Tuesday, November 9, 2021
Product တွေ ဖြန့်ဝေ ရောင်းချဖို ့အတွက်...
 Product တွေ ဖြန့်ဝေ ရောင်းချဖို ့အတွက်...
#ထုတ်ကုန်ရောင်းချခြင်း
#Sale_and_Marketing
#စီးပွားရေး
(အွန်လိုင်းကနေပဲဖြစ်ဖြစ် အပြင်လောကမှာပဲဆိုဆို မိမိလုပ်ငန်းရဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ကုန်ပစ္စည်းတွေကို စီးပွားဖြစ်ရောင်းချ မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်အလက်များကို ဆရာကောင်းဟိန်းစိုးရေးသားမျှေ၀ထားတာမို့ ဖတ်ရင်အကျိုးရှိမှာပါ။ ဖတ်ကြည့်ပါဦး။)
စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ စတင်လည်ပတ်လာပြီးတဲ့နောက် အထိုင်ကျ လာကာ ပုံမှန်အမြတ် အစွန်း တစ္ခု စတင်ရရှိလာချိန်မှာ လုပ်ငန်းကို ချဲ ့ထွင်ဖို ့စတင်စဉ်းစားလာ ကြလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် တော့ လုပ်ငန်း ငွေပိုဝင်လာအောင် ဘယ်လိုနည်းတွေ နဲ ့ထပ်မံလုပ်ဆောင်မလဲဆိုတာကို စတင်စဉ်းစားကြတဲ့ အချိန်ဖြစ် ပါတယ်။ ဒီပိုစ့်မှာတော့ ဘယ်လိုနည်းလမ်းတွေနဲ ့လုပ်ငန်းတွေက ရောင်းအားတက်အောင်. ဆောင်ရွက်ကြသလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။
.
လက္လီမွ လက္ကား သို ့..
.
မိမိလုပ်ငန်း အောင်မြင်လာတဲ့အခါမှာ ပိုပြီး ဝင်ငွေရဖို့ အလြယ္ကူဆုံး စတင်လုပ်ဆောင်နိုင်တာကတော့ လက္လီ ရောင်းချရာကနေ လက္ကား ပြန်လည်ဖြန့်ဝေပေးခြင်းပဲဖြစ်ပါတယ်။ ကိုယ်တိုင် Product ကို ထုတ်လုပ် သူ ဆိုရင် လဲ မ်ားမ်ား ထုတ် မြန်မြန်ရောင်း ကာတွက်ချေ ကိုက်စေသလို အျခား supplier ကေန တစ်ဆင် ့ပြန်ရောင်းသူတွေကလဲ လက္ကား ရောင်းဖို ့အတွက်ပါ ပစ္စည်း ပိုယူနိုင်တဲ့အခါ supplier ဆီက Discount တွေ အထူးနှုန်းထားတွေ ရနိုင်တာကြောင့် Product တစ္ခု ချင်းစီ ရဲ ့အမြတ် Margin တွေ တက်လာနိုင်ပါတယ်။ ဒါ့အပြင် လက္ကား ဖြန် ့ဝေခြင်းကြောင့် ကုန် တွေ အိပ်နေတာ ၊ ငွေမလည် တာတွေ ကိုလဲ လျော့ချပေးနိုင်ပါသေးတယ်။
.
လက္ကား ရောင်းချတော့မယ်ဆိုရင် ဈေးနှုန်း % တွေ သတ်မှတ် ဖို ့လိုအပ်လာပါတယ်။ တစ်ခုဈေး ကို ၁၀၀ ကျပ်နဲ့ ရောင်းရာကနေ အခု ဆယ်ခုဆိုရင် လက်ကားဈေး စေပးမလား၊ အခု ၁၀၀ မွာမွ လက်ကားဈေး စေပးမလား လက်ကားဈေးဆိုရင်ဘယ်လောက် လျော့ပေးမှာလဲ။ ငွေလျော့ပေးမှာလား ပစ္စည်း အပိုပဲ ထည့်ပေးမှာ လား စသဖြင့် စဉ်းစားဖို ့လိုအပ်လာပါတယ်။ ဒီလို ပေးလိုက်တဲ့ လက်ကားဈေးဟာ လက္လီ ထက်တော့ သက္သာ ရမွာ ဖြစ်ပေမယ့် လုပ်ငန်းအတွက်လဲ Margin ခပ်ပါးပါးလေးတော့ ကျန် ဖို ့လိုအပ်ပါ သေးတယ်။ နောက်တစ်ခါ လက္ကား ရောင်းလိုက်လို့ Product တွေ ကုန္သြား ပြီး Supplier က အချိန်မှီ လိုသလောက်ထပ်မပေးနိုင် ရင် မိိမိရဲ ့အမြတ် ပိုမ်ားတဲ့ လက္လီ Customer တွေကို ဆုံးရှုံး လက်လွတ် နိုင်ချေ လဲ ရှိပါသေးတယ်။ ဒါကြောင့် Product ရရှိနိုင်မှု ကိုလဲ ထည့်တွက်ထားဖို ့လိုပါတယ်။
.
လက္ကား ရောင်းရာမှာတော့ စည်းကမ်းချက်တွေ သိပ္မ်ားမ်ားစားစား ခ် စရာတော့ မလိုပါဘူး။ ပစ္စညး်ကို ဆိုင်က နေထွက်သွားတာနဲ ့ပြန်မလဲပေးတော့ဘူး သိုမ့ဟုတ် ဘယ်လောက် ဖိုး လစဉ် ဘယ်နှစ်လ ဝယ် ယူထားတဲ့ လက္ကား လူရင်းတွေကိုတော့ ဘယ်နှစ်ရက်အတွင်း ပြန်လဲပေးမယ် စသဖြင့် လောက်ပဲ သတ်မှတ် ဖို ့လိုအပ်ပါတယ်။
.
Broker ပွဲစားတွေ ထားမယ်..
.
ဧရာဝတီတိုင်း အတွက် ကျွန်တော်ဟာ လယ်ထွန်စက်ကြီးတွေ ရောင်းဖို့ ရုံးခွဲမန်နေဂျာ အေနနဲ ့တာဝန် ပေးခံရ ဖူးပါတယ်။ ရုံးကစဖွင့်ကာစဆိုတော့ Budget လဲ မ်ားမ်ား မသုံးနိုင်တော့ တစ်တိုင်လုံး ကိုလယ်ထွန်စက် အရောင်း သမားနေနဲ ့Saleman တစ်ဦးသာ ရရှိပါတယ်။ ဒီတော့ အရောင်းသမားတစ်ဦးထဲ နဲ ့ဘယ္လိုမွ လိုက်ရောင်း လို့ ရွာတွေ ပတ်ဖို့မဖြစ်နိုင်တဲ့အခါ နည်းလမ်းတစ်မျိုးစဉ်းစားရပါတော့တယ်။ ဒါကေတာ့ ပြဲစား မ်ား ရှာဖွေ ရတာပဲဖြစ်ပါတယ်။ ရွာတွေ ကေန ပြီးတစ်ရွာကိုတစ်ယောက်လောက် လယ်ထွန်စက် ရောင်းပေးမယ့် ပြဲစား တစ်ဦး စီ ရှာရပါတယ်။ ဒီနောက် စက်အကြောင်း ရှင်းပြကာ တစ္စီး ရောင်းရရင် ပြဲခ ဘယ်လောက် ပေး မယ် ဆိုတာမျိုး အကျိုးဆောင်ခ သတ်မှတ်ပေးကာ လုပ်ဆောင်ခဲ့ရဖူးပါတယ်။
.
ရန်ကုန်မှာ ရွိတဲ့ ကား Showroom တွေ မွာလဲ ဒီနည်းစနစ်ကို အသုံးပြုနေကြပါတယ်။ ကား Showroomက ကားမ်ားကို ပြင်ပ ပြဲစားမ်ားနဲ ့ပါ ချိတ်ဆက်ထားပြီး ပွဲစားခေါ်လာပေးတဲ့ customer ကဝယ်ယူ သွားရင် အကျိုး ဆောင်ခ အနေနဲ့ ပေးအပ်တာမျိုးဖြစ်ပါတယ်။
.
ဒီတော့ မိမိ ကုန်ပစ္စည်း ကို Broker တွေ ထားပြီးတော့ လဲ ချဲ ့ထွင်ရောင်းချနိုင်ပါတယ်။ Broker ထားတဲ့ Product မျိုးကတော့ ကား၊ ထြန္စက္တို ့လိုအပြင် မြေတူးစက်၊ မီးစက်များ၊ စတဲ့ တန္ဖိုးလဲ မ်ားကာ Margin လဲမ်ား ပြဲစားကိုလဲ ခွဲပေးလို ့ပမာဏ တစ်ခုလောက် ဖြစ်နိုင်တဲ့ ကုန် မ်ားမွာ အသုံး ပြုကြလေ့ရှိပါတယ်။
.
Broker မ်ား အသုံးပြုခြင်းကတော့ Broker က ပိုမို မြတ်စွန်းတဲ့ Product ကိုသာ ဦးစားပေးရောင်း ခ်မွာ ဖြစ်တာကြောင့် အကျိုးဆောင်ခ မ်ားမ်ား ပေးခြင်း၊ Relationship ကောင်းခြင်း စတာတွေ လုပ်ဆောင် ဖို့ တော့ လိုအပ်ပါတယ်။
.
စည်းကမ်းချက်တွေ အနေနဲ့ ကေတာ့ ရောင်းချရတာဟာ ငွေလက်ငင်းလား ၊ အကြွေးနဲ့လား ဆိုတဲ့အပေါ်မူတည်ပြီး ငွေအကြေဆိုရင် အကျိုးဆောင်ခကို အပြည့်ပေးတာ၊ အကြွေးနဲ့ ဆိုရင် အကျိုးဆောင် ခကို လဲ ခွဲပြီးပေးတာမျိုးတွေ သတ်မှတ် ကြတာ ရှိပါတယ်။
.
Agent တွေ ထားတာ
.
