Thursday, November 25, 2021

စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်

စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်




#မြန်မာသံအဆိုတော်

#တွံတေးသိန်းတန်

#အနုပညာရှင်များ


(အခုအချိန်ထိ အချို့ကျေးလက်ရွာတွေမှာ သူ့သီချင်းသံတွေကို ကြားနေရဆဲ ဂန္တ၀င်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ MRTV က တနင်္ဂနွေရုပ်ရှင်ဇာတ်ကားတွေလွှင့်ချိန်ဆိုရင် သူပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားအချို့ကို ကြည့်ခဲ့ရတာမှတ်မိတယ်။ သည်အနုပညာရှင်ကြီးအကြောင်း ၏သည်မရွေးမဖြစ်နိုင်သော်ငြား အကြမ်းဖျဉ်းလောက်သိရရင်ပဲ မဆိုးပါဘူးနော်။ ဖတ်ရှုနိုင်ဖို့ကူးယူ ေ၀ငှလိုက်ပါတယ်။)


တွံတေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက္တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသော ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ရုပ်ရှင်သည် လူကြိုက်များ ကျော်ကြားသော ရုပ်ရှင်တစ်ကားဖြစ်သည်။


တွံတေးသိန်းတန်ကို ရှမ်းနွယ်ဖွား မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။ မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။


#ငယ္ဘဝ 

အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်းကျောင်း)တွင် တတိယတန်းအထိ ပညာသင်ယူခဲ့သည်။ စတုတၳတန်းမှ သတ္တမတန်းအထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရွိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန်အရေးအခင်းဖြစ်၍ ခုနှစ်တန်းစာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာခဲ့သည်။


ထိုမှတဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူသည်။


#ဝန်ထမ်းဘဝ 

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမွ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။


#အနုပညာရှင်ဘဝ

တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မွ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ္ပုဒ္စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။


#ထွေးညို

၁၉၆၂နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ 


ထွေးညိုသည် တွံတေးသိန်းတန်၏ ရင်ထဲ အသည်းထဲမှလာသော သီချင်းတစ်ပုဒ်ဖြစ်ခဲ့ ရသည့်အကြောင်းရင်းနောက်ကွယ်တွင် အမှန် ပင် ရင်နင့်စရာဇာတ်လမ်းလည်း ရှိခဲ့သည်။ ငယ်စဉ်ဘဝကတည်းက အနုပညာကို ဝါသနာ ထုံခဲ့သော ကိုသိန်းတန်သည် လူငယ်၊ လူရွယ် ကာလက အခြားမည်သည့်အလုပ်ကိုမျှ လုပ်ကိုင်ခြင်းမရှိဘဲ အနုပညာသက်သက်ဖြင့်သာ ရှင်သန်နေထိုင်ခဲ့သည်။ ရပ်ထဲရွာထဲတွင် မယ်ဒလင်တစ်လက်ဖြင့် လှည့်လည် သီဆိုသြားလာ နေသော ကိုသိန်းတန်ကို တစ်ရွာလုံးက သတိထားမိကြသည်။


ထိုခေတ်ထိုအခါက အနုပညာသမားထက် အလုပ်အကိုင်သာ ခါးချိုး လုပ်ကိုင်သူများကိုသာ အထင်ကြီးလေ့ရှိကြချိန်ဖြစ်ရာ ကိုသိန်းတန်ဆိုလျှင် တစ်ရွာလုံးမှ သမီးရှင်များက မျက်နှာလွှဲ ထားကြပြီးဖြစ်သည်။ ထိုထိုအထဲတွင် ကိုသိန်းတန် ၏ ထွေးညိုမိဘများသည်လည်း ထိပ္ဆုံးက ပါဝင် ခဲ့သည်။ အနုပညာ လုပ်ကိုင်ရန် ရန်ကုန်သို့ တက်မလာမီ ကိုသိန်းတန်နှင့် ထွေးညိုတို့သည် အိုးဘို ရွာအထွက် ရှမ်းစုရွာ အဝင် ကုက္ကိုပင်ကြီး အောက်တွင် ညနေစောင်းကာလများ၌ တွေ့ဆုံ ကြည်နူးကြ သည်။ သို့သော် ထွေးညို၏ မိဘမ်ားက ကိုသိန်းတန် အနုပညာလောက၌ နာမည်ကြီးလာသည့်တိုင်အောင် အမြင်မကြည် သဘောမတူခဲ့သဖြင့် နှစ်ဦးသား ဝေးကွာခဲ့ကြ ရသည်။ ထွေးညိုသည် ကိုသိန်းတန်၏ နှလုံးသည်းပွတ်ဖြစ်သော်လည်း ပေါင်းဖက်ခွင့်ကား မရခဲ့။ ထိုဇာတ်လမ်းကို ယနေ့ထိတိုင် တွံတေး မြို့သူမြို့သားများ မှတ်မိနေကြဆဲ၊ ရင်နင့်နေကြဆဲပင် ဖြစ်သည်။


ထွေးညိုလေးရယ်အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ် ဟု သီချင်းသီဆိုခဲ့ သော ကိုသိန်းတန်ကြီးသည် ကိုယ်တိုင်မှာမူ အေဆြးကို ဖျောက်ဖျက်နိုင်ခဲ့စွမ်း ရွိ၊ မရွိ မည်သူ ကမွ် သိနိုင်လိမ့်မည် မဟုတ်ပေ။ အနုပညာ လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်နေ ချိန်တွင် ကိုသိန်းတန်တစ်ယောက် တွံတေးသို့ တစ်ခေါက်ပြန်ရောက်ခဲ့သည်။ ယခုရောက်ခြင်း မွာ အလည်သက်သက်မဟုတ်၊ တွံတေးမြို့၌ ဖျော်ဖြေရန် ဇာတ်ငှားရာမှ အခြားနာမည်ကြီး အနုပညာရှင်များနှင့်အတူ ပြန်လာဖျော်ဖြေခြင်း ဖြစ်သည်။ အသက်အရွယ်အရလည်း (၄၀) ကျော်နေပေပြီ။


ဇာတ်စင်မြင့်ထက်ဝယ် မြို့ပရိသတ်ကို အားပါးတရ ဖျော်ဖြေခဲ့ပြီး အပြန်ခရီးတွင် ထွေးညို ၏ နောက်ဆက်တွဲ ၄၀ကျော်အချစ်သီချင်း ကို ဖွဲ့သီရေးသားသီဆိုခဲ့ပြန်သည်။


မဆုံချင်တော့ရင်လည်း နေပါစေ ဒီတစ်သက် မတွေ့ချင်တော့ရင်လည်း နေပါ စေဒီဘဝ အခုတော့ ဒီလိုမဟုတ်ပါဘဲ လေး ဆယ်ကျော် ငါးနှစ်အတွင်းမှ ပြန်ဆုံရတဲ့ ငယ် ချစ်ဦးရယ် သြော် --_တွေးမိရင် ငယ် ကအကြောင်းတွေက ပြန်ပြောင်းသတိရစရာ ပါကွယ် စသည်ဖြင့် ကိုယ်တိုင် မဖျောက် ပစ်နိုင်သည့် ခံစားမှုကို ခ်စ္သူအား အမှတ် မထား ဖျောက်ဖျက်စေလိုသည်မှာ ထင်ရှားခဲ့ ပြန်သည်။ 


သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အညွာတစ္ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။




#ရုပ်ရှင်ရိုက်ကူးခြင်း 

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ္ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင် သရုပ်ဆောင်ခွင့် ရရွိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ္ကားကို ဆက်လက်ရိုက်ကူးသည်။ တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကား ပေါင်း (၆၇)ကား ရိုက်ကူးခဲ့သည်။ တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။


#ဓာတ်ပြားသီချင်း 

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန် ကိုယ်တိုင် အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅၀ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။


#ဇာတ်သဘင် 

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်အားပေးမှု အများဆုံးရရှိသော တေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ အညွာတစ္ခု၊ အေမ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂနၳဝင်တွင် ကျန်ရစ်သည်။


#စာရေးဆရာ 

ထို့ပြင် တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အခ်စ္ကစေန ကိုယ္ကစေန စေသာ ဝတ္တုစာအုပ်များက ထင်ရှားသည်။


#မိသားစုဘဝ

အဆိုတော်တွံတေးသိန်းတန်သည် ဒေါ်စန်းမြင့်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးတွေဖြစ်တဲ့ စိုင်းမြတ်သူ၊ သီရိသိန်းတန်၊ဝင်းပပသိန်းတန်၊ ချယ်ရီသိန်းတန် စတဲ့ ၄ ဦးထွန်းကားခဲ့ပါတယ်။ ထို့ပြင် ဘဝအချိုးအကွေ့ အပြောင်းအလဲ၌ အိမ်ထောင်ဖက်အနေနဲ့ အဆိုတော် ချစ်စံပယ်နဲ့ လက်ထပ်ခဲ့ပြီး ရွှေရည်သိန်းတန် ဆိုတဲ့ တစ်ဦးတည်းသော သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ၎င်းသမီးသည် ယခုအခါ ဖခင်နှင့် မိခင်ကဲ့သို့ပင် ရွှေရည်သိန်းတန် အမည်ဖြင့် အဆိုတော်တစ်ဦးဖြစ်လာသည်။


#ဘဝနိဂုံး 

တစ္သက္တာ ကာလပတ္လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန္နဝါရီလ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။


#References

*Wikipedia

*ဂနၳဝင်ဂီတဖြင့်ပရိသတ်ကို သိမ်းပိုက်ခဲ့သူ (သို့မဟုတ်) တွံတေးသိန်းတန် - myanmar.mmtimes

CRDSitNyeinLu

နော်ဂဲလယ်ထူး(စာပေပရဟိတ)



 စြယ္စုံရအႏုပညာရွင္ႀကီး တြံေတးသိန္းတန္




#ျမန္မာသံအဆိုေတာ္

#တြံေတးသိန္းတန္

#အႏုပညာရွင္မ်ား


(အခုအခ်ိန္ထိ အခ်ိဳ႕ေက်းလက္ရြာေတြမွာ သူ႕သီခ်င္းသံေတြကို ၾကားေနရဆဲ ဂႏၱ၀င္အဆိုေတာ္ၾကီးတစ္ေယာက္ျဖစ္ပါတယ္။ MRTV က တနဂၤေႏြရုပ္ရွင္ဇာတ္ကားေတြလႊင့္ခ်ိန္ဆိုရင္ သူပါ၀င္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ကားအခ်ိဳ႕ကို ၾကည့္ခဲ့ရတာမွတ္မိတယ္။ သည္အႏုပညာရွင္ၾကီးအေၾကာင္း ၏သည္မေရြးမျဖစ္ႏိုင္ေသာ္ျငား အၾကမ္းဖ်ဥ္းေလာက္သိရရင္ပဲ မဆိုးပါဘူးေနာ္။ ဖတ္ရႈႏိုင္ဖို႔ကူးယူ ေ၀ငွလိုက္ပါတယ္။)


တြံေတးသိန္းတန္သည္ ျမန္မာနိုင္ငံသား အဆိုေတာ္၊ စာေရးဆရာ၊ ေတးေရးဆရာ၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္၊ ႐ုပ္ရွင္ ဒါရိုက္တာ၊ ဇာတ္ဆရာတစ္ဦး ျဖစ္သည္။ သူသည္ ျပည္သူ႕အက်ိဳးကို သယ္ပိုးခဲ့သူျဖစ္ေသာေၾကာင့္ ျပည္သူခ်စ္ေသာ အႏုပညာသမား တစ္ဦး ျဖစ္ခဲ့သည္။ ၎ပါဝင္သ႐ုပ္ေဆာင္ထားေသာ “ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္” ႐ုပ္ရွင္သည္ လူႀကိဳက္မ်ား ေက်ာ္ၾကားေသာ ႐ုပ္ရွင္တစ္ကားျဖစ္သည္။


တြံေတးသိန္းတန္ကို ရွမ္းႏြယ္ဖြား ျမန္မာသမားေတာ္ႀကီး ဦးဖိုးဦးႏွင့္ ေဒၚညိုတို႔မွ ျမန္မာသကၠရာဇ္ ၁၃၀၃-ခုႏွစ္၊ သီတင္းကြၽတ္လဆန္း (၇)ရက္၊ ခရစ္ႏွစ္ ၁၉၄၁-ခု၊ စက္တင္ဘာလ (၂၆) ရက္၊ ေသာၾကာေန႕တြင္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္၊ ရွမ္းစုႀကီးေက်း႐ြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ေျခာက္ေယာက္အနက္ ပၪၥမေျမာက္ ျဖစ္သည္။ ေမြးခ်င္းမ်ားမွာ ကိုထြန္းရီ၊ မအုန္းက်င္၊ ကိုထြန္းေအး၊ မဝင္း၊ သိန္းတန္၊ ေမာင္ၾကည္ေငြတို႔ ျဖစ္သည္။ ေသာၾကာသားျဖစ္ေသာေၾကာင့္ ေန႕သင့္နံသင့္ ေမာင္သိန္းတန္ဟု အမည္ေပးခဲ့သည္။


#ငယ္ဘဝ 

အ႐ြယ္ေရာက္လာေသာအခါ ရွမ္းစုႀကီးေက်း႐ြာ မူလတန္းေက်ာင္း( ဆရာႀကီး ဦးခ်န္ထြန္းေက်ာင္း)တြင္ တတိယတန္းအထိ ပညာသင္ယူခဲ့သည္။ စတုတၳတန္းမွ သတၱမတန္းအထိ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္း၊ ဟုမ္းလမ္း (ယခု ပန္းလွိုင္လမ္း) ရွိ အစ္ကိုႀကီး ေဆးဆရာ ဦးထြန္းရီ၏ ေနအိမ္တြင္ ေနထိုင္ၿပီး ေက်ာင္းတက္ ပညာသင္ယူခဲ့သည္။ ရန္ကုန္တြင္ ခုႏွစ္တန္းအထိေနၿပီး ဟယ္ရီတန္အေရးအခင္းျဖစ္၍ ခုႏွစ္တန္းစာေမးပြဲ ေအာင္ကာ ဇာတိေျမ ရွမ္းစု႐ြာသို႔ ျပန္လာခဲ့သည္။


ထိုမွတဖန္ တြံေတး အေျခခံပညာ အထက္တန္းေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ပညာ သင္ယူခဲ့ရာ ၁၉၅၉ခုႏွစ္တြင္ နဝမတန္း စာေမးပြဲေအာင္ျမင္သည္။ တြံေတးသိန္းတန္သည္ ငယ္စဥ္ကပင္ ကဗ်ာေရးစပ္ သီကုံးျခင္းႏွင့္ သီခ်င္းဆိုျခင္း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တြံေတးမယ္ဒလင္ ဦးသန္းႂကြယ္ထံတြင္ ေတးဂီတပညာကို သင္ယူသည္။


#ဝန္ထမ္းဘဝ 

နဝမတန္း ေအာင္ျမင္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕၊ အစိုးရပုံႏွိပ္ႏွင့္ စာေရးကိရိယာဌာနတြင္ ဝင္ေရာက္လုပ္ကိုင္ၿပီး ၁၉၆၁ခုႏွစ္တြင္ ျမန္မာ့အသံသို႔ အငယ္တန္းစာေရးအျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္သည္။ ထိုမွ ျမန္မာ့အသံ ဓာတ္ျပား၊ ပိဋကတ္တိုက္တြင္ လက္ေထာက္ပိဋကတ္တိုက္မႉး အဆင့္ထိ တိုးျမႇင့္တာဝန္ထမ္းေဆာင္ခဲ့သည္။


#အႏုပညာရွင္ဘဝ

တြံေတးသိန္းတန္သည္ သီခ်င္းေရးသား သီဆိုျခင္း ဝါသနာအရ ဆရာဦးသန္းႂကြယ္၊ တပ္မေတာ္(ေရ)မွ PO ဦးသန္းျမင့္၊ ဂီတာသိန္းစိုး၊ စႏၵရားေမာင္ေမာင္ေအး၊ ေမာင္ေမာင္ေလးတို႔ထံမွ ဂီတပညာကို ဆည္းပူးခဲ့ၿပီး ၁၉၅၆-ခုႏွစ္တြင္ ျမန္မာ့အသံ ေရဒီယိုမွ ေတးသီခ်င္း တစ္ပုဒ္စ၊ ႏွစ္ပုဒ္စ စတင္ထုတ္လႊင့္ခဲ့ရာ ၁၉၆၀-၆၁-ခုႏွစ္က ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုခဲ့ေသာ မ်က္ရည္စမ္းျဖင့္ ခမ္းေလၿပီ သီခ်င္းျဖင့္ ဂီတနယ္သို႔ စတင္ဝင္ေရာက္ခဲ့သည္။


#ေထြးညိဳ

၁၉၆၂ႏွစ္တြင္ ကိုယ္တိုင္ေရးစပ္သီကုံးကာ ျမန္မာ့အသံမွ ထုတ္လႊင့္ေသာ “ေထြးညိဳ” သီခ်င္းျဖင့္ ျမန္မာနိုင္ငံ အႏွံ႕ ပ်ံ့ႏွံ႕ေက်ာ္ၾကား လူသိမ်ားလာသည္။ 


ေထြးညိုသည္ တြံေတးသိန္းတန္၏ ရင္ထဲ အသည္းထဲမွလာေသာ သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ ရသည့္အေၾကာင္းရင္းေနာက္ကြယ္တြင္ အမွန္ ပင္ ရင္နင့္စရာဇာတ္လမ္းလည္း ရွိခဲ့သည္။ ငယ္စဥ္ဘဝကတည္းက အႏုပညာကို ဝါသနာ ထုံခဲ့ေသာ ကိုသိန္းတန္သည္ လူငယ္၊ လူ႐ြယ္ ကာလက အျခားမည္သည့္အလုပ္ကိုမွ် လုပ္ကိုင္ျခင္းမရွိဘဲ အႏုပညာသက္သက္ျဖင့္သာ ရွင္သန္ေနထိုင္ခဲ့သည္။ ရပ္ထဲ႐ြာထဲတြင္ မယ္ဒလင္တစ္လက္ျဖင့္ လွည့္လည္ သီဆိုသြားလာ ေနေသာ ကိုသိန္းတန္ကို တစ္႐ြာလုံးက သတိထားမိၾကသည္။


ထိုေခတ္ထိုအခါက အႏုပညာသမားထက္ အလုပ္အကိုင္သာ ခါးခ်ိဳး လုပ္ကိုင္သူမ်ားကိုသာ အထင္ႀကီးေလ့ရွိၾကခ်ိန္ျဖစ္ရာ ကိုသိန္းတန္ဆိုလွ်င္ တစ္႐ြာလုံးမွ သမီးရွင္မ်ားက မ်က္ႏွာလႊဲ ထားၾကၿပီးျဖစ္သည္။ ထိုထိုအထဲတြင္ ကိုသိန္းတန္ ၏ ေထြးညိုမိဘမ်ားသည္လည္း ထိပ္ဆုံးက ပါဝင္ ခဲ့သည္။ အႏုပညာ လုပ္ကိုင္ရန္ ရန္ကုန္သို႔ တက္မလာမီ ကိုသိန္းတန္ႏွင့္ ေထြးညိုတို႔သည္ အိုးဘို ႐ြာအထြက္ ရွမ္းစု႐ြာ အဝင္ ကုကၠိုပင္ႀကီး ေအာက္တြင္ ညေနေစာင္းကာလမ်ား၌ ေတြ႕ဆုံ ၾကည္ႏူးၾက သည္။ သို႔ေသာ္ ေထြးညို၏ မိဘမ်ားက ကိုသိန္းတန္ အႏုပညာေလာက၌ နာမည္ႀကီးလာသည့္တိုင္ေအာင္ အျမင္မၾကည္ သေဘာမတူခဲ့သျဖင့္ ႏွစ္ဦးသား ေဝးကြာခဲ့ၾက ရသည္။ ေထြးညိုသည္ ကိုသိန္းတန္၏ ႏွလုံးသည္းပြတ္ျဖစ္ေသာ္လည္း ေပါင္းဖက္ခြင့္ကား မရခဲ့။ ထိုဇာတ္လမ္းကို ယေန႕ထိတိုင္ တြံေတး ၿမိဳ႕သူၿမိဳ႕သားမ်ား မွတ္မိေနၾကဆဲ၊ ရင္နင့္ေနၾကဆဲပင္ ျဖစ္သည္။


ေထြးညိုေလးရယ္အေဆြးဆိုတာ ေဖ်ာက္ဖ်က္ပစ္ရမယ္ ဟု သီခ်င္းသီဆိုခဲ့ ေသာ ကိုသိန္းတန္ႀကီးသည္ ကိုယ္တိုင္မွာမူ အေဆြးကို ေဖ်ာက္ဖ်က္နိုင္ခဲ့စြမ္း ရွိ၊ မရွိ မည္သူ ကမွ် သိနိုင္လိမ့္မည္ မဟုတ္ေပ။ အႏုပညာ ေလာက၌ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေန ခ်ိန္တြင္ ကိုသိန္းတန္တစ္ေယာက္ တြံေတးသို႔ တစ္ေခါက္ျပန္ေရာက္ခဲ့သည္။ ယခုေရာက္ျခင္း မွာ အလည္သက္သက္မဟုတ္၊ တြံေတးၿမိဳ႕၌ ေဖ်ာ္ေျဖရန္ ဇာတ္ငွားရာမွ အျခားနာမည္ႀကီး အႏုပညာရွင္မ်ားႏွင့္အတူ ျပန္လာေဖ်ာ္ေျဖျခင္း ျဖစ္သည္။ အသက္အ႐ြယ္အရလည္း (၄၀) ေက်ာ္ေနေပၿပီ။


ဇာတ္စင္ျမင့္ထက္ဝယ္ ၿမိဳ႕ပရိသတ္ကို အားပါးတရ ေဖ်ာ္ေျဖခဲ့ၿပီး အျပန္ခရီးတြင္ ေထြးညို ၏ ေနာက္ဆက္တြဲ ၄၀ေက်ာ္အခ်စ္သီခ်င္း ကို ဖြဲ႕သီေရးသားသီဆိုခဲ့ျပန္သည္။


မဆုံခ်င္ေတာ့ရင္လည္း ေနပါေစ ဒီတစ္သက္ မေတြ႕ခ်င္ေတာ့ရင္လည္း ေနပါ ေစဒီဘဝ အခုေတာ့ ဒီလိုမဟုတ္ပါဘဲ ေလး ဆယ္ေက်ာ္ ငါးႏွစ္အတြင္းမွ ျပန္ဆုံရတဲ့ ငယ္ ခ်စ္ဦးရယ္ ေၾသာ္ --_ေတြးမိရင္ ငယ္ ကအေၾကာင္းေတြက ျပန္ေျပာင္းသတိရစရာ ပါကြယ္ စသည္ျဖင့္ ကိုယ္တိုင္ မေဖ်ာက္ ပစ္နိုင္သည့္ ခံစားမႈကို ခ်စ္သူအား အမွတ္ မထား ေဖ်ာက္ဖ်က္ေစလိုသည္မွာ ထင္ရွားခဲ့ ျပန္သည္။ 


သို႔ႏွင့္ ဓာတ္ျပားေလာကတြင္ ပန္းႏြယ္ကစိမ္း၊ ႏွမလက္ေလွ်ာ့ေနေလေတာ့၊ ျမသီတာ အႀကိဳေတာ္ေထာက္ေပမယ့္၊ အသီးတစ္ရာ အညွာတစ္ခု၊ ေမတၱာမီးအိမ္၊ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္၊ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ မႈန္နံ႕သာ ျခယ္ကာသပါလို႔ စသည့္သီခ်င္းမ်ားႏွင့္ ေတးသံရွင္ အျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့သည္။ သူ၏သီခ်င္းမ်ားသည္ ေက်းလက္၏သဘာဝ အလွအပမ်ားႏွင့္ ေတာသူေတာင္သားတို႔၏ ခံစားမႈကို ကိုယ္စားျပဳသည္က မ်ားသည္။


#႐ုပ္ရွင္ရိုက္ကူးျခင္း 

ေထြးညိုသီခ်င္းက တြံေတးသိန္းတန္ကို နိုင္ငံေက်ာ္ ႐ုပ္ရွင္မင္းသားဘဝသို႔ ပို႔ေဆာင္ေပးခဲ့သည္။ ၁၉၆၄-ခုႏွစ္တြင္ ျမတ္ကဝိန္႐ုပ္ရွင္မွ ဒါရိုက္တာဦးလွေအာင္ ရိုက္ကူးေသာ “ေထြးညို” ဇာတ္ကား၌ မင္းသမီး ခင္သန္းႏု၊ သ႐ုပ္ေဆာင္ ေဌးဝင္းတို႔ႏွင့္ အတူ ပါဝင္ သ႐ုပ္ေဆာင္ခြင့္ ရရွိခဲ့ရာ ေတးသံရွင္ သ႐ုပ္ေဆာင္အျဖစ္ ထင္ရွားေက်ာ္ၾကားလာသည္။ ထို႔ေနာက္ ႐ုပ္ရွင္ဇာတ္ကားမ်ား ဆက္လက္ရိုက္ကူးရန္ ျမန္မာ့အသံမွ အလုပ္ထြက္ခဲ့ၿပီး “ခ်စ္သူေပးေသာ ေတးတပုဒ္”ဇာတ္ကားကို ဆက္လက္ရိုက္ကူးသည္။ တြံေတးသိန္းတန္သည္ ႐ုပ္ရွင္ကုမၸဏီေပါင္းမ်ားစြာက ကမ္းလွမ္းရိုက္ကူးေသာ ဇာတ္ကားမ်ားတြင္ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာ ျမတ္ေလး၊ ဝါဝါဝင္းေ႐ႊႏွင့္ ခ်စ္သူေပးေသာ ေတးတပုဒ္၊ ခင္သန္းႏုႏွင့္ ေမတၱာဇာတ္လမ္း ဆုံရာဝယ္၊ ရႈမဝစမ္းစမ္းေအးႏွင့္ ပန္းႏြယ္ကစိမ္း၊ ေဇာ္လြင္၊ ဝါဝါဝင္းေ႐ႊတို႔ႏွင့္ အေ႐ႊတို႔႐ြာ၊ တင္တင္ညိုႏွင့္ အညာသားေလး၊ ေဒစီေက်ာ္ဝင္းႏွင့္ ပန္းကေလးမ်ား မႏြမ္းေစခ်င္၊ ျမင့္ျမင့္ခိုင္ႏွင့္ မုန္းစရာႀကီး၊ မၪၥဴသင္းႏွင့္ ခ်မ္းေျမ့သီတဂူ၊ စံရွားတင္ႏွင့္ ခ်စ္ရက္ကယ္ႏွောင္း၊ ခင္သန္းႏုႏွင့္ အသက္ကိုႏွင္း၍၊ ၾကည္ၾကည္ေဌး၊ ေမယုတို႔ႏွင့္ သတၱိေသြးႏွင့္ ေတးလုလင္၊ ႏွင္းဆီႏွင့္ နန္းၾကာရိပ္ၿမိဳင္၊ အပါအဝင္ ႐ုပ္ရွင္ဇာတ္ကား ေပါင္း (၆၇)ကား ရိုက္ကူးခဲ့သည္။ တြံေတးသိန္းတန္သည္ ဝတၱဳ၊ ဇာတ္ၫႊန္း၊ ဒါရိုက္တာအျဖစ္လည္း ရိုက္ကူးထုတ္လုပ္ခဲ့ရာ မင္းသမီး စႏၵာႏွင့္ တြဲဖက္သ႐ုပ္ေဆာင္သည့္ ကိုယ္ရယ္ မင္းရယ္ ပန္းပိေတာက္ရယ္ႏွင့္ ခ်စ္မိေတာ့လည္း အ႐ူးအမူး ဇာတ္ကားတို႔မွာ ပရိသတ္၏ ႏွစ္ၿခိဳက္အားေပးျခင္း ခံရသည္။


#ဓာတ္ျပားသီခ်င္း 

ဓာတ္ျပားေတးသီခ်င္းမ်ား အေနႏွင့္ ေထြးညို ထြက္ရွိၿပီး ေနာက္ပိုင္း အဆက္မျပတ္ သီဆိုထုတ္လႊင့္ခဲ့ရာ အဆိုေတာ္ တြံေတးသိန္းတန္ ကိုယ္တိုင္ အေရအတြက္ မွတ္မိျခင္း မရွိေတာ့ဟု ဆိုသည္။ တိတ္ေခြ (၂၉)ေခြ ထြက္ရွိခဲ့ၿပီး သီခ်င္းပုဒ္ေရ ၃၂၀ခန႔္၊ ျပဇာတ္ေတးမ်ား ပါဝင္လွ်င္ ၃၅၀ခန႔္ ရွိမည္ဟု ခန႔္မွန္းၾကသည္။


#ဇာတ္သဘင္ 

၁၉၇၄ ခုႏွစ္တြင္ တြံေတးသိန္းတန္ ဂီတ႐ုပ္ရွင္ ျပဇာတ္ သဘင္ ဇာတ္သဘင္အဖြဲ႕ကို ဖြဲ႕စည္းကာ ဇာတ္မင္းသားအျဖစ္ႏွင့္လည္း အနယ္နယ္ အရပ္ရပ္သို႔ လွည့္လည္ကျပခဲ့ရာ ႐ုံျပည့္႐ုံလွ်ံ ပရိသတ္အားေပးျခင္းကို ခံခဲ့ရသည္။ ျမန္မာ့ယဥ္ေက်းမႈ ေတးသီခ်င္းမ်ားကို သီဆိုေလ့ရွိေသာ တြံေတးသိန္းတန္သည္ ဂီတပရိသတ္အားေပးမႈ အမ်ားဆုံးရရွိေသာ ေတးျပဳအဆိုေတာ္အျဖစ္ ျမန္မာ့ဂီတသမိုင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။ ကိုယ္တိုင္ေရး၊ ကိုယ္တိုင္သီဆို အသံလႊင့္ခဲ့ေသာ ေတးသီခ်င္းမ်ားစြာအနက္ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္၊ ႏွမလက္ေလွ်ာ့ ေနေလေတာ့၊ ဝဏၰပဘာ၊ အသီးတစ္ရာ အညွာတစ္ခု၊ အေမ့ပါးက သနပ္ခါး တို႔မွာ ေခတ္အဆက္ဆက္ မရိုးနိုင္ေသာ ေတးမ်ားအျဖစ္ ဂႏၳဝင္တြင္ က်န္ရစ္သည္။


#စာေရးဆရာ 

ထို႔ျပင္ တြံေတးသိန္းတန္သည္ ဂီတ႐ုပ္ရွင္သာမက သီးသန႔္ လုံးခ်င္းဝတၱဳရွည္မ်ားကိုလည္း ေရးသားခဲ့ရာစာအုပ္ (၂၀)ခန႔္ထိ ရွိခဲ့သည္။ မေခၚသာ ေတာ္ရာကၿပဳံးပါမယ္၊ အခ်စ္ကစေန ကိုယ္ကစေန စေသာ ဝတၱဳစာအုပ္မ်ားက ထင္ရွားသည္။


#မိသားစုဘဝ

အဆိုေတာ္တြံေတးသိန္းတန္သည္ ေဒၚစန္းျမင့္နဲ႕ လက္ထပ္ခဲ့ၿပီး သားသမီးေတြျဖစ္တဲ့ စိုင္းျမတ္သူ၊ သီရိသိန္းတန္၊ဝင္းပပသိန္းတန္၊ ခ်ယ္ရီသိန္းတန္ စတဲ့ ၄ ဦးထြန္းကားခဲ့ပါတယ္။ ထို႔ျပင္ ဘဝအခ်ိဳးအေကြ႕ အေျပာင္းအလဲ၌ အိမ္ေထာင္ဖက္အေနနဲ႕ အဆိုေတာ္ ခ်စ္စံပယ္နဲ႕ လက္ထပ္ခဲ့ၿပီး ေ႐ႊရည္သိန္းတန္ ဆိုတဲ့ တစ္ဦးတည္းေသာ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ ၎သမီးသည္ ယခုအခါ ဖခင္ႏွင့္ မိခင္ကဲ့သို႔ပင္ ေ႐ႊရည္သိန္းတန္ အမည္ျဖင့္ အဆိုေတာ္တစ္ဦးျဖစ္လာသည္။


#ဘဝနိဂုံး 

တစ္သက္တာ ကာလပတ္လုံး အႏုပညာႏွင့္ ေနထိုင္ခဲ့ေသာ တြံေတးသိန္းတန္သည္ ၁၉၉၉ခု၊ ဇန္နဝါရီလ (၁၁)ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕၌ အသည္းကင္ဆာျဖင့္ ကြယ္လြန္ခဲ့သည္။




#References

*Wikipedia

*ဂႏၳဝင္ဂီတျဖင့္ပရိသတ္ကို သိမ္းပိုက္ခဲ့သူ (သို႔မဟုတ္) တြံေတးသိန္းတန္ - myanmar.mmtimes

CRDSitNyeinLu

ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)


No comments: