Showing posts with label Beauty Tips. Show all posts
Showing posts with label Beauty Tips. Show all posts

Sunday, April 26, 2026

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့



(Hello Sayarwon Panelမှ ဆေးစစ်ထားပါသည်

Yun Sandi Nan Mon မှ ရေးသားသည်။ )


ရှိတယ်နော်၊ ရှိတယ်။ ဒီတိုင်းနေတာ အကောင်းသား၊ အသက် မေးလိုက်မှ “ဟယ်…မထင်ရဘူးနော်၊ ငယ်သေးတာပဲ” လို့ ပြောခံလိုက်ရတာမျိုး။ နဂိုရှိတဲ့ အသက်ထက် လူက ပိုရင့်နေတာမျိုးက ရွယ်တူတွေကြားမှာ နည်းနည်းတော့ ဘူနေမှာပေါ့။


၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

အရွယ်ကောင်း လို့ခေါ်ကြတဲ့ အသက် ၃၀ အရွယ်ကိုတောင် မရောက်သေးဘဲ ကိုယ့်ကို အသက်ကြီးတယ် ထင်နေကြတာကို ဝမ်းသာမယ့်သူတော့ ရှိမယ်မထင်ပါဘူး။


ဘာကြောင့် ရုပ်ရင့် နေရတာလဲ

လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာကို အရင်ဆုံး ပြလာတာက အရေပြား ပါ။ အသက်အရွယ် ကြောင့် အပြင် အသားအရေ ကို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေက အများကြီး ရှိပါတယ်။


စိတ်ဖိစီးမှု၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးဒဏ်၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ၊ အစားအသောက်၊ ကိုယ်အလေးချိန်၊ သောက်သုံးနေတဲ့ ဆေးဝါး၊ အသားအရေ မထိန်းသိမ်းခြင်း စတဲ့ အကြောင်းရင်းတွေ ပါဝင်တာပေါ့။


အရွယ်မတိုင်မီ မရင့်ရော်စေဖို့ ဘာလုပ်ရမလဲ

အပေါ်ယံ အရေပြားလေးပါပဲ လို့ ပြောကြပေမယ့် အဲဒီအရေပြားလေးက လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေး တို့ကိုပါ သက်ရောက်မှု မသေးတာ သတိပြုသင့်ပါတယ်။


အသားအရေ ကျန်းမာ၊ နုပျို တဲ့သူတွေဟာ ရုပ်မလှတောင် ကြည့်ကောင်းမယ်၊ အရေပြားကင်ဆာ လို ရောဂါတွေ ကာကွယ်နိုင်မယ်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေမယ်၊ ရင့်ရော်မှုနဲ့ ပတ်သက်လို့ ဆိုက်ကိုဝင်စရာမလိုဘူး စတဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်လေ။ စိတ်ကျန်းမာတော့ လူလည်း ကျန်းမာနိုင်မှာပါပဲ။


ဒါ့ကြောင့် အသားအရေ ထိန်းသိမ်းချင်ရင် အာဟာရ ပြည့်တဲ့ အသီးအနှံ၊ အသီးအရွက်တွေ များများစားပါ၊ ရေသောက်ပါ၊ ကျန်းမာရေးနဲ့ မညီတဲ့ အမူအကျင့်တွေကို ရှောင်ပါ။


ပိုအသေးစိတ်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်တော့ –


(၁) နေရောင်ခြည် ကို အံမတုပါနဲ့

နေလောင်ဒဏ် ကို ကာကွယ်တာက အသားအရေ ထိန်းသိမ်းမှု နဲ့ ရင့်ရော်မှုကို တားဆီးနိုင်ဖို့ အတွက် အခြေခံ အချက် ပါပဲ။ နေရောင်ခြည်က အသားအရေကို ပိုပြီး မြန်မြန်ရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေပူမရှောင်၊ ထီးမဆောင်း၊ ဦးထုပ်မပါဘဲ အပြင်ထွက်လေ့ ရှိကြတဲ့ ယောကျာ်းလေးတွေ ပိုသတိထားသင့်တဲ့ အချက်ပါ။


နေရောင်ခြည် နဲ့ ခရမ်းလွန် UV rays တို့ ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အမိုးအကာအောက်မှာ နေပါ။ သွားစရာရှိရင် ထီး အမြဲယူသွားဖို့ မမေ့ပါနဲ့။ sunscreen လိမ်းပါ။


(၂) sunscreen လိမ်းပါ

ကိုယ့်အသားအရေကို ကာကွယ်နိုင်ဖို့ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အရေပြား အစိတ်အပိုင်း မှန်သမျှကို sunscreen လိမ်းပါ။ SPF ပါဝင်မှု 30 ထက် များတဲ့ sunscreen ကို ရွေးချယ်ပါ။ ရုပ်ရင့် စေတဲ့ အကြောင်းရင်းတွေထဲ နေပူထဲ အကာအကွယ် မပါဘဲ အမြဲသွားနေတဲ့ အချက်က ရှေ့ဆုံးက ပါဝင်ပါတယ်။


(၃) အစိုဓာတ် ထိန်းဖို့ မမေ့ပါနဲ့

အသက်ကြီးလာတာနဲ့အမျှ အသားအရေကို ရေဓာတ် ထိန်းသိမ်းဖို့၊ ဖြည့်တင်းဖို့ လိုအပ်လာပါတယ်။ အသားအရေ အစိုဓာတ် နည်းပါးတဲ့အခါ ခြောက်သွေ့လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတတ်တယ်၊ အသားအရောင် မွဲခြောက်လာမယ်၊ ပိုရင့်ရော်စေတာပေါ့။ moisturizer က အရေပြားထဲမှာ ရေဓာတ် ကို ထိန်းပေးထားလို့ အသားအရေ ကို စိုပြေစေပြီး နုပျိုတဲ့ အသွင်ကို ဆောင်စေပါတယ်။


(၄) မျက်နှာ ကို ပုံမှန် သန့်စင်ပေးပါ

မျက်နှာသစ်တဲ့ အခါမှာလည်း သစ်ပုံသစ်နည်းက တော်တော်စကားပြောပါတယ်။ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး သုံးပါ။ မျက်နှာ ကို အရမ်းပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။ မနက်နဲ့ ညအိပ်ရာဝင် တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။


မိန်းကလေးတွေ ဆိုရင် မိတ်ကပ် ဖျက်ဖို့ အဆင့်တစ်ဆင့် လိုအပ်ပါဦးမယ်။ မိတ်ကပ် သို့မဟုတ် မျက်နှာမှာ လိမ်းထားသမျှကို makeup remover သို့မဟုတ် micellar water သုံးပြီး ဖျက်မှ အဆင်ပြေပါလိမ့်မယ်။


အရွယ် ငယ်ငယ်နဲ့ ရုပ်မရင့်စေဖို့ သို့မဟုတ် အသက်ကြီးလာလည်း အရွယ်တင် နုပျိုစေဖို့ ဒီအခြေခံအချက်တွေ ဂရုစိုက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်နော်။ ဖြစ်နိုင်ရင်တော့ မကြာမကြာလည်း ပေါင်းတင်တာ၊ ဆိုင်မှာ treatment လုပ်တာမျိုး လုပ်ပေးရင် ပိုကောင်းတာပေါ့။


Hello ဆရာဝန် ပရိသတ်တို့ ဘယ်အသက် ဘယ်အရွယ်ဖြစ်ဖြစ် အမြဲ နုပျိုလှပ နိုင်ကြစေဖို့ ရည်ရွယ် အကြံပြု ပေးလိုက်ပါတယ်။



***Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။ 

Thursday, August 8, 2024

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

 BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား




#အသားအရေနှင့်အအလှအပ

#အသားအရေထိန်းသိမ်းခြင်း


(Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Hello Sayarwon Panel မှ ရေးသားသည်။)


BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

လတ်တလော အမျိုးသမီးတွေကြား သိပ်ခေတ်စားနေတဲ့ BB Glow Treatment ဆိုတာ ရှိပါတယ်။ ပြုလုပ်ပေးသူတွေ အဆိုအရတော့ ဒီ Treatment လုပ်ပြီးသွားရင် ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းသွေးရောင်တောက်ပြီး မျက်နှာလေးကလည်း မိတ်ကပ်မပါဘဲတောင် ကြည်တောက် Glow နေပါတယ်တဲ့။ ဆိုတော့ တကယ်ပဲ BB Glow Treatment ဟာ အန္တရာယ် ကင်းရဲ့လား။


BB Glow Treatment လုပ်ပြီးရင် အရုပ်မလေးလို ပန်းသွေးခြယ်တဲ့ မျက်နှာလေးနဲ့ တကယ်ပဲ လှသွားမှာလား။ ဒါကိုမပြောခင်မှာ အရင်ဆုံး BB Glow Treatment ဆိုတာ ဘာလဲ အရင်လေ့လာကြည့်ရအောင်။




BB Glow Treatment ဆိုတာ

BB Glow Treatment ဆိုတာ Microneedling လို့ခေါ်တဲ့ အပ်သေးသေးလေးတွေနဲ့ အရေပြားအောက်မှာ BB Cream တွေ ထည့်သွင်းပြီး Semi-permanent မိတ်ကပ်လွှာကို ဖန်တီးလိုက်တာပါ။


ဒီလိုဆိုတော့ မိတ်ကပ်လိမ်းစရာ မလိုဘဲ မိတ်ကပ်လိမ်းထားပြီးသားဖြစ်ကာ နီရဲနေတာတွေ၊ မျက်ကွင်းညိုတာတွေကို မိတ်ကပ်နဲ့ ဖုံးလိုက်သလို ပျောက်ကွယ်သွားစေတာကြောင့် No-makeup Makeup Look ကို ရရှိစေပါတယ်။ ခပ်လွယ်လွယ်ပြောရရင် မျက်နှာ အရေပြားထဲ မိတ်ကပ်တွေ ထိုးသွင်းလိုက်သလိုမို့ အသားအရေကို မထိခိုက် မပျက်စီးစေဘူးလား။


#ကောင်းကျိုးချည်းပဲ မဟုတ်တဲ့ BB Glow Treatment

ဒီ BB Glow Treatment ဟာ အရေပြား အကာအကွယ် (skin barriers) တွေမှာ တွေ့ရတဲ့ တချို့သော ဓာတ်ပစ္စည်းတွေ (immunological components တွေ)ကို အနှောင့်အယှက်ဖြစ်စေပါတယ်။


တကယ်တော့ အရေပြားထဲ Microneedling နည်းပညာနဲ့ ထည့်သွင်းမယ့် ဘယ် Cream နဲ့ Serum မဆို နည်းရမယ်၊ ရိုးရှင်းရမယ်၊ အရည်ပျော်နိုင်စွမ်း ရှိရမယ်၊ ပြီးတော့ အလိုအလျောက် ဇီဝပျက်စီးနိုင်စွမ်း (biodegradable) ရှိရပါမယ်။


#BB Glow cream တွေမှာ ပါဝင်ပစ္စည်းပေါင်း ၄၀ကျော် ရှိပြီး သူတို့တွေဟာ biodegradable မဖြစ်နိုင်တဲ့အပြင် အသားအရေအောက်မှာ ဖောင်ဒေးရှင်းလိမ်းထားသလို ခပ်ကြာကြာဖြစ်‌နေစေဖို့ ဖန်တီးထားတာမို့ ဒီ ပါဝင်ပစ္စည်းတွေဟာ ကြာရှည်ခံနိုင်ရည်တောင် ရှိနေပါသေးတယ်။ ဒါက ဘာကို ဖြစ်စေနိုင်သလဲဆိုရင် အသားအရေ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေကို ခံစားရစေနိုင်ပါတယ်။




အဲဒီမှာ နောက်ဆုံး ဘယ်ထိ ဖြစ်သွားနိုင်သလဲဆိုတော့ ဒီအကျိုးဆက်ကြောင့် နောက်ပိုင်းမှာ လေဆာနဲ့ ကုသမှု မခံယူနိုင်တော့တဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်ပါတယ်။ ဘာလို့ လေဆာနဲ့ ကုသလို့ မရနိုင်တော့မှာလဲ။


ဒီ Treatment တွေထဲ အသုံးပြုတဲ့ မင်ရည်တွေဟာ လေဆာနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်ပြုပြီး အရေပြားလောင်တာ၊ အနာရွတ်ထင်ကျန်တာတွေ ဖြစ်နိုင်သလို မင်က အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး (လေနဲ့ထိတွေ့ပြီး) အပြာရောင်ပြောင်းသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင်တော့ ကုသဖို့ အင်မတန် ခက်ခဲတတ်ပါတယ်။


BB Glow Treatment နဲ့ ဓာတ်မတည့်မှု

BB glow  ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ဓာတ်မတည့်မှုဖြစ်စေတယ်လို့ နာမည်ကြီးတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ချက်ချင်းဖြစ်လာမှာမျိုး ရှိသလို ချက်ချင်းမဟုတ်ဘဲ နှစ်တွေကြာတော့မှ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။


တချို့ BB Glow Cream တွေထဲမှာပါတဲ့ အောက်ဆိုက် (oxides) တွေဟာ အရေပြားဆဲလ်တွေပေါ်ကို ဖိအားတွေဖြစ်စေပြီး DNA ပျက်စီးစေတာမျိုး၊ ဆဲလ်သေတာမျိုးတွေထိ ဖြစ်နိုင်သလို ကင်ဆာအဆင့်ထိ ရောက်စေနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။


ဆိုတော့ အချက်နဲ့ ထုတ်ပြောရမယ်ဆိုရင် BB Glow ဟာ -

ဓာတ်မတည့်မှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။

PIH – Post-inflammatory pigmentation လို့ခေါ်တဲ့ အမာရွတ်၊ အမည်းစက် ထင်ကျန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ခဏတာ အလှနဲ့ တစ်ဘဝတာ မျက်နှာကို မလဲမိစေဖို့ အရာရာမှာ သတိ၊ အသိနဲ့ ယှဉ်စဉ်းစားကြပါလို့ တိုက်တွန်းရင်း…


အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်ကြပါစေ။


ရေးသားသူ – Wathun Myet Chal

Sunday, August 7, 2022

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_hygiene

#တကိုယ်ရည်သန့်ရှင်းရေး


(ရုပ်ဘယ်လောက်ချောချော တကိုယ်ရည်သန့်ရှင်းမှုမရှိ အနံ့ဆိုးထွက်နေရင် ဘယ်လိုအနေရအထိုင်ရခက်သလဲဆိုတာ လူတိုင်းသိ ပါတယ်။ တကယ်လို့များ အဲသလိုလူမှာ ချစ်သူ ရည်စား အိမ်သူသက်ထားရှိရင် အတော်အားနာဖို့ကောင်းတဲ့ကိစ္စလည်းနော်။ ဒါကြောင့် အမျိုးသားတွေ သတိထားသင့်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)



#အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

 တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာလောက်စရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။


 #အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ


  ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း

  ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတိုက်ချွတ်တာမျိုး မလုပ်ခြင်း

  ရေမချိုး၊ မိမိကိုယ်ကိုယ် သန့်ရှင်းရေးမလုပ်ခြင်း

  လိင်အင်္ဂါ ထိပ်အရေပြား မဖြတ်ထားခြင်း

  ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

  လိင်တံ မှိုစွဲခြင်း

  လိင်တံ ထိပ်ဖူး၊ အရေပြား ရောင်ရမ်းခြင်း

  ဂနို နဲ့ တခြားသော လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း

ဒီအကြောင်းရင်းတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို အနံ့ဆိုး ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။


#တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အမျိုးသားတွေအတွက် ဘာကြောင့် အရေးကြီးလဲ။


 ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် ဝဲ၊ နှင်းခူ၊ ညှင်း၊ ပွေး စတဲ့ အရေပြားပြဿနာ ဖြစ်မယ်။


 ၂။ မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်။


 ၃။ ဆိုးရွားလွန်းတဲ့ အောက်သိုးသိုး အနံ့တွေဟာ ကိုယ့်ချစ်သူကို လိင်စိတ်ကုန်သွားစေတယ်။


 ၄။ ရောဂါပိုးမွှားတွေ အများအပြား ခိုအောင်းနေတယ်။


 ၅။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ ဝှေးစေ့၊ ထိပ်အရေပြား စတဲ့ နေရာတွေမှာ ပိုးဝင်ပြီး ရောဂါဖြစ်စေနိုင်တယ်။


 ၆။ ကိုယ့်ဆီက ရောဂါပိုးတွေက ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ဆီကို ကူးစက်စေနိုင်တယ်။


 ၇။ အဝတ်အစားတွေကိုပါ အနံ့ဆိုးတွေ ကပ်ငြိစေဖို့ လျှော်ဖွပ်တဲ့ နေရာမှာ အလုပ်ပိုစေတယ်။ ဖားဥစွဲစေသလို လျှော်ပြီးသွားရင်လည်း အနံ့တွေ ကျန်နေတတ်တယ်။


#ဒါဆို ဘာလုပ်ကြမလဲ။


 အဓိက ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြင်မယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်မယ်ဆိုရင် ရပါပြီ။ မဖြစ်မနေ အမျိုးသားတိုင်း လုပ်ပေးဖို့ လိုအပ်တာကတော့


 ၁။ ရေကို တစ်နေ့ ၂ကြိမ် မှန်မှန်ချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ချွေးအောင်းနေနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာနဲ့ သေချာ တိုက်ချွတ်ဆေးကြောပါ။


 ၂။ လိင်အင်္ဂါကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ထိပ်အရေပြားကို နောက်ကို ဖြည်းဖြည်းချင်း လှန်ဆွဲပြီး ထိပ်ပတ်လည်မှာ ကပ်နေတဲ့ အဖြူရောင် အရိအချွဲ၊ အဖတ်တွေကို ရေနွေးနဲ့ အရင်လောင်းပြီး ပွတ်ဆေးပါ။ ပြီးတော့မှ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးပါ။


 ၃။ လိင်အင်္ဂါကို အားနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့၊ ဖြည်းဖြည်းချင်းပဲ ကြေးတွန်းပြီး သေချာ သန့်ရှင်းရေး လုပ်ပါ။


 ၄။ ဝှေးစေ့ကို ဆပ်ပြာ အမြှုပ်ထတဲ့အထိ သေချာပွတ်တိုက်ဆေးကြောပေးပါ။


 ၅။ ရေချိုးပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်အောင် သုတ်ပြီးမှ အဝတ်ဝတ်ပါ။


 ၆။ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူလွန်းနေရင် ရိတ်ပါ သို့မဟုတ် ကပ်ကြေးဖြင့် တိုပြီး ပါးသွားအောင် ညှပ်ပေးပါ။


 ၇။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ထိပ်အရေပြားကို ဖြတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ မဖြတ်ချင်ဘူးဆိုရင်လည်း အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကို နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။


 ၈။ ချည်သားအတွင်းခံ ပွပွ ဝတ်ဆင်ပါ။ အရမ်းကျပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ အိမ်မှာနေရင် ပုဆိုး၊ ဘောင်းဘီပွပွ တိုတိုပဲ ဝတ်ပါ။ အတွင်းခံ ဝတ်မထားပါနဲ့။


 ၉။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ အကယ်လို့ ရောဂါဖြစ်လာခဲ့ရင်လည်း ဆေးရုံ ဆေးခန်းတွေမှာ သေချာ ကုသမှုခံယူပါ။


 ၁၀။ လိင်ဆက်ဆံပြီးသွားတာနဲ့ ရေချိုးပါ။ ရေမချိုးချင်ရင်တောင် လိင်အင်္ဂါ တစ်ဝိုက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောသန့်ရှင်းပေးပါ။


 တစ်ကိုယ်ရေ သန့်ရှင်းမှုရှိခြင်းဟာ ကိုယ့်ရဲ့ ယောက်ျားပီသမှုနဲ့ အမျိုးသား ကျန်းမာရေးကို မြှင့်တင်ပေးစေတဲ့အတွက် ဖြစ်သလို နေတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါလို့ အကြံပြုလိုက်ပါရစေ။

Monday, June 20, 2022

အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု

 အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု ..................




အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု

အသားဖြူချင်သူတွေ ထဲမှာ အတော်များများက အမှားတွေ လုပ်မိတတ်ပါတယ်။ အသားဖြူဖို့ပဲ အာရုံထားပြီး သတိပေးချက်တွေကို ဂရုမပြုမိကြတာကြောင့် အရေပြားအပေါ် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်နေစေပါတယ်။ အသားဖြူဆေးတွေ၊ bleaching productsတွေ အများကြီး ဈေးကွက်မှာ ပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမယ့် အရည်အသွေးနဲ့ ဘေးဥပါဒ် ကင်းရှင်းမှုအတွက်တော့ အာမခံချက် မရှိတာ များနေပြီး အသားအရေတွေ ပျက်စီးကုန်တာ၊ အရေပြား ထိလွယ်ရှလွယ် တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေ အထိတောင် ဖြစ်တတ်ပါတယ်။


အသားဖြူဆေးတွေ မသုံးဘဲ ပုံမှန်အလှကုန်တွေ၊ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေကိုပဲ သုံးမယ်ဆိုလည်း သုံးစွဲပုံ နည်းလမ်းမကျရင်၊ မမှန်ကန်ရင် အကျိုးမထူးတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြား ထိခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊သန့်စင်ပေးဖို့ အာရုံစိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ ပါဘူး။ အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါ အမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ရင် အကျိုးထူးစေမှာပါ။


ပြဒါးပါတဲ့ လိုးရှင်းတွေ၊ခရင်မ်တွေကို အသုံးပြုခြင်း – ဒီလို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

သင့်တော်တဲ့ ရေဓါတ်ထိန်းသိမ်းမှုမလုပ်ခြင်း –ရေဓါတ် မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ်အလှပစ္စည်းကမှ ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။


ကိုယ်အ့အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း – အသားဖြူစေတဲ့ ဆေးတွေ၊ ခရင်မ်တွေ သုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာ သေချာ ကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။ ကိုယ်နဲ့မကိုက်ညီတာကို သုံးနေတာက အန္တရာယ် များလွန်းပါတယ်။ အသားဖြူပြီးရော တွေ့ကရာ အမှတ်တံဆိပ်တွေ လျှောက်သုံးပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အသားအရေကို ထိခိုက်စေအောင် မလုပ်သင့်ဘဲ ဂုဏ်သိက္ခာရှိ နိုင်ငံတကာ အမှတ်တံဆိပ်တွေကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။


exfoliation မလုပ်ခြင်း – အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကိုမလုပ်ဘဲနဲ့တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။


နေလောင်ခံခရင်မ်မသုံးခြင်း -sunscreen မသုံးဘဲ ဆိုရင်လည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင်ဒဏ်ကို မကာကွယ်နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။


ကိုယ်သုံးတဲ့ပစ္စည်းရဲ့ပါဝင်ပစ္စည်းတွေကိုမသိရှိခြင်း – ဒီလို သိမထားဘဲ label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအတွက် စွန့်စားလွန်းရာကျပါလိမ့်မယ်။ ကိုယ်နဲ့ မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးမိတဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်က မကောင်းပါဘူး။


အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း – လက်မှာ အရင်မစမ်းကြည့်ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့။ လူသိနည်းတဲ့ ၊ထုတ်လုပ်မှုဆိုင်ရာအချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓါတ်တည့်၊ မတည့် အရင်စမ်းသပ်ကြည့်ပြီးမှ သုံးပါ။


facial wipesတွေသုံးလွန်းတာ – မျက်နှာသုတ်တဲ့ wet tissueတွေ၊ facial wipeတွေက အသားအရေ ထိန်းသိမ်းမှုအတွက် အထောက်အကူ မပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့်စင်ရေးအတွက် အသုံးဝင်ပေမယ့် အများစုက အရေပြားအပေါ်ယံအလွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။


မိတ်ကပ်အထူကြီးမလိမ်းပါနဲ့ – တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများ လိမ်းရင် ပိုလှလိမ့်မယ်၊ မျက်နှာ ပိုဖြူလိမ့်မယ်လို့။ ဒါပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါ။ မိတ်ကပ်ကို အများကြီး အထူကြီး မလိမ်းသင့်ပါဘူး။ အောက်ခံမိတ်ကပ်နဲ့ အသားဖြူခရင်မ် ခံလိမ်းတာများလွန်းရင် အသားမဖြူစေနိုင်ပါဘူး။နောက်ဆုံးမှာ အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်းလာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။


မျက်နှာနဲ့ ခန္ဓါကိုယ်သန့်စင်ရေး လုပ်တာများလွန်းခြင်း – တချို့လူတွေက ကိုယ့်အသားအရေ နဲ့ပတ်သက်ပြီး အရမ်း အာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေ လုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေ မကြာခဏ ထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။ cleanser သုံးတာများလွန်းရင် အသားအရေ ပျက်စီးနိုင်ပါတယ်။


Exfoliation ဆဲလ်သေဖယ်ရှားခြင်းကို အလွန်ပြုလုပ်ခြင်း – exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမယ့် သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေးလွန်ဘေး ဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ အမျိုးသမီးတွေအတွက်exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။


ဒီအချက်တွေကို ဖတ်ကြည့်ရင်းနဲ့ အသားအရေဖြူဝင်းစေဖို့ အဖြေတစ်ခုတွေ့ရှိကြမှာပါ။ အသားဖြူစေဖို့ဆေးတွေဘာတွေ အပြင်းအထန်လုပ်နေစရာမလိုဘဲ skin careကောင်းကောင်းတွေကို နည်းလမ်းမှန်စွာသုံးရင် အသားအရေသန့်စင်ကြည်လင်ပြီး အလိုလိုဖြူဝင်းလှပလာစေမယ်ဆိုတာပါပဲ။ အရွေးမမှားဖို့တော့လိုတာပေါ့နော် အသားရေဖြူစင်ဝင်းပလာစေဖို့အတွက်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ အသေအချာ ဂရုစိုက်ပြုလုပ်ရပါတယ်။ဖြူရင်ပြီးရောဆိုပြီး အရည်အသွေးမပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေအများကြီးနဲ့ ကြုံတွေ့နိုင်ရလို့ ယုံကြည်စိတ်ချရပြီး အရည်အသွေးအာမခံထားတဲ့ အမှတ်တံဆိပ်တွေကိုသာရွေးချယ်အသုံးပြုဖို့ တိုက်တွန်း လိုက်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tuesday, May 3, 2022

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း




စာရေးသူ Dr. Thant Zin မှ ရေးသားသည်။

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

#တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း
တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။

ဒါပေမယ့် တက်တူး ထိုးခြင်းကြောင့် ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်က ရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။

#တက်တူးကနေ ရောဂါပိုးဝင်ရင် ဘယ်လိုသိနိုင်သလဲ
အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာ နီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ နေရာမှာ နာကျင်မှုဟာ တော်တော်နဲ့ မပျောက်ဘဲ ရှိတတ်ပါတယ်။ ရက်အနည်းငယ်လောက်ဆိုရင် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဟာ ပျောက်သွားသင့်ပါတယ်။ တပတ်လောက်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒါ့အပြင် အောက်ပါလက္ခဏာအချို့ကို တွေ့မြင်ရရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

– အဖျားတက်ခြင်း

– ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ချမ်းတုန်ခြင်း

– တက်တူးထိုးထားသည့်နေရာမှာ ဖောင်းလာခြင်း၊ ပြည်ထွက်လာခြင်း

– တက်တူးထိုးထားသည့်နေရာ မာနေခြင်း

#ဘယ်လိုရောဂါပိုးတွေ ကူးစက်တတ်သလဲ
များသောအားဖြင့် Staph ဘက်တီးရီးယား ဝင်တတ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးဝင်ခြင်းဟာ ကုသလို့ပျောက်ကင်းနိုင်ပေမယ့် တခါတရံမှာ ပဋိဇီဝဆေးယဉ်ခြင်းကြောင့် ဆေးဝါးများသောက်သုံးရာမှာ မထိရောက်ဘဲ ဖြစ်တတ်ပါတယ်။ ဆေးယဉ်တဲ့ ဘက်တီးရီးယားတွေ သွေးထဲကို ရောက်သွားတဲ့အခါ သွေးဆိပ်တက်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။

Staph ပိုးဝင်ရာမှာ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့
– ရေအလွန်ငတ်ခြင်း

– အရိုးများ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

– အဖျားတက်ခြင်း (၁၀၂ ဒီဂရီဖာရင်ဟိုက်အထက်)

– ရောဂါပိုးဝင်သည့်နေရာ ရောင်ရမ်းနေခြင်း

– ပြည်များ၊ အရည်များ စုနေခြင်း

– အနီဖုများ အကွက်များ ပေါ်လာခြင်း

– ဝမ်းပျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

#ဘယ်လိုကုသမလဲ
သာမန်အနာဖြစ်တာလောက်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ပဋိဇီဝလိမ်းဆေးများလိမ်းခြင်း၊ ဆေးထည့်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့လက္ခဏာပေါ်လာပြီး ပြည်တည်နာလိုဖြစ်လာရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ ပဋိဇီဝဆေးသောက်သုံးရုံအပြင် အနာကို ဖောက်ထုတ်ပစ်ဖို့ လိုပါတယ်။ အနာဝန်းကျင်က တစ်သျှူးများမကောင်းတော့ရင် လှီးဖြတ်ဖယ်ထုတ်ဖို့ လိုပါတယ်။ တက်တူးနေရာမှာ ဖောင်းပြီး ယားယံနေခြင်းဟာ တော်တော်နဲ့ မပျောက်ရင် မိုင်ကိုဘက်တီးရီးယားကြောင့် ဖြစ်နိုင်ပါတယ်။ ပဋီဇီဝဆေးကို အချိန်ကြာကြာ စွဲသောက်ဖို့ လိုနိုင်ပါတယ်။

သင့်အနေနဲ့ တက်တူးထိုးပြီးချိန်မှာ နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဖျားနာခြင်း စတာတွေကြုံလာရရင် ရောဂါပိုးဝင်ခြင်းဖြစ်နိုင်တာမို့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပဋိဇီဝဆေးများဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သုံးစွဲသင့်တဲ့အပြင် လိုအပ်ရင် အနာကို ဖောက်ထုတ်ခြင်း၊ လှီးထုတ်ခြင်း စတာတွေ ပြုလုပ်သင့်လို့ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

တက္တူး ထိုးရာမွ ေရာဂါပိုးဝင္ျခင္း




စာေရးသူ Dr. Thant Zin မွ ေရးသားသည္။ 


Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#တက္တူး ထိုးရာမွ ေရာဂါပိုးဝင္ျခင္း

တက္တူး ထိုးျခင္းဟာ ေနာက္ပိုင္းမွာ လူငယ္ပိုင္းေရာ လူလတ္ပိုင္းမွာပါ စိတ္ဝင္စားလာတဲ့အရာ ျဖစ္ပါတယ္။ ယခင္က တက္တူးထိုးျခင္းဟာ ေအအိုင္ဒီအက္စ္ေရာဂါအပါအဝင္ ေရာဂါတခ်ိဳ႕ကို ကူးစက္ႏိုင္ေျခရွိတာေၾကာင့္ လူအမ်ားက စိုးရိမ္မႈေတြ ရွိခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ နည္းစနစ္ေတြေၾကာင့္ ေရာဂါပိုးကူးစက္ဖို႔ကို စိတ္ပူစရာ မလိုေတာ့ပါဘူး။


ဒါေပမယ့္ တက္တူး ထိုးျခင္းေၾကာင့္ ေရာဂါပိုးဝင္ၿပီး အနာျဖစ္ႏိုင္ေျခ ရွိေနတုန္းပါပဲ။ တခါသုံးပစၥည္းေတြေၾကာင့္ တျခားသူဆီကေန ေရာဂါမကူးစက္ေတာ့ေပမယ့္ တက္တူးထိုးတဲ့အပ္ေၾကာင့္ ပတ္ဝန္းက်င္က ေရာဂါပိုးမ်ားဝင္ေရာက္ႏိုင္ေျခ၊ ေရာဂါပိုးဝင္ႏိုင္ေျခေတာ့ ရွိပါေသးတယ္။


#တက္တူးကေန ေရာဂါပိုးဝင္ရင္ ဘယ္လိုသိႏိုင္သလဲ

အျမင္သာဆုံးကေတာ့ တက္တူးတဝိုက္မွာ နီရဲေရာင္ရမ္းလာတာပါပဲ။ အပ္နဲ႔ထိုးထားတဲ့ ေနရာမွာ နာက်င္မႈဟာ ေတာ္ေတာ္နဲ႔ မေပ်ာက္ဘဲ ရွိတတ္ပါတယ္။ ရက္အနည္းငယ္ေလာက္ဆိုရင္ နီရဲေရာင္ရမ္းျခင္း၊ နာက်င္ျခင္းဟာ ေပ်ာက္သြားသင့္ပါတယ္။ တပတ္ေလာက္ေနလို႔မွ မေပ်ာက္ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။


ဒါ့အျပင္ ေအာက္ပါလကၡဏာအခ်ိဳ႕ကို ေတြ႕ျမင္ရရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။


– အဖ်ားတက္ျခင္း


– ပူလိုက္ေအးလိုက္ျဖစ္ျခင္း၊ ခ်မ္းတုန္ျခင္း


– တက္တူးထိုးထားသည့္ေနရာမွာ ေဖာင္းလာျခင္း၊ ျပည္ထြက္လာျခင္း


– တက္တူးထိုးထားသည့္ေနရာ မာေနျခင္း


#ဘယ္လိုေရာဂါပိုးေတြ ကူးစက္တတ္သလဲ

မ်ားေသာအားျဖင့္ Staph ဘက္တီးရီးယား ဝင္တတ္ပါတယ္။ အဆိုပါ ဘက္တီးရီးယားပိုးဝင္ျခင္းဟာ ကုသလို႔ေပ်ာက္ကင္းႏိုင္ေပမယ့္ တခါတရံမွာ ပဋိဇီဝေဆးယဥ္ျခင္းေၾကာင့္ ေဆးဝါးမ်ားေသာက္သုံးရာမွာ မထိေရာက္ဘဲ ျဖစ္တတ္ပါတယ္။ ေဆးယဥ္တဲ့ ဘက္တီးရီးယားေတြ ေသြးထဲကို ေရာက္သြားတဲ့အခါ ေသြးဆိပ္တက္ျခင္း၊ အဆစ္ေရာင္ျခင္း စတာေတြ ႀကဳံႏိုင္ပါတယ္။


Staph ပိုးဝင္ရာမွာ ေတြ႕ရမ်ားတဲ့ လကၡဏာအခ်ိဳ႕ကေတာ့

– ေရအလြန္ငတ္ျခင္း


– အ႐ိုးမ်ား၊ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း


– အဖ်ားတက္ျခင္း (၁၀၂ ဒီဂရီဖာရင္ဟိုက္အထက္)


– ေရာဂါပိုးဝင္သည့္ေနရာ ေရာင္ရမ္းေနျခင္း


– ျပည္မ်ား၊ အရည္မ်ား စုေနျခင္း


– အနီဖုမ်ား အကြက္မ်ား ေပၚလာျခင္း


– ဝမ္းပ်က္ျခင္း စတာေတြ ျဖစ္ပါတယ္။


#ဘယ္လိုကုသမလဲ

သာမန္အနာျဖစ္တာေလာက္ကို သန႔္ရွင္းေရးလုပ္ျခင္း၊ ပဋိဇီဝလိမ္းေဆးမ်ားလိမ္းျခင္း၊ ေဆးထည့္ျခင္း စတဲ့နည္းလမ္းေတြနဲ႔ ကုသႏိုင္ပါတယ္။ ေရာဂါပိုးဝင္တဲ့လကၡဏာေပၚလာၿပီး ျပည္တည္နာလိုျဖစ္လာရင္ေတာ့ ဆရာဝန္ျပသဖို႔ လိုပါတယ္။ ပဋိဇီဝေဆးေသာက္သုံး႐ုံအျပင္ အနာကို ေဖာက္ထုတ္ပစ္ဖို႔ လိုပါတယ္။ အနာဝန္းက်င္က တစ္သွ်ဴးမ်ားမေကာင္းေတာ့ရင္ လွီးျဖတ္ဖယ္ထုတ္ဖို႔ လိုပါတယ္။ တက္တူးေနရာမွာ ေဖာင္းၿပီး ယားယံေနျခင္းဟာ ေတာ္ေတာ္နဲ႔ မေပ်ာက္ရင္ မိုင္ကိုဘက္တီးရီးယားေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ပဋီဇီဝေဆးကို အခ်ိန္ၾကာၾကာ စြဲေသာက္ဖို႔ လိုႏိုင္ပါတယ္။


သင့္အေနနဲ႔ တက္တူးထိုးၿပီးခ်ိန္မွာ နီရဲေရာင္ရမ္းျခင္း၊ ယားယံျခင္း၊ ဖ်ားနာျခင္း စတာေတြႀကဳံလာရရင္ ေရာဂါပိုးဝင္ျခင္းျဖစ္ႏိုင္တာမို႔ မိမိဖာသာ မေျဖရွင္းဘဲ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ပဋိဇီဝေဆးမ်ားဟာ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ပဲ သုံးစြဲသင့္တဲ့အျပင္ လိုအပ္ရင္ အနာကို ေဖာက္ထုတ္ျခင္း၊ လွီးထုတ္ျခင္း စတာေတြ ျပဳလုပ္သင့္လို႔ ျဖစ္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Thursday, April 7, 2022

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......




စာရေးသူ Aye Thi Mon 

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Hello Sayarwon Panel 

#Collagen

#ကော်လာဂျင်

#ဖြည့်စွက်စာ


(အလှအပအတွက်ဆိုကာ ဖြည့်စွက်စာအနေနဲ့ သောက်သုံးလာကြတဲ့ ကော်လာဂျင်သောက်ဆေးတွေက ဘေးထွက်ဆိုးကျိုးရှိသလား သိချင်ကြရင် ဖတ်ဖို့ဆောင်းပါးတစ်စောင် ပြန်လည်ဝေငှလိုက်ပါတယ်။ အလှကုန်တွေမှာကော သောက်ဆေး ထိုးဆေး လိမ်းဆေးတွေ မှာကော ကော်လာဂျင်ဓာတ်ကို လှုံ့ဆော်ပေးနိုင်တယ်၊ ဖြည့်စွမ်းပေးနိုင်တယ်ဆိုပြီး ထုတ်လုပ်ရောင်းချလာတာ ဆယ်စုနှစ်ချီနေပြီ မဟုတ်လား။)


ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

 အသားလှအောင်၊ အသားအရေ တင်းရင်းအောင်၊ အရေးအကြောင်း ကင်းအောင်၊ အသားအရေလေး glow အောင်၊ ကြွက်သားတက်အောင်၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာအောင်ဆိုပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် သောက်နေကြတဲ့ ကော်လာဂျင် က ကောင်းကျိုးတွေပဲ ရှိတာလား။ ဆိုးကျိုးရော ရှိနိုင်လားလို့ သိချင်နေတဲ့သူတွေများ ရှိလား 


 ဒါဆိုရင်တော့ သိချင်နေတဲ့ အဖြေလေးကို သိရဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။


 #ကော်လာဂျင်ဆိုတာ


 ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။


 #ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား


 ကော်လာဂျင်က ကောင်းကျိုးတွေ များတယ်ဆိုပေမယ့် အခုလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။


#လေပွစေနိုင်တယ်


 အချို့သောသူတွေမှာ ကော်လာဂျင် သောက်တာကြောင့် လေထိုးလေပွတာမျိုး ခံစားရနိုင်သလို ဗိုက်ပြည့်နေသလိုလည်း ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အစာအိမ် အက်ဆစ်က ကော်လာဂျင်ကို ချေဖျက်နေရတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဗိုက်တစ်ချိန်လုံး ပြည့်နေသလို ခံစားရနိုင်ပါတယ်။


 #ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်


 အစားအစာ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေအနေနဲ့ ကော်လာဂျင် သောက်တဲ့အခါ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ကော်လာဂျင်တွေက ပင်လယ်ထွက်ကုန်တွေ၊ ဥအမျိုးမျိုး စတာတွေကနေ ထုတ်ထားတာ ဖြစ်တာကြောင့် ပင်လယ်စာတွေ၊ ဥအမျိုးမျိုးတွေနဲ့ ဓာတ်မတည့်သူတွေမှာ ကော်လာဂျင်ကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။


 သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးကနေ အရမ်းပြင်းထန်တာမျိုးအထိ ခံစားရနိုင်ပါတယ်။


#ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်


#ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......


 ကော်လာဂျင် သောက်ပြီးပြီးချင်း ရေအိမ်ပြေးရတာမျိုး ကြုံဖူးလား။ ဒါဆိုရင်တော့ ခံစားရတဲ့ ဝမ်းပျက်ဝမ်းလျှော ပြဿနာက ကော်လာဂျင်ကြောင့်ဆိုတာ သေချာပါတယ်။


 ဝမ်းပျက်တာက ကော်လာဂျင် သောက်တာကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါ။


 #ဝမ်းချုပ်မယ်


 အရင်က တစ်နေ့တစ်ခေါက်လောက်တော့ ပုံမှန် ဝမ်းသွားပါရဲ့။ ကော်လာဂျင် သောက်ပြီးမှ ဝမ်းချုပ်သလို ခံစားနေရပြီဆိုရင်တော့ ကော်လာဂျင်ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဝမ်းချုပ်တာကို ခံစားရတာပါ။


 ပရိုတင်းတွေကို အများကြီး စားမိပြီး အမျှင်ဓာတ် နဲ့ ရေဓာတ် မပြည့်ဝတဲ့အခါ ဝမ်းချုပ်တာကို ခံစားရတာပါ။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေများများ သောက်ဖို့ လိုတယ်လို့ အကြံပြုကြတာပါ။


#ကယ်လ်ဆီယမ် ပမာဏများမယ်


 ကော်လာဂျင် အမျိုးအစား အချို့က သတ္တဝါတွေရဲ့ အရိုးနုကနေ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် ကယ်လ်ဆီယမ် ပါဝင်မှု များပါတယ်။ ကယ်လ်ဆီယမ်က ခန္ဓာကိုယ်က အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ လိုအပ်တယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အရမ်းများရင်တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။


 ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ် များတာက ဝမ်းချုပ်တာ၊ အရိုးနာတာ၊ ခြေကုန်လက်ပမ်းကျတာ၊ နှလုံးခုန်နှုန်း မမှန်တာ အပါအဝင် အခြားသော ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။


 ဒါကြောင့် ကော်လာဂျင် သောက်တဲ့အခါ ကယ်လ်ဆီယမ် အားဖြည့်ဆေးတွေ အလွန်အကျွံမသောက်ဖို့ လိုပါမယ်။


 ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား ဆိုတော့ အခုပြောပြခဲ့တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေတော့ ရှိနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......






စာေရးသူ Aye Thi Mon 
ေဆးပညာပိုင္းဆိုင္ရာ တည္းျဖတ္သူ Hello Sayarwon Panel 

#Collagen
#ေကာ္လာဂ်င္
#ျဖည့္စြက္စာ

(အလွအပအတြက္ဆိုကာ ျဖည့္စြက္စာအေနနဲ႔ ေသာက္သံုးလာၾကတဲ့ ေကာ္လာဂ်င္ေသာက္ေဆးေတြက ေဘးထြက္ဆိုးက်ိဳးရွိသလား သိခ်င္ၾကရင္ ဖတ္ဖို႕ေဆာင္းပါးတစ္ေစာင္ ျပန္လည္ေ၀ငွလိုက္ပါတယ္။ အလွကုန္ေတြမွာေကာ ေသာက္ေဆး ထိုးေဆး လိမ္းေဆးေတြ မွာေကာ ေကာ္လာဂ်င္ဓာတ္ကို လႈံ႕ေဆာ္ေပးႏိုင္တယ္၊ ျဖည့္စြမ္းေပးႏိုင္တယ္ဆိုျပီး ထုတ္လုပ္ေရာင္းခ်လာတာ ဆယ္စုႏွစ္ခ်ီေနျပီ မဟုတ္လား။)


ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......

 အသားလွေအာင္၊ အသားအေရ တင္းရင္းေအာင္၊ အေရးအေၾကာင္း ကင္းေအာင္၊ အသားအေရေလး glow ေအာင္၊ ႂကြက္သားတက္ေအာင္၊ အရိုးအဆစ္နဲ႕ အ႐ြတ္ေတြ က်န္းမာေအာင္ဆိုၿပီး အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရင္းေတြေၾကာင့္ ေသာက္ေနၾကတဲ့ ေကာ္လာဂ်င္ က ေကာင္းက်ိဳးေတြပဲ ရွိတာလား။ ဆိုးက်ိဳးေရာ ရွိနိုင္လားလို႔ သိခ်င္ေနတဲ့သူေတြမ်ား ရွိလား 

 ဒါဆိုရင္ေတာ့ သိခ်င္ေနတဲ့ အေျဖေလးကို သိရဖို႔ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ရေအာင္ေနာ္။

 #ေကာ္လာဂ်င္ဆိုတာ

 ေကာ္လာဂ်င္ဆိုတာက အ႐ြယ္တင္ႏုပ်ိဳေစၿပီး လွပေနေစတဲ့ ပရိုတင္းတစ္မ်ိဳးေပါ့။ အလွအပအတြက္ အားျဖည့္ေပးေနတဲ့ ဇာတ္ေကာင္ေလးဆိုလည္း မမွားပါဘူး။ ခႏၶာကိုယ္မွာရွိေနတဲ့ ပရိုတင္းတစ္မ်ိဳးျဖစ္ၿပီး အေရျပား၊ အရိုး၊ ႂကြက္သား၊ အရိုးႏု၊အ႐ြတ္၊ေသြးေၾကာနဲ႕ အူမႀကီးေတြမွာရွိတဲ့ တြယ္ဆက္တစ္ရႉးေတြကို အားျဖည့္ေပးထားပါတယ္။

 #ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား

 ေကာ္လာဂ်င္က ေကာင္းက်ိဳးေတြ မ်ားတယ္ဆိုေပမယ့္ အခုလို ေဘးထြက္ဆိုးက်ိဳးေတြလည္း ခံစားရနိုင္ပါတယ္။

#ေလပြေစနိုင္တယ္

 အခ်ိဳ႕ေသာသူေတြမွာ ေကာ္လာဂ်င္ ေသာက္တာေၾကာင့္ ေလထိုးေလပြတာမ်ိဳး ခံစားရနိုင္သလို ဗိုက္ျပည့္ေနသလိုလည္း ခံစားရနိုင္ပါတယ္။ အေၾကာင္းကေတာ့ အစာအိမ္ အက္ဆစ္က ေကာ္လာဂ်င္ကို ေခ်ဖ်က္ေနရတာေၾကာင့္ ေလပြတာမ်ိဳး ခံစားရနိုင္ပါတယ္။ ဗိုက္တစ္ခ်ိန္လုံး ျပည့္ေနသလို ခံစားရနိုင္ပါတယ္။

 #ဓာတ္မတည့္မႈ ျဖစ္ေစနိုင္တယ္

 အစားအစာ ဓာတ္မတည့္မႈ ျဖစ္တတ္သူေတြအေနနဲ႕ ေကာ္လာဂ်င္ ေသာက္တဲ့အခါ ဓာတ္မတည့္မႈကို ခံစားရနိုင္ပါတယ္။ ေကာ္လာဂ်င္ေတြက ပင္လယ္ထြက္ကုန္ေတြ၊ ဥအမ်ိဳးမ်ိဳး စတာေတြကေန ထုတ္ထားတာ ျဖစ္တာေၾကာင့္ ပင္လယ္စာေတြ၊ ဥအမ်ိဳးမ်ိဳးေတြနဲ႕ ဓာတ္မတည့္သူေတြမွာ ေကာ္လာဂ်င္ေၾကာင့္ ဓာတ္မတည့္မႈကို ခံစားရနိုင္ပါတယ္။

 သိပ္မျပင္းထန္တဲ့ အေျခအေနမ်ိဳးကေန အရမ္းျပင္းထန္တာမ်ိဳးအထိ ခံစားရနိုင္ပါတယ္။

#ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္မယ္

#ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......

 ေကာ္လာဂ်င္ ေသာက္ၿပီးၿပီးခ်င္း ေရအိမ္ေျပးရတာမ်ိဳး ႀကဳံဖူးလား။ ဒါဆိုရင္ေတာ့ ခံစားရတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ ျပႆနာက ေကာ္လာဂ်င္ေၾကာင့္ဆိုတာ ေသခ်ာပါတယ္။

 ဝမ္းပ်က္တာက ေကာ္လာဂ်င္ ေသာက္တာေၾကာင့္ ခံစားရနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြထဲက တစ္ခုပါ။

 #ဝမ္းခ်ဳပ္မယ္

 အရင္က တစ္ေန႕တစ္ေခါက္ေလာက္ေတာ့ ပုံမွန္ ဝမ္းသြားပါရဲ႕။ ေကာ္လာဂ်င္ ေသာက္ၿပီးမွ ဝမ္းခ်ဳပ္သလို ခံစားေနရၿပီဆိုရင္ေတာ့ ေကာ္လာဂ်င္ရဲ႕ ေဘးထြက္ဆိုးက်ိဳး အေနနဲ႕ ဝမ္းခ်ဳပ္တာကို ခံစားရတာပါ။

 ပရိုတင္းေတြကို အမ်ားႀကီး စားမိၿပီး အမွ်င္ဓာတ္ နဲ႕ ေရဓာတ္ မျပည့္ဝတဲ့အခါ ဝမ္းခ်ဳပ္တာကို ခံစားရတာပါ။ ဒါေၾကာင့္ ေကာ္လာဂ်င္ ေသာက္ၿပီးတဲ့အခါ ေရမ်ားမ်ား ေသာက္ဖို႔ လိုတယ္လို႔ အႀကံျပဳၾကတာပါ။

#ကယ္လ္ဆီယမ္ ပမာဏမ်ားမယ္

 ေကာ္လာဂ်င္ အမ်ိဳးအစား အခ်ိဳ႕က သတၱဝါေတြရဲ႕ အရိုးႏုကေန ထုတ္လုပ္ထားတာ ျဖစ္တာေၾကာင့္ ကယ္လ္ဆီယမ္ ပါဝင္မႈ မ်ားပါတယ္။ ကယ္လ္ဆီယမ္က ခႏၶာကိုယ္က အရိုးနဲ႕ သြားေတြ ႀကံ့ခိုင္ေစဖို႔ လိုအပ္တယ္ဆိုေပမယ့္ ကယ္လ္ဆီယမ္ အရမ္းမ်ားရင္ေတာ့ ေဘးထြက္ ဆိုးက်ိဳးေတြ ရွိလာနိုင္ပါတယ္။

 ခႏၶာကိုယ္ထဲမွာ ကယ္လ္ဆီယမ္ မ်ားတာက ဝမ္းခ်ဳပ္တာ၊ အရိုးနာတာ၊ ေျခကုန္လက္ပမ္းက်တာ၊ ႏွလုံးခုန္ႏႈန္း မမွန္တာ အပါအဝင္ အျခားေသာ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရနိုင္ပါတယ္။

 ဒါေၾကာင့္ ေကာ္လာဂ်င္ ေသာက္တဲ့အခါ ကယ္လ္ဆီယမ္ အားျဖည့္ေဆးေတြ အလြန္အကြၽံမေသာက္ဖို႔ လိုပါမယ္။

 ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား ဆိုေတာ့ အခုေျပာျပခဲ့တဲ့ ေဘးထြက္ဆိုးက်ိဳးေလးေတြေတာ့ ရွိနိုင္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Wednesday, April 6, 2022

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့




စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_grooming

#တကိုယ်ရေသန့်ရှင်းမှု

(လူတိုင်းကတော့ မနက်မိုးလင်းတာနဲ့ ရေမိုးချိုးပြီး တကိုယ်လုံး အနံ့အသက်ကင်းအောင်၊ မွှေးကြိုင်အောင်လိမ်းကျံပြီးမှ အပြင်ထွက် ကြတာပါပဲ။ ဒါပေမဲ့ အချိန်နည်းနည်းကြာလာတာနဲ့အမျှ ကိုယ်နံ့ပြင်းပြင်းတွေထွက်လာတတ်ကြတာ ဓမ္မတာဖြစ်နေပါပြီ။ ရောဂါကြောင့် မဟုတ်ဘဲ သာမန်လူတစ်ယောက်အတွက် ကိုယ်နံ့ပြင်းပြင်းတွေမထွက်ရအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်သလဲသိရအောင် ဆောင်းပါးတစ်စောင်ကို ကူးယူဝေငှလိုက်ပါတယ်။)

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

 လူမှန်ရင်တော့ အရေပြားက ချွေးအမြဲထွက်တဲ့အတွက် ကိုယ်နံ့က အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ နဂိုထွက်တဲ့ ကိုယ်နံ့မှာတော့ အရမ်းပြင်းတာမျိုး မဟုတ်ပေမဲ့ ချွေးနဲ့ ဘက်တီးရီးယားနဲ့ ရောသွားတဲ့အခါမှသာ အောက်သိုးသိုး အနံ့မျိုးတွေ ထွက်လာတာပါ။


 ကိုယ့်ကိုယ်ကိုယ်တော့ ဒီအနံ့နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူးလို့ လူတွေက ထင်တတ်ကြပေမယ့် တကယ်တော့ ချွေးနံ့ဆိုးဆိုတာ လူမှုပတ်ဝန်းကျင်ထဲမှာလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။


 ဒါဆိုရင် ချွေးနံ့ဆိုးတွေ မထွက်လာအောင် ဘယ်လိုလုပ်မလဲ။


 ကျွန်တော်အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ အဓိကက ချွေးနံ့တွေ၊ ကိုယ့်ဆီကနေ မကောင်းတဲ့ အနံ့တွေ နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်နိုင်ရင် ရပါတယ်။


 ၁။ အဝတ်အစားတွေကို အမြဲလျှော်ဖွပ်လဲပေးပါ။


 အဝတ်အစားတွေဆိုတာ လူ့အရေပြားနဲ့ အမြဲထိကပ်နေတာဖြစ်လို့ ဘက်တီးရီးယားနဲ့ အနံ့အသက်တွေက ကျန်ခဲ့နိုင်ပါတယ်။ ဒီအဝတ်အစားတွေကို နောက်တစ်ကြိမ်ထပ်ပြီး ဝတ်လိုက်တဲ့အခါ နဂိုရှိပြီးသား ဘက်တီးရီးယားတွေက အရေပြားပေါ်ကို ပြန်ကပ်သွားပြီး အနံ့ဆိုးတွေ ပိုထွက်လာဖို့ ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အပြင်သွားပြီး ပြန်လာပြီဆိုတာနဲ့ အဝတ်တွေကို ချက်ချင်းလဲပြီး လျှော်မယ့်နေရာမှာ ထားပေးပါ။ အမြန်လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


 ၂။ အတွင်းခံတွေဟာ ရောဂါပိုးပေါင်းစုံ ခိုအောင်းနေတဲ့ အဝတ်ပါပဲ။


 ခန္ဓာကိုယ်မှာ ချွေးအထွက်ဆုံးနဲ့ ရောဂါပိုးအများဆုံး ရှိတဲ့ အစိတ်အပိုင်းဆိုတာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါပါပဲ။ ချွေးလည်း ပိုထွက်သလို အရေပြားချင်း ပွတ်တိုက်မှုလည်း များတယ်။ အတွင်းခံနဲ့လည်း အလွန်နီးကပ်စွာ ရှိနေတဲ့အခါ လိင်အင်္ဂါပေါ်က ချွေး၊ ဘက်တီးရီးယားနဲ့ အနံ့အသက်ပေါင်းစုံက အတွင်းခံမှာ ပြန်ပြီး ကပ်ပါတယ်။ ဒါကြောင့် အတွင်းခံကိုတော့ ဝတ်ပြီး အိမ်ပြန်ရောက်တာနဲ့ လဲပစ်လိုက်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေ ဒီအချက်ကို သေချာလိုက်နာဖို့တော့ လိုမယ်နော်။


 ၃။ ရေချိုးရမှာ မပျင်းပါနဲ့။


 ရေကို ခဏခဏ မချိုးပေးနိုင်ရင်တောင် တစ်နေ့ကို တစ်ကြိမ်လောက် ချိုးပေးသင့်ပါတယ်။ ဒီလိုချိုးပေးမှပဲ ကျွန်တော်တို့ လူ့အရေပြားပေါ်က ချွေးနဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးနိုင်မှာပါ။ ဒီတော့ အကြောင်းအမျိုးမျိုးပြပြီး ရေချိုးပျင်းတဲ့ အကျင့်ကို ခုကတည်းက စဖျောက်ပါ။ ခဏခဏ မချိုးနိုင်ရင်တောင် အနည်းဆုံး တစ်ကြိမ်တော့ ရေချိုးပါ။


 ၄။ ချေးတွန်းဖို့လည်း မမေ့ပါနဲ့။


 ဒီအတိုင်း ရေပဲလောင်းပြီး ချေးမတွန်းရင်လည်း ရေချိုးတာလို့ ခေါ်လို့မရဘူးနော်။ အရေပြားကို ရေများများလောင်းပြီးမှ ဆပ်ပြာကို အမြှုပ်ထွက်အောင်တိုက်၊ အရေပြားကို လက်သည်း သို့မဟုတ် ချေတွန်းကျောက်၊ ရေမြှုပ်၊ အဝတ် စတာတွေနဲ့ ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ချေးမထူတော့တဲ့အတွက် ကိုယ်နံ့ဆိုးကလည်း တော်တော်ကို နည်းသွားမှာပါ။ အဓိက ချွေးအလွန်အောင်းပြီး အနံ့ဆိုးထွက်နိုင်တဲ့ ချိုင်းကြား၊ ပေါင်ခြံနဲ့ တင်ပါးကြားတွေကို ရေ၊ ဆပ်ပြာနဲ့ သေချာတိုက်ပြီး ဆေးကြောဖို့လိုအပ်ပါတယ်။


 ၅။ အမွှေးရနံ့ပါတဲ့ ပစ္စည်းတစ်ခုခု သုံးပေးပါ။


 ကိုယ်က ရေဘယ်လောက်ချိုးချိုး၊ အနံ့တစ်ခု အမြဲတမ်းရှိနေတယ်၊ အပြင်လည်း အမြဲတမ်းလိုလို သွားနေရတယ်ဆိုရင် အမွှေးရနံ့ပါတဲ့ ရေမွှေး၊ ချိုင်းလိမ်းဆီ Roll-on စတာတွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ အဓိက ဒီအမွှေးရနံ့တွေဟာ ကိုယ့်ဆီကနေ ထွက်လာနိုင်တဲ့ အနံ့များကို ဖုံးလွှမ်းသွားစေလို့ တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်စေလောက်တဲ့အထိတော့ မပြင်းထန်တော့ပါဘူး။


 ၆။ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းချုပ်ပါ။


 လူမှန်ရင်တော့ အရေပြားကနေ အမြဲတမ်း ချွေးထွက်တတ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ချွေးအများကြီး ထွက်လို့ ဒီချွေးတွေကို ပြန်မသုတ်ဘူးဆိုရင် ဘက်တီးရီးယားပိုးတွေ ပွားလာပြီး အနံ့ဆိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက ချွေးအများကြီး မထွက်လာစေဖို့ ထိန်းချုပ်ရမှာပါ။ နေပူလွန်းတဲ့အချိန်တွေမှာ အပြင်ထွက်သွားလာတာမျိုး တတ်နင်သလောက် ရှောင်ပါ။ ချွေးထွက်ပြီဆိုရင် အယ်လ်ကိုဟော မပါတဲ့ တစ်သျှူးနဲ့ သုတ်ပေးပါ။ အဲကွန်းခန်းထဲမှာ နေပေးနိုင်ရင် ပိုကောင်းပါတယ်။ ရေများများ သောက်ပါ။ အသီးအရွက်တွေကို များများစားပေးပါ။


 ဒီအချက်တွေကို နေ့စဉ်လိုက်နာပေးခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာကနေ မလိုလားအပ်ဘဲ ချွေးနံ့ဆိုးထွက်တဲ့ ပြဿနာကို ထိန်းချုပ်လို့ ရပါတယ်။ ချွေးနံ့ဆိုးဟာ ကျန်းမာရေးအရ ပြဿနာမရှိပေမဲ့ လူမှုနယ်ပယ်မှာတော့ ကိုယ့်ကို လူအများ အထင်သေးကဲ့ရဲ့စေနိုင်လောက်တာကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲဂရုစိုက်ပေးနေခြင်းဖြင့် ဒါကို ကာကွယ်ကြရအောင်။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


(Zawgyi) 

တစ္ေန႕တာလုံး ကိုယ္ခႏၶာက ေခြၽးနံ႕ကင္းၿပီး သင္းပ်ံ့ေနေစဖို႔




စာေရးသူ Aye Thi Mon မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

#personal_grooming

#တကိုယ္ေရသန္႔ရွင္းမႈ

(လူတိုင္းကေတာ့ မနက္မိုးလင္းတာနဲ႕ ေရမိုးခ်ိဳးျပီး တကိုယ္လံုး အနံ႔အသက္ကင္းေအာင္၊ ေမႊးၾကိဳင္ေအာင္လိမ္းက်ံျပီးမွ အျပင္ထြက္ ၾကတာပါပဲ။ ဒါေပမဲ့ အခ်ိန္နည္းနည္းၾကာလာတာနဲ႕အမွ် ကိုယ္နံ႔ျပင္းျပင္းေတြထြက္လာတတ္ၾကတာ ဓမၼတာျဖစ္ေနပါျပီ။ ေရာဂါေၾကာင့္ မဟုတ္ဘဲ သာမန္လူတစ္ေယာက္အတြက္ ကိုယ္နံ႔ျပင္းျပင္းေတြမထြက္ရေအာင္ ဘယ္လိုဆင္ျခင္ေနထိုင္သင့္သလဲသိရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ကူးယူေ၀ငွလိုက္ပါတယ္။)

တစ္ေန႕တာလုံး ကိုယ္ခႏၶာက ေခြၽးနံ႕ကင္းၿပီး သင္းပ်ံ့ေနေစဖို႔

 လူမွန္ရင္ေတာ့ အေရျပားက ေခြၽးအၿမဲထြက္တဲ့အတြက္ ကိုယ္နံ႕က အနည္းနဲ႕ အမ်ားေတာ့ ရွိနိုင္ပါတယ္။ နဂိုထြက္တဲ့ ကိုယ္နံ႕မွာေတာ့ အရမ္းျပင္းတာမ်ိဳး မဟုတ္ေပမဲ့ ေခြၽးနဲ႕ ဘက္တီးရီးယားနဲ႕ ေရာသြားတဲ့အခါမွသာ ေအာက္သိုးသိုး အနံ႕မ်ိဳးေတြ ထြက္လာတာပါ။


 ကိုယ့္ကိုယ္ကိုယ္ေတာ့ ဒီအနံ႕နဲ႕ ပတ္သက္ၿပီး ဂ႐ုစိုက္စရာမလိုပါဘူးလို႔ လူေတြက ထင္တတ္ၾကေပမယ့္ တကယ္ေတာ့ ေခြၽးနံ႕ဆိုးဆိုတာ လူမႈပတ္ဝန္းက်င္ထဲမွာလည္း တျခားသူေတြကို စိတ္အႏွောင့္အယွက္ ျဖစ္ေစသလို ကိုယ့္ရဲ႕အေရျပားက်န္းမာေရးအတြက္လည္း ေရရွည္မွာ ဆိုးက်ိဳး မ်ားစြာ ျဖစ္ေစနိုင္ပါတယ္။


 ဒါဆိုရင္ ေခြၽးနံ႕ဆိုးေတြ မထြက္လာေအာင္ ဘယ္လိုလုပ္မလဲ။


 ကြၽန္ေတာ္အခုေျပာျပေပးမယ့္ အခ်က္ေတြကေတာ့ ေခြၽးနံ႕ဆိုး မထြက္ေစဖို႔ အခ်ိန္လည္းသိပ္မကုန္၊ အမ်ားႀကီးလည္း ဂ႐ုစိုက္စရာမလိုတဲ့ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ အလုပ္အရမ္းမ်ားတဲ့သူေတြ၊ ကိုယ့္ကိုယ္ကိုယ္ ေမႊးပ်ံ့ေနတာ မႀကိဳက္တဲ့ အမ်ိဳးသားေတြအတြက္လည္း အဆင္ေျပေစနိုင္မယ္လို႔ ထင္ပါတယ္။ အဓိကက ေခြၽးနံ႕ေတြ၊ ကိုယ့္ဆီကေန မေကာင္းတဲ့ အနံ႕ေတြ နည္းနိုင္သမွ် နည္းေအာင္ ထိန္းခ်ဳပ္နိုင္ရင္ ရပါတယ္။


 ၁။ အဝတ္အစားေတြကို အၿမဲေလွ်ာ္ဖြပ္လဲေပးပါ။


 အဝတ္အစားေတြဆိုတာ လူ႕အေရျပားနဲ႕ အၿမဲထိကပ္ေနတာျဖစ္လို႔ ဘက္တီးရီးယားနဲ႕ အနံ႕အသက္ေတြက က်န္ခဲ့နိုင္ပါတယ္။ ဒီအဝတ္အစားေတြကို ေနာက္တစ္ႀကိမ္ထပ္ၿပီး ဝတ္လိုက္တဲ့အခါ နဂိုရွိၿပီးသား ဘက္တီးရီးယားေတြက အေရျပားေပၚကို ျပန္ကပ္သြားၿပီး အနံ႕ဆိုးေတြ ပိုထြက္လာဖို႔ ဖန္တီးလိုက္တာနဲ႕ အတူတူပါပဲ။ ဒါေၾကာင့္ အျပင္သြားၿပီး ျပန္လာၿပီဆိုတာနဲ႕ အဝတ္ေတြကို ခ်က္ခ်င္းလဲၿပီး ေလွ်ာ္မယ့္ေနရာမွာ ထားေပးပါ။ အျမန္ေလွ်ာ္နိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။


 ၂။ အတြင္းခံေတြဟာ ေရာဂါပိုးေပါင္းစုံ ခိုေအာင္းေနတဲ့ အဝတ္ပါပဲ။


 ခႏၶာကိုယ္မွာ ေခြၽးအထြက္ဆုံးနဲ႕ ေရာဂါပိုးအမ်ားဆုံး ရွိတဲ့ အစိတ္အပိုင္းဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ လိင္အဂၤါပါပဲ။ ေခြၽးလည္း ပိုထြက္သလို အေရျပားခ်င္း ပြတ္တိုက္မႈလည္း မ်ားတယ္။ အတြင္းခံနဲ႕လည္း အလြန္နီးကပ္စြာ ရွိေနတဲ့အခါ လိင္အဂၤါေပၚက ေခြၽး၊ ဘက္တီးရီးယားနဲ႕ အနံ႕အသက္ေပါင္းစုံက အတြင္းခံမွာ ျပန္ၿပီး ကပ္ပါတယ္။ ဒါေၾကာင့္ အတြင္းခံကိုေတာ့ ဝတ္ၿပီး အိမ္ျပန္ေရာက္တာနဲ႕ လဲပစ္လိုက္တာ အေကာင္းဆုံးပါပဲ။ အထူးသျဖင့္ ေယာက္်ားေလးေတြ ဒီအခ်က္ကို ေသခ်ာလိုက္နာဖို႔ေတာ့ လိုမယ္ေနာ္။


 ၃။ ေရခ်ိဳးရမွာ မပ်င္းပါနဲ႕။


 ေရကို ခဏခဏ မခ်ိဳးေပးနိုင္ရင္ေတာင္ တစ္ေန႕ကို တစ္ႀကိမ္ေလာက္ ခ်ိဳးေပးသင့္ပါတယ္။ ဒီလိုခ်ိဳးေပးမွပဲ ကြၽန္ေတာ္တို႔ လူ႕အေရျပားေပၚက ေခြၽးနဲ႕ ဘက္တီးရီးယားေတြကို သန႔္ရွင္းေပးနိုင္မွာပါ။ ဒီေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရခ်ိဳးပ်င္းတဲ့ အက်င့္ကို ခုကတည္းက စေဖ်ာက္ပါ။ ခဏခဏ မခ်ိဳးနိုင္ရင္ေတာင္ အနည္းဆုံး တစ္ႀကိမ္ေတာ့ ေရခ်ိဳးပါ။


 ၄။ ေခ်းတြန္းဖို႔လည္း မေမ့ပါနဲ႕။


 ဒီအတိုင္း ေရပဲေလာင္းၿပီး ေခ်းမတြန္းရင္လည္း ေရခ်ိဳးတာလို႔ ေခၚလို႔မရဘူးေနာ္။ အေရျပားကို ေရမ်ားမ်ားေလာင္းၿပီးမွ ဆပ္ျပာကို အျမႇုပ္ထြက္ေအာင္တိုက္၊ အေရျပားကို လက္သည္း သို႔မဟုတ္ ေခ်တြန္းေက်ာက္၊ ေရျမႇုပ္၊ အဝတ္ စတာေတြနဲ႕ ျဖည္းျဖည္းခ်င္း တိုက္ခြၽတ္ေပးဖို႔ အေရးႀကီးပါတယ္။ ဒါမွပဲ အေရျပားေပၚက ပ်က္စီးေနတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးသလို ေခ်းမထူေတာ့တဲ့အတြက္ ကိုယ္နံ႕ဆိုးကလည္း ေတာ္ေတာ္ကို နည္းသြားမွာပါ။ အဓိက ေခြၽးအလြန္ေအာင္းၿပီး အနံ႕ဆိုးထြက္နိုင္တဲ့ ခ်ိဳင္းၾကား၊ ေပါင္ၿခံနဲ႕ တင္ပါးၾကားေတြကို ေရ၊ ဆပ္ျပာနဲ႕ ေသခ်ာတိုက္ၿပီး ေဆးေၾကာဖို႔လိုအပ္ပါတယ္။


 ၅။ အေမႊးရနံ႕ပါတဲ့ ပစၥည္းတစ္ခုခု သုံးေပးပါ။


 ကိုယ္က ေရဘယ္ေလာက္ခ်ိဳးခ်ိဳး၊ အနံ႕တစ္ခု အၿမဲတမ္းရွိေနတယ္၊ အျပင္လည္း အၿမဲတမ္းလိုလို သြားေနရတယ္ဆိုရင္ အေမႊးရနံ႕ပါတဲ့ ေရေမႊး၊ ခ်ိဳင္းလိမ္းဆီ Roll-on စတာေတြကို သုံးေပးဖို႔ လိုအပ္ပါတယ္။ အဓိက ဒီအေမႊးရနံ႕ေတြဟာ ကိုယ့္ဆီကေန ထြက္လာနိုင္တဲ့ အနံ႕မ်ားကို ဖုံးလႊမ္းသြားေစလို႔ တစ္ဖက္လူ စိတ္အႏွောင့္အယွက္ ျဖစ္ေစေလာက္တဲ့အထိေတာ့ မျပင္းထန္ေတာ့ပါဘူး။


 ၆။ ေခြၽးအလြန္အကြၽံထြက္ျခင္းကို ထိန္းခ်ဳပ္ပါ။


 လူမွန္ရင္ေတာ့ အေရျပားကေန အၿမဲတမ္း ေခြၽးထြက္တတ္ပါတယ္။ ဒါက ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ ေခြၽးအမ်ားႀကီး ထြက္လို႔ ဒီေခြၽးေတြကို ျပန္မသုတ္ဘူးဆိုရင္ ဘက္တီးရီးယားပိုးေတြ ပြားလာၿပီး အနံ႕ဆိုးျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ အဓိက ေခြၽးအမ်ားႀကီး မထြက္လာေစဖို႔ ထိန္းခ်ဳပ္ရမွာပါ။ ေနပူလြန္းတဲ့အခ်ိန္ေတြမွာ အျပင္ထြက္သြားလာတာမ်ိဳး တတ္နင္သေလာက္ ေရွာင္ပါ။ ေခြၽးထြက္ၿပီဆိုရင္ အယ္လ္ကိုေဟာ မပါတဲ့ တစ္သ်ႉးနဲ႕ သုတ္ေပးပါ။ အဲကြန္းခန္းထဲမွာ ေနေပးနိုင္ရင္ ပိုေကာင္းပါတယ္။ ေရမ်ားမ်ား ေသာက္ပါ။ အသီးအ႐ြက္ေတြကို မ်ားမ်ားစားေပးပါ။


 ဒီအခ်က္ေတြကို ေန႕စဥ္လိုက္နာေပးျခင္းျဖင့္ ကြၽန္ေတာ္တို႔ ကိုယ္ခႏၶာကေန မလိုလားအပ္ဘဲ ေခြၽးနံ႕ဆိုးထြက္တဲ့ ျပႆနာကို ထိန္းခ်ဳပ္လို႔ ရပါတယ္။ ေခြၽးနံ႕ဆိုးဟာ က်န္းမာေရးအရ ျပႆနာမရွိေပမဲ့ လူမႈနယ္ပယ္မွာေတာ့ ကိုယ့္ကို လူအမ်ား အထင္ေသးကဲ့ရဲ႕ေစနိုင္ေလာက္တာေၾကာင့္ ကိုယ့္ရဲ႕ တစ္ကိုယ္ေရသန႔္ရွင္းမႈကို အၿမဲဂ႐ုစိုက္ေပးေနျခင္းျဖင့္ ဒါကို ကာကြယ္ၾကရေအာင္။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

Tuesday, April 5, 2022

Body piercing လုပ်မယ်ဆိုရင်

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ




#Body_piercing

#နားဖောက်ခြင်း

#အလှအပဆိုင်ရာ


စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

(ယခုခေတ်နောက်ပိုင်း မိန်းကလေးတွေကအစ နားဖောက်ရုံသာမက မျက်ခုံး၊ လျှာ၊ ချက်နဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာပါ Piercing လုပ်လာကြပါပြီ။ အဲသလိုမလုပ်နဲ့လို့ တားလို့မရရင်ဖြင့် သိထားသင့်တာလေးတွေ သိထားရအောင် ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)


Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

 Body piercing ဆိုတာကတော့ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ ပြင်ပအစိတ်အပိုင်းတစ်ခုခု (ဥပမာ- နားရွက်၊ ချက်၊ နှုတ်ခမ်း၊ လျှာ၊ နှာခေါင်း စတဲ့ နေရာတွေ) မှာ ရတာနာပစ္စည်းလေးတွေ၊ fancy အလှပစ္စည်းလေးတွေ တပ်ဖို့အတွက် အလှသဘောနဲ့ အပေါက်ဖောက်တာကို ခေါ်တာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း များသောအားဖြင့် နားမှာ ဖောက်ကြပြီး နားကပ်လေးတွေ အလှတပ်ကြတဲ့အပြင် အထူးသဖြင့် လူငယ်တွေမှာ ချက်၊ နှုတ်ခမ်း စတဲ့အခြား နေရာတွေမှာလည်း body piercing လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲလို body piercing လုပ်မယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊ ဘယ်အချက်တွေကို ဂရုစိုက်သင့် ဆိုတာလေးတွေကို မျှဝေပေးသွားမှာပါ။


 Body piercing လုပ်ပြီးတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။


 ပုံမှန်အားဖြင့်တော့ သေသေချာချာ ပိုးသတ်ထားပြီး သန့်စင်ထားတဲ့ နေရာမှာ၊ သန့်စင်တဲ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေက လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အန္တရာယ်မရှိပါဘူး။


 ဒါပေမယ့် တစ်ခါသုံးပစ္စည်းမဟုတ်တာ(သို့) အသုံးပြုပြီး သေသေချာချာ မသန့်စင်ထားတဲ့ ပစ္စည်းတွေကို သုံးမိမယ်ဆိုရင်တော့


 ၁။ အသည်းရောင် အသားဝါ B နဲ့ C ပိုး၊ HIV နဲ့ မေးခိုင်ပိုး စတဲ့ ပိုးတွေ ကူးနိုင်ခြင်း။


 ၂။ ရောင်ရမ်းခြင်း။


 ၃။ အနာဖြစ်ခြင်း၊ ပြည်တည်ခြင်း။


 စတဲ့ ပြသနာတွေ ဖြစ်နိုင်ပါတယ်။


 သန့်စင်ထားတဲ့ ပတ်ဝန်းကျင်၊ နေရာမှာ လုပ်မယ်ဆိုရင်တောင်မှ တစ်ခါတစ်လေမှာ အောက်ပါ ပြသနာတွေကိုတော့ တွေ့ကြုံရနိုင်ပါသေးတယ်။


 ၁။ အရေပြားဓာတ်မတည့်ခြင်း။


 ၂။ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။


 ၃။ သွေးမတိတ်ခြင်း။


 ၄။ နာကျင်ခြင်း။


 ၅။ ယားယံခြင်း။


 မဖောက်ခင်မှာ ဘာတွေ ပြင်ဆင်ထားသင့်လဲ။


 ၁။ နေရာသေချာရွေးပါ။


 အရှေ့မှာ ဖော်ပြခဲ့သလိုပဲ သေသေချာချာပိုးသတ်ထားပြီး စိတ်ချရတဲ့ နေရာမှာမှ ဖောက်သင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်သွားဖောက်မယ့်နေရာရဲ့ အပြင်အဆင်၊ ပတ်ဝန်းကျင်နဲ့ လုပ်မယ့်အခန်းတွေကို အရင်လေ့လာထားပြီးမှ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် လုပ်ပေးတဲ့သူက ပိုးတွေသေစေနိုင်တဲ့ လက်ဆေးရည်အသုံးပြု၊မပြု၊ သန့်စင်တဲ့ တစ်ခါသုံး လက်အိတ်တွေ သုံး၊ မသုံး ၊ ပစ္စည်းတွေကို ပိုးသေအောင် ပေါင်းတဲ့ autoclave စက်တွေ သုံး၊ မသုံးကိုလည်း ကြိုတင်လေ့လာမေးမြန်းသင့်ပါတယ်။


 ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆရာဝန်တွေကိုယ်တိုင် လုပ်ပေးတဲ့နေရာမှာ လုပ်ဆောင်တာကတော့ အကောင်းဆုံးပါပဲ။ ဒီအတိုင်းကြုံရာနေရာ၊ မသန့်ရှင်းတဲ့နေရာမှာ ဖောက်မိမယ်ဆိုရင်တော့ ပိုးဝင်သွားတာ ၊ အနာမကျက်တာ၊ သွေးမတိတ်တာ စတဲ့ ပြသနာတွေကနေ အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်တဲ့ သူတွေကိုယ်တိုင်လုပ်ပေးတဲ့ သန့်ရှင်းတဲ့ နေရာကို သေသေချာချာ ကြိုတင်ရွေးချယ်ပြင်ဆင်ပြီးမှ ဖောက်ကြပါနော်။


 ၂။ ကိုယ့်ကိုကိုယ် သေချာပြီလားလို့ ပြန်မေးပါ။


 ပုံမှန်နားဖောက်နေကျ နေရာမှာ ဖောက်တာက ပြသနာမရှိပေမယ့် အခြားနေရာတွေ ဥပမာ- နှုတ်ခမ်း၊ နှာခေါင်းစတဲ့နေရာတွေ ဖောက်မယ်ဆိုရင်တော့ သေသေချာချာ ပြန်တွေးကြည့်ဖို့လိုပါတယ်။ အသက်ငယ်တုန်းမှာ၊ ဆယ်ကျော်သက်၊ ၂၀ကျော်အရွယ်မှာ ဒီလို ဖောက်တာတွေက cool ဖြစ်တယ်၊ မိုက်တယ် ဆိုပေမယ့် အသက်ကြီးလာတဲ့အခါမှာ တချို့အလုပ်ပိုင်းဆိုင်ရာမှာ အနည်းငယ် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။


 ၃။ ရောဂါအခံတွေရှိရင် ဆရာဝန်ကို ကြိုပြောပြထားပါ။


 နောက်ဆုံးတစ်ချက်ကတော့ မဖောက်ခင်မှာ ဆရာဝန်ကို ကိုယ့်မှာ ဆီးချို၊ နှလုံး၊ သွေးရောဂါ၊ အရေပြားရောဂါတွေ နဲ့ ခုခံအားကျစေတဲ့ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်၊ စွဲသောက်နေရတဲ့ ဆေးတွေရှိနေရင် (သို့) ကိုယ်ဝန်ရှိနေရင် ပြောပြထားသင့်ပါတယ်။ ခုခံအားကျဆင်းစေတဲ့ ဆီးချိုလို ရောဂါအခံရှိနေမယ်ဆိုရင် ပိုးဝင်ဖို့ အခွင့်အရေးကပိုများနိုင်တာကြောင့် သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်။


 ၄။ ဖောက်မယ့်နေရာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။


 ခန္ဓာကိုယ်ရဲ့ နေရာတွေ၊ အစိတ်အပိုင်းတွေ အားလုံးက ဖောက်ဖို့ မသင့်တော်ပါဘူး။ သွေးကြောတွေ၊ ဖွဲ့စည်းပုံတွေ၊ အာရုံကြောတွေ စတဲ့ တည်ဆောက်ပုံတွေလည်း ကွဲပြားတာကြောင့် အချို့နေရာတွေ ဖောက်မယ်ဆိုရင် အန္တရာယ်များပါတယ်။ ဒါကြောင့် ဖောက်မယ့်နေရာကို ဆရာဝန်နဲ့ ဆွေးနွေးပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။


 Body piercing လုပ်ပြီးရင် ဖောက်ထားတဲ့ နေရာကို ဘယ်လိုတွေ ဂရုစိုက်သင့်လဲ။


 ၁။ အရေးကြီးဆုံးကတော့ ဖောက်ထားတဲ့ နေရာကို ပိုးမဝင်အောင် မကိုင်ခင်မှာ လက်ကို သေချာဆေးပါ။


 ၂။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုအပ်တဲ့အချိန်မှာ ဆေး(သို့) ပိုးသတ်နိုင်တဲ့ ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပါ။


 ၃။ လိုအပ်ရင် ပိုးသတ်ဆေး cream လေးတွေ လိမ်းပေးပါ။


 ၄။ အနာပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ၂ရက်၊ ၃ရက်ထက်ပိုနာနေတာ၊ ရောင်ရမ်းလာတာ၊ ပြည်တွေထွက်လာတာ၊ နီရဲလာတာ၊ အနာက မကျက်ဘဲ ပုံမှန်ထက်ကြာနေတာ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။


 ဘာတွေ ရှောင်သင့်လဲ။


 ဖောက်ထားတဲ့နေရာကို မကြာခဏသွားထိတာ၊ တစ်ခုခုနဲ့ သွားထိုးတာ၊ အရက်ပြန်(သို့) hydrogen peroxide တွေနဲ့ ဆေးတာ၊ အနာမကျက်ခင်မှာ မသန့်စင်တဲ့ ရေတွေနဲ့ ထိတွေ့စေတာ တွေကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။


 Hello ဆရာဝန်ပရိသတ်ကြီးလည်း body piercing ပဲဖြစ်ဖြစ် ear piercing ပဲဖြစ်ဖြစ်လုပ်တဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ရအောင် ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။


 ရေးသားသူ  Khine Phoo Ngon


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

Body piercing လုပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား




#Body_piercing

#နားေဖာက္ျခင္း

#အလွအပဆိုင္ရာ


စာေရးသူ Dr. Htet Htet Zaw Win မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

(ယခုေခတ္ေနာက္ပိုင္း မိန္းကေလးေတြကအစ နားေဖာက္ရံုသာမက မ်က္ခံုး၊ လွ်ာ၊ ခ်က္နဲ႕ အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြမွာပါ Piercing လုပ္လာၾကပါျပီ။ အဲသလိုမလုပ္နဲ႔လို႔ တားလို႕မရရင္ျဖင့္ သိထားသင့္တာေလးေတြ သိထားရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ထပ္ဆင့္ေ၀ငွလိုက္ပါတယ္။)


Body piercing လုပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား

 Body piercing ဆိုတာကေတာ့ အလြယ္ေျပာရရင္ ခႏၶာကိုယ္ရဲ႕ ျပင္ပအစိတ္အပိုင္းတစ္ခုခု (ဥပမာ- နား႐ြက္၊ ခ်က္၊ ႏႈတ္ခမ္း၊ လွ်ာ၊ ႏွာေခါင္း စတဲ့ ေနရာေတြ) မွာ ရတာနာပစၥည္းေလးေတြ၊ fancy အလွပစၥည္းေလးေတြ တပ္ဖို႔အတြက္ အလွသေဘာနဲ႕ အေပါက္ေဖာက္တာကို ေခၚတာပါ။ ျမန္မာနိုင္ငံမွာဆိုရင္လည္း မ်ားေသာအားျဖင့္ နားမွာ ေဖာက္ၾကၿပီး နားကပ္ေလးေတြ အလွတပ္ၾကတဲ့အျပင္ အထူးသျဖင့္ လူငယ္ေတြမွာ ခ်က္၊ ႏႈတ္ခမ္း စတဲ့အျခား ေနရာေတြမွာလည္း body piercing လုပ္တာေတြ ေခတ္စားလာပါတယ္။ ဒီေန႕ေဆာင္းပါးေလးမွာေတာ့ အဲလို body piercing လုပ္မယ္ဆိုရင္ ဘယ္လို ဆိုးက်ိဳးေတြ ျဖစ္နိုင္တယ္၊ ဘယ္အခ်က္ေတြကို ဂ႐ုစိုက္သင့္ ဆိုတာေလးေတြကို မွ်ေဝေပးသြားမွာပါ။


 Body piercing လုပ္ၿပီးတဲ့အခါမွာ ဘာေတြျဖစ္လာနိုင္လဲ။


 ပုံမွန္အားျဖင့္ေတာ့ ေသေသခ်ာခ်ာ ပိုးသတ္ထားၿပီး သန႔္စင္ထားတဲ့ ေနရာမွာ၊ သန႔္စင္တဲ့ ပစၥည္းေတြနဲ႕ ကြၽမ္းက်င္တဲ့ ပညာရွင္ေတြက လုပ္ေဆာင္ေပးမယ္ဆိုရင္ေတာ့ အႏၱရာယ္မရွိပါဘူး။


 ဒါေပမယ့္ တစ္ခါသုံးပစၥည္းမဟုတ္တာ(သို႔) အသုံးျပဳၿပီး ေသေသခ်ာခ်ာ မသန႔္စင္ထားတဲ့ ပစၥည္းေတြကို သုံးမိမယ္ဆိုရင္ေတာ့


 ၁။ အသည္းေရာင္ အသားဝါ B နဲ႕ C ပိုး၊ HIV နဲ႕ ေမးခိုင္ပိုး စတဲ့ ပိုးေတြ ကူးနိုင္ျခင္း။


 ၂။ ေရာင္ရမ္းျခင္း။


 ၃။ အနာျဖစ္ျခင္း၊ ျပည္တည္ျခင္း။


 စတဲ့ ျပသနာေတြ ျဖစ္နိုင္ပါတယ္။


 သန႔္စင္ထားတဲ့ ပတ္ဝန္းက်င္၊ ေနရာမွာ လုပ္မယ္ဆိုရင္ေတာင္မွ တစ္ခါတစ္ေလမွာ ေအာက္ပါ ျပသနာေတြကိုေတာ့ ေတြ႕ႀကဳံရနိုင္ပါေသးတယ္။


 ၁။ အေရျပားဓာတ္မတည့္ျခင္း။


 ၂။ ေရာင္ရမ္းျခင္း၊ အနာျဖစ္ျခင္း။


 ၃။ ေသြးမတိတ္ျခင္း။


 ၄။ နာက်င္ျခင္း။


 ၅။ ယားယံျခင္း။


 မေဖာက္ခင္မွာ ဘာေတြ ျပင္ဆင္ထားသင့္လဲ။


 ၁။ ေနရာေသခ်ာေ႐ြးပါ။


 အေရွ႕မွာ ေဖာ္ျပခဲ့သလိုပဲ ေသေသခ်ာခ်ာပိုးသတ္ထားၿပီး စိတ္ခ်ရတဲ့ ေနရာမွာမွ ေဖာက္သင့္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္သြားေဖာက္မယ့္ေနရာရဲ႕ အျပင္အဆင္၊ ပတ္ဝန္းက်င္နဲ႕ လုပ္မယ့္အခန္းေတြကို အရင္ေလ့လာထားၿပီးမွ ေ႐ြးခ်ယ္သင့္ပါတယ္။ ဒါ့အျပင္ လုပ္ေပးတဲ့သူက ပိုးေတြေသေစနိုင္တဲ့ လက္ေဆးရည္အသုံးျပဳ၊မျပဳ၊ သန႔္စင္တဲ့ တစ္ခါသုံး လက္အိတ္ေတြ သုံး၊ မသုံး ၊ ပစၥည္းေတြကို ပိုးေသေအာင္ ေပါင္းတဲ့ autoclave စက္ေတြ သုံး၊ မသုံးကိုလည္း ႀကိဳတင္ေလ့လာေမးျမန္းသင့္ပါတယ္။


 ဆရာဝန္နဲ႕ေသခ်ာတိုင္ပင္ၿပီး ဆရာဝန္ေတြကိုယ္တိုင္ လုပ္ေပးတဲ့ေနရာမွာ လုပ္ေဆာင္တာကေတာ့ အေကာင္းဆုံးပါပဲ။ ဒီအတိုင္းႀကဳံရာေနရာ၊ မသန႔္ရွင္းတဲ့ေနရာမွာ ေဖာက္မိမယ္ဆိုရင္ေတာ့ ပိုးဝင္သြားတာ ၊ အနာမက်က္တာ၊ ေသြးမတိတ္တာ စတဲ့ ျပသနာေတြကေန အသက္အႏၱရာယ္ရွိတဲ့အထိျဖစ္နိုင္ပါတယ္။ ဒါ့ေၾကာင့္ ကြၽမ္းက်င္တဲ့ သူေတြကိုယ္တိုင္လုပ္ေပးတဲ့ သန႔္ရွင္းတဲ့ ေနရာကို ေသေသခ်ာခ်ာ ႀကိဳတင္ေ႐ြးခ်ယ္ျပင္ဆင္ၿပီးမွ ေဖာက္ၾကပါေနာ္။


 ၂။ ကိုယ့္ကိုကိုယ္ ေသခ်ာၿပီလားလို႔ ျပန္ေမးပါ။


 ပုံမွန္နားေဖာက္ေနက် ေနရာမွာ ေဖာက္တာက ျပသနာမရွိေပမယ့္ အျခားေနရာေတြ ဥပမာ- ႏႈတ္ခမ္း၊ ႏွာေခါင္းစတဲ့ေနရာေတြ ေဖာက္မယ္ဆိုရင္ေတာ့ ေသေသခ်ာခ်ာ ျပန္ေတြးၾကည့္ဖို႔လိုပါတယ္။ အသက္ငယ္တုန္းမွာ၊ ဆယ္ေက်ာ္သက္၊ ၂၀ေက်ာ္အ႐ြယ္မွာ ဒီလို ေဖာက္တာေတြက cool ျဖစ္တယ္၊ မိုက္တယ္ ဆိုေပမယ့္ အသက္ႀကီးလာတဲ့အခါမွာ တခ်ိဳ႕အလုပ္ပိုင္းဆိုင္ရာမွာ အနည္းငယ္ အႏွောက္အယွက္ျဖစ္နိုင္ပါတယ္။


 ၃။ ေရာဂါအခံေတြရွိရင္ ဆရာဝန္ကို ႀကိဳေျပာျပထားပါ။


 ေနာက္ဆုံးတစ္ခ်က္ကေတာ့ မေဖာက္ခင္မွာ ဆရာဝန္ကို ကိုယ့္မွာ ဆီးခ်ိဳ၊ ႏွလုံး၊ ေသြးေရာဂါ၊ အေရျပားေရာဂါေတြ နဲ႕ ခုခံအားက်ေစတဲ့ က်န္းမာေရးအေျခအေနေတြ ရွိေနရင္၊ စြဲေသာက္ေနရတဲ့ ေဆးေတြရွိေနရင္ (သို႔) ကိုယ္ဝန္ရွိေနရင္ ေျပာျပထားသင့္ပါတယ္။ ခုခံအားက်ဆင္းေစတဲ့ ဆီးခ်ိဳလို ေရာဂါအခံရွိေနမယ္ဆိုရင္ ပိုးဝင္ဖို႔ အခြင့္အေရးကပိုမ်ားနိုင္တာေၾကာင့္ ေသေသခ်ာခ်ာ တိုင္ပင္ေဆြးႏြေးဖို႔ မေမ့ပါနဲ႕ေနာ္။


 ၄။ ေဖာက္မယ့္ေနရာကို ဆရာဝန္နဲ႕ ေသခ်ာတိုင္ပင္ပါ။


 ခႏၶာကိုယ္ရဲ႕ ေနရာေတြ၊ အစိတ္အပိုင္းေတြ အားလုံးက ေဖာက္ဖို႔ မသင့္ေတာ္ပါဘူး။ ေသြးေၾကာေတြ၊ ဖြဲ႕စည္းပုံေတြ၊ အာ႐ုံေၾကာေတြ စတဲ့ တည္ေဆာက္ပုံေတြလည္း ကြဲျပားတာေၾကာင့္ အခ်ိဳ႕ေနရာေတြ ေဖာက္မယ္ဆိုရင္ အႏၱရာယ္မ်ားပါတယ္။ ဒါေၾကာင့္ ေဖာက္မယ့္ေနရာကို ဆရာဝန္နဲ႕ ေဆြးႏြေးၿပီး အႀကံဉာဏ္ေတာင္းသင့္ပါတယ္။


 Body piercing လုပ္ၿပီးရင္ ေဖာက္ထားတဲ့ ေနရာကို ဘယ္လိုေတြ ဂ႐ုစိုက္သင့္လဲ။


 ၁။ အေရးႀကီးဆုံးကေတာ့ ေဖာက္ထားတဲ့ ေနရာကို ပိုးမဝင္ေအာင္ မကိုင္ခင္မွာ လက္ကို ေသခ်ာေဆးပါ။


 ၂။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း လိုအပ္တဲ့အခ်ိန္မွာ ေဆး(သို႔) ပိုးသတ္နိုင္တဲ့ ဆပ္ျပာနဲ႕ သန႔္ရွင္းေရးလုပ္ပါ။


 ၃။ လိုအပ္ရင္ ပိုးသတ္ေဆး cream ေလးေတြ လိမ္းေပးပါ။


 ၄။ အနာပိုးဝင္တဲ့ လကၡဏာေတြျဖစ္တဲ့ ၂ရက္၊ ၃ရက္ထက္ပိုနာေနတာ၊ ေရာင္ရမ္းလာတာ၊ ျပည္ေတြထြက္လာတာ၊ နီရဲလာတာ၊ အနာက မက်က္ဘဲ ပုံမွန္ထက္ၾကာေနတာ စတဲ့ လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ျပသသင့္ပါတယ္။


 ဘာေတြ ေရွာင္သင့္လဲ။


 ေဖာက္ထားတဲ့ေနရာကို မၾကာခဏသြားထိတာ၊ တစ္ခုခုနဲ႕ သြားထိုးတာ၊ အရက္ျပန္(သို႔) hydrogen peroxide ေတြနဲ႕ ေဆးတာ၊ အနာမက်က္ခင္မွာ မသန႔္စင္တဲ့ ေရေတြနဲ႕ ထိေတြ႕ေစတာ ေတြကိုေတာ့ လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။


 Hello ဆရာဝန္ပရိသတ္ႀကီးလည္း body piercing ပဲျဖစ္ျဖစ္ ear piercing ပဲျဖစ္ျဖစ္လုပ္တဲ့အခါ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ရေအာင္ ဒီေဆာင္းပါးေလးက အေထာက္အကူျပဳမယ္လို႔ ယုံၾကည္ပါတယ္။ က်န္းမာၾကပါေစ။


 ေရးသားသူ  Khine Phoo Ngon


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

Thursday, March 17, 2022

အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား ..... စာရေးသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Hello Sayarwon Panel #Collagen_supplement #Health_and_Beauty (ယခုခေတ်နောက်ပိုင်း အမျိုးသမီးများသာမက အမျိုးသားများပါ ကျန်းမာကြံ့ခိုင်ရေး၊လှပတင့်တယ်ရေးအတွက် အားကစားလုပ်၊ ဖြည့်စွက်စာတွေစား၊ဝတ်စားပြင်ဆင်တဲ့ကိစ္စတွေမှာ အာရုံစိုက်လာကြတယ်ဗျ။ သည်အထဲကလူပြောများခဲ့တဲ့ ကော်လာဂျင်ဓာတ်ကို လှုံ့ဆော်ပေး ဖြည့်စွက်ပေးတဲ့ သောက်ဆေး၊လိမ်းဆေး၊ထိုးဆေးပေါင်းစုံကို သုံးစွဲလာပါတယ်။ တကယ်ရောထိရောက်ရဲ့လား အလှအပ အသွင်အပြင်ကို သိသိသာသာပြောင်းလဲစေသလားမသိပေမယ့် ကော်လာဂျင်သောက်ဆေးကို အမျိုးသားများပါသောက်သုံးလို့ရပါသ လားဆိုတာ သိရအောင် ဆောင်းပါးတစ်စောင်ကို ပြန်လည်ဝေငှလိုက်ပါတယ်။) #အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား ..... ကော်လာဂျင်ဆိုရင် တွဲမြင်မိတာက လေဒီလေးတွေနဲ့ဟုတ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား .. တကယ်ကတော့ ကော်လာဂျင်ကို အလှအပအတွက်လို့ မှတ်ယူထားကြရင်းက ကော်လာဂျင်က လေဒီလေးတွေနဲ့ သက်ဆိုင်တဲ့အရာလို့ တွဲမှတ်ထားကြတာပါ။ တကယ်ကတော့ ကော်လာဂျင်ကို လူတိုင်း လိုအပ်ပါတယ်။ လူတိုင်း လိုအပ်တယ်ဆိုမှတော့ အမျိုးသားတွေလည်း ကော်လာဂျင် သောက်လို့ရတာပေါ့။ #အမျိုးသားတွေ_ကော်လာဂျင်သောက်လို့ရလား . ရပါတယ်။ အမျိုးသားတွေကလည်း အရေပြား၊ အရိုးအဆစ်၊ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ကော်လာဂျင် သောက်လို့ရသလို ကော်လာဂျင် သောက်ဖို့လည်း လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကော်လာဂျင်က ပြည့်ဝတာကြောင့် ခန္ဓာကိုယ်မှာ အင်အားတွေ ပြည့်နေသလို အရိုးအဆစ်တွေကလည်း သန်မာပါတယ်။ အသက်အရွယ်အလိုက်လည်း ကြွက်သားတွေက ဖွံ့ဖြိုးလာပါတယ်။ ကော်လာဂျင်က အသားအရေ လှပဖို့ပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သွေးကြောတွေ၊ အစာခြေစနစ် နံရံတွေ၊ ဆံပင်တွေ၊ သွားတွေ၊ အရိုးအဆစ်တွေ ကျန်းမာစေဖို့လည်း ကော်လာဂျင်က ထောက်ပံ့ပေးပါတယ်။ အသက် ၂၀ မတိုင်ခင်မှာ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိမှု အကောင်းဆုံး ဖြစ်တာကြောင့် အသားအရေက တင်းရင်း လှပသလို၊ ကြွက်သားတွေ ဖွံ့ဖြိုးမှုကလည်း အကောင်းဆုံးပါ။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတယ်ဆိုကလည်း ဖြစ်ခဲပါတယ်။ ဒါပေမယ့် အသက် ၂၀ နောက်ပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လာဂျင် ထွက်ရှိမှုက သိသိသာသာ နည်းလာပါတယ်။ ဒီလိုနဲ့ ကြွက်သားတွေ နာကျင်တာ၊ အဆစ်တွေ ကိုက်ခဲတာ၊ အရေးအကြောင်းတွေဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ သွားတွေ ကျိုးတာ၊ ယိုင်နဲ့တာတွေကို ခံစားလာရပါတယ်။ #အမျိုးသားတွေ_ကော်လာဂျင်သောက်သင့်တဲ့အကြောင်းအရင်း အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား ..... အမျိုးသားတွေနဲ့ ကော်လာဂျင် သောက်ပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိမှာပါ။ #ဆံပင်ကျွတ် သက်သာစေတယ် အမျိုးသမီးတွေပဲ ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်ကြပါ တယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကော်လာဂျင်တွေက နည်းလာပြီး ဆံပင်တွေက ကျွတ်လာတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်တာကို သက်သာချင်တယ်ဆိုရင်ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ ကော်လာဂျင်က ဆံပင်ကျွတ်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ဆံပင် အသစ်တွေ ထွက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ #အရိုးအဆစ်တွေ ကျန်းမာစေနိုင်တယ် ကော်လာဂျင်ကို ပုံမှန် သောက်သုံးပေးတာက အဆစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ လှုပ်ရှားရလွယ်ကူစေပြီး အသက်အရွယ်ကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ အားကစားလုပ်တာကြောင့် အဆစ်တွေ ထိခိုက်မိရင်လည်း အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ #ကြွက်သားတွေကို သက်သာစေနိုင်တယ် ကော်လာဂျင်တွေက လေ့ကျင့်ခန်း လုပ်ရင်း ဖြစ်တဲ့ ကြွက်သား နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အရွတ်တွေမှာ ထိခိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ #အရွယ်တင်စေနိုင်တယ် လူတိုင်းက လှလှပပနဲ့ အိုမင်းချင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပေမယ့် အမျိုးသားတွေကတော့ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲကြပါတယ်။ အကြောင်းကတော့ အမျိုးသားတွေက ကော်လာဂျင်ကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆထားလို့ ကြပါ။ တကယ်ကတော့ အမျိုးသားတွေရော အမျိုးသမီးတွေရော အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျက်သရေရှိရှိ အိုမင်းချင်တယ်ဆိုရင် ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ #ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်စေနိုင်တယ် အမျိုးသားတွေ အနေနဲ့ ကော်လာဂျင် သောက်ပေးရင် နောက်ထပ်ရမယ့် အကျိုးကျေးဇူး တစ်ရပ်က ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေပြီး ကိုယ်ထဲမှာ အင်အားပြည့်ဝစေတာပါ။ လေ့ကျင့်လမ်းတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အင်အားပြည့်ဝစေသလို အရောင်ကျစေပြီး ကြွက်သားတွေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သား တက်စေနိုင်ပါတယ်။ #အစာခြေစနစ် ကျန်းမာစေနိုင်တယ် အစာအိမ် အတွင်းနံရံတွေ၊ အူနံရံက ဆဲလ်တွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အစာခြေစနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ ကော်လာဂျင်က အမျိုးသားတွေအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရှိတာကြောင့် အမျိုးသားတွေလည်း ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....




စာရေးသူ Aye Thi Mon 

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Hello Sayarwon Panel 

#Collagen_supplement 

#Health_and_Beauty


(ယခုခေတ်နောက်ပိုင်း အမျိုးသမီးများသာမက အမျိုးသားများပါ ကျန်းမာကြံ့ခိုင်ရေး၊လှပတင့်တယ်ရေးအတွက် အားကစားလုပ်၊ ဖြည့်စွက်စာတွေစား၊ဝတ်စားပြင်ဆင်တဲ့ကိစ္စတွေမှာ အာရုံစိုက်လာကြတယ်ဗျ။ သည်အထဲကလူပြောများခဲ့တဲ့ ကော်လာဂျင်ဓာတ်ကို လှုံ့ဆော်ပေး ဖြည့်စွက်ပေးတဲ့ သောက်ဆေး၊လိမ်းဆေး၊ထိုးဆေးပေါင်းစုံကို သုံးစွဲလာပါတယ်။ တကယ်ရောထိရောက်ရဲ့လား အလှအပ အသွင်အပြင်ကို သိသိသာသာပြောင်းလဲစေသလားမသိပေမယ့် ကော်လာဂျင်သောက်ဆေးကို အမျိုးသားများပါသောက်သုံးလို့ရပါသ လားဆိုတာ သိရအောင် ဆောင်းပါးတစ်စောင်ကို ပြန်လည်ဝေငှလိုက်ပါတယ်။)


#အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....

 ကော်လာဂျင်ဆိုရင် တွဲမြင်မိတာက လေဒီလေးတွေနဲ့ဟုတ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား .. တကယ်ကတော့ ကော်လာဂျင်ကို အလှအပအတွက်လို့ မှတ်ယူထားကြရင်းက ကော်လာဂျင်က လေဒီလေးတွေနဲ့ သက်ဆိုင်တဲ့အရာလို့ တွဲမှတ်ထားကြတာပါ။


 တကယ်ကတော့ ကော်လာဂျင်ကို လူတိုင်း လိုအပ်ပါတယ်။ လူတိုင်း လိုအပ်တယ်ဆိုမှတော့ အမျိုးသားတွေလည်း ကော်လာဂျင် သောက်လို့ရတာပေါ့။


#အမျိုးသားတွေ_ကော်လာဂျင်သောက်လို့ရလား .


 ရပါတယ်။ အမျိုးသားတွေကလည်း အရေပြား၊ အရိုးအဆစ်၊ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ကော်လာဂျင် သောက်လို့ရသလို ကော်လာဂျင် သောက်ဖို့လည်း လိုအပ်ပါတယ်။


 ငယ်ရွယ်စဉ်မှာ ကော်လာဂျင်က ပြည့်ဝတာကြောင့် ခန္ဓာကိုယ်မှာ အင်အားတွေ ပြည့်နေသလို အရိုးအဆစ်တွေကလည်း သန်မာပါတယ်။ အသက်အရွယ်အလိုက်လည်း ကြွက်သားတွေက ဖွံ့ဖြိုးလာပါတယ်။


 ကော်လာဂျင်က အသားအရေ လှပဖို့ပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သွေးကြောတွေ၊ အစာခြေစနစ် နံရံတွေ၊ ဆံပင်တွေ၊ သွားတွေ၊ အရိုးအဆစ်တွေ ကျန်းမာစေဖို့လည်း ကော်လာဂျင်က ထောက်ပံ့ပေးပါတယ်။


 အသက် ၂၀ မတိုင်ခင်မှာ ခန္ဓာကိုယ်က ကော်လာဂျင် ထွက်ရှိမှု အကောင်းဆုံး ဖြစ်တာကြောင့် အသားအရေက တင်းရင်း လှပသလို၊ ကြွက်သားတွေ ဖွံ့ဖြိုးမှုကလည်း အကောင်းဆုံးပါ။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတယ်ဆိုကလည်း ဖြစ်ခဲပါတယ်။


 ဒါပေမယ့် အသက် ၂၀ နောက်ပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လာဂျင် ထွက်ရှိမှုက သိသိသာသာ နည်းလာပါတယ်။ ဒီလိုနဲ့ ကြွက်သားတွေ နာကျင်တာ၊ အဆစ်တွေ ကိုက်ခဲတာ၊ အရေးအကြောင်းတွေဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ သွားတွေ ကျိုးတာ၊ ယိုင်နဲ့တာတွေကို ခံစားလာရပါတယ်။


#အမျိုးသားတွေ_ကော်လာဂျင်သောက်သင့်တဲ့အကြောင်းအရင်း


 အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....


 အမျိုးသားတွေနဲ့ ကော်လာဂျင် သောက်ပေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ရရှိမှာပါ။


 #ဆံပင်ကျွတ် သက်သာစေတယ်


 အမျိုးသမီးတွေပဲ ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျွတ်တာကို စိတ်ညစ်တတ်ကြပါ တယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကော်လာဂျင်တွေက နည်းလာပြီး ဆံပင်တွေက ကျွတ်လာတတ်ပါတယ်။


 ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆံပင်ကျွတ်တာကို သက်သာချင်တယ်ဆိုရင်ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။ ကော်လာဂျင်က ဆံပင်ကျွတ်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ဆံပင် အသစ်တွေ ထွက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။


#အရိုးအဆစ်တွေ ကျန်းမာစေနိုင်တယ်


 ကော်လာဂျင်ကို ပုံမှန် သောက်သုံးပေးတာက အဆစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ လှုပ်ရှားရလွယ်ကူစေပြီး အသက်အရွယ်ကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။


 အားကစားလုပ်တာကြောင့် အဆစ်တွေ ထိခိုက်မိရင်လည်း အမြန်ဆုံး သက်သာစေနိုင်ပါတယ်။


#ကြွက်သားတွေကို သက်သာစေနိုင်တယ်


 ကော်လာဂျင်တွေက လေ့ကျင့်ခန်း လုပ်ရင်း ဖြစ်တဲ့ ကြွက်သား နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။


 အရွတ်တွေမှာ ထိခိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။


 #အရွယ်တင်စေနိုင်တယ်


 လူတိုင်းက လှလှပပနဲ့ အိုမင်းချင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပေမယ့် အမျိုးသားတွေကတော့ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲကြပါတယ်။


 အကြောင်းကတော့ အမျိုးသားတွေက ကော်လာဂျင်ကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆထားလို့ ကြပါ။ တကယ်ကတော့ အမျိုးသားတွေရော အမျိုးသမီးတွေရော အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျက်သရေရှိရှိ အိုမင်းချင်တယ်ဆိုရင် ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။


 #ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်စေနိုင်တယ်


 အမျိုးသားတွေ အနေနဲ့ ကော်လာဂျင် သောက်ပေးရင် နောက်ထပ်ရမယ့် အကျိုးကျေးဇူး တစ်ရပ်က ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေပြီး ကိုယ်ထဲမှာ အင်အားပြည့်ဝစေတာပါ။


 လေ့ကျင့်လမ်းတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အင်အားပြည့်ဝစေသလို အရောင်ကျစေပြီး ကြွက်သားတွေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သား တက်စေနိုင်ပါတယ်။


 #အစာခြေစနစ် ကျန်းမာစေနိုင်တယ်


 အစာအိမ် အတွင်းနံရံတွေ၊ အူနံရံက ဆဲလ်တွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အစာခြေစနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။


 ကော်လာဂျင်က အမျိုးသားတွေအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရှိတာကြောင့် အမျိုးသားတွေလည်း ကော်လာဂျင် သောက်ပေးလို့ ရပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

အမ်ိဳးသားေတြ ေကာ္လာဂ်င္ ေသာက္လို႔ရလား .....




စာေရးသူ Aye Thi Mon 

ေဆးပညာပိုင္းဆိုင္ရာ တည္းျဖတ္သူ Hello Sayarwon Panel 

#Collagen_supplement 

#Health_and_Beauty

(ယခုေခတ္ေနာက္ပိုင္း အမ်ိဳးသမီးမ်ားသာမက အမ်ိဳးသားမ်ားပါ က်န္းမာၾကံ့ခိုင္ေရး၊လွပတင့္တယ္ေရးအတြက္ အားကစားလုပ္၊ ျဖည့္စြက္စာေတြစား၊၀တ္စားျပင္ဆင္တဲ့ကိစၥေတြမွာ အာရံုစိုက္လာၾကတယ္ဗ်။ သည္အထဲကလူေျပာမ်ားခဲ့တဲ့ ေကာ္လာဂ်င္ဓာတ္ကို လႈံ႕ေဆာ္ေပး ျဖည့္စြက္ေပးတဲ့ ေသာက္ေဆး၊လိမ္းေဆး၊ထိုးေဆးေပါင္းစံုကို သံုးစြဲလာပါတယ္။ တကယ္ေရာထိေရာက္ရဲ႕လား အလွအပ အသြင္အျပင္ကို သိသိသာသာေျပာင္းလဲေစသလားမသိေပမယ့္ ေကာ္လာဂ်င္ေသာက္ေဆးကို အမ်ိဳးသားမ်ားပါေသာက္သံုးလို႕ရပါသ လားဆိုတာ သိရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ျပန္လည္ေ၀ငွလိုက္ပါတယ္။)


#အမ်ိဳးသားေတြ ေကာ္လာဂ်င္ ေသာက္လို႔ရလား .....

 ေကာ္လာဂ်င္ဆိုရင္ တြဲျမင္မိတာက ေလဒီေလးေတြနဲ႕ဟုတ္။ ဒါဆို ေမးစရာရွိတာက ေကာ္လာဂ်င္က ေလဒီေလးေတြပဲ ေသာက္လို႔ရတာလားေပါ့။ အမ်ိဳးသားေတြေရာ ေကာ္လာဂ်င္ ေသာက္လို႔ရလား .. တကယ္ကေတာ့ ေကာ္လာဂ်င္ကို အလွအပအတြက္လို႔ မွတ္ယူထားၾကရင္းက ေကာ္လာဂ်င္က ေလဒီေလးေတြနဲ႕ သက္ဆိုင္တဲ့အရာလို႔ တြဲမွတ္ထားၾကတာပါ။


 တကယ္ကေတာ့ ေကာ္လာဂ်င္ကို လူတိုင္း လိုအပ္ပါတယ္။ လူတိုင္း လိုအပ္တယ္ဆိုမွေတာ့ အမ်ိဳးသားေတြလည္း ေကာ္လာဂ်င္ ေသာက္လို႔ရတာေပါ့။


#အမ်ိဳးသားေတြ_ေကာ္လာဂ်င္ေသာက္လို႔ရလား .


 ရပါတယ္။ အမ်ိဳးသားေတြကလည္း အေရျပား၊ အရိုးအဆစ္၊ ႂကြက္သားေတြနဲ႕ ဖြဲ႕စည္းထားတာ ျဖစ္တာေၾကာင့္ ေကာ္လာဂ်င္ ေသာက္လို႔ရသလို ေကာ္လာဂ်င္ ေသာက္ဖို႔လည္း လိုအပ္ပါတယ္။


 ငယ္႐ြယ္စဥ္မွာ ေကာ္လာဂ်င္က ျပည့္ဝတာေၾကာင့္ ခႏၶာကိုယ္မွာ အင္အားေတြ ျပည့္ေနသလို အရိုးအဆစ္ေတြကလည္း သန္မာပါတယ္။ အသက္အ႐ြယ္အလိုက္လည္း ႂကြက္သားေတြက ဖြံ႕ၿဖိဳးလာပါတယ္။


 ေကာ္လာဂ်င္က အသားအေရ လွပဖို႔ပဲ ေထာက္ကူေပးတာ မဟုတ္ပါဘူး။ ခႏၶာကိုယ္က ေသြးေၾကာေတြ၊ အစာေျခစနစ္ နံရံေတြ၊ ဆံပင္ေတြ၊ သြားေတြ၊ အရိုးအဆစ္ေတြ က်န္းမာေစဖို႔လည္း ေကာ္လာဂ်င္က ေထာက္ပံ့ေပးပါတယ္။


 အသက္ ၂၀ မတိုင္ခင္မွာ ခႏၶာကိုယ္က ေကာ္လာဂ်င္ ထြက္ရွိမႈ အေကာင္းဆုံး ျဖစ္တာေၾကာင့္ အသားအေရက တင္းရင္း လွပသလို၊ ႂကြက္သားေတြ ဖြံ႕ၿဖိဳးမႈကလည္း အေကာင္းဆုံးပါ။ အရိုးအဆစ္ေတြ နာက်င္ကိုက္ခဲတယ္ဆိုကလည္း ျဖစ္ခဲပါတယ္။


 ဒါေပမယ့္ အသက္ ၂၀ ေနာက္ပိုင္းေရာက္လာတဲ့အခါ ခႏၶာကိုယ္မွာ ေကာ္လာဂ်င္ ထြက္ရွိမႈက သိသိသာသာ နည္းလာပါတယ္။ ဒီလိုနဲ႕ ႂကြက္သားေတြ နာက်င္တာ၊ အဆစ္ေတြ ကိုက္ခဲတာ၊ အေရးအေၾကာင္းေတြျဖစ္တာ၊ ဆံပင္ကြၽတ္တာ၊ သြားေတြ က်ိဳးတာ၊ ယိုင္နဲ႕တာေတြကို ခံစားလာရပါတယ္။


#အမ်ိဳးသားေတြ_ေကာ္လာဂ်င္ေသာက္သင့္တဲ့အေၾကာင္းအရင္း


 အမ်ိဳးသားေတြ ေကာ္လာဂ်င္ ေသာက္လို႔ရလား .....


 အမ်ိဳးသားေတြနဲ႕ ေကာ္လာဂ်င္ ေသာက္ေပးတဲ့အခါ အခုလို အက်ိဳးေက်းဇူးေတြ ရရွိမွာပါ။


 #ဆံပင္ကြၽတ္ သက္သာေစတယ္


 အမ်ိဳးသမီးေတြပဲ ဆံပင္ကြၽတ္တာကို စိတ္ညစ္တတ္တာ မဟုတ္ပါဘူး။ အမ်ိဳးသားေတြလည္း ဆံပင္ကြၽတ္တာကို စိတ္ညစ္တတ္ၾကပါ တယ္။ အသက္အ႐ြယ္ရလာတာနဲ႕အမွ် ေကာ္လာဂ်င္ေတြက နည္းလာၿပီး ဆံပင္ေတြက ကြၽတ္လာတတ္ပါတယ္။


 ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႕ ဆံပင္ကြၽတ္တာကို သက္သာခ်င္တယ္ဆိုရင္ေကာ္လာဂ်င္ ေသာက္ေပးလို႔ ရပါတယ္။ ေကာ္လာဂ်င္က ဆံပင္ကြၽတ္တာကိုတင္ သက္သာေစတာ မဟုတ္ဘဲ ဆံပင္ အသစ္ေတြ ထြက္ေစဖို႔လည္း ေထာက္ကူေပးနိုင္ပါတယ္။


#အရိုးအဆစ္ေတြ က်န္းမာေစနိုင္တယ္


 ေကာ္လာဂ်င္ကို ပုံမွန္ ေသာက္သုံးေပးတာက အဆစ္ေတြကို က်န္းမာေစနိုင္ပါတယ္။ လႈပ္ရွားရလြယ္ကူေစၿပီး အသက္အ႐ြယ္ေၾကာင့္ အဆစ္နာတာေတြကို သက္သာေစနိုင္ပါတယ္။


 အားကစားလုပ္တာေၾကာင့္ အဆစ္ေတြ ထိခိုက္မိရင္လည္း အျမန္ဆုံး သက္သာေစနိုင္ပါတယ္။


#ႂကြက္သားေတြကို သက္သာေစနိုင္တယ္


 ေကာ္လာဂ်င္ေတြက ေလ့က်င့္ခန္း လုပ္ရင္း ျဖစ္တဲ့ ႂကြက္သား နာက်င္မႈေတြကို သက္သာေစနိုင္ပါတယ္။ ထိခိုက္မႈေတြေၾကာင့္ ႂကြက္သားေတြ နာက်င္တာကို သက္သာေစနိုင္ပါတယ္။


 အ႐ြတ္ေတြမွာ ထိခိုက္တာေတြကိုလည္း သက္သာေစနိုင္ပါတယ္။ ထိခိုက္ဒဏ္ရာေတြကို သက္သာေစနိုင္ပါတယ္။ နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေစနိုင္ပါတယ္။


 #အ႐ြယ္တင္ေစနိုင္တယ္


 လူတိုင္းက လွလွပပနဲ႕ အိုမင္းခ်င္ၾကပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြက လက္ေတြ႕ အေကာင္အထည္ေဖာ္နိုင္ၾကေပမယ့္ အမ်ိဳးသားေတြကေတာ့ ဒီဆႏၵကို အေကာင္အထည္ေဖာ္နိုင္ခဲၾကပါတယ္။


 အေၾကာင္းကေတာ့ အမ်ိဳးသားေတြက ေကာ္လာဂ်င္ကို သူတို႔နဲ႕ မသက္ဆိုင္ဘူးလို႔ ယူဆထားလို႔ ၾကပါ။ တကယ္ကေတာ့ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြေရာ အသားအေရ တင္းတင္းရင္းရင္းေလးနဲ႕ က်က္သေရရွိရွိ အိုမင္းခ်င္တယ္ဆိုရင္ ေကာ္လာဂ်င္ ေသာက္ေပးလို႔ ရပါတယ္။


 #ဇီဝကမၼ ျဖစ္စဥ္ကို တိုးတက္ေစနိုင္တယ္


 အမ်ိဳးသားေတြ အေနနဲ႕ ေကာ္လာဂ်င္ ေသာက္ေပးရင္ ေနာက္ထပ္ရမယ့္ အက်ိဳးေက်းဇူး တစ္ရပ္က ဇီဝကမၼျဖစ္စဥ္ ေကာင္းမြန္ေစၿပီး ကိုယ္ထဲမွာ အင္အားျပည့္ဝေစတာပါ။


 ေလ့က်င့္လမ္းေတြ လုပ္ၿပီးတဲ့အခါ ခႏၶာကိုယ္ထဲမွာ အင္အားျပည့္ဝေစသလို အေရာင္က်ေစၿပီး ႂကြက္သားေတြ ထိခိုက္တာကို သက္သာေစနိုင္ပါတယ္။ ႂကြက္သား တက္ေစနိုင္ပါတယ္။


 #အစာေျခစနစ္ က်န္းမာေစနိုင္တယ္


 အစာအိမ္ အတြင္းနံရံေတြ၊ အူနံရံက ဆဲလ္ေတြကို က်န္းမာေစၿပီး အစာေျခစနစ္ကို က်န္းမာေစသလို အစာေျခစနစ္ထဲကေန အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာတာကို သက္သာေစနိုင္ပါတယ္။


 ေကာ္လာဂ်င္က အမ်ိဳးသားေတြအတြက္ အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြ ရွိတာေၾကာင့္ အမ်ိဳးသားေတြလည္း ေကာ္လာဂ်င္ ေသာက္ေပးလို႔ ရပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

Sunday, March 13, 2022

တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

အမျိုးသားများအတွက် နွရောသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်




စာရေးသူ ဓာတ်ပုံ Ye Myo Myat မှ ရေးသားသည်။ 


Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။


အမျိုးသားများအတွက် နွရောသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်


 ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွရောသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။


 တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ဘာလို့ အရေးကြီးတာလဲ။


 တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့ အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။



 ယောက်ျားလေးတွေ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဘယ်လို ဂရုစိုက်မလဲ။


 ၁။ ပုံမှန် ရေချိုးပေးပါ။


 မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နွရောသီလို ပူပြင်းခြောက်သွေ့တဲ့ အချိန်မျိုးမှာ ချွေးအရမ်းထွက်တာကြောင့် ကိုယ်ခန္ဓာမှာ ဘက်တီးရီးယား အောင်းနေဖို့ ပိုပြီးလွယ်တဲ့အတွက် ရေများများ ချိုးပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ချွေးနံ့ပြင်းတဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာ၊ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့လည်း အရေးကြီးပါတယ်။


 ၂။ ရေကို ခြောက်အောင် သုတ်ပါ။


 ရေချိုးပြီးတာနဲ့ မသုတ်ဘဲ ရေစိုအတိုင်း အဝတ်ဝတ်တာမျိုးက အရေပြားမှာ မှိုပိုးစွဲကပ်ဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် ရေကို ခြောက်အောင် သုတ်ပါ။ ခြောက်သွားပြီဆိုမှ သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။


 ၃။ အမွေးအမျှင်များကို ရိတ်ပါ။


 အမွေး အရှည်ထားရင် ယောက်ျားပီသတယ်လို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ဆိုတော့ အပြစ်မပြောလိုပါဘူး။ သတိထားဖို့ လိုတာကတော့ အမွေးထူတဲ့ နေရာတွေမှာ ချွေးပိုထွက်ပါတယ်၊ ချွေးထွက်များပြီး ဘက်တီးရီးယားပိုးတွေ အောင်းနေတဲ့အခါ အနံ့ပိုနံပါတယ်။ အထူးသဖြင့် ချိုင်း၊ လိင်အင်္ဂါတစ်ဝိုက်မှာ အမွေးတွေ ရှည်နေရင် ပိုအနံ့ပြင်းတတ်ပါတယ်။ ဒါကြောင့် လုံးဝမရိတ်ပစ်ရင်တောင် ကပ်ကြေးနဲ့ ပါးသွားအောင် ညှပ်ပေးနိုင်ရင်တော့ ချွေးနံ့ပြင်းတဲ့ ပြဿနာကို ထိန်းချုပ်နိုင်မှာပါ။


 ၄။ ပေါင်ဒါ ရိုက်ပေးပါ။


 ကလေး ပေါင်ဒါမျိုးတွေကို ချိုင်း၊ ပေါင်ခြံမှာ မထူမပါး လိမ်းပေးခြင်းဖြင့် ချွေးမရမ်း မထွက်စေသလို အနံ့လည်း အရမ်းပြင်းတော့မှာ မဟုတ်ပါဘူး။


 ၅။ အဝတ်အစားကို သေချာရွေးချယ်ပါ။


 ကိုယ့်အိမ်မှာကိုယ် နေရင်တော့ ချည်သား စွပ်ကျယ်၊ တီရှပ်အပါး၊ ဘောင်းဘီအတို၊ ပုဆိုးတွေလောက်ပဲ ဝတ်ပါ။ အတွင်းခံ မဝတ်ထားပါနဲ့။ ပန်ကာ သို့မဟုတ် အဲကွန်းကို အခန်းထဲမှာ ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ချွေးထွက်လာပြီဆိုရင် ယပ်တောင်နဲ့ ဖြည်းဖြည်းခပ်ပေးပါ။ အပြင်သွားတော့မယ်ဆိုရင် ချည်သား အဝတ်မျိုးကို ဝတ်ဆင်ပါ။ အရမ်းကျပ်ထုတ်နေတာမျိုး၊ ဂျင်းသား၊ စပန့်သား၊ နိုင်လွန်သား အဝတ်တွေ မဝတ်ပါနဲ့။ ချိုင်းလိမ်းဆီ လိမ်းတာ၊ ရေမွှေးဆွတ်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။


 ၆။ အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။


 ချွေးထွက်လို့ ရေချိုးပြီးရင် အဲဒီအဝတ်အစားတွေကို ပြန်မဝတ်ပါနဲ့။ အလုပ်က ပြန်လာရင်လည်း ချွေးတိတ်ပြီဆိုတာနဲ့ ရေအမြန် ချိုးပါ။ လျှော်မယ့်နေရာမှာ ထားပြီး အဝတ်တွေကို မြန်မြန်လျှော်ပါ။ အားကစား လုပ်တဲ့သူတွေဆိုရင် ရေမချိုးခင်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်ထားပြီးမှ ရေချိုး၊ အဝတ်အစားလဲပါ။


 တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသာ သေချာလေး ဂရုစိုက်ပေးရင် အမျိုးသားတွေအတွက် အရေပြား ပြဿနာတွေလည်း ကင်းဝေးစေသလို ကိုယ်ခန္ဓာကနေ အနံ့ဆိုးတွေ ထွက်တာကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်မှာပါ။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


 Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

အမ်ိဳးသားမ်ားအတြက္ ႏြေရာသီ တစ္ကိုယ္ေရသန႔္ရွင္းေရးလမ္းၫႊန္




စာေရးသူ ဓာတ္ပုံ Ye Myo Myat မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


အမ်ိဳးသားမ်ားအတြက္ ႏြေရာသီ တစ္ကိုယ္ေရသန႔္ရွင္းေရးလမ္းၫႊန္

 ခုဆိုရင္ ရာသီဥတုက ေတာ္ေတာ္ေလး ပူတယ္ေနာ္။ တခ်ိဳ႕ရက္ေတြမွာေတာ့ မိုး႐ြာတတ္ေပမယ့္ ခဏေလး ႐ြာၿပီးရင္လည္း ျပန္ပူတာပါပဲ။ ႏြေရာသီရဲ႕ မေကာင္းဆုံးအခ်က္ကို ေျပာပါဆိုရင္ ေခြၽးထြက္တဲ့ ျပႆနာပါ။ အထူးသျဖင့္ ေယာက္်ားေလးေတြအတြက္ တစ္ကိုယ္ေရ သန႔္ရွင္းေရးကို ေသခ်ာ ဂ႐ုစိုက္သင့္တဲ့ ရာသီမ်ိဳးပါ။ ေယာက္်ားေလးေတြက မိန္းကေလးေတြနဲ႕ ယွဥ္လိုက္ရင္ လႈပ္ရွားမႈမ်ားတဲ့အတြက္ ေခြၽးပိုထြက္သလို ေခြၽးနံ႕ကလည္း ပိုျပင္းပါတယ္။


 တစ္ကိုယ္ေရသန႔္ရွင္းမႈဟာ ဘာလို႔ အေရးႀကီးတာလဲ။


 တစ္ကိုယ္ေရ သန႔္ရွင္းမွသာ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ေပၚမွာ ဘက္တီးရီးယားပိုး ေပါက္ဖြားမႈ ကင္းေဝးၿပီး အေရျပားနဲ႕ တျခားက်န္းမာေရး ျပႆနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးနိုင္မွာပါ။ ေယာက္်ားေလးေတြဆိုရင္ ပိုၿပီးေတာင္ တစ္ကိုယ္ေရ သန႔္ရွင္းေရးကို အေလးထားဖို႔ လိုပါတယ္။ အဓိက ေခြၽးထြက္ေစတတ္တဲ့ အေၾကာင္းရင္းနဲ႕ ဘယ္ေနရာမွာ ေခြၽးပိုထြက္လဲ၊ ကိုယ့္ဆီကေန ကိုယ္နံ႕ အရမ္းမျပင္းဖို႔ ဘာေတြ လုပ္သင့္လဲသိထားမွ မလိုလားအပ္တဲ့ အေရျပားေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္နိုင္မွာပါ။


 ေယာက္်ားေလးေတြ တစ္ကိုယ္ေရသန႔္ရွင္းမႈကို ဘယ္လို ဂ႐ုစိုက္မလဲ။


 ၁။ ပုံမွန္ ေရခ်ိဳးေပးပါ။


 မနက္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေရခ်ိဳးေပးနိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ ႏြေရာသီလို ပူျပင္းေျခာက္ေသြ႕တဲ့ အခ်ိန္မ်ိဳးမွာ ေခြၽးအရမ္းထြက္တာေၾကာင့္ ကိုယ္ခႏၶာမွာ ဘက္တီးရီးယား ေအာင္းေနဖို႔ ပိုၿပီးလြယ္တဲ့အတြက္ ေရမ်ားမ်ား ခ်ိဳးေပးနိုင္ရင္ အေကာင္းဆုံးပါပဲ။ ေရခ်ိဳးတဲ့အခါမွာ ေခြၽးနံ႕ျပင္းတဲ့ ခ်ိဳင္း၊ ေပါင္ၿခံ၊ လိင္အဂၤါကို ဆပ္ျပာ၊ ေရနဲ႕ ေသခ်ာတိုက္ခြၽတ္ေဆးေၾကာဖို႔လည္း အေရးႀကီးပါတယ္။


 ၂။ ေရကို ေျခာက္ေအာင္ သုတ္ပါ။


 ေရခ်ိဳးၿပီးတာနဲ႕ မသုတ္ဘဲ ေရစိုအတိုင္း အဝတ္ဝတ္တာမ်ိဳးက အေရျပားမွာ မွိုပိုးစြဲကပ္ဖို႔ အရမ္းလြယ္ကူပါတယ္။ ဒါေၾကာင့္ ေရခ်ိဳးၿပီးရင္ ေရကို ေျခာက္ေအာင္ သုတ္ပါ။ ေျခာက္သြားၿပီဆိုမွ သန႔္ရွင္းတဲ့ အဝတ္အစားေတြ ဝတ္ဆင္ပါ။


 ၃။ အေမြးအမွ်င္မ်ားကို ရိတ္ပါ။


 အေမြး အရွည္ထားရင္ ေယာက္်ားပီသတယ္လို႔ ေတာ္ေတာ္မ်ားမ်ား ထင္တတ္ၾကပါတယ္။ ဒါကေတာ့ ကိုယ့္အယူအဆနဲ႕ ကိုယ္ဆိုေတာ့ အျပစ္မေျပာလိုပါဘူး။ သတိထားဖို႔ လိုတာကေတာ့ အေမြးထူတဲ့ ေနရာေတြမွာ ေခြၽးပိုထြက္ပါတယ္၊ ေခြၽးထြက္မ်ားၿပီး ဘက္တီးရီးယားပိုးေတြ ေအာင္းေနတဲ့အခါ အနံ႕ပိုနံပါတယ္။ အထူးသျဖင့္ ခ်ိဳင္း၊ လိင္အဂၤါတစ္ဝိုက္မွာ အေမြးေတြ ရွည္ေနရင္ ပိုအနံ႕ျပင္းတတ္ပါတယ္။ ဒါေၾကာင့္ လုံးဝမရိတ္ပစ္ရင္ေတာင္ ကပ္ေၾကးနဲ႕ ပါးသြားေအာင္ ညွပ္ေပးနိုင္ရင္ေတာ့ ေခြၽးနံ႕ျပင္းတဲ့ ျပႆနာကို ထိန္းခ်ဳပ္နိုင္မွာပါ။


 ၄။ ေပါင္ဒါ ရိုက္ေပးပါ။


 ကေလး ေပါင္ဒါမ်ိဳးေတြကို ခ်ိဳင္း၊ ေပါင္ၿခံမွာ မထူမပါး လိမ္းေပးျခင္းျဖင့္ ေခြၽးမရမ္း မထြက္ေစသလို အနံ႕လည္း အရမ္းျပင္းေတာ့မွာ မဟုတ္ပါဘူး။


 ၅။ အဝတ္အစားကို ေသခ်ာေ႐ြးခ်ယ္ပါ။


 ကိုယ့္အိမ္မွာကိုယ္ ေနရင္ေတာ့ ခ်ည္သား စြပ္က်ယ္၊ တီရွပ္အပါး၊ ေဘာင္းဘီအတို၊ ပုဆိုးေတြေလာက္ပဲ ဝတ္ပါ။ အတြင္းခံ မဝတ္ထားပါနဲ႕။ ပန္ကာ သို႔မဟုတ္ အဲကြန္းကို အခန္းထဲမွာ ဖြင့္ထားေပးပါ။ ဒါမွမဟုတ္ ေခြၽးထြက္လာၿပီဆိုရင္ ယပ္ေတာင္နဲ႕ ျဖည္းျဖည္းခပ္ေပးပါ။ အျပင္သြားေတာ့မယ္ဆိုရင္ ခ်ည္သား အဝတ္မ်ိဳးကို ဝတ္ဆင္ပါ။ အရမ္းက်ပ္ထုတ္ေနတာမ်ိဳး၊ ဂ်င္းသား၊ စပန႔္သား၊ နိုင္လြန္သား အဝတ္ေတြ မဝတ္ပါနဲ႕။ ခ်ိဳင္းလိမ္းဆီ လိမ္းတာ၊ ေရေမႊးဆြတ္တာမ်ိဳး လုပ္ေပးနိုင္ရင္ ပိုေကာင္းပါတယ္။


 ၆။ အဝတ္အစားေတြကို ပုံမွန္ေလွ်ာ္ပါ။


 ေခြၽးထြက္လို႔ ေရခ်ိဳးၿပီးရင္ အဲဒီအဝတ္အစားေတြကို ျပန္မဝတ္ပါနဲ႕။ အလုပ္က ျပန္လာရင္လည္း ေခြၽးတိတ္ၿပီဆိုတာနဲ႕ ေရအျမန္ ခ်ိဳးပါ။ ေလွ်ာ္မယ့္ေနရာမွာ ထားၿပီး အဝတ္ေတြကို ျမန္ျမန္ေလွ်ာ္ပါ။ အားကစား လုပ္တဲ့သူေတြဆိုရင္ ေရမခ်ိဳးခင္မွာ အားကစား၊ ေလ့က်င့္ခန္း လုပ္ထားၿပီးမွ ေရခ်ိဳး၊ အဝတ္အစားလဲပါ။


 တစ္ကိုယ္ေရ သန႔္ရွင္းမႈကိုသာ ေသခ်ာေလး ဂ႐ုစိုက္ေပးရင္ အမ်ိဳးသားေတြအတြက္ အေရျပား ျပႆနာေတြလည္း ကင္းေဝးေစသလို ကိုယ္ခႏၶာကေန အနံ႕ဆိုးေတြ ထြက္တာကိုလည္း အနည္းငယ္ ထိန္းခ်ဳပ္နိုင္မွာပါ။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။


 Hello Health Group သည္ ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

Wednesday, October 27, 2021

ရေမွှေးဝယ်တာနဲ့ ပက်သက်ပြီး

ရေမွှေးဝယ်တာနဲ့ ပက်သက်ပြီး သိသလောက် အကြံပေးပါရစေ




#Perfume

#Buyer_guide

#ရေမွှေး၀ယ်ခြင်း


(ယနေ့ခေတ်မယ် ရေမွှေးဆိုတာ နေ့စဉ်မရှိမဖြစ်သုံးတဲ့ အလှကုန်ပစ္စည်းတစ်ခုအသွင်ဆောင်လာပါပြီ။ ကိုယ်ခန္ဓာကထွက်တဲ့ ချေွးနံ့တွေ၊ အနံ့အသက်မကောင်းတာတွေဖုံးလွှမ်းစေလိုလို့ပဲဖြစ်ဖြစ်၊ သပ်ရပ်သန့်ရှင်းသော တကိုယ်ရည်ဂရုစိုက်မှုအနေနဲ့ဖြစ်ဖြစ်၊ ကိုယ့်ကိုယ့်ကို ယုံကြည်စိတ် ရဲ၀့ံစိတ်ရှိနေအောင်လို့ပဲဆိုဆို ရေမွှေးကို အသုံးပြုကြပါတယ်။ ဖော်စပ်ပုံ၊ ပါ၀င်ပစ္စည်း၊ ထုတ်လုပ်သူရဲ့ယုံကြည်ထိုက်မှုတွေ ကိုကြည့်ရှုရမယ့်အပြင် ဘယ္လိုရာသီ ဘယ်လိုအချိန်မှာ ဆွတ်ဖြန်းသုံးစွဲရမယ်ဆိုတာလည်းသိထားရပါမယ်။ နာမည်ကြီးတံဆိပ်ကို ပုံတူကူးထုတ်တာ၊ အတုလုပ်ရောင်းချတာတွေလည်းရှိတတ်တော့ စိတ်ချရမယ့် အရောင်းကိုယ်စားလှယ်ဆိုင်တွေကိုသာရွေး၀ယ်ဖို့ အကြံပေးလိုပါတယ်။)


#ရေမွှေးမဝယ်ခင်


၁/ ကိုယ်တကယ်စိတ်ထဲက လိုချင်တဲ့ရနံ့ကို အရင်ဆုံး စဉ်းစားထားသင့်တယ်။

သင်းသင်းလေးနဲ့တနေကုန်စွဲရမယ်ဆိုတာမျိုးတော့ မရပါဘူး။ ရနံ့သင်းရင် နာရီပိုင်းလောက်နဲ့ လူတစ်ယောက်ရဲ့ အာရုံကို ယဉ်သွားစေလို့ ရနံ့စွဲတာလိုချင်ရင် ရနံ့နည်းနည်းလေးတာကို စဉ်းစားသင့်ပါတယ်။


၂/ ဖြစ်နိုင်ရင် Sample Card (သို့) Mini လေးတွေ အရင်ဆုံး စမ်းသုံးသင့်ပါတယ်။ အဲဒါလေးတွေက မတန်ဘူးထင်ရပေမယ့် တကယ်တန်း ပုလင်းကြီးဝယ်ပြီးမှ မကြိုက်တာနဲ့စာရင် တန်ပါသေးတယ်။ နောက် Option တစ္ခုက ကိုယ်လိုချင်တဲ့ရေမွှေးကို ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲက သုံးနေတဲ့သူရှိရင် တခါလောက် စမ်းသုံးသင့်ပါတယ်။ ငွေလည်း မကုန်တော့ဘူးပေါ့။


၃/ရေမွှေးပုလင်းကြီး တခါတည်း ဝယ်မယ်ဆိုရင် ကိုယ်အချိန်ပေးစမ်းလို့ရအောင် ရေမွှေးဝယ်ဖို့ သီးသန့်အချိန်ထုတ်ပါ။ ပြီးရင် ရနံ့စမ်းပေးတဲ့ ကိုယ်စိတ်ချတဲ့ဆိုင်မှာ အနည်းဆုံးအချိန် ၁/၂နာရီလောက် ပေးပြီး စမ်းပါ။


#ရေမွှေးဝယ်စဉ် 


၄/ ရနံ့စမ်းတဲ့အခါ အကောင်းဆုံးက ရနံ့စမ်းတဲ့စက္ကူတစ်မျိုး (ရနံ့လုံးဝမပါဘဲ စုပ်ယူအားကောင်းတဲ့ စာရွက်) မွာ စမ်းတာက အကောင်းဆုံးပါ။ အဲဒါမှရေမွှေးရဲ့ ပင်ကိုယ် ရနံ့ကို ဝေခွဲလို့ရမှာပါ။ ခန္ဓာကိုယ်အရေပြားမှာ စမ်းရင်ကောင်းတယ်ဆိုတာကလည်း ချွတ်ယွင်းချက်ရှိပါတယ်။ တခါတေလ Sea Food Hot Pot တွေ စားပြီး နောက်ရက်တွေ ကိုယ့်ချွေးနံ့ပုံမှန်မဟုတ်တာ ကြုံဖူးမှာပါ။ အဲတော့ အရေအပြားပေါ်က ရနံ့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပင်ကိုယ်ရနံ့ကို မခံစားမိဘဲနေမှာလေ။ အများအားဖြင့် ရေမွှေးကို အဝတ်အစားပေါ်မှာ သုံးကြရတာဆိုတော့ ဦးဆုံး စက္ကူပေါ်မှာ စမ်းလိုက်ပါ။


၅/ ရနံ့စမ်းရှူတဲ့အခါ ပင့်ရှုတာမျိုးကို လုံးဝရှောင်သင့်တယ်။ ရနံ့ရရုံ စက္ကူလေးကို ယပ်ခတ်ပြီးထွက်လာတဲ့ ရနံ့ကို ခံစားကြည့်ပါ။ ကိုယ်ကြိုက်တဲ့ရနံ့တွေ့ပြီဆို ၁၀/၁၅မိနိစ်လောက် ကိုယ့်အာရုံပြောင်းသွားအောင် နေလိုက်ပါ။ ပြီးရင် စက္ကူလေးခပ်ပြီးထပ်ရှုကြည့်ပါ။ အဲရေမွှေးကို ကြိုက်နေသေးတယ်ဆို ဝယ်ဖို့စဉ်းစားပါ။


၆/ ကိုယ်ကြိုက်တာက ရနံ့အီတာ စွဲတာမှဆိုရင် ရနံ့သင်းတာမျိုးကို ကြိုက်နေရင်တောင် ရှောင်သင့်ပါတယ်။ ကြိုက်လို့ စမ်းပြီး ဝယ်ပြီးကာမှ အိမ်ရောက်ပြီး ၁နာရီလောက်နေတာနဲ့ ရနံ့မရှိတော့သလို ခံစားသွားရပါမယ်။


၇/ ကိုယ့်အာရုံကယဉ်လို့ သင်းတာမျိုးလိုရင်လည်း ရနံ့ခပ်ပြင်းပြင်း သူများပြောတာတွေ ရှောင်သင့်ပါတယ်။ ကောင်းတယ်ဆိုလို့ဝယ်ပြီး ကိုယ္သုံးတဲ့အခါ ခေါင်းကိုက်တာမျိုး ကြုံရတတ်ပါတယ်။


၈/ ကိုယ်တိုင်ဆိုင်သွားဝယ်ပြီဆို အကောင်းဆုံးက ကိုယ်လိုချင်တဲ့ရနံ့ကို ကိုယ်သုံးချင်တဲ့ဈေးနဲ့ သင့်တော်တာ ဆိုင်သမားကို ရှာခိုင်းပြီး ကိုယ်တိုင် နှလုံးသားဖွင့်ပြီး စိတ်ကြိုက်ရနံ့စမ်းပါ။ ရွေးပြီးဝယ်ပြီးတာနဲ့ ဆိုင်မှာ ဖွင့်ကြည့်ပြီး ရေမွှေးကို စစ်ဆေးပါ။ စက်တွေနဲ့ Manufacturing လုပ်ထားလို့ Spray ခေါင်းအလုပ်မလုပ်တဲ့ Errorတွေ ကြုံရတတ်လို့ပါ။ ဒါကလည်း ပုလင်း၁သိန်းမှာ ၁လုံးပါ။ အဲ၁လုံးကိုယ့်မှာ လာဖြစ်ရင်?


#ဝယ်ပြီးလို့သုံးတဲ့အခါ


၉/ ကိုယ့်စိတ်ကြိုက်ရွေးပြီး ဝယ်လာတဲ့ရေမွှေးကို အမြတ်တနိုးနဲ့စသုံးသင့်ပါတယ်။ စသုံးတဲ့ရက္ကို အာရုံကြည်တဲ့နေ့ (စိတ်ရှုပ်နေတာမျိုးမဟုတ်ဘဲ) ညနေခင်းဘက်လောက် အပြင်သွားခါနီး ရေချိုးပြီးတဲ့အခါ ညာလည်တိုင်နားတစ်ချက်၊ ဘယ်လည်တိုင်နားတစ်ချက် စသုံးပါ။ ရေမွှေးဖြန်းတဲ့အခါ တစ်ထွာတစ်မိုက်အကွာကနေဖြန်းရပါတယ်။ Spray ခေါင်းတွေ ရဲ့ ဖြန်းထွက်တဲ့ Performance ကိုသုံးပါ။


#ဝယ်ပြီးသုံးပြီးအဆင်မပြေတဲ့အခါ


၁၀/ စိတ်ကြိုက်ရွေးမွှေးရွေးဝယ်ပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတဲ့အခါ ကိုယ်ဝယ်တဲ့ဆိုင်ကို ချက်ချင်းအကြောင်း ကြားပြီး ဆွေးနွေးတိုင်ပင်တာအကောင်းဆုံးပါ။ Branded ရေမွှေးအစစ်တွေက တစ်နာရီလောက်ပဲခံတယ်ဆိုတာ မရွိပါဘူး။ အဲလိုဖြစ်ရင် အကြောင်းရင်းက အထာအသိုမှားလို့ဖြစ်တာပါ။ ချက်ချင်းဆိုင်သမားကိုအကျိုးအကြောင်းပြောပြီး အဖြေရှာသင့်ပါတယ်။


နတ်ပြည်ကအရသာတွေထဲမှာ အမွှေးနံ့သာကလည်းတစ်ခုအပါအဝင်ပါ။ ကိုယ့်စိတ်ကြိုက်ရေမွှေးတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူ သုံးစွဲပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။


 ေရေမႊးဝယ္တာနဲ႕ ပက္သက္ၿပီး သိသေလာက္ အႀကံေပးပါရေစ




#Perfume

#Buyer_guide

#ေရေမႊး၀ယ္ျခင္း


(ယေန႔ေခတ္မယ္ ေရေမႊးဆိုတာ ေန႔စဥ္မရွိမျဖစ္သံုးတဲ့ အလွကုန္ပစၥည္းတစ္ခုအသြင္ေဆာင္လာပါျပီ။ ကိုယ္ခႏၶာကထြက္တဲ့ ေခၽြးနံ႔ေတြ၊ အနံ႔အသက္မေကာင္းတာေတြဖံုးလႊမ္းေစလိုလို႔ပဲျဖစ္ျဖစ္၊ သပ္ရပ္သန္႔ရွင္းေသာ တကိုယ္ရည္ဂရုစိုက္မႈအေနနဲ႔ျဖစ္ျဖစ္၊ ကိုယ့္ကိုယ့္ကို ယံုၾကည္စိတ္ ရဲ၀့ံစိတ္ရွိေနေအာင္လို႔ပဲဆိုဆို ေရေမႊးကို အသံုးျပဳၾကပါတယ္။ ေဖာ္စပ္ပံု၊ ပါ၀င္ပစၥည္း၊ ထုတ္လုပ္သူရဲ႕ယံုၾကည္ထိုက္မႈေတြ ကိုၾကည့္ရႈရမယ့္အျပင္ ဘယ္လိုရာသီ ဘယ္လိုအခ်ိန္မွာ ဆြတ္ျဖန္းသံုးစြဲရမယ္ဆိုတာလည္းသိထားရပါမယ္။ နာမည္ၾကီးတံဆိပ္ကို ပံုတူကူးထုတ္တာ၊ အတုလုပ္ေရာင္းခ်တာေတြလည္းရွိတတ္ေတာ့ စိတ္ခ်ရမယ့္ အေရာင္းကိုယ္စားလွယ္ဆိုင္ေတြကိုသာေရြး၀ယ္ဖို႔ အၾကံေပးလိုပါတယ္။)


#ေရေမႊးမဝယ္ခင္


၁/ ကိုယ္တကယ္စိတ္ထဲက လိုခ်င္တဲ့ရနံ႕ကို အရင္ဆုံး စဥ္းစားထားသင့္တယ္။

သင္းသင္းေလးနဲ႕တေနကုန္စြဲရမယ္ဆိုတာမ်ိဳးေတာ့ မရပါဘူး။ ရနံ႕သင္းရင္ နာရီပိုင္းေလာက္နဲ႕ လူတစ္ေယာက္ရဲ႕ အာ႐ုံကို ယဥ္သြားေစလို႔ ရနံ႕စြဲတာလိုခ်င္ရင္ ရနံ႕နည္းနည္းေလးတာကို စဥ္းစားသင့္ပါတယ္။


၂/ ျဖစ္နိုင္ရင္ Sample Card (သို႔) Mini ေလးေတြ အရင္ဆုံး စမ္းသုံးသင့္ပါတယ္။ အဲဒါေလးေတြက မတန္ဘူးထင္ရေပမယ့္ တကယ္တန္း ပုလင္းႀကီးဝယ္ၿပီးမွ မႀကိဳက္တာနဲ႕စာရင္ တန္ပါေသးတယ္။ ေနာက္ Option တစ္ခုက ကိုယ္လိုခ်င္တဲ့ေရေမႊးကို ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြထဲက သုံးေနတဲ့သူရွိရင္ တခါေလာက္ စမ္းသုံးသင့္ပါတယ္။ ေငြလည္း မကုန္ေတာ့ဘူးေပါ့။


၃/ေရေမႊးပုလင္းႀကီး တခါတည္း ဝယ္မယ္ဆိုရင္ ကိုယ္အခ်ိန္ေပးစမ္းလို႔ရေအာင္ ေရေမႊးဝယ္ဖို႔ သီးသန႔္အခ်ိန္ထုတ္ပါ။ ၿပီးရင္ ရနံ႕စမ္းေပးတဲ့ ကိုယ္စိတ္ခ်တဲ့ဆိုင္မွာ အနည္းဆုံးအခ်ိန္ ၁/၂နာရီေလာက္ ေပးၿပီး စမ္းပါ။


#ေရေမႊးဝယ္စဥ္ 


၄/ ရနံ႕စမ္းတဲ့အခါ အေကာင္းဆုံးက ရနံ႕စမ္းတဲ့စကၠဴတစ္မ်ိဳး (ရနံ႕လုံးဝမပါဘဲ စုပ္ယူအားေကာင္းတဲ့ စာ႐ြက္) မွာ စမ္းတာက အေကာင္းဆုံးပါ။ အဲဒါမွေရေမႊးရဲ႕ ပင္ကိုယ္ ရနံ႕ကို ေဝခြဲလို႔ရမွာပါ။ ခႏၶာကိုယ္အေရျပားမွာ စမ္းရင္ေကာင္းတယ္ဆိုတာကလည္း ခြၽတ္ယြင္းခ်က္ရွိပါတယ္။ တခါတေလ Sea Food Hot Pot ေတြ စားၿပီး ေနာက္ရက္ေတြ ကိုယ့္ေခြၽးနံ႕ပုံမွန္မဟုတ္တာ ႀကဳံဖူးမွာပါ။ အဲေတာ့ အေရအျပားေပၚက ရနံ႕ကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပင္ကိုယ္ရနံ႕ကို မခံစားမိဘဲေနမွာေလ။ အမ်ားအားျဖင့္ ေရေမႊးကို အဝတ္အစားေပၚမွာ သုံးၾကရတာဆိုေတာ့ ဦးဆုံး စကၠဴေပၚမွာ စမ္းလိုက္ပါ။


၅/ ရနံ႕စမ္းရႉတဲ့အခါ ပင့္ရႈတာမ်ိဳးကို လုံးဝေရွာင္သင့္တယ္။ ရနံ႕ရ႐ုံ စကၠဴေလးကို ယပ္ခတ္ၿပီးထြက္လာတဲ့ ရနံ႕ကို ခံစားၾကည့္ပါ။ ကိုယ္ႀကိဳက္တဲ့ရနံ႕ေတြ႕ၿပီဆို ၁၀/၁၅မိနိစ္ေလာက္ ကိုယ့္အာ႐ုံေျပာင္းသြားေအာင္ ေနလိုက္ပါ။ ၿပီးရင္ စကၠဴေလးခပ္ျပီးထပ္ရႈၾကည့္ပါ။ အဲေရေမႊးကို ႀကိဳက္ေနေသးတယ္ဆို ဝယ္ဖို႔စဥ္းစားပါ။


၆/ ကိုယ္ႀကိဳက္တာက ရနံ႕အီတာ စြဲတာမွဆိုရင္ ရနံ႕သင္းတာမ်ိဳးကို ႀကိဳက္ေနရင္ေတာင္ ေရွာင္သင့္ပါတယ္။ ႀကိဳက္လို႔ စမ္းၿပီး ဝယ္ၿပီးကာမွ အိမ္ေရာက္ၿပီး ၁နာရီေလာက္ေနတာနဲ႕ ရနံ႕မရွိေတာ့သလို ခံစားသြားရပါမယ္။


၇/ ကိုယ့္အာ႐ုံကယဥ္လို႔ သင္းတာမ်ိဳးလိုရင္လည္း ရနံ႕ခပ္ျပင္းျပင္း သူမ်ားေျပာတာေတြ ေရွာင္သင့္ပါတယ္။ ေကာင္းတယ္ဆိုလို႔ဝယ္ၿပီး ကိုယ္သုံးတဲ့အခါ ေခါင္းကိုက္တာမ်ိဳး ႀကဳံရတတ္ပါတယ္။


၈/ ကိုယ္တိုင္ဆိုင္သြားဝယ္ၿပီဆို အေကာင္းဆုံးက ကိုယ္လိုခ်င္တဲ့ရနံ႕ကို ကိုယ္သုံးခ်င္တဲ့ေစ်းနဲ႕ သင့္ေတာ္တာ ဆိုင္သမားကို ရွာခိုင္းၿပီး ကိုယ္တိုင္ ႏွလုံးသားဖြင့္ၿပီး စိတ္ႀကိဳက္ရနံ႕စမ္းပါ။ ေ႐ြးၿပီးဝယ္ၿပီးတာနဲ႕ ဆိုင္မွာ ဖြင့္ၾကည့္ၿပီး ေရေမႊးကို စစ္ေဆးပါ။ စက္ေတြနဲ႕ Manufacturing လုပ္ထားလို႔ Spray ေခါင္းအလုပ္မလုပ္တဲ့ Errorေတြ ႀကဳံရတတ္လို႔ပါ။ ဒါကလည္း ပုလင္း၁သိန္းမွာ ၁လုံးပါ။ အဲ၁လုံးကိုယ့္မွာ လာျဖစ္ရင္?


#ဝယ္ၿပီးလို႔သုံးတဲ့အခါ


၉/ ကိုယ့္စိတ္ႀကိဳက္ေ႐ြးၿပီး ဝယ္လာတဲ့ေရေမႊးကို အျမတ္တနိုးနဲ႕စသုံးသင့္ပါတယ္။ စသုံးတဲ့ရက္ကို အာ႐ုံၾကည္တဲ့ေန႕ (စိတ္ရႈပ္ေနတာမ်ိဳးမဟုတ္ဘဲ) ညေနခင္းဘက္ေလာက္ အျပင္သြားခါနီး ေရခ်ိဳးၿပီးတဲ့အခါ ညာလည္တိုင္နားတစ္ခ်က္၊ ဘယ္လည္တိုင္နားတစ္ခ်က္ စသုံးပါ။ ေရေမႊးျဖန္းတဲ့အခါ တစ္ထြာတစ္မိုက္အကြာကေနျဖန္းရပါတယ္။ Spray ေခါင္းေတြ ရဲ႕ ျဖန္းထြက္တဲ့ Performance ကိုသုံးပါ။


#ဝယ္ၿပီးသုံးၿပီးအဆင္မေျပတဲ့အခါ


၁၀/ စိတ္ႀကိဳက္ေ႐ြးေမႊးေ႐ြးဝယ္ၿပီးကာမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဆင္မေျပတဲ့အခါ ကိုယ္ဝယ္တဲ့ဆိုင္ကို ခ်က္ခ်င္းအေၾကာင္း ၾကားၿပီး ေဆြးေႏြးတိုင္ပင္တာအေကာင္းဆုံးပါ။ Branded ေရေမႊးအစစ္ေတြက တစ္နာရီေလာက္ပဲခံတယ္ဆိုတာ မရွိပါဘူး။ အဲလိုျဖစ္ရင္ အေၾကာင္းရင္းက အထာအသိုမွားလို႔ျဖစ္တာပါ။ ခ်က္ခ်င္းဆိုင္သမားကိုအက်ိဳးအေၾကာင္းေျပာၿပီး အေျဖရွာသင့္ပါတယ္။


နတ္ျပည္ကအရသာေတြထဲမွာ အေမႊးနံ႕သာကလည္းတစ္ခုအပါအဝင္ပါ။ ကိုယ့္စိတ္ႀကိဳက္ေရေမႊးေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝယ္ယူ သုံးစြဲၿပီး ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

Tuesday, August 31, 2021

အသားအရေ ကြည်လင်တောက်ပလာစေမည့် နည်း

အချိန်တစ်လမကြာမီ အသားအရေ ကြည်လင်တောက်ပလာစေမည့် နည်း၂၈ခု 

********************************************************




ညတွင်းချင်း ပြောင်းလဲမသွားပါဘူး။ အသားအရေကြည်လင်လှပမှုမရှိလို့ ဆိုပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ အသားအရေ ကြည်လင်တောက်ပလာစေဖို့အတွက် နေ့တိုင်း နည်းနည်းချင်း ပြောင်းလဲ ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့လိုပါတယ်။ အောက်ပါနည်းလမ်းတွေကို တစ်ရက်မှာ အနည်းဆုံးတစ်နည်း ကျင့်သုံးလိုက်နာမယ်ဆိုရင် အသားအရေက ရက် ၃၀ မတိုင်ခင် သိသိသာသာ ကြည်လင်လှပလာမှာ ဖြစ်ပါတယ်။


(၁) အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ


အသားအရေ ကြည်လင်ဝင်းပလိုသူတွေ လုပ်သင့်တဲ့နည်းပါ။ ဒါပေမယ့် လူအများစုက ဒီနည်းလမ်းကို မေ့လျော့နေတတ်ပါတယ်။ အရေပြား အထူးကုဆရာဝန်က သင့်အသားအရေ အပြစ်အနာအဆာတွေကို ပြုပြင်ကုသပေးမှာဖြစ်သလို နောက်ထပ်အရေပြားပြဿနာတွေ မဖြစ်စေဖို့နဲ့ အသားအရေကြည်လင်လှပနေစေဖို့ရာအတွက် သင့်တော်တဲ့ အကြံဥာဏ်တွေကို ပေးမှာဖြစ်ပါတယ်။ အရေပြားအထူးကု ဆရာဝန်ဆီကို သွားပြတာက သင့်အသားအရေ အလှအပအတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။


(၂) အယ်ကိုဟောသုတ်ထားသည့် ဂွမ်းစဖြင့် ဖုန်းကို သန့်စင်ပါ


ဒီနေ့ခေတ် လူအများစုဟာ ဖုန်းကို အချိန်အများကြီးပေးပြီး ပြောတတ်ကြပေမယ့် ဖုန်းကိုတော့ ပုံမှန်သန့်ရှင်းစင်ကြယ်မှု မလုပ်ဖြစ်ကြပါဘူး။ ဒါကြေင့် ညစ်ပတ်နေတဲ့ ဖုန်းနဲ့ ပြောတဲ့အခါ မျက်နှာအသားအရေကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဖုန်းကြောင့် အသားအရေ အပြစ်အနာအဆာ မဖြစ်လွယ်စေဖို့ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစနဲ့ ဖုန်းမျက်နှာပြင်ကို မကြာခဏ သန့်စင်ပေးပါ။


(၃) ခေါင်းလျှော်ပြီးမှ မျက်နှာသစ်ပါ


ရေချိုးခေါင်းလျှော်ရင်း မျက်နှာသစ်မယ်ဆိုရင် အရင်ဆုံး ခေါင်းလျှော်လိုက်ပါ။ ပြီးမှ မျက်နှာသန့်စင်ဆေး လိမ်းပြီး မျက်နှာသစ်လိုက်ပါ။ ဒိနည်းလမ်းဟာ မျက်နှာအရေပြားပေါ်မှာ ရှမ်ပူနဲ့ ကွန်ဒီရှင်နာ အကြွင်းအကျန်တွေ မကပ်ငြိစေတဲ့နည်းဖြစ်ပါတယ်။ မျက်နှာ အရေပြား ပေါ် ရှမ်ပူနဲ့ ကွန်ဒီရှင်နာတွေ ကပ်ငြိနေရင် အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။


(၄) လုပ်နေကျအကျင့်တစ်ခုရှောင်ရှားပါ


မျက်နှာပေါ် လက်ချောင်းနဲ့ လက်တွေတင်ပြီး ပွတ်သပ်တတ်တဲ့ အကျင့်ဆိုးကို ရှောင်ပါ။ သင့်လက်ပေါ်က ဘက်တီးရီးယားတွေကြောင့် အသားအရေ အပြစ်အနာအဆာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မဆေးကြောရသေးတဲ့ သင့်လက်တွေနဲ့ မျက်နှာပေါ် မအုပ်မိပါစေနဲ့။


(၅) ဆလီးစလစ်အက်စစ်ပါသော မျက်နှာသန့်စင်ဆေးသုံးပါ


အသားအရေကြည်လင်စေမယ့် မျက်နှာသန့်စင်ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုမယ် ဆိုရင် ဆလီးဆလစ်အက်စစ်ပါဝင်တဲ့ သန့်စင်ဆေးကို ရွေးချယ်သုံးစွဲပါ။ ဆလီးစလစ် အက်စစ်က မျက်နှာအရေပြား ဆဲလ်သေတွေကို ကြွေကျစေပြီး ချွေးပေါက်ကျယ်တာကို သိသိသာသာ လျော့ကျစေပါတယ်။


(၆) နူးညံ့သော မျက်နှာသုတ်ပ၀ါဖြင့် အရေပြားကို ခြောက်သွေ့အောင်သန့်စင်ပါ


မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို နူးညံ့တဲ့ မျက်နှာသစ်ပုဝါနဲ့ ခြောက်အောင် သုတ်ပေးပါ။ တချို့ မျက်နှာသုတ်ပုဝါတွေက ကြမ်းတမ်းပြီး အသားအရေကို သေးငယ်တဲ့ပြတ်ရှ ထိခိုက်ရာ တွေ ဖြစ်စေနိုင်သလို အရေပြားထဲကို ဘက်တီးရီးယားပိုးတွေ ၀င်လွယ်စေပါတယ်။


(၇) အပြစ်အနာအဆာများကို ဖုံးအုပ်ပါ


နေ့ဘက်အတွင်း သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားရင် သင့်ကို အလှမပျက ကြည့်ကောင်းစေပါတယ်။ သင့်မျက်နှာအပြစ်အနာအဆာတွေကို ဖုံးအုပ်နိုင်တဲ့ မိတ်ကပ်အမျိုးအစားကို စနစ်တကျ ရွေးချယ်တတ်ရင် ၀က်ခြံအဖုအပိမ့်တွေကိုပါ အနာကျက်

စေနိုင်ပါတယ်။


(၈) နေ့ဘက်တွင် ရက်တီနောအလှကုန်ကို ထိန်းချုပ်သုံးပါ


နေ့ဘက်မှာ နေရောင်ခြည်ကြောင့် ရက်တီနောအလှကုန်တွေရဲ့ အာနိသင် ပျက်ပြယ်မှု ဖြစ်တတ်တဲ့အတွက် နေ့ဘက်မှာ ထိန်းချုပ်အသုံးပြုပါ။


(၉) သကြားရှောင်ပါ

နေ့စဉ် သင် စားသောက်နေကျ အစာထဲမှာ သကြားကို တတ်နိုင်သမျှ ရှောင်ပါ။ အများစုအနေနဲ့ သကြားကို ရှောင်တဲ့အတွက် မျက်နှာအသားအရေ ချက်ချင်းကြည်လင် လာတာကို တွေ့ရတတ်ပါတယ်။


(၁၀) တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုပေါက်နေလျှင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်


တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုက မေးရိုးနေရာတစ်ဝိုက်ပေါက်နေရင် ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ လစဉ်ရာသီလာခါနီးမှာ ဆားကဲတဲ့ အစားအသောက် တွေကို လျှော့စားပါ။ ရေများများသောက်ပြီး အိပ်ရေး၀၀ အိပ်စက်အနားယူပေးပါ။


(၁၁) မျက်နှာလိမ်းဆီဖြင့် အစိုဓာတ်ထိန်းပါ


မျက်နှာအသားအရေ စိုပြည်အောင် ထိန်းသိမ်းနေချိန်မှာ အဆီတစ်မျိုးမျိုး(ဥပမာ- သံလွင်ဆီ၊ ဗက်ဆလင်းအလှဆီ)ကို လိမ်းတာအကောင်းဆုံးပါ။ ဒါမှသာ ဆီကြည်အပိုတွေ မထွက်ရှိစေဘဲ အသားအရေ စိုပြည်နူးညံ့နေမှာ ဖြစ်ပါတယ်။


(၁၂) မိတ်ကပ်ဘရပ်ရ်ှများကို တစ်ပတ်တစ်ကြိမ် ဆေးကြောပါ


မိတ်ကပ်ဘရပ်ရ်ှများကို ဆေးကြောသန့်စင်ဖို့ မေ့လျော့နေပါသလား။ မိတ်ကပ်ဘရပ်ရ်ှတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေက သင့်မျက်နှာပေါ်မှာ ကပ်ငြိရင်း အဖုအပိမ့်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် မိတ်ကပ်ဘရပ်ရ်ှတွေကို သန့်စင်ပေးသင့်ပါတယ်။


(၁၃) မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းပါ


မျက်နှာသစ်ပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကင်းစင်မသွားစေဖို့နဲ့ ချွေးပေါက် ကျဉ်းကာ သန့်ရှင်းစင်ကြယ်နေစေဖို့ တိုနာလိမ်းသင့်ပါတယ်။


(၁၄) စိမ်းစိုသော အသီးအနှံများထည့်စားပါ


အသားအရေ ကြည်လင်သန့်စင်စေဖို့ရာအတွက် နေ့စဉ်စားသောက်တဲ့ အစာထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို ထည့်စဉ်းစားပေးရပါမယ်။


(၁၅) တစ်ပတ်တစ်ကြိမ် ခေါင်းအုံးစွပ်လျှော်ဖွတ်ပါ


တစ်ပတ်မှာ တစ်ကြိမ်ခန့် ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းကိုလျှော်ဖွတ်ပေးပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေရင် သင့်မျက်နှာအသားအရေကို အပြစ် အနာအဆာ ထင်လွယ်စေနိုင်ပါတယ်။


(၁၆) အရေပြားနီမြန်းမှုကိုလျှော့ချပါ


အရေပြားနီမြန်းမှုဖြစ်နေရင် ရေခဲတုံးကပ်တဲ့နည်း ဒါမှမဟုတ် ရေခဲရေဖျန်းတဲ့နည်းနဲ့ အရေပြား နီမြန်းမှုကို လျှော့ချပါ။ နီမြန်းနေတဲ့ ၀က်ခြံအဖုတွေပေါ် ရေခဲကပ်ပေးပါ။


(၁၇) ဆံစပ်တစ်လျှောက် အဖုအပိမ့်ပေါက်လျှင် ရှမ်ပူပြောင်းသုံးပါ


ဆံစပ်နဲ့ ဆံပင် ထိတွေ့နေတဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ပေါက်နေရင် ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်တဲ့အတွက် တခြားဖော်မြူလာနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။


(၁၈) မျက်နှာအသားအရေကို ကြေးချွတ်ပါ


တစ်လမှာ အနည်းဆုံး တစ်ကြိမ်ခန့် မျက်နှာအသားအရေကို ကြေးချွတ်ပေးပါ။ ရှောက်သီး၊ သံပရာသီး၊ ရှလကာရည်အစရှိတဲ့ ကြေးချွတ်ပစ္စည်းတွေ သုံးပြီး မျက်နှာ အသားအရေကို သန့်စင်အောင် ကြေးချွတ်ပေးနိုင်ပါတယ်။


(၁၉) အက်စ်ပရင်နှင့်ပေါင်းတင်ပါ


၀က်ခြံအဖုအကြီးတွေ ပေါက်နေရင် အက်စ်ပရင် ၅-၈ပြားကို ကြိတ်ခြေပြီး ရေနဲ့ ဆေးပျစ်အောင် ဖျော်ကာ ၀က်ခြံအဖုအပိမ့်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညတာအတွင်း အဖုအရွယ်အစား သိသိသာသာ လျော့ပါးသက်သာသွားပါလိမ့်မယ်။


(၂၀) ချွေးပေါက်များကို သန့်စင်ပါ


ချွေးပေါက်ထဲမှာ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန် အစရှိတဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေနိင် တာကြောင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် သန့်စင်ဆေးကြောပေးသင့်ပါတယ်။


(၂၁) ရာသီတိုင်း နေကာခရင်မ်လိမ်းပါ


နွေရာသီမှာတင်မက ဆောင်းတွင်းကာလနဲ့ မိုးရာသိတွေမှာပါ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ သင့်မျက်နှာအတွက် ၀က်ညခံ အဖုအပိမ့်မဖြစ်လွယ်တဲ့ နေကာခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။


(၂၂) အိပ်ရေး၀၀ အိပ်စက်အနားယူပါ


ညဘက်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ရုံသာမက အသားအရေ အပြစ်အနာအဆာတွေကိုလည်း ကင်းစင် သက်သာသွားစေပါတယ်။


(၂၃) တစ်ပတ်တစ်ကြိမ်ပေါင်းတင်ပါ


မျက်နှာအသားအရေ ကြည်လင်လှပစေဖို့ တစ်ပတ်မှာတစ်ကြိမ်ခန့် မျက်နှာသန့်စင်စေတဲ့ ပေါင်းတင်ကပ်ခွာ( Skin Clearing Mask) ကိုသုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။


(၂၄) တစ်နေ့တာအတွင်း ရေများများသောက်ပါ


ရေများများ သောက်တာကြောင့် တစ်နေ့တာအတွင်း စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို အသားအရေကိုလည်း ကြည်လင်ဝင်းပစေပါတယ်။


(၂၅) မိတ်ကပ်မဖျက်ဘဲ အိပ်ရာမ၀င်ရ


မိတ်ကပ်တွေကို သန့်စင်ဆေးကြောမှု မလုပ်ဘဲ အိပ်ရာမ၀င်သင့်ပါဘူး။ ဒါကို စည်းမျဉ်း တစ်ရပ်လို လိုက်နာပါ။ အထူးသဖြင့် မျက်နှာကို အနည်းဆုံး စနိုးတာဝါနဲ့ သန့်စင်ပြီမှ အိပ်ရာဝင်သင့်ပါတယ်။


(၂၆) တစ်ပတ်သုံးကြိမ် လေ့ကျင့်ခန်းလုပ်ပါ


တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ရုံသာမက ချွေးထွက်ကာ အသားအရေကိုလည်း ဟန်ချက်ညီညီ လှပကြည့်ကောင်းစေပါတယ်။


(၂၇) သင့်ခန္ဒာကိုယ်ကိုလည်း မေ့လျော့မထားပါနှင့်


ရေချိုးပြီး အရေပြားကို ခြောက်သွေ့အောင် သုတ်ပြီးချိန်မှာ တစ်ကိုယ်လုံးကို ဘော်ဒီလိုးရှင်း လိမ်းပေးပါ။ ခန္ဒာကိုယ်အသားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါတယ်။


(၂၈) အသားအရေ ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်ပါ


အထက်က အသားအရေ ထိန်းသိမ်းနည်းတွေကို လုပ်ဆောင်ရင်း အသားအရေက သိသိသာသာ ကြည့်ကောင်းလာတယ်ဆိုရင် သင်လိုချင်တဲ့ အတိုင်းအတာအထိ မြင်တွေ့ရစေဖို့ အသားအရေကို ဆက်လက် ထိန်းသိမ်းသွားသင့်ပါတယ်။


မှတ်ချက်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၅၉) မှ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)ရေးသားသော ဆောင်းပါးအား ကောက်နုတ်တင်ပြသည်။


[Zawgyi]အခ်ိန္တစ္လမၾကာမီ အသားအေရ ၾကည္လင္ေတာက္ပလာေစမၫ့္ နည္း၂၈ခု 

********************************************************




ညတြင္းခ်င္း ေျပာင္းလဲမသြားပါဘူး။ အသားအေရၾကည္လင္လွပမႈမရိွလို႔ ဆိုၿပီးလည္း စိတ္ဓာတ္မက်ပါနဲ႔။ အသားအေရ ၾကည္လင္ေတာက္ပလာေစဖို႔အတြက္ ေန့တိုင္း နည္းနည္းခ်င္း ေျပာင္းလဲ ထိန္းသိမ္းမႈေတြ လုပ္ေပးဖို႔လိုပါတယ္။ ေအာက္ပါနည္းလမ္းေတြကို တစ္ရက္မွာ အနည္းဆံုးတစ္နည္း က်င့္သံုးလိုက္နာမယ္ဆိုရင္ အသားအေရက ရက္ ၃၀ မတိုင္ခင္ သိသိသာသာ ၾကည္လင္လွပလာမွာ ျဖစ္ပါတယ္။


(၁) အေရျပားအထူးကုဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေနြးပါ


အသားအေရ ၾကည္လင္ဝင္းပလိုသူေတြ လုပ္သင့္တဲ့နည္းပါ။ ဒါေပမယ့္ လူအမ်ားစုက ဒီနည္းလမ္းကို ေမ့ေလ်ာ့ေနတတ္ပါတယ္။ အေရျပား အထူးကုဆရာဝန္က သင့္အသားအေရ အျပစ္အနာအဆာေတြကို ျပဳျပင္ကုသေပးမွာျဖစ္သလို ေနာက္ထပ္အေရျပားျပႆနာေတြ မျဖစ္ေစဖို႔နဲ႔ အသားအေရၾကည္လင္လွပေနေစဖို႔ရာအတြက္ သင့္ေတာ္တဲ့ အႀကံဥာဏ္ေတြကို ေပးမွာျဖစ္ပါတယ္။ အေရျပားအထူးကု ဆရာဝန္ဆီကို သြားျပတာက သင့္အသားအေရ အလွအပအတြက္ လုပ္သင့္တဲ့ နည္းလမ္းေကာင္း ျဖစ္ပါတယ္။


(၂) အယ္ကိုေဟာသုတ္ထားသၫ့္ ဂြမ္းစျဖင့္ ဖုန္းကို သန႔္စင္ပါ


ဒီေန့ေခတ္ လူအမ်ားစုဟာ ဖုန္းကို အခ်ိန္အမ်ားႀကီးေပးၿပီး ေျပာတတ္ၾကေပမယ့္ ဖုန္းကိုေတာ့ ပံုမွန္သန႔္ရွင္းစင္ၾကယ္မႈ မလုပ္ျဖစ္ၾကပါဘူး။ ဒါေၾကင့္ ညစ္ပတ္ေနတဲ့ ဖုန္းနဲ႔ ေျပာတဲ့အခါ မ်က္ႏွာအသားအေရကို ထိခိုက္မႈ ျဖစ္ေစႏိုင္ပါတယ္။ ဖုန္းေၾကာင့္ အသားအေရ အျပစ္အနာအဆာ မျဖစ္လြယ္ေစဖို႔ အရက္ျပန္ဆြတ္ထားတဲ့ ဂြမ္းစနဲ႔ ဖုန္းမ်က္ႏွာျပင္ကို မၾကာခဏ သန႔္စင္ေပးပါ။


(၃) ေခါင္းေလ်ွာ္ၿပီးမွ မ်က္ႏွာသစ္ပါ


ေရခ်ိဳးေခါင္းေလ်ွာ္ရင္း မ်က္ႏွာသစ္မယ္ဆိုရင္ အရင္ဆံုး ေခါင္းေလ်ွာ္လိုက္ပါ။ ၿပီးမွ မ်က္ႏွာသန႔္စင္ေဆး လိမ္းၿပီး မ်က္ႏွာသစ္လိုက္ပါ။ ဒိနည္းလမ္းဟာ မ်က္ႏွာအေရျပားေပၚမွာ ရွမ္ပူနဲ႔ ကြန္ဒီရွင္နာ အႂကြင္းအက်န္ေတြ မကပ္ၿငိေစတဲ့နည္းျဖစ္ပါတယ္။ မ်က္ႏွာ အေရျပား ေပၚ ရွမ္ပူနဲ႔ ကြန္ဒီရွင္နာေတြ ကပ္ၿငိေနရင္ အသားအေရကို စပ္ဖ်ဉ္းဖ်ဉ္း ျဖစ္ေစႏိုင္ပါတယ္။


(၄) လုပ္ေနက်အက်င့္တစ္ခုေရွာင္ရွားပါ


မ်က္ႏွာေပၚ လက္ေခ်ာင္းနဲ႔ လက္ေတြတင္ၿပီး ပြတ္သပ္တတ္တဲ့ အက်င့္ဆိုးကို ေရွာင္ပါ။ သင့္လက္ေပၚက ဘက္တီးရီးယားေတြေၾကာင့္ အသားအေရ အျပစ္အနာအဆာကို ပိုဆိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ မေဆးေၾကာရေသးတဲ့ သင့္လက္ေတြနဲ႔ မ်က္ႏွာေပၚ မအုပ္မိပါေစနဲ႔။


(၅) ဆလီးစလစ္အက္စစ္ပါေသာ မ်က္ႏွာသန႔္စင္ေဆးသံုးပါ


အသားအေရၾကည္လင္ေစမယ့္ မ်က္ႏွာသန႔္စင္ေဆးအမ်ိဳးအစားကို ေရြးခ်ယ္အသံုးျပဳမယ္ ဆိုရင္ ဆလီးဆလစ္အက္စစ္ပါဝင္တဲ့ သန႔္စင္ေဆးကို ေရြးခ်ယ္သံုးစြဲပါ။ ဆလီးစလစ္ အက္စစ္က မ်က္ႏွာအေရျပား ဆဲလ္ေသေတြကို ေႂကြက်ေစၿပီး ေခြၽးေပါက္က်ယ္တာကို သိသိသာသာ ေလ်ာ့က်ေစပါတယ္။


(၆) ႏူးညံ့ေသာ မ်က္ႏွာသုတ္ပဝါျဖင့္ အေရျပားကို ေျခာက္ေသြ့ေအာင္သန႔္စင္ပါ


မ်က္ႏွာသစ္ၿပီးတဲ့အခါ မ်က္ႏွာကို ႏူးညံ့တဲ့ မ်က္ႏွာသစ္ပုဝါနဲ႔ ေျခာက္ေအာင္ သုတ္ေပးပါ။ တခ်ိဳ႕ မ်က္ႏွာသုတ္ပုဝါေတြက ၾကမ္းတမ္းၿပီး အသားအေရကို ေသးငယ္တဲ့ျပတ္ရွ ထိခိုက္ရာ ေတြ ျဖစ္ေစႏိုင္သလို အေရျပားထဲကို ဘက္တီးရီးယားပိုးေတြ ၀င္လြယ္ေစပါတယ္။


(၇) အျပစ္အနာအဆာမ်ားကို ဖံုးအုပ္ပါ


ေန့ဘက္အတြင္း သင့္မ်က္ႏွာေပၚက အျပစ္အနာအဆာေတြကို ဖံုးအုပ္ထားရင္ သင့္ကို အလွမပ်က ၾကၫ့္ေကာင္းေစပါတယ္။ သင့္မ်က္ႏွာအျပစ္အနာအဆာေတြကို ဖံုးအုပ္ႏိုင္တဲ့ မိတ္ကပ္အမ်ိဳးအစားကို စနစ္တက် ေရြးခ်ယ္တတ္ရင္ ၀က္ၿခံအဖုအပိမ့္ေတြကိုပါ အနာက်က္

ေစႏိုင္ပါတယ္။


(၈) ေန့ဘက္တြင္ ရက္တီေနာအလွကုန္ကို ထိန္းခ်ဳပ္သံုးပါ


ေန့ဘက္မွာ ေနေရာင္ျခည္ေၾကာင့္ ရက္တီေနာအလွကုန္ေတြရဲ့ အာနိသင္ ပ်က္ျပယ္မႈ ျဖစ္တတ္တဲ့အတြက္ ေန့ဘက္မွာ ထိန္းခ်ဳပ္အသံုးျပဳပါ။


(၉) သၾကားေရွာင္ပါ

ေန့စဉ္ သင္ စားေသာက္ေနက် အစာထဲမွာ သၾကားကို တတ္ႏိုင္သမ်ွ ေရွာင္ပါ။ အမ်ားစုအေနနဲ႔ သၾကားကို ေရွာင္တဲ့အတြက္ မ်က္ႏွာအသားအေရ ခ်က္ခ်င္းၾကည္လင္ လာတာကို ေတြ့ရတတ္ပါတယ္။


(၁၀) တစ္လတစ္ႀကိမ္ႀကီးမားေသာ ၀က္ၿခံဖုေပါက္ေနလ်ွင္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ႏိုင္


တစ္လတစ္ႀကိမ္ႀကီးမားေသာ ၀က္ၿခံဖုက ေမးရိုးေနရာတစ္ဝိုက္ေပါက္ေနရင္ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ လစဉ္ရာသီလာခါနီးမွာ ဆားကဲတဲ့ အစားအေသာက္ ေတြကို ေလ်ွာ့စားပါ။ ေရမ်ားမ်ားေသာက္ၿပီး အိပ္ေရး၀၀ အိပ္စက္အနားယူေပးပါ။


(၁၁) မ်က္ႏွာလိမ္းဆီျဖင့္ အစိုဓာတ္ထိန္းပါ


မ်က္ႏွာအသားအေရ စိုျပည္ေအာင္ ထိန္းသိမ္းေနခ်ိန္မွာ အဆီတစ္မ်ိဳးမ်ိဳး(ဥပမာ- သံလြင္ဆီ၊ ဗက္ဆလင္းအလွဆီ)ကို လိမ္းတာအေကာင္းဆံုးပါ။ ဒါမွသာ ဆီၾကည္အပိုေတြ မထြက္ရိွေစဘဲ အသားအေရ စိုျပည္ႏူးညံ့ေနမွာ ျဖစ္ပါတယ္။


(၁၂) မိတ္ကပ္ဘရပ္ရ္ွမ်ားကို တစ္ပတ္တစ္ႀကိမ္ ေဆးေၾကာပါ


မိတ္ကပ္ဘရပ္ရ္ွမ်ားကို ေဆးေၾကာသန႔္စင္ဖို႔ ေမ့ေလ်ာ့ေနပါသလား။ မိတ္ကပ္ဘရပ္ရ္ွေတြမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားပိုးေတြက သင့္မ်က္ႏွာေပၚမွာ ကပ္ၿငိရင္း အဖုအပိမ့္ေတြ ျဖစ္ေပၚ လာတတ္ပါတယ္။ ဒါေၾကာင့္ တစ္ပတ္မွာ အနည္းဆံုးတစ္ႀကိမ္ မိတ္ကပ္ဘရပ္ရ္ွေတြကို သန႔္စင္ေပးသင့္ပါတယ္။


(၁၃) မ်က္ႏွာသစ္ၿပီးတိုင္း တိုနာလိမ္းပါ


မ်က္ႏွာသစ္ၿပီးတဲ့အခါ အေရျပားေပၚက သဘာဝအဆီေတြ ကင္းစင္မသြားေစဖို႔နဲ႔ ေခြၽးေပါက္ က်ဉ္းကာ သန႔္ရွင္းစင္ၾကယ္ေနေစဖို႔ တိုနာလိမ္းသင့္ပါတယ္။


(၁၄) စိမ္းစိုေသာ အသီးအႏွံမ်ားထၫ့္စားပါ


အသားအေရ ၾကည္လင္သန႔္စင္ေစဖို႔ရာအတြက္ ေန့စဉ္စားေသာက္တဲ့ အစာထဲမွာ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြနဲ႔ သစ္သီးဝလံေတြကို ထၫ့္စဉ္းစားေပးရပါမယ္။


(၁၅) တစ္ပတ္တစ္ႀကိမ္ ေခါင္းအံုးစြပ္ေလ်ွာ္ဖြတ္ပါ


တစ္ပတ္မွာ တစ္ႀကိမ္ခန႔္ ေခါင္းအံုးစြပ္နဲ႔ အိပ္ရာခင္းကိုေလ်ွာ္ဖြတ္ေပးပါ။ ေခါင္းအံုးစြပ္နဲ႔ အိပ္ရာခင္းမွာ ဘက္တီးရီးယားပိုးေတြ ကပ္ၿငိေနရင္ သင့္မ်က္ႏွာအသားအေရကို အျပစ္ အနာအဆာ ထင္လြယ္ေစႏိုင္ပါတယ္။


(၁၆) အေရျပားနီျမန္းမႈကိုေလ်ွာ့ခ်ပါ


အေရျပားနီျမန္းမႈျဖစ္ေနရင္ ေရခဲတံုးကပ္တဲ့နည္း ဒါမွမဟုတ္ ေရခဲေရဖ်န္းတဲ့နည္းနဲ႔ အေရျပား နီျမန္းမႈကို ေလ်ွာ့ခ်ပါ။ နီျမန္းေနတဲ့ ၀က္ၿခံအဖုေတြေပၚ ေရခဲကပ္ေပးပါ။


(၁၇) ဆံစပ္တစ္ေလ်ွာက္ အဖုအပိမ့္ေပါက္လ်ွင္ ရွမ္ပူေျပာင္းသံုးပါ


ဆံစပ္နဲ႔ ဆံပင္ ထိေတြ့ေနတဲ့ အေရျပားေပၚမွာ အဖုအပိမ့္ေတြ ေပါက္ေနရင္ ေခါင္းေလ်ွာ္ရည္နဲ႔ ဓာတ္မတၫ့္တာေၾကာင့္ ျဖစ္ႏိုင္တဲ့အတြက္ တျခားေဖာ္ျမဴလာနဲ႔ လုပ္ထားတဲ့ ေခါင္းေလ်ွာ္ရည္ကို ေျပာင္းသံုးပါ။


(၁၈) မ်က္ႏွာအသားအေရကို ေၾကးခြၽတ္ပါ


တစ္လမွာ အနည္းဆံုး တစ္ႀကိမ္ခန႔္ မ်က္ႏွာအသားအေရကို ေၾကးခြၽတ္ေပးပါ။ ေရွာက္သီး၊ သံပရာသီး၊ ရွလကာရည္အစရိွတဲ့ ေၾကးခြၽတ္ပစၥည္းေတြ သံုးၿပီး မ်က္ႏွာ အသားအေရကို သန႔္စင္ေအာင္ ေၾကးခြၽတ္ေပးႏိုင္ပါတယ္။


(၁၉) အက္စ္ပရင္ႏွင့္ေပါင္းတင္ပါ


၀က္ၿခံအဖုအႀကီးေတြ ေပါက္ေနရင္ အက္စ္ပရင္ ၅-၈ျပားကို ႀကိတ္ေျခၿပီး ေရနဲ႔ ေဆးပ်စ္ေအာင္ ေဖ်ာ္ကာ ၀က္ၿခံအဖုအပိမ့္ေတြေပၚမွာ သုတ္လိမ္းေပးပါ။ တစ္ညတာအတြင္း အဖုအရြယ္အစား သိသိသာသာ ေလ်ာ့ပါးသက္သာသြားပါလိမ့္မယ္။


(၂၀) ေခြၽးေပါက္မ်ားကို သန႔္စင္ပါ


ေခြၽးေပါက္ထဲမွာ ဖုန္မႈန႔္၊ မိတ္ကပ္အႂကြင္းအက်န္ အစရိွတဲ့ အညစ္အေၾကးေတြ ပိတ္ဆို႔ေနနိင္ တာေၾကာင့္ တစ္ပတ္မွာ ႏွစ္ႀကိမ္ခန႔္ သန႔္စင္ေဆးေၾကာေပးသင့္ပါတယ္။


(၂၁) ရာသီတိုင္း ေနကာခရင္မ္လိမ္းပါ


ေနြရာသီမွာတင္မက ေဆာင္းတြင္းကာလနဲ႔ မိုးရာသိေတြမွာပါ ေနကာခရင္မ္ကို လိမ္းသင့္ပါတယ္။ သင့္မ်က္ႏွာအတြက္ ၀က္ညခံ အဖုအပိမ့္မျဖစ္လြယ္တဲ့ ေနကာခရင္မ္ အမ်ိဳးအစားကို ေရြးခ်ယ္လိမ္းသင့္ပါတယ္။


(၂၂) အိပ္ေရး၀၀ အိပ္စက္အနားယူပါ


ညဘက္မွာ အိပ္ေရး၀၀ အိပ္စက္အနားယူတာေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ွာ့ခ်ႏိုင္ရံုသာမက အသားအေရ အျပစ္အနာအဆာေတြကိုလည္း ကင္းစင္ သက္သာသြားေစပါတယ္။


(၂၃) တစ္ပတ္တစ္ႀကိမ္ေပါင္းတင္ပါ


မ်က္ႏွာအသားအေရ ၾကည္လင္လွပေစဖို႔ တစ္ပတ္မွာတစ္ႀကိမ္ခန႔္ မ်က္ႏွာသန႔္စင္ေစတဲ့ ေပါင္းတင္ကပ္ခြာ( Skin Clearing Mask) ကိုသံုးၿပီး ေပါင္းတင္ေပးသင့္ပါတယ္။


(၂၄) တစ္ေန့တာအတြင္း ေရမ်ားမ်ားေသာက္ပါ


ေရမ်ားမ်ား ေသာက္တာေၾကာင့္ တစ္ေန့တာအတြင္း စိတ္ေရာကိုယ္ပါ လန္းဆန္းေစသလို အသားအေရကိုလည္း ၾကည္လင္ဝင္းပေစပါတယ္။


(၂၅) မိတ္ကပ္မဖ်က္ဘဲ အိပ္ရာမ၀င္ရ


မိတ္ကပ္ေတြကို သန႔္စင္ေဆးေၾကာမႈ မလုပ္ဘဲ အိပ္ရာမ၀င္သင့္ပါဘူး။ ဒါကို စည္းမ်ဉ္း တစ္ရပ္လို လိုက္နာပါ။ အထူးသျဖင့္ မ်က္ႏွာကို အနည္းဆံုး စႏိုးတာဝါနဲ႔ သန႔္စင္ၿပီမွ အိပ္ရာဝင္သင့္ပါတယ္။


(၂၆) တစ္ပတ္သံုးႀကိမ္ ေလ့က်င့္ခန္းလုပ္ပါ


တစ္ပတ္မွာ အနည္းဆံုးသံုးႀကိမ္ခန႔္ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ ကိုယ္တြင္းက်န္းမာေရးကို ထိန္းသိမ္းေပးႏိုင္ရံုသာမက ေခြၽးထြက္ကာ အသားအေရကိုလည္း ဟန္ခ်က္ညီညီ လွပၾကၫ့္ေကာင္းေစပါတယ္။


(၂၇) သင့္ခႏၵာကိုယ္ကိုလည္း ေမ့ေလ်ာ့မထားပါႏွင့္


ေရခ်ိဳးၿပီး အေရျပားကို ေျခာက္ေသြ့ေအာင္ သုတ္ၿပီးခ်ိန္မွာ တစ္ကိုယ္လံုးကို ေဘာ္ဒီလိုးရွင္း လိမ္းေပးပါ။ ခႏၵာကိုယ္အသားအေရကို စိုျပည္ႏူးညံ့ေခ်ာေမြ့ေစပါတယ္။


(၂၈) အသားအေရ ထိန္းသိမ္းမႈကို ဆက္လက္လုပ္ေဆာင္ပါ


အထက္က အသားအေရ ထိန္းသိမ္းနည္းေတြကို လုပ္ေဆာင္ရင္း အသားအေရက သိသိသာသာ ၾကၫ့္ေကာင္းလာတယ္ဆိုရင္ သင္လိုခ်င္တဲ့ အတိုင္းအတာအထိ ျမင္ေတြ့ရေစဖို႔ အသားအေရကို ဆက္လက္ ထိန္းသိမ္းသြားသင့္ပါတယ္။


မွတ္ခ်က္။ ၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီလထုတ္ အာေရာဂ်ံမဂၢဇင္း အတြဲ(၂၅၉) မွ ဇြန္ခိုင္ဦး(ေဆးဝါးတကၠသိုလ္)ေရးသားေသာ ေဆာင္းပါးအား ေကာက္ႏုတ္တင္ျပသည္။