Agent ထားတဲ့ Business Model ကို လည်း အသုံး ပြု ကြလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် တော့ လက္ကား လောက်လဲ ပမာဏ မ်ားမ်ား မယူ နိုင်တဲ့ တစ်နိုင် လုပ်ဆောင်လိုသူ များကိုလက်ကားဈေးလောက် လဲ လျော့မပေးပဲ အမြတ် % တစ္ခု စားစေပြီး ရောင်းချစေတဲ့ နည်းစနစ်ဖြစ်ပါတယ်။
.
အချို ့Agent ပုံစံ တွေ မှာတော့ Product ကိုလဲ ဝယ္ထားစရာမလိုပဲ Order ကောက်ပေးစေတဲ့ နည်းစနစ် မျိုးလဲသုံးစွဲ ကြပါတယ်။ Product နမူနာ တစ်ခုပေးထား ကာ ဒီ Product ကိုပဲ agent ရဲ ့နီးစပ်ရာ ပတ်ဝန်းကျင်ကို ရောင်းချစေပြီး ဝယ်ယူ တဲ့အခါ မွာ မွ လုပ်ငန်းကနေ ပစ္စည်းပေးပို့ပေးခြင်းဖြစ်ပါတယ်။ Product တစ်ခုရောင်း ရတိုင်း % သို့မဟုတ် ဘယ်လောက်ဆိုပြီး ပေးအပ်လေ့ရှိကြပါတယ်။ Agent အနေနဲ့ လည်း ငွေကြေး စိုက္ထုတ္စရာမလိုတဲ့ အတွက် အားစိုက် ရောင်းချမှုကိုသာ အာရုံစိုက်ရန်လိုအပ်ပါတယ်။
.
ဒါပေမယ့် Product ကို မူတည်တာမဟုတ်ပဲ Agent အောက်မှာ agent တွေ ထပ်ရှာခိုင်း ပြီး ရောင်းအား ကို မြှင့်တင်တာ ၊ လက်အောက် Agent သုံးလွှာ မက မ်ားလာတာ၊ Member ကြေးတွေ ကောက်ခံ တာမျိုး ဆိုရင်တော့ ဒါဟာ Multi Level Marketing ပုံစံ ဖြစ်လာတဲ့အတွက် မလုပ်ဆောင်သင့် ဘူးဆိုတာကိုတော့ ကြားဖြတ် အသိပေးလိုပါတယ်။
.
စည်းကမ်းချက်တွေ အေနနဲ ့ကေတာ့ အများစုကရောင်းအားပေါ်မူတည်တဲ့ Incentive Plan မ်ား ကို အဓိက ခ်ထား ကြတတ်ပါတယ်။ ဥပမာ တစ္လကို ၁၀ ခုပဲရောင်းရရင် တစ္ခုကို ၅၀၀ ပေးမယ်။ ဒါပေမယ့် တစ္လကို အခု ၁၀၀ ဆိုရင် အမြတ် ၇၀၀၊ အခု ၁၀၀၀ ဆိုရင် တစ္ခုကို ၁၀၀၀ ကျပ် စသဖြင့် တိုးပေးသွားတာဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာကတော့ လက်ကားဈေးနဲ ့ပြန်လည် ချိန် ဆနိုင်ဖို ့လိုအပ်ပါတယ်။
.
.
Dealer တွေ ထားတာ..
.
ကျွန်တော့် အနေနဲ့ အင်ဂျင်ဝိုင်များ ဖြန် ့ဝေဖို ့တာဝန်ယူခဲ့ရတုန်းကတော့ မြို ့အလိုက် Dealer မ်ား ရှာဖွေ ကာ ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ Dealer ဆိုတာကေတာ့ မိမိဆီက ကုန်ပစ္စည်းကို အမ်ားအျပား ရယူပြီး နယ်မြေတစ်ခု အတွက် တာဝန်ယူ ကာ ဖြန် ့ပေးတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ Dealer ကြီးတွေ ဆီ ကေန လဲ သက်ဆိုင်ရာ မြို ့က လက္ကား များကတစ်ဆင့် ပြန်လည် ရယူ ကြလေ့ရှိပါတယ်။
.
ဒါပေမယ့် Dealer ကြီးတွေ မွာက ကိုယ့် Product သာမက ပဲ အျခား ပြိုင်ဖက်တွေ ရဲ ့Product အစုံကိုလဲ ရယူ ဖြန့်ဝေပေးနေတာဖြစ်လေ့ရှိပါတယ်။ ဥပမာ ကျွန်တော့် ရဲ ့အင်ဂျင်ဝိုင် Dealer ကြီး တစ်ဦး ဆိုရင် သူတို ့မြို ့နဲ့ အနီးတစ်ဝိုက်က ရွာတွေ အားလုံးကို အင်ဂျင်ဝိုင် အမျိုးအစားအစုံ တစ်လီတာဘူးလေး ကေန ပေပါ လိုက် တွေ အထိ ဖြန် ့ဝေတာ ဖြစ်ပါတယ်။ ဒီတော့ Dealer များကလဲတွက်ချေ ကိုက်မယ့် Customer ကတောင်း ဆိုတဲ့. Product တွေ ကို ဦးစားပေး ရယူ ဖြန် ့ချီ လေ့ရှိကြပါတယ်။
.
Dealer မ်ား ရဲ ့ကောင်းကျိုးကတော့ မိမိ လုပ်ငန်း အေနနဲ ့အရောင်း တွေ လြတ္စရာမလိုပဲ သက်ဆိုင်ရာ နယ္ပယ္ကို ရောင်းချပေးနိုင်တာဖြစ်ပါတယ်။ ဒီအတွက် မိမိ Product ကို အဲဒီနယ္က သုံးစြဲ သူတွေသိအောင် Marketing and Branding ကိုတော့ ပိုလုပ်ပေးဖို ့လိုပါတယ်။ အရောင်းတွေ မထွက်ရတဲ့အတွက် သက္သာ သြားတဲ စရိတ်တွေကို အဲဒီနယ်အတွက် Marketing ပိုင်းမှာ ပိုပြီးလဲ သုံးလို့ ရလာပါတယ်။
.
ဒါ့အပြင် Dealer တွေ အတွက်သက်ဆိုင်ရာ လုပ်ငန်းက Marketing support လုပ်ပေးရတာ မျိုးတွေ လဲ ရှိပါတယ်။ ဥပမာ လက်ဆောင်ပစ္စညး် တီရှပ်၊ ထီး စတာတွေ ပံပို့ပေးရတာ၊ ဗီနိုင်းတွေ ဆိုင်းဘုတ်တွေ လုပ်ပေးရတာ မျိုးတွေ ရှိနိုင်ပါတယ်။
.
Dealer တွေ နဲ ့လိုအပ်တဲ့စည်းကမ်းတွေ ထဲမွာ တော့ Credit Terms တွေ ပါထည့်သွင်းစဉ်း စားလာရပြီ ဖြစ်ပါတယ်။ ဥပမာ Dealer တွေကို ဝယ်ယူတဲ့ ပမာဏ ပေါ်မူတည်ပြီး ဖြစ်ဖြစ်၊ Dealer ရဲ ့Background ပေါ်မူတည် ပြီး ဖြစ်ဖြစ် Level တွေ အဆင့်တွေ ခွဲခြားကာ ဘယ် level ဆိုရင်တော့ အကြွေး ပေးမယ် မေပးဘူး၊ ပေးမယ် ဆိုရင် ဘယ် Level ကို ဘယ်လောက် အထိပေးမယ်။ ပေးထာတဲ့ အကြွေးတွေကို ဘယ် နှစ်လအတွင်း အကြေပေးရမယ်၊ မပေးနိုင်ပဲ ရက်ကျော်သွားရင် Fine ကြေး သိုမ့ဟုတ် ဘယ်နှစ် ရက် စောသွင်း ရင် % ဘယ်လောက်လျော့ပေးမယ့် စတဲ့ Credit Terms တွေ ဖြစ်ပါတယ်။
.
ဒ့ါအပြင် ကို်ယ့် Product ကို ဦးစားပေး ဖြန့်ဝေပေးအောင် Incentive Plan တွေ လဲ ထားလေ့ရှိပါတယ်။ တစ္လ ရောင်းအား ဘယ်လောက်ဆိုရင်Bonus မည်မျှ စသည်ဖြင့်ဖြစ်ပါတယ်။
.
အချို ့လုပ်ငန်းတွေ မှာတော့ အထက္က Terms and conditions တွေ အားလုံးကို စု ပြီး Dealer Agreement Contract ပြုလုပ်ကာ သေဘာတူ လက်မှတ် ရေးထိုးချုပ်ဆိုတာမျိုးတွေ လဲတွေ ့ရပါတယ်။
.
ကိုယ္စားလွယ္မ်ား ထားရှိခြင်း
.
Dealer မ်ားရဲ ့အောက်မှာ လက္ကား မ်ား ရှိနေသလိုပဲ ကိုယ္စားလွယ္မ်ားရဲ ့အောက်မှာလဲ Dealer မ်ား ထပ်ပြီး ရှိနေမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အနေနဲ ့ကေတာ့ မြို တစ်မြို ့စာလောက်မဟုတ်ပဲ ပိုပြီး ကြီးမား တဲ့ Area ကို တာဝန်ယူ ဖြန့်ဝေတဲ့ အေနအထား ပဲဖြစ်ပါတယ်။ ဥပမာ တိုင်းကိုယ်စားလှယ်၊ ပြည်နယ် ကိုယ်စားလှယ်၊ အထက်မြန်မာပြည် ကိုယ်စားလှယ် စသဖြင့် ဖြစ်ပါတယ်။ ကိုယ်စားလှယ်အနေနဲ့ ကေတာ့ များသောအားဖြင့် မိမိ လုပ်ငန်းက Product ကိုသာ တာဝန်ယူဖြန့်ဖြူ ခြင်းဖြစ်ပြီး မိမိလုပ်ငန်းရဲ ့နာမည်၊ နဲ့ Brand ကို ပါအသုံးပြုခွင့် ရရွိ ကြလေ့ရှိပါတယ်။
.
အချို ့နာမည်ရှိပြီးသားလုပ်ငန်းကြီးများရဲ ့ ကိုယ်စားလှယ် အဖြစ်ရယူလိုရင်တော့ အပေါင်အနေနဲ့ ငွေပမာဏ တစ္ခု ကြိုသွင်းထားရတာ၊ စစချင်း ပမာဏ တစ္ခု ယူရတာ၊ လစဉ် ရောင်းအား မည်မျှရှိရမယ် ဆိုတဲ့. Target သတ်မှတ်ပေးပြီး Incentive ပေးတာ၊ အနည်းဆုံးတစ်လကို ဘယ်လောက်ဖိုးတေ့ာ ယူပေးရမယ် ဆိုတာမြိုး သတ်မှတ်ပေးကြပါတယ်။
.
ဒါ့အပြင် လုပ်ငန်းဖက်ကလဲ ကိုယ္စားလွယ္မ်ား တာဝန်ယူထားတဲ့ နယ်ပယ် ကေန လုပ်ငန်းကို တိုက်ရိုက် လာဝယ် တဲ့အခါ ကိုယ္စားလွယ္ဆီကိုသာ ပြန်လည် ညွှန်ပေးတာ သိုမ့ဟုတ် ကိုယ်စားလှယ်ရဲ ့အရောင်း ထဲကိုပဲ ထည့်ပေါင်းပေးတာမျိုးတွေ ပြုလုပ်ပေးရပါတယ်။ ဒါ့အပြင် နယ်ပယ် တစ္ခု အတွက်လဲ ကိုယ္စား လှယ် တစ်ဦးကို သာ ထားရှိပေးပြီး ရောင်းချစေတာမျိုး ပြုလုပ်ရပါတယ်။
.
ကိုယ်စားလှယ်များအနေနဲ့ ကေတာ့ Dealer contract လို နားလည်မှု စည်းကမ်းသတ်မှတ်ချက်တွေ မျဖစ္မေန ချုပ်ဆိုကြရပါတယ်။ ဒါ့အပြင် တစ္ခ်က္ကေတာ့ ကိုယ်စားလှယ်သက်တမ်း ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ရောင်းအား မရတဲ့ အခါ ဖြစ်စေ ၊ အဆင်မပြေမှု တစ်ခုခုကြုံရတဲ့အခါဖြစ်စေ ကိုယ်စားလှယ် သက်တမ်းကို ဆက်ပြီးမတိုးတော့ပဲ အခြားကိုယ်စားလှယ် အသစ်တစ်ဦး ရှာဖွေ ဖို ့လုပ်ဆောင်ကြပါတယ်။ သို့ပေမယ့် စာချုပ်ပါသက်တမ်း အတိုင်းတော ့ဆက်လက် ခန့်ထားရပါသေးတယ်။ ဒါ့အပြင် မိမိ လုပ်ငန်း နာမည် နဲ ့သာ ဖြစ်တဲ့အတွက် Product တွေကို သတ်မှတ် Standard ဈေးနှုန်းအတိုင်း သာရောင်းချ ဖို့၊ Service တွေကို ဘယ္လို စံနှုန်းတွေ နဲ ့ပေးဖို့ စတာတွေကို ပါ သတ်မှတ် လေ့ကျင့်ပေးရလေ့ရှိပါတယ်။ Dealerတွေကတော့ company သတ်မှတ်ဈေးမဟုတ်ပဲ တကယ်ဖြန့်ဝေတဲ့အခါ demand ပေါ်မူတည်ပြီး ဈေးတင်တာ ဈေးကစား မျိုးလေးတွ လုပ်တတ်ပေမယ့် ကိုယ္စားလွယ္က တော့ သတ်မှတ်စံနှုန်း တစ္ခု အတိုင်းသာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
.
အကြွေးစနစ် မထားပဲ ကုန်ယူ ထား ၊ရောင်း ချပြီးမှသာငွေရှင်း ဆိုတဲ့ စနစ် ကိုလဲ ကိုယ်စားလှယ် လုပ်ငန်း အချို ့မွာ ဆောင်ရွက် တတ်ပါတယ်။ ဒါပေမယ့် ဒီလို အသုံးပြုရင်တော့ နှစ်စဉ် Audit ပြန်စစ်ခြင်း ၊ stock မ်ား ကိုက် မကိုက် စစ်ဆေးခြင်း စတဲ့ လုပ်ဆောင်ချက်များ ကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် အေနနဲ ့အမြတ် ခွဲဝေမှုကတော့ ရာခိုင်းနှုန်းတစ်ခု ပေးစားခြင်း နဲ ့အသားတင်အမြတ်ကို မွ ခွဲဝေယူ ကြခြင်း စတဲ့ နည်းစနစ်များကို ညှိုနှိုင်းအသုံး ပြုကြလေ့ရှိပါတယ်။
.
.
Product ကို ပြုပြင်တိုးတက်စေပြီး လက်လီဆိုင်တွေ နဲ့ချိတ်ဆက်ရောင်းချတာ
.
ဥပမာ ယခင်တုန်းက ပုသိမ်မြို့ရဲ့ အထင်ကရ ရိုးရာ အစားအစာ ဖြစ်တဲ့ ဟာလဝါ ဆိုရင် ဘူး နဲ့ ထည့်ထားတဲ့ နည်းတစ်ခုနဲ့သာရောင်းချ လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ခေတ်မှီ ထုပ်ပိုးမှုပုံစံ အသစ်တွေနဲ့ တစ္လုတ္စာ ဟာလဝါအတုံးလေးတွေကို တစ်အိတ် စီ ထုပ္ပိုးကာ အသင့်စားလဲ အလွယ်စားနိုင် ကြာရှည်လဲခံ တဲ့ပုံစံမျိုးပြောင်းလဲ လာတာကိုတွေ့ရပါလိမ့်မယ်။ ဒီအတွက် ဒီလို အိတ် လေးတွေဖြစ်သွားတဲ့အခါ အခြားအနယ်နယ်အရပ်ရပ်က လက္လီ အရောင်းဆိုင်တွေ၊ Convenience store တွေထိပါ အလြယ္တကူ တင်ပို့လို့ရနိုင်တဲ့ အခြေအနေဖြစ်သွားစေပါတယ်။
.
ဒါ့အပြင် ဥပမာ အနေနဲ့ ကိုယ္က မုန့်ဟင်းခါးရောင်း ရာကေန မုန့်ဟင်းခါးကို အသင့်စား Product ပုံစံ ပြောင်းလဲ လိုက်တဲ့အခါ ကိုယ့်ဆိုင် ကေန ရောင်းတာ တင်မကပဲ အျခား convenience store. တွေမှာပါ လိုက်တင်ထားပြီး ရောင်းအားကို တိုးချဲ့နိုင်ပါသေးတယ်။
.
ဒီလောက်ဆိုရင်တော့ ကိုယ္စားလွယ္မ်ား၊ Dealer မ်ား နဲ ့ရောင်းချနည်းများအကြောင်းကို အကြမ်းဖျင်းနားလည် လောက်ပြီလို့ ယူဆပါတယ်ခင်ဗျား။
.
လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
Kaung Hein Soe Strategic
Business Consultant
#Sale_and_Marketing
#စီးပွားရေး
(အွန်လိုင်းကနေပဲဖြစ်ဖြစ် အပြင်လောကမှာပဲဆိုဆို မိမိလုပ်ငန်းရဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ကုန်ပစ္စည်းတွေကို စီးပွားဖြစ်ရောင်းချ မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်အလက်များကို ဆရာကောင်းဟိန်းစိုးရေးသားမျှဝေထားတာမို့ ဖတ်ရင်အကျိုးရှိမှာပါ။ ဖတ်ကြည့်ပါဦး။)
.
လက်လီမှ လက်ကား သို့ ..
.
မိမိလုပ်ငန်း အောင်မြင်လာတဲ့အခါမှာ ပိုပြီး ဝင်ငွေရဖို့ အလွယ်ကူဆုံး စတင်လုပ်ဆောင်နိုင်တာကတော့ လက်လီ ရောင်းချရာကနေ လက်ကား ပြန်လည်ဖြန့်ဝေပေးခြင်းပဲဖြစ်ပါတယ်။ ကိုယ်တိုင် Product ကို ထုတ်လုပ် သူ ဆိုရင် လဲ များများ ထုတ် မြန်မြန်ရောင်း ကာတွက်ချေ ကိုက်စေသလို အခြား supplier ကနေ တစ်ဆင့် ပြန်ရောင်းသူတွေကလဲ လက်ကား ရောင်းဖို့ အတွက်ပါ ပစ္စည်း ပိုယူနိုင်တဲ့အခါ supplier ဆီက Discount တွေ အထူးနှုန်းထားတွေ ရနိုင်တာကြောင့် Product တစ်ခု ချင်းစီ ရဲ့ အမြတ် Margin တွေ တက်လာနိုင်ပါတယ်။ ဒါ့အပြင် လက်ကား ဖြန့် ဝေခြင်းကြောင့် ကုန် တွေ အိပ်နေတာ ၊ ငွေမလည် တာတွေ ကိုလဲ လျော့ချပေးနိုင်ပါသေးတယ်။
.
.
လက်ကား ရောင်းရာမှာတော့ စည်းကမ်းချက်တွေ သိပ်များများစားစား ချ စရာတော့ မလိုပါဘူး။ ပစ္စည်းကို ဆိုင်က နေထွက်သွားတာနဲ့ ပြန်မလဲပေးတော့ဘူး သိုမ့ဟုတ် ဘယ်လောက် ဖိုး လစဉ် ဘယ်နှစ်လ ဝယ် ယူထားတဲ့ လက်ကား လူရင်းတွေကိုတော့ ဘယ်နှစ်ရက်အတွင်း ပြန်လဲပေးမယ် စသဖြင့် လောက်ပဲ သတ်မှတ် ဖို့ လိုအပ်ပါတယ်။
.
.
ဧရာဝတီတိုင်း အတွက် ကျွန်တော်ဟာ လယ်ထွန်စက်ကြီးတွေ ရောင်းဖို့ ရုံးခွဲမန်နေဂျာ အနေနဲ့ တာဝန် ပေးခံရ ဖူးပါတယ်။ ရုံးကစဖွင့်ကာစဆိုတော့ Budget လဲ များများ မသုံးနိုင်တော့ တစ်တိုင်လုံး ကိုလယ်ထွန်စက် အရောင်း သမားနေနဲ့ Saleman တစ်ဦးသာ ရရှိပါတယ်။ ဒီတော့ အရောင်းသမားတစ်ဦးထဲ နဲ့ ဘယ်လိုမှ လိုက်ရောင်း လို့ ရွာတွေ ပတ်ဖို့မဖြစ်နိုင်တဲ့အခါ နည်းလမ်းတစ်မျိုးစဉ်းစားရပါတော့တယ်။ ဒါကတော့ ပွဲစား များ ရှာဖွေ ရတာပဲဖြစ်ပါတယ်။ ရွာတွေ ကနေ ပြီးတစ်ရွာကိုတစ်ယောက်လောက် လယ်ထွန်စက် ရောင်းပေးမယ့် ပွဲစား တစ်ဦး စီ ရှာရပါတယ်။ ဒီနောက် စက်အကြောင်း ရှင်းပြကာ တစ်စီး ရောင်းရရင် ပွဲခ ဘယ်လောက် ပေး မယ် ဆိုတာမျိုး အကျိုးဆောင်ခ သတ်မှတ်ပေးကာ လုပ်ဆောင်ခဲ့ရဖူးပါတယ်။
.
ရန်ကုန်မှာ ရှိတဲ့ ကား Showroom တွေ မှာလဲ ဒီနည်းစနစ်ကို အသုံးပြုနေကြပါတယ်။ ကား Showroomက ကားများကို ပြင်ပ ပွဲစားများနဲ့ ပါ ချိတ်ဆက်ထားပြီး ပွဲစားခေါ်လာပေးတဲ့ customer ကဝယ်ယူ သွားရင် အကျိုး ဆောင်ခ အနေနဲ့ ပေးအပ်တာမျိုးဖြစ်ပါတယ်။
.
.
Broker များ အသုံးပြုခြင်းကတော့ Broker က ပိုမို မြတ်စွန်းတဲ့ Product ကိုသာ ဦးစားပေးရောင်း ချမှာ ဖြစ်တာကြောင့် အကျိုးဆောင်ခ များများ ပေးခြင်း၊ Relationship ကောင်းခြင်း စတာတွေ လုပ်ဆောင် ဖို့ တော့ လိုအပ်ပါတယ်။
.
စည်းကမ်းချက်တွေ အနေနဲ့ ကတော့ ရောင်းချရတာဟာ ငွေလက်ငင်းလား ၊ အကြွေးနဲ့လား ဆိုတဲ့အပေါ်မူတည်ပြီး ငွေအကြေဆိုရင် အကျိုးဆောင်ခကို အပြည့်ပေးတာ၊ အကြွေးနဲ့ ဆိုရင် အကျိုးဆောင် ခကို လဲ ခွဲပြီးပေးတာမျိုးတွေ သတ်မှတ် ကြတာ ရှိပါတယ်။
.
Agent တွေ ထားတာ
.
.
.
ဒါပေမယ့် Product ကို မူတည်တာမဟုတ်ပဲ Agent အောက်မှာ agent တွေ ထပ်ရှာခိုင်း ပြီး ရောင်းအား ကို မြှင့်တင်တာ ၊ လက်အောက် Agent သုံးလွှာ မက များလာတာ၊ Member ကြေးတွေ ကောက်ခံ တာမျိုး ဆိုရင်တော့ ဒါဟာ Multi Level Marketing ပုံစံ ဖြစ်လာတဲ့အတွက် မလုပ်ဆောင်သင့် ဘူးဆိုတာကိုတော့ ကြားဖြတ် အသိပေးလိုပါတယ်။
.
.
.
Dealer တွေ ထားတာ..
.
ကျွန်တော့် အနေနဲ့ အင်ဂျင်ဝိုင်များ ဖြန့် ဝေဖို့ တာဝန်ယူခဲ့ရတုန်းကတော့ မြို့ အလိုက် Dealer များ ရှာဖွေ ကာ ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ Dealer ဆိုတာကတော့ မိမိဆီက ကုန်ပစ္စည်းကို အများအပြား ရယူပြီး နယ်မြေတစ်ခု အတွက် တာဝန်ယူ ကာ ဖြန့် ပေးတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ Dealer ကြီးတွေ ဆီ ကနေ လဲ သက်ဆိုင်ရာ မြို့ က လက်ကား များကတစ်ဆင့် ပြန်လည် ရယူ ကြလေ့ရှိပါတယ်။
.
.
Dealer များ ရဲ့ ကောင်းကျိုးကတော့ မိမိ လုပ်ငန်း အနေနဲ့ အရောင်း တွေ လွတ်စရာမလိုပဲ သက်ဆိုင်ရာ နယ်ပယ်ကို ရောင်းချပေးနိုင်တာဖြစ်ပါတယ်။ ဒီအတွက် မိမိ Product ကို အဲဒီနယ်က သုံးစွဲ သူတွေသိအောင် Marketing and Branding ကိုတော့ ပိုလုပ်ပေးဖို့ လိုပါတယ်။ အရောင်းတွေ မထွက်ရတဲ့အတွက် သက်သာ သွားတဲ စရိတ်တွေကို အဲဒီနယ်အတွက် Marketing ပိုင်းမှာ ပိုပြီးလဲ သုံးလို့ ရလာပါတယ်။
.
.
.
ဒ့ါအပြင် ကိုယ့် Product ကို ဦးစားပေး ဖြန့်ဝေပေးအောင် Incentive Plan တွေ လဲ ထားလေ့ရှိပါတယ်။ တစ်လ ရောင်းအား ဘယ်လောက်ဆိုရင်Bonus မည်မျှ စသည်ဖြင့်ဖြစ်ပါတယ်။
.
အချို့ လုပ်ငန်းတွေ မှာတော့ အထက်က Terms and conditions တွေ အားလုံးကို စု ပြီး Dealer Agreement Contract ပြုလုပ်ကာ သဘောတူ လက်မှတ် ရေးထိုးချုပ်ဆိုတာမျိုးတွေ လဲတွေ့ ရပါတယ်။
.
ကိုယ်စားလှယ်များ ထားရှိခြင်း
.
.
အချို့ နာမည်ရှိပြီးသားလုပ်ငန်းကြီးများရဲ့  ကိုယ်စားလှယ် အဖြစ်ရယူလိုရင်တော့ အပေါင်အနေနဲ့ ငွေပမာဏ တစ်ခု ကြိုသွင်းထားရတာ၊ စစချင်း ပမာဏ တစ်ခု ယူရတာ၊ လစဉ် ရောင်းအား မည်မျှရှိရမယ် ဆိုတဲ့. Target သတ်မှတ်ပေးပြီး Incentive ပေးတာ၊ အနည်းဆုံးတစ်လကို ဘယ်လောက်ဖိုးတော့ ယူပေးရမယ် ဆိုတာမြိုး သတ်မှတ်ပေးကြပါတယ်။
.
ဒါ့အပြင် လုပ်ငန်းဖက်ကလဲ ကိုယ်စားလှယ်များ တာဝန်ယူထားတဲ့ နယ်ပယ် ကနေ လုပ်ငန်းကို တိုက်ရိုက် လာဝယ် တဲ့အခါ ကိုယ်စားလှယ်ဆီကိုသာ ပြန်လည် ညွှန်ပေးတာ သိုမ့ဟုတ် ကိုယ်စားလှယ်ရဲ့ အရောင်း ထဲကိုပဲ ထည့်ပေါင်းပေးတာမျိုးတွေ ပြုလုပ်ပေးရပါတယ်။ ဒါ့အပြင် နယ်ပယ် တစ်ခု အတွက်လဲ ကိုယ်စား လှယ် တစ်ဦးကို သာ ထားရှိပေးပြီး ရောင်းချစေတာမျိုး ပြုလုပ်ရပါတယ်။
.
.
အကြွေးစနစ် မထားပဲ ကုန်ယူ ထား ၊ရောင်း ချပြီးမှသာငွေရှင်း ဆိုတဲ့ စနစ် ကိုလဲ ကိုယ်စားလှယ် လုပ်ငန်း အချို့ မှာ ဆောင်ရွက် တတ်ပါတယ်။ ဒါပေမယ့် ဒီလို အသုံးပြုရင်တော့ နှစ်စဉ် Audit ပြန်စစ်ခြင်း ၊ stock များ ကိုက် မကိုက် စစ်ဆေးခြင်း စတဲ့ လုပ်ဆောင်ချက်များ ကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် အနေနဲ့ အမြတ် ခွဲဝေမှုကတော့ ရာခိုင်းနှုန်းတစ်ခု ပေးစားခြင်း နဲ့ အသားတင်အမြတ်ကို မှ ခွဲဝေယူ ကြခြင်း စတဲ့ နည်းစနစ်များကို ညှိုနှိုင်းအသုံး ပြုကြလေ့ရှိပါတယ်။
.
.
.
.
ဒါ့အပြင် ဥပမာ အနေနဲ့ ကိုယ်က မုန့်ဟင်းခါးရောင်း ရာကနေ မုန့်ဟင်းခါးကို အသင့်စား Product ပုံစံ ပြောင်းလဲ လိုက်တဲ့အခါ ကိုယ့်ဆိုင် ကနေ ရောင်းတာ တင်မကပဲ အခြား convenience store. တွေမှာပါ လိုက်တင်ထားပြီး ရောင်းအားကို တိုးချဲ့နိုင်ပါသေးတယ်။
.
ဒီလောက်ဆိုရင်တော့ ကိုယ်စားလှယ်များ၊ Dealer များ နဲ့ ရောင်းချနည်းများအကြောင်းကို အကြမ်းဖျင်းနားလည် လောက်ပြီလို့ ယူဆပါတယ်ခင်ဗျား။
.
.
Business Consultant
No comments: