Friday, August 27, 2021

ကြက်မုန်ညင်းပေါင်း - ငါးဖယ်လုံးဟင်းချို - အပ်မှိုချဉ်ငန်စပ်သုပ်

ကြက်မုန်ညင်းပေါင်း - ငါးဖယ်လုံးဟင်းချို - အပ်မှိုချဉ်ငန်စပ်သုပ်


ကြက်မုန်ညင်းပေါင်း




ပါဝင်ပစ္စည်းများ ( ၅ထုပ်စာ )

ကြက်သားစဉ်းကော 90g

ပဲငံပြာရည်အကျဲ 5ml

ဆား

ငရုတ်ကောင်း

ကြက်သွန်မိတ် ၅ပင်

ကြက်ဥအကာ တစ်လုံး (optional)

တရုတ်မုန်ညင်းရွက် ၅ရွက်


ပြင်ဆင်ပြုလုပ်နည်း

၁။ ကြက်သားစဉ်းကောကို ပဲငံပြာရည်အကျဲ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်မိတ်၊ ကြက်ဥအကာတို့ဖြင့်နယ်ပါ။

၂။ ရေနွေးပွက်ပွက်ဆူတည်ပြီး တရုတ်မုန်ညင်းကို ၂မိနစ်ခန့်ထည့်ပါ။

၃။ ရေနွေးထဲမှ ဆယ်ပြီး ရေအေးထဲ ပြန်စိမ်ပေးပါ။ ( ဒီလိုလုပ်ပေးမှသာ တရုတ်မုန်ငြင်းက ခေါက်ရ ထုပ်ရလွယ်မှာ ဖြစ်ပါတယ်။ )

၄။ တရုတ်မုန်ညင်းဖြန့်ပြီး နယ်ထားသောအသားကို အလည်မှာထည့်ပြီး ခေါက်ပါ။

၅။ ရေခံ ဇကာခံပြီး ပန်းကန်ပြားထဲတွင် စီထည့်ကာ နာရီဝက်ပေါင်းပေးပါ။


ချက်ပြုတ်ပြသူ - ဒေါက်တာ ညီညီကျော် 


ငါးဖယ်လုံးဟင်းချို

ကယ်လိုရီ - 200 (ခန့်မှန်း) 




ပါဝင်ပစ္စည်းများ

ငါးဖယ်ခြစ် 90g

ကြက်သွန်ဖြူ

ဂျင်း

နှစ်သက်ရာ ဟင်းသီးဟင်းရွက်

ကြက်သွန်မိတ်

ဆား

ငရုတ်ကောင်း

ပဲငံပြာရည်အကျဲ 10ml


၁။ ငါးဖယ်ခြစ်ကို ဆား ငရုတ်ကောင်း ကြက်သွန်မြိတ်တို့ဖြင့် စေးလာအောင် ပေါက်ပေးပါ။

၂။ ကြက်ရိုးပြုတ်ရည်ထဲမှာ ဂျင်း၊ ကြက်သွန်ဖြူ အချိုဓါတ်ရစေရန် မုန်လာဦနီ/ဖြူ/ ဂေါ်ဖီထုပ် တို့ပြုတ်ပါ။

၃။ ပြုတ်ရည်ဆူလာလျှင် အရသာနှယ်ထားသော ငါးဖယ်များကို လုံးပြီး ထည့်ပေးပါ။

၄။ ပဲငံပြာရည်အကျဲ ထည့်ပြီးနှစ်သက်ရာအရွက်အစိမ်း ( မုန်ညင်းစိမ်း / ထိုင်ဝမ်မုန်ညင်း/ တရုတ်မုန်ညင်း / ပန်းဂေါ်ဖီအစိမ်း ) ငရုတ်ကောင်း ကြက်သွန်မိတ်ခတ်ကာ သုံးဆောင်လို့ရပါပြီ။


ချက်ပြုတ်ပြသူ - ဒေါက်တာ ညီညီကျော် 


ရှူးရှူးရှဲရှဲ အပ်မှိုချဉ်ငန်စပ်သုပ်လေး သုပ်စားကြမလား 🍄🥵💗




အပ်မှိုကို တော်တော်များများက ကင်စားတာ၊ ကြော်စားတာ၊ ဟော့ပေါ့ထဲထည့်စားတာတွေ၊ BBQ အနေနဲ့ကင်စားတာတွေကို လူတိုင်းစားဖူးကြမှာပါ 🤔 ဒါပေမယ့် ချဉ်ချဉ်ငန်ငန်စပ်စပ်လေးနဲ့ ထိုင်းအရသာဆန်ဆန် သုပ်စားကြည့်တဲ့အခါမှာလည်း အရမ်းအရသာ ရှိပါတယ်။ ဒါကြောင့်မို့လို့  မိသားစုထမင်းဝိုင်းမှာ လျှာလည်သွားစေဖို့ အပ်မှိုချဉ်ငန်စပ်သုပ်နည်းကိုမျှဝေပေးချင်ပါတယ် 😍


ပါဝင်ပစ္စည်းများ

❤❤❤❤❤❤ 

အပ်မှို တစ်ထုပ်

ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)

ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုရာသီး တစ်ခြမ်း

ငရုတ်သီးစိမ်း ၇ တောင့် (ထောင်းထားပါ)

ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးပိထောင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)

ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း

နံနံပင် ၃ ပင်

ကြက်သွန်မိတ် အနည်းငယ်


ချက်ပြုတ်ပြင်ဆင်ပုံ

😋😋😋😋😋😋

၁။ ပထမဆုံးအပ်မှိုကို အရင်းကနေ နည်းနည်းဖြတ်ပြီး ရေနွေးဆူဆူထဲ တစ်မိနစ်ခန့်ပြုတ်ထားပါ။

၂။ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားပြီး အပ်မှိုထဲထည့်ပါ။

၃။ ပြီးတာနဲ့ သကြား၊ ငါးပိထောင်း၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ကြက်သားမှုန့်နဲ့ သံပုရာသီးညှစ်ထည့်ပါ။

၄။ ပုစွန်ခြောက်မှုန့်ထည့်ပြီး သမအောင် ဖွဖွလေးနယ်ပါ။

၅။ ပြီးရင်တော့  နယ်ထားပြီးတဲ့ အပ်မှိုသုပ်ကို နံနံပင်၊ ကြက်သွန်မိတ်လေးအုပ်ပြီး ရှုးရှုးရှဲရှဲနဲ့ စားလို့ရပါပြီ။ အရသာကတော့ ထုံးစံအတိုင်း Very Good ❗


😍😍😍ငါးပိထောင်းက ယိုးဒယားငါးပိထောင်းဗူးလေးတွေကို ဆိုင်တွေမှာအလွယ်တကူ မေးဝယ်လို့ရပါတယ်။ မရှိရင်တော့ ငါးပိအကောင်းစားကို မီးဖုတ်လို့ထောင်းပြီး ထည့်သုတ်ပေးပါ။ ကန်စွမ်းရွက်တို့ ဆလပ်ရွက်တို့ကြိုက်ရင်လည်း အသုပ်နဲ့တွဲစားလို့ရပါတယ်။ 


❌❌❌မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။



[Zawgyi]ၾကက္မုန္ညင္းေပါင္း - ငါးဖယ္လံုးဟင္းခ်ိဳ - အပ္မိႈခ်ဉ္ငန္စပ္သုပ္


ၾကက္မုန္ညင္းေပါင္း




ပါဝင္ပစၥည္းမ်ား ( ၅ထုပ္စာ )

ၾကက္သားစဉ္းေကာ 90g

ပဲငံျပာရည္အက်ဲ 5ml

ဆား

ငရုတ္ေကာင္း

ၾကက္သြန္မိတ္ ၅ပင္

ၾကက္ဥအကာ တစ္လံုး (optional)

တရုတ္မုန္ညင္းရြက္ ၅ရြက္


ျပင္ဆင္ျပဳလုပ္နည္း

၁။ ၾကက္သားစဉ္းေကာကို ပဲငံျပာရည္အက်ဲ၊ ဆား၊ ငရုတ္ေကာင္း၊ ၾကက္သြန္မိတ္၊ ၾကက္ဥအကာတို႔ျဖင့္နယ္ပါ။

၂။ ေရႏြေးပြက္ပြက္ဆူတည္ၿပီး တရုတ္မုန္ညင္းကို ၂မိနစ္ခန႔္ထၫ့္ပါ။

၃။ ေရႏြေးထဲမွ ဆယ္ၿပီး ေရေအးထဲ ျပန္စိမ္ေပးပါ။ ( ဒီလိုလုပ္ေပးမွသာ တရုတ္မုန္ျငင္းက ေခါက္ရ ထုပ္ရလြယ္မွာ ျဖစ္ပါတယ္။ )

၄။ တရုတ္မုန္ညင္းျဖန႔္ၿပီး နယ္ထားေသာအသားကို အလည္မွာထၫ့္ၿပီး ေခါက္ပါ။

၅။ ေရခံ ဇကာခံၿပီး ပန္းကန္ျပားထဲတြင္ စီထၫ့္ကာ နာရီဝက္ေပါင္းေပးပါ။


ခ်က္ျပဳတ္ျပသူ - ေဒါက္တာ ညီညီေက်ာ္ 


ငါးဖယ္လံုးဟင္းခ်ိဳ

ကယ္လိုရီ - 200 (ခန႔္မွန္း) 




ပါဝင္ပစၥည္းမ်ား

ငါးဖယ္ျခစ္ 90g

ၾကက္သြန္ျဖဴ

ဂ်င္း

ႏွစ္သက္ရာ ဟင္းသီးဟင္းရြက္

ၾကက္သြန္မိတ္

ဆား

ငရုတ္ေကာင္း

ပဲငံျပာရည္အက်ဲ 10ml


၁။ ငါးဖယ္ျခစ္ကို ဆား ငရုတ္ေကာင္း ၾကက္သြန္ၿမိတ္တို႔ျဖင့္ ေစးလာေအာင္ ေပါက္ေပးပါ။

၂။ ၾကက္ရိုးျပဳတ္ရည္ထဲမွာ ဂ်င္း၊ ၾကက္သြန္ျဖဴ အခ်ိဳဓါတ္ရေစရန္ မုန္လာဦနီ/ျဖဴ/ ေဂၚဖီထုပ္ တို႔ျပဳတ္ပါ။

၃။ ျပဳတ္ရည္ဆူလာလ်ွင္ အရသာႏွယ္ထားေသာ ငါးဖယ္မ်ားကို လံုးၿပီး ထၫ့္ေပးပါ။

၄။ ပဲငံျပာရည္အက်ဲ ထၫ့္ၿပီးႏွစ္သက္ရာအရြက္အစိမ္း ( မုန္ညင္းစိမ္း / ထိုင္ဝမ္မုန္ညင္း/ တရုတ္မုန္ညင္း / ပန္းေဂၚဖီအစိမ္း ) ငရုတ္ေကာင္း ၾကက္သြန္မိတ္ခတ္ကာ သံုးေဆာင္လို႔ရပါၿပီ။


ခ်က္ျပဳတ္ျပသူ - ေဒါက္တာ ညီညီေက်ာ္ 


ရႉးရႉးရွဲရွဲ အပ္မိႈခ်ဉ္ငန္စပ္သုပ္ေလး သုပ္စားၾကမလား 🍄🥵💗




အပ္မိႈကို ေတာ္ေတာ္မ်ားမ်ားက ကင္စားတာ၊ ေၾကာ္စားတာ၊ ေဟာ့ေပါ့ထဲထၫ့္စားတာေတြ၊ BBQ အေနနဲ႔ကင္စားတာေတြကို လူတိုင္းစားဖူးၾကမွာပါ 🤔 ဒါေပမယ့္ ခ်ဉ္ခ်ဉ္ငန္ငန္စပ္စပ္ေလးနဲ႔ ထိုင္းအရသာဆန္ဆန္ သုပ္စားၾကၫ့္တဲ့အခါမွာလည္း အရမ္းအရသာ ရိွပါတယ္။ ဒါေၾကာင့္မို႔လို႔  မိသားစုထမင္းဝိုင္းမွာ လ်ွာလည္သြားေစဖို႔ အပ္မိႈခ်ဉ္ငန္စပ္သုပ္နည္းကိုမ်ွေဝေပးခ်င္ပါတယ္ 😍


ပါဝင္ပစၥည္းမ်ား

❤❤❤❤❤❤ 

အပ္မိႈ တစ္ထုပ္

ၾကက္သြန္နီ ၂ လံုး (ပါးပါးလွီးထားပါ)

ၾကက္သားမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သံပုရာသီး တစ္ျခမ္း

ငရုတ္သီးစိမ္း ၇ ေတာင့္ (ေထာင္းထားပါ)

ငံျပာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္

ငါးပိေထာင္း လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ခရမ္းခ်ဉ္သီး ၁ လံုး (ပါးပါးလွီးထားပါ)

ပုစြန္ေျခာက္မႈန႔္ ထမင္းစားဇြန္း ၁ ဇြန္း

နံနံပင္ ၃ ပင္

ၾကက္သြန္မိတ္ အနည္းငယ္


ခ်က္ျပဳတ္ျပင္ဆင္ပံု

😋😋😋😋😋😋

၁။ ပထမဆံုးအပ္မိႈကို အရင္းကေန နည္းနည္းျဖတ္ၿပီး ေရႏြေးဆူဆူထဲ တစ္မိနစ္ခန႔္ျပဳတ္ထားပါ။

၂။ ၾကက္သြန္နီနဲ႔ ခရမ္းခ်ဉ္သီး ပါးပါးလွီးထားၿပီး အပ္မိႈထဲထၫ့္ပါ။

၃။ ၿပီးတာနဲ႔ သၾကား၊ ငါးပိေထာင္း၊ ငံျပာရည္၊ ငရုတ္သီးစိမ္း၊ ၾကက္သားမႈန႔္နဲ႔ သံပုရာသီးၫွစ္ထၫ့္ပါ။

၄။ ပုစြန္ေျခာက္မႈန႔္ထၫ့္ၿပီး သမေအာင္ ဖြဖြေလးနယ္ပါ။

၅။ ၿပီးရင္ေတာ့  နယ္ထားၿပီးတဲ့ အပ္မိႈသုပ္ကို နံနံပင္၊ ၾကက္သြန္မိတ္ေလးအုပ္ၿပီး ရႈးရႈးရွဲရွဲနဲ႔ စားလို႔ရပါၿပီ။ အရသာကေတာ့ ထံုးစံအတိုင္း Very Good ❗


😍😍😍ငါးပိေထာင္းက ယိုးဒယားငါးပိေထာင္းဗူးေလးေတြကို ဆိုင္ေတြမွာအလြယ္တကူ ေမးဝယ္လို႔ရပါတယ္။ မရိွရင္ေတာ့ ငါးပိအေကာင္းစားကို မီးဖုတ္လို႔ေထာင္းၿပီး ထၫ့္သုတ္ေပးပါ။ ကန္စြမ္းရြက္တို႔ ဆလပ္ရြက္တို႔ႀကိဳက္ရင္လည္း အသုပ္နဲ႔တြဲစားလို႔ရပါတယ္။ 


❌❌❌မိမိႏွင့္ မိမိ၏မိသားစု က်န္းမာေရးအတြက္ အခ်ိဳမႈန႔္ေလ်ာ့သံုးေပးပါ။


No comments: