Showing posts with label ကေလးသူငယ္. Show all posts
Showing posts with label ကေလးသူငယ္. Show all posts

Saturday, April 4, 2026

မြန်မာ့လူနေမှုနှင့် Autism ကလေးငယ်များ


💠Autism ဆိုတာဘာလဲ?


Autism (အော်တစ်ဇင်) လို့ခေါ်ကြပေမယ့် တကယ့်နာမည်က Autism Spectrum Disorder (ASD) ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ASD လို့ပဲ ဆက်သုံးနှုန်းသွားပါမယ်။ ASD ဆိုတာ အာရုံကြောပိုင်းနှင့်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ မူမမှန်ခြင်းဖြစ်ပါတယ်။ 


▪️လူအများနဲ့ပေါင်းသင်းဆက်ဆံရေး

▪️သင်ယူလေ့လာမှုနဲ့

▪️အပြုအမူပိုင်းတွေကိုသက်ရောက်မှုရှိစေပါတယ်။ 


ASD ကို အသက်အရွယ်မရွေး စစ်ဆေးတွေ့ရှိရနိုင်ပါတယ်။ ယေဘုယျအားဖြင့် မွေးစမှ ကလေးအသက်နှစ်နှစ်အတွင်းမှာ လက္ခဏာများ ပေါ်ပေါက်နိုင်ပါတယ်။


ASD ရှိတဲ့သူတွေဟာ


▪️လူမှုဆက်ဆံရေးပိုင်းအခက်အခဲများ

▪️လူအများနဲ့အပြန်အလှန်ထိတွေ့ပြောဆိုရာတွင်အခက်အခဲများ

▪️အကြောင်းအရာတစ်ခုကိုပဲစိတ်ဝင်စားမှုရှိခြင်း

▪️အမူအကျင့်တစ်ခုကို ထပ်ခါထပ်ခါလုပ်တတ်ခြင်း

▪️သူတို့ရဲ့လက္ခဏာတွေကြောင့် ကျောင်း၊လုပ်ငန်းခွင်နဲ့ ဘဝမှာ လုပ်ငန်းဆောင်တာတွေမှာ ပုံမှန်မလုပ်ဆောင်နိုင်ခြင်း စတဲ့အချက်တွေရှိနိုင်ပါတယ်။ 


ASD ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာ၊အမူအကျင့်၊ အားသာချက်၊အားနည်းချက်တွေ မတူညီနိုင်ကြဘဲ ကွဲပြားခြားနားမှုတွေနဲ့မူကွဲတွေရှိနိုင်လို့ Autism ကို Spectrum ဆိုတဲ့စကားလုံးနဲ့သုံးနှုန်းရခြင်းဖြစ်ပါတယ်။ Autism ရှိတဲ့ကလေးငယ်တိုင်းဟာ တပုံစံတည်းထပ်တူညီနေကြမှာမဟုတ်ပါဘူး။


အသက်အရွယ်မရွေး၊လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး၊ ဆင်းရဲချမ်းသာမရွေး ASD ဖြစ်နိုင်ပါတယ်။ ASD ဟာ ဘဝတသက်တာအတွက်ပါသွားမယ့် Disorder တစ်ခုဖြစ်ပါတယ်။ 


သို့သော် ဘေးနားကမိဘအုပ်ထိန်းသူ၊ပတ်ဝန်းကျင်က


▪️ဘယ်လောက်ကုသမှုပေးနိုင်မလဲ

▪️ဘယ်လောက်အထိပံ့ပိုးသင်ကြားပေးနိုင်မလဲ

▪️ဘယ်လိုအထောက်အပံ့တွေပေးနိုင်မလဲဆိုတဲ့အချက်တွေကတော့ ASD ကလေးငယ်တစ်ဦးရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာဖြေရှင်းနိုင်မှုတွေကို အကျိုးကျေးဇူးသက်ရောက်နိုင်ပါတယ်။ 


💠ASD ရဲ့ လက္ခဏာများ


ASD မှာ အဖြစ်များ၊အတွေ့ရများတဲ့ လက္ခဏာအချို့ကိုဖော်ပြပေးပါမယ်။ သို့သော် ဒီလက္ခဏာတွေအကုန်လုံးက တခါတည်းရှိနေမှာတော့မဟုတ်ပါဘူး။ လက္ခဏာအများစုကိုတော့ တွေ့ရနိုင်ပါတယ်။


လူမှုဆက်ဆံရေးပိုင်းမှာ


▪️မျက်လုံးချင်းဆုံတွေ့မှုအလွန်နည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်း

▪️လူတစ်ယောက်စကားပြောနေရင် မကြည့်ခြင်း၊ နားမထောင်ခြင်း

▪️စိတ်ခံစားမှု၊ စိတ်ပါဝင်စားမှု၊ ပျော်ရွှင်မှုတို့ကိုပြသမှုနည်းပါးခြင်း/မပြသခြင်း

▪️အာရုံစိုက်အောင် လှမ်းခေါ်ခြင်း၊စကားပြောခြင်း၊အသံပြုခြင်းများပြုလုပ်လျှင် တုံ့ပြန်မှုနည်းပါးခြင်း/မရှိခြင်း

▪️စကားအစအဆုံးပြောတတ်ဖို့ခက်ခဲနေခြင်း

▪️လူမှုဆက်ဆံရေးကျင့်ဝတ်များကိုနားမလည်ဘဲ စကားဖြတ်ပြောခြင်း၊ သူစိတ်ဝင်စားရာကိုသာ ထပ်တလဲလဲပြောဆိုခြင်း

▪️တပါးသူပြောဆိုသောအကြောင်းအရာ သို့်မဟုတ် သူကိုယ်တိုင်ပြောဆိုသောအကြောင်းအရာနဲ့မဆက်စပ်သော မျက်နှာအမူအရာ၊ ကိုယ်ဟန်လှုပ်ရှားမှုရှိနေခြင်း

▪️စကားသံအနိမ့်အမြင့်အတက်မကျမရှိခြင်း၊ စိတ်ခံစားမှု၊လှုပ်ရှားမှုမပါသောအသံဖြင့်သာ စကားပြောတတ်ခြင်း

▪️တပါးသူရဲ့ဘက်ကို ဝင်တွေးဖို့ခက်ခဲခြင်း၊ တပါးသူ မည်ကဲ့သို့ဆက်ဆံမလဲကို မခန့်မှန်းနိုင်ခြင်း

▪️မတူညီတဲ့လူ့အဖွဲ့အစည်းတွေ၊နေရာတွေမှာ လိုက်လျောညီထွေဖြစ်အောင် မနေထိုင်နိုင်ခြင်း

▪️စိတ်ကူးစိတ်သန်းဖြင့်ဆော့ကစားခြင်းများ မပြုလုပ်နိုင်ခြင်း

▪️သူငယ်ချင်းမိတ်ဆွေမဖွဲ့နိုင်ခြင်း


တစ်မျိုးတည်း/ထပ်ခါထပ်ခါပြုလုပ်သောအမူအကျင့်များအနေနဲ့


▪️စကားတစ်ခု သို့မဟုတ် အလေ့အကျင့်တစ်ခုကိုသာ ထပ်ခါထပ်ခါပြုလုပ်ခြင်း

▪️အကြောင်းအရာတစ်ခုခု (ဂဏန်းသင်္ချာနံပါတ်များ၊ အချက်အလက်များ) ကို အလွန်အမင်းစိတ်ဝင်စားခြင်း

▪️အာရုံစူးစိုက်ရသောအရာဝတ္ထုများကိုသာ ဆက်တိုက်စိတ်ဝင်တစားကိုင်တွယ်နေခြင်း

▪️နေ့စဉ်ပြုမူနေသော ဝတ္တရားများထဲမှ အနည်းငယ်ပြောင်းလဲမှုကိုပင် လက်မခံနိုင်ခြင်း

▪️ပြောင်းလဲမှုကို နေသားမကျနိုင်ခြင်း


အာရုံခံစားမှုပိုင်းဆိုင်ရာမတူညီမှုများအနေနဲ့


▪️အလင်း၊အသံ၊အဝတ်အစား၊အပူချိန်စတဲ့ အာရုံခံစားမှုများကို တုံ့ပြန်မှုလွန်ကဲခြင်း/တုံ့ပြန်မှုနည်းပါးခြင်း


အိပ်စက်ခြင်းနဲ့တည်ငြိမ်မှုပိုင်းဆိုင်ရာများအနေနဲ့လည်း တခြားသူများနဲ့မတူညီမှုတွေရှိနေနိုင်ပါတယ်။


ASD ရှိသူတွေမှာ အခြားသူများထက်သာလွန်တဲ့ အားသာချက်များလည်းရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့်


▪️အသေးစိတ်တိတိကျကျမှတ်သားနိုင်ခြင်း၊ အချိန်ကြာမြင့်စွာ အမှတ်သညာပြုနိုင်ခြင်း

▪️အမြင်အာရုံ၊အကြားအာရုံခံစားမှု အားသန်ခြင်း

▪️သင်္ချာ၊သိပ္ပံပညာ၊ ဂီတနှင့် အနုပညာအားကောင်းခြင်း စသည်တို့ဖြစ်ပါတယ်။


💠ASD ဘာကြောင့်ဖြစ်ရလဲ?


ASD ကိုဖြစ်စေတဲ့ မူလအကြောင်းအရင်းကို မသိနိုင်ပါဘူး။ ဒါပေမယ့် မျိုးရိုးဗီဇ ( Genes ) နဲ့ ကလေးဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်စေတဲ့ ပတ်ဝန်းကျင်ကြောင့် ASD ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ လေ့လာချက်များက ဆိုပါတယ်။ ASD ဖြစ်စေနိုင်ခြင်းကို မြင့်တက်စေတဲ့ အချို့သောအချက်များကတော့


◾ASD ရှိတဲ့မောင်နှမရှိခြင်း

◾မိဘများက အသက်ကြီးနေခြင်း

◾ပေါင်မပြည့် အလွန်နည်းပြီးမွေးဖွားလာခြင်း

◾Down Syndrome သို့မဟုတ် Fragile X syndrome ကဲ့သို့ မျိုးဗီဇပုံမမှန်သော ရောဂါရှိခြင်း စသည်တို့ဖြစ်ပါတယ်။ အခြားသော Environmental Factors များလည်းရှိနေပါသေးတယ်။ ဒါကတော့ အချို့ကိုရေးသားထားတာဖြစ်ပါတယ်။


💠ASD ရှိမရှိကိုဘယ်လိုသိရှိနိုင်မလဲ


အသက် ၂နှစ်လောက်မှာတော့ သိနိုင်ပါတယ်။ ဆရာဝန်များကလည်း လူတစ်ဦးရဲ့ အမူအကျင့်နဲ့ ဖွံ့ဖြိုးမှုကိုကြည့်ပြီး ASD ရှိမရှိကို ဆုံးဖြတ်နိုင်ပါတယ်။ စောစောသိလေ ကောင်းလေပါပဲ။


💠ASD မှာ Level တွေရှိသလား?


ASD ဖြစ်တဲ့အခါ Level 1,2,3 ဆိုပြီး အဆင့် ၃ဆင့်ရှိပါတယ်။ 


Level 1 မှာ Support လိုအပ်သော်လည်း Mild ဖြစ်ပါတယ်။

Level 2 မှာ စနစ်တကျဂရုစိုက်ပေးရသော Support လိုအပ်ပြီး  Moderate အဆင့်ဖြစ်ပါတယ်။

Level 3 မှာ ပိုမို အရေးကြီးသော၊ စနစ်တကျဂရုစိုက်ပေးရသော Support လိုအပ်ပြီး  Severe အဆင့်ဖြစ်ပါတယ်။


💠ကလေးများနှင့် ASD ရှိမရှိသိနိုင်ဖို့


ကျွန်မအနေနဲ့ မိဘများကို အကြံပေးချင်တာကတော့ နေမကောင်းမှသာ ဆေးခန်းပြတာ၊ ကလေးဆရာဝန်နဲ့သွားဆွေးနွေးတာမျိုးမလုပ်ဘဲ ကလေးရဲ့ ဖွံ့ဖြိုးမှုများကို ပုံမှန်စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ 


ကလေးများကို ဆေးရုံများမှာ ကလေးအထူးကုဆရာဝန်များနဲ့ ဖွံ့ဖြိုးမှုမိုင်တိုင်ပုံမှန်စစ်ဆေးပေးပါ။ ဥပမာ - အသက် ၉လ၊ ၁၈လ၊ ၂၄ လ နဲ့ လ၃၀ တို့မှာ စစ်ဆေးသင့်ပါတယ်။ အသက် ၁၈လနဲ့ ၂၄လတို့မှာ Autism Screening ကိုလည်း သီးသန့်စစ်ဆေးနိုင်ပါတယ်။ 


ကျွန်မသိရသလောက် မြို့ကြီးများရဲ့ဆေးရုံတွေမှာ Developmental Assessment Clinic များရှိနေပါပြီ​။ ဥပမာ- ပန်းလှိုင်ဆေးရုံ(လှိုင်သာယာ) နဲ့ ပါရမီဆေးရုံကြီးတို့မှာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုတွေအတွက် မိဘများစစ်ဆေးလို့ရပါတယ်။ ဒါက Information သီးသန့်ပေးတာဖြစ်ပါတယ်။ သို့မဟုတ် မိမိပြသနေကျ ကလေးအထူးကုဆရာဝန်များကိုလည်း မေးမြန်းပြီး ဖွံ့ဖြိုးမှုမိုင်တိုင်စစ်ဆေးလိုကြောင်း အကြံဉာဏ်တောင်းယူနိုင်ပါတယ်။


ဒီပထမအဆင့်ဟာ အခြေခံအကျဆုံးဖြစ်ပါတယ်။ ဒီအဆင့်မှာ လိုအပ်ချက်နဲ့သံသယရှိနေရင် မိမိပြသထားတဲ့ ကလေးအထူးကုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာဆရာဝန်များက လိုအပ်တဲ့ Speciality တွေကို ဆက်လက်လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ဥပမာ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ စကားပြောကျွမ်းကျင်ဆိုင်ရာ၊ ကလေးစိတ်ပညာဆိုင်ရာ စသဖြင့် လိုအပ်တဲ့ Branch တွေကို ခွဲသွားနိုင်မှာဖြစ်ပါတယ်။


💠ASD ကိုကုသလို့ရသလား?


စောစောသိရရင် စောစောကုသလို့ရလေလေပါပဲ။ ဒါပေမယ့် ရောဂါပျောက်အောင်ကုသလို့ရတာမျိုးမဟုတ်ပါဘူး။ Therapies ၊ ဆေးဝါးများ၊ အထောက်အပံ့များ၊ အထောက်အကူနည်းလမ်းများနဲ့ ကလေးငယ်ရဲ့ ဘဝမှာ အဆင်ပြေလာအောင်ကူညီပံ့ပိုးပေးခြင်းကပဲ ကုသမှုဖြစ်ပါတယ်။


နည်းလမ်းတစ်မျိုးတည်းကပဲ ကုသနည်းဆိုပြီး သတ်မှတ်ထားခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ASD ကလေးငယ်တွေမှာ လိုအပ်ချက်တွေကများလို့ပါ။ ကျန်းမာရေးဘက်ဆိုင်ရာဆရာဝန်များရဲ့ကုသမှုအပြင် Service Providers များရဲ့ ပံ့ပိုးမှုတွေပါလိုအပ်ပါတယ်။


ASD ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ကုသရာမှာ


▪️တတ်ကျွမ်းနားလည်သူဆရာဝန်

▪️သင်ကြားရေးပိုင်းဆိုင်ရာမှာ Special Needs Education ကိုကျွမ်းကျင်သူ ဆရာ/ဆရာမ

▪️Special Need Education ကို စနစ်တကျသင်ကြားပေးနိုင်သော စာသင်ကျောင်း

▪️အမူအကျင့်ပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားပေးနိုင်သော အတန်းများ

▪️အထောက်အပံ့ပစ္စည်းများ

▪️Community Group များ

▪️အာဟာရပိုင်းဆိုင်ရာလမ်းညွှန်မှုများ

▪️ကလေးစိတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်/ဆရာဝန်များ အစရှိသော ရှုထောင့်များအားလုံး ပေါင်းဆုံနေဖို့လိုအပ်ပါတယ်။


အားလုံးမှာ အဓိကအကျဆုံးကတော့ Counselling ပဲဖြစ်ပါတယ်။ ကျွန်မတို့ဆရာဝန်တွေနဲ့ ပညာရှင်တွေရဲ့ Side ဘက်ကကြည့်ရင် ASD ဆိုတာ Disorder (ရောဂါ)တခုလို့သာအလွယ်သတ်မှတ်လို့ရပေမယ့် မိဘများဘက်ကြည့်ရင်တော့ ဘဝတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်ရဲ့ ကလေးက ASD ရှိနေပြီဆိုရင် ဒီအခြေအနေကို ကိုယ်တိုင်ကနားလည်သဘောပေါက်မှု၊ လက်ခံနိုင်မှုအပြည့်အဝရှိနေအောင် ကြိုးစားရပါလိမ့်မယ်။ ဒီအတွက် မိဘများက ဗဟုသုတရှိဖို့ကြိုးစားသင့်သလို မိမိအနေနဲ့ လက်ခံနိုင်ဖို့ခဲယဉ်းနေရင်လည်း တတ်ကျွမ်းနားလည်သူများရဲ့ ဆွေးနွေးအကြံပေးခြင်းနဲ့ Counselling ကို ရယူသင့်ပါတယ်။


💠မြန်မာ့လူနေမှုနှင့် Autism


ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတအားနည်းခြင်းနဲ့ ကိုယ်ချင်းစာစိတ်နည်းပါးခြင်းတို့ကြောင့် မသန်စွမ်းသူများကို ပြက်ရယ်ပြုခြင်းအလွန်ပေါပါတယ်။ ကိုယ်တိုင်ရွေးချယ်ခွင့်မရှိတဲ့အရာတွေနဲ့ မွေးဖွားလာရသူတွေကို လှောင်ပြောင်ခြင်း၊ အသားအရောင်ခွဲခြားခြင်း၊ စနောက်ခြင်း၊ တဆင့်နှိမ့်ချခြင်းတွေဟာ မရှိသင့်တော့တဲ့ အရာတွေဖြစ်သော်လည်း အခုချိန်ထိ လူ့ပတ်ဝန်းကျင်မှာရှိနေသေးတာကို ခါးသီးစွာပဲလက်ခံရပါတယ်။


မသန်စွမ်းသူကို "ထော့ကျိုး" လို့လှောင်ပြောင်တာ

မိန်းကလေးစိတ်နဲ့ ယောကျာ်းကိုယ်ဖြစ်နေသူကို "အခြောက်"လို့ပြက်ရယ်ပြုတာ

အကြောဆွဲရောဂါရှိနေသူကို မျက်နှာရွဲ့စောင်းပြပြီး ဟာသလုပ်ပြတာတွေရှိနေသလို

Autism ကလေးငယ်များနဲ့ Autism လူကြီးများကိုလည်း "ကြပ်မပြည့်သူများ"လို့သုံးနှုန်းကြတာတွေ ရှိနေကြတုန်းပါပဲ။


Autism ကလေးတွေမှာ သင်ကြားရေးအတွက် အခက်အခဲရှိနိုင်ပေမယ့် ကလေးတိုင်းက Intellectual Disability (သင်ယူမှုမသန်စွမ်းခြင်း)ဖြစ်နေတာမဟုတ်ပါဘူး။ IQ Level နဲ့လည်း ASD ကိုသတ်မှတ်တာမဟုတ်တဲ့အတွက် ကြပ်မပြည့်ခြင်းလို့ပြောဆိုတဲ့ အသုံးအနှုန်းဟာ အလွန်ရိုင်းပြီးကြမ်းတမ်းပါတယ်။ ASD ကလေးတွေမှာ သင်ကြားရေးကို လုံးဝမစွမ်းသာသူတွေကနေ Giftedness လို့ခေါ်တဲ့ ဉာဏ်ကြီးရှင်/ပညာရှင်တွေအထိရှိနေနိုင်ပါတယ်။


💠 ASD ကလေးငယ်များနှင့် လူ့အခွင့်အရေး


ASD ကလေးငယ်များမှာလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုရဖို့ အခွင့်အရေးအပြည့်ရှိပါတယ်။ ဒါပေမယ့် ASD နဲ့ပတ်သက်တဲ့ ပံ့ပိုးမှု၊ထောက်ပံ့မှုအလုံအလောက်မရှိတာတွေ ဖြစ်နေသေးတဲ့အတွက် ASD ကလေးငယ်တွေကို ခွဲခြားဆက်ဆံခံရခြင်းတွေရှိနေပါသေးတယ်။ 


ဒါ့အပြင် သူတို့ရဲ့ကျန်းမာရေးဟာလည်း အခြားသူများနဲ့တန်းတူလိုအပ်ချက်များကတူတူပါပဲ။ အစားအသောက်ကန့်သတ်ခြင်း၊ အိမ်တွင်းမှာအနေများခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်မှုမဖြစ်အောင်တော့ သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။


ASD ကလေးငယ်များနဲ့ပတ်သက်တဲ့အကြောင်းတွေကို ကျွန်မတို့လူ့အဖွဲ့အစည်းတစ်ခုလုံးက သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေလိုပဲ နားလည်ရင်းနှီးနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ASD ကလေးငယ်များကိုသာမက သူတို့ရဲ့မိဘများကိုပါ ကိုယ်ချင်းစာနာစိတ်နဲ့ကူညီပေးနိုင်မှာဖြစ်ပါတယ်။


မိမိရဲ့ကလေးငယ်က ကျောင်းမှာလူရှေ့ထွက်ပုံပြင်ပြောပြတတ်ပြီး မိဘနဲ့တူတူ အပြန်အလှန်စကားပြောတတ်နေချိန်မှာ ASD ကလေးငယ်တွေရဲ့ မိဘတွေက အသားနာတာကို နာတယ်ပြောတတ်ဖို့ကို သင်ကြားပေးနေရပါတယ်။ ကိုယ်တိုင်ရေငှဲ့သောက်တတ်ဖို့ကို သင်ပေးနေရပါတယ်။ 

မိဘတွေမရှိတော့တဲ့အချိန်မှာ ပညာတတ်ကြီးဖြစ်ပြီး ကြီးပွားချမ်းသာနေဖို့ထက် သူတို့ရဲ့ နိစ္စဓူဝအလုပ်တွေကို ဘေးလူအကူအညီမရှိဘဲကိုယ်တိုင်လုပ်နိုင်ဖို့ မျှော်လင့်သင်ကြားပေးနေကြပါတယ်။ အများကြီးပေးဆပ်ပြီး နေ့စဉ်အပင်ပန်းခံကြိုးစားပေးနေကြတဲ့ မိဘတွေမို့ အမြဲလေးစားဂုဏ်ယူရပါတယ်။ 


ဒါကြောင့် ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ မိဘချင်းကိုယ်ချင်းစာနာတတ်ပြီး ASD ကလေးငယ်များကို နားလည်နိုင်ဖို့၊ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းထောက်ပံ့ပေးနိုင်စေဖို့ ယခုဆောင်းပါးကိုရေးသားလိုက်ရပါတယ်ရှင်။


အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။


မောင်(ဆေး-၁) @Dr.မာမီ


Ref : Who.int

         NIMH (National Institute of Mental Health)

Sunday, July 21, 2024

ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'

 'ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'




(မိဘဒေါသကြီးရင် ကလေးက ထုံပေပေဖြစ်တတ်တယ်။ မိဘကစိတ်ရှည်ရင် ကလေးက ချက်ချာပါးနပ်တယ်။ 2 ways Influence processပါပဲ။ ဒါကို သတိမူမိဖို့ ဆောင်းပါးတစ်စောင် ကူးယူဖော်ပြလိုက်ပါတယ်။)


ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။


၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။


ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။


၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ 


ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။


၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။


ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။ 


၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။


ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။


၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။


အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။


၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။


ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။


ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။


မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။


1. Calm

2. Correct

3. Consistent

4. Consequences




1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။

------------------------------------

ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။


မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။


ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။


ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။


2. Correct ကလေး အားပြုပြင်ပါ။

-----------------------------

ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။


ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။


ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။


3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။

-------------------------------

ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။


ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။


ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။


"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။


ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။


4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။

------------------------------------

ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။


မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။


ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။


 ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။


ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။


ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။




မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။


 အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။


ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။


ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။


 ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။ 


Kids aren't born with perfect manners and etiquette. We need to teach them correctly.


ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။


*** မူလဘူတရေးသားမျှဝေသူ အမည်မသိလို့ သည်အတိုင်း ကူးတင်ထားပါတယ်။ သိသူများ Comment ပေးသွားကြပါဦးနော်။

Wednesday, June 28, 2023

မွေးကင်းစကလေး ကျန်းမာရေး




 (၁) သနပ်ခါးလိမ်းခြင်း


ဘာကိုရည်ရွယ်ပြီး လိမ်းနေကျလည်း မသိပေမယ့် ကလေးအသားရည်အတွက် လုံးဝ မသင့်တော်ဖူး။ အရေပြားနုနုလေးတွေမှာ အဆင်မပြေတဲ့ သနပ်ခါးတွေ လိမ်းနေရုံနဲ့ ကလေးလည်း ထူးမလှလာသလို ဒီကအမှုန်တွေကြောင့် ရင်ကြပ်တာတွေ ချောင်းဆိုးတာတွေဖြစ်လာကျရော။ ပြီးရင် ချောင်းဆိုးပါတယ် ရင်ကြပ်ပါတယ်ဆိုပြီး ဆေးတွေလျောက်လိမ်းလျောက်လုပ်နဲ့ မုန့်လုံးစက္ကူကပ်နေကျတာပါ။ စိတ်ချပါ သနပ်ခါးလိမ်းလို့ အသားမဖြူပါဖူး။ ကိုယ့်ပဲ ကြည့်မွေးကတည်း လိမ်းလာတယ် ၁၀ တန်းအထိ ခု အသက်သာ ၃၃ ပြည့်တော့မယ် မဲတုန်းပဲ။


(၂) ရေတိုက်တာ။ 


ကိုယ်တိုင်လည်း ရေတိုက်ခံလာရတာပဲ။ ဘာဖြစ်လည်းဆို ဘာမှမဖြစ်ဖူး။ တကယ်လည်း ဘာမှမဖြစ်ဖူး အမှန်ပဲကို။ ဒါပေမယ့် ဖြစ်သွားတဲ့လူတွေရှိတယ်။ ပြသနာတွေရှိကိုရှိလို့ နောင်ပိုင်း ၆ လထိ နို့တမျိုးတည်းတိုက်ရမယ်မှာလာတာ။ ရပ်ကွက်ထဲကလို နင်တို့တုန်းကလည်း ဒီလိုပဲနဲ့ မဟုတ်ဖူး။ အဆင့်ဆင့် လူပေါင်းများစွာကို နှစ်ပေါင်းများစွာ စမ်းသပ်တယ် စစ်ဆေးတယ် လေ့လာပြီးမှ ဒီအဖြေတွေရလာတာ။ ကိုယ့်ကလေးမှ မဖြစ်ပဲ စိတ်ချတိုက်လို့ရတယ်ဆိုပြီး သူများကလေးဖြစ်နေရင် ကိုယ့်ပယောဂ မကင်းတာကို လက်ခံရမယ်။


(၃) မြန်မာဆေးတွေ 


သက်သေပြထားတာရှိရင် အဆင်ပြေရာသုံးပါ။ ဒါပေမယ့် ခေါင်းစ ခြေအဆုံး ဆေးတမျိုးတည်းနဲ့ပျောက်ရင် လိမ်တာပဲ။ မေမေတွေပြောရင် မေမေတွေလိမ်တယ်။ ရောင်းတဲ့လူပြောရင် ရောင်းတဲ့လူလိမ်တယ်။ ကျွန်တော်ပြော ကျွန်တော်လိမ်တယ်ပဲ။ ဒီလောက်ခေါင်းစခြေဆုံးပျောက်တဲ့ ဆေးကိုသိနေပြီး ကမ္ဘာမှာမြန်မာက ဘာလို့ ကျန်းမာရေး ဘိတ်ချေးဖြစ်နေလည်း။ ဒီလောက်ကောင်းပါတယ်ဆိုတဲ့ ဆေးတွေနဲ့ ၅ နှစ်အောက်ကလေးသေဆုံးမှုတွေက အများဆုံးဖြစ်နေရတာလည်း။ မေးခွန်းတွေက အများကြီးပါ။ ကိုယ်တွေတောင် ဆေးတခုပေးတော့မယ်ဆို မပေးခင် တွက်လိုက်ရတာ ပေးသင့် မသင့်စဉ်းစားရလိုက်တာ။ ဗမာဆေးအများစုက နဖူးက ခြေမထိရောဂါ အကုန်ပျောက်နေတာ မဟုတ်သေးပါဖူး။


(၄) ခြေဆန့်၊ နှာရိုးဆွဲ၊ နဖူးဖိတာတွေ


ဘယ်အရာမှ ပြင်လို့မရဖူး။ အရိုးပြင်မယ်ဆို ချိုးမှရမယ်။ အပြင်ကောငိးပြီး ကျိူးလာတာလည်း တပုံကြီး။ ကိုယ့်လည်း နဖူးတွေဖိကျတာပဲ။ ခုကောရလား မရဖူး မို့မောက်နေရော (တွေ့ဖူးတဲ့ လူတွေသိတယ်)။ 


(၅) ခေါင်းရိတ်တာ


ဘယ်ကစလိုက်တဲ့ ဂျင်းလည်းတော့မသိ ဆံပင်သန်တယ်ဆိုကြီး ကတုံးတုံးလိုက်ရတာ။ ၃ နှစ်လောက်ထိ အပြောင်ပဲ။ ကြီးလာတော့ ဆံပင်သန်လား။ ဝေးစွ နဖူးမှာ လေဆိပ်ဆောက်လို့ရတယ်။ ဒါတွေအကုန်က မျိုးရိုးအရပဲသွားမှာ။ ဘာမှပြင်လို့မရပါဖူး။


(၆) အစားရှောင်ခိုင်းတာ


သေအောင်ပြောယူရတဲ့ ကိစ္စပဲ။ စားကျပါ စားကျပါ ဘယ်လောက်ပြောပြော နောက်နေ့ဘာစားလည်း မေးကြည့် ၁၀ ယောက်မှာ ၈ ယောက်က ဟင်းခါးနဲ့ ငါးကြော်ဆိုတာကြီးပဲ။ ဒါတောင် တခြားလူတွေမဟုတ်ဖူးနော် ကိုယ်နဲ့လာမွေးတဲ့ မေမေတွေ။ စားပါ အကုန်စားပါ မေမေတွေရှောင်လို့ မေမေတွေဘာမှမဖြစ်ပါဖူး။ မေမေတွေနို့က အာဟာရမရပဲ ကလေးကဖြစ်တာပါ။ မေမေတွေခံနိုင်ပေမယ့် ကလေးတွေမခံနိုင်ပဲ beri beri တွေနဲ့ သေကျပါတယ်။ အဲ့ကျတော့လည်း သူငယ်နာတဲ့။ တကယ်ပဲ စန်းကြယ်တဲ့ မီယန်မာနိုင်ငံ နို့တိုက်ရမယ့် မေမေတွေကျ အငတ်ထားပြီး နို့ပဲသောက်ရမယ့် ကလေးတွေကျ အတင်းအစာကျွေးတဲ့နိုင်ငံ 🥴🥴


အဲ့တော့ ဘာမှလုပ်ဖို့ မလိုတာတွေကို မလုပ်ခိုင်းကျပါနဲ့။ လုပ်ပြီးမှ ကလေးတခုခုမှ ဆရာဝန်တွေဆီလာတော့ ဆရာဝန်တွေလည်း မကြိုက်တော့ဆဲရော။ အဲ့ကျ အပေါက်ဆိုးတယ်ဖြစ်ကျရော။ ကျန်းမာရေး အဆင့်ကနောက်ဆုံးရောက်နေပြီ ဆရာဝန်တွေလည်း ကြိုးစာရမှာဖြစ်သလို မေမေတွေလည်း အရာအာလုံးကို လက်ခံပြောင်းလဲဖို့လိုတယ်။ မဆုပ်ကိုင်ထားသင့်တာကို ဆက်ကိုင်နေရင်တော့ ဘာမှမထူးပါဖူး။


ရေးသားမျှဝေသူ _ ဒေါက်တာ ထူး (မိခင်နှင့် ကလေး)

Friday, September 9, 2022

ကလေးသူငယ်များအတွက် သုတရတနာသိုက်

 ကလေးသူငယ်များအတွက် သုတရတနာသိုက်




သုတရတနာသိုက်က ကလေးတွေအတွက် စွယ်စုံကျမ်း ဖြစ်ပါတယ်။ ဝိဇ္ဇာသိပ္ပံ အသိပညာ အတတ်ပညာတွေ လေ့လာလို့ မကုန်ခန်းနိုင်တဲ့ သုတရတနာတွေ ပါဝင်လို့ သုတရတနာသိုက် လို့ အမည်မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ အဆင့်မြင့်ပညာဦးစီးဌာနနှင့် တိုင်း-လိုက်ဖ်စာအုပ်တိုက်တို့က ကိုဒန်းရှားရဲ့ ကလေးသူငယ်များအတွက် ရောင်စုံစွယ်စုံကျမ်းကို မှီးပြီး မြန်မာပြန်ဆို ထုတ်ဝေထားတာပါ။ ဒီစာအုပ်တွေကို ဟောင်ကောင်မှာ ပုံနှိပ်ခဲ့စဉ်ကအကြောင်းကို စာရေးဆရာ ကျော်အောင်ရဲ့ ဟောင်ကောင်နွေဦးညများ စာအုပ်မှာ ဖတ်ခဲ့ရဖူးပါတယ်။




၁၀ တွဲပါ အစုံပေါင်း ငါးသောင်းကျော် ပုံနှိပ်ပြီးတော့ အခြေခံပညာကျောင်းတွေကို မဆလခေတ် ကုန်ခါနီးမှာ ဖြန့်ဝေခဲ့တာပါ။ ၈၈ အရေးခင်းကြီးပြီးတော့ သုတရတနာသိုက်တွေ စာအုပ်အဟောင်းတန်းကို အသစ်အတိုင်း ဘူးတွေနဲ့ ရောက်သွားတာ အများကြီးပဲတဲ့။ တစ်စုံမှာ ၂၅ ကျပ်ပဲတဲ့။




ကျောင်းတွေမှာတော့ ဒီစာအုပ်တွေကို ကျောင်းစာကြည့်တိုက်ထဲမှာ သော့ခတ်ပြီး သိမ်းထားလေ့ရှိပါတယ်။ ရတနာသိုက်ဆိုတော့ ပျောက်မှာစိုးလို့ ထင်ပါတယ်။ ကျောင်းစာကြည့်တိုက်ဆိုတာကလည်း စစ်ဆေးရေးလာတဲ့ ရက်တွေပဲ ဖွင့်တတ်တာ။




ငယ်ငယ်တုံးကတော့ အဖေဝယ်လာပေးလို့ နှစ်အုပ်တော့ အိမ်မှာ ရှိခဲ့တယ်။ ၁၉၉၀ နှစ်များက အရာရာ ရှားပါးချိန်ဖြစ်လို့ ကျောင်းသုံးဖတ်စာအုပ်တွေက အဖြူအမည်း၊ မှုန်ဝါးဝါး။ အခြား သုတရသ စာအုပ်တွေကလည်း စာရွက်ညံ့ပေါ်မှာ မှုန်ဝါးဝါး ပုံနှိပ်ထားချိန်မှာ ဒီလို ရောင်စုံစာအုပ်တွေကို ဖတ်ရတာကို အလွန်သဘောကျခဲ့တယ်။ ငါကြီးလာရင် သုတရတနာသိုက် တစ်စုံလုံး ဝယ်ပြီး ဖတ်ဦးမယ်လို့ တွေးမိဖူးခဲ့တယ်။




၂၀၁၇ ခုနှစ်မှာ ၃၇ လမ်းက စာအုပ်ဟောင်းဆိုင်မှာ သုတရတနာသိုက် အစုံလိုက် အသစ်အတိုင်း သန့်နေသေးတာကို တစ်သိန်းခွဲပေးပြီး ဝယ်ခဲ့ဖူးတယ်။ နှစ်သုံးဆယ်လောက် ကြာပြီဖြစ်ပေမယ့် အသစ်အတိုင်းပဲ။ ကျောင်းစာကြည့်တိုက် တံဆိပ်တုံးလေးတွေနဲ့။ ဘယ်ကျောင်းသားကျောင်းသူမှ ဖတ်ခွင့်မရခဲ့ပဲ ကျောင်းစာကြည့်တိုက် ဘီရိုထဲကနေ အဟောင်းဆိုင်ကို ရောက်သွားရရှာတယ်။




စာအုပ်က တန်ဖိုးကြီးလွန်းတော့ အိမ်က ကလေးတွေကိုလည်း ပေးမဖတ်ရဲဘူး။ နည်းနည်းကြီးမှ ပေးဖတ်မယ်လို့ ပြောထားရတယ်။ ၂၀၁၈ ခုနှစ်မှာ သုတရတနာသိုက် စာအုပ်တွေကို ပညာရေးဝန်ကြီးဌာနက တတိယအကြိမ် ပြန်ထုတ်တော့ တစ်စုံကို ၄၅၀၀၀ ဆိုတော့မှ နောက်တစ်စုံ ထပ်ဝယ်ပြီး ကလေးတွေကို ပြဲချင်ပြဲပါစေ ဖတ်ရင်ပြီးတာပဲဆိုပြီး ချပေးထားနိုင်တယ်။




 သုတရတနာသိုက် စုစုပေါင်း အတွဲ ၁၀ တွဲရှိပါတယ်။


pdf စာအုပ် ဖတ်ချင်သူများအတွက် link တွေပါ။




၁။ ယူနီဗာ့ဆ်နှင့် ရာသီဥတု


https://www.mediafire.com/file/ue14dtr26y12zh6/CTK_1_The_Universe_and_Weather_N.pdf/file




၂။ အပင်များ



ကလေးသူငယ်များအတွက် သုတရတနာသိုက်

အပင်များ


ကိုဒန်းရှား၏ ကလေးသူငယ်များအတွက် ရောင်စုံစွယ်စုံကျမ်းကိုမှီး၍ အက်ဖ်အီးပီ အင်တာနေရှင်နယ် ပီတီအီး လီမိတက်က တည်းဖြတ်သည့်မူကို အဆင့်မြင့်ပညာဦးစီးဌာနနှင့် တိုင်း-လိုက်ဖ်စာအုပ်တိုက်တို့က မြန်မာပြန်ဆို ထုတ်ဝေသည်။


ပထမပုံနှိပ်ခြင်း အုပ်ရေ ၅၀၀၀၀

၁၉၈၄ ခုနှစ် သြဂုတ်လ

စာမျက်နှာ ၁၁၅


အပင်များ

https://drive.google.com/file/d/1K0_jM5vHRnTBygj18MZPZAKXndmsu5IH/view?usp=sharing

https://www.mediafire.com/file/haoj4kcpru1tmar/CTK_2_Plants_S.pdf/file

https://www.mediafire.com/file/haoj4kcpru1tmar/CTK_2_Plants_S.pdf/file




၃။ ကမ္ဘာဦးသက်ရှိများ


https://www.mediafire.com/file/z6plgwu661rn1jg/CTK_3_Prehistoric_Life_S.pdf/file




၄။ ရေအောက်သက်ရှိများ


https://www.mediafire.com/file/17o0oysd39sdc2o/CTK_4_Underwater_Life_S.pdf/file




၅။ အင်းဆက်ပိုးများ


https://www.mediafire.com/file/wvwdrn5dr799ldx/CTK_5_Insects_S.pdf/file




၆။ တိရစ်ဆာန်များ


https://www.mediafire.com/file/b692azuad1rubom/CTK_6_Animals_S.pdf/file




၇။ သင်္ချာ


https://www.mediafire.com/file/zeedvd7wilk6hak/CTK_7_Mathematics_S.pdf/file




၈။ အီလက်ထရွန်းနစ်နှင့် စွမ်းအင်


https://www.mediafire.com/file/eb2jvs392bh4oq7/CTK_8_Electronics_and_Energy_S.pdf/file




၉။ ပို့ဆောင်ရေးယာဉ်များ


https://www.mediafire.com/file/yfu5aede1dq5ue9/CTK_9_Transport_S.pdf/file




၁၀။ ဝါသနာပါရာ အပန်းဖြေစရာ


https://www.mediafire.com/file/qy4k3nrmetuwsch/CTK_10_Life_and_Leisure_S.pdf/file




 သုတရတနာသိုက် ၁၀ တွဲလုံးရဲ့ pdf file တွေကို အောက်ကလင့်မှာ ဝင်ပြီး ဖတ်နိုင်ပါတယ်။


https://sites.google.com/view/haytha-yu-mon/CTK

Wednesday, May 18, 2022

ကလေးရိုင်းခြင်း နှင့် 'C' 4 'C'

 ကလေးရိုင်းခြင်း နှင့် 'C' 4 'C'




ဖြစ်ရပ်-၁

--------

 ဗြိတိသျှဘုရင်မကြီး၏မြစ်တော် မင်းသမီးလေး ရှားလက် Charlotte သည် တော်ဝင်မိသားစုအား လက်ဝှေ့ရမ်းနုတ်ဆက်နေသော ပြည်သူပြည်သားဘက်သို့လှည့်၍ လျှာထုတ်ပြလိုက်သည်။ 


အသက် ၄ နှစ်အရွယ် မင်းသမီးလေးအား သူ့မိခင် ကိတ် Kate က လူထုအား ပြန်လည်နှုတ်ဆက်ခိုင်းလိုက်ချိန်မှာ ဖြစ်သွားခြင်းဖြစ်သည်။


 ကိတ်က အခြေအနေကို အလွန်တော်စွာထိန်းသိမ်းလိုက်နိုင်သည်။ လူထုဖက်လှည့်၍ ပြုံးရယ်ကာ "ကြည့်... ကြည့်... တွေ့လိုက်ကြတယ်မလား" ဟု ကလေးက ပျော်တတ်တဲ့ပုံစံဖမ်း လုပ်ပြသွားသည်။ 


တကယ်လည်း ကိတ်တော်ပါသည်။ ကလေးအား အဲ့လိုလုပ်ရလားလို့ လူထုကြီးရှေ့မှာ မာန်လိုက်လို့မဖြစ်ပေ။ သူတို့ တော်ဝင်မိသားစုတွေက လူထုရှေ့မှာ အပြုံးပန်းဆင်၍ နှစ်လိုဖွယ် အမြဲနေနေရသူတွေဖြစ်သည်။


ကိတ်အနေနှင့် မင်းသမီးလေးအား အမူအကျင့်ကောင်းနှင့် အဆိုး Good behaviour နှင့် Bad behaviour ကို သိနားလည်အောင် သင်ပြဖို့တော့လိုနေပြီဖြစ်သည်။ ကလေးက နောင်တချိန်မှာ လက်ခလယ်ထောင်မပြဘူးမပြောနိုင်ပေ။ သူတွေ့လာသည့် behaviour အမူအကျင့်ကို သူလိုက်လုပ်ချင်လုပ်ပေမည်။


ဖြစ်ရပ်-၂

---------

 အမေရိကားမှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ ၄ နှစ်အရွယ် သူ့ကလေးက လမ်းမှာတွေ့သည့်သူတွေကို ငါ့ဘာလို့ကြည့်ရတာလဲဟု လိုက်စွာနေ၍ ဖြစ်သည်။ အမေရိကားမှာ ကလေးကဒီလိုလိုက်လုပ်နေတာ အန္တရာယ်များသည်။


ကျနော့်ဆီ ကလေးရိုင်းလို့ဆိုကာ တွေ့လျှင်တိုင်ပင်ကြသည့် မိဘတွေတွေရှိသည်။ မိမိကလေး စရိုင်းစပြုသည်ကို သတိထားမိခြင်း၊ ရိုင်းသည်လို့ လက်ခံကာ ပြုပြင်ဖို့ ကြိုးစားကြခြင်းသည် အလွန်ကောင်းပါသည်။


 ကလေးဘာကြောင့်ရိုင်းလဲ အဖြေရှာကြည့်သည်။ ကလေးတယောက်၏ အမူအကျင့် behaviour ကို ပြုပြင်သည့် အချက် factors ၃ ချက်ရှိသည်။


 ၁- ကလေး၏ ဗီဇ၊ 

 ၂- ကလေး၏ အိမ်တွင်း မိဘ၊ ညီအကို ဆွေမျိုးများ၊ 

 ၃- ကလေး၏ ပြင်ပအသိုင်းအဝိုင်း သူငယ်ချင်း၊ ဆရာမ၊ ကျောင်း စသည်တို့ ဖြစ်သည်။


ကလေး ၂ နှစ်မှ ၄ နှစ်အထိ အချက် -၂ အိမ်တွင်းထိတွေ့သူတွေအရေးကြီးသည်။ ၄ နှစ်မှ အထက်တွင် အချက် - ၂ ရော ၃ ပါ ဂရုပြုရမည်။


ယခုကိစ္စတွင် ကလေးက လမ်းမှာ တွေ့သမျှလူတွေကို ငါ့ဘာကြောင့်ကြည့်ရတာလဲ Why are you looking at me? စသည်တို့ ပြောနေသည်မှာ ကလေးရဲ့ ၁၁ နှစ်အရွယ် အမဆီမှ လာကြောင်း တွေ့ရသည်။


ကလေး ၂ ယောက် အသက်မတူသည့်အခါမိဘ၏ ဂရုစိုက်မှုကမတူ၊ အငယ်ကောင်လေးကို မျက်နှာသာပေးတော့ အမက သူ့မချစ်ဘူးထင်သည်။ ကလေးက အမကို ဆံပင်ဆွဲတာ၊ အမလုပ်တာ လိုက်လုပ်ချင်တာ၊ စပ်စုတာတွေရှိတော့ အမကကလေးကို "ငါ့နားမလာနဲ့၊ မစပ်စုနဲ့၊ ငါ့ကိုလိုက်မကြည့်နဲ့" ပြောထားတာတွေကို ကလေးက အပြင်လူကို ပြန်လုပ်နေခြင်းဖြစ်သည်။




ဖြစ်ရပ်-၃

--------

ကလေးက အရွယ်ရောက်လာသည့်အခါ မိဘနှင့်မတည့်တော့ပဲ ရိုင်းလာခြင်း။ ဤဖြစ်ရပ်မျိုးကို Singapore မှာရော မြန်မာပြည်မှာပါ တွေ့ရပါသည်။ post သပ်သပ်ရေးမှ ရမည်။


ဖြစ်ရပ်-၄

--------

၃ နှစ်အရွယ်ကလေးက မိဘအားပြန်ပြန်အော်ခြင်း။ ရိုက်ခြင်း။ ကျနော့် အိမ်ရှေ့က ကလေးမလေး ဝတုတ်လေး ၂ ယောက်လုံး ရေလည်အော်သည်ကို သတိပြုမိတာ ကြာပါပြီ။

---------------------------------

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။




၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။


ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။


၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ 


ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။


၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။


ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။ 


၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။


ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။


၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။


အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။


၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။


ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။


ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။


မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။


1. Calm

2. Correct

3. Consistent

4. Consequences


1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။

------------------------------------

ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။


မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။


ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။


ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။


2. Correct ကလေး အားပြုပြင်ပါ။

-----------------------------

ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။


ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။


ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။


3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။

-------------------------------

ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။


ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။


ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။


"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။


ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။


4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။

------------------------------------

ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။


မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။


ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။


 ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။


ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။


ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။


မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။


 အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။


ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။


ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။


 ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။ 


Kids aren't born with perfect manners and etiquette. We need to teach them correctly.


ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။


#CrdOrginalUploader

Sunday, August 29, 2021

အရွယ်မရောက်သေးသူအားခိုးယူပေါင်းသင်းမှု

 [Unicode]အရွယ်မရောက်သေးသူအားခိုးယူပေါင်းသင်းမှု

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

#UnderAge_Married

#ခိုးယူပေါင်းသင်းခြင်း

#ဥပဒေရေးရာဗဟုသုတ




(လူပျိုပေါက်၊ အပျိုပေါက်လေးတွေ ချစ်ကြိုက်ပြီး ခိုးပြေးပေါင်းသင်းတာပဲဖြစ်ဖြစ်၊ အပျိုပေါက်၊ လူပျိုပေါက်တွေကို အရွယ်ရောက်ပြီး သူတွေက ခိုးယူ ဒါမှမဟုတ် သဘောတူ ပေါင်းသင်းတာပဲဖြစ်ဖြစ် ဥပဒေနဲ့ငြိပါတယ်။ နိုင်ငံတိုင်းမှာ အရွယ်ရောက်ပြီး အသက်အရွယ် ကန့်သတ်ချက်တွေ ကြေငြာအသိပေးထားပြီးဖြစ်လို့ပါ။ ကျန်းမာရေးအရကော၊ စဉ်းစားဉာဏ်ကော မရင့်ကျက်သေးတဲ့ ကလေးအရွယ် တွေကို ဘာအကြောင်းကြောင့်မှ အချစ်စိတ်နယ်မလွန်သင့်သလို စောင့်ထိမ်းအပ်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်ကြောင်း သတိထားရပါမယ်။ ကိုယ့်ချစ်သူက အသက်မပြည့်သေးဘူးလို့ ယူဆရင် အောက်မှာ ဝေငှထားတဲ့ အချက်အလက်လေးတွေကိုကြည့်ပြီး ဘရိတ်အုပ်ပါ။)


ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ အရ အသက်၁၄နှစ်အောက် ယောက်ျားကလေးနှင့် အသက် ၁၆ နှစ် အောက် မိန်းကလေးများကို အုပ်ထိန်း သူ၏သဘောမတူဘဲ ဆောင်ယူခြင်း၊ သို့တည်းမဟုတ် ဖြားယောင်းသွေး ဆောင်ပြီး ထွက်သွားစေခြင်းကို အုပ်ထိန်းသူထံမှ ခိုးယူသည်မည်သည်၊၊ယင်းဥပဒေပုဒ်မ ၃၆၁ တွင် အဆို ပါခိုးယူမှု အတွက် ပြစ်ဒဏ်သတ်မှတ်ထားတယ်၊၊ ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင် ကြောင်း ဖော်ပြထားသည်။


နေ့စဉ်ကြားသိတွေ့မြင်နေရသည့် လူခိုးမှုများမှာ အသက် ၁၆ နှစ်မပြည့်သေးသည့် မိန်းကလေးကို ၎င်း၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီချက်မရပဲ ခိုးယူမှုပင် ဖြစ်သည်။ဤအမှုမျိုးတွင် အဓိက အရေး ကြီး ဆုံးအချက်မှာ မိန်းကလေးသည် အသက် ၁၆ နှစ်မပြည့်သေးသူ ဖြစ်ရမည်။ မိန်းကလေးအသက် ၁၆ နှစ်မပြည့် သေးကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုအပေါ် တည်ရှိသည်။ မိန်းကလေး၏ သဘော တူညီချက် ဆန္ဒ အရ ခိုးယူမှုဖြစ်စေကာမူ မိန်းကလေးသည် အသက်မပြည့်သေးသူဖြစ်ပါက ပြစ်မှုမြောက်ပေသည်။


အရွယ်မရောက်သေးသည့်မိန်းကလေးများကို ခိုးယူမှုနဲ့ပတ်သက်သည့် တရားရုံးချုပ်၏ စီရင်ထုံးများမှ ထုတ်နုတ်၍ ဖော်ပြလိုက်ပါသည်။


မိန်းကလေး၏အသက်နှင့်ပတ်သက်၍ ထင်ရှားသည့် စီရင်ထုံးမှာ မောင်ကျော်ဆွေနှင့် ပြည်ထောင် စုမြန် မာနိုင်ငံ (၁၉၆၆ ရုံးချုပ် ၄၀၈)ဖြစ်သည်။ အဆိုပါအမှုတွင် မောင်ကျော်ဆွေနှင့် မခင်ရဲတင့်တို့ သမီးရည်းစားဖြစ်ပြီး ထွက်ပြေးကြသည်၊၊ မခင်ရဲတင့် အသက် ၁၆ နှစ် မပြည့်သေးဆိုသည့်အချက်မှာ အငြင်းပွားသည်။မခင်ရဲတင့်အား စစ်ဆေးသည့် ဆရာဝန်က မခင်ရဲတင့်၏ အသက်မှာ ၁၅ နှစ်နှင့် ၁၇ နှစ်အကြားရှိ၍ ၁၆ နှစ် နည်းနည်းသာ ကျော် မည် ဖြစ်နိုင်ပါသည်ဟု ထင်မြင်ချက်ပေးသည်။ဇာတာအရ မခင်ရဲတင့်၏အသက်သည် ၁၆ နှစ်မပြည့်သေးပေ။ အထက်တန်းကျောင်း ကျောင်းဝင်စာရင်းတွင် အသက် ၁၆ နှစ် မပြည့်သေးပါ။ အမျိုးသား မှတ် ပုံတင်လက် မှတ် တွင် မွေးနေ့ဖျက်ပြီးပြင်ထားသည်။ ပြင်ထားသည့်မွေးနေ့အရ ဆိုလျှင် အသက် ၁၆ နှစ်ထက်ကျော်ပြီး မူလ ပေး ထားသည့် ရက်စွဲအတိုင်းဆိုလျှင် ၁၆ နှစ် မကျော်သေးပေ။ တရားခံ မောင်ကျော်ဆွေဘက်မှ တင်ပြသည့် မခင်ရဲ တင့်၏ကျမ်းကျိန်လွှာတွင် ၁၇ နစ်ဟု ဖော်ပြထားသည်၊၊ မခင်ရဲတင့်က သက်ဆိုင်ရာလအကသို့ရေးသည့်စာအရ ၁၇ နှစ်ဖြစ်သည်။ ပြည်မြို့အထက်တန်းကျောင်း ဝင်ပုံစံအရဆိုလျှင် အသက် ၁၆ နှစ်ပြည့်နေသည်။ အဆိုပါ အမှုတွင် အသက်နှင့် ပတ်သက်၍ တရား လိုဘက်မှ တိကျပြတ်သားသော သက်သေခံချက်မရှိချေ။ တရားခံဘက် ကတင်ပြသော စာရွက်စာတမ်းများနှင့် အမျိုးသား မှတ်ပုံတင် လက်မှတ်နှင့် ဆရာဝန်၏ ထွက်ချက်များအရ  မခင် ရဲတင့်၏ အသက်သည် အချင်း ဖြစ်စဉ်အခါက ၁၆ နှစ် ပြည့်ပြီးလည်းဖြစ်နိုင်သည်။ထို့ကြောင့် အသက်နှင့်ပတ် သက်၍ ဒွိဟ သံသယဖြစ်စရာအကောင်းလည်း ပေါ်ပေါက်၍ မောင်ကျော်ဆွေအား အနိုင်ပေးသည်။ အဆိုပါ စီရင်ထုံးတွင် ဇာတာဆိုသည်မှာ အများနှင့် သက်ဆိုင်သော စာရွက် စာတမ်းမဟုတ်၊ ဇာတာများကို မည်သည့် အခါမဆို ပြုလုပ်၍ရနိုင်သည်၊၊ အမျိုးသား မှတ်ပုံတင်လက်မှတ်နှင့် ကျောင်းဝင်ပုံမှာ သက်သေခံဥပဒေပုဒ်မ  ၃၅ အရ တရားဝင် အများနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းဖြစ်သည်ဟု ဖော်ပြထားသည်။


ပုဒ်မ ၃၆၃ အရ ပြစ်ဒဏ်ထိုက်သော လူခိုးမှုတွင် အဓိက အရေးကြီးသည့် အချက်မှာ အုပ်ထိန်းသူထံမှ ခိုးယူသည့်မိန်းကလေးသည် အသက် ၁၆ နှစ် အောက်ဖြစ်ရန်လိုပေသည်၊၊အသက် ၁၆ နှစ်အောက် မိန်းကလေး တဦးကို ၎င်း၏သဘောတူညီချက်အရပင် ခိုးယူခဲ့စေကာမူ အုပ်ထိန်းသူက သဘောမတူလျှင် ထိုသို့ ခိုးယူသောသူ သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်ဖြစ်သည်။၎င်းပြင် ခိုးယူသူက မိန်းကလေး သည် အသက် ၁၆ နှစ်ကျော်ပြီဟု သဘောရိုးနှင့် ယုံကြည်ခဲ့စေကာမူ မိန်း ကလေး၏အသက်မှာ အမှန်တကယ် ၁၆ နှစ်အောက် ဖြစ်နေပါက ထိုသို့ခိုးယူမှုသည် မိမိယုံကြည်ချက်ကို အကာအကွယ် မယူနိုင်ချေ။ထိုပုဒ်မအရ အဓိက စဉ်းစားရမည့်ပြဿနာမှာ  မိန်းကလေး၏အသက် ဖြစ်သည့်အ လျောက် ခိုးယူသည်ဆိုသော မိန်းက လေး၏ အသက်သည် ၁၆ နှစ်အောက် ဖြစ်သည်ဟု ထင်ရှားအောင် ပြသရန် တာဝန်မှာ တရားလိုအပေါ်တွင် ကျရောက်နေ ပေသည်။  (ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်မိုး(ခ)မောင်သိန်း၊၁၉၆၆ ရုံးချုပ် ၁၂၁၄)။


ပညာသင်ကြားနေစဉ်အချိန်၌ငယ်ရွယ်သည့် ကျောင်းသူကျောင်းသားများသည် ဆရာမိဘတို့၏ နောက် ကွယ်တွင် သမီးရည်းစားထား ခြင်း၊ ချိန်းဆိုတွေ့ဆုံခြင်းစသည့် အပြုအမူများမှာ ၎င်းတို့၏ ပညာရေးကို သာမက ကိုယ်ကျင့်တရားနှင့် ကျောင်းစည်းကမ်းများကိုပါ ထိခိုက်နိုင်သည့် ကိစ္စဖြစ်၍ ထိုကဲ့သို့ပြုမူသည့် ကျောင်းသားများ အား အသ်ပညာပေးသည့်အနေနှင့်လည်းကောင်း၊ အခြား ကျောင်းသူ - ကျောင်းသားများအဖို့ စံနမူနာဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လည်း ကောင်း သင့်လျော်သည့် ပြစ်ဒဏ်များချမှတ်ပေးရန် တရားရုံးများ အနေနှင့် တာဝန်ရှိပေ သည်။ အယူခံတရားလိုတို့သည် ငယ်ရွယ်သည့် ကျောင်းသားများဖြစ်ကြပြီး မိမိတို့ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် ၄-လကျော်ကျော် အကျည်းခံရပြီးဖြစ်ရာ ၎င်းတို့အဖို့ လုံလောက်သော သင်ခန်းစာရရှိပြီးဖြစ်သည်ဟု ယူဆသည်။

အထက်ပါအကြောင်းရပ်များကြောင့် အယူခံတရားလိုတို့အပေါ် ကျပြီးသော ထောင်ဒဏ်သာ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ (မောင်ဟန်ညွန့်ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၆ ရုံးချုပ် ၁၅၀၂)၊


ပထမအကြိမ် ကျူးလွန်ခြင်း၊ ရက်စက်ဟော့ရမ်းကြမ်းတမ်းမှု မပါဝင်ခြင်း စသည့်အချက်များသည် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁) အရ ခံဝန် ချုပ်ဖြင့် အစမ်းပြုလုပ်လွှတ်ထားရန် သင့်မသင့် စဉ်းစားရာ၌  ထည့် သွင်း စဉ်းစားထိုက်သော အချက်များ ဖြစ်သည် မှန်၏။သို့ရာတွင် ယခုအမှု၌ အလေးအနက်ထား၍ စဉ်းစား သင့်သော အခြားအချက်များလည်း ရှိနေပေသည်။ ဆင်ခြင်တုံတရား မရှိသေးသည့် ငယ်ရွယ်သူ မိန်းကလေး တဦး၏ ဘဝလုံခြုံမှုထိခိုက်ပျက်ပြားစေခြင်းသည် လူမူရေးအရ မလိုလားအပ်သည့် အကြောင်း တရပ်ဖြစ်ပေ သည်။ဤကဲ့သို့သော ပြစ်မှုမျိုးကို နောက်ထပ်၍ လက်ရဲဇက်ရဲ မကျူးလွန်စေရန် ဥပဒေနှင့် အညီ နမူနာပြ ပြစ်ဒဏ်စီရင်လိုက်သည်။ ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁)အရ ခံဝန်ချုပ်ဖြင့် အစမ်းလွှတ်ထားခြင်းမှာ သက်ညှာလွန်းရာရောက်သည်။


သို့ဖြစ်၍ တရားခံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အ၇ ထောင်ဒဏ် တ နှစ်နှင့် ၆ လ ကျခံစေရန် ပြစ် ဒဏ်ပြင်ဆင်ချမှတ်သည်။ (ဒေါ်ခင်ညွန့်နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၊(ဦးသောင်းရှိန်)၊ ၁၉၇၅ ၊မတစ၊ပြစ်မှု ၉ )


( ဦးမြစိန်၊ အသုံးချဥပဒေပေါင်းချုပ်၊ဒုတိယအကြိမ်၊၁၉၈၂ မတ်လ၊စာ ၇၆ ) ။ #DVBLawLab


အသက်မပြည့်တဲ့မိန်းခလေးကိုခိုးယူမူအကြောင်းလေးသိချင်ပါတယ်။ 


လူခိုးမှု

===========


ပုဒ်မ ၃၆၃ -             မည်သူမဆို တစ်ဦးတစ်ယောက်သော သူအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မှ အပသို့ ဖြစ်စေ၊  ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။


မှတ်စု

====


ဤပုဒ်မမှာ ပုဒ်မ ၃၆၀ နှင့် ၃၆၁ တို့တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုများအတွက် ပြစ်ဒဏ်သတ်မှတ်ထားသော ပုဒ်မ ဖြစ်သည်။ 


ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ အရ ပြစ်ဒဏ်ထိုက်သော လူခိုးမှုတွင် အုပ်ထိန်းသူထံမှ ခိုးယူသည့် မိန်းကလေး သည် အသက် ၁၆ နှစ်အောက် ဟုတ် မဟုတ်ဆိုသည့်အချက်မှာ အရေးကြီးသော အချက်ဖြစ်ပေသည်။ အသက် ၁၆ နှစ်အောက် မိန်ကလေးကို အဆိုပါ မိန်းကလေး၏ သဘောတူညီချက်ဖြင့် ခိုးယူခဲ့စေကာမှု အုပ် ထိန်းသူက  သဘောမတူလျှင် ယင်းဥပဒေပုဒ်မ ၃၆၃ အရ အပြစ်ရှိသည်။ မိန်းကလေး၏ အသက် ၁၆ နှစ် ကျော်သည်ဟု သဘောရိုးဖြင့်ယုံကြည်ပြီးခိုးယူခဲ့စေကာမှု ထိုမိန်းကလေး၏ အသက်အမှန်မှာ ၁၆ နှစ်အောက် ဖြစ် ကြောင်း ပေါ်ပေါက်လျှင်လည်း တရားခံသည် ဖော်ပြပါ ယုံကြည်ချက်ကို အကာအကွယ်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိန်းကလေး၏ အသက်သည် အချင်းဖြစ်ချိန်က ၁၆ နှစ်အောက်ဖြစ်ကြောင်း ထင် ရှား အောင် သက်သေပြ ရန်တာဝန်မှာ တရားလို၏ တာဝန်ဖြစ်သည်။ ( မောင်ခင်ဆက်နှင့် ပြည်ထောင်စု ၁၉၈၁ မ.တ.စ ၄)


အရွယ်မရောက်သေးသည့် မိန်းကလေးက တရားခံအိမ်သို့သွားရောက်ကာ ၎င်းအား ခေါ်သွားရန်ပြောသည်။ တရားခံက မခေါ်လျှင် မိန်းကလေးသည် အုပ်ထိန်းသူထံမှ အပြီးအပိုင်ထွက် သွားရန် ရည်ရွယ်ချက်မရှိ။ ထို အခြေ၌ မိန်းကလေးအားခေါ်သွားသည့်တရားခံသည် ထိုပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ( အစိုးရနှင့် အက်စ်ဂါအလီ၊ အတွဲ-၁ ( ၁၉၀၇-၀၉) အထက်မြန်မာပြည်စီရင်ထုံး ၂၇ (ရာဇဝတ်ဆိုင်ရာ)။


အသက် ၁၃ နှစ်အရွယ် မရွှေလှိုင်က မိဘနှင့်အတူနေရာမှ တရားခံနှင့်ချစ်ကြိုက်ပြီးအိမ်မှအပြီးဆင်းကာ တရားခံနှင့်ချိန်း ပြီး ၎င်း၏ချစ်သူတရားခံနှင့် ခိုးရာလိုက်ပြေးမှုတွင် ၎င်း၏ဆန္ဒဖြင့် ခိုးရာလိုက်ပြေးခြင်းဖြစ်သော်လည်း မိဘအုပ် ထိုးသူက သဘောမတူလှင် ပုဒ်မ ၃၆၃ မြောက်သည်။ [ တေလှနှင့် အစိုးရ၊ အတွဲ-၁ ( ၁၉၀၇- ၀၉) အထက် မြန်မာပြည်စီရင်ထုံး ၁၁ ( ရာဇဝတ် ဆိုင်ရာ ) ]။


 ရာဇသတ်ကြီး ဥပဒေပုဒ် ၃၆၃ နှင့်ပတ်သက်ပြီး မိန်းကလေးတစ်ဦးသည် အသက် ၁၆ နှစ် အပြည့်သေးပါဟူ သော သက်သေခံအထောက်အထားပြသရန် တာဝန်မှာ တရားလိုအပေါ်တွင် ရှိသည်။  အကယ်၍ မိန်းကလေး ၏အသက်သည် ၁၆ နှစ်ပြည့်ပြီးလည်းဖြစ်နိုင်သည်။ ၁၆ နှစ် မပြည့်သေးလည်းဖြစ်နိုင်သည်ဟု အမှုတွဲတွင် ပေါ် လွင်လျှင် အသက်နှင့် ပတ်သက်သော ဒွိဟသံသယအကျိုးခံစားခွင့်ကို တရားခံသာလျှင် ခံစားခွင့်ရှိသည်။ ( ပြည်ထောင်စုနှင့် မောင်တူး ၊  ၁၉၇၉၊ မ. တ. စ ၈၇) 


အိမ်ထောင်ရှိတရားခံက အုပ်ထိန်းသူရှိသည့် ၁၃ နှစ် ၄ လအရွယ် မိန်းကလေးနှင့်ချစ်ကြိုက်ပြီး ၂ ရက်မျှ ကာမ ဆက်ဆံနေသည်ကို ဖခင်က တွေ့ရှိ၍ ခိုးပြေးမှုတွင် မိန်းကလေး၏  လွတ်လပ်သည့် ဆန္ဒဖြင့်ခိုး ပြေးခြင်းဖြစ် သဖြင့် ၃၆၆ မမြောက်ဘဲ ပုဒ်မ ၃၆၃ သာလျှင်မြောက်သည်။ ( အစိုးရနှင့် မောင်ငယ် ၊ အတွဲ- ၁ ( ၁၉၀၄- ၁၉၀၆) အထက်မြန်မာပြည်စီရင်ထုံး ၁၇ ( ရာဇဝတ်ဆိုင်ရာ)။


ပညာသင်ကြားနေစဉ် အချိန်တွင် ငယ်ရွယ်သည့် ကျောင်းသူကျောင်းသားများသည် ဆရာမိဘတို့၏ နောက် ကွယ်တွင် သမီးရည်းစားထားခြင်း ချိန်းဆိုတွေ့ဆံခြင်း စသည့် အပြုအမှုများမှာ ၎င်းတို့၏ ပညာရေးကိုသာမက ကိုယ်ကျင့်တရားနှင့် ကျောင်းစည်းကမ်းများကိုပါ ထိခိုက်နိုင်သည့် ကိစ္စဖြစ်၍ ထိုကဲ့သို့ ပြုမှုသည့် ကျောင်းသား များအား အသိပညာပေးသည့်အနေဖြင့်၎င်း ၊ အခြားကျောင်းသူ ကျောင်းသားများ အဖို့စံနမှုနာဖြစ်စေရန် ရည် ရွယ်ချက်ဖြင့် ၎င်း၊ သင့်လျော်သည့် အပြစ်ဒဏ်များ ချမှတ်ပေးရန် တရားရုံးများ အနေဖြင့် တာဝန်ရှိပေသည်။ အယူခံတရားလိုတို့သည့် ငယ်ရွယ်သည့် ကျောင်းသားများဖြစ်ကြပြီး မိမိတို့ ကျုးလွန်ခဲ့သော ပြစ်မှုများအတွက် လေးလကျော်ကျော်  အကျဉ်းခံရပြီးဖြစ်ရာ ၎င်းတို့အဖို့ လုံလောက်သော သင်္ခဏ်းစာရရှိပြီးဖြစ်သည်ဟု ယူဆ သည်။ [ မောင်ဟန်ညွှန်ပါ -၂ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ မ.တ. စ(တရားရုံးချုပ်) ၁၅၀၂ ]


ပထမအကြိမ်ကျူးလွန်ခြင်း ရက်စက်ဟော့ရမ်း ကြမ်းတမ်းမှု မပါဝင်ခြင်း စသည့်အချက်များသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂(၁) အရ ခံဝန်ချုပ်ဖြင့် အစမ်းပြုလုပ်လွှတ်ထားရန် သင့် မသင့် စဉ်းစားရာတွင် ထည့် သွင်း စဉ်းစားထိုက်သော အချက်များဖြစ်သည် မှန်၏။ သို့ရာတွင် ယခုအမှုတွင် အလေးအနက်ထား၍ စဉ်စား သင့် သောအခြားအချက်များလည်းရှိနေပေသည်။ ဆင်ခြင်တုံတရားမရှိသေးသည့် ငယ်ရွယ်သူ မိန်းကလေး တစ်ဦး၏ ဘဝလုံခြုံမှု ထိခိုက်ပျက်ပြားစေခြင်းသည် လူမှုရေးအရ မလိုအလားအပ်သည့် အကြောင်းတရပ်ဖြစ် ပေသည်။ ထိုကဲ့သို့သော ပြစ်မှုမျိုးကို နောက်ထပ်၍ လက်ရဲဇက်ရဲ မကျူးလွန်စေရန် ဥပဒေနှင့်အညီ နမှုနာပြ ပြစ်ဒဏ်စီရင်ထိုက်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁) အရ ခံဝန်ချုပ်ဖြင့် အစမ်း ပြုလုပ်လွှတ်ထားရန် ထားခြင်းမှာ သက်ညှာလွန်းရာရောက်သည်။ သို့ဖြစ်၍ တရားခံအားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၂ အရ ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ကျခံစေရန် ပြစ်ဒဏ်ပြင်ဆင်ချမှတ်သည်။ [ ဒေါ်ခင်ညွန်နှင့် ပြည်ထောင်စု ( ဦးသောင်းရှိန်) ၊ ၁၉၇၅ မ. တ. စ ၉ ]


အသက် ၁၅ နှစ် ၃ လသာရှိသာ မြန်မာဗုဒ္ဓဘာသာဝန်မိန်းကလေး ၎င်း၏ ဆန္ဒဖြင့် တရားခံနှင့် ခိုးရာလိုက်ပြေး ပြီး ဇနီးအဖြစ် ပေါင်းသင်းဖြစ်ပါသည်ဟု ထွက်ဆိုသော်လည်း မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေအရ အရွယ်မရောက်သေးသူသည် မိဘ၏ သဘောတူညီချက်မရှိ ထိမ်းမြားလက်ထပ်ခြင်း မပြုနိုင်သဖြင့် ထိုသို့ လင် မယားအဖြစ်ပေါင်းသင်းခြင်းမှာ မတရားကာမစပ်ယှက်ရန် အကြံဖြင့်သွေးဆောင်ပေါင်းသင်းရာ ရောက်သဖြင့် ပုဒ်မ ၃၆၃  ဖြင့် ပထမတန်းအာဏာရ တရားသူကြီးက စစ်ဆေးမည့်အစား စက်ရှင်တရားရုံးသို့မဟုတ် ခရိုင် တရားရုံးက စစ်ဆေးစီရင်သင့်သည်။ ( အစိုးရနှင့် မောင်ဖိုးစော၊ အတွဲ-၁ ၁၈၉၇- ၁၉၀၁ အထက်မြန်မာပြည် စီရင်ထုံး ၃၂၈) 


တရားစွဲဆိုရန် နေရာ။         လူခိုးမှုကို ခိုးယူခြင်းခံရသည့် နယ်မြေ၊ ခိုးယူသွားသည့် နယ်မြေ၊ ဝှက်သိမ်း ရာနယ်မြေရှိစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် တရားစွဲဆိုနိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၈၁(၄) )

ရာဇဝတ်ကျင့်ထုံးဇယား ၂။   ရဲအရေးပိုင်သည့် ပထမဦးစွာ ဝရမ်းထုတ်ရမည်။ အာမခံပေးရမည်။ ကျေ အေးခွင့်မရှိ။ ခရိုင်တရားရုံးကဖြစ်စေ၊ ပထမတန်းအာဏာရ တရားသူကြီး သို့မဟုတ် ဒုတိယတန်းအာဏာရ တရား သူကြီးကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ 


[စာညွှန်း- ဦးတင်ဝင်းအောင်(LL.B, D.S.W, D.B.L) တရားလွှတ်တော်ရှေ့နေ၊  မြန်မာအမျိုးသမီးများနှင့် သက်ဆိုင်သည့်ဥပဒေ ကောက်နုတ်ချက်များ၊ ပထမအကြိမ်( ၂၀၁၉)၊  စာ ၃၅၊ ၃၆၊ ၃၇ ]။ #DVBlawlab #DVBtvnews


[Zawgyi]အရြယ္မေရာက္ေသးသူအားခိုးယူေပါင္းသင္းမႈ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

#UnderAge_Married

#ခိုးယူေပါင္းသင္းျခင္း

#ဥပေဒေရးရာဗဟုသုတ




(လူပ်ိဳေပါက္၊ အပ်ိဳေပါက္ေလးေတြ ခ်စ္ႀကိဳက္ၿပီး ခိုးေျပးေပါင္းသင္းတာပဲျဖစ္ျဖစ္၊ အပ်ိဳေပါက္၊ လူပ်ိဳေပါက္ေတြကို အရြယ္ေရာက္ၿပီး သူေတြက ခိုးယူ ဒါမွမဟုတ္ သေဘာတူ ေပါင္းသင္းတာပဲျဖစ္ျဖစ္ ဥပေဒနဲ႔ၿငိပါတယ္။ ႏိုင္ငံတိုင္းမွာ အရြယ္ေရာက္ၿပီး အသက္အရြယ္ ကန႔္သတ္ခ်က္ေတြ ေၾကျငာအသိေပးထားၿပီးျဖစ္လို႔ပါ။ က်န္းမာေရးအရေကာ၊ စဉ္းစားဉာဏ္ေကာ မရင့္က်က္ေသးတဲ့ ကေလးအရြယ္ ေတြကို ဘာအေၾကာင္းေၾကာင့္မွ အခ်စ္စိတ္နယ္မလြန္သင့္သလို ေစာင့္ထိမ္းအပ္တဲ့ က်င့္ဝတ္တစ္ခုျဖစ္ေၾကာင္း သတိထားရပါမယ္။ ကိုယ့္ခ်စ္သူက အသက္မျပၫ့္ေသးဘူးလို႔ ယူဆရင္ ေအာက္မွာ ေဝငွထားတဲ့ အခ်က္အလက္ေလးေတြကိုၾကၫ့္ၿပီး ဘရိတ္အုပ္ပါ။)


ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၁ အရ အသက္၁၄ႏွစ္ေအာက္ ေယာက္်ားကေလးႏွင့္ အသက္ ၁၆ ႏွစ္ ေအာက္ မိန္းကေလးမ်ားကို အုပ္ထိန္း သူ၏သေဘာမတူဘဲ ေဆာင္ယူျခင္း၊ သို႔တည္းမဟုတ္ ျဖားေယာင္းေသြး ေဆာင္ၿပီး ထြက္သြားေစျခင္းကို အုပ္ထိန္းသူထံမွ ခိုးယူသည္မည္သည္၊၊ယင္းဥပေဒပုဒ္မ ၃၆၁ တြင္ အဆို ပါခိုးယူမႈ အတြက္ ျပစ္ဒဏ္သတ္မွတ္ထားတယ္၊၊ ေထာင္ဒဏ္ (၇)ႏွစ္အထိ ခ်မွတ္ရမၫ့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္ ေၾကာင္း ေဖာ္ျပထားသည္။


ေန့စဉ္ၾကားသိေတြ့ျမင္ေနရသၫ့္ လူခိုးမႈမ်ားမွာ အသက္ ၁၆ ႏွစ္မျပၫ့္ေသးသၫ့္ မိန္းကေလးကို ၄၏ မိဘ သို႔မဟုတ္ အုပ္ထိန္းသူ၏ သေဘာတူညီခ်က္မရပဲ ခိုးယူမႈပင္ ျဖစ္သည္။ဤအမႈမ်ိဳးတြင္ အဓိက အေရး ႀကီး ဆံုးအခ်က္မွာ မိန္းကေလးသည္ အသက္ ၁၆ ႏွစ္မျပၫ့္ေသးသူ ျဖစ္ရမည္။ မိန္းကေလးအသက္ ၁၆ ႏွစ္မျပၫ့္ ေသးေၾကာင္း သက္ေသျပရန္တာဝန္မွာ တရားလိုအေပၚ တည္ရိွသည္။ မိန္းကေလး၏ သေဘာ တူညီခ်က္ ဆႏၵ အရ ခိုးယူမႈျဖစ္ေစကာမူ မိန္းကေလးသည္ အသက္မျပၫ့္ေသးသူျဖစ္ပါက ျပစ္မႈေျမာက္ေပသည္။


အရြယ္မေရာက္ေသးသၫ့္မိန္းကေလးမ်ားကို ခိုးယူမႈနဲ႔ပတ္သက္သၫ့္ တရားရံုးခ်ဳပ္၏ စီရင္ထံုးမ်ားမွ ထုတ္ႏုတ္၍ ေဖာ္ျပလိုက္ပါသည္။


မိန္းကေလး၏အသက္ႏွင့္ပတ္သက္၍ ထင္ရွားသၫ့္ စီရင္ထံုးမွာ ေမာင္ေက်ာ္ေဆြႏွင့္ ျပည္ေထာင္ စုျမန္ မာႏိုင္ငံ (၁၉၆၆ ရံုးခ်ဳပ္ ၄၀၈)ျဖစ္သည္။ အဆိုပါအမႈတြင္ ေမာင္ေက်ာ္ေဆြႏွင့္ မခင္ရဲတင့္တို႔ သမီးရည္းစားျဖစ္ၿပီး ထြက္ေျပးၾကသည္၊၊ မခင္ရဲတင့္ အသက္ ၁၆ ႏွစ္ မျပၫ့္ေသးဆိုသၫ့္အခ်က္မွာ အျငင္းပြားသည္။မခင္ရဲတင့္အား စစ္ေဆးသၫ့္ ဆရာဝန္က မခင္ရဲတင့္၏ အသက္မွာ ၁၅ ႏွစ္ႏွင့္ ၁၇ ႏွစ္အၾကားရိွ၍ ၁၆ ႏွစ္ နည္းနည္းသာ ေက်ာ္ မည္ ျဖစ္ႏိုင္ပါသည္ဟု ထင္ျမင္ခ်က္ေပးသည္။ဇာတာအရ မခင္ရဲတင့္၏အသက္သည္ ၁၆ ႏွစ္မျပၫ့္ေသးေပ။ အထက္တန္းေက်ာင္း ေက်ာင္းဝင္စာရင္းတြင္ အသက္ ၁၆ ႏွစ္ မျပၫ့္ေသးပါ။ အမ်ိဳးသား မွတ္ ပံုတင္လက္ မွတ္ တြင္ ေမြးေန့ဖ်က္ၿပီးျပင္ထားသည္။ ျပင္ထားသၫ့္ေမြးေန့အရ ဆိုလ်ွင္ အသက္ ၁၆ ႏွစ္ထက္ေက်ာ္ၿပီး မူလ ေပး ထားသၫ့္ ရက္စြဲအတိုင္းဆိုလ်ွင္ ၁၆ ႏွစ္ မေက်ာ္ေသးေပ။ တရားခံ ေမာင္ေက်ာ္ေဆြဘက္မွ တင္ျပသၫ့္ မခင္ရဲ တင့္၏က်မ္းက်ိန္လႊာတြင္ ၁၇ နစ္ဟု ေဖာ္ျပထားသည္၊၊ မခင္ရဲတင့္က သက္ဆိုင္ရာလအကသို႔ေရးသၫ့္စာအရ ၁၇ ႏွစ္ျဖစ္သည္။ ျပည္ၿမိဳ႔အထက္တန္းေက်ာင္း ဝင္ပံုစံအရဆိုလ်ွင္ အသက္ ၁၆ ႏွစ္ျပၫ့္ေနသည္။ အဆိုပါ အမႈတြင္ အသက္ႏွင့္ ပတ္သက္၍ တရား လိုဘက္မွ တိက်ျပတ္သားေသာ သက္ေသခံခ်က္မရိွေခ်။ တရားခံဘက္ ကတင္ျပေသာ စာရြက္စာတမ္းမ်ားႏွင့္ အမ်ိဳးသား မွတ္ပံုတင္ လက္မွတ္ႏွင့္ ဆရာဝန္၏ ထြက္ခ်က္မ်ားအရ  မခင္ ရဲတင့္၏ အသက္သည္ အခ်င္း ျဖစ္စဉ္အခါက ၁၆ ႏွစ္ ျပၫ့္ၿပီးလည္းျဖစ္ႏိုင္သည္။ထို႔ေၾကာင့္ အသက္ႏွင့္ပတ္ သက္၍ ဒြိဟ သံသယျဖစ္စရာအေကာင္းလည္း ေပၚေပါက္၍ ေမာင္ေက်ာ္ေဆြအား အႏိုင္ေပးသည္။ အဆိုပါ စီရင္ထံုးတြင္ ဇာတာဆိုသည္မွာ အမ်ားႏွင့္ သက္ဆိုင္ေသာ စာရြက္ စာတမ္းမဟုတ္၊ ဇာတာမ်ားကို မည္သၫ့္ အခါမဆို ျပဳလုပ္၍ရႏိုင္သည္၊၊ အမ်ိဳးသား မွတ္ပံုတင္လက္မွတ္ႏွင့္ ေက်ာင္းဝင္ပံုမွာ သက္ေသခံဥပေဒပုဒ္မ  ၃၅ အရ တရားဝင္ အမ်ားႏွင့္သက္ဆိုင္သၫ့္ စာခ်ဳပ္စာတမ္းျဖစ္သည္ဟု ေဖာ္ျပထားသည္။


ပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ထိုက္ေသာ လူခိုးမႈတြင္ အဓိက အေရးႀကီးသၫ့္ အခ်က္မွာ အုပ္ထိန္းသူထံမွ ခိုးယူသၫ့္မိန္းကေလးသည္ အသက္ ၁၆ ႏွစ္ ေအာက္ျဖစ္ရန္လိုေပသည္၊၊အသက္ ၁၆ ႏွစ္ေအာက္ မိန္းကေလး တဦးကို ၄၏သေဘာတူညီခ်က္အရပင္ ခိုးယူခဲ့ေစကာမူ အုပ္ထိန္းသူက သေဘာမတူလ်ွင္ ထိုသို႔ ခိုးယူေသာသူ သည္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံရမည္ျဖစ္သည္။၄ျပင္ ခိုးယူသူက မိန္းကေလး သည္ အသက္ ၁၆ ႏွစ္ေက်ာ္ၿပီဟု သေဘာရိုးႏွင့္ ယံုၾကည္ခဲ့ေစကာမူ မိန္း ကေလး၏အသက္မွာ အမွန္တကယ္ ၁၆ ႏွစ္ေအာက္ ျဖစ္ေနပါက ထိုသို႔ခိုးယူမႈသည္ မိမိယံုၾကည္ခ်က္ကို အကာအကြယ္ မယူႏိုင္ေခ်။ထိုပုဒ္မအရ အဓိက စဉ္းစားရမၫ့္ျပႆနာမွာ  မိန္းကေလး၏အသက္ ျဖစ္သၫ့္အ ေလ်ာက္ ခိုးယူသည္ဆိုေသာ မိန္းက ေလး၏ အသက္သည္ ၁၆ ႏွစ္ေအာက္ ျဖစ္သည္ဟု ထင္ရွားေအာင္ ျပသရန္ တာဝန္မွာ တရားလိုအေပၚတြင္ က်ေရာက္ေန ေပသည္။  (ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ ေမာင္မိုး(ခ)ေမာင္သိန္း၊၁၉၆၆ ရံုးခ်ဳပ္ ၁၂၁၄)။


ပညာသင္ၾကားေနစဉ္အခ်ိန္၌ငယ္ရြယ္သၫ့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ဆရာမိဘတို႔၏ ေနာက္ ကြယ္တြင္ သမီးရည္းစားထား ျခင္း၊ ခ်ိန္းဆိုေတြ့ဆံုျခင္းစသၫ့္ အျပဳအမူမ်ားမွာ ၄တို႔၏ ပညာေရးကို သာမက ကိုယ္က်င့္တရားႏွင့္ ေက်ာင္းစည္းကမ္းမ်ားကိုပါ ထိခိုက္ႏိုင္သၫ့္ ကိစၥျဖစ္၍ ထိုကဲ့သို႔ျပဳမူသၫ့္ ေက်ာင္းသားမ်ား အား အသ္ပညာေပးသၫ့္အေနႏွင့္လည္းေကာင္း၊ အျခား ေက်ာင္းသူ - ေက်ာင္းသားမ်ားအဖို႔ စံနမူနာျဖစ္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ လည္း ေကာင္း သင့္ေလ်ာ္သၫ့္ ျပစ္ဒဏ္မ်ားခ်မွတ္ေပးရန္ တရားရံုးမ်ား အေနႏွင့္ တာဝန္ရိွေပ သည္။ အယူခံတရားလိုတို႔သည္ ငယ္ရြယ္သၫ့္ ေက်ာင္းသားမ်ားျဖစ္ၾကၿပီး မိမိတို႔က်ူးလြန္ခဲ့ေသာ ျပစ္မႈမ်ား အတြက္ ၄-လေက်ာ္ေက်ာ္ အက်ည္းခံရၿပီးျဖစ္ရာ ၄တို႔အဖို႔ လံုေလာက္ေသာ သင္ခန္းစာရရိွၿပီးျဖစ္သည္ဟု ယူဆသည္။

အထက္ပါအေၾကာင္းရပ္မ်ားေၾကာင့္ အယူခံတရားလိုတို႔အေပၚ က်ၿပီးေသာ ေထာင္ဒဏ္သာ က်ခံေစရန္ အမိန႔္ခ်မွတ္လိုက္သည္။ (ေမာင္ဟန္ၫြန႔္ပါ ၂ ႏွင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၊ ၁၉၆၆ ရံုးခ်ဳပ္ ၁၅၀၂)၊


ပထမအႀကိမ္ က်ူးလြန္ျခင္း၊ ရက္စက္ေဟာ့ရမ္းၾကမ္းတမ္းမႈ မပါဝင္ျခင္း စသၫ့္အခ်က္မ်ားသည္ ျပစ္မႈ ဆိုင္ရာ က်င့္ထံုးဥပေဒပုဒ္မ ၅၆၂ (၁) အရ ခံဝန္ ခ်ဳပ္ျဖင့္ အစမ္းျပဳလုပ္လႊတ္ထားရန္ သင့္မသင့္ စဉ္းစားရာ၌  ထၫ့္ သြင္း စဉ္းစားထိုက္ေသာ အခ်က္မ်ား ျဖစ္သည္ မွန္၏။သို႔ရာတြင္ ယခုအမႈ၌ အေလးအနက္ထား၍ စဉ္းစား သင့္ေသာ အျခားအခ်က္မ်ားလည္း ရိွေနေပသည္။ ဆင္ျခင္တံုတရား မရိွေသးသၫ့္ ငယ္ရြယ္သူ မိန္းကေလး တဦး၏ ဘဝလံုၿခံဳမႈထိခိုက္ပ်က္ျပားေစျခင္းသည္ လူမူေရးအရ မလိုလားအပ္သၫ့္ အေၾကာင္း တရပ္ျဖစ္ေပ သည္။ဤကဲ့သို႔ေသာ ျပစ္မႈမ်ိဳးကို ေနာက္ထပ္၍ လက္ရဲဇက္ရဲ မက်ူးလြန္ေစရန္ ဥပေဒႏွင့္ အညီ နမူနာျပ ျပစ္ဒဏ္စီရင္လိုက္သည္။ ျပစ္မႈဆိုင္ ရာ က်င့္ထံုးဥပေဒပုဒ္မ ၅၆၂(၁)အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္းလႊတ္ထားျခင္းမွာ သက္ၫွာလြန္းရာေရာက္သည္။


သို႔ျဖစ္၍ တရားခံအား ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ အ၇ ေထာင္ဒဏ္ တ ႏွစ္ႏွင့္ ၆ လ က်ခံေစရန္ ျပစ္ ဒဏ္ျပင္ဆင္ခ်မွတ္သည္။ (ေဒၚခင္ၫြန႔္ႏွင့္ ျပည္ေထာင္စုဆိုရွယ္လစ္ သမၼတ ျမန္မာ ႏိုင္ငံေတာ္၊(ဦးေသာင္းရိွန္)၊ ၁၉၇၅ ၊မတစ၊ျပစ္မႈ ၉ )


( ဦးျမစိန္၊ အသံုးခ်ဥပေဒေပါင္းခ်ဳပ္၊ဒုတိယအႀကိမ္၊၁၉၈၂ မတ္လ၊စာ ၇၆ ) ။ #DVBLawLab


အသက္မျပၫ့္တဲ့မိန္းခေလးကိုခိုးယူမူအေၾကာင္းေလးသိခ်င္ပါတယ္။ 


လူခိုးမႈ

===========


ပုဒ္မ ၃၆၃ -             မည္သူမဆို တစ္ဦးတစ္ေယာက္ေသာ သူအား ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ မွ အပသို႔ ျဖစ္ေစ၊  ဥပေဒႏွင့္အညီ အုပ္ထိန္းသူထံမျွဖစ္ေစ ခိုးယူလ်ွင္ထိုသူကို ခုႏွစ္ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမၫ့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။


မွတ္စု

====


ဤပုဒ္မမွာ ပုဒ္မ ၃၆၀ ႏွင့္ ၃၆၁ တို႔တြင္ ျပ႒ာန္းထားသၫ့္ ျပစ္မႈမ်ားအတြက္ ျပစ္ဒဏ္သတ္မွတ္ထားေသာ ပုဒ္မ ျဖစ္သည္။ 


ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ထိုက္ေသာ လူခိုးမႈတြင္ အုပ္ထိန္းသူထံမွ ခိုးယူသၫ့္ မိန္းကေလး သည္ အသက္ ၁၆ ႏွစ္ေအာက္ ဟုတ္ မဟုတ္ဆိုသၫ့္အခ်က္မွာ အေရးႀကီးေသာ အခ်က္ျဖစ္ေပသည္။ အသက္ ၁၆ ႏွစ္ေအာက္ မိန္ကေလးကို အဆိုပါ မိန္းကေလး၏ သေဘာတူညီခ်က္ျဖင့္ ခိုးယူခဲ့ေစကာမႈ အုပ္ ထိန္းသူက  သေဘာမတူလ်ွင္ ယင္းဥပေဒပုဒ္မ ၃၆၃ အရ အျပစ္ရိွသည္။ မိန္းကေလး၏ အသက္ ၁၆ ႏွစ္ ေက်ာ္သည္ဟု သေဘာရိုးျဖင့္ယံုၾကည္ၿပီးခိုးယူခဲ့ေစကာမႈ ထိုမိန္းကေလး၏ အသက္အမွန္မွာ ၁၆ ႏွစ္ေအာက္ ျဖစ္ ေၾကာင္း ေပၚေပါက္လ်ွင္လည္း တရားခံသည္ ေဖာ္ျပပါ ယံုၾကည္ခ်က္ကို အကာအကြယ္ယူႏိုင္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ မိန္းကေလး၏ အသက္သည္ အခ်င္းျဖစ္ခ်ိန္က ၁၆ ႏွစ္ေအာက္ျဖစ္ေၾကာင္း ထင္ ရွား ေအာင္ သက္ေသျပ ရန္တာဝန္မွာ တရားလို၏ တာဝန္ျဖစ္သည္။ ( ေမာင္ခင္ဆက္ႏွင့္ ျပည္ေထာင္စု ၁၉၈၁ မ.တ.စ ၄)


အရြယ္မေရာက္ေသးသၫ့္ မိန္းကေလးက တရားခံအိမ္သို႔သြားေရာက္ကာ ၄အား ေခၚသြားရန္ေျပာသည္။ တရားခံက မေခၚလ်ွင္ မိန္းကေလးသည္ အုပ္ထိန္းသူထံမွ အၿပီးအပိုင္ထြက္ သြားရန္ ရည္ရြယ္ခ်က္မရိွ။ ထို အေျခ၌ မိန္းကေလးအားေခၚသြားသၫ့္တရားခံသည္ ထိုျပစ္မႈကို က်ူးလြန္ရာေရာက္သည္။ ( အစိုးရႏွင့္ အက္စ္ဂါအလီ၊ အတြဲ-၁ ( ၁၉၀၇-၀၉) အထက္ျမန္မာျပည္စီရင္ထံုး ၂၇ (ရာဇဝတ္ဆိုင္ရာ)။


အသက္ ၁၃ ႏွစ္အရြယ္ မေရႊလိႈင္က မိဘႏွင့္အတူေနရာမွ တရားခံႏွင့္ခ်စ္ႀကိဳက္ၿပီးအိမ္မွအၿပီးဆင္းကာ တရားခံႏွင့္ခ်ိန္း ၿပီး ၄၏ခ်စ္သူတရားခံႏွင့္ ခိုးရာလိုက္ေျပးမႈတြင္ ၄၏ဆႏၵျဖင့္ ခိုးရာလိုက္ေျပးျခင္းျဖစ္ေသာ္လည္း မိဘအုပ္ ထိုးသူက သေဘာမတူလွင္ ပုဒ္မ ၃၆၃ ေျမာက္သည္။ [ ေတလွႏွင့္ အစိုးရ၊ အတြဲ-၁ ( ၁၉၀၇- ၀၉) အထက္ ျမန္မာျပည္စီရင္ထံုး ၁၁ ( ရာဇဝတ္ ဆိုင္ရာ ) ]။


 ရာဇသတ္ႀကီး ဥပေဒပုဒ္ ၃၆၃ ႏွင့္ပတ္သက္ၿပီး မိန္းကေလးတစ္ဦးသည္ အသက္ ၁၆ ႏွစ္ အျပၫ့္ေသးပါဟူ ေသာ သက္ေသခံအေထာက္အထားျပသရန္ တာဝန္မွာ တရားလိုအေပၚတြင္ ရိွသည္။  အကယ္၍ မိန္းကေလး ၏အသက္သည္ ၁၆ ႏွစ္ျပၫ့္ၿပီးလည္းျဖစ္ႏိုင္သည္။ ၁၆ ႏွစ္ မျပၫ့္ေသးလည္းျဖစ္ႏိုင္သည္ဟု အမႈတြဲတြင္ ေပၚ လြင္လ်ွင္ အသက္ႏွင့္ ပတ္သက္ေသာ ဒြိဟသံသယအက်ိဳးခံစားခြင့္ကို တရားခံသာလ်ွင္ ခံစားခြင့္ရိွသည္။ ( ျပည္ေထာင္စုႏွင့္ ေမာင္တူး ၊  ၁၉၇၉၊ မ. တ. စ ၈၇) 


အိမ္ေထာင္ရိွတရားခံက အုပ္ထိန္းသူရိွသၫ့္ ၁၃ ႏွစ္ ၄ လအရြယ္ မိန္းကေလးႏွင့္ခ်စ္ႀကိဳက္ၿပီး ၂ ရက္မ်ွ ကာမ ဆက္ဆံေနသည္ကို ဖခင္က ေတြ့ရိွ၍ ခိုးေျပးမႈတြင္ မိန္းကေလး၏  လြတ္လပ္သၫ့္ ဆႏၵျဖင့္ခိုး ေျပးျခင္းျဖစ္ သျဖင့္ ၃၆၆ မေျမာက္ဘဲ ပုဒ္မ ၃၆၃ သာလ်ွင္ေျမာက္သည္။ ( အစိုးရႏွင့္ ေမာင္ငယ္ ၊ အတြဲ- ၁ ( ၁၉၀၄- ၁၉၀၆) အထက္ျမန္မာျပည္စီရင္ထံုး ၁၇ ( ရာဇဝတ္ဆိုင္ရာ)။


ပညာသင္ၾကားေနစဉ္ အခ်ိန္တြင္ ငယ္ရြယ္သၫ့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ဆရာမိဘတို႔၏ ေနာက္ ကြယ္တြင္ သမီးရည္းစားထားျခင္း ခ်ိန္းဆိုေတြ့ဆံျခင္း စသၫ့္ အျပဳအမႈမ်ားမွာ ၄တို႔၏ ပညာေရးကိုသာမက ကိုယ္က်င့္တရားႏွင့္ ေက်ာင္းစည္းကမ္းမ်ားကိုပါ ထိခိုက္ႏိုင္သၫ့္ ကိစၥျဖစ္၍ ထိုကဲ့သို႔ ျပဳမႈသၫ့္ ေက်ာင္းသား မ်ားအား အသိပညာေပးသၫ့္အေနျဖင့္၄ ၊ အျခားေက်ာင္းသူ ေက်ာင္းသားမ်ား အဖို႔စံနမႈနာျဖစ္ေစရန္ ရည္ ရြယ္ခ်က္ျဖင့္ ၄၊ သင့္ေလ်ာ္သၫ့္ အျပစ္ဒဏ္မ်ား ခ်မွတ္ေပးရန္ တရားရံုးမ်ား အေနျဖင့္ တာဝန္ရိွေပသည္။ အယူခံတရားလိုတို႔သၫ့္ ငယ္ရြယ္သၫ့္ ေက်ာင္းသားမ်ားျဖစ္ၾကၿပီး မိမိတို႔ က်ဳးလြန္ခဲ့ေသာ ျပစ္မႈမ်ားအတြက္ ေလးလေက်ာ္ေက်ာ္  အက်ဉ္းခံရၿပီးျဖစ္ရာ ၄တို႔အဖို႔ လံုေလာက္ေသာ သခၤဏ္းစာရရိွၿပီးျဖစ္သည္ဟု ယူဆ သည္။ [ ေမာင္ဟန္ၫႊန္ပါ -၂ ႏွင့္ ျပည္ေထာင္စု ၊ ၁၉၆၆ မ.တ. စ(တရားရံုးခ်ဳပ္) ၁၅၀၂ ]


ပထမအႀကိမ္က်ူးလြန္ျခင္း ရက္စက္ေဟာ့ရမ္း ၾကမ္းတမ္းမႈ မပါဝင္ျခင္း စသၫ့္အခ်က္မ်ားသည္ ျပစ္မႈဆိုင္ရာ က်င့္ထံုး ဥပေဒ ပုဒ္မ ၅၆၂(၁) အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္းျပဳလုပ္လႊတ္ထားရန္ သင့္ မသင့္ စဉ္းစားရာတြင္ ထၫ့္ သြင္း စဉ္းစားထိုက္ေသာ အခ်က္မ်ားျဖစ္သည္ မွန္၏။ သို႔ရာတြင္ ယခုအမႈတြင္ အေလးအနက္ထား၍ စဉ္စား သင့္ ေသာအျခားအခ်က္မ်ားလည္းရိွေနေပသည္။ ဆင္ျခင္တံုတရားမရိွေသးသၫ့္ ငယ္ရြယ္သူ မိန္းကေလး တစ္ဦး၏ ဘဝလံုၿခံဳမႈ ထိခိုက္ပ်က္ျပားေစျခင္းသည္ လူမႈေရးအရ မလိုအလားအပ္သၫ့္ အေၾကာင္းတရပ္ျဖစ္ ေပသည္။ ထိုကဲ့သို႔ေသာ ျပစ္မႈမ်ိဳးကို ေနာက္ထပ္၍ လက္ရဲဇက္ရဲ မက်ူးလြန္ေစရန္ ဥပေဒႏွင့္အညီ နမႈနာျပ ျပစ္ဒဏ္စီရင္ထိုက္သည္။ ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၅၆၂(၁) အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္း ျပဳလုပ္လႊတ္ထားရန္ ထားျခင္းမွာ သက္ၫွာလြန္းရာေရာက္သည္။ သို႔ျဖစ္၍ တရားခံအားျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၆၂ အရ ေထာင္ဒဏ္ ၁ ႏွစ္ႏွင့္ ၆ လ က်ခံေစရန္ ျပစ္ဒဏ္ျပင္ဆင္ခ်မွတ္သည္။ [ ေဒၚခင္ၫြန္ႏွင့္ ျပည္ေထာင္စု ( ဦးေသာင္းရိွန္) ၊ ၁၉၇၅ မ. တ. စ ၉ ]


အသက္ ၁၅ ႏွစ္ ၃ လသာရိွသာ ျမန္မာဗုဒၶဘာသာဝန္မိန္းကေလး ၄၏ ဆႏၵျဖင့္ တရားခံႏွင့္ ခိုးရာလိုက္ေျပး ၿပီး ဇနီးအျဖစ္ ေပါင္းသင္းျဖစ္ပါသည္ဟု ထြက္ဆိုေသာ္လည္း ျမန္မာဗုဒၶဘာသာ ဓေလ့ထံုးတမ္းဥပေဒအရ အရြယ္မေရာက္ေသးသူသည္ မိဘ၏ သေဘာတူညီခ်က္မရိွ ထိမ္းျမားလက္ထပ္ျခင္း မျပဳႏိုင္သျဖင့္ ထိုသို႔ လင္ မယားအျဖစ္ေပါင္းသင္းျခင္းမွာ မတရားကာမစပ္ယွက္ရန္ အႀကံျဖင့္ေသြးေဆာင္ေပါင္းသင္းရာ ေရာက္သျဖင့္ ပုဒ္မ ၃၆၃  ျဖင့္ ပထမတန္းအာဏာရ တရားသူႀကီးက စစ္ေဆးမၫ့္အစား စက္ရွင္တရားရံုးသို႔မဟုတ္ ခရိုင္ တရားရံုးက စစ္ေဆးစီရင္သင့္သည္။ ( အစိုးရႏွင့္ ေမာင္ဖိုးေစာ၊ အတြဲ-၁ ၁၈၉၇- ၁၉၀၁ အထက္ျမန္မာျပည္ စီရင္ထံုး ၃၂၈) 


တရားစြဲဆိုရန္ ေနရာ။         လူခိုးမႈကို ခိုးယူျခင္းခံရသၫ့္ နယ္ေျမ၊ ခိုးယူသြားသၫ့္ နယ္ေျမ၊ ဝွက္သိမ္း ရာနယ္ေျမရိွစီရင္ပိုင္ခြင့္ရိွသၫ့္ တရားရံုးတြင္ တရားစြဲဆိုႏိုင္သည္။ ( ရာဇဝတ္က်င့္ထံုး ဥပေဒ ပုဒ္မ ၁၈၁(၄) )

ရာဇဝတ္က်င့္ထံုးဇယား ၂။   ရဲအေရးပိုင္သၫ့္ ပထမဦးစြာ ဝရမ္းထုတ္ရမည္။ အာမခံေပးရမည္။ ေက် ေအးခြင့္မရိွ။ ခရိုင္တရားရံုးကျဖစ္ေစ၊ ပထမတန္းအာဏာရ တရားသူႀကီး သို႔မဟုတ္ ဒုတိယတန္းအာဏာရ တရား သူႀကီးကျဖစ္ေစ စစ္ေဆးစီရင္ႏိုင္သည္။ 


[စာၫႊန္း- ဦးတင္ဝင္းေအာင္(LL.B, D.S.W, D.B.L) တရားလႊတ္ေတာ္ေရ႔ွေန၊  ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ သက္ဆိုင္သၫ့္ဥပေဒ ေကာက္ႏုတ္ခ်က္မ်ား၊ ပထမအႀကိမ္( ၂၀၁၉)၊  စာ ၃၅၊ ၃၆၊ ၃၇ ]။ #DVBlawlab #DVBtvnews

Monday, June 7, 2021

ကလေးတွေကို ချစ်ရင် ......ခိုင်းပါ

 [Unicode]ကလေးတွေကို ချစ်ရင် ......ခိုင်းပါ

အသက်အရွယ်အလိုက်လုပ်သင့်တဲ့ အလုပ်လေးတွေ Chores by Age (2-10+)

~~~~~~~~~~~

#Parenting_Guides

#Monica

#ကလေးသူငယ်စောင့်ရှောက်ခြင်း




(မိမိကလေးတွေကို အချစ်လွန်ပြီး ဘာမှမခိုင်း ထမင်းစားရင်တောင် ဇွန်းနဲ့ခွံ့ကျွေးတတ်တဲ့ ယဉ်ကျေးမှုကို သိပ်အလိုမကျသလိုမျိုး ကြားဝင်ပြောမိရင် အဆဲခံရမလားတောင်မသိဘူးဗျ။ ပညာရေးကိစ္စမှာလည်း ထို့အတူပဲဆိုတော့ ကျွန်တော်တို့ ဘယ်တော့များမှ confort zone ထဲကထွက်ချင်ကြမလဲစဉ်းစားစရာပါ။ အောက်ပါဆောင်းပါးကတော့ မိခင်နှင့် ကလေးဆိုင်ရာ ဆောင်းပါးတွေရေးသားဝေငှတတ်တဲ့ မ Monica ရဲ့စာမျက်နှာကနေ ကူးယူဝေငှခြင်းဖြစ်ပါတယ်။)


ကလေးတွေကို အသက်အရွယ်အလိုက် တကိုယ်ရေ အလုပ်-အိမ်အလုပ်တွေကို လုပ်ခိုင်းသင့်ပါတယ် အဲဒီလို လုပ်ခိုင်းခြင်းအားဖြင့် သူတို့ကို Basic Life Skills အတွက်လေ့ကျင့်သင်ကြားပေးပြီးသား ဖြစ်သလို နောင်တချိန် ကြီးပြင်းလာလို့ မိဘနဲ့ အတူမရှိခဲ့ဘူးဆိုရင်လည်း သူတို့ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်


နောက်ကောင်းတဲ့ အချက်က အိမ်အလုပ်-တကိုယ်ရေ ကိစ္စများကို ကိုယ်ပိုင်ပေးလုပ်ခြင်းအားဖြင့် ရင့်ကျက်မြန်စေပြီး တာဝန်ယူတတ်လိုစိတ် ကို ပိုရှိလာစေမှာပါ တကိုယ်ကောင်းဆန် ဗိုလ်ကျချင်စိတ်တွေ လျော့နည်းသွားမှာဖြစ်ပါတယ် ငယ်သေးလို့ ဘာမှ မလုပ်သင့်သေးဘူးလို့မယူဆပါနဲ့ အသက်အရွယ်အလိုက် နဲနဲချင်းစီဖြေးဖြေးစီသင်ပေးသွားလို့ရပါတယ် 


အလုပ်တွေကို ဝိုင်းလုပ်ခိုင်းခြင်းဖြင့် အလုပ်လုပ်ချင်စိတ်ရှိအောင်အစပြုပျိုးထောင်ပေးပြီး မိမိကိုယ်ကို self-confidence ရှိအောင်လေ့ကျင့်ပေးပြီးဖြစ်သလို မိသားစု စိတ်ဓာတ်ကိုပိုမိုရှိစေမှာလည်းဖြစ်ပါတယ်


အသက် ၂-၃ နှစ်

-----------------

-အရုပ်တွေကို ကစားပြီးရင်သိမ်းခိုင်းပါ

-မှောက်ကျ ဖိတ်ကျနေတာတွေကို ဝိုင်းသုတ်ခိုင်းပါ

-အိမ်က ဖုံတွေ ဝိုင်းသုတ်ခိုင်းပါ

-အစာစားပြီးရင်ဝိုင်းသိမ်းခိုင်းပါ

-ညစ်ပတ်တဲ့ အဝတ်တွေကို အဝတ်ခြင်းထဲထည့်ခိုင်းပါ


အသက် ၄-၆ နှစ်

---------------

-ကိုယ့်အိပ်ရာ ကိုယ်သိမ်းခိုင်းပါ

-အဝတ်လျော်ပြီးသားတွေကို ဝိုင်းခေါက်ခိုင်းပါ

- အိမ်မွေးတိရစ္ဆာန်တွေကို အစာဝိုင်းကျွေးခိုင်းပါ

-ထမင်းစားပွဲကူခင်းခိုင်းပါ

-ပန်းပင်ရေဝိုင်းလောင်းခိုင်းပါ


အသက် ၇-၉ နှစ်

----------------

-ကိုယ်ပိုင်နှိုးစက်ပေးပြီး ထခိုင်းပါ

-ကျောင်းသွားရင်ယူသွားဖို့ ထမင်းဘူး ကိုယ်တိုင်ပြင်ခိုင်းပါ

-ပိုက်ဆံကို စီမံခန့်ခွဲတတ်အောင်သင်ကြားပေးပါ

-အဝတ်လျော်ပြီး အကျီင်္ ဝိုင်းခေါက်စီခိုင်းပါ

-ဒါးသေးသေးသုံးပြီး ဟင်းနဲနဲစမ်းချက်ခိုင်းပါ

-အဝတ်ကို လျော်စက်နဲ့ ဘယ်လိုလျော်ရမလဲသင်ပေးပါ


အသက် ၁၀ နှစ် နှင့်အထက်

---------------

-အဝတ်လျော်စက် ခြောက်စက်ကို ဘယ်လို သုံးရမလဲ သိသင့်နေပါပြီ

-ခြံနဲ့နေသူများ မြက်ဝိုင်းရိတ်ခိုင်းပါ

-အိမ်မှာ လျှပ်စစ်ပစ္စည်း ကွန်ပြူတာ တခြားပျက်တာတွေ ဝိုင်းပြင်ခိုင်းပါ

-မိသားစု ခရီးသွားမယ်ဆို ကုန်ကျစရိတ် ဝိုင်းစဉ်းစားစီမံခိုင်းပါ

-ဟင်းကိုကိုယ်ပိုင်ချက်တတ်အောင်သင်ထားပေးပါ

-ကားရေဆေး တတ်အောင်သင်ထားပေးပါ

-ကိုယ်သုံးတဲ့ ပိုက်ဆံကို ရှာတတ်အောင် part-time အလုပ်လုပ်ခိုင်းပါ သို့ အလုပ်လုပ်ခိုင်းရင် မုန့်ဖိုးပေးပါ


မိဘတွေက ဘာမှ မခိုင်းရက်လို့ အိမ်မှာ မိဘကပဲလုပ်ပေးတာ အခိုင်းအစေတွေလုပ်ပေးတာ အခန့်သားနေပြီး ကြီးပြင်းလာတာ ဘာအလုပ်မှမလုပ်ဖူးတဲ့ ကလေးတွေဟာ ကိုယ့်ဘာသာ နေရစီမံခန့်ခွဲရမယ်ဆိုရင် များသောအားဖြင့် အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ရပါတယ် 


အထူးသဖြင့် တခြားနိုင်ငံမှာ ကျောင်းသွားတက် စာသွားသင် အလုပ်သွားလုပ်ရမယ်ဆို ဘာမှ မချက်တတ်လို့ နေ့တိုင်းခါက်ဆွဲပြုတ်လဲ ဘယ်သူမှ ရေရှည်မစားနိုင်ကြပါဘူး အပြင်မှာပဲ အမြဲစားရတာလည်း ငြီးငွေ့ဖို့ကောင်းလှပါတယ် အိမ်ဖော်ကိုလည်း နိုင်ငံခြားမှာ အတူတူခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ကိုယ့်တကိုယ်ရေတကာယအလုပ်ကို ကိုယ်တိုင်လုပ်တတ်မှ ဖြစ်မှာပါ 


ကျောင်းတဖက်နဲ့ part-time အလုပ် လုပ်ရမယ်ဆိုလည်း အိမ်အလုပ်ဝိုင်းကူပေးနေကြသူတွေဟာ ပိုမိုအကွက်မြင်ပြီး အလုပ်ထဲမှာ လိုက်လျောညီထွေစွာနေတတ်လုပ်တတ်ကြပါတယ် 


ငယ်စဉ်ကတည်းက အသက်အရွယ်အလိုက်ဖြေးဖြေးသင်ကြားပေးသွားခြင်းဖြင့် indepedence & mature မြန်မြန်ဖြစ်စေမှာဖြစ်ပါတယ် မိဘနဲ့ နောင်တချိန် အတူမနေရလည်း Basic Life Skills တွေ တတ်ထားရင် ကိုယ့်ဘာသာ အောင်အောင်မြင်မြင် နဲ့ survive ဖြစ်နိုင်ကြမှာပါ 


မေမေတို့ရော ကလေးတွေကို အိမ်အလုပ် တကိုယ်ရေတကာယ အလုပ်လုပ်ခိုင်းကြပါသလား လုပ်ခိုင်းသင့်တယ်လို့ကောထင်ပါသလား မန့်ခဲ့ပေးပါအုံးနော် 


ပျော်ရွှင်ချမ်းမြေ့ကြပါစေ


မေတ္တာဖြင့်

Monica 



[Zawgyi]ကေလးေတြကို ခ်စ္ရင္ ......ခိုင္းပါ

အသက္အရြယ္အလိုက္လုပ္သင့္တဲ့ အလုပ္ေလးေတြ Chores by Age (2-10+)

~~~~~~~~~~~

#Parenting_Guides

#Monica

#ကေလးသူငယ္ေစာင့္ေရွာက္ျခင္း




(မိမိကေလးေတြကို အခ်စ္လြန္ၿပီး ဘာမွမခိုင္း ထမင္းစားရင္ေတာင္ ဇြန္းနဲ႔ခြံ႔ေကြၽးတတ္တဲ့ ယဉ္ေက်းမႈကို သိပ္အလိုမက်သလိုမ်ိဳး ၾကားဝင္ေျပာမိရင္ အဆဲခံရမလားေတာင္မသိဘူးဗ်။ ပညာေရးကိစၥမွာလည္း ထို႔အတူပဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မ်ားမွ confort zone ထဲကထြက္ခ်င္ၾကမလဲစဉ္းစားစရာပါ။ ေအာက္ပါေဆာင္းပါးကေတာ့ မိခင္ႏွင့္ ကေလးဆိုင္ရာ ေဆာင္းပါးေတြေရးသားေဝငွတတ္တဲ့ မ Monica ရဲ့စာမ်က္ႏွာကေန ကူးယူေဝငျွခင္းျဖစ္ပါတယ္။)


ကေလးေတြကို အသက္အရြယ္အလိုက္ တကိုယ္ေရ အလုပ္-အိမ္အလုပ္ေတြကို လုပ္ခိုင္းသင့္ပါတယ္ အဲဒီလို လုပ္ခိုင္းျခင္းအားျဖင့္ သူတို႔ကို Basic Life Skills အတြက္ေလ့က်င့္သင္ၾကားေပးၿပီးသား ျဖစ္သလို ေနာင္တခ်ိန္ ႀကီးျပင္းလာလို႔ မိဘနဲ႔ အတူမရိွခဲ့ဘူးဆိုရင္လည္း သူတို႔ ကိုယ္ပိုင္စီမံခန႔္ခြဲႏိုင္မွာျဖစ္ပါတယ္


ေနာက္ေကာင္းတဲ့ အခ်က္က အိမ္အလုပ္-တကိုယ္ေရ ကိစၥမ်ားကို ကိုယ္ပိုင္ေပးလုပ္ျခင္းအားျဖင့္ ရင့္က်က္ျမန္ေစၿပီး တာဝန္ယူတတ္လိုစိတ္ ကို ပိုရိွလာေစမွာပါ တကိုယ္ေကာင္းဆန္ ဗိုလ္က်ခ်င္စိတ္ေတြ ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္ ငယ္ေသးလို႔ ဘာမွ မလုပ္သင့္ေသးဘူးလို႔မယူဆပါနဲ႔ အသက္အရြယ္အလိုက္ နဲနဲခ်င္းစီေျဖးေျဖးစီသင္ေပးသြားလို႔ရပါတယ္ 


အလုပ္ေတြကို ဝိုင္းလုပ္ခိုင္းျခင္းျဖင့္ အလုပ္လုပ္ခ်င္စိတ္ရိွေအာင္အစျပဳပ်ိဳးေထာင္ေပးၿပီး မိမိကိုယ္ကို self-confidence ရိွေအာင္ေလ့က်င့္ေပးၿပီးျဖစ္သလို မိသားစု စိတ္ဓာတ္ကိုပိုမိုရိွေစမွာလည္းျဖစ္ပါတယ္


အသက္ ၂-၃ ႏွစ္

-----------------

-အရုပ္ေတြကို ကစားၿပီးရင္သိမ္းခိုင္းပါ

-ေမွာက္က် ဖိတ္က်ေနတာေတြကို ဝိုင္းသုတ္ခိုင္းပါ

-အိမ္က ဖံုေတြ ဝိုင္းသုတ္ခိုင္းပါ

-အစာစားၿပီးရင္ဝိုင္းသိမ္းခိုင္းပါ

-ညစ္ပတ္တဲ့ အဝတ္ေတြကို အဝတ္ျခင္းထဲထၫ့္ခိုင္းပါ


အသက္ ၄-၆ ႏွစ္

---------------

-ကိုယ့္အိပ္ရာ ကိုယ္သိမ္းခိုင္းပါ

-အဝတ္ေလ်ာ္ၿပီးသားေတြကို ဝိုင္းေခါက္ခိုင္းပါ

- အိမ္ေမြးတိရစၧာန္ေတြကို အစာဝိုင္းေကြၽးခိုင္းပါ

-ထမင္းစားပြဲကူခင္းခိုင္းပါ

-ပန္းပင္ေရဝိုင္းေလာင္းခိုင္းပါ


အသက္ ၇-၉ ႏွစ္

----------------

-ကိုယ္ပိုင္ႏိႈးစက္ေပးၿပီး ထခိုင္းပါ

-ေက်ာင္းသြားရင္ယူသြားဖို႔ ထမင္းဘူး ကိုယ္တိုင္ျပင္ခိုင္းပါ

-ပိုက္ဆံကို စီမံခန႔္ခြဲတတ္ေအာင္သင္ၾကားေပးပါ

-အဝတ္ေလ်ာ္ၿပီး အက်ီင္္ ဝိုင္းေခါက္စီခိုင္းပါ

-ဒါးေသးေသးသံုးၿပီး ဟင္းနဲနဲစမ္းခ်က္ခိုင္းပါ

-အဝတ္ကို ေလ်ာ္စက္နဲ႔ ဘယ္လိုေလ်ာ္ရမလဲသင္ေပးပါ


အသက္ ၁၀ ႏွစ္ ႏွင့္အထက္

---------------

-အဝတ္ေလ်ာ္စက္ ေျခာက္စက္ကို ဘယ္လို သံုးရမလဲ သိသင့္ေနပါၿပီ

-ၿခံနဲ႔ေနသူမ်ား ျမက္ဝိုင္းရိတ္ခိုင္းပါ

-အိမ္မွာ လ်ွပ္စစ္ပစၥည္း ကြန္ျပဴတာ တျခားပ်က္တာေတြ ဝိုင္းျပင္ခိုင္းပါ

-မိသားစု ခရီးသြားမယ္ဆို ကုန္က်စရိတ္ ဝိုင္းစဉ္းစားစီမံခိုင္းပါ

-ဟင္းကိုကိုယ္ပိုင္ခ်က္တတ္ေအာင္သင္ထားေပးပါ

-ကားေရေဆး တတ္ေအာင္သင္ထားေပးပါ

-ကိုယ္သံုးတဲ့ ပိုက္ဆံကို ရွာတတ္ေအာင္ part-time အလုပ္လုပ္ခိုင္းပါ သို႔ အလုပ္လုပ္ခိုင္းရင္ မုန႔္ဖိုးေပးပါ


မိဘေတြက ဘာမွ မခိုင္းရက္လို႔ အိမ္မွာ မိဘကပဲလုပ္ေပးတာ အခိုင္းအေစေတြလုပ္ေပးတာ အခန႔္သားေနၿပီး ႀကီးျပင္းလာတာ ဘာအလုပ္မွမလုပ္ဖူးတဲ့ ကေလးေတြဟာ ကိုယ့္ဘာသာ ေနရစီမံခန႔္ခြဲရမယ္ဆိုရင္ မ်ားေသာအားျဖင့္ အဆင္မေျပမႈေတြေၾကာင့္ စိတ္ဓာတ္က်တာေတြ ႀကံဳေတြ့ရပါတယ္ 


အထူးသျဖင့္ တျခားႏိုင္ငံမွာ ေက်ာင္းသြားတက္ စာသြားသင္ အလုပ္သြားလုပ္ရမယ္ဆို ဘာမွ မခ်က္တတ္လို႔ ေန့တိုင္းခါက္ဆြဲျပဳတ္လဲ ဘယ္သူမွ ေရရွည္မစားႏိုင္ၾကပါဘူး အျပင္မွာပဲ အၿမဲစားရတာလည္း ၿငီးေငြ့ဖို႔ေကာင္းလွပါတယ္ အိမ္ေဖာ္ကိုလည္း ႏိုင္ငံျခားမွာ အတူတူေခၚထားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး ကိုယ့္တကိုယ္ေရတကာယအလုပ္ကို ကိုယ္တိုင္လုပ္တတ္မွ ျဖစ္မွာပါ 


ေက်ာင္းတဖက္နဲ႔ part-time အလုပ္ လုပ္ရမယ္ဆိုလည္း အိမ္အလုပ္ဝိုင္းကူေပးေနၾကသူေတြဟာ ပိုမိုအကြက္ျမင္ၿပီး အလုပ္ထဲမွာ လိုက္ေလ်ာညီေထြစြာေနတတ္လုပ္တတ္ၾကပါတယ္ 


ငယ္စဉ္ကတည္းက အသက္အရြယ္အလိုက္ေျဖးေျဖးသင္ၾကားေပးသြားျခင္းျဖင့္ indepedence & mature ျမန္ျမန္ျဖစ္ေစမွာျဖစ္ပါတယ္ မိဘနဲ႔ ေနာင္တခ်ိန္ အတူမေနရလည္း Basic Life Skills ေတြ တတ္ထားရင္ ကိုယ့္ဘာသာ ေအာင္ေအာင္ျမင္ျမင္ နဲ႔ survive ျဖစ္ႏိုင္ၾကမွာပါ 


ေမေမတို႔ေရာ ကေလးေတြကို အိမ္အလုပ္ တကိုယ္ေရတကာယ အလုပ္လုပ္ခိုင္းၾကပါသလား လုပ္ခိုင္းသင့္တယ္လို႔ေကာထင္ပါသလား မန႔္ခဲ့ေပးပါအံုးေနာ္ 


ေပ်ာ္ရႊင္ခ်မ္းေျမ့ၾကပါေစ


ေမတၲာျဖင့္

Monica 


Thursday, May 20, 2021

"Sex Education " မှန်​ကန်​စွာသင်ကြားဖို့လိုလားသည်

 [Unicode]"Sex Education " မှန်​ကန်​စွာသင်ကြားဖို့လိုလားသည်~




ကျွန်တော်သည် လူကမွေးသော သားယောကျာ်းလေး ဖြစ်သည်။ ဖခင်နှင့် မိခင် လိင်ဆက်ဆံ - သံဝါသ - Sex ပြုလုပ်ရာမှ မိခင်ကိုယ်ဝန်ဆောင်ပြီး ၁၀လကြာချိန်တွင် လူ့လောကသို့ ရောက်လာရင်း လူအမည်တွင်ခဲ့သည်။


လူသားနှစ်ဦး အတူတူ အိပ်ရာတစ်ခု အသုံးပြုအိပ်စက်ရုံဖြင့် ကလေးတစ်ဦးရလာခြင်းဟု သာမန်​ကာလျှံကာ အစပျိုးသိခဲ့သည်။ ဖခင်ဖြစ်သူက ကျွန်တော့်ကို တစ်ဦးတည်းသော သားဖြစ်သလို အချစ်လွန်မှုကြောင့် ရွာထဲက အသက်​အရွယ်​တူ ယေက်ျားလေးများနဲ့ ဆော့ကစားမှုမပြုစေခဲ့ပေ။ ထိခိုက်မှာစိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ အိမ်ခြင်းကပ်လျက်က အသက် ၂နှစ်လောက် ပိုကြီးသော မိန်းက​လေးသူငယ်ချင်းနဲ့သာ ပေါင်းသင်းစေခဲ့သည်။ အဆိုပါ မိန်းကလေး၏ လိင်ဆက်ဆံရန် (လင်မယားလုပ်တန်းကစားဖို့) ဖိတ်ခေါ်ခံရချိန်က ကျွန်တော် တတိယတန်းတက်နေချိန်ဖြစ်သည်။ 


စတုတ္ထတန်းမှာ ယောက်ျားလေးသူငယ်ချင်းများနှင့် ပေါင်းသင်းစပြုချိန်တွင် သူတို့ရဲ့ အမ သို့မဟုတ် အစ်ကိုများ ညအချိန် အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံကြပုံကို ပြန်လည် ဖောက်သည်ချသမျှ နား​ထောင်​စိတ်ဝင်စားမိခဲ့သည်။ ထို့အတူ ၀ိုင်းဖွဲ့ပြီး သေးပေါက်ပြိုင်ကြ အသက်​အရွယ်​အနည်းငယ်ကြီးသူများ လိင်အာသာဖြေပြိုင်ကြတာကို ကြည့်ခဲ့ရချိန်မှာ ကျွန်တော် လူပျိုဖော်ဝင်ချိန် မရောက်သေးပါ။


၇ တန်းရောက်ချိန် အတန်းဖော် ယောက်ျားလေး အတော်များများ လူပျိုဖော်ဝင်ကုန်ကြပြီ။ စာသင်ခုံတန်းရဲ့​နောက်​ဆုံးတန်းမှာ စုထိုင်ကြပြီး လိင်အသားပေးဇာတ်လမ်းများ၊ အပြာစာပေ၊ အပြာဓာတ်ပုံများဖလှယ်ကြ၊ ညစ်ညမ်းစကားတွေနဲ့ တဟီးဟီးတဟားဟား အချိန်ကုန်ကြတာကို နားဆင်မိ စိတ်လေးကလိကလိ ဖြစ်စပြုလာတယ်။ သူတို့​တွေကြား ပိုက်​ဆံအကုန်ခံ လိင်လုပ်သားတွေနဲ့ ပျော်ပါးကြတဲ့သတင်း အံ့သြမိခဲ့ချိန်က ကျွန်တော် ၈တန်းမတက်ရသေးပါ။


အမေတာဝန်ကျရာ ရွာကလေးက အတော့်ကို ချောင်ကျပါတယ်။ အဓိကကျ ကားလမ်းမကြီးရှိရာရောက်ဖို့ နှစ်မိုင်လောက်ဝေးကွာသေးတာပါ။ သို့သော် AIDS ရောဂါသည်တွေ ၊ ကာလသားရောဂါ ကူးစက်ခံရသော အမျိုးသမီးအချို့နဲ့ ခေတ်မီမီ ရောဂါတွေကို ပိုင်ဆိုင်ကြသား။ ဘယ်ဒေသမှာ ဘယ်လိုအချိန်သွား ကုန်ကျငွေကဘယ်လောက် ပယ်နဆီလင် ၅သိန်းအား ဆေးထိုးကြတယ် ကွန်ဒုံးဆိုတာ ဈေးကြီးတယ် စတဲ့ ပြောစကားတွေ ကြားရချိန်မှာ ကျွန်တော် လူပျိုဖော်ဝင်ချိန် ရောက်လာပါပြီ။


အရွယ်ရောက် ရန်ကုန်ကို အလုပ်လာလုပ်ချိန် ချစ်သူရည်းစားများ လက်မထပ်ခင် လိင်ဆက်ဆံခြင်းအကြောင်း ကြားလိုက်ရတော့ အရှက်ပိုခဲ့တာ သတိရတယ်။ အပျိုစင်တရားဟောလို့ မလိုက်နာကြဘဲ ခေတ်မီကြတဲ့ခေတ်မှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချတာတွေ၊ အရေးပေါ်သန္ဓေတားဆေး ကဒ်တွေ ၊ ဆယ်ကျော်သက်တွေ ပညာတစ်ပိုင်းတစ်စနဲ့ အိမ်ထောင်ပြုကြ ကလေးမွေးကြ ဒုက္ခ ရောက်ကြတာမြင်ရချိန်အထိ ကျွန်တော် Sex Education ကို အရေးပါကြောင်း ၀န်မခံမိသေးပါ။


သို့သော်.. .

သို့သော်.. ..


ငယ်စဉ်ကတည်းက ယခုအချိန်ထိ ဘယ်အရာက အရှက်သည်း သင့်တယ်၊ ဘယ်အကြောင်းအရာက ကြောက်သင့်တယ်ဆိုတာ သိလိုစိတ်အမြဲရှိခဲ့ပါတယ်။ ကိုယ်သိထား တတ်ထားတာကိုလည်း ပြန်မျှဝေလိုစိတ်ရှိခဲ့တယ်။ ကျွန်တော့်ဘ၀မှာ အကျိုးအကြောင်းသင့် နည်းလမ်းတကျ ပြောဆို သင်ကြားပေးတတ်တဲ့ ဆရာများနဲ့ကြုံခဲ့ရတာ ကံကောင်းတယ်။


အိပ်ရာကိစ္စမှာ သင်ပေးစရာမလိုဘူး၊ အရွယ်မရောက်ခင် လိင်ကိစ္စ အစပျိုးပြီး အသိပေးတာ သတိပေးသလို ဖြစ်မှာကြောက်တယ်၊ လမ်းကြောင်းတာ ဆွယ်တရားဟောခြင်း၊ နောက်ဆုံး ကလေးတွေက အဖြူထည် ဆေးမဆိုးချင်ကြပါနဲ့ဆိုတဲ့စကားတွေက အရှက်အကြောက်တရားကို လွဲမှားစွာ သဘောထား ခံစားနေကြတာလို့ယူဆပါတယ်။


ကျွန်တော့်လို အင်တာနက်ခေတ်မှာ မွေးဖွားလာသူမဟုတ်တဲ့ တောဂနိုင်က လူတစ်ယောက်တောင် လိင်ကိစ္စမှာ အမျိုးမျိုး ကြုံဆုံ ခဲ့ရတာ သတိပြုသင့်ပါတယ်။ က​လေး​လေး အဲသည်ကလေးက ကာလသားရောဂါဖြစ်ဖူး၊ က​လေး​လေး နောက်ကလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ဖူး၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ကိစ္စ စော်ကားအနိုင်ကျင့်တာ ဦးလေး/ဖခင်/ဆရာ/ဆရာမ/အစ်ကို/အစ်မ/အသိ/သူစိမ်း မြောက်များလှစွာသော ရာဂရူး နှာစိတ်ထသူများက ပြုလုပ်နိုင်သလို သူငယ်​ချင်း အချင်းချင်း ကျောင်းတက်ဖော် ရွယ်တူတွေလည်းဖြစ်ဖူး။ 


ကဲ ကြုံဆုံလာရချိန်မှ ခေါင်းမီးတောက်ကြမလား။ 


သည်မှာ သူဌေး ၊ ဆင်းရဲသား ၊ မြင့်မြတ်ဖြူစင်သူ ဘယ်ခေါင်းစဉ်အောက်က လူပဲဖြစ်ဖြစ် ပြုကြမယ့်ကိစ္စရပ်တစ်ခု ပြဿ     နာ မဖြစ်ခင် ကာကွယ်​ရေး အသိရှိနိုင်ဖို့ နီတိတစ်ရပ် ဖော်ဆောင်သင့်တယ်ထင်ပါတယ်။ 


သင်ကြားသူ သင်​ယူ​လေ့လာသူ ဘယ်သူကတော့ ပိုသတိထားသင့်တယ်ဆိုတာထက် win-win အ​နေအထား ဖြစ်အောင် သင်ကြားသူက  အားထုတ်ရမှာပါ။ မဟုတ်ဘူးလား။ သင်ကြားနည်းစနစ် အသစ်တွေ အမြဲမပြတ်လေ့လာမှ သင်ကြားသူကိုယ်တိုင်က ခေတ်အကြိုက် ခေတ်အလိုက် မှီနိုင်တာဖြစ်ပြီး မပြောင်းမလဲဖြစ်ရမည့် ဆရာ့ဂုဏ်ရည်အစား မပြောင်းမလဲအယူဝါဒစွဲနေသူဆိုပါက ဘယ်သောအခါမှ အထက်တန်းပြဆရာတစ်ယောက် မဖြစ်လာနိုင်ပါ။


Sex Education ကို နည်းလမ်း မှန်ကန်စွာဖြင့် ကလေးတွေအား အသိသတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်။


#တွေးမိရေးရာ #sex_education #opinions #SHARE


[Zawgyi]"Sex Education " မွန္​ကန္​စြာသင္ၾကားဖို႔လိုလားသည္~




ကြၽန္ေတာ္သည္ လူကေမြးေသာ သားေယာက်ာ္းေလး ျဖစ္သည္။ ဖခင္ႏွင့္ မိခင္ လိင္ဆက္ဆံ - သံဝါသ - Sex ျပဳလုပ္ရာမွ မိခင္ကိုယ္ဝန္ေဆာင္ၿပီး ၁၀လၾကာခ်ိန္တြင္ လူ႔ေလာကသို႔ ေရာက္လာရင္း လူအမည္တြင္ခဲ့သည္။


လူသားႏွစ္ဦး အတူတူ အိပ္ရာတစ္ခု အသံုးျပဳအိပ္စက္ရံုျဖင့္ ကေလးတစ္ဦးရလာျခင္းဟု သာမန္​ကာလ်ွံကာ အစပ်ိဳးသိခဲ့သည္။ ဖခင္ျဖစ္သူက ကြၽန္ေတာ့္ကို တစ္ဦးတည္းေသာ သားျဖစ္သလို အခ်စ္လြန္မႈေၾကာင့္ ရြာထဲက အသက္​အရြယ္​တူ ေယက္်ားေလးမ်ားနဲ႔ ေဆာ့ကစားမႈမျပဳေစခဲ့ေပ။ ထိခိုက္မွာစိုးရိမ္ခဲ့ေသာေၾကာင့္ ျဖစ္သည္။ အိမ္ျခင္းကပ္လ်က္က အသက္ ၂ႏွစ္ေလာက္ ပိုႀကီးေသာ မိန္းက​ေလးသူငယ္ခ်င္းနဲ႔သာ ေပါင္းသင္းေစခဲ့သည္။ အဆိုပါ မိန္းကေလး၏ လိင္ဆက္ဆံရန္ (လင္မယားလုပ္တန္းကစားဖို႔) ဖိတ္ေခၚခံရခ်ိန္က ကြၽန္ေတာ္ တတိယတန္းတက္ေနခ်ိန္ျဖစ္သည္။ 


စတုတၴတန္းမွာ ေယာက္်ားေလးသူငယ္ခ်င္းမ်ားႏွင့္ ေပါင္းသင္းစျပဳခ်ိန္တြင္ သူတို႔ရဲ့ အမ သို႔မဟုတ္ အစ္ကိုမ်ား ညအခ်ိန္ အိမ္ေထာင္ဖက္နဲ႔ လိင္ဆက္ဆံၾကပံုကို ျပန္လည္ ေဖာက္သည္ခ်သမ်ွ နား​ေထာင္​စိတ္ဝင္စားမိခဲ့သည္။ ထို႔အတူ ဝိုင္းဖြဲ႔ၿပီး ေသးေပါက္ၿပိဳင္ၾက အသက္​အရြယ္​အနည္းငယ္ႀကီးသူမ်ား လိင္အာသာေျဖၿပိဳင္ၾကတာကို ၾကၫ့္ခဲ့ရခ်ိန္မွာ ကြၽန္ေတာ္ လူပ်ိဳေဖာ္ဝင္ခ်ိန္ မေရာက္ေသးပါ။


၇ တန္းေရာက္ခ်ိန္ အတန္းေဖာ္ ေယာက္်ားေလး အေတာ္မ်ားမ်ား လူပ်ိဳေဖာ္ဝင္ကုန္ၾကၿပီ။ စာသင္ခံုတန္းရဲ့​ေနာက္​ဆံုးတန္းမွာ စုထိုင္ၾကၿပီး လိင္အသားေပးဇာတ္လမ္းမ်ား၊ အျပာစာေပ၊ အျပာဓာတ္ပံုမ်ားဖလွယ္ၾက၊ ညစ္ညမ္းစကားေတြနဲ႔ တဟီးဟီးတဟားဟား အခ်ိန္ကုန္ၾကတာကို နားဆင္မိ စိတ္ေလးကလိကလိ ျဖစ္စျပဳလာတယ္။ သူတို႔​ေတြၾကား ပိုက္​ဆံအကုန္ခံ လိင္လုပ္သားေတြနဲ႔ ေပ်ာ္ပါးၾကတဲ့သတင္း အံ့ၾသမိခဲ့ခ်ိန္က ကြၽန္ေတာ္ ၈တန္းမတက္ရေသးပါ။


အေမတာဝန္က်ရာ ရြာကေလးက အေတာ့္ကို ေခ်ာင္က်ပါတယ္။ အဓိကက် ကားလမ္းမႀကီးရိွရာေရာက္ဖို႔ ႏွစ္မိုင္ေလာက္ေဝးကြာေသးတာပါ။ သို႔ေသာ္ AIDS ေရာဂါသည္ေတြ ၊ ကာလသားေရာဂါ ကူးစက္ခံရေသာ အမ်ိဳးသမီးအခ်ိဳ႕နဲ႔ ေခတ္မီမီ ေရာဂါေတြကို ပိုင္ဆိုင္ၾကသား။ ဘယ္ေဒသမွာ ဘယ္လိုအခ်ိန္သြား ကုန္က်ေငြကဘယ္ေလာက္ ပယ္နဆီလင္ ၅သိန္းအား ေဆးထိုးၾကတယ္ ကြန္ဒံုးဆိုတာ ေဈးႀကီးတယ္ စတဲ့ ေျပာစကားေတြ ၾကားရခ်ိန္မွာ ကြၽန္ေတာ္ လူပ်ိဳေဖာ္ဝင္ခ်ိန္ ေရာက္လာပါၿပီ။


အရြယ္ေရာက္ ရန္ကုန္ကို အလုပ္လာလုပ္ခ်ိန္ ခ်စ္သူရည္းစားမ်ား လက္မထပ္ခင္ လိင္ဆက္ဆံျခင္းအေၾကာင္း ၾကားလိုက္ရေတာ့ အရွက္ပိုခဲ့တာ သတိရတယ္။ အပ်ိဳစင္တရားေဟာလို႔ မလိုက္နာၾကဘဲ ေခတ္မီၾကတဲ့ေခတ္မွာ တရားမ၀င္ ကိုယ္ဝန္ဖ်က္ခ်တာေတြ၊ အေရးေပၚသႏၶေတားေဆး ကဒ္ေတြ ၊ ဆယ္ေက်ာ္သက္ေတြ ပညာတစ္ပိုင္းတစ္စနဲ႔ အိမ္ေထာင္ျပဳၾက ကေလးေမြးၾက ဒုကၡ ေရာက္ၾကတာျမင္ရခ်ိန္အထိ ကြၽန္ေတာ္ Sex Education ကို အေရးပါေၾကာင္း ၀န္မခံမိေသးပါ။


သို႔ေသာ္.. .

သို႔ေသာ္.. ..


ငယ္စဉ္ကတည္းက ယခုအခ်ိန္ထိ ဘယ္အရာက အရွက္သည္း သင့္တယ္၊ ဘယ္အေၾကာင္းအရာက ေၾကာက္သင့္တယ္ဆိုတာ သိလိုစိတ္အၿမဲရိွခဲ့ပါတယ္။ ကိုယ္သိထား တတ္ထားတာကိုလည္း ျပန္မ်ွေဝလိုစိတ္ရိွခဲ့တယ္။ ကြၽန္ေတာ့္ဘ၀မွာ အက်ိဳးအေၾကာင္းသင့္ နည္းလမ္းတက် ေျပာဆို သင္ၾကားေပးတတ္တဲ့ ဆရာမ်ားနဲ႔ႀကံဳခဲ့ရတာ ကံေကာင္းတယ္။


အိပ္ရာကိစၥမွာ သင္ေပးစရာမလိုဘူး၊ အရြယ္မေရာက္ခင္ လိင္ကိစၥ အစပ်ိဳးၿပီး အသိေပးတာ သတိေပးသလို ျဖစ္မွာေၾကာက္တယ္၊ လမ္းေၾကာင္းတာ ဆြယ္တရားေဟာျခင္း၊ ေနာက္ဆံုး ကေလးေတြက အျဖဴထည္ ေဆးမဆိုးခ်င္ၾကပါနဲ႔ဆိုတဲ့စကားေတြက အရွက္အေၾကာက္တရားကို လြဲမွားစြာ သေဘာထား ခံစားေနၾကတာလို႔ယူဆပါတယ္။


ကြၽန္ေတာ့္လို အင္တာနက္ေခတ္မွာ ေမြးဖြားလာသူမဟုတ္တဲ့ ေတာဂႏိုင္က လူတစ္ေယာက္ေတာင္ လိင္ကိစၥမွာ အမ်ိဳးမ်ိဳး ႀကံဳဆံု ခဲ့ရတာ သတိျပဳသင့္ပါတယ္။ က​ေလး​ေလး အဲသည္ကေလးက ကာလသားေရာဂါျဖစ္ဖူး၊ က​ေလး​ေလး ေနာက္ကေလးတစ္ေယာက္ကို လိင္အျမတ္ထုတ္ဖူး၊ အရြယ္မေရာက္ေသးတဲ့ ကေလးေတြကို လိင္ကိစၥ ေစာ္ကားအႏိုင္က်င့္တာ ဦးေလး/ဖခင္/ဆရာ/ဆရာမ/အစ္ကို/အစ္မ/အသိ/သူစိမ္း ေျမာက္မ်ားလွစြာေသာ ရာဂရူး ႏွာစိတ္ထသူမ်ားက ျပဳလုပ္ႏိုင္သလို သူငယ္​ခ်င္း အခ်င္းခ်င္း ေက်ာင္းတက္ေဖာ္ ရြယ္တူေတြလည္းျဖစ္ဖူး။ 


ကဲ ႀကံဳဆံုလာရခ်ိန္မွ ေခါင္းမီးေတာက္ၾကမလား။ 


သည္မွာ သူေဌး ၊ ဆင္းရဲသား ၊ ျမင့္ျမတ္ျဖဴစင္သူ ဘယ္ေခါင္းစဉ္ေအာက္က လူပဲျဖစ္ျဖစ္ ျပဳၾကမယ့္ကိစၥရပ္တစ္ခု ျပႆ     နာ မျဖစ္ခင္ ကာကြယ္​ေရး အသိရိွႏိုင္ဖို႔ နီတိတစ္ရပ္ ေဖာ္ေဆာင္သင့္တယ္ထင္ပါတယ္။ 


သင္ၾကားသူ သင္​ယူ​ေလ့လာသူ ဘယ္သူကေတာ့ ပိုသတိထားသင့္တယ္ဆိုတာထက္ win-win အ​ေနအထား ျဖစ္ေအာင္ သင္ၾကားသူက  အားထုတ္ရမွာပါ။ မဟုတ္ဘူးလား။ သင္ၾကားနည္းစနစ္ အသစ္ေတြ အၿမဲမျပတ္ေလ့လာမွ သင္ၾကားသူကိုယ္တိုင္က ေခတ္အႀကိဳက္ ေခတ္အလိုက္ မွီႏိုင္တာျဖစ္ၿပီး မေျပာင္းမလဲျဖစ္ရမၫ့္ ဆရာ့ဂုဏ္ရည္အစား မေျပာင္းမလဲအယူဝါဒစြဲေနသူဆိုပါက ဘယ္ေသာအခါမွ အထက္တန္းျပဆရာတစ္ေယာက္ မျဖစ္လာႏိုင္ပါ။


Sex Education ကို နည္းလမ္း မွန္ကန္စြာျဖင့္ ကေလးေတြအား အသိသတိေပးႏိုင္ဖို႔ ေမ်ွာ္လင့္ပါတယ္။


#ေတြးမိေရးရာ #sex_education #opinions #SHARE

Tuesday, January 19, 2021

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။




#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ရေးသားသူ Dr. Htet Htet Zaw Win


လိင်ပညာပေး ကို သင်မယ်ဆိုရင် သင့်စိတ်ထဲမှာ ဘာကို အရင်တွေးမိကြလဲ။ ဟင် ကလေးတွေကို လိင်ဆက်ဆံနည်း သင်ပေးတော့မလို့လား။ သားဆက်ခြားနည်းတွေ သင်ပေးတော့မှာလား။ ကလေးတွေတော့ အတတ်ကောင်းတွေ တတ်တော့မှာပဲလို့ တွေးနေမိတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာ sex education အကြောင်းပြောရင် ဒီလိုပဲ စတွေးကြပါတယ်။ ဒါကြောင့်ပဲ လိင်ပညာပေးကို သင်ကြားတဲ့နေရာမှာ အခက်တွေ့နေကြတာပါ။ ဒီဆောင်းပါးမှာ လိင်ပညာပေးနဲ့ ပတ်သတ်ပြီး လူတွေ အထင်မှားတတ်တာကို ပညာရှင်တွေက ဘယ်လို ဖြေရှင်းထားလဲဆိုတာ ကြည့်ကြည့်ရအောင်။


#လိင်ပညာပေးသင်လို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတတ်ကုန်မယ်။


ဘာကြောင့်လည်း မသိ။ လိင်ပညာပေးလို့ ပြောရင် ဒါကိုပဲ ပြေးပြေးမြင်ကြတယ်။ တကယ် လက်တွေ့ကျကျ လေ့လာကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ လိင်ပညာပေးကို သင်ကြားခံထားရတဲ့ ဆယ်ကျော်သက်လေးတွေဟာ အကျိုးအပြစ်ကို သိထားတဲ့အတွက် ထင်ထားတာထက် လိင်ဆက်ဆံချိန်နောက်ကျပါတယ်။ နောက်ပိုင်း လိင်ဆက်ဆံဖို့ အရွယ်ရောက်လာရင်တောင် သားဆက်ခြားနည်းတွေ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကာကွယ်နည်းတွေကို ကောင်းကောင်းနားလည်သွားပါတယ်။


#လိင်ပညာပေးဆိုတာ လိင်အကြောင်းပဲ သင်တာပါ။


Comprehensive sex education လို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးဟာ လိင်ကိစ္စသက်သက်ကိုသာ သင်ပေးတာထက် ပိုပါတယ်။ အရွယ်ရောက်လာလို့ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲမှုတွေ၊ နောက်ပိုင်းကြုံတွေ့လာရမယ့် လိင်ကိစ္စတွေမှာ အန္တရာယ် ကင်းကင်း ဘယ်လို ဖြတ်သန်းကြမလဲဆိုတာတွေကစလို့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့၊ သူများကို လေးစားတတ်ဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ စတဲ့ အကြောင်းအရာတွေထိ ပါဝင်ပါတယ်။ ဒီခေတ်စကားနဲ့ဆိုရင် EQကောင်းဖို့ သင်ပေးတာအထိ ပါဝင်ပါတယ်။ ဒါဟာ သူ့ဘဝတစ်သက်တာမှာ ပျော်ရွှင်ဖို့၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်။


#လိင်ပညာပေးသင်တာဟာ ဘာသာရေးနဲ့ မကိုက်ညီဘူး။


လိင်ပညာပေး သင်တာဟာ သူများသားမယားကို ဖျက်ဆီးဖို့ သင်ပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ သူများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်တတ်ဖို့၊ သူများကို လေးစားတတ်ဖို့ သင်ပေးတာ ဖြစ်တဲ့အတွက် ဘာသာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဘယ်ဘာသာမဆို သင်သင့်တဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ အကျိုးအပြစ်ကို မသိတဲ့သူသာ ဆင်ကန်းတောတိုးလို အမှားမျိုးကို ကျုးလွန်တာပါ။ သေချာနားလည်တဲ့သူက ဝေးဝေးကရှောင်နိုင်ပါတယ်။


#လိင်ပညာပေးမှာ LGBTတွေ အကြောင်းပါနေလို့ ကလေးတွေနဲ့ မသင့်တော်ဘူး။


လိင်ပညာပေးကို သင်ကတည်းက လူတိုင်းနဲ့ကိုက်ညီအောင် ရေးဆွဲထားတာပါ။ လိင်ပညာပေးမှာ LGBTတွေ အကြောင်းပါနေတာကြောင့် ကလေးတွေကို LGBT ဖြစ်မသွားစေပါဘူး။ နဂိုတည်းက လိင်စိတ်ပြောင်းလဲချင်သူက ပြောင်းလဲတာပါပဲ။ အဓိကက လိင်စိတ်ပြောင်းလဲတာဟာ ပြစ်ချက်မဟုတ်ကြောင်း၊ LGBTဖြစ်နေလည်းပဲ ဘဝကို သူများနည်းတူ ပျော်ပျော်နေနိုင်ကြောင်း၊ အောင်မြင်နိုင်ကြောင်း သင်ပေးတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ LGBTတွေကို ရှုံ့ချစရာ မလိုကြောင်း၊ ဒါဟာ စနောက်ရမယ့် လူတွေ မဟုတ်ကြောင်း၊ တခြားသူတွေလိုပဲ လေးစားတဲ့စိတ်နဲ့ ဆက်ဆံရမှာဖြစ်ကြောင်း၊ သူတို့က တခြားသူတွေနဲ့ တူတူပဲ ဖြစ်ကြောင်း နားလည်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။


ကြုံလို့ ပြောရရင် လူတွေက LGBTတွေကို HIV ပိုး သယ်ဆောင်ထားသူတွေလို့ နှိမ့်ချဆက်ဆံတတ်ပါတယ်။ တကယ်တော့ LGBTမှ မဟုတ်ပါဘူး။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းကို နားမလည်တဲ့ ဘယ်သူမဆို HIV အပါအဝင် တခြား လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရလာနိုင်တယ်ဆိုတာကို သတိပြုပါ။


#လိင်ပညာပေးကို မိဘတွေ သင်တာ ပိုမကောင်းဘူးလား။


ဒါက နည်းနည်းပြောရခက်ပါတယ်။ တွေးကြတာကတော့ အိမ်မှာပဲ သမီးကို အမေက၊ သားကို အဖေက တိုးတိုးတိတ်တိတ် သင်ကြရင် မကောင်းဘူးလားပေါ့။ ဒါပေမယ့် တကယ့် လက်တွေ့မှာ သင်ပေးတဲ့သူက ရှားပါတယ်။ နောက်ပြီး သင်ပေးမယ့် အဖေအမေကိုယ်တိုင်ကလည်း တိတိကျကျ တတ်မြောက်နေဖို့ လိုပါတယ်။ ဒါမှ သတင်းအမှားတွေ မသင်ပေးမိမှာပါ။ နောက်တစ်ခုက မိဘနဲ့ သားသမီးကြားမှာ ချစ်ကြောက်ရိုသေဆိုတာကြီး ရှိနေတဲ့အတွက် ပြောရဆိုရ နည်းနည်း အခက်တွေ့နိုင်ပါတယ်။


လေ့လာကြည့်လိုက်တဲ့အခါမှာလည်း မိဘတွေက လိင်ပညာပေးကို ကျောင်းမှာ သင်တာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ ကျောင်းသားတွေကလည်း ကျောင်းမှာ တကယ်တတ်ကျွမ်းတဲ့သူတွေနဲ့ သင်ကြားတာက ပိုသဘောကျကြပါတယ်။ တကယ်တော့ လိင်ပညာပေးကို ကျောင်းမှာရော အိမ်မှာပါ နည်းစနစ်ကျကျ သင်ပေးနိုင်ရင် ပိုကောင်းတာပေါ့။


#လိင်ပညာပေးကို ကလေးတွေကို သင်ပေးဖို့ မလိုအပ်ဘူး။


တကယ်တော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း သူတို့အရွယ်အလိုက် သင့်တော်တဲ့ လိင်ပညာပေး သင်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတော့ သူတို့လေးတွေရဲ့ ဘယ်နေရာကို လူအထိမခံသင့်ဘူး၊ မကြိုက်ရင် မကြိုက်ဘူးလို့ ငြင်းရမယ်၊ တစ်ယောက်ယောက်က ကလေးမကြိုက်တာကို လုပ်ရင် အိမ်က လူကြီးတွေကို ပြန်ပြောရမယ် စသဖြင့် သင်ထားပေးရမှာပါ။ သက်ငယ်မုဒိန်းမှုတွေကို ကြည့်မယ်ဆိုရင် ကလေးတွေက သူတို့ကို ဘာလုပ်သွားမှန်းလည်း မသိပါဘူး။ လူကြီးတွေကို ပြန်ပြောရမှန်းလည်း မသိပါဘူး။ တကယ်ဆို အနည်းဆုံးတော့ သူတို့မကြိုက်တာကို လုပ်သွားတယ်လို့ အိမ်ကလူကြီးတွေကို ပြန်တိုင်တတ်ရမှာပါ။ ဒါမှ လူကြီးတွေက စောစောစီးစီး သိပြီး တစ်ခုခုလုပ်လို့ရမှာပါ။


တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် တစ်ခါတစ်လေ တရားခံက ကလေးငယ်လေးတွေ ဖြစ်နေတာကို တွေ့ဖူးမှာပါ။ တကယ်ဆို သူတို့ကို သူများရဲ့ ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကိုင်ရဘူး။ ဒါမျိုးမလုပ်ရဘူး။ ဒါက ကလေးတွေ မလုပ်ရဘူး စသဖြင့် သင်ထားပေးရင်၊ အသိပေးထားရင် ကလေးတွေက သူတို့နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုပြီး စမ်းကြည့်မှာ မဟုတ်ပါဘူး။ သူတို့လေးတွေက ဒီလိင်ကိစ္စကို လိင်ကိစ္စမှန်း မသိဘဲ တစ်ယောက်ယောက်လုပ်တာကို မြင်လို့ လိုက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရွယ်အလိုက်ထိုက်သင့်တဲ့  ပညာပေးရှိဖို့ လိုပါတယ်။


#လိင်ပညာပေးက တခြားဘာသာရပ်တွေလောက် အရေးမကြီးပါဘူး။ 


ခုဆယ်တန်းမှာ သင်မယ်ဆိုတော့ တခြားဘာသာရပ်တွေလောက် အရေးမကြီးဘူးလို့ ထင်မှာ စိုးပါတယ်။ တခြားဘာသာရပ်တွေထက်မပိုရင်တော့ အရေးကြီးတာက မလျှော့ပါဘူး။ တစ်ဘဝလုံးသုံးလို့ရတဲ့ ပညာရပ်ပါ။ ဒါကို မတတ်လို့ အရွယ်မတိုင်ခင် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တာ၊ အိမ်တွင်းအကြမ်းဖက်တာ စတဲ့ ပြဿနာတွေ ဖြစ်နေတာပါ။


#ဒါက သင်စရာမလိုပါဘူး။ မသင်လည်း တတ်ပါတယ်။


မသင်လည်း အချိန်တန်ရင် တတ်တာမှန်ပေမယ့် တကယ်တမ်း သင်ပြီးလို့ သေသေချာချာ သိသွားတဲ့အခါ ကိုယ်သိထားတာတွေ ဘယ်လောက်မှားနေလဲဆိုတာ သိရမှာပါ။ ဒီလို သိထားတာတွေ မှားနေတာကြောင့်ပဲ လက်တွဲဖော်နဲ့ ဆက်ဆံရေးမှာ ပြဿနာတက်တာတွေ၊ အတူနေပြီးမှ ကိုယ်ဝန်ရမှာလား မရဘူးလား၊ ရသွားခဲ့ရင် ဆိုတဲ့ ပြဿနာတွေ၊ မလိုချင်ဘဲ ကလေးရလာလို့ ဖျက်ချတဲ့ ပြဿနာတွေ ကြုံရတာပါ။ တကယ်သိချင်လို့ လေ့လာတဲ့သူကို ကျတော့လည်း လိင်စိတ်ပြင်းထန်တဲ့သူလို့ လှောင်ပြောင်တာတွေ လုပ်တာကြောင့် ဒီကိစ္စကို ရှက်စရာလို့ ထင်ပြီး ပွင့်ပွင့်လင်းလင်း မတိုင်ပင်ရဲတာတွေ ဖြစ်လာတာပါ။


လိင်ပညာပေးဆိုတာ လိင်ကိစ္စသက်သက်ကိုပဲ သင်တာ မဟုတ်ပါဘူး။ ဒါဟာလည်း ပညာရပ်ဆိုင်ရာ ဘာသာရပ်တစ်ခုပါပဲ။ ကလေးတွေကို အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့၊ အတူနေရင်လည်း အကာအကွယ်ကို စနစ်တကျ သုံးတတ်ဖို့၊ မိမိလက်တွဲဖော်ကို လေးစားဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ သင်ပေးတဲ့ ဘာသာရပ်ဆိုတာ သိစေချင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#HealthSexualHealth #HealthyLiving #SexualHealth #SexEdu


(Zawgyi) 

လိင္ပညာေပး နဲ႔ ပတ္သတ္ၿပီး သင္သိထားတာေတြ မွန္ရဲ့လား။




#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Dr. Htet Htet Zaw Win


လိင္ပညာေပး ကို သင္မယ္ဆိုရင္ သင့္စိတ္ထဲမွာ ဘာကို အရင္ေတြးမိၾကလဲ။ ဟင္ ကေလးေတြကို လိင္ဆက္ဆံနည္း သင္ေပးေတာ့မလို့လား။ သားဆက္ျခားနည္းေတြ သင္ေပးေတာ့မွာလား။ ကေလးေတြေတာ့ အတတ္ေကာင္းေတြ တတ္ေတာ့မွာပဲလို့ ေတြးေနမိတယ္ဆိုရင္ ဒါဟာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ျမန္မာနိုင္ငံ အပါအဝင္ တျခားနိုင္ငံေတြမွာ sex education အေၾကာင္းေျပာရင္ ဒီလိုပဲ စေတြးၾကပါတယ္။ ဒါေၾကာင့္ပဲ လိင္ပညာေပးကို သင္ၾကားတဲ့ေနရာမွာ အခက္ေတြ႕ေနၾကတာပါ။ ဒီေဆာင္းပါးမွာ လိင္ပညာေပးနဲ႔ ပတ္သတ္ၿပီး လူေတြ အထင္မွားတတ္တာကို ပညာရွင္ေတြက ဘယ္လို ေျဖရွင္းထားလဲဆိုတာ ၾကည့္ၾကည့္ရေအာင္။


#လိင္ပညာေပးသင္လို့ ကေလးေတြ ငယ္ငယ္ရြယ္ရြယ္နဲ႔ လိင္ဆက္ဆံတတ္ကုန္မယ္။


ဘာေၾကာင့္လည္း မသိ။ လိင္ပညာေပးလို့ ေျပာရင္ ဒါကိုပဲ ေျပးေျပးျမင္ၾကတယ္။ တကယ္ လက္ေတြ႕က်က် ေလ့လာၾကည့္လိုက္တဲ့အခါ ၿပီးျပည့္စုံတဲ့ လိင္ပညာေပးကို သင္ၾကားခံထားရတဲ့ ဆယ္ေက်ာ္သက္ေလးေတြဟာ အက်ိဳးအျပစ္ကို သိထားတဲ့အတြက္ ထင္ထားတာထက္ လိင္ဆက္ဆံခ်ိန္ေနာက္က်ပါတယ္။ ေနာက္ပိုင္း လိင္ဆက္ဆံဖို့ အရြယ္ေရာက္လာရင္ေတာင္ သားဆက္ျခားနည္းေတြ၊ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါကာကြယ္နည္းေတြကို ေကာင္းေကာင္းနားလည္သြားပါတယ္။


#လိင္ပညာေပးဆိုတာ လိင္အေၾကာင္းပဲ သင္တာပါ။


Comprehensive sex education လို့ ေခၚတဲ့ ၿပီးျပည့္စုံတဲ့ လိင္ပညာေပးဟာ လိင္ကိစၥသက္သက္ကိုသာ သင္ေပးတာထက္ ပိုပါတယ္။ အရြယ္ေရာက္လာလို့ ကိုယ္ခႏၶာရဲ့ ေျပာင္းလဲမွုေတြ၊ ေနာက္ပိုင္းၾကဳံေတြ႕လာရမယ့္ လိင္ကိစၥေတြမွာ အႏၲရာယ္ ကင္းကင္း ဘယ္လို ျဖတ္သန္းၾကမလဲဆိုတာေတြကစလို့ ကိုယ့္ရဲ့ လက္တြဲေဖာ္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိဖို့၊ သူမ်ားကို ေလးစားတတ္ဖို့၊ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္ဖို့ စတဲ့ အေၾကာင္းအရာေတြထိ ပါဝင္ပါတယ္။ ဒီေခတ္စကားနဲ႔ဆိုရင္ EQေကာင္းဖို့ သင္ေပးတာအထိ ပါဝင္ပါတယ္။ ဒါဟာ သူ႔ဘဝတစ္သက္တာမွာ ေပ်ာ္ရႊင္ဖို့၊ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္နိုင္ဖို့ အမ်ားႀကီး အေထာက္အကူျပဳပါတယ္။


#လိင္ပညာေပးသင္တာဟာ ဘာသာေရးနဲ႔ မကိုက္ညီဘူး။


လိင္ပညာေပး သင္တာဟာ သူမ်ားသားမယားကို ဖ်က္ဆီးဖို့ သင္ေပးတာ မဟုတ္ပါဘူး။ ခႏၶာကိုယ္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမွု၊ သူမ်ားနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္တတ္ဖို့၊ သူမ်ားကို ေလးစားတတ္ဖို့ သင္ေပးတာ ျဖစ္တဲ့အတြက္ ဘာသာေရးကို ထိခိုက္ေစမွာ မဟုတ္ပါဘူး။ ဘယ္ဘာသာမဆို သင္သင့္တဲ့ အေၾကာင္းအရာ တစ္ခုလည္း ျဖစ္ပါတယ္။ အက်ိဳးအျပစ္ကို မသိတဲ့သူသာ ဆင္ကန္းေတာတိုးလို အမွားမ်ိဳးကို က်ဳးလြန္တာပါ။ ေသခ်ာနားလည္တဲ့သူက ေဝးေဝးကေရွာင္နိုင္ပါတယ္။


#လိင္ပညာေပးမွာ LGBTေတြ အေၾကာင္းပါေနလို့ ကေလးေတြနဲ႔ မသင့္ေတာ္ဘူး။


လိင္ပညာေပးကို သင္ကတည္းက လူတိုင္းနဲ႔ကိုက္ညီေအာင္ ေရးဆြဲထားတာပါ။ လိင္ပညာေပးမွာ LGBTေတြ အေၾကာင္းပါေနတာေၾကာင့္ ကေလးေတြကို LGBT ျဖစ္မသြားေစပါဘူး။ နဂိုတည္းက လိင္စိတ္ေျပာင္းလဲခ်င္သူက ေျပာင္းလဲတာပါပဲ။ အဓိကက လိင္စိတ္ေျပာင္းလဲတာဟာ ျပစ္ခ်က္မဟုတ္ေၾကာင္း၊ LGBTျဖစ္ေနလည္းပဲ ဘဝကို သူမ်ားနည္းတူ ေပ်ာ္ေပ်ာ္ေနနိုင္ေၾကာင္း၊ ေအာင္ျမင္နိုင္ေၾကာင္း သင္ေပးတာ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ LGBTေတြကို ရွုံ႔ခ်စရာ မလိုေၾကာင္း၊ ဒါဟာ စေနာက္ရမယ့္ လူေတြ မဟုတ္ေၾကာင္း၊ တျခားသူေတြလိုပဲ ေလးစားတဲ့စိတ္နဲ႔ ဆက္ဆံရမွာျဖစ္ေၾကာင္း၊ သူတို့က တျခားသူေတြနဲ႔ တူတူပဲ ျဖစ္ေၾကာင္း နားလည္ေအာင္ သင္ေပးတာပဲ ျဖစ္ပါတယ္။


ၾကဳံလို့ ေျပာရရင္ လူေတြက LGBTေတြကို HIV ပိုး သယ္ေဆာင္ထားသူေတြလို့ ႏွိမ့္ခ်ဆက္ဆံတတ္ပါတယ္။ တကယ္ေတာ့ LGBTမွ မဟုတ္ပါဘူး။ အႏၲရာယ္ကင္းတဲ့ လိင္ဆက္ဆံျခင္းကို နားမလည္တဲ့ ဘယ္သူမဆို HIV အပါအဝင္ တျခား လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ရလာနိုင္တယ္ဆိုတာကို သတိျပဳပါ။


#လိင္ပညာေပးကို မိဘေတြ သင္တာ ပိုမေကာင္းဘူးလား။


ဒါက နည္းနည္းေျပာရခက္ပါတယ္။ ေတြးၾကတာကေတာ့ အိမ္မွာပဲ သမီးကို အေမက၊ သားကို အေဖက တိုးတိုးတိတ္တိတ္ သင္ၾကရင္ မေကာင္းဘူးလားေပါ့။ ဒါေပမယ့္ တကယ့္ လက္ေတြ႕မွာ သင္ေပးတဲ့သူက ရွားပါတယ္။ ေနာက္ၿပီး သင္ေပးမယ့္ အေဖအေမကိုယ္တိုင္ကလည္း တိတိက်က် တတ္ေျမာက္ေနဖို့ လိုပါတယ္။ ဒါမွ သတင္းအမွားေတြ မသင္ေပးမိမွာပါ။ ေနာက္တစ္ခုက မိဘနဲ႔ သားသမီးၾကားမွာ ခ်စ္ေၾကာက္ရိုေသဆိုတာႀကီး ရွိေနတဲ့အတြက္ ေျပာရဆိုရ နည္းနည္း အခက္ေတြ႕နိုင္ပါတယ္။


ေလ့လာၾကည့္လိုက္တဲ့အခါမွာလည္း မိဘေတြက လိင္ပညာေပးကို ေက်ာင္းမွာ သင္တာ ပိုေကာင္းတယ္လို့ ယူဆၾကပါတယ္။ ေက်ာင္းသားေတြကလည္း ေက်ာင္းမွာ တကယ္တတ္ကၽြမ္းတဲ့သူေတြနဲ႔ သင္ၾကားတာက ပိုသေဘာက်ၾကပါတယ္။ တကယ္ေတာ့ လိင္ပညာေပးကို ေက်ာင္းမွာေရာ အိမ္မွာပါ နည္းစနစ္က်က် သင္ေပးနိုင္ရင္ ပိုေကာင္းတာေပါ့။


#လိင္ပညာေပးကို ကေလးေတြကို သင္ေပးဖို့ မလိုအပ္ဘူး။


တကယ္ေတာ့ မဟုတ္ပါဘူး။ ကေလးေတြကိုလည္း သူတို့အရြယ္အလိုက္ သင့္ေတာ္တဲ့ လိင္ပညာေပး သင္ေပးဖို့ လိုပါတယ္။ အနည္းဆုံးေတာ့ သူတို့ေလးေတြရဲ့ ဘယ္ေနရာကို လူအထိမခံသင့္ဘူး၊ မႀကိဳက္ရင္ မႀကိဳက္ဘူးလို့ ျငင္းရမယ္၊ တစ္ေယာက္ေယာက္က ကေလးမႀကိဳက္တာကို လုပ္ရင္ အိမ္က လူႀကီးေတြကို ျပန္ေျပာရမယ္ စသျဖင့္ သင္ထားေပးရမွာပါ။ သက္ငယ္မုဒိန္းမွုေတြကို ၾကည့္မယ္ဆိုရင္ ကေလးေတြက သူတို့ကို ဘာလုပ္သြားမွန္းလည္း မသိပါဘူး။ လူႀကီးေတြကို ျပန္ေျပာရမွန္းလည္း မသိပါဘူး။ တကယ္ဆို အနည္းဆုံးေတာ့ သူတို့မႀကိဳက္တာကို လုပ္သြားတယ္လို့ အိမ္ကလူႀကီးေတြကို ျပန္တိုင္တတ္ရမွာပါ။ ဒါမွ လူႀကီးေတြက ေစာေစာစီးစီး သိၿပီး တစ္ခုခုလုပ္လို့ရမွာပါ။


တစ္ဖက္က ျပန္ၾကည့္မယ္ဆိုရင္ တစ္ခါတစ္ေလ တရားခံက ကေလးငယ္ေလးေတြ ျဖစ္ေနတာကို ေတြ႕ဖူးမွာပါ။ တကယ္ဆို သူတို့ကို သူမ်ားရဲ့ ဒီခႏၶာကိုယ္ အစိတ္အပိုင္းေတြကို မကိုင္ရဘူး။ ဒါမ်ိဳးမလုပ္ရဘူး။ ဒါက ကေလးေတြ မလုပ္ရဘူး စသျဖင့္ သင္ထားေပးရင္၊ အသိေပးထားရင္ ကေလးေတြက သူတို့နဲ႔ ဆိုင္တဲ့ ကိစၥမဟုတ္ဘူးဆိုၿပီး စမ္းၾကည့္မွာ မဟုတ္ပါဘူး။ သူတို့ေလးေတြက ဒီလိင္ကိစၥကို လိင္ကိစၥမွန္း မသိဘဲ တစ္ေယာက္ေယာက္လုပ္တာကို ျမင္လို့ လိုက္လုပ္တာလည္း ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ အရြယ္အလိုက္ထိုက္သင့္တဲ့  ပညာေပးရွိဖို့ လိုပါတယ္။


#လိင္ပညာေပးက တျခားဘာသာရပ္ေတြေလာက္ အေရးမႀကီးပါဘူး။ 


ခုဆယ္တန္းမွာ သင္မယ္ဆိုေတာ့ တျခားဘာသာရပ္ေတြေလာက္ အေရးမႀကီးဘူးလို့ ထင္မွာ စိုးပါတယ္။ တျခားဘာသာရပ္ေတြထက္မပိုရင္ေတာ့ အေရးႀကီးတာက မေလၽွာ့ပါဘူး။ တစ္ဘဝလုံးသုံးလို့ရတဲ့ ပညာရပ္ပါ။ ဒါကို မတတ္လို့ အရြယ္မတိုင္ခင္ မလိုခ်င္ဘဲ ကိုယ္ဝန္ရတာ၊ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ျဖစ္တာ၊ အိမ္တြင္းအၾကမ္းဖက္တာ စတဲ့ ျပႆနာေတြ ျဖစ္ေနတာပါ။


#ဒါက သင္စရာမလိုပါဘူး။ မသင္လည္း တတ္ပါတယ္။


မသင္လည္း အခ်ိန္တန္ရင္ တတ္တာမွန္ေပမယ့္ တကယ္တမ္း သင္ၿပီးလို့ ေသေသခ်ာခ်ာ သိသြားတဲ့အခါ ကိုယ္သိထားတာေတြ ဘယ္ေလာက္မွားေနလဲဆိုတာ သိရမွာပါ။ ဒီလို သိထားတာေတြ မွားေနတာေၾကာင့္ပဲ လက္တြဲေဖာ္နဲ႔ ဆက္ဆံေရးမွာ ျပႆနာတက္တာေတြ၊ အတူေနၿပီးမွ ကိုယ္ဝန္ရမွာလား မရဘူးလား၊ ရသြားခဲ့ရင္ ဆိုတဲ့ ျပႆနာေတြ၊ မလိုခ်င္ဘဲ ကေလးရလာလို့ ဖ်က္ခ်တဲ့ ျပႆနာေတြ ၾကဳံရတာပါ။ တကယ္သိခ်င္လို့ ေလ့လာတဲ့သူကို က်ေတာ့လည္း လိင္စိတ္ျပင္းထန္တဲ့သူလို့ ေလွာင္ေျပာင္တာေတြ လုပ္တာေၾကာင့္ ဒီကိစၥကို ရွက္စရာလို့ ထင္ၿပီး ပြင့္ပြင့္လင္းလင္း မတိုင္ပင္ရဲတာေတြ ျဖစ္လာတာပါ။


လိင္ပညာေပးဆိုတာ လိင္ကိစၥသက္သက္ကိုပဲ သင္တာ မဟုတ္ပါဘူး။ ဒါဟာလည္း ပညာရပ္ဆိုင္ရာ ဘာသာရပ္တစ္ခုပါပဲ။ ကေလးေတြကို အရြယ္မတိုင္ခင္ လိင္မဆက္ဆံဖို့၊ အတူေနရင္လည္း အကာအကြယ္ကို စနစ္တက် သုံးတတ္ဖို့၊ မိမိလက္တြဲေဖာ္ကို ေလးစားဖို့၊ ကိုယ့္ကိုယ္ကို တန္ဖိုးထားဖို့ သင္ေပးတဲ့ ဘာသာရပ္ဆိုတာ သိေစခ်င္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမွုမ်ားႏွင့္ ကုသမွုမ်ား မျပဳလုပ္ေပးပါ။


#HealthSexualHealth #HealthyLiving #SexualHealth #SexEdu

Monday, January 11, 2021

“မိခင်ဘဝကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ”

“မိခင်ဘဝကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ”




ခေါင်းစဉ် ဖတ်လိုက်ရင်တော့ ထူးဆန်းသွားမယ်။ မိခင်ဘဝနဲ့ ပရော်ဖက်ရှင်နယ် ဘာဆိုင်လဲပေါ့၊ မိခင်အလုပ်ဆိုတာ အသက်မွေးဝမ်းကျောင်း အလုပ်မှ မဟုတ်တာပဲကို။


ရှင်းပြပါမယ်။ ကျွန်တော်က အမျိုးသမီးတွေ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကို အမြဲပြောလေ့ရှိသူပါ။ ဘာလို့ဆိုတော့ ကိုယ်ပိုင်အလုပ်လုပ်မှ ဝင်ငွေရှိမယ်၊ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေစရာ မလိုတော့ဘူး။ တကယ်တော့ ယောကျာ်း ဖောက်ပြန်နေတာ သိသိကြီးနဲ့၊ ရိုက်နှက်နှိပ်စက်တာတွေ ရှိနေပါရက်နဲ့ ကိုယ့်မှာ သူ့ကို မှီခိုနေရလို့ မကွဲနိုင် မကွာနိုင်ဘူး၊ ကြိတ်မှိတ်ပေါင်းသင်းနေရတယ် ဆိုတာတွေက ဝင်ငွေမရှိလို့ ဖြစ်တာပါ။ နောက်ပြီး ကိုယ့်ယောကျာ်းက အဲ့လိုမဟုတ်ပါဘူးဆိုရင်လည်း မတော်တဆ ဆုံးပါးသွားခဲ့ရင် မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခပင်လယ်တွေ ဝြေပီး မကျန်ခဲ့ဖို့က ကိုယ့်မှာ ဝင်ငွေရှိနေဖို့ လိုပါတယ်။ 


ဒါပေမယ့် အဲ့လို ဝင်ငွေရှာနိုင်တော့မှပဲ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဲ့လိုသာ သတ်မှတ်ကြမယ်ဆိုလည်း ကျွန်တော်တို့ရဲ့ အမေတွေ၊ အဖွားတွေ အပါအဝင် ကမ္ဘာပေါ်က မိခင်တွေ အများကြီးကို အထင်သေးလိုက်ရာ ရောက်မယ် ထင်ပါတယ်။


အများအားဖြင့်က ပိုက်ဆံရတဲ့ အလုပ်ကိုမှပဲ အလုပ်လို့ ထင်နေတတ်ကြတာ ပြဿနာပါ။ ခင်ဗျားမိန်းမ ဘာအလုပ်လုပ်လဲလို့ မေးလိုက်ရင် ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဘူးလို့ပဲ ဖြေကြတာ။ တကယ်တော့ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာ ထိုင်နေရတာမှ မဟုတ်ဘဲ။ အမေ ခရီးထွက်သွားတဲ့ ၃ ရက်လောက် အိမ်မှာ ဘယ်လိုတွေ ဖြစ်ကျန်နေခဲ့လဲ စဉ်းစားကြည့်လိုက်ရင် အိမ်ရှင်မတွေရဲ့ အခန်းကဏ္ဍကို လွယ်လွယ်ကူကူ သဘောပေါက်လိမ့်မယ်။ 


ယောကျာ်းက ရှေ့တန်းတိုက်စစ်မှူးဆို မိန်းမက နောက်ကနေ သူ ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးနေသူသာ ဖြစ်တယ်။ ဘာအလုပ်မှ မလုပ်ဘဲ နေနေတာ မဟုတ်ဘူး။ တန်ဖိုး မရှိတာ မဟုတ်ဘူး။ ဘောလုံးပွဲမှာ အနိုင်ရရင် ဂိုးသွင်းသူကိုပဲ သတိရတတ်ကြသလို၊ မိသားစုတစ်စုရဲ့ အောင်မြင်မှုမှာလည်း နောက်ကွယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့နေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အခန်းကဏ္ဍဟာ ပိုက်ဆံတစ်ပြားမှ ရှာမပေးနိုင်ပေမယ့်လည်း သိပ်အရေးကြီးတယ်ဆိုတာကို အရင်ဆုံး သိစေချင်ပါတယ်။


အိမ်ထောင်မှု ထိန်းသိမ်း၊ ချက်ပြုတ်လျှော်ဖွပ်၊ ယောကျာ်းကို နောက်ကွယ်ကနေ ကူညီပေး စတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေအပြင် အရေးကြီးဆုံးတာဝန်ကတော့ သားသမီးတွေနဲ့ ပတ်သက်တဲ့ မိခင်တာဝန်ပဲ ဖြစ်ပါတယ်။ ယောကျာ်းက အပြင်ထွက်၊ အလုပ်လုပ်၊ စီးပွားရှာတဲ့ မိသားစုတွေမှာ သားသမီးနဲ့ တကယ်အထိအတွေ့များတာက မိခင်တွေပါ။ ဒါကြောင့် မိခင်တွေရဲ့ အရည်အချင်းက ပျိုးထောင်ခံလိုက်ရတဲ့ သားသမီးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဒီအတွက် ပရိုပီသတဲ့ မိခင်တွေ ဖြစ်ဖို့ လိုတယ် ဆိုပြီး သုံးနှုန်းလိုက်ရတာပါ။


ဒါဆို အရင်ဆုံးစဉ်းစားကြည့်ပါမယ်၊ Professional ဆိုတာ ဘာလဲ။ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်နေသူလို့ အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျွန်တော် ပိုပြီး သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ပရော်ဖက်ရှင်နယ်တွေဆိုတာ သူ့အလုပ်ကိုသူ ကောင်းသထက်ကောင်းအောင်၊ သတ်မှတ်ထားတဲ့ Technical standard မီအောင် အစဉ်အမြဲ အားထုတ်နေသူ ဆိုတာပါပဲ။ ဆရာဝန်ဘွဲ့ ရလိုက်တာနဲ့ ပရိုပီသတဲ့ ဆရာဝန် မဖြစ်ဘူး။ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ သူ့ဆေးပညာနဲ့ ပတ်သက်ပြီး အစဉ်အမြဲ လေ့လာနေတယ်ဆိုမှ ပရိုပီသတယ်လို့ ခေါ်တယ်။


ဒါနဲ့ မိခင်ဘဝနဲ့ကို ချိတ်ဆက်ကြည့်ရအောင်။ မိခင်အားလုံးမှာ အနှိုင်းမဲ့မေတ္တာဆိုတာ ရှိပြီးသားပါ။ သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်၊ အလိုလိုက်တယ်၊ ဖျားနာရင် တတ်သိသလောက် ပြုစုတယ်၊ ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊ ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။ ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ 


ဒါဆို ပရိုပီသတဲ့မိခင် ဆိုတာကျတော့ရော။ ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ ဒါပေမယ့် သူကျတော့ ပညာတစ်ခု ပိုတိုးလာတယ်။ 


သူတို့တွေဟာ ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။ မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။ သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။ စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။ အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံဝင်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။ ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင် (Vision) ရှိတယ်။ 


ဟိုတလောက ကလေးအထူးကု ဆရာဝန် အစ်မတစ်ယောက်က ကလေးတွေ မတော်တဆ ပစ္စည်းသေးသေးလေးတွေ မြိုချမိရင် ဘယ်လိုမျိုး အရေးပေါ်စောင့်ရှောက်မှု ပေးရမလဲ ဆိုတာကို သင်တန်းလေး လုပ်တယ်။ အဲဒီမှာဆို ကလေးမိဘတွေ၊ အထူးသဖြင့် အမေတွေ အများကြီးပဲ အချိန်ပေးပြီး လာတက်ကြတယ်။ ဆိုလိုတာက ဒီအတိုင်းပဲ အိမ်မှာထိုင်နေပြီး ကလေးတွေကို စောင့်ရှောက်နေတာ မဟုတ်ဘူး။ ဒီလိုပညာတွေကိုလည်း ဆည်းပူးနေတယ်။ ဒါသည် တစ်နည်းအားဖြင့် ပြောရရင် Lifelong learning လုပ်နေတာပဲ။ အလုပ်လုပ်နေသူတစ်ယောက် သူ့ရဲ့ Performance ပိုတက်လာဖို့ သင်တန်းတစ်ခု သွားတက်တာနဲ့ အတူတူပဲ။ 


ကျွန်တော် ပြောချင်တဲ့ ပရိုပီသတဲ့ မိခင်တွေ ဆိုတာ အဲ့လိုမျိုးမိခင်တွေကို ခေါ်တာပါ။ ဝင်ငွေတော့ မရပေမယ့် မိခင်ဘဝ၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။


အဲ့လိုမျိုး မိခင်ဘဝကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊ မိသားစုမှာ ဘာဝင်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။ ‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။ ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။


ဒီဘက်ခေတ် နောက်ပိုင်းမှာဆို လင်ယောကျာ်း ဆုံးပါးသွားလို့ဖြစ်ဖြစ်၊ ဖောက်ပြန်ပြီး ကွဲသွားလို့ဖြစ်ဖြစ်၊ သားသမီးတွေကို မိခင်တစ်ယောက်တည်းနဲ့ ပြုစုပျိုးထောင်နေရတာတွေ တွေ့လာရပါတယ်။ အဲ့လို Single mother တွေဆိုရင် ပိုက်ဆံလည်း ရှာရတယ်။ သားသမီးကို ပြုစုပျိုးထောင်ရတယ်၊ သူတို့လေးတွေ စိတ်ဓါတ်ကျမသွားအောင် ကိုယ်က ရှေ့ဆောင်လမ်းပြအနေနဲ့ ခိုင်မာပြရတယ်။ ငွေရှာတာရော၊ အိမ်ထောင်မှု ထိန်းသိမ်းတာရော နှစ်ဖက်စလုံးကို မလစ်ဟင်းအောင် လုပ်နေကြတယ်။ ဒီကြားထဲ ပတ်ဝန်းကျင်ရဲ့ အထင်သေးမှုတွေကိုလည်း အံတုရသေးတယ်။ ဒါကြောင့်လည်း သိပ်လေးစားစရာကောင်းတဲ့ မိခင်တွေ ဖြစ်နေတာပါ။


သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ၊ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူတွေ ဘယ်က ရောက်လာပါသလဲ။ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။ 


မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။ 


ဒါဆို ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဒီ၊ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် စတဲ့ စတဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုခဲ့၊ အကျိုးပြုနေသူတွေကိုရော ဘယ်သူက တင်သွင်းခဲ့ပြန်တာလဲ။


မိဘတွေကပဲ တင်သွင်းခဲ့တာပါပဲ။


ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။ 


ရုတ်တရက်ကြည့်လိုက်ရင် အိမ်မှာနေတဲ့ အိမ်ရှင်မတစ်ယောက်၊ အပြင်အလုပ်မလုပ် ငွေမရှာတဲ့ မိခင်တစ်ယောက်ဟာ တိုင်းပြည်အတွက်၊ လူ့ပတ်ဝန်းကျင်အတွက် ဘာမှအကျိုးပြုမနေဘူးလို့ ထင်ချင်စရာ ရှိပါတယ်။ ဒါပေမယ့် အရည်အချင်းပြည့်ဝတဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။


ဒါကြောင့် ဒီဆောင်းပါးကို ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ဘိုနာပတ်ရဲ့ အဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်လိုက်ပါရစေ။


“Give me an educated mother, I shall promise you the birth of a civilized, educated nation.”


“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်”


ဒေါက်တာ ဖြိုးသီဟ

(၂.၂.၂၀၁၉ ထုတ် Voice Weekly ပါ ဆောင်းပါး)


(Zawgyi) 

“မိခင္ဘ၀ကို ပေရာ္ဖက္ရွင္နယ္က်က် ျဖတ္သန္းပါ”




ေခါင္းစဥ္ ဖတ္လိုက္ရင္ေတာ့ ထူးဆန္းသြားမယ္။ မိခင္ဘ၀နဲ႔ ပေရာ္ဖက္ရွင္နယ္ ဘာဆိုင္လဲေပါ့၊ မိခင္အလုပ္ဆိုတာ အသက္ေမြး၀မ္းေက်ာင္း အလုပ္မွ မဟုတ္တာပဲကို။


ရွင္းျပပါမယ္။ ကၽြန္ေတာ္က အမ်ိဳးသမီးေတြ ကိုယ္ပိုင္အလုပ္လုပ္ဖို့ကို အျမဲေျပာေလ့ရွိသူပါ။ ဘာလို့ဆိုေတာ့ ကိုယ္ပိုင္အလုပ္လုပ္မွ ၀င္ေငြရွိမယ္၊ ေယာက်ာ္းအေပၚ လုံးလုံးလ်ားလ်ား မွီခိုေနစရာ မလိုေတာ့ဘူး။ တကယ္ေတာ့ ေယာက်ာ္း ေဖာက္ျပန္ေနတာ သိသိႀကီးနဲ႔၊ ရိုက္ႏွက္ႏွိပ္စက္တာေတြ ရွိေနပါရက္နဲ႔ ကိုယ့္မွာ သူ႔ကို မွီခိုေနရလို့ မကြဲနိုင္ မကြာနိုင္ဘူး၊ ႀကိတ္မွိတ္ေပါင္းသင္းေနရတယ္ ဆိုတာေတြက ၀င္ေငြမရွိလို့ ျဖစ္တာပါ။ ေနာက္ၿပီး ကိုယ့္ေယာက်ာ္းက အဲ့လိုမဟုတ္ပါဘူးဆိုရင္လည္း မေတာ္တဆ ဆုံးပါးသြားခဲ့ရင္ မလုပ္တတ္ မကိုင္တတ္နဲ႔ ဒုကၡပင္လယ္ေတြ ေျဝပီး မက်န္ခဲ့ဖို့က ကိုယ့္မွာ ၀င္ေငြရွိေနဖို့ လိုပါတယ္။ 


ဒါေပမယ့္ အဲ့လို ၀င္ေငြရွာနိုင္ေတာ့မွပဲ ထက္ျမက္တဲ့ အမ်ိဳးသမီး ျဖစ္တာလား ဆိုေတာ့ မဟုတ္ပါဘူး။ အဲ့လိုသာ သတ္မွတ္ၾကမယ္ဆိုလည္း ကၽြန္ေတာ္တို့ရဲ့ အေမေတြ၊ အဖြားေတြ အပါအ၀င္ ကမၻာေပၚက မိခင္ေတြ အမ်ားႀကီးကို အထင္ေသးလိုက္ရာ ေရာက္မယ္ ထင္ပါတယ္။


အမ်ားအားျဖင့္က ပိုက္ဆံရတဲ့ အလုပ္ကိုမွပဲ အလုပ္လို့ ထင္ေနတတ္ၾကတာ ျပႆနာပါ။ ခင္ဗ်ားမိန္းမ ဘာအလုပ္လုပ္လဲလို့ ေမးလိုက္ရင္ ကၽြန္ေတာ့္မိန္းမက ဘာအလုပ္မွ မလုပ္ဘူးလို့ပဲ ေျဖၾကတာ။ တကယ္ေတာ့ ဘာအလုပ္မွ မလုပ္ဘဲ အိမ္မွာ ထိုင္ေနရတာမွ မဟုတ္ဘဲ။ အေမ ခရီးထြက္သြားတဲ့ ၃ ရက္ေလာက္ အိမ္မွာ ဘယ္လိုေတြ ျဖစ္က်န္ေနခဲ့လဲ စဥ္းစားၾကည့္လိုက္ရင္ အိမ္ရွင္မေတြရဲ့ အခန္းက႑ကို လြယ္လြယ္ကူကူ သေဘာေပါက္လိမ့္မယ္။ 


ေယာက်ာ္းက ေရွ႕တန္းတိုက္စစ္မွူးဆို မိန္းမက ေနာက္ကေန သူ ဂိုးသြင္းနိုင္ေအာင္ ပံ့ပိုးေပးေနသူသာ ျဖစ္တယ္။ ဘာအလုပ္မွ မလုပ္ဘဲ ေနေနတာ မဟုတ္ဘူး။ တန္ဖိုး မရွိတာ မဟုတ္ဘူး။ ေဘာလုံးပြဲမွာ အနိုင္ရရင္ ဂိုးသြင္းသူကိုပဲ သတိရတတ္ၾကသလို၊ မိသားစုတစ္စုရဲ့ ေအာင္ျမင္မွုမွာလည္း ေနာက္ကြယ္က အမ်ိဳးသမီးေတြရဲ့ အခန္းက႑ကို ေမ့ေနၾကတာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို့ေတြရဲ့ အခန္းက႑ဟာ ပိုက္ဆံတစ္ျပားမွ ရွာမေပးနိုင္ေပမယ့္လည္း သိပ္အေရးႀကီးတယ္ဆိုတာကို အရင္ဆုံး သိေစခ်င္ပါတယ္။


အိမ္ေထာင္မွု ထိန္းသိမ္း၊ ခ်က္ျပဳတ္ေလၽွာ္ဖြပ္၊ ေယာက်ာ္းကို ေနာက္ကြယ္ကေန ကူညီေပး စတဲ့ အိမ္ရွင္မတစ္ေယာက္ရဲ့ တာ၀န္ေတြအျပင္ အေရးႀကီးဆုံးတာ၀န္ကေတာ့ သားသမီးေတြနဲ႔ ပတ္သက္တဲ့ မိခင္တာ၀န္ပဲ ျဖစ္ပါတယ္။ ေယာက်ာ္းက အျပင္ထြက္၊ အလုပ္လုပ္၊ စီးပြားရွာတဲ့ မိသားစုေတြမွာ သားသမီးနဲ႔ တကယ္အထိအေတြ႕မ်ားတာက မိခင္ေတြပါ။ ဒါေၾကာင့္ မိခင္ေတြရဲ့ အရည္အခ်င္းက ပ်ိဳးေထာင္ခံလိုက္ရတဲ့ သားသမီးေတြအေပၚ ႀကီးမားတဲ့ သက္ေရာက္မွု ရွိေနပါတယ္။ ဒီအတြက္ ပရိုပီသတဲ့ မိခင္ေတြ ျဖစ္ဖို့ လိုတယ္ ဆိုၿပီး သုံးႏွုန္းလိုက္ရတာပါ။


ဒါဆို အရင္ဆုံးစဥ္းစားၾကည့္ပါမယ္၊ Professional ဆိုတာ ဘာလဲ။ အသက္ေမြး၀မ္းေက်ာင္း အလုပ္လုပ္ေနသူလို့ အလြယ္ကူဆုံး အဓိပၸါယ္ဖြင့္ၾကတယ္။ ကၽြန္ေတာ္ ပိုၿပီး သေဘာက်မိတဲ့ ဖြင့္ဆိုခ်က္ကေတာ့ ပေရာ္ဖက္ရွင္နယ္ေတြဆိုတာ သူ႔အလုပ္ကိုသူ ေကာင္းသထက္ေကာင္းေအာင္၊ သတ္မွတ္ထားတဲ့ Technical standard မီေအာင္ အစဥ္အျမဲ အားထုတ္ေနသူ ဆိုတာပါပဲ။ ဆရာ၀န္ဘြဲ႕ ရလိုက္တာနဲ႔ ပရိုပီသတဲ့ ဆရာ၀န္ မျဖစ္ဘူး။ သူ႔အလုပ္သူ အေကာင္းဆုံးျဖစ္ေအာင္ လုပ္တယ္၊ သူ႔ေဆးပညာနဲ႔ ပတ္သက္ၿပီး အစဥ္အျမဲ ေလ့လာေနတယ္ဆိုမွ ပရိုပီသတယ္လို့ ေခၚတယ္။


ဒါနဲ႔ မိခင္ဘ၀နဲ႔ကို ခ်ိတ္ဆက္ၾကည့္ရေအာင္။ မိခင္အားလုံးမွာ အႏွိုင္းမဲ့ေမတၱာဆိုတာ ရွိၿပီးသားပါ။ သားသမီးေတြကို ေကၽြးေမြးတယ္၊ ေစာင့္ေရွာက္တယ္၊ အလိုလိုက္တယ္၊ ဖ်ားနာရင္ တတ္သိသေလာက္ ျပဳစုတယ္၊ ေက်ာင္းထားေပးတယ္၊ စာေမးလာတဲ့အခါ သိရင္သိသလို ေျဖေပးတယ္၊ ဆယ္ေက်ာ္သက္အရြယ္ ေရာက္လာရင္ မျဖစ္သင့္တာ မျဖစ္ရေအာင္ ေျခာက္လွန္႔ဆုံးမတယ္။ ဒါဆို သမားရိုးက် မိခင္တစ္ေယာက္လို့ ဆိုနိုင္ပါတယ္။ 


ဒါဆို ပရိုပီသတဲ့မိခင္ ဆိုတာက်ေတာ့ေရာ။ ခ်စ္တာေတြ၊ ေကာင္းေစခ်င္တာေတြက အတူတူပဲ။ ဒါေပမယ့္ သူက်ေတာ့ ပညာတစ္ခု ပိုတိုးလာတယ္။ 


သူတို့ေတြဟာ ကေလးေနထိုင္မေကာင္း ျဖစ္ရင္ ဟိုေမးဒီေမးနဲ႔ ထင္ရာေလၽွာက္မလုပ္ဘူး။ မွန္ကန္တဲ့ က်န္းမာေရးအသိေတြ ရွိေနေအာင္ ႀကိဳးစားထားတယ္။ သားသမီးကို ေနရာတကာ အလိုမလိုက္ဘူး။ စည္းကမ္းနဲ႔ ေနတတ္ေအာင္ ေလ့က်င့္ေပးတယ္၊ ကိုယ့္ကိုယ္ကိုယ္ မညႇာေစဘဲ စိတ္ပိုင္းဆိုင္ရာ မာေက်ာမွု (Strong mentality) ရွိေအာင္ပဲ အားေပးတယ္။ စာေမးပြဲအမွတ္မ်ားမွ ဆိုၿပီး စာေတြခ်ည္း မက်က္ခိုင္းဘူး။ လူတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ တိုးတက္လာေအာင္လည္း ပ်ိဳးေထာင္ေပးတယ္။ သူတို့ လိုရာကို ပုံမသြင္းဘူး။ သားသမီးျဖစ္ခ်င္တာကိုပဲ ပုံေဖာ္ေပးတယ္။ အရာအားလုံး လိုက္မလုပ္ေပးဘူး။ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ပဲ သင္ေပးတယ္။ ေျပာင္းလဲလာတဲ့ လူေနမွုပုံစံေတြနဲ႔လည္း အံ၀င္ခြင္က် ေနနိုင္ေအာင္ ႀကိဳးစားတယ္။ ေခတ္လူငယ္ေတြရဲ့ အေျခအေနကို သိေအာင္လုပ္တယ္။ နားလည္ေပးတယ္။ သားသမီးကို ေရွးရိုးစြဲ အေတြးအေခၚေတြနဲ႔ မဆုံးမဘူး။ သားသမီးရဲ့ ေရွ႕ေရးကို အျမဲထည့္စဥ္းစားတယ္။ ေရရွည္အေျမာ္အျမင္ (Vision) ရွိတယ္။ 


ဟိုတေလာက ကေလးအထူးကု ဆရာ၀န္ အစ္မတစ္ေယာက္က ကေလးေတြ မေတာ္တဆ ပစၥည္းေသးေသးေလးေတြ ၿမိဳခ်မိရင္ ဘယ္လိုမ်ိဳး အေရးေပၚေစာင့္ေရွာက္မွု ေပးရမလဲ ဆိုတာကို သင္တန္းေလး လုပ္တယ္။ အဲဒီမွာဆို ကေလးမိဘေတြ၊ အထူးသျဖင့္ အေမေတြ အမ်ားႀကီးပဲ အခ်ိန္ေပးၿပီး လာတက္ၾကတယ္။ ဆိုလိုတာက ဒီအတိုင္းပဲ အိမ္မွာထိုင္ေနၿပီး ကေလးေတြကို ေစာင့္ေရွာက္ေနတာ မဟုတ္ဘူး။ ဒီလိုပညာေတြကိုလည္း ဆည္းပူးေနတယ္။ ဒါသည္ တစ္နည္းအားျဖင့္ ေျပာရရင္ Lifelong learning လုပ္ေနတာပဲ။ အလုပ္လုပ္ေနသူတစ္ေယာက္ သူ႔ရဲ့ Performance ပိုတက္လာဖို့ သင္တန္းတစ္ခု သြားတက္တာနဲ႔ အတူတူပဲ။ 


ကၽြန္ေတာ္ ေျပာခ်င္တဲ့ ပရိုပီသတဲ့ မိခင္ေတြ ဆိုတာ အဲ့လိုမ်ိဳးမိခင္ေတြကို ေခၚတာပါ။ ၀င္ေငြေတာ့ မရေပမယ့္ မိခင္ဘ၀၊ ကေလးျပဳစုပ်ိဳးေထာင္ျခင္း ဆိုတာကို သမားရိုးက် မဟုတ္ဘဲ ရလဒ္ထြက္ေအာင္ ထိထိေရာက္ေရာက္နဲ႔ အေကာင္းဆုံး လုပ္ေနၾကသူေတြဟာ ပရိုပီသတဲ့ မိခင္ေတြပါပဲ။


အဲ့လိုမ်ိဳး မိခင္ဘ၀ကို အလုပ္တစ္ခုလို သေဘာထားၿပီး စနစ္တက် လုပ္ေနတဲ့အတြက္ ‘ဒီအတိုင္း အိမ္အလုပ္ပဲ လုပ္ေနတာပါ၊ မိသားစုမွာ ဘာ၀င္ေငြမွလည္း မရွိပါဘူး၊ ေယာက်ာ္းအေပၚ မွီခိုေနရတာပဲ’ ဆိုတဲ့ အေတြးမ်ိဳးေတြ မရွိေတာ့ဘူး။ ‘ကေလးကို ျပဳစုေစာင့္ေရွာက္တဲ့ အလုပ္ကို အေကာင္းဆုံး လုပ္ေနတယ္၊ မိသားစုရဲ့ အေရးပါတဲ့ အခန္းက႑တစ္ခုကေန ပါ၀င္ေနတယ္’ ဆိုတဲ့ ခံစားခ်က္မ်ိဳးေတြ ရွိလာတယ္။ ရလဒ္အေနနဲ႔ သူတို့ရဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုေတြ ျမင့္လာတယ္။ Personality တက္လာတယ္။ မ်က္လုံးအေရာင္ေတြ ေျပာင္းလာတယ္။ လူေတြက ပိုလွလာတယ္၊ ပိုၾကည့္ေကာင္းလာတယ္။ ဒါေၾကာင့္ အိမ္မွာပဲ အလုပ္ေတြ တကုပ္ကုပ္လုပ္ က်န္ေနခဲ့ရတဲ့ အမ်ိဳးသမီးတိုင္းကို သမားရိုးက် အေနအထားမွာတင္ ရပ္မေနဘဲ အဲ့လို ပရိုပီသတဲ့ မိခင္ေတြ၊ အိမ္ရွင္မေတြ ျဖစ္လာေစခ်င္ပါတယ္။


ဒီဘက္ေခတ္ ေနာက္ပိုင္းမွာဆို လင္ေယာက်ာ္း ဆုံးပါးသြားလို့ျဖစ္ျဖစ္၊ ေဖာက္ျပန္ၿပီး ကြဲသြားလို့ျဖစ္ျဖစ္၊ သားသမီးေတြကို မိခင္တစ္ေယာက္တည္းနဲ႔ ျပဳစုပ်ိဳးေထာင္ေနရတာေတြ ေတြ႕လာရပါတယ္။ အဲ့လို Single mother ေတြဆိုရင္ ပိုက္ဆံလည္း ရွာရတယ္။ သားသမီးကို ျပဳစုပ်ိဳးေထာင္ရတယ္၊ သူတို့ေလးေတြ စိတ္ဓါတ္က်မသြားေအာင္ ကိုယ္က ေရွ႕ေဆာင္လမ္းျပအေနနဲ႔ ခိုင္မာျပရတယ္။ ေငြရွာတာေရာ၊ အိမ္ေထာင္မွု ထိန္းသိမ္းတာေရာ ႏွစ္ဖက္စလုံးကို မလစ္ဟင္းေအာင္ လုပ္ေနၾကတယ္။ ဒီၾကားထဲ ပတ္၀န္းက်င္ရဲ့ အထင္ေသးမွုေတြကိုလည္း အံတုရေသးတယ္။ ဒါေၾကာင့္လည္း သိပ္ေလးစားစရာေကာင္းတဲ့ မိခင္ေတြ ျဖစ္ေနတာပါ။


သားသမီးဆိုတာ မိဘဆိုတဲ့ စက္႐ုံက ထုတ္လုပ္ၿပီး ေလာကႀကီးထဲကို တင္သြင္းလိုက္တဲ့ ကုန္ပစၥည္းေတြလို့ ျမင္ေယာင္ၾကည့္လိုက္ပါ။ စိတ္ဒဏ္ရာ တေပြ႕တပိုက္နဲ႔ လူေတြ၊ အငုံ႔စိတ္ေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု မရွိျခင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လူေတြ၊ ေကာင္းေကာင္းမြန္မြန္ ျပဳစုပ်ိဳးေထာင္ျခင္း မခံခဲ့ရလို့ ဆိုးသြမ္းေနတဲ့ လူေတြ ဘယ္က ေရာက္လာပါသလဲ။ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္ ေစာ္ကားသူေတြ၊ ဘာသာေရး၊ လူမ်ိဳးေရး၊ နိုင္ငံေရးမွိုင္းေတြမိၿပီး အေသခံဗုံးခြဲ တိုက္ခိုက္ေနသူေတြေရာ ဘယ္ကေန ေရာက္လာတယ္လို့ ထင္ပါသလဲ။ 


မိဘေတြကပဲ လူ႔ေလာကႀကီးဆီ တင္သြင္းလိုက္တာပါ။ 


ဒါဆို ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဂႏၵီ၊ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္ စတဲ့ စတဲ့ လူမွုပတ္၀န္းက်င္ကို အက်ိဳးျပဳခဲ့၊ အက်ိဳးျပဳေနသူေတြကိုေရာ ဘယ္သူက တင္သြင္းခဲ့ျပန္တာလဲ။


မိဘေတြကပဲ တင္သြင္းခဲ့တာပါပဲ။


ဒီေလာက္ဆို မိဘရဲ့ အုပ္ထိန္းမွု၊ ပ်ိဳးေထာင္မွု၊ အထူးသျဖင့္ မိခင္ေတြရဲ့ အခန္းက႑ဟာ ဘယ္ေလာက္အေရးႀကီးလဲ ဆိုတာကို သိနိုင္မယ္ ထင္ပါတယ္။ 


႐ုတ္တရက္ၾကည့္လိုက္ရင္ အိမ္မွာေနတဲ့ အိမ္ရွင္မတစ္ေယာက္၊ အျပင္အလုပ္မလုပ္ ေငြမရွာတဲ့ မိခင္တစ္ေယာက္ဟာ တိုင္းျပည္အတြက္၊ လူ႔ပတ္၀န္းက်င္အတြက္ ဘာမွအက်ိဳးျပဳမေနဘူးလို့ ထင္ခ်င္စရာ ရွိပါတယ္။ ဒါေပမယ့္ အရည္အခ်င္းျပည့္၀တဲ့ မိခင္တစ္ေယာက္ဟာ ကိုယ္တိုင္ေတာ့ မဟုတ္ေပမယ့္ လူမွုပတ္၀န္းက်င္အတြက္ တန္ဖိုးရွိတဲ့ သားသမီးေတြကို ေမြးဖြားသန္႔စင္ ျပဳစုပ်ိဳးေထာင္ေပးျခင္းျဖင့္ ေလာကႀကီးကို သြယ္ဝိုက္အက်ိဳးျပဳေနတယ္ ဆိုတာေလး သိေစခ်င္ပါတယ္။


ဒါေၾကာင့္ ဒီေဆာင္းပါးကို ျပင္သစ္စစ္ဗိုလ္ခ်ဳပ္ နပိုလီယံ ဘိုနာပတ္ရဲ့ အဆိုအမိန္႔တစ္ခုနဲ႔ အဆုံးသတ္လိုက္ပါရေစ။


“Give me an educated mother, I shall promise you the birth of a civilized, educated nation.”


“ပညာတတ္မိခင္ေတြပဲ က်ဳပ္ကို ေပးပါ၊ ဖြံ့ၿဖိဳးတိုးတက္ၿပီး ပညာတတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ နိုင္ငံတစ္ခုကို က်ဳပ္က ျပန္ေပးပါမယ္”


ေဒါက္တာ ၿဖိဳးသီဟ

(၂.၂.၂၀၁၉ ထုတ္ Voice Weekly ပါ ေဆာင္းပါး)