[Unicode]အရွယ်မရောက်သေးသူအားခိုးယူပေါင်းသင်းမှု
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
#UnderAge_Married
#ခိုးယူပေါင်းသင်းခြင်း
#ဥပဒေရေးရာဗဟုသုတ
(လူပျိုပေါက်၊ အပျိုပေါက်လေးတွေ ချစ်ကြိုက်ပြီး ခိုးပြေးပေါင်းသင်းတာပဲဖြစ်ဖြစ်၊ အပျိုပေါက်၊ လူပျိုပေါက်တွေကို အရွယ်ရောက်ပြီး သူတွေက ခိုးယူ ဒါမှမဟုတ် သဘောတူ ပေါင်းသင်းတာပဲဖြစ်ဖြစ် ဥပဒေနဲ့ငြိပါတယ်။ နိုင်ငံတိုင်းမှာ အရွယ်ရောက်ပြီး အသက်အရွယ် ကန့်သတ်ချက်တွေ ကြေငြာအသိပေးထားပြီးဖြစ်လို့ပါ။ ကျန်းမာရေးအရကော၊ စဉ်းစားဉာဏ်ကော မရင့်ကျက်သေးတဲ့ ကလေးအရွယ် တွေကို ဘာအကြောင်းကြောင့်မှ အချစ်စိတ်နယ်မလွန်သင့်သလို စောင့်ထိမ်းအပ်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်ကြောင်း သတိထားရပါမယ်။ ကိုယ့်ချစ်သူက အသက်မပြည့်သေးဘူးလို့ ယူဆရင် အောက်မှာ ဝေငှထားတဲ့ အချက်အလက်လေးတွေကိုကြည့်ပြီး ဘရိတ်အုပ်ပါ။)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ အရ အသက်၁၄နှစ်အောက် ယောက်ျားကလေးနှင့် အသက် ၁၆ နှစ် အောက် မိန်းကလေးများကို အုပ်ထိန်း သူ၏သဘောမတူဘဲ ဆောင်ယူခြင်း၊ သို့တည်းမဟုတ် ဖြားယောင်းသွေး ဆောင်ပြီး ထွက်သွားစေခြင်းကို အုပ်ထိန်းသူထံမှ ခိုးယူသည်မည်သည်၊၊ယင်းဥပဒေပုဒ်မ ၃၆၁ တွင် အဆို ပါခိုးယူမှု အတွက် ပြစ်ဒဏ်သတ်မှတ်ထားတယ်၊၊ ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင် ကြောင်း ဖော်ပြထားသည်။
နေ့စဉ်ကြားသိတွေ့မြင်နေရသည့် လူခိုးမှုများမှာ အသက် ၁၆ နှစ်မပြည့်သေးသည့် မိန်းကလေးကို ၎င်း၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီချက်မရပဲ ခိုးယူမှုပင် ဖြစ်သည်။ဤအမှုမျိုးတွင် အဓိက အရေး ကြီး ဆုံးအချက်မှာ မိန်းကလေးသည် အသက် ၁၆ နှစ်မပြည့်သေးသူ ဖြစ်ရမည်။ မိန်းကလေးအသက် ၁၆ နှစ်မပြည့် သေးကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုအပေါ် တည်ရှိသည်။ မိန်းကလေး၏ သဘော တူညီချက် ဆန္ဒ အရ ခိုးယူမှုဖြစ်စေကာမူ မိန်းကလေးသည် အသက်မပြည့်သေးသူဖြစ်ပါက ပြစ်မှုမြောက်ပေသည်။
အရွယ်မရောက်သေးသည့်မိန်းကလေးများကို ခိုးယူမှုနဲ့ပတ်သက်သည့် တရားရုံးချုပ်၏ စီရင်ထုံးများမှ ထုတ်နုတ်၍ ဖော်ပြလိုက်ပါသည်။
မိန်းကလေး၏အသက်နှင့်ပတ်သက်၍ ထင်ရှားသည့် စီရင်ထုံးမှာ မောင်ကျော်ဆွေနှင့် ပြည်ထောင် စုမြန် မာနိုင်ငံ (၁၉၆၆ ရုံးချုပ် ၄၀၈)ဖြစ်သည်။ အဆိုပါအမှုတွင် မောင်ကျော်ဆွေနှင့် မခင်ရဲတင့်တို့ သမီးရည်းစားဖြစ်ပြီး ထွက်ပြေးကြသည်၊၊ မခင်ရဲတင့် အသက် ၁၆ နှစ် မပြည့်သေးဆိုသည့်အချက်မှာ အငြင်းပွားသည်။မခင်ရဲတင့်အား စစ်ဆေးသည့် ဆရာဝန်က မခင်ရဲတင့်၏ အသက်မှာ ၁၅ နှစ်နှင့် ၁၇ နှစ်အကြားရှိ၍ ၁၆ နှစ် နည်းနည်းသာ ကျော် မည် ဖြစ်နိုင်ပါသည်ဟု ထင်မြင်ချက်ပေးသည်။ဇာတာအရ မခင်ရဲတင့်၏အသက်သည် ၁၆ နှစ်မပြည့်သေးပေ။ အထက်တန်းကျောင်း ကျောင်းဝင်စာရင်းတွင် အသက် ၁၆ နှစ် မပြည့်သေးပါ။ အမျိုးသား မှတ် ပုံတင်လက် မှတ် တွင် မွေးနေ့ဖျက်ပြီးပြင်ထားသည်။ ပြင်ထားသည့်မွေးနေ့အရ ဆိုလျှင် အသက် ၁၆ နှစ်ထက်ကျော်ပြီး မူလ ပေး ထားသည့် ရက်စွဲအတိုင်းဆိုလျှင် ၁၆ နှစ် မကျော်သေးပေ။ တရားခံ မောင်ကျော်ဆွေဘက်မှ တင်ပြသည့် မခင်ရဲ တင့်၏ကျမ်းကျိန်လွှာတွင် ၁၇ နစ်ဟု ဖော်ပြထားသည်၊၊ မခင်ရဲတင့်က သက်ဆိုင်ရာလအကသို့ရေးသည့်စာအရ ၁၇ နှစ်ဖြစ်သည်။ ပြည်မြို့အထက်တန်းကျောင်း ဝင်ပုံစံအရဆိုလျှင် အသက် ၁၆ နှစ်ပြည့်နေသည်။ အဆိုပါ အမှုတွင် အသက်နှင့် ပတ်သက်၍ တရား လိုဘက်မှ တိကျပြတ်သားသော သက်သေခံချက်မရှိချေ။ တရားခံဘက် ကတင်ပြသော စာရွက်စာတမ်းများနှင့် အမျိုးသား မှတ်ပုံတင် လက်မှတ်နှင့် ဆရာဝန်၏ ထွက်ချက်များအရ မခင် ရဲတင့်၏ အသက်သည် အချင်း ဖြစ်စဉ်အခါက ၁၆ နှစ် ပြည့်ပြီးလည်းဖြစ်နိုင်သည်။ထို့ကြောင့် အသက်နှင့်ပတ် သက်၍ ဒွိဟ သံသယဖြစ်စရာအကောင်းလည်း ပေါ်ပေါက်၍ မောင်ကျော်ဆွေအား အနိုင်ပေးသည်။ အဆိုပါ စီရင်ထုံးတွင် ဇာတာဆိုသည်မှာ အများနှင့် သက်ဆိုင်သော စာရွက် စာတမ်းမဟုတ်၊ ဇာတာများကို မည်သည့် အခါမဆို ပြုလုပ်၍ရနိုင်သည်၊၊ အမျိုးသား မှတ်ပုံတင်လက်မှတ်နှင့် ကျောင်းဝင်ပုံမှာ သက်သေခံဥပဒေပုဒ်မ ၃၅ အရ တရားဝင် အများနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၃၆၃ အရ ပြစ်ဒဏ်ထိုက်သော လူခိုးမှုတွင် အဓိက အရေးကြီးသည့် အချက်မှာ အုပ်ထိန်းသူထံမှ ခိုးယူသည့်မိန်းကလေးသည် အသက် ၁၆ နှစ် အောက်ဖြစ်ရန်လိုပေသည်၊၊အသက် ၁၆ နှစ်အောက် မိန်းကလေး တဦးကို ၎င်း၏သဘောတူညီချက်အရပင် ခိုးယူခဲ့စေကာမူ အုပ်ထိန်းသူက သဘောမတူလျှင် ထိုသို့ ခိုးယူသောသူ သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်ဖြစ်သည်။၎င်းပြင် ခိုးယူသူက မိန်းကလေး သည် အသက် ၁၆ နှစ်ကျော်ပြီဟု သဘောရိုးနှင့် ယုံကြည်ခဲ့စေကာမူ မိန်း ကလေး၏အသက်မှာ အမှန်တကယ် ၁၆ နှစ်အောက် ဖြစ်နေပါက ထိုသို့ခိုးယူမှုသည် မိမိယုံကြည်ချက်ကို အကာအကွယ် မယူနိုင်ချေ။ထိုပုဒ်မအရ အဓိက စဉ်းစားရမည့်ပြဿနာမှာ မိန်းကလေး၏အသက် ဖြစ်သည့်အ လျောက် ခိုးယူသည်ဆိုသော မိန်းက လေး၏ အသက်သည် ၁၆ နှစ်အောက် ဖြစ်သည်ဟု ထင်ရှားအောင် ပြသရန် တာဝန်မှာ တရားလိုအပေါ်တွင် ကျရောက်နေ ပေသည်။ (ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်မိုး(ခ)မောင်သိန်း၊၁၉၆၆ ရုံးချုပ် ၁၂၁၄)။
ပညာသင်ကြားနေစဉ်အချိန်၌ငယ်ရွယ်သည့် ကျောင်းသူကျောင်းသားများသည် ဆရာမိဘတို့၏ နောက် ကွယ်တွင် သမီးရည်းစားထား ခြင်း၊ ချိန်းဆိုတွေ့ဆုံခြင်းစသည့် အပြုအမူများမှာ ၎င်းတို့၏ ပညာရေးကို သာမက ကိုယ်ကျင့်တရားနှင့် ကျောင်းစည်းကမ်းများကိုပါ ထိခိုက်နိုင်သည့် ကိစ္စဖြစ်၍ ထိုကဲ့သို့ပြုမူသည့် ကျောင်းသားများ အား အသ်ပညာပေးသည့်အနေနှင့်လည်းကောင်း၊ အခြား ကျောင်းသူ - ကျောင်းသားများအဖို့ စံနမူနာဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လည်း ကောင်း သင့်လျော်သည့် ပြစ်ဒဏ်များချမှတ်ပေးရန် တရားရုံးများ အနေနှင့် တာဝန်ရှိပေ သည်။ အယူခံတရားလိုတို့သည် ငယ်ရွယ်သည့် ကျောင်းသားများဖြစ်ကြပြီး မိမိတို့ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် ၄-လကျော်ကျော် အကျည်းခံရပြီးဖြစ်ရာ ၎င်းတို့အဖို့ လုံလောက်သော သင်ခန်းစာရရှိပြီးဖြစ်သည်ဟု ယူဆသည်။
အထက်ပါအကြောင်းရပ်များကြောင့် အယူခံတရားလိုတို့အပေါ် ကျပြီးသော ထောင်ဒဏ်သာ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ (မောင်ဟန်ညွန့်ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၆ ရုံးချုပ် ၁၅၀၂)၊
ပထမအကြိမ် ကျူးလွန်ခြင်း၊ ရက်စက်ဟော့ရမ်းကြမ်းတမ်းမှု မပါဝင်ခြင်း စသည့်အချက်များသည် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁) အရ ခံဝန် ချုပ်ဖြင့် အစမ်းပြုလုပ်လွှတ်ထားရန် သင့်မသင့် စဉ်းစားရာ၌ ထည့် သွင်း စဉ်းစားထိုက်သော အချက်များ ဖြစ်သည် မှန်၏။သို့ရာတွင် ယခုအမှု၌ အလေးအနက်ထား၍ စဉ်းစား သင့်သော အခြားအချက်များလည်း ရှိနေပေသည်။ ဆင်ခြင်တုံတရား မရှိသေးသည့် ငယ်ရွယ်သူ မိန်းကလေး တဦး၏ ဘဝလုံခြုံမှုထိခိုက်ပျက်ပြားစေခြင်းသည် လူမူရေးအရ မလိုလားအပ်သည့် အကြောင်း တရပ်ဖြစ်ပေ သည်။ဤကဲ့သို့သော ပြစ်မှုမျိုးကို နောက်ထပ်၍ လက်ရဲဇက်ရဲ မကျူးလွန်စေရန် ဥပဒေနှင့် အညီ နမူနာပြ ပြစ်ဒဏ်စီရင်လိုက်သည်။ ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁)အရ ခံဝန်ချုပ်ဖြင့် အစမ်းလွှတ်ထားခြင်းမှာ သက်ညှာလွန်းရာရောက်သည်။
သို့ဖြစ်၍ တရားခံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အ၇ ထောင်ဒဏ် တ နှစ်နှင့် ၆ လ ကျခံစေရန် ပြစ် ဒဏ်ပြင်ဆင်ချမှတ်သည်။ (ဒေါ်ခင်ညွန့်နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၊(ဦးသောင်းရှိန်)၊ ၁၉၇၅ ၊မတစ၊ပြစ်မှု ၉ )
( ဦးမြစိန်၊ အသုံးချဥပဒေပေါင်းချုပ်၊ဒုတိယအကြိမ်၊၁၉၈၂ မတ်လ၊စာ ၇၆ ) ။ #DVBLawLab
အသက်မပြည့်တဲ့မိန်းခလေးကိုခိုးယူမူအကြောင်းလေးသိချင်ပါတယ်။
လူခိုးမှု
===========
ပုဒ်မ ၃၆၃ - မည်သူမဆို တစ်ဦးတစ်ယောက်သော သူအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မှ အပသို့ ဖြစ်စေ၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
မှတ်စု
====
ဤပုဒ်မမှာ ပုဒ်မ ၃၆၀ နှင့် ၃၆၁ တို့တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုများအတွက် ပြစ်ဒဏ်သတ်မှတ်ထားသော ပုဒ်မ ဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ အရ ပြစ်ဒဏ်ထိုက်သော လူခိုးမှုတွင် အုပ်ထိန်းသူထံမှ ခိုးယူသည့် မိန်းကလေး သည် အသက် ၁၆ နှစ်အောက် ဟုတ် မဟုတ်ဆိုသည့်အချက်မှာ အရေးကြီးသော အချက်ဖြစ်ပေသည်။ အသက် ၁၆ နှစ်အောက် မိန်ကလေးကို အဆိုပါ မိန်းကလေး၏ သဘောတူညီချက်ဖြင့် ခိုးယူခဲ့စေကာမှု အုပ် ထိန်းသူက သဘောမတူလျှင် ယင်းဥပဒေပုဒ်မ ၃၆၃ အရ အပြစ်ရှိသည်။ မိန်းကလေး၏ အသက် ၁၆ နှစ် ကျော်သည်ဟု သဘောရိုးဖြင့်ယုံကြည်ပြီးခိုးယူခဲ့စေကာမှု ထိုမိန်းကလေး၏ အသက်အမှန်မှာ ၁၆ နှစ်အောက် ဖြစ် ကြောင်း ပေါ်ပေါက်လျှင်လည်း တရားခံသည် ဖော်ပြပါ ယုံကြည်ချက်ကို အကာအကွယ်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိန်းကလေး၏ အသက်သည် အချင်းဖြစ်ချိန်က ၁၆ နှစ်အောက်ဖြစ်ကြောင်း ထင် ရှား အောင် သက်သေပြ ရန်တာဝန်မှာ တရားလို၏ တာဝန်ဖြစ်သည်။ ( မောင်ခင်ဆက်နှင့် ပြည်ထောင်စု ၁၉၈၁ မ.တ.စ ၄)
အရွယ်မရောက်သေးသည့် မိန်းကလေးက တရားခံအိမ်သို့သွားရောက်ကာ ၎င်းအား ခေါ်သွားရန်ပြောသည်။ တရားခံက မခေါ်လျှင် မိန်းကလေးသည် အုပ်ထိန်းသူထံမှ အပြီးအပိုင်ထွက် သွားရန် ရည်ရွယ်ချက်မရှိ။ ထို အခြေ၌ မိန်းကလေးအားခေါ်သွားသည့်တရားခံသည် ထိုပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ( အစိုးရနှင့် အက်စ်ဂါအလီ၊ အတွဲ-၁ ( ၁၉၀၇-၀၉) အထက်မြန်မာပြည်စီရင်ထုံး ၂၇ (ရာဇဝတ်ဆိုင်ရာ)။
အသက် ၁၃ နှစ်အရွယ် မရွှေလှိုင်က မိဘနှင့်အတူနေရာမှ တရားခံနှင့်ချစ်ကြိုက်ပြီးအိမ်မှအပြီးဆင်းကာ တရားခံနှင့်ချိန်း ပြီး ၎င်း၏ချစ်သူတရားခံနှင့် ခိုးရာလိုက်ပြေးမှုတွင် ၎င်း၏ဆန္ဒဖြင့် ခိုးရာလိုက်ပြေးခြင်းဖြစ်သော်လည်း မိဘအုပ် ထိုးသူက သဘောမတူလှင် ပုဒ်မ ၃၆၃ မြောက်သည်။ [ တေလှနှင့် အစိုးရ၊ အတွဲ-၁ ( ၁၉၀၇- ၀၉) အထက် မြန်မာပြည်စီရင်ထုံး ၁၁ ( ရာဇဝတ် ဆိုင်ရာ ) ]။
ရာဇသတ်ကြီး ဥပဒေပုဒ် ၃၆၃ နှင့်ပတ်သက်ပြီး မိန်းကလေးတစ်ဦးသည် အသက် ၁၆ နှစ် အပြည့်သေးပါဟူ သော သက်သေခံအထောက်အထားပြသရန် တာဝန်မှာ တရားလိုအပေါ်တွင် ရှိသည်။ အကယ်၍ မိန်းကလေး ၏အသက်သည် ၁၆ နှစ်ပြည့်ပြီးလည်းဖြစ်နိုင်သည်။ ၁၆ နှစ် မပြည့်သေးလည်းဖြစ်နိုင်သည်ဟု အမှုတွဲတွင် ပေါ် လွင်လျှင် အသက်နှင့် ပတ်သက်သော ဒွိဟသံသယအကျိုးခံစားခွင့်ကို တရားခံသာလျှင် ခံစားခွင့်ရှိသည်။ ( ပြည်ထောင်စုနှင့် မောင်တူး ၊ ၁၉၇၉၊ မ. တ. စ ၈၇)
အိမ်ထောင်ရှိတရားခံက အုပ်ထိန်းသူရှိသည့် ၁၃ နှစ် ၄ လအရွယ် မိန်းကလေးနှင့်ချစ်ကြိုက်ပြီး ၂ ရက်မျှ ကာမ ဆက်ဆံနေသည်ကို ဖခင်က တွေ့ရှိ၍ ခိုးပြေးမှုတွင် မိန်းကလေး၏ လွတ်လပ်သည့် ဆန္ဒဖြင့်ခိုး ပြေးခြင်းဖြစ် သဖြင့် ၃၆၆ မမြောက်ဘဲ ပုဒ်မ ၃၆၃ သာလျှင်မြောက်သည်။ ( အစိုးရနှင့် မောင်ငယ် ၊ အတွဲ- ၁ ( ၁၉၀၄- ၁၉၀၆) အထက်မြန်မာပြည်စီရင်ထုံး ၁၇ ( ရာဇဝတ်ဆိုင်ရာ)။
ပညာသင်ကြားနေစဉ် အချိန်တွင် ငယ်ရွယ်သည့် ကျောင်းသူကျောင်းသားများသည် ဆရာမိဘတို့၏ နောက် ကွယ်တွင် သမီးရည်းစားထားခြင်း ချိန်းဆိုတွေ့ဆံခြင်း စသည့် အပြုအမှုများမှာ ၎င်းတို့၏ ပညာရေးကိုသာမက ကိုယ်ကျင့်တရားနှင့် ကျောင်းစည်းကမ်းများကိုပါ ထိခိုက်နိုင်သည့် ကိစ္စဖြစ်၍ ထိုကဲ့သို့ ပြုမှုသည့် ကျောင်းသား များအား အသိပညာပေးသည့်အနေဖြင့်၎င်း ၊ အခြားကျောင်းသူ ကျောင်းသားများ အဖို့စံနမှုနာဖြစ်စေရန် ရည် ရွယ်ချက်ဖြင့် ၎င်း၊ သင့်လျော်သည့် အပြစ်ဒဏ်များ ချမှတ်ပေးရန် တရားရုံးများ အနေဖြင့် တာဝန်ရှိပေသည်။ အယူခံတရားလိုတို့သည့် ငယ်ရွယ်သည့် ကျောင်းသားများဖြစ်ကြပြီး မိမိတို့ ကျုးလွန်ခဲ့သော ပြစ်မှုများအတွက် လေးလကျော်ကျော် အကျဉ်းခံရပြီးဖြစ်ရာ ၎င်းတို့အဖို့ လုံလောက်သော သင်္ခဏ်းစာရရှိပြီးဖြစ်သည်ဟု ယူဆ သည်။ [ မောင်ဟန်ညွှန်ပါ -၂ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ မ.တ. စ(တရားရုံးချုပ်) ၁၅၀၂ ]
ပထမအကြိမ်ကျူးလွန်ခြင်း ရက်စက်ဟော့ရမ်း ကြမ်းတမ်းမှု မပါဝင်ခြင်း စသည့်အချက်များသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂(၁) အရ ခံဝန်ချုပ်ဖြင့် အစမ်းပြုလုပ်လွှတ်ထားရန် သင့် မသင့် စဉ်းစားရာတွင် ထည့် သွင်း စဉ်းစားထိုက်သော အချက်များဖြစ်သည် မှန်၏။ သို့ရာတွင် ယခုအမှုတွင် အလေးအနက်ထား၍ စဉ်စား သင့် သောအခြားအချက်များလည်းရှိနေပေသည်။ ဆင်ခြင်တုံတရားမရှိသေးသည့် ငယ်ရွယ်သူ မိန်းကလေး တစ်ဦး၏ ဘဝလုံခြုံမှု ထိခိုက်ပျက်ပြားစေခြင်းသည် လူမှုရေးအရ မလိုအလားအပ်သည့် အကြောင်းတရပ်ဖြစ် ပေသည်။ ထိုကဲ့သို့သော ပြစ်မှုမျိုးကို နောက်ထပ်၍ လက်ရဲဇက်ရဲ မကျူးလွန်စေရန် ဥပဒေနှင့်အညီ နမှုနာပြ ပြစ်ဒဏ်စီရင်ထိုက်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁) အရ ခံဝန်ချုပ်ဖြင့် အစမ်း ပြုလုပ်လွှတ်ထားရန် ထားခြင်းမှာ သက်ညှာလွန်းရာရောက်သည်။ သို့ဖြစ်၍ တရားခံအားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၂ အရ ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ကျခံစေရန် ပြစ်ဒဏ်ပြင်ဆင်ချမှတ်သည်။ [ ဒေါ်ခင်ညွန်နှင့် ပြည်ထောင်စု ( ဦးသောင်းရှိန်) ၊ ၁၉၇၅ မ. တ. စ ၉ ]
အသက် ၁၅ နှစ် ၃ လသာရှိသာ မြန်မာဗုဒ္ဓဘာသာဝန်မိန်းကလေး ၎င်း၏ ဆန္ဒဖြင့် တရားခံနှင့် ခိုးရာလိုက်ပြေး ပြီး ဇနီးအဖြစ် ပေါင်းသင်းဖြစ်ပါသည်ဟု ထွက်ဆိုသော်လည်း မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေအရ အရွယ်မရောက်သေးသူသည် မိဘ၏ သဘောတူညီချက်မရှိ ထိမ်းမြားလက်ထပ်ခြင်း မပြုနိုင်သဖြင့် ထိုသို့ လင် မယားအဖြစ်ပေါင်းသင်းခြင်းမှာ မတရားကာမစပ်ယှက်ရန် အကြံဖြင့်သွေးဆောင်ပေါင်းသင်းရာ ရောက်သဖြင့် ပုဒ်မ ၃၆၃ ဖြင့် ပထမတန်းအာဏာရ တရားသူကြီးက စစ်ဆေးမည့်အစား စက်ရှင်တရားရုံးသို့မဟုတ် ခရိုင် တရားရုံးက စစ်ဆေးစီရင်သင့်သည်။ ( အစိုးရနှင့် မောင်ဖိုးစော၊ အတွဲ-၁ ၁၈၉၇- ၁၉၀၁ အထက်မြန်မာပြည် စီရင်ထုံး ၃၂၈)
တရားစွဲဆိုရန် နေရာ။ လူခိုးမှုကို ခိုးယူခြင်းခံရသည့် နယ်မြေ၊ ခိုးယူသွားသည့် နယ်မြေ၊ ဝှက်သိမ်း ရာနယ်မြေရှိစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် တရားစွဲဆိုနိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၈၁(၄) )
ရာဇဝတ်ကျင့်ထုံးဇယား ၂။ ရဲအရေးပိုင်သည့် ပထမဦးစွာ ဝရမ်းထုတ်ရမည်။ အာမခံပေးရမည်။ ကျေ အေးခွင့်မရှိ။ ခရိုင်တရားရုံးကဖြစ်စေ၊ ပထမတန်းအာဏာရ တရားသူကြီး သို့မဟုတ် ဒုတိယတန်းအာဏာရ တရား သူကြီးကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
[စာညွှန်း- ဦးတင်ဝင်းအောင်(LL.B, D.S.W, D.B.L) တရားလွှတ်တော်ရှေ့နေ၊ မြန်မာအမျိုးသမီးများနှင့် သက်ဆိုင်သည့်ဥပဒေ ကောက်နုတ်ချက်များ၊ ပထမအကြိမ်( ၂၀၁၉)၊ စာ ၃၅၊ ၃၆၊ ၃၇ ]။ #DVBlawlab #DVBtvnews
[Zawgyi]အရြယ္မေရာက္ေသးသူအားခိုးယူေပါင္းသင္းမႈ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
#UnderAge_Married
#ခိုးယူေပါင္းသင္းျခင္း
#ဥပေဒေရးရာဗဟုသုတ
(လူပ်ိဳေပါက္၊ အပ်ိဳေပါက္ေလးေတြ ခ်စ္ႀကိဳက္ၿပီး ခိုးေျပးေပါင္းသင္းတာပဲျဖစ္ျဖစ္၊ အပ်ိဳေပါက္၊ လူပ်ိဳေပါက္ေတြကို အရြယ္ေရာက္ၿပီး သူေတြက ခိုးယူ ဒါမွမဟုတ္ သေဘာတူ ေပါင္းသင္းတာပဲျဖစ္ျဖစ္ ဥပေဒနဲ႔ၿငိပါတယ္။ ႏိုင္ငံတိုင္းမွာ အရြယ္ေရာက္ၿပီး အသက္အရြယ္ ကန႔္သတ္ခ်က္ေတြ ေၾကျငာအသိေပးထားၿပီးျဖစ္လို႔ပါ။ က်န္းမာေရးအရေကာ၊ စဉ္းစားဉာဏ္ေကာ မရင့္က်က္ေသးတဲ့ ကေလးအရြယ္ ေတြကို ဘာအေၾကာင္းေၾကာင့္မွ အခ်စ္စိတ္နယ္မလြန္သင့္သလို ေစာင့္ထိမ္းအပ္တဲ့ က်င့္ဝတ္တစ္ခုျဖစ္ေၾကာင္း သတိထားရပါမယ္။ ကိုယ့္ခ်စ္သူက အသက္မျပၫ့္ေသးဘူးလို႔ ယူဆရင္ ေအာက္မွာ ေဝငွထားတဲ့ အခ်က္အလက္ေလးေတြကိုၾကၫ့္ၿပီး ဘရိတ္အုပ္ပါ။)
ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၁ အရ အသက္၁၄ႏွစ္ေအာက္ ေယာက္်ားကေလးႏွင့္ အသက္ ၁၆ ႏွစ္ ေအာက္ မိန္းကေလးမ်ားကို အုပ္ထိန္း သူ၏သေဘာမတူဘဲ ေဆာင္ယူျခင္း၊ သို႔တည္းမဟုတ္ ျဖားေယာင္းေသြး ေဆာင္ၿပီး ထြက္သြားေစျခင္းကို အုပ္ထိန္းသူထံမွ ခိုးယူသည္မည္သည္၊၊ယင္းဥပေဒပုဒ္မ ၃၆၁ တြင္ အဆို ပါခိုးယူမႈ အတြက္ ျပစ္ဒဏ္သတ္မွတ္ထားတယ္၊၊ ေထာင္ဒဏ္ (၇)ႏွစ္အထိ ခ်မွတ္ရမၫ့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္ ေၾကာင္း ေဖာ္ျပထားသည္။
ေန့စဉ္ၾကားသိေတြ့ျမင္ေနရသၫ့္ လူခိုးမႈမ်ားမွာ အသက္ ၁၆ ႏွစ္မျပၫ့္ေသးသၫ့္ မိန္းကေလးကို ၄၏ မိဘ သို႔မဟုတ္ အုပ္ထိန္းသူ၏ သေဘာတူညီခ်က္မရပဲ ခိုးယူမႈပင္ ျဖစ္သည္။ဤအမႈမ်ိဳးတြင္ အဓိက အေရး ႀကီး ဆံုးအခ်က္မွာ မိန္းကေလးသည္ အသက္ ၁၆ ႏွစ္မျပၫ့္ေသးသူ ျဖစ္ရမည္။ မိန္းကေလးအသက္ ၁၆ ႏွစ္မျပၫ့္ ေသးေၾကာင္း သက္ေသျပရန္တာဝန္မွာ တရားလိုအေပၚ တည္ရိွသည္။ မိန္းကေလး၏ သေဘာ တူညီခ်က္ ဆႏၵ အရ ခိုးယူမႈျဖစ္ေစကာမူ မိန္းကေလးသည္ အသက္မျပၫ့္ေသးသူျဖစ္ပါက ျပစ္မႈေျမာက္ေပသည္။
အရြယ္မေရာက္ေသးသၫ့္မိန္းကေလးမ်ားကို ခိုးယူမႈနဲ႔ပတ္သက္သၫ့္ တရားရံုးခ်ဳပ္၏ စီရင္ထံုးမ်ားမွ ထုတ္ႏုတ္၍ ေဖာ္ျပလိုက္ပါသည္။
မိန္းကေလး၏အသက္ႏွင့္ပတ္သက္၍ ထင္ရွားသၫ့္ စီရင္ထံုးမွာ ေမာင္ေက်ာ္ေဆြႏွင့္ ျပည္ေထာင္ စုျမန္ မာႏိုင္ငံ (၁၉၆၆ ရံုးခ်ဳပ္ ၄၀၈)ျဖစ္သည္။ အဆိုပါအမႈတြင္ ေမာင္ေက်ာ္ေဆြႏွင့္ မခင္ရဲတင့္တို႔ သမီးရည္းစားျဖစ္ၿပီး ထြက္ေျပးၾကသည္၊၊ မခင္ရဲတင့္ အသက္ ၁၆ ႏွစ္ မျပၫ့္ေသးဆိုသၫ့္အခ်က္မွာ အျငင္းပြားသည္။မခင္ရဲတင့္အား စစ္ေဆးသၫ့္ ဆရာဝန္က မခင္ရဲတင့္၏ အသက္မွာ ၁၅ ႏွစ္ႏွင့္ ၁၇ ႏွစ္အၾကားရိွ၍ ၁၆ ႏွစ္ နည္းနည္းသာ ေက်ာ္ မည္ ျဖစ္ႏိုင္ပါသည္ဟု ထင္ျမင္ခ်က္ေပးသည္။ဇာတာအရ မခင္ရဲတင့္၏အသက္သည္ ၁၆ ႏွစ္မျပၫ့္ေသးေပ။ အထက္တန္းေက်ာင္း ေက်ာင္းဝင္စာရင္းတြင္ အသက္ ၁၆ ႏွစ္ မျပၫ့္ေသးပါ။ အမ်ိဳးသား မွတ္ ပံုတင္လက္ မွတ္ တြင္ ေမြးေန့ဖ်က္ၿပီးျပင္ထားသည္။ ျပင္ထားသၫ့္ေမြးေန့အရ ဆိုလ်ွင္ အသက္ ၁၆ ႏွစ္ထက္ေက်ာ္ၿပီး မူလ ေပး ထားသၫ့္ ရက္စြဲအတိုင္းဆိုလ်ွင္ ၁၆ ႏွစ္ မေက်ာ္ေသးေပ။ တရားခံ ေမာင္ေက်ာ္ေဆြဘက္မွ တင္ျပသၫ့္ မခင္ရဲ တင့္၏က်မ္းက်ိန္လႊာတြင္ ၁၇ နစ္ဟု ေဖာ္ျပထားသည္၊၊ မခင္ရဲတင့္က သက္ဆိုင္ရာလအကသို႔ေရးသၫ့္စာအရ ၁၇ ႏွစ္ျဖစ္သည္။ ျပည္ၿမိဳ႔အထက္တန္းေက်ာင္း ဝင္ပံုစံအရဆိုလ်ွင္ အသက္ ၁၆ ႏွစ္ျပၫ့္ေနသည္။ အဆိုပါ အမႈတြင္ အသက္ႏွင့္ ပတ္သက္၍ တရား လိုဘက္မွ တိက်ျပတ္သားေသာ သက္ေသခံခ်က္မရိွေခ်။ တရားခံဘက္ ကတင္ျပေသာ စာရြက္စာတမ္းမ်ားႏွင့္ အမ်ိဳးသား မွတ္ပံုတင္ လက္မွတ္ႏွင့္ ဆရာဝန္၏ ထြက္ခ်က္မ်ားအရ မခင္ ရဲတင့္၏ အသက္သည္ အခ်င္း ျဖစ္စဉ္အခါက ၁၆ ႏွစ္ ျပၫ့္ၿပီးလည္းျဖစ္ႏိုင္သည္။ထို႔ေၾကာင့္ အသက္ႏွင့္ပတ္ သက္၍ ဒြိဟ သံသယျဖစ္စရာအေကာင္းလည္း ေပၚေပါက္၍ ေမာင္ေက်ာ္ေဆြအား အႏိုင္ေပးသည္။ အဆိုပါ စီရင္ထံုးတြင္ ဇာတာဆိုသည္မွာ အမ်ားႏွင့္ သက္ဆိုင္ေသာ စာရြက္ စာတမ္းမဟုတ္၊ ဇာတာမ်ားကို မည္သၫ့္ အခါမဆို ျပဳလုပ္၍ရႏိုင္သည္၊၊ အမ်ိဳးသား မွတ္ပံုတင္လက္မွတ္ႏွင့္ ေက်ာင္းဝင္ပံုမွာ သက္ေသခံဥပေဒပုဒ္မ ၃၅ အရ တရားဝင္ အမ်ားႏွင့္သက္ဆိုင္သၫ့္ စာခ်ဳပ္စာတမ္းျဖစ္သည္ဟု ေဖာ္ျပထားသည္။
ပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ထိုက္ေသာ လူခိုးမႈတြင္ အဓိက အေရးႀကီးသၫ့္ အခ်က္မွာ အုပ္ထိန္းသူထံမွ ခိုးယူသၫ့္မိန္းကေလးသည္ အသက္ ၁၆ ႏွစ္ ေအာက္ျဖစ္ရန္လိုေပသည္၊၊အသက္ ၁၆ ႏွစ္ေအာက္ မိန္းကေလး တဦးကို ၄၏သေဘာတူညီခ်က္အရပင္ ခိုးယူခဲ့ေစကာမူ အုပ္ထိန္းသူက သေဘာမတူလ်ွင္ ထိုသို႔ ခိုးယူေသာသူ သည္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံရမည္ျဖစ္သည္။၄ျပင္ ခိုးယူသူက မိန္းကေလး သည္ အသက္ ၁၆ ႏွစ္ေက်ာ္ၿပီဟု သေဘာရိုးႏွင့္ ယံုၾကည္ခဲ့ေစကာမူ မိန္း ကေလး၏အသက္မွာ အမွန္တကယ္ ၁၆ ႏွစ္ေအာက္ ျဖစ္ေနပါက ထိုသို႔ခိုးယူမႈသည္ မိမိယံုၾကည္ခ်က္ကို အကာအကြယ္ မယူႏိုင္ေခ်။ထိုပုဒ္မအရ အဓိက စဉ္းစားရမၫ့္ျပႆနာမွာ မိန္းကေလး၏အသက္ ျဖစ္သၫ့္အ ေလ်ာက္ ခိုးယူသည္ဆိုေသာ မိန္းက ေလး၏ အသက္သည္ ၁၆ ႏွစ္ေအာက္ ျဖစ္သည္ဟု ထင္ရွားေအာင္ ျပသရန္ တာဝန္မွာ တရားလိုအေပၚတြင္ က်ေရာက္ေန ေပသည္။ (ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ ေမာင္မိုး(ခ)ေမာင္သိန္း၊၁၉၆၆ ရံုးခ်ဳပ္ ၁၂၁၄)။
ပညာသင္ၾကားေနစဉ္အခ်ိန္၌ငယ္ရြယ္သၫ့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ဆရာမိဘတို႔၏ ေနာက္ ကြယ္တြင္ သမီးရည္းစားထား ျခင္း၊ ခ်ိန္းဆိုေတြ့ဆံုျခင္းစသၫ့္ အျပဳအမူမ်ားမွာ ၄တို႔၏ ပညာေရးကို သာမက ကိုယ္က်င့္တရားႏွင့္ ေက်ာင္းစည္းကမ္းမ်ားကိုပါ ထိခိုက္ႏိုင္သၫ့္ ကိစၥျဖစ္၍ ထိုကဲ့သို႔ျပဳမူသၫ့္ ေက်ာင္းသားမ်ား အား အသ္ပညာေပးသၫ့္အေနႏွင့္လည္းေကာင္း၊ အျခား ေက်ာင္းသူ - ေက်ာင္းသားမ်ားအဖို႔ စံနမူနာျဖစ္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ လည္း ေကာင္း သင့္ေလ်ာ္သၫ့္ ျပစ္ဒဏ္မ်ားခ်မွတ္ေပးရန္ တရားရံုးမ်ား အေနႏွင့္ တာဝန္ရိွေပ သည္။ အယူခံတရားလိုတို႔သည္ ငယ္ရြယ္သၫ့္ ေက်ာင္းသားမ်ားျဖစ္ၾကၿပီး မိမိတို႔က်ူးလြန္ခဲ့ေသာ ျပစ္မႈမ်ား အတြက္ ၄-လေက်ာ္ေက်ာ္ အက်ည္းခံရၿပီးျဖစ္ရာ ၄တို႔အဖို႔ လံုေလာက္ေသာ သင္ခန္းစာရရိွၿပီးျဖစ္သည္ဟု ယူဆသည္။
အထက္ပါအေၾကာင္းရပ္မ်ားေၾကာင့္ အယူခံတရားလိုတို႔အေပၚ က်ၿပီးေသာ ေထာင္ဒဏ္သာ က်ခံေစရန္ အမိန႔္ခ်မွတ္လိုက္သည္။ (ေမာင္ဟန္ၫြန႔္ပါ ၂ ႏွင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၊ ၁၉၆၆ ရံုးခ်ဳပ္ ၁၅၀၂)၊
ပထမအႀကိမ္ က်ူးလြန္ျခင္း၊ ရက္စက္ေဟာ့ရမ္းၾကမ္းတမ္းမႈ မပါဝင္ျခင္း စသၫ့္အခ်က္မ်ားသည္ ျပစ္မႈ ဆိုင္ရာ က်င့္ထံုးဥပေဒပုဒ္မ ၅၆၂ (၁) အရ ခံဝန္ ခ်ဳပ္ျဖင့္ အစမ္းျပဳလုပ္လႊတ္ထားရန္ သင့္မသင့္ စဉ္းစားရာ၌ ထၫ့္ သြင္း စဉ္းစားထိုက္ေသာ အခ်က္မ်ား ျဖစ္သည္ မွန္၏။သို႔ရာတြင္ ယခုအမႈ၌ အေလးအနက္ထား၍ စဉ္းစား သင့္ေသာ အျခားအခ်က္မ်ားလည္း ရိွေနေပသည္။ ဆင္ျခင္တံုတရား မရိွေသးသၫ့္ ငယ္ရြယ္သူ မိန္းကေလး တဦး၏ ဘဝလံုၿခံဳမႈထိခိုက္ပ်က္ျပားေစျခင္းသည္ လူမူေရးအရ မလိုလားအပ္သၫ့္ အေၾကာင္း တရပ္ျဖစ္ေပ သည္။ဤကဲ့သို႔ေသာ ျပစ္မႈမ်ိဳးကို ေနာက္ထပ္၍ လက္ရဲဇက္ရဲ မက်ူးလြန္ေစရန္ ဥပေဒႏွင့္ အညီ နမူနာျပ ျပစ္ဒဏ္စီရင္လိုက္သည္။ ျပစ္မႈဆိုင္ ရာ က်င့္ထံုးဥပေဒပုဒ္မ ၅၆၂(၁)အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္းလႊတ္ထားျခင္းမွာ သက္ၫွာလြန္းရာေရာက္သည္။
သို႔ျဖစ္၍ တရားခံအား ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ အ၇ ေထာင္ဒဏ္ တ ႏွစ္ႏွင့္ ၆ လ က်ခံေစရန္ ျပစ္ ဒဏ္ျပင္ဆင္ခ်မွတ္သည္။ (ေဒၚခင္ၫြန႔္ႏွင့္ ျပည္ေထာင္စုဆိုရွယ္လစ္ သမၼတ ျမန္မာ ႏိုင္ငံေတာ္၊(ဦးေသာင္းရိွန္)၊ ၁၉၇၅ ၊မတစ၊ျပစ္မႈ ၉ )
( ဦးျမစိန္၊ အသံုးခ်ဥပေဒေပါင္းခ်ဳပ္၊ဒုတိယအႀကိမ္၊၁၉၈၂ မတ္လ၊စာ ၇၆ ) ။ #DVBLawLab
အသက္မျပၫ့္တဲ့မိန္းခေလးကိုခိုးယူမူအေၾကာင္းေလးသိခ်င္ပါတယ္။
လူခိုးမႈ
===========
ပုဒ္မ ၃၆၃ - မည္သူမဆို တစ္ဦးတစ္ေယာက္ေသာ သူအား ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ မွ အပသို႔ ျဖစ္ေစ၊ ဥပေဒႏွင့္အညီ အုပ္ထိန္းသူထံမျွဖစ္ေစ ခိုးယူလ်ွင္ထိုသူကို ခုႏွစ္ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမၫ့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။
မွတ္စု
====
ဤပုဒ္မမွာ ပုဒ္မ ၃၆၀ ႏွင့္ ၃၆၁ တို႔တြင္ ျပ႒ာန္းထားသၫ့္ ျပစ္မႈမ်ားအတြက္ ျပစ္ဒဏ္သတ္မွတ္ထားေသာ ပုဒ္မ ျဖစ္သည္။
ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၃ အရ ျပစ္ဒဏ္ထိုက္ေသာ လူခိုးမႈတြင္ အုပ္ထိန္းသူထံမွ ခိုးယူသၫ့္ မိန္းကေလး သည္ အသက္ ၁၆ ႏွစ္ေအာက္ ဟုတ္ မဟုတ္ဆိုသၫ့္အခ်က္မွာ အေရးႀကီးေသာ အခ်က္ျဖစ္ေပသည္။ အသက္ ၁၆ ႏွစ္ေအာက္ မိန္ကေလးကို အဆိုပါ မိန္းကေလး၏ သေဘာတူညီခ်က္ျဖင့္ ခိုးယူခဲ့ေစကာမႈ အုပ္ ထိန္းသူက သေဘာမတူလ်ွင္ ယင္းဥပေဒပုဒ္မ ၃၆၃ အရ အျပစ္ရိွသည္။ မိန္းကေလး၏ အသက္ ၁၆ ႏွစ္ ေက်ာ္သည္ဟု သေဘာရိုးျဖင့္ယံုၾကည္ၿပီးခိုးယူခဲ့ေစကာမႈ ထိုမိန္းကေလး၏ အသက္အမွန္မွာ ၁၆ ႏွစ္ေအာက္ ျဖစ္ ေၾကာင္း ေပၚေပါက္လ်ွင္လည္း တရားခံသည္ ေဖာ္ျပပါ ယံုၾကည္ခ်က္ကို အကာအကြယ္ယူႏိုင္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ မိန္းကေလး၏ အသက္သည္ အခ်င္းျဖစ္ခ်ိန္က ၁၆ ႏွစ္ေအာက္ျဖစ္ေၾကာင္း ထင္ ရွား ေအာင္ သက္ေသျပ ရန္တာဝန္မွာ တရားလို၏ တာဝန္ျဖစ္သည္။ ( ေမာင္ခင္ဆက္ႏွင့္ ျပည္ေထာင္စု ၁၉၈၁ မ.တ.စ ၄)
အရြယ္မေရာက္ေသးသၫ့္ မိန္းကေလးက တရားခံအိမ္သို႔သြားေရာက္ကာ ၄အား ေခၚသြားရန္ေျပာသည္။ တရားခံက မေခၚလ်ွင္ မိန္းကေလးသည္ အုပ္ထိန္းသူထံမွ အၿပီးအပိုင္ထြက္ သြားရန္ ရည္ရြယ္ခ်က္မရိွ။ ထို အေျခ၌ မိန္းကေလးအားေခၚသြားသၫ့္တရားခံသည္ ထိုျပစ္မႈကို က်ူးလြန္ရာေရာက္သည္။ ( အစိုးရႏွင့္ အက္စ္ဂါအလီ၊ အတြဲ-၁ ( ၁၉၀၇-၀၉) အထက္ျမန္မာျပည္စီရင္ထံုး ၂၇ (ရာဇဝတ္ဆိုင္ရာ)။
အသက္ ၁၃ ႏွစ္အရြယ္ မေရႊလိႈင္က မိဘႏွင့္အတူေနရာမွ တရားခံႏွင့္ခ်စ္ႀကိဳက္ၿပီးအိမ္မွအၿပီးဆင္းကာ တရားခံႏွင့္ခ်ိန္း ၿပီး ၄၏ခ်စ္သူတရားခံႏွင့္ ခိုးရာလိုက္ေျပးမႈတြင္ ၄၏ဆႏၵျဖင့္ ခိုးရာလိုက္ေျပးျခင္းျဖစ္ေသာ္လည္း မိဘအုပ္ ထိုးသူက သေဘာမတူလွင္ ပုဒ္မ ၃၆၃ ေျမာက္သည္။ [ ေတလွႏွင့္ အစိုးရ၊ အတြဲ-၁ ( ၁၉၀၇- ၀၉) အထက္ ျမန္မာျပည္စီရင္ထံုး ၁၁ ( ရာဇဝတ္ ဆိုင္ရာ ) ]။
ရာဇသတ္ႀကီး ဥပေဒပုဒ္ ၃၆၃ ႏွင့္ပတ္သက္ၿပီး မိန္းကေလးတစ္ဦးသည္ အသက္ ၁၆ ႏွစ္ အျပၫ့္ေသးပါဟူ ေသာ သက္ေသခံအေထာက္အထားျပသရန္ တာဝန္မွာ တရားလိုအေပၚတြင္ ရိွသည္။ အကယ္၍ မိန္းကေလး ၏အသက္သည္ ၁၆ ႏွစ္ျပၫ့္ၿပီးလည္းျဖစ္ႏိုင္သည္။ ၁၆ ႏွစ္ မျပၫ့္ေသးလည္းျဖစ္ႏိုင္သည္ဟု အမႈတြဲတြင္ ေပၚ လြင္လ်ွင္ အသက္ႏွင့္ ပတ္သက္ေသာ ဒြိဟသံသယအက်ိဳးခံစားခြင့္ကို တရားခံသာလ်ွင္ ခံစားခြင့္ရိွသည္။ ( ျပည္ေထာင္စုႏွင့္ ေမာင္တူး ၊ ၁၉၇၉၊ မ. တ. စ ၈၇)
အိမ္ေထာင္ရိွတရားခံက အုပ္ထိန္းသူရိွသၫ့္ ၁၃ ႏွစ္ ၄ လအရြယ္ မိန္းကေလးႏွင့္ခ်စ္ႀကိဳက္ၿပီး ၂ ရက္မ်ွ ကာမ ဆက္ဆံေနသည္ကို ဖခင္က ေတြ့ရိွ၍ ခိုးေျပးမႈတြင္ မိန္းကေလး၏ လြတ္လပ္သၫ့္ ဆႏၵျဖင့္ခိုး ေျပးျခင္းျဖစ္ သျဖင့္ ၃၆၆ မေျမာက္ဘဲ ပုဒ္မ ၃၆၃ သာလ်ွင္ေျမာက္သည္။ ( အစိုးရႏွင့္ ေမာင္ငယ္ ၊ အတြဲ- ၁ ( ၁၉၀၄- ၁၉၀၆) အထက္ျမန္မာျပည္စီရင္ထံုး ၁၇ ( ရာဇဝတ္ဆိုင္ရာ)။
ပညာသင္ၾကားေနစဉ္ အခ်ိန္တြင္ ငယ္ရြယ္သၫ့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ဆရာမိဘတို႔၏ ေနာက္ ကြယ္တြင္ သမီးရည္းစားထားျခင္း ခ်ိန္းဆိုေတြ့ဆံျခင္း စသၫ့္ အျပဳအမႈမ်ားမွာ ၄တို႔၏ ပညာေရးကိုသာမက ကိုယ္က်င့္တရားႏွင့္ ေက်ာင္းစည္းကမ္းမ်ားကိုပါ ထိခိုက္ႏိုင္သၫ့္ ကိစၥျဖစ္၍ ထိုကဲ့သို႔ ျပဳမႈသၫ့္ ေက်ာင္းသား မ်ားအား အသိပညာေပးသၫ့္အေနျဖင့္၄ ၊ အျခားေက်ာင္းသူ ေက်ာင္းသားမ်ား အဖို႔စံနမႈနာျဖစ္ေစရန္ ရည္ ရြယ္ခ်က္ျဖင့္ ၄၊ သင့္ေလ်ာ္သၫ့္ အျပစ္ဒဏ္မ်ား ခ်မွတ္ေပးရန္ တရားရံုးမ်ား အေနျဖင့္ တာဝန္ရိွေပသည္။ အယူခံတရားလိုတို႔သၫ့္ ငယ္ရြယ္သၫ့္ ေက်ာင္းသားမ်ားျဖစ္ၾကၿပီး မိမိတို႔ က်ဳးလြန္ခဲ့ေသာ ျပစ္မႈမ်ားအတြက္ ေလးလေက်ာ္ေက်ာ္ အက်ဉ္းခံရၿပီးျဖစ္ရာ ၄တို႔အဖို႔ လံုေလာက္ေသာ သခၤဏ္းစာရရိွၿပီးျဖစ္သည္ဟု ယူဆ သည္။ [ ေမာင္ဟန္ၫႊန္ပါ -၂ ႏွင့္ ျပည္ေထာင္စု ၊ ၁၉၆၆ မ.တ. စ(တရားရံုးခ်ဳပ္) ၁၅၀၂ ]
ပထမအႀကိမ္က်ူးလြန္ျခင္း ရက္စက္ေဟာ့ရမ္း ၾကမ္းတမ္းမႈ မပါဝင္ျခင္း စသၫ့္အခ်က္မ်ားသည္ ျပစ္မႈဆိုင္ရာ က်င့္ထံုး ဥပေဒ ပုဒ္မ ၅၆၂(၁) အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္းျပဳလုပ္လႊတ္ထားရန္ သင့္ မသင့္ စဉ္းစားရာတြင္ ထၫ့္ သြင္း စဉ္းစားထိုက္ေသာ အခ်က္မ်ားျဖစ္သည္ မွန္၏။ သို႔ရာတြင္ ယခုအမႈတြင္ အေလးအနက္ထား၍ စဉ္စား သင့္ ေသာအျခားအခ်က္မ်ားလည္းရိွေနေပသည္။ ဆင္ျခင္တံုတရားမရိွေသးသၫ့္ ငယ္ရြယ္သူ မိန္းကေလး တစ္ဦး၏ ဘဝလံုၿခံဳမႈ ထိခိုက္ပ်က္ျပားေစျခင္းသည္ လူမႈေရးအရ မလိုအလားအပ္သၫ့္ အေၾကာင္းတရပ္ျဖစ္ ေပသည္။ ထိုကဲ့သို႔ေသာ ျပစ္မႈမ်ိဳးကို ေနာက္ထပ္၍ လက္ရဲဇက္ရဲ မက်ူးလြန္ေစရန္ ဥပေဒႏွင့္အညီ နမႈနာျပ ျပစ္ဒဏ္စီရင္ထိုက္သည္။ ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၅၆၂(၁) အရ ခံဝန္ခ်ဳပ္ျဖင့္ အစမ္း ျပဳလုပ္လႊတ္ထားရန္ ထားျခင္းမွာ သက္ၫွာလြန္းရာေရာက္သည္။ သို႔ျဖစ္၍ တရားခံအားျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၆၂ အရ ေထာင္ဒဏ္ ၁ ႏွစ္ႏွင့္ ၆ လ က်ခံေစရန္ ျပစ္ဒဏ္ျပင္ဆင္ခ်မွတ္သည္။ [ ေဒၚခင္ၫြန္ႏွင့္ ျပည္ေထာင္စု ( ဦးေသာင္းရိွန္) ၊ ၁၉၇၅ မ. တ. စ ၉ ]
အသက္ ၁၅ ႏွစ္ ၃ လသာရိွသာ ျမန္မာဗုဒၶဘာသာဝန္မိန္းကေလး ၄၏ ဆႏၵျဖင့္ တရားခံႏွင့္ ခိုးရာလိုက္ေျပး ၿပီး ဇနီးအျဖစ္ ေပါင္းသင္းျဖစ္ပါသည္ဟု ထြက္ဆိုေသာ္လည္း ျမန္မာဗုဒၶဘာသာ ဓေလ့ထံုးတမ္းဥပေဒအရ အရြယ္မေရာက္ေသးသူသည္ မိဘ၏ သေဘာတူညီခ်က္မရိွ ထိမ္းျမားလက္ထပ္ျခင္း မျပဳႏိုင္သျဖင့္ ထိုသို႔ လင္ မယားအျဖစ္ေပါင္းသင္းျခင္းမွာ မတရားကာမစပ္ယွက္ရန္ အႀကံျဖင့္ေသြးေဆာင္ေပါင္းသင္းရာ ေရာက္သျဖင့္ ပုဒ္မ ၃၆၃ ျဖင့္ ပထမတန္းအာဏာရ တရားသူႀကီးက စစ္ေဆးမၫ့္အစား စက္ရွင္တရားရံုးသို႔မဟုတ္ ခရိုင္ တရားရံုးက စစ္ေဆးစီရင္သင့္သည္။ ( အစိုးရႏွင့္ ေမာင္ဖိုးေစာ၊ အတြဲ-၁ ၁၈၉၇- ၁၉၀၁ အထက္ျမန္မာျပည္ စီရင္ထံုး ၃၂၈)
တရားစြဲဆိုရန္ ေနရာ။ လူခိုးမႈကို ခိုးယူျခင္းခံရသၫ့္ နယ္ေျမ၊ ခိုးယူသြားသၫ့္ နယ္ေျမ၊ ဝွက္သိမ္း ရာနယ္ေျမရိွစီရင္ပိုင္ခြင့္ရိွသၫ့္ တရားရံုးတြင္ တရားစြဲဆိုႏိုင္သည္။ ( ရာဇဝတ္က်င့္ထံုး ဥပေဒ ပုဒ္မ ၁၈၁(၄) )
ရာဇဝတ္က်င့္ထံုးဇယား ၂။ ရဲအေရးပိုင္သၫ့္ ပထမဦးစြာ ဝရမ္းထုတ္ရမည္။ အာမခံေပးရမည္။ ေက် ေအးခြင့္မရိွ။ ခရိုင္တရားရံုးကျဖစ္ေစ၊ ပထမတန္းအာဏာရ တရားသူႀကီး သို႔မဟုတ္ ဒုတိယတန္းအာဏာရ တရား သူႀကီးကျဖစ္ေစ စစ္ေဆးစီရင္ႏိုင္သည္။
[စာၫႊန္း- ဦးတင္ဝင္းေအာင္(LL.B, D.S.W, D.B.L) တရားလႊတ္ေတာ္ေရ႔ွေန၊ ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ သက္ဆိုင္သၫ့္ဥပေဒ ေကာက္ႏုတ္ခ်က္မ်ား၊ ပထမအႀကိမ္( ၂၀၁၉)၊ စာ ၃၅၊ ၃၆၊ ၃၇ ]။ #DVBlawlab #DVBtvnews
No comments:
Post a Comment