Thursday, August 5, 2021

ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလေ

ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော




#Humanism

#Civilization

#ဘာသာအယူဝါဒ


(လူသားဆိုတာ တိရစ္ဆာန်တွေလို အရိုင်းအစိုင်းသက်သက်မဖြစ်သင့်သလို မျိုးမတူကွဲပြားမှုကိုလက်ခံပြီး အယူဝါဒမတူသူများနဲ့ ယှဉ်တွဲ နေထိုင်နိုင်ဖို့ ယဉ်ကျေးဖို့လိုပါတယ်။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ကျောက်ခေတ်ကထက် လူ့ယဉ်ကျေးမှုတိုးတက်မြင့်မား လာဖို့ကောင်းတာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ဆိုတာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနားလည်သိတတ်မှု၊ လူယဉ်ကျေးမှုအဆင့် အတန်း မြင့်မားမှုတွေကလည်း တစ်မျိုးတစ်မည်ဖော်ဆောင်နိုင်တယ်မဟုတ်လား။)


လူသားတို့၏ ဘ၀တစ်သက်တာ ကံကြမ္မာကို သူတို့၏ မွေးရာပါဗီဇနှင့် ပတ်ဝန်းကျင်တို့က များစွာသြဇာသက်ရောက်လျက် ရှိပေသည်။ ဗီဇဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာဗီဇနှင့် စိတ်ပိုင်းဆိုင်ရာဗီဇဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။ ရှေးအခါက ရုပ်ပိုင်းဆိုင်ရာဗီဇဟူသည် မွေးရာပါ ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဟု ထင်မြင်ယူဆခဲ့ကြသည်။


မျက်မှောက်ခေတ်တွင်မူ သိပ္ပံပညာထွန်းကားလာသည့်အလျောက် မျိုးရိုးဗီဇအင်ဂျင်နီယာပညာဖြင့် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာဗီဇကို ပြုပြင်ပြောင်းလဲ၍ ရလာပြီဖြစ်သည်။ ယင်းကိုပင် သိပ္ပံပညာ၏ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ရပ်အဖြစ်လည်း ဂုဏ်ယူဝင့်ကြွား နေကြသည်။


ရုပ်ပိုင်းဆိုင်ရာ  အသွေးအသားနှင့် စပ်ဆိုင်သောမျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းသည် လူသားထုအတွက် အတိုင်းအတာတစ်ရပ် အထိ အကျိုးကျေးဇူးပြုနိုင်သည်ကားမှန်ပေသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာဗီဇကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု မပြုနိုင် သေးသရွေ့ လူသားတို့၏ ယဉ်ကျေးမှုအဆင့်အတန်းသည် ကျောက်ခေတ်ကထက် တစ်ဆင့်မြင့်မားတိုးတက် လာပြီဟု မဆိုနိုင်သေး ချေ။


ယဉ်ကျေးမှုဟုဆိုရာတွင် ဒြပ်ရှိယဉ်ကျေးမှု (Tangible Culture) နှင့် ဒြပ်မဲ့ယဉ်ကျေးမှု (Intangible Culture) ဟူ၍ရှိပေသည်။ ဒြပ်ရှိ ယဉ်ကျေးမှုဆိုသည်မှာ ကိုင်တွယ်ထိတွေ့ဖော်ပြနိုင်သော၊ သိသာမြင်လွယ်သော ပြယုဂ်သင်္ကေတများပင် ဖြစ်သည်။ ပမာဆိုရသော် ကမ္ဘာ့အံ့ဖွယ်ပိရမစ်ကြီးများ၊ မဟာတံတိုင်းကြီးများ၊ ဘုရားရှိခိုးကျောင်းတော်ကြီးများ၊ နန်းတော်ကြီးများ၊ပိသုကာလက်ရာများနှင့် အနု သုခုမပစ္စည်းများပင် ဖြစ်သည်။


ယင်းသို့ ရှေးဟောင်းလက်ရာ အမွေအနှစ် မရှိစေကာမူ မျက်မှောက်ခေတ်၌ ဓနဥစ္စာကြွယ်ဝချမ်းသာမှုတွင် ရှေ့တန်းရောက်လာကြသော လူ့အဖွဲ့အစည်းများကလည်း ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ကြီးများ၊ အဆန်းကြယ်ဆုံး အဆောက်အဦများအစရှိသည့် ထင်သာမြင်သာသော သင်္ကေတများကို သူ့ထက်ငါအပြိုင်အဆိုင် တည်ဆောက်ကာ မိမိတို့၏ ဒြပ်ရှိယဉ်ကျေးမှု အဆင့်အတန်းအား မြှင့်တင်ပြနေကြသည်။


လူသားတို့သည် အဆိုပါဒြပ်ရှိယဉ်ကျေးမှုလက်ရာ အစုစုတို့ကို ရည်ညွှန်းလျက် မိမိတို့ဆိုင်ရာဆိုင်ရာ လူ့အဖွဲ့အစည်းအတွက် မာန်မာနတက်နေကြသည်။ ယင်းဒြပ်ရှိယဉ်ကျေးမှု လက်ရာများကိုပြကာ မိမိတို့လူ့အဖွဲ့အစည်းသည် ကမ္ဘာ့သမိုင်းတွင် ယဉ်ကျေးမှု တိုးတက်ထွန်းကားသောလူ့အဖွဲ့အစည်း အဖြစ်လည်းကောင်း၊ မိမိတို့လူမျိုးသည် ယဉ်ကျေးသောလူမျိုး အဖြစ်လည်းကောင်း ဂုဏ်ယူ ၀င့်ကြွားခဲ့၊၀င့်ကြွားဆဲ၊ ၀င့်ကြွားရန်အားထုတ်နေကြမြဲဖြစ်သည်။


မိမိတို့ကဲ့သို့ ဒြပ်ရှိယဉ်ကျေးမှုမပြနိုင်သည့် လူ့အဖွဲ့အစည်းအချို့ကိုမူ မိမိတို့လောက်မယဉ်ကျေးသော လူ့အဖွဲ့အစည်းဟု အထင် အမြင်သေးတတ်ကြသည်။ မိမိတို့ပိုင်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများသည် မိမိတို့၏ယဉ်ကျေးမှုပြယုဂ်ဟုပင် ထင်မြင်နေကြသည်။


စင်စစ်အားဖြင့် အဆိုပါဒြပ်ရှိယဉ်ကျေးမှုများအား ပိုင်ဆိုင်ရုံဖြင့် မိမိတို့၏လူ့အဖွဲ့အစည်းကို ယဉ်ကျေးလှပြီဟု ကောက်ချက်ဆွဲ၍ မရနိုင် ချေ။ လူ့အဖွဲ့အစည်းတစ်ခုယဉ်ကျေးသည် မယဉ်ကျေးသည်ဆိုခြင်းကို အဓိကအားဖြင့် အဆုံးအဖြတ်ပေးနိုင်သော ‘စံမှတ်ကျောက်’ မှာ ဒြပ်မဲ့ယဉ်ကျေးမှုသာလျှင် ဖြစ်ပေသည်။ ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုအတွင်း နေထိုင်ကြကုန်သော လူသားထုအတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည့် ယုံကြည်မှု၊ တန်ဖိုးထားတတ်မှု၊ သဘောထားခံယူချက်၊ ဘ၀အမြင်နှင့် ကိုယ်ကျင့်တရားတို့ ပင်ဖြစ်သည်။


လူ့အဖွဲ့အစည်းတစ်ခုသည် ဒြပ်ရှိယဉ်ကျေးမှုမည်မျှပင်ပိုင်ဆိုင်ပါစေ တောတွင်းနေလူသားစား လူရိုင်းတို့နှင့်ခြားနားသာလွန် မြင့်မား သော ယုံကြည်မှု၊ တန်ဖိုးထားတတ်မှု၊ သဘောထားခံယူချက်၊ ဘ၀အမြင်နှင့် ကိုယ်ကျင့်တရားတို့သာမရှိပါက ထိုလူ့အဖွဲ့အစည်းဝင် တို့အား လူယဉ်ကျေးများဟု မသတ်မှတ်နိုင်ပေ။ အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအား အဓိကပြဌာန်းပေးနေသည်မှာ တိုးတက်ထွန်းကားလှ ပါသည်ဆိုသော သိပ္ပံပညာဖြင့် ပြုပြင်ပြောင်းလဲပေး၍ မရနိုင်သော စိတ်ပိုင်းဆိုင်ရာဗီဇသာလျှင် ဖြစ်ပေသည်။


လူသားတိုင်း လူသားတိုင်းတွင် ပင်ကိုယ်မူလအားဖြင့် စိတ်ပိုင်းဆိုင်ရာဗီဇ သုံးမျိုးသုံးစားရှိပေသည်။ ယင်းတို့မှာ (၁) သားရဲတိရစ္ဆာန်ဗီဇ၊ (၂) လူသားဗီဇ နှင့် (၃) ဗြဟ္မစိုရ်ဗီဇတို့ပင်ဖြစ်သည်။ လူသားတိုင်းသည် ယင်းတို့၏အလိုဆန္ဒပြည့်ဝစေရေးအတွက် ရုန်းကန်လှုပ်ရှား နေချိန်တွင် ယင်းဗီဇသုံးမျိုးထဲမှ တစ်မျိုးမျိုး၏ သြဇာလွှမ်းမိုးမှုကို ခံယူနေကြရသည်။


လူသားတို့၏ မနေကံမြောက် ကြံစည်တွေးခေါ်မှုများသည် မြင့်မြတ်မှန်ကန်သော ဘာသာတရားတစ်ခု၏ ဆုံးမသွန်သင်ညွှန်ပြမှုကို မခံယူ ရသည့်အခါမျိုးတွင် သားရဲတိရစ္ဆာန်ဗီဇက လူသားတို့အား လွှမ်းမိုးချယ်လှယ်ထားတတ်စမြဲဖြစ်သည်။ မိမိတို့ကိုယ်ကို ‘လူ’ ဟူ၍အသိ အမှတ်မပြုမိမီကာလမှအစပြု၍ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း အမွေဆက်ခံရရှိခဲ့သော သားရဲတိရစ္ဆာန်ဗီဇအချို့မှာ ယဉ်ကျေးမှု တိုးတက်လှပါသည်ဆိုသော မျက်မှောက်ခေတ်တိုင်အောင် လူသားတို့ထံ၌ ကျန်ရှိနေပေသေးသည်။


လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် တရွေ့ရွေ့ပြောင်းလဲ တိုးတက်လာသည်ကား မှန်ပါသည်။ သို့သော်စိတ်ပိုင်းဆိုင်ရာအားဖြင့် ကား အောက်တန်းကျ သေးသိမ်လှသည့် တွေးခေါ်မြော်မြင်မှု၊ ဓလေ့စရိုက်နှင့် ကိုယ်ကျင့်တရားတို့မှာ ကျောက်ခေတ်လူသားတို့နှင့် မခြား တည်ရှိနေဆဲသာဖြစ်သည်။ အစစအရာရာ အဆင်ပြေချောမွေ့သောအခြေအနေမျိုးတွင်မူ လူသားတို့၏ အောက်တန်းကျ၍ ရိုင်းစိုင်းယုတ်ညံ့သော စိတ်ပိုင်းဆိုင်ရာဗီဇစိတ်များမှာ ပေါ်လွင်ထင်ရှားမှု မရှိတတ်ချေ။ သို့သော် ယင်းအခြေအနေမှသည် တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူသားတို့ရင်ဝယ် တိမ်မြှုပ် ဖုံးကွယ်နေသည့် လောဘ၊ဒေါသ၊ မာန်မာနတရားတို့ သည် မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ပြင်းထန်စွာ ထွက်ပေါ်လာတတ်စမြဲ ဖြစ်သည်။


ယင်းသည် လူသားတို့၏စိတ်ဘ၀င်တွင် နက်ရှိုင်းစွာခိုအောင်းလျက်ရှိသော အာသာဆန္ဒနှင့် အလိုရမ္မက်တို့၏ အကျိုးဆက်လည်း ဖြစ်ပေသည်။ မည်မျှစိတ်သဘောထားကောင်းလှပါသည်ဆိုသောသူပင် မိမိကိုယ်ကျိုးစီးပွားထိခိုက်လာပါမူ သတိလက်လွတ်တွေးခေါ်၊ ပြောဆို၊ ပြုမူလာတတ်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူသားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် တိရစ္ဆာန် တစ်ကောင်နှင့် ဘာမျှထူးခြားမှု မရှိတော့ချေ။ ကျွန်ုပ်တို့ပြောဆိုလေ့ရှိသော ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’ ဟူသည့် ဆိုရိုးစကားက လူသားတို့ထံတွင် သားရဲတိရစ္ဆာန်ဗီဇ ရှိနေသေးကြောင်း ဖော်ကျူးလျက်ရှိပေသည်။


လူသားတို့တွင် သားရဲတိရစ္ဆာန်ဗီဇငုပ်လျှိုး တည်ရှိစေကာမူ လူသားနှင့်တိရစ္ဆာန်တို့အကြားတွင် အဓိကအကျဆုံး ကွဲပြားခြားနားသည့် စရိုက်လက္ခဏာတစ်ရပ်တော့ရှိပါသည်။ လူသားက မိမိတို့ဘ၀၏ ဖြစ်တည်မှုနှင့် မိမိပတ်ဝန်းကျင်ရှိ ဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုများအား ဆင်ခြင်တုံတရားဖြင့် တုန့်ပြန်မှုပြုတတ်ပြီး တိရစ္ဆာန်တို့ကမူ ခံစားမှု သက်သက် ဖြင့်သာ တုံ့ပြန်တတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသားတို့တွင် သားရဲတိရစ္ဆာန်တို့ထက် နှိုင်းမရအောင် သာလွန်ဖွံ့ဖြိုးသော အသိဉာဏ်ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ‘အ၀ိဇ္ဇာ’ တည်းဟူသော အမြင်လွဲမှားမှုက အသိဉာဏ်၏စွမ်းရည်ကို အပြည့်အ၀အသုံးမချနိုင်အောင် နှောင့်ယှက် ဟန့်တားထားတတ်ပေသည်။ ဘာသာတရားအသီးသီးသည် လူသားတို့၏အမြင်လွဲမှားမှုအားဖယ်ရှားပစ်ရန် မျိုးရိုးစဉ်ဆက် အမြစ်တွယ်တည်ရှိခဲ့သော သားရဲတိရစ္ဆာန် ဗီဇအား သုတ်သင်ရှင်းလင်းရန်နှင့် အကြင်နာတရားပြည့်ဝသော အရည်အသွေးများ ပြုစုပျိုးထောင်ပေးရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။


လူသားတစ်ဦးသည် ကြင်နာသနားတတ်ခြင်း၊ သူတစ်ပါး၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတတ်ခြင်းနှင့် အခြားသူတို့ကြုံတွေ့နေရ သော ဒုက္ခဆင်းရဲအခက်အခဲတို့မှ လွတ်မြောက်စေရန် ကူညီဖြေရှင်းပေးတတ်ခြင်းတည်းဟူသော အရည်အသွေးများနှင့် ပြည့်စုံနေပြီဆို လျှင် ယင်းလူသား၏စိတ်ဘ၀င်ဝယ် လူသားဗီဇထွန်းကားနေပြီဖြစ်ကြောင်း အကဲခတ်သိရှိနိုင်ပါသည်။ ယင်းသို့ လူသားဗီဇထွန်းကားနေ ခြင်းသည် လူသားတစ်ဦးအဖို့ ပုံမှန်အခြေအနေပင်ဖြစ်သည်။ မိမိတို့ကိုယ်ကို ယဉ်ကျေးမှုအဆင့်မြှင့်တင်လိုသူတို့မှာကား အဆိုပါ လူသားဗီဇမှတစ်ဆင့်တက်၍ ဗြဟ္မစိုရ်ဗီဇထွန်းကားလာရန် ပြုစုပျိုးထောင်ပေးကြရပေလိမ့်မည်။ တည်ငြိမ်အေးချမ်းသော စိတ်ထားဖြင့် နေထိုင်ကာ မေတ္တာပွားများခြင်း၊ ကရုဏာထားခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာမှုကို ၀မ်းမြောက်ခြင်း၊ သတ္တ၀ါအားလုံးအပေါ် ကျောသား ရင်သားမခွဲခြားဘဲ တစ်ပြေးညီစာနာထောက်ထားခြင်းတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့် ပြည့်စုံလာအောင် အားထုတ်ကြိုးပမ်းခြင်း အားဖြင့် မိမိတို့၏စိတ်ဘ၀င်ဝယ် ဗြဟ္မစိုရ်ဗီဇထွန်းကားလာအောင် ပြုစုပျိုးထောင်နိုင်ပါသည်။


ယင်းသို့ စင်ကြယ်မြင့်မြတ်သော ဗြဟ္မစိုရ်ဗီဇနှင့် ပြည့်စုံရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး အားထုတ်ကြိုးပမ်းမှုပြုရမည်သာဖြစ်သည်။ သဘာဝလွန် တန်ခိုးရှင်ဆိုသူများထံ ခယ၀ပ်တွား ပူဇော်သမှုပြုခြင်းမျှဖြင့်ကား လူသားတစ်ဦး၏စိတ်ဘ၀င်ဝယ် ဗြဟ္မစိုရ်ဗီဇ ထွန်းကားလာလိမ့်မည် မဟုတ်ချေ။ မိမိ၏စိတ်ပိုင်းဆိုင်ရာဗီဇကို တိုးတက်ကောင်းမွန်လာအောင် အားထုတ်လုပ်ဆောင်ရာတွင် ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ နတ်ဒေ၀တာ တစ်စုံတစ်ရာ၏ကောင်းချီးပေးမှုကို တောင်းခံနေစရာမလိုပေ။ တောင်းခံနေ၍လည်း မရနိုင်ချေ။ မိမိစိတ်ကိုစင်ကြယ်အောင် ပြုပြင်ရာတွင် မြင့်မြတ်လှပါသည်ဆိုသော မြစ်ရေအတွင်း ရုပ်ခန္ဓာကိုယ်အား သက်ဆင်းဆေးကြောခြင်း အားဖြင့်လည်းကောင်း၊ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်၍ လည်းကောင်း မရနိုင်သလိုသက်ရှိတို့၏ အသွေးအသားဖြင့် ယဇ်ပူဇော်ကာ ဆေးကြောခြင်းဖြင့်လည်း မရနိုင်ပေ။ ကိုယ့်အားကိုယ်ကိုးလျက် ကိုယ့်စိတ်ကိုကိုယ် ပြုပြင်ရမည့်ကိစ္စသာလျှင် ဖြစ်ပေသည်။


မိမိတို့၏ စိတ်ပိုင်းဆိုင်ရာဗီဇကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲလိုသူသည် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း၊ လူသားချင်း မနာလို ၀န်တိုမုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စရိုက်လက္ခဏာဆိုးများအား ပယ်သတ်ဖယ်ရှားပစ်ရမည်။ လူသားချင်း ယိုင်းပင်းကူညီချစ်ခင်မှု၊မေတ္တာကရုဏာထားမှုကဲ့သို့သော အပြုသဘောဆောင်သည့် စရိုက်လက္ခဏာကောင်းများ ရှင်သန်ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးကြရပေမည်။ ဤနည်းအားဖြင့်သာ မိမိတို့ကိုယ်ကိုမိမိတို့ မွန်မြတ်သန့်စင်သော ဗြဟ္မစိုရ်ဗီဇနှင့် ပြည့်စုံသူများဖြစ်လာအောင် လုပ်ဆောင်နိုင်ကြမည် ဖြစ်ပေသည်။


စင်စစ်အားဖြင့် မိမိစိတ်ကို မွန်မြတ်သန့်စင်အောင်ပြုစုပျိုးထောင်ပေးခြင်းသည် ဘာသာမရွေး၊ လူမျိုးမရွေးလူသားတိုင်းဆောင်ရွက် သင့်သော အမွန်မြတ်ဆုံးလုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် လူသားဗီဇကို အသုံးပြုလျက် သားရဲတိရစ္ဆာန်ဗီဇကို သုတ်သင်ဖယ်ရှားပစ်ကြရမည်။ ထို့နောက် မှန်ကန်မြင့်မြတ်ပြီး လောက၏သစ္စာတရားကို ညွှန်ပြနိုင်သော ဘာသာတရားတစ်ခု၏ အဆုံးအမအား ခံယူလိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိတို့စိတ်ဘ၀င်ဝယ် လူသားဗီဇထက် တစ်ဆင့်မြင့်မားသော ဗြဟ္မစိုရ်ဗီဇထွန်းကား လာအောင် လုပ်ဆောင်နိုင်ပေမည်။


ဗုဒ္ဓဘာသာသည် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာဗီဇကို သားရဲတိရစ္ဆာန်ဗီဇမှသည် လူသားဗီဇဆီသို့လည်းကောင်း၊ လူသားဗီဇမှ ဗြဟ္မစိုရ် ဗီဇဆီသို့လည်းကောင်း တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ပေးနိုင်သော ဘာသာတရားတို့ထဲမှ တစ်ခုပင်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ၏ ထူးခြားချက်တစ်ရပ်မှာ ဗုဒ္ဓဘာသာတရားတော်နှင့်အညီ လိုက်နာကျင့်သုံး နေထိုင်ကြမည်ဆိုပါမူ ကျွန်ုပ်တို့သည် ဗြဟ္မစိုရ်ဗီဇထက် တပ်ဆင့်သာလွန်မြင့်မြတ်သော ‘အရိယာဗီဇ’ ဟူသည့် စိတ်ပိုင်းဆိုင်ရာဗီဇတစ်ရပ်ကို ရယူပိုင်ဆိုင်နိုင်ခြင်းပင်ဖြစ်ပေသည်။


အရိယာဗီဇ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဘ၀၏သစ္စာတရားကို မိမိဘာသာ ကြိုးပမ်းအားထုတ်မှု ပြုခြင်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ပိုင်းခြား သိမြင်နားလည်လာကာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်ချမ်းသာနေသည့် အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုသော် သစ္စာဉာဏ်ကို မျက်မှောက်ပြုရခြင်းပင် ဖြစ်သည်။


သစ္စာဉာဏ်ကို မျက်မှောက်ပြုနိုင်ရေးအတွက် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲမှုပြုကြရာတွင် ကျွန်ုပ်တို့အနေနှင့် ပထမဆုံး လုပ်ဆောင်ရ မည့်ကိစ္စမှာ ဗုဒ္ဓ၏တရားတော်တို့ကို ဟုတ်တိုင်းမှန်စွာ နားလည်သဘောပေါက်လာအောင် ဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓသြ၀ါဒ အဆုံးအမများကပေးလိုသော ဆိုလိုရင်းအနှစ်သာရကို သိရှိနားလည်ဖို့ လွန်စွာအရေးကြီးလှပေသည်။ ထိုသို့နားလည် သဘောပေါက်ရန်မှာ ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမသြ၀ါဒ အစစ်အမှန်ကို သိရှိဖို့လိုအပ်ပေသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို မျက်မှောက် ခေတ် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ အံဝင်ခွင်ကျဖြစ်စေရန် မည်သို့ခံယူကျင့်သုံးသွားရမည်ဆိုသော အချက်များကိုလည်း သိရှိထားသင့်ပေသည်။


လူသားတစ်ဦးအဖို့ ဗုဒ္ဓ၏အဆုံးအမ လမ်းစဉ်တို့အား နားလည်သဘောပေါက်ခြင်းသည် သူ၏နှလုံးအိမ်ဝယ် ပရိယတ္တိသာသနာ တည် ခြင်းပင်ဖြစ်ပါသည်။ ယင်းသို့ ဟုတ်တိုင်းမှန်စွာ သိရှိထားသည့်အလျောက် ဗုဒ္ဓညွန်ပြသောလမ်းစဉ်အတိုင်း ဘ၀တစ်သက်တာ လိုက်နာ ကျင့်သုံးသွားမည်ဆိုပါက ထိုသူ၌ပဋိပတ္တိသာသနာ တည်ပေတော့သည်။


ဤသို့ လိုက်နာကျင့်သုံးသွားခြင်းဖြင့် မိမိတို့စိတ်ဘ၀င်ဝယ် အရိယာဗီဇထွန်းကားလာကာ လောက၏သစ္စာတရားကို အရှိအတိုင်းသိမြင် ပြီဆိုပါမူ အဆိုပါပုဂ္ဂိုလ်တွင် ပဋိဝေဓသာသနာ တည်ရှိသွားပြီ ဖြစ်တော့သည်။


လူသားတို့သည် နေ့စဉ်ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် သားရဲတိရစ္ဆာန်ဗီဇ၊ လူသားဗီဇနှင့် ဗြဟ္မစိုရ်ဗီဇတည်းဟူသော စိတ်ပိုင်းဆိုင်ရာဗီဇ သုံးခုအနက်မှ တစ်ခုခု၏လွှမ်းမိုးမှုကို ခံနေကြရစမြဲဖြစ်ကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကောင်းနှင့် ရင်ဆိုင်နေရချိန်တွင် လူသားဗီဇ သို့တည်းမဟုတ် ဗြဟ္မစိုရ်ဗီဇက ပေါ်လွင်ထင်ရှားကာ ယဉ်ကျေးသယောင် အသွင်ဆောင်နေတတ်ကြသည်။ သို့သော် မိမိတို့ ‘အတ္တ’ ကိုထိပါးလာသည့်အခါ အသိတရားလွတ်သွားသည့် အခါမျိုးတွင်ကား လူ့ဘောင်သမိုင်းမတိုင်မီကာလမှအစပြု၍ ဘိုးစဉ်ဘောင်ဆက်ခိုတွယ်ဆက်ခံလာခဲ့ရသော သားရဲတိရစ္ဆာန်ဗီဇက ဘွားဘွားကြီး ပေါ်ထွက်လာတတ်သည်။ ဆိုလိုသည်မှာ လူသားတို့သည် မိမိတို့၏ဗီဇစိတ်ကို အရိယာဗီဇဆီသို့ ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးသရွေ့ ဗီဇစိတ်သုံးမျိုး၏ လွှမ်းမိုးမှုကို အလှည့်ကျခံစားနေရမည်သာ ဖြစ်ပါသည်။ ယင်းဗီဇစိတ်သုံးမျိုး အလှည့်ကျပြောင်းလဲ လွှမ်းမိုးခြင်းကို ခံယူနေရသမျှကာလပတ်လုံး လူသားတို့၏ဒြပ်မဲ့ယဉ်ကျေးမှုသည်လည်း ကျောက်ခေတ်ကာလကထက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာလိမ့်မည် မဟုတ်ပါချေ။


ကျွန်ုပ်တို့လူသားများသည် မိမိတို့၏ဗီဇစိတ်အား အရိယာဗီဇဆီသို့ရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာ အမှန်တကယ်ယဉ်ကျေး သော လူ့ဘောင်လောကကြီးအဖြစ် မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုသို့မြှင့်တင်ရာတွင် ကျွန်ုပ်တို့ လူသားတစ်ဦးချင်းအနေနှင့် ဗုဒ္ဓညွှန်ပြခဲ့ သောလမ်းစဉ်ကို သိရှိနားလည်အောင် အားထုတ်ခြင်းဟူသော ပရိယတ္တိသာသနာ၊ မိမိနားလည်သည့်လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံး ခြင်းဟူသော ပဋိပတ္တိသာသနာတို့နှင့် ပြည့်စုံအောင် အားထုတ်ကြရပေလိမ့်မည်။ ယင်းသာသနာနှစ်ရပ်ပြည့်စုံလာသည်နှင့် လောက၏ သစ္စာတရားကို မချွင်းမချန်သိရှိနားလည်ကာ ဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်ခြင်းဟူသော ပဋိဝေဓသာသနာနှင့် ပြည့်စုံသွားပါလိမ့် မည်။ ထိုသို့ ပဋိဝေဓသာသနာနှင့် ပြည့်စုံသွားသူတို့အဖို့ ဘ၀တစ်လျှောက်တွင် မည်သို့သောလောကဓံ အခြေအနေမျိုးနှင့်မဆို ရင်ဆိုင်ကြုံတွေ့ရပါစေ သူ၏နှလုံးအိမ်ဝယ် အရိယာဗီဇမှတစ်ပါး အခြားမည်သည့်ဗီဇစိတ်မှ ပေါ်ထွန်းမလာနိုင်တော့ချေ။ လူဟူ၍ သတ်သတ်မှတ်မှတ် မဖြစ်ထွန်းမီကာလမှအစပြု၍ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့ရသောဗီဇစိတ်များကို အပြီးသတ်ဖယ်ရှားပစ်နိုင် ခဲ့ပြီဖြစ်သောကြောင့်ပင်။


ဤတွင် ကျွန်ုပ်တို့လူသားများသည် မိမိတို့ကိုယ်ကိုပြန်၍ မေးခွန်းထုတ်ကြည့်သင့်ပါသည်။ ရှေးကတည်ရှိခဲ့သည့် ပိရမစ်ကြီးများ၊ မဟာတံတိုင်းကြီးများ၊ဘုရားရှိခိုးကျောင်းတော်ကြီးများ၊မျှော်စင်ကြီးများအစရှိသည့် ကြီးကျယ်ခမ်းနားသော ပိသုကာလက်ရာများနှင့် မျက်မှောက်ခေတ်တွင် တိုးတက်ထွန်းကားလာသည့် ကွန်ပျူတာကွန်ရက်စနစ်များကိုညွှန်ပြကာ လူ့ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား နေပါပြီဟု ကြွေးကြော်နိုင်ပါပြီလော။ မကြာသေးမီကမှ တိုးတက်ထွန်းကားလာသော ရုပ်ပိုင်းဆိုင်ရာ မျိုးရိုးဗီဇအင်ဂျင်နီယာ အတတ် ပညာသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာဗီဇကိုမူ ဖွံ့ဖြိုးလာအောင် ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် ဓမ္မ လမ်းစဉ်နှင့်အညီ လိုက်နာကျင့်သုံးခြင်းဖြင့်သာ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို မြင့်မားလာအောင် ဆောင်ကြဉ်းနိုင်ကြမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေတော့သည်။


#၀င်းသိန်းဦး


Ref: 1. Buddhism by Chrismas Humphreys

2. Practical Buddhism by K.Sri Dhammananda


(န၀ဒေးမဂ္ဂဇင်း၊အမှတ်-၁၅၊၂၀၀၁-ခုနှစ်၊မတ်လ။)


[Zawgyi]ကြၽႏ္ုပ္တို႔ အမွန္တကယ္ ယဉ္ေက်းၾကၿပီေလာ




#Humanism

#Civilization

#ဘာသာအယူဝါဒ


(လူသားဆိုတာ တိရစၧာန္ေတြလို အရိုင္းအစိုင္းသက္သက္မျဖစ္သင့္သလို မ်ိဳးမတူကြဲျပားမႈကိုလက္ခံၿပီး အယူဝါဒမတူသူမ်ားနဲ႔ ယွဉ္တြဲ ေနထိုင္ႏိုင္ဖို႔ ယဉ္ေက်းဖို႔လိုပါတယ္။ ေခတ္ေတြဘယ္ေလာက္ေျပာင္းေျပာင္း ေက်ာက္ေခတ္ကထက္ လူ႔ယဉ္ေက်းမႈတိုးတက္ျမင့္မား လာဖို႔ေကာင္းတာေပါ့။ ႏိုင္ငံတစ္ႏိုင္ငံရဲ့ ပံုရိပ္ဆိုတာ ႏိုင္ငံသားေတြရဲ့ လူ႔အခြင့္အေရးနားလည္သိတတ္မႈ၊ လူယဉ္ေက်းမႈအဆင့္ အတန္း ျမင့္မားမႈေတြကလည္း တစ္မ်ိဳးတစ္မည္ေဖာ္ေဆာင္ႏိုင္တယ္မဟုတ္လား။)


လူသားတို႔၏ ဘ၀တစ္သက္တာ ကံၾကမၼာကို သူတို႔၏ ေမြးရာပါဗီဇႏွင့္ ပတ္ဝန္းက်င္တို႔က မ်ားစြာၾသဇာသက္ေရာက္လ်က္ ရိွေပသည္။ ဗီဇဟုဆိုရာတြင္ ရုပ္ပိုင္းဆိုင္ရာဗီဇႏွင့္ စိတ္ပိုင္းဆိုင္ရာဗီဇဟူ၍ ခြဲျခားသတ္မွတ္ႏိုင္သည္။ ေရွးအခါက ရုပ္ပိုင္းဆိုင္ရာဗီဇဟူသည္ ေမြးရာပါ ျဖစ္ေသာေၾကာင့္ ျပဳျပင္ေျပာင္းလဲ၍ မရႏိုင္ဟု ထင္ျမင္ယူဆခဲ့ၾကသည္။


မ်က္ေမွာက္ေခတ္တြင္မူ သိပၸံပညာထြန္းကားလာသၫ့္အေလ်ာက္ မ်ိဳးရိုးဗီဇအင္ဂ်င္နီယာပညာျဖင့္ လူသားတို႔၏ ရုပ္ပိုင္းဆိုင္ရာဗီဇကို ျပဳျပင္ေျပာင္းလဲ၍ ရလာၿပီျဖစ္သည္။ ယင္းကိုပင္ သိပၸံပညာ၏ႀကီးက်ယ္ခမ္းနားေသာ ေအာင္ျမင္မႈတစ္ရပ္အျဖစ္လည္း ဂုဏ္ယူဝင့္ႂကြား ေနၾကသည္။


ရုပ္ပိုင္းဆိုင္ရာ  အေသြးအသားႏွင့္ စပ္ဆိုင္ေသာမ်ိဳးရိုးဗီဇကို ျပဳျပင္ေျပာင္းလဲေပးႏိုင္ျခင္းသည္ လူသားထုအတြက္ အတိုင္းအတာတစ္ရပ္ အထိ အက်ိဳးေက်းဇူးျပဳႏိုင္သည္ကားမွန္ေပသည္။ သို႔ေသာ္ စိတ္ပိုင္းဆိုင္ရာဗီဇကို တိုးတက္ေကာင္းမြန္ေအာင္ ျပဳျပင္ေျပာင္းလဲမႈ မျပဳႏိုင္ ေသးသေရြ့ လူသားတို႔၏ ယဉ္ေက်းမႈအဆင့္အတန္းသည္ ေက်ာက္ေခတ္ကထက္ တစ္ဆင့္ျမင့္မားတိုးတက္ လာၿပီဟု မဆိုႏိုင္ေသး ေခ်။


ယဉ္ေက်းမႈဟုဆိုရာတြင္ ျဒပ္ရိွယဉ္ေက်းမႈ (Tangible Culture) ႏွင့္ ျဒပ္မဲ့ယဉ္ေက်းမႈ (Intangible Culture) ဟူ၍ရိွေပသည္။ ျဒပ္ရိွ ယဉ္ေက်းမႈဆိုသည္မွာ ကိုင္တြယ္ထိေတြ့ေဖာ္ျပႏိုင္ေသာ၊ သိသာျမင္လြယ္ေသာ ျပယုဂ္သေကၤတမ်ားပင္ ျဖစ္သည္။ ပမာဆိုရေသာ္ ကမ႓ာ့အံ့ဖြယ္ပိရမစ္ႀကီးမ်ား၊ မဟာတံတိုင္းႀကီးမ်ား၊ ဘုရားရိွခိုးေက်ာင္းေတာ္ႀကီးမ်ား၊ နန္းေတာ္ႀကီးမ်ား၊ပိသုကာလက္ရာမ်ားႏွင့္ အႏု သုခုမပစၥည္းမ်ားပင္ ျဖစ္သည္။


ယင္းသို႔ ေရွးေဟာင္းလက္ရာ အေမြအႏွစ္ မရိွေစကာမူ မ်က္ေမွာက္ေခတ္၌ ဓနဥစၥာႂကြယ္ဝခ်မ္းသာမႈတြင္ ေရ႔ွတန္းေရာက္လာၾကေသာ လူ႔အဖြဲ႔အစည္းမ်ားကလည္း ကမ႓ာ့အျမင့္ဆံုးေမ်ွာ္စင္ႀကီးမ်ား၊ အဆန္းၾကယ္ဆံုး အေဆာက္အဦမ်ားအစရိွသၫ့္ ထင္သာျမင္သာေသာ သေကၤတမ်ားကို သူ႔ထက္ငါအၿပိဳင္အဆိုင္ တည္ေဆာက္ကာ မိမိတို႔၏ ျဒပ္ရိွယဉ္ေက်းမႈ အဆင့္အတန္းအား ျမႇင့္တင္ျပေနၾကသည္။


လူသားတို႔သည္ အဆိုပါျဒပ္ရိွယဉ္ေက်းမႈလက္ရာ အစုစုတို႔ကို ရည္ၫႊန္းလ်က္ မိမိတို႔ဆိုင္ရာဆိုင္ရာ လူ႔အဖြဲ႔အစည္းအတြက္ မာန္မာနတက္ေနၾကသည္။ ယင္းျဒပ္ရိွယဉ္ေက်းမႈ လက္ရာမ်ားကိုျပကာ မိမိတို႔လူ႔အဖြဲ႔အစည္းသည္ ကမ႓ာ့သမိုင္းတြင္ ယဉ္ေက်းမႈ တိုးတက္ထြန္းကားေသာလူ႔အဖြဲ႔အစည္း အျဖစ္လည္းေကာင္း၊ မိမိတို႔လူမ်ိဳးသည္ ယဉ္ေက်းေသာလူမ်ိဳး အျဖစ္လည္းေကာင္း ဂုဏ္ယူ ၀င့္ႂကြားခဲ့၊၀င့္ႂကြားဆဲ၊ ၀င့္ႂကြားရန္အားထုတ္ေနၾကၿမဲျဖစ္သည္။


မိမိတို႔ကဲ့သို႔ ျဒပ္ရိွယဉ္ေက်းမႈမျပႏိုင္သၫ့္ လူ႔အဖြဲ႔အစည္းအခ်ိဳ႕ကိုမူ မိမိတို႔ေလာက္မယဉ္ေက်းေသာ လူ႔အဖြဲ႔အစည္းဟု အထင္ အျမင္ေသးတတ္ၾကသည္။ မိမိတို႔ပိုင္ဆိုင္သၫ့္ ရုပ္ဝတၴုပစၥည္းမ်ားသည္ မိမိတို႔၏ယဉ္ေက်းမႈျပယုဂ္ဟုပင္ ထင္ျမင္ေနၾကသည္။


စင္စစ္အားျဖင့္ အဆိုပါျဒပ္ရိွယဉ္ေက်းမႈမ်ားအား ပိုင္ဆိုင္ရံုျဖင့္ မိမိတို႔၏လူ႔အဖြဲ႔အစည္းကို ယဉ္ေက်းလွၿပီဟု ေကာက္ခ်က္ဆြဲ၍ မရႏိုင္ ေခ်။ လူ႔အဖြဲ႔အစည္းတစ္ခုယဉ္ေက်းသည္ မယဉ္ေက်းသည္ဆိုျခင္းကို အဓိကအားျဖင့္ အဆံုးအျဖတ္ေပးႏိုင္ေသာ ‘စံမွတ္ေက်ာက္’ မွာ ျဒပ္မဲ့ယဉ္ေက်းမႈသာလ်ွင္ ျဖစ္ေပသည္။ ျဒပ္မဲ့ယဉ္ေက်းမႈဆိုသည္မွာ သက္ဆိုင္ရာလူ႔အဖြဲ႔အစည္းတစ္ခုအတြင္း ေနထိုင္ၾကကုန္ေသာ လူသားထုအတြင္း စိမ့္ဝင္ပ်ံ့ႏွံ႔လ်က္ရိွသၫ့္ ယံုၾကည္မႈ၊ တန္ဖိုးထားတတ္မႈ၊ သေဘာထားခံယူခ်က္၊ ဘ၀အျမင္ႏွင့္ ကိုယ္က်င့္တရားတို႔ ပင္ျဖစ္သည္။


လူ႔အဖြဲ႔အစည္းတစ္ခုသည္ ျဒပ္ရိွယဉ္ေက်းမႈမည္မ်ွပင္ပိုင္ဆိုင္ပါေစ ေတာတြင္းေနလူသားစား လူရိုင္းတို႔ႏွင့္ျခားနားသာလြန္ ျမင့္မား ေသာ ယံုၾကည္မႈ၊ တန္ဖိုးထားတတ္မႈ၊ သေဘာထားခံယူခ်က္၊ ဘ၀အျမင္ႏွင့္ ကိုယ္က်င့္တရားတို႔သာမရိွပါက ထိုလူ႔အဖြဲ႔အစည္းဝင္ တို႔အား လူယဉ္ေက်းမ်ားဟု မသတ္မွတ္ႏိုင္ေပ။ အဆိုပါ ျဒပ္မဲ့ယဉ္ေက်းမႈအား အဓိကျပဌာန္းေပးေနသည္မွာ တိုးတက္ထြန္းကားလွ ပါသည္ဆိုေသာ သိပၸံပညာျဖင့္ ျပဳျပင္ေျပာင္းလဲေပး၍ မရႏိုင္ေသာ စိတ္ပိုင္းဆိုင္ရာဗီဇသာလ်ွင္ ျဖစ္ေပသည္။


လူသားတိုင္း လူသားတိုင္းတြင္ ပင္ကိုယ္မူလအားျဖင့္ စိတ္ပိုင္းဆိုင္ရာဗီဇ သံုးမ်ိဳးသံုးစားရိွေပသည္။ ယင္းတို႔မွာ (၁) သားရဲတိရစၧာန္ဗီဇ၊ (၂) လူသားဗီဇ ႏွင့္ (၃) ျဗဟၼစိုရ္ဗီဇတို႔ပင္ျဖစ္သည္။ လူသားတိုင္းသည္ ယင္းတို႔၏အလိုဆႏၵျပၫ့္ဝေစေရးအတြက္ ရုန္းကန္လႈပ္ရွား ေနခ်ိန္တြင္ ယင္းဗီဇသံုးမ်ိဳးထဲမွ တစ္မ်ိဳးမ်ိဳး၏ ၾသဇာလႊမ္းမိုးမႈကို ခံယူေနၾကရသည္။


လူသားတို႔၏ မေနကံေျမာက္ ႀကံစည္ေတြးေခၚမႈမ်ားသည္ ျမင့္ျမတ္မွန္ကန္ေသာ ဘာသာတရားတစ္ခု၏ ဆံုးမသြန္သင္ၫႊန္ျပမႈကို မခံယူ ရသၫ့္အခါမ်ိဳးတြင္ သားရဲတိရစၧာန္ဗီဇက လူသားတို႔အား လႊမ္းမိုးခ်ယ္လွယ္ထားတတ္စၿမဲျဖစ္သည္။ မိမိတို႔ကိုယ္ကို ‘လူ’ ဟူ၍အသိ အမွတ္မျပဳမိမီကာလမွအစျပဳ၍ မ်ိဳးဆက္တစ္ခုၿပီးတစ္ခု လက္ဆင့္ကမ္း အေမြဆက္ခံရရိွခဲ့ေသာ သားရဲတိရစၧာန္ဗီဇအခ်ိဳ႕မွာ ယဉ္ေက်းမႈ တိုးတက္လွပါသည္ဆိုေသာ မ်က္ေမွာက္ေခတ္တိုင္ေအာင္ လူသားတို႔ထံ၌ က်န္ရိွေနေပေသးသည္။


လူသားတို႔သည္ ရုပ္ပိုင္းဆိုင္ရာအားျဖင့္ တေရြ့ေရြ့ေျပာင္းလဲ တိုးတက္လာသည္ကား မွန္ပါသည္။ သို႔ေသာ္စိတ္ပိုင္းဆိုင္ရာအားျဖင့္ ကား ေအာက္တန္းက် ေသးသိမ္လွသၫ့္ ေတြးေခၚေျမာ္ျမင္မႈ၊ ဓေလ့စရိုက္ႏွင့္ ကိုယ္က်င့္တရားတို႔မွာ ေက်ာက္ေခတ္လူသားတို႔ႏွင့္ မျခား တည္ရိွေနဆဲသာျဖစ္သည္။ အစစအရာရာ အဆင္ေျပေခ်ာေမြ့ေသာအေျခအေနမ်ိဳးတြင္မူ လူသားတို႔၏ ေအာက္တန္းက်၍ ရိုင္းစိုင္းယုတ္ညံ့ေသာ စိတ္ပိုင္းဆိုင္ရာဗီဇစိတ္မ်ားမွာ ေပၚလြင္ထင္ရွားမႈ မရိွတတ္ေခ်။ သို႔ေသာ္ ယင္းအေျခအေနမွသည္ တစ္စံုတစ္ရာ အေျပာင္းအလဲ ျဖစ္ေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ လူသားတို႔ရင္ဝယ္ တိမ္ျမႇဳပ္ ဖံုးကြယ္ေနသၫ့္ ေလာဘ၊ေဒါသ၊ မာန္မာနတရားတို႔ သည္ မီးေတာင္ေပါက္ကြဲသကဲ့သို႔ အရိွန္အဟုန္ျပင္းထန္စြာ ထြက္ေပၚလာတတ္စၿမဲ ျဖစ္သည္။


ယင္းသည္ လူသားတို႔၏စိတ္ဘ၀င္တြင္ နက္ရိႈင္းစြာခိုေအာင္းလ်က္ရိွေသာ အာသာဆႏၵႏွင့္ အလိုရမၼက္တို႔၏ အက်ိဳးဆက္လည္း ျဖစ္ေပသည္။ မည္မ်ွစိတ္သေဘာထားေကာင္းလွပါသည္ဆိုေသာသူပင္ မိမိကိုယ္က်ိဳးစီးပြားထိခိုက္လာပါမူ သတိလက္လြတ္ေတြးေခၚ၊ ေျပာဆို၊ ျပဳမူလာတတ္ၾကသည္။ ထိုသို႔ေသာ အေျခအေနမ်ိဳးတြင္ လူသားတစ္ဦး၏ စိတ္ပိုင္းဆိုင္ရာ အေျခအေနသည္ တိရစၧာန္ တစ္ေကာင္ႏွင့္ ဘာမ်ွထူးျခားမႈ မရိွေတာ့ေခ်။ ကြၽႏ္ုပ္တို႔ေျပာဆိုေလ့ရိွေသာ ‘ကမ႓ာမီးေလာင္ သားေကာင္ခ်နင္း’ ဟူသၫ့္ ဆိုရိုးစကားက လူသားတို႔ထံတြင္ သားရဲတိရစၧာန္ဗီဇ ရိွေနေသးေၾကာင္း ေဖာ္က်ူးလ်က္ရိွေပသည္။


လူသားတို႔တြင္ သားရဲတိရစၧာန္ဗီဇငုပ္လ်ိႈး တည္ရိွေစကာမူ လူသားႏွင့္တိရစၧာန္တို႔အၾကားတြင္ အဓိကအက်ဆံုး ကြဲျပားျခားနားသၫ့္ စရိုက္လကၡဏာတစ္ရပ္ေတာ့ရိွပါသည္။ လူသားက မိမိတို႔ဘ၀၏ ျဖစ္တည္မႈႏွင့္ မိမိပတ္ဝန္းက်င္ရိွ ျဖစ္ပ်က္ျပဳျပင္ေျပာင္းလဲမႈမ်ားအား ဆင္ျခင္တံုတရားျဖင့္ တုန႔္ျပန္မႈျပဳတတ္ၿပီး တိရစၧာန္တို႔ကမူ ခံစားမႈ သက္သက္ ျဖင့္သာ တံု႔ျပန္တတ္ျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ လူသားတို႔တြင္ သားရဲတိရစၧာန္တို႔ထက္ ႏိႈင္းမရေအာင္ သာလြန္ဖြံ႔ၿဖိဳးေသာ အသိဉာဏ္ရိွသည္ဟု ဆိုႏိုင္ပါသည္။ သို႔ေသာ္ ‘အဝိဇၨာ’ တည္းဟူေသာ အျမင္လြဲမွားမႈက အသိဉာဏ္၏စြမ္းရည္ကို အျပၫ့္အ၀အသံုးမခ်ႏိုင္ေအာင္ ေနွာင့္ယွက္ ဟန႔္တားထားတတ္ေပသည္။ ဘာသာတရားအသီးသီးသည္ လူသားတို႔၏အျမင္လြဲမွားမႈအားဖယ္ရွားပစ္ရန္ မ်ိဳးရိုးစဉ္ဆက္ အျမစ္တြယ္တည္ရိွခဲ့ေသာ သားရဲတိရစၧာန္ ဗီဇအား သုတ္သင္ရွင္းလင္းရန္ႏွင့္ အၾကင္နာတရားျပၫ့္ဝေသာ အရည္အေသြးမ်ား ျပဳစုပ်ိဳးေထာင္ေပးရန္ဟူသၫ့္ ရည္ရြယ္ခ်က္မ်ားျဖင့္ ေပၚထြန္းလာခဲ့ျခင္း ျဖစ္ေပသည္။


လူသားတစ္ဦးသည္ ၾကင္နာသနားတတ္ျခင္း၊ သူတစ္ပါး၏အက်ိဳးစီးပြားကို ထၫ့္သြင္းစဉ္းစားတတ္ျခင္းႏွင့္ အျခားသူတို႔ႀကံဳေတြ့ေနရ ေသာ ဒုကၡဆင္းရဲအခက္အခဲတို႔မွ လြတ္ေျမာက္ေစရန္ ကူညီေျဖရွင္းေပးတတ္ျခင္းတည္းဟူေသာ အရည္အေသြးမ်ားႏွင့္ ျပၫ့္စံုေနၿပီဆို လ်ွင္ ယင္းလူသား၏စိတ္ဘ၀င္ဝယ္ လူသားဗီဇထြန္းကားေနၿပီျဖစ္ေၾကာင္း အကဲခတ္သိရိွႏိုင္ပါသည္။ ယင္းသို႔ လူသားဗီဇထြန္းကားေန ျခင္းသည္ လူသားတစ္ဦးအဖို႔ ပံုမွန္အေျခအေနပင္ျဖစ္သည္။ မိမိတို႔ကိုယ္ကို ယဉ္ေက်းမႈအဆင့္ျမႇင့္တင္လိုသူတို႔မွာကား အဆိုပါ လူသားဗီဇမွတစ္ဆင့္တက္၍ ျဗဟၼစိုရ္ဗီဇထြန္းကားလာရန္ ျပဳစုပ်ိဳးေထာင္ေပးၾကရေပလိမ့္မည္။ တည္ၿငိမ္ေအးခ်မ္းေသာ စိတ္ထားျဖင့္ ေနထိုင္ကာ ေမတၲာပြားမ်ားျခင္း၊ ကရုဏာထားျခင္း၊ သူတစ္ပါး ႀကီးပြားခ်မ္းသာမႈကို ၀မ္းေျမာက္ျခင္း၊ သတၲဝါအားလံုးအေပၚ ေက်ာသား ရင္သားမခြဲျခားဘဲ တစ္ေျပးညီစာနာေထာက္ထားျခင္းတည္းဟူေသာ ျဗဟၼစိုရ္တရားေလးပါးႏွင့္ ျပၫ့္စံုလာေအာင္ အားထုတ္ႀကိဳးပမ္းျခင္း အားျဖင့္ မိမိတို႔၏စိတ္ဘ၀င္ဝယ္ ျဗဟၼစိုရ္ဗီဇထြန္းကားလာေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္ပါသည္။


ယင္းသို႔ စင္ၾကယ္ျမင့္ျမတ္ေသာ ျဗဟၼစိုရ္ဗီဇႏွင့္ ျပၫ့္စံုရန္မွာ ကိုယ့္အားကိုယ္ကိုးၿပီး အားထုတ္ႀကိဳးပမ္းမႈျပဳရမည္သာျဖစ္သည္။ သဘာဝလြန္ တန္ခိုးရွင္ဆိုသူမ်ားထံ ခယ၀ပ္တြား ပူေဇာ္သမႈျပဳျခင္းမ်ျွဖင့္ကား လူသားတစ္ဦး၏စိတ္ဘ၀င္ဝယ္ ျဗဟၼစိုရ္ဗီဇ ထြန္းကားလာလိမ့္မည္ မဟုတ္ေခ်။ မိမိ၏စိတ္ပိုင္းဆိုင္ရာဗီဇကို တိုးတက္ေကာင္းမြန္လာေအာင္ အားထုတ္လုပ္ေဆာင္ရာတြင္ ဖန္ဆင္းရွင္၊ တန္ခိုးရွင္၊ နတ္ေဒ၀တာ တစ္စံုတစ္ရာ၏ေကာင္းခ်ီးေပးမႈကို ေတာင္းခံေနစရာမလိုေပ။ ေတာင္းခံေန၍လည္း မရႏိုင္ေခ်။ မိမိစိတ္ကိုစင္ၾကယ္ေအာင္ ျပဳျပင္ရာတြင္ ျမင့္ျမတ္လွပါသည္ဆိုေသာ ျမစ္ေရအတြင္း ရုပ္ခႏၶာကိုယ္အား သက္ဆင္းေဆးေၾကာျခင္း အားျဖင့္လည္းေကာင္း၊ မိမိကိုယ္ကို ၫွဉ္းပန္းႏိွပ္စက္၍ လည္းေကာင္း မရႏိုင္သလိုသက္ရိွတို႔၏ အေသြးအသားျဖင့္ ယဇ္ပူေဇာ္ကာ ေဆးေၾကာျခင္းျဖင့္လည္း မရႏိုင္ေပ။ ကိုယ့္အားကိုယ္ကိုးလ်က္ ကိုယ့္စိတ္ကိုကိုယ္ ျပဳျပင္ရမၫ့္ကိစၥသာလ်ွင္ ျဖစ္ေပသည္။


မိမိတို႔၏ စိတ္ပိုင္းဆိုင္ရာဗီဇကို တိုးတက္ေကာင္းမြန္ေအာင္ ျပဳျပင္ေျပာင္းလဲလိုသူသည္ ဆင္ျခင္တံုတရားကင္းမဲ့ျခင္း၊ လူသားခ်င္း မနာလို ၀န္တိုမုန္းတီးျခင္းႏွင့္ တစ္ကိုယ္ေကာင္းဆန္ျခင္းကဲ့သို႔ေသာ အပ်က္သေဘာေဆာင္သၫ့္ စရိုက္လကၡဏာဆိုးမ်ားအား ပယ္သတ္ဖယ္ရွားပစ္ရမည္။ လူသားခ်င္း ယိုင္းပင္းကူညီခ်စ္ခင္မႈ၊ေမတၲာကရုဏာထားမႈကဲ့သို႔ေသာ အျပဳသေဘာေဆာင္သၫ့္ စရိုက္လကၡဏာေကာင္းမ်ား ရွင္သန္ဖြံ႔ၿဖိဳးလာေအာင္ ျပဳစုပ်ိဳးေထာင္ေပးၾကရေပမည္။ ဤနည္းအားျဖင့္သာ မိမိတို႔ကိုယ္ကိုမိမိတို႔ မြန္ျမတ္သန႔္စင္ေသာ ျဗဟၼစိုရ္ဗီဇႏွင့္ ျပၫ့္စံုသူမ်ားျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္ၾကမည္ ျဖစ္ေပသည္။


စင္စစ္အားျဖင့္ မိမိစိတ္ကို မြန္ျမတ္သန႔္စင္ေအာင္ျပဳစုပ်ိဳးေထာင္ေပးျခင္းသည္ ဘာသာမေရြး၊ လူမ်ိဳးမေရြးလူသားတိုင္းေဆာင္ရြက္ သင့္ေသာ အမြန္ျမတ္ဆံုးလုပ္ငန္းတစ္ရပ္လည္း ျဖစ္သည္။ ကြၽႏ္ုပ္တို႔သည္ လူသားဗီဇကို အသံုးျပဳလ်က္ သားရဲတိရစၧာန္ဗီဇကို သုတ္သင္ဖယ္ရွားပစ္ၾကရမည္။ ထို႔ေနာက္ မွန္ကန္ျမင့္ျမတ္ၿပီး ေလာက၏သစၥာတရားကို ၫႊန္ျပႏိုင္ေသာ ဘာသာတရားတစ္ခု၏ အဆံုးအမအား ခံယူလိုက္နာက်င့္သံုးျခင္းအားျဖင့္ မိမိတို႔စိတ္ဘ၀င္ဝယ္ လူသားဗီဇထက္ တစ္ဆင့္ျမင့္မားေသာ ျဗဟၼစိုရ္ဗီဇထြန္းကား လာေအာင္ လုပ္ေဆာင္ႏိုင္ေပမည္။


ဗုဒၶဘာသာသည္ လူသားတို႔၏ စိတ္ပိုင္းဆိုင္ရာဗီဇကို သားရဲတိရစၧာန္ဗီဇမွသည္ လူသားဗီဇဆီသို႔လည္းေကာင္း၊ လူသားဗီဇမွ ျဗဟၼစိုရ္ ဗီဇဆီသို႔လည္းေကာင္း တစ္ဆင့္ၿပီး တစ္ဆင့္ျမႇင့္တင္ေပးႏိုင္ေသာ ဘာသာတရားတို႔ထဲမွ တစ္ခုပင္ျဖစ္သည္။ သို႔ေသာ္ ဗုဒၶဘာသာ၏ ထူးျခားခ်က္တစ္ရပ္မွာ ဗုဒၶဘာသာတရားေတာ္ႏွင့္အညီ လိုက္နာက်င့္သံုး ေနထိုင္ၾကမည္ဆိုပါမူ ကြၽႏ္ုပ္တို႔သည္ ျဗဟၼစိုရ္ဗီဇထက္ တပ္ဆင့္သာလြန္ျမင့္ျမတ္ေသာ ‘အရိယာဗီဇ’ ဟူသၫ့္ စိတ္ပိုင္းဆိုင္ရာဗီဇတစ္ရပ္ကို ရယူပိုင္ဆိုင္ႏိုင္ျခင္းပင္ျဖစ္ေပသည္။


အရိယာဗီဇ ပိုင္ဆိုင္ျခင္းဆိုသည္မွာ ဘ၀၏သစၥာတရားကို မိမိဘာသာ ႀကိဳးပမ္းအားထုတ္မႈ ျပဳျခင္းအားျဖင့္ ဟုတ္တိုင္းမွန္စြာ ပိုင္းျခား သိျမင္နားလည္လာကာ စိတ္ပိုင္းဆိုင္ရာ ဒုကၡဆင္းရဲအေပါင္းမွ လြတ္ေျမာက္ခ်မ္းသာေနသၫ့္ အေျခအေနတစ္ရပ္ပင္ ျဖစ္သည္။ တစ္နည္းဆိုေသာ္ သစၥာဉာဏ္ကို မ်က္ေမွာက္ျပဳရျခင္းပင္ ျဖစ္သည္။


သစၥာဉာဏ္ကို မ်က္ေမွာက္ျပဳႏိုင္ေရးအတြက္ မိမိတို႔ကိုယ္ကို ျပဳျပင္ေျပာင္းလဲမႈျပဳၾကရာတြင္ ကြၽႏ္ုပ္တို႔အေနႏွင့္ ပထမဆံုး လုပ္ေဆာင္ရ မၫ့္ကိစၥမွာ ဗုဒၶ၏တရားေတာ္တို႔ကို ဟုတ္တိုင္းမွန္စြာ နားလည္သေဘာေပါက္လာေအာင္ ေဆာင္ရြက္ရန္ပင္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ဗုဒၶၾသ၀ါဒ အဆံုးအမမ်ားကေပးလိုေသာ ဆိုလိုရင္းအႏွစ္သာရကို သိရိွနားလည္ဖို႔ လြန္စြာအေရးႀကီးလွေပသည္။ ထိုသို႔နားလည္ သေဘာေပါက္ရန္မွာ ဗုဒၶ၏လမ္းၫႊန္အဆံုးအမၾသ၀ါဒ အစစ္အမွန္ကို သိရိွဖို႔လိုအပ္ေပသည္။ ထို႔အျပင္ ဗုဒၶဘာသာကို မ်က္ေမွာက္ ေခတ္ လူ႔အဖြဲ႔အစည္းႏွင့္ လိုက္ေလ်ာညီေထြ အံဝင္ခြင္က်ျဖစ္ေစရန္ မည္သို႔ခံယူက်င့္သံုးသြားရမည္ဆိုေသာ အခ်က္မ်ားကိုလည္း သိရိွထားသင့္ေပသည္။


လူသားတစ္ဦးအဖို႔ ဗုဒၶ၏အဆံုးအမ လမ္းစဉ္တို႔အား နားလည္သေဘာေပါက္ျခင္းသည္ သူ၏ႏွလံုးအိမ္ဝယ္ ပရိယတၲိသာသနာ တည္ ျခင္းပင္ျဖစ္ပါသည္။ ယင္းသို႔ ဟုတ္တိုင္းမွန္စြာ သိရိွထားသၫ့္အေလ်ာက္ ဗုဒၶၫြန္ျပေသာလမ္းစဉ္အတိုင္း ဘ၀တစ္သက္တာ လိုက္နာ က်င့္သံုးသြားမည္ဆိုပါက ထိုသူ၌ပဋိပတၲိသာသနာ တည္ေပေတာ့သည္။


ဤသို႔ လိုက္နာက်င့္သံုးသြားျခင္းျဖင့္ မိမိတို႔စိတ္ဘ၀င္ဝယ္ အရိယာဗီဇထြန္းကားလာကာ ေလာက၏သစၥာတရားကို အရိွအတိုင္းသိျမင္ ၿပီဆိုပါမူ အဆိုပါပုဂၢိုလ္တြင္ ပဋိေဝဓသာသနာ တည္ရိွသြားၿပီ ျဖစ္ေတာ့သည္။


လူသားတို႔သည္ ေန့စဉ္ႀကံဳေတြ့ေနရေသာ ျပႆနာအခက္အခဲမ်ားကို ရင္ဆိုင္ေျဖရွင္းေနခ်ိန္တြင္ သားရဲတိရစၧာန္ဗီဇ၊ လူသားဗီဇႏွင့္ ျဗဟၼစိုရ္ဗီဇတည္းဟူေသာ စိတ္ပိုင္းဆိုင္ရာဗီဇ သံုးခုအနက္မွ တစ္ခုခု၏လႊမ္းမိုးမႈကို ခံေနၾကရစၿမဲျဖစ္ေၾကာင္း တင္ျပခဲ့ၿပီးျဖစ္သည္။ ပတ္ဝန္းက်င္ အေျခအေနေကာင္းႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ လူသားဗီဇ သို႔တည္းမဟုတ္ ျဗဟၼစိုရ္ဗီဇက ေပၚလြင္ထင္ရွားကာ ယဉ္ေက်းသေယာင္ အသြင္ေဆာင္ေနတတ္ၾကသည္။ သို႔ေသာ္ မိမိတို႔ ‘အတၲ’ ကိုထိပါးလာသၫ့္အခါ အသိတရားလြတ္သြားသၫ့္ အခါမ်ိဳးတြင္ကား လူ႔ေဘာင္သမိုင္းမတိုင္မီကာလမွအစျပဳ၍ ဘိုးစဉ္ေဘာင္ဆက္ခိုတြယ္ဆက္ခံလာခဲ့ရေသာ သားရဲတိရစၧာန္ဗီဇက ဘြားဘြားႀကီး ေပၚထြက္လာတတ္သည္။ ဆိုလိုသည္မွာ လူသားတို႔သည္ မိမိတို႔၏ဗီဇစိတ္ကို အရိယာဗီဇဆီသို႔ ျပဳျပင္ေျပာင္းလဲမႈ မျပဳႏိုင္ေသးသေရြ့ ဗီဇစိတ္သံုးမ်ိဳး၏ လႊမ္းမိုးမႈကို အလွၫ့္က်ခံစားေနရမည္သာ ျဖစ္ပါသည္။ ယင္းဗီဇစိတ္သံုးမ်ိဳး အလွၫ့္က်ေျပာင္းလဲ လႊမ္းမိုးျခင္းကို ခံယူေနရသမ်ွကာလပတ္လံုး လူသားတို႔၏ျဒပ္မဲ့ယဉ္ေက်းမႈသည္လည္း ေက်ာက္ေခတ္ကာလကထက္ ထူးထူးျခားျခား တိုးတက္ေျပာင္းလဲလာလိမ့္မည္ မဟုတ္ပါေခ်။


ကြၽႏ္ုပ္တို႔လူသားမ်ားသည္ မိမိတို႔၏ဗီဇစိတ္အား အရိယာဗီဇဆီသို႔ေရာက္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးႏိုင္မွသာ အမွန္တကယ္ယဉ္ေက်း ေသာ လူ႔ေဘာင္ေလာကႀကီးအျဖစ္ ျမႇင့္တင္ႏိုင္ေပလိမ့္မည္။ ထိုသို႔ျမႇင့္တင္ရာတြင္ ကြၽႏ္ုပ္တို႔ လူသားတစ္ဦးခ်င္းအေနႏွင့္ ဗုဒၶၫႊန္ျပခဲ့ ေသာလမ္းစဉ္ကို သိရိွနားလည္ေအာင္ အားထုတ္ျခင္းဟူေသာ ပရိယတၲိသာသနာ၊ မိမိနားလည္သၫ့္လမ္းစဉ္အတိုင္း လိုက္နာက်င့္သံုး ျခင္းဟူေသာ ပဋိပတၲိသာသနာတို႔ႏွင့္ ျပၫ့္စံုေအာင္ အားထုတ္ၾကရေပလိမ့္မည္။ ယင္းသာသနာႏွစ္ရပ္ျပၫ့္စံုလာသည္ႏွင့္ ေလာက၏ သစၥာတရားကို မခြၽင္းမခ်န္သိရိွနားလည္ကာ ဆင္းရဲျခင္းအေပါင္းမွလြတ္ေျမာက္ျခင္းဟူေသာ ပဋိေဝဓသာသနာႏွင့္ ျပၫ့္စံုသြားပါလိမ့္ မည္။ ထိုသို႔ ပဋိေဝဓသာသနာႏွင့္ ျပၫ့္စံုသြားသူတို႔အဖို႔ ဘ၀တစ္ေလ်ွာက္တြင္ မည္သို႔ေသာေလာကဓံ အေျခအေနမ်ိဳးႏွင့္မဆို ရင္ဆိုင္ႀကံဳေတြ့ရပါေစ သူ၏ႏွလံုးအိမ္ဝယ္ အရိယာဗီဇမွတစ္ပါး အျခားမည္သၫ့္ဗီဇစိတ္မွ ေပၚထြန္းမလာႏိုင္ေတာ့ေခ်။ လူဟူ၍ သတ္သတ္မွတ္မွတ္ မျဖစ္ထြန္းမီကာလမွအစျပဳ၍ လက္ဆင့္ကမ္း အေမြဆက္ခံခဲ့ရေသာဗီဇစိတ္မ်ားကို အၿပီးသတ္ဖယ္ရွားပစ္ႏိုင္ ခဲ့ၿပီျဖစ္ေသာေၾကာင့္ပင္။


ဤတြင္ ကြၽႏ္ုပ္တို႔လူသားမ်ားသည္ မိမိတို႔ကိုယ္ကိုျပန္၍ ေမးခြန္းထုတ္ၾကၫ့္သင့္ပါသည္။ ေရွးကတည္ရိွခဲ့သၫ့္ ပိရမစ္ႀကီးမ်ား၊ မဟာတံတိုင္းႀကီးမ်ား၊ဘုရားရိွခိုးေက်ာင္းေတာ္ႀကီးမ်ား၊ေမ်ွာ္စင္ႀကီးမ်ားအစရိွသၫ့္ ႀကီးက်ယ္ခမ္းနားေသာ ပိသုကာလက္ရာမ်ားႏွင့္ မ်က္ေမွာက္ေခတ္တြင္ တိုးတက္ထြန္းကားလာသၫ့္ ကြန္ပ်ူတာကြန္ရက္စနစ္မ်ားကိုၫႊန္ျပကာ လူ႔ယဉ္ေက်းမႈအဆင့္အတန္းျမင့္မား ေနပါၿပီဟု ေႂကြးေၾကာ္ႏိုင္ပါၿပီေလာ။ မၾကာေသးမီကမွ တိုးတက္ထြန္းကားလာေသာ ရုပ္ပိုင္းဆိုင္ရာ မ်ိဳးရိုးဗီဇအင္ဂ်င္နီယာ အတတ္ ပညာသည္ လူသားတို႔၏စိတ္ပိုင္းဆိုင္ရာဗီဇကိုမူ ဖြံ႔ၿဖိဳးလာေအာင္ ျပဳျပင္ေျပာင္းလဲ၍ မရႏိုင္ေပ။ ဗုဒၶျမတ္စြာ ေဟာၾကားခဲ့သၫ့္ ဓမၼ လမ္းစဉ္ႏွင့္အညီ လိုက္နာက်င့္သံုးျခင္းျဖင့္သာ မိမိတို႔၏ ယဉ္ေက်းမႈအဆင့္အတန္းကို ျမင့္မားလာေအာင္ ေဆာင္ၾကဉ္းႏိုင္ၾကမည္ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရေပေတာ့သည္။


#၀င္းသိန္းဦး


Ref: 1. Buddhism by Chrismas Humphreys

2. Practical Buddhism by K.Sri Dhammananda


(န၀ေဒးမဂၢဇင္း၊အမွတ္-၁၅၊၂၀၀၁-ခုႏွစ္၊မတ္လ။)

No comments: