Monday, November 8, 2021

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ




စာရေးသူ Ye Myo Myat 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win 


#Personal_Hygiene

#အမျိုးသားကျန်းမာရေး

(ကပ္ပာယ်အိပ်ဟာ တစ်ခါတလေဘာကြောင့်မှန်းမသိ ယားယံကာ တဗျင်းဗျင်းကုတ်ချင်စိတ်ဖြစ်အောင် အိနြေ္ဒမဲ့စေပါတယ်။ လူကြားသူကြား ဘာလုပ်ရမှန်းမသိ လူမမြင်ကွယ်ရာအမြန်ရှာပြီး ကုတ်ဖဲ့ရတာ တစ်ဒုက္ခမို့ ဘာကြောင့်လဲသိရအောင် ကူးယူေ၀ငှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။)


ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

 အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။


 ၁။ ရေချိုးပြီးပြီလား။


 တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ္က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးရင် အကောင်းဆုံးပါပဲ။


 ၂။ အဝတ်အစားတွေ သန့်ရှင်းရဲ့လား။


 ယောက်ျားလေး အမ်ားစု လုပ်တတ်ကြတဲ့ ပြဿနာက အတွင်းခံတွေ၊ ဘောင်းဘီတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တာပါ။ လိင်အင်္ဂါဆိုတာ ရောဂါပိုးမွှားပေါင်းစုံ အောင်းနေတဲ့ နေရာပါ။ အဲဒီလို နေရာတွေနဲ့ အမြဲထိတွေ့နေရတဲ့ ဘောင်းဘီ၊ အတွင်းခံတွေဆိုတာလည်း တစ်နေ့ တစ်ထည်တော့ ပုံမှန်လဲပေးဖို့ လိုပါတယ်။ ဒီလို အဝတ်မလဲဘဲ ဒါကိုပဲ ပြန်ဝတ်နေရင်တော့ ဘက်တီးရီးယားပိုးတွေ အောင်းပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် မလျှော်ရသေးတာတွေ လျှော်မယ့်အပုံထဲ ထည့်ပြီး လျှော်ပြီးသား အသစ်တစ်ထည် အမြန်ယူဝတ်လိုက်ပါ။


 ၃။ အတွင်းခံတွေ ဝတ်ထားလို့လား။


 ချည်သားမဟုတ်တဲ့ အရမ်းကျပ်တဲ့ အတွင်းခံတွေကို တစ်နေကုန် ဝတ်ဆင်ထားတဲ့အခါ ချွေးတွေက အတွင်းခံထဲမှာ ငုပ်ပြီး အောင်းနေတတ်ပါတယ်။ ဒီတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ပြီး ယားယံသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အပြင်သွားတော့မယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပေးပါ။ အရမ်းကျပ်နေအောင် မဝတ်ပါနဲ့။ အိမ်မှာနေရင် အတွင်းခံ မဝတ်ပါနဲ့။


 ၄။ ဝှေးစေ့မှာ အနာပေါက်နေလားဆိုတာ ကြည့်ပါ။


 တစ်ခါတလေ ဝှေးစေ့မှာ ဒဏ်ရာဖြစ်မိပြီး အနာကျန်ခဲ့ရင် ချွေး၊ အဆီတွေဝင်ပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ အနာအရမ်း မကြီးရင်တော့ ဒီအတိုင်း ဆေးမထည့်ဘဲ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်ပေးရင် ရပါပြီ။ အနာအရမ်း ကြီးတာ၊ ပြည်တည်နေတာဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက်သွားပြကြည့်ပါ။


 ၅။ ပွေး၊ ဝဲ၊ ညှင်းတွေကြောင့်လား။


 ကိုယ့်အရေပြားနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာဂရုမစိုက်တတ်သူတွေဟာ အောက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာလည်း သတိမထားတတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ယားနေတယ်လို့ သတိထားမိရင် ဝှေးစေ့ကို သေချာစစ်ဆေးကြည့်ပါ။


 အနီရောင်ပွေးကွက်တွေ၊ အနီဖုလေးတွေ၊ ဝဲခြောက်လေးတွေ ပေါက်နေတာ ရွိ၊ မရွိကို စစ်ကြည့်ပါ။ တွေ့ရတယ်ဆိုရင်လည်း အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်က ဆေးတွေ လျှောက်ဝယ်ပြီး မလိမ်းပါနဲ့။


 အမျိုးသားတို့လည်း ခုလို မိုးရာသီမွာ အရေပြားပြဿနာတွေ၊ လိင်အင်္ဂါ ယားယံတာတွေ အဖြစ်များတဲ့အတွက် ကိုယ့်ကျန်းမာရေးကိုယ် သေချာဂရုစိုက်ကြပါလို့ ထပ်ပြီး တိုက်တွန်းလိုက်ချင်ပါတယ်။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမွာပဲ နိဂုံးချုပ်လိုက်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


 ေဝွးေစ့က ယားယံေနၿပီဆိုရင္ ဒါေတြကို ျပန္စစ္ၾကည့္ပါ




စာေရးသူ Ye Myo Myat 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win 


#Personal_Hygiene

#အမ်ိဳးသားက်န္းမာေရး

(ကပၸာယ္အိပ္ဟာ တစ္ခါတေလဘာေၾကာင့္မွန္းမသိ ယားယံကာ တဗ်င္းဗ်င္းကုတ္ခ်င္စိတ္ျဖစ္ေအာင္ အိေျႏၵမဲ့ေစပါတယ္။ လူၾကားသူၾကား ဘာလုပ္ရမွန္းမသိ လူမျမင္ကြယ္ရာအျမန္ရွာျပီး ကုတ္ဖဲ့ရတာ တစ္ဒုကၡမို႔ ဘာေၾကာင့္လဲသိရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။ ဖတ္ၾကည့္ပါဦး။)


ေဝွးေစ့က ယားယံေနၿပီဆိုရင္ ဒါေတြကို ျပန္စစ္ၾကည့္ပါ

 အမ်ိဳးသားေတြရဲ႕ လိင္အဂၤါသည္ စိုထိုင္းၿပီး ေခြၽးေအာင္းတဲ့ ေနရာမွာ ရွိတဲ့အတြက္ ရံဖန္ရံခါ ယားယံတာမ်ိဳးေတာ့ ျဖစ္တတ္ပါတယ္။ အဲဒီလို မဟုတ္ဘဲ အၿမဲလိုလို ယားယံၿပီး ကုတ္ေနရတယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို စစ္ၾကည့္ဖို႔ေတာ့ လိုမယ္ေနာ္။


 ၁။ ေရခ်ိဳးၿပီးၿပီလား။


 တစ္ေန႕လုံး ေရလည္း လုံးဝမခ်ိဳးထားဘူးဆိုရင္ ေဝွးေစ့မွာ ေခြၽး၊ အဆီ၊ အညစ္အေၾကးေတြ ေရာၿပီး ဘက္တီးရီးယားပိုးေတြ ေပါက္ဖြားကာ ယားယံျခင္းေတြ ျဖစ္ေစပါတယ္။ ေရခ်ိဳးဖို႔ လိုအပ္ေနၿပီလားဆိုတာကို ေဝွးေစ့ကို ကိုင္ၿပီးစမ္းၾကည့္တဲ့အခါ မွိုေစာ္၊ ေအာက္ေစာ္ အနံ႕ရမရ နမ္းၾကည့္ရင္ သိနိုင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႕ကို အနည္းဆုံး တစ္ႀကိမ္ျဖစ္ျဖစ္ ေရခ်ိဳးေပးဖို႔ေတာ့ လိုပါတယ္။ ကိုယ္က ေခြၽးထြက္သန္တဲ့သူ၊ ကိုယ္နံ႕ျပင္းတဲ့သူဆိုရင္ မနက္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေရခ်ိဳးေပးရင္ အေကာင္းဆုံးပါပဲ။


 ၂။ အဝတ္အစားေတြ သန႔္ရွင္းရဲ႕လား။


 ေယာက္်ားေလး အမ်ားစု လုပ္တတ္ၾကတဲ့ ျပႆနာက အတြင္းခံေတြ၊ ေဘာင္းဘီေတြကို ထပ္ခါတလဲလဲ ျပန္ဝတ္တာပါ။ လိင္အဂၤါဆိုတာ ေရာဂါပိုးမႊားေပါင္းစုံ ေအာင္းေနတဲ့ ေနရာပါ။ အဲဒီလို ေနရာေတြနဲ႕ အၿမဲထိေတြ႕ေနရတဲ့ ေဘာင္းဘီ၊ အတြင္းခံေတြဆိုတာလည္း တစ္ေန႕ တစ္ထည္ေတာ့ ပုံမွန္လဲေပးဖို႔ လိုပါတယ္။ ဒီလို အဝတ္မလဲဘဲ ဒါကိုပဲ ျပန္ဝတ္ေနရင္ေတာ့ ဘက္တီးရီးယားပိုးေတြ ေအာင္းၿပီး ယားယံတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီအတြက္ မေလွ်ာ္ရေသးတာေတြ ေလွ်ာ္မယ့္အပုံထဲ ထည့္ၿပီး ေလွ်ာ္ၿပီးသား အသစ္တစ္ထည္ အျမန္ယူဝတ္လိုက္ပါ။


 ၃။ အတြင္းခံေတြ ဝတ္ထားလို႔လား။


 ခ်ည္သားမဟုတ္တဲ့ အရမ္းက်ပ္တဲ့ အတြင္းခံေတြကို တစ္ေနကုန္ ဝတ္ဆင္ထားတဲ့အခါ ေခြၽးေတြက အတြင္းခံထဲမွာ ငုပ္ၿပီး ေအာင္းေနတတ္ပါတယ္။ ဒီေတာ့ ဘက္တီးရီးယားပိုးေတြ ေပါက္ၿပီး ယားယံသလို ခံစားရတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ အျပင္သြားေတာ့မယ္ဆိုရင္ ေလဝင္ေလထြက္ ေကာင္းတဲ့ ခ်ည္သားအတြင္းခံေတြကိုပဲ ဝတ္ဆင္ေပးပါ။ အရမ္းက်ပ္ေနေအာင္ မဝတ္ပါနဲ႕။ အိမ္မွာေနရင္ အတြင္းခံ မဝတ္ပါနဲ႕။


 ၄။ ေဝွးေစ့မွာ အနာေပါက္ေနလားဆိုတာ ၾကည့္ပါ။


 တစ္ခါတေလ ေဝွးေစ့မွာ ဒဏ္ရာျဖစ္မိၿပီး အနာက်န္ခဲ့ရင္ ေခြၽး၊ အဆီေတြဝင္ၿပီး ယားယံတာမ်ိဳး ျဖစ္တတ္ပါတယ္။ အနာအရမ္း မႀကီးရင္ေတာ့ ဒီအတိုင္း ေဆးမထည့္ဘဲ တစ္ကိုယ္ေရသန႔္ရွင္းေရး ေသခ်ာလုပ္ေပးရင္ ရပါၿပီ။ အနာအရမ္း ႀကီးတာ၊ ျပည္တည္ေနတာဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႕ တစ္ခ်က္သြားျပၾကည့္ပါ။


 ၅။ ေပြး၊ ဝဲ၊ ညွင္းေတြေၾကာင့္လား။


 ကိုယ့္အေရျပားနဲ႕ တစ္ကိုယ္ေရ သန႔္ရွင္းမႈကို ေသခ်ာဂ႐ုမစိုက္တတ္သူေတြဟာ ေအာက္မွာ ဘာေတြ ျဖစ္ေနလဲဆိုတာလည္း သတိမထားတတ္ပါဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ မၾကာခဏ ယားေနတယ္လို႔ သတိထားမိရင္ ေဝွးေစ့ကို ေသခ်ာစစ္ေဆးၾကည့္ပါ။


 အနီေရာင္ေပြးကြက္ေတြ၊ အနီဖုေလးေတြ၊ ဝဲေျခာက္ေလးေတြ ေပါက္ေနတာ ရွိ၊ မရွိကို စစ္ၾကည့္ပါ။ ေတြ႕ရတယ္ဆိုရင္လည္း အေရျပားဆရာဝန္နဲ႕ ေသခ်ာျပသၿပီး ကုသမႈခံယူပါ။ ကိုယ့္သေဘာနဲ႕ကိုယ္ ေဆးဆိုင္က ေဆးေတြ ေလွ်ာက္ဝယ္ၿပီး မလိမ္းပါနဲ႕။


 အမ်ိဳးသားတို႔လည္း ခုလို မိုးရာသီမွာ အေရျပားျပႆနာေတြ၊ လိင္အဂၤါ ယားယံတာေတြ အျဖစ္မ်ားတဲ့အတြက္ ကိုယ့္က်န္းမာေရးကိုယ္ ေသခ်ာဂ႐ုစိုက္ၾကပါလို႔ ထပ္ၿပီး တိုက္တြန္းလိုက္ခ်င္ပါတယ္။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


No comments: