မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့်လက်ထပ်သော်
၂၀၁၁ခုနှစ်၌ ထုတ်ဝေသော ဂျာနယ်အချို့အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် အနည်းငယ်ဆန်းသလိုရှိသော ကန့်သတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ၄င်းကန့်သတ်ချက်သည်ကား အခြားမဟုတ်။ ကမ္ဘောဒီးယားနိုင်ငံသူ မိန်းကလေးများသည် နိုင်ငံခြားသားများနှင့် လက်ထပ်ပါက ၄င်းနိုင်ငံခြားသားသည် အသက် ၅၀နှစ်အောက်ဖြစ်ရမည်။ ထို့ပြင် ၄င်းနိုင်ငံခြားသား၏ ၀င်ငွေမှာ တစ်လလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅၀၀နှင့်အထက် ဖြစ်ရမည်ဟုဆိုပါ၏။
အထက်ပါကန့်သတ်ချက်သည် ကမ္ဘောဒီးယားနိုင်ငံသူ ငယ်ရွယ်သူအမျိုးသမီးများသည် စီးပွားရေးအခြေအနေအရ နိုင်ငံခြားသားများကို လက်ထပ်သည့်အခါ ရှိကောင်းရှိမည်။ ထိုအခါ မေတ္တာမပါဘဲ လက်ထပ်ရသောအခါ ကမ္ဘောဒီးယားအမျိုးသမီးတို့ နစ်နာမှုမှ ကင်းဝေးစေရန် နိုင်ငံခြားသား သက်ကြားအိုများနှင့် လက်ထပ်ခြင်းကို တားမြစ်ထားခြင်းဖြစ်ပါ၏။ သို့သော် အခြားတစ်ဖက်တွင် ကမ္ဘောဒီးယားနိုင်ငံသား အမျိုးသားသက်ကြားအိုများက နိုင်ငံခြားသူ ငယ်ငယ်လေးများနှင့် လက်ထပ်လျှင်မူကား ဤကန့်သတ်ချက်နှင့်မဆိုင်ဟု သိရပါ၏။
ထို့ကြောင့် ကမ္ဘောဒီးယားအစိုးရသည် မိမိနိုင်ငံသူ အမျိုးသမီးများအား နစ်နာမှုမှ ကာကွယ်ပေးထားသည်။ တခြားနိုင်ငံသူ အမျိုးသမီးများ၏ နစ်နာမှုကို အကာအကွယ်မပေးထားသည်ကတော့ သဘာဝကျသည်ဟု ဆိုရပါမည်။
#သမိုင်းထဲက မြန်မာနိုင်ငံသူ အမျိုးသမီးအချို့၏ နစ်နာမှုများ
မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီခေတ်စနစ်အောက် ကျရောက်ဖူးသောကြောင့် အိန္ဒိယဘုရင်ခံချုပ်၏ လက်အောက်၌ နေဖူး၏။ ထိုစဉ်က ထိရောက်သော လူဝင်မှုကြီးကြပ်ရေးကန့်သတ်ချက်များ မရှိ၍ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယတို့မှ လူမျိုးများ မြန်မာနိုင်ငံသို့ လာရောက်၍အခြေချနေထိုင်ကြရာ လူမျိုးခြား တရုတ်၊ ကုလား အမျိုးသားများနှင့် မြန်မာအမျိုးသမီးများတို့သည် မေတ္တာရှိ၍သော် လည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း လက်ထပ်ထိမ်းမြားမှု များစွာရှိခဲ့ဖူးပါ၏။ လက်ထပ် ပေါင်းသင်းစဉ်က ပြဿနာနည်းခဲ့သော်လည်း လင်မယားသေဆုံးသောအခါ ပြဿနာတက်လာမှုများ ရှိခဲ့၏။ မြန်မာအမျိုးသမီးများနှင့် လက်ထပ်ထားသော နိုင်ငံခြားသား ကွယ်လွန်သည့်အခါ အမွေခွဲဝေရေးကိစ္စ ပေါ်ပေါက်လာသောအခါ ထိုနိုင်ငံခြားသားတို့သည် မိမိတို့ မူလနိုင်ငံ၌ သားကြီး၊ မယားကြီးများရှိကြပါ၏။ ထိုအခါ အရေးဆိုကြသည်မှာ နိုင်ငံခြားသားတို့၏ ကိုးကွယ်သော ဘာသာခြားအရ သူတို့ဘာသာတွင် ဘာသာခြားအမျိုးကို ထိမ်းမြားသော် တရားမ၀င်ဟု ဆိုလာသောကြောင့် နိုင်ငံခြားသားများကို လက်ထပ်သော မြန်မာအမျိုးသမီးများသည် အပျော်မယားများဖြစ်ကုန်ကြပါတော့သည်။ အမွေဆက်ခံမှုများ ဆုံးရှုံးခဲ့ကြဖူးပါ၏။ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးတို့က မွေးသော သားသမီးတို့သည်လည်း တရားမ၀င်သော သားသမီးများ ဖြစ်ကုန်ကြပါ၏။ မြန်မာနိုင်ငံတွင် လူများစု ကိုးကွယ်သော ဗုဒ္ဓဘာသာတွင်မူ ဗုဒ္ဓဘာသာဝင်များ ဘာသာခြားနှင့် လက်ထပ်ထားခြင်းကို တားမြစ်ထားခြင်းမရှိပါ။ လွတ်လပ်ရေးခေတ်၏ တရားရေးဝန်ကြီး ဥပဒေပါရဂူ ဒေါက်တာဦးအေးမောင်က သူရေးသားသော စာအုပ်တွင် ဗုဒ္ဓဘာသာဝင်တို့ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးကိစ္စနှင့် နူးညံ့သိမ်မွေ့သော လူမှုရေးကိစ္စသာ ဖြစ်သည်ဟု ဆိုခဲ့ပါ၏။ ၄င်းအဆိုကို ဥပဒေပါရဂူ တရားရေးဝန်ကြီး ဒေါက်တာ မောင်မောင် (နောင်အခါ မြန်မာနိုင်ငံတော် သမ္မတကြီး)က ထောက်ခံရေးသားခဲ့သည်။
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများသည် ဘာသာခြား၊ လူမျိုးခြား၊ နိုင်ငံခြားသားများနှင့် လက်ထပ်သော် တရားဝင်ဖြစ်စေရန်လည်းကောင်း၊ နစ်နာမှုမရှိရန်လည်းကောင်း မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ ကို ပြဋ္ဌာန်းရာ မှတ်သားဖွယ် ဥပဒေပုဒ်မတို့မှာ အောက်ပါအတိုင်းဖြစ်ပါ၏။
#၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အထူးဥပဒေ
ပုဒ်မ (၄)
ဤဥပဒေပြဋ္ဌာန်းချက်များသည် အခြားတည်ဆဲဥပဒေများ၊ ဓလေ့ထုံးတမ်းများနှင့် မည်သို့ပင် ဆန့်ကျင်စေကာမူ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်ရောက်စေရမည်။
ပုဒ်မ (၂၀)
ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်မိန်းမတို့၏ ပေါင်းဖက်နေထိုင်ပြုမူကြပုံသည် အကယ်၍ ထိုနှစ်ဦးလုံး မြန်မာလူမျိုးချည်းဖြစ်ခဲ့သော် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားအရာမြောက်မည့် ပေါင်းဖက်နေထိုင် ပြုမူကြပုံမျိုး ဖြစ်လျှင် ထိုသူတို့သည် ထိုသို့ပေါင်းဖက်စအချိန်ကပင် ထိမ်းမြားခဲ့ကြသည်ဟုမှတ်ယူရမည့်အပြင် ထိုသူတို့သည် ဤဥပဒေအရ ထိမ်းမြားခဲ့ ကြသည်ဟုလည်း မှတ်ယူရမည်။
ပုဒ်မ (၂၅)
ဤဥပဒေအရ ထိမ်းမြားလက်ထပ်ခဲ့ကြသူများ၊ သို့မဟုတ် ထိမ်းမြားလက်ထပ်ခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူများ၏ လင်မယားကွာရှင်းမှု ကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ၊ သားသမီးထိန်းသိမ်းစောင့်ရှောက်မှုကိစ္စများတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရန်ဖြစ်သည်။
ပုဒ်မ (၂၆)
ဤဥပဒေအရ ထိမ်းမြားလက်ထပ်ကြသူတို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့်ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုဝင်အားလုံးတို့ သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် စုံညီခုံရုံး၌ စိတ်ဝင်စားဖွယ် စီရင်ထုံး ဥပမာတစ်ခု (သို့မဟုတ်) ဒေါ်ကြည်ကြည်နှင့် မစ္စမေရီဝိန် ၁၉၇၁ ခုနှစ် (မတစ) ၅၂ စီရင်ထုံးတွင် ဖော်ပြချက်မှာ -
ခရစ်ယာန်ဘာသာဝင် ဦးတင်ဝိန်နှင့် ဇနီး မစ္စမေရီဝိန်တို့ပေါင်းဖက်နေရာမှ ဦးတင်ဝိန်က ဗုဒ္ဓဘာသာဝင် ဒေါ်ကြည်ကြည်ဆိုသူနှင့် ထပ်မံအိမ် ထောင်ပြုပါ၏။ ဦးတင်ဝိန် ကွယ်လွန်သောအခါ ဒေါ်ကြည်ကြည်က မိမိသည်လည်း မယားတစ်ဦးအနေဖြင့် အမွေရထိုက်ကြောင်း တရားစွဲ တောင်းဆို၏။ ထိုအခါ မစ္စမေရီဝိန်၏ ခုခံချေပချက်မှာ ဦးတင်ဝိန်ကိုးကွယ်သော ခရစ်ယာန်ဘာသာ၌ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံး၏။ သို့ပါ၍ ဒေါ်ကြည်ကြည်သည် အမွေရနိုင်သော တရားဝင်မယားမဟုတ်ကြောင်း ခုခံ၏။
အယူခံရုံး၏ ဆုံးဖြတ်ချက်မှာ ဒေါ်ကြည်ကြည်သည် ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ပုဒ်မ (၂၀)အရ တရားဝင်လင်မယားဖြစ်၏။ သို့သော် ဒေါ်ကြည်ကြည်သည် မယားငယ်ဖြစ်၍ အမွေကို ဒေါ်ကြည်ကြည်က ငါးပုံ နှစ်ပုံ၊ မစ္စမေရီဝိန်က ငါးပုံ သုံးပုံရထိုက်သည်ဟု ဆုံးဖြတ်ပါသည်။
ထိုအခါ ဒေါ်ကြည်ကြည်သည် မိမိအား မယားငယ်ဟု သုံးနှုန်း၍ မကျေနပ်ဖြစ်ပြီး မစ္စမေရီဝိန်ကလည်း ဒေါ်ကြည်ကြည်ကို တရားဝင်မယား တစ်ဦးဟုဆို၍ မကျေနပ်၍ အယူခံဝင်ကြပြန်ရာ နိုင်ငံတော်တရားသူကြီးချုပ် ဦးဆောင်သည့် စုံညီခုံရုံးက အောက်ပါအတိုင်း အဆုံးအဖြတ် ပေး၏။
#ဒေါ်ကြည်ကြည်၏ ရပိုင်ခွင့်
ဒေါ်ကြည်ကြည်၏ ရပိုင်ခွင့်မှာ ဒေါ်ကြည်ကြည်နှင့် ဦးတင်ဝိန်ပေါင်းသင်းစဉ်က လက်ထက်ပွားမှ သုံးပုံနှစ်ပုံ၊ ဦးတင်ဝိန်နှင့် မစ္စမေရီဝိန် ပေါင်းသင်းစဉ်က လက်ထက်ပွား၏ သုံးပုံတစ်ပုံ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါ၏။
#ဤဆောင်းပါးရေးသားရခြင်း၏ ရည်ရွယ်ချက်
ယခုအခါ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သို့ ရောက်လာကြပါပြီ။ နိုင်ငံခြားတိုင်းပြည်တို့က အောင်သွယ်တော်ကုမ္ပဏီများသည် တစ်နိုင်ငံ တည်းသားချင်းကိုသာမကဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အောင်သွယ်ပေးနိုင်သည်အထိ သတင်းအချက်အလက်တွေ ကျယ်ပြန့်လာပါ၏။ ထို့ကြောင့် တရုတ်ပြည်က အသက်ကြီးသူ ဘိုးဘိုးနှင့် ဗီယက်နမ်က အသက်ငယ်ငယ် သမီးငယ်တို့သည် အောင်သွယ်တော်ကုမ္ပဏီတို့၏ အကူအညီဖြင့် လက်ထပ်မည်ဆိုပါက မဆန်းတော့ပါ။ မြန်မာနိုင်ငံက လူငယ်ယောက်ျားလေး၊ မိန်းကလေးတို့သည် မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ သြစတြေးလျတို့တွင် ပညာတော်သင်အဖြစ်လည်းကောင်း၊ အလုပ်သွားလုပ်ရန်လည်းကောင်း သွားကြသည်မှာ အရေအတွက် များပြားလာပါပြီ။ ထိုအခါ တိုင်းတစ်ပါး၌ ၁၀နှစ်၊ ၁၅နှစ်နေထိုင်သူများ မရှားပါ။ ထိုအခါ နိုင်ငံခြားသားနှင့် အိမ်ထောင်ကျတာမျိုးလည်း ဆန်း တော့သည်မဟုတ်ပါ။
မြန်မာအမျိုးသမီးတို့သည် နိုင်ငံခြားတွင် ဘာသာခြားအမျိုးသားတို့နှင့် အိမ်ထောင်ကျတာမျိုးလည်း ရှိကောင်းရှိလာကြပါမည်။ ထိုအခါ မိမိနှင့် အိမ်ထောင်ပြုမည့် ဘာသာခြားအမျိုးသားတို့၏ ဓလေ့ထုံးတမ်းဥပဒေကို လေ့လာဖို့လိုပါမည်။ ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဥပဒေသည် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားသား၊ ဘာသာခြားနှင့် လက်ထပ်သော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို နစ်နာမှုကင်းဝေးစေရန် ကာကွယ်စောင့်ရှောက်ပေးခဲ့ပါ၏။
သို့သော် ဤဥပဒေသည် နိုင်ငံခြား၊ ဥပမာ - တရုတ်ပြည်၌ အာဏာသက်ရောက်မည်မဟုတ်။ ထို့ကြောင့် နိုင်ငံခြားသို့လိုက်၍ စောင့်ရန်မလွယ် တော့ပါ။
သူတို့နိုင်ငံတွင် သူတို့ဘာသာဝင် ဓလေ့ထုံးတမ်းဥပဒေအရ သူတို့လူမျိုးဘာသာခြား အမျိုးသားတစ်ဦးသည် မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တစ်ဦးကို လက်ထပ်သော် တရားဝင်မယားမဟုတ်ဟု သတ်မှတ်လိုက်ပါသော် နစ်နာမည်ဖြစ်၏။
ထို့ကြောင့် နိုင်ငံခြားတွင် နှစ်ရှည်သွားရောက် အလုပ်လုပ်မည့်သူများ သိအပ်သော ဗဟုသုတတစ်ခုအနေဖြင့် တင်ပြလိုက်ရပါကြောင်း။
ရေးသားသူ - ဒေါက်တာ ထွန်းဝင်း
*** ဒေါက်တာထွန်းဝင်း - လိင်နှင့် ကျားမဆိုင်ရာနိုင်ငံရေး (Sex and Gender Politics) စာအုပ်ရဲ့ စာမျက်နှာ ၇၅ပါဆောင်းပါး။
[Zawgyi]ျမန္မာအမ်ိဳးသမီးမ်ား ႏိုင္ငံျခားသားမ်ားႏွင့္လက္ထပ္ေသာ္
၂၀၁၁ခုႏွစ္၌ ထုတ္ေဝေသာ ဂ်ာနယ္အခ်ိဳ႕အဆိုအရ ကမ႓ောဒီးယားႏိုင္ငံသည္ အနည္းငယ္ဆန္းသလိုရိွေသာ ကန႔္သတ္ခ်က္တစ္ခုကို ထုတ္ျပန္ခဲ့သည္။ ၄င္းကန႔္သတ္ခ်က္သည္ကား အျခားမဟုတ္။ ကမ႓ောဒီးယားႏိုင္ငံသူ မိန္းကေလးမ်ားသည္ ႏိုင္ငံျခားသားမ်ားႏွင့္ လက္ထပ္ပါက ၄င္းႏိုင္ငံျခားသားသည္ အသက္ ၅၀ႏွစ္ေအာက္ျဖစ္ရမည္။ ထို႔ျပင္ ၄င္းႏိုင္ငံျခားသား၏ ၀င္ေငြမွာ တစ္လလ်ွင္ အနည္းဆံုး အေမရိကန္ေဒၚလာ ၂၅၀၀ႏွင့္အထက္ ျဖစ္ရမည္ဟုဆိုပါ၏။
အထက္ပါကန႔္သတ္ခ်က္သည္ ကမ႓ောဒီးယားႏိုင္ငံသူ ငယ္ရြယ္သူအမ်ိဳးသမီးမ်ားသည္ စီးပြားေရးအေျခအေနအရ ႏိုင္ငံျခားသားမ်ားကို လက္ထပ္သၫ့္အခါ ရိွေကာင္းရိွမည္။ ထိုအခါ ေမတၲာမပါဘဲ လက္ထပ္ရေသာအခါ ကမ႓ောဒီးယားအမ်ိဳးသမီးတို႔ နစ္နာမႈမွ ကင္းေဝးေစရန္ ႏိုင္ငံျခားသား သက္ၾကားအိုမ်ားႏွင့္ လက္ထပ္ျခင္းကို တားျမစ္ထားျခင္းျဖစ္ပါ၏။ သို႔ေသာ္ အျခားတစ္ဖက္တြင္ ကမ႓ောဒီးယားႏိုင္ငံသား အမ်ိဳးသားသက္ၾကားအိုမ်ားက ႏိုင္ငံျခားသူ ငယ္ငယ္ေလးမ်ားႏွင့္ လက္ထပ္လ်ွင္မူကား ဤကန႔္သတ္ခ်က္ႏွင့္မဆိုင္ဟု သိရပါ၏။
ထို႔ေၾကာင့္ ကမ႓ောဒီးယားအစိုးရသည္ မိမိႏိုင္ငံသူ အမ်ိဳးသမီးမ်ားအား နစ္နာမႈမွ ကာကြယ္ေပးထားသည္။ တျခားႏိုင္ငံသူ အမ်ိဳးသမီးမ်ား၏ နစ္နာမႈကို အကာအကြယ္မေပးထားသည္ကေတာ့ သဘာဝက်သည္ဟု ဆိုရပါမည္။
#သမိုင္းထဲက ျမန္မာႏိုင္ငံသူ အမ်ိဳးသမီးအခ်ိဳ႕၏ နစ္နာမႈမ်ား
ျမန္မာႏိုင္ငံသည္ အဂၤလိပ္ကိုလိုနီေခတ္စနစ္ေအာက္ က်ေရာက္ဖူးေသာေၾကာင့္ အိႏၵိယဘုရင္ခံခ်ဳပ္၏ လက္ေအာက္၌ ေနဖူး၏။ ထိုစဉ္က ထိေရာက္ေသာ လူဝင္မႈႀကီးၾကပ္ေရးကန႔္သတ္ခ်က္မ်ား မရိွ၍ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ တရုတ္၊ အိႏၵိယတို႔မွ လူမ်ိဳးမ်ား ျမန္မာႏိုင္ငံသို႔ လာေရာက္၍အေျခခ်ေနထိုင္ၾကရာ လူမ်ိဳးျခား တရုတ္၊ ကုလား အမ်ိဳးသားမ်ားႏွင့္ ျမန္မာအမ်ိဳးသမီးမ်ားတို႔သည္ ေမတၲာရိွ၍ေသာ္ လည္းေကာင္း၊ စီးပြားေရးအရလည္းေကာင္း၊ အျခားအေၾကာင္းမ်ားေၾကာင့္လည္းေကာင္း လက္ထပ္ထိမ္းျမားမႈ မ်ားစြာရိွခဲ့ဖူးပါ၏။ လက္ထပ္ ေပါင္းသင္းစဉ္က ျပႆနာနည္းခဲ့ေသာ္လည္း လင္မယားေသဆံုးေသာအခါ ျပႆနာတက္လာမႈမ်ား ရိွခဲ့၏။ ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ လက္ထပ္ထားေသာ ႏိုင္ငံျခားသား ကြယ္လြန္သၫ့္အခါ အေမြခြဲေဝေရးကိစၥ ေပၚေပါက္လာေသာအခါ ထိုႏိုင္ငံျခားသားတို႔သည္ မိမိတို႔ မူလႏိုင္ငံ၌ သားႀကီး၊ မယားႀကီးမ်ားရိွၾကပါ၏။ ထိုအခါ အေရးဆိုၾကသည္မွာ ႏိုင္ငံျခားသားတို႔၏ ကိုးကြယ္ေသာ ဘာသာျခားအရ သူတို႔ဘာသာတြင္ ဘာသာျခားအမ်ိဳးကို ထိမ္းျမားေသာ္ တရားမ၀င္ဟု ဆိုလာေသာေၾကာင့္ ႏိုင္ငံျခားသားမ်ားကို လက္ထပ္ေသာ ျမန္မာအမ်ိဳးသမီးမ်ားသည္ အေပ်ာ္မယားမ်ားျဖစ္ကုန္ၾကပါေတာ့သည္။ အေမြဆက္ခံမႈမ်ား ဆံုးရႈံးခဲ့ၾကဖူးပါ၏။ ႏိုင္ငံျခားသားႏွင့္ ျမန္မာအမ်ိဳးသမီးတို႔က ေမြးေသာ သားသမီးတို႔သည္လည္း တရားမ၀င္ေသာ သားသမီးမ်ား ျဖစ္ကုန္ၾကပါ၏။ ျမန္မာႏိုင္ငံတြင္ လူမ်ားစု ကိုးကြယ္ေသာ ဗုဒၶဘာသာတြင္မူ ဗုဒၶဘာသာဝင္မ်ား ဘာသာျခားႏွင့္ လက္ထပ္ထားျခင္းကို တားျမစ္ထားျခင္းမရိွပါ။ လြတ္လပ္ေရးေခတ္၏ တရားေရးဝန္ႀကီး ဥပေဒပါရဂူ ေဒါက္တာဦးေအးေမာင္က သူေရးသားေသာ စာအုပ္တြင္ ဗုဒၶဘာသာဝင္တို႔ လက္ထပ္ထိမ္းျမားျခင္းသည္ ဘာသာေရးကိစၥႏွင့္ ႏူးညံ့သိမ္ေမြ့ေသာ လူမႈေရးကိစၥသာ ျဖစ္သည္ဟု ဆိုခဲ့ပါ၏။ ၄င္းအဆိုကို ဥပေဒပါရဂူ တရားေရးဝန္ႀကီး ေဒါက္တာ ေမာင္ေမာင္ (ေနာင္အခါ ျမန္မာႏိုင္ငံေတာ္ သမၼတႀကီး)က ေထာက္ခံေရးသားခဲ့သည္။
ဗုဒၶဘာသာ ျမန္မာအမ်ိဳးသမီးမ်ားသည္ ဘာသာျခား၊ လူမ်ိဳးျခား၊ ႏိုင္ငံျခားသားမ်ားႏွင့္ လက္ထပ္ေသာ္ တရားဝင္ျဖစ္ေစရန္လည္းေကာင္း၊ နစ္နာမႈမရိွရန္လည္းေကာင္း ျမန္မာႏိုင္ငံေတာ္အစိုးရသည္ ၁၉၅၄ခုႏွစ္ ဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားမႈႏွင့္ အေမြဆက္ခံမႈဥပေဒ ကို ျပ႒ာန္းရာ မွတ္သားဖြယ္ ဥပေဒပုဒ္မတို႔မွာ ေအာက္ပါအတိုင္းျဖစ္ပါ၏။
#၁၉၅၄ခုႏွစ္ ဗုဒၶဘာသာဝင္ အမ်ိဳးသမီးမ်ား အထူးထိမ္းျမားမႈႏွင့္ အေမြဆက္ခံမႈ အထူးဥပေဒ
ပုဒ္မ (၄)
ဤဥပေဒျပ႒ာန္းခ်က္မ်ားသည္ အျခားတည္ဆဲဥပေဒမ်ား၊ ဓေလ့ထံုးတမ္းမ်ားႏွင့္ မည္သို႔ပင္ ဆန႔္က်င္ေစကာမူ ဗုဒၶဘာသာဝင္မိန္းမႏွင့္ ထိုမိန္းမ၏ ဗုဒၶဘာသာဝင္မဟုတ္ေသာ လင္ေယာက္်ားတိုင္းအေပၚ၌ အာဏာသက္ေရာက္ေစရမည္။
ပုဒ္မ (၂၀)
ဗုဒၶဘာသာဝင္မဟုတ္သၫ့္ေယာက္်ားတစ္ဦးႏွင့္ ဗုဒၶဘာသာဝင္မိန္းမတို႔၏ ေပါင္းဖက္ေနထိုင္ျပဳမူၾကပံုသည္ အကယ္၍ ထိုႏွစ္ဦးလံုး ျမန္မာလူမ်ိဳးခ်ည္းျဖစ္ခဲ့ေသာ္ ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရ လင္မယားအရာေျမာက္မၫ့္ ေပါင္းဖက္ေနထိုင္ ျပဳမူၾကပံုမ်ိဳး ျဖစ္လ်ွင္ ထိုသူတို႔သည္ ထိုသို႔ေပါင္းဖက္စအခ်ိန္ကပင္ ထိမ္းျမားခဲ့ၾကသည္ဟုမွတ္ယူရမၫ့္အျပင္ ထိုသူတို႔သည္ ဤဥပေဒအရ ထိမ္းျမားခဲ့ ၾကသည္ဟုလည္း မွတ္ယူရမည္။
ပုဒ္မ (၂၅)
ဤဥပေဒအရ ထိမ္းျမားလက္ထပ္ခဲ့ၾကသူမ်ား၊ သို႔မဟုတ္ ထိမ္းျမားလက္ထပ္ခဲ့ၾကသည္ဟု မွတ္ယူျခင္းခံရသူမ်ား၏ လင္မယားကြာရွင္းမႈ ကိစၥ၊ ပစၥည္းခြဲေဝမႈကိစၥ၊ သားသမီးထိန္းသိမ္းေစာင့္ေရွာက္မႈကိစၥမ်ားတြင္ ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရ ဆံုးျဖတ္ရန္ျဖစ္သည္။
ပုဒ္မ (၂၆)
ဤဥပေဒအရ ထိမ္းျမားလက္ထပ္ၾကသူတို႔၏ အေမြဆက္ခံမႈႏွင့္ စပ္လ်ဉ္းသၫ့္ကိစၥအားလံုးကို ထိုသူတို႔ႏွင့္ ထိုသူတို႔၏ မိသားစုဝင္အားလံုးတို႔ သည္ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးခ်ည္းျဖစ္သကဲ့သို႔ ဗုဒၶဘာသာဝင္ဓမၼသတ္အတိုင္း ဆံုးျဖတ္ရမည္။
ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ စံုညီခံုရံုး၌ စိတ္ဝင္စားဖြယ္ စီရင္ထံုး ဥပမာတစ္ခု (သို႔မဟုတ္) ေဒၚၾကည္ၾကည္ႏွင့္ မစၥေမရီဝိန္ ၁၉၇၁ ခုႏွစ္ (မတစ) ၅၂ စီရင္ထံုးတြင္ ေဖာ္ျပခ်က္မွာ -
ခရစ္ယာန္ဘာသာဝင္ ဦးတင္ဝိန္ႏွင့္ ဇနီး မစၥေမရီဝိန္တို႔ေပါင္းဖက္ေနရာမွ ဦးတင္ဝိန္က ဗုဒၶဘာသာဝင္ ေဒၚၾကည္ၾကည္ဆိုသူႏွင့္ ထပ္မံအိမ္ ေထာင္ျပဳပါ၏။ ဦးတင္ဝိန္ ကြယ္လြန္ေသာအခါ ေဒၚၾကည္ၾကည္က မိမိသည္လည္း မယားတစ္ဦးအေနျဖင့္ အေမြရထိုက္ေၾကာင္း တရားစြဲ ေတာင္းဆို၏။ ထိုအခါ မစၥေမရီဝိန္၏ ခုခံေခ်ပခ်က္မွာ ဦးတင္ဝိန္ကိုးကြယ္ေသာ ခရစ္ယာန္ဘာသာ၌ တစ္လင္တစ္မယားစနစ္ကိုသာ က်င့္သံုး၏။ သို႔ပါ၍ ေဒၚၾကည္ၾကည္သည္ အေမြရႏိုင္ေသာ တရားဝင္မယားမဟုတ္ေၾကာင္း ခုခံ၏။
အယူခံရံုး၏ ဆံုးျဖတ္ခ်က္မွာ ေဒၚၾကည္ၾကည္သည္ ၁၉၅၄ခုႏွစ္ ဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားမႈႏွင့္ အေမြဆက္ခံမႈ ပုဒ္မ (၂၀)အရ တရားဝင္လင္မယားျဖစ္၏။ သို႔ေသာ္ ေဒၚၾကည္ၾကည္သည္ မယားငယ္ျဖစ္၍ အေမြကို ေဒၚၾကည္ၾကည္က ငါးပံု ႏွစ္ပံု၊ မစၥေမရီဝိန္က ငါးပံု သံုးပံုရထိုက္သည္ဟု ဆံုးျဖတ္ပါသည္။
ထိုအခါ ေဒၚၾကည္ၾကည္သည္ မိမိအား မယားငယ္ဟု သံုးႏႈန္း၍ မေက်နပ္ျဖစ္ၿပီး မစၥေမရီဝိန္ကလည္း ေဒၚၾကည္ၾကည္ကို တရားဝင္မယား တစ္ဦးဟုဆို၍ မေက်နပ္၍ အယူခံဝင္ၾကျပန္ရာ ႏိုင္ငံေတာ္တရားသူႀကီးခ်ဳပ္ ဦးေဆာင္သၫ့္ စံုညီခံုရံုးက ေအာက္ပါအတိုင္း အဆံုးအျဖတ္ ေပး၏။
#ေဒၚၾကည္ၾကည္၏ ရပိုင္ခြင့္
ေဒၚၾကည္ၾကည္၏ ရပိုင္ခြင့္မွာ ေဒၚၾကည္ၾကည္ႏွင့္ ဦးတင္ဝိန္ေပါင္းသင္းစဉ္က လက္ထက္ပြားမွ သံုးပံုႏွစ္ပံု၊ ဦးတင္ဝိန္ႏွင့္ မစၥေမရီဝိန္ ေပါင္းသင္းစဉ္က လက္ထက္ပြား၏ သံုးပံုတစ္ပံု ျဖစ္ေၾကာင္း ဆံုးျဖတ္ခဲ့ပါ၏။
#ဤေဆာင္းပါးေရးသားရျခင္း၏ ရည္ရြယ္ခ်က္
ယခုအခါ ဂလိုဘယ္လိုက္ေဇးရွင္းေခတ္သို႔ ေရာက္လာၾကပါၿပီ။ ႏိုင္ငံျခားတိုင္းျပည္တို႔က ေအာင္သြယ္ေတာ္ကုမၸဏီမ်ားသည္ တစ္ႏိုင္ငံ တည္းသားခ်င္းကိုသာမကဘဲ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ေအာင္သြယ္ေပးႏိုင္သည္အထိ သတင္းအခ်က္အလက္ေတြ က်ယ္ျပန႔္လာပါ၏။ ထို႔ေၾကာင့္ တရုတ္ျပည္က အသက္ႀကီးသူ ဘိုးဘိုးႏွင့္ ဗီယက္နမ္က အသက္ငယ္ငယ္ သမီးငယ္တို႔သည္ ေအာင္သြယ္ေတာ္ကုမၸဏီတို႔၏ အကူအညီျဖင့္ လက္ထပ္မည္ဆိုပါက မဆန္းေတာ့ပါ။ ျမန္မာႏိုင္ငံက လူငယ္ေယာက္်ားေလး၊ မိန္းကေလးတို႔သည္ မေလးရွား၊ စင္ကာပူ၊ ကိုရီးယား၊ ၾသစေၾတးလ်တို႔တြင္ ပညာေတာ္သင္အျဖစ္လည္းေကာင္း၊ အလုပ္သြားလုပ္ရန္လည္းေကာင္း သြားၾကသည္မွာ အေရအတြက္ မ်ားျပားလာပါၿပီ။ ထိုအခါ တိုင္းတစ္ပါး၌ ၁၀ႏွစ္၊ ၁၅ႏွစ္ေနထိုင္သူမ်ား မရွားပါ။ ထိုအခါ ႏိုင္ငံျခားသားႏွင့္ အိမ္ေထာင္က်တာမ်ိဳးလည္း ဆန္း ေတာ့သည္မဟုတ္ပါ။
ျမန္မာအမ်ိဳးသမီးတို႔သည္ ႏိုင္ငံျခားတြင္ ဘာသာျခားအမ်ိဳးသားတို႔ႏွင့္ အိမ္ေထာင္က်တာမ်ိဳးလည္း ရိွေကာင္းရိွလာၾကပါမည္။ ထိုအခါ မိမိႏွင့္ အိမ္ေထာင္ျပဳမၫ့္ ဘာသာျခားအမ်ိဳးသားတို႔၏ ဓေလ့ထံုးတမ္းဥပေဒကို ေလ့လာဖို႔လိုပါမည္။ ၁၉၅၄ခုႏွစ္ ဗုဒၶဘာသာဝင္အမ်ိဳးသမီးမ်ား အထူးထိမ္းျမားျခင္းႏွင့္ အေမြဆက္ခံျခင္းဥပေဒသည္ ျမန္မာႏိုင္ငံအတြင္း၌ ႏိုင္ငံျခားသား၊ ဘာသာျခားႏွင့္ လက္ထပ္ေသာ ျမန္မာဗုဒၶဘာသာ အမ်ိဳးသမီးမ်ားကို နစ္နာမႈကင္းေဝးေစရန္ ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ပါ၏။
သို႔ေသာ္ ဤဥပေဒသည္ ႏိုင္ငံျခား၊ ဥပမာ - တရုတ္ျပည္၌ အာဏာသက္ေရာက္မည္မဟုတ္။ ထို႔ေၾကာင့္ ႏိုင္ငံျခားသို႔လိုက္၍ ေစာင့္ရန္မလြယ္ ေတာ့ပါ။
သူတို႔ႏိုင္ငံတြင္ သူတို႔ဘာသာဝင္ ဓေလ့ထံုးတမ္းဥပေဒအရ သူတို႔လူမ်ိဳးဘာသာျခား အမ်ိဳးသားတစ္ဦးသည္ ျမန္မာဗုဒၶဘာသာအမ်ိဳးသမီး တစ္ဦးကို လက္ထပ္ေသာ္ တရားဝင္မယားမဟုတ္ဟု သတ္မွတ္လိုက္ပါေသာ္ နစ္နာမည္ျဖစ္၏။
ထို႔ေၾကာင့္ ႏိုင္ငံျခားတြင္ ႏွစ္ရွည္သြားေရာက္ အလုပ္လုပ္မၫ့္သူမ်ား သိအပ္ေသာ ဗဟုသုတတစ္ခုအေနျဖင့္ တင္ျပလိုက္ရပါေၾကာင္း။
ေရးသားသူ - ေဒါက္တာ ထြန္းဝင္း
*** ေဒါက္တာထြန္းဝင္း - လိင္ႏွင့္ က်ားမဆိုင္ရာႏိုင္ငံေရး (Sex and Gender Politics) စာအုပ္ရဲ့ စာမ်က္ႏွာ ၇၅ပါေဆာင္းပါး။
No comments:
Post a Comment