Thursday, January 6, 2022

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ




စာရေးသူ Arkar Hein မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။


ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ


 ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ


 ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သန္ဓေတားဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ၊ အဆိပ်ရည်တွေ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အသီးတွေက စလို့ သစ်သားအတုံးတွေ အထိပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဆေးပညာက သန္ဓေသားနည်းတွေကို မတီထွင်ရသေးတဲ့ အချိန်တုန်းက လူသားတွေဟာ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနည်းမျိုးစုံကို အသုံးပြုခဲ့ရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ခေတ်မှီဆေးဝါးအစုံအလင် အသုံးပြုခွင့်ရတာ ဟာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။


 ၁။ သံအတွင်းခံ


 chastity belt ဆိုတာကိုကြားဖူးကြလား။ chastity ဆိုတာ ဗြဟ္မစရိယကျင့်ခြင်းလို့ အဓိပ္ပါယ်ရပြီး အလယ်ခေတ်ကအမျိုးသမီးတွေ သူမရဲ့ခင်ပွန်းဖြစ်သူကလွဲပြီး တခြားသူနဲ့ လိင်ဆက်ဆံလို့ မရအောင် ဝတ်ကြတဲ့ ခါးပတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီသံခါးပတ်တွေဟာ အလယ်ခေတ်ကာလလောက်က ညှင်းပန်းနှိပ်စက်တဲ့ နေရာတွေမှာလည်း သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ဒီခါးပတ်တွေဟာ ၁၈၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်မှာ လူသိများလာခဲ့တာပါ။ ၁၈၀၀ ခုနှစ်လောက်မှာ ဖက်ရှင် မဂ္ဂဇင်းတော်တော်များများက ဒီခါးပတ်တွေကို မုဒိမ်းအကျင့်ခံရတဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ အသုံးအဆောင်တစ်ခု အဖြစ် ဖော်ပြခဲ့ပြီး စက်မှုခေတ်ကာလလောက်က အင်္ဂလန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံက အမျိုးသမီးတော်တော်များများဟာ စက်ရုံတွေထဲမှာ အများအပြားအလုပ်ဝင်လုပ်ခဲ့ကြတဲ့ အချိန်မှာတော့ တစ်ချို့သော အမျိုးသမီးတွေကတော့ မုဒိမ်းမှုကျူးလွန်ခံရခြင်းမှ ကာကွယ်ရန် ဒီလို သက်တောင့်သက်သာမရှိတဲ့ သံအတွင်းခံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ အလယ်ခေတ်တုန်းကလည်း အမျိုးသားအများစုဟာ သူတို့ရဲ့ဇနီးတွေ ဖောက်ပြန်ခြင်းနဲ့ အာသာဖြေတာတွေ လုပ်လို့မရအောင် ဒီလို သံအတွင်းခံတွေ ဝတ်ဆင်ခိုင်းခဲ့ကြပါတယ်။


 ၂။ မာကျူရီ၊ (ပြဒါး)


 သတ္တုအောက်ခံဘောင်းဘီကို ဝတ်ဆင်တာက ခံစားရခက်တယ်ဆိုပေမဲ့ အဆိပ်တွေ မြိုချတာလောက်တော့ မဆိုးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁ ထောင်ကျော်လောက်က တရုတ်အမျိုးသမီးတစ်ချို့ဟာ မာကျူရီကို သန္ဓေသားဆေး အဖြစ် အသုံးပြုခဲ့ကြပါတယ်။ မာကျူရီသောက်ခြင်းဟာ မြုံခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ ဦးနှောက်ပျက်ဆီးခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။


 ၃။ ရေပူ


 AD 98 မှာမွေးဖွားခဲ့တဲ့ ဂရိ သားဖွားမီးယပ်ဆေးပညာရှင် ဆိုရန်နပ်စ် ဟာ သူ့ခေတ်တုန်းက အမျိုးသမီးတွေကို လိင်ဆက်ဆံပြီးတာနဲ့ နောက်ပြန် ၇ ခါ ခုန်ခိုင်းခဲ့ပြီး ပန်းပဲသမားတွေ သတ္တုကို အေးစေဖို့ စိမ်ရတဲ့ ရေကို သောက်ဖို့ ညွှန်ကြားဖူးပါတယ်။ ဆိုရန်နပ်စ် သိတာကတော့ ဒီလို သတ္တုကို ရေစိမ်ထားတဲ့ ရေတွေဟာ သတ္တုအဆိပ်သင့်နိုင်စေတယ်ဆိုတာပါပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့ ရေကို သောက်ရင် ကိုယ်ဝန်ပျက်ကျမယ်ဆိုတဲ့ အတွေးနဲ့ ဒီရေကို သောက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိခေတ်လောက်က ခဏထားဦး။ ပထမ ကမ္ဘာစစ်တုန်းကလည်း အမျိုးသမီးတစ်ချို့ဟာ ကိုယ်ဝန်တားဖို့အတွက် ခဲသတ္တုစက်ရုံတွေမှာ လုပ်အားပေးဝင်လုပ်ခဲ့ကြဖူးပါတယ်။


 ၄။ ကွန်ဒုံးရဲ့ မူလဘူတ


 ကွန်ဒုံးကို ပထမဆုံး စတင်ပြောဆိုကြတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ BC 3000 ကျော်လောက်ကပါ။ ဟိုးမားရဲ့ အိလိယဒ် လင်္ကာကြီးထဲမှာပါဝင်တဲ့ မင်နိုစ်ဘုရင်ကြီးဟာ သူမိန်းမထံကို သူ့ရဲ့သုတ်ရည်ထဲမှာ ပါဝင်တဲ့ နတ်ဆိုးတွေနဲ့ ကင်းမြီးကောက်တွေရဲ့ ရန်မှ ကာကွယ်ဖို့အတွက် ဆိတ်ရဲ့ ဆီးအိမ်ကို အသုံးပြုခဲ့တယ် လို့ဖော်ပြထားပါတယ်။ ထိုအချိန်ကစပြီး လူသားတွေဟာ ပိတ်ထည်တွေ၊ သိုးအူအစတွေ၊ ငါးဆီးအိမ်တွေကို သန္ဓေတားဖို့အတွက် စတင် အသုံးပြုခဲ့ကြပါတယ်။


 ၅။ ကိုကာကိုလာ


 ကိုကာကိုလာကိုဝေမျှလိုက်ပါဆိုတဲ့ ကြော်ငြာတွေ မတိုင်ခင် အမျိုးသမီးအများစုဟာ ကိုကာကိုလာကိုသောက်ဖို့အတွက်သာမက တခြား အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်လောက်က ဟားဗတ်တက္ကသိုလ်ပါမောက္ခတွေဟာ ဆိုဒါက သုတ်ကောင်တွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစလို့ အမျိုးသမီး အများစုက ကိုကာကိုလာကို သန္ဓေဖျက်ချဖို့အတွက် ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုကာကိုလာဟာ သုတ်ကောင်တွေကို သေစေနိုင်တယ်လို့ နောက်ပိုင်း ဘယ်လေ့လာချက်တစ်ခုကမှ အတည်မပြုထားပါဘူး။


 ၆။ ပိုးမွှားကင်းစင်ဆေးရည်


 ပိုးမွှား ကင်းစင်ဆေးရည်တွေကို မီးဖိုချောင်တွေနဲ့ အိမ်တွင်းရေး နေရာတွေမှာ ပဲ အသုံးပြုကြတာပါ။ ဒါပေမဲ့ အရင်ခေတ်တုန်းက အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် ဒီဆေးရည်တွေကို သူတို့ရဲ့ သားဖွားလမ်းကြောင်းမှာ အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီဆေးရည်တွေကို ၁၈၀၀ ခုနှစ်တစ်ဝိုက်လောက်က ခန္ဓါကိုယ်သန့်ရှင်းစေရန်နဲ့ ခံတွင်းနံ့ ပျောက်ကင်းစေဖို့ အတွက်ပါ အသုံးပြုခဲ့ကြဖူးပါတယ်။ ၁၈၇၃ ခုနှစ် အမေရိကန်နိုင်ငံ Comstock ဥပေဒဟာ နောက်ပိုင်းမှာ ဒီဆေးရည်တွေကို သန္ဓေဖျက်ချရန်အတွက် အသုံး မပြုကြဖို့ တားမြစ်ခဲ့ပါတယ်။ သန္ဓေတားဖို့အတွက် တရားဝင်အသုံးပြုလို့မရတဲ့အခါ အမျိုးသမီးတွေဟာ ဒီဆေးရည်ကို အမျိုးသမီးကိုယ်ကျန်းမာရေးပစ္စည်း အဖြစ် အသုံးပြုခဲ့ကြပါတယ်။ Great Depression လို့ခေါ်တဲ့ ၁၉၃၀ ခုနှစ်တစ်ဝိုက်မှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဒီဆေးရည်တွေကို သန္ဓေတားဆေး အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဆေးရည်တွေဟာ အမျိုးသမီးကိုယ် ယောင်ယမ်းခြင်းနဲ့ အသားကိုလောင်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေဆို ဒီဆေးရည်ကို သန္ဓေတားဖို့အတွက် အသုံးပြုကြရင်း သေဆုံးခဲ့ကြတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။


 ၇။ မှော်အသုံးအဆောင်တွေ


 အလယ်ခေတ်လောက်က သန္ဓေတားဖို့အတွက် မှော်ဂါထာတွေနဲ့ ဆေးရည်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။ လူအများစုဟာ လားရဲ့ နားဖာချေးနဲ့ လိမ်းကျံထားတဲ့ အဆောင်တွေ၊ ဖျံမျိုးရင်း သတ္တဝါတစ်မျိုးရဲ့ ဝှေးစေ့တွေနဲ့ ကြောင်အနက်ရဲ့ ညာဘက်က နံရိုးစသဖြင့် မှော်နည်းလမ်းဆိုင်ရာ အဆောင်အယောင်တွေကို သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။


 ၈။ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးရတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ


 သုတ်မဝင်အောင် တားဆီးပေးနိုင်တဲ့ ရာဘာပစ္စည်းတွေ မပေါ်ခင်က အမျိုးသမီး တစ်ချို့ဟာ သုတ်တားဆီးရေး အထိန်းအကာတွေ အဖြစ် ထူးထူးဆန်းဆန်းပစ္စည်းတွေကို အသုံးပြုခဲ့ကြပါတယ်။


ရှေးအိန္ဒိယအမျိုးသမီးများနဲ့ ဂရိအမျိုးသမီးများဟာ ခွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်တဲ့ မိကျောင်းနဲ့ ဆင်တွေရဲ့ မစင်ကို သုတ်အတားအဆီးအဖြစ် အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီမစင်တွေရဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှုကြောင့် ဒီပစ္စည်းတွေကလည်း သုတ်တားပစ္စည်းတွေ အဖြစ် တကယ် အလုပ်ဖြစ်ခဲ့ပါတယ်။

အာဖရိက လူမျိုးတွေကတော့ စဉ်းထားတဲ့ မြက်ပင်တွေနဲ့ အဝတ်စတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

ဂျပန် ပြည်တန်ဆာများကတော့ ဝါး စက္ကူပါးလက်သုတ်ပုဝါတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုကြပါတယ်။

ရှေးအစ္စလာမ်နဲ့ ဂရိအမျိုးသမီးတွေကတော့ ဝါဂွမ်းစတွေကို သုံးပြီး သန္ဓေတားခဲ့ကြပါတယ်။

ကျွန်များကတော့ အဝတ်စုတ်တွေကို အသုံးပြုခဲ့ကြပါတယ်။

ဂျူးအမျိုးသမီးတွေကတော့ ပင်လယ်ရေမြုပ်ကို ဝါဂွမ်းနဲ့ တွဲပြီး သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။


 ၉။ သံပုရာသီး


 ၁၇၂၅ ခုနှစ်မှာ မွေးဖွားတဲ့ အီတလီစာရေးဆရာ ဂျီယာကိုမို ကာဆာနိုဗာ (Giacomo Casanova) ဟာ သူ့ရဲ့ ချစ်သူ မိန်းကလေးတွေကို သံပရာသီး အပိုင်းတွေ အသုံးပြုပြီး သန္ဓေတားဖို့တောင်းဆိုခဲ့ကြောင်းမှတ်တမ်းများအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးတွေရဲ့ များပြားလှတဲ့ အက်ဆစ်ပမာဏက သုတ်ကောင်တွေကို သေစေနိုင်လို့ပါ။


 ၁၁။ အီဂျစ် သန္ဓေတားနည်း


 အီဂျစ်တွေရဲ့ သန္ဓေတားနည်းတစ်မျိုးကို လွန်ခဲ့တဲ့ BC 1550 ခုနှစ်ခန့်က ပါပါယပ်စ် ကျူစက္ကူပေါ်မှာ ရေးသားထားတာ ရှိပါတယ်။ ဒီဆေးနည်းမှာ သန္ဓေတားဖို့အတွက် ဝါဂွမ်း အတောင့်တစ်မျိုးကို ပျားရည်တို့နဲ့စိမ်ပြီး မိန်းမ ကိုယ်လမ်းကြောင်းထဲ ထည့်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။


 ၁၂။ သစ်သားတုံးများ


 အခုလို ထူးထူးဆန်းဆန်းသန္ဓေတားနည်းတွေ ဖတ်ရတော့ စာဖတ်သူတွေလည်း နည်းနည်းတော့ လန့်နေလောက်ပြီပေါ့။ ဒါတင်မကသေးပါဘူး။ ရှေးခေတ်က အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် သစ်သားတုံးတွေကိုပါ မိန်းမကိုယ်ထဲ ထည့်ကာ အသုံးပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို သစ်သားထည့်ပြီး သန္ဓေတားခြင်းဟာ နှိပ်စက်နည်း တစ်မျိုး ဖြစ်တယ်လို့ဆိုကာ ၁၉၃၀ တစ်ဝိုက်က အမေရိကန်နိုင်ငံမှာ တားမြစ်ခဲ့ရပါတယ်။


 Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ




စာေရးသူ Arkar Hein မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ? 



 ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ


 ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြဟာ သႏၶေတားဖို႔အတြက္ နည္းမ်ိဳးစုံသုံးၿပီး ႀကိဳးစားခဲ့ၾကပါတယ္။ သူတို႔သုံးခဲ့တဲ့ ပစၥည္းေတြထဲမွာ တိရစ္ဆာန္ အညစ္အေၾကးေတြ၊ အဆိပ္ရည္ေတြ၊ ေရွာက္သံပုရာမ်ိဳးႏြယ္ဝင္အသီးေတြက စလို႔ သစ္သားအတုံးေတြ အထိပါဝင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ မ်က္ေမွာက္ေခတ္ေဆးပညာက သႏၶေသားနည္းေတြကို မတီထြင္ရေသးတဲ့ အခ်ိန္တုန္းက လူသားေတြဟာ ပုံမွန္မဟုတ္တဲ့ သႏၶေသားနည္းမ်ိဳးစုံကို အသုံးျပဳခဲ့ရတာပါ။ ဒါေၾကာင့္ မ်က္ေမွာက္ေခတ္မွာ ေခတ္မွီေဆးဝါးအစုံအလင္ အသုံးျပဳခြင့္ရတာ ဟာ ေတာ္ေတာ္ကံေကာင္းတယ္လို႔ ဆိုရမွာပါ။


 ၁။ သံအတြင္းခံ


 chastity belt ဆိုတာကိုၾကားဖူးၾကလား။ chastity ဆိုတာ ျဗဟၼစရိယက်င့္ျခင္းလို႔ အဓိပ္ပါယ်ရပြီး အလယ္ေခတ္ကအမ်ိဳးသမီးေတြ သူမရဲ႕ခင္ပြန္းျဖစ္သူကလြဲၿပီး တျခားသူနဲ႕ လိင္ဆက္ဆံလို႔ မရေအာင္ ဝတ္ၾကတဲ့ ခါးပတ္တစ္မ်ိဳး ျဖစ္ပါတယ္။ ဒီသံခါးပတ္ေတြဟာ အလယ္ေခတ္ကာလေလာက္က ညွင္းပန္းႏွိပ္စက္တဲ့ ေနရာေတြမွာလည္း သုံးေလ့ရွိပါတယ္။ ဒါေပမဲ့ တကယ္တမ္းက ဒီခါးပတ္ေတြဟာ ၁၈၀၀ ခုႏွစ္ပတ္ဝန္းက်င္ေလာက္မွာ လူသိမ်ားလာခဲ့တာပါ။ ၁၈၀၀ ခုႏွစ္ေလာက္မွာ ဖက္ရွင္ မဂၢဇင္းေတာ္ေတာ္မ်ားမ်ားက ဒီခါးပတ္ေတြကို မုဒိမ္းအက်င့္ခံရတဲ့ အႏၱရာယ္မွ ကာကြယ္ေပးနိုင္တဲ့ အသုံးအေဆာင္တစ္ခု အျဖစ္ ေဖာ္ျပခဲ့ၿပီး စက္မႈေခတ္ကာလေလာက္က အဂၤလန္နိုင္ငံနဲ႕ ျပင္သစ္နိုင္ငံက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ စက္႐ုံေတြထဲမွာ အမ်ားအျပားအလုပ္ဝင္လုပ္ခဲ့ၾကတဲ့ အခ်ိန္မွာေတာ့ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ မုဒိမ္းမႈက်ဴးလြန္ခံရျခင္းမွ ကာကြယ္ရန္ ဒီလို သက္ေတာင့္သက္သာမရွိတဲ့ သံအတြင္းခံေတြကို ဝတ္ဆင္ခဲ့ၾကပါတယ္။ အလယ္ေခတ္တုန္းကလည္း အမ်ိဳးသားအမ်ားစုဟာ သူတို႔ရဲ႕ဇနီးေတြ ေဖာက္ျပန္ျခင္းနဲ႕ အာသာေျဖတာေတြ လုပ္လို႔မရေအာင္ ဒီလို သံအတြင္းခံေတြ ဝတ္ဆင္ခိုင္းခဲ့ၾကပါတယ္။


 ၂။ မာက်ဴရီ၊ (ျပဒါး)


 သတၱဳေအာက္ခံေဘာင္းဘီကို ဝတ္ဆင္တာက ခံစားရခက္တယ္ဆိုေပမဲ့ အဆိပ္ေတြ ၿမိဳခ်တာေလာက္ေတာ့ မဆိုးေသးပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ ၁ ေထာင္ေက်ာ္ေလာက္က တ႐ုတ္အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ မာက်ဴရီကို သႏၶေသားေဆး အျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ မာက်ဴရီေသာက္ျခင္းဟာ ၿမဳံျခင္း၊ ေက်ာက္ကပ္ပ်က္ဆီးျခင္း၊ ဦးႏွောက္ပ်က္ဆီးျခင္းနဲ႕ ေသဆုံးသည္အထိ ျဖစ္ေစနိုင္ပါတယ္။


 ၃။ ေရပူ


 AD 98 မွာေမြးဖြားခဲ့တဲ့ ဂရိ သားဖြားမီးယပ္ေဆးပညာရွင္ ဆိုရန္နပ္စ္ ဟာ သူ႕ေခတ္တုန္းက အမ်ိဳးသမီးေတြကို လိင္ဆက္ဆံၿပီးတာနဲ႕ ေနာက္ျပန္ ၇ ခါ ခုန္ခိုင္းခဲ့ၿပီး ပန္းပဲသမားေတြ သတၱဳကို ေအးေစဖို႔ စိမ္ရတဲ့ ေရကို ေသာက္ဖို႔ ၫႊန္ၾကားဖူးပါတယ္။ ဆိုရန္နပ္စ္ သိတာကေတာ့ ဒီလို သတၱဳကို ေရစိမ္ထားတဲ့ ေရေတြဟာ သတၱဳအဆိပ္သင့္နိုင္ေစတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ အဆိပ္ရွိတဲ့ ေရကို ေသာက္ရင္ ကိုယ္ဝန္ပ်က္က်မယ္ဆိုတဲ့ အေတြးနဲ႕ ဒီေရကို ေသာက္ခိုင္းခဲ့တာ ျဖစ္ပါတယ္။ ဂရိေခတ္ေလာက္က ခဏထားဦး။ ပထမ ကမၻာစစ္တုန္းကလည္း အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ ကိုယ္ဝန္တားဖို႔အတြက္ ခဲသတၱဳစက္႐ုံေတြမွာ လုပ္အားေပးဝင္လုပ္ခဲ့ၾကဖူးပါတယ္။


 ၄။ ကြန္ဒုံးရဲ႕ မူလဘူတ


 ကြန္ဒုံးကို ပထမဆုံး စတင္ေျပာဆိုၾကတဲ့ အခ်ိန္ကေတာ့ လြန္ခဲ့တဲ့ BC 3000 ေက်ာ္ေလာက္ကပါ။ ဟိုးမားရဲ႕ အိလိယဒ္ လကၤာႀကီးထဲမွာပါဝင္တဲ့ မင္နိုစ္ဘုရင္ႀကီးဟာ သူမိန္းမထံကို သူ႕ရဲ႕သုတ္ရည္ထဲမွာ ပါဝင္တဲ့ နတ္ဆိုးေတြနဲ႕ ကင္းၿမီးေကာက္ေတြရဲ႕ ရန္မွ ကာကြယ္ဖို႔အတြက္ ဆိတ္ရဲ႕ ဆီးအိမ္ကို အသုံးျပဳခဲ့တယ္ လို႔ေဖာ္ျပထားပါတယ္။ ထိုအခ်ိန္ကစၿပီး လူသားေတြဟာ ပိတ္ထည္ေတြ၊ သိုးအူအစေတြ၊ ငါးဆီးအိမ္ေတြကို သႏၶေတားဖို႔အတြက္ စတင္ အသုံးျပဳခဲ့ၾကပါတယ္။


 ၅။ ကိုကာကိုလာ


 ကိုကာကိုလာကိုေဝမွ်လိုက္ပါဆိုတဲ့ ေၾကာ္ျငာေတြ မတိုင္ခင္ အမ်ိဳးသမီးအမ်ားစုဟာ ကိုကာကိုလာကိုေသာက္ဖို႔အတြက္သာမက တျခား အသုံးျပဳဖို႔ ရည္႐ြယ္ခ်က္နဲ႕ ဝယ္ယူအသုံးျပဳခဲ့ၾကပါတယ္။ ၁၉၈၅ ခုႏွစ္ေလာက္က ဟားဗတ္တကၠသိုလ္ပါေမာကၡေတြဟာ ဆိုဒါက သုတ္ေကာင္ေတြကို ေသေစနိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္ကစလို႔ အမ်ိဳးသမီး အမ်ားစုက ကိုကာကိုလာကို သႏၶေဖ်က္ခ်ဖိဳ႕အတြက္ ဝယ္ယူအသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ ကိုကာကိုလာဟာ သုတ္ေကာင္ေတြကို ေသေစနိုင္တယ္လို႔ ေနာက္ပိုင္း ဘယ္ေလ့လာခ်က္တစ္ခုကမွ အတည္မျပဳထားပါဘူး။


 ၆။ ပိုးမႊားကင္းစင္ေဆးရည္


 ပိုးမႊား ကင္းစင္ေဆးရည္ေတြကို မီးဖိုေခ်ာင္ေတြနဲ႕ အိမ္တြင္းေရး ေနရာေတြမွာ ပဲ အသုံးျပဳၾကတာပါ။ ဒါေပမဲ့ အရင္ေခတ္တုန္းက အမ်ိဳးသမီးေတြဟာ သႏၶေတားဖို႔အတြက္ ဒီေဆးရည္ေတြကို သူတို႔ရဲ႕ သားဖြားလမ္းေၾကာင္းမွာ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ဒီေဆးရည္ေတြကို ၁၈၀၀ ခုႏွစ္တစ္ဝိုက္ေလာက္က ခန္ဓါကိုယ်သန့်ရှင်းစေရန်နဲ့ ခံတြင္းနံ႕ ေပ်ာက္ကင္းေစဖို႔ အတြက္ပါ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ၁၈၇၃ ခုႏွစ္ အေမရိကန္နိုင္ငံ Comstock ဥေပဒဟာ ေနာက္ပိုင္းမွာ ဒီေဆးရည္ေတြကို သႏၶေဖ်က္ခ်ရန္အတြက္ အသုံး မျပဳၾကဖို႔ တားျမစ္ခဲ့ပါတယ္။ သႏၶေတားဖို႔အတြက္ တရားဝင္အသုံးျပဳလို႔မရတဲ့အခါ အမ်ိဳးသမီးေတြဟာ ဒီေဆးရည္ကို အမ်ိဳးသမီးကိုယ္က်န္းမာေရးပစၥည္း အျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ Great Depression လို႔ေခၚတဲ့ ၁၉၃၀ ခုႏွစ္တစ္ဝိုက္မွာ အေမရိကန္နိုင္ငံတစ္ဝွမ္း ဒီေဆးရည္ေတြကို သႏၶေတားေဆး အျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီေဆးရည္ေတြဟာ အမ်ိဳးသမီးကိုယ္ ေယာင္ယမ္းျခင္းနဲ႕ အသားကိုေလာင္ေစျခင္းတို႔ ျဖစ္ေစနိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြဆို ဒီေဆးရည္ကို သႏၶေတားဖို႔အတြက္ အသုံးျပဳၾကရင္း ေသဆုံးခဲ့ၾကတဲ့ ျဖစ္စဥ္ေတြလည္း ရွိခဲ့ပါတယ္။


 ၇။ ေမွာ္အသုံးအေဆာင္ေတြ


 အလယ္ေခတ္ေလာက္က သႏၶေတားဖို႔အတြက္ ေမွာ္ဂါထာေတြနဲ႕ ေဆးရည္ေတြကိုလည္း အသုံးျပဳခဲ့ၾကပါတယ္။ လူအမ်ားစုဟာ လားရဲ႕ နားဖာေခ်းနဲ႕ လိမ္းက်ံထားတဲ့ အေဆာင္ေတြ၊ ဖ်ံမ်ိဳးရင္း သတၱဝါတစ္မ်ိဳးရဲ႕ ေဝွးေစ့ေတြနဲ႕ ေၾကာင္အနက္ရဲ႕ ညာဘက္က နံရိုးစသျဖင့္ ေမွာ္နည္းလမ္းဆိုင္ရာ အေဆာင္အေယာင္ေတြကို သႏၶေတားဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။


 ၈။ သားအိမ္အတြင္းသို႔ သုက္ မဝင္ေအာင္သုံးရတဲ့ ထူးထူးဆန္းဆန္း ပစၥည္းမ်ား


 သုတ္မဝင္ေအာင္ တားဆီးေပးနိုင္တဲ့ ရာဘာပစၥည္းေတြ မေပၚခင္က အမ်ိဳးသမီး တစ္ခ်ိဳ႕ဟာ သုတ္တားဆီးေရး အထိန္းအကာေတြ အျဖစ္ ထူးထူးဆန္းဆန္းပစၥည္းေတြကို အသုံးျပဳခဲ့ၾကပါတယ္။


ေရွးအိႏၵိယအမ်ိဳးသမီးမ်ားနဲ႕ ဂရိအမ်ိဳးသမီးမ်ားဟာ ခြန္းအားႀကီးတဲ့ သတၱဝါေတြ ျဖစ္တဲ့ မိေက်ာင္းနဲ႕ ဆင္ေတြရဲ႕ မစင္ကို သုတ္အတားအဆီးအျဖစ္ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ဒီမစင္ေတြရဲ႕ အက္ဆစ္ဓါတ္ႂကြယ္ဝမႈေၾကာင့္ ဒီပစၥည္းေတြကလည္း သုတ္တားပစၥည္းေတြ အျဖစ္ တကယ္ အလုပ္ျဖစ္ခဲ့ပါတယ္။

အာဖရိက လူမ်ိဳးေတြကေတာ့ စဥ္းထားတဲ့ ျမက္ပင္ေတြနဲ႕ အဝတ္စေတြကို သုတ္တားဆီးဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။

ဂ်ပန္ ျပည္တန္ဆာမ်ားကေတာ့ ဝါး စကၠဴပါးလက္သုတ္ပုဝါေတြကို သုတ္တားဆီးဖို႔အတြက္ အသုံးျပဳၾကပါတယ္။

ေရွးအစၥလာမ္နဲ႕ ဂရိအမ်ိဳးသမီးေတြကေတာ့ ဝါဂြမ္းစေတြကို သုံးၿပီး သႏၶေတားခဲ့ၾကပါတယ္။

ကြၽန္မ်ားကေတာ့ အဝတ္စုတ္ေတြကို အသုံးျပဳခဲ့ၾကပါတယ္။

ဂ်ဴးအမ်ိဳးသမီးေတြကေတာ့ ပင္လယ္ေရျမဳပ္ကို ဝါဂြမ္းနဲ႕ တြဲၿပီး သႏၶေတားဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။


 ၉။ သံပုရာသီး


 ၁၇၂၅ ခုႏွစ္မွာ ေမြးဖြားတဲ့ အီတလီစာေရးဆရာ ဂ်ီယာကိုမို ကာဆာနိုဗာ (Giacomo Casanova) ဟာ သူ႕ရဲ႕ ခ်စ္သူ မိန္းကေလးေတြကို သံပရာသီး အပိုင္းေတြ အသုံးျပဳၿပီး သႏၶေတားဖို႔ေတာင္းဆိုခဲ့ေၾကာင္းမွတ္တမ္းမ်ားအရ သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သံပုရာသီးေတြရဲ႕ မ်ားျပားလွတဲ့ အက္ဆစ္ပမာဏက သုတ္ေကာင္ေတြကို ေသေစနိုင္လို႔ပါ။


 ၁၀။ အီဂ်စ္ သႏၶေတားနည္း


 အီဂ်စ္ေတြရဲ႕ သႏၶေတားနည္းတစ္မ်ိဳးကို လြန္ခဲ့တဲ့ BC 1550 ခုႏွစ္ခန႔္က ပါပါယပ္စ္ က်ဴစကၠဴေပၚမွာ ေရးသားထားတာ ရွိပါတယ္။ ဒီေဆးနည္းမွာ သႏၶေတားဖို႔အတြက္ ဝါဂြမ္း အေတာင့္တစ္မ်ိဳးကို ပ်ားရည္တို႔နဲ႕စိမ္ၿပီး မိန္းမ ကိုယ္လမ္းေၾကာင္းထဲ ထည့္ရမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားခဲ့တာပါ။


 ၁၁။ သစ္သားတုံးမ်ား


 အခုလို ထူးထူးဆန္းဆန္းသႏၶေတားနည္းေတြ ဖတ္ရေတာ့ စာဖတ္သူေတြလည္း နည္းနည္းေတာ့ လန႔္ေနေလာက္ၿပီေပါ့။ ဒါတင္မကေသးပါဘူး။ ေရွးေခတ္က အမ်ိဳးသမီးေတြဟာ သႏၶေတားဖို႔အတြက္ သစ္သားတုံးေတြကိုပါ မိန္းမကိုယ္ထဲ ထည့္ကာ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီလို သစ္သားထည့္ၿပီး သႏၶေတားျခင္းဟာ ႏွိပ္စက္နည္း တစ္မ်ိဳး ျဖစ္တယ္လို႔ဆိုကာ ၁၉၃၀ တစ္ဝိုက္က အေမရိကန္နိုင္ငံမွာ တားျမစ္ခဲ့ရပါတယ္။


 Hello Health Groupသည္ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: