Indonesian Fried Rice
ထမင်းကြမ်း ၄၀၀ ဂရမ်
မျောက်ငိုသီး စာပွဲစားဇွန်း ၂ ဇွန်း
ပုဇွန် ၆ ကောင်
တရုပ်နံနံပင် ၂ ပင်.ပါးပါးလှီးထားပါ
ကြက်သွန်မြိတ် ၂ ပင်.ပါးပါးလှီးထားပါ
ကြက်သွန်နီကြော် စာပွဲစားဇွန်း ၂ဇွန်း
ကြက်ဥကြော်ရန် ကြက်ဥ ၂ လုံး
ထမင်းကြော်ရန် ဆီ စာပွဲစားဇွန်း ၆ ဇွန်း
အနှစ်ထောင်းရန် လိုအပ်တာက
ကြက်သွန်နီဥအေသး ၃လုံး
ကြက်သွန်ဖြူ ၅ မွှာ
ငရုပ်သီးစိမ်း ၈ တောင့်
ငပိစိမ်းစား လဖက်ရည် ဇွန်း ၂ ဇွန်း
ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို အရင်ထောင်းပါ။
ပြီးမှ ကြက်သွန်နီ နဲ့ ငပိထည့်ထောင်းပါ.ပြီးရင် ပုဂံထဲထည့်ထားပါ။
ထမင်းကြော်အတွက် လိုအပ်တဲ့ အရသာတွေ ကတော့
ပဲငံပြာရည်အကြည် လဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အေနာက် လဖက်ရည်ဇွန်း ၂ ဇွန်း
အရသာမူန့် အနည်းငယ်
ငရုပ်ကောင်းမူန့် အနည်းငယ်
အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပါ။
ပြီးရင် ကြက်ဥထည့်ကြော်ပြီး ဆယ်ထားပါ။
ဒယ်အိုးထဲ ကျန်တဲ့ ဆီနဲ့ ထောင်းထားတဲ့ အနှစ် ထည့်ပြီး ဆီသတ်ပါ။
မျောက်ငိုသီးရှိပါက မျောက်ငိုသီးထည့်ပါ။
ပြီးရင် ထမင်းကြမ်း.ပဲငံပြာရည် ၂ မျိူး.ငရုပ် ကောင်း..အရသာမူန့်ထည့်ပါ။
ပြီးရင် တရုပ်နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့် ကြော်ပါ။
စားတဲ့အခါမှာ ကြက်သွန်နီကြော် ဖြူးစားပါ။
တွဲဖက်စားရမှာကတော့
ကြက်ဥကြော်
သခွားသီး
ခရမ်းချဉ်သီး
ငါးမုန့်ကြော်တို့ဖြစ်ပါတယ်။
ပုန်းရည်ကြီးဝက်သားချက်
ပုန်းရည်ကြီးဝက်သားချက်ဆိုရင် အချိုချက်ထက် အစပ်ချက်ကို ပိုကြိုက်တယ် စပ်စပ်လေးဆိုတော့ ..မအီ တော့ဘူး ပေါ့။
ဝက်သားဂုတ်သား ၄၀၀ ဂရမ်
ပုန်းရည်ကြီး အထုပ်သေး ၄ ထုပ်
ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၂ ဇွန်း
ပဲငံပြာရည်အနောက် စာပွဲစားဇွန်း ၁ ဇွန်း
ဆား လဖက်ရည် ဇွန်း ဝက်
ကြက်သွန်နီ ၁၅၀ ဂရမ်.ပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ၅၀ ဂရမ်. ထောင်းထားပါ
ချင်း ၄၀ ဂရမ်. ထောင်းထားပါ
ငရုပ်သီးမူန့် စာပွဲစားဇွန်း ၂ ဇွန်း
ငရုပ်သီးစိမ်း ၁၀ တောင့်.ပါးပါးလှီးထားပါ
ကြက်သွန်နီဥအေသး ၁၅ လုံး. အခွံခွာပြီး. အလုံးလိုက်ထားပါ
ဆီ စာပွဲစားဇွန်း ၄ ဇွန်း
ရေ ၁ လီတာ
လုံးချက် ချက်မှာ ဖြစ်တဲ့အတွက်. ချက်မဲ့အိုးထဲကို. ဝက်သား
ကြက်သွန်နီ.ထောင်းထားတဲ့ ချင်းနဲ့ ကြက်သွန်ဖြူ.ငရုပ်သီးမူန့်.
ပဲငံပြာရည် ၂ မျိုး..ဆား. ဆီ ထည့်ပြီး နယ်ပါ.ပြီးရင် မီးဖိုပေါ်တင်ပြီး အသားတင်းသည်အထိချက်ပါ။
ပြီးမှ ရေထည့်ပြီး ချက်ပါ. ၇ဆေူရင် မီးလျော့ အဖုံးအုပ်ပြီး ချက်ပါ။
ဝက်သားနဲနဲနူးရင် ပုန်းရည်ကြီး. ငရုပ်သီးစိမ်း.ကြက်သွန်နီဥ ထည့်ပြီး ဝက်သားနူးအိပြီး ဟင်းအနှစ်ပျစ်ပျစ်လေး ရေအာင်ချက်ပါ။
ဝက်သားပုန်းရည်ကြီးထမင်းသုပ်
ထမင်းတပွဲစာ ထမင်းပုဂံလုံး တလုံး
ဝက်သားပုန်းရည်ကြီးချက် ဟင်းအနှစ်. စာပွဲစားဇွန်း ၃ ဇွန်း
ဝက်သားပုန်းရည်ကြီးချက် ဝက်သား. ၂ တုံး
ဝက်သားပုန်းရည်ကြီးချက် ထဲက ကြက်သွန်နီဥ. ၄ လုံး
ငံပြာရည် စာပွဲစားဇွန်း ၁ ဇွန်း
ငရုပ်သီးအကျက်မူန့် လဖက်ရည်ဇွန်း ၁ ဇွန်း
ဆီချက် အနီ စာပွဲစားဇွန်း ၂ ဇွန်း
ပဲမူန့်အကျက်မူန့် စာပွဲစားဇွန်း ၁ ဇွန်း
ဂေါဖီပါးပါးလှီး အနည်းငယ်
ကြက်သွန်နီပါးပါးလှီး အနည်းငယ်
နံနံပင် ပါးပါးလှီး အနည်းငယ်
သံပုရာသီး တ ခြမ်း
ထမင်းသုပ်မည်ဆိုပါက
ဇလုံထဲကို ထမင်းထည့်ပါ. ဝက်သားတုံးနဲ့ ကြက်သွန်နီဥ ကလွဲပြီးကျန်တာ အကုန်ထည့်ပြီးနယ်ပါ။
ပြီးရင် ဝက်သား.ကြက်သွန်နီဥ အသေးနဲ့ တွဲပြီးစားပါ။
( ထမင်းနယ်တဲ့အခါမှာ ဝက်သားအဆီတုံး. အသားတုံးများထည့် ချေ ပြီးနယ် လဲ ရပါတယ်)
မလေးရှား အုန်းထမင်းနဲ့ ကြက်သားဟင်း
မလေးရှားအုန်းထမင်း အတွက် လိုအပ်တာကတော့
ဆန် ၃ ခွက် ( ထမင်းပေါင်းအိုးထဲက ခွက်
ချင်းပါးပါးလှီး ၂ ပြား
စပါးလင် ၁ ချောင်း.ဓားပြားရိုက်ထားပါ
ဆွမ်းမွှေးရွက် ၂ ရွက်
ကြက်သွန်နီဥအသေး. ၁၀ လုံး
အုန်းနို့ ၂၀၀ ml + ၂၀၀ ml
ဆား လဖက်ရည်ဇွန်း တ ဇွန်း
ရေ ၃ ခွက် ( ထမင်းပေါင်းအိုးထဲက ခွက်)
ဆန်ကို ရေအနည်းဆုံး ၃ ကြိမ်ခန့် ဆေးပြီး ရေ ၁၅ မိနစ်ခန့် စိမ်ထားပါ။
ကြက်သွန်နီဥ အသေးကို အလုံးလိုက် အခွံခွာထားပါ။
ရေစိမ်ထားတဲ့ ဆန်ကို ရေစစ့်ပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။
ပြီးရင် စပါးလင်.ချင်း.ဆွမ်းမွှေးရွက်.ကြက်သွန်နီ ဥအသေး.ဆားထည့်ပါ။
ပြီးရင် အုန်းနို့ အပျစ် ၂၀၀ ml နဲ့ ရေ ၃ ခွက် ထည့်ပြီးချက်ပါ။
ထမင်းပေါင်းအိုး ခလုတ်တက်ပြီး ဆိုရင် ကျန်တဲ့ အုန့်နို့ ၂၀၀ ml ထည့်ပြီးမွှေပေးပါ။
နောက်ထပ် ၅မိနစ်ခန့်ချက်ပါ.
ကြက်သားဟင်း Curry Chicken အတွက် လိုအပ်တာကတော့
ကြက်ပေါင် ၂ ပေါင်. အတုံးကြီးကြီးတုံးထားပါ
ပဲငံပြာရည်အကြည် စာပွဲစားဇွန်း တဇွန်း
အချိူမူန့် လဖက်ရည်ဇွန်း တဇွန်း
ကာရီပေါင်ဒါ စာပွဲစားဇွန်း ၁ ဇွန်း + စာပွဲစားဇွန်း ၃ဇွန်း
ဟင်းအနှစ်အတွက် လိုအပ်တာတွေကတော့
သစ်ဂျပိုးခေါက် ၁ ချောင်း
နာနတ်ပွင် ၂ ပွင့်
ပြင်းတော်သိမ်း ၂ ခက်
အုန်းနို့အပျစ် ၂၅၀ ml
ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၁ ဇွန်း
ဆား လဖက်ရည်ဇွန်း တ ဇွန်း
ဟင်းခတ်မူန့် လဖက်ရည် ဇွန်းတဝက်
ဆီ စာပွဲစားဇွန်း ၄ ဇွန်း
ရေ ၃၀၀ ml
ဟင်းအနှစ်ထောင်းရန် လိုအပ်တာကတော့
ကြက်သွန်နီ ၁၅၀ ဂရမ်.ပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ၃၀ ဂရမ်.ပါးပါးလှီးထားပါ
ချင်း ၂၀ ဂရမ်.ပါးပါးလှီးထားပါ
စပါးလင် ၃ ချောင်း.ပါးပါးလှီးထားပါ
ငရုပ်သီးခြောက်အတောင့်ရှည် ၁၅ တောင့် ( ရေစိမ်ထားပါ )
ပထမဦးဆုံး ကြက်သားကို ပဲငံပြာရည်အကြည် ၁ ဇွန်း.အချိူမူန့် လဖက်ရည်တ ဇွန်း.ကာရီပေါင်ဒါ၁ ဇွန်းထည့်ပြီးနယ်ထားပါ။
ဟင်းအနှစ်ထောင်းရန် ကြက်သွန်နီ.ကြက်သွန်ဖြူ.စပါးလင်.ချင်း.ငရုပ်သီးတို့ကို စက်ထဲထည့်ပြီးကြိတ်ပါ။
ဆီအိုးတည်ပြီး ဆီပူရင် သစ်ဂျပိုးနဲ့ နာနတ်ပွင့်ထည့်ပါ။
ပြီးရင် ထောင်းထားတဲ့ အနှစ်ထည့်ပြီး ဆီသတ်ပါ.မွှေးလာရင် ကာရီ ပေါင်ဒါ ၃ ဇွန်းကို ရေအနည်းငယ်နဲ့ဖျော်ပြီးထည့်ပါ.ပြင်းတော်သိမ်ထည့်ပါ။
ပြီးရင် နယ်ထားတဲ့ ကြက်သားထည့်ပြီးချက်ပါ။
ကြက်သားအသားတင်းရင် အုန်းနို့ထည့်ပါ.ရေထည့်ပါ။
ဆူလာရင် ပဲငံပြာရည်အကြည်.ဆား.ဟင်.ဟင်းခတ်မူန့် ထည့်ပြီးချက်ပါ။
ကြက်သားနူးပြီး ဟင်းရည်ပျစ်လာသည်ချက်ပါ။
မလေးရှားအုန်းထမင်းကို
Sambal Onion လို့ ခေါတဲ့ ကြက်သွန်နီများများနဲ့ ချက်ထားတဲ့ ချဉ်ချိုစပ် အရသာရှိတဲ့ ငပိချက်.သခွားသီး. ငါးနီတူကြော်.မြေပဲကြော်.ကြက်ဥပြုပ် တို့နဲ့ တွဲပြီးစားပါတယ်။
အိမ်ချက် ကြက်ဆီထမင်း
-------------------------------------------
ကြက်ဆီထမင်းကိုပဲ ဝတ်ရည်က ကြက်ပြုတ်၊ ကြက်ကင်၊ ကြက်ကြော် (၃)မျိုးနဲ့ တွဲဖက်သုံးဆောင်နိုင်အောင် ချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ အရမ်းစားကောင်းတဲ့ ထိုင်းစတိုင် ကြက်ဆီထမင်းကို ခုပဲ လုပ်စားကြည့်ရအောင်... 🥰🥰
---------------------------------------------
ကြက်ဆီထမင်းတွင်း ပါဝင်ပစ္စည်းများ
ကြက်အရေခွံ ♦ ၂၀၀ ဂရမ်
ရှမ်းဆန် ♦ နို့ဆီခွက် ၃ခွက်
ဆား ♦ လက်ဖက်ရည်ဇွန်း တဝက်
ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း တဝက်
နံနံပင် ♦ ၁စည်း (ပါးပါးလှီးပါ)
သခွာသီး ♦ ၁လုံး (အပါးအစောင်းလှီးပါ)
ရေ ♦ ရခွက်
ဂျင်း ♦ ၆ပြား (ပါးပါးလှီးပြီသား)
ကြက်သွန်ဖြူ ♦ ၇မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
------------------------------------------------
ကြက်ဆီထမင်း အတွက် ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။
မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။ ဝတ်ရည်က ပိုကောင်းအောင် ကြက်အရေခွံသီးသန့် ဝယ်ထားပြီ ကြော်ခြင်းဖြစ်သည်။
၂။ ပြီလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။
--------------------------------------------
ကြက်ဆီထမင်းချက်နည်း
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။
၄။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။
၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ို ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။
၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။
၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်ပြုတ်၊ ကြက်ကင်၊ ကြက်ကြော်၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်..
---------------------------------------------
ကြက်ကင်တွင် ပါဝင်ပစ္စည်းများ
ကြက်ရင်ဗုံနဲ့ပေါင် တွဲယှက် ♦ ၈၀၀ ဂရမ် (၄ခု)
ပျားရည် ♦စားပွဲတင်ဇွန်း ၄ဇွန်း
ပဲငံပြာရည် (အကြည်) ♦ စားပွဲတင်ဇွန်း ၆ဇွန်း
ရှာလကာရည် ♦စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ - ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆား - လက်ဖက်ရည်ဇွန်း တဝက်
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
-----------------------------------------
ကြက်ကင်နည်း
၁. အရင်ဆုံး ကြက်ပေါင်များကို ဆား၊ အသားမှုန့် တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။
၂. ပြီမှ ကြက်သားနုပ်ရန် (ပျားရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်ဖြး တို့ကိုထည့်ပေးပြီ အနည်းဆုံး ၄နာရီမှ တညသိပ်ပေးပါ။
၃။ ကြက်သားနုပ်ပြီလျှင် အကင်ပြားထဲ ကြက်သားထည့်၊ ဆီအနည်းငယ် ဖြူးပေးပြီ ၁၈၀ ဒီဂရီဖြင့် ၄၅မိနစ်ခန့် ကင်ပေးရမှာပဲ ဖြစ်ပါတယ်။
၄။ ကြက်ကင်ရပြီဆိုရင် အတုံးများ တုံးထားပေးပါ။
----------------------------------------------
ကြက်ကြော် ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံ - ၁ခု
ဂျုံမှုန့် – ခွက်တဝက်
ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
ပါမုန့်ခြောက် – ခွက်တဝက်
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပု
ကြက်ကြော်နည်း
၁။ အရင်ဆုံး ကြက်သားပေါ်မှ ဆား(အနည်းငယ်၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပါ။
၂။ ကြကသားကို ကို ဂျုံမှုန့်များ ကပ်ပေးပါ။
၃။ ဂျုံကပ်ပြီလျှင် ကြက်ဥ ခွက်ထဲ ကြက်သားများကို နှစ်စိမ်ပေးပါ။
၄။ ပြီနောက် ပါမုန့်ခြောက်ခွက်ထဲ ကြက်သားများကို ထည့်ပြီ ပါမုန့်ခြောက်ကပ်ပေးပါ။
၅။ ပြီလျှင် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ကြက်သားများကို ကြွပ်ရွသည်အထိ ထည့်ကြော်ပေးပါ။
၆။ ကြက်သားကြော်များ ရပြီဆိုလျှင် ခေတ္တ အအေးခံပြီ အရှည်များ လှီးပေးထားပါ။
---------------------------------------
ဆော့တွင် ပါဝင်ပစ္စည်းများ
ပဲငံပြာရည် အကြည် ♦ စားပွဲတင်ဇွန်း ၃ဇွန်း
ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငပိ အနှစ် ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
သကြား ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဗီနီကာ ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ကြက်သွန်ဖြူ ♦ ၃မွှာ
ငရုတ်သီးနီ(သို့)စိမ်း ♦ ၆တောင့်
----------------------------------------------
ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ကြိတ်စက်ထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။
-----------------------------------------------
Wutyee Food House
---------------------------------------------
(Zawgyi)
Indonesian Fried Rice
ထမင္းၾကမ္း ၄၀၀ ဂရမ္
ေမ်ာက္ငိုသီး စာပြဲစားဇြန္း ၂ ဇြန္း
ပုဇြန္ ၆ ေကာင္
တ႐ုပ္နံနံပင္ ၂ ပင္.ပါးပါးလွီးထားပါ
ၾကက္သြန္ၿမိတ္ ၂ ပင္.ပါးပါးလွီးထားပါ
ၾကက္သြန္နီေၾကာ္ စာပြဲစားဇြန္း ၂ဇြန္း
ၾကက္ဥေၾကာ္ရန္ ၾကက္ဥ ၂ လုံး
ထမင္းေၾကာ္ရန္ ဆီ စာပြဲစားဇြန္း ၆ ဇြန္း
အႏွစ္ေထာင္းရန္ လိုအပ္တာက
ၾကက္သြန္နီဥေအသး ၃လုံး
ၾကက္သြန္ျဖဴ ၅ မႊာ
င႐ုပ္သီးစိမ္း ၈ ေတာင့္
ငပိစိမ္းစား လဖက္ရည္ ဇြန္း ၂ ဇြန္း
င႐ုပ္သီးစိမ္း နဲ႔ ၾကက္သြန္ျဖဴကို အရင္ေထာင္းပါ။
ၿပီးမွ ၾကက္သြန္နီ နဲ႔ ငပိထည့္ေထာင္းပါ.ၿပီးရင္ ပုဂံထဲထည့္ထားပါ။
ထမင္းေၾကာ္အတြက္ လိုအပ္တဲ့ အရသာေတြ ကေတာ့
ပဲငံျပာရည္အၾကည္ လဖက္ရည္ဇြန္း ၂ ဇြန္း
ပဲငံျပာရည္ေအနာက္ လဖက္ရည္ဇြန္း ၂ ဇြန္း
အရသာမူန႔္ အနည္းငယ္
င႐ုပ္ေကာင္းမူန႔္ အနည္းငယ္
အားလုံးအဆင္သင့္ျဖစ္ရင္ ဒယ္အိုးထဲ ဆီ အနည္းငယ္ထည့္ပါ။
ၿပီးရင္ ၾကက္ဥထည့္ေၾကာ္ၿပီး ဆယ္ထားပါ။
ဒယ္အိုးထဲ က်န္တဲ့ ဆီနဲ႔ ေထာင္းထားတဲ့ အႏွစ္ ထည့္ၿပီး ဆီသတ္ပါ။
ေမ်ာက္ငိုသီးရွိပါက ေမ်ာက္ငိုသီးထည့္ပါ။
ၿပီးရင္ ထမင္းၾကမ္း.ပဲငံျပာရည္ ၂ မ်ိဴး.င႐ုပ္ ေကာင္း..အရသာမူန႔္ထည့္ပါ။
ၿပီးရင္ တ႐ုပ္နံနံပင္နဲ႔ ၾကက္သြန္ၿမိတ္ထည့္ ေၾကာ္ပါ။
စားတဲ့အခါမွာ ၾကက္သြန္နီေၾကာ္ ျဖဴးစားပါ။
တြဲဖက္စားရမွာကေတာ့
ၾကက္ဥေၾကာ္
သခြားသီး
ခရမ္းခ်ဥ္သီး
ငါးမုန႔္ေၾကာ္တို့ျဖစ္ပါတယ္။
ပုန္းရည္ႀကီးဝက္သားခ်က္
ပုန္းရည္ႀကီးဝက္သားခ်က္ဆိုရင္ အခ်ိဳခ်က္ထက္ အစပ္ခ်က္ကို ပိုႀကိဳက္တယ္ စပ္စပ္ေလးဆိုေတာ့ ..မအီ ေတာ့ဘူး ေပါ့။
ဝက္သားဂုတ္သား ၄၀၀ ဂရမ္
ပုန္းရည္ႀကီး အထုပ္ေသး ၄ ထုပ္
ပဲငံျပာရည္အၾကည္ စာပြဲစားဇြန္း ၂ ဇြန္း
ပဲငံျပာရည္အေနာက္ စာပြဲစားဇြန္း ၁ ဇြန္း
ဆား လဖက္ရည္ ဇြန္း ဝက္
ၾကက္သြန္နီ ၁၅၀ ဂရမ္.ပါးပါးလွီးထားပါ
ၾကက္သြန္ျဖဴ ၅၀ ဂရမ္. ေထာင္းထားပါ
ခ်င္း ၄၀ ဂရမ္. ေထာင္းထားပါ
င႐ုပ္သီးမူန႔္ စာပြဲစားဇြန္း ၂ ဇြန္း
င႐ုပ္သီးစိမ္း ၁၀ ေတာင့္.ပါးပါးလွီးထားပါ
ၾကက္သြန္နီဥေအသး ၁၅ လုံး. အခြံခြာၿပီး. အလုံးလိုက္ထားပါ
ဆီ စာပြဲစားဇြန္း ၄ ဇြန္း
ေရ ၁ လီတာ
လုံးခ်က္ ခ်က္မွာ ျဖစ္တဲ့အတြက္. ခ်က္မဲ့အိုးထဲကို. ဝက္သား
ၾကက္သြန္နီ.ေထာင္းထားတဲ့ ခ်င္းနဲ႔ ၾကက္သြန္ျဖဴ.င႐ုပ္သီးမူန႔္.
ပဲငံျပာရည္ ၂ မ်ိဳး..ဆား. ဆီ ထည့္ၿပီး နယ္ပါ.ၿပီးရင္ မီးဖိုေပၚတင္ၿပီး အသားတင္းသည္အထိခ်က္ပါ။
ၿပီးမွ ေရထည့္ၿပီး ခ်က္ပါ. ၇ေဆူရင္ မီးေလ်ာ့ အဖုံးအုပ္ၿပီး ခ်က္ပါ။
ဝက္သားနဲနဲႏူးရင္ ပုန္းရည္ႀကီး. င႐ုပ္သီးစိမ္း.ၾကက္သြန္နီဥ ထည့္ၿပီး ဝက္သားႏူးအိၿပီး ဟင္းအႏွစ္ပ်စ္ပ်စ္ေလး ေရအာင္ခ်က္ပါ။
ဝက္သားပုန္းရည္ႀကီးထမင္းသုပ္
ထမင္းတပြဲစာ ထမင္းပုဂံလုံး တလုံး
ဝက္သားပုန္းရည္ႀကီးခ်က္ ဟင္းအႏွစ္. စာပြဲစားဇြန္း ၃ ဇြန္း
ဝက္သားပုန္းရည္ႀကီးခ်က္ ဝက္သား. ၂ တုံး
ဝက္သားပုန္းရည္ႀကီးခ်က္ ထဲက ၾကက္သြန္နီဥ. ၄ လုံး
ငံျပာရည္ စာပြဲစားဇြန္း ၁ ဇြန္း
င႐ုပ္သီးအက်က္မူန႔္ လဖက္ရည္ဇြန္း ၁ ဇြန္း
ဆီခ်က္ အနီ စာပြဲစားဇြန္း ၂ ဇြန္း
ပဲမူန႔္အက်က္မူန႔္ စာပြဲစားဇြန္း ၁ ဇြန္း
ေဂါဖီပါးပါးလွီး အနည္းငယ္
ၾကက္သြန္နီပါးပါးလွီး အနည္းငယ္
နံနံပင္ ပါးပါးလွီး အနည္းငယ္
သံပုရာသီး တ ျခမ္း
ထမင္းသုပ္မည္ဆိုပါက
ဇလုံထဲကို ထမင္းထည့္ပါ. ဝက္သားတုံးနဲ႔ ၾကက္သြန္နီဥ ကလြဲၿပီးက်န္တာ အကုန္ထည့္ၿပီးနယ္ပါ။
ၿပီးရင္ ဝက္သား.ၾကက္သြန္နီဥ အေသးနဲ႔ တြဲၿပီးစားပါ။
( ထမင္းနယ္တဲ့အခါမွာ ဝက္သားအဆီတုံး. အသားတုံးမ်ားထည့္ ေခ် ၿပီးနယ္ လဲ ရပါတယ္)
မေလးရွား အုန္းထမင္းနဲ႔ ၾကက္သားဟင္း
မေလးရွားအုန္းထမင္း အတြက္ လိုအပ္တာကေတာ့
ဆန္ ၃ ခြက္ ( ထမင္းေပါင္းအိုးထဲက ခြက္
ခ်င္းပါးပါးလွီး ၂ ျပား
စပါးလင္ ၁ ေခ်ာင္း.ဓားျပားရိုက္ထားပါ
ဆြမ္းေမႊးရြက္ ၂ ရြက္
ၾကက္သြန္နီဥအေသး. ၁၀ လုံး
အုန္းနို့ ၂၀၀ ml + ၂၀၀ ml
ဆား လဖက္ရည္ဇြန္း တ ဇြန္း
ေရ ၃ ခြက္ ( ထမင္းေပါင္းအိုးထဲက ခြက္)
ဆန္ကို ေရအနည္းဆုံး ၃ ႀကိမ္ခန႔္ ေဆးၿပီး ေရ ၁၅ မိနစ္ခန႔္ စိမ္ထားပါ။
ၾကက္သြန္နီဥ အေသးကို အလုံးလိုက္ အခြံခြာထားပါ။
ေရစိမ္ထားတဲ့ ဆန္ကို ေရစစ့္ၿပီး ထမင္းေပါင္းအိုးထဲထည့္ပါ။
ၿပီးရင္ စပါးလင္.ခ်င္း.ဆြမ္းေမႊးရြက္.ၾကက္သြန္နီ ဥအေသး.ဆားထည့္ပါ။
ၿပီးရင္ အုန္းနို့ အပ်စ္ ၂၀၀ ml နဲ႔ ေရ ၃ ခြက္ ထည့္ၿပီးခ်က္ပါ။
ထမင္းေပါင္းအိုး ခလုတ္တက္ၿပီး ဆိုရင္ က်န္တဲ့ အုန႔္နို့ ၂၀၀ ml ထည့္ၿပီးေမႊေပးပါ။
ေနာက္ထပ္ ၅မိနစ္ခန႔္ခ်က္ပါ.
ၾကက္သားဟင္း Curry Chicken အတြက္ လိုအပ္တာကေတာ့
ၾကက္ေပါင္ ၂ ေပါင္. အတုံးႀကီးႀကီးတုံးထားပါ
ပဲငံျပာရည္အၾကည္ စာပြဲစားဇြန္း တဇြန္း
အခ်ိဴမူန႔္ လဖက္ရည္ဇြန္း တဇြန္း
ကာရီေပါင္ဒါ စာပြဲစားဇြန္း ၁ ဇြန္း + စာပြဲစားဇြန္း ၃ဇြန္း
ဟင္းအႏွစ္အတြက္ လိုအပ္တာေတြကေတာ့
သစ္ဂ်ပိုးေခါက္ ၁ ေခ်ာင္း
နာနတ္ပြင္ ၂ ပြင့္
ျပင္းေတာ္သိမ္း ၂ ခက္
အုန္းနို့အပ်စ္ ၂၅၀ ml
ပဲငံျပာရည္အၾကည္ စာပြဲစားဇြန္း ၁ ဇြန္း
ဆား လဖက္ရည္ဇြန္း တ ဇြန္း
ဟင္းခတ္မူန႔္ လဖက္ရည္ ဇြန္းတဝက္
ဆီ စာပြဲစားဇြန္း ၄ ဇြန္း
ေရ ၃၀၀ ml
ဟင္းအႏွစ္ေထာင္းရန္ လိုအပ္တာကေတာ့
ၾကက္သြန္နီ ၁၅၀ ဂရမ္.ပါးပါးလွီးထားပါ
ၾကက္သြန္ျဖဴ ၃၀ ဂရမ္.ပါးပါးလွီးထားပါ
ခ်င္း ၂၀ ဂရမ္.ပါးပါးလွီးထားပါ
စပါးလင္ ၃ ေခ်ာင္း.ပါးပါးလွီးထားပါ
င႐ုပ္သီးေျခာက္အေတာင့္ရွည္ ၁၅ ေတာင့္ ( ေရစိမ္ထားပါ )
ပထမဦးဆုံး ၾကက္သားကို ပဲငံျပာရည္အၾကည္ ၁ ဇြန္း.အခ်ိဴမူန႔္ လဖက္ရည္တ ဇြန္း.ကာရီေပါင္ဒါ၁ ဇြန္းထည့္ၿပီးနယ္ထားပါ။
ဟင္းအႏွစ္ေထာင္းရန္ ၾကက္သြန္နီ.ၾကက္သြန္ျဖဴ.စပါးလင္.ခ်င္း.င႐ုပ္သီးတို့ကို စက္ထဲထည့္ၿပီးႀကိတ္ပါ။
ဆီအိုးတည္ၿပီး ဆီပူရင္ သစ္ဂ်ပိုးနဲ႔ နာနတ္ပြင့္ထည့္ပါ။
ၿပီးရင္ ေထာင္းထားတဲ့ အႏွစ္ထည့္ၿပီး ဆီသတ္ပါ.ေမႊးလာရင္ ကာရီ ေပါင္ဒါ ၃ ဇြန္းကို ေရအနည္းငယ္နဲ႔ေဖ်ာ္ၿပီးထည့္ပါ.ျပင္းေတာ္သိမ္ထည့္ပါ။
ၿပီးရင္ နယ္ထားတဲ့ ၾကက္သားထည့္ၿပီးခ်က္ပါ။
ၾကက္သားအသားတင္းရင္ အုန္းနို့ထည့္ပါ.ေရထည့္ပါ။
ဆူလာရင္ ပဲငံျပာရည္အၾကည္.ဆား.ဟင္.ဟင္းခတ္မူန႔္ ထည့္ၿပီးခ်က္ပါ။
ၾကက္သားႏူးၿပီး ဟင္းရည္ပ်စ္လာသည္ခ်က္ပါ။
မေလးရွားအုန္းထမင္းကို
Sambal Onion လို့ ေခါတဲ့ ၾကက္သြန္နီမ်ားမ်ားနဲ႔ ခ်က္ထားတဲ့ ခ်ဥ္ခ်ိဳစပ္ အရသာရွိတဲ့ ငပိခ်က္.သခြားသီး. ငါးနီတူေၾကာ္.ေျမပဲေၾကာ္.ၾကက္ဥျပဳပ္ တို့နဲ႔ တြဲၿပီးစားပါတယ္။
အိမ္ခ်က္ ၾကက္ဆီထမင္း
-------------------------------------------
ၾကက္ဆီထမင္းကိုပဲ ၀တ္ရည္က ၾကက္ျပဳတ္၊ ၾကက္ကင္၊ ၾကက္ေၾကာ္ (၃)မ်ိဳးနဲ႔ တြဲဖက္သုံးေဆာင္နိုင္ေအာင္ ခ်က္ျပဳတ္ထားတာပဲ ျဖစ္ပါတယ္။ အရမ္းစားေကာင္းတဲ့ ထိုင္းစတိုင္ ၾကက္ဆီထမင္းကို ခုပဲ လုပ္စားၾကည့္ရေအာင္... 🥰🥰
---------------------------------------------
ၾကက္ဆီထမင္းတြင္း ပါဝင္ပစၥည္းမ်ား
ၾကက္အေရခြံ ♦ ၂၀၀ ဂရမ္
ရွမ္းဆန္ ♦ နို့ဆီခြက္ ၃ခြက္
ဆား ♦ လက္ဖက္ရည္ဇြန္း တဝက္
ပဲငံျပာရည္ အေနာက္ ♦ လက္ဖက္ရည္ဇြန္း တဝက္
နံနံပင္ ♦ ၁စည္း (ပါးပါးလွီးပါ)
သခြာသီး ♦ ၁လုံး (အပါးအေစာင္းလွီးပါ)
ေရ ♦ ရခြက္
ဂ်င္း ♦ ၆ျပား (ပါးပါးလွီးၿပီသား)
ၾကက္သြန္ျဖဴ ♦ ၇မႊာ (ႏွုတ္ႏွုတ္စဥ္းေပးပါ)
------------------------------------------------
ၾကက္ဆီထမင္း အတြက္ ျပင္ဆင္နည္း
၁။ အရင္ဆုံး ဒယ္ထဲ ၾကက္အေရခြံမ်ားထည့္ကာ အညႇိေရာင္သန္းလာအထိ ေၾကာ္ေပးပါ။
မွတ္ခ်က္ ။ ။ ရိုးရိုးဆီနဲ႔ ၾကက္သြန္ျဖဴဆီခ်က္ ခ်က္လၽွင္လည္း ရသည္။ ဝတ္ရည္က ပိုေကာင္းေအာင္ ၾကက္အေရခြံသီးသန႔္ ဝယ္ထားၿပီ ေၾကာ္ျခင္းျဖစ္သည္။
၂။ ၿပီလၽွင္ ေၾကာ္ထားတဲ့ ၾကက္အေရခြံမ်ားကို ဖယ္ကာ ထိုၾကက္ဆီမ်ားျဖင့္ ၾကက္သြန္ျဖဴဆီခ်က္ လုပ္ေပးပါ။
--------------------------------------------
ၾကက္ဆီထမင္းခ်က္နည္း
၃။ ထို့ေနာက္ ၾကက္ရင္ဗုံကို ေရျဖင့္ သန႔္စင္ေအာင္ ေဆးၿပီ အေျခာက္ျပန္ခံထားပါ။
၄။ ၿပီေနာက္ ဒယ္အိုးတစ္ခုထဲသို့ ေရ(ရခြက္)ထည့္ကာ ဆူေအာင္အထိ တည္ထားေပးပါ။
၅။ ၿပီမွ ဆူလာလၽွင္ ၾကက္ရင္ဗုံ၊ ဆား(စားပြဲတင္ဇြန္း ၁ဇြန္း)ထည့္ကာ မီးနည္းနည္းျဖင့္ အဖုံးအုပ္၍ ႏူအိေအာင္ ၄၅မိနစ္ခန႔္ တည္ထားေပးပါ။
၆။ ေရမ်က္ႏွာျပင္ေပၚ ၾကက္အေရခြံမွ ထြက္လာေသာ ၾကက္ဆီမ်ားကို ေယာက္ဇြန္းျဖင့္ ခပ္ၿပီ ခြက္တစ္ခုထဲ ထည့္ထားေပးပါ။
၇။ ထို့ၾကက္ဆီရည္ ၄ခြက္ခြဲကို အခန္းအပူခ်ိန္ႏွင့္ အေအးခံထားပါ။
၈။ အေအးခံၿပီလၽွင္ ၾကက္ဆီထမင္း စခ်က္ရန္ ဆန္(၃လုံး) ေရေဆးၿပီသား၊ ၾကက္သြန္ျဖဴဆီခ်က္၊ ဂ်င္း(၆ျပား)၊ ၾကက္ဆီရည္(၄ခြက္ခြဲ)၊ ပဲငံျပာရည္အေနာက္(လက္ဖက္ရည္ဇြန္း တဝက္)၊ ဆား(လက္ဖက္ရည္ဇြန္း ၃ဇြန္း) တို့ို ထမင္းအိုးထဲထည့္ရာ ေရာေမႊလိုက္ၿပီ ရိုးရိုးထမင္းခ်က္သလို ခ်က္ေပးပါ။
၉။ ထမင္းခ်က္ေနစဥ္အတြင္း ျပဳတ္ထားေသာ ၾကက္သားမ်ားကို အရွည္လိုက္ပိုးလွီးေပးထားပါ။
၁၀။ ၾကက္ဆီထမင္း က်က္ၿပီဆိုလၽွင္ ၾကက္ျပဳတ္၊ ၾကက္ကင္၊ ၾကက္ေၾကာ္၊ သခြာသီး၊ နံနံပင္၊ ေဆာ့ရည္တို့ျဖင့္ တြဲဖက္သုံးေဆာင္နိုင္ပါၿပီ…
မွတ္ခ်က္ ။ ။ က်န္ၾကက္ျပဳတ္ရည္မ်ားကို ဆား၊ င႐ုတ္ေကာင္းမွုန႔္ အနည္းငယ္ခပ္ၿပီ ဟင္းခ်ိဳအျဖစ္တြဲဖက္ သုံးေဆာင္နိုင္ပါသည္..
---------------------------------------------
ၾကက္ကင္တြင္ ပါ၀င္ပစၥည္းမ်ား
ၾကက္ရင္ဗုံနဲ႔ေပါင္ တြဲယွက္ ♦ ၈၀၀ ဂရမ္ (၄ခု)
ပ်ားရည္ ♦စားပြဲတင္ဇြန္း ၄ဇြန္း
ပဲငံျပာရည္ (အၾကည္) ♦ စားပြဲတင္ဇြန္း ၆ဇြန္း
ရွာလကာရည္ ♦စားပြဲတင္ဇြန္း ၂ဇြန္း
ၾကက္သြန္ျဖဴ - ၃မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)
ဆား - လက္ဖက္ရည္ဇြန္း တ၀က္
အသားမွုန႔္ - လက္ဖက္ရည္ဇြန္း ၁ဇြန္း
-----------------------------------------
ၾကက္ကင္နည္း
၁. အရင္ဆုံး ၾကက္ေပါင္မ်ားကို ဆား၊ အသားမွုန႔္ တို့ျဖင့္ သမေအာင္ ေရာႏုယ္ေပးပါ။
၂. ၿပီမွ ၾကက္သားႏုပ္ရန္ (ပ်ားရည္၊ ပဲငံျပာရည္၊ ရွာလကာရည္၊ ၾကက္သြန္ျဖး တို့ကိုထည့္ေပးၿပီ အနည္းဆုံး ၄နာရီမွ တညသိပ္ေပးပါ။
၃။ ၾကက္သားႏုပ္ၿပီလၽွင္ အကင္ျပားထဲ ၾကက္သားထည့္၊ ဆီအနည္းငယ္ ျဖဴးေပးၿပီ ၁၈၀ ဒီဂရီျဖင့္ ၄၅မိနစ္ခန႔္ ကင္ေပးရမွာပဲ ျဖစ္ပါတယ္။
၄။ ၾကက္ကင္ရၿပီဆိုရင္ အတုံးမ်ား တုံးထားေပးပါ။
----------------------------------------------
ၾကက္ေၾကာ္ ပါဝင္ပစၥည္းမ်ား
ၾကက္ရင္ပုံ - ၁ခု
ဂ်ဳံမွုန႔္ – ခြက္တဝက္
ၾကက္ဥ – ၂လုံး (ခေလာက္ထားပါ)
ပါမုန႔္ေျခာက္ – ခြက္တဝက္
ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
င႐ုတ္ေကာင္းမွုန႔္ – လက္ဖက္ရည္ဇြန္း ၃ပုံ၁ပု
ၾကက္ေၾကာ္နည္း
၁။ အရင္ဆုံး ၾကက္သားေပၚမွ ဆား(အနည္းငယ္၊ င႐ုတ္ေကာင္းမွုန႔္ ျဖဴးေပးပါ။
၂။ ၾကကသားကို ကို ဂ်ဳံမွုန႔္မ်ား ကပ္ေပးပါ။
၃။ ဂ်ဳံကပ္ၿပီလၽွင္ ၾကက္ဥ ခြက္ထဲ ၾကက္သားမ်ားကို ႏွစ္စိမ္ေပးပါ။
၄။ ၿပီေနာက္ ပါမုန႔္ေျခာက္ခြက္ထဲ ၾကက္သားမ်ားကို ထည့္ၿပီ ပါမုန႔္ေျခာက္ကပ္ေပးပါ။
၅။ ၿပီလၽွင္ ဒယ္ထဲ ဆီမ်ားမ်ား ထည့္ၿပီ ဆီပူလာလၽွင္ ၾကက္သားမ်ားကို ႂကြပ္ရြသည္အထိ ထည့္ေၾကာ္ေပးပါ။
၆။ ၾကက္သားေၾကာ္မ်ား ရၿပီဆိုလၽွင္ ေခတၱ အေအးခံၿပီ အရွည္မ်ား လွီးေပးထားပါ။
---------------------------------------
ေဆာ့တြင္ ပါဝင္ပစၥည္းမ်ား
ပဲငံျပာရည္ အၾကည္ ♦ စားပြဲတင္ဇြန္း ၃ဇြန္း
ပဲငံျပာရည္ အေနာက္ ♦ လက္ဖက္ရည္ဇြန္း ၁ဇြန္း
ပဲငပိ အႏွစ္ ♦ စားပြဲတင္ဇြန္း ၃ဇြန္းစာ
သၾကား ♦ စားပြဲတင္ဇြန္း ၁ဇြန္းခြဲ
ဗီနီကာ ♦ စားပြဲတင္ဇြန္း ၁ဇြန္းခြဲ
ၾကက္သြန္ျဖဴ ♦ ၃မႊာ
င႐ုတ္သီးနီ(သို့)စိမ္း ♦ ၆ေတာင့္
-----------------------------------------------
ေဆာ့ျပဳလုပ္နည္း
၁။ ေဆာ့လုပ္ရန္ ႀကိတ္စက္ထဲသို့ (ပဲငံျပာရည္ အၾကည္၊ အေနာက္၊ ပဲငပိ၊ သၾကား၊ ဗီနီကာ၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း) တို့ကို သမေအာင္ ေရာေမႊလိုက္ပါ။
၂။ သၾကားအေရေပ်ာ္ရန္ မီးနည္းနည္းျဖင့္ အပူေပးၿပီ ခြက္တစ္ခုထဲေေဆာ့ရည္ျျပန္ထည့္ထားေပးပါ ။
-----------------------------------------------
Wutyee Food House
---------------------------------------------
No comments:
Post a Comment