Sunday, January 2, 2022

မင်းတရားကြီး ခွေးဘီလူး

  မင်းတရားကြီး ခွေးဘီလူး 




နာမည်က ခွေးဘီလူး။

ညောင်ခြေထောက်ရွာကတဲ့။

၁ဝ တန်းအောင်လား မအောင်လားတောင် ဘယ်သူမှ သိပ်မသိဘူး။ တချို့ကလည်း သူ့ပညာအရည်အချင်းက လေးတန်းလို့ပြောကြတယ်။သူ့ ငယ်ဘဝအကြောင်း စုံစမ်းရတာ အတော်ခက်တယ်။


သူကိုယ်တိုင်ကိုက နှုတ်ပိတ်ထားတာ။




ခွေးဘီလူးက ကျောက်ဆည်က လယ်သမားရဲ့ သား။


ဆင်းဆင်းရဲရဲ အညတရ စာတိုက်စာရေးနဲ့ သူ့ ဘဝက စခဲ့တာပါ။

အဲဒီတုန်းက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေချိန်ပေါ့။


စစ်သားတွေလိုနေတဲ့ အချိန်ဆိုတော့ စာပို့တဲ့ အလုပ် တစ်နှစ်လောက်ပဲလုပ်ပြီး ထွက်လိုက်တယ်။


၁၉၅၃ မှာ စစ်ထဲဝင်တယ်။

တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉)ပေါ့။ ခွေးဘီလူး ဒုဗိုလ်ဖြစ်တယ်။




ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ ခွေးဘီလူး နဲ့ ရှုမောင် ၁၉၈၅ ခုနှစ်မှာတွေ့ကြပါလေရော။


ရှုမောင် ဆိုတာ မြန်မာပြည်ကို ၁၉၆၂ မှာ စစ်အာဏာသိမ်းလိုက်တဲ့ စစ်အာအာဏာရှင် တဏှာရူး ဗိုလ်ချုပ် နေဝင်းပေါ့။


အဲဒီတုန်းက ရှုမောင်က သူ့ စစ်တပ်အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် အသစ် ရွေးဖို့ရှာနေတာတဲ့။


ရှုမောင်က အရည်အချင်းပြည့်ဝတဲ့ စစ်ဘက်အရာရှိကြီးတွေကို အလိုမရှိဘူး။ အလုပ်ဖြုတ်ပစ်လိုက်ပြီ။ 


ပြီးတော့ ၁၀ တန်း မအောင်၊ သူ့စကားနားထောင်မယ့် လူပိန်း တွေကို လိုက်ရှာနေတဲ့ အချိန်ပေါ့..။

ငပိန်း ခွေးဘီလူးနဲ့တွေ့တာ..။


ရှုမောင် ရှာတဲ့လူတွေက မထက်မြက်တဲ့ ခပ်ညံ့ညံ့လူဖြစ်ရမယ်။ 

လူကောင်း မဖြစ်ရဘူး။ သူ့အပေါ် ခွေးတစ်ကောင်လို သစ္စာရှိရမယ်။ စစ်တပ်ထဲက အခြားဂိုဏ်းဂဏတွေနဲ့ကင်းရှင်းရမယ်..။


ဒီအရည်အချင်းတွေ ခွေးဘီလူးမှာ အကုန်ရှိတော့ သူတို့ငြိပြီ..။




အဲ့ဒီနေ့က ဒီလို..။


တိုင်းမှူးတွေ ဆွေးနွေးနေကြတဲ့ အခန်းထဲကို ရှုမောင်က ဝင်လာတာ။


ဟေ့..မင်းတို့တွေထဲမှာ ဘယ်သူ အသက် အငယ်ဆုံးလဲ တဲ့။ 


အားလုံးက ခွေးဘီလူး လို့ ဖြေတယ်။


(ခွေးဘီလူးဆိုတာ နောင်ဖြစ်လာမယ့် ဗိုလ်မှူးချုပ် သန်းရွှေကို သူငယ်ချင်းတွေ ခေါ်ကြတဲ့ နာမည်ပြောင်ဖြစ်ပါတယ်။)




ရှုမောင်ဟာ ၁၀ တန်းအထိပဲ အရည်အချင်းရှိတဲ့ ခွေးဘီလူးကို သဘောကျတယ်။ ရှုမောင်နောက်ထပ် သဘောကျတဲ့သူက ခပ်အေးအေးသမား စောမောင်..။




စောမောင်နဲ့ ခွေးဘီလူးက တက္ကသိုလ်လည်း မတက်ခဲ့ဖူးဘူးတဲ့သူတွေမို့ ရှုမောင် နည်းနည်းတော့ စိတ်ပူတယ်။


သူ့လက်အောက်က လူတွေကို


မင်းတို့ သူ့ကို ခက်ရင်း ဘယ်လိုကိုင်ရမယ်၊ ဓားကို ဘယ်လိုကိုင် ရတယ်ဆိုတာ သင်ပေးရင်ကောင်းမယ်။ မျက်စိပွင့် နားပွင့် ဖြစ်လာအောင် သံတမန် ဧည့်ခံပွဲတွေလည်း ခေါ်သွားပြီး သင်ခန်းစာ တစ်ခုမဟုတ်တစ်ခု ရအောင်လုပ်ပေးကြ လို့ သင်ခိုင်းတယ်။


စောမောင်နဲ့ ခွေးဘီလူးလည်း အဲ့ကျမှ ဇွန်းတွေ ခက်ရင်းတွေ ဒါးတွေ ကိုင်ပြီးစားသောက်ဖူးတာ။


ရှုမောင်က သူတို့နှစ်ယောက်ကို အဲဒီလို လက်သပ်မွေးခဲ့တာပါ။




ဒါဟာ လောင်းကစားသမား ရှုမောင် မြင်းမှားပြီး လောင်းကြေးထပ်မိတာပဲ။


ခွေးဘီလူးက နောင်တစ်ချိန်မှာ သူ့ကို နေအိမ်အကျယ်ချုပ်ထဲပြန်ချထားပြီး သွေးအန်ပြီးသေအောင် လုပ်မယ့်သူဖြစ်လာခဲ့တယ်..။


ခွေးဘီးလူးက ငယ်ငယ်ကတည်းက သိပ်ပြီးလူတောမတိုးဘူး။ ဟိုချောင်ကပ် ဒီချောင်ကပ်ပဲ။ လူအမြင်မှာ မှုန်ကုတ်ကုတ်နဲ့ ရှေ့တန်းလည်းထွက်လေ့မရှိဘူး။ ရှုမောင်နဲ့ စတွေ့တော့လည်း ရှုမောင်နားမှာ ဟိုကုတ်ကုတ် ဒီကုတ်ကုတ်ပေါ့..။




၁၉၈၈ မှာ ရှုမောင်တို့ မတရားခိုးတာ လက်လွန်ကုန်တော့ မြန်မာပြည်သူတွေက မခံနိုင်တော့ဘူး။ အရေးတော်ပုံကြီးဖြစ်ပါလေရော။


ရှုမောင်က ခွေးဘီလူးတို့ကို ပြည်သူတွေ သတ်ခိုင်းတယ်။


ဒါပေမဲ့ ၈၈ ပြဿနာက စစ်အာဏာရှင်တွေထင်ခဲ့သလို မသေးကွေးခဲ့ဘူး။


သမ္မတစန်းယုနဲ့ ရှုမောင်တို့ ရာထူးက နှုတ်ထွက်ရတယ်။


သူတို့ စိန်လွင်ကို သမ္မတတင်တယ်။ဒါလည်းမရ ပြည်သူက စိန်လွင်ကို ထပ်ဖြုတ်ချတယ်။


ဒေါက်တာမောင်မောင်ကို သမ္မတထပ်တင်တယ်။ ဒါလည်းမရ။ ပြည်သူတွေက ဒေါက်တာ မောင်မောင်ကို ထပ်ဖြုတ်ချတယ်။


ပြည်သူတွေက သူတို့သဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင် မြှောက်တယ်။


သူတို့သဘောကျတဲ့ ကိုမင်းကိုနိုင်ကို ကျောင်းသားဥက္ကဋ္ဌ မြှောက်တယ်။


ဦးနုကလည်း သူက တရားဝင်ယှဉ်ပြိုင်အစိုးရပါလို့ ကမ္ဘာကိုကြေညာတယ်။


ရှုမောင်တို့ အခက်တွေ့ပြီ။




အဲဒီမှာ ရှုမောင်က သူ့တပည့်ကျော်ကြီး စောမောင်ကို စစ်အာဏာသိမ်းခိုင်းလိုက်တယ်။


ပြီးတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ဖွဲ့တယ်။ စောမောင်ကို ဥက္ကဋ္ဌပေးပြီး ခွေးဘီလူးကို ဒုတိယဥက္ကဋ္ဌ နေရာပေးလိုက်တယ်။


ခွေးဘီလူး နေရာရသွားတယ်။




ရှုမောင်က သူ့ တပည့်ရင်း မြေခွေးခင်ညွန့်ကိုတော့ န-ဝ-တ အဖွဲ့ရဲ့ အတွင်းရေးမှူး(၁)ပေးလိုက်တယ်။


မိုက်ရူးရဲ မောင်အေးဆိုတဲ့သူကို နိုင်ငံတော် ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)ပေးလိုက်တယ်။


ရှုမောင်၊ စောမောင်၊ ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်တယ်။




ကာကွယ်ရေးဘက်မှာဆို စောမောင်က ကာကွယ်ရေးဦးစီးချုပ်။


ခွေးဘီလူးက စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးရလာတယ်။


ခွေးဘီလူး နေရာရသွားတယ်။




စောမောင်က ရှုမောင်သင်ပေးတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပပြီးရင် အနိုင်ရပါတီကို အာဏာလွှဲမယ်၊ သူ စစ်တန်းလျှားပြန်မယ် ဘာညာနဲ့ ပြည်သူတွေကို ကတိပေး နှစ်သိမ့်တယ်။


မကြာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်။


ဒါပေမဲ့ အာဏာလွှဲပြောင်းပေးဖို့ အခြားဗိုလ်ချုပ်တွေက သဘောမတူခဲ့ပါ။ စောမောင် ကြားထဲက ဗျာများလာတယ်။


ဒီကြားထဲ စောမောင်ကို ခွေးဘီလူးနဲ့ အပေါင်းအပါက လုပ်ကြံတယ်။ စောမောင်ရဲ့ စိတ်ကျန်းမာရေးကမကောင်းတော့ဘူး။ သူတို့ စောမောင်ကို ရူးအောင်လုပ်တယ်။




စောမောင် ရူးနေပြီဆိုပြီး စောမောင် လက်ထဲကနေ ခွေးဘီလူးက စောမောင်ရဲ့ရာထူးကို လွှဲယူလိုက်တယ်။


စောမောင်တကယ်ပဲရူးတာလား၊ ခွေးဘီလူးပဲ အရူးဆေးထိုးပေးလိုက်သလား ခွေးဘီလူးပဲ အသိဆုံးဖြစ်မှာပါ။




၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်။


ခွေးဘီလူးက စောမောင် နေရာကိုယူလိုက်ပြီဖြစ်တဲ့အကြောင်း အသံလွှင့်ဌာနက ကြေညာခဲ့တယ်။ ဒါကို စောမောင်တို့ မိသားစုက နားထောင်လိုက်ရပုံ မရဘူး။


ဒါကြောင့် စောမောင် နောက်တနေ့နံနက်မှာ ဘာမှမသိဘဲ ရုံးသွားဖို့ ပြင်နေတာပေါ့။


စောမောင် အပြင်ကိုထွက်လိုက်တော့သူ့ အိမ်ပတ်ပတ်လည်မှာ စစ်သားတွေ ပတ်လည်ဝိုင်းထားပြီ။


အဲ့ကျမှ စောမောင် သဘောပေါက်တယ်။ သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းထားပြီဆိုတာ..။


စောမောင် ဒေါသအကြီးအကျယ် ထွက်သွားတယ်။


သူ့ရဲ့ ကိုယ်ရေးအရာရှိတွေနဲ့ အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး မိန်းမကို အလံပြဘုရားလမ်းမှာရှိတဲ့ စစ်ရုံးချုပ်ကို အမြန်ဆုံးသွားပြောကြဖို့ လွှတ်လိုက်တယ်။


စောမောင်ရဲ့ မိန်းမ ဒေါ်အေးရီကလည်း အတော့်ကို ဆွေ့ဆွေ့ခုန်သွားတယ်။


ဒေါ်အေးရီ စစ်ရုံးပေါ်သို့ တက်လာပြီး ကျမ လုံးဝမကျေနပ်ဘူး၊ ရှင်တို့ မတရား လုပ်တာ၊ ဗိုလ်ချုပ်ကြီးနေဝင်းကို သွားတိုင်မယ် လို့အော်ဟစ်တယ်။


ဒေါ်အေးရီ ရုံးပေါ်က ဆင်းသွား တော့ စစ်ရုံးကလူတွေ တယောက်တပေါက်နဲ့ ပြေးရမလိုလို..ကြောက်ကုန်ကြပါလေရော..။


 ဗိုလ်ချုပ်မှူးကြီး စောမောင် သေနတ်ကိုင်ပြီးတက်လာရင် ဘယ်လို လုပ်ကြမလဲ


အဲဒီအချိန်မှာ ရှုမောင်ရဲ့ အားအကိုးရဆုံး မြေခွေး ခင်ညွန့်က ဘာမှမပူပါနဲ့၊ ဗိုလ်ချုပ်မှူး ကြီးစောမောင်ရဲ့ သေနတ်ထဲမှာ ကျုပ် ယမ်းနှုတ်ထားတယ်။ ယမ်းမပါတဲ့ ကျည်ဆံတွေပဲထည့်ထားတာ ။ စိတ်အေးအေးထားကြ တဲ့။




ဒေါ်အေးအေးရီသွားတိုင်လည်း အလကားပဲ။ ခွေးဘီလူး၊ရှုမောင်၊ မြေခွေးတို့က တိုင်ပင်ပြီးသား။

စောမောင်ကို ဝိုင်းကျဉ်လိုက်ကြပြီ။


ရှုမောင်၊ ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




ဒီလိုနဲ့ ၁၉၉၂ မှာ ခွေးဘီလူးဟာ စောမောင်ကိုဖြုတ်ချပြီး န.ဝ.တ ဥက္ကဋ္ဌရာထူးယူ ၊ရှိပြီးသား ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဆက်ယူတယ်။


ခွေးဘီလူးက အကွက်စေ့တယ်။


နောက်ပိုင်း ဗိုလ်ချုပ်မှုးကြီး ဆိုလား.. ကမ္ဘာမှာရော မြန်မာပြည်မှာရော တစ်ခါမှ မရှိဘူးတဲ့ ရာထူးကိုထပ်ယူသေးတယ်။


ရာထူး၊ အာဏာ၊ ငွေတွေနဲ့ ခွေးဘီလူး. ရူးပြီ။


ဒါနဲ့သူ မင်းတရားကြီး ခွေးဘီလူး ဖြစ်သွားတယ်။




မင်းတရားကြီး ခွေးဘီလူး က သူအာဏာစရပြီးနောက်ပိုင်း ၁၉၉၂ ကတည်းက တပ်မတော်အင်းအားရှိမှ တိုင်းပြည်အင်းအားရှိမယ်ဆိုပြီးတော့ ကြွေးကြော်ပြီး တပ်မတော်အင်အားကို တိုးချဲ့တော့တယ်။


စစ်တပ်ဆိုတာက ထောင်လိုပဲ..၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင် ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ တိုင်းတာကြတာမဟုတ်လား။


မင်းတရားကြီး ခွေးဘီလူးက တိုက်ရေးခိုက်ရေးသမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။


ခွေးဘီလူးက သိတာပေါ့။ မောင်အေးကို ခေါ်ထားတယ်လေ။ မောင်အေးက အရက်သာ အမြဲသောက်ပြီးမူးနေတတ်တာ၊ ဒါပေမယ့် မိုက်ဂုဏ်ရှိတယ်။ နောက်ပြီး မြေခွေးကိုခေါ်ထားတယ်။ မြေခွေးက ရက်စက်တယ်။


မင်းတရားကြီး ခွေးဘီလူးဟာ မာစတာဘရိမ်းသမားပါ..။




လက်ရုံးအားကိုးနဲ့ တိုင်းရင်းသားတွေအပေါ်ဆို အလွန်တရာ ရက်စက် အနိုင်ကျင့်တဲ့ ဒုချုပ် မောင်အေးကလည်း ခွေးဘီလူးနဲ့ တွေ့ရင်တော့ သူ့နာမည်နဲ့လိုက်အောင် အေးဆေး ငြိမ်သက်..။


အမိုက်ခံရမယ့် ကိစ္စတွေကို ခွေးဘီးလူးက မောင်အေးကို ခိုင်းတယ်။


အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းဘူး။


ခွေးဘီလူးအတွက်တော့ မောင်အေးဟာ အဆိပ်မရှိတဲ့ ရေမြွေလို့ သူတွက်ထားခဲ့...။




မင်းတရားကြီး ခွေးဘီလူးဟာ တပ်မတော်ကို စည်းမျဉ်း နည်းဥပဒေတွေနဲ့ မသွားတော့ဘဲ သူကြိုက်တဲ့သူတွေ ရာထူးတိုးပေးတယ်၊ သူမကြိုက်ရင် နယ်ပြောင်းပစ်တာတို့ ထုတ်တာတို့ စိတ်ကြိုက်လုပ်တာပဲ။


စီနီယာဗိုလ်ချုပ်တွေကို ဖြုတ်ပစ်တယ်။ ပြီးတော့ သူကြိုက်တဲ့ 

မင်းအောင်လှိုင်ကို ဦးစီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တယ်။


မင်းတရားကြီး ခွေးဘီလူးဟာ တပ်ကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သူ လုပ်ချင်သလို လုပ်ခဲ့တာပါ။




ခွေးဘီလူးဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ခေတ်နဲ့ အမှီလိုက်တယ်။ အပြိုင်အဆိုင် ရက်စက် ယုတ်မာတာပေါ့။


၈၈ ပြီးသွားတော့လည်း သူ ရက်ရက်စက်စက်သတ်ခဲ့တဲ့ ပြည်သူတွေ နည်းတာမဟုတ်ဘူး။ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေရော..။




မင်းတရားကြီး ခွေးဘီလူး တိုက်ရိုက် အမိန့်ပေးခဲ့တာ သက်သေ လက်ဆုပ်လက်ကိုင်ပြနိုင်တာတွေရှိတယ်။


၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာပေါ့။ 


အဲဒီတုန်းက မှာ ရိုဟင်ဂျာသူပုန်ဆိုပြီးအရပ်သား စုစုပေါင်း လူ ၄၀၀ ကျော်ကို အရှင်ဖမ်းမိတယ်။


ခွေးဘီလူးကို သတင်းပို့တော့ သူက ကုလားတွေ၊ လူမှမဟုတ်တာ၊ ရှင်းပစ် တဲ့။


သူ အဲ့ဒီလို အမိန့်ပေး သတ်ခိုင်းတဲ့သူက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ဖြစ်ပါတယ်။




နောက်တစ်ကြိမ်က ၁၉၉၆ ခုနှစ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာပေါ့။


ခွေးဘီလူးက စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတယ်။


ရွာသားတွေ စကားနားမထောင်ရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။




၁၉၉၈ ခုနှစ် မေလ။


ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ ခွေးဘီလူးက အမိန့်ပေးခဲ့တယ်။


သူ အမိန့်ပေးခဲ့သူက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ဖြစ်ပါတယ်။


အဲဒီခရစ္စတီးကျွန်းလူသတ်ပွဲမှာ ဒီအကြောင်းရေးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကိုယ်တိုင် ရှိနေတာကြောင့် သူက သက်သေထွက်ဆိုနိုင်ပါတယ်။




ဘယ်သူ ဘယ်ဝါ မသေချာပေမဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးဟာလည်း ၂၀ဝ၁ ခုနှစ်ထဲမှာ ရဟတ်ယာဉ် ပျက်ကျအောင်လုပ်ပြီး လုပ်ကြံခံလိုက်ရတယ်။




ခွေးဘီလူးကတော့ သူ့ကို လုပ်ကြံပြီး အာဏာပြန်ယူ ဖို့ကြိုးစားတဲ့ ရှုမောင်တို့မိသားစုကို ကြိုးတိုက်ထဲထည့်ပြီး ရှုမောင်ကို အကျယ်ချုပ်ထားလိုက်တယ်။ ၂၀၀၂ မှာ ရှုမောင်သေတယ်။


ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ခွေးဘီလူး ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့တယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းတွေ၊ တပ်မတော်အရာရှိတွေ၊ ရဲအရာရှိတွေက သက်သေ ထွက်ဆိုနိုင်ပါတယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကပြောပြတယ်။




မောင်အေးကလည်း ခွေးဘီလူး သူ့ကို ရှင်းပစ်ခံရမှာကို အမြဲကြောက်နေခဲ့တယ်။ ဒါပေမဲ့ ခွေးဘီလူးဟာ သူနဲ့ ပြိုင်ဘက်လို နာမည်ကြီးလာတဲ့ မြေခွေးခင်ညွန့် ကိုပဲ ရှင်းပစ်ဖို့ စဉ်းစားတာပါ။


လူသတ်လုပ်ကြံတဲ့နေရာမှာ အရမ်းတော်လာတဲ့ မြေခွေးဟာ သူ့ဘက်လှည့်လာနိုင်တယ်ဆိုတာ သူသိတယ်။




ခွေးဘီလူးဟာ သူ့ဆရာရှုမောင်လိုပဲ ဗေဒင်တွေ ယတြာတွေကိုလည်း အရမ်းယုံကြည်တဲ့သူတစ်ယောက်ပေါ..။


တစ်ခါကဆို ယတြာချေဖို့အတွက်ကို သူကိုယ်တိုင်ချိတ်ထမီကြီးဝတ်လို့ တခြားဗိုလ်ချုပ်တွေအားလုံးကိုပါ ချိတ်ထမီဝတ်ခိုင်းပြီး အခမ်းအနားတက်ခိုင်းခဲ့တာလည်း တိုင်းသိပြည်သိကြီးပါ။ 


သူသမ္မတရာထူးပေးခဲ့တဲ့ သိန်းစိန်အပါအဝင် ဗိုလ်ချုပ်အတော်များများ ချိတ်ထမီကြီးဝတ်လို့ အဲ့ဒီအခမ်းအနားမှာ ပါဝင်ခဲ့ကြရပါတယ်။




စစ်အာဏာရှင် မိန်းမတွေရဲ့ ကဏ္ဍလည်းရှိပါသေးတယ်။


၁၉၅၆ တုန်းက ခွေးဘီလူးက မကြိုင်ဆိုတဲ့ မုဆိုးမနဲ့ တရားဝင် အိမ်ထောင်ကျတယ်။


သူ့မိန်းမနာမည် ဒေါ်မကြိုင်ကနေ ဒေါ်ကြိုင်ကြိုင်ပါဆိုပြီးပြောင်းခေါ်စေခဲ့တယ်။


ဒေါ်မကြိုင်ဖက်က အရင်အိမ်ထောင်နဲ့ပါလာတဲ့သားက ဘိုးတော်လို့နာမည်ကျော်နေသူ ကိုမောင်မောင်ဆိုသူဖြစ်ပါတယ်။




ခွေးဘီလူးရဲ့ မိန်းမ ဒေါ်မကြိုင်နဲ့ မောင်အေးရဲ့ မိန်းမ ဒေါ်မြမြစန်းတို့က မြေခွေးရဲ့မိန်းမ ဒေါ်ခင်ဝင်းရွှေကို သိပ်မုန်းတာ။


မြေခွေး ရဲ့ မိန်းမကဆရာဝန်လေ။ လူမှုရေးအဖွဲ့အစည်း တော်တော်များများရဲ့ ဥက္ကဋ္ဌ..။ ပွဲဝင်နိုင်တဲ့မိန်းမ။


မြေခွေးတို့ လင်မယားက ခွေးဘီလူးတို့ လင်မယားကို အနှစ်မရှိသူတွေ၊ ငြီးငွေ့ဖွယ်ကောင်းပြီး ပညာမတတ်တဲ့ သူတွေလို့ အထင်သေးတယ်။


မောင်အေးရဲ့ မိန်းမ ဒေါ်မြမြစန်းက မြေခွေးတို့ လင်မယားနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေကို ခွေးဘီလူးတို့လင်မယားကို သွားပြော ရန်တိုက်ပေး အလုပ်တွေရှုပ်တော့တာပေါ့။


သူတို့ မြေခွေးရဲ့ မိန်းမကို တိုက်ခိုက်ဖို့အတွက် လောကီပညာ အောက်လမ်းနည်းတွေကိုတောင် သုံးသတဲ့။


ယောက်ျား ယောက်ျားချင်း၊ မိန်းမ မိန်းမချင်း ရန်စောင်နေကြတဲ့ပွဲ..။




အမှန်တော့ ခွေးဘီလူးနဲ့ မောင်အေးက ၂ ယောက်ပေါင်းရင်တောင် နိုင်ငံတကာ ရေးရာတွေမှာ မြေခွေးလောက် ပညာသင်ကြားခွင့် မရခဲ့သလို နိုင်ငံခြား ခရီးစဉ်တွေလည်း အများကြီး မသွားခဲ့ဖူးဘူး။


ဒါပေမဲ့ ခွေးဘီလူးနဲ့မောင်အေးက တိုက်ခိုက်ရေး တပ်မှူးတွေနဲ့ တိုင်းမှူးတွေ အားလုံးကို စည်းရုံးထားနိုင်တဲ့ အချက်ကသာတယ်။


နောက်ဆုံးတော့ ခွေးဘီလူးရဲ့ စစ်တပ်နဲ့ မြေခွေးရဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ကြားက တင်းမာမှုကလည်း ညှိနှိုင်းစေ့စပ်လို့ မရနိုင်တဲ့ အခြေအနေအထိ ရောက်လာတယ်။




စစ်တပ်ထဲမှာရှိသူ အားလုံးဟာ မြေခွေးတို့ ထောက်လှမ်းရေးအဖွဲ့ ဖယ်ရှားခံလိုက်ရတာနဲ့ ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံရမယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။




ဒါကို မြေခွေးရဲ့ လူယုံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ကလည်း ရိပ်မိတယ်။ သူတို့ဟာ အန္တရာယ်ကြားထဲ ရောက်နေပြီဆိုတာ..။


တိုင်းပြည်ကနေ ထွက်ပြေးဖို့ လိုနေပြီလို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အကူအညီတောင်းခဲ့တယ်။


ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဓားခုတ်ရာ လက်ဝင်မလျှိုဘူး..။ 


သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားမှာစိုးလို့တဲ့။


မြေခွေးတို့အဖွဲ့ဟာ သေနေ့ကို ထိုင်စောင့်နေရသလိုဖြစ်နေခဲ့..။




၂၀ဝ၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့။


ခွေးဘီလူးက မောင်အေးကိုလွှတ်ပြီး မြေခွေးကို ဖမ်းဆီးထောင်ချခိုင်းလိုက်တယ်။


ခွေးဘီလူး နဲ့ မောင်အေးဟာ နောက်နာရီ အနည်းငယ်အတွင်းမှာပဲ မြေခွေးရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အားလုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖျက်သိမ်းပစ်လိုက်တယ်။ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့လို့ အမည်ပြောင်းတယ်။


ရှုမောင်လည်း မရှိတော့ အားကိုးရာမဲ့ မြေခွေးတို့ဟာ ပြန်လည်ခုခံနိုင်မှု လုံးဝ မရှိခဲ့ပါ။


အဲ့ဒီနည်းနဲ့ ခွေးဘီလူးရဲ့ လက်အောက်ကို စစ်တပ်ရော၊ ထောက်လှမ်းရေးရော ၂ ခုလုံး အပြည့်အဝရောက်သွားတာပေါ့။




မြေခွေးကို အမိန့်မနာခံမှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ဘာညာတွေနဲ့ အရေးယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးပေါ့။


မြေခွေးဟာ လူတွေအများကြီးကို သူကိုယ်တိုင်ထိုးထည့်ခဲ့တဲ့ အင်းစိန်ထောင် ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းဖို့အတွက် သူ့ရဲ့အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဘန်ဂလိုလေးမှာ သူပြန်နေခဲ့ရတယ်။ ဝဋ်တွေလည်ကြတာ..။




နောက်တော့ မြေခွေးကို ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ပြီး နေအိမ်မှာ အကျယ်ချုပ်နဲ့ ထားခဲ့တယ်။


ခွေးဘီလူး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ညှင်းဆဲတဲ့ ကိစ္စကလည်း ကမ္ဘာကျော်ပဲ။


မင်းတရားကြီး ခွေးဘီလူးဟာ အာဏာနဲ့ပတ်သက်ရင် သံဃာလည်းမရှောင်ဘူး။




၂၀၀၈ ခုနှစ် မေလ၊ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးစေတဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးဖြစ်ခဲ့တယ်။


အဲဒီတုန်းက မုန်တိုင်းသင့်ဒေသ တစ်ဝိုက်ဟာ `စစ်မြေပြင် တစ်ခုလို..။ မိလ္လာပိုက်လိုင်းတွေ ပေါက်ထွက်လာတာမို့ မြေပြင်တစ်ခုလုံးမှာ အညစ်အကြေးမစင်တွေ၊ အလောင်းတွေ..။


ခွေးဘီလူးဟာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့တယ်။


သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ သေကြေ ငတ်ပြတ်နေတုန်း(၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတင်းလုပ်ခဲ့တဲ့ မိစ္ဆာကြီး..။


မင်းတရားကြီး ခွေးဘီလူးဟာ ပြည်သူ့ အလောင်းတွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ၂၀၀၈ ခြေ/ဥ ကိုအတည်ပြုခဲ့..။




ခွေးဘီလူးက သူ မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့် နိုင်ငံတကာတရားရုံးကို အရမ်းကြောက်တယ်။


ဒါကြောင့် ခွေးဘီလူးဟာ ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ်။




ခွေးဘီလူးတို့ အာဏာရှင်တစ်သိုက်ရဲ့ အရှုပ်တော်ပုံကို မြန်မာနိုင်ငံသားတွေက တိုင်းပြည်အုပ်ချုပ် နေသူတွေဟာ လူသတ်သမားတွေ တောင်မကဘူး သူခိုးတွေ၊ ဓားပြတွေအထိ ဖြစ်နေပြီဟာသလုပ်ကြတယ် ။


ခွေးဘီလူးဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဘက်တွေအားလုံး သေတဲ့သူသေ၊ ဘေးရောက်တဲ့သူရောက် ဖြစ်သွားလို့ စိတ်အေးသွားတယ်။


ကျန်တာတာ သူ့ ရာထူးတည်မြဲရေးအတွက် နိုင်ငံရေးဘက် နဲ့ တိုင်းပြည်ကငွေတွေ အိတ်ထဲကြုံးထည့်ဖို့ကို အားစိုက်တော့တယ်။




ခွေးဘီလူးဟာ သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ဝါဒဖြန့်ခိုင်းတယ်။ အဲဒီဝါဒထဲက တစ်ခုက သူကိုယ်တိုင် သာလွန်မင်းတရားကြီးဝင်စားတာတဲ့ ..။


အဲဒီမှာ ခွေးဘီလူးရဲ့ ဘုရင်ရူးတဲ့ ရောဂါကို ပြည်သူတွေသိလာတာပဲ။




စစ်အာဏာရှင်အသိုင်းအဝိုင်းက 

'အာဏာတည်စေ'၊ 'ပလ္လင်မြဲစေ' စေတီတွေကို နေပြည်တော်ပျဉ်းမနားအနီး မင်းဝင်တောင်က စိန္တာမုနိကျောင်းတိုက်ထဲမှာရှိနေတယ်။


ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မျက်နှာစာမှာတော့ ခွေးဘီလူးဟာ သူ့ မျက်နှာနဲ့ ဆင်တူသော ကျောက်စိမ်းဘုရားဆင်းတုတော်ကို ယတြာသဘောနဲ့ ထုထားတယ်။


အဲဒီရုပ်တုကို ကုလအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီလည်း ရှိခိုးမိသွားပြီ။ တရုတ်သမ္မတ ရှီကျင့်ဖျင် လည်း ကန်တော့ပြီးသွားပြီ။


မင်းတရားကြီး ခွေးဘီလူးပါဆိုမှ..ဘုရင်ရူးလေ..။ လူကန်တော့အောင် ယတြာချေတာပေါ့။




ခွေးဘီလူးဟာ မြောက်ကိုရီးယားခေါင်းဆောင်တွေလို သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတယ်။


မြန်မာပြည် မြို့တော်ကို ကြပ်ပြေးဘက်ရွှေ့ပြီး နေပြည်တော်လို့ သမုတ်ခဲ့တယ်။


ဆိုလိုချင်တာ မင်းနေပြည်တော်ပေါ့လေ..။ သူကတော့ ပြည့်ရှင်မင်းတရားကြီးပေါ့။




မင်းတရားကြီး ခွေးဘီလူး ကတော် ဒေါ်မကြိုင်ကလည်း မယ်တော်ကြီးကြိုင် ဖြစ်ပါလေရော..။


၂၀၀၂ ခုက စပြီးအဓိပတိခေတ်က ဘုရင်မကြီးလိုနေပစ်လိုက်။


ကလေးတွေကို သမီးတော် မြေးတော် စတဲ့ ဘာဘာညာညာ အသုံးအနှုန်းတွေ လျှောက်သုံးပြီး စိတ်တိုင်းကျ ရူးတော့တာပဲ။




ခွေးဘီလူးမှာ သားသမီး ၈ ယောက်ရှိတယ်။ ကိုနိုင်စံရွှေ၊ ကိုထွန်းနိုင်ရွှေ၊ မဒေဝါရွှေ၊ မခင်ပြုံးရွှေ၊ မကြည်ကြည်ရွှေ၊ ကိုသန့်ဇော်ရွှေ၊ မအေးအေးသစ်ရွှေ၊ မသန္တာရွှေ..ရွှေ ရွှေ ရွှေ ရွှေ။


အဲဒီသားသမီးတွေက ခွေးဘီလူးရာထူးငယ်စဉ်ဘဝမှာ စစ်ကားနဲ့ ကျောင်းတက်တယ်၊ မာန်မာနထောင်လွှားခြင်းလည်းမရှိခဲ့ကြပါ။ခွေးဘီလူးငယ်ငယ်ကလိုပဲ။


ခွေးဘီလူးအာဏာရလာတော့ တိုင်းပြည်က ခိုးထားတဲ့ငွေတွေနဲ့ မိသားစုကို စိန်နဲ့စီပစ်လိုက်တာ..။




မင်းတရားကြီးခွေးဘီလူးရဲ့ မိသားစုဟာလည်းပြောင်းလဲသွားတော့တယ်။ လူတွေကိုဗိုလ်ကျတယ်၊ တနိုင်ငံလုံးက ပစ္စည်းကိုလည်း ကိုယ်ပိုင်ပစ္စည်းလို ထင်တိုင်းကျဲပြုမူတော့တယ်။


တချိန်က ရိုးရိုးကုတ်ကုတ်နေခဲ့တဲ့ သူ့ရဲ့သားသမီးတွေဟာ လောဘ အတောမသတ် ဖြစ်လာကြတယ်။


မင်းတရားကြီးခွေးဘီလူးနှင့် သူ၏ ခိုးသားမိသားစုပေါ့။




တစ်ခါတော့ ခွေးဘီလူးတို့ မိသားစု မေမြို့ (ပြင်ဦးလွင်) ကို သွားလည်ရင်း ကုန်တိုက်တခုကို ရောက်တော့ ကြိုက်ရာပစ္စည်းတွေ လက်ညှိုးထိုးယူခဲ့ကြတယ်။ ငွေတကျပ်မပြားမှ မပေးခဲ့ပါဘူး။


မယ်တော်ကြီးကြိုင်ဟာ သူတို့အဝတ်တွေကို စက်နဲ့ မလျှော်ဘဲ အောက်ခြေတပ်မှူးကတော်တွေ ကို ဆန်းလိုက်ဆပ်ပြာသုံးပြီ လက်နဲ့လျှော်ခိုင်းပြီး အနိုင်ကျင့်တယ်။




ခွေးဘီလူးရဲ့ အချစ်ဆုံးမြေးက ဖိုးလပြည့် ဆိုတဲ့ နေရွှေသွေးအောင်တဲ့။


၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အဝယ်ခိုင်းခဲ့တာမျိုး..။ စင်ကာပူကို ဂျက်လေယာဉ်နဲ့ နေ့ချင်းပြန်ကျောင်းထားခဲ့တာမျိုး။


နေရွှေသွေးအောင်ရဲ့ ၁၆-နှစ်မြောက် မွေးနေ့ကလည်း ဆီဒိုးနား ဟိုတယ်မှာ တကယ့်ကို အကြီးအကျယ် ကျင်းပခဲ့သေး။


ဒီလို တိုင်းပြည်ရဲ့ငွေတွေကို ပလွှားသုံးဖြုန်းရင်း သူကလည်း အဆိုတော်တွေ၊ ရုပ်ရှင် မင်းသားတွေလို မြန််မာပြည်မှာ နာမည်ကိုကျော်လို့


ပြည်သူတွေကတော့ သူခိုးကြီး မင်းတရားကြီးရဲ့ မြေးကို စိန်မျောက်မျောက် လို့ခေါ်ကြတယ်။




ခွေးဘီလူးရဲ့ သမီး စိန်တွေညွှတ်နေအောင် ဆင်ထားတဲ့ သန္တာရွှေရဲ့ ၂ဝဝ၆ က မင်္ဂလာဆောင် ဗီဒီယိုခွေ က ပြည်သူတွေဆီ ပေါက်ကြားတဲ့ အခါ ပြည်သူတွေ သိသွားတယ်။


ဘာတဲ့စိန်စီသောည ဆိုလား။


ဒေသတွင်း နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကဆိုရင် ဗိုလ်ချုပ်မှူးကြီးရဲ့သမီးကိုကြည့်ရတာ ခရစ်စမတ်သစ်ပင်ကျနေတာပဲလို့ အရွှန်းဖောက်ပြီးပြောရလောက်တဲ့အထိပါ။


နေပူပူအောက်မှာ ထမင်းတစ်လုတ်မငတ်အောင် မနည်းကြိုးစားနေတဲ့ ပြည်သူတွေ၊ ငတ်ပြတ်လို့ လမ်းပေါ်ရောက်နေတဲ့ ကလေးတွေ ဗိုက်ဆာနေချိန်မှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြတဲ့ စစ်အစိုးရနဲ့ နီးစပ်သူ လူကုန်ထံတွေ၊ စီးပွါးရေးသမားတွေဟာ စိန်ရောင်၊ရွှေရောင်၊ ပတ္တမြားရောင် တလက်လက်..။


သူတို့က မင်းတရားကြီးခွေးဘီလူးနဲ့ မယ်တော်ကြီးကြိုင်ကို မျက်နှာလို မျက်နှာရ လက်ဖွဲ့ပစ္စည်း အမြောက်အများနဲ့ ဖားကြတယ်။


ဇိမ်ခံကားတွေ၊ အိမ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတယ်။


လူတွေက စားရ သောက်ရမဲ့ ဖြစ်နေချိန်မှာ ဒေါ်လာတသန်း လောက် အကုန်အကျခံပြီး အခုလိုကျင်းပနိုင်တာကို မြန်မာပြည်သားတွေဟာ မခံမရပ်နိုင် ဒေါသထွက်ကြတယ်။


ဒါပေမဲ့ မြန်မာတွေ ပါးစပ်ပိတ်နေခဲ့ကြရတယ်။




ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်က မခွါ ဆက်တိုက်ရှိနေတော့ ခွေးဘီလူးအကြံတစ်မျိုးထပ်ထုတ်တယ်။


ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ဆိုတဲ့သူကို စစ်တပ်က အငြိမ်းစားယူခိုင်းထားလိုက်တယ်။


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှာ ခွေးဘီလူးက သူ့ရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူးကို နှုတ်ထွက်ပြီး သူ စီစဉ်ထားတဲ့အတိုင်း သိန်းစိန်ကို သမ္မတတင်တယ်။ 


အသက် ၆၀ ပြည့်လည်း အငြိမ်းစားမယူခဲ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ရာထူးနဲ့ ၁၉ နှစ်တောင် နေသွားတာ။ 


ပြီးမှ စီနီယာ ဗိုလ်ချုပ်တွေကိုကျော်ပြီး ချစ်သော မင်းအောင်လှိုင်ကို အဲ့ဒီ ရာထူးပေးခဲ့။




အဘိုးကြီး ခွေးဘီလူးက အာဏာကိုစွန့်တာမဟုတ်ဘူး။ 


အနောက်နားမှာ ခဏဆုတ်နေလိုက်ပြီး မောင်အေး အားကိုးနဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်ဖို့ကြိုးစားတယ်။


အတိုင်ပင်ခံကောင်စီဆိုပြီး နေပြည်တော်မှာ ထပ်ဖွဲ့ပြီး သူဥက္ကဋ္ဌဆက်လုပ်မယ်ပေါ့။


ဒီတစ်ခါတော့ မောင်အေး ခွေးဘီလူး စကားနားမထောင်တော့ဘူး။


ဗိုလ်ချုပ် အောင်ဆန်းကိုပဲ အားကျသလိုလို .. ၊ ဒါမှမဟုတ် ကိုယ်မြို့ ကိုယ်ရွာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဘ၀ နေဝင်ချိန်ကို ဖြတ်သန်းကြတဲ့ အမေရိကန် သမ္မတဟောင်းတွေကိုပဲ အားကျသလိုလို.. ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အလုပ်ကနားပြီး ဘုန်းကြီးဝတ်လိုက်တယ်။


သူက ဘိန်းဘုရင်တွေနဲ့ အလုပ်ဖြစ်ခဲ့သူဆိုတော့ ငွေကြေးကလည်း ပြည့်စုံနေပြီလေ။




အဲ့မှာ ခွေးဘီလူး တစ်ယောက်ဆည်းကျန်ခဲ့တာ။ 


ခွေးဘီလူး လက်မလျှော့သေးဘူး။ သိန်းစိန်၊မင်းအောင်လှိုင်နဲ့ ဇာတ်လမ်းဆက်တယ်။




သိန်းစိန်က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတတက်လုပ်တယ်။ ပြီးတော့မှ တကယ့် အရပ်သား သမ္မတတွေ တက်လာတာပါ။


ခွေးဘီလူးမှာ မင်းအောင်လှိုင်ပဲကျန်ရစ်တယ်။




မင်းတရားကြီးခွေးဘီလူးဟာ မြန်မာပြည်ရဲ့ အမြင့်ဆုံးတစ်နေရာက ဖယ်ပေးလိုက်ရပြီး ၁၀ နှစ်အကြာ

10 years later


၂၀၂၁ ဖေဖေါ်ဝါရီမှာ မင်းအောင်လှိုင်ကို အများပြည်သူ မြင်ကွင်းကို ထွက်ပြီး အာဏာသိမ်းလိုက်တယ်။




အခုတော့ ခွေးဘီလူးနဲ့ သိန်းစိန် အဘိုးကြီး နှစ်ယောက်က မင်းအောင်လှိုင် အဘကြီးရဲ့ အနောက်နားမှာ ပြုံးပြုံး ပြုံးပြုံးနဲ့။


မြေခွေးခင်ညွန့်ကတော့ သူငယ်ပြန်သလိုလို.. အတိတ်မေ့သလိုလို ရူးချင်ယောင် ဟိုပြော ဒီပြောပေါ့..။




ဘာပဲဖြစ်ဖြစ် မင်းတရားကြီးခွေးဘီလူး ပျော်ပါတယ်။


၁၉၆၂ က ရှုမောင်ရဲ့ အီးနံ့ကိုရှုပြီး သူပါတဲ့ ချီးကို လတ်လတ်ဆပ်ဆပ် စားလိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေအတွက် သူ အမြဲ ဂုဏ်ယူနေမှာဖြစ်ပါတယ်။




ဒါပေမဲ့ သူ ရှုမောင်လို ဝဋ်တွေလည်မှာတော့ အမြဲစိုးရိမ်ပြီး အသက်ရှင်နေတယ်။


မြန်မာစစ်အာဏာရှင်တွရဲ့နှစ်ဟောင်းက အကြောင်းတွေပါ..။ 


၂၀၂၂ အထိ မလိုက်ခဲ့နဲ့။ 

နေရစ်ခဲ့ကြတော့..။


  


မရွှေမိုး-ကိုရီးယား

December 30th,2021. 


ကိုးကား-

ဦးသန်းရွှေ ( သို့မဟုတ်) နေပြည်တော်မင်းသားကြီးသန်းဝင်းလှိုင်

အောင်ဇော်- အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ - ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

 မြန်မာပြည်က ပထမလေဒီ၊ ဦးသျှောင်တို့ရဲ့ မဟေသီများ

ဘိုဘို

ဘီဘီစီမြန်မာပိုင်း

၂၂ နိုဝင်ဘာ ၂၀၂၀

 ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ- အောင်လင်းထွဋ် ( ဆောင်းပါး )

သတင်းရင်းမြစ် _ ဧရာဝတီ

 ယောဟန်အောင်-ဗိုလ်ချုပ်သန်းရွှေအကြောင်း (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

 အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၁၀ - ဗိုလ်သန်းရွှေ အာဏာရှင်ဖြစ်လာခြင်း- 

အောင်ဇော်

ဧရာဝတီ

11 March 2014

 မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၅)

gen-maung-aye-march-10-11-2 ဧရာဝတီ

 တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါနိုင်ခေတ်

16 August 2021

တပ်မတော်ကာကွယ်ကွယ်ရေး ဦးစီးချုပ်တဦး


(Zawgyi)


 မင္းတရားႀကီး ေခြးဘီလူး 




နာမည္က ေခြးဘီလူး။

ေညာင္ေျခေထာက္႐ြာကတဲ့။

၁ဝ တန္းေအာင္လား မေအာင္လားေတာင္ ဘယ္သူမွ သိပ္မသိဘူး။ တခ်ိဳ႕ကလည္း သူ႕ပညာအရည္အခ်င္းက ေလးတန္းလို႔ေျပာၾကတယ္။သူ႕ ငယ္ဘဝအေၾကာင္း စုံစမ္းရတာ အေတာ္ခက္တယ္။


သူကိုယ္တိုင္ကိုက ႏႈတ္ပိတ္ထားတာ။




ေခြးဘီလူးက ေက်ာက္ဆည္က လယ္သမားရဲ႕ သား။


ဆင္းဆင္းရဲရဲ အညတရ စာတိုက္စာေရးနဲ႕ သူ႕ ဘဝက စခဲ့တာပါ။

အဲဒီတုန္းက ျမန္မာနိုင္ငံလြတ္လပ္ေရးရၿပီး ျပည္တြင္းစစ္ေတြ ဆက္ျဖစ္ေနခ်ိန္ေပါ့။


စစ္သားေတြလိုေနတဲ့ အခ်ိန္ဆိုေတာ့ စာပို႔တဲ့ အလုပ္ တစ္ႏွစ္ေလာက္ပဲလုပ္ၿပီး ထြက္လိုက္တယ္။


၁၉၅၃ မွာ စစ္ထဲဝင္တယ္။

တပ္မေတာ္ အရာရွိ ေလ့က်င့္ေရးေက်ာင္း O.T.S အပတ္စဥ္ (၉)ေပါ့။ ေခြးဘီလူး ဒုဗိုလ္ျဖစ္တယ္။




ကံေကာင္းတာလား ကံဆိုးတာလား မသိဘူး။ ေခြးဘီလူး နဲ႕ ရႈေမာင္ ၁၉၈၅ ခုႏွစ္မွာေတြ႕ၾကပါေလေရာ။


ရႈေမာင္ ဆိုတာ ျမန္မာျပည္ကို ၁၉၆၂ မွာ စစ္အာဏာသိမ္းလိုက္တဲ့ စစ္အာအာဏာရွင္ တဏွာ႐ူး ဗိုလ္ခ်ဳပ္ ေနဝင္းေပါ့။


အဲဒီတုန္းက ရႈေမာင္က သူ႕ စစ္တပ္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႕ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ အသစ္ ေ႐ြးဖို႔ရွာေနတာတဲ့။


ရႈေမာင္က အရည္အခ်င္းျပည့္ဝတဲ့ စစ္ဘက္အရာရွိႀကီးေတြကို အလိုမရွိဘူး။ အလုပ္ျဖဳတ္ပစ္လိုက္ၿပီ။ 


ၿပီးေတာ့ ၁၀ တန္း မေအာင္၊ သူ႕စကားနားေထာင္မယ့္ လူပိန္း ေတြကို လိုက္ရွာေနတဲ့ အခ်ိန္ေပါ့..။

ငပိန္း ေခြးဘီလူးနဲ႕ေတြ႕တာ..။


ရႈေမာင္ ရွာတဲ့လူေတြက မထက္ျမက္တဲ့ ခပ္ညံ့ညံ့လူျဖစ္ရမယ္။ 

လူေကာင္း မျဖစ္ရဘူး။ သူ႕အေပၚ ေခြးတစ္ေကာင္လို သစၥာရွိရမယ္။ စစ္တပ္ထဲက အျခားဂိုဏ္းဂဏေတြနဲ႕ကင္းရွင္းရမယ္..။


ဒီအရည္အခ်င္းေတြ ေခြးဘီလူးမွာ အကုန္ရွိေတာ့ သူတို႔ၿငိၿပီ..။




အဲ့ဒီေန႕က ဒီလို..။


တိုင္းမႉးေတြ ေဆြးႏြေးေနၾကတဲ့ အခန္းထဲကို ရႈေမာင္က ဝင္လာတာ။


ေဟ့..မင္းတို႔ေတြထဲမွာ ဘယ္သူ အသက္ အငယ္ဆုံးလဲ တဲ့။ 


အားလုံးက ေခြးဘီလူး လို႔ ေျဖတယ္။


(ေခြးဘီလူးဆိုတာ ေနာင္ျဖစ္လာမယ့္ ဗိုလ္မႉးခ်ဳပ္ သန္းေ႐ႊကို သူငယ္ခ်င္းေတြ ေခၚၾကတဲ့ နာမည္ေျပာင္ျဖစ္ပါတယ္။)




ရႈေမာင္ဟာ ၁၀ တန္းအထိပဲ အရည္အခ်င္းရွိတဲ့ ေခြးဘီလူးကို သေဘာက်တယ္။ ရႈေမာင္ေနာက္ထပ္ သေဘာက်တဲ့သူက ခပ္ေအးေအးသမား ေစာေမာင္..။




ေစာေမာင္နဲ႕ ေခြးဘီလူးက တကၠသိုလ္လည္း မတက္ခဲ့ဖူးဘူးတဲ့သူေတြမို႔ ရႈေမာင္ နည္းနည္းေတာ့ စိတ္ပူတယ္။


သူ႕လက္ေအာက္က လူေတြကို


မင္းတို႔ သူ႕ကို ခက္ရင္း ဘယ္လိုကိုင္ရမယ္၊ ဓားကို ဘယ္လိုကိုင္ ရတယ္ဆိုတာ သင္ေပးရင္ေကာင္းမယ္။ မ်က္စိပြင့္ နားပြင့္ ျဖစ္လာေအာင္ သံတမန္ ဧည့္ခံပြဲေတြလည္း ေခၚသြားၿပီး သင္ခန္းစာ တစ္ခုမဟုတ္တစ္ခု ရေအာင္လုပ္ေပးၾက လို႔ သင္ခိုင္းတယ္။


ေစာေမာင္နဲ႕ ေခြးဘီလူးလည္း အဲ့က်မွ ဇြန္းေတြ ခက္ရင္းေတြ ဒါးေတြ ကိုင္ၿပီးစားေသာက္ဖူးတာ။


ရႈေမာင္က သူတို႔ႏွစ္ေယာက္ကို အဲဒီလို လက္သပ္ေမြးခဲ့တာပါ။




ဒါဟာ ေလာင္းကစားသမား ရႈေမာင္ ျမင္းမွားၿပီး ေလာင္းေၾကးထပ္မိတာပဲ။


ေခြးဘီလူးက ေနာင္တစ္ခ်ိန္မွာ သူ႕ကို ေနအိမ္အက်ယ္ခ်ဳပ္ထဲျပန္ခ်ထားၿပီး ေသြးအန္ၿပီးေသေအာင္ လုပ္မယ့္သူျဖစ္လာခဲ့တယ္..။


ေခြးဘီးလူးက ငယ္ငယ္ကတည္းက သိပ္ၿပီးလူေတာမတိုးဘူး။ ဟိုေခ်ာင္ကပ္ ဒီေခ်ာင္ကပ္ပဲ။ လူအျမင္မွာ မႈန္ကုတ္ကုတ္နဲ႕ ေရွ႕တန္းလည္းထြက္ေလ့မရွိဘူး။ ရႈေမာင္နဲ႕ စေတြ႕ေတာ့လည္း ရႈေမာင္နားမွာ ဟိုကုတ္ကုတ္ ဒီကုတ္ကုတ္ေပါ့..။




၁၉၈၈ မွာ ရႈေမာင္တို႔ မတရားခိုးတာ လက္လြန္ကုန္ေတာ့ ျမန္မာျပည္သူေတြက မခံနိုင္ေတာ့ဘူး။ အေရးေတာ္ပုံႀကီးျဖစ္ပါေလေရာ။


ရႈေမာင္က ေခြးဘီလူးတို႔ကို ျပည္သူေတြ သတ္ခိုင္းတယ္။


ဒါေပမဲ့ ၈၈ ျပႆနာက စစ္အာဏာရွင္ေတြထင္ခဲ့သလို မေသးေကြးခဲ့ဘူး။


သမၼတစန္းယုနဲ႕ ရႈေမာင္တို႔ ရာထူးက ႏႈတ္ထြက္ရတယ္။


သူတို႔ စိန္လြင္ကို သမၼတတင္တယ္။ဒါလည္းမရ ျပည္သူက စိန္လြင္ကို ထပ္ျဖဳတ္ခ်တယ္။


ေဒါက္တာေမာင္ေမာင္ကို သမၼတထပ္တင္တယ္။ ဒါလည္းမရ။ ျပည္သူေတြက ေဒါက္တာ ေမာင္ေမာင္ကို ထပ္ျဖဳတ္ခ်တယ္။


ျပည္သူေတြက သူတို႔သေဘာက်တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို လူထုေခါင္းေဆာင္ ျမႇောက္တယ္။


သူတို႔သေဘာက်တဲ့ ကိုမင္းကိုနိုင္ကို ေက်ာင္းသားဥကၠ႒ ျမႇောက္တယ္။


ဦးႏုကလည္း သူက တရားဝင္ယွဥ္ၿပိဳင္အစိုးရပါလို႔ ကမၻာကိုေၾကညာတယ္။


ရႈေမာင္တို႔ အခက္ေတြ႕ၿပီ။




အဲဒီမွာ ရႈေမာင္က သူ႕တပည့္ေက်ာ္ႀကီး ေစာေမာင္ကို စစ္အာဏာသိမ္းခိုင္းလိုက္တယ္။


ၿပီးေတာ့ နိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ (န-ဝ-တ) ဖြဲ႕တယ္။ ေစာေမာင္ကို ဥကၠ႒ေပးၿပီး ေခြးဘီလူးကို ဒုတိယဥကၠ႒ ေနရာေပးလိုက္တယ္။


ေခြးဘီလူး ေနရာရသြားတယ္။




ရႈေမာင္က သူ႕ တပည့္ရင္း ေျမေခြးခင္ၫြန႔္ကိုေတာ့ န-ဝ-တ အဖြဲ႕ရဲ႕ အတြင္းေရးမႉး(၁)ေပးလိုက္တယ္။


မိုက္႐ူးရဲ ေမာင္ေအးဆိုတဲ့သူကို နိုင္ငံေတာ္ ၿငိပ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ဝင္ (အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး)ေပးလိုက္တယ္။


ရႈေမာင္၊ ေစာေမာင္၊ ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္တယ္။




ကာကြယ္ေရးဘက္မွာဆို ေစာေမာင္က ကာကြယ္ေရးဦးစီးခ်ဳပ္။


ေခြးဘီလူးက စစ္ဘုရင္ေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ ထြန္းၾကည္၊ ဗိုလ္ခ်ဳပ္ ေက်ာ္ဘ၊ ဗိုလ္ခ်ဳပ္ စိန္ေအာင္၊ ဗိုလ္ခ်ဳပ္ ျမင့္ေအာင္တို႔လို စစ္သားၾကမ္းႀကီးေတြကို ျဖတ္တက္ၿပီး ဒု ကာကြယ္ေရး ဦးစီးခ်ဳပ္ရာထူးရလာတယ္။


ေခြးဘီလူး ေနရာရသြားတယ္။




ေစာေမာင္က ရႈေမာင္သင္ေပးတဲ့အတိုင္း ေ႐ြးေကာက္ပြဲက်င္းပၿပီးရင္ အနိုင္ရပါတီကို အာဏာလႊဲမယ္၊ သူ စစ္တန္းလွ်ားျပန္မယ္ ဘာညာနဲ႕ ျပည္သူေတြကို ကတိေပး ႏွစ္သိမ့္တယ္။


မၾကာပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အနိုင္ရတယ္။


ဒါေပမဲ့ အာဏာလႊဲေျပာင္းေပးဖို႔ အျခားဗိုလ္ခ်ဳပ္ေတြက သေဘာမတူခဲ့ပါ။ ေစာေမာင္ ၾကားထဲက ဗ်ာမ်ားလာတယ္။


ဒီၾကားထဲ ေစာေမာင္ကို ေခြးဘီလူးနဲ႕ အေပါင္းအပါက လုပ္ႀကံတယ္။ ေစာေမာင္ရဲ႕ စိတ္က်န္းမာေရးကမေကာင္းေတာ့ဘူး။ သူတို႔ ေစာေမာင္ကို ႐ူးေအာင္လုပ္တယ္။




ေစာေမာင္ ႐ူးေနၿပီဆိုၿပီး ေစာေမာင္ လက္ထဲကေန ေခြးဘီလူးက ေစာေမာင္ရဲ႕ရာထူးကို လႊဲယူလိုက္တယ္။


ေစာေမာင္တကယ္ပဲ႐ူးတာလား၊ ေခြးဘီလူးပဲ အ႐ူးေဆးထိုးေပးလိုက္သလား ေခြးဘီလူးပဲ အသိဆုံးျဖစ္မွာပါ။




၁၉၉၂-ခုႏွစ္၊ ဧၿပီလ ၂၃ ရက္။


ေခြးဘီလူးက ေစာေမာင္ ေနရာကိုယူလိုက္ၿပီျဖစ္တဲ့အေၾကာင္း အသံလႊင့္ဌာနက ေၾကညာခဲ့တယ္။ ဒါကို ေစာေမာင္တို႔ မိသားစုက နားေထာင္လိုက္ရပုံ မရဘူး။


ဒါေၾကာင့္ ေစာေမာင္ ေနာက္တေန႕နံနက္မွာ ဘာမွမသိဘဲ ႐ုံးသြားဖို႔ ျပင္ေနတာေပါ့။


ေစာေမာင္ အျပင္ကိုထြက္လိုက္ေတာ့သူ႕ အိမ္ပတ္ပတ္လည္မွာ စစ္သားေတြ ပတ္လည္ဝိုင္းထားၿပီ။


အဲ့က်မွ ေစာေမာင္ သေဘာေပါက္တယ္။ သူ႕ကို ေနအိမ္ အက်ယ္ခ်ဳပ္ ဖမ္းထားၿပီဆိုတာ..။


ေစာေမာင္ ေဒါသအႀကီးအက်ယ္ ထြက္သြားတယ္။


သူ႕ရဲ႕ ကိုယ္ေရးအရာရွိေတြနဲ႕ အိမ္သားေတြကို ေအာ္ဟစ္ေခၚၿပီး မိန္းမကို အလံျပဘုရားလမ္းမွာရွိတဲ့ စစ္႐ုံးခ်ဳပ္ကို အျမန္ဆုံးသြားေျပာၾကဖို႔ လႊတ္လိုက္တယ္။


ေစာေမာင္ရဲ႕ မိန္းမ ေဒၚေအးရီကလည္း အေတာ့္ကို ေဆြ႕ေဆြ႕ခုန္သြားတယ္။


ေဒၚေအးရီ စစ္႐ုံးေပၚသို႔ တက္လာၿပီး  က်မ လုံးဝမေက်နပ္ဘူး၊ ရွင္တို႔ မတရား လုပ္တာ၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းကို သြားတိုင္မယ္ လို႔ေအာ္ဟစ္တယ္။


ေဒၚေအးရီ ႐ုံးေပၚက ဆင္းသြား ေတာ့ စစ္႐ုံးကလူေတြ တေယာက္တေပါက္နဲ႕ ေျပးရမလိုလို..ေၾကာက္ကုန္ၾကပါေလေရာ..။


 ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ ေသနတ္ကိုင္ၿပီးတက္လာရင္ ဘယ္လို လုပ္ၾကမလဲ


အဲဒီအခ်ိန္မွာ ရႈေမာင္ရဲ႕ အားအကိုးရဆုံး ေျမေခြး ခင္ၫြန႔္က  ဘာမွမပူပါနဲ႕၊ ဗိုလ္ခ်ဳပ္မႉး ႀကီးေစာေမာင္ရဲ႕ ေသနတ္ထဲမွာ က်ဳပ္ ယမ္းႏႈတ္ထားတယ္။ ယမ္းမပါတဲ့ က်ည္ဆံေတြပဲထည့္ထားတာ ။ စိတ္ေအးေအးထားၾက တဲ့။




ေဒၚေအးေအးရီသြားတိုင္လည္း အလကားပဲ။ ေခြးဘီလူး၊ရႈေမာင္၊ ေျမေခြးတို႔က တိုင္ပင္ၿပီးသား။

ေစာေမာင္ကို ဝိုင္းက်ဥ္လိုက္ၾကၿပီ။


ရႈေမာင္၊ ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




ဒီလိုနဲ႕ ၁၉၉၂ မွာ ေခြးဘီလူးဟာ ေစာေမာင္ကိုျဖဳတ္ခ်ၿပီး န.ဝ.တ ဥကၠ႒ရာထူးယူ ၊ရွိၿပီးသား ကာကြယ္ေရးဦးစီးခ်ဳပ္ရာထူးကိုလည္း ဆက္ယူတယ္။


ေခြးဘီလူးက အကြက္ေစ့တယ္။


ေနာက္ပိုင္း ဗိုလ္ခ်ဳပ္မႈးႀကီး ဆိုလား.. ကမၻာမွာေရာ ျမန္မာျပည္မွာေရာ တစ္ခါမွ မရွိဘူးတဲ့ ရာထူးကိုထပ္ယူေသးတယ္။


ရာထူး၊ အာဏာ၊ ေငြေတြနဲ႕ ေခြးဘီလူး. ႐ူးၿပီ။


ဒါနဲ႕သူ မင္းတရားႀကီး ေခြးဘီလူး ျဖစ္သြားတယ္။




မင္းတရားႀကီး ေခြးဘီလူး က သူအာဏာစရၿပီးေနာက္ပိုင္း ၁၉၉၂ ကတည္းက တပ္မေတာ္အင္းအားရွိမွ တိုင္းျပည္အင္းအားရွိမယ္ဆိုၿပီးေတာ့ ေႂကြးေၾကာ္ၿပီး တပ္မေတာ္အင္အားကို တိုးခ်ဲ့ေတာ့တယ္။


စစ္တပ္ဆိုတာက ေထာင္လိုပဲ..၊ တေယာက္အရည္အေသြး တေယာက္ အကဲခတ္ ဆုံးျဖတ္ရင္ ဘယ္ေလာက္မိုက္ခဲ့သလဲ၊ လူဘယ္ေလာက္ သတ္ခဲ့သလဲဆိုတဲ့ မိုက္ဂုဏ္နဲ႕သာ တိုင္းတာၾကတာမဟုတ္လား။


မင္းတရားႀကီး ေခြးဘီလူးက တိုက္ေရးခိုက္ေရးသမိုင္းမရွိေတာ့ တခ်ိဳ႕တိုင္းမႉး၊ တပ္မမႉးေတြက အထင္မႀကီးဘူးေပါ့။


ေခြးဘီလူးက သိတာေပါ့။ ေမာင္ေအးကို ေခၚထားတယ္ေလ။ ေမာင္ေအးက အရက္သာ အၿမဲေသာက္ၿပီးမူးေနတတ္တာ၊ ဒါေပမယ့္ မိုက္ဂုဏ္ရွိတယ္။ ေနာက္ၿပီး ေျမေခြးကိုေခၚထားတယ္။ ေျမေခြးက ရက္စက္တယ္။


မင္းတရားႀကီး ေခြးဘီလူးဟာ မာစတာဘရိမ္းသမားပါ..။




လက္႐ုံးအားကိုးနဲ႕ တိုင္းရင္းသားေတြအေပၚဆို အလြန္တရာ ရက္စက္ အနိုင္က်င့္တဲ့ ဒုခ်ဳပ္ ေမာင္ေအးကလည္း ေခြးဘီလူးနဲ႕ ေတြ႕ရင္ေတာ့ သူ႕နာမည္နဲ႕လိုက္ေအာင္ ေအးေဆး ၿငိမ္သက္..။


အမိုက္ခံရမယ့္ ကိစၥေတြကို ေခြးဘီးလူးက ေမာင္ေအးကို ခိုင္းတယ္။


အေရးႀကီးတဲ့ ကိစၥေတြမွာေတာ့ ဒုခ်ဳပ္ ေမာင္ေအးကို လူစာရင္းေတာင္ မသြင္းဘူး။


ေခြးဘီလူးအတြက္ေတာ့ ေမာင္ေအးဟာ အဆိပ္မရွိတဲ့ ေရေႁမြလို႔ သူတြက္ထားခဲ့...။




မင္းတရားႀကီး ေခြးဘီလူးဟာ တပ္မေတာ္ကို စည္းမ်ဥ္း နည္းဥပေဒေတြနဲ႕ မသြားေတာ့ဘဲ သူႀကိဳက္တဲ့သူေတြ ရာထူးတိုးေပးတယ္၊ သူမႀကိဳက္ရင္ နယ္ေျပာင္းပစ္တာတို႔ ထုတ္တာတို႔ စိတ္ႀကိဳက္လုပ္တာပဲ။


စီနီယာဗိုလ္ခ်ဳပ္ေတြကို ျဖဳတ္ပစ္တယ္။ ၿပီးေတာ့ သူႀကိဳက္တဲ့ 

မင္းေအာင္လွိုင္ကို ဦးစီးခ်ဳပ္ရာထူး လႊဲေျပာင္းေပးခဲ့တယ္။


မင္းတရားႀကီး ေခြးဘီလူးဟာ တပ္ကို ကိုယ္ပိုင္ပစၥည္းတစ္ခုလို သူ လုပ္ခ်င္သလို လုပ္ခဲ့တာပါ။




ေခြးဘီလူးဟာ လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီကို ေခတ္နဲ႕ အမွီလိုက္တယ္။ အၿပိဳင္အဆိုင္ ရက္စက္ ယုတ္မာတာေပါ့။


၈၈ ၿပီးသြားေတာ့လည္း သူ ရက္ရက္စက္စက္သတ္ခဲ့တဲ့ ျပည္သူေတြ နည္းတာမဟုတ္ဘူး။ တိုက္ရိုက္၊ သြယ္ဝိုက္ အမိန႔္ေပးခဲ့တာေတြေရာ..။




မင္းတရားႀကီး ေခြးဘီလူး တိုက္ရိုက္ အမိန့္ေပးခဲ့တာ သက္ေသ လက္ဆုပ္လက္ကိုင္ျပနိုင္တာေတြရွိတယ္။


၁၉၉၃ ခုႏွစ္ ဧၿပီလမွာ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ေမာင္းေတာ နယ္ေျမမွာေပါ့။ 


အဲဒီတုန္းက မွာ ရိုဟင္ဂ်ာသူပုန္ဆိုၿပီးအရပ္သား စုစုေပါင္း လူ ၄၀၀ ေက်ာ္ကို အရွင္ဖမ္းမိတယ္။


ေခြးဘီလူးကို သတင္းပို႔ေတာ့ သူက ကုလားေတြ၊ လူမွမဟုတ္တာ၊ ရွင္းပစ္ တဲ့။


သူ အဲ့ဒီလို အမိန့္ေပး သတ္ခိုင္းတဲ့သူက အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ဝင္းျမင့္ (ေနာင္ အတြင္းေရးမႉး ၃၊ စစ္ေရးခ်ဳပ္ ဒု ဗိုလ္ခ်ဳပ္ႀကီး ဝင္းျမင့္) ျဖစ္ပါတယ္။




ေနာက္တစ္ႀကိမ္က ၁၉၉၆ ခုႏွစ္။

တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး နယ္ေျမေတြျဖစ္တဲ့ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ပဲခူးတိုင္း၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္းေတြမွာေပါ့။


ေခြးဘီလူးက စစ္တပ္အင္အားေတြကိုသုံးၿပီး ႐ြာေတြေ႐ႊ႕ခိုင္းတယ္။


႐ြာသားေတြ စကားနားမေထာင္ရင္ အစိတ္သား (၂၅ က်ပ္သား) ဝမ္းဗိုက္ထဲက ကေလးေတာင္မခ်န္နဲ႕လို႔ အျပတ္ရွင္းဖို႔ အမိန႔္ေပးခဲ့တယ္။




၁၉၉၈ ခုႏွစ္ ေမလ။


ခရစၥတီးကြၽန္းမွာ အျပစ္မဲ့အရပ္သား အမ်ိဳးသား၊ အမ်ိဳးသမီး၊ ကေလး ၈၁ ေယာက္တို႔ကို သတ္ပစ္ဖို႔ ေခြးဘီလူးက အမိန့္ေပးခဲ့တယ္။


သူ အမိန့္ေပးခဲ့သူက ဗိုလ္ခ်ဳပ္ ၾကည္မင္း (ေရတပ္ ဦးစီးခ်ဳပ္ေဟာင္း)၊ ဗိုလ္ခ်ဳပ္ ျမင့္ေဆြ (ေလတပ္ ဦးစီးခ်ဳပ္ေဟာင္း)၊ ဗိုလ္ခ်ဳပ္ သူရျမင့္ေအာင္ (စစ္ေရးခ်ဳပ္ေဟာင္း)၊ ဗိုလ္မႉးႀကီး ေဇာ္မင္း (အမွတ္ ၁ လွ်ပ္စစ္ ဝန္ႀကီး) တို႔ျဖစ္ပါတယ္။


အဲဒီခရစၥတီးကြၽန္းလူသတ္ပြဲမွာ ဒီအေၾကာင္းေရးသူ ဗိုလ္မႉးေဟာင္း ေအာင္လင္းထြဋ္ကိုယ္တိုင္ ရွိေနတာေၾကာင့္ သူက သက္ေသထြက္ဆိုနိုင္ပါတယ္။




ဘယ္သူ ဘယ္ဝါ မေသခ်ာေပမဲ့ အတြင္းေရးမႉး (၂) ဒုဗိုလ္ခ်ဳပ္ႀကီး တင္ဦးဟာလည္း ၂၀ဝ၁ ခုႏွစ္ထဲမွာ ရဟတ္ယာဥ္ ပ်က္က်ေအာင္လုပ္ၿပီး လုပ္ႀကံခံလိုက္ရတယ္။




ေခြးဘီလူးကေတာ့ သူ႕ကို လုပ္ႀကံၿပီး အာဏာျပန္ယူ ဖို႔ႀကိဳးစားတဲ့ ရႈေမာင္တို႔မိသားစုကို ႀကိဳးတိုက္ထဲထည့္ၿပီး ရႈေမာင္ကို အက်ယ္ခ်ဳပ္ထားလိုက္တယ္။ ၂၀၀၂ မွာ ရႈေမာင္ေသတယ္။


ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




၂၀၀၃ ခုႏွစ္ ဒီပဲရင္းကိစၥမွာ ေခြးဘီလူး ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ကို လုပ္ႀကံဖို႔ ဗိုလ္ခ်ဳပ္ စိုးဝင္း (ဝန္ႀကီးခ်ဳပ္ေဟာင္း)၊ ဦးေအာင္ေသာင္း (စက္မႈ ၁ ဝန္ႀကီး) တို႔ကို ခိုင္းခဲ့တယ္။


ဒီကိစၥနဲ႕ ပတ္သက္လို႔ ေထာက္လွမ္းေရးေဟာင္းေတြ၊ တပ္မေတာ္အရာရွိေတြ၊ ရဲအရာရွိေတြက သက္ေသ ထြက္ဆိုနိုင္ပါတယ္လို႔ ဗိုလ္မႉးေဟာင္း ေအာင္လင္းထြဋ္ကေျပာျပတယ္။




ေမာင္ေအးကလည္း ေခြးဘီလူး သူ႕ကို ရွင္းပစ္ခံရမွာကို အၿမဲေၾကာက္ေနခဲ့တယ္။ ဒါေပမဲ့ ေခြးဘီလူးဟာ သူနဲ႕ ၿပိဳင္ဘက္လို နာမည္ႀကီးလာတဲ့ ေျမေခြးခင္ၫြန့္ ကိုပဲ ရွင္းပစ္ဖို႔ စဥ္းစားတာပါ။


လူသတ္လုပ္ႀကံတဲ့ေနရာမွာ အရမ္းေတာ္လာတဲ့ ေျမေခြးဟာ သူ႕ဘက္လွည့္လာနိုင္တယ္ဆိုတာ သူသိတယ္။




ေခြးဘီလူးဟာ သူ႕ဆရာရႈေမာင္လိုပဲ ေဗဒင္ေတြ ယၾတာေတြကိုလည္း အရမ္းယုံၾကည္တဲ့သူတစ္ေယာက္ေပါ..။


တစ္ခါကဆို ယၾတာေခ်ဖိဳ႕အတြက္ကို သူကိုယ္တိုင္ခ်ိတ္ထမီႀကီးဝတ္လို႔ တျခားဗိုလ္ခ်ဳပ္ေတြအားလုံးကိုပါ ခ်ိတ္ထမီဝတ္ခိုင္းၿပီး အခမ္းအနားတက္ခိုင္းခဲ့တာလည္း တိုင္းသိျပည္သိႀကီးပါ။ 


သူသမၼတရာထူးေပးခဲ့တဲ့ သိန္းစိန္အပါအဝင္ ဗိုလ္ခ်ဳပ္အေတာ္မ်ားမ်ား ခ်ိတ္ထမီႀကီးဝတ္လို႔ အဲ့ဒီအခမ္းအနားမွာ ပါဝင္ခဲ့ၾကရပါတယ္။




စစ္အာဏာရွင္ မိန္းမေတြရဲ႕ က႑လည္းရွိပါေသးတယ္။


၁၉၅၆ တုန္းက ေခြးဘီလူးက မႀကိဳင္ဆိုတဲ့ မုဆိုးမနဲ႕ တရားဝင္ အိမ္ေထာင္က်တယ္။


သူ႕မိန္းမနာမည္ ေဒၚမႀကိဳင္ကေန ေဒၚႀကိဳင္ႀကိဳင္ပါဆိုၿပီးေျပာင္းေခၚေစခဲ့တယ္။


ေဒၚမႀကိဳင္ဖက္က အရင္အိမ္ေထာင္နဲ႕ပါလာတဲ့သားက ဘိုးေတာ္လို႔နာမည္ေက်ာ္ေနသူ ကိုေမာင္ေမာင္ဆိုသူျဖစ္ပါတယ္။




ေခြးဘီလူးရဲ႕ မိန္းမ ေဒၚမႀကိဳင္နဲ႕ ေမာင္ေအးရဲ႕ မိန္းမ ေဒၚျမျမစန္းတို႔က ေျမေခြးရဲ႕မိန္းမ ေဒၚခင္ဝင္းေ႐ႊကို သိပ္မုန္းတာ။


ေျမေခြး ရဲ႕ မိန္းမကဆရာဝန္ေလ။ လူမႈေရးအဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားရဲ႕ ဥကၠ႒..။ ပြဲဝင္နိုင္တဲ့မိန္းမ။


ေျမေခြးတို႔ လင္မယားက ေခြးဘီလူးတို႔ လင္မယားကို အႏွစ္မရွိသူေတြ၊ ၿငီးေငြ႕ဖြယ္ေကာင္းၿပီး ပညာမတတ္တဲ့ သူေတြလို႔ အထင္ေသးတယ္။


ေမာင္ေအးရဲ႕ မိန္းမ ေဒၚျမျမစန္းက ေျမေခြးတို႔ လင္မယားနဲ႕ ပတ္သက္တဲ့ အတင္းအဖ်င္းေတြကို ေခြးဘီလူးတို႔လင္မယားကို သြားေျပာ ရန္တိုက္ေပး အလုပ္ေတြရႈပ္ေတာ့တာေပါ့။


သူတို႔ ေျမေခြးရဲ႕ မိန္းမကို တိုက္ခိုက္ဖို႔အတြက္ ေလာကီပညာ ေအာက္လမ္းနည္းေတြကိုေတာင္ သုံးသတဲ့။


ေယာက္်ား ေယာက္်ားခ်င္း၊ မိန္းမ မိန္းမခ်င္း ရန္ေစာင္ေနၾကတဲ့ပြဲ..။




အမွန္ေတာ့ ေခြးဘီလူးနဲ႕ ေမာင္ေအးက ၂ ေယာက္ေပါင္းရင္ေတာင္ နိုင္ငံတကာ ေရးရာေတြမွာ ေျမေခြးေလာက္ ပညာသင္ၾကားခြင့္ မရခဲ့သလို နိုင္ငံျခား ခရီးစဥ္ေတြလည္း အမ်ားႀကီး မသြားခဲ့ဖူးဘူး။


ဒါေပမဲ့ ေခြးဘီလူးနဲ႕ေမာင္ေအးက တိုက္ခိုက္ေရး တပ္မႉးေတြနဲ႕ တိုင္းမႉးေတြ အားလုံးကို စည္း႐ုံးထားနိုင္တဲ့ အခ်က္ကသာတယ္။


ေနာက္ဆုံးေတာ့ ေခြးဘီလူးရဲ႕ စစ္တပ္နဲ႕ ေျမေခြးရဲ႕ ေထာက္လွမ္းေရးအဖြဲ႕ရဲ႕ၾကားက တင္းမာမႈကလည္း ညွိႏွိုင္းေစ့စပ္လို႔ မရနိုင္တဲ့ အေျခအေနအထိ ေရာက္လာတယ္။




စစ္တပ္ထဲမွာရွိသူ အားလုံးဟာ ေျမေခြးတို႔ ေထာက္လွမ္းေရးအဖြဲ႕ ဖယ္ရွားခံလိုက္ရတာနဲ႕ ရွန္ပိန္ပုလင္းေဖာက္ၿပီး ေအာင္ပြဲခံရမယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။




ဒါကို ေျမေခြးရဲ႕ လူယုံ နိုင္ငံျခားေရးဝန္ႀကီး ဦးဝင္းေအာင္ကလည္း ရိပ္မိတယ္။ သူတို႔ဟာ အႏၱရာယ္ၾကားထဲ ေရာက္ေနၿပီဆိုတာ..။


တိုင္းျပည္ကေန ထြက္ေျပးဖို႔ လိုေနၿပီလို႔ အာဆီယံ နိုင္ငံျခားေရး ဝန္ႀကီးေတြကို အကူအညီေတာင္းခဲ့တယ္။


ဒါေပမယ့္ ျမန္မာနိုင္ငံရဲ႕ အိမ္နီးခ်င္းနိုင္ငံေတြက ဓားခုတ္ရာ လက္ဝင္မလွ်ိုဘူး..။ 


သံတမန္ဆက္ဆံေရး ထိခိုက္ပ်က္ျပားမွာစိုးလို႔တဲ့။


ေျမေခြးတို႔အဖြဲ႕ဟာ ေသေန႕ကို ထိုင္ေစာင့္ေနရသလိုျဖစ္ေနခဲ့..။




၂၀ဝ၄ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ေန႕။


ေခြးဘီလူးက ေမာင္ေအးကိုလႊတ္ၿပီး ေျမေခြးကို ဖမ္းဆီးေထာင္ခ်ခိဳင္းလိုက္တယ္။


ေခြးဘီလူး နဲ႕ ေမာင္ေအးဟာ ေနာက္နာရီ အနည္းငယ္အတြင္းမွာပဲ ေျမေခြးရဲ႕ ေထာက္လွမ္းေရး တပ္ဖြဲ႕ေတြ အားလုံးကို ဝင္ေရာက္စီးနင္းခဲ့ၿပီး ဖ်က္သိမ္းပစ္လိုက္တယ္။ စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕လို႔ အမည္ေျပာင္းတယ္။


ရႈေမာင္လည္း မရွိေတာ့ အားကိုးရာမဲ့ ေျမေခြးတို႔ဟာ ျပန္လည္ခုခံနိုင္မႈ လုံးဝ မရွိခဲ့ပါ။


အဲ့ဒီနည္းနဲ႕ ေခြးဘီလူးရဲ႕ လက္ေအာက္ကို စစ္တပ္ေရာ၊ ေထာက္လွမ္းေရးေရာ ၂ ခုလုံး အျပည့္အဝေရာက္သြားတာေပါ့။




ေျမေခြးကို အမိန႔္မနာခံမႈ၊ အက်င့္ပ်က္ ျခစားမႈေတြနဲ႕ ဘာညာေတြနဲ႕ အေရးယူၿပီး အင္းစိန္ေထာင္ကို ပို႔လိုက္တယ္။ ဥပေဒရဲ႕အထက္မွာ ဘယ္သူမွ မရွိဘူးေပါ့။


ေျမေခြးဟာ လူေတြအမ်ားႀကီးကို သူကိုယ္တိုင္ထိုးထည့္ခဲ့တဲ့ အင္းစိန္ေထာင္ ေရာက္တဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းဖို႔အတြက္ သူ႕ရဲ႕အမိန႔္နဲ႕ ေဆာက္လုပ္ခဲ့တဲ့ ဘန္ဂလိုေလးမွာ သူျပန္ေနခဲ့ရတယ္။ ဝဋ္ေတြလည္ၾကတာ..။




ေနာက္ေတာ့ ေျမေခြးကို ဆိုင္းငံ့ေထာင္ဒဏ္ ၄၄ ႏွစ္ ခ်မွတ္လိုက္ၿပီး ေနအိမ္မွာ အက်ယ္ခ်ဳပ္နဲ႕ ထားခဲ့တယ္။


ေခြးဘီလူး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




၂၀၀၇ ခုႏွစ္ စက္တင္ဘာလမွာ ဘုရားသားေတာ္ေတြကို အရွင္လတ္လတ္ မီးရွို႔ သတ္ျဖတ္ညွင္းဆဲတဲ့ ကိစၥကလည္း ကမၻာေက်ာ္ပဲ။


မင္းတရားႀကီး ေခြးဘီလူးဟာ အာဏာနဲ႕ပတ္သက္ရင္ သံဃာလည္းမေရွာင္ဘူး။




၂၀၀၈ ခုႏွစ္ ေမလ၊ဧရာဝတီတိုင္းနဲ႕ ရန္ကုန္တိုင္းမွာ လူေပါင္း ၁၃၈၀၀၀ ေက်ာ္ ေသဆုံးေစတဲ့ နာဂစ္ဆိုင္ကလုံးမုန္တိုင္းႀကီးျဖစ္ခဲ့တယ္။


အဲဒီတုန္းက မုန္တိုင္းသင့္ေဒသ တစ္ဝိုက္ဟာ `စစ္ေျမျပင္ တစ္ခုလို..။ မိလႅာပိုက္လိုင္းေတြ ေပါက္ထြက္လာတာမို႔ ေျမျပင္တစ္ခုလုံးမွာ အညစ္အေၾကးမစင္ေတြ၊ အေလာင္းေတြ..။


ေခြးဘီလူးဟာ နိုင္ငံတကာ အကူအညီမ်ား ဝင္ေရာက္ခြင့္ကို ျငင္းပယ္ခဲ့တယ္။


သဘာဝေဘးအႏၱရာယ္ေၾကာင့္ ျပည္သူေတြ ေသေၾက ငတ္ျပတ္ေနတုန္း(၂၀၀၈ ခုႏွစ္ ေမလ ၁၀ ရက္) မွာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ အတင္းလုပ္ခဲ့တဲ့ မိစ္ဆာႀကီး..။


မင္းတရားႀကီး ေခြးဘီလူးဟာ ျပည္သူ႕ အေလာင္းေတြေပၚမွာ ငုတ္တုတ္ထိုင္ၿပီး ၂၀၀၈ ေျခ/ဥ ကိုအတည္ျပဳခဲ့..။




ေခြးဘီလူးက သူ မတရားျပစ္မႈေတြ အမ်ားႀကီး က်ဴးလြန္ထားတဲ့အတြက္ေၾကာင့္ နိုင္ငံတကာတရား႐ုံးကို အရမ္းေၾကာက္တယ္။


ဒါေၾကာင့္ ေခြးဘီလူးဟာ ခိုးေၾကာင္ခိုးဝွက္နဲ႕ ကိုယ့္ကိုယ္ကိုယ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးထားတဲ့ ဥပေဒကို ၂၀၀၈ အေျခခံဥပေဒမွာ ထည့္ခဲ့တယ္။




ေခြးဘီလူးတို႔ အာဏာရွင္တစ္သိုက္ရဲ႕ အရႈပ္ေတာ္ပုံကို ျမန္မာနိုင္ငံသားေတြက တိုင္းျပည္အုပ္ခ်ဳပ္ ေနသူေတြဟာ လူသတ္သမားေတြ ေတာင္မကဘူး သူခိုးေတြ၊ ဓားျပေတြအထိ ျဖစ္ေနၿပီဟာသလုပ္ၾကတယ္ ။


ေခြးဘီလူးဟာ သူ႕ရဲ႕ ပုဂၢိုလ္ေရး ၿပိဳင္ဘက္ေတြအားလုံး ေသတဲ့သူေသ၊ ေဘးေရာက္တဲ့သူေရာက္ ျဖစ္သြားလို႔ စိတ္ေအးသြားတယ္။


က်န္တာတာ သူ႕ ရာထူးတည္ၿမဲေရးအတြက္ နိုင္ငံေရးဘက္ နဲ႕ တိုင္းျပည္ကေငြေတြ အိတ္ထဲႀကဳံးထည့္ဖို႔ကို အားစိုက္ေတာ့တယ္။




ေခြးဘီလူးဟာ သူအာဏာယူထားတဲ့ အခ်ိန္မွာ သူ႕ကိုယ္သူ အမႊမ္းတင္ဖို႔ ဝါဒျဖန႔္ခိုင္းတယ္။ အဲဒီဝါဒထဲက တစ္ခုက သူကိုယ္တိုင္ သာလြန္မင္းတရားႀကီးဝင္စားတာတဲ့ ..။


အဲဒီမွာ ေခြးဘီလူးရဲ႕ ဘုရင္႐ူးတဲ့ ေရာဂါကို ျပည္သူေတြသိလာတာပဲ။




စစ္အာဏာရွင္အသိုင္းအဝိုင္းက 

'အာဏာတည္ေစ'၊ 'ပလႅင္ၿမဲေစ' ေစတီေတြကို ေနျပည္ေတာ္ပ်ဥ္းမနားအနီး မင္းဝင္ေတာင္က စိႏၱာမုနိေက်ာင္းတိုက္ထဲမွာရွိေနတယ္။


ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မ်က္ႏွာစာမွာေတာ့ ေခြးဘီလူးဟာ သူ႕ မ်က္ႏွာနဲ႕ ဆင္တူေသာ ေက်ာက္စိမ္းဘုရားဆင္းတုေတာ္ကို ယၾတာသေဘာနဲ႕ ထုထားတယ္။


အဲဒီ႐ုပ္တုကို ကုလအထူးကိုယ္စားလွယ္ အီဘရာဟင္ ဂမ္ဘာရီလည္း ရွိခိုးမိသြားၿပီ။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ လည္း ကန္ေတာ့ၿပီးသြားၿပီ။


မင္းတရားႀကီး ေခြးဘီလူးပါဆိုမွ..ဘုရင္႐ူးေလ..။ လူကန္ေတာ့ေအာင္ ယၾတာေခ်တာေပါ့။




ေခြးဘီလူးဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ေတြလို သူ႕ဓာတ္ပုံကို အစိုးရ႐ုံးေတြမွာ ခ်ိတ္ခိုင္းတယ္။


ျမန္မာျပည္ ၿမိဳ႕ေတာ္ကို ၾကပ္ေျပးဘက္ေ႐ႊ႕ၿပီး ေနျပည္ေတာ္လို႔ သမုတ္ခဲ့တယ္။


ဆိုလိုခ်င္တာ မင္းေနျပည္ေတာ္ေပါ့ေလ..။ သူကေတာ့ ျပည့္ရွင္မင္းတရားႀကီးေပါ့။




မင္းတရားႀကီး ေခြးဘီလူး ကေတာ္ ေဒၚမႀကိဳင္ကလည္း မယ္ေတာ္ႀကီးႀကိဳင္ ျဖစ္ပါေလေရာ..။


၂၀၀၂ ခုက စၿပီးအဓိပတိေခတ္က ဘုရင္မႀကီးလိုေနပစ္လိုက္။


ကေလးေတြကို သမီးေတာ္ ေျမးေတာ္ စတဲ့ ဘာဘာညာညာ အသုံးအႏႈန္းေတြ ေလွ်ာက္သုံးၿပီး စိတ္တိုင္းက် ႐ူးေတာ့တာပဲ။




ေခြးဘီလူးမွာ သားသမီး ၈ ေယာက္ရွိတယ္။ ကိုနိုင္စံေ႐ႊ၊ ကိုထြန္းနိုင္ေ႐ႊ၊ မေဒဝါေ႐ႊ၊ မခင္ၿပဳံးေ႐ႊ၊ မၾကည္ၾကည္ေ႐ႊ၊ ကိုသန႔္ေဇာ္ေ႐ႊ၊ မေအးေအးသစ္ေ႐ႊ၊ မသႏၱာေ႐ႊ..ေ႐ႊ ေ႐ႊ ေ႐ႊ ေ႐ႊ။


အဲဒီသားသမီးေတြက ေခြးဘီလူးရာထူးငယ္စဥ္ဘဝမွာ စစ္ကားနဲ႕ ေက်ာင္းတက္တယ္၊ မာန္မာနေထာင္လႊားျခင္းလည္းမရွိခဲ့ၾကပါ။ေခြးဘီလူးငယ္ငယ္ကလိုပဲ။


ေခြးဘီလူးအာဏာရလာေတာ့ တိုင္းျပည္က ခိုးထားတဲ့ေငြေတြနဲ႕ မိသားစုကို စိန္နဲ႕စီပစ္လိုက္တာ..။




မင္းတရားႀကီးေခြးဘီလူးရဲ႕ မိသားစုဟာလည္းေျပာင္းလဲသြားေတာ့တယ္။ လူေတြကိုဗိုလ္က်တယ္၊ တနိုင္ငံလုံးက ပစၥည္းကိုလည္း ကိုယ္ပိုင္ပစၥည္းလို ထင္တိုင္းက်ဲျပဳမူေတာ့တယ္။


တခ်ိန္က ရိုးရိုးကုတ္ကုတ္ေနခဲ့တဲ့ သူ႕ရဲ႕သားသမီးေတြဟာ ေလာဘ အေတာမသတ္ ျဖစ္လာၾကတယ္။


မင္းတရားႀကီးေခြးဘီလူးႏွင့္ သူ၏ ခိုးသားမိသားစုေပါ့။




တစ္ခါေတာ့ ေခြးဘီလူးတို႔ မိသားစု ေမၿမိဳ႕ (ျပင္ဦးလြင္) ကို သြားလည္ရင္း ကုန္တိုက္တခုကို ေရာက္ေတာ့ ႀကိဳက္ရာပစၥည္းေတြ လက္ညွိုးထိုးယူခဲ့ၾကတယ္။ ေငြတက်ပ္မျပားမွ မေပးခဲ့ပါဘူး။


မယ္ေတာ္ႀကီးႀကိဳင္ဟာ သူတို႔အဝတ္ေတြကို စက္နဲ႕ မေလွ်ာ္ဘဲ ေအာက္ေျခတပ္မႉးကေတာ္ေတြ ကို ဆန္းလိုက္ဆပ္ျပာသုံးၿပီ လက္နဲ႕ေလွ်ာ္ခိုင္းၿပီး အနိုင္က်င့္တယ္။




ေခြးဘီလူးရဲ႕ အခ်စ္ဆုံးေျမးက ဖိုးလျပည့္ ဆိုတဲ့ ေနေ႐ႊေသြးေအာင္တဲ့။


၂၀၀၇ ခုႏွစ္၊ ဧၿပီလ ေမၿမိဳ႕ကို သြားၾကတဲ့ ခရီးစဥ္တခုမွာ သူ႕ေျမး ေနေ႐ႊေသြးေအာင္အတြက္ တပ္မေတာ္ရဟတ္ယာဥ္ကို ရန္ကုန္လႊတ္ၿပီး ဘဲကင္ အဝယ္ခိုင္းခဲ့တာမ်ိဳး..။ စင္ကာပူကို ဂ်က္ေလယာဥ္နဲ႕ ေန႕ခ်င္းျပန္ေက်ာင္းထားခဲ့တာမ်ိဳး။


ေနေ႐ႊေသြးေအာင္ရဲ႕ ၁၆-ႏွစ္ေျမာက္ ေမြးေန႕ကလည္း ဆီဒိုးနား ဟိုတယ္မွာ တကယ့္ကို အႀကီးအက်ယ္ က်င္းပခဲ့ေသး။


ဒီလို တိုင္းျပည္ရဲ႕ေငြေတြကို ပလႊားသုံးျဖဳန္းရင္း သူကလည္း အဆိုေတာ္ေတြ၊ ႐ုပ္ရွင္ မင္းသားေတြလို ျမန္္မာျပည္မွာ နာမည္ကိုေက်ာ္လို႔


ျပည္သူေတြကေတာ့ သူခိုးႀကီး မင္းတရားႀကီးရဲ႕ ေျမးကို စိန္ေမ်ာက္ေမ်ာက္ လို႔ေခၚၾကတယ္။




ေခြးဘီလူးရဲ႕ သမီး စိန္ေတြၫႊတ္ေနေအာင္ ဆင္ထားတဲ့ သႏၱာေ႐ႊရဲ႕ ၂ဝဝ၆ က မဂၤလာေဆာင္ ဗီဒီယိုေခြ က ျပည္သူေတြဆီ ေပါက္ၾကားတဲ့ အခါ ျပည္သူေတြ သိသြားတယ္။


ဘာတဲ့စိန္စီေသာည ဆိုလား။


ေဒသတြင္း နိုင္ငံတစ္ခုရဲ႕ေခါင္းေဆာင္ကဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕သမီးကိုၾကည့္ရတာ ခရစ္စမတ္သစ္ပင္က်ေနတာပဲလို႔ အ႐ႊန္းေဖာက္ၿပီးေျပာရေလာက္တဲ့အထိပါ။


ေနပူပူေအာက္မွာ ထမင္းတစ္လုတ္မငတ္ေအာင္ မနည္းႀကိဳးစားေနတဲ့ ျပည္သူေတြ၊ ငတ္ျပတ္လို႔ လမ္းေပၚေရာက္ေနတဲ့ ကေလးေတြ ဗိုက္ဆာေနခ်ိန္မွာ ဝတ္ေကာင္းစားလွ ဝတ္ဆင္ထားၾကတဲ့ စစ္အစိုးရနဲ႕ နီးစပ္သူ လူကုန္ထံေတြ၊ စီးပြါးေရးသမားေတြဟာ စိန္ေရာင္၊ေ႐ႊေရာင္၊ ပတၱျမားေရာင္ တလက္လက္..။


သူတို႔က မင္းတရားႀကီးေခြးဘီလူးနဲ႕ မယ္ေတာ္ႀကီးႀကိဳင္ကို မ်က္ႏွာလို မ်က္ႏွာရ လက္ဖြဲ႕ပစၥည္း အေျမာက္အမ်ားနဲ႕ ဖားၾကတယ္။


ဇိမ္ခံကားေတြ၊ အိမ္ေတြ အပါအဝင္ အေမရိကန္ေဒၚလာ သန္း ၅၀ ဖိုးေလာက္ရွိတယ္။


လူေတြက စားရ ေသာက္ရမဲ့ ျဖစ္ေနခ်ိန္မွာ ေဒၚလာတသန္း ေလာက္ အကုန္အက်ခံၿပီး အခုလိုက်င္းပနိုင္တာကို ျမန္မာျပည္သားေတြဟာ မခံမရပ္နိုင္ ေဒါသထြက္ၾကတယ္။


ဒါေပမဲ့ ျမန္မာေတြ ပါးစပ္ပိတ္ေနခဲ့ၾကရတယ္။




ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္က မခြါ ဆက္တိုက္ရွိေနေတာ့ ေခြးဘီလူးအႀကံတစ္မ်ိဳးထပ္ထုတ္တယ္။


ဗိုလ္ခ်ဳပ္ႀကီး ဦးသိန္းစိန္ဆိုတဲ့သူကို စစ္တပ္က အၿငိမ္းစားယူခိုင္းထားလိုက္တယ္။


၂၀၁၁ ခုႏွစ္ မတ္လ ၃၀ ရက္မွာ ေခြးဘီလူးက သူ႕ရဲ႕ နိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ဥကၠ႒ရာထူးကို ႏႈတ္ထြက္ၿပီး သူ စီစဥ္ထားတဲ့အတိုင္း သိန္းစိန္ကို သမၼတတင္တယ္။ 


အသက္ ၆၀ ျပည့္လည္း အၿငိမ္းစားမယူခဲ့ဘဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတဲ့ရာထူးနဲ႕ ၁၉ ႏွစ္ေတာင္ ေနသြားတာ။ 


ၿပီးမွ စီနီယာ ဗိုလ္ခ်ဳပ္ေတြကိုေက်ာ္ၿပီး ခ်စ္ေသာ မင္းေအာင္လွိုင္ကို အဲ့ဒီ ရာထူးေပးခဲ့။




အဘိုးႀကီး ေခြးဘီလူးက အာဏာကိုစြန့္တာမဟုတ္ဘူး။ 


အေနာက္နားမွာ ခဏဆုတ္ေနလိုက္ၿပီး ေမာင္ေအး အားကိုးနဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္ဖို႔ႀကိဳးစားတယ္။


အတိုင္ပင္ခံေကာင္စီဆိုၿပီး ေနျပည္ေတာ္မွာ ထပ္ဖြဲ႕ၿပီး သူဥကၠ႒ဆက္လုပ္မယ္ေပါ့။


ဒီတစ္ခါေတာ့ ေမာင္ေအး ေခြးဘီလူး စကားနားမေထာင္ေတာ့ဘူး။


ဗိုလ္ခ်ဳပ္ ေအာင္ဆန္းကိုပဲ အားက်သလိုလို .. ၊ ဒါမွမဟုတ္ ကိုယ္ၿမိဳ႕ ကိုယ္႐ြာမွာပဲ ေအးေဆးတည္ၿငိမ္စြာနဲ႕ ဘ၀ ေနဝင္ခ်ိန္ကို ျဖတ္သန္းၾကတဲ့ အေမရိကန္ သမၼတေဟာင္းေတြကိုပဲ အားက်သလိုလို.. ၂၀၁၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႕မွာ အလုပ္ကနားၿပီး ဘုန္းႀကီးဝတ္လိုက္တယ္။


သူက ဘိန္းဘုရင္ေတြနဲ႕ အလုပ္ျဖစ္ခဲ့သူဆိုေတာ့ ေငြေၾကးကလည္း ျပည့္စုံေနၿပီေလ။




အဲ့မွာ ေခြးဘီလူး တစ္ေယာက္ဆည္းက်န္ခဲ့တာ။ 


ေခြးဘီလူး လက္မေလွ်ာ့ေသးဘူး။ သိန္းစိန္၊မင္းေအာင္လွိုင္နဲ႕ ဇာတ္လမ္းဆက္တယ္။




သိန္းစိန္က ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ သမၼတတက္လုပ္တယ္။ ၿပီးေတာ့မွ တကယ့္ အရပ္သား သမၼတေတြ တက္လာတာပါ။


ေခြးဘီလူးမွာ မင္းေအာင္လွိုင္ပဲက်န္ရစ္တယ္။




မင္းတရားႀကီးေခြးဘီလူးဟာ ျမန္မာျပည္ရဲ႕ အျမင့္ဆုံးတစ္ေနရာက ဖယ္ေပးလိုက္ရၿပီး ၁၀ ႏွစ္အၾကာ

10 years later


၂၀၂၁ ေဖေဖၚဝါရီမွာ မင္းေအာင္လွိုင္ကို အမ်ားျပည္သူ ျမင္ကြင္းကို ထြက္ၿပီး အာဏာသိမ္းလိုက္တယ္။




အခုေတာ့ ေခြးဘီလူးနဲ႕ သိန္းစိန္ အဘိုးႀကီး ႏွစ္ေယာက္က မင္းေအာင္လွိုင္ အဘႀကီးရဲ႕ အေနာက္နားမွာ ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႕။


ေျမေခြးခင္ၫြန့္ကေတာ့ သူငယ္ျပန္သလိုလို.. အတိတ္ေမ့သလိုလို ႐ူးခ်င္ေယာင္ ဟိုေျပာ ဒီေျပာေပါ့..။




ဘာပဲျဖစ္ျဖစ္ မင္းတရားႀကီးေခြးဘီလူး ေပ်ာ္ပါတယ္။


၁၉၆၂ က ရႈေမာင္ရဲ႕ အီးနံ႕ကိုရႈၿပီး သူပါတဲ့ ခ်ီးကို လတ္လတ္ဆပ္ဆပ္ စားလိုက္တဲ့ မင္းေအာင္လွိုင္ရဲ႕ အစုလိုက္အၿပဳံလိုက္ လူသတ္မႈေတြအတြက္ သူ အၿမဲ ဂုဏ္ယူေနမွာျဖစ္ပါတယ္။




ဒါေပမဲ့ သူ ရႈေမာင္လို ဝဋ္ေတြလည္မွာေတာ့ အၿမဲစိုးရိမ္ၿပီး အသက္ရွင္ေနတယ္။


ျမန္မာစစ္အာဏာရွင္တြရဲ႕ႏွစ္ေဟာင္းက အေၾကာင္းေတြပါ..။ 


၂၀၂၂ အထိ မလိုက္ခဲ့နဲ႕။ 

ေနရစ္ခဲ့ၾကေတာ့..။


  


မေ႐ႊမိုး-ကိုရီးယား

December 30th,2021. 


ကိုးကား-

ဦးသန္းေ႐ႊ ( သို႔မဟုတ္) ေနျပည္ေတာ္မင္းသားႀကီးသန္းဝင္းလွိုင္

ေအာင္ေဇာ္- အာဏာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ အပိုင္း ၅ - ဗိုလ္သန္းေ႐ႊကို ဗိုလ္ေနဝင္း ရာထူးတိုးေပးျခင္း

 ျမန္မာျပည္က ပထမေလဒီ၊ ဦးေသွ်ာင္တို႔ရဲ႕ မေဟသီမ်ား

ဘိုဘို

ဘီဘီစီျမန္မာပိုင္း

၂၂ နိုဝင္ဘာ ၂၀၂၀

 ကဒါဖီ သင္ခန္းစာႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ- ေအာင္လင္းထြဋ္ ( ေဆာင္းပါး )

သတင္းရင္းျမစ္ _ ဧရာဝတီ

 ေယာဟန္ေအာင္-ဗိုလ္ခ်ဳပ္သန္းေ႐ႊအေၾကာင္း (ယခု ေဆာင္းပါးကို လြတ္လပ္ေသာအာရွအသံ ျမန္မာပိုင္းအစီအစဥ္ RFA မွ ထုတ္လႊင့္သြားခဲ့ၿပီး ျဖစ္ပါသည္။ RFA ၏ မူပိုင္သာျဖစ္ၿပီး ျပန္လည္ေဖာ္ျပျခင္း ျဖစ္သည္။)

 အာဏာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ အပိုင္း ၁၀ - ဗိုလ္သန္းေ႐ႊ အာဏာရွင္ျဖစ္လာျခင္း- 

ေအာင္ေဇာ္

ဧရာဝတီ

11 March 2014

 မင္းၾတားႀကီးသန္းေ႐ႊႏွင့္ ေနျပည္ေတာ္ ခိုးသားမ်ား အပိုင္း (၅)

gen-maung-aye-march-10-11-2 ဧရာဝတီ

 တကိုယ္ေတာ္ အာဏာသိမ္းမႈ မဟုတ္ပါနိုင္ေခတ္

16 August 2021

တပ္မေတာ္ကာကြယ္ကြယ္ေရး ဦးစီးခ်ဳပ္တဦး

No comments: