Thursday, November 4, 2021

၀ိနည်းနှင့်စပ်~ သိနားလည်ထားသင့်ရာ အျမတ္ဆုံး ကထိန်သင်္ကန်းအလှူ

၀ိနည်းနှင့်စပ်~ သိနားလည်ထားသင့်ရာ အျမတ္ဆုံး ကထိန်သင်္ကန်းအလှူ




#ကထိန်သင်္ကန်း

#ကထိန်ခင်းခြင်းဆိုင်ရာ

#ဘာသာရေးဆိုင်ရာအခြေခံဗဟုသုတ

(မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်မှာ ကထိန်ခင်းတာ၊ ကထိန်သင်္ကန်းကပ်တာ၊ အလှူပွဲကျင်းပတာတွေ ပြုလုပ်တတ်ကြတာမို့ ကထိန်အလှူဒါနနဲ့ပတ်သက်ပြီး သိစရာလေးတွေကို စုစည်းေ၀ငှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။)


ကထိန်စစ်စစ် ဖြစ်ရဲ့လား


အရှင်ဘုရား ....

ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန် ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။

           (မသင်းမဒီ၊ ပြည်မြို့။)


ဒကာမေလး မသင်းမဒီ ...

ကထိန်ခင်းတယ်လို့ ပြောလိုက်ရင် ကထိန်ခင်းတဲ့အလုပ်ကို လူ၀တ်ကြောင် ဒကာ၊ဒကာမေတြက လုပ်ကြတယ်လို့ 

လူအမ်ားက ထင်နေကြပါတယ်။ 


တကယ်တော့ ကထိန်ခင်းတဲ့အလုပ်ဟာ လူ၀တ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ရဟန်းတော်တွေရဲ့ အလုပ်ပါ။

ရဟန်းတော်တွေကပဲ ကထိန်ခင်းကြတာပါ။


ဒါပေမဲ့-

 ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို အများအားဖြင့် လူ၀တ်ကြောင် ဒကာ၊ဒကာမေတြကပဲ လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက ကထိန်သင်္ကန်း

လှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့ ခေါ်ဝေါ်နေကြတာပါ။ 


အမွန္က-

 လူ၀တ်ကြောင် ဒကာ၊ဒကာမေတြဟာ ကထိန်ခင်းတဲ့သူတွေ... မဟုတ်ပါဘူး။ ကထိန်သင်္ကန်း_လှူတဲ့သူတွေပါ။


ကထိန်သင်္ကန်းကို လူ၀တ်ကြောင် ဒကာ၊ဒကာမေတြပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။

ရဟန်းသာမဏေတွေလည်း~ လှူခွင့်ရှိပါတယ်။ 

သီလရှင်တွေလည်း~ လှူခွင့်ရှိပါတယ်။ 

လူသားတွေတင် ~လှူခွင့်ရှိတာ မဟုတ်ပါဘူး။ 

နတ်တွေလည်း~ လှူခွင့်ရှိပါတယ်။

ဗြဟ္မာတွေလည်း~ လှူခွင့်ရှိပါတယ်။ 

နဂါးဂဠုန်တွေလည်း~ လှူခွင့်ရှိပါတယ်။


ကျမ်းဂန်မှာ-

 #ကထိန်သင်္ကန်း_လှူခွင့်ရှိသူ ကို လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်လို့ ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။

 

 သီတင်းသုံးဖေါ်(၅)ဦးဆိုတာ ရဟန်း၊ ရဟန်းမ၊ သာမေဏ၊ သာမဏီ နဲ့ သိက္ခမာန်တို့ပါပဲ။ 

 သိက္ခမာန်-ဆိုတာ... ဘိက္ခုနီ(ရဟန်းမ) မ၀တ်မီ သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့ သာမေဏ တစ်မျိုး ကို ခေါ်တာပါ။


 ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ-နဂါး၊ ဂဠုန္စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံး၀င်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။


 ရဟန်းတော်တွေကို ကထိန်သင်္ကန်း လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက်... ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်း

နဲ့ ကထိန်ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထမြောက်ပါတယ်။ 


ဒါပေမဲ့-

 ရဟန်းတော်ကိုယ်တိုင် အလှူခံတဲ့ သင်္ကန်းနဲ့တော့ ကထိန် မခင်းကောင်းပါဘူး။ ကထိန်ခင်းခဲ့ရင်လည်း -ကထိန်အထ မမြောက်

ပါဘူး။

ကထိန္တစ္ခု အထမြောက်ဖို့အတွက်- ကထိန်သင်္ကန်း လှူတဲ့သူ ဘယ္သူလဲဆိုတဲ့အခ်က္က အဓိက မက်ပါဘူး။ 

လှူတဲ့ ကထိန်သင်္ကန်း ဘယ်လိုသင်္ကန်းလဲ ဆိုတဲ့ အခ်က္က အဓိကကျပါတယ်။

ကထိန္တစ္ခု အထမြောက်ဖို့အတွက်-

#လှူတဲ့_ကထိန်သင်္ကန်း ဟာ.

(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။

(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။

(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။


သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ 

သင်္ကန်းတစ်ထည်တည်းကပဲ-

(၁) မိုးကျဖြစ်ခြင်း၊ 

(၂) မသိုးဖြစ်ခြင်း၊ 

(၃) သံဃိကဖြစ်ခြင်း...ဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။


(၁) ကထိန်သင်္ကန်းဟာ - မိုးကျသင်္ကန်း ဖြစ်ရပါမယ်။  

မိုးရေမိုးပေါက်တွေဟာ... ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအေလ်ာက္က်လာသလို၊

ကထိန်သင်္ကန်းဟာလည်း... ကထိန်ခင်းကျောင်းတိုက်က ရဟန်းတော်တွေထဲကဘယ်ရဟန်းတော်ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ 

မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။


ကိုယ် လုံး၀မတိုက်တွန်းဘဲ... သူ့အလိုအလျောက်ရတဲ့သင်္ကန်း၊ ကိုယ္လုံး၀ အလှူမခံဘဲ... သူ့အလိုအလျောက်လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျ

လာတဲ့ အရာ၀တၳုနဲ့တူလို့~ #မိုးကျသင်္ကန်း (#မိုးပေါ်ကျသင်္ကန်း)လို့ ခေါ်ပါတယ်။


ရဟန်းတော်တွေဟာ~ 

မိခင်ရင်း၊ ဖခင်ရင်း ဆီကတောင်မှ ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။ ရဟန်းတော်ကိုယ်တိုင်~ မိခင်ရင်း၊ဖခင်ရင်းဆီက

အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း ကထိန် အထ မမြောက်ပါဘူး။


ရဟန်းတော်က မိဘေက်းဇူး အထူးဆပ်ချင်လို့ဆိုပြီး ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါး ရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမယ့်... ကထိန်အထ မမြောက်တော့တဲ့အတွက်~ မိဘကျေးဇူးလည်း အထူးဆပ်ရာ မရောက်တော့ပါဘူး။ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူ ကုသိုလ်ကြီး မရေတာ့ပါဘူး။


ကိုယ်ဝါဆိုတဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက် အလှူ မခံကောင်းဘူးလို့ ပြောတာပါ။


 တခြားကျောင်းတိုက်ရဲ့ ကထိန်အတွက်တော့-

    - လှူဖို့ တိုက်တွန်းကောင်းပါတယ်။တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။


ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း ပါတဲ့အတွက်... ရဟန်းတစ်ပါးပါးက ဦးစီး ဦးဆောင်ပြုပြီး ၊ တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက် တစ္ခုခုမွာ ကထိန်သွားခင်းတာကတော့ ရပါတယ်။ 


ဒါပေမဲ့ -

ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ 

မတိုက်တွန်းကောင်းပါဘူး။


ဒီနှစ် ကထိန် ဘယ်ရက်လဲ၊ဒီနှစ်လည်း ဘုံကထိန်ပဲလား၊ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူ မရှိသေးဘူး၊ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် စသည် စသည်အားဖြင့် ဘယ္လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုးပြောပြီး တော့ပဲဖြစ်ဖြစ်၊ ကထိန္ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။ 


ကထိန်ခင်းမယ့် ဒကာ, ဒကာမေတြဘက္က ကထိန်နဲ့ပတ်သက်လို့ ဘာစကားမွ မစ,ရသေးဘဲနဲ့ ကျောင်းတိုက်ရဟန်းတော်ထဲက 

တစ်ပါးပါးက ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။


   ဒကာ ,ဒကာမေတြက ဘာမွ မလျှောက်ရသေးဘဲနဲ့ ဒီနှစ်ကထိန်ဘယ်ရက်လဲ လို့... ကိုယ့်ဘက်က စ မမေးသင့်သလို၊ဒီနှစ်တော့ ဒီရက်မှာ ကထိန်ခင်းရင် အဆင်ပြေမယ် ထင်တယ်" လို့လည်း....ကိုယ္က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံး၀ မပြုလုပ် သင့်ပါဘူး။


ကထိန်သင်္ကန်းဟာ-

  အတိဥက္ကဋ္ဌ = အလွန်မြင့်မြတ်တဲ့သင်္ကန်း ဖြစ်ရမယ်တဲ့...။ 

အလွန်မြင့်မြတ်တဲ့ သင်္ကန်းဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှု မပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။

တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်း ဆိုတဲ့ အပြစ် လုံး၀ကင်းပြီး၊အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို မိုးကျသင်္ကန်း လို့ ခေါ်ပါတယ်။


ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ ဘယ္သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကိုမသိဘဲ ကြိုတင် အသိပေးမထားဘဲ 

လာလှူတဲ့သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့ သင်္ကန်းဟာ ~မိုးကျသင်္ကန်း အစစ္ဆုံးပါပဲ။


မတောင်းဘဲ ရမွ~ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်) ဆိုတာကို ကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ္လာဘ မဆို ၊

ဘယ်ရာထူး ဋ္ဌာနန္တရ မဆို~ ကိုယ္က မတောင်းရဘဲ အလိုအလျောက်ရမှ ပို တန္ဖိုး ရှိတယ်။ ပို သန့်ရှင်းစင်ကြယ်တယ်-လို့ ကောက်ချက် ချနိုင်ပါတယ်။ 

မရွာဘဲ တွေ့မှ~ အချစ်၊ မရွာဘဲ ရမွ ~ ဘုန်းကံဆိုတဲ့ သေဘာပါပဲ။


(၂) ကထိန်သင်္ကန်းဟာ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ 


  သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း (မသိုးထမင်း၊ မသိုးဟင်း)ဆိုတာ ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့ 

ဒီနေ့မှ ခ်က္ထားတဲ့ ထမင်းဟင်းဖြစ်ရသလို ~ကထိန်သင်္ကန်းဟာလည်း-လှူပြီး တစ်ရက်မှ မကူးသေးတဲ့~ဒီနေ့ လှူထားတဲ့ 

သင်္ကန်းဖြစ်ရပါမယ်။


 ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊နေ့ကူးသွားတဲ့ ထမင်းဟင်းကို...တကယ္သိုးသိုး ,မသိုးသိုး ထမင်းသိုး၊ 

ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။ အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့ ချက်ချင်း သိုးမသွားသေးလည်း...

 နာမည်ကတော့ ထမင်းသိုး၊ ဟင်းသိုး ပါပဲ။


 လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့ သင်္ကန်းကိုလည်း... သင်္ကန်းသိုးလို့ ခေါ်ပါတယ်။ 


အဲဒီလို- သင်္ကန်းသိုးနဲ့ လုံး၀ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်ခင်းလည်း ကထိန် အထ မမြောက်ပါဘူး။ 

(တစ်ရက်မက ကျော်သွားရင်တော့ အထူးပြောစရာတောင် မလိုတော့ပါဘူး။)


 လှူပြီး တစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊နေ့ မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို မသိုးသင်္ကန်းလို့ ခေါ်ပါတယ်။ 

မသိုးသင်္ကန်းနဲ့ ခင်းမှ... ကထိန် အထမြောက်ပါတယ်။


ရဟန်းတော်တွေဟာ -

ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။ 

ကထိန်သင်္ကန်း အလှူခံပြီးတဲ့ နေ့ရဲ့ နောက်တစ်နေ့ အရုဏ် မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။

 

 ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်းကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ #အရုဏ်မတက်မချင်း 

ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ ရပါတယ်။

ကထိန်သင်္ကန်းဟာ- နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ် ...ဆိုတာကို ကြည့်ပြီး တချို့က- ကထိန်ရက်မတိုင်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သြား

မထားကောင်းဘူးလို့ ယူဆနေကြပါတယ်။

 လမ်းခရီး ကြုံနေရင်တောင်မှ ...ကထိန်သင်္ကန်းကိုင်လျက် တန်းလန်းကြီးနဲ့ ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူး

လို့တောင် ထင်နေကြပါတယ်။ မဟုတ်ပါဘူး။ 

ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ...ကထိန်ရက် မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။ 


ဒါပေမဲ့- ကထိန်သင်္ကန်းအဖြစ်နဲ့တော့ အပြီး လှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ

ထားပြီး မလှူသေးရင် ...သင်္ကန်းတွေကို သံဃာက မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။

ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင် ...တကယ် ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့

မရေတာ့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်းလိုက်ရပါမယ်။ 

နေ့ကူးသွားရင် သင်္ကန်သိုးဖြစ်သွားတဲ့အတွက်... ကထိန်ခင်းလို့ မရေတာ့ပါဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ်အတွက် ပြီးပါပြီ။ 

ကထိန်ခင်းလို့ လုံး၀ မရေတာ့ပါဘူး။ 


တနှစ်မှာ~တစ္လ၊ တစ္လမွာ ~ တစ်ရက်၊ တစ်ရက်မှာ ~ တစ်ကြိမ်ပဲ ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ ...

နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။


တချို့က-

 ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။ 

အဲဒီလို ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံထားလို့ လုံး၀မရပါဘူး။ ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်-အဲဒီကထိန်ဟာ ကထိန်အတု၊ ကထိန်အင်ပဲ ဖြစ်ပါလိမ့်မယ်။


တချို့က-

 အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်းလှူတဲ့ ကျီးမနိုး ကထိန္က ပိုမြတ်တယ်လို့ ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်) 

ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။

 

အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင်- အရုဏ် မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။ အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင်...

သင်္ကန်းသိုးသွားလို့ ကထိန်အထ မမြောက်ပါဘူး။


 အရုဏ်တက်တာနဲ့ တစ်ပြိုင်နက်~ နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့ အချိန် မလုံလောက်တဲ့အတွက် 

အဲဒီလို လှူတာမျိုး လုံး၀ရှောင်ကြဉ်သင့်ပါတယ်။


(၃) ကထိန်သင်္ကန်းဟာ - သံဃိကသင်္ကန်း ဖြစ်ရပါမယ်။

  

ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့... အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ 

သံဃာအားလုံးကို လှူဒါန်းထားလို့... သံဃာအားလုံး ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။ 

သံဃာအများပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်း နဲ့ပဲ ကထိန်ခင်းခွင့် ရှိပါတယ်။


မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊ ဆရာတော် တစ်ပါးပါးကို..." ဒီဆရာတော်ကြီး ငါကြည်ညိုလို့ ကထိန်သင်္ကန်း လှူလိုက်ဦးမယ်" ဆိုပြီးတော့ 

ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား၊ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ်ဘုရား....လို့ 

မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့ ကထိန်သင်္ကန်းအဖြစ် လှူဒါန်းခွင့် မရွိပါဘူး။


တချို့ကလည်း- ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ ကထိန်သင်္ကန်းပဲ ထင်ပြီး... အရှင်ဘုရားအတွက် ကထိန်သင်္ကန်းပါဘုရား

ဆိုပြီး လာလာ လှူလေ့ရှိပါတယ်။အဲဒီလို လှူလို့ လုံး၀မရပါဘူး။ ရဟန်းတစ်ပါးချင်းကို ကထိန်သင်္ကန်းဆိုပြီး လုံး၀ လှူလို့ မရပါဘူး။

အဲဒီလို ရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း ကထိန်ရာသီမှာ လှူပေမယ့်... ကထိန်သင်္ကန်း လို့ မခေါ်ပါဘူး။


ပုဂ္ဂိုလ်တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့ အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။ 

သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင်... ကထိန်ခင်းခွင့် ရှိပါတယ်။ကထိန် အောင်မြင်ထမြောက်နိုင်ပါတယ်။


#လှူဒါန်းနည်းက_နှစ်မျိုး


ကထိန်သင်္ကန်း လှူဒါန်းနည်းက နှစ်မျိုးရှိပါတယ်။ 


(၁)ကထိန်ခင်းမယ့်ကျောင်းမှာ... သွားလှူတဲ့နည်း နဲ့ 

(၂)ကိုယ့်အိမ်၊ ကိုယ္ဌာန၊ တစ်နေရာရာမှာ... ပင့်လှူတဲ့နည်းတို့ပါပဲ။


(၁) #ကထိန်ခင်းမယ့်ကျောင်းမှာ သွားလှူရင်တော့ ...

ဤကထိန်သင်္ကန်းကို သံဃာအား လှူပါ၏လို့ ဆိုပြီး လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။ သံဃာအား လှူတယ်ဆိုပေမယ့်...

 ကထိန်ခင်းမယ့် ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။


(၂) #ကိုယ့်နေရာ_ကိုယ့်ဌာနကို...ပင့်ပြီး လှူမယ်ဆိုရင်တော့- 

ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့အတွက် သံဃာအား လှူပါ၏ လို့ ကထိန်ခင်းမယ့် ကျောင်းတိုက်နာမည်ကို တရား၀င် ထည့်ဆို

ပြီး လှူရပါတယ်။ ဒါမွ- ကိုယ်ရည်စူးတဲ့ ကျောင်းတိုက်သံဃာက ကထိန်ခင်းခွင့် ရမွာပါ။


ကျောင်းတိုက်နာမည်ထည့် မဆိုဘဲ ... သံဃာအား လှူပါ၏လို့ ရိုးရိုးလေးဆိုပြီး လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့ 

ဆယ့်နှစ်တောင်ပတ်လည်အတွင်းက ပင့်သံဃာအားလုံးနဲ့ သက်ဆိုင်သွားတဲ့အတွက်- ရည်စူးရာကျောင်းတိုက်မှာ ကထိန်ခင်းခွင့် 

မရှိတော့ပါဘူး။


ရဟန်းတစ်ပါးတည်းကို ပင့်ပြီး- သံဃာအား လှူပါ၏လို့ ဆိုလှူလိုက်ရင်လည်း... အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး 

တခြားကျောင်းတိုက်တစ်ခုကို ၀င်လိုက်မိတာနဲ့ တစ်ပြိုင်နက်တည်း ၀င်မိတဲ့ ကျောင်းတိုက်သံဃာက အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ -

ရည်စူးရာ ကျောင်းတိုက်မှာ ကထိန်ခင်း မရေတာ့ပါဘူး။


ဒါကြောင့်- ကိုယ့်နေရာ၊ ကိုယ္ဌာန ပင့်လှူသူတိုင်း ကထိန်ခင်းလိုတဲ့ ကျောင်းတိုက်နာမည်ကို တရား၀င် ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။


ကထိန်ခင်းမယ့်ကျောင်းတိုက်မှာ သွားလှူတဲ့အခါမှာလည်း-သံဃာအားလို့ ထည့် မဆိုဘဲ ဤကထိန်သင်္ကန်းကို လှူပါ၏လို့ ရိုးရိုးပဲ ဆိုလိုက်မိရင်လည်း... အဲဒီကထိန်သင်္ကန်းဟာ- ကျောင်းတိုက်မှာရှိတဲ့ သံဃာအားလုံး ပိုင်ဆိုင်တဲ့သင်္ကန်း (သံဃိကသင်္ကန်း) ဖြစ်သွားပါတယ်။


ဒါကြောင့်- #သံဃာအားလို့ ထည့်ဆိုလိုက်တာဟာ ၀ိနည်းအပြစ်ကင်းပြီးကထိန်အလှူ အထမြောက်နိုင်ပါတယ်။


ရဟန်းတစ်ပါးတည်း ဝါဆိုတဲ့ကျောင်းတိုက်မှာ သံဃာအား လှူပါ၏လို့ ရွတ်ဆိုလျှောက်ထားပြီးလှူတဲ့ ကထိန်သင်္ကန်းဟာ_

 သံဃာအားလို့ ပါတဲ့အတွက် အရပ်လေးမျက်နှာမှာ ရွိရွိသမွ် သံဃာအားလုံးနဲ့ သက်ဆိုင်ပေမယ့် ကျောင်းတိုက်မှာ ဝါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။


တစ်ပါးထက်ပိုများတဲ့ ရဟန်းတော်တွေ ဝါဆိုတဲ့ ကျောင်းတိုက်တွေမှာလည်း နည်းတူပါပဲ။ သံဃာအား လှူပါ၏ဆိုတဲ့ သင်္ကန်းမှန်သမျှ

အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိသံဃာ)နဲ့ သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။ ပိုင်တဲ့အခါမှာတော့ ကျောင်းတိုက်သံဃာ

(အာရာမသံဃာ)ကပဲ ပိုင်ပါတယ်။ ကျောင်းတိုက်ပြင်ပက သံဃာဟာ ...ဆိုင်သာဆိုင် ၊ မပိုင်တဲ့သံဃာ ဖြစ်ပါတယ်။


ကိုယ်လှူတဲ့သင်္ကန်းကို သံဃာတော်တွေ ဘယ္လိုပဲ ဆိုင်ဆိုင်၊ဘယ်လိုပဲ ပိုင်ပိုင် ကိုယ္ကေတာ့ သံဃာအားလုံးကို ရည်မှန်းပြီး 

လှူဒါန်းရမှာပါပဲ။


🙏အရပ်လေးမျက်နှာမှာ~ ရွိရွိသမွ် သံဃာအားလုံး ၊ သာသနာတော်မှာ~ ရှိခဲ့ပြီး၊ ရှိနေဆဲ၊ရှိလတ္တံ့ သံဃာအားလုံးကို လှူဒါန်းပါတယ်...လို့ အာရုံပြုပြီး- သံဃဿ ဒေမ = သံဃာအား လှူပါ၏လို့ ရွတ်ဆိုလှူဒါန်းလိုက်ရင်...


 ကိုယ်လှူလိုက်တဲ့သင်္ကန်းဟာ~ 

တစ္သာသနာလုံး၊ တစ်လောကလုံးမှာရှိတဲ့ ပုထုဇဉ်သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့ သံဃိကသင်္ကန်း ဖြစ်သွားပါတယ်။

အများပိုင်သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။


ဒါပေမဲ့-

 #တကယ်ကထိန်ခင်းတဲ့_အချိန် မှာတော့... အများပိုင် သံဃိကသင်္ကန်းကို>>> တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်း ဖြစ်အောင်

ပြန်လုပ်လိုက်ရပါတယ်။


သံဃာက..... ကထိန်ခင်းလို့ မရပါဘူး။ ပုဂ္ဂိုလ်ကပဲ... ကထိန်ခင်းလို့ ရပါတယ်။ 

သံဃာက-ကထိန်သင်္ကန်း ပေးရုံပဲ ပေးနိုင်ပါတယ်။ 

သိမ်ထဲမှာ... သံဃာတော်တွေစုဝေးပြီး ကထိန်ခင်းထိုက်တဲ့ ရဟန်းတစ်ပါးကို ဉတ်ကမ္မဝါနဲ့ ကထိန်သင်္ကန်း ပေးလိုက်ရပါတယ်။ 

ကထိန်သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့ အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။


ကထိန်သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမယ့် ကထိန်ကိုတော့- သိမ်ထဲမှာပဲဖြစ်ဖြစ်၊ သိမ်အပြင်မှာပဲဖြစ်ဖြစ် ခင်းလို့ရပါတယ်။ 

ရဟန်းတစ်ပါးခင်းတဲ့ ကထိန္ကို - သံဃာက ၀မ်းမြောက်၀မ်းသာ အနုမောဒနာ ပြုလိုက်ရင်... သံဃာကလည်း ကထိန်ခင်းပြီးသား ဖြစ်သွားတာပါပဲ။


ကထိန်ခင်းခြင်းဆိုတဲ့ ဝိနည်းကံဟာ -သံဃာ့ကံ မဟုတ်၊ ပုဂ္ဂလကံဆိုပေမယ့်... သံဃာကပဲ ...ကထိန်သင်္ကန်း ပေးရ၊ 

  ကထိန်ခင်းပြီးရင်လည်း- သံဃာအားလုံးက အနုမောဒနာပြုတဲ့ သံဃာမှာလည်း... ကထိန်အာနိသင်ရတဲ့အတွက် ~

သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။


သံဃိကသင်္ကန်းကို ပုဂ္ဂလိသင်္ကန်းအဖြစ် ကထိန်ခင်းမယ့် ရဟန်းကို ပေးတာက~ သံဃာတော်တွေရဲ့ အပိုင်းဖြစ်ပါတယ်။ 

   ကထိန်အလှူရှင်တွေရဲ့အပိုင်းကတော့~ သံဃိက သင်္ကန်းအဖြစ်ပဲ လှူဒါန်းရမှာပါ။ 

ကထိန်ခင်းတဲ့အချိန်- ပုဂ္ဂလိကသင်္ကန်း လုပ်မယ့် အတူတူဆိုပြီး... နဂိုကတည်းက ပုဂ္ဂလိကသင်္ကန်းအဖြစ် မလှူဒါန်းရပါဘူး။ 

လှူဒါန်းခဲ့ရင် -ပုဂ္ဂလိကသင်္ကန်းကို သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ မရတော့တဲ့အတွက် ကထိန်ခင်းလို့ မရေတာ့ပါဘူး။ 

သံဃိကသင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ရပါတယ်။


ဒါကြောင့်-

 ကထိန်အလှူရှင်တွေအနေနဲ့ မိမိတို့ ကြည်ညိုတဲ့ ဆရာတော်တစ်ပါးပါး၊ ရဟန်းတစ်ပါးပါးကို ကထိန် သင်္ကန်း ရစေချင်တဲ့စိတ် လုံး၀ မထားဘဲ ဒီကထိန်သင်္ကန်းဟာ သံဃာ အားလုံးအတွက်လို့ပဲ ရည်မှန်းပြီး သံဃာပိုင် သံဃိကစစ်စစ်ဖြစ်အောင် လှူဒါန်းကြရပါမယ်။


အနှစ်ချုပ်ပြီး ပြန်ပြောရရင် ... 

ကထိန္တစ္ခု အထမြောက်ဖို့အတွက် (သို့မဟုတ်) ကထိန်စစ်စစ်ဖြစ်ဖို့အတွက်-


 ကထိန်သင်္ကန်းဟာ ...

(၁) မိုးကျသင်္ကန်း ဖြစ်ရပါမယ်။ 


        ရဟန်းတော်တွေ ကိုယ်တိုင်- ဘယ်သူ့ဆီကမှအလှူခံ မထားတဲ့ သင်္ကန်း၊ ရဟန်းတော်တွေဘက်က- ဘာအရိပ်နိမိတ်မှ မျပရ၊ဘာပရိယာယ္စကားမွ မပြောရဘဲနဲ့ အလှူရှင်တွေဘက်က - အလိုအလျောက် လာလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်း မွ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ရဟန်းတော်တွေဘက်က စ, ပြောလို့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်- ကထိန်စစ်စစ် မဖြစ်ပါဘူး။



(၂) မသိုးသင်္ကန်း ဖြစ်ရပါမယ်။ 

       

ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းမှ ~ ကထိန်စစ်ဖြစ်ပါတယ်။ မနေ့က လှူတဲ့သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းရင်~ ဒီနေ့လှူတဲ့သင်္ကန်းနဲ့မနက်ဖြန်မှကထိန်ခင်းရင်~ ကထိန်စစ်စစ် မဖြစ်ပါဘူး။



(၃) သံဃိကသင်္ကန်း ဖြစ်ရပါမယ်။ 

သံဃာအားလုံးကို ရည်မှန်းပြီး~ သံဃာပိုင်အဖြစ်နဲ့ လှူဒါန်းတဲ့ သံဃိကသင်္ကန်းနဲ့ ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ 

ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကို ရည်မှန်းပြီး ကိုယ်ကြည်ညိုတဲ့ဆရာတော်ပဲ ရစေချင်တဲ့စိတ်နဲ့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်.... 

   ကထိန်စစ်စစ် မဖြစ်ပါဘူး။


နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့ -

ကထိန်သင်္ကန်းဟာ- ကိုယ်ပိုင်သင်္ကန်း ဖြစ်ရပါမယ်။ ခေတ္တခဏ ငွားယူလာတဲ့ သင်္ကန်း (အငှားသင်္ကန်း)နဲ့ ကထိန်ခင်းရင်-

ကထိန်စစ်စစ် မဖြစ်ပါဘူး။ 

အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း(ကိုယ်ပိုင်သင်္ကန်း)နဲ့ ကထိန်သင်္ကန်း လှူတဲ့အခါမျိုးမှာလည်း-ကထိန်ခင်းတဲ့အခိုက်ကလေး ခေတ္တခဏငှားတဲ့ သဘောမျိုးမဖြစ်အောင်... အထူးသတိပြုရပါမယ်။ 


 #ကထိန်ခင်းခွင့်ရှိတဲ့ကာလ-ကေတာ့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက္ကေန~ တန်ဆောင်မုန်းလပြည့်နေ့အထိ....

  တစ္လ(၂၉-ရက်) ဖြစ်ပါတယ်။ 


ဒီတစ်လအတွင်းမှာပဲ- ကထိန်သင်္ကန်း လှူခွင့် ရှိပါတယ်။ ဒီတစ်လအတွင်းမှာ ခင်းမှလည်း- ကထိန်စစ်စစ် ဖြစ်ပါတယ်။




ကထိန်ခင်းဖို့အတွက်- သံဃာက သိမ်ထဲမှာ သင်္ကန်းပေးတဲ့ ကံပြုရတဲ့အတွက်.... ကထိန္ကံ အောင်မြင်ဖို့ အနည်းဆုံးသံဃာ၅ပါး ရှိရပါတယ်။


 ကထိန်သင်္ကန်းပေးတဲ့ ကံပြုတဲ့ သံဃာက (၄)ပါး၊ ကထိန်သင်္ကန်းခံယူသူက (၁)ပါး၊ စုစုပေါင်း(၅)ပါး အနည်းဆုံးရှိမှ....

 ကထိန္ကံ အောင်မြင်ပါတယ်။


သင်္ကန်းပေးဖို့အတွက်သာ~ သံဃာလိုတာပါ။ သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့အခါမှာတော့~ သံဃာ မလိုပါဘူး။ 


တစ်ပါးတည်း ဝါဆိုတဲ့ကျောင်းမှာ-

 တစ်ပါးတည်း ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာပြုရမယ့် ရဟန်းတစ်ပါး ခေါ်ထားပြီး-နှစ်ပါး ကထိန်ခင်းလည်း ရပါတယ်။ 

သင်္ကန်းပေးတဲ့ သံဃာတွေစုံနေတုန်းမို့- သံဃာနဲ့ကထိန်ခင်းလိုက်လည်း ရတာပါပဲ။


ရဟန်းတစ်ပါးခင်းတဲ့ကထိန်ကို ...ဝါဆိုတူ ကျောင်းတိုက်အတွင်းက ရဟန်းတော်တွေပဲ~ အနုမောဒနာ ပြုစရာ လိုပါတယ်။

ကိုရင်သာမဏေတွေကတော့~ အနုမောဒနာ ပြုစရာ မလိုပါဘူး။

ဒါပေမဲ့- တစ်ကျောင်းတိုက်တည်း အတူ ဝါဆိုကြတဲ့ သီတင်းသုံးဖေါ် ဘ၀တူအချင်းချင်းဖြစ်တဲ့အတွက် ...ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေကို ကိုရင်တွေကိုလည်း အညီအမွ် ခွဲဝေပေးရပါမယ်။ 

ကိုရင်တွေလည်း... အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း) ရပိုင်ခွင့်ရှိပါတယ်။


တချို့က ကျောင်းဥပစာပရိဝုဏ်အရံအတားတူတဲ့ ကျောင်းတိုက်တစ်တိုက်တည်းမှာ -နှစ်ကျောင်း၊ သုံးကျောင်း စသည်ခွဲပြီး သီခြားစီ ဝါဆိုတတ်ကြပါတယ်။ 

ကျောင်းတိုက်ကြီးတစ်ခုတည်းမှာ- ဘယ်နှစ်ကျောင်းပဲ ခြဲဝါဆိုဆို ကထိန်ခင်းရင်တော့... တစ်ကျောင်းတိုက်လုံးပေါင်းပြီး၊

ကထိန်တစ်ခုတည်းပဲ ခင်းရပါမယ်။ ဒါမွ ကထိန်စစ်စစ်ဖြစ်ပါတယ်။


ကထိန်ခင်းပြီးတဲ့ ကျောင်းတိုက်မှာ- နောက်ထပ် လာလှူတဲ့ သံဃိကသင်္ကန်းတွေကို ကထိန်အာနိသင် မရတဲ့ တခြားရဟန်းတော်လည်း ဝေစု ရစေချင်တယ်ဆိုရင် ...ခင်းပြီးသား ကထိန္ကို နုတ်လိုက်ရပါတယ်။

 

#ကထိန်နုတ်တယ်ဆိုတာ- ကထိန်ခင်းခြင်းအမှု၊ ကထိန္ကံကို ရုပ်သိမ်းလိုက်တာပါပဲ။ 

ကထိန်နုတ်ပြီးရင်- နောက်ထပ် ကထိန္တစ္ခု ထပ်ခင်းလို့ မရေတာ့ပါဘူး။ ထပ်ခင်းရင်လည်း ကထိန်စစ်စစ် မဖြစ်တော့ပါဘူး။ 

ကထိန်နုတ်လိုက်တဲ့အတွက်- ကထိန်အာနိသင်တွေလည်း ပျက်ပြယ်သွားပါတယ်။ ကထိန်အာနိသင်ရပြီးသား ရဟန်းတော်တွေလည်း... ကထိန်အာနိသင် လုံး၀မရေတာ့ပါဘူး။

သံဃိကလာဘ်လာဘဖြစ်တဲ့ သင်္ကန်းတွေကို သံဃာအားလုံး ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ကထိန်နုတ်ရတာပါ။ 


ကထိန္သာ မနုတ်ရင်-

 သံဃိကသင်္ကန်းတွေကို ဝါကျိုးဝါပြတ်သူ၊ ဒုတိယဝါဆိုသူ၊ တခြားကျောင်းတိုက်ကနေ နောက်ထပ်ရောက်လာသူတွေ မရနိုင်ပါဘူး။

 ရခွင့် မရွိပါဘူး။ ကထိန်နုတ်လိုက်တဲ့အတွက်- သံဃာအားလုံး ရခွင့်ရှိသွားပါတယ်။


-စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association

[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏...ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု နှာ ၅၅- ၈၀မွ- ကောက်နှုတ် ပူဇော်မျှဝေပါသည်။]


၀ိနည္းႏွင့္စပ္~ သိနားလည္ထားသင့္ရာ အျမတ္ဆုံး ကထိန္သကၤန္းအလႉ




#ကထိန္သကၤန္း

#ကထိန္ခင္းျခင္းဆိုင္ရာ

#ဘာသာေရးဆိုင္ရာအေျခခံဗဟုသုတ

(ျမိဳင္ျမိဳင္ဆိုင္ဆိုင္ လတန္ေဆာင္တိုင္မွာ ကထိန္ခင္းတာ၊ ကထိန္သကၤန္းကပ္တာ၊ အလွဴပြဲက်င္းပတာေတြ ျပဳလုပ္တတ္ၾကတာမို႔ ကထိန္အလွဴဒါနနဲ႔ပတ္သက္ျပီး သိစရာေလးေတြကို စုစည္းေ၀ငွလိုက္ပါတယ္။ ဖတ္ၾကည့္ပါဦး။)


“ကထိန္စစ္စစ္ ျဖစ္ရဲ႕လား”


အရွင္ဘုရား ....

ရဟန္းေတာ္ကိုယ္တိုင္ လႉတဲ့ သကၤန္း နဲ႕ ကထိန္ ခင္းေကာင္းပါသလား။ကထိန္ခင္းခဲ့ရင္ေရာ ကထိန္ အထေျမာက္ပါသလား။

           (မသင္းမဒီ၊ ျပည္ၿမိဳ႕။)


ဒကာမေလး မသင္းမဒီ ...

ကထိန္ခင္းတယ္လို႔ ေျပာလိုက္ရင္ ကထိန္ခင္းတဲ့အလုပ္ကို လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြက လုပ္ၾကတယ္လို႔ 

လူအမ်ားက ထင္ေနၾကပါတယ္။ 


တကယ္ေတာ့ ကထိန္ခင္းတဲ့အလုပ္ဟာ လူ၀တ္ေၾကာင္ ဒကာဒကာမေတြရဲ႕ အလုပ္မဟုတ္ပါဘူး။ရဟန္းေတာ္ေတြရဲ႕ အလုပ္ပါ။

ရဟန္းေတာ္ေတြကပဲ ကထိန္ခင္းၾကတာပါ။


ဒါေပမဲ့-

 ရဟန္းေတာ္ေတြ ကထိန္ခင္းမယ့္ သကၤန္းကို အမ်ားအားျဖင့္ လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြကပဲ လႉဒါန္းၾကပါတယ္။ ကထိန္ခင္းမယ့္ သကၤန္းလႉဒါန္းတာကိုပဲ ကထိန္ခင္းတယ္လို႔ တင္စားၿပီးေျပာၾကရင္းက ကထိန္သကၤန္း

လႉတဲ့သူေတြကို ကထိန္ခင္းတဲ့သူေတြလို႔ ေခၚေဝၚေနၾကတာပါ။ 


အမွန္က-

 လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြဟာ ကထိန္ခင္းတဲ့သူေတြ... မဟုတ္ပါဘူး။ ကထိန္သကၤန္း_လႉတဲ့သူေတြပါ။


ကထိန္သကၤန္းကို လူ၀တ္ေၾကာင္ ဒကာ၊ဒကာမေတြပဲ လႉခြင့္ရွိတာ မဟုတ္ပါဘူး။

ရဟန္းသာမေဏေတြလည္း~ လႉခြင့္ရွိပါတယ္။ 

သီလရွင္ေတြလည္း~ လႉခြင့္ရွိပါတယ္။ 

လူသားေတြတင္ ~လႉခြင့္ရွိတာ မဟုတ္ပါဘူး။ 

နတ္ေတြလည္း~ လႉခြင့္ရွိပါတယ္။

ျဗဟၼာေတြလည္း~ လႉခြင့္ရွိပါတယ္။ 

နဂါးဂဠဳန္ေတြလည္း~ လႉခြင့္ရွိပါတယ္။


က်မ္းဂန္မွာ-

 #ကထိန္သကၤန္း_လႉခြင့္ရွိသူ ကို လူရယ္၊ နတ္ရယ္၊ သီတင္းသုံးေဖၚ(၅)ဦးရယ္လို႔  ပုဂၢိုလ္(၇)မ်ိဳး တိုက္ရိုက္ျပထားပါတယ္။

 

 သီတင္းသုံးေဖၚ(၅)ဦးဆိုတာ ရဟန္း၊ ရဟန္းမ၊ သာမေဏ၊ သာမဏီ နဲ႕ သိကၡမာန္တို႔ပါပဲ။ 

 သိကၡမာန္-ဆိုတာ... ဘိကၡဳနီ(ရဟန္းမ) မ၀တ္မီ သိကၡာပုဒ္(၆)ပါးကို (၂)ႏွစ္တိတိ က်င့္ရတဲ့ သာမေဏ တစ္မ်ိဳး ကို ေခၚတာပါ။


 ပဓာနနည္းအားျဖင့္ တိုက္ရိုက္ျပထားတဲ့ ပုဂၢိုလ္(၇)မ်ိဳးထဲမွာ-နဂါး၊ ဂဠုန္စတဲ့ တိုက္ရိုက္ျပမထားတဲ့ တျခားပုဂၢိုလ္ေတြလည္း အက်ဳံး၀င္ပါတယ္။ အသိဉာဏ္ရွိသူ မည္သူမဆို ကထိန္သကၤန္း လႉခြင့္ရွိပါတယ္။


 ရဟန္းေတာ္ေတြကို ကထိန္သကၤန္း လႉခြင့္ရွိသူမ်ားစာရင္းမွာ တိုက္ရိုက္ျပထားတဲ့အတြက္... ရဟန္းေတာ္ ကိုယ္တိုင္ လႉတဲ့သကၤန္း

နဲ႕ ကထိန္ခင္းေကာင္းပါတယ္။ ကထိန္ခင္းခဲ့ရင္လည္း ကထိန္အထေျမာက္ပါတယ္။ 


ဒါေပမဲ့-

 ရဟန္းေတာ္ကိုယ္တိုင္ အလႉခံတဲ့ သကၤန္းနဲ႕ေတာ့ ကထိန္ မခင္းေကာင္းပါဘူး။ ကထိန္ခင္းခဲ့ရင္လည္း -ကထိန္အထ မေျမာက္

ပါဘူး။

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္- ကထိန္သကၤန္း လႉတဲ့သူ ဘယ္သူလဲဆိုတဲ့အခ်က္က အဓိက မက်ပါဘူး။ 

လႉတဲ့ ကထိန္သကၤန္း ဘယ္လိုသကၤန္းလဲ ဆိုတဲ့ အခ်က္က အဓိကက်ပါတယ္။

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္-

#လႉတဲ့_ကထိန္သကၤန္း ဟာ.

(၁) မိုးက်သကၤန္းလည္း ျဖစ္ရပါမယ္။

(၂) မသိုးသကၤန္းလည္း ျဖစ္ရပါမယ္။

(၃) သံဃိကသကၤန္းလည္း ျဖစ္ရပါမယ္။


သကၤန္းသုံးထည္ ျဖစ္ရမယ္လို႔ဆိုလိုတာ မဟုတ္ပါဘူး။ 

သကၤန္းတစ္ထည္တည္းကပဲ-

(၁) မိုးက်ျဖစ္ျခင္း၊ 

(၂) မသိုးျဖစ္ျခင္း၊ 

(၃) သံဃိကျဖစ္ျခင္း...ဆိုတဲ့ အရည္အေသြး(၃)မ်ိဳးနဲ႕ ျပည့္စုံရမယ္လို႔ ဆိုလိုတာပါ။


(၁)  ကထိန္သကၤန္းဟာ -  မိုးက်သကၤန္း ျဖစ္ရပါမယ္။  

မိုးေရမိုးေပါက္ေတြဟာ... ဘယ္သူ႕ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈမွ မပါဘဲ မိုးေကာင္းကင္အေပၚကေန အလိုအေလ်ာက္က်လာသလို၊

ကထိန္သကၤန္းဟာလည္း... ကထိန္ခင္းေက်ာင္းတိုက္က ရဟန္းေတာ္ေတြထဲကဘယ္ရဟန္းေတာ္ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈမွ 

မပါဘဲ အလႉရွင္က သူ့သဒၶါတရားနဲ့သူ အလိုအေလ်ာက္ လာလႉတဲ့ သကၤန္း ျဖစ္ရပါမယ္။


ကိုယ္ လုံး၀မတိုက္တြန္းဘဲ... သူ႕အလိုအေလ်ာက္ရတဲ့သကၤန္း၊ ကိုယ္လုံး၀ အလႉမခံဘဲ... သူ႕အလိုအေလ်ာက္လာလႉတဲ့ သကၤန္းကို မိုးေပၚက ႐ုတ္တရက္က်

လာတဲ့ အရာ၀တၳဳနဲ႕တူလို႔~ #မိုးက်သကၤန္း (#မိုးေပၚက်သကၤန္း)လို႔ ေခၚပါတယ္။


ရဟန္းေတာ္ေတြဟာ~ 

မိခင္ရင္း၊ ဖခင္ရင္း ဆီကေတာင္မွ ကထိန္သကၤန္း အလႉမခံ ေကာင္းပါဘူး။ ရဟန္းေတာ္ကိုယ္တိုင္~ မိခင္ရင္း၊ဖခင္ရင္းဆီက

အလႉခံလို႔ ရလာတဲ့ သကၤန္းနဲ႕ ကထိန္ခင္းရင္လည္း ကထိန္ အထ မေျမာက္ပါဘူး။


ရဟန္းေတာ္က မိဘေက်းဇူး အထူးဆပ္ခ်င္လို႔ဆိုၿပီး ထူးျခားတဲ့ ကထိန္အလႉကုသိုလ္ႀကီး မိဘႏွစ္ပါး ရေစခ်င္တဲ့ စိတ္နဲ႕ မိဘကို ကထိန္ အေၾကာင္းေတြ ေျပာျပၿပီး တိုက္ရိုက္နည္းနဲ႕ျဖစ္ျဖစ္၊ သြယ္ဝိုက္တဲ့နည္းနဲ႕ျဖစ္ျဖစ္ ကထိန္သကၤန္း အလႉခိုင္းတယ္ဆိုရင္ အဲဒီသကၤန္းနဲ႕ ကထိန္ခင္းေပမယ့္... ကထိန္အထ မေျမာက္ေတာ့တဲ့အတြက္~  မိဘေက်းဇူးလည္း အထူးဆပ္ရာ  မေရာက္ေတာ့ပါဘူး။ မိဘႏွစ္ပါးလည္း ထူးျခားတဲ့ ကထိန္အလႉ  ကုသိုလ္ႀကီး မရေတာ့ပါဘူး။


ကိုယ္ဝါဆိုတဲ့ ေက်ာင္းတိုက္ရဲ႕ ကထိန္အတြက္ အလႉ မခံေကာင္းဘူးလို႔ ေျပာတာပါ။


 တျခားေက်ာင္းတိုက္ရဲ႕ ကထိန္အတြက္ေတာ့-

    - လႉဖို႔ တိုက္တြန္းေကာင္းပါတယ္။တိုက္တြန္းလို႔ရပါတယ္။ လိုအပ္ရင္ တိုက္တြန္းရမွာပါပဲ။


ကထိန္သကၤန္း လႉခြင့္ရွိသူေတြထဲမွာ ရဟန္းေတာ္ေတြလည္း ပါတဲ့အတြက္... ရဟန္းတစ္ပါးပါးက ဦးစီး ဦးေဆာင္ျပဳၿပီး ၊ တပည့္ဒကာ ဒကာမေတြနဲ႕ တျခားေက်ာင္းတိုက္ တစ္ခုခုမွာ ကထိန္သြားခင္းတာကေတာ့ ရပါတယ္။ 


ဒါေပမဲ့ -

ကထိန္ခင္းမယ့္ေက်ာင္းတိုက္က ရဟန္းေတာ္ေတြ ကိုယ္တိုင္ကေတာ့ ကိုယ့္ေက်ာင္းကထိန္အတြက္ ဘယ္သူ႕ကိုမွ ကထိန္သကၤန္းလႉဖို႔ 

မတိုက္တြန္းေကာင္းပါဘူး။


ဒီႏွစ္ ကထိန္ ဘယ္ရက္လဲ၊ဒီႏွစ္လည္း ဘုံကထိန္ပဲလား၊ဒီႏွစ္ ဉတ္သကၤန္း လႉဖို႔ ေျပာထားတဲ့သူ မရွိေသးဘူး၊ကထိန္ရာသီေတာ့ ေရာက္လာျပန္ၿပီေနာ္ စသည္ စသည္အားျဖင့္ ဘယ္လို အရိပ္နိမိတ္မ်ိဳး ျပၿပီးေတာ့ပဲျဖစ္ျဖစ္၊ ဘယ္လိုပရိယာယ္စကားမ်ိဳးေျပာၿပီး ေတာ့ပဲျဖစ္ျဖစ္၊ ကထိန္ခံ ရဟန္းေတာ္ေတြ ကိုယ္တိုင္ ကထိန္ သကၤန္း အလႉမခံေကာင္းပါဘူး။ 


ကထိန္ခင္းမယ့္ ဒကာ, ဒကာမေတြဘက္က ကထိန္နဲ႕ပတ္သက္လို႔ ဘာစကားမွ မစ,ရေသးဘဲနဲ႕ ေက်ာင္းတိုက္ရဟန္းေတာ္ထဲက 

တစ္ပါးပါးက ကထိန္အေၾကာင္းမစမိေအာင္ အထူးသတိျပဳရပါမယ္။


   ဒကာ ,ဒကာမေတြက ဘာမွ မေလွ်ာက္ရေသးဘဲနဲ႕ ဒီႏွစ္ကထိန္ဘယ္ရက္လဲ လို႔... ကိုယ့္ဘက္က စ မေမးသင့္သလို၊ဒီႏွစ္ေတာ့ ဒီရက္မွာ ကထိန္ခင္းရင္ အဆင္ေျပမယ္ ထင္တယ္" လို႔လည္း....ကိုယ္က စၿပီး ကထိန္ရက္ သတ္မွတ္ေပးမ်ိဳးလည္း လုံး၀ မျပဳလုပ္ သင့္ပါဘူး။


ကထိန္သကၤန္းဟာ-

  အတိဥကၠ႒ = အလြန္ျမင့္ျမတ္တဲ့သကၤန္း ျဖစ္ရမယ္တဲ့...။ 

အလြန္ျမင့္ျမတ္တဲ့ သကၤန္းဆိုတာ ေတာင္းရမ္းမႈ၊ တိုက္တြန္းမႈ မပါဘဲ အလိုအေလ်ာက္ရတဲ့သကၤန္းကို ေျပာတာပါ။

ေတာင္းရမ္းျခင္း၊ တိုက္တြန္းျခင္း ဆိုတဲ့ အျပစ္ လုံး၀ကင္းၿပီး၊အလြန့္အလြန္ သန့္ရွင္းစင္ၾကယ္တဲ့ သကၤန္းကို မိုးက်သကၤန္း လို႔ ေခၚပါတယ္။


ကိုယ့္ေက်ာင္းကို ဘယ္ေန႕၊ဘယ္ရက္မွာ ဘယ္သူ ကထိန္လာခင္းမယ္ဆိုတာ လုံးဝကိုမသိဘဲ ႀကိဳတင္ အသိေပးမထားဘဲ 

လာလႉတဲ့သကၤန္း၊ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ ေရာက္လာတဲ့ သကၤန္းဟာ ~မိုးက်သကၤန္း အစစ္ဆုံးပါပဲ။


မေတာင္းဘဲ ရမွ~        အတိဥကၠ႒ (အလြန္ျမင့္ျမတ္တယ္) ဆိုတာကို ၾကည့္ၿပီး ... ဘယ္ပစၥည္း လာဘ္လာဘ မဆို ၊

ဘယ္ရာထူး ႒ာနႏၱရ မဆို~ ကိုယ္က မေတာင္းရဘဲ အလိုအေလ်ာက္ရမွ ပို တန္ဖိုး ရွိတယ္။ ပို သန့္ရွင္းစင္ၾကယ္တယ္-လို႔ ေကာက္ခ်က္ ခ်နိဳင္ပါတယ္။ 

မရွာဘဲ ေတြ႕မွ~ အခ်စ္၊   မရွာဘဲ  ရမွ   ~ ဘုန္းကံဆိုတဲ့ သေဘာပါပဲ။


(၂) ကထိန္သကၤန္းဟာ မသိုးသကၤန္း ျဖစ္ရပါမယ္။ 


  သန့္ရွင္းလတ္ဆတ္တဲ့ ထမင္းေကာင္း၊ ဟင္းေကာင္း (မသိုးထမင္း၊ မသိုးဟင္း)ဆိုတာ ခ်က္ၿပီး တစ္ရက္မွ မကူးေသးတဲ့ 

ဒီေန႕မွ ခ်က္ထားတဲ့ ထမင္းဟင္းျဖစ္ရသလို ~ကထိန္သကၤန္းဟာလည္း-လႉၿပီး တစ္ရက္မွ မကူးေသးတဲ့~ဒီေန႕ လႉထားတဲ့ 

သကၤန္းျဖစ္ရပါမယ္။


 ခ်က္ၿပီး တစ္ရက္ေက်ာ္သြားတဲ့ ထမင္းဟင္း၊ေန႕ကူးသြားတဲ့ ထမင္းဟင္းကို...တကယ္သိုးသိုး ,မသိုးသိုး ထမင္းသိုး၊ 

ဟင္းသိုးလို႔ပဲ ေခၚပါတယ္။ အေအးခန္းထဲ၊ ေရခဲ ေသတၱာထဲ ထည့္ထားလို႔ ခ်က္ခ်င္း သိုးမသြားေသးလည္း...

 နာမည္ကေတာ့ ထမင္းသိုး၊ ဟင္းသိုး ပါပဲ။


 လႉၿပီး တစ္ရက္ေက်ာ္သြားတဲ့ သကၤန္း၊ ေန႕ကူးသြားတဲ့ သကၤန္းကိုလည္း... သကၤန္းသိုးလို႔ ေခၚပါတယ္။ 


အဲဒီလို- သကၤန္းသိုးနဲ႕ လုံး၀ ကထိန္ခင္းလို႔ မရပါဘူး။ ကထိန္ခင္းလည္း ကထိန္ အထ မေျမာက္ပါဘူး။ 

(တစ္ရက္မက ေက်ာ္သြားရင္ေတာ့ အထူးေျပာစရာေတာင္ မလိုေတာ့ပါဘူး။)


 လႉၿပီး တစ္ရက္မွ မေက်ာ္ေသးတဲ့ သကၤန္း၊ေန႕ မကူးေသးတဲ့ သကၤန္း၊ ဒီေန႕မွ လာလႉတဲ့သကၤန္းကို မသိုးသကၤန္းလို႔ ေခၚပါတယ္။ 

မသိုးသကၤန္းနဲ႕ ခင္းမွ...     ကထိန္ အထေျမာက္ပါတယ္။


ရဟန္းေတာ္ေတြဟာ -

ကထိန္သကၤန္း ဒီေန႕ရရင္ ဒီေန႕ပဲ ကထိန္ခင္းရပါတယ္။ အလုပ္မအားလို႔၊ အဆင္မေျပေသးလို႔ဆိုၿပီး ေနာက္ေန႕မွ ကထိန္ခင္းလို႔ မရပါဘူး။ 

ကထိန္သကၤန္း အလႉခံၿပီးတဲ့ ေန႕ရဲ႕ ေနာက္တစ္ေန႕ အ႐ုဏ္ မတက္ခင္မွာပဲ ကထိန္ခင္းျခင္းကိစၥ ၿပီးစီးေအာင္ ေဆာင္႐ြက္ရပါတယ္။

 

 ကထိန္သကၤန္း အလႉခံၿပီးတာနဲ႕ ခ်က္ခ်င္းကထိန္ခင္းရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ေနာက္တစ္ေန႕ #အ႐ုဏ္မတက္မခ်င္း 

ဘယ္အခ်ိန္မွာမဆို ကထိန္ခင္းလို႔ ရပါတယ္။

ကထိန္သကၤန္းဟာ-    ေန႕မကူးတဲ့ မသိုးသကၤန္းျဖစ္ရမယ္ ...ဆိုတာကို ၾကည့္ၿပီး တခ်ိဳ႕က- ကထိန္ရက္မတိုင္ခင္ ကထိန္သကၤန္းကို ေက်ာင္းမွာ သြား

မထားေကာင္းဘူးလို႔ ယူဆေနၾကပါတယ္။

 လမ္းခရီး ႀကဳံေနရင္ေတာင္မွ ...ကထိန္သကၤန္းကိုင္လ်က္ တန္းလန္းႀကီးနဲ႕ ေက်ာင္းတိုက္ထဲကေန ျဖတ္မသြားေကာင္းဘူး

လို႔ေတာင္  ထင္ေနၾကပါတယ္။ မဟုတ္ပါဘူး။ 

ကထိန္ သကၤန္းကိုေရာ၊ ကထိန္ရံ သကၤန္းေတြကိုေရာ ...ကထိန္ရက္ မတိုင္ခင္ ေက်ာင္းမွာ သြားထားလို႔ရပါတယ္။ 


ဒါေပမဲ့- ကထိန္သကၤန္းအျဖစ္နဲ႕ေတာ့ အၿပီး လႉမပစ္ခဲ့ရပါဘူး။ ေခတၱခဏ အပ္႐ုံပဲ အပ္ႏွံထားခဲ့ရမွာပါ။ ေက်ာင္းမွာ သြားထား႐ုံပဲ

ထားၿပီး မလႉေသးရင္ ...သကၤန္းေတြကို သံဃာက မပိုင္ေသးပါဘူး။အလႉရွင္ေတြကပဲ ပိုင္ပါတယ္။

ကထိန္သကၤန္းအျဖစ္နဲ႕ အၿပီးအပိုင္ ႏႈတ္ႁမြက္ၿပီး လႉပစ္ခဲ့ရင္ ...တကယ္ ကထိန္ခင္းမယ့္ရက္အထိ ေစာင့္ေနလို႔

မရေတာ့ပါဘူး။ အဲဒီေန႕မွာပဲ ခ်က္ခ်င္း ကထိန္ခင္းလိုက္ရပါမယ္။ 

ေန႕ကူးသြားရင္ သကၤန္သိုးျဖစ္သြားတဲ့အတြက္... ကထိန္ခင္းလို႔ မရေတာ့ပါဘူး။ အဲဒီေက်ာင္းတိုက္ အဲဒီႏွစ္အတြက္ ၿပီးပါၿပီ။ 

ကထိန္ခင္းလို႔ လုံး၀ မရေတာ့ပါဘူး။ 


တႏွစ္မွာ~တစ္လ၊      တစ္လမွာ ~ တစ္ရက္၊      တစ္ရက္မွာ ~ တစ္ႀကိမ္ပဲ ကထိန္သကၤန္း လႉခြင့္ရွိတာဆိုေတာ့ ...

ေနာက္ထပ္လည္း ကထိန္သကၤန္း အလႉခံလို႔မရေတာ့ပါဘူး။


တခ်ိဳ႕က-

 ကထိန္ရက္မွာ မအားလို႔၊ မလာနိုင္လို႔ဆိုၿပီး ကထိန္မတိုင္ခင္ ရက္ခပ္ေစာေစာကတည္းက ကထိန္သကၤန္းကို ႀကိဳလႉထားခ်င္ၾကပါတယ္။ 

အဲဒီလို ႀကိဳလႉထားလို႔ မရပါဘူး။ သက္ဆိုင္ရာ ေက်ာင္းတိုက္ သံဃာကလည္း ႀကိဳအလႉခံထားလို႔ လုံး၀မရပါဘူး။ ႀကိဳလႉထားတဲ့ သကၤန္းနဲ႕ ကထိန္ခင္းရင္-အဲဒီကထိန္ဟာ ကထိန္အတု၊ ကထိန္အင္ပဲ ျဖစ္ပါလိမ့္မယ္။


တခ်ိဳ႕က-

 အ႐ုဏ္မတက္ခင္ (က်ီးမနိုးခင္) ကထိန္သကၤန္းလႉတဲ့ က်ီးမနိုး ကထိန္က ပိုျမတ္တယ္လို႔ ယူဆၿပီး ၊အ႐ုဏ္မတက္ခင္ (က်ီးမနိုးခင္) 

ကထိန္သကၤန္း လႉဒါန္းတတ္ၾကပါတယ္။

 

အ႐ုဏ္မတက္ခင္ ကထိန္သကၤန္းလႉလိုက္ရင္- အ႐ုဏ္ မတက္ခင္ဘဲ ကထိန္ခင္းရပါတယ္။ အ႐ုဏ္တက္ၿပီးသြားမွ ကထိန္ခင္းရင္...

သကၤန္းသိုးသြားလို႔ ကထိန္အထ မေျမာက္ပါဘူး။


 အ႐ုဏ္တက္တာနဲ႕ တစ္ၿပိဳင္နက္~ ေနာက္တစ္ရက္ ကူးသြားပါၿပီ၊ အ႐ုဏ္အမီ ကထိန္ခင္းဖို႔ အခ်ိန္ မလုံေလာက္တဲ့အတြက္ 

အဲဒီလို လႉတာမ်ိဳး လုံး၀ေရွာင္ၾကဥ္သင့္ပါတယ္။


(၃) ကထိန္သကၤန္းဟာ - သံဃိကသကၤန္း ျဖစ္ရပါမယ္။

  

ရဟန္းတစ္ပါးပါးကို လႉဒါန္းထားလို႔... အဲဒီရဟန္းတစ္ပါးတည္းကပဲ ပိုင္ဆိုင္တဲ့ ပုဂၢလိကသကၤန္းနဲ႕ ကထိန္ခင္းလို႔ မရပါဘူး။ 

သံဃာအားလုံးကို လႉဒါန္းထားလို႔... သံဃာအားလုံး ပိုင္ဆိုင္တဲ့ သံဃိကသကၤန္းနဲ႕ပဲ ကထိန္ခင္းလို႔ ရပါတယ္။ 

သံဃာအမ်ားပိုင္ဆိုင္တဲ့ သံဃိကသကၤန္း နဲ႕ပဲ ကထိန္ခင္းခြင့္ ရွိပါတယ္။


မိမိၾကည္ညိုတဲ့ ဘုန္းႀကီးတစ္ပါးပါး၊ ဆရာေတာ္ တစ္ပါးပါးကို..." ဒီဆရာေတာ္ႀကီး ငါၾကည္ညိုလို႔ ကထိန္သကၤန္း လႉလိုက္ဦးမယ္" ဆိုၿပီးေတာ့ 

ဆရာေတာ္ကို တပည့္ေတာ္ ကထိန္သကၤန္း လႉပါတယ္ဘုရား၊ဘုန္းႀကီးကို ကထိန္သကၤန္းလႉပါတယ္ဘုရား....လို႔ 

မိမိၾကည္ညိဳတဲ့ ရဟန္းေတာ္ တစ္ပါးပါးကို ပုဂၢလိကအေနနဲ႕ ကထိန္သကၤန္းအျဖစ္ လႉဒါန္းခြင့္ မရွိပါဘူး။


တခ်ိဳ႕ကလည္း- ကထိန္ရာသီမွာ လႉတဲ့ သကၤန္းမွန္သမွ် ကထိန္သကၤန္းပဲ ထင္ၿပီး... အရွင္ဘုရားအတြက္ ကထိန္သကၤန္းပါဘုရား

ဆိုၿပီး လာလာ လႉေလ့ရွိပါတယ္။အဲဒီလို လႉလို႔ လုံး၀မရပါဘူး။ ရဟန္းတစ္ပါးခ်င္းကို ကထိန္သကၤန္းဆိုၿပီး လုံး၀ လႉလို႔ မရပါဘူး။

အဲဒီလို ရဟန္းတစ္ပါးပါးကို လႉတဲ့ သကၤန္းကိုလည္း ကထိန္ရာသီမွာ လႉေပမယ့္... ကထိန္သကၤန္း လို႔ မေခၚပါဘူး။


ပုဂၢိုလ္တစ္ပါးပါးကို လႉဒါန္းလိုက္တဲ့ အဲဒီ သကၤန္းနဲ႕လည္း ကထိန္ခင္းလို႔ မရပါဘူး။ ခင္းလည္းပဲ ကထိန္မေအာင္ျမင္ပါဘူး။ 

သံဃာကို လႉဒါန္းတဲ့ သကၤန္းနဲ႕သာလွ်င္... ကထိန္ခင္းခြင့္ ရွိပါတယ္။ကထိန္ ေအာင္ျမင္ထေျမာက္နိုင္ပါတယ္။


#လႉဒါန္းနည္းက_ႏွစ္မ်ိဳး


ကထိန္သကၤန္း လႉဒါန္းနည္းက ႏွစ္မ်ိဳးရွိပါတယ္။ 


(၁)ကထိန္ခင္းမယ့္ေက်ာင္းမွာ...      သြားလႉတဲ့နည္း နဲ႕ 

(၂)ကိုယ့္အိမ္၊ ကိုယ္ဌာန၊ တစ္ေနရာရာမွာ...  ပင့္လႉတဲ့နည္းတို႔ပါပဲ။


(၁) #ကထိန္ခင္းမယ့္ေက်ာင္းမွာ သြားလႉရင္ေတာ့ ...

ဤကထိန္သကၤန္းကို သံဃာအား လႉပါ၏လို႔ ဆိုၿပီး လႉလိုက္႐ုံနဲ႕ လုံေလာက္ပါတယ္။ သံဃာအား လႉတယ္ဆိုေပမယ့္...

 ကထိန္ခင္းမယ့္ ေက်ာင္းမွာရွိတဲ့ သံဃာနဲ႕ပဲ သက္ဆိုင္ပါတယ္။


(၂) #ကိုယ့္ေနရာ_ကိုယ့္ဌာနကို...ပင့္ၿပီး လႉမယ္ဆိုရင္ေတာ့- 

ဘယ္ေက်ာင္းတိုက္မွာ ကထိန္ခင္းဖို႔အတြက္ သံဃာအား လႉပါ၏ လို႔ ကထိန္ခင္းမယ့္ ေက်ာင္းတိုက္နာမည္ကို တရား၀င္ ထည့္ဆို

ၿပီး လႉရပါတယ္။ ဒါမွ- ကိုယ္ရည္စူးတဲ့ ေက်ာင္းတိုက္သံဃာက ကထိန္ခင္းခြင့္ ရမွာပါ။


ေက်ာင္းတိုက္နာမည္ထည့္ မဆိုဘဲ ... သံဃာအား လႉပါ၏လို႔ ရိုးရိုးေလးဆိုၿပီး လႉလိုက္ရင္ အခမ္းအနားကို ႂကြလာတဲ့ 

ဆယ့္ႏွစ္ေတာင္ပတ္လည္အတြင္းက ပင့္သံဃာအားလုံးနဲ႕ သက္ဆိုင္သြားတဲ့အတြက္- ရည္စူးရာေက်ာင္းတိုက္မွာ ကထိန္ခင္းခြင့္ 

မရွိေတာ့ပါဘူး။


ရဟန္းတစ္ပါးတည္းကို ပင့္ၿပီး- သံဃာအား လႉပါ၏လို႔ ဆိုလႉလိုက္ရင္လည္း... အဲဒီရဟန္းက အဲဒီသကၤန္းကိုယူၿပီး 

တျခားေက်ာင္းတိုက္တစ္ခုကို ၀င္လိုက္မိတာနဲ့ တစ္ၿပိဳင္နက္တည္း ၀င္မိတဲ့ ေက်ာင္းတိုက္သံဃာက အဲဒီသကၤန္းကို ပိုင္ဆိုင္သြားျပန္လို႔ -

ရည္စူးရာ ေက်ာင္းတိုက္မွာ ကထိန္ခင္း မရေတာ့ပါဘူး။


ဒါေၾကာင့္- ကိုယ့္ေနရာ၊ ကိုယ္ဌာန ပင့္လႉသူတိုင္း ကထိန္ခင္းလိုတဲ့ ေက်ာင္းတိုက္နာမည္ကို တရား၀င္ ထည့္ဆိုၿပီးမွ လႉသင့္ပါတယ္။


ကထိန္ခင္းမယ့္ေက်ာင္းတိုက္မွာ သြားလႉတဲ့အခါမွာလည္း-သံဃာအားလို႔ ထည့္ မဆိုဘဲ ဤကထိန္သကၤန္းကို လႉပါ၏လို႔ ရိုးရိုးပဲ ဆိုလိုက္မိရင္လည္း... အဲဒီကထိန္သကၤန္းဟာ- ေက်ာင္းတိုက္မွာရွိတဲ့ သံဃာအားလုံး ပိုင္ဆိုင္တဲ့သကၤန္း (သံဃိကသကၤန္း) ျဖစ္သြားပါတယ္။


ဒါေၾကာင့္- #သံဃာအားလို႔ ထည့္ဆိုလိုက္တာဟာ ၀ိနည္းအျပစ္ကင္းျပီးကထိန္အလႉ အထေျမာက္နိုင္ပါတယ္။


ရဟန္းတစ္ပါးတည္း ဝါဆိုတဲ့ေက်ာင္းတိုက္မွာ သံဃာအား လႉပါ၏လို႔ ႐ြတ္ဆိုေလွ်ာက္ထားၿပီးလႉတဲ့ ကထိန္သကၤန္းဟာ_

 သံဃာအားလို႔ ပါတဲ့အတြက္ အရပ္ေလးမ်က္ႏွာမွာ ရွိရွိသမွ် သံဃာအားလုံးနဲ႕ သက္ဆိုင္ေပမယ့္ ေက်ာင္းတိုက္မွာ ဝါဆိုတဲ့ ရဟန္းတစ္ပါးကပဲ ပိုင္ဆိုင္ပါတယ္။


တစ္ပါးထက္ပိုမ်ားတဲ့ ရဟန္းေတာ္ေတြ ဝါဆိုတဲ့ ေက်ာင္းတိုက္ေတြမွာလည္း နည္းတူပါပဲ။ သံဃာအား လႉပါ၏ဆိုတဲ့ သကၤန္းမွန္သမွ်

အရပ္ေလးမ်က္ႏွာ သံဃာ(စာတုဒၵိသံဃာ)နဲ႕ သက္ဆိုင္႐ုံပဲ သက္ဆိုင္ပါတယ္။ ပိုင္တဲ့အခါမွာေတာ့ ေက်ာင္းတိုက္သံဃာ

(အာရာမသံဃာ)ကပဲ ပိုင္ပါတယ္။ ေက်ာင္းတိုက္ျပင္ပက သံဃာဟာ ...ဆိုင္သာဆိုင္ ၊ မပိုင္တဲ့သံဃာ ျဖစ္ပါတယ္။


ကိုယ္လႉတဲ့သကၤန္းကို သံဃာေတာ္ေတြ ဘယ္လိုပဲ ဆိုင္ဆိုင္၊ဘယ္လိုပဲ ပိုင္ပိုင္ ကိုယ္ကေတာ့ သံဃာအားလုံးကို ရည္မွန္းၿပီး 

လႉဒါန္းရမွာပါပဲ။


🙏အရပ္ေလးမ်က္ႏွာမွာ~ ရွိရွိသမွ်       သံဃာအားလုံး ၊     သာသနာေတာ္မွာ~ ရွိခဲ့ၿပီး၊ ရွိေနဆဲ၊ရွိလတၱံ့    သံဃာအားလုံးကို လႉဒါန္းပါတယ္...လို႔ အာ႐ုံျပဳၿပီး- သံဃႆ ေဒမ = သံဃာအား လႉပါ၏လို႔ ႐ြတ္ဆိုလႉဒါန္းလိုက္ရင္...


 ကိုယ္လႉလိုက္တဲ့သကၤန္းဟာ~ 

တစ္သာသနာလုံး၊ တစ္ေလာကလုံးမွာရွိတဲ့ ပုထုဇဥ္သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ႕ သက္ဆိုင္တဲ့ သံဃိကသကၤန္း ျဖစ္သြားပါတယ္။

အမ်ားပိုင္သံဃိကသကၤန္းနဲ႕ပဲ ကထိန္ခင္းလို႔ ရပါတယ္။တစ္ပါးပိုင္ ပုဂၢလိကသကၤန္းနဲ႕ ကထိန္ခင္းလို႔  မရပါဘူး။


ဒါေပမဲ့-

 #တကယ္ကထိန္ခင္းတဲ့_အခ်ိန္ မွာေတာ့...  အမ်ားပိုင္ သံဃိကသကၤန္းကို>>> တစ္ပါးပိုင္ ပုဂၢလိကသကၤန္း ျဖစ္ေအာင္

ျပန္လုပ္လိုက္ရပါတယ္။


သံဃာက..... ကထိန္ခင္းလို႔ မရပါဘူး။ ပုဂၢိဳလ္ကပဲ... ကထိန္ခင္းလို႔ ရပါတယ္။ 

သံဃာက-ကထိန္သကၤန္း ေပး႐ုံပဲ ေပးနိုင္ပါတယ္။ 

သိမ္ထဲမွာ... သံဃာေတာ္ေတြစုေဝးၿပီး ကထိန္ခင္းထိုက္တဲ့ ရဟန္းတစ္ပါးကို ဉတ္ကမၼဝါနဲ႕ ကထိန္သကၤန္း ေပးလိုက္ရပါတယ္။ 

ကထိန္သကၤန္းကို ပုဂၢလိကအျဖစ္ ပိုင္ဆိုင္သြားတဲ့ အဲဒီ ရဟန္းကမွ ကထိန္ခင္းရတာပါ။


ကထိန္သကၤန္းကို သိမ္ထဲမွာပဲ ေပးရေပမယ့္ ကထိန္ကိုေတာ့- သိမ္ထဲမွာပဲျဖစ္ျဖစ္၊ သိမ္အျပင္မွာပဲျဖစ္ျဖစ္ ခင္းလို႔ရပါတယ္။ 

ရဟန္းတစ္ပါးခင္းတဲ့ ကထိန္ကို - သံဃာက ၀မ္းေျမာက္၀မ္းသာ အႏုေမာဒနာ ျပဳလိုက္ရင္... သံဃာကလည္း ကထိန္ခင္းၿပီးသား ျဖစ္သြားတာပါပဲ။


ကထိန္ခင္းျခင္းဆိုတဲ့ ဝိနည္းကံဟာ -သံဃာ့ကံ မဟုတ္၊ ပုဂၢလကံဆိုေပမယ့္...  သံဃာကပဲ ...ကထိန္သကၤန္း ေပးရ၊ 

  ကထိန္ခင္းၿပီးရင္လည္း- သံဃာအားလုံးက အႏုေမာဒနာျပဳတဲ့   သံဃာမွာလည္း...  ကထိန္အာနိသင္ရတဲ့အတြက္ ~

သံဃာ့ကိစၥ၊ သံဃာ့အလုပ္လို႔ ဆိုနိုင္ပါတယ္။


သံဃိကသကၤန္းကို ပုဂၢလိသကၤန္းအျဖစ္ ကထိန္ခင္းမယ့္ ရဟန္းကို ေပးတာက~    သံဃာေတာ္ေတြရဲ႕ အပိုင္းျဖစ္ပါတယ္။ 

   ကထိန္အလႉရွင္ေတြရဲ႕အပိုင္းကေတာ့~     သံဃိက သကၤန္းအျဖစ္ပဲ လႉဒါန္းရမွာပါ။ 

ကထိန္ခင္းတဲ့အခ်ိန္- ပုဂၢလိကသကၤန္း လုပ္မယ့္ အတူတူဆိုၿပီး... နဂိုကတည္းက ပုဂၢလိကသကၤန္းအျဖစ္ မလႉဒါန္းရပါဘူး။ 

လႉဒါန္းခဲ့ရင္ -ပုဂၢလိကသကၤန္းကို သံဃာက ကထိန္ခင္းမယ့္ ရဟန္းကို ေပးလို႔ မရေတာ့တဲ့အတြက္ ကထိန္ခင္းလို႔ မရေတာ့ပါဘူး။ 

သံဃိကသကၤန္းကိုပဲ သံဃာက ကထိန္ခင္းမယ့္ ရဟန္းကို ေပးလို႔ရပါတယ္။


ဒါေၾကာင့္-

 ကထိန္အလႉရွင္ေတြအေနနဲ႕ မိမိတို႔ ၾကည္ညိုတဲ့ ဆရာေတာ္တစ္ပါးပါး၊ ရဟန္းတစ္ပါးပါးကို ကထိန္ သကၤန္း ရေစခ်င္တဲ့စိတ္ လုံး၀ မထားဘဲ ဒီကထိန္သကၤန္းဟာ သံဃာ အားလုံးအတြက္လို႔ပဲ ရည္မွန္းၿပီး သံဃာပိုင္ သံဃိကစစ္စစ္ျဖစ္ေအာင္ လႉဒါန္းၾကရပါမယ္။


အႏွစ္ခ်ဳပ္ၿပီး ျပန္ေျပာရရင္ ... 

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္ (သို႔မဟုတ္) ကထိန္စစ္စစ္ျဖစ္ဖို႔အတြက္-


 ကထိန္သကၤန္းဟာ ...

(၁) မိုးက်သကၤန္း ျဖစ္ရပါမယ္။ 


        ရဟန္းေတာ္ေတြ ကိုယ္တိုင္-          ဘယ္သူ႕ဆီကမွအလႉခံ မထားတဲ့ သကၤန္း၊  ရဟန္းေတာ္ေတြဘက္က- ဘာအရိပ္နိမိတ္မွ မျပရ၊ဘာပရိယာယ္စကားမွ မေျပာရဘဲနဲ႕  အလႉရွင္ေတြဘက္က -  အလိုအေလ်ာက္ လာလႉထားတဲ့သကၤန္းနဲ႕  ကထိန္ခင္း မွ ကထိန္စစ္စစ္ျဖစ္ပါတယ္။     ရဟန္းေတာ္ေတြဘက္က စ, ေျပာလို႔  လႉတဲ့သကၤန္းနဲ႕ ကထိန္ခင္းရင္- ကထိန္စစ္စစ္ မျဖစ္ပါဘူး။



(၂) မသိုးသကၤန္း ျဖစ္ရပါမယ္။ 

       

ဒီေန႕လႉတဲ့ သကၤန္းနဲ႕ ဒီေန႕ ကထိန္ခင္းမွ ~       ကထိန္စစ္ျဖစ္ပါတယ္။ မေန႕က လႉတဲ့သကၤန္းနဲ႕ ဒီေန႕ ကထိန္ခင္းရင္~ ဒီေန႕လႉတဲ့သကၤန္းနဲ႕မနက္ျဖန္မွကထိန္ခင္းရင္~  ကထိန္စစ္စစ္ မျဖစ္ပါဘူး။



(၃) သံဃိကသကၤန္း ျဖစ္ရပါမယ္။ 

သံဃာအားလုံးကို ရည္မွန္းၿပီး~     သံဃာပိုင္အျဖစ္နဲ႕ လႉဒါန္းတဲ့ သံဃိကသကၤန္းနဲ႕  ကထိန္ခင္းမွ ကထိန္စစ္စစ္ျဖစ္ပါတယ္။ 

ကိုယ္ၾကည္ညိုတဲ့ ဆရာေတာ္ကို ရည္မွန္းၿပီး     ကိုယ္ၾကည္ညိုတဲ့ဆရာေတာ္ပဲ ရေစခ်င္တဲ့စိတ္နဲ႕   လႉတဲ့သကၤန္းနဲ႕ ကထိန္ခင္းရင္.... 

   ကထိန္စစ္စစ္ မျဖစ္ပါဘူး။


ေနာက္တစ္ခ်က္ ျဖည့္စြက္ရမယ္ဆိုရင္ေတာ့ -

ကထိန္သကၤန္းဟာ- ကိုယ္ပိုင္သကၤန္း ျဖစ္ရပါမယ္။   ေခတၱခဏ ငွားယူလာတဲ့ သကၤန္း     (အငွားသကၤန္း)နဲ႕ ကထိန္ခင္းရင္-

ကထိန္စစ္စစ္ မျဖစ္ပါဘူး။ 

အမွန္တကယ္ ပိုင္ဆိုင္တဲ့ သကၤန္း(ကိုယ္ပိုင္သကၤန္း)နဲ႕ ကထိန္သကၤန္း လႉတဲ့အခါမ်ိဳးမွာလည္း-ကထိန္ခင္းတဲ့အခိုက္ကေလး ေခတၱခဏငွားတဲ့ သေဘာမ်ိဳးမျဖစ္ေအာင္...   အထူးသတိျပဳရပါမယ္။ 


 #ကထိန္ခင္းခြင့္ရွိတဲ့ကာလ-ကေတာ့ သီတင္းကြၽတ္လျပည့္ေက်ာ္(၁)ရက္ကေန~  တန္ေဆာင္မုန္းလျပည့္ေန႕အထိ....

  တစ္လ(၂၉-ရက္) ျဖစ္ပါတယ္။ 


ဒီတစ္လအတြင္းမွာပဲ-   ကထိန္သကၤန္း လႉခြင့္ ရွိပါတယ္။    ဒီတစ္လအတြင္းမွာ ခင္းမွလည္း-  ကထိန္စစ္စစ္ ျဖစ္ပါတယ္။




ကထိန္ခင္းဖို႔အတြက္- သံဃာက သိမ္ထဲမွာ သကၤန္းေပးတဲ့ ကံျပဳရတဲ့အတြက္.... ကထိန္ကံ ေအာင္ျမင္ဖို႔ အနည္းဆုံးသံဃာ၅ပါး ရွိရပါတယ္။


 ကထိန္သကၤန္းေပးတဲ့ ကံျပဳတဲ့   သံဃာက (၄)ပါး၊   ကထိန္သကၤန္းခံယူသူက (၁)ပါး၊  စုစုေပါင္း(၅)ပါး အနည္းဆုံးရွိမွ....

 ကထိန္ကံ ေအာင္ျမင္ပါတယ္။


သကၤန္းေပးဖို႔အတြက္သာ~ သံဃာလိုတာပါ။ သကၤန္းေပးၿပီးလို႔ ကထိန္ခင္းတဲ့အခါမွာေတာ့~ သံဃာ မလိုပါဘူး။ 


တစ္ပါးတည္း ဝါဆိုတဲ့ေက်ာင္းမွာ-

 တစ္ပါးတည္း ကထိန္ခင္းလည္း ရပါတယ္။ အႏုေမာဒနာျပဳရမယ့္ ရဟန္းတစ္ပါး ေခၚထားၿပီး-ႏွစ္ပါး ကထိန္ခင္းလည္း ရပါတယ္။ 

သကၤန္းေပးတဲ့ သံဃာေတြစုံေနတုန္းမို႔- သံဃာနဲ႕ကထိန္ခင္းလိုက္လည္း ရတာပါပဲ။


ရဟန္းတစ္ပါးခင္းတဲ့ကထိန္ကို ...ဝါဆိုတူ ေက်ာင္းတိုက္အတြင္းက ရဟန္းေတာ္ေတြပဲ~ အႏုေမာဒနာ ျပဳစရာ  လိုပါတယ္။

ကိုရင္သာမေဏေတြကေတာ့~ အႏုေမာဒနာ  ျပဳစရာ မလိုပါဘူး။

ဒါေပမဲ့- တစ္ေက်ာင္းတိုက္တည္း အတူ ဝါဆိုၾကတဲ့ သီတင္းသုံးေဖၚ ဘ၀တူအခ်င္းခ်င္းျဖစ္တဲ့အတြက္ ...ကထိန္အာနိသင္သကၤန္း (ကထိန္ရံသကၤန္း)ေတြကို ကိုရင္ေတြကိုလည္း အညီအမွ် ခြဲေဝေပးရပါမယ္။ 

ကိုရင္ေတြလည္း... အာနိသင္သကၤန္း(ကထိန္ရံသကၤန္း) ရပိုင္ခြင့္ရွိပါတယ္။


တခ်ိဳ႕က ေက်ာင္းဥပစာပရိဝုဏ္အရံအတားတူတဲ့ ေက်ာင္းတိုက္တစ္တိုက္တည္းမွာ -ႏွစ္ေက်ာင္း၊ သုံးေက်ာင္း စသည္ခြဲၿပီး သီျခားစီ ဝါဆိုတတ္ၾကပါတယ္။ 

ေက်ာင္းတိုက္ႀကီးတစ္ခုတည္းမွာ- ဘယ္ႏွစ္ေက်ာင္းပဲ ခြဲဝါဆိုဆို ကထိန္ခင္းရင္ေတာ့... တစ္ေက်ာင္းတိုက္လုံးေပါင္းၿပီး၊

ကထိန္တစ္ခုတည္းပဲ ခင္းရပါမယ္။ ဒါမွ ကထိန္စစ္စစ္ျဖစ္ပါတယ္။


ကထိန္ခင္းၿပီးတဲ့ ေက်ာင္းတိုက္မွာ- ေနာက္ထပ္ လာလႉတဲ့ သံဃိကသကၤန္းေတြကို ကထိန္အာနိသင္ မရတဲ့ တျခားရဟန္းေတာ္လည္း ေဝစု ရေစခ်င္တယ္ဆိုရင္ ...ခင္းၿပီးသား ကထိန္ကို ႏုတ္လိုက္ရပါတယ္။

 

#ကထိန္ႏုတ္တယ္ဆိုတာ- ကထိန္ခင္းျခင္းအမႈ၊ ကထိန္ကံကို ႐ုပ္သိမ္းလိုက္တာပါပဲ။ 

ကထိန္ႏုတ္ၿပီးရင္- ေနာက္ထပ္ ကထိန္တစ္ခု ထပ္ခင္းလို႔ မရေတာ့ပါဘူး။ ထပ္ခင္းရင္လည္း ကထိန္စစ္စစ္ မျဖစ္ေတာ့ပါဘူး။ 

ကထိန္ႏုတ္လိုက္တဲ့အတြက္- ကထိန္အာနိသင္ေတြလည္း ပ်က္ျပယ္သြားပါတယ္။ ကထိန္အာနိသင္ရၿပီးသား ရဟန္းေတာ္ေတြလည္း... ကထိန္အာနိသင္ လုံး၀မရေတာ့ပါဘူး။

သံဃိကလာဘ္လာဘျဖစ္တဲ့ သကၤန္းေတြကို သံဃာအားလုံး ရေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႕သာ ကထိန္ႏုတ္ရတာပါ။ 


ကထိန္သာ မႏုတ္ရင္-

 သံဃိကသကၤန္းေတြကို ၀ါက်ိဳး၀ါျပတ္သူ၊ ဒုတိယဝါဆိုသူ၊ တျခားေက်ာင္းတိုက္ကေန ေနာက္ထပ္ေရာက္လာသူေတြ မရနိုင္ပါဘူး။

 ရခြင့္ မရွိပါဘူး။ ကထိန္ႏုတ္လိုက္တဲ့အတြက္- သံဃာအားလုံး ရခြင့္ရွိသြားပါတယ္။


-စာရိုက္ပူေဇာ္သူ - Admin Team of Young Buddhist's Association

[ဆရာေတာ္အရွင္ဆႏၵာဓိက(ေ႐ႊပါရမီေတာရ)၏...ဂုဏ္ရွိန္ေပါင္းစုတဲ့ ဘုံကထိန္ေကာင္းမႈ    ႏွာ ၅၅- ၈၀မွ- ေကာက္ႏႈတ္ ပူေဇာ္မွ်ေဝပါသည္။]

No comments: