Tuesday, November 30, 2021

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

 ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)




စာရေးသူ Ye Myo Myat 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Hello Sayarwon Panel 

#အမျိုးသားကျန်းမာရေးကိစ္စ

#Sexual_Health

#ဆေးပညာဗဟုသုတ


(သာမန်မဟုတ်တဲ့ အကြောင်းအရာကိစ္စတွေဖြစ်ပေါ်လာရင် ဆေးအကူအညီ သို့မဟုတ် ဆေးဘက်ပညာသည်တွေရဲ့အကူအညီကို မရှက်မကြောက်ဘဲ တောင်းခံရတော့တာ သဘာ၀ပါ။ လိင်မှုရေးရာမှာ ကြာရှည်အစွမ်းပြနိုင်အောင် ဆေးတွေသောက်၊ ဆေးတွေထိုးတာ ပြဿနာမဖြစ်ရင်တော့ကောင်းတာပေါ့လေ။ သည်လိုမှမဟုတ်ရင်တော့ ဒုက္ခ။ ဖတ်ကြည့်ကြပါဦး မောင်းတံကြီး ပြန်မကျနိုင်တဲ့ကိစ္စ အကြောင်းလေး။)


ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

 အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေး လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရွိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ္လိုမွ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ ရပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။


 Priapism ရဲ့ ရောဂါလက္ခဏာတွေ


 လိင်အင်္ဂါ ထောင်မတ်ပြီး ပြန်မကျတော့တဲ့ အခြေအနေကို သွေးစီးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။


 ပထမ တစ်မျိုး ဖြစ်တဲ့ သွေးစီးဆင်းနှုန်း နည်းသေးတဲ့ အခြေအနေ (Low-flow or Ischemic Priapism) မွာ


  ထောင်မတ်နေချိန် ၄နာရီထက် ကြာမြင့်ခြင်း

  လိင်အင်္ဂါရဲ့ ထိပ္က ပျော့နေပြီး ကိုယ်ထည်က မာနေခြင်း

  လိင်အင်္ဂါအတွင်းက နာကျင်နေခြင်းကို ခံစားရပါတယ်။


 ဒုတိယ သွေးစီးဆင်းနှုန်း မြင့်တဲ့ ထောင်မတ်ခြင်း အခြေအနေ (High-flow Priapism) မှာတော့ နာကျင်မှုကို ခံစားရေတာ့မွာ မဟုတ်ပါဘူး။ လိင်ဆက်ဆံပြီး ဖြစ်စေ၊ လိင်စိတ်ထကြွစေရန် နှိုးဆွခြင်းမရှိတဲ့တိုင်အောင် သူ့အလိုလို ထောင်မတ်ပြီး ပြန်မကျတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။


 ဘာကြောင့် ဒီပြဿနာနဲ့ ကြုံတွေ့လာရတာလဲ။


 အဓိက လိင်အင်္ဂါတွင်း သွေးစီးဆင်းမှု အဝင်အထွက်ကို အဟန့်အတားဖြစ်စေတဲ့ ရောဂါ၊ ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဖြစ်ရတာပါ။ သွေးအားနည်း ရောဂါရှိသူ၊ သွေးကင်ဆာရှိသူ၊ သွေးဖြူဆဲလ်တွေကြောင့် ဖြစ်တဲ့ ကင်ဆာအမျိုးအစားကြောင့် Priapism ပြဿနာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရှားပါးဖြစ်စဉ်အနေနဲ့


  စိတ်ကျရောဂါ ထိန်းချုပ်ဆေး

  စိုးရိမ်ပူပန်ခြင်းကို ထိန်းချုပ်တဲ့ဆေး

  သွေးကျဲဆေးတွေကို အလွန်အကျွံ သောက်နေရခြင်း

  ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ အဆိပ်သင့်ခြင်း

  အဆိပ်ရှိပင့်ကူနက် အကိုက်ခံရခြင်း

  ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့ ရောဂါ

  ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါ

  လိင်တံကင်ဆာ

  အရက်၊ ဆေးခြောက်၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။


 ဘယ္လို ကုသမှုခံယူသင့်လဲ။


 အကယ်လို့ ကိုယ့်ရဲ့ လိင်တံထောင်မတ်နေတာ ၄ နာရီထက် ကျော်သွားတာ၊ အချိန်အကြာကြီး ထောင်မတ်ပြီးနောက် ပြန်မကျတော့ဘဲ နာလာတာဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရှင်ရဲ့ လိင်အင်္ဂါ အခြေအနေ၊ ကျန်းမာရေး ပြဿနာ၊ နောက်ကြောင်း ရာဇဝင်၊ ရောဂါအတွက် ရေရှည်စွဲသောက်နေရတဲ့ သောက်ဆေး စတာတွေကို အရင်ဆုံး မေးမြန်းစစ်ဆေးမှာ ဖြစ်ပါတယ်။


 နောက်ထပ် လိုအပ်တဲ့ စစ်ဆေးမှုအနေနဲ့


  ထောင်မတ်နေတဲ့ လိင်တံအတွင်း အပ်နဲ့ ထိုးသွင်းကာ သွေးနမူနာယူခြင်း

  သွေးတွင်းမှာ ရွိတဲ့ သွေးနီဆဲလ် ပမာဏကို စစ်ဆေးခြင်း

  ဆီးနမူနာယူပြီး မူးယစ်ဆေး သုံးစွဲထားခြင်း ရွိ၊ မရွိ စစ်ဆေးခြင်း

  လိင်တံအတွင်း သွေးစီးဆင်းမှုနှုန်းကို တိုင်းတာရန် အာထရာဆောင်းရိုက်ခြင်း စတာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


 ကုသမှုပုံစံအနေနဲ့


 ၁။ Low-flow အမျိုးအစားကြောင့် ဖြစ်တဲ့ Priapism ပြဿနာအတွက် လိင်တံကို ဆေးထိုးအပ်နဲ့ ထိုးဖောက်ပြီး အထဲမွာ အောင်းနေတဲ့ သွေးများကို ဆေးထိုးပြွန်ထဲ ထုတ်ယူမှာ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ သွေးနည်းလာတာနဲ့အမျှ နာကျင်မှုက သက္သာလာမွာ ဖြစ်ပြီး ထောင်မတ်ခြင်းလည်း ပြန်ကျသွားမှာ ဖြစ်ပါတယ်။


 ၂။ နောက်ထပ် ကုသမှုအနေနဲ့ သွေးကြောများကို ကျဉ်းသွားစေတဲ့ ဆေးရည်ကို လိင်အင်္ဂါအတွင်း ထိုးသွင်းတဲ့ ကုထုံးကို အသုံးပြုနိုင်ပါတယ်။ လိင်အင်္ဂါအတွင်း သွေးဝင်စေတဲ့ သွေးကြောများကို ကျုံ့သွားစေပြီး အပြင်ပြန်ထွက်စေတဲ့ သွေးကြောများကို ချဲ့ပေးလိုက်ခြင်းဖြင့် လိင်အင်္ဂါအတွင်းက သွေးများကို ခန္ဓာကိုယ်နေရာအနှံ့ဆီ ပြန်ရောက်သွားအောင် ကူညီပေးနိုင်ပါတယ်။


 ၃။ ဒီကုသမှု ၂ မျိုးလုံးနဲ့ အဆင်မပြေဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ ဆရာဝန္က အကြံပေးမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်က လိင်အင်္ဂါအတွင်း သွေးဝင်ထွက်နှုန်းကို ထိန်းချုပ်ဖို့ သွေးကြောများကို ပြုပြင်ပေးဖို့ပဲ ဖြစ်ပါတယ်။


 ၄။ High-Flow အမျိုးအစား လိင်တံထောင်မတ်ခြင်းကတော့ သိပ်ပြီး အန္တရာယ်မရှိတဲ့အပြင် နာကျင်မှုလည်း မရှိတာကြောင့် ကုသမှု ကြီးကြီးမားမား ခံယူဖို့ မလိုပါဘူး။ ရံဖန်ရံခါမှာ ကုသမှု မခံယူဘဲ သူ့အလိုလို ထောင်မတ်ခြင်း ပြန်ကျသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လူနာရှင်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ ကုထုံးတွေကိုတော့ ဆရာဝန္က အကြံပေးမှာပါ။


 လိင်တံထောင်မတ်ခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ လိင်ကျန်းမာရေးနဲ့ လိင်မှုကိစ္စအတွက် အေရးပါတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ ထောင်မတ်ခြင်းကိုတော့ ကုသမှုခံယူဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်လို့ ရတာကြောင့် မပေါ့ဆသင့်ပါဘူးနော်။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမွာပဲ နိဂုံးချုပ်လိုက်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


 ေထာင္ေနတဲ့ ေမာင္းတံႀကီး ျပန္မက်နိဳင္ေတာ့ဘူးလား (Priapism)




စာေရးသူ Ye Myo Myat 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Hello Sayarwon Panel 

#အမ်ိဳးသားက်န္းမာေရးကိစၥ

#Sexual_Health

#ေဆးပညာဗဟုသုတ


(သာမန္မဟုတ္တဲ့ အေၾကာင္းအရာကိစၥေတြျဖစ္ေပၚလာရင္ ေဆးအကူအညီ သို႕မဟုတ္ ေဆးဘက္ပညာသည္ေတြရဲ႕အကူအညီကို မရွက္မေၾကာက္ဘဲ ေတာင္းခံရေတာ့တာ သဘာ၀ပါ။ လိင္မႈေရးရာမွာ ၾကာရွည္အစြမ္းျပႏိုင္ေအာင္ ေဆးေတြေသာက္၊ ေဆးေတြထိုးတာ ျပႆနာမျဖစ္ရင္ေတာ့ေကာင္းတာေပါ့ေလ။ သည္လိုမွမဟုတ္ရင္ေတာ့ ဒုကၡ။ ဖတ္ၾကည့္ၾကပါဦး ေမာင္းတံၾကီး ျပန္မက်ႏိုင္တဲ့ကိစၥ အေၾကာင္းေလး။)


ေထာင္ေနတဲ့ ေမာင္းတံႀကီး ျပန္မက်နိဳင္ေတာ့ဘူးလား (Priapism)

 အမ်ိဳးသားထုႀကီးနဲ႕ ပတ္သက္တဲ့ က်န္းမာေရး ျပႆနာတစ္ခုပါ။ Priapism ဆိုတာ လိင္အဂၤါ ေထာင္မတ္နိုင္ျခင္း နာရီနဲ႕ ခ်ီေနၿပီး လုံးဝျပန္မက်ေတာ့တဲ့ အေျခအေနကို ေခၚပါတယ္။ ပုံမွန္ ေယာက္်ားေလး လိင္အဂၤါ ေထာင္မတ္ျခင္း ျဖစ္ေစဖို႔ ခႏၶာကိုယ္မွာ ရွိတဲ့ ေသြးေတြက လိင္တံအတြင္း ေသြးေၾကာနဲ႕ တစ္ရႉးထဲကို စီးဆင္းကာ ေထာင္မတ္ျခင္း၊ ေဖာင္းႂကြျခင္းကို ျဖစ္ေစပါတယ္။ သုက္လႊတ္ၿပီးတာနဲ႕ ေသြးေတြက ခႏၶာကိုယ္ရဲ႕ က်န္တဲ့ အစိတ္အပိုင္းေတြဆီကို ျပန္ေရာက္သြားၿပီး လိင္အဂၤါ ေပ်ာ့ေခြသြားပါတယ္။ အၾကာဆုံး ၄၅ မိနစ္၊ တစ္နာရီေလာက္ပဲ ေထာင္မတ္ေနသင့္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ ၄နာရီထက္ ေက်ာ္လြန္ၿပီး ေထာင္မတ္ေနတာ၊ ဘယ္လိုမွ ျပန္မက်ေတာ့ဘူးဆိုရင္ေတာ့ Priapism လို႔ သတ္မွတ္လို႔ ရၿပီး အေရးေပၚ ကုသမႈခံယူဖို႔ လိုအပ္ပါတယ္။


 Priapism ရဲ႕ ေရာဂါလကၡဏာေတြ


 လိင္အဂၤါ ေထာင္မတ္ၿပီး ျပန္မက်ေတာ့တဲ့ အေျခအေနကို ေသြးစီးဆင္းမႈႏႈန္းေပၚ မူတည္ၿပီး ၂ မ်ိဳးခြဲျခားနိုင္ပါတယ္။


 ပထမ တစ္မ်ိဳး ျဖစ္တဲ့ ေသြးစီးဆင္းႏႈန္း နည္းေသးတဲ့ အေျခအေန (Low-flow or Ischemic Priapism) မွာ


  ေထာင္မတ္ေနခ်ိန္ ၄နာရီထက္ ၾကာျမင့္ျခင္း

  လိင္အဂၤါရဲ႕ ထိပ္က ေပ်ာ့ေနၿပီး ကိုယ္ထည္က မာေနျခင္း

  လိင္အဂၤါအတြင္းက နာက်င္ေနျခင္းကို ခံစားရပါတယ္။


 ဒုတိယ ေသြးစီးဆင္းႏႈန္း ျမင့္တဲ့ ေထာင္မတ္ျခင္း အေျခအေန (High-flow Priapism) မွာေတာ့ နာက်င္မႈကို ခံစားရေတာ့မွာ မဟုတ္ပါဘူး။ လိင္ဆက္ဆံၿပီး ျဖစ္ေစ၊ လိင္စိတ္ထႂကြေစရန္ ႏွိုးဆြျခင္းမရွိတဲ့တိုင္ေအာင္ သူ႕အလိုလို ေထာင္မတ္ၿပီး ျပန္မက်ေတာ့တာမ်ိဳးလည္း ျဖစ္လာနိုင္ပါတယ္။


 ဘာေၾကာင့္ ဒီျပႆနာနဲ႕ ႀကဳံေတြ႕လာရတာလဲ။


 အဓိက လိင္အဂၤါတြင္း ေသြးစီးဆင္းမႈ အဝင္အထြက္ကို အဟန႔္အတားျဖစ္ေစတဲ့ ေရာဂါ၊ က်န္းမာေရး အေျခအေနတစ္ခုေၾကာင့္ ျဖစ္ရတာပါ။ ေသြးအားနည္း ေရာဂါရွိသူ၊ ေသြးကင္ဆာရွိသူ၊ ေသြးျဖဴဆဲလ္ေတြေၾကာင့္ ျဖစ္တဲ့ ကင္ဆာအမ်ိဳးအစားေၾကာင့္ Priapism ျပႆနာ ျဖစ္နိုင္ေျခ ရွိပါတယ္။ ရွားပါးျဖစ္စဥ္အေနနဲ႕


  စိတ္က်ေရာဂါ ထိန္းခ်ဳပ္ေဆး

  စိုးရိမ္ပူပန္ျခင္းကို ထိန္းခ်ဳပ္တဲ့ေဆး

  ေသြးက်ဲေဆးေတြကို အလြန္အကြၽံ ေသာက္ေနရျခင္း

  ကာဗြန္မိုေနာက္ဆိုဒ္ ဓာတ္ေငြ႕ အဆိပ္သင့္ျခင္း

  အဆိပ္ရွိပင့္ကူနက္ အကိုက္ခံရျခင္း

  ဇီဝကမၼျဖစ္စဥ္ ကေမာက္ကမျဖစ္တဲ့ ေရာဂါ

  ဦးေႏွာက္အာ႐ုံေၾကာဆိုင္ရာ ေရာဂါ

  လိင္တံကင္ဆာ

  အရက္၊ ေဆးေျခာက္၊ မူးယစ္ေဆး အလြန္အကြၽံ သုံးစြဲျခင္း စတာေတြေၾကာင့္လည္း ျဖစ္နိုင္ေျခ ရွိပါတယ္။


 ဘယ္လို ကုသမႈခံယူသင့္လဲ။


 အကယ္လို႔ ကိုယ့္ရဲ႕ လိင္တံေထာင္မတ္ေနတာ ၄ နာရီထက္ ေက်ာ္သြားတာ၊ အခ်ိန္အၾကာႀကီး ေထာင္မတ္ၿပီးေနာက္ ျပန္မက်ေတာ့ဘဲ နာလာတာဆိုရင္ေတာ့ အေရးေပၚကုသမႈ ခံယူဖို႔ လိုအပ္ပါတယ္။ ဆရာဝန္အေနနဲ႕ လူနာရွင္ရဲ႕ လိင္အဂၤါ အေျခအေန၊ က်န္းမာေရး ျပႆနာ၊ ေနာက္ေၾကာင္း ရာဇဝင္၊ ေရာဂါအတြက္ ေရရွည္စြဲေသာက္ေနရတဲ့ ေသာက္ေဆး စတာေတြကို အရင္ဆုံး ေမးျမန္းစစ္ေဆးမွာ ျဖစ္ပါတယ္။


 ေနာက္ထပ္ လိုအပ္တဲ့ စစ္ေဆးမႈအေနနဲ႕


  ေထာင္မတ္ေနတဲ့ လိင္တံအတြင္း အပ္နဲ႕ ထိုးသြင္းကာ ေသြးနမူနာယူျခင္း

  ေသြးတြင္းမွာ ရွိတဲ့ ေသြးနီဆဲလ္ ပမာဏကို စစ္ေဆးျခင္း

  ဆီးနမူနာယူၿပီး မူးယစ္ေဆး သုံးစြဲထားျခင္း ရွိ၊ မရွိ စစ္ေဆးျခင္း

  လိင္တံအတြင္း ေသြးစီးဆင္းမႈႏႈန္းကို တိုင္းတာရန္ အာထရာေဆာင္းရိုက္ျခင္း စတာေတြကို ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။


 ကုသမႈပုံစံအေနနဲ႕


 ၁။ Low-flow အမ်ိဳးအစားေၾကာင့္ ျဖစ္တဲ့ Priapism ျပႆနာအတြက္ လိင္တံကို ေဆးထိုးအပ္နဲ႕ ထိုးေဖာက္ၿပီး အထဲမွာ ေအာင္းေနတဲ့ ေသြးမ်ားကို ေဆးထိုးႁပြန္ထဲ ထုတ္ယူမွာ ျဖစ္ပါတယ္။ လိင္အဂၤါမွာ ေသြးနည္းလာတာနဲ႕အမွ် နာက်င္မႈက သက္သာလာမွာ ျဖစ္ၿပီး ေထာင္မတ္ျခင္းလည္း ျပန္က်သြားမွာ ျဖစ္ပါတယ္။


 ၂။ ေနာက္ထပ္ ကုသမႈအေနနဲ႕ ေသြးေၾကာမ်ားကို က်ဥ္းသြားေစတဲ့ ေဆးရည္ကို လိင္အဂၤါအတြင္း ထိုးသြင္းတဲ့ ကုထုံးကို အသုံးျပဳနိုင္ပါတယ္။ လိင္အဂၤါအတြင္း ေသြးဝင္ေစတဲ့ ေသြးေၾကာမ်ားကို က်ဳံ႕သြားေစၿပီး အျပင္ျပန္ထြက္ေစတဲ့ ေသြးေၾကာမ်ားကို ခ်ဲ့ေပးလိုက္ျခင္းျဖင့္ လိင္အဂၤါအတြင္းက ေသြးမ်ားကို ခႏၶာကိုယ္ေနရာအႏွံ႕ဆီ ျပန္ေရာက္သြားေအာင္ ကူညီေပးနိုင္ပါတယ္။


 ၃။ ဒီကုသမႈ ၂ မ်ိဳးလုံးနဲ႕ အဆင္မေျပဘူးဆိုရင္ေတာ့ ခြဲစိတ္ကုသမႈ ခံယူဖို႔ ဆရာဝန္က အႀကံေပးမွာ ျဖစ္ပါတယ္။ ဒီခြဲစိတ္ကုသျခင္းရဲ႕ ရည္႐ြယ္ခ်က္က လိင္အဂၤါအတြင္း ေသြးဝင္ထြက္ႏႈန္းကို ထိန္းခ်ဳပ္ဖို႔ ေသြးေၾကာမ်ားကို ျပဳျပင္ေပးဖို႔ပဲ ျဖစ္ပါတယ္။


 ၄။ High-Flow အမ်ိဳးအစား လိင္တံေထာင္မတ္ျခင္းကေတာ့ သိပ္ၿပီး အႏၱရာယ္မရွိတဲ့အျပင္ နာက်င္မႈလည္း မရွိတာေၾကာင့္ ကုသမႈ ႀကီးႀကီးမားမား ခံယူဖို႔ မလိုပါဘူး။ ရံဖန္ရံခါမွာ ကုသမႈ မခံယူဘဲ သူ႕အလိုလို ေထာင္မတ္ျခင္း ျပန္က်သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ လူနာရွင္ရဲ႕ က်န္းမာေရးအေျခအေနေပၚ မူတည္ၿပီး လိုအပ္တဲ့ ေဆးဝါးနဲ႕ ကုထုံးေတြကိုေတာ့ ဆရာဝန္က အႀကံေပးမွာပါ။


 လိင္တံေထာင္မတ္ျခင္းဟာ အမ်ိဳးသားတစ္ေယာက္ရဲ႕ လိင္က်န္းမာေရးနဲ႕ လိင္မႈကိစၥအတြက္ အေရးပါတဲ့ လုပ္ငန္းေဆာင္တာ ျဖစ္ေပမယ့္ အခ်ိန္ၾကာျမင့္စြာ ေထာင္မတ္ျခင္းကိုေတာ့ ကုသမႈခံယူဖို႔ လိုအပ္တဲ့ က်န္းမာေရးျပႆနာအျဖစ္ သတ္မွတ္လို႔ ရတာေၾကာင့္ မေပါ့ဆသင့္ပါဘူးေနာ္။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: