Friday, November 19, 2021

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

 လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား




စာရေးသူ Ye Myo Myat 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win 


#Circumcision

#အမျိုးသားကျန်းမာရေးဆိုင်ရာ

#လိင်တံထိပ်အရေပြားဖြတ်ခြင်း


(ယောက်ျားကလေးတွေ အရွယ်ရောက်ချိန်မှာ သူ့သဘာ၀အရ လိင်တံထိပ်အရေပြား အလြယ္တကူ ရှေ့တိုးနောက်ဆုတ်လုပ်လို့ ရသွားတတ်ကြပေမယ့် အချို့လူတွေမှာတော့ နောက်လှန်လို့မရတင်းကြပ်ပြီး ပြဿနာဖြစ်နေရတတ်ပါတယ်။ ဘာသာရေးအရ ငယ်စဉ်ကတည်းက လိင်တံထိပ်အရေပြားဖြတ်ထားသူများနဲ့ မဆိုင်ပေမယ့် အသက်အရွယ်ရသည်အထိ ပြဿနာကြုံနေရသူ အမျိုးသားများအနေနဲ့ ထိပ်အရေပြားဖြတ်တဲ့ကိစ္စ စဉ်းစားရပါဦးမယ်။ အသက်အရွယ်ရမှ လိင်တံထိပ်အရေပြားဖြတ်ဖို့လိုမလိုက ဆရာ၀န်နဲ့အရင်တိုင်ပင်ကြပါ။)


လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ္ငယ္က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။


 ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အမြဲလှုပ်ရှားသွားလာနေရတာ၊ လက်နဲ့ ထိမိကိုင်မိတာ စတာတွေကြောင့် ပိုးဝင်သွားနိုင်ခြေတော့ ပိုများပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။


 #အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။


 ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရွိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရင်ကလောက် ရှက်မနေတော့ပါဘူး။ ဒီတော့ ကျန်းမာရေးကို ရှေးရှုပြီး ခုလို အသေးစားခွဲစိတ်မှုမျိုးကို အရဲစွန့်လုပ်ကြတာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်းက လုပ်ထားရင်တော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးမှ ဖြတ်ရင်တော့ နည်းနည်းပိုဂရုစိုက်ဖို့လိုတာပေါ့။ အထူးသဖြင့်


လိင်တံထိပ်အရေပြား ရှည်လွန်းတဲ့အမျိုးသားတွေ

သေချာဆေးကြော သန့်ရှင်းရမှာ ပျင်းတဲ့သူတွေ

လိင်တံထိပ်အရေပြား ရောင်နေတဲ့သူတွေ

အေရျပား နောက်လှန်ဆွဲမရတာ စတဲ့အခြေအနေမျိုးမှာလည်း လိင်တံအရေပြားဖြတ်ဖို့ လိုအပ်ပါတယ်။


 #တခြားအကျိုးကျေးဇူးရော ရှိသေးလား။


 ၁။ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဖြင့် ချွေး၊ အညစ်အကြေး၊ အဆီတွေပိတ်မိခြင်းမရှိတဲ့အတွက် အဖြူဖတ်လည်းနည်းသွားသလို လိင်တံအနံ့ဆိုးလည်း သက်သာသွားပါတယ်။


 ၂။ ပွန်းပဲ့စရာအရေပြား မရှိတော့တာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါ HIV နဲ့ ကာလသားရောဂါကူးစက်ခံရဖို့ အခွင့်အလမ်းနည်းသွားပါတယ်။


 ၃။ လိင်တံက သန့်ရှင်းနေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်အတွင်း ဘက္တီးရီးယားပိုး ကူးစက်ခံရခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။


 ၄။ အရေပြားမှိုစွဲခြင်း၊ ယားယံခြင်း၊ ရေယုန်ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရနိုင်ခြေ နည်းသွားပါတယ်။


 ၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။


 #လိင်တံအရေပြား ခွဲစိတ်ဖြတ်တောက်ခြင်း အဆင့်များ


 မွေးကင်းစကလေးတွေမှာမဟုတ်ဘဲ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဖြတ်တဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။ လူကြီးတွေအတွက် ခွဲစိတ်မှုဟာ အသေးစားခွဲစိတ်မှုလို့သာ ဆိုနိုင်ပေမယ့် မိနစ် ၃၀ မွ တစ္နာရီအထိ ကြာမြင့်နိုင်ပါတယ်။ အရင်ဆုံး နာကျင်မှုသက်သာစေဖို့ ထုံဆေး သို့မဟုတ် မေ့ဆေးကို မေ့ဆေးဆရာဝန်က ထိုးပေးမှာဖြစ်ပါတယ်။


 ထုံဆေးအရှိန်ရလာတဲ့အခါ ဆရာဝန်အနေနဲ့ လိင်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့အရေပြားကို ဘယ်လောက်ထိဖြတ်ဖို့လိုအပ်လဲဆိုတာ အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုကို မှတ်ထားပြီးတဲ့အခါ လိုအပ်တဲ့ပမာဏအတိအကျကို ခွဲစိတ်ဖြတ်တောက်သွားမှာပါ။


 သွေးတိတ်သွားအောင် အပူပေးပြီး ပိုးသတ်ပြီးနောက် အနာအမြန်ကျက်စေဖို့ ချုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လိင်အင်္ဂါကို ထိခိုက်ပွန်းပဲ့ခြင်းကနေ ကာကွယ်ပေးဖို့ dressing နဲ့ အုပ်ပေးလိုက်မှာပါ။ နားနေရာအခန်းကို လိုက်ပို့ပြီးနောက် တခြားပြဿနာမရှိဘူးဆိုရင်တော့ ဆေးရုံကနေ ဆင်းလို့ရပါပြီ။


 #ဘယ်လောက်ကြာမှ ခြဲထားတဲ့အနာက ပျောက်သွားမှာလဲ။


 ခွဲစိတ်ပြီးပြီးချင်းနဲ့ ခွဲစိတ်ပြီး ရက်အနည်းငယ်ကြာပြီးနောက်မှာ လိင်အင်္ဂါတစ်ဝိုက်မှာ ရောင်တာ၊ နာကျင်တာ၊ စပ်တဲ့ဝေဒနာ အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ လိင်တံပတ်လည်ကို နှစ်နာရီခြား တစ်ကြိမ် ၁၀မိနစ်ခန့် ရေခဲအုံထားပါ။ ခွဲပြီးကာစရက်အနည်းငယ်အတွင်းမှာ လိင်တံကိုအုပ်ထားတဲ့ dressing ကို သန့်ရှင်းအောင်ထားဖို့၊ ရေမစိုစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။ ခွဲပြီး ၃ရက်အကြာမှာ အခြေအနေကို လေ့လာဖို့နဲ့ dressing လဲပေးဖို့ ဆေးခန်းကို ပြန်သွားပြဖို့လိုပါတယ်။


 ပုံမှန်အားဖြင့် ၂ပတ်မှ ၃ပတ်အတွင်း သက်သာကျောက်ကင်းသွားနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာကင်းစေဖို့ ခွဲပြီးတစ်ပတ်လောက်ကို အလုပ်ခွင့်တင်ပြီး အိမ်မှာအေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒဏ်ရာမကျက်မချင်း လေ့ကျင့်ခန်းတွေကို နားထားဖို့လိုသလို ခွဲပြီး ၆ပတ်လောက်အထိ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်မှုကိစ္စတွေကို လုံးဝရပ်ထားရပါမယ်။ ခွဲပြီးကာစမှာ အနည်းနဲ့ အများနာကျင်နိုင်တဲ့အတွက် ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာသောက်ပေးဖို့လိုပါတယ်။


#လိင်တံထိပ်အရေပြား ခွဲစိတ်ပြီးနောက် ဆောင်ရန်ရှောင်ရန်များ


 အိမ်မှာနေတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ ပုဆိုး၊ ဘောင်းဘီအပွဝတ်လို့ ရသလို အပြင်သွားမယ်ဆိုရင်လည်း ဂျင်းဘောင်းဘီလို သိပ်ကြပ်တဲ့ ဘောင်းဘီမျိုးကို ရှောင်ပေးပါ။ ချောင်ချိတဲ့ အတွင်းခံမျိုးကိုသာ ဝတ်ဆင်ပြီး လိင်တံထိပ်ခေါင်းကို အပေါ်ဘက် (ချက်ပေါက်ရှိရာ ဘက်) သို့ ထားထားပြီးမှ ဝတ်ပေးပါ။ ခုန္တာ၊ အေလးမတာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေကို ရပ်ထားပေးပါ။


 သေချာဂရုစိုက်မယ်ဆိုရင် အနာထဲပိုးဝင်တာ၊ အနာကျက်နှေးတာမျိုး မဖြစ်စေဘဲ စောစောစီးစီး ပျောက်ကင်းသွားမှာမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။ တစ်ခုသတိထားဖို့ လိုတာကေတာ့ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ကာယကံရှင်ရဲ့ သဘောတူညီမှုနဲ့သာ ပြုလုပ်ပေးရမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးဝါဒတွေနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးတဲ့အနေနဲ့ လုပ်တဲ့အပြုအမူဖြစ်တာမို့ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


လိင္တံထိပ္အေရျပား ကို အသက္ႀကီးမွ ခြဲစိတ္လို႔ရလား




စာေရးသူ Ye Myo Myat 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win 


#Circumcision

#အမ်ိဳးသားက်န္းမာေရးဆိုင္ရာ

#လိင္တံထိပ္အေရျပားျဖတ္ျခင္း


(ေယာက္်ားကေလးေတြ အရြယ္ေရာက္ခ်ိန္မွာ သူ႕သဘာ၀အရ လိင္တံထိပ္အေရျပား အလြယ္တကူ ေရွ႕တိုးေနာက္ဆုတ္လုပ္လို႔ ရသြားတတ္ၾကေပမယ့္ အခ်ိဳ႕လူေတြမွာေတာ့ ေနာက္လွန္လို႔မရတင္းၾကပ္ျပီး ျပႆနာျဖစ္ေနရတတ္ပါတယ္။ ဘာသာေရးအရ ငယ္စဥ္ကတည္းက လိင္တံထိပ္အေရျပားျဖတ္ထားသူမ်ားနဲ႔ မဆိုင္ေပမယ့္ အသက္အရြယ္ရသည္အထိ ျပႆနာၾကံဳေနရသူ အမ်ိဳးသားမ်ားအေနနဲ႔ ထိပ္အေရျပားျဖတ္တဲ့ကိစၥ စဥ္းစားရပါဦးမယ္။ အသက္အရြယ္ရမွ လိင္တံထိပ္အေရျပားျဖတ္ဖို႔လိုမလိုက ဆရာ၀န္နဲ႔အရင္တိုင္ပင္ၾကပါ။)


လိင္တံထိပ္အေရျပား ျဖတ္ျခင္း (Circumcision) ကို မ်ားေသာအားျဖင့္ ေမြးၿပီးကာစ ကေလးအ႐ြယ္မွာကတည္းက လုပ္ၾကပါတယ္။ အရင္တုန္းကေတာ့ ဘာသာေရး၊ လူမ်ိဳးေရးအယူဝါဒေတြေၾကာင့္ ျဖတ္ပစ္တတ္ၾကေပမယ့္ ခုေနာက္ပိုင္းမွာေတာ့ က်န္းမာေရးနဲ႕ သန႔္ရွင္းေရးကို အေလးေပးတဲ့အေနနဲ႕ ဒီအျပဳအမူကို မိဘေတြကိုယ္တိုင္က လိုလိုလားလား လုပ္ေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒါဆို ငယ္ငယ္က မလုပ္ခဲ့ရလို႔ ႀကီးလာမွ အေရျပားျဖတ္လို႔ရလားဆိုၿပီး ေမးစရာရွိလာပါတယ္။


