Saturday, January 22, 2022

အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်းဆိုရာ၀ယ်

အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်းဆိုရာ၀ယ်




#Gender_Balance

#အမျိုးသမီးအခန်းကဏ္ဍမြှင့်တင်ခြင်း


(ဒီမိုကရေစီလမ်းကြောင်း စလျှောက်နေပြီဖြစ်သော ယနေ့ခေတ်မယ် လူငယ်တိုင်း သိသင့်သော Gender Balance ကိစ္စကို ဗဟုသုတ လည်းရ မြေစမ်းခရမ်းပျိုးလည်း လုပ်ရအောင် ဆောင်းပါးတစ်စောင်ကို မျှေ၀လိုက်ပါတယ်။)


ယခုအခါ ကမ္ဘာပေါ်တွင် ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးသော နိုင်ငံအရေအတွက်မှာ ရှေးယခင် အတိတ်သမိုင်းကာလကထက်စာလျှင် တစ်စ တစ်စ

များပြားလာပါသည်။ ဤတွင် ဒီမိုကရေစီနိုင်ငံများ၌ ဖြစ်လေ့ဖြစ်ထရှိသော လူ့အခွင့်အရေး မြှင့်တင်မှု၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်မှု စသည်တို့မှာ ပေါ်ပေါက်လာသည်။


အချို့နိုင်ငံတို့တွင် အမျိုးသမီးများသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိသော သမိုင်းရှိခဲ့ဖူးသည်။ ဤသို့သော အခြေအနေတို့ကို ပြုပြင်ရန် ဒီမိုကေရစီ စရိုက်ရှိသူတို့က ကြိုးပမ်းကြပါသည်။ သို့သော် အမျိုးသမီးတို့၏ အခန်းကဏ္ဍ(လုပ်ငန်း)များသည် မရေမတွက်နိုင်အောင်ရှိရာ နိမ့်ပါးနေသော အခန်းကဏ္ဍ(Role)ကိုသာ မြှင့်တင်ရန်လိုပြီး မနိမ့်ပါးသော (Role) များကို သွားပြီးမြှင့်ရန် ကြိုးပမ်းပါက ရောဂါမရှိဘဲ ဆေးကုသ သလိုဖြစ်ပါမည်။ 


အမျိုးသားများနှင့် အမျိုးသမီးများ ခြားနားချက်ကို Gender (ဂျန်ဒါ) ဟုခေါ်ပါသည်။ မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်နေပါပြီ။ သို့ပါ၍ ယနေ့လူငယ်များသည် Gender အကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့လိုသည်ဟု ယူဆမိပါ၍ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။


နိုင်ငံခြားတက္ကသိုလ်များတွင် Gender ဘာသာရပ္ကို အဓိကဘာသာဖြင့် သင်ကြားပေးပြီးဖြစ်ရာ ဂျန်ဒါ(Gender) သည် က်ား/မ ကွဲပြားပုံကို လေ့လာသော ဘာသာရပ်ဖြစ်၏။ Sex ဆိုသည်မှာ ဖို/မကွဲပြားမှုကို လေ့လာရာတွင် ခန္ဓာဗေဒတူပုံကို လေ့လာခြင်းဖြစ်ပါ၏။ Gender ကေတာ့ လူမှုရေးကိစ္စ မတူညီခြင်းများဖြစ်ပါ၏။ 


Sex is biological difference between male and female ဖြစ်ပြီး Gender is social difference between male and female ဖြစ်ပါ၏။ အချို့က Gender ဆိုသည်ကို အမျိုးသမီး ဦးစားပေးရန် တောင်းဆိုသော ဘာသာရပ်ဟု ထင်မှတ်မှားတတ်ပါ၏။ ကျွန်တော်တို့ UN, INGO တို့တွင် အလုပ်လုပ်စဉ်တုန်းက ကျေးရွာသားများကို အစည်းအေ၀းဖိတ်သောအခါ အချို့က Gender Balance လုပ်သည်ဆိုကာ လူ ၁၀၀ အစည်းအေ၀းဖိတ်လျှင် အမျိုးသား ၅၀နှင့် အမျိုးသမီး ၅၀ ဖိတ်ပါတော့သည်။ 


တကယ်တော့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အစည်းအေ၀း၊ အမျိုးသမီးများ ရင်သားကင်ဆာကာကွယ်ရေး ဆွေးနွေးပွဲတွင် အမျိုးသမီးဦးရေများနေမည်သာဖြစ်ပြီး အမျိုးသားများ ဆီးကျိတ်ရောင်ရောဂါ ကာကွယ်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသားဦးရေ မ်ား နေမည်သာဖြစ်ပါ၏။ လူဦးရေညီမျှစေရန် အတင်းအကျပ်လုပ်၍ မရပါ။ ဂျန်ဒါဟူသည် ခေတ်ပေါ်ဘာသာရပ်ဖြစ်ပြီး နိုင်ငံခြားတွင်လည်း ခေတ်စားနေပါ၏။ ဂျန်ဒါဟူသည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ခြင်းဆိုသည်ထက် အမျိုးသမီးများတွင်ရှိသော စွမ်းရည်တချို့ အမျိုးသားများ တွင် မရှိ၊ အမျိုးသားများလုပ်နိုင်သော အလုပ်အချို့ အမျိုးသမီးများ မလုပ်နိုင်သော အလုပ်အချို့၊ အမျိုးသား အမျိုးသမီးတို့၏ မတူသောစွမ်း ရည်များကို သိ၍လည်းကောင်း၊ မတူသော အားသာချက် အားနည်းချက်များကို သိ၍လည်းကောင်း၊ လူသားကောင်းကျိုးအတွက် သင့်သလိုစီမံခန့်ခွဲခြင်းသည် Gender Management ၏အနှစ်သာရဖြစ်၏။ ဥပမာ - ထန်းပင်တက်သည့်ကိစ္စတွင် အမျိုးသားကို တာ၀န်ပေးသင့်ပြီး ထန်းလျက်ကျိုသည့်အခါ အမျိုးသမီးကိုတာ၀န်ပေးသင့်၏။


အမျိုးသမီးကို ထန်းပင်တက်ခိုင်း၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းမဟုတ်ပါ။ ထန်းလျက်ဖြစ်လာရာတွင် အမျိုးသားနှင့် အမျိုးသမီး ဘယ်သူ ပိုစွမ်းဆောင်ခဲ့သလဲ ပြိုင်ရန်မလိုပါ။


သို့သော် ပြိုင်ခဲ့ဖူးသော သာဓကများရှိခဲ့၏။ ဥပမာ စာရေးသူတို့ငယ်စဉ်က ယောက်ျားနှင့် မိန်းမ ကမ်ဘာကို ဘယ်သူက ပို၍အကျိုးပြုလဲ စကားရည်လုပွဲကို အထက်တန်းကျောင်းများ၌ ကျင်းပခြင်းတို့ဖြစ်၏။


မင်းတုန်းမင်းကြီးလက်ထက်က ပြိုင်ပွဲတစ်ခုဆိုလျှင် တော်တော် ပွဲကြီးပွဲကောင်းဖြစ်ပါသည်။ မင်းတုန်းမင်းလက်ထက်က သီလရှင်ဆရာကြီး မယ်ကင်းသည် အမျိုးသားဆရာတော်ကြီးများကို ယှဉ်ပြိုင်လေ့ရှိသည်။ အမျိုးသားများလုပ်သည့် လုပ်ငန်းအားလုံးကို အမျိုးသမီးများ လုပ်နိုင်စွမ်းရှိ၏ဟု ယူဆထားသူဖြစ်၏။ မင်းတုန်းမင်းတရားကြီးလက်ထက်က ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ဆရာတော်များ အပါး ၂၇၀၀ ရှိသည်ဟု သိရပါသည်။ သီလရှင်ဆရာကြီး မယ်ကင်းက ဒါမျိုး ငါလည်းလုပ်နိုင်တယ်ပြောပြီး ပိဋကတ်သုံးပုံစာပေကို အာဂုံဆောင်ပြခဲ့ဖူးပါ၏။ အမျိုးသား ဆရာတော်ကြီးများ တရားပွဲသဘင်များ ဟောကြားရာ သီလရှင်မယ်ကင်းကလည်း သီလရှင်တရားပွဲလုပ်ပြ၏။ သီလရှင်မယ်ကင်း၏ စွမ်းရည်တို့သည် ကြီးမားလာရာ ဆရာတော်ဘုရားကြီးများနှင့် ထပ်တူဖြစ်လာပြီလောဟု မင်းတုန်းမင်းကြီးသည် မှူးမတ်များ ခြံရံလျက် ထိုခေတ်က စာပေကျမ်းဂန်၌ နာမည်ကျော် သင်္ဂဇာဆရာတော် ဘုရားကြီးထံ အခစား၀င်၍ ယောက်ျားတို့လုပ်သော အလုပ်အားလုံး မိန်းမများ လုပ်နိုင်ပါပြီလားဟု မေးလျှောက်ပါ၏။ ထိုအခါ ဆရာတော်ကြီးက မိန့်ကြားသောပုံပြင်သည် အောက်ပါအတိုင်းဖြစ်၏။ တစ်ခါက အမဲလိုက်မုဆိုးတစ်ယောက်တွင် အမဲလိုက်ခွေးနှစ်ကောင်ရှိ၏။ တစ်ကောင်မှာ အထီးဖြစ်၍ တစ်ကောင်မှာ အမဖြစ်၏။ ခွေးမသည် ခွေးထီးကိုလိုက်၍ပြိုင်နေ၏။ ခွေးထီးလုပ်သမျှအလုပ်၊ စွမ်းရည်အားလုံးကို မိမိလုပ်နိုင်သည်ဟု ယုံကြည်၏။ တစ်နေ့တော့ ခွေးနှစ်ကောင်ကိုခေါ်၍ မုဆိုးတောထဲ အမဲလိုက်ထွက်၏။ ထိုအခါ ခွေးထီးက စွမ်းရည်ပြတော့၏။ တောစပ်တစ်ခုရှိ တွေ့ရသော စမ်းချောင်းငယ်လေးတစ်ခုကို အနံလိုက် လွှားကနဲခုန်၍ ကျော်ဖြတ်ပြ၏။


ထိုအခါ ခွေးမကလည်း အားက်မခံ ခုန်ကျော်ပြ၏။ တစ်ဖန် ခွေးထီးက မြောက်ဘက်တောနက်ထဲ ပြေး၀င်သွားပြီး ယုန်တစ်ကောင်ကို ကိုက်ချီ၍ ပြန်ထွက်လာ၏။ ထိုအခါ ခွေးမကလည်း တောင်ဘက်တောထဲ ပြေး၀င်ပြီး ယုန်တစ်ကောင်ကို ကိုက်ချီကာ ပြန်လာပြ၏။ ဒီတော့ ခွေးထီးလုပ်သမျှ ခွေးမက လုပ်ပြနေ၏။ မုဆိုးသည် ခရီးဆက်ရာ ခွေးနှစ်ကောင်နှင့်အတူ တောနက်ထဲရောက်လာ၏။ ထိုအခါ မျက်စိလည် လမ်းမမှားဖို့ မုဆိုးသည် သစ်ပင်တစ်ချို့ကို ဓားနှင့်ထစ်ကာ အမှတ်အသားလုပ်ရ၏။ ထိုအခါ ခွေးထီးကလည်း သစ်ပင်တို့ကို အမှတ်အသား လိုက်လုပ်၏။ လုပ်ပုံမှာ ခွေးထီးသည် သစ်ပင်တစ်ပင်ဘေး၌ ရပ်လိုက်၏။ ပြီးတော့ သူ့ပေါင်ကလေးကိုမြှောက်ကာ သစ်ပင်အား ရှူးရှူးနဲ့ ပန်း၏။ ထို့နောက် နမ်းကြည့်၏။ အ​ပြန်ခရီး၌ မျက်စိမလည်ရန် အမှတ်အသားလုပ်ခြင်းဖြစ်၏။ ခွေးမက ဒါကိုမြင်တော့ တခြားသစ်ပင်တစ်ပင် နားသွားရပ်ပြန်၏။ ပြီးတော့ သူမ၏ ပေါင်ကလေးကိုမြှောက်ကာ ရှူးရှူးနဲ့ပန်း၏။ ခွေးမပန်းလိုက်သော ရှူးရှူးများသည် သစ်ပင်ကိုမထိဘဲ လွဲချော်သွား၏။ ထိုအခါ သင်္ဂဇာဆရာတော်ကြီးက နိဂုံးချုပ်လိုက်သည်မှာ ခွေးမက ခွေးထီးကို လိုက်တုတော့ ရှူးရှူးတွေ တလွဲဖြစ်ကုန်တယ်။ မယ်ကင်းလည်း ယောက်ျားသံဃာတွေကို လိုက်တုနေရာ တလွဲဖြစ်ကုန်တော့မှာပဲဟု မိန့်တော်မူရာ မင်းတုန်းမင်းကြီးနှင့် မှူးမတ်အပေါင်းတို့ သည် မပြုံးဘဲ ဝါးလုံးကွဲရယ်ခဲ့ကြရပါ၏။ တစ်ဖန် မင်းတုန်းမင်းကြီးလက်ထက်က အချို့ဆရာတော်ဘုရားကြီးများ ဘုရားဆုပန်သည်ကြား၍ သီလရှင် မယ်ကင်းလည်း ဘုရားဆုလိုက်ပန်ရာ ဆုကို ပန်ရပါမည်လောဟု စိတ်ဆိုး၍ သီလရှင်မယ်ကင်းကို ချိုးနှိမ်၍ စာချိုးရာ သီလရှင် မယ်ကင်း ဒေါသဖြစ်၍ ဗန်းမော်ဆရာတော်ကြီးအား မင်းတုန်းမင်းထံ တိုင်ကြားခဲ့ဖူး၏။ ဒါတွေကိုကြည့်လျှင် ရှေးခေတ်က အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုဘုန်းရှိသည်ဟု ဒဿနရှိခဲ့၏။ တစ်ဖန် အင်္ဂလိပ်အုပ်ချုပ်သော ဗြိတိသျှကိုလိုနီခေတ် ရောက်လာရာတွင် မိန်းမများကို ဦးစားပေးပါ။ Ladies First ဟူသော ဒဿနကို သွတ်သွင်းပြန်၏။ ဂျန်ဒါ ဒဿနကတော့ Ladies First လည်းမဟုတ်၊ Gentleman First လည်းမဟုတ်ပါ။ ကျားနှင့်မသည် အချိတ်အဆက်မိမိလုပ်၍ လောကကို အကျိုးပြုခြင်းမှာ Team Work ဖြစ်၏။ ဥပမာ - ရွှေတိဂုံဘုရား အထက်ပစ္စယံသို့ မိန်းမများ မတက်ရဟုဆိုရာ မိန်းမများ တက်ခွင့်ရအောင် အေရးဆိုစရာမလိုပါ။ ရွှေတိဂုံစေတီတော်ကြီး ငြမ်းဆင်၍ ရွှေချပါက ယောက်ျားများကို ခိုင်းရန်ဖြစ်ပြီး ရွှေချရန် ရွှေဆိုင်းတွေလုပ်ရပါသော် မိန်းမကိုခိုင်းနိုင်၏။ မသိုးသင်္ကန်းယက်တော့ မိန်းမတွေကယက်ပြီး မိန်းမတွေယက်သောသင်္ကန်းကို ဘုရားဆင်းတုပေါ် လွှမ်းခြုံပေးရာတွင် အမျိုးသားများ ပြုလုပ်ကြခြင်းမှာ Team Work ဖြစ်၏။ 


တစ်ဖန် Gender Balance ဆိုရာ၌ ကျားနှင့်မ ညီမျှခြင်းဆိုရာ၀ယ် ကျား/မ အခွင့်အရေးမျှတပါစေဟု ဆိုခြင်းဖြစ်၏။ ထပ်တူညီရမယ် Identical ဟုဆိုခြင်းမဟုတ်ပါ။ ဥပမာ မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် အမျိုးသားတစ်ယောက်သည် မယားတစ်ယောက်ထက် ပိုယူခွင့်ရှိ ပြီး မိန်းမကတော့ လင်တစ်ယောက်ထက် ပိုယူခွင့်မရှိရာ အမျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်၏။ ထိုအခါ အမျိုးသမီးဥပဒေပညာရှင် ရှေ့နေအမျိုးသမီးတချို့က မြန်မာဓလေ့ထုံးတမ်းဥပဒေကို မနှစ်မြို့ကြကြောင်း ကျွန်တော် တစ်ဆင့်စကားကြားခဲ့ဖူးသည်။ ဓလေ့ထုံးတမ်း ဥပေဒကို သူတို့ သိပ်မနှစ်မြို့ပါ။ သို့သော် ပြစ်မှုဥပဒေကို ပြန်ကြည့်သော် ပုဒ်မ ၄၉၇ ၌ အမျိုးသားသည် သူများမယားကို ပြစ်မှားသော် ထောင်ချနိုင်၏။ အမျိုးသမီးတို့သည် သူများ လင်ကို ပြစ်မှားသော် ထောင်ချ၍မရပါ။


ထို့ကြောင့် တည်ဆဲဥပဒေများအားလုံးကို ခြုံကြည့်ပြန်သော် မျှတမှုရှိနေပြန်၏။ ဒါကို Gender Balance ဟုခေါ်၏။ ကျားနှင့် အခြားထပ်တူညီခြင်းမဟုတ်သည်ကတော့ Not Identical ဖြစ်၏။ ထို့ကြောင့် ဂျန်ဒါဒဿနမှာ ကျားမတို့ ဘယ်သူစွမ်းလဲ ပြိုင်ခြင်းမဟုတ်။ လက်တွဲဆောင်ရွက်၍ လောကကို အကျိုးပြုခြင်း Team Work ဖြစ်၏။ ကျား/မ အခွင့်အရေး ထပ်တူခြင်း Indentical မဟုတ်၊ မျှတခြင်း Balance ဖြစ်ပါကြောင်း။


ရေးသားသူ = ဒေါက်တာ ထွန်း၀င်း


(လိင်နှင့် က်ား၊ မ ဆိုင်ရာ နိုင်ငံရေး စာအုပ်ရဲ့ စာမျက်နှာ ၆၁ ပါဆောင်းပါး)


(Zawgyi) 


အမ်ိဳးသမီးအခန္းက႑ျမွင့္တင္ျခင္းဆိုရာ၀ယ္

#Gender_Balance

#အမ်ိဳးသမီးအခန္းက႑ျမွင့္တင္ျခင္း


(ဒီမိုကေရစီလမ္းေၾကာင္း စေလွ်ာက္ေနျပီျဖစ္ေသာ ယေန႔ေခတ္မယ္ လူငယ္တိုင္း သိသင့္ေသာ Gender Balance ကိစၥကို ဗဟုသုတ လည္းရ ေျမစမ္းခရမ္းပ်ိဳးလည္း လုပ္ရေအာင္ ေဆာင္းပါးတစ္ေစာင္ကို မွ်ေ၀လိုက္ပါတယ္။)


ယခုအခါ ကမၻာေပၚတြင္ ဒီမိုကေရစီလမ္းစဥ္က်င့္သံုးေသာ ႏိုင္ငံအေရအတြက္မွာ ေရွးယခင္ အတိတ္သမိုင္းကာလကထက္စာလွ်င္ တစ္စ တစ္စ မ်ားျပားလာပါသည္။ ဤတြင္ ဒီမိုကေရစီႏိုင္ငံမ်ား၌ ျဖစ္ေလ့ျဖစ္ထရွိေသာ လူ႕အခြင့္အေရး ျမွင့္တင္မႈ၊ အမ်ိဳးသမီးအခြင့္အေရး ျမွင့္တင္မႈ စသည္တို႔မွာ ေပၚေပါက္လာသည္။


အခ်ိဳ႕ႏိုင္ငံတို႔တြင္ အမ်ိဳးသမီးမ်ားသည္ ဆႏၵမဲေပးပိုင္ခြင့္မရွိေသာ သမိုင္းရွိခဲ့ဖူးသည္။ ဤသို႕ေသာ အေျခအေနတို႔ကို ျပဳျပင္ရန္ ဒီမိုကေရစီ စရိုက္ရွိသူတို႔က ၾကိဳးပမ္းၾကပါသည္။ သို႕ေသာ္ အမ်ိဳးသမီးတို႔၏ အခန္းက႑(လုပ္ငန္း)မ်ားသည္ မေရမတြက္ႏိုင္ေအာင္ရွိရာ နိမ့္ပါးေနေသာ အခန္းက႑(Role)ကိုသာ ျမွင့္တင္ရန္လိုျပီး မနိမ့္ပါးေသာ (Role) မ်ားကို သြားျပီးျမွင့္ရန္ ၾကိဳးပမ္းပါက ေရာဂါမရွိဘဲ ေဆးကုသ သလိုျဖစ္ပါမည္။ 


အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ား ျခားနားခ်က္ကို Gender (ဂ်န္ဒါ) ဟုေခၚပါသည္။ ျမန္မာႏိုင္ငံသည္လည္း ဒီမိုကေရစီလမ္းေၾကာင္း ေပၚ၌ ေလွ်ာက္ေနပါျပီ။ သို႔ပါ၍ ယေန႔လူငယ္မ်ားသည္ Gender အေၾကာင္းကို ျပည့္ျပည့္စံုစံု သိဖို႔လိုသည္ဟု ယူဆမိပါ၍ ဤေဆာင္းပါးကို တင္ဆက္အပ္ပါသည္။


ႏိုင္ငံျခားတကၠသိုလ္မ်ားတြင္ Gender ဘာသာရပ္ကို အဓိကဘာသာျဖင့္ သင္ၾကားေပးျပီးျဖစ္ရာ ဂ်န္ဒါ(Gender) သည္ က်ား/မ ကဲြျပားပံုကို ေလ့လာေသာ ဘာသာရပ္ျဖစ္၏။ Sex ဆိုသည္မွာ ဖို/မကြဲျပားမႈကို ေလ့လာရာတြင္ ခႏၶာေဗဒတူပံုကို ေလ့လာျခင္းျဖစ္ပါ၏။ Gender ကေတာ့ လူမႈေရးကိစၥ မတူညီျခင္းမ်ားျဖစ္ပါ၏။ 


Sex is biological difference between male and female ျဖစ္ျပီး Gender is social difference between male and female ျဖစ္ပါ၏။ အခ်ိဳ႕က Gender ဆိုသည္ကို အမ်ိဳးသမီး ဦးစားေပးရန္ ေတာင္းဆိုေသာ ဘာသာရပ္ဟု ထင္မွတ္မွားတတ္ပါ၏။ ကၽြန္ေတာ္တို႔ UN, INGO တို႔တြင္ အလုပ္လုပ္စဥ္တုန္းက ေက်းရြာသားမ်ားကို အစည္းအေ၀းဖိတ္ေသာအခါ အခ်ိဳ႕က Gender Balance လုပ္သည္ဆိုကာ လူ ၁၀၀ အစည္းအေ၀းဖိတ္လွ်င္ အမ်ိဳးသား ၅၀ႏွင့္ အမ်ိဳးသမီး ၅၀ ဖိတ္ပါေတာ့သည္။ 


တကယ္ေတာ့ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္း အစည္းအေ၀း၊ အမ်ိဳးသမီးမ်ား ရင္သားကင္ဆာကာကြယ္ေရး ေဆြးေႏြးပြဲတြင္ အမ်ိဳးသမီးဦးေရမ်ားေနမည္သာျဖစ္ျပီး အမ်ိဳးသားမ်ား ဆီးက်ိတ္ေရာင္ေရာဂါ ကာကြယ္ေရးအလုပ္ရံု ေဆြးေႏြးပြဲတြင္ အမ်ိဳးသားဦးေရ မ်ား ေနမည္သာျဖစ္ပါ၏။ လူဦးေရညီမွ်ေစရန္ အတင္းအက်ပ္လုပ္၍ မရပါ။ ဂ်န္ဒါဟူသည္ ေခတ္ေပၚဘာသာရပ္ျဖစ္ျပီး ႏိုင္ငံျခားတြင္လည္း ေခတ္စားေနပါ၏။ ဂ်န္ဒါဟူသည္ အမ်ိဳးသမီးမ်ား စြမ္းရည္ျမွင့္တင္ျခင္းဆိုသည္ထက္ အမ်ိဳးသမီးမ်ားတြင္ရွိေသာ စြမ္းရည္တခ်ိဳ႕ အမ်ိဳးသားမ်ား တြင္ မရွိ၊ အမ်ိဳးသားမ်ားလုပ္ႏိုင္ေသာ အလုပ္အခ်ိဳ႕ အမ်ိဳးသမီးမ်ား မလုပ္ႏိုင္ေသာ အလုပ္အခ်ိဳ႕၊ အမ်ိဳးသား အမ်ိဳးသမီးတို႔၏ မတူေသာစြမ္း ရည္မ်ားကို သိ၍လည္းေကာင္း၊ မတူေသာ အားသာခ်က္ အားနည္းခ်က္မ်ားကို သိ၍လည္းေကာင္း၊ လူသားေကာင္းက်ိဳးအတြက္ သင့္သလိုစီမံခန္႔ခြဲျခင္းသည္ Gender Management ၏အႏွစ္သာရျဖစ္၏။ ဥပမာ - ထန္းပင္တက္သည့္ကိစၥတြင္ အမ်ိဳးသားကို တာ၀န္ေပးသင့္ျပီး ထန္းလ်က္က်ိဳသည့္အခါ အမ်ိဳးသမီးကိုတာ၀န္ေပးသင့္၏။


အမ်ိဳးသမီးကို ထန္းပင္တက္ခိုင္း၍ စြမ္းေဆာင္ရည္ ျမွင့္တင္ေပးျခင္းမဟုတ္ပါ။ ထန္းလ်က္ျဖစ္လာရာတြင္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ဘယ္သူ ပိုစြမ္းေဆာင္ခဲ့သလဲ ျပိဳင္ရန္မလိုပါ။


သို႕ေသာ္ ျပိဳင္ခဲ့ဖူးေသာ သာဓကမ်ားရွိခဲ့၏။ ဥပမာ စာေရးသူတို႔ငယ္စဥ္က ေယာက္်ားႏွင့္ မိန္းမ ကမၻာကို ဘယ္သူက ပို၍အက်ိဳးျပဳလဲ စကားရည္လုပြဲကို အထက္တန္းေက်ာင္းမ်ား၌ က်င္းပျခင္းတို႔ျဖစ္၏။


မင္းတုန္းမင္းၾကီးလက္ထက္က ျပိဳင္ပြဲတစ္ခုဆိုလွ်င္ ေတာ္ေတာ္ ပြဲၾကီးပြဲေကာင္းျဖစ္ပါသည္။ မင္းတုန္းမင္းလက္ထက္က သီလရွင္ဆရာၾကီး မယ္ကင္းသည္ အမ်ိဳးသားဆရာေတာ္ၾကီးမ်ားကို ယွဥ္ျပိဳင္ေလ့ရွိသည္။ အမ်ိဳးသားမ်ားလုပ္သည့္ လုပ္ငန္းအားလံုးကို အမ်ိဳးသမီးမ်ား လုပ္ႏိုင္စြမ္းရွိ၏ဟု ယူဆထားသူျဖစ္၏။ မင္းတုန္းမင္းတရားၾကီးလက္ထက္က ပိဋကတ္သံုးပံု အာဂံုေဆာင္ႏိုင္ေသာ ဆရာေတာ္မ်ား အပါး ၂၇၀၀ ရွိသည္ဟု သိရပါသည္။ သီလရွင္ဆရာၾကီး မယ္ကင္းက ဒါမ်ိဳး ငါလည္းလုပ္ႏိုင္တယ္ေျပာျပီး ပိဋကတ္သံုးပံုစာေပကုိ အာဂံုေဆာင္ျပခဲ့ဖူးပါ၏။ အမ်ိဳးသား ဆရာေတာ္ၾကီးမ်ား တရားပြဲသဘင္မ်ား ေဟာၾကားရာ သီလရွင္မယ္ကင္းကလည္း သီလရွင္တရားပြဲလုပ္ျပ၏။ သီလရွင္မယ္ကင္း၏ စြမ္းရည္တို႔သည္ ၾကီးမားလာရာ ဆရာေတာ္ဘုရားၾကီးမ်ားႏွင့္ ထပ္တူျဖစ္လာျပီေလာဟု မင္းတုန္းမင္းၾကီးသည္ မွဴးမတ္မ်ား ျခံရံလ်က္ ထိုေခတ္က စာေပက်မ္းဂန္၌ နာမည္ေက်ာ္ သဂၤဇာဆရာေတာ္ ဘုရားၾကီးထံ အခစား၀င္၍ ေယာက္်ားတို႔လုပ္ေသာ အလုပ္အားလံုး မိန္းမမ်ား လုပ္ႏိုင္ပါျပီလားဟု ေမးေလွ်ာက္ပါ၏။ ထိုအခါ ဆရာေတာ္ၾကီးက မိန္႔ၾကားေသာပံုျပင္သည္ ေအာက္ပါအတိုင္းျဖစ္၏။ တစ္ခါက အမဲလိုက္မုဆိုးတစ္ေယာက္တြင္ အမဲလိုက္ေခြးႏွစ္ေကာင္ရွိ၏။ တစ္ေကာင္မွာ အထီးျဖစ္၍ တစ္ေကာင္မွာ အမျဖစ္၏။ ေခြးမသည္ ေခြးထီးကိုလိုက္၍ျပိဳင္ေန၏။ ေခြးထီးလုပ္သမွ်အလုပ္၊ စြမ္းရည္အားလံုးကို မိမိလုပ္ႏိုင္သည္ဟု ယံုၾကည္၏။ တစ္ေန႔ေတာ့ ေခြးႏွစ္ေကာင္ကိုေခၚ၍ မုဆိုးေတာထဲ အမဲလိုက္ထြက္၏။ ထိုအခါ ေခြးထီးက စြမ္းရည္ျပေတာ့၏။ ေတာစပ္တစ္ခုရွိ ေတြ႕ရေသာ စမ္းေခ်ာင္းငယ္ေလးတစ္ခုကို အနံလိုက္ လႊားကနဲခုန္၍ ေက်ာ္ျဖတ္ျပ၏။


ထိုအခါ ေခြးမကလည္း အားက်မခံ ခုန္ေက်ာ္ျပ၏။ တစ္ဖန္ ေခြးထီးက ေျမာက္ဘက္ေတာနက္ထဲ ေျပး၀င္သြားျပီး ယုန္တစ္ေကာင္ကို ကိုက္ခ်ီ၍ ျပန္ထြက္လာ၏။ ထိုအခါ ေခြးမကလည္း ေတာင္ဘက္ေတာထဲ ေျပး၀င္ျပီး ယုန္တစ္ေကာင္ကို ကိုက္ခ်ီကာ ျပန္လာျပ၏။ ဒီေတာ့ ေခြးထီးလုပ္သမွ် ေခြးမက လုပ္ျပေန၏။ မုဆိုးသည္ ခရီးဆက္ရာ ေခြးႏွစ္ေကာင္ႏွင့္အတူ ေတာနက္ထဲေရာက္လာ၏။ ထိုအခါ မ်က္စိလည္ လမ္းမမွားဖို႔ မုဆိုးသည္ သစ္ပင္တစ္ခ်ိဳ႕ကို ဓားႏွင့္ထစ္ကာ အမွတ္အသားလုပ္ရ၏။ ထိုအခါ ေခြးထီးကလည္း သစ္ပင္တို႔ကို အမွတ္အသား လိုက္လုပ္၏။ လုပ္ပံုမွာ ေခြးထီးသည္ သစ္ပင္တစ္ပင္ေဘး၌ ရပ္လိုက္၏။ ျပီးေတာ့ သူ႕ေပါင္ကေလးကိုေျမွာက္ကာ သစ္ပင္အား ရွဴးရွဴးနဲ႔ ပန္း၏။ ထို႔ေနာက္ နမ္းၾကည့္၏။ အျပန္ခရီး၌ မ်က္စိမလည္ရန္ အမွတ္အသားလုပ္ျခင္းျဖစ္၏။ ေခြးမက ဒါကိုျမင္ေတာ့ တျခားသစ္ပင္တစ္ပင္ နားသြားရပ္ျပန္၏။ ျပီးေတာ့ သူမ၏ ေပါင္ကေလးကိုေျမွာက္ကာ ရွဴးရွဴးနဲ႔ပန္း၏။ ေခြးမပန္းလိုက္ေသာ ရွဴးရွဴးမ်ားသည္ သစ္ပင္ကိုမထိဘဲ လြဲေခ်ာ္သြား၏။ ထိုအခါ သဂၤဇာဆရာေတာ္ၾကီးက နိဂံုးခ်ဳပ္လိုက္သည္မွာ ေခြးမက ေခြးထီးကို လိုက္တုေတာ့ ရွဴးရွဴးူေတြ တလြဲျဖစ္ကုန္တယ္။ မယ္ကင္းလည္း ေယာက္်ားသံဃာေတြကို လိုက္တုေနရာ တလြဲျဖစ္ကုန္ေတာ့မွာပဲဟု မိန္႕ေတာ္မူရာ မင္းတုန္းမင္းၾကီးႏွင့္ မွဴးမတ္အေပါင္းတို႔ သည္ မျပံဳးဘဲ ၀ါးလံုးကြဲရယ္ခဲ့ၾကရပါ၏။ တစ္ဖန္ မင္းတုန္းမင္းၾကီးလက္ထက္က အခ်ိဳ႕ဆရာေတာ္ဘုရားၾကီးမ်ား ဘုရားဆုပန္သည္ၾကား၍ သီလရွင္ မယ္ကင္းလည္း ဘုရားဆုလိုက္ပန္ရာ ဆုကို ပန္ရပါမည္ေလာဟု စိတ္ဆိုး၍ သီလရွင္မယ္ကင္းကို ခ်ိဳးႏွိမ္၍ စာခ်ိဳးရာ သီလရွင္ မယ္ကင္း ေဒါသျဖစ္၍ ဗန္းေမာ္ဆရာေတာ္ၾကီးအား မင္းတုန္းမင္းထံ တိုင္ၾကားခဲ့ဖူး၏။ ဒါေတြကိုၾကည့္လွ်င္ ေရွးေခတ္က အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ ပိုမိုဘုန္းရွိသည္ဟု ဒႆနရွိခဲ့၏။ တစ္ဖန္ အဂၤလိပ္အုပ္ခ်ဳပ္ေသာ ျဗိတိသွ်ကိုလိုနီေခတ္ ေရာက္လာရာတြင္ မိန္းမမ်ားကို ဦးစားေပးပါ။ Ladies First ဟူေသာ ဒႆနကို သြတ္သြင္းျပန္၏။ ဂ်န္ဒါ ဒႆနကေတာ့ Ladies First လည္းမဟုတ္၊ Gentleman First လည္းမဟုတ္ပါ။ က်ားႏွင့္မသည္ အခ်ိတ္အဆက္မိမိလုပ္၍ ေလာကကို အက်ိဳးျပဳျခင္းမွာ Team Work ျဖစ္၏။ ဥပမာ - ေရႊတိဂံုဘုရား အထက္ပစၥယံသို႔ မိန္းမမ်ား မတက္ရဟုဆိုရာ မိန္းမမ်ား တက္ခြင့္ရေအာင္ အေရးဆိုစရာမလိုပါ။ ေရႊတိဂံုေစတီေတာ္ၾကီး ျငမ္းဆင္၍ ေရႊခ်ပါက ေယာက္်ားမ်ားကို ခိုင္းရန္ျဖစ္ျပီး ေရႊခ်ရန္ ေရႊဆိုင္းေတြလုပ္ရပါေသာ္ မိန္းမကိုခိုင္းႏိုင္၏။ မသိုးသကၤန္းယက္ေတာ့ မိန္းမေတြကယက္ျပီး မိန္းမေတြယက္ေသာသကၤန္းကို ဘုရားဆင္းတုေပၚ လႊမ္းျခံဳေပးရာတြင္ အမ်ိဳးသားမ်ား ျပဳလုပ္ၾကျခင္းမွာ Team Work ျဖစ္၏။ 


တစ္ဖန္ Gender Balance ဆိုရာ၌ က်ားႏွင့္မ ညီမွ်ျခင္းဆိုရာ၀ယ္ က်ား/မ အခြင့္အေရးမွ်တပါေစဟု ဆိုျခင္းျဖစ္၏။ ထပ္တူညီရမယ္ Identical ဟုဆိုျခင္းမဟုတ္ပါ။ ဥပမာ ျမန္မာဓေလ့ထံုးတမ္းဥပေဒတြင္ အမ်ိဳးသားတစ္ေယာက္သည္ မယားတစ္ေယာက္ထက္ ပိုယူခြင့္ရွိ ျပီး မိန္းမကေတာ့ လင္တစ္ေယာက္ထက္ ပိုယူခြင့္မရွိရာ အမ်ိဳးသားဦးစားေပးျဖစ္သည္ဟု ဆိုႏိုင္၏။ ထိုအခါ အမ်ိဳးသမီးဥပေဒပညာရွင္ ေရွ႕ေနအမ်ိဳးသမီးတခ်ိဳ႕က ျမန္မာဓေလ့ထံုးတမ္းဥပေဒကို မႏွစ္ျမိဳ႕ၾကေၾကာင္း ကၽြန္ေတာ္ တစ္ဆင့္စကားၾကားခဲ့ဖူးသည္။ ဓေလ့ထံုးတမ္း ဥပေဒကို သူတို႔ သိပ္မႏွစ္ျမိဳ႕ပါ။ သို႕ေသာ္ ျပစ္မႈဥပေဒကို ျပန္ၾကည့္ေသာ္ ပုဒ္မ ၄၉၇ ၌ အမ်ိဳးသားသည္ သူမ်ားမယားကို ျပစ္မွားေသာ္ ေထာင္ခ်ႏိုင္၏။ အမ်ိဳးသမီးတို႔သည္ သူမ်ား လင္ကို ျပစ္မွားေသာ္ ေထာင္ခ်၍မရပါ။


ထို႔ေၾကာင့္ တည္ဆဲဥပေဒမ်ားအားလံုးကို ျခံဳၾကည့္ျပန္ေသာ္ မွ်တမႈရွိေနျပန္၏။ ဒါကို Gender Balance ဟုေခၚ၏။ က်ားႏွင့္ အျခားထပ္တူညီျခင္းမဟုတ္သည္ကေတာ့ Not Identical ျဖစ္၏။ ထို႔ေၾကာင့္ ဂ်န္ဒါဒႆနမွာ က်ားမတို႔ ဘယ္သူစြမ္းလဲ ျပိဳင္ျခင္းမဟုတ္။ လက္တြဲေဆာင္ရြက္၍ ေလာကကို အက်ိဳးျပဳျခင္း Team Work ျဖစ္၏။ က်ား/မ အခြင့္အေရး ထပ္တူျခင္း Indentical မဟုတ္၊ မွ်တျခင္း Balance ျဖစ္ပါေၾကာင္း။


ေရးသားသူ = ေဒါက္တာ ထြန္း၀င္း

(လိင္ႏွင့္ က်ား၊ မ ဆိုင္ရာ ႏိုင္ငံေရး စာအုပ္ရဲ႕ စာမ်က္ႏွာ ၆၁ ပါေဆာင္းပါး)

No comments: