Showing posts with label Legal Information. Show all posts
Showing posts with label Legal Information. Show all posts

Saturday, October 11, 2025

❝ လူတစ်ယောက်ကို ဘာကြောင့် အပိုင်းအပိုင်း ခု-တ်သ-တ်ရတာလဲ ❞

 


၁၉၉၉ လောက်တုန်းက The Sopranos ဆိုတဲ့ မှုခင်းရုပ်သံဇာတ်လမ်းတွဲ တစ်တွဲ ထွက်ဖူးတယ်။ Season နှစ်ခုနဲ့၊ အပိုင်း ၂၀ ပါတယ်။ အဲဇာတ်လမ်းထဲက ၂၀၀၇ မှာထွက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် လူ-သတ်သမား Tony Sopranos က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အရင်းခေါက်ခေါက်ကို ရှော့ပစ်လိုက်တယ်။ ရိုးရိုးရှော့တာမဟုတ်၊ အပိုင်းပိုင်း ခုတ်-ဖြ-တ်ပြီးကို၊ ပြီးရင် အ-လောင်းကို ပုံဆိုးပန်းဆိုး (အရှော့ခံလိုက်ရသူကို မသိအောင်)ရစရာမရှိအောင်.. ခု-တ်ပစ်ပြီး အ-လောင်းကို ဖျောက်တယ်။ ဒီလိုမျိုး ထိတ်လန့်တုန်လှုပ်စရာဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ပါတယ်။


အဲဒါနဲ့ များမကြာမီ အမေရိကန် တောင်ပိုင်းမှာ လူသ-တ်မှုတစ်ခု ဖြစ်ရော။ အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် ညီအစ်ကိုနှစ်ယောက်က သူတို့အမေရင်းကို ခုတ်ပြီး အ-လောင်းဖျောက်ဖို့ ကြံစည်တာ။ ကံဆိုးချင်နေတော့ သူတို့ အ-လောင်းဖျောက်ဖို့ လုပ်နေတဲ့အချိန်မှာ.. ရဲတွေနဲ့ တည့်တိုးတယ်၊ ညီအစ်ကို နှစ်ကောင်လုံး အဖမ်းခံလိုက်ရတယ်။ ရဲကလဲ စစ်တယ်၊ မင့်တို့ ဘာလို့အဲလိုလုပ်ကြတာလဲ စစ်တော့ The Sopranos ဇာတ်ကားကြည့်ပြီး အဲဒီပုံစံအတိုင်း အပိုင်းပိုင်းခု-တ်သ-တ်ချင်လို့ဆိုပြီးထွက်ဆိုတယ်။


◾အဲဒါနဲ့ ဆင်တူတဲ့ Mindhunter ဇာတ်ကားတို့၊ ပြီးရင် Conversations with a Killer: The Ted Bundy Tapes တို့၊ Night Stalker: The Hunt for a Serial Killer တို့ဆိုလဲ စိတ္တဇ ကွင်းဆက်လူသ-တ်သမားတွေအကြောင်း ပြန်ရိုက်ထားတာ။ ကြမ်းကြမ်းကြုတ်ကြုတ် လူသ-တ်နေကြသူတွေရဲ့ စိတ်နေသဘောထားတွေ၊ မှန်းရခက်တဲ့ အပြုအမှုတွေ၊ လောကကြီးကို မြင်တတ်ကြတဲ့ သူတို့ရဲ့အမြင်တွေအကြောင်းကို ပညာပေးအနေနဲ့ ပြန်ရိုက်ပြထားတာ။


ဒီနေရာမှာ မေးစရာမေးခွန်းတွေက အဲလို Horror Movie တွေ ကြည့်တိုင်း ဇာတ်ကားထဲမှာ ပါတဲ့ အနိဋ္ဌာရုံတွေဟာ လူ့စိတ်ကို ပြောင်းလဲပစ်နိုင်လားဆိုတဲ့ မေးခွန်းမျိုး မေးဖို့ရှိပါတယ်။ ခပ်တိုတို ပြောရရင် “ ပြောင်းလဲပစ်နိုင်တယ် ” လို့ ​ဖြေရမယ်။ ဒီလိုမျိုး လူ့စိတ်အမှောင်ဘက်ခြမ်းကို သိရှိနားလည်အောင် ပညာပေးအနေနဲ့ ပြန်ရိုက်တဲ့ဇာတ်ကားတွေကို အသက် ၁၈ နှစ်မပြည့်တဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ နဂိုအခံထိခိုက်နာကျင်ဖူးတဲ့သူတွေ ကြည့်မိသွားတယ်ဆိုရင် ဦးနှောက်မှာ Neural Mirroring လုပ်တတ်ပါတယ်၊ မြန်မာလိုပြောရင် “ ပုံတူကူးတာ ” ပေါ့။


◾ဒီစာကို အစကတော့ မရေးဘူးပဲ ဆုံးဖြတ်ထားတာပါ။ ဒါ​ပေမဲ့ တစ်ဖက်မှာလဲ လူသ-တ်မှုတွေ၊ ဓား-ထိုးလုယက်မှုတွေ၊ မြန်မာပလာဇာလို လူစည်းကားတဲ့နေရာ (တကယ်) က ကားပါကင်မှာ နေ့ခင်းကြောင်တောင် အသ-တ်ခံရတဲ့အမှုတွေ စသဖြင့် အနိဋ္ဌာရုံပေါင်းစုံကို ကြားနေရ၊ မြင်နေရတော့ ကျွန်တော်အပါအဝင်၊ ဒီပြစ်မှုတွေက ဘာကြောင့် ဖြစ်ရတာလဲ၊ ဘာလို့ အဲလိုလုပ်ကြတာလဲဆိုတာ မေးခွန်းတွေ ထုတ်လောက်ကြမယ်ထင်ပါတယ်။ 


ဒါ့ကြောင့် ဒီစာထဲမှာ ဘာလို့ လူ-သတ်တာလဲ၊ အထူးသဖြင့် အခုမီဒီယာ ကယက်ရိုက်နေတဲ့ အပိုင်းပိုင်း ခု-တ်-သတ်ခံရတဲ့သတင်းမှာ လုပ်ခဲ့တဲ့သူက ဘယ်လိုလူမဆန်တဲ့စိတ်နဲ့ လုပ်တာလဲဆိုတာကို စိတ်ပညာ.. လေ့လာလိုက်စားသူတစ်ယောက်အနေနဲ့ သိသလောက်ပဲ မျှဝေလိုက်ပါတယ်။ စကားပလ္လင်ခံလိုတာက စာရေးသူဟာ ပညာသင် အဆင့်ပဲ ရှိသေးတာမို့ ဒီဆောင်းပါးကို.. ပြီးပြည့်စုံတဲ့ ဆောင်းပါးလို့ မမြင်စေချင်ပါဘူး။ ဒါပေမဲ့ ဆောင်းပါးဆုံးသွားတဲ့အခါ ❝ ဘာလို့ အပိုင်းပိုင်း ခုတ်-သတ်ရတာလဲ ❞ ဆိုတာကို သိသွားပါမယ်လို့ ယူဆပါတယ်။


🔳

ပထမဆုံး ပြောလိုတာက နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက အားရစရာမရှိတာ၊ ပြည်သူ့လုံခြုံရေး (Public Safety) က စည်းပေါက်နေတာအပြင် ပြည်တွင်းစစ်တွေကြောင့်လို့ဆိုနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဆိုပြုချက်က အခြေခံလိုအပ်ချက်ပဲမို့.. ယတိပြတ်မှန်ပါတယ်။ နိုင်ငံရေး၊ နိုင်ငံအတွင်း ပဋိပက္ခ အပွတ်အတိုက်များတာ၊ အုပ်ချုပ်သူတွေက ပြည်သူတွေအပေါ်မှာ အလေးမထားတာ စသဖြင့် အကြောင်းတရားတွေပေါ့။


ဒါဖြင့်.. နိုင်ငံရေးစနစ် ကောင်းတဲ့နိုင်ငံ၊ ပြည်သူ့လုံခြုံမှုကို ဦးစားပေးတဲ့နိုင်ငံ၊ လူသ-တ်မှုဆိုတာနဲ့ အရေးတယူပြုကြတဲ့နိုင်ငံ၊ ပြည်သူတွေကို အရေးထားတဲ့နိုင်ငံတွေမှာ ဒါမျိုး အခုကြားနေရတဲ့ သ-တ်ဖြတ်မှုတွေ မရှိဘူးလား မေးမယ်ဆိုလဲ အဖြေဟာ ရှိပါတယ်။ နည်းတာရယ်၊ များတာရယ်၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကွာခြားသွားတာလဲ ပါမှာပေါ့။


တခြားတစ်ဖက်မှာလဲ.. ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကလဲ ရှိလိမ့်မယ်။ ဥပမာ - အကြွေးမပေးနိုင်လို့ အကြွေးရှင်ကို သူသွားလေရာ.. ထောက်လှမ်းပြီး လူပြတ်ချိန် ရှော့လိုက်တာတို့၊ အချစ်ရေးကိစ္စမှာ ကိုယ့်ချစ်သူကထားခဲ့လို့ သူ့လက်ရှိရည်းစားကို ရှော့ပစ်လိုက်တာတို့၊ နိုင်ငံရေး မငြိမ်မသက်ချိန်မှာ ဝမ်းရေးခက်ခဲလာတာနဲ့အမျှ တခြားဟာထက် လုဖို့ ယှက်ဖို့ ငွေကို လူသ-တ်လောက်တဲ့နည်းနဲ့ ရှာဖွေတာတို့ အစသဖြင့် အကြောင်းတရားမျိုးစုံ ရှိနေနိုင်ပါတယ်။


ဒါပေမဲ့ ဒီဆောင်းပါးမှာ Judiciary နဲ့ The Law of Rule လို့ဆိုတဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးအပိုင်းကို ပြောမှာမဟုတ်တာမို့ နည်းနည်းလေးကျော်သွားပါရစေခင်ဗျာ။


🔳 

အစောပိုင်းကို ပြန်ဆွဲပြောရရင်.. Nerual Mirroring လုပ်တဲ့ကိစ္စ၊ ဦးနှောက်က ပုံတူကူးယူနိုင်လားဆိုတဲ့ အချက်ပါ။


လူသားတွေရဲ့ ဦးနှောက်ထဲမှာ.. Mirrior Neuron ဆိုတာ ပါတယ်။ ဒီကောင်က ဦးနှောက်က တစ်ခုခု မှတ်ယူတော့မယ်ဆိုရင် အားပေးအားမြှောက်လုပ်တာမျိုးတွေ ရှိတယ်။ ပိုရှင်းသွားအောင် ပြောရရင် ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ အသံတွေ၊ အမူအရာတွေ၊ ကိုယ်ဟန်ကိုယ်ပန်တွေကို လိုက်တုတာနိုင်မျိုးဟာ Mirror Neuron ကြောင့်ပါ။


လူစင်စစ် ခွေးလို ဟောင်နိုင်တာ၊ ကြောင်လို မြောင်အသံနဲ့ ငြီးပြတတ်တာ၊ အဆိုတော် မိုက်ကယ်ဂျက်ဆင်အတိုင်း လိုက်ကပြနိုင်တာ၊ မက်ဆီရဲ့ ကစားဟန်အတိုင်း ဘောလုံးကစားပြနိုင်တာဟာ ဦးနှောက်က “ ပုံတူကူးယူပြ ” နိုင်တဲ့ဥပမာတွေပဲ။


◾လူတွေရဲ့ အပြုအမူကို လေ့လာတဲ့စိတ်ပညာ Albert Bandura ကလဲ Mirror Neuron အကြောင်းကို စမ်းသပ်ဖူးပါတယ်။


လူကြီးတစ်ယောက်က BoBo အရုပ်တစ်ရုပ်ကို ကလေးတွေ အရှေ့မှာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်ပြတယ်။ အဲဒါကို ကလေးတွေကလဲ BoBo အရုပ်ကို သူတို့ အားရှိသလောက် ကြမ်းကြမ်းတမ်းတမ်းပဲ ပြန်ရိုက်တာကို တွေ့ရတယ်။


အမှန်က ဒီလိုမျိုးဦးနှောက်က ပုံတူကူးယူတတ်တဲ့အကျင့်က မွေးရာပါဗီဇလို့ ဆိုရမှာပါ။ ဒီနေရာမှာ တစ်ခုမှတ်ထားစေလိုတာက လူတကာရဲ့အပြုအမူတိုင်းကို ကျွန်တော်တို့က လိုက်ပြီး အတုမြင်အတတ်သင်၊ တစ်နည်း ပုံတူကူးယူနေတာ အမြဲတမ်းလားဆိုလဲ မဟုတ်ပါဘူး။ ကိုယ့်စိတ်က ထိုက်တန်တယ်၊ မတန်တယ်ထင်မှ လိုက်ပြီး ကူးယူတတ်တာမျိုးပါ။


အထူးသဖြင့် အောင်မြင်နေတဲ့လူတွေရဲ့ စကားပြောဆိုပုံတွေ၊ နာမည်ကြီးနေတဲ့လူတွေရဲ့ ဖက်ရှင်အတိုင်း လိုက်ပြီးဝတ်စားဆင်ယင်တာတွေ၊ ချမ်းသာနေတဲ့လူတွေရဲ့ ငွေရှာ ငွေစု ရင်းနှီးမြှုပ်နှံမှုပုံစံတွေ.. စသဖြင့် ကိုယ်က ထိုက်တန်ပါတယ်ထင်ရင် လိုက်တုပါတယ်။ ဆိုးတာတွေကို ပုံတူကူးတာကလဲ ဒီသဘောပဲ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှုတစ်ခု ပြန်ရတယ်ဆိုတဲ့ ထိုက်တန်မှုမျိုးနဲ့ ဆိုးတာ ပေတာမျိုး တုပါတယ်။


ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကိုယ်နဲ့ ရန်ငြှိုးရန်စ မရှိဘဲ (ရှိခဲ့ရင်တောင်) ကိုယ် ကြည့်ဖူးတဲ့ဇာတ်ကား၊ ပုံဝတ္ထု၊ ရုပ်ပြ စတဲ့နေရာကနေ လာတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို ကိုယ့်မသိစိတ်ထဲမှတ်ပြီး ပြန်အသုံးချတာကို တွေ့ရမှာပါ။ The Sopranos ဇာတ်ကားကို ကြည့်ပြီး သူတို့အမေရင်းကို သွေးအေးအေးနဲ့ ပြန်သ-တ်သွားတဲ့ ညီအစ်ကိုတွေရဲ့ ဖြစ်ရပ်ဟာလဲ ဒီသဘောပဲ။ အလားတူ ပုံစံတူဖြစ်ရပ်တွေလဲ ကမ္ဘာနေရာအနှံ့မှာ အများကြီးရှိပါတယ်။


◾နောက်တစ်ခု၊ ဦးနှောက်က ပုံတူကူးယူတဲ့အခါမျိုးမှာ Trend ကိုလဲ လိုက်တတ်တယ်။


ပြီးခဲ့တဲ့နှစ်တွေတုန်းက.. အွန်လိုင်းပေါ်မှာ သမီးရည်းစားချင်း ကတ်ကြေးနဲ့ ထိုး-သတ်တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ကြားခဲ့ရတယ်။ အထူးသဖြင့် ကောင်လေးက သူ့ကိုထားခဲ့လို့ဆိုပြီး သူ့ရည်းစားဟောင်းကို ရှော့ပစ်လိုက်တာမျိုးတွေ၊ အဲဒီဖြစ်ရပ်မတိုင်ခင်ဆိုလဲ.. ရည်းစားဟောင်းကို ဘယ်လိုပြန်တုံ့ပြန်ရမယ်ဆိုတဲ့ စာတွေ၊ မှုခင်းတွေ အများကြီး တွေ့ရတယ်။


တလောကဆို ဗီယက်နမ်က အပိုင်းပိုင်း ခုတ်-သတ်ပြတဲ့ ဗီဒီယိုဖိုင် အများစု လိုင်းပေါ်မှာ ​ပျံ့လာတာ တွေ့ရတယ်။ Policy တွေ ဘာမှ မပေးထားတဲ့ တယ်လီဂရမ်တို့၊ Dark Web ထဲမှာ အဲဒါတွေ အများကြီး။ အသိတစ်ယောက် လာပို့လို့ ကြည့်လိုက်တာ၊ တော်ရုံအသည်းမာတဲ့ ကိုယ်တောင် ကြက်သီး ဗြန်းခနဲထသွားတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ်ကြည့်လိုက်တော့ အဲမှာ သတိထားမိတာတစ်ခု သွားတွေ့တယ်။


သ-တ်တဲ့သူက.. ဓ-ားအကြီးကြီးတစ်ချောင်းကို ကိုင်ထားတယ်။ သ-တ်ဖို့ အားပေးတဲ့သူက.. အပြာကားကို ဖွင့်ရင်း လိင်အာသာဖြေနေတယ်၊ ဖြေရင်း လိင်စိတ်တက်လာတဲ့အချိန် သ-တ်တဲ့သူက လည်မျိုကို အစိမ်းလိုက်ကြီး ခု-တ်ချပစ်လိုက်တာ၊ သွေးဆိုတာ ဖြာခနဲပဲ။ နောက်ထပ် ဘာလုပ်သေးလဲဆိုတော့ ကိုယ်အင်္ဂါအစုံကို လှီးတယ်။ အပိုင်းလိုက် ခု-တ်တယ်။


ဒါက.. တစ်ယောက်ပဲလားဆို မဟုတ်ဘူး။ မတူညီတဲ့ လူတွေ၊ မိန်းကလေးရော ယောက်ျားလေးတွေရော ပါတယ်။ သူတို့လဲ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ဖူး၊ မြင်ဖူးတယ်လို့ ယူဆလို့ ရတယ်။ မဟုတ်ရင် အဲလောက်ကြီး အရဲစွန့်ကြမယ်လို့ မထင်ဘူး။


◾တစ်ခါ ကိုယ့်ကိုယ်ကိုယ် Suicide ပြန်လုပ်ပြတဲ့ Vd ဆိုလဲ my day တွေမှာ Trend ဖြစ်ခဲ့ဖူးတယ်။ တကယ်ဆိုးပါတယ်။ (မပြောပြတော့ဘူး)


ဆိုတော့ ဒီဖြစ်ရပ်မှန်တွေကို ကြည့်လိုက်ခြင်းအားဖြင့် လူ့ဦးနှောက်ဟာ Trend အနောက်ကို.. လိုက်ပြီး ပုံတူကူးယူတတ်တဲ့ သဘောမှာ ရှိတယ်။ ဒီနေရာမှာ လူသ-တ်မှုတွေ ဖြစ်တာ၊ ကွင်းဆက်လူသ-တ်သမားတွေ ကျူးလွန်နေကြတာ၊ စိတ္တဇလူသ-တ်သမားတွေ လူသ-တ်တာ၊ လူသ-တ်မှု ဖြစ်စဉ်တွေဟာ ဦးနှောက်ရဲ့ Neural Mirrioring ကြောင့်ပဲလားဆို ဒီတစ်ခုကြောင့်တင် မဟုတ်ပါဘူး။ 


အဲဒါအပြင်ကို ဗီဇ၊ ပတ်ဝန်းကျင်၊ ကျူးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့လဲ ဆိုင်ပါတယ်။ ဒါဆို ဘယ်လိုဆက်နွှယ်နေလဲ။


🔳

လူသ-တ်မှုဖြစ်စေတဲ့ အကြောင်းပြချက်မှာ ပထမဆုံးပြောရမယ်ဆိုရင် ဦးနှောက်အကြောင်းပဲ အရင်ပြောရမှာပါ။ ဦးနှောက် အပြင်လွှာရဲ့ အရှေ့ဆုံးမှာရှိတဲ့... Orbitofrontal Cortex က ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့၊ ဒေါသမထွက်အောင် ထိန်းချုပ်ပေးဖို့ အဓိက အလုပ်လုပ်ပေးတယ်။ အဲအပိုင်း အားနည်းနေသူဆိုရင် စိတ်တိုတာ၊ စိတ်ဆတ်တာ၊ ဝုန်းဒိုင်းကြဲတာ၊ နောက်ဆုံးကျ.. လူသ-တ်ဖို့ ဝန်မလေးတဲ့အထိ ဖြစ်စေတယ်။ 


မရှက်တမ်းဝန်ခံရရင် စာရေးသူ ဘုန်းမောင်ဦးကလဲ အဲလို အားနည်းနေသူတစ်ယောက်လို့ ဝန်ခံရမှာပါ။ သို့သော်လဲ လူသ-တ်လောက်တဲ့ထိ စာနာမှုကင်းမဲ့တာမျိုး ကျွန်တော့်မှာ မရှိသေးပါဘူး။ ဘာလို့ဆို.. ကျွန်တော့်မှာ စိတ်ဒဏ်ရာကြီးကြီးမားမားမရှိတာ၊ စာနာနွေးထွေးတတ်တဲ့ မိသားစုတွေ.. သူငယ်ချင်းတွေ.. လုပ်ဖော်ကိုင်ဖက်တွေ ရှိခဲ့ဖူးတာ၊ စာကောင်ပေမွန်နဲ့ထိတွေ့ဖူးတာ ဒါတွေကြောင့် လူသ-တ်လောက်တဲ့အထိ စာနာမှုမမဲ့သေးဘူးလို့ ဆိုရပါလိမ့်မယ်။


◾ဒီသဘောက လူသ-တ်သမားတစ်ယောက် ဖြစ်စေတဲ့ အကြောင်းပြချက်ကို ကိုယ်နဲ့ယှဉ်ပြီး ဥပမာပေးတာလိုက်တာပါ။ အမှန်တကယ်တမ်း မျိုးရိုးဗီဇအပြင်.. လူတွေဟာ သူတို့ ကြီးပြင်းတဲ့မိသားစု၊ သူတို့ပေါင်းသင်းနေတဲ့လူတွေ၊ သူတို့ လိုက်စားနေတဲ့ပညာရပ်တွေနဲ့ သက်ဆိုင်တာ တွေ့ရပါတယ်။


မှုခင်းစိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Helen Morrison ပြုစုခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာဆို လူသ-တ်သမား ၁၃၅ ယောက်ရဲ့ တူညီတဲ့စိတ်ဓာတ်နှစ်ခု ထင်ထင်ရှားရှား တွေ့ရပါတယ်။ ပထမတစ်ခုက ခန္ဓာကိုယ်ထဲမှာ ခရိုမိုဇုမ်း (chromosome) တွေ မူမှန်နေတာရယ်၊ နောက်တစ်ခုက လူသ-တ်သမားတိုင်းဟာ “ ထိုက်တန်လို့ ငါလုပ်တာ ” ဆိုတဲ့ Mindset ကို လက်ကိုင်ထားကြပါတယ်။


ခရိုမိုဇုန်း မူမမှန်တာ လူသ-တ်လောက်စေတဲ့အထိ ဖြစ်စေပေမဲ့ တချို့မူမမှန်တဲ့လူတွေက လူသ-တ်သမားတွေမဖြစ်ဘဲ တခြားနယ်ပယ်မှာ ကျော်ကြားနေတဲ့လူတွေ၊ လူတွေကို အကျိုးပြုနေတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီအထဲမှာ Mr. Bean သရုပ်ဆောင်တဲ့ Rowan Atkinson လိုလူ၊ နက်ဗ်ကြော သိပ္ပံပညာရှင် James Fallon လိုလူတွေတောင် ပါနေကြတယ်။


◾ခရိုမိုဇုမ်းထက် ငယ်ဘဝမှာ မေတ္တာငတ်ခဲ့တာမျိုးတွေ၊ အဖေက နေ့စဉ်နဲ့အမျှ အမေ့ကို ရိုက်နေတာကို ခဏခဏ တွေ့ခဲ့ရတာတွေ၊ ကျောင်းတွင်း အနိုင်ကျင့်ခံခဲ့ရတာတွေနဲ့ အများကြီးဆက်နွှယ်နေပါတယ်။ ဆိုတော့ ဒီလိုမျိုး ဆိုးတာနဲ့ ကလေးငယ်တွေတိုင်းမှာ.. Orbitofrontal Cortex အားနည်းသွားပါတယ်။


ဒီ့အတွက်ပဲ လူတစ်ဖက်သားအပေါ် မှိုချိုးမျှစ်ချိုး ပြောပစ်ဖို့ ဝန်မလေးတာ၊ ကိုယ်ထိလက်ရောက်ရိုက်ဖို့ မရွံ့နေတာ၊ ကလေးဆို အနိုင်ကျင့်ဖို့၊ ဒီ့ထက်ဆိုးတာဆို မုဒိ-မ်းကျင့်ဖို့၊ ကျင့်ပြီး လူသ-တ် အကောင်ပျောက်ဖို့ လက်ရဲဇာက်ရဲလာတယ် ဆိုရမှာပါ။ နောက်တစ်ခုက.. ထိုက်တန်တယ်ဆိုတဲ့ Mindset ပါ။


Serial Killer (ကွင်းဆက်လူသ-တ်သမား) တွေ ကျူးလွန်မှုတွေကို ကြည့်လိုက်ရင် အများစုက ပုံစံချင်းဆင်တူကြပါတယ်။ အဲဒါထက် သူတို့လက်ကိုင်ထားတဲ့ စိတ်က တစ်ခါလုပ်လို့ ရရင်၊ ပထမတစ်ခါ ကျူးလွန်တာ လွယ်ကူသွားခဲ့ရင်၊ ဒါမှမဟုတ် သူတို့အတွက် လွတ်လွတ်လပ်လပ်ဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ်ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။ ကိုယ်နဲ့ ရန်ငြှိုးရန်စမရှိတဲ့လူကိုတောင် ဆင်တူရာ လိုက်သ-တ်ပါတယ်။


◾နောက်တစ်ချက်က Transference ပဲ။ Transference ကို နားလည်အောင်ပြောရရင် ကိုယ့်ကို လုပ်သွားတဲ့သူက တစ်ယောက်၊ ကိုယ်ပြန်လုပ်သွားတဲ့သူက တစ်ယောက်။ အဲဒီမှာ ကိုယ်ပြန်လုပ် (ပြန်သ-တ်တဲ့သူ)က ကိုယ့်ကိုလုပ်သွားတဲ့သူနဲ့ ပုံစံချင်း သွားဆင်နေတာမျိုးတွေ ဖြစ်နေတာပဲ။


ဆိုပါစို့၊ ကိုယ့်ကို အသည်းခွဲသွားတဲ့ ကောင်မလေးပုံစံက အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်။ ဒါကိုပဲ ကိုယ်က အသားဖြူဖြူ.. အရပ်မြင့်မြင့်.. ဆံပင်ရှည်တဲ့မိန်းမတွေ မြင်ရင် ရွံတယ်။ သ-တ်ပစ်ချင်လောက်အောင် မုန်းတယ်ဆိုတာမျိုး။ တကယ်တမ်း ကိုယ်မုန်းနေတဲ့လူက ကိုယ်နဲ့ ဘာရန်ငြှိုးရန်စမှ ရှိမနေဘူး။


နောက်ထပ် အဖေက အမေ့ကို လက်ပါလို့ ယောက်ျားယူဖို့၊ ယောက်ျားဆို ဘယ်ယောက်ျားမှမကောင်းဘူးလို့ မြင်ကြတဲ့ အမျိုးသမီးတွေ၊ မုဒိ-မ်းကောင်ကြောင့် မလိုချင်ဘဲ ရခဲ့တဲ့ကိုယ်ဝန်ကို မွေး.. ပြီးရင် ကလေးက မုဒိ-မ်းကောင်နဲ့ တူနေတာ မြင်တိုင်း ကလေးကို အမုန်းတရားနဲ့ ပြောဆိုတဲ့မိခင်၊ ဒါတွေဟာ Transference တွေရဲ့ သဘောထဲမှာ ပါပါတယ်။


🔳

ဒီနေရာမှာ အများစု မေးခွန်းထုတ်ကြတာက ဘာလဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်နိုင်လားဆိုတာပါ။ အဖြေကတော့.. လုပ်နိုင်ပါတယ်။


◾၁၉၉၃ ခုနှစ်၊ အင်္ဂလိပ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အသက် ၁၀ သာ ရှိသေးတဲ့ ကလေးနှစ်ယောက်က အသက် ၃ နှစ်ပဲ ရှိတဲ့ ကလေးကို သ-တ်တဲ့အမှု။ ဒီအကြောင်းကို Murder of Innocence ခေါင်းစဉ်နဲ့ Google မှာ သွားဖတ်လို့ရတယ်။


◾၂၀၀၂ ခုနှစ်၊ ဂျာမဏီနိုင်ငံမှာ ကိုယ့်ရဲ့ မိသားစုဝင် ၅ ယောက်ကို ေ-သနတ်နဲ့ ရှော့ပစ်ခဲ့တဲ့အမှု၊ တရားခံကြည့်တော့ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ဒီအ​ကြောင်းကိုလဲ Germany family murder 2002 teenager (Keyword) နဲ့ ရှာဖတ်လို့ ရပါတယ်။


◾၂၀၂၄ ခုနှစ်၊ တောင်ကိုးရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမှု၊ ကောင်လေးက ဆယ်ကျော်သက် ၁၇ နှစ်၊ အသ-တ်ခံရတဲ့သူက အတန်းဖော်။ ဒီသတင်းကို Comment မှာ ချထားပါတယ်။


ပြောချင်တာကတော့ ကလေးတွေဟာလဲ ကျူးလွန်နိုင်ပါတယ်။ Percentage တော့ နည်းတာပေါ့။ FBI စာတမ်းတွေအရ လူသ-တ်မှုတွေရဲ့ ၇ % လောက်က ကလေးတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဆိုတော့ ဒါကို ကြည့်ခြင်းဖြင့် ကလေးပဲ၊ ဒါမျိုးတော့ မလုပ်လောက်ဘူးလို့ ထင်လို့မရပါဘူး။


ဆယ်ကျော်သက် ကလေးတွေက လူကြီးတွေထက် ပုံတူကူးယူမှုအပိုင်းမှာ ပိုမြန်သလို၊ ပိုသွက်ပါတယ်။ အများစု ကွင်းဆက်လူသ-တ်သမားတွေဟာ ကြီးမှ ကျူးလွန်ကြတာထက် ငယ်ငယ်ကတည်းက လက်ဇလက်နတွေ ရှိနေတာ အများကြီးတွေ့ရတယ်။


📌 Ratsasan ဆိုတဲ့ အိန္ဒိယဖြစ်ရပ်မှန်ဇာတ်ကားကို သွားကြည့်ကြည့်ပါ။ ကွင်းဆက်လူသ-တ်သမားက လူကြီးဆိုပေမဲ့ သူငယ်ငယ်ကတည်းက မိန်းမတွေကို မုန်းတီးနေတဲ့လူ၊ အသက်ငယ်ငယ်နဲ့ မိန်းကလေးတွေမြင်ရင် သ-တ်ပစ်ချင်တဲ့စိတ်က သူ့ကိုယ်ထဲ စီးဆင်းနေတယ်။ စိတ်ဝင်စားဖို့လဲ ကောင်းသလို တစိမ့်စိမ့် ကျောချမ်းဖို့လဲကောင်းတယ်။


🔳

ဒါဆို ဒီလို လူသ-တ်မှုတွေကို လျော့လာအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ အဖက်ဖက်က ပြည့်စုံနေရမှာမို့ အတတ်နိုင်ဆုံး လျော့ကျအောင်ပဲ အရင်လုပ်ရမှာပါ။


ဖြစ်နိုင်ရင် အနိဋ္ဌာရုံဖြစ်စေတဲ့ ဇာတ်ကား၊ ဝတ္ထု၊ ဓာတ်ပုံတွေကို မကြည့်တာပိုကောင်းပါတယ်။ Psychopath ကို အသားပေးရိုက်တဲ့ဇာတ်ကား၊ ပုံဖော်ထားတဲ့ ဝတ္ထုတွေရဲ့ ရည်ရွယ်ချက်က လူ့စိတ်အမှောင်ခြမ်းကို နားလည်အောင် ချပြဖို့ပါ။ မကြည့်တတ်ဘူးဆိုရင်.. အတုခိုးတတ်ပါတယ်။ လုံးဝ မကြည့်ရဘူးလို့တော့ မပိတ်ပင် မတားမြစ်ချင်ဘူး။


ကြည့်တဲ့သူက အသက်မပြည့်သေးတဲ့သူဆိုရင် အန္တရာယ် အင်မတန်များပါတယ်။ အဲဒါထက်ဆိုးတာက ဇာတ်လမ်းမှာပါတဲ့ ဇာတ်ဝင်ခန်း၊ ဇာတ်ကားထဲက လူသ-တ်သမားတွေရဲ့ပုံစံ၊ လူသ-တ် အ-လောင်းဖျောက်တဲ့ပုံစံအတိုင်းကို လိုက်လုပ်ခဲ့တဲ့ဖြစ်ရပ်တွေ၊ မှုခင်းတွေ အများအပြားတွေ့ရပါတယ်။


◾မိဘတွေအနေနဲ့ ကိုယ့်ကလေး Bully လုပ်တာမျိုး၊ ဒါမှမဟုတ် Bully လုပ်တာခံရတာမျိုးဆိုရင်.. သတိထားပြီး ဆုံးမပြောပြဖို့ လိုပါတယ်။ ကလေးပဲ ဒါမျိုးမလုပ်လောက်ဘူးဆိုတာမျိုး မတွေးစေချင်သလို၊ အလိုလိုက်ထားတာ၊ အတင်းအကျပ် ဖိနှိပ်ချုပ်ခြယ်တာမျိုးတွေက လွဲမှားနေတဲ့ ဆုံးမနည်းတွေပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို လူသ-တ်ရတဲ့အကြောင်းအရင်းရဲ့ အခြေခံသဘောတရားကို သိရှိလောက်မယ် ထင်ပါတယ်။ ဖြစ်နိုင်ရင် ဒီဆောင်းပါးကို လက်ဆင့်ကမ်းမျှဝေပေးဖို့ တိုက်တွန်းပါတယ်.. ခင်ဗျား။


ဘုန်းမောင်ဦး

အောက်တိုဘာ ၉၊ ၂၀၂၅။


Ref;

1. Inside Criminal Mind by Stanton E. Samenow

2. The Psychology of Murder | Psychology Today

3. Understanding the mind of a serial killer

4. Transference: What It Means and How It Affects Therapy

5. Orbitofrontal cortex: definition, structure and function | Kenhub

6. Characteristics of family killers revealed by first classification study | Birmingham City University

7. နိုင်ငံကျော်မှုခင်းဇာတ်လမ်းများနှင့် ထောင်တွင်းဖြစ်ရပ်မှန် ဇာတ်လမ်းများ | ဆရာ လင်းမြတ်တေဇ

၈. မှုခင်းနှင့် လျှို့ဝှက်သည်းဖို (ဘာသာပြန်ဝတ္ထုတိုများ) | ဆရာ မောင်ခေတ်ထွန်း

၉. The murder of innocence | James Bulger murder | The Guardian


Disclaimer

This article is for educational purposes only, sharing information about homicide and psychopathic killers. It is not intended to harm or target any specific individual. Therefore, even if some keywords may seem to conflict with Facebook's policies, I request that it not be banned.


***ဆရာ ဘုန်းမောင်ဦး၏ စာမျက်နှာမှကူးယူဖော်ပြသည်။


Thursday, April 21, 2022

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု

 အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု




====================

====================


အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနဲ့ နှစ်ဦးပိုင်ပစ္စည်းခွဲဝေမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊ စာရေးဆရာ) ကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။


မေး :မယားဖြစ်သူက နောက်တယောက်နဲ့ ဖောက်ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး လင်ခန်းမယားခန်း အလိုလို ကွာရှင်းပြီးသားဖြစ်ပါသလား။ ဇနီးဟောင်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေဖို့ တောင်းဆိုခွင့်၊ သားသမီးအုပ်ထိန်းခွင့်တွေ ရှိပါသလား။


 

ဖြေ:  အများအားဖြင့် လူတွေက ထင်ကြတာက မယားက နောက်ယောကျာ်းတယောက်နဲ့ လိုက်ပြေးသွားပြီဆိုရင် လင်ခန်းမယားခန်း အလိုလိုပြတ်စဲသွားပြီလို့ထင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အဲဒါက လင်ယောကျာ်းက ဖြတ်မှပဲရမှာပါ။ သူက လင်မယားကွာရှင်းပေးစေလိုမှု လျှောက်ရတယ်။ မလျှောက်ဘဲထားရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်နေတုန်းပဲ။ ဒါကြောင့် တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၃ မှာ ဖောက်ဖျက်တာကို တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၄ အရ တရားရုံးမှာ ကွာလိုမှု လျှောက်ရတယ်။


နောက်ပြီး ပုဒ်မ ၁၅ မှာက ကွာလိုမှုရတယ်ဆိုရင် ဖောက်ပြန်တဲ့ ဇနီးမယားအနေနဲ့ အမွေ အခွင့်အရေး အားလုံးဆုံးရှုံးတယ်လို့ ပါတယ်။ ဒါကြောင့် အဲဒါကို ဖော်ပြပြီးတော့ ကွာလိုမှု လျှောက်တဲ့နေရာမှာ အဆင့်ဆင့်တွေကို တင်ပြပြီးတော့ လျှောက်ထားနိုင်တယ်။ ကွာလိုမှု ရတဲ့အခါမှာလည်း ဖောက်ပြန်တဲ့ ဇနီးမယားက အမွေဆက်ခံခွင့်ဘာမှမရပါဘူး။ ဆုံးရှုံးပါတယ်။ သားသမီးထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဖောက်ပြန်တဲ့သူက အုပ်ထိန်းခွင့် လျှောက်ရင်တော့ အင်မတန် အခွင့်အရေးနည်းပါတယ်။ သူမှာက စာရိတ္တချို့ယွင်းထားတာ ရှိနေတာကြောင့် မိခင်အနေနဲ့ လျှောက်ရင် အခွင့်အရေးဆုံးရှုံးနိုင်တယ်လို့ ဖြေကြားချင်ပါတယ်။


မေး : လင်ယောကျာ်းဖြစ်သူက တနယ်တကျေးမှာ ရဟန်းဘောင်၀င်သွားတာ ဘယ်တော့ကြာမလဲဆိုတာ မပြောတော့ နောက်အိမ်ထောင်ပြုဖို့ နှစ်ဦးနှစ်ဖက်မိသားစုတွေ သဘောတူ စီစဉ်ထားပြီးဖြစ်ပါတယ်။ အခုကျတော့ ၂ နှစ်ကျော်အကြာမှာ  လူပြန်ထွက်ပြီး အိမ်ကို ပြန်လာပါတယ်။ ကျမသိချင်တာက အခုလိုလူပြန်ထွက်လာတာက လင်မယားအရာ တည်မြဲနေသေးပါသလား။ အကျပ်အတည်း တွေ့နေတဲ့အတွက် ဘယ်လို ဆက်လုပ်သင့် သလဲဆိုတာ အကြံဉာဏ်တောင်းခံထားပါတယ်ရှင်။


ဖြေ : မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ပျက်တယ်ဆိုတာကတော့ အချက်သုံးချက်ရှိတဲ့အထဲက (၁) အချက်မှာ လင်ယောကျာ်းရဟန်းဘောင်ဝင်ရင် ပျက်တယ်ဆိုတာ ပါဝင်တယ်။ ရဟန်းဘောင်ဝင်တဲ့အခါ ဒုလ္လဘ မဟုတ်ဘူး။ အပြီးရဟန်းဘောင် ခံယူလိုက်တယ်။ လင်ခန်းမယားခန်း ပြတ်မပြတ်ဆိုတာကို ဟိုးရှေး ဓမ္မသတ်အဟောင်းတွေမှာ ဘာပါသလဲဆိုတော့ လင်ယောကျာ်းက ရဟန်းဘောင်ဝင်ရင် ကျန်ရှိနေတဲ့ တယောက်က နောက်အိမ်ထောင်ထူလို့ရတယ်။ ဒါပေမယ့် လင်ယောကျာ်းက ပြန်ထွက်ရင်တော့ မယားကို ဆက်လက်ပေါင်းသင်းခွင့်ရှိတယ်လို့ ဟိုးအရင်ဓမ္မသတ်တွေက ဆိုပါတယ်။ ဒါပေမယ့် (၃၄)ဆောင်တွဲ ဓမ္မသတ်၊ အခန်း (၁၃)၊ ပုဒ်မ (၄၁၁) မှာ လင်ယောက်က်ျားက ရဟန်းဘောင်ကို အပြီးဝင်သွားတာနဲ့ လင်ခန်းမယားခန်း ပြတ်တယ်လို့ ဆိုထားတယ်။


နောက်တခု စိတ်ဝင်စားစရာကောင်းတာက မနုကျယ်ဓမ္မသတ်ရဲ့ (၅)တွဲ၊ အခန်း (၁၇) မှာ လင်ယောကျာ်းက ရဟန်းဘောင်ကို ဝင်ပြီဆိုရင် ဇနီး၊ မယားက (၇) ရက်တော့စောင့်ပေးပါတဲ့။ စိတ်လည်ပြီး ပြန်ထွက်လာရင်လည်း ပြန်ပေါင်းလို့ရတာပေါ့။ စိတ်ပြတ်အောင်လို့ပါ။ (၇) ရက်ကျော်ပြီဆိုရင် ကျန်ခဲ့တဲ့ဇနီးမယားက နောက်အိမ်ထောင်ထူပိုင်ခွင့်ရှိတယ်။ (၇)ရက်ကျော်မှ ရဟန်းဘောင်က ပြန်လာပြီး မိမိရဲ့ ဇနီးမယားပါလို့ အခွင့်အရေး တောင်းဆိုခွင့် မရှိတော့ဘူးလို့ ဆိုချင်ပါတယ်။


မေး:  မြန်မာနိင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေဟာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေနဲ့သာသက်ဆိုင်ပြီး အခြားဘာသာ ကိုးကွယ်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာ တလင်တမယားဥပဒေ ရှိနေတဲ့အတွက် ခရစ်ယာန်ဘာသာ၀င်တွေအနေနဲ့ အိမ်ထောင်ရေး ပြဿနာတခုခု ဖြစ်လာရင် ဘယ်ဥပဒေနဲ့ အမှုကို ကိုင်တွယ်မလဲဆိုတာ ဥပဒေဗဟုသုတအနေနဲ့ သိလိုပါတယ်။


ဖြေ  : အိမ်ထောင်ရေးပြစ်မှုဆိုတာကို သူက မေးထားတာ။ ဘယ်လို အိမ်ထောင်ရေး ပြစ်မှုဆိုတာကိုတော့ သူက အတိအကျ ဖော်ပြထားတာ မတွေ့ဘူးပေါ့ကွယ်။ အိမ်ထောင်ရေး ပြစ်မှုဆိုတာ အမျိုးမျိုးရှိသေးတာကိုး။ ဒါပေမယ့် နောက်အိမ်ထောင်ပြုတာမျိုး၊ အိမ်ထောင်ရေး ဖောက်ပြန်တာမျိုးလား။ အဲလိုဆိုရင်တော့ တစ်လင်တမယား ကျင့်သုံး ခြင်း ဆိုင်ရာဥပဒေပုဒ်မ (၁၇) မှာ အတိအကျဆိုထားတယ်။ ဘယ်လိုဆိုတာလဲဆိုရင် ..ဥပဒေတရပ်အရ ပဲဖြစ်ဖြစ်၊ ကိုးကွယ်ရာ ဘာသာတရပ်အရရပဲဖြစ်ဖြစ်၊ ဓလေ့ထုံးစံအရပဲဖြစ်ဖြစ်၊ တည်မြဲတဲ့အိမ်ထောင်မှုကို ယောကျာ်းကပဲဖြစ်စေ၊ မိန်းမကပဲဖြစ်စေ..ထူထောင်ထားပြီးဖြစ်တယ်ဆိုရင် ဒီကိစ္စကိုထိန်ချန်ပြီး နောက်ထပ် အိမ်ထောင်မပြုရဘူးလို့ ပါတယ်။ ဆိုတော့.. သူက ဘာသာမရွေး၊ ဓလေ့ထုံစံမရွေး..မည်သည့် ဥပဒေနဲ့ပဲ အိမ်ထောင်ပြုထားပြုထား၊ ဒီလိုပြုထားတဲ့ဥစ္စာကို ထိန်ချန်ပြီး နောက်အိမ်ထောင်ပြုမယ်ဆိုရင်တော့ ဒီဥစ္စာက ပုဒ်မ-၁၇ အရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်။ ဒါကြောင့်မို့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်.. တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ဘယ်ဓလေ့ထုံးတမ်းကိုပဲယူယူ၊ ဘယ်ကိုးကွယ်တဲ့ ဘာသာကိုပဲယူယူ၊ ဘယ်ဥပဒေကိုပဲ ယူယူ ဒီဥပဒေအရပဲ ဆုံးဖြတ်ချက် ခံယူရမယ်လို့ ဖြေချင်ပါတယ်။


မေး :  ကျနော်တို့က အစ္စလာမ်ဘာသာ၀င်တွေပါ။ သားသမီး ၄ ယောက်ရှိပါတယ်။ နှစ်ဦးသဘောတူကွာရှင်း ဖို့ဖြစ်လာပါတယ်။ တချို့ပစ္စည်းတွေက ဇနီးနာမည်နဲ့ ဖြစ်နေတဲ့အတွက် လက်ထက်ပွားပစ္စည်းတွေကို ဘယ်လို ခွဲဝေရမလဲ ဆိုတာကို သိလိုပါတယ် ။


ဖြေ:  အစ္စလာမ်ဘာသာဓလေ့ထုံးတမ်းနဲ့ ဗုဒ္ဒဘာသာ ဓလေ့ထုံးတမ်း.. လင်ခန်းမယားခန်း မတူဘူးကွဲ့။ ပစ္စည်းခန်း အခွင့်အရေးလည်း မတူဘူးကွဲ့။ အစ္စလာမ်ဘာသာမှာ ကျတော့ လင်ယောက်ျားဟာ အမွေရတဲ့ပစ္စည်းပဲဖြစ်ဖြစ်  သူရှာဖွေလို့ရတဲ့ ပစ္စည်းပဲဖြစ်ဖြစ်.. အဲဒီ ပစ္စည်းဥစ္စဓနဟာ သူ့ပစ္စည်းပဲ ..ဇနီးမယားဟာ သူအမွေရတဲ့ပစ္စည်း ပဲဖြစ်ဖြစ် ..သူ၀န်ထမ်းဖြစ်လို့ လခရရင်လည်း အဲပစ္စည်းအရပ်ရပ်ဟာ ဇနီးမယားဟာ သူ့ပစ္စည်းပဲ။ သူကသီးခြားစီဖြစ်တယ်။ နှစ်ဦးပေါင်း လက်ထက်ပွားပစ္စည်းဆိုတာ မရှိဘူး။ လင်ခန်းမယားခန်း ပေါင်းနေဆဲမှာလည်း သူ့ ပစ္စည်းနဲ့သူသွားတာပဲ။


မဟာရွှေဆိုတာတော့ရှိတာပေါ့။ မဟာရွှေဆိုတာကတော့ အိမ်ထောင်ပြုတဲ့အခါမှာ လင်ယောက်ျားက တင်တောင်းတဲ့ငွေပေါ့ကွယ်။ ဒါကတော့ ပေးဖို့ကျန်တာရှိရင် လင်ခန်းမယားခန်း နှစ်ဦးသဘောတူ ပြတ်တဲ့အခါမှာ အဲဒီမဟာရွှေပေးစရာရှိရင်တော့ ပေးရတဲ့ ထုံးစံရှိတယ်။ အဲဒါကလည်း လင်ခန်းမယားခန်းပြတ်ပြီး ၃ နှစ်အတွင်း စွဲရတယ်။ ၃ နှစ်ကျော်လို့ရှိရင် စွဲပိုင်ခွင့်မရှိဘူး ။


နောက်တခုရှိသေးတယ်။ အဲဒီလို ပေါင်းသင်းနေစဉ်ကာလအတွင်းမှာ လင်ယောက်ျားက မိမိရဲ့ ဇနီးမယားကို  မေတ္တာသက်၀င်ပြီးတော့ ၀ယပြေးမယြ ..Gift အနေနဲ့ ပေးမယ်ဆိုရင်လည်း ပေးလို့ရတယ်။ အဲဒီလိုပေးမယ်ဆိုရင်လည်း မိန်းမနာမည်နဲ့ ပေးရတယ်။ အိမ်တို့ခြံတို့မြေတို့ ကိုပေးမယ်ဆိုရင် မိန်းမနာမည်နဲ့ မှတ်ပုံတင်ပြီး ပေးရတယ်။ ဒါကြောင့်မို့လို့ ပိုင်ဆိုင်မှုဟာ သီးခြားစီဖြစ်တယ်။ နှစ်ဦးလက်ထက်ပွားပစ္စည်းဆိုတာ မရှိပါဘူး။ ဒါကြောင့်မိန်းမနာမည်နဲ့ ရှိတဲ့ပစ္စည်းဟာ မိန်းမပိုင်တာပဲ။ ယောက်ျားနာမည်နဲ့ရှိတဲ့ ပစ္စည်းမှန်သမျှဟာ ယောက်ျားပိုင်တယ်။ နှစ်ဦးသဘောတူ ပြတ်ပြီဆိုတာနဲ့  ထိမ်းမြားတဲ့အချိန်ကနေ ပြတ်စဲတဲ့အချိန်ထိ ပိုင်ဆိုင်မှု အားလုံးဟာ သူ့ဖာသာသူအားလုံး သီးခြားဖြစ်သွားပါပြီ။ ဒီလိုပဲ ဖြေရပါမယ်။


မေး:  ကျမယောက်ျားက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဆယ်နှစ်ကျသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ ဒီကြားထဲမှာ စား၀တ်နေရေးကလည်း အဆင်မပြေ၊ ကလေးတွေရဲ့ ရှေ့ရေးကလည်း ရှိနေတော့ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားနေပါတယ်။ အကယ်၍ အိမ်ထောင်ပြုလိုက်ရင် ဥပဒေနဲ့ညီပါသလား။


ဖြေ : မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရပြောရရင်တော့ ဓမ္မသတ်(၃၄)စောင်တွဲ၊ အိမ်မှုခန်းမှာ ယောကျာ်းဟာ နူနာရောဂါ စွဲကပ်သွားသည့်တိုင် ဇနီးမယားက ကွာလိုမှု မလျောက်နိုင်ဘူးလို့ ဆိုထားပါတယ်။ နောက်ဆုံးစီရင်ထုံးအနေနဲ့ ဒေါ်လှလှဝင်းနဲ့ ဦးဘရှင် ၁၉၉၁ ခုနှစ် စာမျက်နှာ (၁၅၉) အမှုစီရင်ထုံးမှာလည်း အဲဒီအတိုင်း ဆုံးဖြတ်ထားပါတယ်။ လင်ယောကျာ်းက ထောင် ၁၀ နှစ်ပဲကျကျ၊ အနှစ် ၂၀ ပဲကျကျ.. အဲဒါကို အကြောင်းပြုပြီး ကွာလိုမှု လျှောက်ဖို့ စိတ်မကူးပါနဲ့။ အကြံပေးချင်တာတခုက ကွာလိုမှု လျှောက်မယ်ဆိုရင် ဇနီးမယားအနေနဲ့ သူ့ကို လင်ယောကျာ်းက စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ဖြစ်အောင် ဘာလုပ်သလဲဆိုတာကိုပဲ အခြေခံရတယ်။ ဒီမူးယစ်ဆေးဝါးလုပ်လို့ သူ့ကို စိတ်၊ကိုယ်ဆင်းရဲခြင်းဖြစ်အောင် ဘာတွေလုပ်သလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးမှသာ ကွာလိုမှုလျှောက်လို့ရပါတယ်။ ဒီအချက်တွေကို မဖော်ပြဘဲနဲ့ လင်ယောကျာ်းက ထောင် ၁၀ နှစ်ကျလို့ ကွာလိုမှုလျှောက်လို့တော့ မရနိုင်ဘူး။ ရနိုင်တဲ့ အခွင့်အရေးပေးထားတာက မိမိကိုယ်ကိုယ် စိတ်ဆင်းရဲအောင် ဘာတွေလုပ်လဲ ဆိုတာကို ခိုင်မာအောင် သက်သေပြပါ။ ထောင်မှာ ၁၀ နှစ်ကျတာကို အကြောင်းမပြပါနဲ့။ ကိုယ်ခံစားရတဲ့ အချက်ကိုမူတည်ပြီး၊ အကြောင်းပြပြီး ကွာလိုမှုလျှောက်မယ်ဆိုရင် ရပါတယ်လို့ အကြံပေးချင်ပါတယ်။


==========


DVB TV News


(Zawgyi) 

အိမ္ေထာင္ေရးေဖာက္ျပန္မႈ၊ လင္မယားကြာရွင္းမႈႏွင့္ အေမြခြဲေဝမႈ




====================

====================


အိမ္ေထာင္ေရးေဖာက္ျပန္မႈ၊ လင္မယားကြာရွင္းမႈနဲ႕ ႏွစ္ဦးပိုင္ပစၥည္းခြဲေဝမႈဆိုင္ရာ ကိစၥရပ္ေတြနဲ႕ပတ္သက္ၿပီး ဦးေက်ာ္ေဇယ် (ဥပေဒပညာရွင္ ၊ စာေရးဆရာ) ကို ဒီဗြီဘီသတင္းဌာနမွ ေနရီရီက ေတြ႕ဆုံေမးျမန္းထားပါတယ္။


ေမး :မယားျဖစ္သူက ေနာက္တေယာက္နဲ႕ ေဖာက္ျပန္ၿပီး ထြက္ေျပးသြားပါတယ္။ ဒီလိုျဖစ္စဥ္ေၾကာင့္ ႏွစ္ဦးစလုံး လင္ခန္းမယားခန္း အလိုလို ကြာရွင္းၿပီးသားျဖစ္ပါသလား။ ဇနီးေဟာင္းျဖစ္သူက ႏွစ္ဦးပိုင္ပစၥည္းေတြကို ခြဲေဝဖို႔ ေတာင္းဆိုခြင့္၊ သားသမီးအုပ္ထိန္းခြင့္ေတြ ရွိပါသလား။


 

ေျဖ: အမ်ားအားျဖင့္ လူေတြက ထင္ၾကတာက မယားက ေနာက္ေယာက်ာ္းတေယာက္နဲ႕ လိုက္ေျပးသြားၿပီဆိုရင္ လင္ခန္းမယားခန္း အလိုလိုျပတ္စဲသြားၿပီလို႔ထင္ၾကတယ္။ အမွန္ေတာ့ မဟုတ္ပါဘူး။ အဲဒါက လင္ေယာက်ာ္းက ျဖတ္မွပဲရမွာပါ။ သူက လင္မယားကြာရွင္းေပးေစလိုမႈ ေလွ်ာက္ရတယ္။ မေလွ်ာက္ဘဲထားရင္ တည္ၿမဲခိုင္မာတဲ့ အိမ္ေထာင္ေရး ျဖစ္ေနတုန္းပဲ။ ဒါေၾကာင့္ တလင္တမယား က်င့္သုံးျခင္းဆိုင္ရာဥပေဒ ပုဒ္မ-၁၃ မွာ ေဖာက္ဖ်က္တာကို တလင္တမယား က်င့္သုံးျခင္းဆိုင္ရာဥပေဒ ပုဒ္မ-၁၄ အရ တရား႐ုံးမွာ ကြာလိုမႈ ေလွ်ာက္ရတယ္။


ေနာက္ၿပီး ပုဒ္မ ၁၅ မွာက ကြာလိုမႈရတယ္ဆိုရင္ ေဖာက္ျပန္တဲ့ ဇနီးမယားအေနနဲ႕ အေမြ အခြင့္အေရး အားလုံးဆုံးရႈံးတယ္လို႔ ပါတယ္။ ဒါေၾကာင့္ အဲဒါကို ေဖာ္ျပၿပီးေတာ့ ကြာလိုမႈ ေလွ်ာက္တဲ့ေနရာမွာ အဆင့္ဆင့္ေတြကို တင္ျပၿပီးေတာ့ ေလွ်ာက္ထားနိုင္တယ္။ ကြာလိုမႈ ရတဲ့အခါမွာလည္း ေဖာက္ျပန္တဲ့ ဇနီးမယားက အေမြဆက္ခံခြင့္ဘာမွမရပါဘူး။ ဆုံးရႈံးပါတယ္။ သားသမီးထိန္းသိမ္းေရးနဲ႕ ပတ္သက္ရင္ ေဖာက္ျပန္တဲ့သူက အုပ္ထိန္းခြင့္ ေလွ်ာက္ရင္ေတာ့ အင္မတန္ အခြင့္အေရးနည္းပါတယ္။ သူမွာက စာရိတၱခ်ိဳ႕ယြင္းထားတာ ရွိေနတာေၾကာင့္ မိခင္အေနနဲ႕ ေလွ်ာက္ရင္ အခြင့္အေရးဆုံးရႈံးနိုင္တယ္လို႔ ေျဖၾကားခ်င္ပါတယ္။


ေမး : လင္ေယာက်ာ္းျဖစ္သူက တနယ္တေက်းမွာ ရဟန္းေဘာင္၀င္သြားတာ ဘယ္ေတာ့ၾကာမလဲဆိုတာ မေျပာေတာ့ ေနာက္အိမ္ေထာင္ျပဳဖို႔ ႏွစ္ဦးႏွစ္ဖက္မိသားစုေတြ သေဘာတူ စီစဥ္ထားၿပီးျဖစ္ပါတယ္။ အခုက်ေတာ့ ၂ ႏွစ္ေက်ာ္အၾကာမွာ လူျပန္ထြက္ၿပီး အိမ္ကို ျပန္လာပါတယ္။ က်မသိခ်င္တာက အခုလိုလူျပန္ထြက္လာတာက လင္မယားအရာ တည္ၿမဲေနေသးပါသလား။ အက်ပ္အတည္း ေတြ႕ေနတဲ့အတြက္ ဘယ္လို ဆက္လုပ္သင့္ သလဲဆိုတာ အႀကံဉာဏ္ေတာင္းခံထားပါတယ္ရွင္။


ေျဖ : ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လင္ခန္းမယားခန္း ပ်က္တယ္ဆိုတာကေတာ့ အခ်က္သုံးခ်က္ရွိတဲ့အထဲက (၁) အခ်က္မွာ လင္ေယာက်ာ္းရဟန္းေဘာင္ဝင္ရင္ ပ်က္တယ္ဆိုတာ ပါဝင္တယ္။ ရဟန္းေဘာင္ဝင္တဲ့အခါ ဒုလႅဘ မဟုတ္ဘူး။ အၿပီးရဟန္းေဘာင္ ခံယူလိုက္တယ္။ လင္ခန္းမယားခန္း ျပတ္မျပတ္ဆိုတာကို ဟိုးေရွး ဓမၼသတ္အေဟာင္းေတြမွာ ဘာပါသလဲဆိုေတာ့ လင္ေယာက်ာ္းက ရဟန္းေဘာင္ဝင္ရင္ က်န္ရွိေနတဲ့ တေယာက္က ေနာက္အိမ္ေထာင္ထူလို႔ရတယ္။ ဒါေပမယ့္ လင္ေယာက်ာ္းက ျပန္ထြက္ရင္ေတာ့ မယားကို ဆက္လက္ေပါင္းသင္းခြင့္ရွိတယ္လို႔ ဟိုးအရင္ဓမၼသတ္ေတြက ဆိုပါတယ္။ ဒါေပမယ့္ (၃၄)ေဆာင္တြဲ ဓမၼသတ္၊ အခန္း (၁၃)၊ ပုဒ္မ (၄၁၁) မွာ လင္ေယာက္က္်ားက ရဟန္းေဘာင္ကို အၿပီးဝင္သြားတာနဲ႕ လင္ခန္းမယားခန္း ျပတ္တယ္လို႔ ဆိုထားတယ္။


ေနာက္တခု စိတ္ဝင္စားစရာေကာင္းတာက မႏုက်ယ္ဓမၼသတ္ရဲ႕ (၅)တြဲ၊ အခန္း (၁၇) မွာ လင္ေယာက်ာ္းက ရဟန္းေဘာင္ကို ဝင္ၿပီဆိုရင္ ဇနီး၊ မယားက (၇) ရက္ေတာ့ေစာင့္ေပးပါတဲ့။ စိတ္လည္ၿပီး ျပန္ထြက္လာရင္လည္း ျပန္ေပါင္းလို႔ရတာေပါ့။ စိတ္ျပတ္ေအာင္လို႔ပါ။ (၇) ရက္ေက်ာ္ၿပီဆိုရင္ က်န္ခဲ့တဲ့ဇနီးမယားက ေနာက္အိမ္ေထာင္ထူပိုင္ခြင့္ရွိတယ္။ (၇)ရက္ေက်ာ္မွ ရဟန္းေဘာင္က ျပန္လာၿပီး မိမိရဲ႕ ဇနီးမယားပါလို႔ အခြင့္အေရး ေတာင္းဆိုခြင့္ မရွိေတာ့ဘူးလို႔ ဆိုခ်င္ပါတယ္။


ေမး: ျမန္မာနိင္ငံ လင္မယားကြာရွင္းေရး အက္ဥပေဒဟာ ျမန္မာနိုင္ငံမွာေနထိုင္တဲ့ ခရစ္ယာန္ဘာသာ ကိုးကြယ္သူေတြနဲ႕သာသက္ဆိုင္ၿပီး အျခားဘာသာ ကိုးကြယ္သူေတြနဲ႕ မသက္ဆိုင္ဘူးလို႔ သိရပါတယ္။ လက္ရွိမွာ တလင္တမယားဥပေဒ ရွိေနတဲ့အတြက္ ခရစ္ယာန္ဘာသာ၀င္ေတြအေနနဲ႕ အိမ္ေထာင္ေရး ျပႆနာတခုခု ျဖစ္လာရင္ ဘယ္ဥပေဒနဲ႕ အမႈကို ကိုင္တြယ္မလဲဆိုတာ ဥပေဒဗဟုသုတအေနနဲ႕ သိလိုပါတယ္။


ေျဖ : အိမ္ေထာင္ေရးျပစ္မႈဆိုတာကို သူက ေမးထားတာ။ ဘယ္လို အိမ္ေထာင္ေရး ျပစ္မႈဆိုတာကိုေတာ့ သူက အတိအက် ေဖာ္ျပထားတာ မေတြ႕ဘူးေပါ့ကြယ္။ အိမ္ေထာင္ေရး ျပစ္မႈဆိုတာ အမ်ိဳးမ်ိဳးရွိေသးတာကိုး။ ဒါေပမယ့္ ေနာက္အိမ္ေထာင္ျပဳတာမ်ိဳး၊ အိမ္ေထာင္ေရး ေဖာက္ျပန္တာမ်ိဳးလား။ အဲလိုဆိုရင္ေတာ့ တစ္လင္တမယား က်င့္သုံး ျခင္း ဆိုင္ရာဥပေဒပုဒ္မ (၁၇) မွာ အတိအက်ဆိဳထားတယ္။ ဘယ္လိုဆိုတာလဲဆိုရင္ ..ဥပေဒတရပ္အရ ပဲျဖစ္ျဖစ္၊ ကိုးကြယ္ရာ ဘာသာတရပ္အရရပဲျဖစ္ျဖစ္၊ ဓေလ့ထုံးစံအရပဲျဖစ္ျဖစ္၊ တည္ၿမဲတဲ့အိမ္ေထာင္မႈကို ေယာက်ာ္းကပဲျဖစ္ေစ၊ မိန္းမကပဲျဖစ္ေစ..ထူေထာင္ထားၿပီးျဖစ္တယ္ဆိုရင္ ဒီကိစၥကိုထိန္ခ်န္ၿပီး ေနာက္ထပ္ အိမ္ေထာင္မျပဳရဘူးလို႔ ပါတယ္။ ဆိုေတာ့.. သူက ဘာသာမေ႐ြး၊ ဓေလ့ထုံစံမေ႐ြး..မည္သည့္ ဥပေဒနဲ႕ပဲ အိမ္ေထာင္ျပဳထားျပဳထား၊ ဒီလိုျပဳထားတဲ့ဥစၥာကို ထိန္ခ်န္ၿပီး ေနာက္အိမ္ေထာင္ျပဳမယ္ဆိုရင္ေတာ့ ဒီဥစၥာက ပုဒ္မ-၁၇ အရဆိုရင္ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္နိုင္တယ္။ ဒါေၾကာင့္မို႔ ဘယ္ဘာသာဝင္ပဲျဖစ္ျဖစ္.. တလင္တမယား က်င့္သုံးျခင္းဆိုင္ရာ ဥပေဒအရ ဘယ္ဓေလ့ထုံးတမ္းကိုပဲယူယူ၊ ဘယ္ကိုးကြယ္တဲ့ ဘာသာကိုပဲယူယူ၊ ဘယ္ဥပေဒကိုပဲ ယူယူ ဒီဥပေဒအရပဲ ဆုံးျဖတ္ခ်က္ ခံယူရမယ္လို႔ ေျဖခ်င္ပါတယ္။


ေမး : က်ေနာ္တို႔က အစၥလာမ္ဘာသာ၀င္ေတြပါ။ သားသမီး ၄ ေယာက္ရွိပါတယ္။ ႏွစ္ဦးသေဘာတူကြာရွင္း ဖို႔ျဖစ္လာပါတယ္။ တခ်ိဳ႕ပစၥည္းေတြက ဇနီးနာမည္နဲ႕ ျဖစ္ေနတဲ့အတြက္ လက္ထက္ပြားပစၥည္းေတြကို ဘယ္လို ခြဲေဝရမလဲ ဆိုတာကို သိလိုပါတယ္ ။


ေျဖ: အစၥလာမ္ဘာသာဓေလ့ထုံးတမ္းနဲ႕ ဗုဒၵဘာသာ ဓေလ့ထုံးတမ္း.. လင္ခန္းမယားခန္း မတူဘူးကြဲ႕။ ပစၥည္းခန္း အခြင့္အေရးလည္း မတူဘူးကြဲ႕။ အစၥလာမ္ဘာသာမွာ က်ေတာ့ လင္ေယာက္်ားဟာ အေမြရတဲ့ပစၥည္းပဲျဖစ္ျဖစ္ သူရွာေဖြလို႔ရတဲ့ ပစၥည္းပဲျဖစ္ျဖစ္.. အဲဒီ ပစၥည္းဥစၥဓနဟာ သူ႕ပစၥည္းပဲ ..ဇနီးမယားဟာ သူအေမြရတဲ့ပစၥည္း ပဲျဖစ္ျဖစ္ ..သူ၀န္ထမ္းျဖစ္လို႔ လခရရင္လည္း အဲပစၥည္းအရပ္ရပ္ဟာ ဇနီးမယားဟာ သူ႕ပစၥည္းပဲ။ သူကသီးျခားစီျဖစ္တယ္။ ႏွစ္ဦးေပါင္း လက္ထက္ပြားပစၥည္းဆိုတာ မရွိဘူး။ လင္ခန္းမယားခန္း ေပါင္းေနဆဲမွာလည္း သူ႕ ပစၥည္းနဲ႕သူသြားတာပဲ။


မဟာေ႐ႊဆိုတာေတာ့ရွိတာေပါ့။ မဟာေ႐ႊဆိုတာကေတာ့ အိမ္ေထာင္ျပဳတဲ့အခါမွာ လင္ေယာက္်ားက တင္ေတာင္းတဲ့ေငြေပါ့ကြယ္။ ဒါကေတာ့ ေပးဖို႔က်န္တာရွိရင္ လင္ခန္းမယားခန္း ႏွစ္ဦးသေဘာတူ ျပတ္တဲ့အခါမွာ အဲဒီမဟာေ႐ႊေပးစရာရွိရင္ေတာ့ ေပးရတဲ့ ထုံးစံရွိတယ္။ အဲဒါကလည္း လင္ခန္းမယားခန္းျပတ္ၿပီး ၃ ႏွစ္အတြင္း စြဲရတယ္။ ၃ ႏွစ္ေက်ာ္လို႔ရွိရင္ စြဲပိုင္ခြင့္မရွိဘူး ။


ေနာက္တခုရွိေသးတယ္။ အဲဒီလို ေပါင္းသင္းေနစဥ္ကာလအတြင္းမွာ လင္ေယာက္်ားက မိမိရဲ႕ ဇနီးမယားကို ေမတၱာသက္၀င္ၿပီးေတာ့ ၀ယပြေးမယြ ..Gift အေနနဲ႕ ေပးမယ္ဆိုရင္လည္း ေပးလို႔ရတယ္။ အဲဒီလိုေပးမယ္ဆိုရင္လည္း မိန္းမနာမည္နဲ႕ ေပးရတယ္။ အိမ္တို႔ၿခံတို႔ေျမတို႔ ကိုေပးမယ္ဆိုရင္ မိန္းမနာမည္နဲ႕ မွတ္ပုံတင္ၿပီး ေပးရတယ္။ ဒါေၾကာင့္မို႔လို႔ ပိုင္ဆိုင္မႈဟာ သီးျခားစီျဖစ္တယ္။ ႏွစ္ဦးလက္ထက္ပြားပစၥည္းဆိုတာ မရွိပါဘူး။ ဒါေၾကာင့္မိန္းမနာမည္နဲ႕ ရွိတဲ့ပစၥည္းဟာ မိန္းမပိုင္တာပဲ။ ေယာက္်ားနာမည္နဲ႕ရွိတဲ့ ပစၥည္းမွန္သမွ်ဟာ ေယာက္်ားပိုင္တယ္။ ႏွစ္ဦးသေဘာတူ ျပတ္ၿပီဆိုတာနဲ႕ ထိမ္းျမားတဲ့အခ်ိန္ကေန ျပတ္စဲတဲ့အခ်ိန္ထိ ပိုင္ဆိုင္မႈ အားလုံးဟာ သူ႕ဖာသာသူအားလုံး သီးျခားျဖစ္သြားပါၿပီ။ ဒီလိုပဲ ေျဖရပါမယ္။


ေမး: က်မေယာက္်ားက မူးယစ္ေဆးဝါးအမႈနဲ႕ ေထာင္ဆယ္ႏွစ္က်သြားတာ ႏွစ္ႏွစ္ေလာက္ရွိပါၿပီ။ ဒီၾကားထဲမွာ စား၀တ္ေနေရးကလည္း အဆင္မေျပ၊ ကေလးေတြရဲ႕ ေရွ႕ေရးကလည္း ရွိေနေတာ့ ေနာက္အိမ္ေထာင္ျပဳဖို႔ စဥ္းစားေနပါတယ္။ အကယ္၍ အိမ္ေထာင္ျပဳလိုက္ရင္ ဥပေဒနဲ႕ညီပါသလား။


ေျဖ : ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရေျပာရရင္ေတာ့ ဓမၼသတ္(၃၄)ေစာင္တြဲ၊ အိမ္မႈခန္းမွာ ေယာက်ာ္းဟာ ႏူနာေရာဂါ စြဲကပ္သြားသည့္တိုင္ ဇနီးမယားက ကြာလိုမႈ မေလ်ာက္နိုင္ဘူးလို႔ ဆိုထားပါတယ္။ ေနာက္ဆုံးစီရင္ထုံးအေနနဲ႕ ေဒၚလွလွဝင္းနဲ႕ ဦးဘရွင္ ၁၉၉၁ ခုႏွစ္ စာမ်က္ႏွာ (၁၅၉) အမႈစီရင္ထုံးမွာလည္း အဲဒီအတိုင္း ဆုံးျဖတ္ထားပါတယ္။ လင္ေယာက်ာ္းက ေထာင္ ၁၀ ႏွစ္ပဲက်က်၊ အႏွစ္ ၂၀ ပဲက်က်.. အဲဒါကို အေၾကာင္းျပဳၿပီး ကြာလိုမႈ ေလွ်ာက္ဖို႔ စိတ္မကူးပါနဲ႕။ အႀကံေပးခ်င္တာတခုက ကြာလိုမႈ ေလွ်ာက္မယ္ဆိုရင္ ဇနီးမယားအေနနဲ႕ သူ႕ကို လင္ေယာက်ာ္းက စိတ္၏ဆင္းရဲျခင္း၊ ကိုယ္၏ဆင္းရဲျခင္း ျဖစ္ေအာင္ ဘာလုပ္သလဲဆိုတာကိုပဲ အေျခခံရတယ္။ ဒီမူးယစ္ေဆးဝါးလုပ္လို႔ သူ႕ကို စိတ္၊ကိုယ္ဆင္းရဲျခင္းျဖစ္ေအာင္ ဘာေတြလုပ္သလဲဆိုတဲ့ အခ်က္ေတြေပၚမွာ မူတည္ၿပီးမွသာ ကြာလိုမႈေလွ်ာက္လို႔ရပါတယ္။ ဒီအခ်က္ေတြကို မေဖာ္ျပဘဲနဲ႕ လင္ေယာက်ာ္းက ေထာင္ ၁၀ ႏွစ္က်လိဳ႕ ကြာလိုမႈေလွ်ာက္လို႔ေတာ့ မရနိုင္ဘူး။ ရနိုင္တဲ့ အခြင့္အေရးေပးထားတာက မိမိကိုယ္ကိုယ္ စိတ္ဆင္းရဲေအာင္ ဘာေတြလုပ္လဲ ဆိုတာကို ခိုင္မာေအာင္ သက္ေသျပပါ။ ေထာင္မွာ ၁၀ ႏွစ္က်တာကို အေၾကာင္းမျပပါနဲ႕။ ကိုယ္ခံစားရတဲ့ အခ်က္ကိုမူတည္ၿပီး၊ အေၾကာင္းျပၿပီး ကြာလိုမႈေလွ်ာက္မယ္ဆိုရင္ ရပါတယ္လို႔ အႀကံေပးခ်င္ပါတယ္။


==========


DVB TV News

Saturday, January 22, 2022

အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်းဆိုရာ၀ယ်

အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်းဆိုရာ၀ယ်




#Gender_Balance

#အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်း


(ဒီမိုကရေစီလမ်းကြောင်း စလျှောက်နေပြီဖြစ်သော ယနေ့ခေတ်မယ် လူငယ်တိုင်း သိသင့်သော Gender Balance ကိစ္စကို ဗဟုသုတ လည်းရ မြေစမ်းခရမ်းပျိုးလည်း လုပ်ရအောင် ဆောင်းပါးတစ်စောင်ကို မျှေ၀လိုက်ပါတယ်။)


ယခုအခါ ကမ္ဘာပေါ်တွင် ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးသော နိုင်ငံအရေအတွက်မှာ ရှေးယခင် အတိတ်သမိုင်းကာလကထက်စာလျှင် တစ်စ တစ်စ

များပြားလာပါသည်။ ဤတွင် ဒီမိုကရေစီနိုင်ငံများ၌ ဖြစ်လေ့ဖြစ်ထရှိသော လူ့အခွင့်အရေး မြှင့်တင်မှု၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်မှု စသည်တို့မှာ ပေါ်ပေါက်လာသည်။


အချို့နိုင်ငံတို့တွင် အမျိုးသမီးများသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိသော သမိုင်းရှိခဲ့ဖူးသည်။ ဤသို့သော အခြေအနေတို့ကို ပြုပြင်ရန် ဒီမိုကေရစီ စရိုက်ရှိသူတို့က ကြိုးပမ်းကြပါသည်။ သို့သော် အမျိုးသမီးတို့၏ အခန်းကဏ္ဍ(လုပ်ငန်း)များသည် မရေမတွက်နိုင်အောင်ရှိရာ နိမ့်ပါးနေသော အခန်းကဏ္ဍ(Role)ကိုသာ မြှင့်တင်ရန်လိုပြီး မနိမ့်ပါးသော (Role) များကို သွားပြီးမြှင့်ရန် ကြိုးပမ်းပါက ရောဂါမရှိဘဲ ဆေးကုသ သလိုဖြစ်ပါမည်။ 


အမျိုးသားများနှင့် အမျိုးသမီးများ ခြားနားချက်ကို Gender (ဂျန်ဒါ) ဟုခေါ်ပါသည်။ မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်နေပါပြီ။ သို့ပါ၍ ယနေ့လူငယ်များသည် Gender အကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့လိုသည်ဟု ယူဆမိပါ၍ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။


နိုင်ငံခြားတက္ကသိုလ်များတွင် Gender ဘာသာရပ္ကို အဓိကဘာသာဖြင့် သင်ကြားပေးပြီးဖြစ်ရာ ဂျန်ဒါ(Gender) သည် က်ား/မ ကွဲပြားပုံကို လေ့လာသော ဘာသာရပ်ဖြစ်၏။ Sex ဆိုသည်မှာ ဖို/မကွဲပြားမှုကို လေ့လာရာတွင် ခန္ဓာဗေဒတူပုံကို လေ့လာခြင်းဖြစ်ပါ၏။ Gender ကေတာ့ လူမှုရေးကိစ္စ မတူညီခြင်းများဖြစ်ပါ၏။ 


Sex is biological difference between male and female ဖြစ်ပြီး Gender is social difference between male and female ဖြစ်ပါ၏။ အချို့က Gender ဆိုသည်ကို အမျိုးသမီး ဦးစားပေးရန် တောင်းဆိုသော ဘာသာရပ်ဟု ထင်မှတ်မှားတတ်ပါ၏။ ကျွန်တော်တို့ UN, INGO တို့တွင် အလုပ်လုပ်စဉ်တုန်းက ကျေးရွာသားများကို အစည်းအေ၀းဖိတ်သောအခါ အချို့က Gender Balance လုပ်သည်ဆိုကာ လူ ၁၀၀ အစည်းအေ၀းဖိတ်လျှင် အမျိုးသား ၅၀နှင့် အမျိုးသမီး ၅၀ ဖိတ်ပါတော့သည်။ 


တကယ်တော့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အစည်းအေ၀း၊ အမျိုးသမီးများ ရင်သားကင်ဆာကာကွယ်ရေး ဆွေးနွေးပွဲတွင် အမျိုးသမီးဦးရေများနေမည်သာဖြစ်ပြီး အမျိုးသားများ ဆီးကျိတ်ရောင်ရောဂါ ကာကွယ်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသားဦးရေ မ်ား နေမည်သာဖြစ်ပါ၏။ လူဦးရေညီမျှစေရန် အတင်းအကျပ်လုပ်၍ မရပါ။ ဂျန်ဒါဟူသည် ခေတ်ပေါ်ဘာသာရပ်ဖြစ်ပြီး နိုင်ငံခြားတွင်လည်း ခေတ်စားနေပါ၏။ ဂျန်ဒါဟူသည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ခြင်းဆိုသည်ထက် အမျိုးသမီးများတွင်ရှိသော စွမ်းရည်တချို့ အမျိုးသားများ တွင် မရှိ၊ အမျိုးသားများလုပ်နိုင်သော အလုပ်အချို့ အမျိုးသမီးများ မလုပ်နိုင်သော အလုပ်အချို့၊ အမျိုးသား အမျိုးသမီးတို့၏ မတူသောစွမ်း ရည်များကို သိ၍လည်းကောင်း၊ မတူသော အားသာချက် အားနည်းချက်များကို သိ၍လည်းကောင်း၊ လူသားကောင်းကျိုးအတွက် သင့်သလိုစီမံခန့်ခွဲခြင်းသည် Gender Management ၏အနှစ်သာရဖြစ်၏။ ဥပမာ - ထန်းပင်တက်သည့်ကိစ္စတွင် အမျိုးသားကို တာ၀န်ပေးသင့်ပြီး ထန်းလျက်ကျိုသည့်အခါ အမျိုးသမီးကိုတာ၀န်ပေးသင့်၏။


အမျိုးသမီးကို ထန်းပင်တက်ခိုင်း၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းမဟုတ်ပါ။ ထန်းလျက်ဖြစ်လာရာတွင် အမျိုးသားနှင့် အမျိုးသမီး ဘယ်သူ ပိုစွမ်းဆောင်ခဲ့သလဲ ပြိုင်ရန်မလိုပါ။


သို့သော် ပြိုင်ခဲ့ဖူးသော သာဓကများရှိခဲ့၏။ ဥပမာ စာရေးသူတို့ငယ်စဉ်က ယောက်ျားနှင့် မိန်းမ ကမ်ဘာကို ဘယ်သူက ပို၍အကျိုးပြုလဲ စကားရည်လုပွဲကို အထက်တန်းကျောင်းများ၌ ကျင်းပခြင်းတို့ဖြစ်၏။


မင်းတုန်းမင်းကြီးလက်ထက်က ပြိုင်ပွဲတစ်ခုဆိုလျှင် တော်တော် ပွဲကြီးပွဲကောင်းဖြစ်ပါသည်။ မင်းတုန်းမင်းလက်ထက်က သီလရှင်ဆရာကြီး မယ်ကင်းသည် အမျိုးသားဆရာတော်ကြီးများကို ယှဉ်ပြိုင်လေ့ရှိသည်။ အမျိုးသားများလုပ်သည့် လုပ်ငန်းအားလုံးကို အမျိုးသမီးများ လုပ်နိုင်စွမ်းရှိ၏ဟု ယူဆထားသူဖြစ်၏။ မင်းတုန်းမင်းတရားကြီးလက်ထက်က ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ဆရာတော်များ အပါး ၂၇၀၀ ရှိသည်ဟု သိရပါသည်။ သီလရှင်ဆရာကြီး မယ်ကင်းက ဒါမျိုး ငါလည်းလုပ်နိုင်တယ်ပြောပြီး ပိဋကတ်သုံးပုံစာပေကို အာဂုံဆောင်ပြခဲ့ဖူးပါ၏။ အမျိုးသား ဆရာတော်ကြီးများ တရားပွဲသဘင်များ ဟောကြားရာ သီလရှင်မယ်ကင်းကလည်း သီလရှင်တရားပွဲလုပ်ပြ၏။ သီလရှင်မယ်ကင်း၏ စွမ်းရည်တို့သည် ကြီးမားလာရာ ဆရာတော်ဘုရားကြီးများနှင့် ထပ်တူဖြစ်လာပြီလောဟု မင်းတုန်းမင်းကြီးသည် မှူးမတ်များ ခြံရံလျက် ထိုခေတ်က စာပေကျမ်းဂန်၌ နာမည်ကျော် သင်္ဂဇာဆရာတော် ဘုရားကြီးထံ အခစား၀င်၍ ယောက်ျားတို့လုပ်သော အလုပ်အားလုံး မိန်းမများ လုပ်နိုင်ပါပြီလားဟု မေးလျှောက်ပါ၏။ ထိုအခါ ဆရာတော်ကြီးက မိန့်ကြားသောပုံပြင်သည် အောက်ပါအတိုင်းဖြစ်၏။ တစ်ခါက အမဲလိုက်မုဆိုးတစ်ယောက်တွင် အမဲလိုက်ခွေးနှစ်ကောင်ရှိ၏။ တစ်ကောင်မှာ အထီးဖြစ်၍ တစ်ကောင်မှာ အမဖြစ်၏။ ခွေးမသည် ခွေးထီးကိုလိုက်၍ပြိုင်နေ၏။ ခွေးထီးလုပ်သမျှအလုပ်၊ စွမ်းရည်အားလုံးကို မိမိလုပ်နိုင်သည်ဟု ယုံကြည်၏။ တစ်နေ့တော့ ခွေးနှစ်ကောင်ကိုခေါ်၍ မုဆိုးတောထဲ အမဲလိုက်ထွက်၏။ ထိုအခါ ခွေးထီးက စွမ်းရည်ပြတော့၏။ တောစပ်တစ်ခုရှိ တွေ့ရသော စမ်းချောင်းငယ်လေးတစ်ခုကို အနံလိုက် လွှားကနဲခုန်၍ ကျော်ဖြတ်ပြ၏။


ထိုအခါ ခွေးမကလည်း အားက်မခံ ခုန်ကျော်ပြ၏။ တစ်ဖန် ခွေးထီးက မြောက်ဘက်တောနက်ထဲ ပြေး၀င်သွားပြီး ယုန်တစ်ကောင်ကို ကိုက်ချီ၍ ပြန်ထွက်လာ၏။ ထိုအခါ ခွေးမကလည်း တောင်ဘက်တောထဲ ပြေး၀င်ပြီး ယုန်တစ်ကောင်ကို ကိုက်ချီကာ ပြန်လာပြ၏။ ဒီတော့ ခွေးထီးလုပ်သမျှ ခွေးမက လုပ်ပြနေ၏။ မုဆိုးသည် ခရီးဆက်ရာ ခွေးနှစ်ကောင်နှင့်အတူ တောနက်ထဲရောက်လာ၏။ ထိုအခါ မျက်စိလည် လမ်းမမှားဖို့ မုဆိုးသည် သစ်ပင်တစ်ချို့ကို ဓားနှင့်ထစ်ကာ အမှတ်အသားလုပ်ရ၏။ ထိုအခါ ခွေးထီးကလည်း သစ်ပင်တို့ကို အမှတ်အသား လိုက်လုပ်၏။ လုပ်ပုံမှာ ခွေးထီးသည် သစ်ပင်တစ်ပင်ဘေး၌ ရပ်လိုက်၏။ ပြီးတော့ သူ့ပေါင်ကလေးကိုမြှောက်ကာ သစ်ပင်အား ရှူးရှူးနဲ့ ပန်း၏။ ထို့နောက် နမ်းကြည့်၏။ အ​ပြန်ခရီး၌ မျက်စိမလည်ရန် အမှတ်အသားလုပ်ခြင်းဖြစ်၏။ ခွေးမက ဒါကိုမြင်တော့ တခြားသစ်ပင်တစ်ပင် နားသွားရပ်ပြန်၏။ ပြီးတော့ သူမ၏ ပေါင်ကလေးကိုမြှောက်ကာ ရှူးရှူးနဲ့ပန်း၏။ ခွေးမပန်းလိုက်သော ရှူးရှူးများသည် သစ်ပင်ကိုမထိဘဲ လွဲချော်သွား၏။ ထိုအခါ သင်္ဂဇာဆရာတော်ကြီးက နိဂုံးချုပ်လိုက်သည်မှာ ခွေးမက ခွေးထီးကို လိုက်တုတော့ ရှူးရှူးတွေ တလွဲဖြစ်ကုန်တယ်။ မယ်ကင်းလည်း ယောက်ျားသံဃာတွေကို လိုက်တုနေရာ တလွဲဖြစ်ကုန်တော့မှာပဲဟု မိန့်တော်မူရာ မင်းတုန်းမင်းကြီးနှင့် မှူးမတ်အပေါင်းတို့ သည် မပြုံးဘဲ ဝါးလုံးကွဲရယ်ခဲ့ကြရပါ၏။ တစ်ဖန် မင်းတုန်းမင်းကြီးလက်ထက်က အချို့ဆရာတော်ဘုရားကြီးများ ဘုရားဆုပန်သည်ကြား၍ သီလရှင် မယ်ကင်းလည်း ဘုရားဆုလိုက်ပန်ရာ ဆုကို ပန်ရပါမည်လောဟု စိတ်ဆိုး၍ သီလရှင်မယ်ကင်းကို ချိုးနှိမ်၍ စာချိုးရာ သီလရှင် မယ်ကင်း ဒေါသဖြစ်၍ ဗန်းမော်ဆရာတော်ကြီးအား မင်းတုန်းမင်းထံ တိုင်ကြားခဲ့ဖူး၏။ ဒါတွေကိုကြည့်လျှင် ရှေးခေတ်က အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုဘုန်းရှိသည်ဟု ဒဿနရှိခဲ့၏။ တစ်ဖန် အင်္ဂလိပ်အုပ်ချုပ်သော ဗြိတိသျှကိုလိုနီခေတ် ရောက်လာရာတွင် မိန်းမများကို ဦးစားပေးပါ။ Ladies First ဟူသော ဒဿနကို သွတ်သွင်းပြန်၏။ ဂျန်ဒါ ဒဿနကတော့ Ladies First လည်းမဟုတ်၊ Gentleman First လည်းမဟုတ်ပါ။ ကျားနှင့်မသည် အချိတ်အဆက်မိမိလုပ်၍ လောကကို အကျိုးပြုခြင်းမှာ Team Work ဖြစ်၏။ ဥပမာ - ရွှေတိဂုံဘုရား အထက်ပစ္စယံသို့ မိန်းမများ မတက်ရဟုဆိုရာ မိန်းမများ တက်ခွင့်ရအောင် အေရးဆိုစရာမလိုပါ။ ရွှေတိဂုံစေတီတော်ကြီး ငြမ်းဆင်၍ ရွှေချပါက ယောက်ျားများကို ခိုင်းရန်ဖြစ်ပြီး ရွှေချရန် ရွှေဆိုင်းတွေလုပ်ရပါသော် မိန်းမကိုခိုင်းနိုင်၏။ မသိုးသင်္ကန်းယက်တော့ မိန်းမတွေကယက်ပြီး မိန်းမတွေယက်သောသင်္ကန်းကို ဘုရားဆင်းတုပေါ် လွှမ်းခြုံပေးရာတွင် အမျိုးသားများ ပြုလုပ်ကြခြင်းမှာ Team Work ဖြစ်၏။ 


တစ်ဖန် Gender Balance ဆိုရာ၌ ကျားနှင့်မ ညီမျှခြင်းဆိုရာ၀ယ် ကျား/မ အခွင့်အရေးမျှတပါစေဟု ဆိုခြင်းဖြစ်၏။ ထပ်တူညီရမယ် Identical ဟုဆိုခြင်းမဟုတ်ပါ။ ဥပမာ မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် အမျိုးသားတစ်ယောက်သည် မယားတစ်ယောက်ထက် ပိုယူခွင့်ရှိ ပြီး မိန်းမကတော့ လင်တစ်ယောက်ထက် ပိုယူခွင့်မရှိရာ အမျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်၏။ ထိုအခါ အမျိုးသမီးဥပဒေပညာရှင် ရှေ့နေအမျိုးသမီးတချို့က မြန်မာဓလေ့ထုံးတမ်းဥပဒေကို မနှစ်မြို့ကြကြောင်း ကျွန်တော် တစ်ဆင့်စကားကြားခဲ့ဖူးသည်။ ဓလေ့ထုံးတမ်း ဥပေဒကို သူတို့ သိပ်မနှစ်မြို့ပါ။ သို့သော် ပြစ်မှုဥပဒေကို ပြန်ကြည့်သော် ပုဒ်မ ၄၉၇ ၌ အမျိုးသားသည် သူများမယားကို ပြစ်မှားသော် ထောင်ချနိုင်၏။ အမျိုးသမီးတို့သည် သူများ လင်ကို ပြစ်မှားသော် ထောင်ချ၍မရပါ။


ထို့ကြောင့် တည်ဆဲဥပဒေများအားလုံးကို ခြုံကြည့်ပြန်သော် မျှတမှုရှိနေပြန်၏။ ဒါကို Gender Balance ဟုခေါ်၏။ ကျားနှင့် အခြားထပ်တူညီခြင်းမဟုတ်သည်ကတော့ Not Identical ဖြစ်၏။ ထို့ကြောင့် ဂျန်ဒါဒဿနမှာ ကျားမတို့ ဘယ်သူစွမ်းလဲ ပြိုင်ခြင်းမဟုတ်။ လက်တွဲဆောင်ရွက်၍ လောကကို အကျိုးပြုခြင်း Team Work ဖြစ်၏။ ကျား/မ အခွင့်အရေး ထပ်တူခြင်း Indentical မဟုတ်၊ မျှတခြင်း Balance ဖြစ်ပါကြောင်း။


ရေးသားသူ = ဒေါက်တာ ထွန်း၀င်း


(လိင်နှင့် က်ား၊ မ ဆိုင်ရာ နိုင်ငံရေး စာအုပ်ရဲ့ စာမျက်နှာ ၆၁ ပါဆောင်းပါး)


(Zawgyi) 


အမ်ိဳးသမီးအခန္းက႑ျမွင့္တင္ျခင္းဆိုရာ၀ယ္

#Gender_Balance

#အမ်ိဳးသမီးအခန္းက႑ျမွင့္တင္ျခင္း


(ဒီမိုကေရစီလမ္းေၾကာင္း စေလွ်ာက္ေနျပီျဖစ္ေသာ ယေန႔ေခတ္မယ္ လူငယ္တိုင္း သိသင့္ေသာ Gender Balance ကိစၥကို ဗဟုသုတ လည္းရ ေျမစမ္းခရမ္းပ်ိဳးလည္း လုပ္ရေအာင္ ေဆာင္းပါးတစ္ေစာင္ကို မွ်ေ၀လိုက္ပါတယ္။)


ယခုအခါ ကမၻာေပၚတြင္ ဒီမိုကေရစီလမ္းစဥ္က်င့္သံုးေသာ ႏိုင္ငံအေရအတြက္မွာ ေရွးယခင္ အတိတ္သမိုင္းကာလကထက္စာလွ်င္ တစ္စ တစ္စ မ်ားျပားလာပါသည္။ ဤတြင္ ဒီမိုကေရစီႏိုင္ငံမ်ား၌ ျဖစ္ေလ့ျဖစ္ထရွိေသာ လူ႕အခြင့္အေရး ျမွင့္တင္မႈ၊ အမ်ိဳးသမီးအခြင့္အေရး ျမွင့္တင္မႈ စသည္တို႔မွာ ေပၚေပါက္လာသည္။


အခ်ိဳ႕ႏိုင္ငံတို႔တြင္ အမ်ိဳးသမီးမ်ားသည္ ဆႏၵမဲေပးပိုင္ခြင့္မရွိေသာ သမိုင္းရွိခဲ့ဖူးသည္။ ဤသို႕ေသာ အေျခအေနတို႔ကို ျပဳျပင္ရန္ ဒီမိုကေရစီ စရိုက္ရွိသူတို႔က ၾကိဳးပမ္းၾကပါသည္။ သို႕ေသာ္ အမ်ိဳးသမီးတို႔၏ အခန္းက႑(လုပ္ငန္း)မ်ားသည္ မေရမတြက္ႏိုင္ေအာင္ရွိရာ နိမ့္ပါးေနေသာ အခန္းက႑(Role)ကိုသာ ျမွင့္တင္ရန္လိုျပီး မနိမ့္ပါးေသာ (Role) မ်ားကို သြားျပီးျမွင့္ရန္ ၾကိဳးပမ္းပါက ေရာဂါမရွိဘဲ ေဆးကုသ သလိုျဖစ္ပါမည္။ 


အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ား ျခားနားခ်က္ကို Gender (ဂ်န္ဒါ) ဟုေခၚပါသည္။ ျမန္မာႏိုင္ငံသည္လည္း ဒီမိုကေရစီလမ္းေၾကာင္း ေပၚ၌ ေလွ်ာက္ေနပါျပီ။ သို႔ပါ၍ ယေန႔လူငယ္မ်ားသည္ Gender အေၾကာင္းကို ျပည့္ျပည့္စံုစံု သိဖို႔လိုသည္ဟု ယူဆမိပါ၍ ဤေဆာင္းပါးကို တင္ဆက္အပ္ပါသည္။


ႏိုင္ငံျခားတကၠသိုလ္မ်ားတြင္ Gender ဘာသာရပ္ကို အဓိကဘာသာျဖင့္ သင္ၾကားေပးျပီးျဖစ္ရာ ဂ်န္ဒါ(Gender) သည္ က်ား/မ ကဲြျပားပံုကို ေလ့လာေသာ ဘာသာရပ္ျဖစ္၏။ Sex ဆိုသည္မွာ ဖို/မကြဲျပားမႈကို ေလ့လာရာတြင္ ခႏၶာေဗဒတူပံုကို ေလ့လာျခင္းျဖစ္ပါ၏။ Gender ကေတာ့ လူမႈေရးကိစၥ မတူညီျခင္းမ်ားျဖစ္ပါ၏။ 


Sex is biological difference between male and female ျဖစ္ျပီး Gender is social difference between male and female ျဖစ္ပါ၏။ အခ်ိဳ႕က Gender ဆိုသည္ကို အမ်ိဳးသမီး ဦးစားေပးရန္ ေတာင္းဆိုေသာ ဘာသာရပ္ဟု ထင္မွတ္မွားတတ္ပါ၏။ ကၽြန္ေတာ္တို႔ UN, INGO တို႔တြင္ အလုပ္လုပ္စဥ္တုန္းက ေက်းရြာသားမ်ားကို အစည္းအေ၀းဖိတ္ေသာအခါ အခ်ိဳ႕က Gender Balance လုပ္သည္ဆိုကာ လူ ၁၀၀ အစည္းအေ၀းဖိတ္လွ်င္ အမ်ိဳးသား ၅၀ႏွင့္ အမ်ိဳးသမီး ၅၀ ဖိတ္ပါေတာ့သည္။ 


တကယ္ေတာ့ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္း အစည္းအေ၀း၊ အမ်ိဳးသမီးမ်ား ရင္သားကင္ဆာကာကြယ္ေရး ေဆြးေႏြးပြဲတြင္ အမ်ိဳးသမီးဦးေရမ်ားေနမည္သာျဖစ္ျပီး အမ်ိဳးသားမ်ား ဆီးက်ိတ္ေရာင္ေရာဂါ ကာကြယ္ေရးအလုပ္ရံု ေဆြးေႏြးပြဲတြင္ အမ်ိဳးသားဦးေရ မ်ား ေနမည္သာျဖစ္ပါ၏။ လူဦးေရညီမွ်ေစရန္ အတင္းအက်ပ္လုပ္၍ မရပါ။ ဂ်န္ဒါဟူသည္ ေခတ္ေပၚဘာသာရပ္ျဖစ္ျပီး ႏိုင္ငံျခားတြင္လည္း ေခတ္စားေနပါ၏။ ဂ်န္ဒါဟူသည္ အမ်ိဳးသမီးမ်ား စြမ္းရည္ျမွင့္တင္ျခင္းဆိုသည္ထက္ အမ်ိဳးသမီးမ်ားတြင္ရွိေသာ စြမ္းရည္တခ်ိဳ႕ အမ်ိဳးသားမ်ား တြင္ မရွိ၊ အမ်ိဳးသားမ်ားလုပ္ႏိုင္ေသာ အလုပ္အခ်ိဳ႕ အမ်ိဳးသမီးမ်ား မလုပ္ႏိုင္ေသာ အလုပ္အခ်ိဳ႕၊ အမ်ိဳးသား အမ်ိဳးသမီးတို႔၏ မတူေသာစြမ္း ရည္မ်ားကို သိ၍လည္းေကာင္း၊ မတူေသာ အားသာခ်က္ အားနည္းခ်က္မ်ားကို သိ၍လည္းေကာင္း၊ လူသားေကာင္းက်ိဳးအတြက္ သင့္သလိုစီမံခန္႔ခြဲျခင္းသည္ Gender Management ၏အႏွစ္သာရျဖစ္၏။ ဥပမာ - ထန္းပင္တက္သည့္ကိစၥတြင္ အမ်ိဳးသားကို တာ၀န္ေပးသင့္ျပီး ထန္းလ်က္က်ိဳသည့္အခါ အမ်ိဳးသမီးကိုတာ၀န္ေပးသင့္၏။


အမ်ိဳးသမီးကို ထန္းပင္တက္ခိုင္း၍ စြမ္းေဆာင္ရည္ ျမွင့္တင္ေပးျခင္းမဟုတ္ပါ။ ထန္းလ်က္ျဖစ္လာရာတြင္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ဘယ္သူ ပိုစြမ္းေဆာင္ခဲ့သလဲ ျပိဳင္ရန္မလိုပါ။


သို႕ေသာ္ ျပိဳင္ခဲ့ဖူးေသာ သာဓကမ်ားရွိခဲ့၏။ ဥပမာ စာေရးသူတို႔ငယ္စဥ္က ေယာက္်ားႏွင့္ မိန္းမ ကမၻာကို ဘယ္သူက ပို၍အက်ိဳးျပဳလဲ စကားရည္လုပြဲကို အထက္တန္းေက်ာင္းမ်ား၌ က်င္းပျခင္းတို႔ျဖစ္၏။


မင္းတုန္းမင္းၾကီးလက္ထက္က ျပိဳင္ပြဲတစ္ခုဆိုလွ်င္ ေတာ္ေတာ္ ပြဲၾကီးပြဲေကာင္းျဖစ္ပါသည္။ မင္းတုန္းမင္းလက္ထက္က သီလရွင္ဆရာၾကီး မယ္ကင္းသည္ အမ်ိဳးသားဆရာေတာ္ၾကီးမ်ားကို ယွဥ္ျပိဳင္ေလ့ရွိသည္။ အမ်ိဳးသားမ်ားလုပ္သည့္ လုပ္ငန္းအားလံုးကို အမ်ိဳးသမီးမ်ား လုပ္ႏိုင္စြမ္းရွိ၏ဟု ယူဆထားသူျဖစ္၏။ မင္းတုန္းမင္းတရားၾကီးလက္ထက္က ပိဋကတ္သံုးပံု အာဂံုေဆာင္ႏိုင္ေသာ ဆရာေတာ္မ်ား အပါး ၂၇၀၀ ရွိသည္ဟု သိရပါသည္။ သီလရွင္ဆရာၾကီး မယ္ကင္းက ဒါမ်ိဳး ငါလည္းလုပ္ႏိုင္တယ္ေျပာျပီး ပိဋကတ္သံုးပံုစာေပကုိ အာဂံုေဆာင္ျပခဲ့ဖူးပါ၏။ အမ်ိဳးသား ဆရာေတာ္ၾကီးမ်ား တရားပြဲသဘင္မ်ား ေဟာၾကားရာ သီလရွင္မယ္ကင္းကလည္း သီလရွင္တရားပြဲလုပ္ျပ၏။ သီလရွင္မယ္ကင္း၏ စြမ္းရည္တို႔သည္ ၾကီးမားလာရာ ဆရာေတာ္ဘုရားၾကီးမ်ားႏွင့္ ထပ္တူျဖစ္လာျပီေလာဟု မင္းတုန္းမင္းၾကီးသည္ မွဴးမတ္မ်ား ျခံရံလ်က္ ထိုေခတ္က စာေပက်မ္းဂန္၌ နာမည္ေက်ာ္ သဂၤဇာဆရာေတာ္ ဘုရားၾကီးထံ အခစား၀င္၍ ေယာက္်ားတို႔လုပ္ေသာ အလုပ္အားလံုး မိန္းမမ်ား လုပ္ႏိုင္ပါျပီလားဟု ေမးေလွ်ာက္ပါ၏။ ထိုအခါ ဆရာေတာ္ၾကီးက မိန္႔ၾကားေသာပံုျပင္သည္ ေအာက္ပါအတိုင္းျဖစ္၏။ တစ္ခါက အမဲလိုက္မုဆိုးတစ္ေယာက္တြင္ အမဲလိုက္ေခြးႏွစ္ေကာင္ရွိ၏။ တစ္ေကာင္မွာ အထီးျဖစ္၍ တစ္ေကာင္မွာ အမျဖစ္၏။ ေခြးမသည္ ေခြးထီးကိုလိုက္၍ျပိဳင္ေန၏။ ေခြးထီးလုပ္သမွ်အလုပ္၊ စြမ္းရည္အားလံုးကို မိမိလုပ္ႏိုင္သည္ဟု ယံုၾကည္၏။ တစ္ေန႔ေတာ့ ေခြးႏွစ္ေကာင္ကိုေခၚ၍ မုဆိုးေတာထဲ အမဲလိုက္ထြက္၏။ ထိုအခါ ေခြးထီးက စြမ္းရည္ျပေတာ့၏။ ေတာစပ္တစ္ခုရွိ ေတြ႕ရေသာ စမ္းေခ်ာင္းငယ္ေလးတစ္ခုကို အနံလိုက္ လႊားကနဲခုန္၍ ေက်ာ္ျဖတ္ျပ၏။


ထိုအခါ ေခြးမကလည္း အားက်မခံ ခုန္ေက်ာ္ျပ၏။ တစ္ဖန္ ေခြးထီးက ေျမာက္ဘက္ေတာနက္ထဲ ေျပး၀င္သြားျပီး ယုန္တစ္ေကာင္ကို ကိုက္ခ်ီ၍ ျပန္ထြက္လာ၏။ ထိုအခါ ေခြးမကလည္း ေတာင္ဘက္ေတာထဲ ေျပး၀င္ျပီး ယုန္တစ္ေကာင္ကို ကိုက္ခ်ီကာ ျပန္လာျပ၏။ ဒီေတာ့ ေခြးထီးလုပ္သမွ် ေခြးမက လုပ္ျပေန၏။ မုဆိုးသည္ ခရီးဆက္ရာ ေခြးႏွစ္ေကာင္ႏွင့္အတူ ေတာနက္ထဲေရာက္လာ၏။ ထိုအခါ မ်က္စိလည္ လမ္းမမွားဖို႔ မုဆိုးသည္ သစ္ပင္တစ္ခ်ိဳ႕ကို ဓားႏွင့္ထစ္ကာ အမွတ္အသားလုပ္ရ၏။ ထိုအခါ ေခြးထီးကလည္း သစ္ပင္တို႔ကို အမွတ္အသား လိုက္လုပ္၏။ လုပ္ပံုမွာ ေခြးထီးသည္ သစ္ပင္တစ္ပင္ေဘး၌ ရပ္လိုက္၏။ ျပီးေတာ့ သူ႕ေပါင္ကေလးကိုေျမွာက္ကာ သစ္ပင္အား ရွဴးရွဴးနဲ႔ ပန္း၏။ ထို႔ေနာက္ နမ္းၾကည့္၏။ အျပန္ခရီး၌ မ်က္စိမလည္ရန္ အမွတ္အသားလုပ္ျခင္းျဖစ္၏။ ေခြးမက ဒါကိုျမင္ေတာ့ တျခားသစ္ပင္တစ္ပင္ နားသြားရပ္ျပန္၏။ ျပီးေတာ့ သူမ၏ ေပါင္ကေလးကိုေျမွာက္ကာ ရွဴးရွဴးနဲ႔ပန္း၏။ ေခြးမပန္းလိုက္ေသာ ရွဴးရွဴးမ်ားသည္ သစ္ပင္ကိုမထိဘဲ လြဲေခ်ာ္သြား၏။ ထိုအခါ သဂၤဇာဆရာေတာ္ၾကီးက နိဂံုးခ်ဳပ္လိုက္သည္မွာ ေခြးမက ေခြးထီးကို လိုက္တုေတာ့ ရွဴးရွဴးူေတြ တလြဲျဖစ္ကုန္တယ္။ မယ္ကင္းလည္း ေယာက္်ားသံဃာေတြကို လိုက္တုေနရာ တလြဲျဖစ္ကုန္ေတာ့မွာပဲဟု မိန္႕ေတာ္မူရာ မင္းတုန္းမင္းၾကီးႏွင့္ မွဴးမတ္အေပါင္းတို႔ သည္ မျပံဳးဘဲ ၀ါးလံုးကြဲရယ္ခဲ့ၾကရပါ၏။ တစ္ဖန္ မင္းတုန္းမင္းၾကီးလက္ထက္က အခ်ိဳ႕ဆရာေတာ္ဘုရားၾကီးမ်ား ဘုရားဆုပန္သည္ၾကား၍ သီလရွင္ မယ္ကင္းလည္း ဘုရားဆုလိုက္ပန္ရာ ဆုကို ပန္ရပါမည္ေလာဟု စိတ္ဆိုး၍ သီလရွင္မယ္ကင္းကို ခ်ိဳးႏွိမ္၍ စာခ်ိဳးရာ သီလရွင္ မယ္ကင္း ေဒါသျဖစ္၍ ဗန္းေမာ္ဆရာေတာ္ၾကီးအား မင္းတုန္းမင္းထံ တိုင္ၾကားခဲ့ဖူး၏။ ဒါေတြကိုၾကည့္လွ်င္ ေရွးေခတ္က အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ ပိုမိုဘုန္းရွိသည္ဟု ဒႆနရွိခဲ့၏။ တစ္ဖန္ အဂၤလိပ္အုပ္ခ်ဳပ္ေသာ ျဗိတိသွ်ကိုလိုနီေခတ္ ေရာက္လာရာတြင္ မိန္းမမ်ားကို ဦးစားေပးပါ။ Ladies First ဟူေသာ ဒႆနကို သြတ္သြင္းျပန္၏။ ဂ်န္ဒါ ဒႆနကေတာ့ Ladies First လည္းမဟုတ္၊ Gentleman First လည္းမဟုတ္ပါ။ က်ားႏွင့္မသည္ အခ်ိတ္အဆက္မိမိလုပ္၍ ေလာကကို အက်ိဳးျပဳျခင္းမွာ Team Work ျဖစ္၏။ ဥပမာ - ေရႊတိဂံုဘုရား အထက္ပစၥယံသို႔ မိန္းမမ်ား မတက္ရဟုဆိုရာ မိန္းမမ်ား တက္ခြင့္ရေအာင္ အေရးဆိုစရာမလိုပါ။ ေရႊတိဂံုေစတီေတာ္ၾကီး ျငမ္းဆင္၍ ေရႊခ်ပါက ေယာက္်ားမ်ားကို ခိုင္းရန္ျဖစ္ျပီး ေရႊခ်ရန္ ေရႊဆိုင္းေတြလုပ္ရပါေသာ္ မိန္းမကိုခိုင္းႏိုင္၏။ မသိုးသကၤန္းယက္ေတာ့ မိန္းမေတြကယက္ျပီး မိန္းမေတြယက္ေသာသကၤန္းကို ဘုရားဆင္းတုေပၚ လႊမ္းျခံဳေပးရာတြင္ အမ်ိဳးသားမ်ား ျပဳလုပ္ၾကျခင္းမွာ Team Work ျဖစ္၏။ 


တစ္ဖန္ Gender Balance ဆိုရာ၌ က်ားႏွင့္မ ညီမွ်ျခင္းဆိုရာ၀ယ္ က်ား/မ အခြင့္အေရးမွ်တပါေစဟု ဆိုျခင္းျဖစ္၏။ ထပ္တူညီရမယ္ Identical ဟုဆိုျခင္းမဟုတ္ပါ။ ဥပမာ ျမန္မာဓေလ့ထံုးတမ္းဥပေဒတြင္ အမ်ိဳးသားတစ္ေယာက္သည္ မယားတစ္ေယာက္ထက္ ပိုယူခြင့္ရွိ ျပီး မိန္းမကေတာ့ လင္တစ္ေယာက္ထက္ ပိုယူခြင့္မရွိရာ အမ်ိဳးသားဦးစားေပးျဖစ္သည္ဟု ဆိုႏိုင္၏။ ထိုအခါ အမ်ိဳးသမီးဥပေဒပညာရွင္ ေရွ႕ေနအမ်ိဳးသမီးတခ်ိဳ႕က ျမန္မာဓေလ့ထံုးတမ္းဥပေဒကို မႏွစ္ျမိဳ႕ၾကေၾကာင္း ကၽြန္ေတာ္ တစ္ဆင့္စကားၾကားခဲ့ဖူးသည္။ ဓေလ့ထံုးတမ္း ဥပေဒကို သူတို႔ သိပ္မႏွစ္ျမိဳ႕ပါ။ သို႕ေသာ္ ျပစ္မႈဥပေဒကို ျပန္ၾကည့္ေသာ္ ပုဒ္မ ၄၉၇ ၌ အမ်ိဳးသားသည္ သူမ်ားမယားကို ျပစ္မွားေသာ္ ေထာင္ခ်ႏိုင္၏။ အမ်ိဳးသမီးတို႔သည္ သူမ်ား လင္ကို ျပစ္မွားေသာ္ ေထာင္ခ်၍မရပါ။


ထို႔ေၾကာင့္ တည္ဆဲဥပေဒမ်ားအားလံုးကို ျခံဳၾကည့္ျပန္ေသာ္ မွ်တမႈရွိေနျပန္၏။ ဒါကို Gender Balance ဟုေခၚ၏။ က်ားႏွင့္ အျခားထပ္တူညီျခင္းမဟုတ္သည္ကေတာ့ Not Identical ျဖစ္၏။ ထို႔ေၾကာင့္ ဂ်န္ဒါဒႆနမွာ က်ားမတို႔ ဘယ္သူစြမ္းလဲ ျပိဳင္ျခင္းမဟုတ္။ လက္တြဲေဆာင္ရြက္၍ ေလာကကို အက်ိဳးျပဳျခင္း Team Work ျဖစ္၏။ က်ား/မ အခြင့္အေရး ထပ္တူျခင္း Indentical မဟုတ္၊ မွ်တျခင္း Balance ျဖစ္ပါေၾကာင္း။


ေရးသားသူ = ေဒါက္တာ ထြန္း၀င္း

(လိင္ႏွင့္ က်ား၊ မ ဆိုင္ရာ ႏိုင္ငံေရး စာအုပ္ရဲ႕ စာမ်က္ႏွာ ၆၁ ပါေဆာင္းပါး)

Monday, November 29, 2021

အပြောများနေတဲ့ ဥပဒေအကြောင်းအရာ နှစ်ခု

 အပြောများနေတဲ့ ဥပဒေအကြောင်းအရာ နှစ်ခု




#အမွေပြတ်စွန့်လွှတ်ခြင်း

#ရဲအရေးပိုင်သောအမှု

#ဥပဒေဆိုင်ရာဗဟုသုတ


(လတ်တလောကြားနေရတဲ့ သတင်းတွေ၊ ပြောနေကြတဲ့ စကားတွေထဲ ပါနေတဲ့ သတင်းစာထဲ သားအဖြစ် သမီးအျဖစ္က စွန့်လွှတ်ခြင်း ကိစ္စနဲ့ ရဲအရေးပိုင်တဲ့အမှုကိစ္စ ဟုတ်မဟုတ်ဆိုတဲ့အကြောင်းတွေကို သတိထားရအောင် ကူးယူေ၀ငှလိုက်ပါတယ်။ ဖတ်ရှုပြီးသတိထားနိုင် ကြပါစေ။)


(၁) သတင်းစာထဲတွင် သား/သမီး အဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဟာ တရားဝင်ပါသလား။ 


တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိဆိုသော ဆိုရိုးစကားလေးအတိုင်း မိဘများအနေနှင့် မိမိတို့၏ သားသမီး မည်မျှပင် ဆိုးနေစေကာမူ ပစ်ထားရိုးထုံးစံမရှိပေ။ 


သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလားသဏ္႑ာန်တူသည့် သားသမီးမ်ားကိုမူ တရားဥပေဒက သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ခွင့်ပြုထားခဲ့ပါသည်။ မည်ကဲ့သို့သော သားသမီးများကိုသွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ကြသနည်းဆိုတာ ကိုတော့ နားလည်ထားသင့်ပါသည်။


 မိဘအား ဆဲဆိုသော သားသမီး၊ မိဘအား သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ် ပြုမှုဆက်ဆံသော သားသမီးတိုဖြစ်ကြပါသည်။


သို့ပေမယ့် ယခုခေတ်တွင် ပြင်ပလောကတွင်သော်လည်းကောင်း၊ ရုပ်ရှင် ဗွီဒီယိုများထဲ၌သော်လည်းကောင်း မိဘမ်ားမွ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်သွားသော သားသမီးများနှင့် မိမိတို့ သေဘာမတူ မကြည်သူနှင့် အိမ်ထောင်ပြု သွားသော သားသမီး မ်ားကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။


 ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှတ်ယူနေလျှက်ရှိကြပါသည်။ 


အမှန်တွင်တော့ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာအမှန်တကယ်သွာနုတ္တရသားသမီးဖြစ်မဖြစ်သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ မည်သော ခွေးနှင့် အလားသဏ္႑ာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ ရာသတ်ပန်သားသမီးအဖြစ် မွ စွန့်လွှတ်ခွင့်ပြုပါရန် စာနှင့်ရေးသားလျှောက်ထားရပါမည်။


တရားလို အနေနှင့် မိဘမ်ားက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ ( သား / သမီး ) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း မှန်ကန်ပါက ၎င်းသားသမီးများအားသွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။


သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘမ်ားထံမွ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည်မဟုတ်ကြောင်း ဗဟုသုတ အနေနှင့် တင်ပြလိုက်ရပါသည်။


(၂) ရဲအရေးပိုင်သောအမှုနှင့်ရဲအရေးမပိုင်သောအမှု ခွဲခြားခြင်း 

---- ----- ----- ------ ------ ----- ------ ------ ------


ကိုကြွယ်။ ။ အစ်ကိုရေ---- အမှုတွေဒီလောက်အများ ကြီးထဲကနေ ရဲအရေးပိုင်သောအမှုနဲ့ ရဲအရေးမပိုင်သောအမှု ဆိုပြီး ဘယ်လိုခွဲခြားလဲအစ်ကို။ က်က္ထားရမွာလားအစ္ကို။ ဘယ်လိုသိရှိနိုင်လဲအစ်ကို ရှင်းပြပေးပါအုန်း။


KMT။ ။ က်က္ထားစရာ မလိုပါဘူးညီရဲ့။ အစ္ကို တက်စွမ်းသမျှ ရှင်းပြပါ့မယ်။ ညီ နားလည်သွားမှာပါ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ပထမဆုံး ညီသိထားသင့်တာက ရာဇသတ်ကြီးပါပုဒ်မတွေနဲ့ အထူးဥပေဒပါပုဒ္မေတြ ဆိုပြီးပါပဲ။ အခုညီကို ရာဇသတ်ကြီးပုဒ်မတွေထဲက ဘယ္ပုဒ္မက ရဲအရေးပိုင်သလဲ/မပိုင်သလဲ ခွဲခြား လေ့လာနည်းကို ရှင်းပြပါ့မယ်။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ဒါလေးကို အရင်ဆုံး အသေမှတ်ထားပေး ပါညီ။

"ရဲအရာရှိတစ်ဦးက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသော အမွုကို ရဲအရေးပိုင်သောအမှုဟုခေါ်သည်။"

ဝရမ်းမပါဘဲဖမ်း - ရဲပိုင်မှု

ဝရမ်းပါမှဖမ်း - ရဲမပိုင်မှု 

အဲ့ဒါလေးကို သေချာမှတ်ထားပေးပါ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ မှတ်ထားပါပြီ။


KMT။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေကို ညီသိလား။


ကိုကြွယ်။ ။ ဟုတ်အစ်ကို သိပါတယ်။


KMT။ ။ အဲ့ဒီရာဇဝတ်ကျင့်ထုံးဥပဒေစာအုပ်ရဲ့ ကျောဘက်မှာ နောက်ဆက်တွဲ ဇယား(၂)ဆိုတာ ပါရှိတယ်ညီရေ။ အဲ့ဒီနောက်ဆက်တွဲ ဇယား(၂)မွာ စာတိုင်(၈)တိုင်ပါရှိတယ်။ အဲ့ဒီစာတိုင်(၈)တိုင်မှာ ရာဇသတ်ကြီးပါ ပုဒ္မေတြရဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။  


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ 


KMT။ ။ ညီက ဘယ်ဟာက ရဲအရေးပိုင်သလဲ ဘယ်ဟာက ရဲအရေးမပိုင်သလဲ ဆိုတာကို သိချင်တာ ဆိုတော့ အဲ့ဒီ နောက်ဆက်တွဲ ဇယား(၂)ရဲ့ စာတိုင်(၃) ကိုကြည့်ပါညီ။ အဲ့ဒီစာတိုင်(၃)မွာ ပုဒ္မတစ္ခုစီရဲ့ (ဝရမ်းမပါဘဲဖမ်းဆီခွင့်ရှိသည်) သို့မဟုတ် (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ) ဆိုပြီး အသီးသီးဖော်ပြပေးထားတယ်။ အဲ့ဒီမွာ ညီသိလိုတဲ့ ပုဒ္မကို ကြည့်လိုက်လို့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ)လို့ ဖော်ပြထားတာတွေ့ရင် အဲ့ပုဒ္မဟာ ရဲအရေးမပိုင်တဲ့ပုဒ်မပဲ။ ဒါမှမဟုတ် ညီသိလိုတဲ့ ပုဒ္မကို ကြည့်လိုက်လို့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်)လို့ ဖော်ပြထားတာတွေ့ရင် အဲ့ပုဒ္မဟာ ရဲအရေးပိုင်တဲ့ပုဒ်မ ပဲညီရေ။ ဒါ့ကြောင့်မို့လို့ အစ္ကိုက ညီကို အထက်မှာ "ရဲအရာရှိတစ်ဦးက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ခွင့်ရှိသော အမွုကို ရဲအရေးပိုင်သောအမှုဖြစ်သည်" ဆိုတဲ့ စာကို အသေမှတ်သားပေးပါလို့ ပြောတာပေါ့။ နားလည်ပြီ လားညီ။ ညီနားလည်သလောက် ပြန်ပြောပါအုန်း။


ကိုကြွယ်။ ။ နားလည်ပါပြီအစ်ကို။ အစ်ကိုပြောသလို ဆို ခွဲခြားသိဖို့ဆို ညီအနေနဲ့

၁။ ရာဇဝတ်ကျင့်ထုံးစာအုပ်က နောက်ဆက်တွဲဇယား၂ 

     ကို အရင်လှန်ရမယ်။ ပြီးရင်

၂။ မိမိသိချင်တဲ့ ပုဒ္မရဲ့ အကြောင်းကို ဖော်ပြထားတဲ့

    စာတိုင်နံပတ်(၃)ကိုကြည့်မယ်။

၃။ အဲ့ဒီစာတိုင်နံပတ်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိသည်လို့ရေးထားရင် ရဲအရေးပိုင်တဲ့ပုဒ်မဖြစ်မယ်။ အဲ့ဒီစာတိုင်နံပတ်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်မရှိ လို့ရေးထားရင် ရဲအရေးမပိုင် တဲ့ပုဒ်မဖြစ်မယ်။ အဲ့လို ဆိုလိုတာ မို့လားအစ္ကို။


KMT။ ။ ဒါပဲပေါ့ ညီလေးရ။ ညီးလေးသဘောပေါက် လွယ်တယ်။ အဲ့တော့ ဥပမာအနေနဲ့ ရာဇသတ်ကြီး ပုဒ္မ ၄၉၇ မယားခိုးမွု ရဲအရေးပိုင်သလား မပိုင်ဘူးလား ကြည့်ပြပါအုန်း။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို ။ ရာဇဝတ်ကျင့်ထုံး ဥပဒေစာအုပ်ရဲ့ နောက်ဆက်တွဲ ဇယား၂ ကို ညီရွာ လိုက်ပါပြီ။ နောက်ဆက်တွဲ ဇယား ၂ ကို တွေ့ပါပြီ။ ဇယား ၂ ရဲ့ စာတိုင်(၁)မွာ ပုဒ္မ ၄၉၇ကိုတွေ့ပါပြီ။ ပုဒ္မ ၄၉၇ရဲ့ စာတိုင်(၃)ကို ကြည့်လိုက်တော့ (ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ) လို့ ရေးထားတာတွေ့တယ်။ အဲ့တော့ ရာဇသတ်ကြီးပုဒ်မ ၄၉၇ဟာ ရဲအရေးမပိုင်တဲ့ ပုဒ္မေပါ့ အစ်ကိုရေ။


KMT။ ။ တော်ပါပေတယ် ညီရေ။ ဒါဆို ရာဇသတ်ကြီး ပုဒ်မတွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်/မပိုင် ညီခွဲခြား တက်ပါပြီ။ ဆက္သိရမွာက အထူးဥပေဒ(အျခားဥပေဒ) တွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်/ မပိုင် ခွဲခြားနည်း ပါဘဲ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ ဆက်ပြောပါ။


KMT။ ။ ဒါနဲ့ ပတ်သက်ပြီး အချို့သော အထူးဥပေဒ တွေဟာ ရဲအရေးပိုင်တယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြီး ပြဌာန်းတဲ့ ဟာတွေရှိတယ်။ ဒီလိုထည့်သွင်း ပြဌာန်းထားရင်တော့ အဲဒီပြဌာန်းထားတဲ့အတိုင်း မှတ်ယူရပါ့မယ်။ ရဲအရေးပိုင် သလား/မပိုင်သလား ပြဌာန်းမထားဘူးဆိုရင်တော့ စောစောကလိုပဲ ရာဇဝတ်ကျင့်ထုံးရဲ့ နောက်ဆက်တွဲ ဇယား၂၊ အျခားဥပေဒမ်ားကို ကျူးလွန်သူများဆိုတဲ့ အပိုင်းကိုကြည့်ပြီး ခြဲရမွာပါ။ နောက်ဆက်တွဲဇယား၂ ရဲ့ နောက်ဆုံးစာမျက်နှာမှာပါ။ 


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ နောက်ဆက်တွဲဇယား၂ ရဲ့ နောက်ဆုံးစာမျက်နှာမှာ အျခားဥပေဒမ်ားကို ကျူးလွန်သူများလို့တွေ့တယ်အစ်ကို။


KMT။ ။ အဲ့ဒါဆိုရင် အထူးဥပေဒမွာပါတဲ့ပုဒ္မကို ကြည့်လိုက်ပါ။ ပြစ်ဒဏ်ဘယ်လောက်လဲကြည့်ပါ။ အဲ့ဒီပြစ်ဒဏ်အလိုက် စာတိုင်(၃)ကို အရင်တခါကြည့် သလိုပဲကြည့်ပါ ညီ။ ရဲအရေးပိုင် မပိုင်ဟာ အဲ့လိုပဲ ခွဲခြမ်းတယ်ညီ။ 


ကိုကြွယ်။ ။ ဟုတ်ပြီအစ်ကို ညီနားလည်ပြီ။ အထူးဥပေဒပါ ပြစ်ဒဏ်က ထောင်(၁)နှစ်အောက် သို့မဟုတ် ငွေဒဏ်သက်သက်လို့ ပြဌာန်းထားရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိလို့ ဖော်ပြထား လို့ ရဲအရေးမပိုင်ဘူး။

အထူးဥပဒေပါပြစ်ဒဏ်က ထောင်ဒဏ်(၁)နှစ်နှင့်အထက် ၊ ထောင်ဒဏ်(၃)နှစ်အောက်ဆိုရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီးခွင့်မရှိလို့ ဖော်ပြထားလို့ ရဲအရေးမပိုင်ဘူး။

အထူးဥပဒေပါပြစ်ဒဏ်က ထောင်ဒဏ်(၃)နှစ်နှင့်အထက်၊ ထောင်ဒဏ်(၇)နှစ်အောက်၊ ထောင်ဒဏ်(၇)နှစ်၊ ထောင်ဒဏ်(၇)နှစ်အထက်၊ ထောင်ဒဏ်နှစ်၂၀၊ သေဒဏ် တို့ဆိုရင် စာတိုင်(၃)မွာ ဝရမ်းမပါဘဲဖမ်းဆီး ခွင့်ရှိသည်လို့ ဖော်ပြထားလို့ ရဲအရေးပိုင်တဲ့ပုဒ်မ/အမွု ဖြစ်တယ်။ အဲ့လိုလား အစ္ကို။


KMT။ ။ ဒါပေါ့ညီရာ ။ အထက်ပါအကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ခြွင်းချက်တွေဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄(၁)(စ) ဒုတိယအပိုဒ္ကို တော့ လေ့လာအုန်းနော်ညီ။


ကိုကြွယ်။ ။ ဟုတ်ကဲ့အစ်ကို။ ကျေးဇူးပါ။


ရိုသေစွာဖြင့်

(ကောင်းမြတ်သူ)


အေျပာမ်ားေနတဲ့ ဥပေဒအေၾကာင္းအရာ ႏွစ္ခု




#အေမြျပတ္စြန္႔လႊတ္ျခင္း

#ရဲအေရးပိုင္ေသာအမႈ

#ဥပေဒဆိုင္ရာဗဟုသုတ


(လတ္တေလာၾကားေနရတဲ့ သတင္းေတြ၊ ေျပာေနၾကတဲ့ စကားေတြထဲ ပါေနတဲ့ သတင္းစာထဲ သားအျဖစ္ သမီးအျဖစ္က စြန္႔လႊတ္ျခင္း ကိစၥနဲ႔ ရဲအေရးပိုင္တဲ့အမႈကိစၥ ဟုတ္မဟုတ္ဆိုတဲ့အေၾကာင္းေတြကို သတိထားရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။ ဖတ္ရႈျပီးသတိထားႏိုင္ ၾကပါေစ။)


(၁) သတင္းစာထဲတြင္ သား/သမီး အျဖစ္ အေမြျပတ္စြန႔္လႊတ္ျခင္းဟာ တရားဝင္ပါသလား။ 


ေတာင္းဆိုး ပလုံးဆိုးတာ ပစ္ရိုးထုံးစံရွိသည္။ သားဆိုး သမီးဆိုးကို ပစ္ရိုးထုံးစံမရွိဆိုေသာ ဆိုရိုးစကားေလးအတိုင္း မိဘမ်ားအေနႏွင့္ မိမိတို့၏ သားသမီး မည္မၽွပင္ ဆိုးေနေစကာမူ ပစ္ထားရိုးထုံးစံမရွိေပ။ 


သို့ေပမယ့္ ယုတ္မာ ရိုင္းစိုင္းေသာ သြာႏုတၱရမည္သည့္ ေခြးႏွင့္အလားသ႑ာန္တူသည့္ သားသမီးမ်ားကိုမူ တရားဥပေဒက သားသမီးအျဖစ္မွ ရာသက္ပန္ စြန႔္လႊတ္ဖို့ခြင့္ျပဳထားခဲ့ပါသည္။ မည္ကဲ့သို့ေသာ သားသမီးမ်ားကိုသြာႏုတၱရ သားသမီးအျဖစ္ သတ္မွတ္ခဲ့ၾကသနည္းဆိုတာ ကိုေတာ့ နားလည္ထားသင့္ပါသည္။


 မိဘအား ဆဲဆိုေသာ သားသမီး၊ မိဘအား ေသြးထြက္သံယိုျဖစ္ေအာင္ ရိုက္ႏွက္ေသာ သားသမီး ႏွင့္ မိဘအသက္အား ရန္ရွာကာ ရန္သူသဖြယ္ ျပဳမွုဆက္ဆံေသာ သားသမီးတိုျဖစ္ၾကပါသည္။


သို့ေပမယ့္ ယခုေခတ္တြင္ ျပင္ပေလာကတြင္ေသာ္လည္းေကာင္း၊ ႐ုပ္ရွင္ ဗြီဒီယိုမ်ားထဲ၌ေသာ္လည္းေကာင္း မိဘမ်ားမွ မိမိတို့၏ စကားနားမေထာင္ပဲ အိမ္ေပၚမွ ဆင္သြားေသာ သားသမီးမ်ားႏွင့္ မိမိတို့ သေဘာမတူ မၾကည္သူႏွင့္ အိမ္ေထာင္ျပဳ သြားေသာ သားသမီး မ်ားကို အမ်ားအားျဖင့္ သားဆိုးသမီးဆိုးဟု သတ္မွတ္ကာ နိုင္ငံပိုင္သတင္းစာမ်ားထဲတြင္ သားသမီးအျဖစ္မွ စြန႔္လႊတ္ေၾကာင္း အမ်ားသိေစရန္ ေၾကျငာထည့္သြင္းခဲ့ၾကသည္။


 ထိုသို့ေၾကျငာထည့္သြင္းထားလၽွင္ မိဘႏွင့္ သားသမီးအျဖစ္မွ ရပ္စဲသြားသည္ဟုလည္း မွတ္ယူေနလၽွက္ရွိၾကပါသည္။ 


အမွန္တြင္ေတာ့ အထက္တြင္ေဖာ္ျပထားသကဲ့သို့ မိမိတို့၏ သားသမီးမွာအမွန္တကယ္သြာႏုတၱရသားသမီးျဖစ္မျဖစ္ေသခ်ာစြာေလ့လာ၍ ျဖစ္ခဲ့သည္ဆိုပါက မိမိတို့ေနထိုင္ရာၿမိဳ့နယ္ရွိ တရား႐ုံးေတာ္သို့ သြားေရာက္၍ မိမိတို့၏ သားသမီး ျဖစ္သူမွာ အမွန္တကယ္ယုတ္မာရိုင္းစိုင္း၍ သြာႏုတၱရ မည္ေသာ ေခြးႏွင့္ အလားသ႑ာန္တူေသာ သားသမီး အျဖစ္သတ္မွတ္၍ ရာသတ္ပန္သားသမီးအျဖစ္ မွ စြန႔္လႊတ္ခြင့္ျပဳပါရန္ စာႏွင့္ေရးသားေလၽွာက္ထားရပါမည္။


တရားလို အေနႏွင့္ မိဘမ်ားက ေဆာင္ရြက္ရၿပီး တရားၿပိဳင္ေနရာ၌ မိမိတို့စြန႔္လႊတ္လိုေသာ သား ( သို့မဟုတ္ ) သမီးကိုထည့္ရပါမည္။ ႐ုံးေတာ္မွ တရားလိုျဖစ္သူ (မိဘ) ႏွင့္ တရားၿပိဳင္ျဖစ္သူ ( သား / သမီး ) အား က်မ္းက်ိန္စစ္ေဆးေစ၍ ေလၽွာက္ထားသည့္အတိုင္း မွန္ကန္ပါက ၎သားသမီးမ်ားအားသြာႏုတၱရသားသမီးအျဖစ္ သတ္မွတ္ေပးမည္ျဖစ္သည္။


သြာႏုတၱရ အျဖစ္ အသတ္မွတ္ခံရေသာ သားသမီးမ်ားသည္ မိဘမ်ားထံမွ အေမြဆက္ခံခြင့္ကို ဆုံးရွုံးမည္ျဖစ္ပါသည္။ ထို့ေၾကာင့္ သတင္းစာထဲတြင္ သားသမီးအျဖစ္မွ အေမြျပတ္စြန႔္လႊတ္ေၾကာင္း ေၾကာ္ျငာထည့္သြင္း႐ုံႏွင့္ စြန႔္လႊတ္ျခင္း အထမေျမာက္ေၾကာင္းႏွင့္ အေမြဆက္ခံခြင့္ ဆုံးရွုံးမည္မဟုတ္ေၾကာင္း ဗဟုသုတ အေနႏွင့္ တင္ျပလိုက္ရပါသည္။


(၂) ရဲအေရးပိုင္ေသာအမွုႏွင့္ရဲအေရးမပိုင္ေသာအမွု ခြဲျခားျခင္း 

---- ----- ----- ------ ------ ----- ------ ------ ------


ကိုႂကြယ္။ ။ အစ္ကိုေရ---- အမွုေတြဒီေလာက္အမ်ား ႀကီးထဲကေန ရဲအေရးပိုင္ေသာအမွုနဲ႔ ရဲအေရးမပိုင္ေသာအမွု ဆိုၿပီး ဘယ္လိုခြဲျခားလဲအစ္ကို။ က်က္ထားရမွာလားအစ္ကို။ ဘယ္လိုသိရွိနိုင္လဲအစ္ကို ရွင္းျပေပးပါအုန္း။


KMT။ ။ က်က္ထားစရာ မလိုပါဘူးညီရဲ့။ အစ္ကို တက္စြမ္းသမၽွ ရွင္းျပပါ့မယ္။ ညီ နားလည္သြားမွာပါ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ပထမဆုံး ညီသိထားသင့္တာက ရာဇသတ္ႀကီးပါပုဒ္မေတြနဲ႔ အထူးဥပေဒပါပုဒ္မေတြ ဆိုၿပီးပါပဲ။ အခုညီကို ရာဇသတ္ႀကီးပုဒ္မေတြထဲက ဘယ္ပုဒ္မက ရဲအေရးပိုင္သလဲ/မပိုင္သလဲ ခြဲျခား ေလ့လာနည္းကို ရွင္းျပပါ့မယ္။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ဒါေလးကို အရင္ဆုံး အေသမွတ္ထားေပး ပါညီ။

"ရဲအရာရွိတစ္ဦးက ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိေသာ အမွုကို ရဲအေရးပိုင္ေသာအမွုဟုေခၚသည္။"

ဝရမ္းမပါဘဲဖမ္း - ရဲပိုင္မွု

ဝရမ္းပါမွဖမ္း - ရဲမပိုင္မွု 

အဲ့ဒါေလးကို ေသခ်ာမွတ္ထားေပးပါ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ မွတ္ထားပါၿပီ။


KMT။ ။ ရာဇဝတ္က်င့္ထုံးဥပေဒကို ညီသိလား။


ကိုႂကြယ္။ ။ ဟုတ္အစ္ကို သိပါတယ္။


KMT။ ။ အဲ့ဒီရာဇဝတ္က်င့္ထုံးဥပေဒစာအုပ္ရဲ့ ေက်ာဘက္မွာ ေနာက္ဆက္တြဲ ဇယား(၂)ဆိုတာ ပါရွိတယ္ညီေရ။ အဲ့ဒီေနာက္ဆက္တြဲ ဇယား(၂)မွာ စာတိုင္(၈)တိုင္ပါရွိတယ္။ အဲ့ဒီစာတိုင္(၈)တိုင္မွာ ရာဇသတ္ႀကီးပါ ပုဒ္မေတြရဲ့ အခ်က္အလက္ေတြကို ေဖာ္ျပထားတယ္။  


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ 


KMT။ ။ ညီက ဘယ္ဟာက ရဲအေရးပိုင္သလဲ ဘယ္ဟာက ရဲအေရးမပိုင္သလဲ ဆိုတာကို သိခ်င္တာ ဆိုေတာ့ အဲ့ဒီ ေနာက္ဆက္တြဲ ဇယား(၂)ရဲ့ စာတိုင္(၃) ကိုၾကည့္ပါညီ။ အဲ့ဒီစာတိုင္(၃)မွာ ပုဒ္မတစ္ခုစီရဲ့ (ဝရမ္းမပါဘဲဖမ္းဆီခြင့္ရွိသည္) သို့မဟုတ္ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ) ဆိုၿပီး အသီးသီးေဖာ္ျပေပးထားတယ္။ အဲ့ဒီမွာ ညီသိလိုတဲ့ ပုဒ္မကို ၾကည့္လိုက္လို့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ)လို့ ေဖာ္ျပထားတာေတြ႕ရင္ အဲ့ပုဒ္မဟာ ရဲအေရးမပိုင္တဲ့ပုဒ္မပဲ။ ဒါမွမဟုတ္ ညီသိလိုတဲ့ ပုဒ္မကို ၾကည့္လိုက္လို့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိသည္)လို့ ေဖာ္ျပထားတာေတြ႕ရင္ အဲ့ပုဒ္မဟာ ရဲအေရးပိုင္တဲ့ပုဒ္မ ပဲညီေရ။ ဒါ့ေၾကာင့္မို့လို့ အစ္ကိုက ညီကို အထက္မွာ "ရဲအရာရွိတစ္ဦးက ဝရမ္းမပါဘဲ ဖမ္းဆီးနိုင္ခြင့္ရွိေသာ အမွုကို ရဲအေရးပိုင္ေသာအမွုျဖစ္သည္" ဆိုတဲ့ စာကို အေသမွတ္သားေပးပါလို့ ေျပာတာေပါ့။ နားလည္ၿပီ လားညီ။ ညီနားလည္သေလာက္ ျပန္ေျပာပါအုန္း။


ကိုႂကြယ္။ ။ နားလည္ပါၿပီအစ္ကို။ အစ္ကိုေျပာသလို ဆို ခြဲျခားသိဖို့ဆို ညီအေနနဲ႔

၁။ ရာဇဝတ္က်င့္ထုံးစာအုပ္က ေနာက္ဆက္တြဲဇယား၂ 

     ကို အရင္လွန္ရမယ္။ ၿပီးရင္

၂။ မိမိသိခ်င္တဲ့ ပုဒ္မရဲ့ အေၾကာင္းကို ေဖာ္ျပထားတဲ့

    စာတိုင္နံပတ္(၃)ကိုၾကည့္မယ္။

၃။ အဲ့ဒီစာတိုင္နံပတ္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္ရွိသည္လို့ေရးထားရင္ ရဲအေရးပိုင္တဲ့ပုဒ္မျဖစ္မယ္။ အဲ့ဒီစာတိုင္နံပတ္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္မရွိ လို့ေရးထားရင္ ရဲအေရးမပိုင္ တဲ့ပုဒ္မျဖစ္မယ္။ အဲ့လို ဆိုလိုတာ မို့လားအစ္ကို။


KMT။ ။ ဒါပဲေပါ့ ညီေလးရ။ ညီးေလးသေဘာေပါက္ လြယ္တယ္။ အဲ့ေတာ့ ဥပမာအေနနဲ႔ ရာဇသတ္ႀကီး ပုဒ္မ ၄၉၇ မယားခိုးမွု ရဲအေရးပိုင္သလား မပိုင္ဘူးလား ၾကည့္ျပပါအုန္း။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို ။ ရာဇဝတ္က်င့္ထုံး ဥပေဒစာအုပ္ရဲ့ ေနာက္ဆက္တြဲ ဇယား၂ ကို ညီရွာ လိုက္ပါၿပီ။ ေနာက္ဆက္တြဲ ဇယား ၂ ကို ေတြ႕ပါၿပီ။ ဇယား ၂ ရဲ့ စာတိုင္(၁)မွာ ပုဒ္မ ၄၉၇ကိုေတြ႕ပါၿပီ။ ပုဒ္မ ၄၉၇ရဲ့ စာတိုင္(၃)ကို ၾကည့္လိုက္ေတာ့ (ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိ) လို့ ေရးထားတာေတြ႕တယ္။ အဲ့ေတာ့ ရာဇသတ္ႀကီးပုဒ္မ ၄၉၇ဟာ ရဲအေရးမပိုင္တဲ့ ပုဒ္မေပါ့ အစ္ကိုေရ။


KMT။ ။ ေတာ္ပါေပတယ္ ညီေရ။ ဒါဆို ရာဇသတ္ႀကီး ပုဒ္မေတြနဲ႔ ပတ္သက္ၿပီး ရဲအေရးပိုင္/မပိုင္ ညီခြဲျခား တက္ပါၿပီ။ ဆက္သိရမွာက အထူးဥပေဒ(အျခားဥပေဒ) ေတြနဲ႔ ပတ္သက္ၿပီး ရဲအေရးပိုင္/ မပိုင္ ခြဲျခားနည္း ပါဘဲ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ဆက္ေျပာပါ။


KMT။ ။ ဒါနဲ႔ ပတ္သက္ၿပီး အခ်ိဳ့ေသာ အထူးဥပေဒ ေတြဟာ ရဲအေရးပိုင္တယ္ဆိုတဲ့အေၾကာင္း ထည့္သြင္းၿပီး ျပဌာန္းတဲ့ ဟာေတြရွိတယ္။ ဒီလိုထည့္သြင္း ျပဌာန္းထားရင္ေတာ့ အဲဒီျပဌာန္းထားတဲ့အတိုင္း မွတ္ယူရပါ့မယ္။ ရဲအေရးပိုင္ သလား/မပိုင္သလား ျပဌာန္းမထားဘူးဆိုရင္ေတာ့ ေစာေစာကလိုပဲ ရာဇဝတ္က်င့္ထုံးရဲ့ ေနာက္ဆက္တြဲ ဇယား၂၊ အျခားဥပေဒမ်ားကို က်ဴးလြန္သူမ်ားဆိုတဲ့ အပိုင္းကိုၾကည့္ၿပီး ခြဲရမွာပါ။ ေနာက္ဆက္တြဲဇယား၂ ရဲ့ ေနာက္ဆုံးစာမ်က္ႏွာမွာပါ။ 


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ေနာက္ဆက္တြဲဇယား၂ ရဲ့ ေနာက္ဆုံးစာမ်က္ႏွာမွာ အျခားဥပေဒမ်ားကို က်ဴးလြန္သူမ်ားလို့ေတြ႕တယ္အစ္ကို။


KMT။ ။ အဲ့ဒါဆိုရင္ အထူးဥပေဒမွာပါတဲ့ပုဒ္မကို ၾကည့္လိုက္ပါ။ ျပစ္ဒဏ္ဘယ္ေလာက္လဲၾကည့္ပါ။ အဲ့ဒီျပစ္ဒဏ္အလိုက္ စာတိုင္(၃)ကို အရင္တခါၾကည့္ သလိုပဲၾကည့္ပါ ညီ။ ရဲအေရးပိုင္ မပိုင္ဟာ အဲ့လိုပဲ ခြဲျခမ္းတယ္ညီ။ 


ကိုႂကြယ္။ ။ ဟုတ္ၿပီအစ္ကို ညီနားလည္ၿပီ။ အထူးဥပေဒပါ ျပစ္ဒဏ္က ေထာင္(၁)ႏွစ္ေအာက္ သို့မဟုတ္ ေငြဒဏ္သက္သက္လို့ ျပဌာန္းထားရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္မရွိလို့ ေဖာ္ျပထား လို့ ရဲအေရးမပိုင္ဘူး။

အထူးဥပေဒပါျပစ္ဒဏ္က ေထာင္ဒဏ္(၁)ႏွစ္ႏွင့္အထက္ ၊ ေထာင္ဒဏ္(၃)ႏွစ္ေအာက္ဆိုရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီးခြင့္မရွိလို့ ေဖာ္ျပထားလို့ ရဲအေရးမပိုင္ဘူး။

အထူးဥပေဒပါျပစ္ဒဏ္က ေထာင္ဒဏ္(၃)ႏွစ္ႏွင့္အထက္၊ ေထာင္ဒဏ္(၇)ႏွစ္ေအာက္၊ ေထာင္ဒဏ္(၇)ႏွစ္၊ ေထာင္ဒဏ္(၇)ႏွစ္အထက္၊ ေထာင္ဒဏ္ႏွစ္၂၀၊ ေသဒဏ္ တို့ဆိုရင္ စာတိုင္(၃)မွာ ဝရမ္းမပါဘဲဖမ္းဆီး ခြင့္ရွိသည္လို့ ေဖာ္ျပထားလို့ ရဲအေရးပိုင္တဲ့ပုဒ္မ/အမွု ျဖစ္တယ္။ အဲ့လိုလား အစ္ကို။


KMT။ ။ ဒါေပါ့ညီရာ ။ အထက္ပါအေၾကာင္းအရာ ေတြနဲ႔ပတ္သက္ၿပီး ႁခြင္းခ်က္ေတြျဖစ္တဲ့ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄(၁)(စ) ဒုတိယအပိုဒ္ကို ေတာ့ ေလ့လာအုန္းေနာ္ညီ။


ကိုႂကြယ္။ ။ ဟုတ္ကဲ့အစ္ကို။ ေက်းဇူးပါ။


ရိုေသစြာျဖင့္

(ေကာင္းျမတ္သူ)

Thursday, October 14, 2021

မိန်းမလျာအခွင့်အရေး Gays Right နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး ဆက်စပ်ပုံ

မိန်းမလျာအခွင့်အရေး Gays Right နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး ဆက်စပ်ပုံ




#Human_Rights

#LGBTQs

#မိန်းမလျာ_ယောက်ျားလျာများအခွင့်အရေး


(လူဆိုတာ လူတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေကို တန်းတူညီမျှရရှိသင့်တယ်ဆိုတဲ့ အယူအဆကို လူအတော် မ်ားမ်ားက လက်ခံပါရဲ့လား။ အထူးသဖြင့် လိင်စိတ်တိမ်းညွှတ်မှုမတူ ကွဲပြားခြားနားတဲ့ လူတွေအတွက်ဆိုရင်ရော အထက်ပါအယူအဆ ကို ထည့်သွင့်စဉ်းစားပါ့မလား။ လူကို လူလို့မြင်စေချင်တယ်၊ မတူကွဲပြားမှုကို လက်ခံစေချင်တယ်။ မိန်းမလျာများရဲ့ လူ့အခွင့်အရေး ကိစ္စက နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ဘယ်လိုများသက်ဆိုင်နေပါလိမ့်လို့ အတွေး၀င်သူများ ဖတ်ရှုရအောင် ဆောင်းပါးတစ်စောင်ကို ေ၀ငှလိုက်ပါတယ်။ ဖတ်ကြည့်ပါ။)


လွန်ခဲ့သော နှစ်နှစ်ခန့်က အသက် ၁၇နှစ်နှင့် ၁၅နှစ်အရွယ်အသီးသီးရှိကြသော ကျွန်တော်၏ သမီးနှစ်ယောက်သည် သူတို့၏ အဒေါ်ဖြစ်သူ ထိုင်းနိုင်ငံသို့ ဘုရားဖူးသွားရာတွင် အဖော်အဖြစ် ဘန်ကောက်မြို့သို့လိုက်သွားကြပါသည်။ ပြန်လာတော့ သမီးကြီးက ကျွန်တော့်အတွက်ဆို ကာ ဘန်ကောက်မှ၀ယ်လာသော တီရှပ်သုံးထည် လက်ဆောင်ပေးသည်။ ငယ်ငယ်ကတည်းက ဖအေနားအလွန်ကပ်ပြီး ဖအေကိုလည်း စနောက်တတ်သည့် သမီးငယ္ကေတာ့ ဖေဖေကြီးအတွက် သမီးလည်းလက်ဆောင်၀ယ်လာတယ်ဟုပြောရာ ကျွန်တော်က ဟုတ္လားသမီး ဟု အလိုက်သင့်ပြန်ပြောတော့ သူမက သမီး၀ယ်လာတဲ့လက်ဆောင်က ဖေဖေ့အကြိုက်ဟု ထပ်၍ကွန့်ပါသည်။ ဘာများလဲသမီးရဲ့ ဟု မေးတော့ သမီးက ရော့ ဖေကြီး၊ ဖေကြီးအကြိုက်လေးတွေ ဟုပြောပြီး ဓာတ်ပုံတစ်ပုံကို ထုတ်ပေးပါတော့သည်။ ကျွန်တော်က ဓာတ်ပုံကိုကြည့်လိုက်တော့ အောင်မလေးဟဲ့ဟုပင် ပါးစပ္က ယောင်၍ထွက်သွားပါသည်။


ဓာတ်ပုံထဲမှာက ရေကူး၀တ်စုံနှင့် ခန္ဓာကိုယ်အလှကို အထူးပြုထားသည့် အလွန်ချောသော မိန်းကလေးငါးယောက်လောက် စင်ပေါ်တက်၍ သီချင်းဆိုနေသည့်ပုံ ဖြစ်ပါသည်။ ၄င်းမိန်းကလေးများသည် မျက်နှာရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ ကိုယ်ဟန်အနေအထားရော ပြောစရာ မရှိအောင်လှသည်။ ခြောက်ပြစ်ကင်း သဲလင်စင်အလှဟု ဆိုနိုင်ပါသည်။ ကျွန်တော့်ပါးစပ်က အောင်မလေးဟဲ့ဟု ယောင်၍ အသံထြက္သြား ခြင်းမှာ သူတို့၏အလှကို ရင်ဖိုသွား၍ဟု စာဖတ်သူတို့ အထင်မလွဲစေလိုပါ။ ကျွန်တော်၏ အသက်အရွယ်သည် ရင်ခုန်ရမည့်အရွယ်မဟုတ်။ ၁၅နှစ်သမီးက ဖအေကို ဒီလိုပုံမျိုးလက်ဆောင်ပေးတော့ လန့်သွားတာပါ။ နောက်စရာရှားလို့ ကိုယ့်ဖအေကို သည်လိုနောက်ရသလားဆိုပြီး သမီးငယ္ကို ဆုံးမလိုက်ရသေးသည်။ သမီးငယ္က ဆက်၍ပြောသည်မှာ ဖေကြီး၊ သူတို့က ယောက်ျားဘ၀ကနေ ခွဲစိတ်ခံပြီး မိန်းမဘ၀ကို ပြောင်းထားတာဟု ပြောပြပါသည်။ ပြီးတော့

သူတို့က ပွင့်ပွင့်လင်းလင်းပဲ၊ သူတို့ခွဲစိတ်ခဲ့ပြီး လိင်ပြောင်းထားတာလို့လည်း ပြောင်ပြောင်တင်းတင်းပြောတယ်။ ဓာတ်ပုံလည်း အရိုက်ခံ တယ်။ သူတို့ရဲ့ဘ၀မှန်ကို ဘယ်သူဘာပြောပြော သူတို့က ပြဿနာမရှိဘူး။ ပတ်၀န်းကျင်နဲ့လည်း ပြဿနာမရှိဘူး ဟု သမီးငယ္က ကလေးတစ်ဦးအနေနှင့် သူသိသလောက် တိုတိုတုတ်တုတ်ပြောလိုက်သော်လည်း သူ့စကားအရ ထိုင်းနိုင်ငံ၏ ကျန်းမာရေးအခြေအနေ အဆင့်အတန်းတစ်ခုကို ချက်ချင်း ကျွန်တော်အကဲခတ်လိုက်မိသည်။


ဘယ္လိုအကဲခတ္လိုက္တာလဲ ရှင်းပြပါမည်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေး(Health)ကို အဓိပ္ပာယ်သတ်မှတ်သည်မှာ ကျန်းမာခြင်းဟူသည်မှာ ရောဂါကင်းရှင်းနေရုံသာမဟုတ်၊ ကိုယ်၏ ကျန်းမာခြင်း(ကာယသုခ)၊ စိတ်၏ချမ်းသာခြင်း(စိတ္တသုခ)တို့အပြင် လူမှုရေးသုခနှင့်ပြည့်စုံနေခြင်းဖြစ်သည်။ဟုဆိုပါသည်။ ဒီတော့ ယောက်ျားဘ၀နှင့် မိန်းမစိတ်ပေါက်နေသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။


သူ့မှာ ရောဂါကင်းရှင်းနေမယ်ဆိုပါစို့။ ဒါဆိုရင် ကာယသုခတော့ရှိပါမယ်။ ဒါပေမဲ့ ဖြစ်ချင်တဲ့မိန်းမဘ၀ကို တကယ်မဖြစ်ရရှာဘူး။ ဒီတော့ စိတ်မချမ်းသာဘူး။ ဒီတော့ စိတ္တသုခနဲ့ မပြည့်စုံဘူး။ ဒါတင်ဘယ်ကမလဲ ပတ်၀န်းကျင်ကလည်း သိပ်ပြီးအဖက်မလုပ်ဘူး၊ မိန်းမလျာ (ဘန်းစကားနဲ့ ဆိုရင် အခြောက်)ဆိုပြီး ပစ်ပယ်ထားမယ်။ ဒီတော့ လူမှုရေးသုခနဲ့ မပြည့်စုံတော့ဘူး။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ သတ်မှတ်ချက်နဲ့ ချိန်ထိုးကြည့်ရင် ကာယသုခပဲပြည့်စုံတယ်။ စိတ္တသုခနဲ့ လူမှုရေးသုခ မပြည့်စုံဘူး။ ဒီတော့ မိန်းမလျာတွေကို မကျန်းမာကြရှာဘူးဟု ပြောနိုင်ပါတယ်။ လူတွေနားလည်တဲ့ ကျန်းမာခြင်းဆိုတာကလည်း ရောဂါ ရွိမရွိဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာကိုး။ လူရာ၀င်မ၀င်၊ လူ၀င်ဆံ့မဆံ့ဆိုတဲ့ အချက်လည်းပါသေးတယ်ဆိုတာ လူတွေသိပ်မသိကြပါဘူး။


ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ကျွန်တော့်သမီးငယ်တွေ့ခဲ့တဲ့ စင်ပေါ်တက်ပြီး သီချင်းဆိုနေတဲ့ ရေကူး၀တ်စုံ၀တ်၍ က်ားဘ၀မွ မဘ၀သို့ ပြောင်းထား ကြသူများကတော့ သိပ်လှပြီး မြင်သူငေးနေရတယ်။ ရောဂါမရှိဘူး။ ဒီတော့ ကာယသုခနဲ့ ပြည့်စုံနေပြီး ခွဲစိတ်လိင်ပြောင်းထားလို့ ဖြစ်ချင်သလို ဖြစ်လာရပြီဆိုတော့ စိတ်ချမ်းသာပြီပေါ့။ ဒီတော့ စိတ္တသုခနဲ့ပြည့်စုံပြီး သူတို့က သူတို့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပတ်၀န်းကျင်မှာ ချပြရဲတယ်။ ပတ်၀န်းကျင်နဲ့လည်း ပြဿနာမရှိဘူးဆိုတော့ လူမှုရေးသုခနဲ့လည်း ပြည့်စုံပြီပေါ့။ ဒီတော့ သူတို့ကျန်းမာကြသည်။ ဒီလို ကျန်းမာရေးအနေ အထားတစ်ခုကိုရောက်ဖို့ ပတ်၀န်းကျင်၏ နားလည်ပေးမှု Understanding နဲ့လည်းဆိုင်တယ်။ တစ်နည်းအားဖြင့် Development status of social environment (ခေါ်) လူမှုပတ်၀န်းကျင်၏ ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း ဆိုင်ပါသည်။


ဥပမာတစ်ခုပြောရသော် အကယ်၍ လူတစ်ဦးကို သူ့ရဲ့ပတ်၀န်းကျင်က ၀ိုင်းပယ်လာတယ်ဆိုပါစို့။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပာယ် သတ်မှတ်ချက်အရ သူဟာ ကျန်းမာသူမဟုတ်ပါဘူး။ ၉၆ပါး ရောဂါေ၀ဒနာကင်းစင်နေသော်လည်း လူမှုရေးသုခ သူ့မှာ မပြည့်စုံပါ။ ထို့အပြင် သူ့ကို၀ိုင်းပယ်ထားသော ပတ်၀န်းကျင်သည်လည်း ဖွံ့ဖြိုးရေးအဆင့်အတန်းမြင့်နေသည့် Development Status ဟုမဆိုသာပါ။ စာနာစိတ် နည်းနေသေးသည်ဟု ဆိုနိုင်ပါ၏။ 


ဘန်ကောက်မြို့မှ ပြန်လာတဲ့ ၁၅နှစ်အရွယ် ကျွန်တော့်သမီးက ဘန်ကောက်မှာ ယောက်ျားဘ၀မှ မိန်းမဘ၀သို့ ခွဲစိတ်လိင်ပြောင်းထား သူတွေ ပတ်၀န်းကျင်နဲ့ ပြဿနာမရှိဘူး။ ပတ်၀န်းကျင်မှာ မသိမ်ငယ်ရဘူးဆိုတော့ အဲဒီပတ်၀န်းကျင်ရဲ့ Development ဟာ မြင့်မားနေပြီဟု ကောက်ချက်ချမိပါသည်။ 


မကြာသေးမီက ဂျာနယ်တစ်စောင်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ က်ားဘ၀မွ မဘ၀သို့ ခွဲစိတ်လိင်ပြောင်းသော ဦးရေအရေအတွက် အလွန်များနေပါသည်ဟု ရေးခဲ့ရာ စာဖတ်သူတချို့က ပြဿနာတွေတော့ များကုန်ပါပြီဟု စုတ်သပ်နေကြသည်ကို တွေ့ခဲ့ဖူးပါသည်။ တကယ်တော့ က်ားဘ၀ကေန ခွဲစိတ်လိင်ပြောင်းလိုက်သော အရေအတွက် များလာခြင်းသည် ပြဿနာများလာခြင်း မဟုတ်။ ပြဿနာ ဖြေရှင်းခြင်းများသာဖြစ်၏။


Problem များခြင်းမဟုတ်၊ Problem Solution များလာခြင်းဖြစ်ပါသည်။ ခွဲစိတ်လိင်မပြောင်းဘဲ ဒီအတိုင်းထားတော့ကော ၄င်းပုဂ္ဂိုလ် တို့သည် ယောက်ျားစိတ်ပြန်ပေါက်မှာတဲ့လား။ ယောက်ျားစိတ်ပြန်မပေါက်သည့်အပြင် ယောက်ျားအင်္ဂါနှင့် မိန်းမစိတ်ဖြစ်နေပြီး ပြဿနာများတော့၏။ ပြဿနာကတော့ လိင်တူ ဆက်ဆံခြင်း (Homo Sex) နှင့် လူမှုရေးပြဿနာအမျိုးမျိုးဖြစ်၏။ ၄င်းတို့ကို M.S.M (Men who have Sex with Men) ဟုခေါ်ပါ၏။ M.S.M တို့၌ HIV ကူးစက်မှုအန္တရာယ်လည်း မြင့်မားနေတတ်ပါသည်။ 


ကျွန်တော်သည် HIV ကာကွယ်ရေးစီမံကိန်း၌ တာ၀န်ထမ်းဆောင်ဖူးသဖြင့် M.S.M ပေါင်းများစွာနှင့် ခင်မင်ရင်းနှီး အသိအကျွမ်းဖြစ်ခဲ့ဖူး ပါသည်။ များသောအားဖြင့် ၄င်း M.S.M တို့သည် အပယ်ခံများဖြစ်ကြပါသည်။ အနည်းဆုံးတော့ သူတို့ကို ဟားစရာဟု ယူဆကြပါသည်။ တချို့ကတော့ ကမ်ဘာပေါ်တွင် HIV ကူးစက်နှုန်းမြင့်မားအောင် လုပ်သူတွေထဲမှာ သူတို့လည်းပါတယ်ဟု အပြစ်တင်တတ်ကြပါသည်။ မြန်မာနိုင်ငံမှ M.S.M များတွင် တချို့မှာ ချမ်းသာပြီး ကံထူးကြပါသည်။ ဘာကြာင့်လဲဆိုတော့ ထိုင်းနိုင်ငံသို့ ကျွန်တော်သိရသလောက် ဘုရားဖူးလိုလိုသွားပြီး ခွဲစိတ်လိင်ပြောင်းခဲ့ကြပါသည်။ ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်ရောက်ရပြီး အတိုင်းအတာတစ်ခုအထိတော့ စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ လုံးလုံးလျားလျားတော့ မေပ်ာ္ရဲပါ။ ဘာကြောင့်လဲဆိုတော့ ငါတော့ မိန်းမလုံးလုံးဖြစ်ပြီဟေ့လို့ မကြေညာရဲပါ။ မိမိရဲ့ ပြောင်းလဲသွားတဲ့ဘ၀ကို ပတ်၀န်းကျင်သို့ ပေါ်ပေါ်တင်တင် အသိမေပးရဲတာ ကျွန်တော်တို့ အသိမိတ်ဆွေထဲတွင် ရှိပါသည်။


တချို့က ပြောကြပြန်ပါသည်။ က်ား ဘ၀မွ မဘ၀သို့ ခွဲစိတ်လိင်ပြောင်းခြင်းသည် ဥပေဒအရ ပြစ်မှုမြောက်သည်ဟု ဆိုကြပြန်၍ အပယ္ခံ M.S.M တို့ခမျာ သွေးလန့်ကြရှာပါသည်။ တပ်လိုက်တဲ့ ဥပေဒပုဒ္မက အကြီးကြီးမှ တကယ့်ကို အကြီးကြီးပါ။ မြန်မာနိုင်ငံ ရာဇသတ်ကြီးခေါ် ပြစ်မှုဥပဒေ ၃၂၆တွင် လူတစ်ဦး၏ ကိုယ်အင်္ဂါတစ်ခုခုကို ပျက်စီးစေလျှင် ကျွန်းဒဏ်အထိ ပြဋ္ဌာန်းထားပါသည်။ ဒီတော့ ယောက်ျားလိင်အင်္ဂါ ကြီးကို ခွဲစိတ်ဖြတ်တောက်လိုက်တော့ ကိုယ်အင်္ဂါတစ်ခုကို ဖျက်ဆီးလိုက်တာပဲဆိုပြီး ဒီပုဒ်မကြီးတပ်လိုက်တော့ သွေးပျက်ကုန်ကြရှာပါသည်။ 


#ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းလား၊ ဆေးကုသခြင်းလား

လူတစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၍ ဒေါသအလျှောက် ဓားနှင့်ခုတ်လိုက်၍ တစ္ဖက္လူ လက်ပြတ်သွားသော် ကိုယ်အင်္ဂါပျက်စီး၍ ဒုက္ခိတဖြစ်သွား သဖြင့် ပြစ်မှုဥပဒပုဒ်မ ၃၂၆နှင့် အကျုံး၀င်ပါသည်။ သို့သော် ဆီးချိုလူနာတစ်ယောက် ဆီးချိုအလွန်ပြင်းထန်ပြီး ခြောက်ထောက်အနာဖြစ်၍ ခြေထောက်ပုပ်သဖြင့် အသက်အန္တရာယ်ရှိ၍ ဆရာ၀န္က ၄င်းခြေထောက်ကို ဖြတ်ရသော် ဒီကိစ္စက ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းဟု အဓိပ္ပာယ်မမှတ်ဘဲ ဆေးကုသခြင်းဟု အဓိပ္ပာယ်သတ်မှတ်၍ ပုဒ္မ ၃၂၆နှင့် အကျုံးမ၀င်ပြန်ပါ။


ဒီတော့ M.S.M တစ်ယောက်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက် လိင်ပြောင်းရာ၌ ဤကိစ္စသည် ဆေးကုသပေးခြင်းဖြစ်ပါသည်ဟု လျှောက်လဲနိုင် ပါသည်။ တကယ်တော့ ခွဲစိတ်လိင်ပြောင်းထားခြင်းကို တားမြစ်သော အထူးဥပဒမရွိသလို ခွင့်ပြုထားသာ ပြဋ္ဌာန်းချက်လည်း မရွိပါ။ ဤအမှုကိစ္စမျိုးကို တိုင်ကြား တရားစွဲဖူးခြင်းမရှိ၍ စီရင်ထုံးလည်း မရှိသေးပါ။ 


တချို့သော ဥပေဒေရးရာ အငြင်းပွားမှုများတွင် ကိုးကားစရာ ဥပဒေရှာမတွေ့ဘဲ စီရင်ထုံးများကို ကိုးကားရပါသည်။ စီရင်ထုံးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော တရားရုံးချုပ်၏ စုံညီစုံရုံးကာ ဆုံးဖြတ်ပေးဖူးသော အမှုတစ်ခု၏ ဆုံးဖြတ်ပုံ (ဝါ) ဖြတ်ထုံး (ဝါ) စီရင်ထုံးဖြစ်ပြီး အောက်တရားရုံးအားလုံးက လိုက်နာပါသည်။ ဥပမာ - မြန်မာလင်မယားတို့၌ လင်က မယားကို ကြိမ်ဖန်များစွာ ပါးရိုက်သော် လည်း မယားကို ကွာရှင်းခွင့်ပြုရမည်ဟု အတိအလင်း တိတိကျကျပြဋ္ဌာန်းချက်မရှိ၍ ပါးရိုက်ခံရသောမယားက တရားရုံးတွင် လင်မယားကွာ ရှင်းခွင့်တောင်းသော် တရားရုံးအမျိုးမျိုး၌ မတူညီသော စီရင်ချက်အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ၁၉၆၈ ၌ ၁၉၆၈ တရားမ ပထမ အယူခံမှု အမှတ် ၁ တွင် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် စီရင်ထုံး၌ လင်မယားကွာရှင်းခွင့်ပေးခဲ့ပြီး စီရင်ထုံးအဖြစ် ထုတ်ပြန်ခဲ့သည်။ ထိုစီရင်ထုံးကို ကိုးကား၍ နောက်အခါ လင်မယား ပါးရိုက်မှုဖြစ်သော် အောက်ရုံးအားလုံးက စီရင်ထုံးကို လိုက္နာ၍ ကွာရှင်းခွင့်ပေးရသည်။ ဒါက စီရင်ထုံး ဥပမာတစ္ခုပါ။


သို့သော် M.S.M တို့လိင်ပြောင်းခြင်း၌ ယနေ့တိုင် အမှုမဖြစ်သေးသဖြင့် စီရင်ထုံးလည်း မရှိသေးပါ။ M.S.M တစ်ယောက် ခွဲစိတ်ဖြတ်တောက် ၍ လိင်ပြောင်းသော် ဥပေဒအရ တကယ်ပင် မိန်းမဖြစ်သွားပြီလား။ ဥပမာ - လိင်ပြောင်းလိုက်သော M.S.M ဘ၀ကလာသူသည် ယောက်ျား တစ်ယောက်ကို တရား၀င်လက်ထပ်ခွင့် ရွိ မရှိဟူသော ဥပဒေပြဿနာမျိုးရှိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤကိစ္စမျိုး၌လည်း စီရင်ထုံး မရှိသေးပါ။


#အပယ်ခံလူတန်းစားဆိုသည်မှာ ဘာလဲ

အပယ်ခံရသူတို့မှာ ဥပမာတချို့ကတော့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများ၊ အနာကြီးေ၀ဒနာသည်၊ AIDS ေ၀ဒနာသည် စသည်ဖြင့် ဖြစ်ကြပါသည်။


တစ်ခါက WHO မွ HIV ပိုးရွိသူမ်ားကို စာနာကြည်ဖြူလက်တွဲကူရန် ဆောင်ပုဒ်ထုတ်ပြန်ခဲ့ဖူးပါသည်။ စာနာကြည်ဖြူကြခြင်းသည် Acceptance ပင်ဖြစ်ပါသည်။ လူမှုရေးအားနည်းချက်ရှိသူများအား ၀ိုင်းပယ်သော ပတ်၀န်းကျင်သည် ဖွံ့ဖြိုးမှု နောက်ကျနေသေးပြီး စာနာကြည်ဖြူလက်သင့်ခံသော ပတ်၀န်းကျင်သည် ဖွံ့ဖြိုးမှု ခြေတစ်လှမ်းတိုးလာသည်ဟု ဆိုနိုင်ပါသည်။ ဖွံ့ဖြိုးပြီးဖြစ်သော လူမှုရေးအဆောက်အအုံတစ်ခုတွင် လူမှုရေးအားနည်းသူများကို ပြစ်ပယ်လှောင်ပြောင်ခြင်း၊ ၀ိုင်း၍ ဟားခြင်းမရှိတော့ပါ။


မကြာသေးမီက ကျွန်တော်တို့နိုင်ငံတွင် ရုပ်ရှင်မင်းသားငယ်လေးတစ်ယောက် လက်ထပ်တော့ သူ၏ သတို့သမီးအား က်ား မွ မ သို့ ဘ၀ပြောင်းထားသူပါဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ခဲ့သည်။ တချို့က ဟားသည်။ ဒါပေမဲ့ တကယ်မဟုတ်တော့ ဟားလို့ မရေတာ့ဘူး။ သို့သော် တကယ်ဟုတ်နေကြတဲ့ M.S.M တွေခမျာ ဘယ်လောက်အဟားခံနေကြရရှာမလဲ။


တချို့က M.S.M များနှင့် ပြည့်တန်ဆာများသည် HIV/AIDS ပြန့်ပွားရေး၌ တရားခံစာရင်းတွင် ပါ၀င်သည်ဆိုပြီး ၄င်းတို့ကို အပြစ်တင်ရှုတ်ချ ကြပါသည်။ ဤသို့ အပြစ်တင်ခြင်းသည် HIV/AIDS ကာကွယ်ရေး၏ မှန်ကန်သောနည်းလမ်း(Right Method) မဟုတ်ပါ။ သူတို့အား စည်းခြားထားသော လူမှုရေးအတားအဆီး (Social Barrier) အားနည်းပါးစေလျက် ကာကွယ်ရေးနည်းလမ်းများ (ဥပမာ-ကွန်ဒုံး စသည်ဖြင့်)ကို အေလ့အထ အလေ့အကျင့်ဖြစ်စေခြင်းဖြင့်သာ HIV/AIDS ကို တားဆီးရပါမည်။


#ဖွံ့ဖြိုးခြင်း

Development is a Change towards positive directions. ဟု ဆိုပါသည်။ ဖွံ့ဖြိုးခြင်းသည် ကောင်းသောဘက်ကို ပြောင်းလဲခြင်းဖြစ် ပါသည်။ တချို့က အာကာသယာဉ်စီး၍ ကမ်ဘာတ်ပတ်မှ ဖွံ့ဖြိုးခြင်းဟု ထင်ကြပါသည်။ တကယ့်ဖွံ့ဖြိုးခြင်းသည် အခန်းကဏ္႑ Sector မ်ားစြာ ရှိပါသည်။အာကာသယာဉ်စီး၍ ကမ်ဘာပတ်နိုင်ခြင်းသည် သိပ္ပံနည်းပညာကဏ္႑ ဖွံ့ဖြိုးခြင်းသာဖြစ်ပြီး ပိုမိုအရေးကြီးသည်မှာ လူမှုရေးကဏ္႑များ Social Sector များပါ၀င်သည်။


အပယ်ခံများအတွက် စာနာလက်ခံလုပ်ပေးနိုင်ခြင်းသည်လည်း ဖွံ့ဖြိုးခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် လောလောဆယ်အခိုက်အတန့် မွာ လကမ်ဘာသို့ ဒုံးပျံစီး၍ မသွားကြသေးပါ။ သို့သော် M.S.M တို့၊ ပြည့်တန်ဆာတို့အတွက်တော့ စာနာသော ပတ်၀န်းကျင်ကို ဖန်တီးနိုင်စွမ်း ရှိကြသည်။ ယနေ့ပင် ဖန်တီးနိုင်သည်ဟု ဆိုချင်ပါသည်။ ထို့ကြော့် ယနေ့ပင် ဖွံ့ဖြိုးနိုင်သည်။

နားလည်မှု၊ လေးစားမှုများပေးလျှင် အပြန်အလှန် လေးစားမှုရှိကြပေမည်။ ကျန်းမာရေးအဆင့်အတန်း၊ ဖွံ့ဖြိုးရေးအဆင့်အတန်း တိုးတက် လာမည်ဟု ဆိုနိုင်ပါ၏။


ရေးသားသူ - ဒေါက်တာ ထွန်း၀င်း


*** ဒေါက်တာထွန်း၀င်း - လိင်နှင့် ကျားမဆိုင်ရာနိုင်ငံရေး (Sex and Gender Politics) စာအုပ်ရဲ့ စာမျက်နှာ ၁၃ပါဆောင်းပါး။


ကျမ်းကိုး

မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေ

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ (ဦးမြစိန်၊ ဗဟိုတရားရုံးရှေ့နေ)

အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် သက်ဆိုင်ရာဥပဒေများ (ဒေါက်တာထွန်း၀င်း)


မိန္းမလ်ာအခြင့္အေရး Gay’s Right ႏွင့္ ႏိုင္ငံေတာ္ဖြံ႕ျဖိဳးေရး ဆက္စပ္ပံု




#Human_Rights

#LGBTQs

#မိန္းမလ်ာ_ေယာက္်ားလ်ာမ်ားအခြင့္အေရး


(လူဆိုတာ လူတစ္ေယာက္ရဲ႕ အခြင့္အေရးနဲ႔ ရပိုင္ခြင့္၊လုပ္ပိုင္ခြင့္ေတြကို တန္းတူညီမွ်ရရွိသင့္တယ္ဆိုတဲ့ အယူအဆကို လူအေတာ္ မ်ားမ်ားက လက္ခံပါရဲ႕လား။ အထူးသျဖင့္ လိင္စိတ္တိမ္းညႊတ္မႈမတူ ကြဲျပားျခားနားတဲ့ လူေတြအတြက္ဆိုရင္ေရာ အထက္ပါအယူအဆ ကို ထည့္သြင့္စဥ္းစားပါ့မလား။ လူကို လူလို႔ျမင္ေစခ်င္တယ္၊ မတူကြဲျပားမႈကို လက္ခံေစခ်င္တယ္။ မိန္းမလ်ာမ်ားရဲ႕ လူ႕အခြင့္အေရး ကိစၥက ႏိုင္ငံေတာ္ဖြံ႔ျဖိဳးေရးနဲ႔ ဘယ္လိုမ်ားသက္ဆိုင္ေနပါလိမ့္လို႔ အေတြး၀င္သူမ်ား ဖတ္ရႈရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ေ၀ငွလိုက္ပါတယ္။ ဖတ္ၾကည့္ပါ။)


လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔က အသက္ ၁၇ႏွစ္ႏွင့္ ၁၅ႏွစ္အရြယ္အသီးသီးရွိၾကေသာ ကၽြန္ေတာ္၏ သမီးႏွစ္ေယာက္သည္ သူတို႔၏ အေဒၚျဖစ္သူ ထိုင္းႏိုင္ငံသို႔ ဘုရားဖူးသြားရာတြင္ အေဖာ္အျဖစ္ ဘန္ေကာက္ျမိဳ႕သို႔လိုက္သြားၾကပါသည္။ ျပန္လာေတာ့ သမီးၾကီးက ကၽြန္ေတာ့္အတြက္ဆို ကာ ဘန္ေကာက္မွ၀ယ္လာေသာ တီရွပ္သံုးထည္ လက္ေဆာင္ေပးသည္။ ငယ္ငယ္ကတည္းက ဖေအနားအလြန္ကပ္ျပီး ဖေအကိုလည္း စေနာက္တတ္သည့္ သမီးငယ္ကေတာ့ “ေဖေဖၾကီးအတြက္ သမီးလည္းလက္ေဆာင္၀ယ္လာတယ္”ဟုေျပာရာ ကၽြန္ေတာ္က ဟုတ္လားသမီး ဟု အလိုက္သင့္ျပန္ေျပာေတာ့ သူမက “သမီး၀ယ္လာတဲ့လက္ေဆာင္က ေဖေဖ့အၾကိဳက္’ဟု ထပ္၍ကြန္႔ပါသည္။ “ဘာမ်ားလဲသမီးရဲ႕” ဟု ေမးေတာ့ သမီးက “ေရာ့ ေဖၾကီး၊ ေဖၾကီးအၾကိဳက္ေလးေတြ” ဟုေျပာျပီး ဓာတ္ပံုတစ္ပံုကို ထုတ္ေပးပါေတာ့သည္။ ကၽြန္ေတာ္က ဓာတ္ပံုကိုၾကည့္လိုက္ေတာ့ “ေအာင္မေလးဟဲ့”ဟုပင္ ပါးစပ္က ေယာင္၍ထြက္သြားပါသည္။


ဓာတ္ပံုထဲမွာက ေရကူး၀တ္စံုႏွင့္ ခႏၶာကိုယ္အလွကို အထူးျပဳထားသည့္ အလြန္ေခ်ာေသာ မိန္းကေလးငါးေယာက္ေလာက္ စင္ေပၚတက္၍ သီခ်င္းဆိုေနသည့္ပံု ျဖစ္ပါသည္။ ၄င္းမိန္းကေလးမ်ားသည္ မ်က္ႏွာေရာ၊ ကိုယ္လံုးကိုယ္ေပါက္ေရာ၊ ကိုယ္ဟန္အေနအထားေရာ ေျပာစရာ မရွိေအာင္လွသည္။ ေျခာက္ျပစ္ကင္း သဲလင္စင္အလွဟု ဆိုႏိုင္ပါသည္။ ကၽြန္ေတာ့္ပါးစပ္က “ေအာင္မေလးဟဲ့”ဟု ေယာင္၍ အသံထြက္သြား ျခင္းမွာ သူတို႔၏အလွကို ရင္ဖိုသြား၍ဟု စာဖတ္သူတို႔ အထင္မလြဲေစလိုပါ။ ကၽြန္ေတာ္၏ အသက္အရြယ္သည္ ရင္ခုန္ရမည့္အရြယ္မဟုတ္။ ၁၅ႏွစ္သမီးက ဖေအကုိ ဒီလိုပံုမ်ိဳးလက္ေဆာင္ေပးေတာ့ လန္႔သြားတာပါ။ ေနာက္စရာရွားလို႔ ကိုယ့္ဖေအကို သည္လိုေနာက္ရသလားဆိုျပီး သမီးငယ္ကို ဆံုးမလိုက္ရေသးသည္။ သမီးငယ္က ဆက္၍ေျပာသည္မွာ “ေဖၾကီး၊ သူတို႔က ေယာက္်ားဘ၀ကေန ခြဲစိတ္ခံျပီး မိန္းမဘ၀ကို ေျပာင္းထားတာ”ဟု ေျပာျပပါသည္။ ျပီးေတာ့

“သူတို႔က ပြင့္ပြင့္လင္းလင္းပဲ၊ သူတို႔ခြဲစိတ္ခဲ့ျပီး လိင္ေျပာင္းထားတာလို႔လည္း ေျပာင္ေျပာင္တင္းတင္းေျပာတယ္။ ဓာတ္ပံုလည္း အရိုက္ခံ တယ္။ သူတို႔ရဲ႕ဘ၀မွန္ကို ဘယ္သူဘာေျပာေျပာ သူတို႔က ျပႆနာမရွိဘူး။ ပတ္၀န္းက်င္နဲ႔လည္း ျပႆနာမရွိဘူး” ဟု သမီးငယ္က ကေလးတစ္ဦးအေနႏွင့္ သူသိသေလာက္ တိုတိုတုတ္တုတ္ေျပာလိုက္ေသာ္လည္း သူ႕စကားအရ ထိုင္းႏိုင္ငံ၏ က်န္းမာေရးအေျခအေန အဆင့္အတန္းတစ္ခုကို ခ်က္ခ်င္း ကၽြန္ေတာ္အကဲခတ္လိုက္မိသည္။


ဘယ္လိုအကဲခတ္လိုက္တာလဲ ရွင္းျပပါမည္။ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးက က်န္းမာေရး(Health)ကို အဓိပၸာယ္သတ္မွတ္သည္မွာ “က်န္းမာျခင္းဟူသည္မွာ ေရာဂါကင္းရွင္းေနရံုသာမဟုတ္၊ ကိုယ္၏ က်န္းမာျခင္း(ကာယသုခ)၊ စိတ္၏ခ်မ္းသာျခင္း(စိတၱသုခ)တို႔အျပင္ လူမႈေရးသုခႏွင့္ျပည့္စံုေနျခင္းျဖစ္သည္။”ဟုဆိုပါသည္။ ဒီေတာ့ ေယာက္်ားဘ၀ႏွင့္ မိန္းမစိတ္ေပါက္ေနသူတစ္ေယာက္ကို ျမင္ေယာင္ၾကည့္ပါ။


သူ႕မွာ ေရာဂါကင္းရွင္းေနမယ္ဆိုပါစို႔။ ဒါဆိုရင္ ကာယသုခေတာ့ရွိပါမယ္။ ဒါေပမဲ့ ျဖစ္ခ်င္တဲ့မိန္းမဘ၀ကို တကယ္မျဖစ္ရရွာဘူး။ ဒီေတာ့ စိတ္မခ်မ္းသာဘူး။ ဒီေတာ့ စိတၱသုခနဲ႔ မျပည့္စံုဘူး။ ဒါတင္ဘယ္ကမလဲ ပတ္၀န္းက်င္ကလည္း သိပ္ျပီးအဖက္မလုပ္ဘူး၊ မိန္းမလ်ာ (ဘန္းစကားနဲ႔ ဆိုရင္ အေျခာက္)ဆိုျပီး ပစ္ပယ္ထားမယ္။ ဒီေတာ့ လူမႈေရးသုခနဲ႕ မျပည့္စံုေတာ့ဘူး။ ကမၻာ့က်န္းမာေရးအဖြဲ႔(WHO)ရဲ႕ သတ္မွတ္ခ်က္နဲ႔ ခ်ိန္ထိုးၾကည့္ရင္ ကာယသုခပဲျပည့္စံုတယ္။ စိတၱသုခနဲ႔ လူမႈေရးသုခ မျပည့္စံုဘူး။ ဒီေတာ့ မိန္းမလ်ာေတြကို မက်န္းမာၾကရွာဘူးဟု ေျပာႏိုင္ပါတယ္။ လူေတြနားလည္တဲ့ က်န္းမာျခင္းဆိုတာကလည္း ေရာဂါ ရွိမရွိဆိုတဲ့ ေပတံနဲ႔ပဲ တိုင္းတာကိုး။ လူရာ၀င္မ၀င္၊ လူ၀င္ဆံ့မဆံ့ဆိုတဲ့ အခ်က္လည္းပါေသးတယ္ဆိုတာ လူေတြသိပ္မသိၾကပါဘူး။


ဒါေပမဲ့ ထိုင္းႏိုင္ငံမွာ ကၽြန္ေတာ့္သမီးငယ္ေတြ႕ခဲ့တဲ့ စင္ေပၚတက္ျပီး သီခ်င္းဆိုေနတဲ့ ေရကူး၀တ္စံု၀တ္၍ ‘က်ား’ဘ၀မွ ‘မ’ဘ၀သို႔ ေျပာင္းထား ၾကသူမ်ားကေတာ့ သိပ္လွျပီး ျမင္သူေငးေနရတယ္။ ေရာဂါမရွိဘူး။ ဒီေတာ့ ကာယသုခနဲ႔ ျပည့္စံုေနျပီး ခြဲစိတ္လိင္ေျပာင္းထားလို႔ ျဖစ္ခ်င္သလို ျဖစ္လာရျပီဆိုေတာ့ စိတ္ခ်မ္းသာျပီေပါ့။ ဒီေတာ့ စိတၱသုခနဲ႔ျပည့္စံုျပီး သူတို႔က သူတို႕အေၾကာင္းကို ပြင့္ပြင့္လင္းလင္း  ပတ္၀န္းက်င္မွာ ခ်ျပရဲတယ္။ ပတ္၀န္းက်င္နဲ႔လည္း ျပႆနာမရွိဘူးဆိုေတာ့ လူမႈေရးသုခနဲ႔လည္း ျပည့္စံုျပီေပါ့။ ဒီေတာ့ သူတို႔က်န္းမာၾကသည္။ ဒီလို က်န္းမာေရးအေန အထားတစ္ခုကိုေရာက္ဖို႔ ပတ္၀န္းက်င္၏ နားလည္ေပးမႈ Understanding နဲ႕လည္းဆိုင္တယ္။ တစ္နည္းအားျဖင့္ Development status of social environment (ေခၚ) လူမႈပတ္၀န္းက်င္၏ ဖြံ႔ျဖိဳးတိုးတက္မႈနဲ႔လည္း ဆိုင္ပါသည္။


ဥပမာတစ္ခုေျပာရေသာ္ အကယ္၍ လူတစ္ဦးကို သူ႕ရဲ႕ပတ္၀န္းက်င္က ၀ိုင္းပယ္လာတယ္ဆိုပါစို႔။ ကမၻာ့က်န္းမာေရးအဖြဲ႕၏ အဓိပၸာယ္ သတ္မွတ္ခ်က္အရ သူဟာ က်န္းမာသူမဟုတ္ပါဘူး။ ၉၆ပါး ေရာဂါေ၀ဒနာကင္းစင္ေနေသာ္လည္း လူမႈေရးသုခ သူ႕မွာ မျပည့္စံုပါ။ ထို႔အျပင္ သူ႕ကို၀ိုင္းပယ္ထားေသာ ပတ္၀န္းက်င္သည္လည္း ဖြံ႕ျဖိဳးေရးအဆင့္အတန္းျမင့္ေနသည့္ Development Status ဟုမဆိုသာပါ။ စာနာစိတ္ နည္းေနေသးသည္ဟု ဆိုႏိုင္ပါ၏။ 


ဘန္ေကာက္ျမိဳ႕မွ ျပန္လာတဲ့ ၁၅ႏွစ္အရြယ္ ကၽြန္ေတာ့္သမီးက ဘန္ေကာက္မွာ ေယာက္်ားဘ၀မွ မိန္းမဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းထား သူေတြ ပတ္၀န္းက်င္နဲ႔ ျပႆနာမရွိဘူး။ ပတ္၀န္းက်င္မွာ မသိမ္ငယ္ရဘူးဆိုေတာ့ အဲဒီပတ္၀န္းက်င္ရဲ႕ Development ဟာ ျမင့္မားေနျပီဟု ေကာက္ခ်က္ခ်မိပါသည္။ 


မၾကာေသးမီက ဂ်ာနယ္တစ္ေစာင္တြင္ ႏိုင္ငံျခားတိုင္းျပည္တစ္ခုမွာ ‘က်ား’ဘ၀မွ ‘မ’ဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းေသာ ဦးေရအေရအတြက္ အလြန္မ်ားေနပါသည္ဟု ေရးခဲ့ရာ စာဖတ္သူတခ်ိဳ႕က ျပႆနာေတြေတာ့ မ်ားကုန္ပါျပီဟု စုတ္သပ္ေနၾကသည္ကို ေတြ႕ခဲ့ဖူးပါသည္။ တကယ္ေတာ့ ‘က်ား’ဘ၀ကေန ခြဲစိတ္လိင္ေျပာင္းလိုက္ေသာ အေရအတြက္ မ်ားလာျခင္းသည္ ျပႆနာမ်ားလာျခင္း မဟုတ္။ ျပႆနာ ေျဖရွင္းျခင္းမ်ားသာျဖစ္၏။


Problem မ်ားျခင္းမဟုတ္၊ Problem Solution မ်ားလာျခင္းျဖစ္ပါသည္။ ခြဲစိတ္လိင္မေျပာင္းဘဲ ဒီအတိုင္းထားေတာ့ေကာ ၄င္းပုဂၢိဳလ္ တို႔သည္ ေယာက္်ားစိတ္ျပန္ေပါက္မွာတဲ့လား။ ေယာက္်ားစိတ္ျပန္မေပါက္သည့္အျပင္ ေယာက္်ားအဂၤါႏွင့္ မိန္းမစိတ္ျဖစ္ေနျပီး ျပႆနာမ်ားေတာ့၏။ ျပႆနာကေတာ့ လိင္တူ ဆက္ဆံျခင္း (Homo Sex) ႏွင့္ လူမႈေရးျပႆနာအမ်ိဳးမ်ိဳးျဖစ္၏။ ၄င္းတို႔ကို M.S.M (Men who have Sex with Men) ဟုေခၚပါ၏။ M.S.M တို႔၌ HIV ကူးစက္မႈအႏၱရာယ္လည္း ျမင့္မားေနတတ္ပါသည္။ 


ကၽြန္ေတာ္သည္ HIV ကာကြယ္ေရးစီမံကိန္း၌ တာ၀န္ထမ္းေဆာင္ဖူးသျဖင့္ M.S.M ေပါင္းမ်ားစြာႏွင့္ ခင္မင္ရင္းႏွီး အသိအကၽြမ္းျဖစ္ခဲ့ဖူး ပါသည္။ မ်ားေသာအားျဖင့္ ၄င္း M.S.M တို႔သည္ အပယ္ခံမ်ားျဖစ္ၾကပါသည္။ အနည္းဆံုးေတာ့ သူတို႔ကို ‘ဟား’စရာဟု ယူဆၾကပါသည္။ တခ်ိဳ႕ကေတာ့ ကမၻာေပၚတြင္ HIV ကူးစက္ႏႈန္းျမင့္မားေအာင္ လုပ္သူေတြထဲမွာ သူတို႕လည္းပါတယ္ဟု အျပစ္တင္တတ္ၾကပါသည္။ ျမန္မာႏိုင္ငံမွ M.S.M မ်ားတြင္ တခ်ိဳ႕မွာ ခ်မ္းသာျပီး ကံထူးၾကပါသည္။ ဘာၾကာင့္လဲဆိုေတာ့ ထိုင္းႏိုင္ငံသို႔ ကၽြန္ေတာ္သိရသေလာက္ ဘုရားဖူးလိုလိုသြားျပီး ခြဲစိတ္လိင္ေျပာင္းခဲ့ၾကပါသည္။ ဒီေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ဘ၀ကို ကိုယ္ေရာက္ရျပီး အတိုင္းအတာတစ္ခုအထိေတာ့ စိတ္ခ်မ္းသာရပါတယ္။ ဒါေပမဲ့ လံုးလံုးလ်ားလ်ားေတာ့ မေပ်ာ္ရဲပါ။ ဘာေၾကာင့္လဲဆိုေတာ့ ငါေတာ့ မိန္းမလံုးလံုးျဖစ္ျပီေဟ့လို႔ မေၾကညာရဲပါ။ မိမိရဲ႕ ေျပာင္းလဲသြားတဲ့ဘ၀ကို ပတ္၀န္းက်င္သို႔ ေပၚေပၚတင္တင္ အသိမေပးရဲတာ ကၽြန္ေတာ္တို႔ အသိမိတ္ေဆြထဲတြင္  ရွိပါသည္။


တခ်ိဳ႕က ေျပာၾကျပန္ပါသည္။ ‘က်ား’ ဘ၀မွ ‘မ’ဘ၀သို႔ ခြဲစိတ္လိင္ေျပာင္းျခင္းသည္ ဥပေဒအရ ျပစ္မႈေျမာက္သည္ဟု ဆိုၾကျပန္၍ အပယ္ခံ M.S.M တို႔ခမ်ာ ေသြးလန္႔ၾကရွာပါသည္။ တပ္လိုက္တဲ့ ဥပေဒပုဒ္မက အၾကီးၾကီးမွ တကယ့္ကို အၾကီးၾကီးပါ။ ျမန္မာႏိုင္ငံ ရာဇသတ္ၾကီးေခၚ ျပစ္မႈဥပေဒ ၃၂၆တြင္ လူတစ္ဦး၏ ကိုယ္အဂၤါတစ္ခုခုကို ပ်က္စီးေစလွ်င္ ကၽြန္းဒဏ္အထိ ျပ႒ာန္းထားပါသည္။ ဒီေတာ့ ေယာက္်ားလိင္အဂၤါ ၾကီးကို ခြဲစိတ္ျဖတ္ေတာက္လိုက္ေတာ့ ကိုယ္အဂၤါတစ္ခုကို ဖ်က္ဆီးလိုက္တာပဲဆိုျပီး ဒီပုဒ္မၾကီးတပ္လိုက္ေတာ့ ေသြးပ်က္ကုန္ၾကရွာပါသည္။ 


#ကိုယ္အဂၤါကို ပ်က္စီးေစျခင္းလား၊ ေဆးကုသျခင္းလား

လူတစ္ဦးနဲ႕တစ္ဦး ရန္ျဖစ္၍ ေဒါသအေလွ်ာက္ ဓားႏွင့္ခုတ္လိုက္၍ တစ္ဖက္လူ လက္ျပတ္သြားေသာ္ ကိုယ္အဂၤါပ်က္စီး၍ ဒုကၡိတျဖစ္သြား သျဖင့္ ျပစ္မႈဥပဒပုဒ္မ ၃၂၆ႏွင့္ အက်ံဳး၀င္ပါသည္။ သို႕ေသာ္ ဆီးခ်ိဳလူနာတစ္ေယာက္ ဆီးခ်ိဳအလြန္ျပင္းထန္ျပီး ေျခာက္ေထာက္အနာျဖစ္၍ ေျခေထာက္ပုပ္သျဖင့္ အသက္အႏၱရာယ္ရွိ၍ ဆရာ၀န္က ၄င္းေျခေထာက္ကို ျဖတ္ရေသာ္ ဒီကိစၥက ကိုယ္အဂၤါကို ပ်က္စီးေစျခင္းဟု အဓိပၸာယ္မမွတ္ဘဲ ေဆးကုသျခင္းဟု အဓိပၸာယ္သတ္မွတ္၍ ပုဒ္မ ၃၂၆ႏွင့္ အက်ံဳးမ၀င္ျပန္ပါ။


ဒီေတာ့ M.S.M တစ္ေယာက္ရဲ႕ လိင္အဂၤါကို ျဖတ္ေတာက္ လိင္ေျပာင္းရာ၌ ဤကိစၥသည္ ေဆးကုသေပးျခင္းျဖစ္ပါသည္ဟု ေလွ်ာက္လဲႏိုင္ ပါသည္။ တကယ္ေတာ့ ခြဲစိတ္လိင္ေျပာင္းထားျခင္းကို တားျမစ္ေသာ အထူးဥပဒမရွိသလို ခြင့္ျပဳထားသာ ျပ႒ာန္းခ်က္လည္း မရွိပါ။ ဤအမႈကိစၥမ်ိဳးကို တိုင္ၾကား တရားစြဲဖူးျခင္းမရွိ၍ စီရင္ထံုးလည္း မရွိေသးပါ။ 


တခ်ိဳ႕ေသာ ဥပေဒေရးရာ အျငင္းပြားမႈမ်ားတြင္ ကိုးကားစရာ ဥပေဒရွာမေတြ႕ဘဲ စီရင္ထံုးမ်ားကို ကိုးကားရပါသည္။ စီရင္ထံုးဆိုသည္မွာ ႏိုင္ငံတစ္ႏိုင္ငံ၏ အျမင့္ဆံုးတရားရံုးျဖစ္ေသာ တရားရံုးခ်ဳပ္၏ စံုညီစံုရံုးကာ ဆံုးျဖတ္ေပးဖူးေသာ အမႈတစ္ခု၏ ဆံုးျဖတ္ပံု (၀ါ) ျဖတ္ထံုး (၀ါ) စီရင္ထံုးျဖစ္ျပီး ေအာက္တရားရံုးအားလံုးက လိုက္နာပါသည္။ ဥပမာ - ျမန္မာလင္မယားတို႔၌ လင္က မယားကို ၾကိမ္ဖန္မ်ားစြာ ပါးရိုက္ေသာ္ လည္း မယားကို ကြာရွင္းခြင့္ျပဳရမည္ဟု အတိအလင္း တိတိက်က်ျပ႒ာန္းခ်က္မရွိ၍ ပါးရိုက္ခံရေသာမယားက တရားရံုးတြင္ လင္မယားကြာ ရွင္းခြင့္ေတာင္းေသာ္ တရားရံုးအမ်ိဳးမ်ိဳး၌ မတူညီေသာ စီရင္ခ်က္အမ်ိဳးမ်ိဳး ျဖစ္ေပၚႏိုင္ပါသည္။ သို႔ေသာ္ ၁၉၆၈ ၌ ၁၉၆၈ တရားမ ပထမ အယူခံမႈ အမွတ္ ၁ တြင္ ဦးမ်ိဳးျမင့္ႏွင့္ ေဒါက္တာခင္ေမၾကည္ စီရင္ထံုး၌ လင္မယားကြာရွင္းခြင့္ေပးခဲ့ျပီး စီရင္ထံုးအျဖစ္ ထုတ္ျပန္ခဲ့သည္။ ထိုစီရင္ထံုးကို ကိုးကား၍ ေနာက္အခါ လင္မယား ပါးရိုက္မႈျဖစ္ေသာ္ ေအာက္ရံုးအားလံုးက စီရင္ထံုးကို လိုက္နာ၍ ကြာရွင္းခြင့္ေပးရသည္။ ဒါက စီရင္ထံုး ဥပမာတစ္ခုပါ။


သို႕ေသာ္ M.S.M တို႔လိင္ေျပာင္းျခင္း၌ ယေန႕တိုင္ အမႈမျဖစ္ေသးသျဖင့္ စီရင္ထံုးလည္း မရွိေသးပါ။ M.S.M တစ္ေယာက္ ခြဲစိတ္ျဖတ္ေတာက္ ၍ လိင္ေျပာင္းေသာ္ ဥပေဒအရ တကယ္ပင္ မိန္းမျဖစ္သြားျပီလား။ ဥပမာ - လိင္ေျပာင္းလိုက္ေသာ M.S.M ဘ၀ကလာသူသည္ ေယာက္်ား တစ္ေယာက္ကို တရား၀င္လက္ထပ္ခြင့္ ရွိ မရွိဟူေသာ ဥပေဒျပႆနာမ်ိဳးရွိပါသည္။ ကၽြန္ေတာ္တို႔ႏိုင္ငံတြင္ ဤကိစၥမ်ိဳး၌လည္း စီရင္ထံုး မရွိေသးပါ။


#အပယ္ခံလူတန္းစားဆိုသည္မွာ ဘာလဲ

အပယ္ခံရသူတို႔မွာ ဥပမာတခ်ိဳ႕ကေတာ့ လိင္တူဆက္ဆံသူမ်ား၊ ျပည့္တန္ဆာမ်ား၊ အနာၾကီးေ၀ဒနာသည္၊ AIDS ေ၀ဒနာသည္ စသည္ျဖင့္ ျဖစ္ၾကပါသည္။


တစ္ခါက WHO မွ HIV ပိုးရွိသူမ်ားကို စာနာၾကည္ျဖဴလက္တြဲကူရန္ ေဆာင္ပုဒ္ထုတ္ျပန္ခဲ့ဖူးပါသည္။ စာနာၾကည္ျဖဴၾကျခင္းသည္ Acceptance ပင္ျဖစ္ပါသည္။ လူမႈေရးအားနည္းခ်က္ရွိသူမ်ားအား ၀ိုင္းပယ္ေသာ ပတ္၀န္းက်င္သည္ ဖြံ႕ျဖိဳးမႈ ေနာက္က်ေနေသးျပီး စာနာၾကည္ျဖဴလက္သင့္ခံေသာ ပတ္၀န္းက်င္သည္ ဖြံ႕ျဖိဳးမႈ ေျခတစ္လွမ္းတိုးလာသည္ဟု ဆိုႏိုင္ပါသည္။ ဖြံ႕ျဖိဳးျပီးျဖစ္ေသာ လူမႈေရးအေဆာက္အအံုတစ္ခုတြင္ လူမႈေရးအားနည္းသူမ်ားကို ျပစ္ပယ္ေလွာင္ေျပာင္ျခင္း၊ ၀ိုင္း၍ “ဟား”ျခင္းမရွိေတာ့ပါ။


မၾကာေသးမီက ကၽြန္ေတာ္တို႔ႏိုင္ငံတြင္ ရုပ္ရွင္မင္းသားငယ္ေလးတစ္ေယာက္ လက္ထပ္ေတာ့ သူ၏ သတို႔သမီးအား ‘က်ား’ မွ ‘မ’ သို႔ ဘ၀ေျပာင္းထားသူပါဟု တစ္စံုတစ္ေယာက္က သတင္းလႊင့္ခဲ့သည္။ တခ်ိဳ႕က ‘ဟား’သည္။ ဒါေပမဲ့ တကယ္မဟုတ္ေတာ့ ‘ဟား’လို႔ မရေတာ့ဘူး။ သို႕ေသာ္ တကယ္ဟုတ္ေနၾကတဲ့ M.S.M ေတြခမ်ာ ဘယ္ေလာက္အဟားခံေနၾကရရွာမလဲ။


တခ်ိဳ႕က M.S.M မ်ားႏွင့္ ျပည့္တန္ဆာမ်ားသည္ HIV/AIDS ျပန္႔ပြားေရး၌ တရားခံစာရင္းတြင္ ပါ၀င္သည္ဆိုျပီး ၄င္းတို႔ကို အျပစ္တင္ရႈတ္ခ် ၾကပါသည္။ ဤသို႔ အျပစ္တင္ျခင္းသည္ HIV/AIDS ကာကြယ္ေရး၏ မွန္ကန္ေသာနည္းလမ္း(Right Method) မဟုတ္ပါ။ သူတို႔အား စည္းျခားထားေသာ လူမႈေရးအတားအဆီး (Social Barrier) အားနည္းပါးေစလ်က္ ကာကြယ္ေရးနည္းလမ္းမ်ား (ဥပမာ-ကြန္ဒံုး စသည္ျဖင့္)ကို အေလ့အထ အေလ့အက်င့္ျဖစ္ေစျခင္းျဖင့္သာ HIV/AIDS ကို တားဆီးရပါမည္။


#ဖြံ႕ျဖိဳးျခင္း

“Development is a Change towards positive directions.” ဟု ဆိုပါသည္။ ဖြံ႕ျဖိဳးျခင္းသည္ ေကာင္းေသာဘက္ကို ေျပာင္းလဲျခင္းျဖစ္ ပါသည္။ တခ်ိဳ႕က အာကာသယာဥ္စီး၍ ကမၻာတ္ပတ္မွ ဖြံ႕ျဖိဳးျခင္းဟု ထင္ၾကပါသည္။ တကယ့္ဖြံ႕ျဖိဳးျခင္းသည္ အခန္းက႑ Sector မ်ားစြာ ရွိပါသည္။အာကာသယာဥ္စီး၍ ကမၻာပတ္ႏိုင္ျခင္းသည္ သိပၸံနည္းပညာက႑ ဖြံ႕ျဖိဳးျခင္းသာျဖစ္ျပီး ပိုမိုအေရးၾကီးသည္မွာ လူမႈေရးက႑မ်ား Social Sector မ်ားပါ၀င္သည္။


အပယ္ခံမ်ားအတြက္ စာနာလက္ခံလုပ္ေပးႏိုင္ျခင္းသည္လည္း ဖြံ႕ျဖိဳးျခင္းပင္ျဖစ္ပါသည္။ ကၽြန္ေတာ္တို႔သည္ ေလာေလာဆယ္အခိုက္အတန္႔ မွာ လကမၻာသို႔ ဒံုးပ်ံစီး၍ မသြားၾကေသးပါ။ သို႔ေသာ္ M.S.M တို႔၊ ျပည့္တန္ဆာတို႔အတြက္ေတာ့ စာနာေသာ ပတ္၀န္းက်င္ကို ဖန္တီးႏိုင္စြမ္း ရွိၾကသည္။ ယေန႔ပင္ ဖန္တီးႏိုင္သည္ဟု ဆိုခ်င္ပါသည္။ ထို႔ေၾကာ့္ ယေန႔ပင္ ဖြံ႕ျဖိဳးႏိုင္သည္။

နားလည္မႈ၊ ေလးစားမႈမ်ားေပးလွ်င္ အျပန္အလွန္ ေလးစားမႈရွိၾကေပမည္။ က်န္းမာေရးအဆင့္အတန္း၊ ဖြံ႕ျဖိဳးေရးအဆင့္အတန္း တိုးတက္ လာမည္ဟု ဆိုႏိုင္ပါ၏။


ေရးသားသူ - ေဒါက္တာ ထြန္း၀င္း


*** ေဒါက္တာထြန္း၀င္း - လိင္ႏွင့္ က်ားမဆိုင္ရာႏိုင္ငံေရး (Sex and Gender Politics) စာအုပ္ရဲ႕ စာမ်က္ႏွာ ၁၃ပါေဆာင္းပါး။


က်မ္းကိုး

ျမန္မာႏိုင္ငံ ရာဇသတ္ၾကီးဥပေဒ

ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒ (ဦးျမစိန္၊ ဗဟိုတရားရံုးေရွ႕ေန)

ေအအိုင္ဒီအက္စ္ ကာကြယ္ေရးႏွင့္ သက္ဆိုင္ရာဥပေဒမ်ား (ေဒါက္တာထြန္း၀င္း)


Wednesday, October 6, 2021

ရာဇသတ်ကြီး ဥပေဒ ပုဒ္မ ၃၅၄

ရာဇသတ်ကြီး ဥပေဒ ပုဒ္မ ၃၅၄




#ကာယိနြေ္ဒပျက်စီးစေမှု

#လက်ရောက်မှု

#ဥပေဒေရးရာ


(ကိုယ့်ပတ်၀န်းကျင်မယ် ကိုယ့်နှမ၊အစ်မ၊တူမတွေ စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စကတော့ အိနြေ္ဒပျက်အောင် ကိုယ်ထိလက်ရောက် သိသိသာသာကော မသိမသာကော အကျူးလွန်ခံကြရတဲ့ကိစ္စပါ။ သည်လိုဖြစ်လာရင် ဘယ်လိုတိုင်တန်းအရေးယူလို့ရမလဲဆိုတာ သိရအောင် ဥပဒေဗဟုသုတအနေနဲ့ ကူးယူေ၀ငှလိုက်ပါတယ်။)


မည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေတန်ရာကို သိလျက်နှင့်သော် လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ပြစ်မူမကင်းသော အနိုင်အထက်ပြုမူကိုပြုလျှင် ထိုသူအား နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ 


အကြောင်းအရာ


(က) ရည်ရွယ်ချက်

(ခ) အထောက်အထား

- မိန်းမ

- ကာယိနြေ္ဒပျက်စီးရန်ပြုခြင်း

 (ဂ) ကျင့်ထုံး

 (ဃ) စွဲချက်


(က) ရည်ရွယ်ချက်။ ။ ကာမရာဂနှင့် စပ်လျဉ်း၍ အမျိုးသမီးများအား အကာအကွယ်ပြုထားသည့် ပုဒ္မ ၂ ခုရွိရာ ပုဒ္မ ၃၇၆ မွာ မုဒိမ်းမှုအတွက်ဖြစ်ပြီး ဤပုဒ်မသည် ကာယိနြေ္ဒဖျက်ဆီးမှုအတွက် ဖြစ်သည်။ လူ့ယဉ်ကျေးမှုကို စောင့်ရှောက်ရန် ဤပုဒ္မအား ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အားနွဲ့သည့် အမျိုးသမီးကို စော်ကားလျှင် ခံရသူအဖို့ အရှက်တကွဲအကျိုးနည်းဖြစ်စေနိုင်သည့်အပြင် ကြားရမြင်ရသူအတွက်လည်း မခံချင်စရာ ဖြစ်ပေါ်စေနိုင်သည်။ 


(ခ) အထောက်အထား။ ။ ဤပုဒ်မနှင့် အကျုံးဝင်ရန် အောက်ပါအင်္ဂါရပ်များ ရှိရပေမည်။

(၁) လက်ရောက်မှု၊ ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု ကျူးလွန်ခံရသူသည် မိန်းမဖြစ်ခြင်း။

(၂) တရားခံက ထိုမိန်းမအား လက်ရောက်မှု၊ ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုကျူးလွန်ခြင်း၊

(၃) ထိုမိန်းမ၏ ကာယိနြေ္ဒကို ပျက်စီးစေရန်အကြံ၊ သို့မဟုတ် ပျက်စီးတန်ရာသည်ကိုသိလျက်နှင့် ပြုခြင်း။


ဤပုဒ္မအရ စွဲချက်တခုကိုပြုလုပ်ရန် လွယ်ကူသလောက် ဖြေရှင်းရန်ခက်ခဲလှသဖြင့် စွပ်စွဲချက်သည် လုပ်ကြံသောစွပ်စွဲချက်ဟုတ်သည် မဟုတ်သည်ကို သေချာစွာဆန်းစစ်ရန် လိုပေသည်။

( အောင်ဒွေးနှင့် အစိုးရ (၁၈၉၂-၉၆) အတြဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၂၂၉ )


ကာယိနြေ္ဒပျက်စီးစေမှုနှင့် ပတ်သက်၍ သက်ဆိုင်သူမိန်းကလေးများ အရွက္ကြဲခံ၍ မုသားတိုင်တန်းခြင်း မပြုရာဟု ဆိုနိုင်သော်လည်း၊ တစ်ဖက်မှ စဉ်းစားရာတွင်လည်း ဤပြစ်မှုနှင့်ပတ်သက်သော စွပ်စွဲချက်မျိုးတွင် တရားလိုက အမှုနှင့်ပတ်သက်၍ တိကျသော သက်သေအထောက်အထားများ တင်ပြရန်လိုအပ်မည် ဖြစ်သည်။


သဘာဝယုတ္တိအားဖြင့် စဉ်းစားလျှင် အလုပ်သမားများစွာ ရှိနေစဉ်အချိန် ကိုဒေဝက မေငြမကို စော်ကားဝံ့မည်မဟုတ်ချေ။ အကယ်၍ စော်ကားခြင်းမှန်ကန်လျှင်လည်း တရားလိုဘက်မှ ယခုထက္ပိုမို၍ သက်သေများ တင်ပြနိုင်ဖွယ်ရာ ရှိသည်။ ကိုဒေဝသည် မငွေမအပေါ် ယခင်ကတည်းက ရင်းနှီးစေရန် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် ပြုကျင့်ခဲ့ကြောင်း မပေါ်ပေါက်ချေ။ ယခင် အဆက်အသွယ်လုံးဝမရှိသော မိန်းကလေးတစ်ဦးကို အကြောင်းမဲ့သက်သက် လူမ်ားစြာ ရှိနေစဉ်အချိန်တွင် လက္ဆြဲ၍ ပါးကိုနမ်းသည်ဆိုခြင်းမှာလည်း စဉ်းစားဖွယ်ရာဖြစ်ပေသည်။

( ကိုဒေဝနှင့် ပြည်ထောင်စု၊ ၁၉၇၆ မြန်မာပြည်စီရင်ထုံး ၅၇ )


မိန်းမ။ ။ ပုဒ္မ ၁၀ ၌ မိန်းမဆိုသည်မှာ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူမိန်းမကို ဆိုလိုကြောင်း အဓိပ်ပါယျဖှငျ့ဆိုထားသဖွငျ့ အသက်လေးငါးခြောက်နှစ်အရွယ် မိန်းကလေးဖြစ်စေကာမူ ၎င်း၏ကာယိနြေ္ဒကို ဖျက်ဆီးနိုင်ပေသည်။


ကာယိနြေ္ဒကိုပျက်စီးရန်ပြုခြင်း။ ။ မည်သို့သော ပြုလုပ်မှုသည် ကာယိနြေ္ဒကို ပျက်စီးစေသည်ဟု ဥပဒေသတ်မှတ်ထားခြင်း မရှိသဖြင့် အပြုခံရသူ အမျိုးသမီး၏ ယဉ်ကျေးမှု၊ အနေအထိုင်၊ ဓလေ့စရိုက်အပေါ်မူတည်၍ ကာယိနြေ္ဒပျက်စီးစေသည့် ပြုလုပ်မှု ဟုတ် မဟုတ်ဆိုခြင်းကို ဆုံးဖြတ်ရမည်ဖြစ်သည်။ အနောက်တိုင်းယဉ်ကျေးမှုအရ အမျိုးသမီးတစ်ဦး၏ခါးကိုဖက်ခြင်းသည် ကာယိနြေ္ဒကို ပျက်စီးစေသည်ဟု ဆိုနိုင်မည်မဟုတ်သော်လည်း မြန်မာအမျိုးသမီးတစ်ဦး၏ ခါးကိုသွားဖက်လျှင် ကာယိနြေ္ဒပျက်စီးမှုမြောက်မည်မှာ ယုံမှားဖွယ်မရှိနိုင်ပေ။ အလားတူပင် အိမ်တွင်းပုန်းကုလားမ၏ မျက်နှာဖုံးကိုလှပ်ခြင်းသည် တူနိုင်မည်မဟုတ်ပေ၊ မြန်မာလူမျိုးတို့၏ ဓေလ့အရ အမျိုးသမီးတစ်ဦး၏လက်နှင့် ဆံပင်တို့ကိုဆွဲလျှင် ပိုင်စိုးပိုင်နင်းပြုလုပ်ရာ ကျသဖြင့်ရည်းစားဖြစ်သူက သဝန်ကြောင်စိတ်ဖြင့် လက်နှင့်ဆံပင်ကိုဆွဲလျှင် ဤပုဒ္မအရ ကာယိနြေ္ဒ ပျက်စီးစေရာရောက်သည်။

( မလှစိုးနှင့် မောင်သန်း၊ အတြဲ ၄ ဘားမားလောတိုင်း ၂၆၈ )


လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုသည် အမျိုးသမီး၏ သဘောတူချက်မရှိဘဲ ပြုခြင်းဖြစ်မှသာ ဤပုဒ္မအရ ပြစ်မှုမြောက်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးဖြစ်သည့် အမျိုးသမီးက ပြုလုပ်မှုကို သဘောတူလျှင် ကာယိနြေ္ဒပျက်စီးမှုဖြင့် အရေးယူခြင်းမပြုနိုင်။

( မောင်အုံးမောင်နှင့် ပြည်ထောင်စု၊ ၁၉၆၆ မြန်မာပြည်စီရင်ထုံး ၁၀၂၈။ 

ဖာတီမာနှင့် ကပ္ပတိန်မက်ကော့မက်၊ အတြဲ ၆ ဘားမားလောတိုင်း ၂၁ )


ကြောက်ရွံ့၍သော်လည်းကောင်း၊ အကြောင်းအချင်းအရာအမှန်ကို မသိ၍သော်လည်းကောင်း၊ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် ကေလးက သဘောတူခြင်းသည်သော်လည်းကောင်း၊ ဥပေဒအရ သဘောတူခြင်းမဟုတ်၍ ပြစ်မှုမြောက်မည်ဖြစ်သည်။

( ပုဒ္မ ၉၀ )


ကာယနြေ္ဒပျက်စီးအောင်ပြုသူသည် ယောင်္ကျားသာမက မိန်းမလည်းဖြစ်နိုင်သည်။ ဤပုဒ္မ၌ "ထိူသူ" ဆိုသည့်စကားရပ်ကို အသုံးပြုထားသဖြင့် တရားခံသည် ယောင်္ကျားလည်း ဖြစ်နိုင်သည်။ မိန်းမလည်းဖြစ်နိုင်သည်။

( ပုဒ္မ ၈ )


ကာယိနြေ္ဒပျက်စီးအောင် ပြုခြင်းခံရသူသာလျှင် မိန်းမဖြစ်ရန် လိုအပ်သည်။


ပြုလုပ်မူတခုသည် ကာယိနြေ္ဒပျက်စီးအောင် ပြုခြင်းလည်းဖြစ်နိုင်သည်။ မုဒိမ်းကျူးလွန်ရန်အားထုတ်မှုလည်း ဖြစ်နိုင်သည်။ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှုအဆင့်သို့ မရောက်သေးသည့် ပြင်ဆင်မှုလည်းဖြစ်နိုင်သည်။ အမှုကိုလိုက်၍ ပေါ်ပေါက်နေသော ကြောင်းခြင်းရာများကိုထောက်ရှုပြီးဆုံးဖြတ်ရမည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှုအဆင့်သို့ မရောက်သေးသည့်ပြင်ဆင်မှုသာဖြစ်လျှင် ဤပုဒ္မအရ စီရင်သင့်ပေသည်။ မီးရထားတွဲထဲတွင် တစ်ဦးတည်း လိုက်ပါလာသည့် အမျိုးသမီးသည် အိပ်ရာမှနိုးလာသောအခါ တရားခံအား အနီးတွင်တွေ့ရသဖြင့် တွဲတံခါးစီသို့ ပြေးရန်ပြုသောအခါ တရားခံသည် ခြောက်လုံးပြူးပြပြီး အထိုင်ခိုင်းသည်။ ထို့နောက်တရားခံသည် ဘောင်းဘီကြယ်သီးကိုဖြုတ်သဖြင့် အမျိုးသမီးက ရထားရပ်ကြိုးကို ဆွဲရန်အားထုတ်ရာ တရားခံက အမျိုးသမီး၏လက်ကို ဖမ်းဆွဲသောကြောင့်၊ ရုန်းကန်ရင်း အမျိုးသမီး၏ လက်ပတ်နာရီကွဲသွားသည်။ ထို့နောက်တရားခံက အမျိုးသမီးကို လွှတ်လိုက်ပြီး နာမည်ကိုမေးသည်။ အမျိုးသမီးက ၎င်း၏အမည်ကိုပြောသောအခါ လူမှားကြောင်းပြောပြီး တောင်းပန်သည်။ တရားခံ၏ပြုလုပ်မှုသည် မုဒိမ်းမှုကျူးလွန်ရန် ပြင်ဆင်သည့် အဆင့်၌သာရှိသေးသဖြင့် ဤပုဒ္မအရသာ ပြစ်မှုကျူးလွန်ပေသည်။

( ဂျီဗွီဒဗျူဂျုံးနှင့် အစိုးရ၊ အတြဲ ၄ ဘားမားလောဂျာနယ် ၈၃ )


သို့ရာတွင် မုဒိမ်းမှုကျူးလွန်ရန်အားထုတ်မှုကို ကာယိနြေ္ဒဖျက်ဆီးမှုဖြစ်သည်ဟုဆိုကာ စီရင်ပိုင်ခွင့်ကို အလြဲသုံးစား မပြုမိရန် တရားရုံးများအနေဖြင့် သတိပြုရန်လိုပေသည်။ 

( အစိုးရနှင့် မောင်ငြိမ်း၊ ( ၁၈၉၂-၉၆ ) အတြဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၂၃၁ )


မုဒိမ်းမှုကျူးလွန်ရန်အားထုတ်မှုဖြစ်နိုင်ကြောင်း ပေါ်ပေါက်လာပါက၊ အာဏာဆန့်သည့်ရုံးက စီရင်နိုင်ရန်အလို့ဌာ အမှုတွဲကိုတင်ပြသင့်ပေသည်။

( အစိုးရနှင့် မောင်မြ၊ (၁၈၉၇-၀၁) အတြဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၃၂၇ )


xxx


ကျင့်ထုံး။ ။ ရဲအရေးပိုင်သည်။ ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်သည်။ အာမခံ ပေးနိုင်သည်။ ကျေအေးခွင့်မရှိ။ 


xxx


ဦးသက်ဖေ ( ပြစ်မှုဆိုင်ရာဥပဒေ သိကောင်းစရာများ )



ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၅၄




#ကာယိေျနၵပ်က္စီးေစမႈ

#လက္ေရာက္မႈ

#ဥပေဒေရးရာ


(ကိုယ့္ပတ္၀န္းက်င္မယ္ ကိုယ့္ႏွမ၊အစ္မ၊တူမေတြ စိတ္အေႏွာင့္အယွက္ျဖစ္စရာကိစၥကေတာ့ အိေျႏၵပ်က္ေအာင္ ကိုယ္ထိလက္ေရာက္ သိသိသာသာေကာ မသိမသာေကာ အက်ဴးလြန္ခံၾကရတဲ့ကိစၥပါ။ သည္လိုျဖစ္လာရင္ ဘယ္လိုတိုင္တန္းအေရးယူလို႔ရမလဲဆိုတာ သိရေအာင္ ဥပေဒဗဟုသုတအေနနဲ႔ ကူးယူေ၀ငွလိုက္ပါတယ္။)


မည္သူမဆို မိန္းမတစ္ဦး၏ ကာယိေျနၵပ်က္စီးေစတန္ရာကို သိလ်က္ႏွင့္ေသာ္ လည္းေကာင္း၊ ထိုမိန္းမကို လက္ေရာက္က်ဴးလြန္လွ်င္၊ သို႔တည္းမဟုတ္ ျပစ္မူမကင္းေသာ အနိုင္အထက္ျပဳမူကိုျပဳလွ်င္ ထိုသူအား ႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။ 


အေၾကာင္းအရာ


(က) ရည္႐ြယ္ခ်က္

(ခ) အေထာက္အထား

- မိန္းမ

- ကာယိေျနၵပ်က္စီးရန္ျပဳျခင္း

 (ဂ) က်င့္ထုံး

 (ဃ) စြဲခ်က္


(က) ရည္႐ြယ္ခ်က္။       ။ ကာမရာဂႏွင့္ စပ္လ်ဥ္း၍ အမ်ိဳးသမီးမ်ားအား အကာအကြယ္ျပဳထားသည့္ ပုဒ္မ ၂ ခုရွိရာ ပုဒ္မ ၃၇၆ မွာ မုဒိမ္းမႈအတြက္ျဖစ္ၿပီး ဤပုဒ္မသည္ ကာယိေျနၵဖ်က္ဆီးမႈအတြက္ ျဖစ္သည္။ လူ႕ယဥ္ေက်းမႈကို ေစာင့္ေရွာက္ရန္ ဤပုဒ္မအား ျပ႒ာန္းခဲ့ျခင္းျဖစ္သည္။ အားႏြဲ႕သည့္ အမ်ိဳးသမီးကို ေစာ္ကားလွ်င္ ခံရသူအဖို႔ အရွက္တကြဲအက်ိဳးနည္းျဖစ္ေစနိုင္သည့္အျပင္ ၾကားရျမင္ရသူအတြက္လည္း မခံခ်င္စရာ ျဖစ္ေပၚေစနိုင္သည္။ 


(ခ) အေထာက္အထား။     ။ ဤပုဒ္မႏွင့္ အက်ဳံးဝင္ရန္ ေအာက္ပါအဂၤါရပ္မ်ား ရွိရေပမည္။

(၁) လက္ေရာက္မႈ၊ ျပစ္မႈမကင္းေသာ အနိုင္အထက္ျပဳမႈ က်ဴးလြန္ခံရသူသည္ မိန္းမျဖစ္ျခင္း။

(၂) တရားခံက ထိုမိန္းမအား လက္ေရာက္မႈ၊ ျပစ္မႈမကင္းေသာ အနိုင္အထက္ျပဳမႈက်ဴးလြန္ျခင္း၊

(၃) ထိုမိန္းမ၏ ကာယိေျနၵကို ပ်က္စီးေစရန္အႀကံ၊ သို႔မဟုတ္ ပ်က္စီးတန္ရာသည္ကိုသိလ်က္ႏွင့္ ျပဳျခင္း။


ဤပုဒ္မအရ စြဲခ်က္တခုကိုျပဳလုပ္ရန္ လြယ္ကူသေလာက္ ေျဖရွင္းရန္ခက္ခဲလွသျဖင့္ စြပ္စြဲခ်က္သည္ လုပ္ႀကံေသာစြပ္စြဲခ်က္ဟုတ္သည္ မဟုတ္သည္ကို ေသခ်ာစြာဆန္းစစ္ရန္ လိုေပသည္။

( ေအာင္ေဒြးႏွင့္ အစိုးရ (၁၈၉၂-၉၆) အတြဲ ၁ အထက္ျမန္မာျပည္စီရင္ထုံး ၂၂၉ )


ကာယိေျနၵပ်က္စီးေစမႈႏွင့္ ပတ္သက္၍ သက္ဆိုင္သူမိန္းကေလးမ်ား အရွက္ကြဲခံ၍ မုသားတိုင္တန္းျခင္း မျပဳရာဟု ဆိုနိုင္ေသာ္လည္း၊ တစ္ဖက္မွ စဥ္းစားရာတြင္လည္း ဤျပစ္မႈႏွင့္ပတ္သက္ေသာ စြပ္စြဲခ်က္မ်ိဳးတြင္ တရားလိုက အမႈႏွင့္ပတ္သက္၍ တိက်ေသာ သက္ေသအေထာက္အထားမ်ား တင္ျပရန္လိုအပ္မည္ ျဖစ္သည္။


သဘာဝယုတၱိအားျဖင့္ စဥ္းစားလွ်င္ အလုပ္သမားမ်ားစြာ ရွိေနစဥ္အခ်ိန္ ကိုေဒဝက မေငြမကို ေစာ္ကားဝံ့မည္မဟုတ္ေခ်။ အကယ္၍ ေစာ္ကားျခင္းမွန္ကန္လွ်င္လည္း တရားလိုဘက္မွ ယခုထက္ပိုမို၍ သက္ေသမ်ား တင္ျပနိုင္ဖြယ္ရာ ရွိသည္။ ကိုေဒဝသည္ မေငြမအေပၚ ယခင္ကတည္းက ရင္းႏွီးေစရန္ ကိုယ္အမူအရာ၊ ႏႈတ္အမူအရာျဖင့္ ျပဳက်င့္ခဲ့ေၾကာင္း မေပၚေပါက္ေခ်။ ယခင္ အဆက္အသြယ္လုံးဝမရွိေသာ မိန္းကေလးတစ္ဦးကို အေၾကာင္းမဲ့သက္သက္ လူမ်ားစြာ ရွိေနစဥ္အခ်ိန္တြင္ လက္ဆြဲ၍ ပါးကိုနမ္းသည္ဆိုျခင္းမွာလည္း စဥ္းစားဖြယ္ရာျဖစ္ေပသည္။

( ကိုေဒဝႏွင့္ ျပည္ေထာင္စု၊ ၁၉၇၆ ျမန္မာျပည္စီရင္ထုံး ၅၇ )


မိန္းမ။      ။ ပုဒ္မ ၁၀ ၌ မိန္းမဆိုသည္မွာ အသက္ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ လူမိန္းမကို ဆိုလိုေၾကာင္း အဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့် အသက္ေလးငါးေျခာက္ႏွစ္အ႐ြယ္ မိန္းကေလးျဖစ္ေစကာမူ ၎၏ကာယိေျနၵကို ဖ်က္ဆီးနိုင္ေပသည္။


ကာယိေျနၵကိုပ်က္စီးရန္ျပဳျခင္း။      ။ မည္သို႔ေသာ ျပဳလုပ္မႈသည္ ကာယိေျနၵကို ပ်က္စီးေစသည္ဟု ဥပေဒသတ္မွတ္ထားျခင္း မရွိသျဖင့္ အျပဳခံရသူ အမ်ိဳးသမီး၏ ယဥ္ေက်းမႈ၊ အေနအထိုင္၊ ဓေလ့စရိုက္အေပၚမူတည္၍ ကာယိေျနၵပ်က္စီးေစသည့္ ျပဳလုပ္မႈ ဟုတ္ မဟုတ္ဆိုျခင္းကို ဆုံးျဖတ္ရမည္ျဖစ္သည္။ အေနာက္တိုင္းယဥ္ေက်းမႈအရ အမ်ိဳးသမီးတစ္ဦး၏ခါးကိုဖက္ျခင္းသည္ ကာယိေျနၵကို ပ်က္စီးေစသည္ဟု ဆိုနိုင္မည္မဟုတ္ေသာ္လည္း ျမန္မာအမ်ိဳးသမီးတစ္ဦး၏ ခါးကိုသြားဖက္လွ်င္ ကာယိေျနၵပ်က္စီးမႈေျမာက္မည္မွာ ယုံမွားဖြယ္မရွိနိုင္ေပ။ အလားတူပင္ အိမ္တြင္းပုန္းကုလားမ၏ မ်က္ႏွာဖုံးကိုလွပ္ျခင္းသည္ တူနိုင္မည္မဟုတ္ေပ၊ ျမန္မာလူမ်ိဳးတို႔၏ ဓေလ့အရ အမ်ိဳးသမီးတစ္ဦး၏လက္ႏွင့္ ဆံပင္တို႔ကိုဆြဲလွ်င္ ပိုင္စိုးပိုင္နင္းျပဳလုပ္ရာ က်သျဖင့္ရည္းစားျဖစ္သူက သဝန္ေၾကာင္စိတ္ျဖင့္ လက္ႏွင့္ဆံပင္ကိုဆြဲလွ်င္ ဤပုဒ္မအရ ကာယိေျနၵ ပ်က္စီးေစရာေရာက္သည္။

( မလွစိုးႏွင့္ ေမာင္သန္း၊ အတြဲ ၄ ဘားမားေလာတိုင္း ၂၆၈ )


လက္ေရာက္မႈ သို႔မဟုတ္ ျပစ္မႈမကင္းေသာ အနိုင္အထက္ျပဳမႈသည္ အမ်ိဳးသမီး၏ သေဘာတူခ်က္မရွိဘဲ ျပဳျခင္းျဖစ္မွသာ ဤပုဒ္မအရ ျပစ္မႈေျမာက္မည္ျဖစ္သည္။ အ႐ြယ္ေရာက္ၿပီးျဖစ္သည့္ အမ်ိဳးသမီးက ျပဳလုပ္မႈကို သေဘာတူလွ်င္ ကာယိေျနၵပ်က္စီးမႈျဖင့္ အေရးယူျခင္းမျပဳနိုင္။

( ေမာင္အုံးေမာင္ႏွင့္ ျပည္ေထာင္စု၊ ၁၉၆၆ ျမန္မာျပည္စီရင္ထုံး ၁၀၂၈။ 

ဖာတီမာႏွင့္ ကပၸတိန္မက္ေကာ့မက္၊ အတြဲ ၆ ဘားမားေလာတိုင္း ၂၁ )


ေၾကာက္႐ြံ႕၍ေသာ္လည္းေကာင္း၊ အေၾကာင္းအခ်င္းအရာအမွန္ကို မသိ၍ေသာ္လည္းေကာင္း၊ အသက္တစ္ဆယ့္ရွစ္ႏွစ္မျပည့္ေသးသည့္ ကေလးက သေဘာတူျခင္းသည္ေသာ္လည္းေကာင္း၊ ဥပေဒအရ သေဘာတူျခင္းမဟုတ္၍ ျပစ္မႈေျမာက္မည္ျဖစ္သည္။

( ပုဒ္မ ၉၀ )


ကာယေျနၵပ်က္စီးေအာင္ျပဳသူသည္ ေယာကၤ်ားသာမက မိန္းမလည္းျဖစ္နိုင္သည္။ ဤပုဒ္မ၌ "ထိူသူ" ဆိုသည့္စကားရပ္ကို အသုံးျပဳထားသျဖင့္ တရားခံသည္ ေယာကၤ်ားလည္း ျဖစ္နိုင္သည္။ မိန္းမလည္းျဖစ္နိုင္သည္။

( ပုဒ္မ ၈ )


ကာယိေျနၵပ်က္စီးေအာင္ ျပဳျခင္းခံရသူသာလွ်င္ မိန္းမျဖစ္ရန္ လိုအပ္သည္။


ျပဳလုပ္မူတခုသည္ ကာယိေျနၵပ်က္စီးေအာင္ ျပဳျခင္းလည္းျဖစ္နိုင္သည္။ မုဒိမ္းက်ဴးလြန္ရန္အားထုတ္မႈလည္း ျဖစ္နိုင္သည္။ မုဒိမ္းမႈက်ဴးလြန္ရန္ အားထုတ္မႈအဆင့္သို႔ မေရာက္ေသးသည့္ ျပင္ဆင္မႈလည္းျဖစ္နိုင္သည္။ အမႈကိုလိုက္၍ ေပၚေပါက္ေနေသာ ေၾကာင္းျခင္းရာမ်ားကိုေထာက္ရႈၿပီးဆုံးျဖတ္ရမည္ျဖစ္သည္။ မုဒိမ္းမႈက်ဴးလြန္ရန္ အားထုတ္မႈအဆင့္သို႔ မေရာက္ေသးသည့္ျပင္ဆင္မႈသာျဖစ္လွ်င္ ဤပုဒ္မအရ စီရင္သင့္ေပသည္။ မီးရထားတြဲထဲတြင္ တစ္ဦးတည္း လိုက္ပါလာသည့္ အမ်ိဳးသမီးသည္ အိပ္ရာမွနိုးလာေသာအခါ တရားခံအား အနီးတြင္ေတြ႕ရသျဖင့္ တြဲတံခါးစီသို႔ ေျပးရန္ျပဳေသာအခါ တရားခံသည္ ေျခာက္လုံးျပဴးျပၿပီး အထိုင္ခိုင္းသည္။ ထို႔ေနာက္တရားခံသည္ ေဘာင္းဘီၾကယ္သီးကိုျဖဳတ္သျဖင့္ အမ်ိဳးသမီးက ရထားရပ္ႀကိဳးကို ဆြဲရန္အားထုတ္ရာ တရားခံက အမ်ိဳးသမီး၏လက္ကို ဖမ္းဆြဲေသာေၾကာင့္၊ ႐ုန္းကန္ရင္း အမ်ိဳးသမီး၏ လက္ပတ္နာရီကြဲသြားသည္။ ထို႔ေနာက္တရားခံက အမ်ိဳးသမီးကို လႊတ္လိုက္ၿပီး နာမည္ကိုေမးသည္။ အမ်ိဳးသမီးက ၎၏အမည္ကိုေျပာေသာအခါ လူမွားေၾကာင္းေျပာၿပီး ေတာင္းပန္သည္။ တရားခံ၏ျပဳလုပ္မႈသည္ မုဒိမ္းမႈက်ဴးလြန္ရန္ ျပင္ဆင္သည့္ အဆင့္၌သာရွိေသးသျဖင့္ ဤပုဒ္မအရသာ ျပစ္မႈက်ဴးလြန္ေပသည္။

( ဂ်ီဗြီဒဗ်ဴဂ်ဳံးႏွင့္ အစိုးရ၊ အတြဲ ၄ ဘားမားေလာဂ်ာနယ္ ၈၃ )


သို႔ရာတြင္ မုဒိမ္းမႈက်ဴးလြန္ရန္အားထုတ္မႈကို ကာယိေျနၵဖ်က္ဆီးမႈျဖစ္သည္ဟုဆိုကာ စီရင္ပိုင္ခြင့္ကို အလြဲသုံးစား မျပဳမိရန္ တရား႐ုံးမ်ားအေနျဖင့္ သတိျပဳရန္လိုေပသည္။ 

( အစိုးရႏွင့္ ေမာင္ၿငိမ္း၊ ( ၁၈၉၂-၉၆ ) အတြဲ ၁ အထက္ျမန္မာျပည္စီရင္ထုံး ၂၃၁ )


မုဒိမ္းမႈက်ဴးလြန္ရန္အားထုတ္မႈျဖစ္နိုင္ေၾကာင္း ေပၚေပါက္လာပါက၊ အာဏာဆန့္သည့္႐ုံးက စီရင္နိုင္ရန္အလို႔ဌာ အမႈတြဲကိုတင္ျပသင့္ေပသည္။

( အစိုးရႏွင့္ ေမာင္ျမ၊ (၁၈၉၇-၀၁) အတြဲ ၁ အထက္ျမန္မာျပည္စီရင္ထုံး ၃၂၇ )


xxx


က်င့္ထုံး။       ။ ရဲအေရးပိုင္သည္။ ကနဦးကပင္ ဝရမ္းထုတ္ေပးနိုင္သည္။ အာမခံ ေပးနိုင္သည္။ ေက်ေအးခြင့္မရွိ။ 


xxx


ဦးသက္ေဖ ( ျပစ္မႈဆိုင္ရာဥပေဒ သိေကာင္းစရာမ်ား )