ဗုဒ္ဓ နှင့် ခေါင်းဆောင်မှု leadership
................................................
ခေါင်းဆောင် leader ဆိုတဲ့ စကားရပ်ဟာ ကမ္ဘာ့ အရပ်ရပ်မှာ တွင်ကျယ်လာတဲ့ အခါ ဗုဒ္ဓက ခေါင်းဆောင်မှု leadership ကို ဘယ်လို ရှုမြင် တန်ဖိုးထားခဲ့ သလဲဆိုတဲ့ အချက် စောကြောကြည့်မိပါတယ်။
ဗုဒ္ဓကို ရှုမြင်တဲ့အခါ ဗုဒ္ဓထူထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ရောင်ပြန်ဟပ်နေတဲ့ ကြေးမုံပြင်ကိုပဲ သက်သေပြန်ထူဖို့လိုပါတယ်။
ဘာကြောင့်ဒီစကားကို အစကောက်ရသလဲဆိုရင် ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အချိန်မှာ သံဃာ့အဖွဲ့အစည်း တည်မြဲဖို့ Sustianabilty တာဝန်ကို သံဃာတော်တွေရဲ့ ပခုံးပေါ်ကို တင်ပေးခဲ့လို့ပါပဲ။
သံဃာ့အဖွဲ့အစည်းရဲ့ အစုဖွဲ့
အားကောင်းမှုနဲ့ ခရီးဆက်ခဲ့တာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့တာကို ကြည့်ရင်
ရှေးသံဃာတော်တွေရဲ့ အဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှု Institutional Responsibility မြင့်တာ တွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်း Institution ထဲမှာ
လူ့အခွင့်အရေးဆိုင်ရာတန်ဖိုးထားမှု မျိုးနဲ့ Leadership သဘောတရားတွေသာမရှိရင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သွားတာနဲ့ သံဃာ့အဖွဲ့အစည်းဟာ အလိုလို ချုပ်ငြိမ်းသွားဖို့ပဲရှိပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင် leader အရေးပါတယ်ဆိုတာ ရာခိုင်နှုန်းအတော်များများ လက်ခံလို့ ရပေမယ့် ခေါင်းဆောင်မရှိဘူးဆိုရင် အဖွဲ့အစည်းကို ဘယ်လိုထိန်းကြောင်းဖို့စဉ်းစားသင့်သလဲဆိုတဲ့ ခေါင်းဆောင်မှု Leadership ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ခေါင်းဆောင် leader နဲ့ ခေါင်းဆောင်မှု Leadership နှစ်ခုကို သံဃာ့အဖွဲ့အစည်းကို ကွဲပြားနားလည်အောင်လေ့ကျင့်ပေးခဲ့ တာကိုတွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်းဟာ ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးနောက်ပိုင်းမှာ ခေါင်းဆောင် leader ဆိုတဲ့ စကားရပ်ထက် ခေါင်းဆောင်မှု Leadership ဆိုတဲ့ စကားရပ်ပေါ်မှာ ပီပီပြင်ပြင်ရပ်ခဲ့တဲ့ အတွက် နှစ်ပေါင်း ၂၆၀၀ လောက် ရေရှည်တည်တံ့ဖွံ့ဖြိုးမှု Sustainable development ကို အာမခံနိုင်တဲ့ သံဃာ့အဖွဲ့အစည်းဖြစ်လာခဲ့တာပါပဲ။
အဖွဲ့အစည်းရေရှည်တည်တံ့မှုဆိုတာ ခေါင်းဆောင် Leader နဲ့ ခေါင်းဆောင်မှု leadership စကားနစ်ရပ်ကြားကွဲကွဲပြားပြားနားလည်ထားဖို့လိုပါလိမ့်မယ်။
ဥပမာ ကမ္ဘာကျော် Apple ကုမ္ပဏိကညSteve Jobs ကွယ်လွန်သွားပေမဲ့ Apple Company ကြီး မပြိုလဲသွားတာဟာ ခေါင်းဆောင်မှု Leadership ကို ထူထောင်သွားလို့ဖြစ်ပါတယ်။
အကယ်၍များခေါင်းဆောင် leader ပေါ်မှာ ရပ်တည် မှီခိုလိုက်ရင် ခေါင်းဆောင် leader ကျဆုံးသွားတာနဲ့ အားလုံးကျဆုံးသွားပါလိမ့်မယ်။
အဖွဲ့အစည်းတည်မြဲဖို့အတွက် ခေါင်းဆောင်မှု Leadership ကိုသာ ရွေးချယ်ပေးခဲ့တယ်လို့ဆိုရပါမယ်။
ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်နေတဲ့အချိန်မှာ
သံဃာ့အဖွဲ့အစည်းကို ခေါင်းဆောင်မယ့် အရှင်မဟာကဿပ ဟာ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူတဲ့ အချိန်ရှိမနေခဲ့ဘူး။
ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး ခုနှစ်ရက်ကြာမှ ပါဝါပြည်ကနေ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူတဲ့ ကုသိနာရုံပြည်ကို ရောက်လာခဲ့တာပါ။
ဘုရားရှင်နဲ့ဆွေမျိုးညီအစ်ကိုတော်စပ်တဲ့ အရှင်အာနန္ဒာနဲ့ အရှင်အနူရုဒ္ဓါ တို့က သံဃာ့အဖွဲ့အစည်းတစ်ခုလုံးကိုအုပ်စီးအာဏာသိမ်းချင်ရင် သိမ်းလိုက်လို့ရတဲ့ အချိန်ပါပဲ။
ပုဂ္ဂိုလ်ရေးယုံကြည်မှု leader ကိုသာ အမှီပြု ရှေ့တန်းတင်ခဲ့ရင် သံဃာ့အဖွဲ့အစည်းအာဏာသိမ်းပွဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ခေါင်းဆောင်မှု leadership ကို
ဓမ္မနဲ့ ဝိနည်းစည်းကမ်းတွေနဲ့ ချိတ်ဆက်ပုံဖော်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်
တထာဂတပစ္ဆိမဝါစာမှာ မိန့်မှာ ခဲ့တဲ့
ဓမ္မ (နည်းလမ်း)၊ ဝိနည်း (စည်းကမ်း) ဟာ သံဃာ့အဖွဲ့အစည်းထဲက leadership ပါပဲ။
Leader ဆိုတာ လူပုဂ္ဂိုလ်ဖြစ်ပြီး
Leadership ဆိုတာ နည်းလမ်းနဲ့ စည်းကမ်းဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်းထဲမှာရှိတဲ့ နည်းလမ်းနဲ့ စည်းကမ်းဟာ သံဃာ့အဖွဲ့အစည်းကို ရေရှည်တည်တံ့ စေတဲ့ တွန်းအားတွေပါပဲ။
ရဟန်းတော်တွေအတွက် ချမှတ်ထားတဲ့ ၂၂၇ သွယ်သော ဝိနည်းစည်းကမ်းတွေဟာ ရဟန်းသံဃာတော်တွေအတွက် ခေါင်းဆောင်မှု Leadership ဆိုင်ရာ စည်းကမ်းချက်တွေဖြစ်နေတာတွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်းရဲ့ ၂၂၇ သွယ်သောဝိနည်းတော်တွေဟာ ကိုယ်ကျင့်တရားဆိုင်ရာခေါင်းဆောင်မှု Moral Leadership ကို အထောက်အကူဖြစ်စေပါတယိ။
သံဃာ့အဖွဲ့အစည်းဟာ ကိုယ်ကျင့်တရားဆိုင်ရာခေါင်းဆောင်မှု Moral Leadership ကို သွားတာကို အရှင်မဟာကဿပ သံဃာ့အဖွဲ့အစည်းရဲ့အးခေါင်းဆောင်အဖြစ်အသိမှတ်ပြုခံရတာကို ကြည့်ရင်သိနိုင်ပါတယ်။
ဗုဒ္ဓအနေနဲ့ သံဃာ့အဖွဲ့အစည်းကို ဘယ်သူတာဝန်ယူသင့်တယ်ဆိုတာမျိုး တိတိပပ လူသိရှင်ကြား အာဏာလွှဲ အပ်ခဲ့တာမျိုးမရှိပါဘူး။
ပိဋကတ်ပညာရှင်တွေတွေးဆထောက်ပြကြတဲ့အခါ ဗုဒ္ဓက အရှင်မဟာကဿပကို မိုးရေခံသင်္ကန်း ပေးခဲ့ဖူးကြောင်းအရိပ်အမြွက်အရ သံဃာ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်လာတယ်လို့ သက်သေပြကြပါတယ်။
အဲဒီအယူအဆကို မငြင်းဆိုချင်တဲ့အပြင်
ကိုယ်ကျင့်ဆရာဆိုင်ရာ ခေါင်းဆောင်မှု
ဆိုတဲ့ Moral leadership ရှုထောင့်ကနေ သဘာဝကျကျ ရှုမြင်မိပါတယ်။
ဘာကြောင့်လဲဆိုရင် ကျင့်ဖို့ခဲယဉ်းတဲ့ ဓူတင် ၁၃ ပါး လို့ခေါ် တဲ့ ခြိုးခြံခေါင်းပါးတဲ့ အကျင့် ကို ဘယ်သူ့ရဲ့ တိုက်တွန်းစေ့ဆော်ချက်မှမပါဘဲ အရှင်မဟာကဿပကိုယ်တိုငိ တာဝန်ယူမှု၊ တာဝန်ခံနဲ့ကျင့်ကြံခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့်သံဃာ့အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ သြဇာဟာ အကျင့်သီလပေါ်မှာရှိတဲ့ ဆိုတဲ့အချက်ပါပဲ။
ဓူတင် ၁၃ ပါးကျင့်ကြံနေတဲ့ အရှင်မဟာကဿပကို ခေါင်းဆောင်နေရာ အဖြစ်အသိအမှတ်ပြုဖို့ အလွယ်တကူဖြစ်စေတာဟာ ကိုယ်ကျင့်သီလ Morality ဆိုတဲ့ အချက်ကို ထည့်တွက်ရပါလိမ့်မယ်။
ဓူတင် ၁၃ ပါးကို
မိလိန္ဒပဥှာ စာ ၃၄၀ မှာ ကိလေသာကို ခါတွက်ကြောင်း ခေါင်းပါးစေခြင်း တရား ၁၃-ပါးလို့ ဖွင့်ပါတယ်။
ကိလေသာခါထုတ်ထားတဲ့အတွက် အစွဲ အာဃာတ တရားကင်းပါတယ်။
ဓူတင် ၁၃ ပါးက
(၁) ပံ့သုကူ ဓူတင်- ဒါယကာတွေလှူတဲ့ သင်္ကန်းကို စွန့်ပြီး၊ ပံ့သုကူသင်္ကန်းကိုပဲဆောက်တည်တာ။
(၂) တေစီဝရိက် -လေးထည်မြောက် သင်္ကန်းရှိရင် စွန့် လိုက်ပြီး သင်္ကန်းသုံးထည်တည်းနဲ့ ဆောက်တည်တာ။
(၃) ပိဏ္ဍပါတ် ဓူတင်--လာဘ်ပိုလာဘ်လျှံကို ပယ်ပါပြီး၊ ဆွမ်းခံလို့ရတဲ့ ဆွမ်းကို စားသောက်တာ။
(၄) သ ပဒါန ဓူတင်--လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကိုပယ်ပါပြီး အိမ်စဉ် မကျော်မလှပ် ရပ်၍ရသောဆွမ်းကို ဆောက်တည်တာ။
(၅) ဧကသနိက် ဓူတင်--နေရာအထူးထူး၌ စားခြင်းကို ပယ်ပြီး ၊ တထိုင် တနေရာတည်း၌ စားခြင်းကိုဆောက်တည်တာ။
(၆) ပတ္တပိုင် ဓူတင်- နှစ်ခွက်မြောက်သောဆွမ်း၊ ဟင်း၊ ကိုပယ်ပြီး တခွက်တည်းနှင့်သာ ဆောက်တည်တာ။
(၇) ခလုပစ္ဆာ ဓူတင်--အတိရိက် ဝိနည်းကံဆွမ်းကိုပယ်ပြီး ခလုပစ္ဆာဓူတင်ကို ဆောက်တည်တာ။.
(၈) အရညကင် ဓူတင်-ဂါမဝါသီ ကျောင်းသင်္ခမ်းကိုပယ်ပြီး တောရကျောင်းမှာ နေခြင်းကို ဆောက်တည်တာ။
(၉) ရုက္ခမူ ဓူတင်- အမိုးအကာရှိတဲ့ ကျောင်းကိုပယ်ပြီး၊ သစ်ပင်ရင်း၌ သီတင်းသုံးတာ။
(၁၀) အဗ္ဘောကာသိက ဓူတင်-အမိုးအကာရှိတဲ့ကျောင်းနဲ့ သစ်ပင်တွေကိုပယ်ပြီး၊ လွင်တီးခေါင်မှာ နေပြီး ဆောက်တည်တာ။
(၁၁) သုသာန ဓူတင်-သုသာန် မဟုတ်တဲ့ နေရာကို ပယ်ပြီး သုသာန်မာ
နေထိုင်တာ။
(၁၂) ယထာ သန္တတိ ဓူတင်-နေရာကောင်း ကျောင်းကောင်းရွေးချယ်မှုကို ပယ်ပြီး၊ ဖြစ်စဉ်အတိုင်းနေထိုင်တာ။
(၁၃) နိသဇ် ဓူတင်- အိပ်ခြင်းကိုပယ်ပြီး။ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံ
သွားခြင်းကိုဆောက်တည်တာ။
အဲဒီဓူတင်အကျင့်တွေကို ကြည့်ရင်
သိမ်းပိုက်နေတာမဟုတ်ဘူး စွန့်လွှတ်နေတာကို မြင်ရပါလိမ့်မယ်။
အရှင်မဟာကဿပကျင့်ကြံတဲ့ ဓူတင် ၁၃ ပါးဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ သံဃာ့အဖွဲ့အစည်းက ထားမယ့် ယုံကြည်မှုတန်ဖိုးမျဉ်းတွေပဲ ဖြစ်ပါတယ်။.
အရှင်မဟာကဿပက ခေါင်းဆောင် leader ဆိုတဲ့ နေရာကိုရွေးချယ် ခဲ့တာမဟုတ်ဘဲ
ခေါင်းဆောင်မှု Leadership ဆိုတဲ့ တန်ဖိုးအရ တာဝန်အပ်နှင်းခံရတာဖြစ်ပါတယ်။
ဒီနေရာမှာ ခေါင်းဆောင်မှု ဆိုတာ
နေရာနဲ့ ရာထူးplace and position ဆိုတာကို ပြဋ္ဌာန်းတာ မဟုတ်ဘဲ
အလုပ်ဆောင်ရွက်ချက် performance ကို ပြဋ္ဌာန်းတယ်ဆိုတာပါပဲ။
ခေါင်းဆောင်ဆိုတာ ကိုယ်က အဲဒီနေရာကို လိုက်ရွေးနေတာမဟုတ်ဘဲ
ကိုယ်ကို အဲဒီနေရာအတွက် တာဝန်ပေးအပ်ခြင်းခံလိုက်တာမျိုးဖြစ်ပါတယ်။
ခေါင်းဆောင်မှု leadership ဟာ တာဝန်ယူမှု resposibility နဲ့ တာဝန်ခံမှု accountability တန်ဖိုးနှစ်ရပ်ပါ ဖွံ့ဖြိုးပါဝင်နေတာဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်း ၂၆၀၀ ဖြတ်သန်းမှုမှာ သံဃာ့ ခေါင်းဆောင်အမည်အမျိုးမျိုးရှိခဲ့ ပေမယ့် ခေါင်းဆောင်မှု leadership ဆိုတာကြောင့် သံဃာ့အဖွဲ့အစည်းတည်မြဲနေခဲ့တယ်ဆိုတာပါပဲ။
ခေါင်းဆောင်မှု Leadership လို့ခေါ်တဲ့ နည်းလမ်းနဲ့စည်းကမ်း သာအခြေခိုင်နေသ၍ leader
မရှားဘူးဆိုတာ သံဃာ့အဖွဲ့အစည်းက ခိုင်မာတဲ့သက်သေပါပဲ။
ခေါင်းဆောင်ဆိုတာ နေရာ မဟုတ်ပါ
တာဝန်ယူခြင်းနဲ့ တာဝန်ခံခြင်းဖြစ်တယ်
ဆိုတဲ့အချက်ကိုပဲ ပဏာမ ဆွေးနွေးချင်ပါတယ်ခင်ဗျား။
၁း၂၉ သန်းခေါင်ကျော်
၁၃.၁၂.၂၀၂၀ အိမ်
(Zawgyi)
ဗုဒၶ ႏွင့္ ေခါင္းေဆာင္မွု leadership
................................................
ေခါင္းေဆာင္ leader ဆိုတဲ့ စကားရပ္ဟာ ကမၻာ့ အရပ္ရပ္မွာ တြင္က်ယ္လာတဲ့ အခါ ဗုဒၶက ေခါင္းေဆာင္မွု leadership ကို ဘယ္လို ရွုျမင္ တန္ဖိုးထားခဲ့ သလဲဆိုတဲ့ အခ်က္ ေစာေၾကာၾကည့္မိပါတယ္။
ဗုဒၶကို ရွုျမင္တဲ့အခါ ဗုဒၶထူေထာင္ခဲ့တဲ့ သံဃာ့အဖြဲ႕အစည္းရဲ့ ေဆာင္ရြက္ခ်က္ေတြကို ေရာင္ျပန္ဟပ္ေနတဲ့ ေၾကးမုံျပင္ကိုပဲ သက္ေသျပန္ထူဖို့လိုပါတယ္။
ဘာေၾကာင့္ဒီစကားကို အစေကာက္ရသလဲဆိုရင္ ဗုဒၶပရိနိဗၺာန္စံဝင္ေတာ္မူတဲ့အခ်ိန္မွာ သံဃာ့အဖြဲ႕အစည္း တည္ျမဲဖို့ Sustianabilty တာဝန္ကို သံဃာေတာ္ေတြရဲ့ ပခုံးေပၚကို တင္ေပးခဲ့လို့ပါပဲ။
သံဃာ့အဖြဲ႕အစည္းရဲ့ အစုဖြဲ႕
အားေကာင္းမွုနဲ႔ ခရီးဆက္ခဲ့တာ ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ခဲ့တာကို ၾကည့္ရင္
ေရွးသံဃာေတာ္ေတြရဲ့ အဖြဲ႕အစည္းဆိုင္ရာ တာဝန္ယူမွု Institutional Responsibility ျမင့္တာ ေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္း Institution ထဲမွာ
လူ႔အခြင့္အေရးဆိုင္ရာတန္ဖိုးထားမွု မ်ိဳးနဲ႔ Leadership သေဘာတရားေတြသာမရွိရင္ ဗုဒၶ ပရိနိဗၺာန္စံဝင္သြားတာနဲ႔ သံဃာ့အဖြဲ႕အစည္းဟာ အလိုလို ခ်ဳပ္ၿငိမ္းသြားဖို့ပဲရွိပါတယ္။
အဖြဲ႕အစည္းတစ္ခုမွာ ေခါင္းေဆာင္ leader အေရးပါတယ္ဆိုတာ ရာခိုင္ႏွုန္းအေတာ္မ်ားမ်ား လက္ခံလို့ ရေပမယ့္ ေခါင္းေဆာင္မရွိဘူးဆိုရင္ အဖြဲ႕အစည္းကို ဘယ္လိုထိန္းေၾကာင္းဖို့စဥ္းစားသင့္သလဲဆိုတဲ့ ေခါင္းေဆာင္မွု Leadership ကို ထည့္သြင္းစဥ္းစားဖို့လိုပါတယ္။
ေခါင္းေဆာင္ leader နဲ႔ ေခါင္းေဆာင္မွု Leadership ႏွစ္ခုကို သံဃာ့အဖြဲ႕အစည္းကို ကြဲျပားနားလည္ေအာင္ေလ့က်င့္ေပးခဲ့ တာကိုေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္းဟာ ဗုဒၶ ပရိနိဗၺာန္စံဝင္ၿပီးေနာက္ပိုင္းမွာ ေခါင္းေဆာင္ leader ဆိုတဲ့ စကားရပ္ထက္ ေခါင္းေဆာင္မွု Leadership ဆိုတဲ့ စကားရပ္ေပၚမွာ ပီပီျပင္ျပင္ရပ္ခဲ့တဲ့ အတြက္ ႏွစ္ေပါင္း ၂၆၀၀ ေလာက္ ေရရွည္တည္တံ့ဖြံ့ၿဖိဳးမွု Sustainable development ကို အာမခံနိုင္တဲ့ သံဃာ့အဖြဲ႕အစည္းျဖစ္လာခဲ့တာပါပဲ။
အဖြဲ႕အစည္းေရရွည္တည္တံ့မွုဆိုတာ ေခါင္းေဆာင္ Leader နဲ႔ ေခါင္းေဆာင္မွု leadership စကားနစ္ရပ္ၾကားကြဲကြဲျပားျပားနားလည္ထားဖို့လိုပါလိမ့္မယ္။
ဥပမာ ကမၻာေက်ာ္ Apple ကုမၸဏိကညSteve Jobs ကြယ္လြန္သြားေပမဲ့ Apple Company ႀကီး မၿပိဳလဲသြားတာဟာ ေခါင္းေဆာင္မွု Leadership ကို ထူေထာင္သြားလို့ျဖစ္ပါတယ္။
အကယ္၍မ်ားေခါင္းေဆာင္ leader ေပၚမွာ ရပ္တည္ မွီခိုလိုက္ရင္ ေခါင္းေဆာင္ leader က်ဆုံးသြားတာနဲ႔ အားလုံးက်ဆုံးသြားပါလိမ့္မယ္။
အဖြဲ႕အစည္းတည္ျမဲဖို့အတြက္ ေခါင္းေဆာင္မွု Leadership ကိုသာ ေရြးခ်ယ္ေပးခဲ့တယ္လို့ဆိုရပါမယ္။
ဗုဒၶပရိနိဗၺာန္ စံဝင္ေနတဲ့အခ်ိန္မွာ
သံဃာ့အဖြဲ႕အစည္းကို ေခါင္းေဆာင္မယ့္ အရွင္မဟာကႆပ ဟာ ဗုဒၶပရိနိဗၺာန္စံေတာ္မူတဲ့ အခ်ိန္ရွိမေနခဲ့ဘူး။
ဗုဒၶပရိနိဗၺာန္စံၿပီး ခုႏွစ္ရက္ၾကာမွ ပါဝါျပည္ကေန ဗုဒၶပရိနိဗၺာန္စံေတာ္မူတဲ့ ကုသိနာ႐ုံျပည္ကို ေရာက္လာခဲ့တာပါ။
ဘုရားရွင္နဲ႔ေဆြမ်ိဳးညီအစ္ကိုေတာ္စပ္တဲ့ အရွင္အာနႏၵာနဲ႔ အရွင္အႏူ႐ုဒၶါ တို့က သံဃာ့အဖြဲ႕အစည္းတစ္ခုလုံးကိုအုပ္စီးအာဏာသိမ္းခ်င္ရင္ သိမ္းလိုက္လို့ရတဲ့ အခ်ိန္ပါပဲ။
ပုဂၢိဳလ္ေရးယုံၾကည္မွု leader ကိုသာ အမွီျပဳ ေရွ႕တန္းတင္ခဲ့ရင္ သံဃာ့အဖြဲ႕အစည္းအာဏာသိမ္းပြဲ ျဖစ္ေကာင္းျဖစ္လာနိုင္ပါတယ္။
ေခါင္းေဆာင္မွု leadership ကို
ဓမၼနဲ႔ ဝိနည္းစည္းကမ္းေတြနဲ႔ ခ်ိတ္ဆက္ပုံေဖာ္ခဲ့လို့ပဲျဖစ္ပါတယ္။
ဒီဃနိကာယ္၊ မဟာပရိနိဗၺာနသုတ္
တထာဂတပစၧိမဝါစာမွာ မိန္႔မွာ ခဲ့တဲ့
ဓမၼ (နည္းလမ္း)၊ ဝိနည္း (စည္းကမ္း) ဟာ သံဃာ့အဖြဲ႕အစည္းထဲက leadership ပါပဲ။
Leader ဆိုတာ လူပုဂၢိဳလ္ျဖစ္ၿပီး
Leadership ဆိုတာ နည္းလမ္းနဲ႔ စည္းကမ္းျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္းထဲမွာရွိတဲ့ နည္းလမ္းနဲ႔ စည္းကမ္းဟာ သံဃာ့အဖြဲ႕အစည္းကို ေရရွည္တည္တံ့ ေစတဲ့ တြန္းအားေတြပါပဲ။
ရဟန္းေတာ္ေတြအတြက္ ခ်မွတ္ထားတဲ့ ၂၂၇ သြယ္ေသာ ဝိနည္းစည္းကမ္းေတြဟာ ရဟန္းသံဃာေတာ္ေတြအတြက္ ေခါင္းေဆာင္မွု Leadership ဆိုင္ရာ စည္းကမ္းခ်က္ေတြျဖစ္ေနတာေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္းရဲ့ ၂၂၇ သြယ္ေသာဝိနည္းေတာ္ေတြဟာ ကိုယ္က်င့္တရားဆိုင္ရာေခါင္းေဆာင္မွု Moral Leadership ကို အေထာက္အကူျဖစ္ေစပါတယိ။
သံဃာ့အဖြဲ႕အစည္းဟာ ကိုယ္က်င့္တရားဆိုင္ရာေခါင္းေဆာင္မွု Moral Leadership ကို သြားတာကို အရွင္မဟာကႆပ သံဃာ့အဖြဲ႕အစည္းရဲ့အးေခါင္းေဆာင္အျဖစ္အသိမွတ္ျပဳခံရတာကို ၾကည့္ရင္သိနိုင္ပါတယ္။
ဗုဒၶအေနနဲ႔ သံဃာ့အဖြဲ႕အစည္းကို ဘယ္သူတာဝန္ယူသင့္တယ္ဆိုတာမ်ိဳး တိတိပပ လူသိရွင္ၾကား အာဏာလႊဲ အပ္ခဲ့တာမ်ိဳးမရွိပါဘူး။
ပိဋကတ္ပညာရွင္ေတြေတြးဆေထာက္ျပၾကတဲ့အခါ ဗုဒၶက အရွင္မဟာကႆပကို မိုးေရခံသကၤန္း ေပးခဲ့ဖူးေၾကာင္းအရိပ္အႁမြက္အရ သံဃာ့အဖြဲ႕အစည္းရဲ့ ေခါင္းေဆာင္ျဖစ္လာတယ္လို့ သက္ေသျပၾကပါတယ္။
အဲဒီအယူအဆကို မျငင္းဆိုခ်င္တဲ့အျပင္
ကိုယ္က်င့္ဆရာဆိုင္ရာ ေခါင္းေဆာင္မွု
ဆိုတဲ့ Moral leadership ရွုေထာင့္ကေန သဘာဝက်က် ရွုျမင္မိပါတယ္။
ဘာေၾကာင့္လဲဆိုရင္ က်င့္ဖို့ခဲယဥ္းတဲ့ ဓူတင္ ၁၃ ပါး လို့ေခၚ တဲ့ ၿခိဳးၿခံေခါင္းပါးတဲ့ အက်င့္ ကို ဘယ္သူ႔ရဲ့ တိုက္တြန္းေစ့ေဆာ္ခ်က္မွမပါဘဲ အရွင္မဟာကႆပကိုယ္တိုငိ တာဝန္ယူမွု၊ တာဝန္ခံနဲ႔က်င့္ႀကံခဲ့တာ ေတြ႕ရပါတယ္။
ဒါေၾကာင့္သံဃာ့အဖြဲ႕အစည္းရဲ့ ႀကီးမားတဲ့ ၾသဇာဟာ အက်င့္သီလေပၚမွာရွိတဲ့ ဆိုတဲ့အခ်က္ပါပဲ။
ဓူတင္ ၁၃ ပါးက်င့္ႀကံေနတဲ့ အရွင္မဟာကႆပကို ေခါင္းေဆာင္ေနရာ အျဖစ္အသိအမွတ္ျပဳဖို့ အလြယ္တကူျဖစ္ေစတာဟာ ကိုယ္က်င့္သီလ Morality ဆိုတဲ့ အခ်က္ကို ထည့္တြက္ရပါလိမ့္မယ္။
ဓူတင္ ၁၃ ပါးကို
မိလိႏၵပဥွာ စာ ၃၄၀ မွာ ကိေလသာကို ခါတြက္ေၾကာင္း ေခါင္းပါးေစျခင္း တရား ၁၃-ပါးလို့ ဖြင့္ပါတယ္။
ကိေလသာခါထုတ္ထားတဲ့အတြက္ အစြဲ အာဃာတ တရားကင္းပါတယ္။
ဓူတင္ ၁၃ ပါးက
(၁) ပံ့သုကူ ဓူတင္- ဒါယကာေတြလွူတဲ့ သကၤန္းကို စြန႔္ၿပီး၊ ပံ့သုကူသကၤန္းကိုပဲေဆာက္တည္တာ။
(၂) ေတစီဝရိက္ -ေလးထည္ေျမာက္ သကၤန္းရွိရင္ စြန႔္ လိုက္ၿပီး သကၤန္းသုံးထည္တည္းနဲ႔ ေဆာက္တည္တာ။
(၃) ပိ႑ပါတ္ ဓူတင္--လာဘ္ပိုလာဘ္လၽွံကို ပယ္ပါၿပီး၊ ဆြမ္းခံလို့ရတဲ့ ဆြမ္းကို စားေသာက္တာ။
(၄) သ ပဒါန ဓူတင္--လၽွပ္ေပၚေလာ္လီ အိမ္စဥ္ေက်ာ္၍ ခံယူျခင္းကိုပယ္ပါၿပီး အိမ္စဥ္ မေက်ာ္မလွပ္ ရပ္၍ရေသာဆြမ္းကို ေဆာက္တည္တာ။
(၅) ဧကသနိက္ ဓူတင္--ေနရာအထူးထူး၌ စားျခင္းကို ပယ္ၿပီး ၊ တထိုင္ တေနရာတည္း၌ စားျခင္းကိုေဆာက္တည္တာ။
(၆) ပတၱပိုင္ ဓူတင္- ႏွစ္ခြက္ေျမာက္ေသာဆြမ္း၊ ဟင္း၊ ကိုပယ္ၿပီး တခြက္တည္းႏွင့္သာ ေဆာက္တည္တာ။
(၇) ခလုပစၧာ ဓူတင္--အတိရိက္ ဝိနည္းကံဆြမ္းကိုပယ္ၿပီး ခလုပစၧာဓူတင္ကို ေဆာက္တည္တာ။.
(၈) အရညကင္ ဓူတင္-ဂါမဝါသီ ေက်ာင္းသခၤမ္းကိုပယ္ၿပီး ေတာရေက်ာင္းမွာ ေနျခင္းကို ေဆာက္တည္တာ။
(၉) ႐ုကၡမူ ဓူတင္- အမိုးအကာရွိတဲ့ ေက်ာင္းကိုပယ္ၿပီး၊ သစ္ပင္ရင္း၌ သီတင္းသုံးတာ။
(၁၀) အေဗၻာကာသိက ဓူတင္-အမိုးအကာရွိတဲ့ေက်ာင္းနဲ႔ သစ္ပင္ေတြကိုပယ္ၿပီး၊ လြင္တီးေခါင္မွာ ေနၿပီး ေဆာက္တည္တာ။
(၁၁) သုသာန ဓူတင္-သုသာန္ မဟုတ္တဲ့ ေနရာကို ပယ္ၿပီး သုသာန္မာ
ေနထိုင္တာ။
(၁၂) ယထာ သႏၲတိ ဓူတင္-ေနရာေကာင္း ေက်ာင္းေကာင္းေရြးခ်ယ္မွုကို ပယ္ၿပီး၊ ျဖစ္စဥ္အတိုင္းေနထိုင္တာ။
(၁၃) နိသဇ္ ဓူတင္- အိပ္ျခင္းကိုပယ္ၿပီး။ ထျခင္း၊ ထိုင္ျခင္း၊ စႀကႍ
သြားျခင္းကိုေဆာက္တည္တာ။
အဲဒီဓူတင္အက်င့္ေတြကို ၾကည့္ရင္
သိမ္းပိုက္ေနတာမဟုတ္ဘူး စြန္႔လႊတ္ေနတာကို ျမင္ရပါလိမ့္မယ္။
အရွင္မဟာကႆပက်င့္ႀကံတဲ့ ဓူတင္ ၁၃ ပါးဟာ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာဖို့ သံဃာ့အဖြဲ႕အစည္းက ထားမယ့္ ယုံၾကည္မွုတန္ဖိုးမ်ဥ္းေတြပဲ ျဖစ္ပါတယ္။.
အရွင္မဟာကႆပက ေခါင္းေဆာင္ leader ဆိုတဲ့ ေနရာကိုေရြးခ်ယ္ ခဲ့တာမဟုတ္ဘဲ
ေခါင္းေဆာင္မွု Leadership ဆိုတဲ့ တန္ဖိုးအရ တာဝန္အပ္ႏွင္းခံရတာျဖစ္ပါတယ္။
ဒီေနရာမွာ ေခါင္းေဆာင္မွု ဆိုတာ
ေနရာနဲ႔ ရာထူးplace and position ဆိုတာကို ျပ႒ာန္းတာ မဟုတ္ဘဲ
အလုပ္ေဆာင္ရြက္ခ်က္ performance ကို ျပ႒ာန္းတယ္ဆိုတာပါပဲ။
ေခါင္းေဆာင္ဆိုတာ ကိုယ္က အဲဒီေနရာကို လိုက္ေရြးေနတာမဟုတ္ဘဲ
ကိုယ္ကို အဲဒီေနရာအတြက္ တာဝန္ေပးအပ္ျခင္းခံလိုက္တာမ်ိဳးျဖစ္ပါတယ္။
ေခါင္းေဆာင္မွု leadership ဟာ တာဝန္ယူမွု resposibility နဲ႔ တာဝန္ခံမွု accountability တန္ဖိုးႏွစ္ရပ္ပါ ဖြံ့ၿဖိဳးပါဝင္ေနတာျဖစ္ပါတယ္။
သံဃာ့အဖြဲ႕အစည္း ၂၆၀၀ ျဖတ္သန္းမွုမွာ သံဃာ့ ေခါင္းေဆာင္အမည္အမ်ိဳးမ်ိဳးရွိခဲ့ ေပမယ့္ ေခါင္းေဆာင္မွု leadership ဆိုတာေၾကာင့္ သံဃာ့အဖြဲ႕အစည္းတည္ျမဲေနခဲ့တယ္ဆိုတာပါပဲ။
ေခါင္းေဆာင္မွု Leadership လို့ေခၚတဲ့ နည္းလမ္းနဲ႔စည္းကမ္း သာအေျခခိုင္ေနသ၍ leader
မရွားဘူးဆိုတာ သံဃာ့အဖြဲ႕အစည္းက ခိုင္မာတဲ့သက္ေသပါပဲ။
ေခါင္းေဆာင္ဆိုတာ ေနရာ မဟုတ္ပါ
တာဝန္ယူျခင္းနဲ႔ တာဝန္ခံျခင္းျဖစ္တယ္
ဆိုတဲ့အခ်က္ကိုပဲ ပဏာမ ေဆြးေႏြးခ်င္ပါတယ္ခင္ဗ်ား။
၁း၂၉ သန္းေခါင္ေက်ာ္
၁၃.၁၂.၂၀၂၀ အိမ္
No comments:
Post a Comment