား၊ ကြွက်သားပြတ်တောက်တာကို ခန္ဓာကိုယ်က ပြုပြင်မွမ်းမံတာ နှေးတာလားပေါ့။


Overtraining or Under recovery ???


Overtraining ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူး။ ဖြစ်နိုင်တယ်။ ဒါပေမယ့် Professional တွေမှာ ဖြစ်တာများပါတယ်။ 


အခုမှ ကြွက်သားလှချင်လို့ စလေ့ကျင့်သူတွေထဲမှာ အဖြစ်အများဆုံးက Recovery နှေးတာပါပဲ။ Gym ဆော့ရုံ၊ အလေးမရုံ လုပ်ပြီး ကြွက်သားတွေကို ပြတ်တောက်စေရုံနဲ့ မရပါဘူး။ Gym ထဲမှာ ရှိတဲ့ ၁နာရီထက် Gym အပြင်မှာ ရှိတဲ့ ၂၃နာရီက ပိုအရေးကြီးပါတယ်။ 


Protein များတဲ့ အစားအစာတွေ စားမယ်၊ နေ့စဉ်အိပ်စက် ချိန်များအောင် အိပ်မယ်။ ဒါတွေလုပ်ဖို့လိုပါတယ်။


ဝါရင့ျတဲ့လူတှကေ Recovery ဖြစ်ဖို့ ၇နာရီလောကျပဲ အိပ်ဖို့လိုတယ်ဆို ကိုယ်က ၈နာရီအိပ် စသဖြင့် Recovery ကောင်းအောင်လုပ်ဖို့ လိုပါတယ်။


ဒဏ်မြန်မြန်ပျောက်လေ၊ အားအပြည့်ဖြစ်လေ၊ အကြိမ်ရေပိုတိုးနိုင်လေ၊ အလေးပမာဏ ပိုတိုးနိုင်လေ စသဖြင့် ရှေ့ဆက်တိုးနိုင်ပါလိမ့်မယ်။ ဒီလို ရှေ့ဆက်တိုးနိုင်လေ၊ သင့်ခန္ဓာကိုယ်ဟာ ကြီးထွားဖို့ အကြောင်းပြချက်ရှိလေမို့ သင်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်စေပါလိမ့်မယ်။


၅။ စိတ်ရှည်ခြင်း


ခန္ဓာကိုယ်ဆိုတာ မီးစက်တစ်လုံးလို မဟုတ်ပါဘူး။ အခုဓါတ်ဆီထည့်၊ အခု လျှပ်စစ်မီးထွက် မဟုတ်တာမို့ အချိန်ပေးဖို့လိုပါတယ်။


၁လ အကြာမှာ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်း၊ ကိုယ်စားနေတဲ့ ပမာဏဟာ တစ်လကို ၃ပေါင် သို့မဟုတ် ၄ပေါင်တက်စေလား ဆိုတာကြည့်ဖို့လိုပါတယ်။ တစ်ပတ်လောက်နဲ့ တော့ ပြောင်းလာမှာ မဟုတ်ပါဘူး။


ဒီလိုမျိုး တစ်လမှာ ၃ပေါင်လောက်တက်လာတယ်၊ Gym မှာလဲ အကြိမ်ရေ ပိုများများလုပ်နိုင်တယ် ဒါမှမဟုတ် အလေးပမာဏ ပိုတိုးလာနိုင်တယ် ( အိမ်မှာဆိုလဲ အိမ်မှာပေါ့) ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။


ဒါပေမယ့် သိပ်မထူးခြားလာသေးဘူးဆိုရင်တော့ အစားအသောက်ကို ပိုစားနိုင်သလို၊ ကြွက်သားတက်တာနှေးရင် အကြိမ်ရေတိုးတာ၊ အလေးပမာဏ ပိုပေါင်းတာ လုပ်နိုင်အောင်ကြိုးစားပါ။


ကိုယ်နဲ့ ကိုက်ညီတဲ့ Point တစ်ခုရောက်သွားရင် ( တိုးတက်လာတာ တွေ့ရရင်) စွဲစွဲမြဲမြဲ ဆက်လုပ်၊ ဆက်စား၊ ဆက်နားပြီး ကစားနိုင်ပါတယ်။


အကျဉ်းပြန်ချုပ်ရရင်


၁- မျိုးရိုးကို အပြစ်တင်စရာမလိုပါ။ နည်းလမ်းပေါင်းများစွာနဲ့ Fit ဖြစ်လာအောင်လုပ်လို့ရပါတယ်။


၂- အစားအစာပိုစားပါ။


၃- အခြေခံလေ့ကျင့်ခန်းတွေ လုပ်ပါ။ (ကျား၊မ မရှိမဖြစ်လေ့ကျင့်ခန်းလေးမျိုး)


၄- Overtraining ဖြစ်မှာ မကြောက်ပါနဲ့။ Recovery ကောင်းအောင် ကြိုးစားပါ။


၅- စိတ်ရှည်ပါ။ မှန်ကန်တဲ့ ရလဒ် ရလာရင် စွဲမြဲပြီး ပိုတိုးတက်အောင် လုပ်ပါ။


Gym သွားသူတွေအတွက် ကျား၊မ မရှိမဖြစ်လေ့ကျင့်ခန်း လေးမျိုးကို Comment မှာ Link ချပေးထားပြီး အိမ်မှာပဲ လုပ်ချင်တဲ့ လူတွေအတွက်လဲ ကျစ်လျစ်သောအသွင်အပြင်ရနိုင်ဖို့ အိမ်မှာပဲ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို Comment မှာပဲ ပြန် ချပေးထားပါတယ်။


အားလုံးပဲ Skinny ကနေ Fit ဖြစ်ပြီး ပုံလှလှလေးတွေ တစ်ချိန်ကျ ရိုက်နိုင်တဲ့ တစ်နေ့ကျ လာကြွားဖို့ မမေ့ကြပါနဲ့။


Skinny Friend လေးတွေ ရှိရင်လဲ လက်တို့ပြီး ဝေမျှနိင်ပါကြောင်း။


(Golden Dreams)


(Zawgyi )

ပိန္သူေတြ၊ ႂကြက္သားတက္ဖို႔ ခက္သူေတြ ဘာလုပ္သင့္သလဲ ? (Skinny to Fit)




ကမ္းေျခမွာ ျဖစ္ျဖစ္၊ ေ၇ကူးကန်မှာ ျဖစ္ျဖစ္၊ ခရီးမွာ အမွတ္တရ လွတပတ ဓါတ္ပုံေလးေတြ ရိုက္ဖို႔ ရည္႐ြယ္ၿပီး ခႏၶာကိုယ္လွေအာင္ ပန္းတိုင္ထား ေဆာ့တတ္ၾကတာ အစဥ္အလာ တစ္ခုလိုပါပဲ။ ဒီအခ်ိန္ေတြနဲ႕ပဲ တိုက္ၿပီး ၀တဲ့လူကလဲ ပိန္ေအာင္ အဆီခ်ဖိဳ႕ ႀကိဳးစားေလ့ရွိသလို၊ ပိန္သူေတြ အေနနဲ႕လဲ ႂကြက္သားတက္လာေအာင္ လုပ္ဖို႔ ႀကိဳးစားေလ့ရွိတာ ေမ့ထားလို႔ မရပါဘူး။ အလြယ္ကူဆုံး ဥပမာ ေပးရရင္ တစ္ခ်ိဳ႕မိန္းကေလးေတြ ကမ္းေျခခရီး မသြားခင္ ၂လေလာက္အလိုမွာ ဗိုက္အဆီခ်ဖိဳ႕ ေလ့က်င့္ခန္းနဲ႕ Diet စလုပ္ေလ့ရွိတာကို ျပရမွာေပါ့။ ဒါမွပဲ Bikini ျဖစ္ျဖစ္၊ Swim suit ေလးေတြနဲ႕ ျဖစ္ျဖစ္ ဓါတ္ပုံရိုက္တဲ့ အခါလွမွာ မဟုတ္လား။ ေယာကၤ်ားေလးေတြလဲ ထို႔အတူပဲ ဆိုရမွာပါ။ ဒါမ်ိဳးကို Beach body goal လို႔ ဆိုတတ္ၾကပါတယ္။


၀သူတွေ ပိန္ေအာင္ အဆီခ်ဖိဳ႕ ေဆာင္းပါးမ်ားစြာ Golden Dreams page ထဲမွာ ေရးၿပီးၿပီမယ့္ ပိန္သူေတြ၊ ႂကြက္သားတက္ဖို႔ ခက္သူေတြ အတြက္ေတာ့ သိပ္မ်ားမ်ားစားစား အဓိကထား မေရးျဖစ္ခဲ့ပါဘူး။ ဒါကလဲ ပိန္သူေတြ အေနနဲ႕ က်န္းမာေရးပိုင္းမွာ ၀သူတွေလောက် နစ္နာမႈ မရွိတာမို႔ ၀သူတွေအတွက် အရင္ အက်ိဳးျဖစ္ေစမယ့္ အဆီခ်ေဆာင္းပါးေတြ ဦးစားေပးေရးျဖစ္တာလို႔ ဆိုရမွာပါပဲ။


ဒါေပမယ့္ ပိန္သူေတြ အတြက္လဲ Fit ျဖစ္လာေအာင္ ဘယ္လိုလုပ္နိုင္မလဲဆိုတာ ေမးသူေတြ ရွိတာမို႔ ဒီတစ္ေခါက္ေတာ့ ပိန္သူေတြ ဘယ္လို Fit ျဖစ္ေအာင္ လုပ္နိုင္မလဲဆိုတဲ့ အေၾကာင္း စလိုက္ၾကရေအာင္။ စိတ္ထဲရွိေပမယ့္ အခ်ိန္ေတာ္ေတာ္ၾကာမွ ဒီေဆာင္းပါးကို ေရးျဖစ္တာေတာ့ စိတ္မရွိေစခ်င္လို။ 


Skinny to Fit


" ပိန္ခ်င္လိုက္တာ "


ဒီစကားက သိပ္မမွန္ပါဘူး။ ေနာက္တစ္မ်ိဳးက


" ၀ချင်လိုက်တာ " ဆိုတာပါပဲ။ ဒါလဲ မမွန္ပါဘူး။ တစ္ကယ္ မွန္ကန္တဲ့ ရည္မွန္းခ်က္က 


" ႂကြက္သားနဲ႕ လွၿပီး၊ သန္မာခ်င္တာ " လို႔ ဆိုရမွာပါ။ ပိန္တာကို လိုခ်င္တာလဲ မဟုတ္သလို ၀လာတာကိုလဲ ေနာက္ဆုံးပန္းတိုင္ အျဖစ္လိုခ်င္တာမဟုတ္ဘူး မဟုတ္လား။ ( ဒီေနရာမွာ ပိန္ေန၊ ဝေနသူေတြကို မလွဘူး၊ မေကာင္းဘူး ဆိုလိုခ်င္စရာ အေၾကာင္းမရွိ။ လူဆိုတာ ကိုယ့္ ေ႐ြးခ်ယ္ခ်က္နဲ႕ ကိုယ္မလို႔ ရႈံ႕ခ်စရာကို မလိုပါ။ ဒါေပမယ့္ ေျပာင္းလဲခ်င္ၿပီး လုပ္ေနသူမ်ားအတြက္သာ ပန္းတိုင္ ဘယ္လိုရွိသင့္လဲ ဆိုျခင္းျဖစ္ပါေၾကာင္း)


ဒီလို ပိန္ခ်င္တာ၊ ၀ချင်တာ မဟုတ္ပဲ ႂကြက္သားနဲ႕ လွခ်င္တာပါလို႔ ကပ္ေျပာရလဲဆိုရင္ ပန္းတိုင္မတူရင္ လုပ္ပုံ မတူလို႔ပါပဲ။ အလြယ္ေျပာရရင္ ပိန္ခ်င္သူမ်ားအေနနဲ႕ ေျပးတာ၊ အစာထိန္းစားတာ တစ္ခုထဲနဲ႕တင္ ပိန္သြားနိုင္ေပမယ့္ ႂကြက္သားနဲ႕ လွခ်င္ရင္ေတာ့ ေျပး႐ုံ တစ္ခုထဲနဲ႕ မရဘူးေပါ့။


၀လာချင်သူတွေအတွက်ဆို ျမင္သမွ်စား၊ ျမင္သမွ်စားနိုင္ဖို႔ အစာေျခႏႈန္းေလး တက္ေအာင္ ေျပးမယ္၊ ခုန္မယ္ လုပ္႐ုံနဲ႕ ၀လာမှာပါပဲ။ ဒါေပမယ့္ ေနာက္ဆုံးတစ္ေန႕မွာ ႂကြက္သားမပါပဲ ၀ရုံ ၀လာမယ့် ခႏၶာကိုယ္ဟာလဲ သင္တို႔ လိုခ်င္တဲ့ ပန္းတိုင္မဟုတ္ဘူးဆိုတာ သိလာရင္ ေခြၽးေတြ၊ အခ်ိန္ေတြ သိပ္ႏွေမ်ာဖို႔ ေကာင္းတယ္ဟုတ္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးမွာ ပိန္သူေတြ ၀လာစေရုံ သက္သက္မဟုတ္ပဲ၊ ႂကြက္သားလွၿပီး Fit ျဖစ္၊ Muscular ျဖစ္ေစမယ့္ နည္းေတြ မွ်ေဝလိုက္ပါတယ္။


၁။ မ်ိဳးရိုးကို အျပစ္မတင္ပါနဲ႕


" တို႔ မ်ိဳးရိုးကိုက ဒီလိုပဲထင္ပါတယ္၊ အကုန္လုံး ကပ္ကပ္ေတြခ်ည္းပဲ " 


ဒါကေတာ့ ပိန္သူပဲ ျဖစ္ျဖစ္၊ ၀သူပဲ ျဖစ္ျဖစ္မွာ ၾကားေနရတာပါပဲ။ မစရေသးဘူး၊ ကိုယ္နားမလည္တဲ့ ကိုယ့္ ခႏၶာတည္ေဆာက္ပုံေၾကာင့္ပါလို႔ ဆိုေလ့ရွိတယ္မဟုတ္လား။


မ်ိဳးရိုးက ခႏၶာကိုယ္အေပၚသက္ေရာက္ေလ့ရွိတာ ျငင္းလို႔မရပါဘူး၊ အရပ္အေမာင္း၊ ရင္အုတ္အက်ယ္အကား၊ အဆီစုတဲ့ေနရာ၊ ေလ့က်င့္ခန္းလုပ္ရင္ တုန႔္ျပန္မႈ အႏွေးအျမန္၊ အစာေျခႏႈန္း စတာေတြဟာ လူတစ္ေယာက္နဲ႕ တစ္ေယာက္ဘယ္ေတာ့မွ မတူပါဘူး။ ဒါေပမယ့္ လွတဲ့လူတစ္ေယာက္နဲ႕ ကိုယ္နဲ႕ လုံး၀မတူတာမို႔ ကိုယ္ေတာ့ သူ႕လို မျဖစ္နိုင္ဘူးဆိုၿပီး အျပစ္တင္လို႔လဲ မရပါဘူး။ အလြယ္ကူဆုံးနားလည္ေအာင္ ေျပာရရင္ တစ္ခ်ိဳ႕လူေတြ ၈ ႀကိမ္ကို ၅ေခါက္လုပ္႐ုံနဲ႕ ႂကြက္သားေတြကို လႈံ႕ေဆာ္နိုင္ေပမယ့္ ကိုယ္လုပ္တဲ့အခါ လုံေလာက္ခ်င္မွ လုံေလာက္ပါလိမ့္မယ္။ မ်ိဳးရိုးမွ မတူတာကိုး။ ဒါေပမယ့္ ဒီလို မလုံေလာက္ရင္ ၁၀ႀကိမ္ကို ၆ေခါက္လုပ္မယ္၊ အနည္းငယ္ပို ျပင္းထန္ေအာင္လုပ္ရမယ္ စတဲ့နည္းလမ္းေတြနဲ႕ ျပင္လို႔ရပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းေတြမွာ ဒီပမာဏလုပ္သင့္တယ္ဆိုတဲ့ Guide ပဲရွိၿပီး လူတိုင္း ဒီပမာဏပဲလုပ္ပါဆိုတဲ့ ပုံေသနည္းမရွိတာေပါ့။ 


ပထမအခ်က္အေနနဲ႕ မ်ိဳးရိုးေၾကာင့္ ဘယ္လိုလုပ္လုပ္ အၿမဲ ပိန္ကပ္ေနမွာပါဆိုတဲ့ အယူေလးကို ျပင္လိုက္ပါစို႔။


၂။ အစားအစာ ပိုစားပါ


Diet Diet Diet Diet Diet

Six packs လဲ ဒါ၊ ပိန္ခ်င္လဲ ဒါ၊ ၀ချင်လဲ ဒါ


ဟုတ္ေကာ ဟုတ္ေသးရဲ႕လား။ ဥပမာေပးရရင္ ေျမေစး အ႐ုပ္ေလးေတြ လုပ္သလိုေပါ့။ ေသးသြားခ်င္ရင္ ေျမေစးေလွ်ာ့၊ အႀကီးႀကီး လုပ္ခ်င္ရင္ ပိုထည့္။ ဒီလိုပါပဲ။ လူတစ္ေယာက္မွာဆိုရင္ ခႏၶာကိုယ္အတြက္ Equation မွာ ကိန္း ၂မ်ိဳးကပဲ အဓိက ခ်ယ္လွယ္ေလ့ရွိတာပါပဲ။ အစားအစာနဲ႕ အားကစားပါပဲ။ ပုံေျပာင္းခ်င္ၿပီး ဒီ ကိန္းႏွစ္ခုကို အေျပာင္းအလဲ မလုပ္ခ်င္ဘူးဆိုရင္ေတာ့ ဒီ Equation ကလဲ ေျပာင္းလာမွာ မဟုတ္ပါဘူး။


" အေကာင္ထြားလာခ်င္တယ္"


" ဒါ့ထက္ပိုစားဖို႔လိုမယ္"


" စားတာမွ တစ္ၿဖဲ ႏွစ္ၿဖဲ "


ဒီလို ပိုစားပါလို႔ အႀကံေပးသံၾကားရင္ အႀကံေပးတဲ့သူကို မယုံသကၤာျဖစ္ၿပီး လွည့္သြားေလ့ရွိပါတယ္။ 


"ဒီေလာက္စားေနတာကို ဘယ္လိုလုပ္ထပ္စားမလဲ၊ ဒီဆရာမွာ ဒီ့ထက္ေကာင္းတဲ့ နည္းေတြ မရွိေတာ့ဘူးလား။ "


မ်ားေသာအားျဖင့္ ပိန္သူေတြဟာ သူတို႔စားတဲ့ စြမ္းအင္ပမာဏကို ပိုတြက္ေလ့ရွိပါတယ္။ သူတို႔ ဘယ္ေလာက္ပဲ အမ်ားႀကီးစားတယ္ ေျပာေျပာ ခႏၶာကိုယ္က သူတို႔စကားကို နားေထာင္တာ မဟုတ္ပါဘူး။ ခႏၶာကိုယ္ နားေထာင္တဲ့ စကားက 


" အ၀င္စြမ္းအင္ (အစာ) က အထြက္စြမ္းအင္ (ပုံမွန္လႈပ္ရွားတာ၊ အားကစားလုပ္တာ) ထပ္ ပိုမ်ားရမွာပါပဲ။ အ၀င္က အထြက္ထပ္ မ်ားရင္ အေလးခ်ိန္တိုးေပးမယ္ " 


ဒီစကားကိုပဲ နားေထာင္တာပါပဲ။ ဒီေတာ့ ကိုယ္လုပ္တဲ့ ေလ့က်င့္ခန္းက အထြက္စြမ္းအင္ တစ္အားမ်ားေနရင္ (အခ်ိန္ၾကာေျပးတာ) ေလွ်ာ့ရမွာပါပဲ။ ေလ့က်င့္ခန္းကို မေလွ်ာ့ခ်င္ရင္ ဒီဟာကို ျပန္ကာမိေစဖို႔ ပိုစားရမွာပါပဲ။


ပိုစားတဲ့အခါမွာ အစာျခင္းတူေပမယ့္ က်န္းမာေရးနဲ႕ ညီၿပီး ႂကြက္သားအတြက္ အေထာက္အကူျပဳမယ့္ အစာေတြစားရင္ အေလးခ်ိန္တက္ေစဖို႔ ပိုလြယ္ကူပါတယ္။ တစ္ခ်ိဳ႕ စြမ္းအင္မ်ားတဲ့ အစာေတြက


- Peanut butter (ေပါင္မုန႔္နဲ႕စားေလ့ရွိတဲ့ ေျမပဲယို)

- အဆီမပါ အသား ငါး 

- သီဟိုေစ့ ၊ ေျမပဲေစ့

- ေထာပတ္သီး

- ထမင္း၊ ေပါင္မုန႔္

- နို႔

- ပဲ


စတာေတြပါပဲ။ ဒီထဲမွာ နည္းနည္းစားၿပီး မ်ားမ်ား အေလးခ်ိန္တက္ေစတာကေတာ့ Peanut butter ပါပဲ။ Peanut butter တစ္ဇြန္းဟာ ထမင္း တစ္ပန္းကန္စာေလာက္နဲ႕ ညီပါတယ္။ Peanut butter ၂ဇြန္းေလာက္ ေပါင္မုန႔္နဲ႕ ေရာစားလိုက္တာကိုကပဲ ထမင္း ၂ပန္းကန္ေလာက္ ပိုစားသလိုပါပဲ။


စားသင့္တဲ့ ပမာဏကေတာ့ တစ္လကို ၃ ေပါင္ေလာက္၊ ၂ပတ္တစ္ခါ ေပါင္ခ်ိန္မယ္ဆို ႏွစ္ပတ္ကို ၁ေပါင္ခြဲ၊ ၂ေပါင္ေလာက္တက္ေလာက္ေအာင္စားပါ။ ဒါ့ထက္ပိုသြားရင္ နည္းနည္းေလွ်ာ့၊ လိုေနေသးရင္ ထပ္ၿပီး တိုးစားပါ။


၃။ အေျခခံေလ့က်င့္ခန္းေတြ လုပ္ပါ


အေျခခံေလ့က်င့္ခန္းေတြျဖစ္တဲ့ အေလးနဲ႕ ထိုင္ထ Squat၊ ဒိုက္ထိုး သို႔မဟုတ္ အေလးနဲ႕ ရင္ဘတ္တြန္းတင္ Bench press၊ Deadlift ၊ ပုခုံးေလ့က်င့္ခန္း စတာေတြ လုပ္ဖို႔လိုပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့ အဓိက ရည္႐ြယ္ခ်က္က ေလ့က်င့္ခန္းလုပ္ေလ ပိုမ်ားမ်ားစား၀င္နိုင္ေလ ဆိုတဲ့ အခ်က္အျပင္၊ အေလးခ်ိန္တက္လာတဲ့ အခါမွာလဲ အဆီသက္သက္မျဖစ္ေတာ့ပဲ ႂကြက္သားပါတက္လာၿပီး လွေစနိုင္မယ့္ အခ်က္ေတြေၾကာင့္ပါ။


ဒီေလ့က်င့္ခန္းေတြ မလုပ္ရင္ေရာ ရလား ေစ်းဆစ္တတ္သူမ်ားအတြက္ မလုပ္ရင္ မလုပ္သေလာက္ အက်ိဳးသိပ္မရဘူးေပါ့လို ေျဖရမွာပါပဲ။ 


ေလ့က်င့္ခန္းေတြ မလုပ္ဘူးဆိုရင္ အနည္းငယ္ ျပည့္လာမွာေတာ့ အမွန္ေပါ့။ ဒါေပမယ့္ ျပည့္လာ႐ုံတင္မကပဲ ႂကြက္သားနဲ႕ပါ လွလာခ်င္ရင္ေတာ့ ေလ့က်င့္ခန္းေတြ လုပ္ရမွာပါပဲ။ ဒါေပမယ့္ ျပည့္လာခ်င္႐ုံသက္သက္ သမားဆိုရင္ေတာ့လဲ ကိရိယာလြတ္ေလ့က်င့္ခန္းေလးေတြ လုပ္နိုင္ပါတယ္။ ေအာက္မွာ လုပ္နိုင္မယ့္ ကိရိယာလြတ္ေလ့က်င့္ခန္းပုံေတြ ျပထားပါတယ္။


Gym သြားၿပီး လုပ္သူေတြအတြက္ေတာ့ အေပၚက အေျခခံ က်ား၊မ မရွိမျဖစ္ ေလ့က်င့္ခန္းေလးမ်ိဳး အေၾကာင္းကို Comment မွာ Link ျပန္ Share ေပးထားတာမို႔ အေသးစိတ္၀င္ၾကည့္နိုင္ပါတယ္။


၄။ Overtraining ျဖစ္မွာ မေၾကာက္ပါနဲ႕


တစ္ခ်ိဳ႕ ႂကြက္သားထြက္ဖို႔ ခက္တဲ့လူေတြ ျဖစ္ေလ့ရွိတာကေတာ့ လုံေလာက္ေအာင္ မလုပ္ျဖစ္တာပါပဲ။ ဥပမာ ရင္ဘတ္ေလ့က်င့္ခန္းတစ္မ်ိဳးကို 

အႀကိမ္ ၁၀ x ၄ေခါက္ေလာက္ပဲ လုပ္တတ္တာမ်ိဳးေပါ့။ သူတို႔ အေနနဲ႕ ဒီပမာဏပဲ လုပ္တာကလဲ အေၾကာင္းျပခ်က္ရွိပါတယ္။ ဒီေလာက္ပမာဏပဲ လုပ္ရင္ေတာင္ ၃၊ ၄ ရက္ၾကာတဲ့ အထိ ႂကြက္သားနာေနေသးတာမို႔ ဒါ့ထက္မ်ားပိုလုပ္လိုက္ရင္ ဒဏ္ျဖစ္သြားမွာကို စိုးတာလဲပါတာမို႔ overtrain ျဖစ္မွာ ေၾကာက္တာ သဘာဝေတာ့ က်သား။


ဒါေပမယ့္ ဒီေနရာမွာ ေမးခြန္းတစ္ခုေမးလို႔ရပါတယ္။Gold roast ေၾကျငာသလို ေလ့က်င့္တာ မ်ားသြားတာလား၊ ႂကြက္သားျပတ္ေတာက္တာကို ခႏၶာကိုယ္က ျပဳျပင္မြမ္းမံတာ ႏွေးတာလားေပါ့။


Overtraining or Under recovery ???


Overtraining ဆိုတာ မျဖစ္နိုင္ဘူးဆိုတာ မဟုတ္ဘူး။ ျဖစ္နိုင္တယ္။ ဒါေပမယ့္ Professional ေတြမွာ ျဖစ္တာမ်ားပါတယ္။ 


အခုမွ ႂကြက္သားလွခ်င္လို႔ စေလ့က်င့္သူေတြထဲမွာ အျဖစ္အမ်ားဆုံးက Recovery ႏွေးတာပါပဲ။ Gym ေဆာ့႐ုံ၊ အေလးမ႐ုံ လုပ္ၿပီး ႂကြက္သားေတြကို ျပတ္ေတာက္ေစ႐ုံနဲ႕ မရပါဘူး။ Gym ထဲမွာ ရွိတဲ့ ၁နာရီထက္ Gym အျပင္မွာ ရွိတဲ့ ၂၃နာရီက ပိုအေရးႀကီးပါတယ္။ 


Protein မ်ားတဲ့ အစားအစာေတြ စားမယ္၊ ေန႕စဥ္အိပ္စက္ ခ်ိန္မ်ားေအာင္ အိပ္မယ္။ ဒါေတြလုပ္ဖို႔လိုပါတယ္။


၀ါရင့်တဲ့လူတွေက Recovery ျဖစ္ဖို႔ ၇နာရီလောက်ပဲ အိပ္ဖို႔လိုတယ္ဆို ကိုယ္က ၈နာရီအိပ္ စသျဖင့္ Recovery ေကာင္းေအာင္လုပ္ဖို႔ လိုပါတယ္။


ဒဏ္ျမန္ျမန္ေပ်ာက္ေလ၊ အားအျပည့္ျဖစ္ေလ၊ အႀကိမ္ေရပိုတိုးနိုင္ေလ၊ အေလးပမာဏ ပိုတိုးနိုင္ေလ စသျဖင့္ ေရွ႕ဆက္တိုးနိုင္ပါလိမ့္မယ္။ ဒီလို ေရွ႕ဆက္တိုးနိုင္ေလ၊ သင့္ခႏၶာကိုယ္ဟာ ႀကီးထြားဖို႔ အေၾကာင္းျပခ်က္ရွိေလမို႔ သင္လိုခ်င္တဲ့ ပန္းတိုင္ကို ျမန္ျမန္ေရာက္ေစပါလိမ့္မယ္။


၅။ စိတ္ရွည္ျခင္း


ခႏၶာကိုယ္ဆိုတာ မီးစက္တစ္လုံးလို မဟုတ္ပါဘူး။ အခုဓါတ္ဆီထည့္၊ အခု လွ်ပ္စစ္မီးထြက္ မဟုတ္တာမို႔ အခ်ိန္ေပးဖို႔လိုပါတယ္။


၁လ အၾကာမွာ ကိုယ္လုပ္ေနတဲ့ ေလ့က်င့္ခန္း၊ ကိုယ္စားေနတဲ့ ပမာဏဟာ တစ္လကို ၃ေပါင္ သို႔မဟုတ္ ၄ေပါင္တက္ေစလား ဆိုတာၾကည့္ဖို႔လိုပါတယ္။ တစ္ပတ္ေလာက္နဲ႕ ေတာ့ ေျပာင္းလာမွာ မဟုတ္ပါဘူး။


ဒီလိုမ်ိဳး တစ္လမွာ ၃ေပါင္ေလာက္တက္လာတယ္၊ Gym မွာလဲ အႀကိမ္ေရ ပိုမ်ားမ်ားလုပ္နိုင္တယ္ ဒါမွမဟုတ္ အေလးပမာဏ ပိုတိုးလာနိုင္တယ္ ( အိမ္မွာဆိုလဲ အိမ္မွာေပါ့) ဆိုရင္ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ေနပါၿပီ။


ဒါေပမယ့္ သိပ္မထူးျခားလာေသးဘူးဆိုရင္ေတာ့ အစားအေသာက္ကို ပိုစားနိုင္သလို၊ ႂကြက္သားတက္တာႏွေးရင္ အႀကိမ္ေရတိုးတာ၊ အေလးပမာဏ ပိုေပါင္းတာ လုပ္နိုင္ေအာင္ႀကိဳးစားပါ။


ကိုယ္နဲ႕ ကိုက္ညီတဲ့ Point တစ္ခုေရာက္သြားရင္ ( တိုးတက္လာတာ ေတြ႕ရရင္) စြဲစြဲၿမဲၿမဲ ဆက္လုပ္၊ ဆက္စား၊ ဆက္နားၿပီး ကစားနိုင္ပါတယ္။


အက်ဥ္းျပန္ခ်ဳပ္ရရင္


၁- မ်ိဳးရိုးကို အျပစ္တင္စရာမလိုပါ။ နည္းလမ္းေပါင္းမ်ားစြာနဲ႕ Fit ျဖစ္လာေအာင္လုပ္လို႔ရပါတယ္။


၂- အစားအစာပိုစားပါ။


၃- အေျခခံေလ့က်င့္ခန္းေတြ လုပ္ပါ။ (က်ား၊မ မရွိမျဖစ္ေလ့က်င့္ခန္းေလးမ်ိဳး)


၄- Overtraining ျဖစ္မွာ မေၾကာက္ပါနဲ႕။ Recovery ေကာင္းေအာင္ ႀကိဳးစားပါ။


၅- စိတ္ရွည္ပါ။ မွန္ကန္တဲ့ ရလဒ္ ရလာရင္ စြဲၿမဲၿပီး ပိုတိုးတက္ေအာင္ လုပ္ပါ။


Gym သြားသူေတြအတြက္ က်ား၊မ မရွိမျဖစ္ေလ့က်င့္ခန္း ေလးမ်ိဳးကို Comment မွာ Link ခ်ေပးထားၿပီး အိမ္မွာပဲ လုပ္ခ်င္တဲ့ လူေတြအတြက္လဲ က်စ္လ်စ္ေသာအသြင္အျပင္ရနိုင္ဖို႔ အိမ္မွာပဲ လုပ္နိုင္တဲ့ ေလ့က်င့္ခန္းမ်ားကို Comment မွာပဲ ျပန္ ခ်ေပးထားပါတယ္။


အားလုံးပဲ Skinny ကေန Fit ျဖစ္ၿပီး ပုံလွလွေလးေတြ တစ္ခ်ိန္က် ရိုက္နိုင္တဲ့ တစ္ေန႕က် လာႂကြားဖို႔ မေမ့ၾကပါနဲ႕။


Skinny Friend ေလးေတြ ရွိရင္လဲ လက္တို႔ၿပီး ေဝမွ်နိင္ပါေၾကာင္း။


(Golden Dreams)