 ေျပာရမယ္ဆိုရင္ ဒီ လိင္တံထိပ္အေရျပားျဖတ္ျခင္းဟာ အသက္အ႐ြယ္မေ႐ြး လုပ္လို႔ရၿပီး အေသးစားခြဲစိတ္မႈျဖစ္တာေၾကာင့္ သိပ္ၿပီးစိုးရိမ္ဖို႔ေတာ့ မလိုပါဘူး။ ဒါေပမယ့္ အသက္ႀကီးလာတာနဲ႕အမွ် အၿမဲလႈပ္ရွားသြားလာေနရတာ၊ လက္နဲ႕ ထိမိကိုင္မိတာ စတာေတြေၾကာင့္ ပိုးဝင္သြားနိုင္ေျခေတာ့ ပိုမ်ားပါတယ္။ ဒီေန႕ေဆာင္းပါးမွာေတာ့ လူႀကီးအ႐ြယ္မွာ လိင္တံထိပ္အေရျပားျဖတ္လို႔ ဘာေကာင္းက်ိဳးရနိုင္မလဲ၊ ဘာအတြက္ လုပ္သင့္လဲ၊ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေတြကို ေျပာျပေပးခ်င္ပါတယ္။


 #အသက္ႀကီးမွ လိင္တံထိပ္အေရျပား ဘာေၾကာင့္ျဖတ္ၾကတာလဲ။


 ဒီကိစၥမွ အသိေနာက္က်တယ္ဆိုတာေတာ့ မရွိပါဘူး။ ကိုယ့္မိဘေတြက က်န္းမာေရးနဲ႕ပတ္သက္ၿပီး ဗဟုသုတမ်ားစြာမရွိလို႔ မလုပ္ခဲ့ရရင္ေတာင္ ဒီဘက္ေခတ္အမ်ိဳးသားေတြမွာ ကိုယ့္ရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္ၿပီး အရင္ကေလာက္ ရွက္မေနေတာ့ပါဘူး။ ဒီေတာ့ က်န္းမာေရးကို ေရွးရႈၿပီး ခုလို အေသးစားခြဲစိတ္မႈမ်ိဳးကို အရဲစြန႔္လုပ္ၾကတာျဖစ္ပါတယ္။ ကေလးဘဝမွာကတည္းက လုပ္ထားရင္ေတာ့ သိပ္ျပႆနာမရွိေပမဲ့ အသက္ႀကီးမွ ျဖတ္ရင္ေတာ့ နည္းနည္းပိုဂ႐ုစိုက္ဖို႔လိုတာေပါ့။ အထူးသျဖင့္


လိင္တံထိပ္အေရျပား ရွည္လြန္းတဲ့အမ်ိဳးသားေတြ

ေသခ်ာေဆးေၾကာ သန႔္ရွင္းရမွာ ပ်င္းတဲ့သူေတြ

လိင္တံထိပ္အေရျပား ေရာင္ေနတဲ့သူေတြ

အေရျပား ေနာက္လွန္ဆြဲမရတာ စတဲ့အေျခအေနမ်ိဳးမွာလည္း လိင္တံအေရျပားျဖတ္ဖို႔ လိုအပ္ပါတယ္။


 #တျခားအက်ိဳးေက်းဇူးေရာ ရွိေသးလား။


 ၁။ လိင္တံထိပ္အေရျပား ျဖတ္ျခင္းျဖင့္ ေခြၽး၊ အညစ္အေၾကး၊ အဆီေတြပိတ္မိျခင္းမရွိတဲ့အတြက္ အျဖဴဖတ္လည္းနည္းသြားသလို လိင္တံအနံ႕ဆိုးလည္း သက္သာသြားပါတယ္။


 ၂။ ပြန္းပဲ့စရာအေရျပား မရွိေတာ့တာေၾကာင့္ အကာအကြယ္မဲ့လိင္ဆက္ဆံတဲ့အခါ HIV နဲ႕ ကာလသားေရာဂါကူးစက္ခံရဖို႔ အခြင့္အလမ္းနည္းသြားပါတယ္။


 ၃။ လိင္တံက သန႔္ရွင္းေနတဲ့အတြက္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကာကြယ္ေပးနိုင္သလို ဆက္ဆံေဖာ္ရဲ႕ မိန္းမကိုယ္အတြင္း ဘက္တီးရီးယားပိုး ကူးစက္ခံရျခင္းကိုလည္း ေလွ်ာ့ခ်ေပးနိုင္ပါတယ္။


 ၄။ အေရျပားမွိုစြဲျခင္း၊ ယားယံျခင္း၊ ေရယုန္ဗိုင္းရပ္စ္ပိုးေတြ ကူးစက္ခံရနိုင္ေျခ နည္းသြားပါတယ္။


 ၅။ လိင္တံကင္ဆာ ျဖစ္နိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးနိုင္ပါတယ္။


 #လိင္တံအေရျပား ခြဲစိတ္ျဖတ္ေတာက္ျခင္း အဆင့္မ်ား


 ေမြးကင္းစကေလးေတြမွာမဟုတ္ဘဲ အသက္ႀကီးမွ လိင္တံထိပ္အေရျပား ျဖတ္တဲ့အခါ အနည္းငယ္ ဂ႐ုစိုက္ေပးဖို႔ေတာ့ လိုအပ္ပါတယ္။ လူႀကီးေတြအတြက္ ခြဲစိတ္မႈဟာ အေသးစားခြဲစိတ္မႈလို႔သာ ဆိုနိုင္ေပမယ့္ မိနစ္ ၃၀ မွ တစ္နာရီအထိ ၾကာျမင့္နိုင္ပါတယ္။ အရင္ဆုံး နာက်င္မႈသက္သာေစဖို႔ ထုံေဆး သို႔မဟုတ္ ေမ့ေဆးကို ေမ့ေဆးဆရာဝန္က ထိုးေပးမွာျဖစ္ပါတယ္။


 ထုံေဆးအရွိန္ရလာတဲ့အခါ ဆရာဝန္အေနနဲ႕ လိင္တံထိပ္ဖူးပတ္လည္ကို ဖုံးေနတဲ့အေရျပားကို ဘယ္ေလာက္ထိျဖတ္ဖို႔လိုအပ္လဲဆိုတာ အရင္ဆုံးစစ္ေဆးမွာျဖစ္ပါတယ္။ အတိုင္းအတာတစ္ခုကို မွတ္ထားၿပီးတဲ့အခါ လိုအပ္တဲ့ပမာဏအတိအက်ကိဳ ခြဲစိတ္ျဖတ္ေတာက္သြားမွာပါ။


 ေသြးတိတ္သြားေအာင္ အပူေပးၿပီး ပိုးသတ္ၿပီးေနာက္ အနာအျမန္က်က္ေစဖို႔ ခ်ဳပ္ေပးသြားမွာျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လိင္အဂၤါကို ထိခိုက္ပြန္းပဲ့ျခင္းကေန ကာကြယ္ေပးဖို႔ dressing နဲ႕ အုပ္ေပးလိုက္မွာပါ။ နားေနရာအခန္းကို လိုက္ပို႔ၿပီးေနာက္ တျခားျပႆနာမရွိဘူးဆိုရင္ေတာ့ ေဆး႐ုံကေန ဆင္းလို႔ရပါၿပီ။


 #ဘယ္ေလာက္ၾကာမွ ခြဲထားတဲ့အနာက ေပ်ာက္သြားမွာလဲ။


 ခြဲစိတ္ၿပီးၿပီးခ်င္းနဲ႕ ခြဲစိတ္ၿပီး ရက္အနည္းငယ္ၾကာၿပီးေနာက္မွာ လိင္အဂၤါတစ္ဝိုက္မွာ ေရာင္တာ၊ နာက်င္တာ၊ စပ္တဲ့ေဝဒနာ အနည္းနဲ႕အမ်ား ခံစားရနိုင္ပါတယ္။ ခြဲစိတ္မႈအၿပီးမွာ လိင္တံပတ္လည္ကို ႏွစ္နာရီျခား တစ္ႀကိမ္ ၁၀မိနစ္ခန႔္ ေရခဲအုံထားပါ။ ခြဲၿပီးကာစရက္အနည္းငယ္အတြင္းမွာ လိင္တံကိုအုပ္ထားတဲ့ dressing ကို သန႔္ရွင္းေအာင္ထားဖို႔၊ ေရမစိုေစဖို႔ ေသခ်ာဂ႐ုစိုက္ေပးရပါမယ္။ ခြဲၿပီး ၃ရက္အၾကာမွာ အေျခအေနကို ေလ့လာဖို႔နဲ႕ dressing လဲေပးဖို႔ ေဆးခန္းကို ျပန္သြားျပဖို႔လိုပါတယ္။


 ပုံမွန္အားျဖင့္ ၂ပတ္မွ ၃ပတ္အတြင္း သက္သာေက်ာက္ကင္းသြားနိုင္ပါတယ္။ ထိခိုက္ပြန္းပဲ့ဒဏ္ရာကင္းေစဖို႔ ခြဲၿပီးတစ္ပတ္ေလာက္ကို အလုပ္ခြင့္တင္ၿပီး အိမ္မွာေအးေအးေဆးေဆး အနားယူဖို႔ လိုအပ္ပါတယ္။ ေနာက္တစ္ခ်က္က ဒဏ္ရာမက်က္မခ်င္း ေလ့က်င့္ခန္းေတြကို နားထားဖို႔လိုသလို ခြဲၿပီး ၆ပတ္ေလာက္အထိ တစ္ကိုယ္ေရအာသာေျဖျခင္း၊ လိင္မႈကိစၥေတြကို လုံးဝရပ္ထားရပါမယ္။ ခြဲၿပီးကာစမွာ အနည္းနဲ႕ အမ်ားနာက်င္နိုင္တဲ့အတြက္ ဆရာဝန္ေပးတဲ့ အကိုက္အခဲေပ်ာက္ေဆးကို ေသခ်ာေသာက္ေပးဖို႔လိုပါတယ္။


#လိင္တံထိပ္အေရျပား ခြဲစိတ္ၿပီးေနာက္ ေဆာင္ရန္ေရွာင္ရန္မ်ား


 အိမ္မွာေနတဲ့အခါ ေလဝင္ေလထြက္ေကာင္းေစဖို႔ ပုဆိုး၊ ေဘာင္းဘီအပြဝတ္လို႔ ရသလို အျပင္သြားမယ္ဆိုရင္လည္း ဂ်င္းေဘာင္းဘီလို သိပ္ၾကပ္တဲ့ ေဘာင္းဘီမ်ိဳးကို ေရွာင္ေပးပါ။ ေခ်ာင္ခ်ိတဲ့ အတြင္းခံမ်ိဳးကိုသာ ဝတ္ဆင္ၿပီး လိင္တံထိပ္ေခါင္းကို အေပၚဘက္ (ခ်က္ေပါက္ရွိရာ ဘက္) သို႔ ထားထားၿပီးမွ ဝတ္ေပးပါ။ ခုန္တာ၊ အေလးမတာ၊ ေျပးတာ၊ စက္ဘီးစီးတာေတြကို ရပ္ထားေပးပါ။


 ေသခ်ာဂ႐ုစိုက္မယ္ဆိုရင္ အနာထဲပိုးဝင္တာ၊ အနာက်က္ႏွေးတာမ်ိဳး မျဖစ္ေစဘဲ ေစာေစာစီးစီး ေပ်ာက္ကင္းသြားမွာမို႔ သိပ္ၿပီး စိုးရိမ္စရာမလိုပါဘူးလို႔ပဲ ေျပာလိုက္ခ်င္ပါတယ္။ တစ္ခုသတိထားဖို႔ လိုတာကေတာ့ လိင္တံထိပ္အေရျပား ျဖတ္ျခင္းဟာ ကာယကံရွင္ရဲ႕ သေဘာတူညီမႈနဲ႕သာ ျပဳလုပ္ေပးရမွာျဖစ္ၿပီး ဘာသာေရး၊ လူမ်ိဳးေရးဝါဒေတြနဲ႕ မသက္ဆိုင္ဘဲ က်န္းမာေရး၊ တစ္ကိုယ္ေရသန႔္ရွင္းေရး အေလးေပးတဲ့အေနနဲ႕ လုပ္တဲ့အျပဳအမူျဖစ္တာမို႔ ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ လုပ္တာအေကာင္းဆုံးပါပဲ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: