Friday, November 19, 2021
လက်ဖက်သုပ်စားကြမယ်
လက်ဖက်သုပ်စားကြမယ်
(၁) အထူးစပါယ်ရှယ် လက်ဖက်သုပ်
အသီးမွာ သရက်၊ အသားမွာ ၀က်၊ အရွက်မှာ လက်ဖက် ဆိုသည့် ဆိုရိုးစကားအတိုင်း အရွက်မှာတော့ လက္ဖက္က အကောင်းဆုံးပါ။ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေးတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အေလ့အထ တစ္ခုပါပဲ။ အထူးစပယ်ရှယ် လက်ဖက်သုပ်မှာတော့ ပိုမိုထူးခြား ကောင်းမွန်သွားအောင် လက်ဖက်၊ အကြော်စုံအပြင် ပြောင်းဖူး၊ မြေပဲ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ သီဟိုဌ်စေ့၊ ဖရုံစေ့တို့နဲ့ ချို၊ချဉ်၊ သုပ္ထားတာပါ။ ခုပဲ အထူးစပယ်ရှယ် လက္ဖက္သုပ္ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်ကြရအောင်။
ပါ၀င်ပစ္စည်းများ
အရီးတောင်း ဇီယန်း လက်ဖက် ၁၀၀ဂရမ်
အကြော်စုံ ၂၅၀ ဂရမ်
မြေပဲ စားပွဲတင်ဇွန်း ၄ဇွန်း
ပြောင်းဖူး ဖူး၀က် (ပြုတ်ထားပြီ အစေ့ချွေပေးပါ)
သီဟိုဌ်စေ့ စားပွဲတင်ဇွန်း ၄ဇွန်း (ဆီဖြင့် အနည်းငယ် ကြော်ပေးပါ)
ဖရုံစေ့ စားပွဲတင်ဇွန်း ၁ဇွန်း
ငါးတူနီငါးကြော် ၁၀ကောင်
ခရမ်းချဉ်သီး ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလွီးပါ)
ဂေါ်ဖီ ၁စိပ်
ဆတ်သားခြောက် ၅ခု (ညက်အောင် ထောင်းထားပါ)
ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
ငရုတ်သီးစိမ်း ၂တောင့် (ပါးပါးလွီးပါ)
ကြက်သွန်ဖြူ ၂မွှာ (တွဲဖက်သုံးဆောင်ရန်)
သံပရာသီး ၁လုံး (အရည်ညှစ်ရန်)
မြေပဲဆီ စားပွဲတင်ဇွန်း ၅ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တ၀က်
ဆွမ်းအုပ် ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
သုပ်နည်း
၁။ အရင်ဆုံး ခြစ်တံဖြင့် ဂေါ်ဖီများကို ခြစ်ပေးပါ။
၂။ ပြီလျှင် ဇောက်ပန်းကန်လုံးထဲ ပါ၀င်ပစ္စည်းများဖြစ်သော (ဂေါ်ဖီ၊ လက်ဖက်၊ အကြော်စုံ၊ မြေပဲ၊ ပြောင်းဖူး၊ ငါးတူနီ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ သီဟိုဌ်စေ့၊ ဖရုံစေ့၊ ငရုတ်သီးစိမ်း) တို့ကို ထည့်လိုက်ပါ။
၃။ ပြီလျှင် ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာရည် တို့ကို ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။
၄။ အရသာရှိသော အထူးစပယ်ရှယ် လက္ဖက္သုပ္ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ..
(Wutyee Gourmet Foods)
(၂) ချဉ်ငန်စပ်လက်ဖက်သုပ်
ပြင်ဆင်ချိန် (10 မိနစ်)
တည်ခင်းနိုင်မှု (4 ဦးစာ)
တခြားနိုင်ငံတွေမှာ လက္ဖက္ဆိုတာ ရေနွေးကြမ်းအဖြစ် သောက်စရာတစ်ခုဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ဖက်ရွက်ကို သုပ်စားကြပြီး လူကြိုက်အများဆုံးအသုပ်တစ်မျိုးပေါ့။ ညီမတို့တော့ မိသားစုတွေဆုံပြီဆိုတာနဲ့ လက်ဖက်လေးသုပ်၊ရေနွေးကြမ်းလေးနဲ့ စကားတွေ ဖောင်ဖွဲ့ကြတာပဲ။ဒီတစ်ပတ်တော့ အိမ်မှာ သုပ်နေကျ လက်ဖက်သုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
လက်ဖက်နှပ် ၅ ကျပ်သား (အချို)
ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလွီးထားပါ)
ဂေါ်ဖီအသေးတစ်စိတ် (ပါးပါးလွီးထားပါ)
ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ ဇွန်း
မြေပဲ ထမင်းစားဇွန်း ၃ ဇွန်း
နှမ်း ထမင်းစားဇွန်း ၂ ဇွန်း
ပဲခြမ်းကြော် ထမင်းစားဇွန်း ၂ ဇွန်း
ပုစွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း
ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုရာသီး ၁ လုံး
ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း ၅ တောင့် (အနေတော်လှီးထားပါ)
ငရုတ်သီးစိမ်း ၅ တောင့်
ဆီ ထမင်းစားဇွန်း ၄ ဇွန်း
ငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလွီးထားပါ)
ကြက်သွန်ဖြူ ၅ မြွှာ
ချက်ပြုတ်ပြင်ဆင်ပုံ
ပထမဆုံးလက်ဖက်နှပ်ပြီးသားထဲကို ဆီတစ်ဇွန်းထည့်၊ခနောကြက်သားမှုန့်ထည့်၊သံပုရာသီး၁လုံးစာညှစ်ပြီး ကြက်သွန်ဖြူ ၅မွှာနဲ့ ငရုတ်သီးစိမ်း ၅တောင့် ခပ်ပါးပါးလှီးထည့်နယ်ထားပါ။
လက်ဖက်နှပ်ထဲကို ကြက်သွန်ကြော်၊မြေပဲ၊နှမ်း၊ပဲခြမ်းကြော်၊ပုစွန်ခြောက်မှုန့်၊ခရမ်းချဉ်သီးနဲ့ဂေါ်ဖီတို့ထည့်ပါမယ်။
ငံပြာရည်ဆမ်းပါ။ဆီ ၃ ဇွန်းထည့်ကာ လက်နဲ့နယ်ပါမယ်။
အဆုံးမွ အပေါ်က ပုစွန်ခြောက်လေးတွေ ဖြူးထည့်ပြီး ကျန်တဲ့ ငရုတ်သီးစိမ်းငါးတောင့်နဲ့ ကြက်သွန်ဖြူတောင့်လေးတွေ ကိုက်လိုက်ရင် ချဉ်ငန်စပ်ပြီး ပွင့်ထွက်မယ့် လက်ဖက်သုပ်လေးကို တစ်မိသားစုလုံးစားရပြီပေါ့။
(၃) မန်ကျည်းရွက် လက်ဖက်သုပ်
ပါဝင်ပစ္စည်းများ
မန်ကျည်းရွက်နု လက္တစ္ဆုပ္စာ
လက်ဖက် ၁ ဇွန်း
ကြက်သွန်နီ ၁ လုံး
ပြောင်းဖူးပြုတ် ၂ ဇွန်း (ြွခေထားပါ)
နှမ်း ၁ ဇွန်း
ကြက်သွန်ဖြူကြော် ၁ ဇွန်း
မြေပဲ ၁ ဇွန်း
ခရမ်းချဉ်သီး အေသး ၄ လုံး၊ အကြီး ၁ လုံး
ပုစွန်ခြောက် (လိုအပ်လျှင်)
ဆီ ၂ ဇွန်း
ဆား ၁/၂ ဇွန်းသေး
ပြုလုပ်နည်း
၁။ မန်ကျည်းရွက်ကို ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ။ လက်ဖက်နှပ်ပြီးသား ၁ ဇွန်း၊ ကြက်သွန်နီ ပါးပါးလွီးထားပါ။ အားလုံးအစဉ်လိုက်အတိုင်း ထည့်၍ သေချာစွာနယ်ပြီး စားသုံးနိုင်ပါပြီ။
(တင်တင်ဦး) 
(၄) ကြက်သားလက်ဖက်သုပ်
------------------------------
တရုတ်ရိုးရာအစားအစာတွေမှာ လက်ဖက်ခြောက်နဲ့ ကျပ်တိုက်ပြီး ကင်တဲ့ ကြက်သား၊ လက်ဖက်ခြောက်အနံ့တို့ကို ယူပြီး လုပ္ထားတဲ့ ဟင်းရည်နဲ့ ထမင်းရှိပါတယ်။ လက္ဖက္ကေတာ့ မြန်မာ့ရိုးရာအစားအစာပါ။ လက္ဖက္ကို အမျိုးမျိုး လုပ်စားကြတယ်။ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ ကြက်သားလက်ဖက်သုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား ၂၃၀ ဂရမ်
ချင်း ၂၀ ဂရမ်
ကြက်သွန်ဖြူ ၂ မြွှာ
ရေ ၆၀ဝ မီလီလီတာ
ဇယန်းလက်ဖက်အညွန့် စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးစိမ်းအနီ ၂၈ ဂရမ်
ငရုတ်သီးစိမ်း ၂၃ ဂရမ်
ကြက်သွန်ဖြူ ၃၅ ဂရမ်
ချယ်ရီခရမ်းချဉ်သီး ၅ လုံး
ဂေါ်ဖီ
သံပရာသီး ၆ လုံး (သို့)
သံပရာရည် စားပွဲဇွန်း ၃ ဇွန်း
ပုစွန်ခြောက် စားပွဲဇွန်း ၂ ဇွန်း (ရေစိမ်ထားပါ)
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆီ စားပွဲဇွန်း ၃ ဇွန်း
ခရမ်းချဉ်သီး ၂ လုံး (၁၀ဝ ဂရမ်)
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူကြော် စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်ရင်ပုံသားကို ပါးပါးလွီးထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ဆားထည့်ပြီး ပြုတ်ထားပါ။ ကျက်လျှင် ဆယ်ယူပြီး အေအးခံထားပါ။
၂။ ဇယန်းလက်ဖက်ကို ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဆားတို့နဲ့ ရောပြီး ကြေညက်အောင် ထောင်းပါ။
၃။ လက်ဖက်ညက်လျှင် သံပရာရည်ထည့်ကာ စိမ်ပြီး နယ္ထားပါ။
၄။ ပြုတ်ထားတဲ့ ကြက်သားကို အသားမျှင်ထားပါ။
၅။ ဂေါ်ဖီနှင့် ခရမ်းချဉ်သီကို ပါးပါးလွီးထားပါ။
၇။ ပြီးလျှင် အသုပ်သုပ်မည့် ဇလုံထဲ မျှင်ထားတဲ့ ကြက်သားအသားကို ထည့်ပါ။ ပြီးလျှင် နှပ်ထားတဲ့ လက်ဖက်၊ ဂေါ် ဖီ၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ငံပြာရည်နှင့် ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီး နယ်ပါ။
၈။ ပြီးလျှင် ပန်းကန်ထဲကို ပြောင်းထည့်ကာ ကြက်သွန်ဖြူကြော် ဖြူးပြီး သုံးဆောင်ပါ။
-------------------------------------
Myint Oo Tha
လက်ဖက်သုပ်စားကြမယ်
“အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်” ဆိုသည့် ဆိုရိုးစကားအတိုင်း အရွက်မှာတော့ လက်ဖက်က အကောင်းဆုံးပါ။ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေးတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ အထူးစပယ်ရှယ် လက်ဖက်သုပ်မှာတော့ ပိုမိုထူးခြား ကောင်းမွန်သွားအောင် လက်ဖက်၊ အကြော်စုံအပြင် ပြောင်းဖူး၊ မြေပဲ၊ ဆတ်သားခြောက်၊ ပုဇွန်ခြောက်၊ သီဟိုဌ်စေ့၊ ဖရုံစေ့တို့နဲ့ ချို၊ချဉ်၊ သုပ်ထားတာပါ။ ခုပဲ အထူးစပယ်ရှယ် လက်ဖက်သုပ်ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်ကြရအောင်။
ပါဝင်ပစ္စည်းများ
အကြော်စုံ ၂၅၀ ဂရမ်
ခရမ်းချဉ်သီး ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ဂေါ်ဖီ ၁စိပ်
ငရုတ်သီးစိမ်း ၂တောင့် (ပါးပါးလှီးပါ)
သုပ်နည်း
၎။ အရသာရှိသော အထူးစပယ်ရှယ် လက်ဖက်သုပ်ကို ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ..
(Wutyee Gourmet Foods)
ပြင်ဆင်ချိန် (10 မိနစ်)
ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
ဂေါ်ဖီအသေးတစ်စိတ် (ပါးပါးလှီးထားပါ)
သံပုရာသီး ၁ လုံး
ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ ၅ မြွှာ
ချက်ပြုတ်ပြင်ဆင်ပုံ
အဆုံးမှ အပေါ်က ပုစွန်ခြောက်လေးတွေ ဖြူးထည့်ပြီး ကျန်တဲ့ ငရုတ်သီးစိမ်းငါးတောင့်နဲ့ ကြက်သွန်ဖြူတောင့်လေးတွေ ကိုက်လိုက်ရင် ချဉ်ငန်စပ်ပြီး ပွင့်ထွက်မယ့် လက်ဖက်သုပ်လေးကို တစ်မိသားစုလုံးစားရပြီပေါ့။
ပါဝင်ပစ္စည်းများ
မန်ကျည်းရွက်နု လက်တစ်ဆုပ်စာ
လက်ဖက် ၁ ဇွန်း
ကြက်သွန်နီ ၁ လုံး
နှမ်း ၁ ဇွန်း
မြေပဲ ၁ ဇွန်း
ခရမ်းချဉ်သီး အသေး ၄ လုံး၊ အကြီး ၁ လုံး
ဆီ ၂ ဇွန်း
ဆား ၁/၂ ဇွန်းသေး
ပြုလုပ်နည်း
(တင်တင်ဦး) 
(၄) ကြက်သားလက်ဖက်သုပ်
------------------------------
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား ၂၃၀ ဂရမ်
ချင်း ၂၀ ဂရမ်
ကြက်သွန်ဖြူ ၂ မြွှာ
ရေ ၆၀ဝ မီလီလီတာ
ငရုတ်သီးစိမ်း ၂၃ ဂရမ်
ကြက်သွန်ဖြူ ၃၅ ဂရမ်
ဂေါ်ဖီ
သံပရာသီး ၆ လုံး (သို့)
ဆီ စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်ရင်ပုံသားကို ပါးပါးလှီးထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ဆားထည့်ပြီး ပြုတ်ထားပါ။ ကျက်လျှင် ဆယ်ယူပြီး အအေးခံထားပါ။
၃။ လက်ဖက်ညက်လျှင် သံပရာရည်ထည့်ကာ စိမ်ပြီး နယ်ထားပါ။
၅။ ဂေါ်ဖီနှင့် ခရမ်းချဉ်သီကို ပါးပါးလှီးထားပါ။
-------------------------------------
Myint Oo Tha
No comments: