Sunday, November 7, 2021

နတ်ပူး နဂါးပူး တကယ်ရှိသလား

နတ္ပူး နဂါးပူး တကယ်ရှိသလား




စာရေးသူ Dr. Htet Htet Zaw Win 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Hello Sayarwon Panel 


#Mental_Health

#Mass_Hysteria_Disorder

# Collective_Obsessional_Behavior 

#စိတ်ကျန်းမာရေး

(လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသူတွေသရဲပူးခံရတဲ့သတင်း၊ ဘုရားကုန်းတော်တစ်ခုမှာ ဘုရားဖူး ပရိသတ်အချို့ ရုတ်တရက် နဂါးပူးလို့ ရေဖြန်းပေးရတဲ့ ဓာတ်ပုံ၊ နတ်ကန္နားတစ်ခုမှာ နတ်ပွဲလာပရိသတ်အစုအပြုံလိုက် နတ်၀င်ပူးက ခုန်ကြတဲ့ သတင်းတွေ ကြားရမြင်ခဲ့ရပါတယ်။ ဒါတွေဟာ ထူးဆန်းထွေလာ ဖြစ်ရပ်ဆန်းကြယ်တစ်ခုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ကြောင်း ယခုတော့ သိနိုင်ပါပြီ။ ဖတ်ကြည့်ပါဦး။)


#နတ္ပူး နဂါးပူး တကယ်ရှိသလား

 နတ်ပွဲတွေမှာ နတ္ပူး ပြီး ထကကြ၊ နဂါးတွေ ဝင်ပူးကြတယ်ဆိုတာ ခုလို သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာတော့ ယုံဖို့ ခက်ပါတယ်။ လောကီနယ်လွန် ကိစ္စရပ်တွေကိုတော့ မပြောလိုပေမယ့် ဒီလိုအဖြစ်အပျက်တွေကို သိပ္ပံနည်းကျ၊ ဆေးပညာအရ ရှင်းပြထားတာတွေတော့ ရှိပါတယ်။


 #နတ္ပူး သလား ရူးသလား။

 နတ်ပွဲတွေမှာ အကောင်းကြီးတွေကနေ အစုလိုက် ထကကြ၊ နဂါးဝင်ပူးတယ်ဆိုပြီး မြေကြီးမှာ တွန့်လိမ်ကြ (ရေပါ ဖြန်းပေးရသေး) ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာပဲ ရွိတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါကို လေ့လာကြည့်လိုက်တဲ့အခါ Mass Hysteriaဆိုတာကို တွေ့ရှိခဲ့ပါတယ်။


 Mass Hysteriaကို နောက်တစ်မျိုး Collective obsessional behavior လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာက လူအစုလိုက် အပြုံလိုက်က ထူးဆန်းတဲ့ အပြုအမူတွေကို လုပ်ကြတာပေါ့။ နိုင်ငံခြားမှာဆိုရင် အကြောင်းရင်း မရွိဘဲ အစုလိုက် ထကကြတာတွေ ရှိပါတယ်။ တော်တော်ကြီး မောပြီး ပစ်လဲတဲ့အထိ ကကြတာပါတဲ့။ မြန်မာနိုင်ငံက နတ်ဝင်တာနဲ့တော့ ဆင်တူပါတယ်။


 Mass Hysteriaဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ။ ရူးတယ်ဆိုတာထက် ခဏတာ အသိစိတ်လွတ်သွားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒါကြောင့်ပဲ သာမန်အချိန်မှာ မလုပ်တဲ့ အလုပ်တွေ လုပ်ပြီး ပြီးသွားရင် မှတ်မိသလိုလို မမှတ်မိသလိုလို ဖြစ်နေတာပါ။


 #Mass Hysteriaရဲ့ လက္ခဏာတွေက

 Mass Hysteriaက အမျိုးမျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ အစုလိုက် နတ္ပူးတာ၊ နဂါးပူးတာ အပြင် သီချင်းတစ်ပုဒ်တည်းကို နားထောင်ပြီး အကြောဆွဲကုန်တာ၊ ဆိုရွယ္မီဒီယာမွာ တင်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီး ထူးဆန်းတဲ့ လက္ခဏာတွေ ခံစားရတာ၊ နေရာတစ်ခုကို ရောက်ရင် လူတိုင်းက သတ်သေချင်သလို ဖြစ်တာ ဒါတွေအားလုံးက Mass Hysteria မျိုးကွဲတွေပါပဲ။


 Mass Hysteria က အမျိုးအစားတွေ အများကြီး ရွိသလို လက္ခဏာတွေကလည်း အမျိုးမျိုးကွဲနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ယူကေ၊ လန်ဒန်မှာ ရွိတဲ့ Kings College က Prof. Simon Wessleyက Mass Hysteriaအတွက် ယေဘူယျ မှန်ကန်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။


ဒီပြဿနာက ရုပ်ပိုင်းဆိုင်ရာ ရောဂါကြောင့် မဟုတ်ပါဘူး။ သူတို့ကို ကြည့်လိုက်ရင် ကျန်းမာရေးကောင်းတဲ့ သာမန်လူတွေချည်း ဖြစ်နေတာကို တွေ့ရမှာပါ။

သာမန်အချိန်တွေဆို ဒီလို ထူးဆန်းတာတွေ မလုပ်တတ်ကြပါဘူး။ ဥပမာ နတ်ဝင်တဲ့အခါ ကတဲ့သူတွေက သာမန်အချိန်တွေမှာ သီချင်းသံကြားတိုင်းကတတ်တဲ့ အန်တီကြီးတွေ မဟုတ်ပါဘူး။ နဂါးပူးတာလည်း ဒီလိုပါပဲ။ သာမန်အချိန်တွေမှာ မြေကြီးပေါ်လှိမ့်ပြီး ရေဖြန်းစရာ လိုတဲ့သူတွေ မဟုတ်ပါဘူး။

ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး။ ပူးခံရတဲ့သူတွေကို ကြည့်လိုက်ရင် အမျိုးတော်နေတာ၊ မိတ်ဆွေတွေ ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်နေရာစီက လာပြီး ပွဲရောက်မှ ရုတ်တရက် ထကကြသူတွေပါ။ (လိမ်ဖို့ ကြိုတင်စီစဉ်ထားတာတွေကတော့ သက်သက်ပေါ့လေ။)

စိတ်ကျေနပ်ဖို့ ထကကြတာ မဟုတ်ပါဘူး။ ဆိုလိုတာက အေပ်ာ္အပါး ကိစ္စအတွက် သွားကကြတာမျိုး မဟုတ်ပါဘူး။ ဥပမာ EDMပွဲတို့ ကလပ်တို့မှာလည်း လူအစုလိုက် ကကြတာပါပဲ။ ဒါပေမယ့် သူတို့က သူတို့ စိတ်ပျော်ဖို့အတွက် တမင်ကကြတာပဲ ဖြစ်ပါတယ်။

တိုက်ဆိုင်မှုလည်း မဟုတ်ပါဘူး။

 ပရော်ဖက်ဆာကြီးကတော့ Mass Hysteriaရဲ့ လက္ခဏာတွေကို ဒီ၅ချက်နဲ့ ရှင်းထားပါတယ်။


#နတ္ပူး တာအပြင် မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ တျခား Mass Hysteriaမ်ား


 နတ္ပူး ၊ နဂါးပူးတာအပြင် တခြားအစုလိုက် အပြုံလိုက် ဖြစ်တတ်တဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်။ ဥပမာ

 -ကာကွယ်ဆေးတွေ စုထိုးပေးတာမှာ အစုလိုက်အပြုံလိုက် မူးပြီး အော့အန်တာမျိုး (အဲ့တုန်းကလည်း မှတ်မှတ်ရရ အမျိုးသမီးတွေ များပါတယ်။)


 -သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကျောင်းမှာ ကျောင်းသူတစ်ယောက်က ထငိုလိုက်လို့ ကျန်တဲ့သူတွေပါ သရဲဝင်ပူးသလိုဖြစ်တာမျိုး


 -အလှူ ဒါမှမဟုတ် အများသုံးသောက်ရေကို သောက်ပြီး အဆိပ်သင့်ကြတာမျိုး


 ဒီအဖြစ်အပျက်တွေမှာ လူနာတွေက လက်တွေ့မှာ ဘာရောဂါမှ မရွိပါဘူး။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာ၊ အစာအဆိပ်သင့်တာ စတာတွေ တကယ် မခံစားရပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ ယုံကြည်လွန်းတာကြောင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ။ ဒီလို စိတ်ကြောင့် ရုပ်လက္ခဏာပေါ်လာတာကို Psychosomatic manifestation လို့ ခေါ်ပါတယ်။


 တစ်ယောက်လောက်က ဒီလို ဖြစ်သွားပြီဆိုရင် ကျန်တဲ့သူတွေကလည်း တကယ်အဆိပ်သင့်တာ၊ ဓာတ်မတည့်တာလို့ ထင်၊ ကြောက်စိတ်တွေ ဝင်ပြီး အစုလိုက် အပြုံလိုက် လက္ခဏာတွေပြလာတာပဲ ဖြစ်ပါတယ်။


 (တစ္ခုရွိတာက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ ကာကွယ်ဆေးနဲ့ တကယ် မတည့်တာလား၊ တကယ် အစာအဆိပ်သင့်တာ လားဆိုတာကို စစ်ဆေးပြီးမှပဲ စိတ်ပြဿနာလို့ သတ်မှတ်ရမှာပါ။)


 #အမျိုးသမီးတွေမှာ ပိုဖြစ်တတ်သလား။

 တိုက်ဆိုင်တာလားတော့ မသိပေမယ့် နတ်ပွဲတွေ၊ နဂါးပွဲတွေမှာ ပူးပြီဆိုရင် အမျိုးသမီးတွေ အဖြစ်များနေတာကို တွေ့ရပါတယ်။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေက စိတ်ဖိစီးမှု ပိုများလို့ပါတဲ့။


 အိမ်အလုပ်ရော၊ ရုံးအလုပ်တွေရော၊ သားသမီးတာဝန်တွေရော များတဲ့အခါကျတော့ နဂိုတည်းကလည်း စိတ်ဖိစီးနေတတ်ပါတယ်။ ဒါကြောင့် အလြယ္တကူ အသိစိတ်လွတ်လွယ်ပြီး ရုပ်ပိုင်းဆိုင်ရာမှာ ထူးဆန်းတဲ့ လက္ခဏာတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။


#ကမ်ဘာတစ်လွှားက ထူးထူးခြားခြား Mass Hysteria မ်ား


 မြန်မာနိုင်ငံမှာပဲ ဒီလို ထူးဆန်းတာတွေ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ဟိုးအရင်နှစ်ပေါင်းများစွာတည်းက တခြားနေရာတွေမှာ အစုလိုက် အပြုံလိုက် Mass Hysteria ဖြစ်ခဲ့ကြတာပါ။ ဥပမာ ပြောရရင်


#၂၀ ရာစုက ကြောင်လိုအော်ခြင်း

 အဲ့တုန်းက အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံခဲ့တဲ့ အချိန်ဆိုတော့ အင်မတန်မှ စိတ္ဖိစီးစရာ များပါတယ်။ နေ့တိုင်း အမျိုးသမီး ခရစ်ယာန်သီလရှင်တွေက နာရီပေါင်းများစွာ အချိန်မှန်မှန်ကြောင်လို အော်ခဲ့ကြတာပါတဲ့။ နောက်ဆုံး ကြိမ်တွေနဲ့ ရိုက်ပြီး ဖြေရှင်းခဲ့ပါတယ်တဲ့။


#Tanganyikaမွ ရယ္သံမ်ား

 ခု တန်ဇန်းနီးယားလို့ ခေါ်တဲ့ ဒေသက ရွာလေးတစ်ရွာမှာ ၁၉၆၂ က ဖြစ်ခဲ့တာပါ။ ဘော်ဒါကျောင်းမှာ ကျောင်းသားတစ်ယောက် ထရယ္တာက စပြီး ဖြစ်တာပါ။ သူကေန သူ့သူငယ်ချင်း၊ ဆရာတွေ၊ နောက်ဆုံး မိဘေတြပါ လိုက်ရယ်တာပါ။ အံ့သြစရာကောင်းတာက ၁၈လကြာအောင် ရယ်နေခဲ့တာပါ။ တချို့များဆို ရယ်ရာက ငို၊ ရင်ဘတ်တွေအောင့်၊ အသက်ရှူတွေကျပ်တဲ့အထိ ဖြစ်ကြပါသတဲ့။


#လမ်းမပေါ်က ကချေသည်

 ၁၅၁၈က ပြင်သစ်နိုင်ငံ၊ Strasbourgမွာ ဖြစ်သွားတာပါ။ ဒီတစ်ခါလည်း အမျိုးသမီးပါပဲ။ Fao Troffea ဆိုတဲ့ အမျိုးသမီးက အကြောင်းရင်း မရွိဘဲ လမ်းပေါ်မှာ ထြက္ကတာပါ။ သီချင်းလည်း ဖွင့်မထားဘဲနဲ့ကို ကတာပါ။ တစ်ပတ်လောက် မရပ်မနားကပြီးတဲ့အချိန်မှာ သူ့နားမှာ လူ၃၀လောက် ဖြစ်နေပါပြီ။ ဒီလူတွေကလည်း အကြောင်းအရင်းမရှိဘဲ လာကကြတဲ့ သူတွေပါပဲ။ တစ်လမပြည့်ခင်မှာပဲ လမ်းပေါ်မှာ လူ ၄၀၀လောက် စုမိဆောင်းမိ ဖြစ်နေပါပြီ။ တချို့ဆို ကနေရင်း အမောဖောက်ပြီး ဆုံးသွားတာတွေတောင် ရွိပါသတဲ့။


 ဘယ္လိုမွ ရပ်ဖို့ မတတ်နိုင်တဲ့ အဆုံးမွာ ကောင်စီဝင်တွေက ကဟာဆိုပြီး ဘေးနားမှာ တီးဝိုင်းအဖွဲ့လေး ထားပေးလိုက်ပါသတဲ့။ နောက်ဆုံး ၁လလောက်နေမှ အလိုလို ရပ်သွားကြပါတယ်။ အဲ့တုန်းကတော့ ထူးဆန်းတဲ့ ပိုးတစ်မျိုး ကူးခံရတယ်လို့ ထင်ကြတာပေါ့။ ခုကျတော့မှ Mass Hysteria လို့ ပြောနိုင်ပါတယ်။


 #Mass Hysteriaကို ကုသလို့ ရသလား။

 Mass Hysteriaမှန်း မသိတဲ့အတွက် ကုသမှု ခံယူသူကလည်း ခပ်ရှားရှားပါပဲ။ ထူးခြားတဲ့ လက္ခဏာတွေပြနေတဲ့ အဖွဲ့ထဲကနေ ခြဲထုတ္တာ လောက်ပဲ လုပ်ကြပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ဖိစီးမှုနည်းအောင် နေခိုင်းတာ၊ စိတ်ကုထုံးတွေ ခံယူခိုင်းတော့ ရှိပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


နတ္ပူး နဂါးပူး တကယ္ရွိသလား




စာေရးသူ Dr. Htet Htet Zaw Win 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Hello Sayarwon Panel 


#Mental_Health

#Mass_Hysteria_Disorder

# Collective_Obsessional_Behavior 

#စိတ္က်န္းမာေရး

(လြန္ခဲ့တဲ့ ႏွစ္ႏွစ္သံုးႏွစ္ေလာက္က ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာင္းသူေတြသရဲပူးခံရတဲ့သတင္း၊ ဘုရားကုန္းေတာ္တစ္ခုမွာ ဘုရားဖူး ပရိသတ္အခ်ိဳ႕ ရုတ္တရက္ နဂါးပူးလို႔ ေရျဖန္းေပးရတဲ့ ဓာတ္ပံု၊ နတ္ကႏၷားတစ္ခုမွာ နတ္ပြဲလာပရိသတ္အစုအျပဳံလိုက္ နတ္၀င္ပူးက ခုန္ၾကတဲ့ သတင္းေတြ ၾကားရျမင္ခဲ့ရပါတယ္။ ဒါေတြဟာ ထူးဆန္းေထြလာ ျဖစ္ရပ္ဆန္းၾကယ္တစ္ခုမဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာ ျပႆနာ တစ္ခုျဖစ္ေၾကာင္း ယခုေတာ့ သိႏိုင္ပါျပီ။ ဖတ္ၾကည့္ပါဦး။)


#နတ္ပူး နဂါးပူး တကယ္ရွိသလား

 နတ္ပြဲေတြမွာ နတ္ပူး ၿပီး ထကၾက၊ နဂါးေတြ ဝင္ပူးၾကတယ္ဆိုတာ ခုလို သိပၸံပညာထြန္းကားတဲ့ ေခတ္မွာေတာ့ ယုံဖို႔ ခက္ပါတယ္။ ေလာကီနယ္လြန္ ကိစၥရပ္ေတြကိုေတာ့ မေျပာလိုေပမယ့္ ဒီလိုအျဖစ္အပ်က္ေတြကို သိပၸံနည္းက်၊ ေဆးပညာအရ ရွင္းျပထားတာေတြေတာ့ ရွိပါတယ္။


 #နတ္ပူး သလား ႐ူးသလား။

 နတ္ပြဲေတြမွာ အေကာင္းႀကီးေတြကေန အစုလိုက္ ထကၾက၊ နဂါးဝင္ပူးတယ္ဆိုၿပီး ေျမႀကီးမွာ တြန့္လိမ္ၾက (ေရပါ ျဖန္းေပးရေသး) ဒီလိုမ်ိဳး ထူးဆန္းတဲ့ ျဖစ္ရပ္ေတြက ျမန္မာနိုင္ငံမွာပဲ ရွိတာ မဟုတ္ပါဘူး။ တျခားနိုင္ငံေတြမွာလည္း ရွိပါတယ္။ ဒါကို ေလ့လာၾကည့္လိုက္တဲ့အခါ Mass Hysteriaဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။


 Mass Hysteriaကို ေနာက္တစ္မ်ိဳး Collective obsessional behavior လို႔လည္း ေခၚပါတယ္။ ဆိုလိုတာက လူအစုလိုက္ အၿပဳံလိုက္က ထူးဆန္းတဲ့ အျပဳအမူေတြကို လုပ္ၾကတာေပါ့။ နိုင္ငံျခားမွာဆိုရင္ အေၾကာင္းရင္း မရွိဘဲ အစုလိုက္ ထကၾကတာေတြ ရွိပါတယ္။ ေတာ္ေတာ္ႀကီး ေမာၿပီး ပစ္လဲတဲ့အထိ ကၾကတာပါတဲ့။ ျမန္မာနိုင္ငံက နတ္ဝင္တာနဲ႕ေတာ့ ဆင္တူပါတယ္။


 Mass Hysteriaဆိုတာ စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုပါ။ ႐ူးတယ္ဆိုတာထက္ ခဏတာ အသိစိတ္လြတ္သြားတယ္လို႔ ေျပာရင္ ပိုမွန္ပါတယ္။ ဒါေၾကာင့္ပဲ သာမန္အခ်ိန္မွာ မလုပ္တဲ့ အလုပ္ေတြ လုပ္ၿပီး ၿပီးသြားရင္ မွတ္မိသလိုလို မမွတ္မိသလိုလို ျဖစ္ေနတာပါ။


 #Mass Hysteriaရဲ႕ လကၡဏာေတြက

 Mass Hysteriaက အမ်ိဳးမ်ိဳး ရွိပါတယ္။ ျမန္မာနိုင္ငံမွာ ျဖစ္တတ္တဲ့ အစုလိုက္ နတ္ပူးတာ၊ နဂါးပူးတာ အျပင္ သီခ်င္းတစ္ပုဒ္တည္းကို နားေထာင္ၿပီး အေၾကာဆြဲကုန္တာ၊ ဆိုရွယ္မီဒီယာမွာ တင္ထားတဲ့ ဗီဒီယိုကို ၾကည့္ၿပီး ထူးဆန္းတဲ့ လကၡဏာေတြ ခံစားရတာ၊ ေနရာတစ္ခုကို ေရာက္ရင္ လူတိုင္းက သတ္ေသခ်င္သလို ျဖစ္တာ ဒါေတြအားလုံးက Mass Hysteria မ်ိဳးကြဲေတြပါပဲ။


 Mass Hysteria က အမ်ိဳးအစားေတြ အမ်ားႀကီး ရွိသလို လကၡဏာေတြကလည္း အမ်ိဳးမ်ိဳးကြဲေနပါတယ္။ ဒါနဲ႕ ပတ္သက္ၿပီး ယူေက၊ လန္ဒန္မွာ ရွိတဲ့ Kings College က Prof. Simon Wessleyက Mass Hysteriaအတြက္ ေယဘူယ် မွန္ကန္တဲ့ အခ်က္ေတြကို ေဖာ္ျပထားပါတယ္။


ဒီျပႆနာက ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါေၾကာင့္ မဟုတ္ပါဘူး။ သူတို႔ကို ၾကည့္လိုက္ရင္ က်န္းမာေရးေကာင္းတဲ့ သာမန္လူေတြခ်ည္း ျဖစ္ေနတာကို ေတြ႕ရမွာပါ။

သာမန္အခ်ိန္ေတြဆို ဒီလို ထူးဆန္းတာေတြ မလုပ္တတ္ၾကပါဘူး။ ဥပမာ နတ္ဝင္တဲ့အခါ ကတဲ့သူေတြက သာမန္အခ်ိန္ေတြမွာ သီခ်င္းသံၾကားတိုင္းကတတ္တဲ့ အန္တီႀကီးေတြ မဟုတ္ပါဘူး။ နဂါးပူးတာလည္း ဒီလိုပါပဲ။ သာမန္အခ်ိန္ေတြမွာ ေျမႀကီးေပၚလွိမ့္ၿပီး ေရျဖန္းစရာ လိုတဲ့သူေတြ မဟုတ္ပါဘူး။

ႀကိဳတင္စီစဥ္ထားတာ မဟုတ္ပါဘူး။ ပူးခံရတဲ့သူေတြကို ၾကည့္လိုက္ရင္ အမ်ိဳးေတာ္ေနတာ၊ မိတ္ေဆြေတြ ျဖစ္ေနတာ မဟုတ္ပါဘူး။ တစ္ေနရာစီက လာၿပီး ပြဲေရာက္မွ ႐ုတ္တရက္ ထကၾကသူေတြပါ။ (လိမ္ဖို႔ ႀကိဳတင္စီစဥ္ထားတာေတြကေတာ့ သက္သက္ေပါ့ေလ။)

စိတ္ေက်နပ္ဖို႔ ထကၾကတာ မဟုတ္ပါဘူး။ ဆိုလိုတာက အေပ်ာ္အပါး ကိစၥအတြက္ သြားကၾကတာမ်ိဳး မဟုတ္ပါဘူး။ ဥပမာ EDMပြဲတို႔ ကလပ္တို႔မွာလည္း လူအစုလိုက္ ကၾကတာပါပဲ။ ဒါေပမယ့္ သူတို႔က သူတို႔ စိတ္ေပ်ာ္ဖို႔အတြက္ တမင္ကၾကတာပဲ ျဖစ္ပါတယ္။

တိုက္ဆိုင္မႈလည္း မဟုတ္ပါဘူး။

 ပေရာ္ဖက္ဆာႀကီးကေတာ့ Mass Hysteriaရဲ႕ လကၡဏာေတြကို ဒီ၅ခ်က္နဲ႕ ရွင္းထားပါတယ္။


#နတ္ပူး တာအျပင္ ျမန္မာနိုင္ငံမွာ ျဖစ္တတ္တဲ့ တျခား Mass Hysteriaမ်ား


 နတ္ပူး ၊ နဂါးပူးတာအျပင္ တျခားအစုလိုက္ အၿပဳံလိုက္ ျဖစ္တတ္တဲ့ ျပႆနာေတြလည္း ရွိပါေသးတယ္။ ဥပမာ

 -ကာကြယ္ေဆးေတြ စုထိုးေပးတာမွာ အစုလိုက္အၿပဳံလိုက္ မူးၿပီး ေအာ့အန္တာမ်ိဳး (အဲ့တုန္းကလည္း မွတ္မွတ္ရရ အမ်ိဳးသမီးေတြ မ်ားပါတယ္။)


 -သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့ေက်ာင္းမွာ ေက်ာင္းသူတစ္ေယာက္က ထငိုလိုက္လို႔ က်န္တဲ့သူေတြပါ သရဲဝင္ပူးသလိုျဖစ္တာမ်ိဳး


 -အလႉ ဒါမွမဟုတ္ အမ်ားသုံးေသာက္ေရကို ေသာက္ၿပီး အဆိပ္သင့္ၾကတာမ်ိဳး


 ဒီအျဖစ္အပ်က္ေတြမွာ လူနာေတြက လက္ေတြ႕မွာ ဘာေရာဂါမွ မရွိပါဘူး။ ကာကြယ္ေဆးနဲ႕ ဓာတ္မတည့္တာ၊ အစာအဆိပ္သင့္တာ စတာေတြ တကယ္ မခံစားရပါဘူး။ ဒါေပမယ့္ စိတ္ထဲမွာ ယုံၾကည္လြန္းတာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာ လကၡဏာေတြ ျပလာတာပါ။ ဒီလို စိတ္ေၾကာင့္ ႐ုပ္လကၡဏာေပၚလာတာကို Psychosomatic manifestation လို႔ ေခၚပါတယ္။


 တစ္ေယာက္ေလာက္က ဒီလို ျဖစ္သြားၿပီဆိုရင္ က်န္တဲ့သူေတြကလည္း တကယ္အဆိပ္သင့္တာ၊ ဓာတ္မတည့္တာလို႔ ထင္၊ ေၾကာက္စိတ္ေတြ ဝင္ၿပီး အစုလိုက္ အၿပဳံလိုက္ လကၡဏာေတြျပလာတာပဲ ျဖစ္ပါတယ္။


 (တစ္ခုရွိတာက ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာေတြ ဥပမာ ကာကြယ္ေဆးနဲ႕ တကယ္ မတည့္တာလား၊ တကယ္ အစာအဆိပ္သင့္တာ လားဆိုတာကို စစ္ေဆးၿပီးမွပဲ စိတ္ျပႆနာလို႔ သတ္မွတ္ရမွာပါ။)


 #အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္သလား။

 တိုက္ဆိုင္တာလားေတာ့ မသိေပမယ့္ နတ္ပြဲေတြ၊ နဂါးပြဲေတြမွာ ပူးၿပီဆိုရင္ အမ်ိဳးသမီးေတြ အျဖစ္မ်ားေနတာကို ေတြ႕ရပါတယ္။ ေလ့လာခ်က္ေတြအရလည္း အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈ ပိုမ်ားလို႔ပါတဲ့။


 အိမ္အလုပ္ေရာ၊ ႐ုံးအလုပ္ေတြေရာ၊ သားသမီးတာဝန္ေတြေရာ မ်ားတဲ့အခါက်ေတာ့ နဂိုတည္းကလည္း စိတ္ဖိစီးေနတတ္ပါတယ္။ ဒါေၾကာင့္ အလြယ္တကူ အသိစိတ္လြတ္လြယ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာမွာ ထူးဆန္းတဲ့ လကၡဏာေတြ ေပၚလာတာပဲ ျဖစ္ပါတယ္။


#ကမၻာတစ္လႊားက ထူးထူးျခားျခား Mass Hysteria မ်ား


 ျမန္မာနိုင္ငံမွာပဲ ဒီလို ထူးဆန္းတာေတြ ျဖစ္တတ္တာ မဟုတ္ပါဘူး။ ဟိုးအရင္ႏွစ္ေပါင္းမ်ားစြာတည္းက တျခားေနရာေတြမွာ အစုလိုက္ အၿပဳံလိုက္ Mass Hysteria ျဖစ္ခဲ့ၾကတာပါ။ ဥပမာ ေျပာရရင္


#၂၀ ရာစုက ေၾကာင္လိုေအာ္ျခင္း

 အဲ့တုန္းက အမ်ိဳးသမီးေတြကို ဖိႏွိပ္ဆက္ဆံခဲ့တဲ့ အခ်ိန္ဆိုေတာ့ အင္မတန္မွ စိတ္ဖိစီးစရာ မ်ားပါတယ္။ ေန႕တိုင္း အမ်ိဳးသမီး ခရစ္ယာန္သီလရွင္ေတြက နာရီေပါင္းမ်ားစြာ အခ်ိန္မွန္မွန္ေၾကာင္လို ေအာ္ခဲ့ၾကတာပါတဲ့။ ေနာက္ဆုံး ႀကိမ္ေတြနဲ႕ ရိုက္ၿပီး ေျဖရွင္းခဲ့ပါတယ္တဲ့။


#Tanganyikaမွ ရယ္သံမ်ား

 ခု တန္ဇန္းနီးယားလို႔ ေခၚတဲ့ ေဒသက ႐ြာေလးတစ္႐ြာမွာ ၁၉၆၂ က ျဖစ္ခဲ့တာပါ။ ေဘာ္ဒါေက်ာင္းမွာ ေက်ာင္းသားတစ္ေယာက္ ထရယ္တာက စၿပီး ျဖစ္တာပါ။ သူကေန သူ႕သူငယ္ခ်င္း၊ ဆရာေတြ၊ ေနာက္ဆုံး မိဘေတြပါ လိုက္ရယ္တာပါ။ အံ့ၾသစရာေကာင္းတာက ၁၈လၾကာေအာင္ ရယ္ေနခဲ့တာပါ။ တခ်ိဳ႕မ်ားဆို ရယ္ရာက ငို၊ ရင္ဘတ္ေတြေအာင့္၊ အသက္ရႉေတြက်ပ္တဲ့အထိ ျဖစ္ၾကပါသတဲ့။


#လမ္းမေပၚက ကေခ်သည္

 ၁၅၁၈က ျပင္သစ္နိုင္ငံ၊ Strasbourgမွာ ျဖစ္သြားတာပါ။ ဒီတစ္ခါလည္း အမ်ိဳးသမီးပါပဲ။ Fao Troffea ဆိုတဲ့ အမ်ိဳးသမီးက အေၾကာင္းရင္း မရွိဘဲ လမ္းေပၚမွာ ထြက္ကတာပါ။ သီခ်င္းလည္း ဖြင့္မထားဘဲနဲ႕ကို ကတာပါ။ တစ္ပတ္ေလာက္ မရပ္မနားကၿပီးတဲ့အခ်ိန္မွာ သူ႕နားမွာ လူ၃၀ေလာက္ ျဖစ္ေနပါၿပီ။ ဒီလူေတြကလည္း အေၾကာင္းအရင္းမရွိဘဲ လာကၾကတဲ့ သူေတြပါပဲ။ တစ္လမျပည့္ခင္မွာပဲ လမ္းေပၚမွာ လူ ၄၀၀ေလာက္ စုမိေဆာင္းမိ ျဖစ္ေနပါၿပီ။ တခ်ိဳ႕ဆို ကေနရင္း အေမာေဖာက္ၿပီး ဆုံးသြားတာေတြေတာင္ ရွိပါသတဲ့။


 ဘယ္လိုမွ ရပ္ဖို႔ မတတ္နိုင္တဲ့ အဆုံးမွာ ေကာင္စီဝင္ေတြက ကဟာဆိုၿပီး ေဘးနားမွာ တီးဝိုင္းအဖြဲ႕ေလး ထားေပးလိုက္ပါသတဲ့။ ေနာက္ဆုံး ၁လေလာက္ေနမွ အလိုလို ရပ္သြားၾကပါတယ္။ အဲ့တုန္းကေတာ့ ထူးဆန္းတဲ့ ပိုးတစ္မ်ိဳး ကူးခံရတယ္လို႔ ထင္ၾကတာေပါ့။ ခုက်ေတာ့မွ Mass Hysteria လို႔ ေျပာနိုင္ပါတယ္။


 #Mass Hysteriaကို ကုသလို႔ ရသလား။

 Mass Hysteriaမွန္း မသိတဲ့အတြက္ ကုသမႈ ခံယူသူကလည္း ခပ္ရွားရွားပါပဲ။ ထူးျခားတဲ့ လကၡဏာေတြျပေနတဲ့ အဖြဲ႕ထဲကေန ခြဲထုတ္တာ ေလာက္ပဲ လုပ္ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ စိတ္ဖိစီးမႈနည္းေအာင္ ေနခိုင္းတာ၊ စိတ္ကုထုံးေတြ ခံယူခိုင္းေတာ့ ရွိပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: