နားလည်စေချင်ပါသည်
---------------------
သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ ခေါ်ချင်ခေါ် ဒါပေမယ့် ဘုန်းကြီးချင်း မတူဘူး။ အကျင့်သီလ မတူဘူး၊ အသက်မွေးပုံမတူဘူး၊ ခံယူချက်မတူဘူး၊ အရည်အချင်းမတူဘူး ။
မြန်မာနိုင်ငံ ဘုန်းကြီးပညာရေး
--------------------------
နားလည်လွယ်အောင်သာ ပြောပြချင်တယ်။ ဘုန်းကြီးပညာရေးမှာ
၁။နိုင်ငံတော်က ကျင်းပတဲ့ ပညာရေးနဲ့
၂။သာသနာရေရှည်တည်တံ့ရေး အလေးထားခဲ့ကြတဲ့ ဒကာ ဒကာမေတြ ကျင်းပတဲ့ ပညာရေးဆိုပြီး နှစ်မျိုးရှိတယ်။
နိုင်ငံတော်က ကျင်းပတဲ့ ပညာရေးမှာ -
မူလတန်း
အငယ်တန်း
အလတ်တန်း
အကြီးတန်း
ဓမ္မာစရိယတန်း
ပိဋကတ္သုံးပုံ စာမေးပွဲ
နိကာယ်စာမေးပွဲ ဆိုပြီး (၇) မျိုးရှိတယ်။
မူလတန်းအောင်မှ အငယ်တန်း သင်ယူခွင့်ရှိတယ်။ ဒီလိုအစဉ်အတိုင်းသင်ယူလာရင်၊ ဉာဏ်အသင့်အတင့်ရှိရင် ၄ နှစ်အတွင်း အကြီးတန်း(ပထမကြီးတန်းလို့လဲခေါ်)ကို အောင်ပါတယ်။ ဒီလေးတန်းအောင်ရုံနဲ့ ဘွဲ့မရသေးဘူး။
ဓမ္မာစရိယတန်းမှာ ဘာသာရပ်(မေဂျာ)သုံးခု ဖြေရတယ်။ ဉာဏ်ကောင်းတဲ့လူတွေ တစ်နှစ်ထဲ အောင်မြင်တယ်။ ရှားပါတယ်။ သူလို ကိုယ္လို ဉာဏ်ရည်မျိုးဆိုရင် မေဂျာတစ်ခုကို တစ်နှစ် ၊ မေဂျာ သုံးခုဆိုတော့ သုံးနှစ်ဆို အောင်ပါတယ်။
ဓမ္မာစရိယ မေဂျာ သုံးခုလုံး အောင်ရင် "သာသနဓဇဓမ္မာစရိယ" ဘွဲ့ကိုရတယ်။
အခုမြင်တွေ့နေရတဲ့ အချို့ဘုန်းကြီးတွေရဲ့နောက်မှာ ဓမ္မာစရိယလို့ ရိုးရိုးရေးထား တပ်ထားရင် မေဂျာ သုံးခုလုံး မအောင်မြင်တဲ့ ဘုန်းကြီးပါ ။ မေဂျာ သုံးခုလုံး အောင်မြင်ရင် သာသနဓဇဓမ္မာစရိယ လို့ ရေးကြပါတယ်။
တိပိဋက ပိဋကတ်သုံးပုံစာမေးပွဲမှာတော့
(က)ဝိနည်း
(ခ)သုတ္တန်
(ဂ)အဘိဓမ္မာ ဆိုတာ ပိဋကတ်သုံးပုံပေါ့။
(ပိဋကတ်သုံးပုံအကုန် ဆိုရင် စာမျက်နှာ ၈၀၂၆မျက်နှာ)
(က) ဝိနည်း ပိဋကတ္က ပါဠိစာမျက်နှာ၂၅၆၀ ရှိတာမို့ အပိုင်းလေးပိုင်းခွဲပြီး ပြန်ဆို၊ ဖြေဆိုကြရတယ်။ တစ်ပိုင်းကို တစ်နှစ်ဖြေဆိုရတယ်လို့ နားလည်ရပါမယ်။
ဒီ အပိုင်းလေးပိုင်းလုံးအောင်ရင် ဝိနယဓရ ဝိနယေကာဝိဒဘွဲ့ကို ရပါတယ်။
(ခ) သုတ္တန်ပိဋကတ်ကျတော့ အလွတ်ပြန်ပြရတာ တစ်နှစ်၊ရေးဖြေ ဖြေပြရတာ တစ်နှစ် ( ဒီနှစ်ခု ပြီးရင် ဒီဃဘာဏက ဒီဃနိကာယကောဝိဒဘွဲ့ကိုရပါတယ် ။
(ဂ) အဘိဓမ္မာ..က ပါဠိတော်စာမျက်နှာ ၄၉၈၇ စာမျက်နှာရှိပါတယ်။ အပိုင်းလေးပိုင်း လေးနှစ်ခွဲဖြေရပါတယ်။ (အဌကထာ ဋီကာစာမျက်နှာ ဘာညာ ရှူပ်နေမှာမို့ မပြောတော့ဘူး)
ဒီလေးနှစ်ဖြေပြီးလို့ အောင်ရင် အာဘိဓမ္မိက အဘိဓမ္မကောဝိဒဘွဲ့ကို ရပါပြီ။
ပိဋကတ္သုံးပုံ အလွတ်ပြန်တာရော၊ သဘောရေးဖြေ ဖြေဆိုတာရော အောင်မြင်ပြီမို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ရပါတယ်။
( ဒီ တိပိဋက စာမေးပွဲက ဉာဏ်ရည်မြင့်သူ ကြိုးစားသူတို့သာ ဖြေဆိုနိုင်ပါတယ်။ မြန်မာပြည် သံဃာ ၃ သိန်းကျော်ရှိတယ်ဆိုပါစို့.. ဒီ ပိဋကတ္သုံးပုံ စာမေးပွဲ ဝင်ဖြေတာ ၂၀၀ ဝန်းကျင်သာ ရွိတာကို ထောက်ဆ နားလည်နိုင်ပါတယ်။ စာမေးပွဲကျင်းပတဲ့ နှစ်ပေါင်း ၇၄မွာ ပိဋကတ္သုံးပုံကို အလွတ်ပြန်ရော ရေးဖြေရော အောင်တဲ့ ဆရာတော်ပေါင်းဟာ ၁၅ပါးသာရှိပါတယ်။ ဒီ အာဂုံ ရေးဖြေ အောင်မြင်တော်မူ တဲ့ ဆရာတော် ၁၅ ပါး နဲ့ ပိဋကတ္သုံးပုံကို အလွတ်ပြန်ဆို အောင်မြင်တဲ့ ဆရာတော် နောက်ထပ် ၇ ပါး ထည့်လိုက်ရင် ပိဋကတ္သုံးပုံ ဆောင် ဆရာတော် (၂၂)ပါးသာ ရှိပါတယ်။ ဒါဟာ မြန်မာမှာရော ကမ်ဘာမှာပါ ဒီ ၂၂ပါးပဲ ရွိတာပါ။)
နိကာယ်စာမေးပွဲ
-------------
ပိဋကတ်သုံးပုံစာမေးပွဲလို မခက်ခဲပါဘူး။ ပုံမှန် ဉာဏ်ရည်ရှိရင် အောင်ပါတယ်။
ဒီဃနိကာယ်
မဇ္ဈိမနိကာယ်
သံယုတ္တနိကာယ်
အင်္ဂုတ္တရနိကာယ်
ခုဒ္ဒကနိကာယ် ဆိုပြီး နိကာယ် ငါးခု ၊ နိကာယ် ငါးရပ် ရှိပါတယ်။
ဒါကို အပို်င်းကိုးပိုင်း ခွဲပြီး ဖြေဆိုကြရပါတယ်။
နိုင်ငံတော်ကကျင်းပတဲ့ စာမေးပွဲလမ်းကြောင်းအတိုင်း ရွေးချယ်မယ်ဆိုရင် -
ဓမ္မာစရိယအောင်ပြီးရင် ပိဋကတ်သုံးပုံစာမေးပွဲကို ဖြေမလား၊ နိကာယ်စာမေးပွဲတွေကို ဖြေမလား ရွေးချယ်ခွင့် (၂) ခုရှိတယ်ဆိုတဲ့သဘောပေါ့ ။
ရာခိုင်နှုန်းအရ ပြောရရင် ပိဋကတ္သုံးပုံ စာမေးပွဲကို ဉာဏ်ကောင်းသူ ကြိုးစားလိုသူတွေ ရွေးချယ်ကြတာ တွေ့ရမယ်။ ဉာဏ်ရည် သာမန်ရှိတဲ့သူတွေက ဓမ္မာစရိယတန်းကိုပဲ အောင်မြင်အောင် တော်တော်ကြိုးစားရတယ်။ အောင်ပြီးတော့ နိကာယ်စာမေးပွဲတွေကို ဖြေဆိုကြတာ များပါတယ် ။
ဒီလို အမှန်အကန် ဘုရားဟောတဲ့စာကို သင်ယူလေ့လာနေတဲ့ ဘုန်းတော်ကြီးတွေရှိသလို ၊ စာမသင်ဘဲ ဓမ္မာစရိယအောင်လက်မှတ် ဝယ်ယူတဲ့ နာမည်ကြီးဘုန်းကြီးအချို့[(၁၀)ပါး မပြည့်ပါဘူး)]လည်း ရှိပါတယ် ။
အေး..ဘုန်းကြီးချင်းမတူဘူးဆိုတာ ဒါကိုပြောချင်တာ ။
( ဘိဝံသေတြ လင်္ကာရတွေ ဒေါက်တာတွေ ဟိုဘွဲ့ ဒီဘွဲ့တွေက ဘာတွေလဲ.. ဆက်ရေးအုံးမယ်လေ)
ယုံကြည်မှုကို အသိဉာဏ်နဲ့ပေါင်းပြီး
သာသနာကို စောင့်ရှောက်နိုင်ကြပါစေ
#နားလည်စေချင်ပါသည် (၂)
ကြိုက် ကြိုက် မကြိုက်ကြိုက် အမှန်တိုင်းတော့ ပြောအုံးမယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရွိပါ ။ ဘုန်းကြီးချင်းမတူဘူး ၊ ဟုတ်တယ်.. လုံးဝ မတူဘူး ။
သင်စရာသင် ကျင့်စရာကျင့် လုပ်သူနဲ့ ဖြတ်လမ်းလိုက်သူဟာ ဘယ်လိုမှမတူနိုင်ဘူး ။
မနေ့က နိုင်ငံတော်က ကျင်းပတဲ့စာမေးပွဲအကြောင်း အကျဉ်းချုံး ပြောပြခဲ့တယ်။ ဒီနေ့ သာသနာကို ရေရှည်တည်တံ့စေလိုသူ လူမ်ားက ဦးဆောင်ကျင်းပတဲ့ စာမေးပွဲတွေအကြောင်း ပြောပါရစေ ။
အဘိဝံသ စာမေးပွဲ
---------------
မန္တလေး ၈၅ လမ်း ၃၅ လမ်းထောင့်မှာ ဦးလှသိန်း ဗိမာန္ဆိုတာ ရှိတယ်။ (ယခင်က သကျသီဟဘုရားဝန်းထဲမှာ ကျင်းပလို့ သက်သီဟ စာမေးပွဲလို့ခေါ်တယ်)။
လွန်ခဲ့တဲ့ နှစ် (၁၀၀)ကျော်က စတင်ကျင်းပခဲ့တယ်။ အောင်ချက်ရာခိုင်နှုန်ါ် အလွန်နည်းတယ်။ မေးခွန်း ခက်တယ်။ ဒီနေ့ခေတ် စကားနဲ့ပြောရရင် Ph.D ထက်ကျော်တဲ့စာမေးပွဲလို့ ဆိုနိုင်မယ်။
စာသင်တန်းနဲ့ စာချတန်းဆိုပြီး နှစ်ပိုင်းခွဲဖြေရတယ်။ ပြီးတော့ အသက္ကလဲ ကန့်သတ်ထားသေးတယ်။ စာသင်တန်းကို အသက် ၂၇ နှစ်တွင်းသာ ဖြေခွင့်ရှိတယ်။ ဖြေနေရင်း အသက် ၂၇ ကျော်သွားရင် ဆက်ဖြေခွင့်မရှိဘူး ။
စာချတန်းကို အသက် ၃၂ နှစ်အထိ ဖြေခွင့်ရတယ်။
(သာခါ ဘာညာ ထားလိုက်တော့ ဒီနေရာမှာ မပြောတော့ဘူး) ။
စာမေးပွဲ ခက် မခက္ကို ဒီလိုပဲပြောလိုက်ချင်တယ်။ သံဃာ သုံးသိန်းကျော်ရှိတယ်ဆိုပါစို့ ။ သကျသီဟဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရ ထားတဲ့ ဆရာတော်ဟာ အပါး ၅၀၀ ထက် မပိုဘူး။ အမေရိကန်မှာနေတဲ့ ဘုန်းကြီး အပါး ၂၀၀ကျော်မှာ ဘိဝံသဘွဲ့ရတဲ့ ဆရာတော် ငါးပါးထက်မပိုဘူး။ အရှင်ဇောတိကာဘိဝံသ၊ အရှင်စက္ကိန္ဒာဘိဝံသ၊ အရှင်ပညာဒီပါဘိဝံသ၊ အရှင်ဉာဏိကာဘိဝံသ၊ အရှင်ဃောသိတာ ဘိဝံသ စသည်)
မြန်မာပြည်သာသနာမှာ ထိပ်တန်းက ဦးဆောင်နေကြတဲ့ ဆရာတော်ကြီးတွေကိုကြည့်လိုက်ရင် ဘိဝံသဘွဲ့ရ ဆရာတော်တွေ ဖြစ်နေတာတွေ့ရမယ်။
ဥပမာ.. မူရင်းနာမည်က အရှင်နန္ဒမာလာ ဆိုပါစို့။
သကျသီဟဓမ္မာစရိယ(အဘိဝံသ)အောင်ရင် မူရင်းဘွဲ့နောက်ကနေ အဘိဝံသ ထည့်လို့ရပြီမို့ အရှင်နန္ဒမာလာဘိဝံသ ဆိုပြီး ဖြစ်လာတယ်။
ဘိဝံသဘွဲ့နောက်ကနေပါလာရင် ဒီဘုန်းကြီးရဲ့ ဘုန်းကြီးစာ အေနအထားကို ဘုန်းကြီးအချင်းချင်းသိတယ်။ လေးစားတယ်။ ဒီဘုန်းကြီးဟာ စာတကယ်သင်ခဲ့တဲ့ဘုန်းကြီးဆိုပြီး သိကြတယ်။
ရန်ကုန်ရွှေတိဂုံစေတီတော်မှာကျင်းပတဲ့ စေတိယင်္ဂဏ လို့ခေါ်တဲ့ စာမေးပွဲလည်း သက်သီဟဘိဝံသလိုပဲ ခက်တယ်။
ပြီးတော့ မြင်းခြံမှာ ကျင်းပတဲ့ စာမေးပွဲလည်း ထို့တူပဲ ။
မန္တလေး၊ ရန်ကုန်၊ မြင်းခြံ သည်သုံးမြို့မှာ ကျင်းပတဲ့ စာမေးပွဲအားလုံးဟာ ပြဌာန်းကျမ်းစာ အတူတူပါ။ ကျင်းပတဲ့မြို့တွေပဲ ကြဲသြားတာ။ မန္တလေးသကျသီဟ စာမေးပွဲကတော့ ပိုခက်တယ်လို့ ပြောရမယ်။
သက်သီဟ ဓမ္မာစရိယ ( မန္တလေး)၊
စေတိယင်္ဂဏ ဓမ္မာစရိယ (ရန်ကုန်)၊
သဒ္ဓမ္မပါလဓမ္မစရိယ (မြင်းခြံ) ဒါတွေက လူတွေဦးဆောင်ကျင်းပတဲ့ စာမေးပွဲတွေ( ပုစၦာထုတ်တာကတော့ စာတတ် ပေတတ် ဘုန်းကြီးတွေပေါ့။ အစိုးရက ဦးဆောင်ကျင်းပတာ မဟုတ်ဘူးလို့ သိရမွာ )
ဒါကြောင့် တချို့ဆရာတော်ကြီးတွေရဲ့ နာမည်နောက်မှာ သ.စ.သ.အ ဓမ္မာစရိယ လို့ ရေးထားတာ တွေ့နိုင်တယ်။
သ..က သကျသီဟဓမ္မာစရိယ၊
စ. က စေတိယင်္ဂဏဓမ္မာစရိယ၊
သ.က သဒ်ဒမ်မပါလဓမ္မာစရိယ၊
အ.က အစိုးရဓမ္မာစရိယ ပေါ့ ၊ ဒီလိုဆရာတော်ကြီးတွေကိုတွေ့ရင် ယုံကြည်ထိုက်တဲ့ သာသနာတည်တံ့အောင် စာသင် စာချနေတဲ့ ဘုန်းကြီးတွေလို့ ရာခိုင်နှုန်း ၉၀ ကြည်ညိုလို့ရပါတယ်။
ဟုတ်တယ်လေ.. ဘုရားဟောတဲ့စာကို ဒီလောက်သင်ထားရင် ဘာပဲပြောပြော သာသနာကိုချစ်တဲ့စိတ် လေးစားစိတ်တွေရှိနေတာ အမှန်ပါ။ ( အနည်းငယ် ဂွင်ဖောက်တဲ့ဘုန်းကြီးတွေလည်း ရှိတော့ ရှိတယ်။ အနည်းငယ်ပါ)
ဒီဘွဲ့လေးခုက လူရာဝင်၊ ဘုန်းကြီးရာဝင်တော့ စာမသင်ဘဲ ဘိဝံသ တပ်သူတွေလဲရှိတယ်။
ညောင်တုန်းမြို့ -
သထုံမြို့က စာမေးပွဲကျင်းပတာတွေအောင်ရင် ဘိဝံသ တတ်လို့ရတယ်။ စာကေတာ့ စောစောလေးမြို့နယ်က ကျင်းပတဲ့ စာတွေလို တအားကြီး မခက္ဘူး။ တချို့လဲ အဲဒီမြို့တွေက အောင်တာနဲ့ ဘိဝံသ တပ်သူတွေလဲ ရှိတယ်။ အပြစ်တော့ မဟုတ်ပါဘူး။
တိပိဋက မင်းကွန်းဆရာတော်ကြီးကတော့ သကျသီဟစာမေးပွဲကို လူသတ်တဲ့စာမေးပွဲလို့ တောင် ကင်းပွန်းတပ်ခဲ့တယ်။( စာမေးပွဲ အောင်ဖို့ စာကျက်ရင်း လေနာထလို့ ပျံတော်မူတဲ့ဘုန်းကြီးတွေ ရှိခဲ့ဟန်တူပါတယ်။ အဲဒီအတွက် အဲလို မိန့်တော်မူတာလို့ ထင်တယ်) ။
သာမဏေကျော်စာမေးပွဲများ
=================
ယောနွယ်ငယ်ငယ်.ကေတာ့ သာမဏေကျော်ကျင်းပတဲ့မြို့ မန်းလေး၊ ရန်ကုန်၊ မော်ကျွန်း၊ ပဲခူး ဆိုပြီး လေးမြို့နယ်ရှိတယ်။ နောက်ပိုင်းမှာ တောင်ကြီး၊ ပခုက္ကူ ၊ စစ်တွေ၊ မေမြို့ ၊ မိုးကုတ် စသည်ဖြင့် ကျင်းပတဲ့မြို့တွေ တော်တော်များလာတာတွေ့ရတယ်။ ကောင်းတဲ့လက္ခဏာ ပါ။
သာမဏေကျော်စာမေးပွဲအတွက် ပြဌာန်းကျမ်းစာတွေကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက သတ်မှတ်ပေးခဲ့တယ်။ စာမေးပွဲ သက်တမ်းက နှစ်ပေါင်း ၇၀ ကျော်ပြီ။
အသက် ၂၀ အတွင်းပဲ ဖြေခွင့်ရတယ်။
ပြဌာန်းစာတွေက
ဝိနည်း ငါးကျမ်း ( ပိဋကတ္တစ္ပုံ)၊
အင်္ဂုတ္တရနိကာယ်အကုန်( နိကာယ် တခုပေါ့)၊
ဓမ္မပဒအဌကထာ နှစ်အုပ် ၊
သဒ္ဒါအကုန်၊ သဂြိုဟ်အကုန် ။
စာများတယ်။ မေးတာခက်တယ်။ အသက္ကလဲ ကန့်သတ်ထားတယ်။
ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး သုံးနှစ်ခွဲဖြေရတယ်။ သုံးဆင့်လုံးကို နှစ်ချင်းပေါက်အောင်မြင်တာ စာမေးပွဲကျင်းပတဲ့ နှစ် ၇၀ကျော်အတွင်း ၁၀ ပါး မပြည့်သေးဘူး။
ယောနွယ်ဖြေခဲ့တဲ့နှစ်တွေက..
ပထမဆင့် ၇၀၀ ကျော်ဖြေတယ်။ အပါး ၂၁၀ အောင်တယ်။
ဒုတိယအဆင့် ၅၃၀ ဖြေတယ်။ ၃၇ ပါး အောင်တယ်။
တတိယအဆင့် ၁၂၀ ဖြေတယ်။ ၁၉ ပါးပဲအောင်တယ်။ ရာခိုင်နှုန်း တွက်သာကြည့်ပေတော့ ။ (အခု အမေရိကန်မှာ မြန်မာဘုန်းကြီး အပါး ၂၀၀ ကျော်မှာ သာမဏေကျော်ဘွဲ့ရတဲ့ဘုန်းကြီး ၁၀ ပါးလောက်ပဲ ရှိတယ်)
ဆိုလိုတာက.. စာမေးတာလဲခက် အသက်အကန့်အသတ်နဲ့လဲဖြေရတော့ ဒီစာမေးပွဲအောင်ထားရင် ဒီဘုန်းကြီး ဘယ်လောက် စာပေသင်ယူထားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ဘွဲ့တွေအများကြီး
---------------
လူတွေလို အဓိက မေဂျာက ဥပေဒ၊ ဆေး၊ ကွန်ပြူတာ၊ အင်ဂျင်နီယာ ဆိုပြီး သီးသန့်ခွဲထွက်သင်ယူရတာ မဟုတ္ဘူး။
ဒီ ပြဌာန်းကျမ်းစာအတူတူကိုပဲ မန်းလေး၊ ရန်ကုန်၊ တောင်ကြီး၊ မော်ကျွန်း၊ ပဲခူး၊ စစ်တွေ၊ ပခုက္ကူ စသည်..မြို့တွေအများကြီးက ကျင်းပတဲ့ စာမေးပွဲတွေကို အကုန်အောင်ရင် (၁၀)မြို့ကျင်းတယ်ဆိုပါစို့ ။ အကုန်အောင်တယ်။ သာမဏေကျော် (၁၀) ဘွဲ့ ရတယ်ပေါ့ ။
မနေ့က ပြောတဲ့ အစိုးရက ကျင်းပတဲ့ဓမ္မာစရိယမှာ ဂုဏ်ထူးတန်း မြန်မာရော ပါဠိရော အောင်ရင် ဓမ္မာစရိယ (၇) ဘွဲ့ ရတယ်ပေါ့ ။
နိကာယ်စာမေးပွဲမှာ အုပ္စု ကိုးစုလုံး အောင်ရင် ဝိနယဝိဒူ မဟာဝိနယဝိဒူ စသည်ဖြင့် ကိုးဘွဲ့ရတယ်ပေါ့ ( လိုရင်း နားလည်အောင်သာ ရေးပါတယ်။ အတိအက် မဟုတ်ပါ)
ဒီလိုနဲ့ ဆယ်ဘွဲ့ရ ၊ ကိုးဘွဲ့ရ ဆရာတော် ဘာညာဆိုပြီး ရေးကြ ခေါ်ကြတာပါ။
လူတွေလို မတူညီတဲ့ ဘွဲ့ဒီဂရီတွေကို အများကြီး ရယူတာ မဟုတ္ဘူး။ တကယ်အောင်လို့ ဘွဲ့ပေါင်း ဘယ်နှစ်ဘွဲ့ လို့ ရေးတာက တော်သေးတယ်။မရဘဲနဲ့ လိမ်ရေးတဲ့ သူတွေလည်း ရှိသေးတယ်။
ဘာဖြစ်လို့ မရဘဲရေးကြတာလဲ
---------------------------
ရှင်းပါတယ်။ လူ့စိတ်သဘာဝအရ ရုပ်ချောတာကို ကြိုက်သူက သုံးပုံမွာ နှစ်ပုံ၊ နာမည်ကြီးတာကို ကြိုက်သူက ငါးပုံမွာ ၄ပုံ။
ရိုးရိုးကုတ်ကုတ်နေတာကို ကြိုက်သူက ဆယ္ပုံမွာ ၉ ပုံ ရှိလေတော့...
လူတွေကြိုက်အောင် သဘောကျအောင် အသိအမှတ်ပြုအောင် စနစ္တက် စာမသင်ဘဲ ဖြတ်လမ်းကနေ နာမည်ကြီးချင်လို့ ဘွဲ့မရဘဲ ရတယ် လုပ်ကြတာပေါ့ဗျာ ။
သာသနာကို စောင့်ရှောက်တဲ့နေရမှာ သာသနာရေရှည်တည်တံ့အောင် လုပ်တဲ့နေရာမှာ အဓိက..က ဘုန်းကြီး ဖြစ်ပါတယ်။
ဒါပေမယ့် လူတွေဖက်ကလဲ ကြည်ညိုတတ်ဖို့ လိုပါတယ်။ ငါ့ဘုန်းကြီးက ပိုမြန်တယ်၊ သူ့ဘုန်းကြီးက ပိုမြန်တယ် ပြိုင်ကြရင်း ဘုန်းကြီးနှစ်ပါးပါ အပြေးပြိုင်ရတဲ့ အေနအထား ရောက်လာတာပါ။
ဟုတ်တယ်.. ဘုန်းကြီးချင်း မတူဘူးလေနော်။
( မနက်ဖြန် ဒေါက်တာဘွဲ့ ဟိုဘွဲ့ ဒီဘွဲ့တွေ ရေးအုံးမယ်လေ)
ယုံကြည်ချက်နဲ့ အသိဉာဏ္ကို ပေါင်းပြီး
သာသနာကို စောင့်ရှောက်ကြည်ညိုနိုင်ကြပါစေ
#နားလည်စေချင်ပါသည် (၃)
သင်္ကန်းဝတ်ထားတာချင်း တူပေမယ့် ဘုန်းကြီးချင်းမတူဘူး။ ရှင်သန်ပုံ မတူဘူး၊ ခံယူချက်မတူဘူး။ အသက်မွေးပုံမတူဘူး ။
ဘွဲ့ရ ပညာတတ် စိတ်ကောင်းမရှိသူတွေ၊ ဘွဲ့ရ ပညာတတ် ရထားတဲ့ဂုဏ်နဲ့ ထိုက်တန်အောင် စိတ်နေစိတ်ထား မြင့်မြတ်ပြီး သာသနာအလုပ္ကို လုပ်သူတွေ၊ ဘွဲ့မရ ပညာမတတ်ပေမယ့် သာသနာကို ချစ်မြတ်နိုးပြီး ပဋိပတ်အလုပ်ကို အားထုတ်နေသူတွေ၊ ဘွဲ့လည်းမရ ပညာလည်းမတတ် စိတ်ကောင်းလည်းမရှိ စာလည်းမသင်ခဲ့ လမ်းခုလတ်ကနေ ကြားဖြတ်နာမည်ကြီးချင်နေသူတွေ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။
အမ်အေ၊ ပီခ်္ဒီ
----------------
မြန်မာနိုင်ငံ ဘုန်းတော်ကြီးတွေ သင်ရတဲ့ ပညာရေးစနစ်မှာ လူတွေသင်ရသလို သင်္ချာ၊ အင်္ဂလိပ်၊ ပထဝီ၊ သမိုင်း စတဲ့ ဘာသာရပ်တွေမျိုး မသင်ခဲ့ရဘူး။ ဘုရားဟောတဲ့ ပိဋကတ္သုံးပုံ(အားလုံးမဟုတ်)နဲ့ သဒ္ဒါ၊ သဂြိုဟ်၊ ညဝါ စတာတွေ သင်ခဲ့ရတာ ။ ဒါဆိုရင် အင်္ဂလိပ်စာ မတတ်ဘဲ နိုင်ငံခြားမှာ ဘယ္လို အမ်အေဘွဲ့ ဒေါက်တာဘွဲ့တွေရတာလဲ ဆိုတာ မေးစရာရှိတယ်။
အမ်အေဘွဲ့တက်ဖို့ဆိုရင် အနည်းဆုံး ဘီအေ အောင်မှ တက်လို့ရတယ်ဆိုတာ သိကြပါတယ်။ မြန်မာဘုန်းကြီး ပညာရေးစနစ်က မူလတန်း၊အငယ်တန်း၊အလတ်တန်း၊အကြီးတန်း၊ဓမ္မာစရိယ၊သာမဏေကျော်၊ဘိဝံသ၊တိပိဋက ဒီပုံစံနဲ့ သင်ကြားခဲ့ရသူတွေကိုး။ ဒါပေမယ့် အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်တွေက မြန်မာနိုင်ငံက ဓမ္မာစရိယတန်းဟာ သူတို့တက္ကသိုလ်တွေက ဘီအေတန်းနဲ့ ညီမျှတယ်လို့ လက်ခံကြတယ်။
အဲဒီအတွက် အမ်အေတန်းတက်လိုတဲ့ (ဓမ္မာစရိယတန်းအောင်ပြီးတဲ့) ဘုန်းတော်ကြီးဟာ သာသနာရေး ဝန်ကြီးဌာနကိုသွားပြီး Equivalent Certificate- ဓမ္မာစရိယတန်းဟာ ဘီအေတန်းနဲ့ ညီမျှသည်ဆိုတဲ့ စာရွက်ကို ထုတ်ယူပြီး အမ်အေတန်း သွားတက်ကြရတယ်။
ငယ္ငယ္က အင်္ဂလိပ်စာ မသင်ခဲ့ဘဲ ဘယ်လိုတက္ကသိုလ်သွားတက်တာလဲ?
ဆိုပါစို့ !
၂၀၀၇ ခုနှစ် သီရိလင်္ကာ ကေလနိယတက္ကသိုလ်မှာ အမ်အေတန်းတက်တဲ့ မြန်မာဘုန်းကြီး ၉၆ပါးရှိတယ်။ တပတ္ကို တက္ကသိုလ်စာသင် ခန်း မွာ လေးရက်သွားတက်ကြတယ်။ ပါမောက္ခတွေက အင်္ဂလိပ်လို သင်တာ။ တကယ်နားလည်တဲ့ ဘုန်းကြီးက ၆ ပါးထက် မပိုဘူး။ နားလည်တဲ့ အင်္ဂလိပ်စာကို ကြိုးစားသင်ယူထားတဲ့ ဘုန်းကြီး ၆ ပါးလောက်က အသံသွင်းစက်လေးတွေ စာသင်ခန်းထဲ ယူလာတယ်။ ကိုယ်နေတဲ့ အခန်းထဲပြန်ရောက်ရင် ချရေးတယ်။ သူတို့ရေးပြီးသား စာရွက်တွေကို နားမလည်တဲ့ အင်္ဂလိပ်စာ အရည်အသွေးမမှီတဲ့ အပါး ၉၀ လောက်က ပြန်ဖတ်ရတာ။
Semester ၃ ခု တက်ရတယ်။ စာမေးပွဲနီးရင် ဘာသာရပ်တစ်ခုအတွက်Topic ၁၂ ခုလောက် ဆရာတွေကပေးလိုက်တယ်။ ဆိုလိုတာက ဒီ ၁၂ ခုကြည့်ထား၊ ဒီထဲကဘဲ မေးမယ်ပေါ့ ။
အေး အဲဒီအချိန် စာမေးပွဲနီးတဲ့ ၂ လ ၃ လမွာ အသေထောင်ကျက်ကြတော့တာပဲ။ အေရးလဲ လေ့ကျင့် အလွတ်ရအောင်လည်းကျက် ၊ ကျက်နိုင်ရင် အမ်အေဘွဲ့ ရတော့တာပေါ့လေ။ ( တကယ် အမ်အေတန်းက ဆရာက သင်ပေးလိုက်တာကို၊ စာကြည့်တိုက်ထဲဝင်၊ စာတွေဖတ်၊ နားလည်အောင်လုပ်၊ စာမေးပွဲနီးရင် အေးဆေးဖြေလိုက်ရင် ရပြီ။ အင်္ဂလိပ်စာ အရည်အသွေး မမှီတော့ ထောင်ကျက် အသေကျက်ပြီး ဖြေခဲ့တာပေါ့၊ ခိုးဖြေတာ ငွေပေးဖြေတာတော့ မဟုတ္ဘူး။ (ဒီအထိ ယောနွယ်ကိုယ်တွေ့) ။
ဒေါက်တာဘွဲ့
--------------
သီရိလင်္ကာ အမ်အေ..က တနှစ်ပဲတက်ရတာ။ အိန္ဒိယ အမ်အေတန်းက ၂ နှစ်တက်ရတာ။ အမ်အေတန်းပြီးလို့ ပီခ်္ဒီ ဆက်လုပ်ချင်ရင် လုပ်လို့ရပြီ ။
ဒေါက်တာအမျိုးမျိုး
--------------------
ဒေါက်တာတိုင်း ငွေပေးဝယ်ကြတာ မဟုတ်ပါဘူး။ အရည်အသွေးပြည့်မှီတဲ့ ဒေါက်တာတွေလဲ ရှိပါတယ်။
ဥပမာ.. အိန္ဒိယကနေ မြန်မာရဟန်းတွေထဲက အစဦးဆုံး ဒေါက်တာဘွဲ့ရကြတဲ့ ဩစတေးလျားဆရာတော်ဒေါက်တာဇာဂရ၊ ဘာမင်ဂန်ဆရာတော်ဒေါက်တာရေဝတ တို့ဟာ အရည်အသွေးမှီတဲ့ ဒေါက်တာတွေလို့ ပြောနိုင်မှာပါ။
ပြီးတော့ အခုနောက်ပိုင်းမှာ ပါချုပ်ဆရာတော်ကြီးတို့ဟာ ကွာလဖိုင်းဖြစ်တဲ့ ဆရာတော်တွေဆိုတာ ငြင်းလို့မရနိုင်ဘူး။
ပါချုပ်ဆရာတော်ကြီးက အမ်အေဘွဲ့ကို သီရိလင်္ကာက ရတယ်။ ပီခ်္ဒီ ဒေါက်တာဘွဲ့ကို အိန္ဒိယ..က ရတယ်။ ပြီးတော့ အောက်စ်ဖို့ ဆရာတော်ဒေါက်တာဓမ္မသာမိ။ လန်ဒန်တက္ကသိုလ်က ဆရာတော်နှစ်ပါး ဆန်းဒါးလင်းတက္ကသိုလ်က ဆရာတော်တွေက အရည်အသွေးမှီတဲ့ဆရာတော်တွေပါ။
အမေရိကန်တက္ကသိုလ်တွေကနေ ဒေါက်တာဘွဲ့ရတဲ့ ဘုန်းကြီးနှစ်ပါး ရှိတယ်။ ဆရာတော်ဒေါက်တာဓမ္မပိယနဲ့ အဇူဇာကျောင်းက ဆရာတော် ဦးဉာနဝရပါ။
အိန္ဒိယ သီရိလင်္ကာကနေ အရည်အသွေးမှီ ဒေါက်တာဘွဲ့ရတဲ့ ဆရာတော်တွေလည်း အများကြီးပါ။ ကိုယ်မရတိုင်း ငွေပေးဝယ်တယ်လို့ ပြောရင်လဲ သဘာဝမကျဘူးလေ။
တချို့ဘုန်းကြီးတွေ USA Ph.D လို့ ရေးတာလဲတွေ့ရလိမ့်မယ်။ အဲဒါ ငွေဝယ်ဒေါက်တာ။ ဖလော်ရီဒါနဲ့ LA တက္ကသိုလ်တချို့မှာ ငွေပေးပြီး ဒေါက်တာဘွဲ့ ယူထားတာ။ ဒါ လူတွေကိုလိမ်တာပါ။
ရှမ်းပြည်ဖက်က ဘုန်းကြီးတစ်ပါးဆိုရင် ပီခ်္ဒီ အမေရိကန်ကရပါတယ်ဆိုပြီး တိုင်းမှူးတွေဦးဆောင်ပြီး ပူဇော်ပွဲလုပ်တယ်။ ဝမ်းနည်းစရာပါ။
နောက်ရှိသေးတယ်.. ဟိုတေလာက ပြဿနာဖြစ်သွားတဲ့ ဘုန်းကြီး၊ ပြီးတော့ တရားရိပ်သာတစ်ခုက ဘုန်းကြီး..အင်္ဂလန် ထရိန္နတီက ဒေါက်တာဘွဲ့ရဆိုပြီး ရေးထားတာတွေ့ရတယ်။
အဲဒီကောလိပ်က ငွေပေးရင် ဒေါက်တာဘွဲ့ရတဲ့ကောလိပ်။ တကယ္မဟုတ္ဘူး။ ဂုဏ်ရှိလို့ ဆက္ကပ္ထားတာလဲ မဟုတ္ဘူး။ ဒီလိုဘုန်းကြီးတွေကျတော့ ဒေါက်တာရူးလို့ ခေါ်ရမှာပေါ့လေ။
လူများတွေ ဒေါက်တာ တပ်လို့ သူတို့က ဖြတ်လမ်းကနေ ငွေနဲ့ဝယ်ပြီး ဒေါက်တာဘွဲ့ရသလိုလို ကြည်ညိုလို့ဘဲ လာဆက်ကပ် ထားသလိုလို လူတွေကို လိမ်ကြတာ။
ပြီးတော့..အိန္ဒိယ လောကမှာ ဘုရားဖူးဒေါက်တာဆိုတာ ရှိသေးတယ်။
ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်း နယ်ခံဒေါက်တာပွဲစားတွေနဲ့ပေါင်း၊ ငွေပေးပြီး ဒေါက်တာဘွဲ့ယူထားတဲ့ ဘုန်းကြီးတွေကိုတော့ ဘုရားဖူးဒေါက်တာလို့ ခေါ်ကြသတဲ့ (ကောင်းရောကွာ) ။
စိတ်မကောင်းစရာက ဒေါက်တာတွေ ခေတ်စားလာတော့ စာတတ်ပေတတ် ဘုန်းကြီးတွေ ဓမ္မကထိကတွေ နိုင်ငံတော်ရဲ့ထိပ်တန်း အဖွဲ့အစည်းကြီးမှာ ပါဝင်နေတဲ့ ဆရာတော်ကြီးတွေပါ ဒေါက်တာကို ငွေနဲ့ ဝယ်နေကြပြီ ။
တကယ်တော့ ဒေါက်တာမှ ဂုဏ်ရှိတာ မဟုတ်ဘူးလေ။ ဘုန်းကြီးဟာ ဘုန်းကြီးအလုပ် လုပ်နေရင် ဂုဏ်ရှိနေပါပြီ။ အရည်အသွေးရှိလို့ ဒေါက်တာဘွဲ့ယူရင်တော့ အချိုပေါ် သကာလောင်းပေါ့။ ဒေါက်တာဘွဲ့ရပြီး အေဘီစီဒီတောင် မေရး မပြောတတ်ရင် ရွက္စရာ မဟုတ္လား ။
ကြည်ညိုသူ ဒကာ ဒကာမေတြလဲ စဉ်းစားသင့်ပြီ ။ စီစစ်သင့်ပြီ ။ တကယ်အရည်အသွေးမှီတဲ့ ဘုန်းတော်ကြီးတွေကို အားပေးကြရမှာ။ ဖြတ်လမ်းလိုက် နာမည်ကြီးလို ဘုန်းကြီးလိုတဲ့ သာသနာကို မချစ်တဲ့သူတွေကို သတိထားဆက်ဆံကြရမှာပါ ။
အသက်မွေးပုံမတူဘူး။ ခံယူချက်မတူဘူး။ ဘုန်းကြီးချင်းမတူဘူး ဆိုတာ ဒါတွေကို ပြောချင်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရွိပါ။
ယုံကြည်ချက်ကို အသိဉာဏ်နဲ့ပေါင်းပြီး
သာသနာကို စောင့်ရှောက်ကြည်ညိုနိုင်ကြပါစေ။
( မနက်ဖြန် ရွေးချယ်ခွင့်မရှိတဲ့ ဘုန်းကြီးဘဝနဲ့ စာပေသင်ကြားပုံစနစ်တွေကို နားလည်လွယ်အောင် ပြောပါအုံးမယ်)
#နားလည်စေချင်ပါသည် (၄)
ဘုန်းကြီးချင်းမတူဘူး၊ ခံယူချက်မတူဘူး
ရွေးချယ်ခွင့်မရှိတဲ့ဘုန်းကြီးဘဝ
---------------------------
သင်္ကန်းစ ဝတ်ကတည်းက မိသားစု သန်းခေါင်စာရင်းက အထုတ်ခံရတယ်။ မဲပေးခွင့်မရှိဘူး ။ သီးသန့်လူတန်းစားတရပ်လို ဖြစ်သွားတာ ပေါ့ ။ ဒီအစား မကြိုက်လို့လဲ ရွေးချယ်ခွင့်မရ ။ အေးအေးပူပူ စာသင်သားဘဝမှာ ဆွမ်းခံစားဘဲ ။ လူအမ်ားကို မွီခိုရတဲ့ ဘဝမို့ ကြေးများခွင့်လဲ မရွိပါဘူး။
လုပ္စရာ အလုပ္ကလဲ ငယ်တုန်းမှာ စာသင်(ပရိယတ္တိ) ၊ သို့မဟုတ် တရားထိုင် (ပဋိပတ်) ဒီနှစ်ခုဘဲ။
ဆရာတွေချမှတ်ထားတဲ့အတိုင်း စာသင် စာကျက်လို့ စာမေးပွဲတွေအောင်လာရင် စိတ္က နေပျော်လာတယ်။ ဆရာတွေက အသိအမှတ်ပြုလာတယ်။ လူတွေက အသိအမှတ်ပြုလာတယ်။ ပျင်းလို့ စာလဲမကျက် ဘာမွလဲ မအောင်ရင် ဒီဘုန်းကြီးဟာ စိတ်လေတော့တာပဲ ။
စိတ်လေလာရင် လူထွက်မယ်။ လူမထွက်ရင် ဗေဒင်သင်မယ်။ ဘိုးတော်လိုလို ဘာလိုလိုလုပ်မယ်။ ၂ လုံး၊သုံးလုံးပေးတဲ့ ဂိုဏ်းဘုန်းကြီးလုပ်မယ်ပေါ့( ဒီလိုဘုန်းကြီးတွေဟာ စာကောင်းကောင်း မသင်ခဲ့ရသူတွေများပါတယ်)
စာပေအသင့်အတင့် သင်ယူပြီးလို့ စာပြန်သင်ပေးရတဲ့ စာချဘုန်းကြီးဖြစ်လာပြီဆိုရင်တော့ မိခင်ကျောင်းတိုက် သို့မဟုတ် သင့်တော်ရာကျောင်းတိုက်မှာ မျိုးဆက်သစ် ကိုရင်၊ ဦးပဉ္ဖင်းတွေကို စာပြန်သင်ပေးရင်း ဘဝတစ္ခုကို အဆုံးသတ်ရတာ။
အရင်ကတော့(ဆရာ့ ဆရာကြီးတွေခေတ်ကတော့) စာမေးပွဲ သိပ်ခေတ်မစားဘူးလို့ ပြောရမယ်။ မိခင်ကျောင်းတိုက်က ဆရာတွေဆီမှာ စာပေသင်ယူ ။ ပြီးရင် ပခုက္ကူ၊ မန်းလေးကို သြား ။ ပိဋကတ္သုံးပုံကို အပြန်အလှန် သင်ယူကြတဲ့ခေတ် ရှိခဲ့ဖူးတယ်။ သဒ္ဓါတရားအင်အား ကောင်းကြတဲ့ခေတ်လို့ ဆိုနိုင်တယ်။
"ကျမ်းကြီးသင်ယူ ပခုက္ကူ၊
ပခုက္ကူရောက် စာမြန်မြန်ပေါက်၊
စာတတ်လိုငြား ပခုက္ကူသွား၊
ပခုက္ကူမခိုလှုံ ကျမ်းမစုံ" ..လို့တောင် စာချိုးတွေရှိခဲ့တာ။
ပခုက္ကူ စာသင်နည်း စနစ်ဟာ စာလဲစုံ စာလဲတတ္တယ္ဆိုတဲ့ သေဘာပါ ။ မန်းလေး စာသင်နည်း စနစ်လဲ ရှိသေးတယ်။ ပိဋကတ္သုံးပုံ ကို အဌကထာ ဋီကာ အယူအဆ အတွေးအခေါ်တွေနဲ့ သင်ယူရတဲ့ နည်းစနစ်။( critical thinking ကို ဦးစားပေးတဲ့ နည်းစနစ်လို့ ပြောရမယ် ထင်ပါတယ်။
( ယောနွယ်တော့ မသင်ဖူးလို့ သေချာမသိဘူး၊ ယောနွယ်တို့ကတော့ သာမဏေကျော်စာမေးပွဲ စတာတွေပဲ သင်ခဲ့ဖူးတာ။ ကိုယ့်ဟာကိုယ် စာတတ်တယ်လို့လဲ မထင်မိပါဘူး ။ မသင်ဘူးတဲ့သူတွေနဲ့စာရင်တော့ မဆိုးဘူးပေါ့လေ။)
ကိုယ့်စာပေအရည်အချင်း ကို တိုးတက်အောင် Brush up လုပ်ကြတာကို ပခုက္ကူစာသင်နည်း ၊ မန်းလေးစာသင်နည်းလို့ နားလည်လွယ်အောင် မှတ်လိုက်ကြတာပေါ့ ။
မြန်မာနိုင်ငံ ဘုန်းကြီးပညာရေးစနစ်က
"အာဂုံရမွ အာဂလူ၊
အာဂလူလေး ဖြစ်ဖို့ရေး
အာဂုံမှန်မှန်ကျက်ထားပေး"ကိုး ။
အကျိုးရှိသင့်သလောက်လဲ ရှိပါတယ် ။ ဒါပေမယ့် ပါဠိကို ၁၀ နှစ် ၁၅ နှစ်သင်ပေမယ့် မြန်မာဘုန်းတော်ကြီးအများစု ပါဠိလို မပြောနိုင်ဘူး။ မရေးနိုင်ဘူး ၊ စဉ်းစားဖွယ်ရာပဲပေါ့လေ။
သီရိလင်္ကာ စာသင်နည်းစနစ်က အဘိဓာန်ကြီးတွေလဲ ထောင်မကျက်ရဘူး။ သဒ္ဒါတွေ သုတ်ပြီး ရုပ်ပြီးတွေမှာလဲ သဒ္ဒါကြီး ၈ စောင်တွဲကို ထောင်ပြီး မကျက်ခိုင်းဘူး ။၁၉၅၀ မတိုင်ခင် သူတို့လဲ မြန်မာဘုန်းကြီးတွေလိုပါပဲ။
ဒါပေမယ့် ပေါ်တူဂီလက်အောင်ကနေ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ပညာရေးစနစ်ကို ပြောင်းလဲခဲ့တယ်။ တိုးတက်သင့်သလောက် တိုးတက်ခဲ့တယ်လို့ ပြောနိုင်မယ်။ သုတ္တန်ပိုင်းမှာ ဘုန်းကြီးရော လူပါမောက္ခတွေရောက တော်တော်နိုင်နိုင်နင်းနင်း ရှိတယ်၊ ကျွမ်းကျင် တယ်လို့ မြင်ပါတယ်။ (အဘိဓမ္မာတော့ မြန်မာကို မမှီဘူးလို့ ပြောရမယ်) ။
မြန်မာဘုန်းကြီး ပညာရေးစနစ်တွေလည်းပြောင်းလာတာ သထိထားမိကြမယ်ထင်ပါတယ်။ တက္ကသိုလ်ပညာရေး စနစ္ဆီ သွားနေတာ တွေ့ရတယ်။
အစိုးရက ဦးဆောင်တဲ့ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်တွေ၊ ထေရဝါဒတက္ကသိုလ်တွေ ၊ ထင်ရှားပြီးဘုန်းကံကြီးတဲ့ဆရာတော်တွေ တည်ထောင်တဲ့ တက္ကသိုလ်တွေ ပေါ်လာတယ်။ ဝမ်းသာစရာပါ။ အရည်အသွေးပိုင်း ဘယ္လိုလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်သာ စုံစမ်းတော့။
တချို့လဲ ရည်ရွယ်ချက်ကောင်းတယ်။ တချို့ဘုန်းကြီးတွေထောင်တဲ့ တက္ကသိုလ် ကောလိပ်တွေလဲ နာမည်ခံသက်သက် ဖြစ်နေတာ တွေ့ရမှာပါ။
ပါမောက္ခချုပ်ဆရာတော်ကြီးက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာတော့ ဘုန်းကြီးအငယ်တွေမှာ ပါမောက္ခချုပ်ရောဂါ ရကြတာလဲ မနည်းဘူး။
တက္ကသိုလ်နာမည်ခံပြီး ကိုယ့်ဟာကို ပါချုပ်လိုက်ကြတာလဲ ရှိတယ် (ယောနွယ် လက်လှမ်းမမှီလို့ မပြောလိုပါ။ Good မယ်ထင်ရင် Do သာ Do လို့ပဲ ပြောနိုင်တယ်။
လူတွေနားလည်လွယ်တဲ့ ပါချုပ် ပါမောက္ခ ကထိက စတဲ့နာမည်တွေကို ဘုန်းကြီးတွေလဲ တအားကြိုက်နေကြပြီ ။
တကယ် ချုပ် မချုပ် ၊မောက် မမောက်၊ ထိ မထိတော့ အဲဒီဘုန်းကြီးတွေနဲ့တွေ့မှ တက္ကသိုလ်အဆင့် အရည်အသွေးရှိ မရွိ စကားပြောကြည့်ကြတော့ ။
ခေတ်မှီတဲ့ပညာရေးဟာ သိပ်ကောင်းပါတယ်။ ဒါမွ မြန်မာသာမက ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်နိုင်မှာ ။
သေချာတာကတော့ မြန်မာပညာရေးစနစ်နဲ့ သင်ယူလာတဲ့ ဘုန်းကြီးတွေ ကမ်ဘာကို အခုထိ မထိုးဖောက်နိုင်သေးပါဘူး။ တူတူတန်တန် ထိုးဖောက်နိုင်တာ ၃ ပါး လေးပါးထက် မပိုဘူး။ တကယ်ပြောတာ။
ဘီဘီစီက ဦးလေးကြီး ဦးဖေသန်းပြောတဲ့ စကားတစ္ခု သတိရမိတယ်။
"အပြင်မှာ ဆိုင်းဘုတ်လှလှလေးချိတ်ပြီး အထဲမွာ လုပ်ချင်တာ လုပ်နေရင်တော့ " ဆိုတဲ့ စကားလေ။
အရိုးခံစာသင်နည်း စနစ်တွေလဲ ရှိနေရမှာ။ update လုပ်သင့်တာလဲ လုပ်ရမှာလို့ မြင်ပါတယ်။
ဒီအချိန်မှာ ဘုန်းကြီးတွေအပေါ် ဒကာ ဒကာမအမြင်တွေကို ထည့်သွင်းစဉ်းစားသင့်သလို မျိုးဆက်သစ် ကိုရင်များကိစ္စလဲ စဉ်းစားသင့်တယ်။
အပေါ်က ခေါင်းပေါင်းကြီးပဲ သ-နေလို့ မျဖစ္ဘူး။ ပုဆိုးပေါက် ထမိန်ပေါက်နေတာလဲ ထည့်စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။
" စာ မတတ်မူ အေခါက္ထူ လူထဲရှင်ထဲ သုံးမရ ။ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ" ရွှေကျင်ဆရာတော်ကြီးရဲ့ စကားဟာလဲ မှတ်သားဖွယ်ရာပါ ။
ဘုရားရှင်ရဲ့ စာသင်နည်းကတော့
၁။ ကြွားလို့ရရုံ ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်အောင် မသင်နဲ့၊
၂။ ဆင်းရဲလွတ်ပြီး ငြိမ်းချမ်းမှုရအောင် သင်၊
၃။ဘုရားဟောတဲ့ ဒီစာတွေ ဆက်လက်ထိန်းသိမ်းလိုစိတ်နဲ့သင် ရမယ်လို့ ဟောတော်မူတယ်။
ခံယူချက်မတူရင် ဘုန်းကြီးချင်းလဲ မတူနိုင်ဘူးလေ။
ယုံကြည်မှုကို အသိဉာဏ်နဲ့ ပေါင်းပြီး
သာသနာကို ကြည်ညိုကြပါစေ
( မနက်ဖြန် တကယ်စာသင်နေတဲ့ စာသင်သားဘဝတွေအကြောင်း ရေးအုံမယ်)
ယောနွယ်
Jan,18,2022
နားလည်စေချင်ပါသည် (၅)
===================
စေတနာ မမှန်ရင် ဘဝမမွန္ဘူး။ ရိုးသားမှုမပါရင် ထိတ်တန်းမရောက်ဘူး။ ခံယူချက်မတူရင် သင်္ကန်းဝတ်တာခြင်းလဲ မတူဘူး ။
နားလည်စေချင်ပါသည် အပိုင်း (၁) မွာ
နိုင်ငံတော်ကကျင်းပတဲ့ ဘုန်းကြီးစာမေးပွဲအကြောင်း ပြောပြခဲ့တယ်။
အပိုင်း(၂)မွာ သာသနာအေရး အလေးပေးတဲ့ လူတွေ ဦးဆောင်ကျင်းပတဲ့ အဘိဝံသ အလင်္ကာရ စာမေးပွဲတွေအကြောင်း တင်ပြတယ်။
အပိုင်း(၃) မွာ အမ်အေ၊ ပီချ်ဒီအကြောင်း ဆွေးနွေးဖော်ပြခဲ့တယ်။
အပိုင်း(၄)မွာ ရွေးချယ်ခွင့်မရှိတဲ့ဘုန်းကြီးဘဝနဲ့ စာပေသင်ကြားပုံတွေကို ရေးခဲ့ပါတယ်။
ဒီနေ့အပိုင်း(၅)မွာ ပရိယတ္တိစာပေကို တကယ်သင်ယူခဲ့ကြတဲ့ ဘုန်းကြီးတွေရဲ့ ငယ်ဘဝရှင်သန်ပုံအကြောင်း ပြောပြချင်တယ်။
စာပေသင်ယူတာ တကယ့်အရည်အချင်းလား
==========================
ဒီနေ့ခေတ်အနေနဲ့ ပြောရရင် ဟုတ်တယ်လို့ လွယ်လွယ်ဖြေမယ်။ သာသနာတည်တံ့ရေး မျှော်တွေးမိကြတဲ့ ( သဒ္ဓါတရား အင်အားနည်းပါးလာတဲ့ခေတ်မှာ) စာမေးပွဲကျင်းပပြီး ဘုရားဟောစာတွေကို ထိန်းသိမ်းခဲ့တယ်။
စာပေသင်ယူထားပြီး ဘာမှမလုပ် စိတ်ကောင်းလဲမရှိတဲ့ဘုန်းကြီးတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမွ မထိန်းသိမ်းရင် သာသနာဟာ ဒီထက်ဆိုးရွားစရာ ရှိတယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးကတော့ စိတ်ကောင်းရှိဖို့ ပထမ၊ စာတတ်ဖို့က ဒသမ လို့ မိန့်တော်မူခဲ့တယ်။
သာသနာ့ရဲ့ အသက်ဟာ စိတ်ကောင်းပဲ ။ စိတ်ကောင်းရှိမှ ဝိနည်းလေးစားမယ်။ စိတ်ကောင်းရှိမှ မွားတာကို မှားပါတယ်။ မွန္တာကို မှန်ပါတယ်လို့ ဝန်ခံကြမယ်။ အပြစ်လုပ်မိရင် တောင်းပန် ဝန်ခံပြီး အပြစ်ထပ်မလုပ်မိဖို့ ရှောင်ကြလိမ့်မယ်။
ပထမကျော်၊ အဂ္ဂမဟာအကျော် ၊ ဝဋံသကာ ၊သိရောမဏိ ဘွဲ့များ
===========================
လွယ်အောင်ပဲ ပြောပါရစေတော့
နိုင်ငံတော်က ကျင်းပတဲ့ အကြီးတန်းမှာ တနိုင်ငံလုံး အမှတ်အများဆုံးရရင် ပထမကျော် လို့ခေါ်တယ်။
ဓမ္မာစရိယတန်းမှာ အမှတ်အများဆုံးရရင် အဂ္ဂမဟာအကျော် ၊
အဘိဝံသ စာမေးပွဲမှာ စာသင်တန်းရော စာချတန်းရော နံပတ် (၁)နဲ့ နှစ်မခြားဘဲအောင်ရင် ဝဋံသကာ၊
ဝဋံသကာကို မင်းကွန်းတိပိဋကဆရာတော်ကြီး အရင်ဆုံး ရရှိတယ်။ ယခုလက်ရှိ မဟန ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးလဲ ဝဋံသကာပဲ ။
နှစ် (၁၀၀)ကျော် စာမေးပွဲကျင်းပတဲ့အတွင်းမှာ သက်သီဟဘိဝံသ ဝဋံသကာ ဟာ ကိုးပါးပဲ ရှိတယ်။ ( ဘယ်လောက်ခက်ခဲလဲ စဉ်းစားကြည့်ပေါ့)
ရွှေတိဂုံရင်ပြင်မှာကျင်းပတဲ့ စေတိယင်္ဂဏ စာမေးပွဲမှာလဲ ထို့တူပဲ ( စေတိယင်္ဂဏ ဝဋံသကာ ဘယ်နှစ်ပါးရှိလဲ ယောနွယ် မသိပါ)
အရင်တုန်းက အစိုးရ ဓမ္မာစရိယ ကိုးကျမ်းကို တနှစ်ထဲ ဖြေလို့ရအောင် စာမေးပွဲကျင်းပခဲ့တယ်။ ဓမ္မာစရိယ ၉ ကျမ်းကို တနှစ်ထဲအောင်ရင် သိရောမဏိဘွဲ့ ရတယ်။ လက်ရှိမှာတော့ မေဂျာ သုံးဘာသာနဲ့ မြန်မာဂုဏ်ထူးတန်း၊ ပါဠိဂုဏ်ထူးတန်းဆိုပြီး ခွဲထားလိုက်ပြီ ။
တချို့ဆရာတော်တွေ ပါဠိပါရဂူ ဘာညာ ရေးတာတွေ့ဖူးမှာပေါ့ ။
ဓမ္မာစရိယ ဂုဏ်ထူးတန်းတစ်ခုခုကို အောင်မြင်ထားတာပါ။ ဝိနည်းဂုဏ်ထူးတန်းကိုအောင်ရင် ဝိနယပါဠိပါရဂူ ပေါ့။ အဘိဓမ္မာဂုဏ်ထူးတန်းကို ပါဠိလိုအောင်ရင် အဘိဓမ္မပါဠိပါရဂူပေါ့ ။
စာသင်သားဘဝ နေ့စဉ်ရှင်သန်မှုများ
=======================
ယောနွယ်နေခဲ့တာက မန်းလေး ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊
မန်းလေး မဟာမြိုင်ကျောင်းတိုက်(မန်းတက္ကသိုလ်နား)၊
ရန်ကုန် တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်(ကျောက်မျက်ပြတိုက်နား)၊
ရန်ကုန် ဗဟန်း ဝိသုဒ္ဓါရုံကျောင်းတိုက်-ယောတိပိဋကဆရာတော်ကျောင်း)၊
မန်းလေး ဝိသုဒ္ဓါရုံ စည်ရှင်ကျောင်းတွေမှာ နေခဲ့တော့
ဒီ စာသင်ပေးတဲ့ကျောင်းတိုက်ကြီးတွေရဲ့ စည်းကမ်းတွေပဲ ပြောရမှာ ။
မနက်လေး နာရီ အိပ်ယာထ ရတယ်။
အရုဏ်တက် ၅ နာရီနဲ့ ၆ နာရီကြားမှာ Breakfast ဘုန်းပေးရတယ်။
ပြီးရင် စာသင်ချိန် တချိန် ။
မနက် ၇ နာရီလောက် စာသင်ပြီးရင် ကျောင်းသန့်ရှင်းရေးလုပ်ရတယ်။ ပြီးရင် နေ့လည်စားဖို့ ဆွမ်းခံထွက်ရတယ်။
( ကျောင်းဥပဒေက..တပါးစာ ဆွမ်းရ..ရမယ်။ ဟင်းခွက် ငါးခွက်ရ ရမယ်၊ မနက် ၁၀ နာရီ ကျောင်းပြန်ရောက်ရမယ်။)
(ယောဆရာတော်ကြီးကျောင်း၊ စည်ရှင်ဆရာတော်ကျောင်း၊ မဟာမြိုင်ကျောင်းတိုက်များမှာတော့ တန်းစီပြီးဆွမ်းခံထွက်ရတယ်)
ဆွမ်းခံပြန်လာရင် မနက် ၁၀ခြဲ နေ့လည်စာ မစားခင် စာကျက်ကြတယ်။
ပြီးရင်နေ့ဆွမ်းစားတယ်။
သပိတ် စသည်ဆေးကြောပြီးရင် ၁၂ နာရီထိုးခါနီး ရောက်သွားပြီ ။
နေ့ တနာရီအထိ ခဏနားရတယ်။
နေ့ ၁ နာရီကေန ညေန ၅ နာရီအထိ ဆရာတွေဆီ စာသင်ရတယ်။ စာကျက်ရတယ်။ စာသင်ချိန်ပြီးရင် ကျောင်းသန့်ရှင်းရေးလုပ်ရတယ်။
( ဥပမာ. သံဃာ ၄၀၀ ကျော် မနက်ဘုန်းပေးဖို့ ဆွမ်းချက်ဖို့ ဆေးကြောဖို့ ကြိုတင်ပြင်ဆင်ရတာမျိုး။ ကိုရင်ကြီးတွေ အလှည့်ကျ ဆွမ်းချက် ဟင်းချက်ကြရတယ်။ သံဃာ ၄၀၀ ကျော်ဘုန်းပေးထားတဲ့ ဟင်းခွက်ပေါင်း ၁၀၀၀ကျော်ကို အလှည့်ကျ ဆေးကြရတယ်။
ညေန ၆ နာရီခြဲမွာ စုပေါင်းဘုရားဝတ်တက် ။ ည ၇ နာရီကေန ၁၀ နာရီအထိ သံဃာ ၄၀၀ ကျောင်း တေနရာထဲ တဆောင်ထဲမှာ စုပေါင်း စာကျက်ရတယ်။ ည ၁၀ နာရီ ထိုးတာနဲ့ မီးဖွင့်ခွင့်မရှိတော့ဘူး။ အိပ်တော့ပေါ့ ။ ( မနက် ၄ နာရီကေန ည ၁၀ နာရီအထိ အချိန်ပြည့် ဒီစာ ဒီပုံအတိုင်း နှစ်ပေါက် လည်ပတ်နေကြရတယ်)
ကျောင်းတိုက်အပြင်ကို ဆွမ်းခံချိန်ကလွဲပြီး တနှစ်လုံးမှ သုံးရက္သာ အပြင်ထွက်ခွင့်ပြုတယ်။ ဝါဆိုလပြည့် သီတင်းကျွတ်လပြည့်နဲ့ စာမေးပွဲဖြေပြီးလို့ ရွာပြန်ခွင့်ရက် ဒီသုံးချိန်ဘဲ အပြင်ထွက်ရတယ်။
သတင်းစာမဖတ်ရ။ တီဗီမကြည့်ရ။ ကာတွန်း ဝတၳုဖတ်ခွင့်မရှိ ။ ဒီလို ဥပဒေသတွေနဲ့ ဘုန်းကြီးတပါးဟာ ဓမ္မာစရိယ သာမဏေကျော် မပြိးမချင်း ၈ နှစ်ကနေ ၁၀ နှစ်နေရတယ်။
(ကောင်းတဲ့အားသာချက်က စာသင် စာခ် အလုပ္မပ်က္ဘူး။ စာမေးပွဲအောင်တာ မြန်တယ်။ မကောင်းတဲ့အချက်က လူမှုဆက်ဆံရေး မကောင်းဘူး။ ဒါကြောင့်ဘုန်းကြီးတွေ စကားပြောရင် ဒေါင့်မကျိုးတာ များတယ်။ သူ့တပည့်တွေကို ဆက္ဆံသလိုဘဲ ငေါက်ဆတ်ဆတ် နဲ့။ လူတွေကို ကြောက်တယ်။)
ဒီလို စည်းနဲ့ကမ်းနဲ့နေတဲ့ သံဃာတွေအများကြီးရှိပါတယ်။ မြင်အောင်ကြည့်ကြပါအုံး။ အပေါ်ယံလောက်ကြည့်ပြီး ကိုယ်နဲ့ သေဘာထား မတိုက်ဆိုင်တာနဲ့ သံဃာတွေ ဘုန်းကြီးတွေကို မပြစ်မှားလိုက်ပါနဲ့ ။
ဒီနေ့ခေတ်မှာ သံဃာ တထောင်ကျော်ရှိတဲ့ အမရပူရမဟာဂန္ဓာရုံ၊မှော်ဘီ လှည်းကူးမဟာဝိဟာရ ၊ မန်းလေး မစိုးရိမ်တိုက်သစ်၊ မြစင်္ကြာကျောင်းတိုက်၊ အောင်ချမ်းသာ၊ မန်းလေး ဝိသုဒ္ဓါရုံစည်ရှင် ၊အင်းစိန် ရွာမစာသင်တိုက်ကြီး ၊မုံရွာ မြောင်းမြ ပဇေ္ဇာတာရုံ၊ သုဗောဓာရုံ စတာတွေဟာ သာသနာရဲ့ တကယ်ပင်မသွေးကြောကြီးတွေပါ။
စာလည်းတတ် စိတ်ကောင်းလည်းရှိရင်တော့ Perfect ပေါ့လေ။
စာမေးပွဲမဖြေဘဲ စာတတ်အောင်သင်တဲ့ ပခုက္ကူကျမ်းကြီးပေါက်လို ဘုန်းကြီးတွေလဲ ရှိတယ်။
စာမေးပွဲကြီးတွေ အောင်ထားတိုင်း နှလုံးသားလှရောလားဆိုတော့ အဲလိုလဲ မဟုတ္ဘူး။ စာမေးပွဲတွေအောင်ပြီး နှလုံးသား မလှသူတွေကိုလည်း တွေ့ရလိမ့်မယ်။ လူတွေလိုပေါ့ဗျာ..စဉ်းစားကြည့်ပေါ့ ။
ဒါပေမယ့် စာမသင် အလေလိုက်နေတာထက်စာရင် စာသင်နေတဲ့ သံဃာဘုန်းကြီးတွေက လေးစားဖွယ်ရာပါ ။
လမ်းသလားနေတဲ့ ဘုန်းကြီးတွေ၊ ဗေဒင် နှစ်လုံး သုံးလုံး ဘုန်းကြီးတွေ၊ ဘိုးတော်လိုလို ဘာလိုလိုဘုန်းကြီးတွေ၊ နိုင်ငံရေးဘုန်းကြီးတွေ ၊ အိမ်ဘေးက ဘာမွ မလုပ်တဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေဘဲ မြင်ပြီး ဘုန်းကြီးတွေကို သိမ်းကြုံးဆဲနေရင်တော့ မှားကြပါလိမ့်မယ်။
တကယ်တော့ လူတော်လူကောင်းဆိုတာ လူမ်ားကို အပြစ်ထိုင်ပြော လေလှိုင်းထဲက ဝေဖန်နေမယ့်အစား မင်းတို့ကိုယ်တိုင် ဘုန်းကြီးဝတ်ကြည့်ပါအုံးလို့ ပြောချင်တယ်။
ဗုဒ္ဓဘာသာမှာ ဒီလို စည်းနဲ့ကမ်းနဲ့ လူတွေမသိဘဲ စာသင်နေတဲ့ ဘုန်းကြီးတွေအများကြီး ရှိနေတာကို သိစေချင်ပါတယ်။
ဒီလို စည်းနဲ့ကမ်းနဲ့ နေတဲ့ဘုန်းကြီးတွေနဲ့ အလေလိုက်နေတဲ့ ဘုန်းကြီးတွေ မတူဘူးလေ။ ဘယ္လိုမွ တူတယ် မပြောနဲ့
(မနက်ဖြန်တော့ အစိုးရကေပးတဲ့ ဘွဲ့တံဆိပ်တွေအကြောင်း ဆက်ရေးမယ်။ ပြီးရင် ပဋိပတ် တရားထိုင်တဲ့ဘုန်းကြီး၊ အလေအလွင့်ဘုန်းကြီးတွေအကြောင်း ဆက်ရေးအုံးမယ်)
ယုံကြည်မှုကို အသိနဲ့ ထိန်းပြီး သာသနာကို ကြည်ညိုစောင့်ရှောက်နိုင်ကြပါစေ
#YNNote
Jan,19,2022
ရေးသားမျှေ၀သူ - အရှင်တိက္ခ (ယောနွယ်)
(Zawgyi)
နားလည္ေစခ်င္ပါသည္
---------------------
သကၤန္းဝတ္ထားလို႔ ဘုန္းႀကီးလို႔ ေခၚခ်င္ေခၚ ဒါေပမယ့္ ဘုန္းႀကီးခ်င္း မတူဘူး။ အက်င့္သီလ မတူဘူး၊ အသက္ေမြးပုံမတူဘူး၊ ခံယူခ်က္မတူဘူး၊ အရည္အခ်င္းမတူဘူး ။
ျမန္မာနိုင္ငံ ဘုန္းႀကီးပညာေရး
--------------------------
နားလည္လြယ္ေအာင္သာ ေျပာျပခ်င္တယ္။ ဘုန္းႀကီးပညာေရးမွာ
၁။နိုင္ငံေတာ္က က်င္းပတဲ့ ပညာေရးနဲ႕
၂။သာသနာေရရွည္တည္တံ့ေရး အေလးထားခဲ့ၾကတဲ့ ဒကာ ဒကာမေတြ က်င္းပတဲ့ ပညာေရးဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။
နိုင္ငံေတာ္က က်င္းပတဲ့ ပညာေရးမွာ -
မူလတန္း
အငယ္တန္း
အလတ္တန္း
အႀကီးတန္း
ဓမၼာစရိယတန္း
ပိဋကတ္သုံးပုံ စာေမးပြဲ
နိကာယ္စာေမးပြဲ ဆိုၿပီး (၇) မ်ိဳးရွိတယ္။
မူလတန္းေအာင္မွ အငယ္တန္း သင္ယူခြင့္ရွိတယ္။ ဒီလိုအစဥ္အတိုင္းသင္ယူလာရင္၊ ဉာဏ္အသင့္အတင့္ရွိရင္ ၄ ႏွစ္အတြင္း အႀကီးတန္း(ပထမႀကီးတန္းလို႔လဲေခၚ)ကို ေအာင္ပါတယ္။ ဒီေလးတန္းေအာင္႐ုံနဲ႕ ဘြဲ႕မရေသးဘူး။
ဓမၼာစရိယတန္းမွာ ဘာသာရပ္(ေမဂ်ာ)သုံးခု ေျဖရတယ္။ ဉာဏ္ေကာင္းတဲ့လူေတြ တစ္ႏွစ္ထဲ ေအာင္ျမင္တယ္။ ရွားပါတယ္။ သူလို ကိုယ္လို ဉာဏ္ရည္မ်ိဳးဆိုရင္ ေမဂ်ာတစ္ခုကို တစ္ႏွစ္ ၊ ေမဂ်ာ သုံးခုဆိုေတာ့ သုံးႏွစ္ဆို ေအာင္ပါတယ္။
ဓမၼာစရိယ ေမဂ်ာ သုံးခုလုံး ေအာင္ရင္ "သာသနဓဇဓမၼာစရိယ" ဘြဲ႕ကိုရတယ္။
အခုျမင္ေတြ႕ေနရတဲ့ အခ်ိဳ႕ဘုန္းႀကီးေတြရဲ႕ေနာက္မွာ ဓမၼာစရိယလို႔ ရိုးရိုးေရးထား တပ္ထားရင္ ေမဂ်ာ သုံးခုလုံး မေအာင္ျမင္တဲ့ ဘုန္းႀကီးပါ ။ ေမဂ်ာ သုံးခုလုံး ေအာင္ျမင္ရင္ သာသနဓဇဓမၼာစရိယ လို႔ ေရးၾကပါတယ္။
တိပိဋက ပိဋကတ္သုံးပုံစာေမးပြဲမွာေတာ့
(က)ဝိနည္း
(ခ)သုတၱန္
(ဂ)အဘိဓမၼာ ဆိုတာ ပိဋကတ္သုံးပုံေပါ့။
(ပိဋကတ္သုံးပုံအကုန္ ဆိုရင္ စာမ်က္ႏွာ ၈၀၂၆မ်က္ႏွာ)
(က) ဝိနည္း ပိဋကတ္က ပါဠိစာမ်က္ႏွာ၂၅၆၀ ရွိတာမို႔ အပိုင္းေလးပိုင္းခြဲၿပီး ျပန္ဆို၊ ေျဖဆိုၾကရတယ္။ တစ္ပိုင္းကို တစ္ႏွစ္ေျဖဆိုရတယ္လို႔ နားလည္ရပါမယ္။
ဒီ အပိုင္းေလးပိုင္းလုံးေအာင္ရင္ “ဝိနယဓရ ဝိနယေကာဝိဒ”ဘြဲ႕ကို ရပါတယ္။
(ခ) သုတၱန္ပိဋကတ္က်ေတာ့ အလြတ္ျပန္ျပရတာ တစ္ႏွစ္၊ေရးေျဖ ေျဖျပရတာ တစ္ႏွစ္ ( ဒီႏွစ္ခု ၿပီးရင္ ဒီဃဘာဏက ဒီဃနိကာယေကာဝိဒဘြဲ႕ကိုရပါတယ္ ။
(ဂ) အဘိဓမၼာ..က ပါဠိေတာ္စာမ်က္ႏွာ ၄၉၈၇ စာမ်က္ႏွာရွိပါတယ္။ အပိုင္းေလးပိုင္း ေလးႏွစ္ခြဲေျဖရပါတယ္။ (အဌကထာ ဋီကာစာမ်က္ႏွာ ဘာညာ ရႉပ္ေနမွာမို႔ မေျပာေတာ့ဘူး)
ဒီေလးႏွစ္ေျဖၿပီးလို႔ ေအာင္ရင္ “အာဘိဓမၼိက အဘိဓမၼေကာဝိဒဘြဲ႕”ကို ရပါၿပီ။
ပိဋကတ္သုံးပုံ အလြတ္ျပန္တာေရာ၊ သေဘာေရးေျဖ ေျဖဆိုတာေရာ ေအာင္ျမင္ၿပီမို႔ “တိပိဋကဓရ တိပိဋကေကာဝိဒဘြဲ႕”ကို ရပါတယ္။
( ဒီ တိပိဋက စာေမးပြဲက ဉာဏ္ရည္ျမင့္သူ ႀကိဳးစားသူတို႔သာ ေျဖဆိုနိုင္ပါတယ္။ ျမန္မာျပည္ သံဃာ ၃ သိန္းေက်ာ္ရွိတယ္ဆိုပါစို႔.. ဒီ ပိဋကတ္သုံးပုံ စာေမးပြဲ ဝင္ေျဖတာ ၂၀၀ ဝန္းက်င္သာ ရွိတာကို ေထာက္ဆ နားလည္နိုင္ပါတယ္။ စာေမးပြဲက်င္းပတဲ့ ႏွစ္ေပါင္း ၇၄မွာ ပိဋကတ္သုံးပုံကို အလြတ္ျပန္ေရာ ေရးေျဖေရာ ေအာင္တဲ့ ဆရာေတာ္ေပါင္းဟာ ၁၅ပါးသာရွိပါတယ္။ ဒီ အာဂုံ ေရးေျဖ ေအာင္ျမင္ေတာ္မူ တဲ့ ဆရာေတာ္ ၁၅ ပါး နဲ႕ ပိဋကတ္သုံးပုံကို အလြတ္ျပန္ဆို ေအာင္ျမင္တဲ့ ဆရာေတာ္ ေနာက္ထပ္ ၇ ပါး ထည့္လိုက္ရင္ ပိဋကတ္သုံးပုံ ေဆာင္ ဆရာေတာ္ (၂၂)ပါးသာ ရွိပါတယ္။ ဒါဟာ ျမန္မာမွာေရာ ကမၻာမွာပါ ဒီ ၂၂ပါးပဲ ရွိတာပါ။)
နိကာယ္စာေမးပြဲ
-------------
ပိဋကတ္သုံးပုံစာေမးပြဲလို မခက္ခဲပါဘူး။ ပုံမွန္ ဉာဏ္ရည္ရွိရင္ ေအာင္ပါတယ္။
ဒီဃနိကာယ္
မဇၩိမနိကာယ္
သံယုတၱနိကာယ္
အဂၤုတၱရနိကာယ္
ခုဒၵကနိကာယ္ ဆိုၿပီး နိကာယ္ ငါးခု ၊ နိကာယ္ ငါးရပ္ ရွိပါတယ္။
ဒါကို အပို္င္းကိုးပိုင္း ခြဲၿပီး ေျဖဆိုၾကရပါတယ္။
နိုင္ငံေတာ္ကက်င္းပတဲ့ စာေမးပြဲလမ္းေၾကာင္းအတိုင္း ေ႐ြးခ်ယ္မယ္ဆိုရင္ -
ဓမၼာစရိယေအာင္ၿပီးရင္ ပိဋကတ္သုံးပုံစာေမးပြဲကို ေျဖမလား၊ နိကာယ္စာေမးပြဲေတြကို ေျဖမလား ေ႐ြးခ်ယ္ခြင့္ (၂) ခုရွိတယ္ဆိုတဲ့သေဘာေပါ့ ။
ရာခိုင္ႏႈန္းအရ ေျပာရရင္ ပိဋကတ္သုံးပုံ စာေမးပြဲကို ဉာဏ္ေကာင္းသူ ႀကိဳးစားလိုသူေတြ ေ႐ြးခ်ယ္ၾကတာ ေတြ႕ရမယ္။ ဉာဏ္ရည္ သာမန္ရွိတဲ့သူေတြက ဓမၼာစရိယတန္းကိုပဲ ေအာင္ျမင္ေအာင္ ေတာ္ေတာ္ႀကိဳးစားရတယ္။ ေအာင္ၿပီးေတာ့ နိကာယ္စာေမးပြဲေတြကို ေျဖဆိုၾကတာ မ်ားပါတယ္ ။
ဒီလို အမွန္အကန္ ဘုရားေဟာတဲ့စာကို သင္ယူေလ့လာေနတဲ့ ဘုန္းေတာ္ႀကီးေတြရွိသလို ၊ စာမသင္ဘဲ ဓမၼာစရိယေအာင္လက္မွတ္ ဝယ္ယူတဲ့ နာမည္ႀကီးဘုန္းႀကီးအခ်ိဳ႕[(၁၀)ပါး မျပည့္ပါဘူး)]လည္း ရွိပါတယ္ ။
ေအး..ဘုန္းႀကီးခ်င္းမတူဘူးဆိုတာ ဒါကိုေျပာခ်င္တာ ။
( ဘိဝံသေတြ လကၤာရေတြ ေဒါက္တာေတြ ဟိုဘြဲ႕ ဒီဘြဲ႕ေတြက ဘာေတြလဲ.. ဆက္ေရးအုံးမယ္ေလ)
“ယုံၾကည္မႈကို အသိဉာဏ္နဲ႕ေပါင္းၿပီး
သာသနာကို ေစာင့္ေရွာက္နိုင္ၾကပါေစ”
#နားလည္ေစခ်င္ပါသည္ (၂)
ႀကိဳက္ ႀကိဳက္ မႀကိဳက္ႀကိဳက္ အမွန္တိုင္းေတာ့ ေျပာအုံးမယ္။ ဘယ္သူ႕ကိုမွ ထိခိုက္ေစလိုျခင္း မရွိပါ ။ ဘုန္းႀကီးခ်င္းမတူဘူး ၊ ဟုတ္တယ္.. လုံးဝ မတူဘူး ။
“သင္စရာသင္ က်င့္စရာက်င့္” လုပ္သူနဲ႕ ျဖတ္လမ္းလိုက္သူဟာ ဘယ္လိုမွမတူနိုင္ဘူး ။
မေန႕က နိုင္ငံေတာ္က က်င္းပတဲ့စာေမးပြဲအေၾကာင္း အက်ဥ္းခ်ဳံး ေျပာျပခဲ့တယ္။ ဒီေန႕ သာသနာကို ေရရွည္တည္တံ့ေစလိုသူ လူမ်ားက ဦးေဆာင္က်င္းပတဲ့ စာေမးပြဲေတြအေၾကာင္း ေျပာပါရေစ ။
အဘိဝံသ စာေမးပြဲ
---------------
မႏၱေလး ၈၅ လမ္း ၃၅ လမ္းေထာင့္မွာ ‘ဦးလွသိန္း’ ဗိမာန္ဆိုတာ ရွိတယ္။ (ယခင္က သက်သီဟဘုရားဝန္းထဲမွာ က်င္းပလို႔ သက်သီဟ စာေမးပြဲလို႔ေခၚတယ္)။
လြန္ခဲ့တဲ့ ႏွစ္ (၁၀၀)ေက်ာ္က စတင္က်င္းပခဲ့တယ္။ ေအာင္ခ်က္ရာခိုင္ႏႈန္ၚ အလြန္နည္းတယ္။ ေမးခြန္း ခက္တယ္။ ဒီေန႕ေခတ္ စကားနဲ႕ေျပာရရင္ Ph.D ထက္ေက်ာ္တဲ့စာေမးပြဲလို႔ ဆိုနိုင္မယ္။
စာသင္တန္းနဲ႕ စာခ်တန္းဆိုၿပီး ႏွစ္ပိုင္းခြဲေျဖရတယ္။ ၿပီးေတာ့ အသက္ကလဲ ကန႔္သတ္ထားေသးတယ္။ စာသင္တန္းကို အသက္ ၂၇ ႏွစ္တြင္းသာ ေျဖခြင့္ရွိတယ္။ ေျဖေနရင္း အသက္ ၂၇ ေက်ာ္သြားရင္ ဆက္ေျဖခြင့္မရွိဘူး ။
စာခ်တန္းကို အသက္ ၃၂ ႏွစ္အထိ ေျဖခြင့္ရတယ္။
(သာခါ ဘာညာ ထားလိုက္ေတာ့ ဒီေနရာမွာ မေျပာေတာ့ဘူး) ။
စာေမးပြဲ ခက္ မခက္ကို ဒီလိုပဲေျပာလိုက္ခ်င္တယ္။ သံဃာ သုံးသိန္းေက်ာ္ရွိတယ္ဆိုပါစို႔ ။ သက်သီဟဓမၼာစရိယ (အဘိဝံသ) ဘြဲ႕ရ ထားတဲ့ ဆရာေတာ္ဟာ အပါး ၅၀၀ ထက္ မပိုဘူး။ အေမရိကန္မွာေနတဲ့ ဘုန္းႀကီး အပါး ၂၀၀ေက်ာ္မွာ ဘိဝံသဘြဲ႕ရတဲ့ ဆရာေတာ္ ငါးပါးထက္မပိုဘူး။ အရွင္ေဇာတိကာဘိဝံသ၊ အရွင္စကၠိႏၵာဘိဝံသ၊ အရွင္ပညာဒီပါဘိဝံသ၊ အရွင္ဉာဏိကာဘိဝံသ၊ အရွင္ေဃာသိတာ ဘိဝံသ စသည္)
ျမန္မာျပည္သာသနာမွာ ထိပ္တန္းက ဦးေဆာင္ေနၾကတဲ့ ဆရာေတာ္ႀကီးေတြကိုၾကည့္လိုက္ရင္ ဘိဝံသဘြဲ႕ရ ဆရာေတာ္ေတြ ျဖစ္ေနတာေတြ႕ရမယ္။
ဥပမာ.. မူရင္းနာမည္က အရွင္နႏၵမာလာ ဆိုပါစို႔။
သက်သီဟဓမၼာစရိယ(အဘိဝံသ)ေအာင္ရင္ မူရင္းဘြဲ႕ေနာက္ကေန “အဘိဝံသ” ထည့္လို႔ရၿပီမို႔ “အရွင္နႏၵမာလာဘိဝံသ” ဆိုၿပီး ျဖစ္လာတယ္။
ဘိဝံသဘြဲ႕ေနာက္ကေနပါလာရင္ ဒီဘုန္းႀကီးရဲ႕ ဘုန္းႀကီးစာ အေနအထားကို ဘုန္းႀကီးအခ်င္းခ်င္းသိတယ္။ ေလးစားတယ္။ ဒီဘုန္းႀကီးဟာ စာတကယ္သင္ခဲ့တဲ့ဘုန္းႀကီးဆိုၿပီး သိၾကတယ္။
ရန္ကုန္ေ႐ႊတိဂုံေစတီေတာ္မွာက်င္းပတဲ့ “ေစတိယဂၤဏ” လို႔ေခၚတဲ့ စာေမးပြဲလည္း သက်သီဟဘိဝံသလိုပဲ ခက္တယ္။
ၿပီးေတာ့ ျမင္းၿခံမွာ က်င္းပတဲ့ စာေမးပြဲလည္း ထို႔တူပဲ ။
မႏၱေလး၊ ရန္ကုန္၊ ျမင္းၿခံ သည္သုံးၿမိဳ႕မွာ က်င္းပတဲ့ စာေမးပြဲအားလုံးဟာ ျပဌာန္းက်မ္းစာ အတူတူပါ။ က်င္းပတဲ့ၿမိဳ႕ေတြပဲ ကြဲသြားတာ။ “မႏၱေလးသက်သီဟ” စာေမးပြဲကေတာ့ ပိုခက္တယ္လို႔ ေျပာရမယ္။
သက်သီဟ ဓမၼာစရိယ ( မႏၱေလး)၊
ေစတိယဂၤဏ ဓမၼာစရိယ (ရန္ကုန္)၊
သဒၶမၼပါလဓမၼစရိယ (ျမင္းၿခံ) ဒါေတြက လူေတြဦးေဆာင္က်င္းပတဲ့ စာေမးပြဲေတြ( ပုစၦာထုတ္တာကေတာ့ စာတတ္ ေပတတ္ ဘုန္းႀကီးေတြေပါ့။ အစိုးရက ဦးေဆာင္က်င္းပတာ မဟုတ္ဘူးလို႔ သိရမွာ )
ဒါေၾကာင့္ တခ်ိဳ႕ဆရာေတာ္ႀကီးေတြရဲ႕ နာမည္ေနာက္မွာ ‘သ.စ.သ.အ ဓမၼာစရိယ’ လို႔ ေရးထားတာ ေတြ႕နိုင္တယ္။
‘သ..က သက်သီဟဓမၼာစရိယ၊
စ. က ေစတိယဂၤဏဓမၼာစရိယ၊
သ.က သဒ္ဒမ္မပါလဓမၼာစရိယ၊
အ.က အစိုးရဓမၼာစရိယ’ ေပါ့ ၊ ဒီလိုဆရာေတာ္ႀကီးေတြကိုေတြ႕ရင္ ယုံၾကည္ထိုက္တဲ့ သာသနာတည္တံ့ေအာင္ စာသင္ စာခ်ေနတဲ့ ဘုန္းႀကီးေတြလို႔ ရာခိုင္ႏႈန္း ၉၀ ၾကည္ညိဳလို႔ရပါတယ္။
ဟုတ္တယ္ေလ.. ဘုရားေဟာတဲ့စာကို ဒီေလာက္သင္ထားရင္ ဘာပဲေျပာေျပာ သာသနာကိုခ်စ္တဲ့စိတ္ ေလးစားစိတ္ေတြရွိေနတာ အမွန္ပါ။ ( အနည္းငယ္ ဂြင္ေဖာက္တဲ့ဘုန္းႀကီးေတြလည္း ရွိေတာ့ ရွိတယ္။ အနည္းငယ္ပါ)
ဒီဘြဲ႕ေလးခုက လူရာဝင္၊ ဘုန္းႀကီးရာဝင္ေတာ့ စာမသင္ဘဲ ‘ဘိဝံသ’ တပ္သူေတြလဲရွိတယ္။
ေညာင္တုန္းၿမိဳ႕ -
သထုံၿမိဳ႕က စာေမးပြဲက်င္းပတာေတြေအာင္ရင္ ‘ဘိဝံသ’ တတ္လို႔ရတယ္။ စာကေတာ့ ေစာေစာေလးၿမိဳ႕နယ္က က်င္းပတဲ့ စာေတြလို တအားႀကီး မခက္ဘူး။ တခ်ိဳ႕လဲ အဲဒီၿမိဳ႕ေတြက ေအာင္တာနဲ႕ ‘ဘိဝံသ’ တပ္သူေတြလဲ ရွိတယ္။ အျပစ္ေတာ့ မဟုတ္ပါဘူး။
တိပိဋက မင္းကြန္းဆရာေတာ္ႀကီးကေတာ့ သက်သီဟစာေမးပြဲကို လူသတ္တဲ့စာေမးပြဲလို႔ ေတာင္ ကင္းပြန္းတပ္ခဲ့တယ္။( စာေမးပြဲ ေအာင္ဖို႔ စာက်က္ရင္း ေလနာထလို႔ ပ်ံေတာ္မူတဲ့ဘုန္းႀကီးေတြ ရွိခဲ့ဟန္တူပါတယ္။ အဲဒီအတြက္ အဲလို မိန႔္ေတာ္မူတာလို႔ ထင္တယ္) ။
သာမေဏေက်ာ္စာေမးပြဲမ်ား
=================
ေယာႏြယ္ငယ္ငယ္.ကေတာ့ သာမေဏေက်ာ္က်င္းပတဲ့ၿမိဳ႕ မန္းေလး၊ ရန္ကုန္၊ ေမာ္ကြၽန္း၊ ပဲခူး ဆိုၿပီး ေလးၿမိဳ႕နယ္ရွိတယ္။ ေနာက္ပိုင္းမွာ ေတာင္ႀကီး၊ ပခုကၠဴ ၊ စစ္ေတြ၊ ေမၿမိဳ႕ ၊ မိုးကုတ္ စသည္ျဖင့္ က်င္းပတဲ့ၿမိဳ႕ေတြ ေတာ္ေတာ္မ်ားလာတာေတြ႕ရတယ္။ ေကာင္းတဲ့လကၡဏာ ပါ။
သာမေဏေက်ာ္စာေမးပြဲအတြက္ ျပဌာန္းက်မ္းစာေတြကို အမရပူရၿမိဳ႕ မဟာဂႏၶာ႐ုံဆရာေတာ္ႀကီးက သတ္မွတ္ေပးခဲ့တယ္။ စာေမးပြဲ သက္တမ္းက ႏွစ္ေပါင္း ၇၀ ေက်ာ္ၿပီ။
အသက္ ၂၀ အတြင္းပဲ ေျဖခြင့္ရတယ္။
ျပဌာန္းစာေတြက
ဝိနည္း ငါးက်မ္း ( ပိဋကတ္တစ္ပုံ)၊
အဂၤုတၱရနိကာယ္အကုန္( နိကာယ္ တခုေပါ့)၊
ဓမၼပဒအဌကထာ ႏွစ္အုပ္ ၊
သဒၵါအကုန္၊ သၿဂိဳဟ္အကုန္ ။
စာမ်ားတယ္။ ေမးတာခက္တယ္။ အသက္ကလဲ ကန႔္သတ္ထားတယ္။
ပထမအဆင့္၊ ဒုတိယအဆင့္၊ တတိယအဆင့္ဆိုၿပီး သုံးႏွစ္ခြဲေျဖရတယ္။ သုံးဆင့္လုံးကို ႏွစ္ခ်င္းေပါက္ေအာင္ျမင္တာ စာေမးပြဲက်င္းပတဲ့ ႏွစ္ ၇၀ေက်ာ္အတြင္း ၁၀ ပါး မျပည့္ေသးဘူး။
ေယာႏြယ္ေျဖခဲ့တဲ့ႏွစ္ေတြက..
ပထမဆင့္ ၇၀၀ ေက်ာ္ေျဖတယ္။ အပါး ၂၁၀ ေအာင္တယ္။
ဒုတိယအဆင့္ ၅၃၀ ေျဖတယ္။ ၃၇ ပါး ေအာင္တယ္။
တတိယအဆင့္ ၁၂၀ ေျဖတယ္။ ၁၉ ပါးပဲေအာင္တယ္။ ရာခိုင္ႏႈန္း တြက္သာၾကည့္ေပေတာ့ ။ (အခု အေမရိကန္မွာ ျမန္မာဘုန္းႀကီး အပါး ၂၀၀ ေက်ာ္မွာ သာမေဏေက်ာ္ဘြဲ႕ရတဲ့ဘုန္းႀကီး ၁၀ ပါးေလာက္ပဲ ရွိတယ္)
ဆိုလိုတာက.. စာေမးတာလဲခက္ အသက္အကန႔္အသတ္နဲ႕လဲေျဖရေတာ့ ဒီစာေမးပြဲေအာင္ထားရင္ ဒီဘုန္းႀကီး ဘယ္ေလာက္ စာေပသင္ယူထားတယ္လို႔ ခန႔္မွန္းနိုင္ပါတယ္။
ဘြဲ႕ေတြအမ်ားႀကီး
---------------
လူေတြလို အဓိက ေမဂ်ာက ဥပေဒ၊ ေဆး၊ ကြန္ျပဴတာ၊ အင္ဂ်င္နီယာ ဆိုၿပီး သီးသန႔္ခြဲထြက္သင္ယူရတာ မဟုတ္ဘူး။
ဒီ ျပဌာန္းက်မ္းစာအတူတူကိုပဲ မန္းေလး၊ ရန္ကုန္၊ ေတာင္ႀကီး၊ ေမာ္ကြၽန္း၊ ပဲခူး၊ စစ္ေတြ၊ ပခုကၠဴ စသည္..ၿမိဳ႕ေတြအမ်ားႀကီးက က်င္းပတဲ့ စာေမးပြဲေတြကို အကုန္ေအာင္ရင္ (၁၀)ၿမိဳ႕က်င္းတယ္ဆိုပါစို႔ ။ အကုန္ေအာင္တယ္။ သာမေဏေက်ာ္ (၁၀) ဘြဲ႕ ရတယ္ေပါ့ ။
မေန႕က ေျပာတဲ့ အစိုးရက က်င္းပတဲ့ဓမၼာစရိယမွာ ဂုဏ္ထူးတန္း ျမန္မာေရာ ပါဠိေရာ ေအာင္ရင္ ဓမၼာစရိယ (၇) ဘြဲ႕ ရတယ္ေပါ့ ။
နိကာယ္စာေမးပြဲမွာ အုပ္စု ကိုးစုလုံး ေအာင္ရင္ ‘ဝိနယဝိဒူ’ ‘မဟာဝိနယဝိဒူ’ စသည္ျဖင့္ ကိုးဘြဲ႕ရတယ္ေပါ့ ( လိုရင္း နားလည္ေအာင္သာ ေရးပါတယ္။ အတိအက် မဟုတ္ပါ)
ဒီလိုနဲ႕ ဆယ္ဘြဲ႕ရ ၊ ကိုးဘြဲ႕ရ ဆရာေတာ္ ဘာညာဆိုၿပီး ေရးၾက ေခၚၾကတာပါ။
လူေတြလို မတူညီတဲ့ ဘြဲ႕ဒီဂရီေတြကို အမ်ားႀကီး ရယူတာ မဟုတ္ဘူး။ တကယ္ေအာင္လို႔ ဘြဲ႕ေပါင္း ဘယ္ႏွစ္ဘြဲ႕ လို႔ ေရးတာက ေတာ္ေသးတယ္။မရဘဲနဲ႕ လိမ္ေရးတဲ့ သူေတြလည္း ရွိေသးတယ္။
ဘာျဖစ္လို႔ မရဘဲေရးၾကတာလဲ
---------------------------
ရွင္းပါတယ္။ လူ႕စိတ္သဘာဝအရ ႐ုပ္ေခ်ာတာကို ႀကိဳက္သူက သုံးပုံမွာ ႏွစ္ပုံ၊ နာမည္ႀကီးတာကို ႀကိဳက္သူက ငါးပုံမွာ ၄ပုံ။
ရိုးရိုးကုတ္ကုတ္ေနတာကို ႀကိဳက္သူက ဆယ္ပုံမွာ ၉ ပုံ ရွိေလေတာ့...
လူေတြႀကိဳက္ေအာင္ သေဘာက်ေအာင္ အသိအမွတ္ျပဳေအာင္ စနစ္တက် စာမသင္ဘဲ ျဖတ္လမ္းကေန နာမည္ႀကီးခ်င္လို႔ ဘြဲ႕မရဘဲ ရတယ္ လုပ္ၾကတာေပါ့ဗ်ာ ။
သာသနာကို ေစာင့္ေရွာက္တဲ့ေနရမွာ သာသနာေရရွည္တည္တံ့ေအာင္ လုပ္တဲ့ေနရာမွာ အဓိက..က ဘုန္းႀကီး ျဖစ္ပါတယ္။
ဒါေပမယ့္ လူေတြဖက္ကလဲ ၾကည္ညိုတတ္ဖို႔ လိုပါတယ္။ ‘ငါ့ဘုန္းႀကီးက ပိုျမန္တယ္၊ သူ႕ဘုန္းႀကီးက ပိုျမန္တယ္’ ၿပိဳင္ၾကရင္း ဘုန္းႀကီးႏွစ္ပါးပါ အေျပးၿပိဳင္ရတဲ့ အေနအထား ေရာက္လာတာပါ။
ဟုတ္တယ္.. ဘုန္းႀကီးခ်င္း မတူဘူးေလေနာ္။
( မနက္ျဖန္ ေဒါက္တာဘြဲ႕ ဟိုဘြဲ႕ ဒီဘြဲ႕ေတြ ေရးအုံးမယ္ေလ)
“ယုံၾကည္ခ်က္နဲ႕ အသိဉာဏ္ကို ေပါင္းၿပီး
သာသနာကို ေစာင့္ေရွာက္ၾကည္ညိုနိုင္ၾကပါေစ”
#နားလည္ေစခ်င္ပါသည္ (၃)
သကၤန္းဝတ္ထားတာခ်င္း တူေပမယ့္ ဘုန္းႀကီးခ်င္းမတူဘူး။ ရွင္သန္ပုံ မတူဘူး၊ ခံယူခ်က္မတူဘူး။ အသက္ေမြးပုံမတူဘူး ။
ဘြဲ႕ရ ပညာတတ္ စိတ္ေကာင္းမရွိသူေတြ၊ ဘြဲ႕ရ ပညာတတ္ ရထားတဲ့ဂုဏ္နဲ႕ ထိုက္တန္ေအာင္ စိတ္ေနစိတ္ထား ျမင့္ျမတ္ၿပီး သာသနာအလုပ္ကို လုပ္သူေတြ၊ ဘြဲ႕မရ ပညာမတတ္ေပမယ့္ သာသနာကို ခ်စ္ျမတ္နိုးၿပီး ပဋိပတ္အလုပ္ကို အားထုတ္ေနသူေတြ၊ ဘြဲ႕လည္းမရ ပညာလည္းမတတ္ စိတ္ေကာင္းလည္းမရွိ စာလည္းမသင္ခဲ့ လမ္းခုလတ္ကေန ၾကားျဖတ္နာမည္ႀကီးခ်င္ေနသူေတြ စသည္ျဖင့္ အမ်ိဳးမ်ိဳး ရွိပါတယ္။
အမ္ေအ၊ ပီခ်္ဒီ
----------------
ျမန္မာနိုင္ငံ ဘုန္းေတာ္ႀကီးေတြ သင္ရတဲ့ ပညာေရးစနစ္မွာ လူေတြသင္ရသလို သခၤ်ာ၊ အဂၤလိပ္၊ ပထဝီ၊ သမိုင္း စတဲ့ ဘာသာရပ္ေတြမ်ိဳး မသင္ခဲ့ရဘူး။ ဘုရားေဟာတဲ့ ပိဋကတ္သုံးပုံ(အားလုံးမဟုတ္)နဲ႕ သဒၵါ၊ သၿဂိဳဟ္၊ ညဝါ စတာေတြ သင္ခဲ့ရတာ ။ ဒါဆိုရင္ အဂၤလိပ္စာ မတတ္ဘဲ နိုင္ငံျခားမွာ ဘယ္လို အမ္ေအဘြဲ႕ ေဒါက္တာဘြဲ႕ေတြရတာလဲ ဆိုတာ ေမးစရာရွိတယ္။
အမ္ေအဘြဲ႕တက္ဖို႔ဆိုရင္ အနည္းဆုံး ဘီေအ ေအာင္မွ တက္လို႔ရတယ္ဆိုတာ သိၾကပါတယ္။ ျမန္မာဘုန္းႀကီး ပညာေရးစနစ္က မူလတန္း၊အငယ္တန္း၊အလတ္တန္း၊အႀကီးတန္း၊ဓမၼာစရိယ၊သာမေဏေက်ာ္၊ဘိဝံသ၊တိပိဋက ဒီပုံစံနဲ႕ သင္ၾကားခဲ့ရသူေတြကိုး။ ဒါေပမယ့္ အိႏၵိယနဲ႕ သီရိလကၤာနိုင္ငံ တကၠသိုလ္ေတြက ျမန္မာနိုင္ငံက ဓမၼာစရိယတန္းဟာ သူတို႔တကၠသိုလ္ေတြက ဘီေအတန္းနဲ႕ ညီမွ်တယ္လို႔ လက္ခံၾကတယ္။
အဲဒီအတြက္ အမ္ေအတန္းတက္လိုတဲ့ (ဓမၼာစရိယတန္းေအာင္ၿပီးတဲ့) ဘုန္းေတာ္ႀကီးဟာ သာသနာေရး ဝန္ႀကီးဌာနကိုသြားၿပီး ‘Equivalent Certificate- ဓမၼာစရိယတန္းဟာ ဘီေအတန္းနဲ႕ ညီမွ်သည္’ဆိုတဲ့ စာ႐ြက္ကို ထုတ္ယူၿပီး အမ္ေအတန္း သြားတက္ၾကရတယ္။
ငယ္ငယ္က အဂၤလိပ္စာ မသင္ခဲ့ဘဲ ဘယ္လိုတကၠသိုလ္သြားတက္တာလဲ?
ဆိုပါစို႔ !
၂၀၀၇ ခုႏွစ္ သီရိလကၤာ ေကလနိယတကၠသိုလ္မွာ အမ္ေအတန္းတက္တဲ့ ျမန္မာဘုန္းႀကီး ၉၆ပါးရွိတယ္။ တပတ္ကို တကၠသိုလ္စာသင္ ခန္း မွာ ေလးရက္သြားတက္ၾကတယ္။ ပါေမာကၡေတြက အဂၤလိပ္လို သင္တာ။ တကယ္နားလည္တဲ့ ဘုန္းႀကီးက ၆ ပါးထက္ မပိုဘူး။ နားလည္တဲ့ အဂၤလိပ္စာကို ႀကိဳးစားသင္ယူထားတဲ့ ဘုန္းႀကီး ၆ ပါးေလာက္က အသံသြင္းစက္ေလးေတြ စာသင္ခန္းထဲ ယူလာတယ္။ ကိုယ္ေနတဲ့ အခန္းထဲျပန္ေရာက္ရင္ ခ်ေရးတယ္။ သူတို႔ေရးၿပီးသား စာ႐ြက္ေတြကို နားမလည္တဲ့ အဂၤလိပ္စာ အရည္အေသြးမမွီတဲ့ အပါး ၉၀ ေလာက္က ျပန္ဖတ္ရတာ။
Semester ၃ ခု တက္ရတယ္။ စာေမးပြဲနီးရင္ ဘာသာရပ္တစ္ခုအတြက္Topic ၁၂ ခုေလာက္ ဆရာေတြကေပးလိုက္တယ္။ ဆိုလိုတာက ဒီ ၁၂ ခုၾကည့္ထား၊ ဒီထဲကဘဲ ေမးမယ္ေပါ့ ။
ေအး အဲဒီအခ်ိန္ စာေမးပြဲနီးတဲ့ ၂ လ ၃ လမွာ အေသေထာင္က်က္ၾကေတာ့တာပဲ။ အေရးလဲ ေလ့က်င့္ အလြတ္ရေအာင္လည္းက်က္ ၊ က်က္နိုင္ရင္ အမ္ေအဘြဲ႕ ရေတာ့တာေပါ့ေလ။ ( တကယ္ အမ္ေအတန္းက ဆရာက သင္ေပးလိုက္တာကို၊ စာၾကည့္တိုက္ထဲဝင္၊ စာေတြဖတ္၊ နားလည္ေအာင္လုပ္၊ စာေမးပြဲနီးရင္ ေအးေဆးေျဖလိုက္ရင္ ရၿပီ။ အဂၤလိပ္စာ အရည္အေသြး မမွီေတာ့ ေထာင္က်က္ အေသက်က္ၿပီး ေျဖခဲ့တာေပါ့၊ ခိုးေျဖတာ ေငြေပးေျဖတာေတာ့ မဟုတ္ဘူး။ (ဒီအထိ ေယာႏြယ္ကိုယ္ေတြ႕) ။
ေဒါက္တာဘြဲ႕
--------------
သီရိလကၤာ အမ္ေအ..က တႏွစ္ပဲတက္ရတာ။ အိႏၵိယ အမ္ေအတန္းက ၂ ႏွစ္တက္ရတာ။ အမ္ေအတန္းၿပီးလို႔ ပီခ်္ဒီ ဆက္လုပ္ခ်င္ရင္ လုပ္လို႔ရၿပီ ။
ေဒါက္တာအမ်ိဳးမ်ိဳး
--------------------
ေဒါက္တာတိုင္း ေငြေပးဝယ္ၾကတာ မဟုတ္ပါဘူး။ အရည္အေသြးျပည့္မွီတဲ့ ေဒါက္တာေတြလဲ ရွိပါတယ္။
ဥပမာ.. အိႏၵိယကေန ျမန္မာရဟန္းေတြထဲက အစဦးဆုံး ေဒါက္တာဘြဲ႕ရၾကတဲ့ ဩစေတးလ်ားဆရာေတာ္ေဒါက္တာဇာဂရ၊ ဘာမင္ဂန္ဆရာေတာ္ေဒါက္တာေရဝတ တို႔ဟာ အရည္အေသြးမွီတဲ့ ေဒါက္တာေတြလို႔ ေျပာနိုင္မွာပါ။
ၿပီးေတာ့ အခုေနာက္ပိုင္းမွာ ပါခ်ဳပ္ဆရာေတာ္ႀကီးတို႔ဟာ ကြာလဖိုင္းျဖစ္တဲ့ ဆရာေတာ္ေတြဆိုတာ ျငင္းလို႔မရနိုင္ဘူး။
ပါခ်ဳပ္ဆရာေတာ္ႀကီးက အမ္ေအဘြဲ႕ကို သီရိလကၤာက ရတယ္။ ပီခ်္ဒီ ေဒါက္တာဘြဲ႕ကို အိႏၵိယ..က ရတယ္။ ၿပီးေတာ့ ေအာက္စ္ဖို႔ ဆရာေတာ္ေဒါက္တာဓမၼသာမိ။ လန္ဒန္တကၠသိုလ္က ဆရာေတာ္ႏွစ္ပါး ဆန္းဒါးလင္းတကၠသိုလ္က ဆရာေတာ္ေတြက အရည္အေသြးမွီတဲ့ဆရာေတာ္ေတြပါ။
အေမရိကန္တကၠသိုလ္ေတြကေန ေဒါက္တာဘြဲ႕ရတဲ့ ဘုန္းႀကီးႏွစ္ပါး ရွိတယ္။ ဆရာေတာ္ေဒါက္တာဓမၼပိယနဲ႕ အဇူဇာေက်ာင္းက ဆရာေတာ္ ဦးဉာနဝရပါ။
အိႏၵိယ သီရိလကၤာကေန အရည္အေသြးမွီ ေဒါက္တာဘြဲ႕ရတဲ့ ဆရာေတာ္ေတြလည္း အမ်ားႀကီးပါ။ ကိုယ္မရတိုင္း ေငြေပးဝယ္တယ္လို႔ ေျပာရင္လဲ သဘာဝမက်ဘူးေလ။
တခ်ိဳ႕ဘုန္းႀကီးေတြ USA Ph.D လို႔ ေရးတာလဲေတြ႕ရလိမ့္မယ္။ အဲဒါ ေငြဝယ္ေဒါက္တာ။ ဖေလာ္ရီဒါနဲ႕ LA တကၠသိုလ္တခ်ိဳ႕မွာ ေငြေပးၿပီး ေဒါက္တာဘြဲ႕ ယူထားတာ။ ဒါ လူေတြကိုလိမ္တာပါ။
ရွမ္းျပည္ဖက္က ဘုန္းႀကီးတစ္ပါးဆိုရင္ ပီခ်္ဒီ အေမရိကန္ကရပါတယ္ဆိုၿပီး တိုင္းမႉးေတြဦးေဆာင္ၿပီး ပူေဇာ္ပြဲလုပ္တယ္။ ဝမ္းနည္းစရာပါ။
ေနာက္ရွိေသးတယ္.. ဟိုတေလာက ျပႆနာျဖစ္သြားတဲ့ ဘုန္းႀကီး၊ ၿပီးေတာ့ တရားရိပ္သာတစ္ခုက ဘုန္းႀကီး..အဂၤလန္ ထရိန္နတီက ေဒါက္တာဘြဲ႕ရဆိုၿပီး ေရးထားတာေတြ႕ရတယ္။
အဲဒီေကာလိပ္က ေငြေပးရင္ ေဒါက္တာဘြဲ႕ရတဲ့ေကာလိပ္။ တကယ္မဟုတ္ဘူး။ ဂုဏ္ရွိလို႔ ဆက္ကပ္ထားတာလဲ မဟုတ္ဘူး။ ဒီလိုဘုန္းႀကီးေတြက်ေတာ့ ေဒါက္တာ႐ူးလို႔ ေခၚရမွာေပါ့ေလ။
လူမ်ားေတြ ‘ေဒါက္တာ’ တပ္လို႔ သူတို႔က ျဖတ္လမ္းကေန ေငြနဲ႕ဝယ္ၿပီး ေဒါက္တာဘြဲ႕ရသလိုလို ၾကည္ညိဳလို႔ဘဲ လာဆက္ကပ္ ထားသလိုလို လူေတြကို လိမ္ၾကတာ။
ၿပီးေတာ့..အိႏၵိယ ေလာကမွာ ‘ဘုရားဖူးေဒါက္တာ’ဆိုတာ ရွိေသးတယ္။
ဗုဒၶဂယာကို ဘုရားဖူးသြားရင္း နယ္ခံေဒါက္တာပြဲစားေတြနဲ႕ေပါင္း၊ ေငြေပးၿပီး ေဒါက္တာဘြဲ႕ယူထားတဲ့ ဘုန္းႀကီးေတြကိုေတာ့ ‘ဘုရားဖူးေဒါက္တာ’လို႔ ေခၚၾကသတဲ့ (ေကာင္းေရာကြာ) ။
စိတ္မေကာင္းစရာက ေဒါက္တာေတြ ေခတ္စားလာေတာ့ စာတတ္ေပတတ္ ဘုန္းႀကီးေတြ ဓမၼကထိကေတြ နိုင္ငံေတာ္ရဲ႕ထိပ္တန္း အဖြဲ႕အစည္းႀကီးမွာ ပါဝင္ေနတဲ့ ဆရာေတာ္ႀကီးေတြပါ ေဒါက္တာကို ေငြနဲ႕ ဝယ္ေနၾကၿပီ ။
တကယ္ေတာ့ ေဒါက္တာမွ ဂုဏ္ရွိတာ မဟုတ္ဘူးေလ။ ဘုန္းႀကီးဟာ ဘုန္းႀကီးအလုပ္ လုပ္ေနရင္ ဂုဏ္ရွိေနပါၿပီ။ အရည္အေသြးရွိလို႔ ေဒါက္တာဘြဲ႕ယူရင္ေတာ့ အခ်ိဳေပၚ သကာေလာင္းေပါ့။ ေဒါက္တာဘြဲ႕ရၿပီး ေအဘီစီဒီေတာင္ မေရး မေျပာတတ္ရင္ ရွက္စရာ မဟုတ္လား ။
ၾကည္ညိဳသူ ဒကာ ဒကာမေတြလဲ စဥ္းစားသင့္ၿပီ ။ စီစစ္သင့္ၿပီ ။ တကယ္အရည္အေသြးမွီတဲ့ ဘုန္းေတာ္ႀကီးေတြကို အားေပးၾကရမွာ။ ျဖတ္လမ္းလိုက္ နာမည္ႀကီးလို ဘုန္းႀကီးလိုတဲ့ သာသနာကို မခ်စ္တဲ့သူေတြကို သတိထားဆက္ဆံၾကရမွာပါ ။
အသက္ေမြးပုံမတူဘူး။ ခံယူခ်က္မတူဘူး။ ဘုန္းႀကီးခ်င္းမတူဘူး ဆိုတာ ဒါေတြကို ေျပာခ်င္တာပါ။ ဘယ္သူ႕ကိုမွ ထိခိုက္ေစလိုျခင္း မရွိပါ။
“ယုံၾကည္ခ်က္ကို အသိဉာဏ္နဲ႕ေပါင္းၿပီး
သာသနာကို ေစာင့္ေရွာက္ၾကည္ညိုနိုင္ၾကပါေစ။”
( မနက္ျဖန္ ေ႐ြးခ်ယ္ခြင့္မရွိတဲ့ ဘုန္းႀကီးဘဝနဲ႕ စာေပသင္ၾကားပုံစနစ္ေတြကို နားလည္လြယ္ေအာင္ ေျပာပါအုံးမယ္)
#နားလည္ေစခ်င္ပါသည္ (၄)
ဘုန္းႀကီးခ်င္းမတူဘူး၊ ခံယူခ်က္မတူဘူး
ေ႐ြးခ်ယ္ခြင့္မရွိတဲ့ဘုန္းႀကီးဘဝ
---------------------------
သကၤန္းစ ဝတ္ကတည္းက မိသားစု သန္းေခါင္စာရင္းက အထုတ္ခံရတယ္။ မဲေပးခြင့္မရွိဘူး ။ သီးသန႔္လူတန္းစားတရပ္လို ျဖစ္သြားတာ ေပါ့ ။ ဒီအစား မႀကိဳက္လို႔လဲ ေ႐ြးခ်ယ္ခြင့္မရ ။ ေအးေအးပူပူ စာသင္သားဘဝမွာ ဆြမ္းခံစားဘဲ ။ လူအမ်ားကို မွီခိုရတဲ့ ဘဝမို႔ ေၾကးမ်ားခြင့္လဲ မရွိပါဘူး။
လုပ္စရာ အလုပ္ကလဲ ငယ္တုန္းမွာ စာသင္(ပရိယတၱိ) ၊ သို႔မဟုတ္ တရားထိုင္ (ပဋိပတ္) ဒီႏွစ္ခုဘဲ။
ဆရာေတြခ်မွတ္ထားတဲ့အတိုင္း စာသင္ စာက်က္လို႔ စာေမးပြဲေတြေအာင္လာရင္ စိတ္က ေနေပ်ာ္လာတယ္။ ဆရာေတြက အသိအမွတ္ျပဳလာတယ္။ လူေတြက အသိအမွတ္ျပဳလာတယ္။ ပ်င္းလို႔ စာလဲမက်က္ ဘာမွလဲ မေအာင္ရင္ ဒီဘုန္းႀကီးဟာ စိတ္ေလေတာ့တာပဲ ။
စိတ္ေလလာရင္ လူထြက္မယ္။ လူမထြက္ရင္ ေဗဒင္သင္မယ္။ ဘိုးေတာ္လိုလို ဘာလိုလိုလုပ္မယ္။ ၂ လုံး၊သုံးလုံးေပးတဲ့ ဂိုဏ္းဘုန္းႀကီးလုပ္မယ္ေပါ့( ဒီလိုဘုန္းႀကီးေတြဟာ စာေကာင္းေကာင္း မသင္ခဲ့ရသူေတြမ်ားပါတယ္)
စာေပအသင့္အတင့္ သင္ယူၿပီးလို႔ စာျပန္သင္ေပးရတဲ့ စာခ်ဘုန္းႀကီးျဖစ္လာၿပီဆိုရင္ေတာ့ မိခင္ေက်ာင္းတိုက္ သို႔မဟုတ္ သင့္ေတာ္ရာေက်ာင္းတိုက္မွာ မ်ိဳးဆက္သစ္ ကိုရင္၊ ဦးပဥၹင္းေတြကို စာျပန္သင္ေပးရင္း ဘဝတစ္ခုကို အဆုံးသတ္ရတာ။
အရင္ကေတာ့(ဆရာ့ ဆရာႀကီးေတြေခတ္ကေတာ့) စာေမးပြဲ သိပ္ေခတ္မစားဘူးလို႔ ေျပာရမယ္။ မိခင္ေက်ာင္းတိုက္က ဆရာေတြဆီမွာ စာေပသင္ယူ ။ ၿပီးရင္ ပခုကၠဴ၊ မန္းေလးကို သြား ။ ပိဋကတ္သုံးပုံကို အျပန္အလွန္ သင္ယူၾကတဲ့ေခတ္ ရွိခဲ့ဖူးတယ္။ သဒၶါတရားအင္အား ေကာင္းၾကတဲ့ေခတ္လို႔ ဆိုနိုင္တယ္။
"က်မ္းႀကီးသင္ယူ ပခုကၠဴ၊
ပခုကၠဴေရာက္ စာျမန္ျမန္ေပါက္၊
စာတတ္လိုျငား ပခုကၠဴသြား၊
ပခုကၠဴမခိုလႈံ က်မ္းမစုံ" ..လို႔ေတာင္ စာခ်ိဳးေတြရွိခဲ့တာ။
ပခုကၠဴ စာသင္နည္း စနစ္ဟာ စာလဲစုံ စာလဲတတ္တယ္ဆိုတဲ့ သေဘာပါ ။ မန္းေလး စာသင္နည္း စနစ္လဲ ရွိေသးတယ္။ ပိဋကတ္သုံးပုံ ကို အဌကထာ ဋီကာ အယူအဆ အေတြးအေခၚေတြနဲ႕ သင္ယူရတဲ့ နည္းစနစ္။( critical thinking ကို ဦးစားေပးတဲ့ နည္းစနစ္လို႔ ေျပာရမယ္ ထင္ပါတယ္။
( ေယာႏြယ္ေတာ့ မသင္ဖူးလို႔ ေသခ်ာမသိဘူး၊ ေယာႏြယ္တို႔ကေတာ့ သာမေဏေက်ာ္စာေမးပြဲ စတာေတြပဲ သင္ခဲ့ဖူးတာ။ ကိုယ့္ဟာကိုယ္ စာတတ္တယ္လို႔လဲ မထင္မိပါဘူး ။ မသင္ဘူးတဲ့သူေတြနဲ႕စာရင္ေတာ့ မဆိုးဘူးေပါ့ေလ။)
ကိုယ့္စာေပအရည္အခ်င္း ကို တိုးတက္ေအာင္ Brush up လုပ္ၾကတာကို ပခုကၠဴစာသင္နည္း ၊ မန္းေလးစာသင္နည္းလို႔ နားလည္လြယ္ေအာင္ မွတ္လိုက္ၾကတာေပါ့ ။
ျမန္မာနိုင္ငံ ဘုန္းႀကီးပညာေရးစနစ္က
"အာဂုံရမွ အာဂလူ၊
အာဂလူေလး ျဖစ္ဖို႔ေရး
အာဂုံမွန္မွန္က်က္ထားေပး"ကိုး ။
အက်ိဳးရွိသင့္သေလာက္လဲ ရွိပါတယ္ ။ ဒါေပမယ့္ ပါဠိကို ၁၀ ႏွစ္ ၁၅ ႏွစ္သင္ေပမယ့္ ျမန္မာဘုန္းေတာ္ႀကီးအမ်ားစု ပါဠိလို မေျပာနိုင္ဘူး။ မေရးနိုင္ဘူး ၊ စဥ္းစားဖြယ္ရာပဲေပါ့ေလ။
သီရိလကၤာ စာသင္နည္းစနစ္က အဘိဓာန္ႀကီးေတြလဲ ေထာင္မက်က္ရဘူး။ သဒၵါေတြ သုတ္ၿပီး ႐ုပ္ၿပီးေတြမွာလဲ သဒၵါၾကီး ၈ ေစာင္တြဲကို ေထာင္ၿပီး မက်က္ခိုင္းဘူး ။၁၉၅၀ မတိုင္ခင္ သူတို႔လဲ ျမန္မာဘုန္းႀကီးေတြလိုပါပဲ။
ဒါေပမယ့္ ေပၚတူဂီလက္ေအာင္ကေန လြတ္လပ္ေရးရၿပီးေတာ့ တကၠသိုလ္ပညာေရးစနစ္ကို ေျပာင္းလဲခဲ့တယ္။ တိုးတက္သင့္သေလာက္ တိုးတက္ခဲ့တယ္လို႔ ေျပာနိုင္မယ္။ သုတၱန္ပိုင္းမွာ ဘုန္းႀကီးေရာ လူပါေမာကၡေတြေရာက ေတာ္ေတာ္နိုင္နိုင္နင္းနင္း ရွိတယ္၊ ကြၽမ္းက်င္ တယ္လို႔ ျမင္ပါတယ္။ (အဘိဓမၼာေတာ့ ျမန္မာကို မမွီဘူးလို႔ ေျပာရမယ္) ။
ျမန္မာဘုန္းႀကီး ပညာေရးစနစ္ေတြလည္းေျပာင္းလာတာ သထိထားမိၾကမယ္ထင္ပါတယ္။ တကၠသိုလ္ပညာေရး စနစ္ဆီ သြားေနတာ ေတြ႕ရတယ္။
အစိုးရက ဦးေဆာင္တဲ့ နိုင္ငံေတာ္ပရိယတၱိတကၠသိုလ္ေတြ၊ ေထရဝါဒတကၠသိုလ္ေတြ ၊ ထင္ရွားၿပီးဘုန္းကံႀကီးတဲ့ဆရာေတာ္ေတြ တည္ေထာင္တဲ့ တကၠသိုလ္ေတြ ေပၚလာတယ္။ ဝမ္းသာစရာပါ။ အရည္အေသြးပိုင္း ဘယ္လိုလဲ ဆိုတာေတာ့ ကိုယ့္ဟာကိုယ္သာ စုံစမ္းေတာ့။
တခ်ိဳ႕လဲ ရည္႐ြယ္ခ်က္ေကာင္းတယ္။ တခ်ိဳ႕ဘုန္းႀကီးေတြေထာင္တဲ့ တကၠသိုလ္ ေကာလိပ္ေတြလဲ နာမည္ခံသက္သက္ ျဖစ္ေနတာ ေတြ႕ရမွာပါ။
ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးက လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားလာေတာ့ ဘုန္းႀကီးအငယ္ေတြမွာ ပါေမာကၡခ်ဳပ္ေရာဂါ ရၾကတာလဲ မနည္းဘူး။
တကၠသိုလ္နာမည္ခံၿပီး ကိုယ့္ဟာကို ပါခ်ဳပ္လိုက္ၾကတာလဲ ရွိတယ္ (ေယာႏြယ္ လက္လွမ္းမမွီလို႔ မေျပာလိုပါ။ Good မယ္ထင္ရင္ Do သာ Do လို႔ပဲ ေျပာနိုင္တယ္။
လူေတြနားလည္လြယ္တဲ့ ပါခ်ဳပ္ ပါေမာကၡ ကထိက စတဲ့နာမည္ေတြကို ဘုန္းႀကီးေတြလဲ တအားႀကိဳက္ေနၾကၿပီ ။
တကယ္ ခ်ဳပ္ မခ်ဳပ္ ၊ေမာက္ မေမာက္၊ ထိ မထိေတာ့ အဲဒီဘုန္းႀကီးေတြနဲ႕ေတြ႕မွ တကၠသိုလ္အဆင့္ အရည္အေသြးရွိ မရွိ စကားေျပာၾကည့္ၾကေတာ့ ။
ေခတ္မွီတဲ့ပညာေရးဟာ သိပ္ေကာင္းပါတယ္။ ဒါမွ ျမန္မာသာမက ျပည္ပနိုင္ငံေတြအထိ ထိုးေဖာက္နိုင္မွာ ။
ေသခ်ာတာကေတာ့ ျမန္မာပညာေရးစနစ္နဲ႕ သင္ယူလာတဲ့ ဘုန္းႀကီးေတြ ကမၻာကို အခုထိ မထိုးေဖာက္နိုင္ေသးပါဘူး။ တူတူတန္တန္ ထိုးေဖာက္နိုင္တာ ၃ ပါး ေလးပါးထက္ မပိုဘူး။ တကယ္ေျပာတာ။
ဘီဘီစီက ဦးေလးႀကီး ဦးေဖသန္းေျပာတဲ့ စကားတစ္ခု သတိရမိတယ္။
"အျပင္မွာ ဆိုင္းဘုတ္လွလွေလးခ်ိတ္ၿပီး အထဲမွာ လုပ္ခ်င္တာ လုပ္ေနရင္ေတာ့ " ဆိုတဲ့ စကားေလ။
အရိုးခံစာသင္နည္း စနစ္ေတြလဲ ရွိေနရမွာ။ update လုပ္သင့္တာလဲ လုပ္ရမွာလို႔ ျမင္ပါတယ္။
ဒီအခ်ိန္မွာ ဘုန္းႀကီးေတြအေပၚ ဒကာ ဒကာမအျမင္ေတြကို ထည့္သြင္းစဥ္းစားသင့္သလို မ်ိဳးဆက္သစ္ ကိုရင္မ်ားကိစၥလဲ စဥ္းစားသင့္တယ္။
အေပၚက ေခါင္းေပါင္းႀကီးပဲ သ-ေနလို႔ မျဖစ္ဘူး။ ပုဆိုးေပါက္ ထမိန္ေပါက္ေနတာလဲ ထည့္စဥ္းစားသင့္တယ္လို႔ ျမင္ပါတယ္။
" စာ မတတ္မူ အေခါက္ထူ လူထဲရွင္ထဲ သုံးမရ ။ စာတတ္ျပန္လွ်င္ စိတ္ႀကီးဝင္ လူျမင္တိုင္းက ေအာ့ခ်င္ၾက" ေ႐ႊက်င္ဆရာေတာ္ႀကီးရဲ႕ စကားဟာလဲ မွတ္သားဖြယ္ရာပါ ။
ဘုရားရွင္ရဲ႕ စာသင္နည္းကေတာ့
‘၁။ ႂကြားလို႔ရ႐ုံ ကိုယ့္ဟာကိုယ္ ဒုကၡျဖစ္ေအာင္ မသင္နဲ႕၊
၂။ ဆင္းရဲလြတ္ၿပီး ၿငိမ္းခ်မ္းမႈရေအာင္ သင္၊
၃။ဘုရားေဟာတဲ့ ဒီစာေတြ ဆက္လက္ထိန္းသိမ္းလိုစိတ္နဲ႕သင္’ ရမယ္လို႔ ေဟာေတာ္မူတယ္။
ခံယူခ်က္မတူရင္ ဘုန္းႀကီးခ်င္းလဲ မတူနိုင္ဘူးေလ။
“ယုံၾကည္မႈကို အသိဉာဏ္နဲ႕ ေပါင္းၿပီး
သာသနာကို ၾကည္ညိုၾကပါေစ”
( မနက္ျဖန္ တကယ္စာသင္ေနတဲ့ စာသင္သားဘဝေတြအေၾကာင္း ေရးအုံမယ္)
ေယာႏြယ္
Jan,18,2022
နားလည္ေစခ်င္ပါသည္ (၅)
===================
ေစတနာ မမွန္ရင္ ဘဝမမွန္ဘူး။ ရိုးသားမႈမပါရင္ ထိတ္တန္းမေရာက္ဘူး။ ခံယူခ်က္မတူရင္ သကၤန္းဝတ္တာျခင္းလဲ မတူဘူး ။
နားလည္ေစခ်င္ပါသည္ အပိုင္း (၁) မွာ
နိုင္ငံေတာ္ကက်င္းပတဲ့ ဘုန္းႀကီးစာေမးပြဲအေၾကာင္း ေျပာျပခဲ့တယ္။
အပိုင္း(၂)မွာ သာသနာအေရး အေလးေပးတဲ့ လူေတြ ဦးေဆာင္က်င္းပတဲ့ အဘိဝံသ အလကၤာရ စာေမးပြဲေတြအေၾကာင္း တင္ျပတယ္။
အပိုင္း(၃) မွာ အမ္ေအ၊ ပီခ်္ဒီအေၾကာင္း ေဆြးေႏြးေဖာ္ျပခဲ့တယ္။
အပိုင္း(၄)မွာ ေ႐ြးခ်ယ္ခြင့္မရွိတဲ့ဘုန္းႀကီးဘဝနဲ႕ စာေပသင္ၾကားပုံေတြကို ေရးခဲ့ပါတယ္။
ဒီေန႕အပိုင္း(၅)မွာ ပရိယတၱိစာေပကို တကယ္သင္ယူခဲ့ၾကတဲ့ ဘုန္းႀကီးေတြရဲ႕ ငယ္ဘဝရွင္သန္ပုံအေၾကာင္း ေျပာျပခ်င္တယ္။
စာေပသင္ယူတာ တကယ့္အရည္အခ်င္းလား
==========================
ဒီေန႕ေခတ္အေနနဲ႕ ေျပာရရင္ ဟုတ္တယ္လို႔ လြယ္လြယ္ေျဖမယ္။ သာသနာတည္တံ့ေရး ေမွ်ာ္ေတြးမိၾကတဲ့ ( သဒၶါတရား အင္အားနည္းပါးလာတဲ့ေခတ္မွာ) စာေမးပြဲက်င္းပၿပီး ဘုရားေဟာစာေတြကို ထိန္းသိမ္းခဲ့တယ္။
စာေပသင္ယူထားၿပီး ဘာမွမလုပ္ စိတ္ေကာင္းလဲမရွိတဲ့ဘုန္းႀကီးေတြလဲ ရွိပါတယ္။ ဒါေပမယ့္ ဒီလိုမွ မထိန္းသိမ္းရင္ သာသနာဟာ ဒီထက္ဆိုး႐ြားစရာ ရွိတယ္။
မဟာဂႏၶာ႐ုံဆရာေတာ္ႀကီးကေတာ့ “စိတ္ေကာင္းရွိဖို႔ ပထမ၊ စာတတ္ဖို႔က ဒသမ” လို႔ မိန႔္ေတာ္မူခဲ့တယ္။
သာသနာ့ရဲ႕ အသက္ဟာ စိတ္ေကာင္းပဲ ။ စိတ္ေကာင္းရွိမွ ဝိနည္းေလးစားမယ္။ စိတ္ေကာင္းရွိမွ မွားတာကို မွားပါတယ္။ မွန္တာကို မွန္ပါတယ္လို႔ ဝန္ခံၾကမယ္။ အျပစ္လုပ္မိရင္ ေတာင္းပန္ ဝန္ခံၿပီး အျပစ္ထပ္မလုပ္မိဖို႔ ေရွာင္ၾကလိမ့္မယ္။
ပထမေက်ာ္၊ အဂၢမဟာအေက်ာ္ ၊ ဝဋံသကာ ၊သိေရာမဏိ ဘြဲ႕မ်ား
===========================
လြယ္ေအာင္ပဲ ေျပာပါရေစေတာ့
နိုင္ငံေတာ္က က်င္းပတဲ့ အႀကီးတန္းမွာ တနိုင္ငံလုံး အမွတ္အမ်ားဆုံးရရင္ ‘ပထမေက်ာ္’ လို႔ေခၚတယ္။
ဓမၼာစရိယတန္းမွာ အမွတ္အမ်ားဆုံးရရင္ ‘အဂၢမဟာအေက်ာ္’ ၊
အဘိဝံသ စာေမးပြဲမွာ စာသင္တန္းေရာ စာခ်တန္းေရာ နံပတ္ (၁)နဲ႕ ႏွစ္မျခားဘဲေအာင္ရင္ ‘ဝဋံသကာ’၊
‘ဝဋံသကာ’ကို မင္းကြန္းတိပိဋကဆရာေတာ္ႀကီး အရင္ဆုံး ရရွိတယ္။ ယခုလက္ရွိ မဟန ဥကၠဌ ဗန္းေမာ္ဆရာေတာ္ႀကီးလဲ ဝဋံသကာပဲ ။
ႏွစ္ (၁၀၀)ေက်ာ္ စာေမးပြဲက်င္းပတဲ့အတြင္းမွာ ‘သက်သီဟဘိဝံသ ဝဋံသကာ’ ဟာ ကိုးပါးပဲ ရွိတယ္။ ( ဘယ္ေလာက္ခက္ခဲလဲ စဥ္းစားၾကည့္ေပါ့)
ေ႐ႊတိဂုံရင္ျပင္မွာက်င္းပတဲ့ ‘ေစတိယဂၤဏ’ စာေမးပြဲမွာလဲ ထို႔တူပဲ ( ေစတိယဂၤဏ ဝဋံသကာ ဘယ္ႏွစ္ပါးရွိလဲ ေယာႏြယ္ မသိပါ)
အရင္တုန္းက ‘အစိုးရ ဓမၼာစရိယ’ ကိုးက်မ္းကို တႏွစ္ထဲ ေျဖလို႔ရေအာင္ စာေမးပြဲက်င္းပခဲ့တယ္။ ဓမၼာစရိယ ၉ က်မ္းကို တႏွစ္ထဲေအာင္ရင္ ‘သိေရာမဏိဘြဲ႕’ ရတယ္။ လက္ရွိမွာေတာ့ ေမဂ်ာ သုံးဘာသာနဲ႕ ျမန္မာဂုဏ္ထူးတန္း၊ ပါဠိဂုဏ္ထူးတန္းဆိုၿပီး ခြဲထားလိုက္ၿပီ ။
တခ်ိဳ႕ဆရာေတာ္ေတြ ‘ပါဠိပါရဂူ’ ဘာညာ ေရးတာေတြ႕ဖူးမွာေပါ့ ။
ဓမၼာစရိယ ဂုဏ္ထူးတန္းတစ္ခုခုကို ေအာင္ျမင္ထားတာပါ။ ဝိနည္းဂုဏ္ထူးတန္းကိုေအာင္ရင္ ‘ဝိနယပါဠိပါရဂူ’ ေပါ့။ အဘိဓမၼာဂုဏ္ထူးတန္းကို ပါဠိလိုေအာင္ရင္ ‘အဘိဓမၼပါဠိပါရဂူ’ေပါ့ ။
စာသင္သားဘဝ ေန႕စဥ္ရွင္သန္မႈမ်ား
=======================
ေယာႏြယ္ေနခဲ့တာက မန္းေလး ဝိဇၨာလကၤာရေက်ာင္းတိုက္၊
မန္းေလး မဟာၿမိဳင္ေက်ာင္းတိုက္(မန္းတကၠသိုလ္နား)၊
ရန္ကုန္ တိပိဋကမဟာဂႏၶာ႐ုံေက်ာင္းတိုက္(ေက်ာက္မ်က္ျပတိုက္နား)၊
ရန္ကုန္ ဗဟန္း ဝိသုဒၶါ႐ုံေက်ာင္းတိုက္-ေယာတိပိဋကဆရာေတာ္ေက်ာင္း)၊
မန္းေလး ဝိသုဒၶါရံု စည္ရွင္ေက်ာင္းေတြမွာ ေနခဲ့ေတာ့
ဒီ စာသင္ေပးတဲ့ေက်ာင္းတိုက္ႀကီးေတြရဲ႕ စည္းကမ္းေတြပဲ ေျပာရမွာ ။
မနက္ေလး နာရီ အိပ္ယာထ ရတယ္။
အ႐ုဏ္တက္ ၅ နာရီနဲ႕ ၆ နာရီၾကားမွာ Breakfast ဘုန္းေပးရတယ္။
ၿပီးရင္ စာသင္ခ်ိန္ တခ်ိန္ ။
မနက္ ၇ နာရီေလာက္ စာသင္ၿပီးရင္ ေက်ာင္းသန႔္ရွင္းေရးလုပ္ရတယ္။ ၿပီးရင္ ေန႕လည္စားဖို႔ ဆြမ္းခံထြက္ရတယ္။
( ေက်ာင္းဥပေဒက..တပါးစာ ဆြမ္းရ..ရမယ္။ ဟင္းခြက္ ငါးခြက္ရ ရမယ္၊ မနက္ ၁၀ နာရီ ေက်ာင္းျပန္ေရာက္ရမယ္။)
(ေယာဆရာေတာ္ႀကီးေက်ာင္း၊ စည္ရွင္ဆရာေတာ္ေက်ာင္း၊ မဟာၿမိဳင္ေက်ာင္းတိုက္မ်ားမွာေတာ့ တန္းစီၿပီးဆြမ္းခံထြက္ရတယ္)
ဆြမ္းခံျပန္လာရင္ မနက္ ၁၀ခြဲ ေန႕လည္စာ မစားခင္ စာက်က္ၾကတယ္။
ၿပီးရင္ေန႕ဆြမ္းစားတယ္။
သပိတ္ စသည္ေဆးေၾကာၿပီးရင္ ၁၂ နာရီထိုးခါနီး ေရာက္သြားၿပီ ။
ေန႕ တနာရီအထိ ခဏနားရတယ္။
ေန႕ ၁ နာရီကေန ညေန ၅ နာရီအထိ ဆရာေတြဆီ စာသင္ရတယ္။ စာက်က္ရတယ္။ စာသင္ခ်ိန္ၿပီးရင္ ေက်ာင္းသန႔္ရွင္းေရးလုပ္ရတယ္။
( ဥပမာ. သံဃာ ၄၀၀ ေက်ာ္ မနက္ဘုန္းေပးဖို႔ ဆြမ္းခ်က္ဖို႔ ေဆးေၾကာဖို႔ ႀကိဳတင္ျပင္ဆင္ရတာမ်ိဳး။ ကိုရင္ႀကီးေတြ အလွည့္က် ဆြမ္းခ်က္ ဟင္းခ်က္ၾကရတယ္။ သံဃာ ၄၀၀ ေက်ာ္ဘုန္းေပးထားတဲ့ ဟင္းခြက္ေပါင္း ၁၀၀၀ေက်ာ္ကို အလွည့္က် ေဆးၾကရတယ္။
ညေန ၆ နာရီခြဲမွာ စုေပါင္းဘုရားဝတ္တက္ ။ ည ၇ နာရီကေန ၁၀ နာရီအထိ သံဃာ ၄၀၀ ေက်ာင္း တေနရာထဲ တေဆာင္ထဲမွာ စုေပါင္း စာက်က္ရတယ္။ ည ၁၀ နာရီ ထိုးတာနဲ႕ မီးဖြင့္ခြင့္မရွိေတာ့ဘူး။ အိပ္ေတာ့ေပါ့ ။ ( မနက္ ၄ နာရီကေန ည ၁၀ နာရီအထိ အခ်ိန္ျပည့္ ဒီစာ ဒီပုံအတိုင္း ႏွစ္ေပါက္ လည္ပတ္ေနၾကရတယ္)
ေက်ာင္းတိုက္အျပင္ကို ဆြမ္းခံခ်ိန္ကလြဲၿပီး တႏွစ္လုံးမွ သုံးရက္သာ အျပင္ထြက္ခြင့္ျပဳတယ္။ ဝါဆိုလျပည့္ သီတင္းကြၽတ္လျပည့္နဲ႕ စာေမးပြဲေျဖၿပီးလို႔ ႐ြာျပန္ခြင့္ရက္ ဒီသုံးခ်ိန္ဘဲ အျပင္ထြက္ရတယ္။
သတင္းစာမဖတ္ရ။ တီဗီမၾကည့္ရ။ ကာတြန္း ဝတၳဳဖတ္ခြင့္မရွိ ။ ဒီလို ဥပေဒသေတြနဲ႕ ဘုန္းႀကီးတပါးဟာ ဓမၼာစရိယ သာမေဏေက်ာ္ မၿပိးမခ်င္း ၈ ႏွစ္ကေန ၁၀ ႏွစ္ေနရတယ္။
(ေကာင္းတဲ့အားသာခ်က္က စာသင္ စာခ် အလုပ္မပ်က္ဘူး။ စာေမးပြဲေအာင္တာ ျမန္တယ္။ မေကာင္းတဲ့အခ်က္က လူမႈဆက္ဆံေရး မေကာင္းဘူး။ ဒါေၾကာင့္ဘုန္းႀကီးေတြ စကားေျပာရင္ ေဒါင့္မက်ိဳးတာ မ်ားတယ္။ သူ႕တပည့္ေတြကို ဆက္ဆံသလိုဘဲ ေငါက္ဆတ္ဆတ္ နဲ႕။ လူေတြကို ေၾကာက္တယ္။)
ဒီလို စည္းနဲ႕ကမ္းနဲ႕ေနတဲ့ သံဃာေတြအမ်ားႀကီးရွိပါတယ္။ ျမင္ေအာင္ၾကည့္ၾကပါအုံး။ အေပၚယံေလာက္ၾကည့္ၿပီး ကိုယ္နဲ႕ သေဘာထား မတိုက္ဆိုင္တာနဲ႕ သံဃာေတြ ဘုန္းႀကီးေတြကို မျပစ္မွားလိုက္ပါနဲ႕ ။
ဒီေန႕ေခတ္မွာ သံဃာ တေထာင္ေက်ာ္ရွိတဲ့ အမရပူရမဟာဂႏၶာ႐ုံ၊ေမွာ္ဘီ လွည္းကူးမဟာဝိဟာရ ၊ မန္းေလး မစိုးရိမ္တိုက္သစ္၊ ျမစၾကၤာေက်ာင္းတိုက္၊ ေအာင္ခ်မ္းသာ၊ မန္းေလး ဝိသုဒၶါ႐ုံစည္ရွင္ ၊အင္းစိန္ ႐ြာမစာသင္တိုက္ႀကီး ၊မုံ႐ြာ ေျမာင္းျမ ပေဇၨာတာ႐ုံ၊ သုေဗာဓာ႐ုံ စတာေတြဟာ သာသနာရဲ႕ တကယ္ပင္မေသြးေၾကာႀကီးေတြပါ။
စာလည္းတတ္ စိတ္ေကာင္းလည္းရွိရင္ေတာ့ Perfect ေပါ့ေလ။
စာေမးပြဲမေျဖဘဲ စာတတ္ေအာင္သင္တဲ့ ပခုကၠဴက်မ္းႀကီးေပါက္လို ဘုန္းႀကီးေတြလဲ ရွိတယ္။
စာေမးပြဲႀကီးေတြ ေအာင္ထားတိုင္း ႏွလုံးသားလွေရာလားဆိုေတာ့ အဲလိုလဲ မဟုတ္ဘူး။ စာေမးပြဲေတြေအာင္ၿပီး ႏွလုံးသား မလွသူေတြကိုလည္း ေတြ႕ရလိမ့္မယ္။ လူေတြလိုေပါ့ဗ်ာ..စဥ္းစားၾကည့္ေပါ့ ။
ဒါေပမယ့္ စာမသင္ အေလလိုက္ေနတာထက္စာရင္ စာသင္ေနတဲ့ သံဃာဘုန္းႀကီးေတြက ေလးစားဖြယ္ရာပါ ။
လမ္းသလားေနတဲ့ ဘုန္းႀကီးေတြ၊ ေဗဒင္ ႏွစ္လုံး သုံးလုံး ဘုန္းႀကီးေတြ၊ ဘိုးေတာ္လိုလို ဘာလိုလိုဘုန္းႀကီးေတြ၊ နိုင္ငံေရးဘုန္းႀကီးေတြ ၊ အိမ္ေဘးက ဘာမွ မလုပ္တဲ့ ဘုန္းႀကီးေက်ာင္းက ဘုန္းႀကီးေတြဘဲ ျမင္ၿပီး ဘုန္းႀကီးေတြကို သိမ္းႀကဳံးဆဲေနရင္ေတာ့ မွားၾကပါလိမ့္မယ္။
တကယ္ေတာ့ လူေတာ္လူေကာင္းဆိုတာ လူမ်ားကို အျပစ္ထိုင္ေျပာ ေလလွိုင္းထဲက ေဝဖန္ေနမယ့္အစား မင္းတို႔ကိုယ္တိုင္ ဘုန္းႀကီးဝတ္ၾကည့္ပါအုံးလို႔ ေျပာခ်င္တယ္။
ဗုဒၶဘာသာမွာ ဒီလို စည္းနဲ႕ကမ္းနဲ႕ လူေတြမသိဘဲ စာသင္ေနတဲ့ ဘုန္းႀကီးေတြအမ်ားႀကီး ရွိေနတာကို သိေစခ်င္ပါတယ္။
ဒီလို စည္းနဲ႕ကမ္းနဲ႕ ေနတဲ့ဘုန္းႀကီးေတြနဲ႕ အေလလိုက္ေနတဲ့ ဘုန္းႀကီးေတြ မတူဘူးေလ။ ဘယ္လိုမွ တူတယ္ မေျပာနဲ႕
(မနက္ျဖန္ေတာ့ အစိုးရကေပးတဲ့ ဘြဲ႕တံဆိပ္ေတြအေၾကာင္း ဆက္ေရးမယ္။ ၿပီးရင္ ပဋိပတ္ တရားထိုင္တဲ့ဘုန္းႀကီး၊ အေလအလြင့္ဘုန္းႀကီးေတြအေၾကာင္း ဆက္ေရးအုံးမယ္)
‘ယုံၾကည္မႈကို အသိနဲ႕ ထိန္းၿပီး သာသနာကို ၾကည္ညိုေစာင့္ေရွာက္နိုင္ၾကပါေစ’
#YNNote
Jan,19,2022
ေရးသားမွ်ေ၀သူ - အရွင္တိကၡ (ေယာႏြယ္)
No comments:
Post a Comment