သူတို့ဖက်ကကြည့်တော့သူရဲကောင်း (သို့)ဘိန်းဘုရင်ခွန်ဆာ
ခွန်ဆာလို့ ဆိုလိုက်ပါက မြန်မာသာမက ကမ္ဘာကပါ ဘိန်းဘုရင်တဦးအဖြစ် အားလုံးသိသူ၊ ခုထိလည်း ရွှေတြိဂံ ဘိန်းကိစ္စတွေမှာ ထည့်သွင်းရည်ညွှန်းခံနေရဆဲ သူတဦး ဖြစ်ပါတယ်။ခွန်ဆာကို တောင်သိန္နီစော်ဘွားနယ် (ယခု တန့်ယန်းမြို့နယ်) လွိုင်မော်ကျေးရွာအုပ်စု၊ ဖာဖိန့်ရွာနေ တရုတ်လူမျိုး ဖခင် ခွန်အိုက်နှင့် ရှမ်းလူမျိုး မိခင် နန်းဆိုင်ဇွန် တို့မှ ၁၉၃၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မွေးဖွားခဲ့ပါတယ်။
၁၉၃၇ ခုနှစ်၌ ဖခင်ကွယ်လွန်ရာ မိခင်က မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့် ထပ်မံလက်ဆက်ခဲ့ပါတယ်။၁၉၃၉ ခုနှစ်၌ မိခင်ကွယ်လွန်ပြန်ရာ ဘထွေးနှင့် အတန်ကြာနေထိုင်၍အဘိုးက ပြန်မွေးစားခဲ့ပြီးနောက်ပိုင်းဦးလေးဖြစ်သူ ခွန်ကြာက ထိန်းကျောင်းပေးခဲ့ရပါတယ်။ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့ပြီးနောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။
၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ (လွယ်မော်ကာကွယ်ရေး)တပ် အဖြစ် ပြောင်းလဲခဲ့ပြီးငွေ၊ ဝတ်စုံနှင့် လက်နက်များကို ရယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army)ကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာခဲ့ပါတယ်။
၁၉၆၄ ခုနှစ်၌ ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်တန်များကို (တော်လှန်ရေးကောင်စီ)က ဖျက်သိမ်းရာမှတောခိုပြီး ထိုင်းနယ်စပ် ဘန့်ထော့ထိုင်းမှာစတင်အခြေပြုခဲ့ပါတယ်။၁၉၇၆ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ကို စည်းလုံးညီညွတ်သည့် ရှမ်း တပ်မတော် (Shan United Army) ဟု ပြောင်းလဲဖွဲ့စည်းပြီး ရှမ်းလူမျိုးများဘက်မှ ရပ်တည်ကာ မြန်မာ စစ်အစိုးရကို တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း (ခ) မိုးဟိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့်ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြပါတယ်။ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းတခွင်နှင့် ရှမ်း – ကယား နယ်စပ် အထိ ထိန်းချုပ်လာနိုင်ခဲ့ပြီး၊၁၉၉၁ ခုနှစ်တွင် စဝ်ကွန်းဇိန်းကွယ်လွန်ရာ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတယ်။ဒီနောက်ပိုင်းMTA(ခေါ် )မုန်တိုင်းတပ်မတော်(Mong Tai Army) ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း – မြန်မာ – လာအို နယ်စပ် ရှိ ရွှေတြိဂံဒေသတွင် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင်ဘွဲ့ဖြင့်ထင်ရှားလာခဲ့ပါတယ်။
၁၉၈၈ ခုနှစ်တွင် ထိုင်းမှ မြန်မာ သို့ တရားမဝင် ဝင်ရောက်လာခဲ့သော ဩစတြေးလျ သတင်းထောက် စတီဖင်ရိုက် နှင့် အင်တာဗျူးခဲ့ပြီး ဘိန်းစိုက်ခင်းများ မစိုက်ပျိုးစေရန်အတွက်၊တနှစ်လျှင် ဩစတြေးလျှဒေါ်လာ သန်း (၅၀ )ဖြင့် နောက် ၈ နှစ် အတွက် ရောင်းပေးမည်ဟု ဩစတြေးလျ အစိုးရထံသို့ ကမ်းလှမ်းခဲ့ပြီးဩစတြေးလျအစိုးရက ပယ်ချခဲ့ပါတယ်။
(၁၉၈၉ )ခုနှစ်တွင် အမေရိကန် နိုင်ငံနယူးယောက်တရားရုံးက ခွန်ဆာကို ဘိန်း တန်(၁၀၀၀)တင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲသည်ကို တုံ့ပြန်သောအားဖြင့် ..သူ့နယ်မြေမှထုတ်လုပ်သည့် ဘိန်းဖြူ အားလုံးကို ဝယ်မည်ဆိုလျှင် နိုင်ငံတကာ မူးယစ်ဆေးဈေးကွက်သို့ ဖြန့်ဝေရောင်းချခြင်းမပြုတော့ဟုပင် အမေရိကန်ကို လှောင်ပြောင်ကမ်းလှမ်းခဲ့ပါသေးတယ်။
ခွန်ဆာအား အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်း ထုတ်ပြန် ကြေညာခဲ့သော်လည်း ဖမ်းဆီးပေးပို့ရေးကို မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။သို့ဖြင့်ခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့်
မြန်မာစစ်အစိုးရနှင့် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုကြပါတယ်။ရှမ်းပြည်နယ်မှ ရန်ကုန် မြို့တော်သို့ သွားရောက် အခြေချပြီး နောက်ပိုင်းရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လုပ်ငန်းကြီးပေါင်းများစွာရင်းနှီး လုပ်ကိုင်ခဲ့ပါတယ်။(၂၀၀၇ )အောက်တိုဘာ (၂၆)တွင် ရန်ကုန်မြို့တွင်ဆီးချို၊ လေတပိုင်းဖြတ်ခြင်း နှင့် သွေးတိုး ရောဂါများဖြင့်ကွယ်လွန်ခဲ့ပြီးရန်ကုန်မြို့ ဝေးသုသာန်တွင် မြုပ်နှံခဲ့ပါတယ်။နန်းကေးယွန်း (၁၉၉၃ ကွယ်လွန်) နှင့် လက်ထပ်ခဲ့ရာ သားသမီး ရှစ်ဦး ရရှိခဲ့သည်ဟုဆိုကြပါတယ်။
တဖက်ကကြည့်တော့ ခေါင်း၊ တဖက်ကကြည့်တော့ ပန်းဆိုသည့် လောကဓမ္မတာလိုပင် တဖက်က ဘိန်းဘုရင်ဟု သမုတ်ကြသော်လည်း ရှမ်းတိုင်းသား တချို့အတွက်တော့ခွန်ဆာဟာ မျိုးချစ်သူရဲကောင်းတဦး ဖြစ်နေခဲ့ပြန်ပါတယ်။ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်အနီး တောင်တန်း တနေရာမှာရှိတဲ့ ဘန့်ထော့ထိုင်း ဆိုတဲ့ရွာလေးမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်း၊ ကြားခဲ့ရတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။
ထိုင်းနယ်နိမိတ်ထဲက ဘန့်ထော့ထိုင်းရွာလေးဟာ လွယ်မော် ကာကွယ်ရေးက အစပြုခဲ့တဲ့ ရှမ်းပြည် သွေးစည်းညီညွတ်ရေတပ်မတော်၊နောင်မှာတော့ (Mong Tai Army )လို့ ခေါ်တဲ့ MTA တပ်ရဲ့ ခေါင်းဆောင် ခွန်ဆာ စခန်းချ အခြေစိုက်ခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။အရင်ကတော့ (ဘန့်ဟင်တက်)လို့ လူသိများတဲ့ ဒီရွာလေးမှာ ခွန်ဆာဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၈၂ တဝိုက်အထိ အခြေချခဲ့ တာပါ။
မယ့်စလောင်း တောင်ရိုးပေါ်မှာရှိတဲ့ ဒီရွာလေးဟာ မြန်မာနယ်စပ်နဲ့ဆိုရင် ကီလို ၃၀ ခန့် ဝေးပြီး၊မယ်စလောင်းမြို့ငယ်လေး ကနေ တောင်ပေါ်ကားလမ်းအတိုင်း မယ့်စလောင်၊ ကျင်းတပ် စတဲ့ရွာလေးတွေကို ဖြတ်ကာ နာရီဝက်ခန့် သွားလိုက်ရင်ဖြင့် ဘန့်ထော့ထိုင်း ရွာလေးကို ရောက်ပါပြီ။
ရွာအဝင် ကားလမ်းဘေး တနေရာမှာတော့ Khum Sa Old Camp လို့ ထိုင်း – အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားထားတဲ့ ခွန်ဆာစခန်းဟောင်းဆီကို လမ်းညွှန်ထားတဲ့ မထင်မရှား ဆိုင်းဘုတ်လေး တခုရှိပါတယ်။ခွန်ဆာ စတင်စခန်းချစဉ်က အိမ်ခြေ ၇ အိမ်ခန့်သာ ရှိတဲ့ ဘန့်ထော့ထိုင်းရွာလေးဟာ အခုဆိုရင် လူဦးရေ ထောင်ဂဏန်းရှိတဲ့ ရွာကြီးတရွာ ဖြစ်နေပါပြီ။
ဒီရွာလေးမှာ နေထိုင်သူအများစုဟာ ခွန်ဆာရဲ့ ယခင် ရှမ်းရဲဘော်များဖြစ်ပြီး၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ကို မပြန်နိုင်တော့တဲ့သူတွေ၊ခွန်ဆာ လက်နက်ချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သဘောကွဲလွဲသူတွေဟာ ဒီရွာလေးမှာ ဇာတ်မြှုပ်ပြီး အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
စည်ကားလှတဲ့ ရွာလည်ကို ဖြတ်ကာ အရှေ့ဘက်တောင်ခြေကို သွားလိုက်ရင် စိန်ပန်းပင်အိုကြီးတွေ အုပ်မိုးထားတဲ့ မြေကွက်လပ်မှာတော့ လူကြီးတယောက် မြင်းကြီးစီးနေတဲ့ ရုပ်တုတခု။သူကတော့ အားလုံးသိကြတဲ့ ကမ္ဘာကျော် ခွန်ဆာ ပါပဲ။ဒီနေရာမှာ စခန်းချသွားတဲ့ ခွန်ဆာကို အမှတ်ရတဲ့ အနေနဲ့ ဘန်ထော့ထိုင်းရွာလေးက ရှမ်းတိုင်းရင်းသားတွေဟာ ခွန်ဆာပုံတူ မြင်းစီးကျောက်ရုပ်ကို ထုလုပ်ထားတာဖြစ် ပါတယ်။
ခွန်ဆာရုပ်ထုရဲ့ ရှေ့မှာတော့ သူရှိစဉ်က ရုံးထိုင်ခဲ့တဲ့ ရုံးခန်း၊ အစည်းအဝေးခန်းမ၊ စစ်သားတွေနေတဲ့ တန်းလျား၊ သူနေတဲ့ အခန်းတွေကို ဟိုအရင် ခွန်ဆာ တပ်စခန်းချခဲ့တဲ့ အနေအထားအတိုင်းပဲ မြင်တွေ့နေရပါတယ်။တောင်စောင်း တနေရာမှာတော့ တပ်စည်းကမ်း ဖောက်ပျက်သူတွေ၊ တပ်ပြေးတွေ၊ ပြစ်မှုကျူးလွန်သူ၊ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို ထားရှိရာ မှောင်မဲနေတဲ့ မြေအောက် အကျဉ်းစခန်းရှိပါတယ်။
ရုံးခန်းရှေ့မှာတော့ ၁၉၈၂ ခုနှစ်မှာ ထိုင်းတပ်မတော်က ခွန်ဆာရဲ့ ဘန့်ဟင်တက်စခန်းကို ကြည်းတပ်၊ လေတပ်တွေနဲ့ ထိုးစစ်ဆင်စဉ် လေတပ်က ကြဲချခဲ့တဲ့ လူရဲ့ရင်စို့လောက်ရှိတဲ့ ဗုံးဆံခွံကြီးတခုကို ထောင်ထားကာ အမှတ်တရအနေနဲ့ ပြသ ထားပါတယ်။မကြာခင်မှာပဲ ဒီပြတိုက်ကို ဦးဆောင်ထိန်းသိမ်းနေတဲ့ စိုင်းခေးလုံ ရောက်လာပါတယ်။ စိုင်းခေးလုံဟာ အရင်က ခွန်ဆာရဲ့ တပ်က မိဘမဲ့ကလေးတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာတဦးပါ။
သူ့ရဲ့ ပြောပြချက်အရ တောင် ၃ လုံး ကာရံထားတဲ့ ဘန့်ဟင်တက် တပ်စခန်းဟာ ၁၂ ဧက ကျယ်ဝန်းပြီး၊ တောင်တွေပေါ်မှာ စစ်သား ၂၀၀ လောက် စခန်းချထားတဲ့အတွက် ရန်သူတွေ လာရောက် တိုက်ခိုက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ စိုင်းခေးလုံက ပြတိုက်လုပ်ထားတဲ့ ခွန်ဆာရဲ့ စစ်တန်းလျားကို လှည့်လည်ပြသပါတယ်။
ခွန်ဆာ စခန်းဟောင်းကို ပြတိုက်ဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်က နောင်လာနောက်သားတွေ အတွက် သမိုင်းဝင် နေရာတခုအဖြစ် သိရှိဖို့လို့ ဆိုပါတယ်။ပြတိုက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေကြတဲ့ ပန်းချီကားကြီးကို ချိတ်ဆွဲထားပြီး၊
ရှမ်းစော်ဘွားတွေဖြစ်တဲ့ မိုင်းပွန်၊ သီပေါ၊ ကျိုင်းတုံ၊ ညောင်ရွှေစော်ဘွားနဲ့ မဟာဒေဝီတို့ပုံတွေ၊ အဲဒီနောက် ရှမ်းတော်လှန်ရေးကိုစတင်ခဲ့တဲ့ နွံစစ်ဟန်အဖွဲ့ ခေါင်းဆောင် စဝ်နွဲ့၊ တခြား ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်မိုးဟိန်း၊ ဗိုလ်စိုင်းလိတ် (ကုလား)၊ ဗိုလ်ကမ်းရွက်၊ ဗိုလ်ချုပ် ဆေထင်၊ ဗိုလ်ချုပ် ရွက်ဆစ် စသူများရဲ့ဓာတ်ပုံများအပြင် ၊
ရှမ်းပြည်နယ် အတွင်းက ပအိုဝ်၊ ပလောင်၊ ၀၊ မိုင်းလားစတဲ့ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအပိုင်းက ဦးဆောင် သူတွေဖြစ်တဲ့ ဦးခွန်းဆိုင်၊ ဦးစိန်ကြည်နဲ့ ရှမ်းနိုင်ငံရေးသမားတွေ့ရဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ထူးထူးခြားခြား သတိထားမိတာ တခုကတော့ သီချင်းရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၊ အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် စသူများရဲ့ ဓာတ်ပုံများကိုလည်း မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးတဲ့ ခွန်ဆာတို့လို ဝေရှောက်ခန်၊ စိုင်းလင်း၊ ဗိုလ်မွန်း စတဲ့သူတွေနဲ့ အတူတူတွေ့ရခြင်းပါပဲ။
စိုင်းခေးလုံကတော့ “ခွန်ဆာဟာ တခြားသူတွေလိုပဲ ရှမ်းပြည် လွတ်မြောက်ရေးမှာ တတပ်တအား ပါဝင်ခဲ့တာကြောင့် အားလုံးနဲ့ တန်းတူထားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါအပြင် ရှမ်းစစ်သားတွေကို တရားဟောနေတဲ့ ခွန်ဆာ၊ သေနတ်ကိုင်ထားတဲ့ ခွန်ဆာ၊ မြင်းစီးနေတဲ့ ခွန်ဆာ၊ ကျွန်းပင်ကြီး အောက်မှာ အနားယူနေတဲ့ ခွန်ဆာ စတဲ့ ဓာတ်ပုံ အမျိုးမျိုးကိုလည်း ချိတ်ဆွဲထားသလို ဘိန်းနဲ့ ကုန်ပစ္စည်းတွေ လက်နက်တွေ သယ်ဆောင်ရာမှာ သုံးတဲ့ လားတွေရဲ့ ကုန်းနှီးတွေကိုလည်း ပြသထားပါတယ်။
ခွန်ဆာနေခဲ့တဲ့ အခန်းမှာတော့ သူဝတ်ဆင်ခဲ့တဲ့ ယူနီဖောင်း ၄ ထည်ခန့်နဲ့ ကုတင်တလုံး၊ မှန်တင်ခုံ စတာတွေကိုတွေ့ရပြီး၊ နံရံမှာတော့ ရှမ်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ခွန်ဆာရဲ့ ဓာတ်ပုံတပုံနဲ့အတူ ဓား ၁ လက်ကို ချိတ်ဆွဲထားပါတယ်။ဧည့်ခန်း ထောင့်တနေရာမှာ ထိုင်နေတဲ့ ခွန်ဆာရဲ့ရုပ်ထုဟာ အသက်ဝင်လှသလို အမှတ်တမဲ့ ကြည့်လိုက်ပါက လူတယောက် ထိုင်နေ သည့်အလား ၂ ခါ ပြန်ကြည့်ရတဲ့ အနေအထားပါ။
ခွန်ဆာဟာ ဒီ (ဘန်ဟင့်တက်)စခန်းမှာ အခြေချကာ ရှမ်းပြည်နယ်နေရာ အသီးသီးက လူသစ်တွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ရွှေတြိဂံ လမ်းကြောင်းနဲ့ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ တန့်ယန်းကနေ သံလွင်မြစ်ကို ကျော်ဖြတ်တဲ့ လမ်းကနေ ခေါ်ဆောင်ကာ စစ်သင်တန်း တက်စေပါတယ်။
တခါတခါ လူသစ် ၆၀၀ မှ ၈၀၀ ခန့်အထိ စုဆောင်းသင်တန်းပေးကာ ထိုင်းကနေ လက်နက်ဝယ်ယူ တပ်ဆင်ပေးလိုက်ပြီး ရှမ်းပြည်ကို ပြန်ကြတယ်လို့ သိရပါတယ်။ခွန်ဆာရဲ့ စခန်းနဲ့ သူရဲ့ ရုပ်ပုံတွေကို ကြည့်ရင်း တွေးမိတာကတော့ တချိန်က အမေရိကန်က အလိုရှိခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီး တွေနဲ့ စည်းဝါးရိုက်ကာ အလင်းဝင်ခဲ့့တဲ့ ဘိန်းဘုရင်ဟောင်း ခွန်ဆာအကြောင်းပါပဲ။
တကယ်တော့ (ခွန်ဆာ)ဆိုတာ ကွန်မြူနစ်ရန်ကနေ ကာကွယ်ဖို့ အစိုးရက မွေးထုတ်လိုက်တဲ့ ဘိန်းဘုရင်ဟောင်း (လော်စစ်ဟန် )တို့လို ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင် တဦးပါ။၁၉၃၄ ခုနှစ် နောင်လိုင်မြို့စားရဲ့ ဒုတိယဇနီးက မွေးဖွားခဲ့တဲ့ ခွန်ဆာဟာ ၁၉၅၈ ခုနှစ်မှာ တရုတ်ဖြူတို့နဲ့ အတူ ဖော်မိုဆာ ကျွန်းအထိ လိုက်ပါသွားကာ၊၁၉၆၀ ခုနှစ်မှာ နောင်လိုင်ဒေသကို ပြန်လည် ရောက်ရှိလာပြီး အင်အား ၄၀ ခန့်နဲ့ နောင်လိုင် ကာကွယ်ရေးတပ်ကို ဖွဲ့ခဲ့ပါတယ်။
၁၉၆၃ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီက ကျပ် ၁၀၀ တန်နဲ့ ၅၀ တန် ငွေစက္ကူတွေကို တရားမဝင်တော့ကြောင်း ကြေညာလိုက်တဲ့ အခါမှာတော့ ခွန်ဆာဟာ မကျေမနပ်ဖြစ်ပြီး တောခိုသွားပေမယ့် ၁၉၆၆ ခုနှစ်မှာတော့ ပြန်လည် အလင်းဝင်ခဲ့ပြန်ပါတယ်။အဲဒီအချိန်မှာ အင်အား (၁၇၀၀ )ခန့်ရှိတဲ့ ခွန်ဆာရဲ့ ကာကွယ်ရေးတပ်ဟာ ကွန်မြူနစ်ရန် ကာကွယ်ဖို့ အရေးပါလာသလို ဘိန်းလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
၁၉၆၉ ခုနှစ် ခွန်ဆာကို ဖမ်းဆီးလိုက်တဲ့ အခါမှာတော့ (ကျန်ဆူးရှင် )ခေါင်းဆောင်တဲ့ လွယ်မော် ကာကွယ်ရေးတပ်တွေဟာ တပ်မတော်ကို ပြန်လည် တိုက်ခိုက်ပြီး ခွန်ဆာလွတ်မြောက်ရေးကို ကြိုးစားခဲ့ပါတယ်။အထင်ရှားဆုံးကတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံက ရုရှား ဆရာဝန်တွေကို ပြန်ပေးဆွဲကာ ခွန်ဆာ လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့ခြင်းပါပဲ။
ထိုင်းအစိုးရ ဝန်ကြီးတဦးရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ရုရှား ဆရာဝန်တွေ လွတ်မြောက် လာခဲ့သလို၊ ခွန်ဆာလည်း ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။(၁၉၇၆ )ခုနှစ် ထောင်ကနေ လွတ်မြောက်လာတဲ့ ခွန်ဆာဟာ ဘန့်ဟင်တက်ရွာလေးမှာ ဒုတိယအကြိမ် အခြေချကာ ဘိန်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ပါတော့တယ်။
အဲဒီနောက်မှာတော့ အမေရိကန်ဘက် ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အကြိမ်ကြိမ် လာရောက် ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိပါဘူး။တကယ်တော့လည်း ခွန်ဆာလို လူမျိုးတွေကို ကွန်မြူနစ် ရန်ကာကွယ်ဖို့ အမေရိကန်နဲ့ ဒေသတွင်းက ထိုင်း၊ မြန်မာ စတဲ့အစိုးရတွေက မြေတောင် မြှောက်ပေးခဲ့တာပါပဲ။
အမေရိကန်နဲ့ ဆွေးနွေးပွဲ ပျက်ပြားပြီးတဲ့နောက် ထိုင်းအစိုးရကလည်း ခွန်ဆာကို သူ့ရဲ့ နယ်မြေထဲမှာ ဆက်လက် လက်ခံ မထားလိုတော့တဲ့ အတွက် ၁၉၈၂ ခုနှစ်ဇန်နဝါရီလ (၂၁ )ရက်နေ့မှာ ဘန့်ဟင်တက် စခန်းကို တိုက်ခိုက်လာရာခွန်ဆာဟာ(ဟိုမိန်းစခန်း)ကို ပြောင်းရွေ့သွားသလို၊သူ့ရဲ့ စစ်သားတချို့ဟာလည်း လွယ်လန်းဘက်ကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ သူကလည်း နယ်စပ်မြို့ မယ်ဆိုင်ကို တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ်မှာတော့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ SSA ၊ SURA နဲ့ ခွန်ဆာရဲ့ SUA ပူးပေါင်းကာ Mong Tai Army လို့ ခေါ်တဲ့ MTA ကို ဖွဲ့စည်းခဲ့ပါတယ်။၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲကာ ၀၊ ကိုးကန့် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူချိန်မှာတော့ ခွန်ဆာရဲ့ အင်အားဟာ ပိုမိုကြီးထွားလာရာ ရှမ်းပြည်နယ်ရဲ့ သမ္မတလို့တောင် သူ့ကိုယ်သူ ကြေညာခဲ့ပါသေးတယ်။
အဲဒီနောက်မှာ အမေရိကန်က မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးစားလာတာရယ်၊မြန်မာ့ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေရယ်၊ ၀ နဲ့ နယ်မြေလုပွဲ အကြိတ်အနယ် ဖြစ်နေတာတွေရယ်ကြောင့် နောက်ဆုံး ခွန်ဆာဟာ စစ်ထောက်လှမ်းရေးနဲ့ ဆက်သွယ်ပြီး မြန်မာစစ်အစိုးရရဲ့ အစောင့်အရှောက်ကို ခံယူခဲ့ပါတယ်။
တကယ်တော့ ခွန်ဆာရဲ့ လုပ်ရပ်ဟာ စစ်အစိုးရရော သူ့အတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ အခြေအနေလို့ ဆိုရမှာပါ၊အဲဒီတုန်းက ခွန်ဆာရဲ့ အင်အားက (၁၄၀၀၀)ကျော်နဲ့ လေယာဉ်ပစ် ဆမ်-၇ ဒုံးကျည်တွေ ရှိသလို လက်နက်စက်ရုံ အပါအဝင် TNT ယမ်းတန်ချိန်က ၂ တန်ကျော် နဲ့ လက်နက်ပေါင်းများစွာ ရှိပါတယ်။
ခွန်ဆာ အကြွင်းမဲ့ လက်နက်ချဖို့ ဆက်သွယ်လာတဲ့ အခြေအနေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မယုံတဝက် ယုံတဝက်လို့ သူရဲ့အင်တာဗျူး စာအုပ်မှာ ဆိုခဲ့ပါတယ်။နှစ်ဖက် လူယုံတွေလွှတ် ၅ ကြိမ် တိုင်တိုင် ဆွေးနွေးပြီးတဲ့နောက် ခွန်ဆာကြီး လက်နက်စွန့်တဲ့အခါ တပ်မတော်က တပ်ရင်း ၃၀ နဲ့ အဲဒီဒေသကို ဝင်ရောက်ခဲ့ပါတယ်။
လက်နက်စွန့်တဲ့ အခမ်းအနားကိုတော့ ထောက်လှမ်းရေးတွေ တက်ရောက်ခွင့် မရတော့ဘဲ လူပေါ်လူဇော် အလုပ် ခံရတာကိုလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့စာအုပ်မှာ ရင်ဖွင့်ထားခဲ့ပါတယ်။သူမသေခင်( ဘိန်းဘုရင်)ဆိုတဲ့ သူ့ရဲ့သမိုင်းကို ဖျက်ခဲ့ချင်တဲ့ ခွန်ဆာတယောက် စစ်အစိုးရ ရဲ့ထီးရိပ်အောက်မှာ အစောင့်အရှောက်ခံ ဘဝနဲ့ နေထိုင်သွားရင်း၊ကွယ်လွန်ပြီးနောက်ပိုင်း
စစ်အစိုးရဆောက်ခဲ့တဲ့ ရန်ကုန် မူးယစ်ဆေးဝါး ပြတိုက်မှာဘိန်းရာဇာအဖြစ်ဓာတ်ပုံနှင့်တကွသမိုင်းတင်ကျန်ရစ်ခဲ့ပါတယ်။ ခွန်ဆာရဲ့ တော်လှန်ရေးကို ယုံကြည်လို့ အသက် ၁၇-၁၈ နှစ်ကတည်းက ကျိုင်းတုံနယ်ကနေ လာရောက်ပူးပေါင်းခဲ့ကြတဲ့ အခု အသက် ၈၀ အရွယ် ဘန့်ဟင်တက်ရွာမှာပဲ အခြေချနေတဲ့ အဖိုးအို လုံဘွန်းမီး အပါအဝင် ၃ ဦးကတော့ ၊
သူတို့ခေါင်းဆောင် ခွန်ဆာဟာ ရှမ်းပြည်က အကွဲကွဲအပြားပြား ဖြစ်နေတဲ့ တော်လှန်ရေး အုပ်စုတွေကို စုစည်းနိုင်ခဲ့သူ ဖြစ်ပေမယ့် ၊တော်လှန်ရေး အတွက် အနှစ် ၂၀၊ ၃၀ လောက် ဒုက္ခခံလာပြီးမှ သူတို့ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး ဆိုတာတွေ မရခင်မှာ လက်နက်ချသွားတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ပြောကြပါတယ်။
ဒါပေမယ့်၊ ခွန်ဆာဟာ သူတို့အတွက်တော့ သူရဲကောင်း တော်လှန် ရေးသမားတဦး၊ ခေါင်းဆောင်ကောင်းလို့ ဆိုပါတယ်။ဒါ့အပြင် ခွန်ဆာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတာက သူကိုယ်တိုင်လည်း စိုက်ခဲ့တာ၊ ရောင်းဝယ် ဖောက်ကားခဲ့တာ မရှိဘူး၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အပေါ်ကနေ အခွန်အတုတ် ကောက်ယူတာသာ ဖြစ်တယ်လို့ဆိုကြပါတယ်။
ဒီလိုမှ မကောက်ရင်လည်း သူတို့ဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရ မဟုတ်တဲ့အတွက် ဝင်ငွေ မရှိဘူး၊ဒါကြောင့် အခွန်အတုတ် ကောက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘိန်းဘုရင်ဆိုတာ စွပ်စွဲခံ သက်သက်သာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။ဘာပဲပြောပြော ခွန်ဆာဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတဦး အခြေချနေထိုင်ခဲ့တဲ့ နေရာလေးကတော့ ပြတိုက်အိုလေး အဖြစ် လူမသိသူမသိ ယနေ့တိုင်မထင်မရှား ရှိနေဆဲပါ။
Ref:wikipedia
Min Gyi
(Zawgyi)
သူတို႔ဖက္ကၾကည့္ေတာ့သူရဲေကာင္း (သို႔)ဘိန္းဘုရင္ခြန္ဆာ
ခြန္ဆာလို႔ ဆိုလိုက္ပါက ျမန္မာသာမက ကမၻာကပါ ဘိန္းဘုရင္တဦးအျဖစ္ အားလုံးသိသူ၊ ခုထိလည္း ေ႐ႊႀတိဂံ ဘိန္းကိစၥေတြမွာ ထည့္သြင္းရည္ၫႊန္းခံေနရဆဲ သူတဦး ျဖစ္ပါတယ္။ခြန္ဆာကို ေတာင္သိႏၷီေစာ္ဘြားနယ္ (ယခု တန႔္ယန္းၿမိဳ႕နယ္) လြိုင္ေမာ္ေက်း႐ြာအုပ္စု၊ ဖာဖိန႔္႐ြာေန တ႐ုတ္လူမ်ိဳး ဖခင္ ခြန္အိုက္ႏွင့္ ရွမ္းလူမ်ိဳး မိခင္ နန္းဆိုင္ဇြန္ တို႔မွ ၁၉၃၄ ခုႏွစ္၊ ဩဂုတ္လ ၁၇ ရက္တြင္ ေမြးဖြားခဲ့ပါတယ္။
၁၉၃၇ ခုႏွစ္၌ ဖခင္ကြယ္လြန္ရာ မိခင္က မိုင္းတြမ္းၿမိဳ႕စား ခြန္ၾကည္ႏွင့္ ထပ္မံလက္ဆက္ခဲ့ပါတယ္။၁၉၃၉ ခုႏွစ္၌ မိခင္ကြယ္လြန္ျပန္ရာ ဘေထြးႏွင့္ အတန္ၾကာေနထိုင္၍အဘိုးက ျပန္ေမြးစားခဲ့ၿပီးေနာက္ပိုင္းဦးေလးျဖစ္သူ ခြန္ၾကာက ထိန္းေက်ာင္းေပးခဲ့ရပါတယ္။ငယ္စဥ္က ကူမင္တန္ တ႐ုတ္ျဖဴတပ္မွာ အမႈထမ္းခဲ့ၿပီးေနာက္ပိုင္းတြင္ ကူမင္တန္မွ ခြဲထြက္ၿပီး ေနာက္လိုက္ ရာဂဏန္း အနည္းငယ္ျဖင့္ ကိုယ္ပိုင္တပ္ကို စတင္တည္ေထာင္ခဲ့ပါတယ္။
၁၉၆၀ ခုႏွစ္တြင္ ျမန္မာအစိုးရ ဩဇာခံ (လြယ္ေမာ္ကာကြယ္ေရး)တပ္ အျဖစ္ ေျပာင္းလဲခဲ့ၿပီးေငြ၊ ဝတ္စုံႏွင့္ လက္နက္မ်ားကို ရယူၿပီး ရွမ္းျပည္တပ္မေတာ္ (Shan State Army)ကို တိုက္ခိုက္ၿပီးေနာက္ တပ္အင္အား ၈၀၀ အထိ တိုးခ်ဲ့အားေကာင္းလာခဲ့ပါတယ္။
၁၉၆၄ ခုႏွစ္၌ ငါးဆယ္က်ပ္ႏွင့္ တစ္ရာက်ပ္တန္မ်ားကို (ေတာ္လွန္ေရးေကာင္စီ)က ဖ်က္သိမ္းရာမွေတာခိုၿပီး ထိုင္းနယ္စပ္ ဘန႔္ေထာ့ထိုင္းမွာစတင္အေျချပဳခဲ့ပါတယ္။၁၉၇၆ ခုႏွစ္တြင္ ၎၏တပ္ဖြဲ႕ကို စည္းလုံးညီၫြတ္သည့္ ရွမ္း တပ္မေတာ္ (Shan United Army) ဟု ေျပာင္းလဲဖြဲ႕စည္းၿပီး ရွမ္းလူမ်ိဳးမ်ားဘက္မွ ရပ္တည္ကာ ျမန္မာ စစ္အစိုးရကို တိုက္ခိုက္ခဲ့ပါတယ္။
၁၉၈၅ ခုႏွစ္တြင္ စဝ္ကြဏ္းဇိန္း (ခ) မိုးဟိန္း ဦးေဆာင္သည့္ ရွမ္းေတာ္လွန္ေရးေကာင္စီႏွင့္ပူးေပါင္းၿပီး စဝ္ကြန္းဇိန္းက ဥကၠ႒၊ ခြန္ဆာက ဒုဥကၠ႒အျဖစ္ တာဝန္ယူခဲ့ၾကပါတယ္။ဟိုမိန္းဌာနခ်ဳပ္ကို တည္ေထာင္ကာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတခြင္ႏွင့္ ရွမ္း ကယား နယ္စပ္ အထိ ထိန္းခ်ဳပ္လာနိုင္ခဲ့ၿပီး၊၁၉၉၁ ခုႏွစ္တြင္ စဝ္ကြန္းဇိန္းကြယ္လြန္ရာ ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ခံရတယ္။ဒီေနာက္ပိုင္းMTA(ေခၚ )မုန္တိုင္းတပ္မေတာ္(Mong Tai Army) ကို ဖြဲ႕စည္းခဲ့ၿပီး ထိုင္း ျမန္မာ လာအို နယ္စပ္ ရွိ ေ႐ႊႀတိဂံေဒသတြင္ ဘိန္းျဖဴ အေျမာက္အျမား ထုတ္လုပ္ခဲ့သျဖင့္ ဘိန္းဘုရင္ဘြဲ႕ျဖင့္ထင္ရွားလာခဲ့ပါတယ္။
၁၉၈၈ ခုႏွစ္တြင္ ထိုင္းမွ ျမန္မာ သို႔ တရားမဝင္ ဝင္ေရာက္လာခဲ့ေသာ ဩစေၾတးလ် သတင္းေထာက္ စတီဖင္ရိုက္ ႏွင့္ အင္တာဗ်ဴးခဲ့ၿပီး ဘိန္းစိုက္ခင္းမ်ား မစိုက္ပ်ိဳးေစရန္အတြက္၊တႏွစ္လွ်င္ ဩစေၾတးလွ်ေဒၚလာ သန္း (၅၀ )ျဖင့္ ေနာက္ ၈ ႏွစ္ အတြက္ ေရာင္းေပးမည္ဟု ဩစေၾတးလ် အစိုးရထံသို႔ ကမ္းလွမ္းခဲ့ၿပီးဩစေၾတးလ်အစိုးရက ပယ္ခ်ခဲ့ပါတယ္။
(၁၉၈၉ )ခုႏွစ္တြင္ အေမရိကန္ နိုင္ငံနယူးေယာက္တရား႐ုံးက ခြန္ဆာကို ဘိန္း တန္(၁၀၀၀)တင္ပို႔ရန္ ႀကံစည္မႈျဖင့္ တရားစြဲသည္ကို တုံ႕ျပန္ေသာအားျဖင့္ ..သူ႕နယ္ေျမမွထုတ္လုပ္သည့္ ဘိန္းျဖဴ အားလုံးကို ဝယ္မည္ဆိုလွ်င္ နိုင္ငံတကာ မူးယစ္ေဆးေဈးကြက္သို႔ ျဖန႔္ေဝေရာင္းခ်ျခင္းမျပဳေတာ့ဟုပင္ အေမရိကန္ကို ေလွာင္ေျပာင္ကမ္းလွမ္းခဲ့ပါေသးတယ္။
ခြန္ဆာအား အေမရိကန္နိုင္ငံက ဆုေၾကး ေဒၚလာ (၂) သန္း ထုတ္ျပန္ ေၾကညာခဲ့ေသာ္လည္း ဖမ္းဆီးေပးပို႔ေရးကို ျမန္မာ စစ္အစိုးရက ျငင္းဆိုခဲ့ပါတယ္။သို႔ျဖင့္ခြန္ဆာသည္ အေမရိကန္ အစိုးရလက္သို႔ လႊဲေျပာင္းေပးျခင္း မခံရနိုင္ ဟူေသာ ယုံၾကည္ခ်က္ျဖင့္
ျမန္မာစစ္အစိုးရႏွင့္ ညွိႏွိုင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုၾကပါတယ္။ရွမ္းျပည္နယ္မွ ရန္ကုန္ ၿမိဳ႕ေတာ္သို႔ သြားေရာက္ အေျခခ်ၿပီး ေနာက္ပိုင္းရန္ကုန္၊ မႏၱေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ လုပ္ငန္းႀကီးေပါင္းမ်ားစြာရင္းႏွီး လုပ္ကိုင္ခဲ့ပါတယ္။(၂၀၀၇ )ေအာက္တိုဘာ (၂၆)တြင္ ရန္ကုန္ၿမိဳ႕တြင္ဆီးခ်ိဳ၊ ေလတပိုင္းျဖတ္ျခင္း ႏွင့္ ေသြးတိုး ေရာဂါမ်ားျဖင့္ကြယ္လြန္ခဲ့ၿပီးရန္ကုန္ၿမိဳ႕ ေဝးသုသာန္တြင္ ျမဳပ္ႏွံခဲ့ပါတယ္။နန္းေကးယြန္း (၁၉၉၃ ကြယ္လြန္) ႏွင့္ လက္ထပ္ခဲ့ရာ သားသမီး ရွစ္ဦး ရရွိခဲ့သည္ဟုဆိုၾကပါတယ္။
တဖက္ကၾကည့္ေတာ့ ေခါင္း၊ တဖက္ကၾကည့္ေတာ့ ပန္းဆိုသည့္ ေလာကဓမၼတာလိုပင္ တဖက္က ဘိန္းဘုရင္ဟု သမုတ္ၾကေသာ္လည္း ရွမ္းတိုင္းသား တခ်ိဳ႕အတြက္ေတာ့ခြန္ဆာဟာ မ်ိဳးခ်စ္သူရဲေကာင္းတဦး ျဖစ္ေနခဲ့ျပန္ပါတယ္။ဘာေၾကာင့္ ဒီလိုေျပာရသလဲဆိုေတာ့ ထိုင္းနိုင္ငံေျမာက္ပိုင္း ျမန္မာနယ္စပ္အနီး ေတာင္တန္း တေနရာမွာရွိတဲ့ ဘန႔္ေထာ့ထိုင္း ဆိုတဲ့႐ြာေလးမွာ ေတြ႕ခဲ့ရတဲ့ ျမင္ကြင္း၊ ၾကားခဲ့ရတဲ့ ေျပာဆိုခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။
ထိုင္းနယ္နိမိတ္ထဲက ဘန႔္ေထာ့ထိုင္း႐ြာေလးဟာ လြယ္ေမာ္ ကာကြယ္ေရးက အစျပဳခဲ့တဲ့ ရွမ္းျပည္ ေသြးစည္းညီၫြတ္ေရတပ္မေတာ္၊ေနာင္မွာေတာ့ (Mong Tai Army )လို႔ ေခၚတဲ့ MTA တပ္ရဲ႕ ေခါင္းေဆာင္ ခြန္ဆာ စခန္းခ် အေျခစိုက္ခဲ့တဲ့ ႐ြာေလးျဖစ္ပါတယ္။အရင္ကေတာ့ (ဘန႔္ဟင္တက္)လို႔ လူသိမ်ားတဲ့ ဒီ႐ြာေလးမွာ ခြန္ဆာဟာ ၁၉၆၄ ခုႏွစ္ကေန ၁၉၈၂ တဝိုက္အထိ အေျခခ်ခဲ့ တာပါ။
မယ့္စေလာင္း ေတာင္ရိုးေပၚမွာရွိတဲ့ ဒီ႐ြာေလးဟာ ျမန္မာနယ္စပ္နဲ႕ဆိုရင္ ကီလို ၃၀ ခန႔္ ေဝးၿပီး၊မယ္စေလာင္းၿမိဳ႕ငယ္ေလး ကေန ေတာင္ေပၚကားလမ္းအတိုင္း မယ့္စေလာင္၊ က်င္းတပ္ စတဲ့႐ြာေလးေတြကို ျဖတ္ကာ နာရီဝက္ခန႔္ သြားလိုက္ရင္ျဖင့္ ဘန႔္ေထာ့ထိုင္း ႐ြာေလးကို ေရာက္ပါၿပီ။
႐ြာအဝင္ ကားလမ္းေဘး တေနရာမွာေတာ့ Khum Sa Old Camp လို႔ ထိုင္း အဂၤလိပ္ ၂ ဘာသာနဲ႕ ေရးသားထားတဲ့ ခြန္ဆာစခန္းေဟာင္းဆီကို လမ္းၫႊန္ထားတဲ့ မထင္မရွား ဆိုင္းဘုတ္ေလး တခုရွိပါတယ္။ခြန္ဆာ စတင္စခန္းခ်စဥ္က အိမ္ေျခ ၇ အိမ္ခန႔္သာ ရွိတဲ့ ဘန႔္ေထာ့ထိုင္း႐ြာေလးဟာ အခုဆိုရင္ လူဦးေရ ေထာင္ဂဏန္းရွိတဲ့ ႐ြာႀကီးတ႐ြာ ျဖစ္ေနပါၿပီ။
ဒီ႐ြာေလးမွာ ေနထိုင္သူအမ်ားစုဟာ ခြန္ဆာရဲ႕ ယခင္ ရွမ္းရဲေဘာ္မ်ားျဖစ္ၿပီး၊ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာျပည္ကို မျပန္နိုင္ေတာ့တဲ့သူေတြ၊ခြန္ဆာ လက္နက္ခ်တဲ့ ကိစၥနဲ႕ ပတ္သက္ၿပီး သေဘာကြဲလြဲသူေတြဟာ ဒီ႐ြာေလးမွာ ဇာတ္ျမႇုပ္ၿပီး အေျခခ် ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။
စည္ကားလွတဲ့ ႐ြာလည္ကို ျဖတ္ကာ အေရွ႕ဘက္ေတာင္ေျခကို သြားလိုက္ရင္ စိန္ပန္းပင္အိုႀကီးေတြ အုပ္မိုးထားတဲ့ ေျမကြက္လပ္မွာေတာ့ လူႀကီးတေယာက္ ျမင္းႀကီးစီးေနတဲ့ ႐ုပ္တုတခု။သူကေတာ့ အားလုံးသိၾကတဲ့ ကမၻာေက်ာ္ ခြန္ဆာ ပါပဲ။ဒီေနရာမွာ စခန္းခ်သြားတဲ့ ခြန္ဆာကို အမွတ္ရတဲ့ အေနနဲ႕ ဘန္ေထာ့ထိုင္း႐ြာေလးက ရွမ္းတိုင္းရင္းသားေတြဟာ ခြန္ဆာပုံတူ ျမင္းစီးေက်ာက္႐ုပ္ကို ထုလုပ္ထားတာျဖစ္ ပါတယ္။
ခြန္ဆာ႐ုပ္ထုရဲ႕ ေရွ႕မွာေတာ့ သူရွိစဥ္က ႐ုံးထိုင္ခဲ့တဲ့ ႐ုံးခန္း၊ အစည္းအေဝးခန္းမ၊ စစ္သားေတြေနတဲ့ တန္းလ်ား၊ သူေနတဲ့ အခန္းေတြကို ဟိုအရင္ ခြန္ဆာ တပ္စခန္းခ်ခဲ့တဲ့ အေနအထားအတိုင္းပဲ ျမင္ေတြ႕ေနရပါတယ္။ေတာင္ေစာင္း တေနရာမွာေတာ့ တပ္စည္းကမ္း ေဖာက္ပ်က္သူေတြ၊ တပ္ေျပးေတြ၊ ျပစ္မႈက်ဴးလြန္သူ၊ မူးယစ္ေဆးဝါး သုံးစြဲ သူေတြကို ထားရွိရာ ေမွာင္မဲေနတဲ့ ေျမေအာက္ အက်ဥ္းစခန္းရွိပါတယ္။
႐ုံးခန္းေရွ႕မွာေတာ့ ၁၉၈၂ ခုႏွစ္မွာ ထိုင္းတပ္မေတာ္က ခြန္ဆာရဲ႕ ဘန႔္ဟင္တက္စခန္းကို ၾကည္းတပ္၊ ေလတပ္ေတြနဲ႕ ထိုးစစ္ဆင္စဥ္ ေလတပ္က ႀကဲခ်ခဲ့တဲ့ လူရဲ႕ရင္စို႔ေလာက္ရွိတဲ့ ဗုံးဆံခြံႀကီးတခုကို ေထာင္ထားကာ အမွတ္တရအေနနဲ႕ ျပသ ထားပါတယ္။မၾကာခင္မွာပဲ ဒီျပတိုက္ကို ဦးေဆာင္ထိန္းသိမ္းေနတဲ့ စိုင္းေခးလုံ ေရာက္လာပါတယ္။ စိုင္းေခးလုံဟာ အရင္က ခြန္ဆာရဲ႕ တပ္က မိဘမဲ့ကေလးေတြကို စာသင္ေပးရတဲ့ ေက်ာင္းဆရာတဦးပါ။
သူ႕ရဲ႕ ေျပာျပခ်က္အရ ေတာင္ ၃ လုံး ကာရံထားတဲ့ ဘန႔္ဟင္တက္ တပ္စခန္းဟာ ၁၂ ဧက က်ယ္ဝန္းၿပီး၊ ေတာင္ေတြေပၚမွာ စစ္သား ၂၀၀ ေလာက္ စခန္းခ်ထားတဲ့အတြက္ ရန္သူေတြ လာေရာက္ တိုက္ခိုက္ဖို႔ မလြယ္ဘူးလို႔ ဆိုပါတယ္။အဲဒီေနာက္မွာေတာ့ စိုင္းေခးလုံက ျပတိုက္လုပ္ထားတဲ့ ခြန္ဆာရဲ႕ စစ္တန္းလ်ားကို လွည့္လည္ျပသပါတယ္။
ခြန္ဆာ စခန္းေဟာင္းကို ျပတိုက္ဖြင့္လွစ္ျခင္းရဲ႕ ရည္႐ြယ္ခ်က္က ေနာင္လာေနာက္သားေတြ အတြက္ သမိုင္းဝင္ ေနရာတခုအျဖစ္ သိရွိဖို႔လို႔ ဆိုပါတယ္။ျပတိုက္ထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႕ တိုင္းရင္းသား ေခါင္းေဆာင္ႀကီးေတြ ပင္လုံ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေဆြးႏြေးေနၾကတဲ့ ပန္းခ်ီကားႀကီးကို ခ်ိတ္ဆြဲထားၿပီး၊
ရွမ္းေစာ္ဘြားေတြျဖစ္တဲ့ မိုင္းပြန္၊ သီေပါ၊ က်ိဳင္းတုံ၊ ေညာင္ေ႐ႊေစာ္ဘြားနဲ႕ မဟာေဒဝီတို႔ပုံေတြ၊ အဲဒီေနာက္ ရွမ္းေတာ္လွန္ေရးကိုစတင္ခဲ့တဲ့ ႏြံစစ္ဟန္အဖြဲ႕ ေခါင္းေဆာင္ စဝ္ႏြဲ႕၊ တျခား ေခါင္းေဆာင္မ်ားျဖစ္တဲ့ ဗိုလ္မိုးဟိန္း၊ ဗိုလ္စိုင္းလိတ္ (ကုလား)၊ ဗိုလ္ကမ္း႐ြက္၊ ဗိုလ္ခ်ဳပ္ ေဆထင္၊ ဗိုလ္ခ်ဳပ္ ႐ြက္ဆစ္ စသူမ်ားရဲ႕ဓာတ္ပုံမ်ားအျပင္ ၊
ရွမ္းျပည္နယ္ အတြင္းက ပအိုဝ္၊ ပေလာင္၊ ၀၊ မိုင္းလားစတဲ့ ေခါင္းေဆာင္ေတြရဲ႕ ဓာတ္ပုံေတြ၊ ရွမ္းစာေပနဲ႕ယဥ္ေက်းမႈအပိုင္းက ဦးေဆာင္ သူေတြျဖစ္တဲ့ ဦးခြန္းဆိုင္၊ ဦးစိန္ၾကည္နဲ႕ ရွမ္းနိုင္ငံေရးသမားေတြ႕ရဲ႕ ဓာတ္ပုံေတြ ရွိပါတယ္။ထူးထူးျခားျခား သတိထားမိတာ တခုကေတာ့ သီခ်င္းေရးဆရာ ေဒါက္တာ စိုင္းခမ္းလိတ္၊ အဆိုေတာ္ စိုင္းထီးဆိုင္၊ စိုင္းဆိုင္ေမာဝ္ စသူမ်ားရဲ႕ ဓာတ္ပုံမ်ားကိုလည္း မူးယစ္ေဆးဝါးနဲ႕ နာမည္ႀကီးတဲ့ ခြန္ဆာတို႔လို ေဝေရွာက္ခန္၊ စိုင္းလင္း၊ ဗိုလ္မြန္း စတဲ့သူေတြနဲ႕ အတူတူေတြ႕ရျခင္းပါပဲ။
စိုင္းေခးလုံကေတာ့ ခြန္ဆာဟာ တျခားသူေတြလိုပဲ ရွမ္းျပည္ လြတ္ေျမာက္ေရးမွာ တတပ္တအား ပါဝင္ခဲ့တာေၾကာင့္ အားလုံးနဲ႕ တန္းတူထားတာ ျဖစ္တယ္ လို႔ ဆိုပါတယ္။
ဒါအျပင္ ရွမ္းစစ္သားေတြကို တရားေဟာေနတဲ့ ခြန္ဆာ၊ ေသနတ္ကိုင္ထားတဲ့ ခြန္ဆာ၊ ျမင္းစီးေနတဲ့ ခြန္ဆာ၊ ကြၽန္းပင္ႀကီး ေအာက္မွာ အနားယူေနတဲ့ ခြန္ဆာ စတဲ့ ဓာတ္ပုံ အမ်ိဳးမ်ိဳးကိုလည္း ခ်ိတ္ဆြဲထားသလို ဘိန္းနဲ႕ ကုန္ပစၥည္းေတြ လက္နက္ေတြ သယ္ေဆာင္ရာမွာ သုံးတဲ့ လားေတြရဲ႕ ကုန္းႏွီးေတြကိုလည္း ျပသထားပါတယ္။
ခြန္ဆာေနခဲ့တဲ့ အခန္းမွာေတာ့ သူဝတ္ဆင္ခဲ့တဲ့ ယူနီေဖာင္း ၄ ထည္ခန႔္နဲ႕ ကုတင္တလုံး၊ မွန္တင္ခုံ စတာေတြကိုေတြ႕ရၿပီး၊ နံရံမွာေတာ့ ရွမ္းဝတ္စုံကို ဝတ္ဆင္ထားတဲ့ ခြန္ဆာရဲ႕ ဓာတ္ပုံတပုံနဲ႕အတူ ဓား ၁ လက္ကို ခ်ိတ္ဆြဲထားပါတယ္။ဧည့္ခန္း ေထာင့္တေနရာမွာ ထိုင္ေနတဲ့ ခြန္ဆာရဲ႕႐ုပ္ထုဟာ အသက္ဝင္လွသလို အမွတ္တမဲ့ ၾကည့္လိုက္ပါက လူတေယာက္ ထိုင္ေန သည့္အလား ၂ ခါ ျပန္ၾကည့္ရတဲ့ အေနအထားပါ။
ခြန္ဆာဟာ ဒီ (ဘန္ဟင့္တက္)စခန္းမွာ အေျခခ်ကာ ရွမ္းျပည္နယ္ေနရာ အသီးသီးက လူသစ္ေတြကို ေတာင္ႀကီး၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ ေ႐ႊႀတိဂံ လမ္းေၾကာင္းနဲ႕ ေက်ာက္မဲ၊ သီေပါ၊ လာရွိုး၊ တန႔္ယန္းကေန သံလြင္ျမစ္ကို ေက်ာ္ျဖတ္တဲ့ လမ္းကေန ေခၚေဆာင္ကာ စစ္သင္တန္း တက္ေစပါတယ္။
တခါတခါ လူသစ္ ၆၀၀ မွ ၈၀၀ ခန႔္အထိ စုေဆာင္းသင္တန္းေပးကာ ထိုင္းကေန လက္နက္ဝယ္ယူ တပ္ဆင္ေပးလိုက္ၿပီး ရွမ္းျပည္ကို ျပန္ၾကတယ္လို႔ သိရပါတယ္။ခြန္ဆာရဲ႕ စခန္းနဲ႕ သူရဲ႕ ႐ုပ္ပုံေတြကို ၾကည့္ရင္း ေတြးမိတာကေတာ့ တခ်ိန္က အေမရိကန္က အလိုရွိခဲ့ၿပီး စစ္ဗိုလ္ခ်ဳပ္ႀကီး ေတြနဲ႕ စည္းဝါးရိုက္ကာ အလင္းဝင္ခဲ့့တဲ့ ဘိန္းဘုရင္ေဟာင္း ခြန္ဆာအေၾကာင္းပါပဲ။
တကယ္ေတာ့ (ခြန္ဆာ)ဆိုတာ ကြန္ျမဴနစ္ရန္ကေန ကာကြယ္ဖို႔ အစိုးရက ေမြးထုတ္လိုက္တဲ့ ဘိန္းဘုရင္ေဟာင္း (ေလာ္စစ္ဟန္ )တို႔လို ေဒသခံ ျပည္သူ႕စစ္ေခါင္းေဆာင္ တဦးပါ။၁၉၃၄ ခုႏွစ္ ေနာင္လိုင္ၿမိဳ႕စားရဲ႕ ဒုတိယဇနီးက ေမြးဖြားခဲ့တဲ့ ခြန္ဆာဟာ ၁၉၅၈ ခုႏွစ္မွာ တ႐ုတ္ျဖဴတို႔နဲ႕ အတူ ေဖာ္မိုဆာ ကြၽန္းအထိ လိုက္ပါသြားကာ၊၁၉၆၀ ခုႏွစ္မွာ ေနာင္လိုင္ေဒသကို ျပန္လည္ ေရာက္ရွိလာၿပီး အင္အား ၄၀ ခန႔္နဲ႕ ေနာင္လိုင္ ကာကြယ္ေရးတပ္ကို ဖြဲ႕ခဲ့ပါတယ္။
၁၉၆၃ ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဦးေဆာင္တဲ့ အာဏာသိမ္း ေတာ္လွန္ေရးေကာင္စီက က်ပ္ ၁၀၀ တန္နဲ႕ ၅၀ တန္ ေငြစကၠဴေတြကို တရားမဝင္ေတာ့ေၾကာင္း ေၾကညာလိုက္တဲ့ အခါမွာေတာ့ ခြန္ဆာဟာ မေက်မနပ္ျဖစ္ၿပီး ေတာခိုသြားေပမယ့္ ၁၉၆၆ ခုႏွစ္မွာေတာ့ ျပန္လည္ အလင္းဝင္ခဲ့ျပန္ပါတယ္။အဲဒီအခ်ိန္မွာ အင္အား (၁၇၀၀ )ခန႔္ရွိတဲ့ ခြန္ဆာရဲ႕ ကာကြယ္ေရးတပ္ဟာ ကြန္ျမဴနစ္ရန္ ကာကြယ္ဖို႔ အေရးပါလာသလို ဘိန္းလုပ္ငန္းကိုလည္း လုပ္ကိုင္ခြင့္ရခဲ့ပါတယ္။
၁၉၆၉ ခုႏွစ္ ခြန္ဆာကို ဖမ္းဆီးလိုက္တဲ့ အခါမွာေတာ့ (က်န္ဆူးရွင္ )ေခါင္းေဆာင္တဲ့ လြယ္ေမာ္ ကာကြယ္ေရးတပ္ေတြဟာ တပ္မေတာ္ကို ျပန္လည္ တိုက္ခိုက္ၿပီး ခြန္ဆာလြတ္ေျမာက္ေရးကို ႀကိဳးစားခဲ့ပါတယ္။အထင္ရွားဆုံးကေတာ့ ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံက ႐ုရွား ဆရာဝန္ေတြကို ျပန္ေပးဆြဲကာ ခြန္ဆာ လြတ္ေျမာက္ေရး အတြက္ ႀကိဳးစားခဲ့ျခင္းပါပဲ။
ထိုင္းအစိုးရ ဝန္ႀကီးတဦးရဲ႕ ၾကားဝင္ ေစ့စပ္ေပးမႈေၾကာင့္ ႐ုရွား ဆရာဝန္ေတြ လြတ္ေျမာက္ လာခဲ့သလို၊ ခြန္ဆာလည္း ေထာင္ကေန လြတ္ေျမာက္ခဲ့ပါတယ္။(၁၉၇၆ )ခုႏွစ္ ေထာင္ကေန လြတ္ေျမာက္လာတဲ့ ခြန္ဆာဟာ ဘန႔္ဟင္တက္႐ြာေလးမွာ ဒုတိယအႀကိမ္ အေျခခ်ကာ ဘိန္းလုပ္ငန္းကို ဆက္လက္ လုပ္ကိုင္ပါေတာ့တယ္။
အဲဒီေနာက္မွာေတာ့ အေမရိကန္ဘက္ ကိုယ္စားလွယ္ေတြ ေစလႊတ္ၿပီး အႀကိမ္ႀကိမ္ လာေရာက္ ညွိႏွိုင္းခဲ့ေပမယ့္ ေအာင္ျမင္ျခင္း မရွိပါဘူး။တကယ္ေတာ့လည္း ခြန္ဆာလို လူမ်ိဳးေတြကို ကြန္ျမဴနစ္ ရန္ကာကြယ္ဖို႔ အေမရိကန္နဲ႕ ေဒသတြင္းက ထိုင္း၊ ျမန္မာ စတဲ့အစိုးရေတြက ေျမေတာင္ ျမႇောက္ေပးခဲ့တာပါပဲ။
အေမရိကန္နဲ႕ ေဆြးႏြေးပြဲ ပ်က္ျပားၿပီးတဲ့ေနာက္ ထိုင္းအစိုးရကလည္း ခြန္ဆာကို သူ႕ရဲ႕ နယ္ေျမထဲမွာ ဆက္လက္ လက္ခံ မထားလိုေတာ့တဲ့ အတြက္ ၁၉၈၂ ခုႏွစ္ဇန္နဝါရီလ (၂၁ )ရက္ေန႕မွာ ဘန႔္ဟင္တက္ စခန္းကို တိုက္ခိုက္လာရာခြန္ဆာဟာ(ဟိုမိန္းစခန္း)ကို ေျပာင္းေ႐ြ႕သြားသလို၊သူ႕ရဲ႕ စစ္သားတခ်ိဳ႕ဟာလည္း လြယ္လန္းဘက္ကို ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ သူကလည္း နယ္စပ္ၿမိဳ႕ မယ္ဆိုင္ကို တိုက္ခိုက္ခဲ့ပါတယ္။
၁၉၈၅ ခုႏွစ္မွာေတာ့ ရွမ္းလက္နက္ကိုင္ အဖြဲ႕ေတြျဖစ္တဲ့ SSA ၊ SURA နဲ႕ ခြန္ဆာရဲ႕ SUA ပူးေပါင္းကာ Mong Tai Army လို႔ ေခၚတဲ့ MTA ကို ဖြဲ႕စည္းခဲ့ပါတယ္။၁၉၈၉ ခုႏွစ္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲကာ ၀၊ ကိုးကန႔္ စတဲ့ တိုင္းရင္းသား လက္နက္ကိုင္အုပ္စုေတြ စစ္အစိုးရနဲ႕ ၿငိမ္းခ်မ္းေရး ယူခ်ိန္မွာေတာ့ ခြန္ဆာရဲ႕ အင္အားဟာ ပိုမိုႀကီးထြားလာရာ ရွမ္းျပည္နယ္ရဲ႕ သမၼတလို႔ေတာင္ သူ႕ကိုယ္သူ ေၾကညာခဲ့ပါေသးတယ္။
အဲဒီေနာက္မွာ အေမရိကန္က မူးယစ္ေဆးနဲ႕ ပတ္သက္ၿပီး ဆုေငြထုတ္ ဖမ္းဆီးဖို႔ ႀကိဳးစားလာတာရယ္၊ျမန္မာ့ တပ္မေတာ္ရဲ႕ တိုက္ခိုက္မႈေတြရယ္၊ ၀ နဲ႕ နယ္ေျမလုပြဲ အႀကိတ္အနယ္ ျဖစ္ေနတာေတြရယ္ေၾကာင့္ ေနာက္ဆုံး ခြန္ဆာဟာ စစ္ေထာက္လွမ္းေရးနဲ႕ ဆက္သြယ္ၿပီး ျမန္မာစစ္အစိုးရရဲ႕ အေစာင့္အေရွာက္ကို ခံယူခဲ့ပါတယ္။
တကယ္ေတာ့ ခြန္ဆာရဲ႕ လုပ္ရပ္ဟာ စစ္အစိုးရေရာ သူ႕အတြက္ပါ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေစတဲ့ အေျခအေနလို႔ ဆိုရမွာပါ၊အဲဒီတုန္းက ခြန္ဆာရဲ႕ အင္အားက (၁၄၀၀၀)ေက်ာ္နဲ႕ ေလယာဥ္ပစ္ ဆမ္-၇ ဒုံးက်ည္ေတြ ရွိသလို လက္နက္စက္႐ုံ အပါအဝင္ TNT ယမ္းတန္ခ်ိန္က ၂ တန္ေက်ာ္ နဲ႕ လက္နက္ေပါင္းမ်ားစြာ ရွိပါတယ္။
ခြန္ဆာ အႂကြင္းမဲ့ လက္နက္ခ်ဖိဳ႕ ဆက္သြယ္လာတဲ့ အေျခအေနကို စစ္ေထာက္လွမ္းေရးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္က မယုံတဝက္ ယုံတဝက္လို႔ သူရဲ႕အင္တာဗ်ဴး စာအုပ္မွာ ဆိုခဲ့ပါတယ္။ႏွစ္ဖက္ လူယုံေတြလႊတ္ ၅ ႀကိမ္ တိုင္တိုင္ ေဆြးႏြေးၿပီးတဲ့ေနာက္ ခြန္ဆာႀကီး လက္နက္စြန႔္တဲ့အခါ တပ္မေတာ္က တပ္ရင္း ၃၀ နဲ႕ အဲဒီေဒသကို ဝင္ေရာက္ခဲ့ပါတယ္။
လက္နက္စြန႔္တဲ့ အခမ္းအနားကိုေတာ့ ေထာက္လွမ္းေရးေတြ တက္ေရာက္ခြင့္ မရေတာ့ဘဲ လူေပၚလူေဇာ္ အလုပ္ ခံရတာကိုလည္း ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္က သူ႕စာအုပ္မွာ ရင္ဖြင့္ထားခဲ့ပါတယ္။သူမေသခင္( ဘိန္းဘုရင္)ဆိုတဲ့ သူ႕ရဲ႕သမိုင္းကို ဖ်က္ခဲ့ခ်င္တဲ့ ခြန္ဆာတေယာက္ စစ္အစိုးရ ရဲ႕ထီးရိပ္ေအာက္မွာ အေစာင့္အေရွာက္ခံ ဘဝနဲ႕ ေနထိုင္သြားရင္း၊ကြယ္လြန္ၿပီးေနာက္ပိုင္း
စစ္အစိုးရေဆာက္ခဲ့တဲ့ ရန္ကုန္ မူးယစ္ေဆးဝါး ျပတိုက္မွာဘိန္းရာဇာအျဖစ္ဓာတ္ပုံႏွင့္တကြသမိုင္းတင္က်န္ရစ္ခဲ့ပါတယ္။ ခြန္ဆာရဲ႕ ေတာ္လွန္ေရးကို ယုံၾကည္လို႔ အသက္ ၁၇-၁၈ ႏွစ္ကတည္းက က်ိဳင္းတုံနယ္ကေန လာေရာက္ပူးေပါင္းခဲ့ၾကတဲ့ အခု အသက္ ၈၀ အ႐ြယ္ ဘန႔္ဟင္တက္႐ြာမွာပဲ အေျခခ်ေနတဲ့ အဖိုးအို လုံဘြန္းမီး အပါအဝင္ ၃ ဦးကေတာ့ ၊
သူတို႔ေခါင္းေဆာင္ ခြန္ဆာဟာ ရွမ္းျပည္က အကြဲကြဲအျပားျပား ျဖစ္ေနတဲ့ ေတာ္လွန္ေရး အုပ္စုေတြကို စုစည္းနိုင္ခဲ့သူ ျဖစ္ေပမယ့္ ၊ေတာ္လွန္ေရး အတြက္ အႏွစ္ ၂၀၊ ၃၀ ေလာက္ ဒုကၡခံလာၿပီးမွ သူတို႔ လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရး၊ တန္းတူညီမွ်ေရး ဆိုတာေတြ မရခင္မွာ လက္နက္ခ်သြားတာနဲ႕ ပတ္သက္ၿပီး စိတ္ပ်က္မိေၾကာင္း ေျပာၾကပါတယ္။
ဒါေပမယ့္၊ ခြန္ဆာဟာ သူတို႔အတြက္ေတာ့ သူရဲေကာင္း ေတာ္လွန္ ေရးသမားတဦး၊ ေခါင္းေဆာင္ေကာင္းလို႔ ဆိုပါတယ္။ဒါ့အျပင္ ခြန္ဆာ မူးယစ္ေဆးဝါးနဲ႕ ပတ္သက္တယ္ဆိုတာက သူကိုယ္တိုင္လည္း စိုက္ခဲ့တာ၊ ေရာင္းဝယ္ ေဖာက္ကားခဲ့တာ မရွိဘူး၊ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈ အေပၚကေန အခြန္အတုတ္ ေကာက္ယူတာသာ ျဖစ္တယ္လို႔ဆိုၾကပါတယ္။
ဒီလိုမွ မေကာက္ရင္လည္း သူတို႔ဟာ နိုင္ငံကို အုပ္ခ်ဳပ္တဲ့ အစိုးရ မဟုတ္တဲ့အတြက္ ဝင္ေငြ မရွိဘူး၊ဒါေၾကာင့္ အခြန္အတုတ္ ေကာက္တာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္တယ္၊ ဘိန္းဘုရင္ဆိုတာ စြပ္စြဲခံ သက္သက္သာ ျဖစ္တယ္လို႔ သူတို႔ ယုံၾကည္ေနၾကပါတယ္။ဘာပဲေျပာေျပာ ခြန္ဆာဆိုတဲ့ နာမည္ဆိုးနဲ႕ ေက်ာ္ၾကားခဲ့သူတဦး အေျခခ်ေနထိုင္ခဲ့တဲ့ ေနရာေလးကေတာ့ ျပတိုက္အိုေလး အျဖစ္ လူမသိသူမသိ ယေန႕တိုင္မထင္မရွား ရွိေနဆဲပါ။
Ref: wikipedia
Min Gyi
No comments:
Post a Comment